OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2


67 0 0
By newkhonpai

Soloရဲ့ကျောင်းပိတ်ရက်မှာ ကျွန်တော်အပြင် ကျွန်တော်တို့နဲ့အတူ သက်ရှိအရာတစ်ခုပါ လိုက်ပါလာခဲ့သည်။ သူ့ကိုတော့ ဘောလုံးလေးလို့ဘဲ ခေါ်ကြတာပေါ့… ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လေယာဉ်ဆိုက်ပြီး ကားပေါ်စတက်တဲ့အချိန်ကစပြီး သူ့တစ်ကိုယ်လုံးကို စောင်ထဲသို့ တိုးဝင်ကာ ဘောလုံးလေးတစ်လုံးလို လိပ်ထားတာကြောင့် ဖြစ်သည်။

အစကတော့ အိပ်ဘဲအိပ်နေတဲ့ဘောလုံးလေးက ကျွန်တော်တို့နဲ့ ဘာလို့လိုက်လာတာလဲဆိုတာ ကျွန်တော် စဉ်းစားလို့မရ… ဒါပေမယ့် သူ့ရဲ့အပြုအမှုလေးတွေကို ဒီအတိုင်း ကြည့်လိုက်ရုံနဲ့တင် သူ ဒီခရီးကို မလိုက်ချင်ဘူးဆိုတာ ထင်ထင်ရှားရှားပင်… အဲ့ဒါနဲ့ Soloက အဲ့ဘောလုံးလေးကို အတင်းဂုတ်ကနေဆွဲပြီး ကားထဲ ဆွဲထည့်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အဖြေရသွားခဲ့သည်။

တကယ်တော့ ခွေးပေါက်လေးက အဲ့ဒီဘောလုံးလေးကို တွန်းအားပေးပြီး လိုက်ခိုင်းခဲ့တာ… ဒါပေမယ့် ဘာလို့ တွန်းအားပေးပြီး ခေါ်ခဲ့တာလဲ ကျွန်တော် သိချင်မိသည်။ ခွေးပေါက်လေးက သူ့သူငယ်ချင်းကို အရမ်းခင်တွယ်လို့ပါလို့ ပြောလို့ရပေမယ့် အဲ့လိုလည်း မဟုတ်ပြန်…

'So ဘာလို့ ဒီဘောလုံးလေးကို ခေါ်လာခဲ့တာလဲ'

Soloရဲ့ပေါင်ပေါ်မှာ လှဲချရင်း စောင်နဲ့လုံးထွေးနေတဲ့ကောင်လေးကို ကျွန်တော် ပုတ်သပ်ပေးရင်း မေးလိုက်သည်။

'ဒီကောင့်ကို ခရီးသွားစေချင်… Ai'Kao! ဘာလို့ ငါ့ခြေထောက်ကို ကိုက်ရတာလဲ!'

ခွေးပေါက်လေးက ကျယ်လောင်စွာ အော်လာသည်။ ဘောလုံးလေး မကြိုက်တဲ့အရာတစ်ခုကို သူ ပြောလိုက်တာကြောင့် အကိုက်ခံလိုက်ရတာလို့ ကျွန်တော် တွေးလိုက်မိသည်။

ကြည့်ရတာ ဒီခွေးပေါက်လေးက သူ့သူငယ်ချင်းအား လိုက်ချင်လား၊ မလိုက်ချင်ဘူးလားဆိုတာကို သေချာအောင် မမေးခဲ့ဘူးထင်သည်။

ကျွန်တော် ရယ်လိုက်တဲ့အခါမှာ ထိုဘောလုံးလေးက ကျွန်တော့်ရဲ့ပေါင်ပေါ်သို့ ရွေ့လာပြီး လာအိပ်နေသည်။ အဲ့ဒါမှ သူ ကောင်းကောင်းအိပ်ရမှာလေ…

'Guitarပေါ် မလှဲနဲ့!'

Soloရဲ့မျက်နှာက ရှစ်ခေါက်ချိုးဖြစ်သွားပြီးတော့ သူ့သူငယ်ချင်းကို အဝေးကိုဆွဲထုတ်ဖို့ လုပ်လိုက်ပေမယ့် ကျွန်တော်က သူ့ရဲ့လက်မောင်းကို အရင်ဆုံးဆုတ်ကိုင်လိုက်မိသည်။

'ကားက ယိုင်နေပြီ။ So အရှေ့က အစ်ကိုတွေကို အားနာရမယ်လေ…'

ကျွန်တော် သတိပေးလိုက်တယ်ဆိုပေမယ့် အမှန်တိုင်းပြောရရင် အရှေ့မှာ ထိုင်နေတဲ့ကားမောင်းသမားနဲ့ အစောင့်တစ်ယောက်က သူတို့ရဲ့သခင်လေးကို ဘာမှပြန်မပြောရဲကြ…

'သူက Guitarရဲ့ပေါင်ပေါ်မှာ လှဲနေတာလေဗျာ…'

Soloရဲ့မျက်နှာအခြေအနေက စောနကထက် ပိုပြီးဆိုးရွားနေပေမယ့် သူ့သူငယ်ချင်းကို ဆွဲထုတ်ဖို့ ကြိုးစားနေတာတွေကို ရပ်တန့်လိုက်သည်။ ပြီးတဲ့အခါမှာ သူ မကျေနပ်ကြောင်းပြတဲ့အနေနဲ့ သူ့ရဲ့လက်က စောင်ပုံထဲက ထွက်နေတဲ့Kaoရဲ့ခေါင်းကို အပြင်းအထန်ပွတ်သပ်လိုက်တယ်။

သူ့ကို ကြည့်ရတာ စိတ်မကျေနပ်တဲ့ပုံဖြစ်နေပေမယ့် သူ့သူငယ်ချင်းကို ချစ်ခင်ကြင်နာစွာနဲ့ ပြုံးပြီး ကြည့်နေသည်။

'Kaoက ဘယ်အချိန်မှာ အိပ်တာမို့လို့လဲ။ လေယာဉ်ပေါ်မှာတုန်းကလည်း တောက်လျောက်အိပ်ခဲ့တာလေ…'

ကျွန်တော် ခေါင်းငုံ့လိုက်ပြီးတော့ အားအင်တစ်စက်မှ မရှိတော့တဲ့မောင်ပြာတာလေးကို မေးလိုက်သည်။ ကျွန်တော်တို့ လေယာဉ်ပေါ်မှာတုန်းကလည်း သူက ဆယ်နာရီလုံးလုံး တောက်လျောက် အိပ်နေတာ… ဒါပေမယ့် ဒီမောင်ပြာတာလေးက ဘာကြောင့်မှန်းမသိ အခုထိ အိပ်ချင်မူးတူးဖြစ်နေတုန်း…

'ဂိမ်းဆော့နေလို့…'

Kaoက အိပ်ငိုက်နေတဲ့အသံနှင့် ပြန်ဖြေလာသည်။

'လေးရက်ဆက်တိုက် မိုးလင်းပေါက် ဂိမ်းဆော့ခဲ့တာမို့လို့…'

'သီချင်း မလေ့ကျင့်ဘူးလား'

ကျွန်တော် မှတ်မိသလောက်ဆိုရင် မနေ့က သူတို့မေဂျာရဲ့စာမေးပွဲနောက်ဆုံးနေ့… အဲ့ဒါကို ဒီကောင်လေးက ဂိမ်းတွေကိုဘဲ ဆော့နေခဲ့တာလား။

'သူ့လိုလူမျိုးက ဘယ်တော့မှ လေ့ကျင့်စရာမလိုဘူး'

Soloက မနှစ်မြို့သည့်မျက်နှာနှင့် နူတ်ခမ်းကို စေ့ထားလိုက်သည်။

'သူက သူ့ရဲ့ခံစားချက်ပေါ်မူတည်ပြီး လုပ်တာ… လေ့ကျင့်ချင်တယ်ဆို လေ့ကျင့်လိုက်တယ်။ မလုပ်ချင်ဘူးဆို ဘာဆိုဘာမှမလုပ်တော့ဘူး။ ဒါပေမယ့် သူက စာမေးပွဲမှာ အမြဲတမ်း ကောင်းကောင်းလုပ်နိုင်တယ်'

တကယ်ကြီးလား…

'မင်းက မနာလိုဖြစ်နေတာလား'

Kaoရဲ့ခေါင်းက ထွက်လာပြီးတော့ သူ့သူငယ်ချင်းကို လှောင်ပြုံးပြလိုက်သည်။ ခွေးပေါက်လေးက ခုန်အုပ်ဖို့ လုပ်လိုပ်တဲ့အချိန်မှာ သူ့ရဲ့ခေါင်းက စောင်ပုံထဲ ပြန်ဝင်သွားတာကြောင့် သူ့ရဲ့ဆံပင်ကို စောနကအတိုင်း ဖွပေးလိုက်သည်။

'ကျွန်တော်တို့ ရောက်တော့မယ်။ သခင်လေး…'

အရှေ့မှာ ထိုင်နေတဲ့အစ်ကိုတစ်ယောက်က ကျွန်တော်တို့ကို လှည့်ကြည့်ပြီး ပြောလာသည်။ Soloက တုန့်ပြန်မှုအနေနဲ့ ခေါင်းညိမ့်ပြလိုက်ပြီးတော့ သေချာပြင်ထိုင်လိုက်ကာ သူတို့သခင်လေးရဲ့မူလပုံစံအတိုင်း ပြန်ဖြစ်သွားအောင် လုပ်လိုက်သည်။ ဒါပေမယ့် အချိန်မမှီလိုက်ဘူးဆိုတာကို ကျွန်တော် တွေးလိုက်မိသည်။

အခြားသူတွေရဲ့ရှေ့မှာသာ Soloက ရင့်ကျက်နေတဲ့လူတစ်ယောက်ရဲ့ပုံစံလိုမျိုး ဖြစ်နေလိမ့်မယ်။ ကျွန်တော်နဲ့ Kaoတို့ရဲ့ ရှေ့ကိုရောက်သွားရင်တော့ သူက ခွေးပေါက်ကြီးတစ်ကောင်လို ဖြစ်သွားတာ…

ကျွန်တော် ပြတင်းပေါက်ရဲ့အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါမှာ လှပတဲ့ပန်းပင်တွေကို စီပြီး စိုက်ထားတဲ့လမ်းမကြီးကို တွေ့လိုက်ရသည်။ Soloပြောတာက ကျွန်တော်တို့ အခုသွားနေတဲ့နေရာက သူတို့မိသားစုရဲ့ သီးသန့်အပန်းဖြေစံအိမ်ကို သွားနေတာတဲ့… ဘေးပတ်လည်ပတ်ဝန်းကျင်တစ်ခုလုံးက သဘာဝတရားတွေနဲ့ ပြည့်နှက်နေသည်။ အဲ့ဒီအိမ်ကို အခုထိ မရောက်သေးဘူးဆိုပေမယ့်လည်း အဲ့နေရာက လူသူဝေးတဲ့နေရာမှာ ရှိနေတယ်ဆိုတာကို ကျွန်တော် ခံစားနေရသည်။ ဘာလို့လဲဆိုတော့ အဲ့နေရာမှာ ဘာအိမ်မှ မရှိ… ကျွန်တော်တို့ သွားနေတဲ့လမ်းမကြီးရဲ့ပတ်လည်မှာလည်း သူ ပြောသလို သဘာဝတရားတွေနဲ့သာ ပြည့်နေသည်။

ဒီအတိုင်း ကြည့်ရုံလေးနဲ့တင် တစ်ကိုယ်လုံးလန်းဆန်း လာစေသည်။

ကျွန်တော် ကားတံခါးကို ဖွင့်ပြီး ကားပေါ်က ဆင်းလိုက်ကာ သူငယ်ချင်းဖြစ်သူကို ကားထဲကနေ ဆွဲချနေတဲ့Soloကိုသာ ပြုံးရင်း ကြည့်လိုက်မိသည်။ အစောင့်နဲ့ ကားမောင်းတဲ့သူက ကူညီပေးချင်ပေမယ့်လည်း သူတို့ မလုပ်ရဲကြ…

'ကျွန်တော့်ဘာသာ လုပ်မယ်'

Soloက ပြောနေရင်းနဲ့ သူ့သူငယ်ချင်းရဲ့လည်ပင်းကို လက်မောင်းတွေကြားထဲ ထည့်ပြီး ညှစ်လိုက်ကာ အိမ်ထဲသို့ လျင်မြန်စွာ ဝင်သွားသည်။ ကျွန်တော် အဲ့သူငယ်ချင်းနှစ်ယောက်ကိုသာ ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို ခဏလောက်ကြည့်ပြီးတဲ့အခါမှာ သူတို့ဝင်သွားတဲ့နေရာသို့ လိုက်သွားလိုက်သည်။

တကယ်တော့ ဒီအိမ်က ကျွန်တော် တွေးထားတဲ့ စံအိမ်ကြီးလောက် မကြီး… ဒါပေမယ့် ဒီအိမ်ကြီးရဲ့အနေအထားကို ကြည့်လိုက်တာနဲ့ ပိုင်ရှင်ဖြစ်သူရဲ့အဆင့်အတန်းကို တန်းသိနိုင်သည်။ ပြင်ဆင်ထားတဲ့ခန်းဝင်ပစ္စည်းတွေက ပိုက်ဆံတော်ရုံရှိတဲ့ မိသားစုမဟုတ်ဘူးဆိုတာကို ပြသနေတာ… အိမ်ရဲ့ပတ်ပတ်လည်မှာလည်း ပန်းဥယျာဉ်တွေနဲ့ အလှဆင်ထားတာကြောင့် တစ်နေကုန်လုံး ထိုင်ကြည့်မယ်ဆိုရင်တောင် ဘယ်တော့မှ ပျင်းရိသွားမှာမဟုတ်…

ဒါနဲ့ သူတို့နှစ်ယောက်စလုံး ဘယ်ပျောက်သွားကြတာလဲ။

ကျွန်တော် သူတို့နှစ်ယောက်နဲ့ အရမ်းအကွာကြီး လျောက်မိလိမ့်မယ်လို့ မထင်ခဲ့… အခု သူတို့ ဘယ်ရောက်သွားမှန်း မသိ… ခွေးပေါက်လေးက သူ့သူငယ်ချင်းကို ဘယ်ကို ခေါ်သွားတာလဲ။ သခင်ကြီးနဲ့ Khun Jayကလည်း ဧည့်ခန်းထဲမှာ မရှိ…

'တစ်ချက်လောက် ခင်ဗျ…'

စာအုပ်စင်ကိုရှင်းနေတဲ့ အိမ်အကူအဒေါ်ကြီးတစ်ယောက်ဆီ ကျွန်တော် သွားလိုက်တော့ သူမက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးပြလာသည်။ သူမရဲ့ပုံစံက လုံးဝကို ဗြိတိန်လူမျိုး…

'အဒေါ် သခင်လေးကို တွေ့လိုက်လား မသိဘူး'

'အိမ်အနောက်ဘက်ကို လျောက်သွားလိုက်နော်… သခင်ကြီးတို့လည်း အဲ့မှာရှိတယ်'

သူမက အင်္ဂလိပ်စကားနဲ့ ပြန်ဖြေလာသည်။ ကျွန်တော် သူမကို ယဉ်ကျေးမှုအရ ပြန်ပြုံးပြပြီးတော့ ကျေးဇူးတင်စကားပြောလိုက်ကာ စောနတုန်းက ညွှန်ပြပေးခဲ့တဲ့လမ်းကို ကျွန်တော် လျောက်သွားလိုက်သည်။

အိမ်ရဲ့အနောက်မှာ အရှေ့က စံအိမ်ကြီးနဲ့ ချိတ်ဆက်ထားတဲ့ လှပတဲ့ဥယျာဉ်တစ်ခုရှိပြီး ထိုဥယျာဉ်ရဲ့တစ်နေရာမှာတော့ အဖြူရောင်တဲလေးရှိသည်။ ထိုတဲလေးထဲမှာ ခွေးပေါက်လေးက သူ့သူငယ်ချင်းရဲ့စောင်ကို အတင်းဖယ်ဖို့ လုပ်နေပြီး သူတို့ရဲ့ဘေးနားမှာတော့ သခင်ကြီးက စာအုပ်ဖတ်နေကာ Khun Jayကတော့ သခင်ကြီးသောက်ဖို့အတွက် ရေထည့်ပေးနေသည်။

တကယ့်ကို ကြည့်လို့ကောင်းတဲ့မြင်ကွင်းပင်…

ဒါနဲ့… အဲ့ဒါက…

ထိုတဲဖြူလေးနဲ့ သိပ်မဝေးတဲ့အကွာအဝေးကနေ ကလေးတစ်ယောက်က ပြေးလာတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အံ့သြစွာနဲ့ မျက်လုံးအပြူးသားဖြစ်သွားသည်။ ကျွန်တော်တို့ အကြည့်ချင်းစုံသွားတဲ့အခါမှာ ပိုပြီးတော့တောင် အံ့သြသွားမိတာ…

'ဆရာပြုံး!'

'N'Moon!'

N'Moonလေးက သူ့ရဲ့လက်ထဲက အရင်ကထက် ပိုပြီးသန့်ရှင်းနေတဲ့P'Janလေးကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ ကျွန်တော့်ဆီ ပြေးလာသည်။ ကျွန်တော်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးတော့ အသေးလေးကို ကျွန်တော့်ရဲ့ရင်ခွင်ထဲသို့ ထည့်ထားလိုက်သည်။

'N'Moonလေးက လွမ်းနေတာ…'

'အစ်ကိုလည်း လွမ်းနေတာ…'

ကျွန်တော် ရယ်လိုက်ပြီးတော့ ဖက်ထားတာကို ခွာလိုက်ကာ ကလေးရဲ့မျက်နှာမှာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို သေချာကြည့်လိုက်မိသည်။

N'Moonလေးရဲ့ပုံစံက အရင်ကထက်ပိုပြီး နည်းနည်းလောက် အသက်ကြီးသွားတဲ့ပုံပေါ်ပေမယ့် အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ အရင်လတုန်းက ပုံစံအတိုင်းပင်… အထူးသဖြင့် ဖွေးဥပြီး ရဲတက်နေတဲ့ပါးပြင်လေးက အရင်အတိုင်းဘဲ…

'ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ'

ကျွန်တော် အသေးလေးကို ကောက်ချီလိုက်ပြီးတော့ မေးလိုက်ကာ အားလုံးထိုင်ပြီး အနားယူနေကြတဲ့ အဖြူရောင်တဲထဲသို့ သွားလိုက်သည်။

'မာမီက သားကို လာခေါ်တာ…'

'မာမီလို့ မခေါ်ရဘူးလို့ အစ်ကိုပြောထားတယ်လေ…'

စကားဖြတ်ပြောလိုက်တဲ့သူကို ကျွန်တော် လှည့်ကြည့်လိုက်တဲ့အခါမှာ Khun Jayက ရှက်ပြီး နီရဲနေတာကို တွေ့လိုက်ရသည်။ သူက ကျွန်တော့်ရဲ့မျက်လုံးတွေကို တွေ့လိုက်ရတဲ့အခါမှာ လျင်မြန်စွာနဲ့ အကြည့်လွှဲလိုက်တာ… ပြီးတော့ စာအုပ်ဖတ်နေတဲ့ သခင်ကြီးရဲ့နူတ်ခမ်းထောင့်နားက ကွေးတက်လာကို ကျွန်တော် တွေ့လိုက်ရသည်။

အဲ့ဒါဆို Khun Jayနဲ့ ဖုန်းပြောတဲ့နေ့တုန်းက ကြားလိုက်ရတဲ့အသံက N'Moonလေးရဲ့အသံဘဲ…

'မာမီ…'

ကျွန်တော် Khun Jayကို မေးနေတဲ့အကြည့်မျိုးနဲ့ ကြည့်လိုက်သည်။ ဒီအကြောင်းတွေ အားလုံးကို သိနေပြီးသားဖြစ်တဲ့Soloကတော့ ဒီအတိုင်းသာ ထိုင်နေပြီး ဘာမှမပြောဘဲ နေနေတယ်။ ကျွန်တော် အဖြေပြန်မရလာတာကြောင့် အသေးလေးကိုသာ မေးဖို့ လုပ်လိုက်သည်။

'N'Moonလေးက ဘာလို့ဆရာHiaကို မာမီလို့ခေါ်တာလဲ'

'ဒယ်ဒီက သားကို အဲ့လိုခေါ်ခိုင်းလို့…'

N'Moonလေးက ကြည်လင်တဲ့အသံနဲ့ အသံနှင့် ပြောလိုက်ပြီးတော့ သခင်ကြီးကို လှည့်ကြည့်နေသည်။

'မာမီက Hiaမဟုတ်ဘူးတဲ့… အဲ့ဒါကြောင့် ဒယ်ဒီက မာမီလို့ဘဲ ခေါ်ခိုင်းတာ…'

ဟမ်…

'သခင်လေး…'

Khun Jayက Soloကို အပြစ်တင်နေတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ ဒါပေမယ့် ခွေးပေါက်လေးက လုံးဝဂရုမစိုက်ဘဲ ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး ရှင်းပြဖို့ ပြင်လိုက်သည်။

'Jayက Hiaဖြစ်ချင်ပြီး အဖေ့ကို Jaeလုပ်ခိုင်းမယ်လို့ ပြောခဲ့တာကို ကျွန်တော် အဖေ့ကို ပြောပြလိုက်တာလေ…'

'ကျွန်တော် အဲ့လိုမပြောခဲ့ဘူးလေ…'

Khun Jayက လက်ကို ခါပြပြီး ငြင်းလိုက်ကာ မျက်နှာတစ်ခုလုံးလည်း ခရမ်းချဉ်သီးလို ရဲတွတ်နေသည်။

'Khun Gui… အစ်ကို အဲ့လိုမပြောခဲ့ဘူးဆိုတာကို သခင်ကြီးကို ကူပြီးပြောပေးပါဦး'

သခင်ကြီးကနေ စာအုပ်ဖတ်နေရာကနေ ခေါင်းထောင်လာပြီးတော့ ကျွန်တော့်ဆီက အဖြေကို စောင့်နေသလိုမျိုး ကျွန်တော့်ကို ကြည့်နေသည်။ ဘယ်လိုအဖြေမျိုး ပေးသင့်လဲဆိုတာ စဉ်းစားပြီးသွားတဲ့အခါမှာတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။

'အခု ဘာပြောနေတာလဲဆိုတာ ကျွန်တော် မသိဘူး'

ကျွန်တော် တောင်းပန်ပါတယ် Khun Jay…

'Khun Gui…'

Khun Jayက ညည်းတွားလိုက်ပြီးတော့ သခင်ကြီးရဲ့အကြည့်တွေကို ရှောင်နေသည်။ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ Soloက ကျွန်တော့်ဘက် လှည့်လာကာ ဘယ်သူမှ မမြင်ရအောင် ခိုးပြီး လက်မထောင် ပြလာသည်။ ကျွန်တော်တို့က အရာအားလုံးကို နားလည်နေတာကြောင့် တစ်ယောက်မျက်နှာကို တစ်ယောက်စိုက်ကြည့်ရင်း ပြုံးလိုက်မိသည်။

ကျွန်တော် အမှန်တရားကို မပြောတော့ဘဲ N'Moonလေးကို မာမီလို့သာ ဆက်ပြီးခေါ်ခိုင်းလိုက်မည်။ အဲ့လို ခေါ်တာလေးက ချစ်စရာကောင်းတယ်လေ…

'အဲ့ဒါ ဘာကြီးလဲ'

N'Moonလေးက ခေါင်းလေးကို စောင်းပြီး ဘေးနားမှာ ထိုင်နေတဲ့ဘောလုံးလေးဆီ သွားနေသည်။

'အပျင်းထူတဲ့အကောင်လေ…'

Soloက လျင်မြန်စွာနဲ့ ပြန်ဖြေလိုက်သည်။ အသေးလေးက ဘောလုံးလေးအကြောင်းမေးလိုက်တာနဲ့ Soloက Kaoရဲ့အကြောင်းတွေကို မကျေမနပ်နဲ့ စပြီးပြောလာသည်။ ခွေးဖေဖေနဲ့ ခွေးပေါက်စလေးက Kaoရဲ့အကြောင်းကို အရမ်းနီးကပ်နေတဲ့အခြေအနေမျိုးမှာ အတင်းပြောနေတာကို ကြည့်ပြီး ကျွန်တော် ခေါင်းခါလိုက်မိသည်။ အဲ့ဒီ ဘောလုံးလေးသာ နိုးကြည့်ပါလား။ သူတို့ သေချာပေါက် ရန်ဖြစ်နေကြမှာ…

'ငါ ဒီကလေးကို မွေးစားလိုက်တာ…'

သခင်ကြီးက တည်ငြိမ်တဲ့အသံနဲ့ ပြောလာသည်။ ကျွန်တော် အမြန်လှည့်ကြည့်လိုက်တဲ့အခါမှာ သခင်ကြီးက ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီးတော့ Khun Jayကို သူ့အနားသို့ ဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်သည်။

'မွေးစားထားတာ…'

'အွန်း… ငါ့ရဲ့မွေးစားသားအနေနဲ့ပေါ့… Soကို မွေးစားခိုင်းဖို့က မသင့်လျော်ဘူး။ အဲ့ဒါကြောင့် အဲ့ကိစ္စကို ငါက တာဝန်ယူလိုက်တာ…'

သခင်ကြီးက N'Moonကို တည်ငြိမ်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေပေမယ့် အရင်ကလောက် အေးစက်မနေတော့…

'Jayပြောတာက ဒီကလေးကို မင်းတို့နဲ့အတူ ခေါ်ထားဖို့ စီစဉ်ထားတာဆို… မင်းတို့ ဘာဘဲလုပ်ချင်လုပ်ချင် တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာက ပိုကောင်းတယ်။ အဲ့လိုလုပ်မှ နောက်ကျရင် ပြသာနာတွေ ဖြစ်လာမှာ မဟုတ်ဘူး'

'သခင်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်'

ကျွန်တော် လက်အုပ်ချီပြီး ရိုရိုသေသေနဲ့ ဂရဝပြုလိုက်သည်။ သခင်ကြီးက N'Moonအပေါ် သနားကြင်နာမှုရှိနေတဲ့အတွက် ကျွန်တော် ဝမ်းသာနေမိသည်။

နောက်ထပ် ကျွန်တော်တို့ စကားထပ်မပြောဖြစ်ကြတော့… ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး N'Moonလေးရဲ့ ပုံပြောနေတဲ့အသံလေးကိုသာ ကြားနေရတယ်။ ကျွန်တော် ကြမ်းပြင်ပေါ်သို့ ကျသွားတဲ့P'Janကို ကောက်ပြီး N'Moonလေးဆီ ပေးလိုက်တာတောင် အသေးလေးရဲ့အာရုံတွေက Soloဆီမှာသာ အပြည့်အဝရှိနေသည်။

'သားလေး ဒီကိုလာ… စာလုပ်ရမယ်'

Khun Jayက အသေးလေးကို ခေါ်လိုက်သည်။ N'Moonလေးက သူ့ကို ခေါ်နေတဲ့သူကို ကြည့်ပြီးတော့ ပြုံးပြရင်း မတ်တပ်ရပ်လိုက်ကာ သူ့ဆီလာပြီး ဖက်ထားလိုက်သည်။

'မာမီ'

Khun Jayရဲ့ ဖြူဖျော့သွားတဲ့မျက်နှာကို ကြည့်ပြီး ခိုးရယ်လိုက်မိသည်။

'ကျွန်တော် ဒီကလေးကို အရင်ဆုံး စာသွားသင်ပေးလိုက်ဦးမယ်'

Khun Jayက တစ်ဖက်သို့ လှည့်သွားပြီးတော့ ကလေးနဲ့အတူ အိမ်ထဲ ဝင်သွားဖို့ လုပ်လိုက်သည်။ ဒါပေမယ့် သူ အိမ်ထဲသို့ မဝင်ခင် သူ့ရဲ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး သခင်ကြီးကို ခပ်တိုးတိုးလေးပြောနေသည်။

'ဘာဖြစ်လို့လဲ'

သခင်ကြီးက မျက်မှောင်ကြုတ်သွားတာကို ကျွန်တော် မြင်လိုက်ရတဲ့အခါမှာ မေးလိုက်မိသည်။ သူ့ရဲ့မျက်နှာက ရှုပ်ထွေးနေတဲ့အရာတစ်ခုကို တွေးတောနေတဲ့ပုံဘဲ…

'ဒီလိုမျိုး ခေါင်းမာတဲ့သူတွေကို ခဏလောက်ခေါင်းမူးအောင် လုပ်ပေးလိုက်တာ…'

Khun Jayက သခင်ကြီးရဲ့အသက်မပါတဲ့အပြုံးတွေကို ကြည့်ပြီး ရယ်လိုက်သည်။

'တကယ့်ကို စိတ်အနှောင့်အယှက်ဘဲ…'

သခင်ကြီးက ခပ်တိုးတိုးလေး ညည်းတွားရင်း ကျွန်တော်နဲ့ Soloရဲ့ရှေ့မှာ ရပ်လိုက်ပြီးတော့…

'ဒီမှာ အေးဆေး သက်တောင့်သက်သာနဲ့ နေနော်…'

'သခင်ကြီး…'

'ငါ သိတယ်'

သခင်ကြီး မျက်လုံးတွေကို မှိတ်ထားပြီး ခဏလောက်အကြာမှာ ပြန်ဖွင့်လိုက်ပြီးတော့ နူးညံ့တဲ့အကြည့်တွေနဲ့ ကျွန်တော့်ကို ကြည့်နေသည်။

'သူ့ကို ကျေးဇူးပြုပြီးတော့ စောင့်ရှောက်ပေးပါ'

ကျွန်တော် အခုအခြေအနေကို နားမလည်နိုင်ဖြစ်မိပေမယ့် သခင်ကြီးက ကျွန်တော့်ရဲ့အကြည့်တွေကို ရှောင်နေတာကို တွေ့လိုက်ရတဲ့အခါမှာ သခင်ကြီးက အခုလိုမျိုး ဘယ်သူ့ကိုမှ မပြောဖူးဘူးဆိုတာကို ချက်ချင်းသဘောပေါက်သွားသည်။

'ကျွန်တော် သေချာစောင့်ရှောက်ပါ့မယ်'

ကျွန်တော် ယုံကြည်အပြည့်နဲ့ ခိုင်မာနေတဲ့အသံနှင့် ပြန်ဖြေလိုက်သည်။ သခင်ကြီးက ခေါင်းညိမ့်ပြပြီးတော့ ပြန်သွားဖို့ လုပ်နေပေမယ့် သူ ဘယ်ကိုမှ သွားလို့မရ… ဘာလို့လဲဆိုတော့ Khun Jayက သူ့ကို ထပ်ပြီးပိတ်ရပ်ထားတာ… ဒီတစ်ကြိမ်မှာတော့ သခင်ကြီးက တကယ်ထွက်ပြေးချင်နေတယ်လို့ ကျွန်တော် ခံစားလိုက်ရသည်။ တကယ်လို့ ကျွန်တော့်ဘေးနားက ကောင်လေးက သခင်ကြီးရဲ့အကျီစကို မဆွဲခဲ့ရင်ပေါ့…

Soloက မတ်တပ်ရပ်လိုက်ပြီးတော့ သခင်ကြီးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ တူညီနေတဲ့မျက်နှစ်ခုက ဘာဆိုဘာမှမပြောဘဲ ဒီအတိုင်း တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အချင်းချင်းကြည့်နေကြတာ… ဒါပေမယ့် တင်းမာနေတဲ့ ပတ်ဝန်းကျင်ရဲ့အခြေအနေက အရင်နဲ့မတူတော့ဘဲ… ပိုပြီး ကောင်းလာသည်။

'ကျွန်တော် ကြိုးစားမယ်…' Soloက တည်ငြိမ်တဲ့အသံနဲ့ အရင်စပြီး ပြောလာသည်။ 'ကျွန်တော် အရာအားလုံးကို ကောင်းကောင်းလုပ်နိုင်အောင် ကြိုးစားပါ့မယ်။ နေတိုင်းမှာ ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်'

'နေရာတိုင်းမှာ ဆိုတာက…'

'လက်တွဲဖော်ကောင်းတစ်ယောက်အနေနဲ့… သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ပြီးတော့… သားကောင်းတစ်ယောက်အနေနဲ့ကောပေါ့'

သခင်ကြီးက ထိုစကားတွေကို ကြားပြီးသွားတဲ့အခါမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဒါပေမယ့် ခဏအကြာမှာ သခင်ကြီးရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြစ်ထွန်းလာခဲ့သည်။ သခင်ကြီးရဲ့အပြုံးကို ကျွန်တော် အခုမှ ပထမဆုံးမြင်ဖူးတာ… အေးစက်တဲ့မျက်လုံးတွေက သူ့သားကို ကြည့်နေတဲ့အချိန်မှာ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့အတူ ခိုင်မာတဲ့မေတ္တာတရားတွေသာ ရှိနေသည်။

'အဖေ… အဖေလည်း အဖေကောင်းတစ်ယောက်ဖြစ်အောင် နေပါ့မယ်'

ဒီထပ်ပိုပြီး ဘာမှထပ်ပြောနေစရာ မလိုတော့ပါ။ Soloက အဖြေအနေနဲ့ ပြန်ပြုံးလိုက်တဲ့အခါမှာ သခင်ကြီးက သူ့ကို ဆွဲပြီး ဖက်ထားလိုက်သည်။ ကျွန်တော် အဲ့ဒီလှပတဲ့ မြင်ကွင်းကိုသာ ကြည့်ပြီး ပြုံးနေမိသည်။ Soloရဲ့နှလုံးသားမှာ ရစ်နွှယ်နေတဲ့ ကြိုးထုံးတွေက ပြေလျော့သွားတာကို ကြည့်ရင် ကျွန်တော် ဝမ်းသာမိသည်။

တစ်ခါတစ်လေကျရင် နှစ်ပေါင်းများစွာ စုပြုံနေတဲ့တင်းမာမှုနဲ့ အဆင်မပြေမှုတွေကို ဖြေရှင်းဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့စကားတွေနဲ့ ရှင်းပြချက်တွေကို မလိုအပ်ပါ။ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ပြီး ကျွန်တော်တို့ရဲ့နှလုံးသားကို ဒီအတိုင်း ဖွင့်ထားလိုက်ပြီးတော့ ပထမဆုံး စလှမ်းလာမယ့်လူကို လက်ခံလိုက်ရုံဘဲ…

အခုအချိန်ကစပြီးတော့… ကျွန်တော်တို့အားလုံး စစ်မှန်တဲ့ပျော်ရွင်မှုမျိုးကို ခံစားရတော့မည်။

Khun Jayက ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြနေသည်။ သူက ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းအသာလေးညိမ့်ပြကာ သခင်ကြီးနဲ့အတူ အိမ်ထဲသို့ ဝင်သွားသည်။

'Kao… အထဲဝင်ပြီး သွားအိပ်လေ…'

ကျွန်တော် Kaoဘက်ကို လှည့်ပြီး လှုပ်နှိုးလိုက်သည်။ အဲ့ဒီကလေးက စောင်ပုံထဲကနေ ခေါင်းလေးထွက်လာပြီးတော့ ကျွန်တော့်ကို ခေါင်းညိမ့်ပြကာ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သခင်ကြီးနဲ့ Khun Jayတို့ရဲ့ အနောက်ကနေ လိုက်သွားသည်။ ဒီကလေး အခုလိုမျိုး စကားနားထောင်တယ်ဆိုတာက ကျွန်တော့်အတွက် မရင်းနှီးသေးတဲ့အရာတစ်ခုဖြစ်နေတာကြောင့် ထူးဆန်းနေသလို ခံစားနေလိုက်ရသည်။

'နေလို့ကောင်းသွားပြီလား'

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ကောင်လေးကို မေးလိုက်သည်။ တကယ်တော့ သူ့ရဲ့ပျော်ရွင်နေတဲ့မျက်နှာကို မြင်လိုက်ရုံနဲ့တင် အဖြေက ဘာလဲဆိုတာ ကျွန်တော်သိပြီးသား… ကျွန်တော် သူ့ကို သက်သက်စချင်လို့ မေးလိုက်တာ… ဒါပေမယ့် ကျွန်တော် မေးလိုက်တာနဲ့ ခွေးပေါက်လေးရဲ့မျက်နှာပေါ်က အပြုံးတွေက ပျောက်ကွယ်သွားပြီးတော့ တည်သွားသည်။

'အွန်း…'

သူက ခေါင်းမာတဲ့ခွေးပေါက်လေးဆိုတာကို ကျွန်တော်မေ့သွားတာဘဲ…

'Guitar ဒီနေရာလေးကို သဘောကျရဲ့လား'

ကျွန်တော် သဘောကျစွာနဲ့ ရယ်လိုက်ပြီးတော့ သူ့ရဲ့ပုံစံအတိုင်းလေး နောက်ကနေ လိုက်လိုက်သည်။

'သဘောကျတယ်။ ဒီနေရာလေးက အေးအေးချမ်းချမ်းနဲ့ သက်တောင့်သက်သာရှိတယ်'

ကျွန်တော် ပြုံးပြီး ပြန်ဖြေလိုက်တယ်။ အခုလိုမျိုး သဘာဝတရားနဲ့ နီးနီးကပ်ကပ်မနေခဲ့ရတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကျွန်တော်မသိ… တောင်ပေါ်က ရွာသားတွေနဲ့ တွေ့ခဲ့တာက နောက်ဆုံးအကြိမ်ဘဲ… ဒါပေမယ့် ပတ်ဝန်းကျင်အနေအထားက နည်းနည်းတော့ ကွာခြားသည်။ ကြည့်ရတာ နိုင်ငံခြားမို့လို့ ထင်တယ်။ ပန်းပင်မျိုးစုံနဲ့ ပတ်ဝန်းကျင်အခြေအနေက အကျွမ်းတဝင်မရှိသလိုမျိုး ခံစားနေရသည်။

'လမ်းလျောက်ရအောင်လေ…'

Soloက မတ်တပ်ရပ်လိုက်တာကြောင့် ကျွန်တော်လည်း သူ့နောက်လိုက်ဖို့ ထလိုက်တဲ့အချိန်မှာ သူက ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်ပြီး ဥယျာဉ်ထဲသို့ ခေါ်သွားသည်။

ကျွန်တော်တို့ ဝေးဝေးကို လျောက်သွားလေလေ… ကျွန်တော် ပိုပြီးအံ့သြရလေလေဘဲ… ဘာလို့လဲဆိုတော့ အဲ့နေရာတစ်ခုလုံးက ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ အပြည့်ဖြစ်နေပြီး ကျွန်တော် မြင်ဖူးသမျှအရာတွေထက်တောင် သဘာဝပိုဆန်နေတယ်လို့ ခံစားနေရသည်။

'ဒီနေရာက ကျွန်တော် ကျွန်တော့်အမေနဲ့အတူတူ နေခဲ့တဲ့နေရာလေ…'

Soloက စိတ်လှုပ်ရှားစွာနဲ့ ပြောလာတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ အခုလိုမျိုး ရှက်စရာကောင်းတဲ့ပုံမျိုးဖြစ်တဲ့အထိ စိတ်လှုပ်ရှားစွာနဲ့ ပြုမှုနေတယ်ဆိုတာကို သူ မသိဘူးထင်တယ်။

'အမေပြောတာတော့ ဒီနေရာက ကျွန်တော်တို့ သားအမိနှစ်ယောက်နေဖို့အတွက် အဖေက ပေးခဲ့တာတဲ့… ကျွန်တော့်ကို မွေးပြီးတဲ့အချိန်ကတည်းက အမေက သီချင်းဆိုတဲ့အလုပ်ကို နားပစ်လိုက်တာလေ… အဲ့အချိန်က စပြီးတော့ အမေက ဒီနေရာမှာ အပင်တွေကို စိုက်ပြီး အချိန်ဖြုန်းခဲ့တာ… အမေက အပင်အမျိုးအစားပေါင်းစုံကို စိုက်ခဲ့တယ်။ အမေ သတိထားမိတဲ့အချိန်လည်းရောက်ရော ဥယျာဉ်က အတော့်ကို အကျယ်ကြီးဖြစ်သွားပြီ'

'အဲ့ဒါဆို ဒီတစ်ပြင်လုံးကို Soရဲ့အဖေက ပိုင်တာလား'

'ကျွန်တော့်ရဲ့အမေလည်း အခုGuitarဖြစ်နေသလိုမျိုး စိုးရိမ်ပြီး ကြောက်သွားတာ… အဲ့တုန်းက ကျွန်တော် အသက်ရှစ်နှစ်ဘဲ ရှိသေးတယ်။ အမေက အဲ့ရှစ်နှစ်လုံးမှာ ဘာစိုးရိမ်စိတ်မှ မရှိဘဲ ဒီတစ်ပြင်လုံးမှာ အပင်တွေဘဲ စိုက်ခဲ့တာလေ… ဒါပေမယ့် အမေက အစ်ကိုလိုမျိုး ရုတ်တရက်သတိထားမိပြီး စိုးရိမ်သွားခဲ့တာ…'

Soloက ပြုံးပြီး ပြောလာသည်။ သူ အရမ်းပျော်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော်ပါ လိုက်ပြုံးလိုက်မိသည်။

'ကျွန်တော်လည်း နှစ်နာရီလောက် သံသယတွေဖြစ်ပြီး တွေးနေတဲ့အချိန်မှာ အမေက ရောက်လာပြီးတော့ ကျွန်တော့်ကို ပြောပြခဲ့တယ်။ ဒီနေရာတစ်ခုလုံးက ကျွန်တော့်အဖေပိုင်တာမို့လို့ စိတ်မပူနဲ့တဲ့… အဲ့အချိန်တုန်းကတော့ ကျွန်တော် ထပ်ပြီးမတွေးလိုက်မိဘူး။ အခုပြောနေရင်းနဲ့ ကျွန်တော် သတိပြန်ရလာပြီ'

'…'

'ကျွန်တော် တွေးဖူးသလိုမျိုး အဖေက ကျွန်တော်တို့အပေါ် ဂရုမစိုက်တာ ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် Guitarပြောခဲ့သလိုမျိုး ကျွန်တော် တကယ်ဖြစ်ခဲ့တာ… ကျွန်တော် အဖေ့အပေါ်မှာ တစ်ဖက်သတ် အထင်အမြင်တွေ လွဲမှားနေခဲ့တယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော် မတွေးခဲ့မိဘူး။ အမှန်တိုင်းပြောရရင် အဖေ့ကြောင့် ကျွန်တော် ငယ်ငယ်လေးကတည်းက အရာအားလုံးကို ပိုင်ဆိုင်ခဲ့တာ… ကျွန်တော့်ရဲ့မေးခွန်းတွေကို အမေ ပြန်ဖြေနိုင်တာကလည်း အဖေ့ကြောင့်ဘဲ… အခု ဒီဥယျာဉ်ကိစ္စလိုဘဲလေ… Guitarသာ မမေးလာဘူးဆိုရင် ကျွန်တော် ပြန်မှတ်မိမှာ မဟုတ်ဘူး။ အမေက အဖေနဲ့ တစ်ချိန်လုံးအဆက်အသွယ်ရှိနေနိုင်တယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော့်ရဲ့ခန့်မှန်းချက်သက်သက်ပါဘဲ…'

'So…'

'အဲ့လိုမျက်နှာမျိုး မလုပ်နဲ့လေ…'

Soloက ကျွန်တော့်ကို ပြုံးပြီး ကြည့်နေသည်။ သူ့ရဲ့လက်က ကျွန်တော့်လက်ကို လွှတ်လိုက်ပြီးတော့ ကျွန်တော့်ရဲ့ခေါင်းလေးကို အသာလေးပုတ်သပ်ပေးလာသည်။

'ကျွန်တော် အခုလိုမျိုး ပြောတယ်ဆိုတာ အမေ့ရဲ့အကြောင်းကို စဉ်းစားမိသွားလို့ပါ။ ဒါပေမယ့် ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို မသိချင်တော့ဘူး။ ကျွန်တော် အဖေ့ကို ပြောခဲ့သလိုမျိုး အစကနေ ပြန်စမယ်။ အရာအားလုံး… ကျွန်တော် အရာအားလုံးကို ပြန်ပြီးတော့ တည်ဆောက်မယ်'

'Soက အရွယ်ရောက်လာပြီဘဲ…'

ကျွန်တော် ဂုဏ်ယူစွာနဲ့ ပြုံးလိုက်ရင်း စိတ်ထဲမှာ ခံစားနေရတဲ့အရာကို ဖော်ပြလိုက်သည်။ ပြသာနာရှိတဲ့အချိန်တိုင်းမှာ ကျွန်တော် သူ့ကို မှီခိုနိုင်တယ်။ Mae Yaiရဲ့ကိစ္စတွေမှာဘဲဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ကိစ္စတွေဘဲဖြစ်ဖြစ်၊ ဘာကိစ္စဘဲဖြစ်ဖြစ်ပေါ့… ဒါပေမယ့် သေချာကြည့်လိုက်မယ်ဆိုရင် Soloက ကျွန်တော့်ရဲ့ပြသာနာတွေကို ဖြေရှင်းပေးတဲ့အချိန်မှာဘဲ ရင့်ကျက်တာမဟုတ်မှန်း ခံစားလိုက်ရသည်။

ကျွန်တော့်ရဲ့ခွေးပေါက်လေးက တကယ့်ကို အရွယ်ရောက်လာပြီဘဲ…

'ပြီးတော့ ကျွန်တော်က RKကုမ္ပဏီရဲ့ဥက္ကဋ္ဌလေ…'

Soloက လမ်းလျောက်နေတာတွေကို ရပ်လိုက်ပြီးတော့ ကျွန်တော့်ကို လှည့်ကြည့်ကာ သူ့နူတ်ခမ်းထောင့်နားက ကွေးတက်သွားသည်။ အဲ့အပြုံးက တကယ့်ကို စိတ်ညစ်စရာကောင်းလှသည်။

'ကျွန်တော့်ဘေးနားမှာ ရှိနေတဲ့တစ်ယောက်က ဂုဏ်ထူးနဲ့ ဘွဲ့ရတော့မှာ… ပြီးတော့ သူက စီမံခန့်ခွဲရေးဘာသာကို မာစတာတန်း ထပ်တက်ဦးမှာလေ… အဲ့ဒါကြောင့် ကျွန်တော်လည်း ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရတော့မှာပေါ့…'

'အပြောကတော့ ရွှေမန်းဘဲ…'

ကျွန်တော် မနှစ်သက်ကြောင်း ပြသတဲ့အနေနဲ့ ခွေးပေါက်လေးရဲ့နှာခေါင်းကို ညှစ်လိုက်သည်။ သူက ရယ်နေပြီးတော့ ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်ကာ ရှေ့ဆက်လျောက်ဖြစ်သည်။

'အမှန်တိုင်း ပြောရရင်… အဲ့တုန်းက ကျွန်တော် အရမ်းလွန်သွားတော့ Guitar တကယ်ကြီး စိတ်ဆိုးသွားပြီ ထင်နေတာ…'

Soloက ဝမ်းနည်းတဲ့အသံနှင့် ပြောလာတယ်။

'ကျွန်တော် မှားပြီး မေ့သွားခဲ့တာ… ကျွန်တော့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက Guitarရဲ့အပိုင်ဆိုတာကို မေ့သွားခဲ့တာ…'

'ခဏလေး…'

'ကျွန်တော် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ခဲ့မိတယ်။ တကယ်လို့ Guitarနေရာမှာသာ ကျွန်တော်ဆိုရင်လည်း ဒေါသထွက်မိမှာ… အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့အနေနဲ့ စာကိုရော အလုပ်ကိုပါ ပြင်းပြင်းထန်ထန် ကြိုးစားပြီးလုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ဘေးနားမှာ Guitarက အမြဲတမ်းရှိနေပေးမယ့် အနာဂတ်ကို တွေးကြည့်ရုံနဲ့တင်… ကျွန်တော် အရမ်းပျော်နေပြီ'

အနှစ်ချုပ်ရရင် ကျွန်တော် သူနဲ့ လိုက်လျောညီထွေဖြစ်အောင် ကစားလိုက်သင့်လား။ တကယ့်ကို အတည်ကြီးပြောရမလား။

'အခု ကောင်းကောင်းသိသွားပြီဆိုတော့… နောက်တစ်ခါ ကိုယ့်ကိုယ်ကို နာကျင်အောင် ထပ်လုပ်မယ်ဆိုရင် အစ်ကို Soကို သေတဲ့အထိ ရိုက်မှာ…'

ကျွန်တော့်ရဲ့လက်တွေကို အသာလေး ရှေ့နောက်လွှဲလိုက်ပြီးတော့ ဘေးနားက စိတ်ရှုပ်ထွေးနေတဲ့ကောင်လေးကို လုံးဝလျစ်လျူရှုထားလိုက်သည်။

'ဒီခန္ဓာကိုယ်ကြီးကို အစ်ကို ပိုင်တယ်။ အဲ့ဒါကြောင့် အနာတရဖြစ်ခွင့်မပေးဘူး။ နားလည်လား'

Soloက ခဏလောက်ကြာတဲ့အထိ မျက်ခုံးတွေကို ပင့်တင်လိုက်ပြီးတော့ အကျယ်ကြီး အော်ရယ်နေသည်။ ပြီးတဲ့အခါမှာ သူက ကတိပေးတဲ့အနေနဲ့ ကျွန်တော့်ရဲ့လက်လေးကို သူ့ရဲ့နူတ်ခမ်းနား ဆွဲယူလိုက်ပြီးတော့ ကျွန်တော့်ရဲ့လက်ဆစ်လေးတွေပေါ်ကို အသာလေးနမ်းလိုက်သည်။

'အရင်ဆုံး ကျွန်တော် Guitarနဲ့အတူတူ အဲ့နေရာကို သွားချင်တယ်'

'ဘယ်နေရာလဲ'

Soloက ဘာမှပြန်မဖြေ… ကျွန်တော့်ရဲ့လက်ကိုသာ တင်းကြပ်စွာ ဆုတ်ကိုင်ထားပြီး ဖြည်းဖြည်းချင်းလျောက်နေသည်။ ကျွန်တော်တို့ ပိုပြီးဝေးတဲ့နေရာထိ လျောက်လာမိတဲ့အခါမှာ သစ်ပင်တွေက ပိုပိုပြီးများလာတာကို တွေ့လိုက်ရသည်။ ကြည့်ရတာ ကျွန်တော်တို့ ဥယျာဉ်ရဲ့အပြင်ဘက်ကို ရောက်နေပြီထင်တယ်။ ဘာလို့လဲဆိုတော့ လမ်းတလျောက် စိုက်ပျိုးထားတဲ့ပန်းခင်းတွေက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးတော့ ကြီးမားတဲ့သစ်ပင်ကြီး တော်တော်များများက နေရာယူလာတာကြောင့် ဖြစ်သည်။

'ဒီရှေ့တည့်တည့်မှာ ကျွန်တော့်အတွက် အရေးပါဆုံးလူတစ်ယောက် နေတဲ့နေရာ ရှိတယ်'

အရေးပါဆုံးလူတစ်ယောက်…

Soloက ကျွန်တော့်ရဲ့လက်ကို လွတ်လိုက်ပြီး အရှေ့ကိုသာ ကြည့်နေကာ ကျွန်တော့်ကို အရင်ဆုံးသွားနှင့်ဖို့ အချက်ပြတဲ့အနေနဲ့ ခေါင်းညိမ့်ပြလာသည်။

အဲ့ဒါကြောင့် မြင်ကွင်းကို ဖုံးထားတဲ့သစ်ပင်ကြီးတစ်ပင်ကို ကျွန်တော် ပတ်ပြီး သွားလိုက်သည်။ တစ်ဖက်သို့ ရောက်သွားတဲ့အခါမှာ ပထမဆုံးအနေနဲ့ ဘာသစ်ပင်တွေမှမရှိ၊ ဘာအဖုံးအကာမှမရှိဘဲ လှပနေတဲ့ကောင်းကင်ပြင်ကျယ်ကြီးကို တွေ့လိုက်ရသည်။ အရှေ့မှာတော့ Soloအတွက် အရေးပါဆုံးလူတစ်ယောက် အနားယူနေတဲ့တောင်ကုန်းနိမ့်နိမ့်လေးကို တွေ့လိုက်ရသည်။ ကျွန်တော် ပိုပြီးနီးကပ်လာတဲ့အထိ လျောက်သွားရင်း အုတ်ဂူလေးကို မဖော်ပြတက်တဲ့ခံစားချက်တွေနဲ့အတူ ကြည့်နေမိတယ်။

'အမေ တစ်ခါပြောဖူးတယ်။ အမေက ဒီနေရာလေးကို အရမ်းချစ်တော့ သူ ဆုံးပါးသွားတဲ့အခါရင်… ဒီနေရာလေးမှာဘဲ အနားယူချင်တယ်တဲ့…'

Soloက အထဲကို လျောက်လာရင်း ကျွန်တော့်ဘေးနားမှာ ထိုင်ချလိုက်ကာ သူ့အမေရဲ့အုတ်ဂူကို နူးညံ့တဲ့အကြည့်တွေနဲ့ ကြည့်နေသည်။

'ငယ်ငယ်လေးတုန်းက ကျွန်တော့်ရဲ့ပျော်ရွင်မှုကို ကိုယ်စားပြုတဲ့ပုံဆွဲတိုင်း အမေ့ရဲ့ပုံကို ဆွဲနေကြ… အမေ့ကို ကျွန်တော် ပြောခဲ့တယ်။ အမေ့အပြင် ဂစ်တာကလည်း ကျွန်တော် ပျော်ရွင်မှုဘဲဆိုတာကိုလေ…'

'…'

'အမေ ဂစ်တာတီးနေတာကို တွေ့လိုက်တဲ့အချိန်တိုင်းမှာ အမေ့ကို မနာလိုဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တီးနေတဲ့ဂစ်တာတွေက ကျွန်တော့်ဟာတွေ မဟုတ်ဘူး။ အမေက ကျွန်တော့်ကို ဝယ်ပေးခဲ့တာ…'

Soloက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးပြကာ ဆက်ပြောလိုက်သည်။

'အဲ့တုန်းက ကျွန်တော့်ရဲ့အမေကို ပြောခဲ့ဖူးတယ်။ ကျွန်တော် တစ်နေ့နေ့တော့ ကိုယ်ပိုင်ဂစ်တာရအောင် လုပ်ရမယ်။ အဲ့နေ့ရောက်လာပြီဆိုရင်… အဲ့ဒီဂစ်တာကို ကျွန်တော့်အမေဆီ ယူလာပြမယ်ဆိုပြီး ပြောခဲ့တာ…'

ကျွန်တော် ပြုံးလိုက်ရင်း သူ့ရဲ့လက်ကို ဆုတ်ကိုင်လိုက်ကာ ဆက်ပြီး နားထောင်လိုက်သည်။ သူ့ရဲ့စကားတွေက ကျွန်တော့်ရဲ့နှလုံးသားကို နွေးထွေးလာစေသည်။ သူ လုပ်သမျှအရာအားလုံးက ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေအပေါ် တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးအကျိုးသက်ရောက်မှု ရှိလာတယ်လို့ ခံစားနေရသည်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မသိ… ကျွန်တော့်အပေါ် တော်တော်လွှမ်းမိုးနိုင်သလိုဘဲ… ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲဆိုတာတော့ အတိအကျမသိပါ။

'ကျွန်တော့်အမေကို ပြောနေကျ ဂစ်တာဆိုတာက ကျွန်တော် နှစ်သက်တဲ့ဂီတတူရိယာလို့ဘဲ အမြဲတမ်းတွေးနေကြ… ဒါပေမယ့် အချိန်တော်တော်များများကို ဖြတ်ကျော်ပြီးသွားတဲ့အခါမှာ ကျွန်တော် နားလည်သွားပြီ။ တကယ်တော့ ဂစ်တာဆိုတာက ဂီတတူရိယာမဟုတ်ဘဲ… Guitarဆိုတဲ့… ကျွန်တော် ချစ်မြတ်နိုးရတဲ့လူသားလေးဆိုတာကို သိလိုက်ရတယ်'

ကျွန်တော် ဆွံ့အသွားပြီး Soloရဲ့မျက်နှာကိုသာ စိုက်ကြည့်နေမိသည်။ သူက ကျွန်တော့်ရဲ့ခေါင်းကို အသာလေးဖွလိုက်ပြီးတော့ သူ့ရဲ့အမေဘက်သို့ ပြန်လှည့်သွားပြီးတော့…

'ဒီနေ့ ကျွန်တော့်ရဲ့Guitarကို အမေ့ဆီ ခေါ်လာခဲ့ပြီ အမေ…'

Soloက အုတ်ဂူကို အသာလေး ထိတွေ့လိုက်သည်။ သူ့ရဲ့မျက်လုံးတွေက မငြိမ်မသက်ဖြစ်နေပေမယ့် ကျွန်တော့်ထက် အဆပေါင်းများစွာ သန်မာပြီး ပြတ်သားတဲ့ပုံဖြစ်နေသည်။

'ဒီလူသားလေးကို စောင့်ရှောက်နိုင်ဖို့အတွက် ကျွန်တော့်ကို ကူညီပေးပါ အမေ…'

Soloက အမြဲတမ်းဒီလိုဘဲ…

သူ အရင်တုန်းက အမှားတွေလုပ်ခဲ့တယ်ဆိုပေမယ့် အဲ့ဒါတွေ အားလုံးက သူ့ကို ဆုံးမပြီး သတိပေးမယ့်သူ မရှိလို့ပါ။ သူ့အနားမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို နည်းနည်းလောက် သင်ကြားပြီးတဲ့အခါမှာ သူက သူ့ဘာသာသူ တွေးတောပြီး အရာအားလုံးကို ဆုံးဖြတ်တက်လာသည်။ သူ ဘာအမှားမှ ထပ်မလုပ်တော့ဘဲ အခြားသူတွေထက်ပိုပြီး သန်မာစွာနဲ့ ရှေ့ဆက်လျောက်နိုင်လိမ့်မည်။

'မင်္ဂလာပါ အမေ'

ကျွန်တော် လက်အုပ်ချီပြီးတော့ အရိုအသေပေးလိုက်ကာ ဘေးနားက အူလည်လည်ဖြစ်နေတဲ့ကောင်လေးကို မသိချင်ယောင်ဆောင်ထားလိုက်သည်။

'ကျွန်တော့်ရဲ့နာမည်က Guiပါ။ Soတက်နေတဲ့ တက္ကသိုလ်ကနေဘဲ အင်ဂျင်နီယာမေဂျာနဲ့ ကျောင်းပြီးသွားပါပြီ'

'Guitar…'

'So စကားဖြတ်မပြောရဘူးလေ… အစ်ကိုက အမေနဲ့ စကားပြောနေတာ…'

ကျွန်တော် လှည့်ပြီး ဆူလိုက်တဲ့အခါမှာ ခွေးပေါက်လေးရဲ့မျက်နှာက ဝမ်းနည်းနေတဲ့မျက်နှာမျိုး ဖြစ်သွားပေမယ့် နောက်ဆုံးတော့ သူက ပြုံးပြပြီး ခေါင်းညိမ့်ပြလာသည်။

'ကျွန်တော် ထပ်ပြီးဖြတ်မပြောတော့ပါဘူး'

အဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ ကျွန်တော့်ရဲ့စိတ်ကျေနပ်မှုကို ပြတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်ပြီးတော့ ဆက်ပြောလိုက်သည်။

'အမေ့ရဲ့သားက အရင်ဆုံး ကျွန်တော့်ကို ချည်းကပ်ခဲ့တာ…'

'ခဏလေး…'

'ဘာမှားနေလို့လဲ'

ကျွန်တော် သူ့ကို လှည့်ကြည့်ပြီး မျက်ခုံးတွေကို ပင့်တင်လိုက်မိသည်။ သူ့ရဲ့ပါးစပ်က ဟလာပြီး တစ်ခုခုပြောဖို့ လုပ်လာပေမယ့် နောက်ဆုံးမှာတော့ ခေါင်းသာ ညိမ့်ပြလာပြီးတော့…

'အင်း… ဟုတ်ပါတယ်'

'အမေ့ရဲ့သားက အရမ်းခေါင်းမာတဲ့ကလေး…'

ခွေးပေါက်လေးက ပြန်ငြင်းဖို့ လုပ်လာတဲ့အခါမှာ ကျွန်တော် လက်ပြပြီး တားလိုက်မိသည်။ ဒါပေမယ့် သူ မျက်မှောင်ကြုတ်ထားတာကို တွေ့လိုက်ရတဲ့အခါမှာ ဘာအကြောင်းပြချက်မှ မရှိပါဘဲနှင့် ကျွန်တော့်ရဲ့ခံစားချက်တွေက ပိုပြီးကောင်းလာသည်။

'အမေ့ရဲ့သားက ကလေးဆန်တဲ့ခွေးပေါက်လေးလိုဘဲ အမြဲတမ်းညည်းတွားနေတာ…'

'ဒါက…'

'ဒီလိုပြောစကားနားမထောင်တဲ့ ခွေးပေါက်လေးနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာ ကျွန်တော် မသိဘူး'

'ဟုတ်ပါပြီ…'

'ဒါပေမယ့်…'

လေယာဉ်စီးမလာခင်ကတည်းက အိတ်ကပ်ထဲ ထည့်ထားတဲ့ပစ္စည်းလေးတစ်ခုကို ကျွန်တော် ထုတ်လိုက်ပြီးတော့ လက်ဖဝါးပေါ် တင်ထားလိုက်သည်။

'သူ ဘယ်လောက်ဘဲ ခေါင်းမာ၊ ညည်းတွားပြီး ကလေးဆန်နေပါစေ… သူက ကြင်နာတက်တယ်။ သန်မာတယ်။ မှီခိုလို့ရပြီး အရမ်းအရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ'

ဘယ်လိုကိစ္စတွေဘဲ ရှိနေပါစေ… ပြီးအောင် လုပ်ဖို့လိုတဲ့အရာတွေဆိုရင် ကျွန်တော် သူ့ကို မှီခိုလို့ရသည်။

'So ပြောဖူးတယ်လေ… ဒီပန်းလေးရဲ့အဓိပ္ပာယ်က မင်းနဲ့ နီးစပ်နေရတာကို ပျော်ရွင်တယ်တဲ့…'

စာအုပ်ကြားထဲမှာ အချိန်အတော်ကြာတဲ့အထိ တယုတယနဲ့ ထည့်သိမ်းထားတာကြောင့် ပြားချပ်ပြီး ခြောက်သွေ့နေတဲ့ပန်းလေးကို ကျွန်တော် ကြည့်နေမိသည်။

'ဒီပန်းလေးကြောင့်ဘဲ… ကျွန်တော် Soနဲ့ နီးစပ်ခွင့်ရခဲ့အတွက် တကယ်ပျော်ရွင်မိတယ်'

'ဒီပန်းက…'

'အမေ့ရဲ့အရေးပါဆုံးလူတစ်ယောက်ကို စောင့်ရှောက်ခွင့်ပေးပါလို့ ကျွန်တော် တောင်းဆိုချင်တယ်။ ဒါပေမယ့် အမေ့ရဲ့ အရေးပါတဲ့လူတစ်ယောက်နေရာမှာ အစားထိုးပေးဖို့အတွက် ကျွန်တော့်မှာ ဘာမှမရှိဘူး။ အဲ့ဒါကြောင့်…'

ကျွန်တော် အဲ့ဒီပန်းလေးကို အုတ်ဂူပေါ်သို့ ဖြည်းဖြည်းချင်း တင်လိုက်သည်။

'အမေ့ကို ဒီပန်းလေး ပေးချင်တယ်။ ဒီပန်းလေးက ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါ။ ကျွန်တော် အမေ့ကို ပေးတယ်နော်…'

Mae Yaiဆီကနေ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့အတွက် ခွင့်တောင်းခဲ့သလိုမျိုး ကျွန်တော်လည်း သူ့ကို စောင့်ရှောက်ပေးဖို့အတွက် သူ့ရဲ့အမေဆီကနေ ခွင့်တောင်းလိုက်မိသည်။ ပြီးတော့ သူ့ရဲ့မိသားစုဝင်ကို တရားဝင်ဖြစ်သွားအောင် အတည်ပြောလိုက်သည်။

'အမေက ခွင့်ပြုပြီးသားပါ'

Soloက ပြောနေရင်း ကျွန်တော့်ကို တင်းကြပ်စွာ ပွေ့ဖက်လာတာကြောင့် ကျွန်တော်လည်း ပြုံးလိုက်ပြီးတော့ ကျွန်တော့်မှာ ရှိတဲ့ခံစားချက်တွေ အားလုံးနဲ့အတူ တုန့်ပြန်တဲ့အနေနဲ့ ပြန်ပွေ့ဖက်လိုက်သည်။

ကျွန်တော်တို့ မရေတွက်နိုင်လောက်တဲ့အထိ ပွေ့ဖက်ခဲ့ကြတယ်ဆိုပေမယ့် ပွေ့ဖက်မှုတစ်ခုချင်းစီတိုင်းက အဖိုးထိုက်တန်လွန်းလှသည်။ ပွေ့ဖက်မှုတစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့အဓိပ္ပာယ်တွေ ရှိသည်။

'So… အဲ့ဒါ ဘာအသံကြီးလဲ'

ကျွန်တော် အံ့သြစွာနဲ့ မေးလိုက်မိသည်။ နားကြားမှားသွားတာလားဆိုတာ မသေချာပေမယ့် ပီယာနိုအသံက ဒီနေရာမှာ ရှိမနေသင့်ဘူး။

'သွားကြည့်ရအောင်…'

Soloက မတ်တပ်ရပ်လိုက်ပြီးတော့ ကျွန်တော့်ရဲ့လက်မောင်းကို ဆွဲသွားကာ အခြားလမ်းကို သွားနေသည်။

ကျွန်တော်တို့ ပီယာနိုနဲ့ နီးလာတာနဲ့အမျှ အသံက ပိုပြီးကျယ်လာသည်။ အဲ့တော့မှ ဒီပီယာနိုက ခွေးပေါက်လေး ပြင်ဆင်ထားတဲ့အရာတစ်ခုဆိုတာကို ကျွန်တော် နားလည်လိုက်ရသည်။ အဲ့ဒါကို သိလိုက်ရတဲ့အခါမှာ ကျွန်တော် မပြုံးမိဘဲ မနေနိုင်…

''မင်း ငါ့ဘဝအတွက် ဘာတွေလုပ်ပေးခဲ့လဲဆိုတာကို
မင်းသိရဲ့လား…

မင်း ငါ့ရဲ့ဘေးနားမှာ ရှိနေပေးရုံနဲ့တင် ဘယ်လောက်ထိ
အကျိုးရလဒ်များခဲ့လဲဆိုတာ မင်းသိရဲ့လား…''

ကျွန်တော်ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတဲ့အခါမှာ မျက်ခုံးတွေကို ပင့်တင်လိုက်မိသည်။ ဒါပေမယ့် အဲ့အသံက ကျွန်တော် တွေးထင်ထားသလိုမျိုး ကျွန်တော့်ရဲ့ဘေးနားက ကောင်လေးဆီက လာတာမဟုတ်… Soloက ဒီအတိုင်းပြုံးနေပြီးတော့ ပိုဝေးတဲ့နေရာကို သွားနေသည်။

''မင်းက ငါ့ရဲ့နှလုံးသားကို နွေးထွေးစေတယ်~
မင်းက အမြဲတမ်းထူးကဲနေတယ်လို့ ခံစားနေရတယ်~

မင်းက ငါ့ရဲ့ပန်းတိုင်~
ပြီးတော့ မင်းက ငါ့ရဲ့ခွန်အားဘဲ~''

'ကျွန်တော် အတည်ပြောမယ်နော်…'

ကျွန်တော်တို့ ပီယာနိုအသံကို ကောင်းကောင်းကြားနိုင်တဲ့နေရာသို့ ရောက်လာတဲ့အခါမှာ Soloက ခြေလှမ်းတွေကို ရပ်လိုက်ပြီးတော့ တိုးတိုးလေးပြောလာသည်။

''ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့နှလုံးသားဘဲ~

လောကဓံတရားကို နေ့တိုင်းတိုက်ခိုက်ချင်အောင် လုပ်နိုင်တယ်~

ငါ လဲကျသွားပါစေ~ ငါ ပြန်ထမယ်~
ဘယ်တော့မှအားမလျော့ဘူး~ ဘယ်တော့မှ မတုန်လှုပ်ဘူး~

မင်းနဲ့အတူ တစ်သက်လုံးနေသွားမယ်~''

'Guitarက ကျွန်တော့်ရဲ့နှလုံးသားဘဲ…'

'အရင်တုန်းက ပြောခဲ့တာက ပျော်ရွင်မှုဆို…'

ခွေးပေါက်လေးရဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ရယ်လိုက်မိသည်။

'အစ်ကိုက ကျွန်တော့်အတွက် အရာအားလုံးဘဲ…'

''မင်း ငါ့ဘဝအတွက် ဘာတွေလုပ်ပေးခဲ့လဲဆိုတာကို
မင်းသိရဲ့လား~

မင်း ငါ့ရဲ့ဘေးနားမှာ ရှိနေပေးရုံနဲ့တင် ဘယ်လောက်ထိ
အကျိုးရလဒ်များခဲ့လဲဆိုတာ မင်းသိရဲ့လား~

မင်းက ငါ့ရဲ့နှလုံးသားကို နွေးထွေးစေတယ်~
မင်းက အမြဲတမ်းထူးကဲနေတယ်လို့ ခံစားနေရတယ်~

မင်းက ငါ့ရဲ့ပန်းတိုင်~
ပြီးတော့ မင်းက ငါ့ရဲ့ခွန်အားဘဲ~''

'အဲ့ဒါ အစ်ကို့ရဲ့စကားလေး…'

'ကျွန်တော်လည်း အဲ့လိုဘဲ တွေးမိတာကို…'

'အစ်ကို့စကားကို ကော်ပီကူးနေတာဘဲ…'

''ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့နှလုံးသားဘဲ~

လောကဓံတရားကို နေ့တိုင်းတိုက်ခိုက်ချင်အောင် လုပ်နိုင်တယ်~

ငါ လဲကျသွားပါစေ~ ငါ ပြန်ထမယ်~
ဘယ်တော့မှအားမလျော့ဘူး~ ဘယ်တော့မှ မတုန်လှုပ်ဘူး~''

'ကျွန်တော် Guitarကို ချစ်တယ်'

'အစ်ကိုလည်း Soကို ချစ်တယ်'

''မင်းနဲ့ အတူတူ ရှိနေရုံနဲ့တင်~

ငါ့ရဲ့ဘေးနားကနေ အတူတူ လျောက်လှမ်းပေးရုံနဲ့တင်~

ငါတို့နှစ်ယောက် အတူတူရှိနေရုံနဲ့တင်~
ငါ ပျော်တယ်~''

[เพลงเพื่อเธอ: บอยโกสิยพงษ์]

သီချင်းသံစဉ်တွေ လုံးဝရပ်သွားပြီးတဲ့အချိန်မှာတောင် ကျွန်တော်တို့ တစ်ယောက်မျက်နှာကို တစ်ယောက်စိုက်ကြည့်နေမိသည်။ Soloရဲ့လက်တစ်ဖက်က ကျွန်တော့်ရဲ့ပါးပြင်ကို အသာလေးထိတွေ့ထားပြီး ကျန်တဲ့လက်ဖက်က ကျွန်တော့်ရဲ့ခါးကို ဖက်ထားသည်။

'Guitarကိုဘဲ…'

'Soကိုဘဲ…'

'ကော်ပီကူးတယ်ပေါ့'

Soloက မကျေမနပ်နဲ့ ပြောနေပေမယ့် ပြုံးနေတုန်းဘဲ… သူ့ရဲ့ခေါင်းလေးက တဖြည်းဖြည်းငုံ့လာပြီးတော့ တောက်ပနေတဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်နေသည်။

'အတူတူဘဲလေ…'

ကျွန်တော် ခပ်တိုးတိုးလေးပြောလိုက်ပြီး ခေါင်းကို မော့လိုက်ကာ သူ ပေးလာမယ့် နူးညံ့တဲ့အနမ်းလေးကို လိုလိုလားလားနဲ့ ခံယူလိုက်သည်။

ကျွန်တော်တို့ ဘယ်လမ်းကိုဘဲ လျောက်လှမ်းရပါစေ… ကျွန်တော်တို့ ဒီအတိုင်းလေး အတူတူရှိနေချင်သည်။ အဲ့လမ်းလေးကိုဘဲ နှစ်ယောက်သား အတူတူတွဲပြီး လျောက်ချင်မိသည်။ ဒီလောက်ပါဘဲ… အဲ့လောက်ဆို လုံလောက်ပါပြီ။

'နည်းနည်းလောက် ကြေညာဝင်ပါရစေနော်… အစ်ကိုတို့ အကြာကြီး နမ်းကြမှာလား'

စောနက သီချင်းဆိုသံနဲ့တူတဲ့အသံက ထပ်ပြီး ထွက်လာသည်။ Soloက သူ့သူငယ်ချင်းဖြစ်သူကို လှည့်ကြည့်လိုက်ပြီးတော့ မျက်မှောင်ကြုတ်ထားလိုက်ကာ…

'မင်းကို အလိုမရှိတော့ဘူး။ ဒီနေရာကနေ လစ်လိုက်တော့…'

'So… ဒါက… အွင့်!'

သူ့သူငယ်ချင်းကို လုံးဝလျစ်လျူရှုထားပြီး ထပ်ပြီးငုံ့နမ်းလာတဲ့ကောင်လေးရဲ့ရင်ဘတ်ကို ကျွန်တော် ထုရိုက်နေမိသည်။ ကျွန်တော် သူ့ကို တွန်းထုတ်ဖို့ ကြိုးစားလိုက်ပေမယ့်လည်း မအောင်မြင်ခဲ့… မတက်နိုင်တဲ့အဆုံးမှာတော့ ခွေးပေါက်လေးကို ဒီအတိုင်းလွှတ်ထားလိုက်ပြီး သူ လုပ်ချင်တဲ့အရာကို လုပ်ခိုင်းလိုက်သည်။

'အေး… မင်းက ငါ့ကို အိပ်ယာထဲက ဆွဲခေါ်… လေယာဉ်ပေါ် အတင်းထိုးတင်ပြီး အင်္ဂလန်ကို ခေါ်လာ… ပြီးတော့ မင်းရဲ့မိန်းမအတွက် ပီယာနိုတီးပေးဖို့နဲ့ သီချင်းဆိုဖို့ကို ငါ့ကို အမိန့်ပေးတယ်။ ပြီးလည်းသွားရော အခုလို နမ်းနေတာကို ငါ့ကို ရပ်ကြည့်ခိုင်းတယ်ပေါ့…'

တောင်းပန်ပါတယ် Kaoရေ…

…_...

အသက် နှစ်ဆယ့်နှစ်နှစ်နဲ့ နှစ်ဆယ့်သုံးနှစ်ကြား အချိန်က ကျွန်တော့်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေတဲ့ကာလဖြစ်ခဲ့တယ်။ ဝမ်းနည်းစရာအကောင်းဆုံးအရာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ အရင်တုန်းက မခံစားခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် အလဲအလှယ်အနေနဲ့ အိမ်မက်အသစ်နဲ့ ဘဝအတွက် လမ်းကြောင်းအသစ်တွေကို တွေ့ရှိခဲ့ရတယ်။ ပြီးတော့ အရေးကြီးဆုံးက… လူတစ်ယောက်နဲ့ ဆုံစည်းခွင့်ရခဲ့တယ်။

ကျွန်တော့်မှာ ပိုင်ဆိုင်မှုတစ်ခုတစ်လေတောင်မရှိဘဲ… ဒီအတိုင်း သာမန်လူတစ်ယောက်ဖြစ်ပေမယ့်လည်း ကျွန်တော့်ရဲ့ရိုးရှင်းတဲ့ဘဝကို ကျွန်တော် နှစ်သက်သည်။ ဒါပေမယ့် ဒီလူသားလေးကို ဆုံစည်းလိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ရိုးစင်းတဲ့ပျော်ရွင်မှုက ပြောင်းလဲလာသည်။ သူ့ကြောင့် ကျွန်တော် ပိုပြီးပျော်ရွင်လာတယ်။ 'အချစ်'ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို ကျွန်တော် သိခဲ့ရတယ်။ ကျွန်တော် လိုချင်တဲ့အရာဘာလဲ… တစ်ဖက်လူအတွက် ဘာလုပ်ပေးရမလဲဆိုတာတွေကို ကျွန်တော် သိခဲ့ရတယ်။ ကောင်လေးက အရာအားလုံးကို ပိုင်ဆိုင်ထားပေမယ့် အဲ့ထဲမှာ ပျော်ရွင်မှုဆိုတဲ့အရာက မပါလာခဲ့… ကျွန်တော်နဲ့ ဆုံတွေ့ခွင့်ခဲ့ရတာကြောင့် ပြန်ပြီး ပြုံးလာနိုင်တာလို့ သူ ပြောခဲ့တယ်။ ကျွန်တော်က သူ့အတွက် အရာအားလုံးပါလို့ သူ ပြောခဲ့တယ်… ကျွန်တော်တို့ တစ်ယောက်ရဲ့လစ်ဟာချက်ကို တစ်ယောက်က ကူပြီး ဖြည့်ပေးခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေက ပိုပြီးနက်ရှိုင်းလာခဲ့တာ… တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးနက်ရှိုင်းလာတာကြောင့် အဆုံးသို့ရောက်တဲ့အထိ ပြည့်ဝအောင် ဖြည့်ခဲ့မိကြသည်။

ရိုးရှင်းတဲ့ ကျွန်တော့်ဘဝကြီးရဲ့ ကြီးမားတဲ့အလှည့်အပြောင်းက ဘာလဲလို့ လူတစ်ယောက်က လာမေးလာမယ်ဆိုရင် 'ခွေးပေါက်လေးက ကဖေးဆိုင်ကို လာခဲ့တဲ့အချိန်က စခဲ့တာ'လို့ မဆိုင်းမတွဘဲ ချက်ချင်းပြန်ဖြေလိုက်မှာ… သူက အကျင့်တစ်ခုလို ဖြစ်လာတဲ့အထိ ညတိုင်းလိုလို နွေးထွေးတဲ့နွားနို့တစ်ခွက်ကို လာသောက်ခဲ့တယ်။ သူက ကျွန်တော်ကိုယ်တိုင်တောင် နားမလည်ပါဘဲနဲ့ အထူးအလေးပေးခံခဲ့ရတဲ့ ကာစတန်မာတစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ စကားလုံးတွေ မပါဘဲ တစ်ယောက်ကို တစ်ယောက် ချည်နှောင်ခဲ့ကြတာ… ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာခဲ့ကြပြီး ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက အဆက်မပြတ်တိုးတက်လာခဲ့တယ်။ ကျွန်တော်တို့ အတူတူလက်တွဲပြီး ရပ်တည်လာနိုင်တဲ့နေ့အထိ အချင်းချင်း ဂရုစိုက်ပေးရင်း ထောက်ပံ့ကူညီပေးခဲ့တယ်။

အဲ့ဒီနေ့ကနေ စပြီးတော့ ဒီနေ့အထိ… သူက လုံးဝမပြောင်းလဲသွားဘူး။ Soloဆိုတဲ့ ကောင်လေးအတိုင်းဘဲ… ခွေးပေါက်လေးနဲ့လည်း အတူတူဘဲ… ပြီးတော့ အဲ့ဒီလူသားလေးက ကျွန်တော့်အတွက် အရာအားလုံးဖြစ်လာခဲ့တယ်။

ကျွန်တော့်ရဲ့အောက်စီဂျင်ပေါ့…

…_…

ပြီးပါပြီ။

ဟာသတစ်ခု ပြောပြရမလား။ ပုံမှန်ဆို သီချင်းပါတဲ့အခန်းတိုင်းမှာ ကျွန်တော် သီချင်းထည့်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာ ကျွန်တော် မထည့်ပေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ သီချင်းက ထည့်ပေးဖို့အတွက် အဆင်မပြေတဲ့သီချင်းဖြစ်နေလို့ပါ။ ကျွန်တော်တောင် ဘာသာပြန်ပြီး သီချင်းနားထောင်ကြည့်တော့မှ သိလိုက်ရတာ… သိသိချင်း ရယ်လိုက်ရတာဆိုတာ မျက်ရည်ပါထွက်တယ်။ 😂

ဘာလို့လဲဆိုတော့ ဒီသီချင်းက အဖေရဲ့မေတ္တာဖွဲ့တေးပါ။ အဖေက သူ့သားသမီးအပေါ် ချစ်တဲ့စိတ်ကို ရေးထားတာ… သီချင်းစာသားတွေကို ပြန်ဖတ်ကြည့်လိုက်… ပိုသိသွားလိမ့်မယ်။ အဓိပ္ပာယ်က နှစ်မျိုးကောက်လို့ရတာမို့လို့ ကျွန်တော်က အဆင်ပြေအောင်ပြန်လိုက်တာ… သီချင်းနားထောင်တော့မှ ရယ်လိုက်ရတာဆိုတာလေ… ကျွန်တော် ပြောနေကျ စကားလေးလို… နောက်ဆုံးတော့လည်း Kaoက Kaoပါဘဲ…😅😂

...

Continue Reading

You'll Also Like

34K 884 80
the scummiest of them all Reminders: 1. read the title. it is familiar so this content is definitely NOT MINE. 2. this is a translation captured usi...
4.2K 134 7
After the sudden appearance of her estranged father, Sarada finds herself thrust into the unfamiliar realm of high society. Will a handsome devil hel...
1.5M 130K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
20.7K 1.7K 121
Credit respectfully to original artist-jkjkjk9217 (Joe Kotlyar) original artist ig acc-jkjkjk9217 JUSTINဆိုတဲ့ကောင်လေးဟာလူသိခံလို့မရတဲ့လျှို့ဝှက်ချက်...