အချိန်အများကြီးယူလိုက်ရတယ်ဆိုပေမယ့်လည်း ခက်ခဲလှတဲ့လုပ်ငန်းခွင်ရဲ့နေ့စဉ်ဘဝကို ကျွန်တော် ဖြည်းဖြည်းချင်း နေသားကျလာပြီ။ သခင်ကြီး ပြောခဲ့တာတွေက လိမ်ခဲ့တာမဟုတ်… ဘာလို့လဲဆိုတော့ ကျွန်တော် ပြန်လာခဲ့တဲ့အချိန်မှာ Khun Patက ကျွန်တော့်ကို အပြစ်မတင်လာ… ဒါပေမယ့် သေချာတာပေါ့… အရင်ကအတိုင်းဘဲ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရတုန်းဘဲ…
ကျွန်တော် အခုနောက်ပိုင်း Soloက ဖုန်းပြောချိန်နည်းသွားသည်။ အရင်ကထက်တောင် ပိုနည်းသွားတာ… Khun Jayပြောပြတာကတော့ Soloက လုံးဝစိတ်ပိုင်းဖြတ်ထားပြီး အလုပ်ကော ကျောင်းစာတွေမှာပါ အရင်ကထက်ပိုပြီး အာရုံစိုက်ထည့်ပြီး လုပ်နေတယ်တဲ့… သူက သခင်ကြီးလိုမျိုး ပိုပြီးတည်ငြိမ်လာပြီ။ ပြီးတော့ ကျွန်တော်တို့ အခုလိုဖုန်းနဲ့ သိပ်မပြောဖြစ်တာတောင် ပြသာနာမရှိတော့… တစ်ခါတစ်လေ တစ်ပတ်မှာ တစ်ခါဘဲ သေချာဖုန်းပြောဖြစ်တယ်ဆိုရင်တောင် အဆင်ပြေတယ်လို့ တွေးလို့ရနေပြီ။ ဒါပေမယ့် အဲ့လို စကားပြောနည်းလာရာကနေ အကျိုးကျေးဇူးတွေ ရလာတယ်လို့ ပြောလို့ရတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အတူတူရှိနေရတဲ့အချိန်တွေကို ပိုပြီးတန်ဖိုးထားတက်လာတယ်။
ဒီအတိုင်း ငါးမိနစ် ဆယ်မိနစ်လောက်ဘဲ စကားပြောဖြစ်တယ်ဆိုရင်တောင် အံ့သြစရာကောင်းစွာနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့စိတ်တွေက ပျောက်ကွယ်သွားသည်။
'နောက်နှစ်ရက်ဘဲ ကျန်တော့တယ်'
ကျွန်တော် ကိုယ့်ကိုယ်ကို ပြောလိုက်မိသည်။ ပြန်ရတော့မယ့်ရက်နား နီးလာလေလေ… ကျွန်တော့်ရဲ့အပြုံးတွေက တဖြည်းဖြည်းနားရွက်တက်ချိတ်တော့မယ့်အခြေအနေထိ ဖြစ်လာသည်။ မနက်က ကျွန်တော့်ရဲ့ပိတ်ရက်ဖြစ်တာကြောင့် ကောင်းကောင်းအနားယူရမယ်။ ပြီးတော့ သန်ဘက်ခါကျရင် ဘန်ကောက်ကို ပြန်ရမယ်။
'ငါ့အရှေ့မှာ အဲ့လောက်ထိ ပျော်ပြနေစရာမလိုဘူး'
Beerက ကျွန်တော့်ဘေးနားမှာ လာရပ်ပြီး စာရွက်တွေကို လိပ်နေရင်း ပြောလာခဲ့သည်။
'စုံတွဲတွေများ တကယ် စိတ်ပျက်စရာကောင်းလိုက်တာ…'
'ဘာလဲ။ မင်းမှာ ရှိနေပြီလား'
ကျွန်တော် လှည့်ပြီး စလိုက်တဲ့အခါမှာ Beerက ရှက်သွားပြီးတော့ လက်ကို ဝှေ့ပြကာ ငြင်းလာသည်။
'မရှိပါဘူး'
ကျွန်တော် ဒီအတိုင်းသာ ခေါင်းခါပြလိုက်ပြီးတော့ အဲ့ဒီလူပျိုကြီးကို ကြည့်လိုက်သည်။ ကျွန်တော်တို့ ပထမနှစ်တုန်းက Beerက ပြောပြဖူးတယ်။ ရည်းစားထားတယ်ဆိုတာက ကိုယ့်ကိုယ်ကို ကြိုးနဲ့တုတ်ထားတာနဲ့တူတယ်တဲ့… သူက သူ့ရဲ့ကျန်တဲ့ဘဝတစ်လျောက်လုံးကို လွတ်လွတ်လပ်လပ်နဲ့ နေထိုင်ချင်တဲ့သူတစ်ယောက်…
အဲ့အချိန်တုန်းကတော့ ကျွန်တော် သူ့စကားကို သဘောတူခဲ့တာပေါ့… ဒါပေမယ့် ဘဝဆိုတာကြီးက မရေရာ မသေချာမှုတွေနဲ့ ပြည့်နှက်နေတာလေ… အချစ်ဆိုတဲ့အရာက ဘယ်အချိန်မှာ ကောက်ထလာမလဲဆိုတာကို ကျွန်တော်တို့ ခန့်မှန်းလို့မှ မရတာ… ကျွန်တော့်ရဲ့ဘဝထဲ ခွေးပေါက်လေးတစ်ကောင် ရောက်လာတဲ့အချိန်မှသာ အချစ်ဆိုတဲ့အရာက ဘာလဲဆိုတာကို ကျွန်တော် နားလည်ခဲ့ရသည်။
'ငါတို့ ရောက်ခါနီးပြီ'
ကျွန်တော် Beerကြည့်နေတဲ့ဘက်ကို ကြည့်လိုက်တဲ့အခါမှာ ပုံပေါ်ကာစ Resortက မျက်လုံးထဲမှာ ထင်ထင်ရှားရှားပေါ်လာသည်။ ဒီနေရာကို ပြုလုပ်ဖို့အတွက် တစ်စိတ်တစ်ဒေသကနေ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာမိသည်။ ကျွန်တော်နဲ့ Beerက ဒီနေရာလေး ပြီးတဲ့အချိန်ထိ ဒီမှာ မနေရတော့ဘူးဆိုပေမယ့် အဆင်ပြေပါတယ်။ ဒါပေမယ့် ဘာမှမရှိတဲ့အရာကနေ စပြီး တည်ဆောက်ခဲ့တဲ့အချိန်မှာ ဒီမှာ ရှိနေရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာမိသည်။
'ငါတို့ ဒီနေရာကို နောက်တစ်ခါပြန်လာတဲ့အခါကျရင် ဒီလိုမျိုးအဖြစ်နဲ့ ပြန်မလာတော့ဘူး'
ကျွန်တော် ဒီနေရာကို ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြန်မလာဘူးလို့ ပြောလိုက်ပြီးတဲ့အခါမှာ နည်းနည်းလောက်တုန်လှုပ်မိသွားသလို ခံစားလိုက်ရသည်။ ဒါပေမယ့် ကျွန်တော့်ရဲ့အဖွဲ့သားတွေနှင့် ဒီကုမ္ပဏီက လူတွေနဲ့ ရင်းနှီးမှုတွေက ပြောင်းလဲပြီး ပျောက်ကွယ်သွားမှာမဟုတ်…
'Ai'Nong! ဒီနေ့ Khun Patက ငါတို့ကို ဒကာခံမှာ!'
ဝန်ထမ်းတစ်ယောက်က ကျွန်တော်တို့ဘက်ကို လှည့်ကြည့်ပြီး အော်ပြောလာတာကြောင့် Beerက ထိုဝန်ထမ်းနဲ့ဆက်ပြီး စကားပြောနေသည်။
'ဒီအလုပ်ကြီးပြီးမှ ကျွေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား'
ကျွန်တော် သိချင်စိတ်နဲ့ မေးလိုက်မိသည်။ Khun Patက ကျွန်တော်တို့ကို ဒကာခံမယ်လို့ ပြောခဲ့ပေးမယ့် ဒီအလုပ်က ပြီးမှ မပြီးသေးတာ… အဲ့ဒါကြောင့် Khun Patက အခု ဒကာခံလိမ့်မယ်လို့ မထင်မိဘူးလေ…
'သူတို့က ငါတို့ကို ကျွေးချင်လို့ထင်တယ်။ သူပြောတာက ငါတို့က မကြာခင်မှာ ပြန်ကြတော့မှာဆိုတော့ တစ်ဖွဲ့လုံး လူစုံတက်စုံစားဖြစ်အောင် လုပ်ပေးတဲ့…'
Beerက စကားပြောလိုက်ပြီး အလုပ်လုပ်နေတဲ့လူတစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ ကျွန်တော် တွေးမိတာလည်း သူ့အတိုင်းပင်… ကျွန်တော် ဒီအဖွဲ့ရဲ့တစ်စိတ်တစ်ဒေသမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိသည်။ ဒီကို လာပြီး အလုပ်လုပ်ရတာက တကယ့်ကို အဖိုးတန်တဲ့အတွေ့အကြုံတွေကို ရရှိလိုက်သလိုပင်…
လန်းဆန်းနေတဲ့စိတ်ခံစားချက်တွေနဲ့အတူ ပင်လယ်ပြင်ကြီးကို ကျွန်တော် တစ်ချက်ငေးကြည့်လိုက်သည်။ ဒီမြို့လေးမှာ အလုပ်လုပ်ရတာကို ကျွန်တော် တကယ်စိတ်ချမ်းသာမိတယ်။ ဒီကမ်းခြေResortလေးမှာ လာပြီးအလုပ်လုပ်ရတာများလာနဲ့အမျှ ပိုပိုပြီး စိတ်ချမ်းသာမိသည်။ ကျွန်တော် အခုလိုမျိုး အခွင့်အရေးထပ်ရပါ့မလားဆိုတာ မသေချာတော့…
'ဒီပင်လယ်ကြီးနဲ့ နေသားကျနေပြီပေါ့…'
Khun Patက ကျွန်တော့်ဘေးနားမှာ လာရပ်သည်။ Beerကတော့ ကမ်းခြေဘက်မှာ အလုပ်သွားလုပ်နေတာ… သူ့ရဲ့မျက်လုံးတွေက ကမ်းခြေကိုသာ စိုက်ကြည့်နေပြီး စတွေ့တုန်းကလို တင်းမာမနေတော့…
'နေသားကျနေပြီလို့ ထင်တာဘဲ…'
ကျွန်တော် ရယ်လိုက်မိသည်။ အိပ်ရေးဝဝမအိပ်ရတာနဲ့ နေသားကျနေပြီလို့ ကျွန်တော် ပြောခဲ့တာ… ဒါပေမယ့် အိပ်ဖို့အချိန်ရှိတဲ့အခါတိုင်းမှာ ကျွန်တော် မရရအောင် အိပ်ခဲ့တာဘဲ…
'ဟုတ်တာပေါ့… ဒါပေမယ့် နောက်တစ်ခါထပ်တွေ့မယ်ဆိုရင် အစ်ကိုက မင်းရဲ့အမိန့်ကို နားထောင်ရတော့မယ့်သူဖြစ်သွားလိမ့်မယ်ထင်တယ်'
'မဟုတ်ပါဘူး'
ကျွန်တော် အမြန်ပြန်ဖြေလိုက်မိသည်။ ဘယ်သူက Khun Patလိုလူမျိုးကို အမိန့်ပေးရဲမှာလဲ။ Soloတောင်မှ သူ့ကို လေးစားရတာ…
'လွန်ခဲ့တဲ့လအနည်းငယ်လောက်က Lindaက မင်းကို အနှောက်အယှက်ပေးခဲ့တယ်လို့ အစ်ကို ကြားတယ်။ အဲ့အတွက် တကယ့်ကို တောင်းပန်ပါတယ်'
'Khun Patက Lindaကို သိတာလား'
ကျွန်တော် အံ့သြစွာနဲ့ မေးလိုက်မိသည်။
'သူက အစ်ကို့ရဲ့သမီးလေ…'
Khun Patက သက်ပြင်းချလိုက်ပြီးတော့…
'အစ်ကိုက ထိုင်းကိုမလာခင်တုန်းက အစ်ကို့ရဲ့ဇနီးသည်နဲ့ ကွာရှင်းခဲ့တာ… ဒါပေမယ့် သူက Lindaကို စောင့်ရှောက်ပေးခဲ့ပေးမယ့် တာဝန်မဲ့တဲ့အမေတစ်ယောက်… အဲ့ဒါကြောင့် ဒီကိုမလာခင်အချိန်မှာ Lindaကို စောင့်ရှောက်ပေးဖို့ အစ်ကို Khun Cကို တောင်းဆိုခဲ့တာ… ထိုင်းကို အလုပ်လုပ်ဖို့ ပြန်လာတဲ့Khun Jayနေရာမှာ Lindaက အတွင်းရေးမှူးဝင်လုပ်ခဲ့တယ်'
အဲ့လိုမျိုးသာဆိုရင်… Khun Patက သခင်ကြီးထက် အသက်နည်းနည်းပိုကြီးမယ် ထင်တယ်။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုက အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးထက်ပိုလိမ့်လို့ ကျွန်တော် တွေးမိသည်။ ဘာလို့လဲဆိုတော့ သခင်ကြီးက တစ်ခါပြောဖူးတယ်လေ… သူ့သူငယ်ချင်းတစ်ယောက်က Khun Lindaကို စောင့်ရှောက်ခိုင်းခဲ့တာဆိုပြီးတော့ပေါ့…
'ဒါပေမယ့် အခု Lindaက…'
ကျွန်တော် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောလိုက်မိသည်။ Khun Lindaကို ပြန်ပို့လိုက်ပြီလားဆိုပြီး ပြောဖို့က အဆင်ပြေပါ့မလား။
'ပြန်ပို့လိုက်ပြီလေ… Khun Cက သူ့ကို ပြန်လွှတ်လိုက်တာလည်း ကောင်းပါတယ်။ သူ့ဘဝမှာ အရေးကြီးဆုံးလူတစ်ယောက်ကိုမှ သွားထိလိုက်တာကို… သူ တော်တော်ဒေါသထွက်သွားခဲ့တာ…'
Khun Patက ကျွန်တော့်ကို လှည့်ကြည့်လာကာ ကျွန်တော့်ရဲ့ပုခုံးကို အသာလေးပုတ်ပြီး ပြုံးပြနေသည်။
'Khun Cနဲ့ အစ်ကိုတို့က ငယ်ငယ်လေးကတည်းက သိခဲ့ကြတာ… အစ်ကိုက ဒီထိလာပြီး အလုပ်လုပ်ခဲ့တယ်ဆိုတာ Khun Cကြောင့်… သူက ကြင်နာတက်ပြီး အစ်ကို့ကို သူငယ်ချင်းတစ်ယောက်လိုဘဲ မြင်ခဲ့တာ… အင်း… အခု ပြောပြချင်တဲ့အရာက Soloကို ငယ်ငယ်လေးကတည်းက အစ်ကို သိခဲ့တာ… ပြသာနာတစ်ချို့လုပ်တက်တယ်ဆိုပေမယ့် သူက လိမ္မာတဲ့ကလေးတစ်ယောက်ပါ။ အဲ့ဒါကြောင့် မင်း ဒီကလေးကို စောင့်ရှောက်ပေးလို့ရမလား'
'ဟုတ်ကဲ့ပါ Khun Pat'
ကျွန်တော် ခိုင်ခိုင်မာမာနဲ့ ပြောလိုက်သည်။ Khun Patက ကျွန်တော့်ကို မပြောရင်တောင် ကျွန်တော် ကျိန်းသေလုပ်မှာပါ။ ဒါပေမယ့် ဒီစကားကို ကြားပြီးသွားတဲ့အခါမှာ ကျွန်တော် အဲ့ဒါကို မစဉ်းစားဘဲ မနေနိူင်…
Khun Jayပြောပြဖူးတယ်မှတ်လား။ Soloရဲ့ဘေးနားမှာ သူ့ကို စောင့်ရှောက်ပေးတဲ့သူတွေ အများကြီးရှိပေမယ့် သူ မမြင်နိူင်ဘူးဖြစ်နေတယ်ဆိုတာလေ…
'အားလုံးအလုပ်ပြီးတာနဲ့ အစ်ကို ဒကာခံမယ်။ မင်းတို့ကို နူတ်ဆက်တဲ့ပွဲလို့ သဘောထားလိုက်ပေါ့…'
'ကျေးဇူးတင်ပါတယ်'
'Khun Jayကို ဆက်သွယ်လိုက်ပါဦး… သူက မင်းကို ဆက်သွယ်လို့မရဘူးလို့ အစ်ကို့ကို ပြောနေတယ်။ အခု ဆက်လိုက်လေ… ခဏနေ အလုပ်ရှုပ်တော့မှာ…'
Khun Jayက ကျွန်တော့်ကို နူတ်ဆက်ပြီးတော့ အခြားတစ်ဖက်သို့ သွားနေသည်။
ကျွန်တော် ဖုန်းကို အမြန်ယူလိုက်ပြီးတော့ စစ်လိုက်မိသည်။ ခေါ်ထားတဲ့ဖုန်းကောလ်တွေကို တွေ့လိုက်ရတဲ့အခါမှာ သိပ်ပြီးထူးဆန်းအံ့သြမနေတော့… ပုံမှန်ဆို ကျွန်တော်က အလုပ်လုပ်တဲ့အချိန်တိုင်းမှာ ဖုန်းကို Silentလုပ်ထားတက်တယ်လေ… ပြီးတော့ ကျွန်တော့်ကို ဆက်သွယ်လာမယ့်သူလည်း သိပ်မရှိ… ကျွန်တော်က ဖုန်းကို လုံးဝစိတ်မဝင်စားဘူးလို့လည်း ပြောလို့ရသည်။
နှစ်ခါတောင် ခေါ်ထားတာဘဲ…
ကျွန်တော် Khun Jayရဲ့ဖုန်းနံပါတ်ကို အမြန်နှိပ်ပြီး ခေါ်လိုက်သည်။ ခေါ်ထားတာက နှစ်ကြိမ်တည်းဆိုပေမယ့် ကျွန်တော် စိတ်ပူလာမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရင်းနှီးတဲ့အချိန်ကတည်းက Khun Jayက မလိုအပ်ဘဲ ဖုန်းခေါ်လေ့မရှိဘူး။
[ဟယ်လို]
'Khun Jay ဖုန်းခေါ်ထားတာကို ကျွန်တော် တွေ့လိုက်လို့… ဘာဖြစ်လို့လဲ'
[သခင်လေးက ဘာမှမဖြစ်ပါဘူး]
Khun Jayက ရယ်လာသည်။ သူ့ရဲ့အသံအနေအထားကြောင့် ကျွန်တော် နည်းနည်းလောက် ရှက်မိသွားတာ…
'အဲ့ဒါဆို ဘာကိစ္စရှိလို့လဲဟင်…'
[အစ်ကိုနဲ့ သခင်ကြီးနဲ့က မနက်ဖြန် အင်္ဂလန်ပြန်တော့မယ်လို့ ပြောမလို့ပါ။ အစ်ကိုတို့ ပြန်သွားရင် သခင်လေးက အရမ်းအလုပ်ရှုပ်နေလိမ့်မယ်။ သူ့မှာ အားချိန်သိပ်ရှိတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းမပိတ်ခင် အလုပ်တွေအားလုံးကို အပြီးသတ်ရမှာလေ…]
'သခင်ကြီးနဲ့ Khun Jayက အင်္ဂလန်မှာ ကြာဦးမှာလား'
စာလေ့လာရင်း အလုပ်လုပ်နေရတဲ့ကောင်လေးကို စပြီးစိတ်ပူလာတာကြောင့် ကျွန်တော် မေးလိုက်မိသည်။
[သခင်လေးရဲ့စာသင်နှစ်ပြန်စတဲ့အချိန်အထိ နေရမယ်ထင်တယ်။ အစကတော့ သခင်လေးကျောင်းပိတ်မှ ပြန်သွားဖို့ လုပ်ပေမယ့် ပြသာနာတစ်ခုရှိလာလို့လေ… သခင်ကြီးရဲ့အဖေ ဆုံးသွားတာ…]
'Soရဲ့အဘိုးလား'
ကျွန်တော် အံ့သြသွားတဲ့အပြင် Soloကို ပိုပြီးစိတ်ပူမိသွားတာကြောင့် ထပ်မေးလိုက်မိသည်။
[ဟုတ်တယ်လေ… ဒါပေမယ့် Khun Guiစိတ်ပူစရာမလိုပါဘူး။ သခင်လေးက သူ့အဘိုးနဲ့ မရင်းနှီးဘူး။ ကျွန်တော် ထင်တာမမှားဘူးဆိုရင် သူတို့ တစ်ခါမှ မတွေ့ဖူးကြဘူးထင်တယ်]
'အောင်း…'
ကျွန်တော် နည်းနည်းလောက်စပ်စုချင်ပေမယ့် မမေးဖို့ကိုဘဲ ရွေးချယ်လိုက်မိသည်။ ဒါက သူတို့မိသားစုရဲ့အတွင်းရေးလေ… ကျွန်တော် ဝင်မပါဖို့ကိုဘဲ ဆုံးဖြတ်လိုက်မိသည်။
'အစ်ကို့ရဲ့ပြောပုံအရ အစကတည်းက အားလုံးအတူတူသွားဖို့ စီစဉ်ထားတာလား'
[ဟုတ်တယ်… အစကတော့ သခင်ကြီးက သခင်လေးကျောင်းပိတ်တဲ့အချိန်မှာ အင်္ဂလန်ကို ပြန်ခေါ်သွားမိလို့ဘဲ… ဒါပေမယ့် အခုတော့ စာသင်နှစ်ပြီးတဲ့အချိန်အထိ အရင်စောင့်ပြီးတော့မှ သခင်လေးက လိုက်လာလိမ့်မယ်]
ကျွန်တော် ခွေးပေါက်လေးနဲ့ ထပ်ပြီးဝေးရတော့မှာကို သိလိုက်ရတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံး ထိုင်းမှိုင်းသွားသည်။ ကျောင်းက ဘယ်နှစ်လလောက်ပိတ်မှာလဲ။ ကျွန်တော်တို့ တွေ့ရတော့မယ်ဆိုပေမယ့် ထပ်ပြီးခွဲခွာရဦးမယ်။
[Khun Guiလည်း လိုက်ရမယ်]
'ဘယ်လို…'
ကျွန်တော် မျက်တောင်လေးကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်မိသည်။ ကျွန်တော် နားကြားများ မှားနေတာလား။
[Khun Guiလည်း လိုက်ခဲ့ရမှာ… အဲ့ဒါက သခင်ကြီးရဲ့အမိန့်… Khun Guiရဲ့အလုပ်သင်ကာလပြီးတာနဲ့ စာလေ့လာတဲ့အချိန်ကလွဲပြီးတော့ သခင်လေးနဲ့ အလှမ်းကွာဝေးတဲ့နေရာမှာ မနေရဘူးလို့ သခင်ကြီးက ပြောခဲ့တာ… အဲ့ဒါကြောင့် သခင်လေးကို ဂရုစိုက်ပေးဖို့အတွက် အင်္ဂလန်ကို လိုက်လာရမှာလေ… Khun Guiအနားယူချင်တယ်ဆိုရင်တောင်မှ သခင်လေးကို စောင့်ရှောက်ပေးရမှာ…]
ဘာလို့ စကားပြောတဲ့အသံက ထူးဆန်းနေရတာလဲ။ ပြောနေတဲ့သူကလည်း အဲ့ဒါကို သတိထားမိတဲ့ပုံဘဲ… သူက သူ့ရဲ့ရယ်ချင်နေတဲ့စိတ်ကို အတက်နိူင်ဆုံး ထိန်းချုပ်နေတာ…
[မာမီ!]
ကလေးအသံမှတ်လား။
[အွန်း… အစ်ကို ဖုန်းချလိုက်တော့မယ်နော်… နောက်မှ တွေ့ကြတာပေါ့ Khun Gui]
လိုင်းပြတ်တောက်သွားတဲ့ဖုန်းကို ကျွန်တော် မှင်သက်စွာနဲ့ ကြည့်နေမိသည်။ စောနက ထွက်လာတဲ့အသံက… သေချာပေါက် ကလေးတစ်ယောက်ရဲ့အသံပါ။ ပြီးတော့ ကျွန်တော် အဲ့အသံကို တော်တော်ရင်းနှီးနေတယ်။
အဲ့အသံက…
'Gui! ဒီကို လာပါဦး!'
'ဟုတ်ကဲ့!'
ကျွန်တော့်ခေါင်းထဲက အတွေးတွေအားလုံးကို ထုတ်ပစ်လိုက်ပြီးတော့ အလုပ်ကိုသာ အာရုံစိုက်ထားလိုက်သည်။ ကျွန်တော် သူတို့နဲ့တွေ့တဲ့အခါမှဘဲ မေးတော့မယ်။
…_...
'ဒါနောက်ဆုံးတစ်ခွက် Ai'Nong'
'ဒါက နောက်ဆုံးတစ်ခွက်ဘဲ…'
နောက်ဆုံးတစ်ခွက်…
အဲ့ဒီ နောက်ဆုံးတစ်ခွက်ဆိုတဲ့စကားကို လွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းက ကျွန်တော် ကြားနေရတာလို့ ပြောလို့ရသည်။ ကြည့်ရတာ ကျွန်တော်က သိပ်မသောက်တက်တဲ့လူဖြစ်နေတာကြောင့် သူတို့ရဲ့ပစ်မှတ်ဖြစ်သွားတာ ထင်တယ်။ စီနီယာတစ်ယောက်က ကျွန်တော့်ကို ချောင်ပိတ်ဖမ်းထားပြီးတော့ အရက်ခွက်တွေ ကမ်းပေးကာ နောက်ဆုံးတစ်ခွက်ဆိုတဲ့စကားကိုဘဲ မနားတမ်းပြောနေတာ… Beerကလည်း ကျွန်တော့်ကို အရက်ခွက် ကမ်းပေးနေတဲ့သူတွေထဲမှာ ပါသည်။
ကျွန်တော့်ကို ချော့မော့ပြီး တိုက်နေကြတာကြောင့် ကျွန်တော် သောက်လိုက်ရပြန်သည်။ ကံကောင်းစွာနဲ့ ကျွန်တော်က မူးတဲ့အခါကျရင် တစ်ခြားသူတွေလို မသောင်းကျန်းတက်ဘူး။ အဲ့ဒါကြောင့် ဘာပြသာနာမှမရှိ… ဒါပေမယ့် အခုလိုမျိုး အခြားသူတွေနဲ့ အရမ်းပူးကပ်ပြီး နေနေရတဲ့အခါမှာတော့ ကျွန်တော် မူးဝေလာသည်။
'ငါ လမ်းခဏလောက် လျောက်လိုက်ဦးမယ်။ ပြီးရင် ပြန်လာခဲ့မယ်နော်…'
ကျွန်တော် Beerရဲ့ပုခုံးကို ပုတ်ခေါ်ကာ ခပ်တိုးတိုးလေးပြောလိုက်ပြီး ထိုင်နေရာက ထရပ်လိုက်သည်။ သူတို့အုပ်စုထဲကနေ ကျွန်တော် ယိုင်တိယိုင်တိုင်နဲ့ ထွက်လာလိုက်သည်။ ဒါပေမယ့် အခု သူတို့က အရမ်းမူးနေကြတာဆိုတော့ ကျွန်တော် ထွက်သွားတာကို ဘယ်သူမှ သတိမထားမိလိုက်…
ဒီမှာရှိတဲ့ရှုခင်းတွေက အရမ်းလှတယ်လို့ ပြောခဲ့တဲ့ ကုမ္ပဏီက စီနီယာတွေရဲ့စကားကို ကျွန်တော် သတိရလိုက်ရတာကြောင့် သောင်ပြင်ပေါ်မှာ လမ်းလျောက်ဖို့ သွားလိုက်မိသည်။ အစက ကျွန်တော်က ကုမ္ပဏီမှာဘဲ အလုပ်လုပ်ရတာကြောင့် ဒီမြင်ကွင်းကို မြင်ဖို့အတွက် အခွင့်အရေးမရခဲ့… အဲ့ဒါနဲ့ ဒီလိုနေရာကို ရောက်လာပြန်တော့လည်း အချိန်ကိုတောင် မေ့သွားလောက်တဲ့အထိ အလုပ်ဘဲ လုပ်နေရပြန်တယ်။ အလုပ်လုပ်ပြီးတာနဲ့ အမြန်ထိုးအိပ်လိုက်တာကြောင့် ဒီက ရှုခင်းတွေကို လုံးဝသတိမထားမိ… ဒီနေ့မှာတော့ ကျွန်တော် အခုလိုမျိုး ကမ်းခြေမှာ လမ်းလျောက်ခွင့် ရခဲ့တာ… ပတ်ဝန်းကျင်တစ်ခွင်က မြင်ကွင်းတွေကြောင့် လူတိုင်းပြောနေကြတဲ့စကားက မှန်တယ်ဆိုတာကို ကျွန်တော် နားလည်လိုက်ရသည်။ ကောင်းကင်ကြီးနဲ့ ပင်လယ်ပြင်ကြီးတစ်ခုလုံး ပေါင်းစပ်ထားတဲ့ရှုခင်းက အရမ်းကို လှပလွန်းသည်။
တတိယအကြိမ်ဘဲ…
အခုလိုမျိုး ကမ်းခြေမှာ လမ်းလျောက်ရတာက ကျွန်တော့်အတွက်တော့ တတိယအကြိမ်ဘဲ… ဒါပေမယ့် အခုလျောက်နေတာက အရင်နှစ်ကြိမ်နဲ့ လုံးဝမတူ… အခုတစ်ခေါက်မှာ ကျွန်တော်က တစ်ယောက်တည်း လျောက်နေတာဖြစ်ပြီး ဘေးမှာ ဘယ်သူမှ မပါ။
ပထမဆုံးအကြိမ်အနေနဲ့ ကမ်းခြေမှာ လမ်းလျောက်ဖြစ်ခဲ့တာက ဂျူနီယာတွေကို ကြိုဆိုတဲ့ပွဲမှာလေ… Soloက ကျွန်တော့်ကို စင်ရှေ့ခေါ်သွားပြီး ကျွန်တော် သူ့ကို သဘောကျတယ်လို့ ပြောခဲ့တာကို သတိရလိုက်မိသည်။ အဲ့တုန်းက ကျွန်တော်တို့ ပြေးရင်းလွှားရင်း နှစ်ယောက်စလုံး မြေကြီးပေါ်လှဲကျသွားပြီးတော့ ပထမဆုံးအကြိမ်အနေနဲ့… ကျွန်တော်တို့ နမ်းခဲ့ကြသည်။
ဒုတိယအကြိမ်ကကျတော့ Soloထွက်ပြေးဖို့ လုပ်တဲ့အချိန်တုန်းကလေ… အဲ့အချိန်တုန်းက ကျွန်တော် အလုပ်ကြောင့် အရမ်းပင်ပန်းနေပေမယ့်လည်း ကျွန်တော် စိတ်ပူနေမိတဲ့လူတစ်ယောက်ဆီကို အမြန်သွားတွေ့ခဲ့ရတာ… သူ့ရဲ့အခြေအနေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ဝမ်းနည်းသွားသလို ခံစားခဲ့ရတယ်။ အဲ့ဒီနေ့က အမှတ်ရစရာတွေ အများကြီး မရှိဘူးဆိုပေမယ့်လည်း မတွေ့ရတာကြာနေပြီဖြစ်တဲ့ သူ့ရဲ့မျက်နှာလေးကို မြင်လိုက်ရတာကြောင့် ကျွန်တော် အရမ်းပျော်ရွင်ခဲ့တယ်ဆိုတာကိုတော့ ငြင်းဆန်လို့မရ…
ပြီးတော့ အခု တတိယအကြိမ်မှာတော့…
ကျွန်တော် သဲသောင်ပြင်ပေါ်မှာ ထိုင်ချလိုက်ပြီးတော့ မှောင်မဲနေတဲ့ကောင်းကင်ကြီးကို ငေးကြည့်လိုက်မိသည်။ အဲလ်ကိုဟောကြောင့်လားတော့ မသိ… အတွေးတွေနဲ့ စုပြုံနေပြီး အချိန်တွေ ဘယ်လိုကုန်သွားလဲဆိုတာ မသိလိုက်…
ကျွန်တော်တို့ အတူတူရှိနေရရင် ကောင်းမှာဘဲ…
စိတ်ညစ်စေမယ့်အတွေးတွေကို ခေါင်းခါပြီးတော့ ဖယ်ထုတ်ပစ်လိုက်သည်။ ကျွန်တော် အကောင်းဘက်က တွေးကြည့်ရမည်။ နောက်နှစ်ရက်နေရင် ကျွန်တော်တို့ ပြန်တွေ့ရတော့မှာလေ…
နှစ်ရက်လေးဘဲ ကျန်တော့တာလေ… အဲ့ဒါကို ဘာတွေ ရှည်ရှည်ဝေးဝေးတွေးနေမိတာလဲ။
ရုတ်တရက် ပင်ပန်းလာတယ်လို့ ခံစားလိုက်ရတာကြောင့် ထိုင်နေရာကနေ သဲသောင်ပြင်ပေါ်သို့ လှဲချလိုက်ကာ မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်ပြီးတော့ မျက်နှာကို လာရောက်ထိတွေ့နေတဲ့ လေညှင်းလေးတွေကို ခံယူနေမိသည်။ ပြီးတော့ ထိုအအေးဓာတ်လေးက ကျွန်တော့်ရဲ့နှလုံးသားထဲမှာရှိတဲ့ မကောင်းတဲ့ခံစားချက်တွေကို လွင့်စင်သွားအောင် လုပ်ပေးနိူင်ပါစေလို့ဘဲ မျှော်လင့်နေမိသည်။
လူတစ်ယောက်က အရက်မူးလိုက်တာနဲ့ အရင်ကထက်ပိုပြီး စိတ်ထိခိုက်လွယ်လာတာဘဲ…
မျက်လုံးလုံးဝမဖွင့်ဘဲ ကိုယ့်ဘာသာတွေးမိတဲ့အတွေးကို သဘောကျစွာနဲ့ ရယ်လိုက်မိသည်။
တစ်စုံတစ်ယောက်ကို ချစ်နေရတာက လူတစ်ယောက်ကို အခုလိုပုံစံမျိုး ပြောင်းလဲသွားနိူင်တယ်ဆိုတာကို ကျွန်တော် သိလိုက်ရသည်။
'လွမ်းတယ်…'
ကျွန်တော် တကယ်သတိရမိသည်။
'ကျွန်တော်လည်း အစ်ကို့ကို လွမ်းနေတာ…'
ကျွန်တော် အခု ဂယောင်ခြောက်ခြားတွေဖြစ်ပြီးတော့ သူ့ရဲ့အသံကို ကြားနေရတာလား။ ကျွန်တော့်ရဲ့အခြေအနေက တကယ့်ကို စိုးရိမ်စရာကောင်းတဲ့အခြေအနေကို ရောက်နေပြီဘဲ…
'Guitarရဲ့မျက်လုံးတွေက အခုထိ မဖွင့်သေးဘူးဆိုရင် ကျွန်တော် အစ်ကို့ကို ရေထဲထိ ဆွဲခေါ်သွားမှာနော်…'
စိတ်လှုပ်ရှားပုံရတဲ့ အသံခပ်အောအောလေးက အရမ်းနီးကပ်နေတာကြောင့် ကျွန်တော့်ရဲ့မျက်လုံးတွေကို ချက်ချင်းဖွင့်လိုက်သည်။
ကျွန်တော် ကယောင်ကတမ်းနဲ့ ကြားခဲ့ရတာမဟုတ်ဘူးဘဲ…
'So!'
ကျွန်တော့်ကို အပေါ်က မိုးကာ စိုက်ကြည့်နေတဲ့ စူးရှတဲ့မျက်လုံးတွေရဲ့ပိုင်ရှင်က ပြန်ပြီးတော့ ပြုံးပြလာသည်။ ကျွန်တော် ဘာမှမပြောနိူင်တော့… ဒါက တကယ်ဆိုတာကို သေချာသွားအောင် စစ်ဆေးဖို့အတွက် လက်တွေကို ခါလိုက်ပြီးတော့ သူ့ရဲ့ဖွေးဥနေတဲ့ပါးပြင်လေးတွေကိုသာ နူးနူးညံ့ညံ့လေး ထိတွေ့လိုက်မိသည်။
တကယ့်ကို သူဘဲ…
Soloက ကျွန်တော့်ရဲ့ခေါင်းရင်းနားမှာ ထိုင်နေပြီးတော့ သူ့ရဲ့လက်တစ်ဖက်က ကျွန်တော့်ရဲ့ပါးပြင်ကို ထိတွေ့လာကာ ကျန်တဲ့ကျွန်တော့်ရဲ့ပါးပြင်တစ်ဖက်ကို ငုံ့ပြီး နမ်းလိုက်သည်။
'ကျွန်တော် အစ်ကို့ကို လာခေါ်တာ…'
ကျွန်တော် အားရပါးရပြုံးလိုက်ပြီးတော့ သူ့နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ထထိုင်လိုက်သည်။ သူ့ရဲ့ပုံစံက အရင်ထက်ပိုပြီး ရင့်ကျက်လာတယ်ဆိုတာကို ကျွန်တော် သတိထားမိသည်။ ဒါပေမယ့် ဘယ်လောက်ဘဲ အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားပြီး ဆံပင်ကေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ထားပါစေ… သူက ကျွန်တော့်အတွက် ကလေးဆန်တဲ့ခွေးပေါက်လေးတစ်ကောင် ဖြစ်နေတုန်းဘဲ…
'အစ်ကို့ကို ဖက်…'
ကျွန်တော့်ရဲ့လက်မောင်းတွေကို ဆန့်တန်းလိုက်ပြီးတော့ ကျွန်တော့်ရဲ့ရင်ခွင်ထဲ ဝင်လာဖို့အတွက် သူ့ကို အချက်ပြပြီး ခေါ်လိုက်မိသည်။
'ဟမ်… ထူးဆန်းလိုက်တာ'
Soloက ခပ်တိုးတိုးလေးရေရွတ်နေပေမယ့် တောင်းဆိုထားတဲ့အတိုင်း ကျွန်တော့်ကို ဖက်လာသည်။
'အစ်ကို အရက်မူးနေတာလား။ အရက်နံ့ရနေတယ်'
'အင်း… အစ်ကို အရက်မူးနေတာ…'
ကျွန်တော် ပြန်ဖြေလိုက်သည်။ ကျွန်တော့်ရဲ့လက်တွေက တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တဲ့အခါမှာ ကျွန်တော့်ရဲ့ခန္ဓာကိုယ်က နွေးထွေးတဲ့ရင်ခွင်နဲ့ ပိုပြီးနီးကပ်သွားတာကြောင့် သက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။
'အရက်သောက်တာ ဘာမှမဖြစ်ဘူးလို့ Soဘဲ ပြောခဲ့တာလေ…'
'အိုဟိုး…'
Soloက ရယ်လိုက်ပြီးတော့ ကလေးတစ်ယောက်ကို လှုပ်သိပ်နေသလိုမျိုး ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို ဘယ်ညာလွှဲနေသည်။
'ဒီလိုပုံစံလေးဖြစ်ဖို့အတွက် အစ်ကို့ကို ခဏခဏအရက်တိုက်ရတော့မှာဘဲ…'
'သဘောကျလို့လား'
'Guitarရဲ့အရာအားလုံးမှန်သမျှကို ကျွန်တော် သဘောကျတယ်'
'အွန်း…'
ကျွန်တော် သူ့ရဲ့မျက်နှာလေးကို ကြည့်ချင်ပေမယ့် သူ့ရဲ့နွေးထွေးတဲ့ပွေ့ဖက်မှုတွေ ကြားထဲက မထွက်သွားချင်… ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော် သူ့ကို ဖက်ထားရင်း မျက်နှာလေးကို မော့ကြည့်လိုက်သည်။ လည်ပင်းက နည်းနည်းလောက် နာနေတယ်ဆိုပေမယ့်လည်း အဆင်ပြေပါတယ်။
'အစ်ကို ဘာကိုကြည့်နေတာလဲ'
Soloက မေးလာသည်။ ကျွန်တော့်ရဲ့ခါးကို မဖက်ထားတဲ့ သူ့ရဲ့လက်တစ်ဖက်က ကျွန်တော့်ရဲ့နှာခေါင်းထိပ်လေးကို အသာလေးဆွဲညှစ်ပြီး စနေသည်။
'ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ'
'ကျွန်တော့်ရဲ့အလုပ်တွေက ပြီးသွားပြီလေ… ဒီအတိုင်း ကျောင်းပိတ်တဲ့အချိန်ထိ စောင့်ပြီး ကျွန်တော်တို့ အင်္ဂလန်ကို အတူတူသွားကြမယ်'
'ဒါပေမယ့် Khun Jayပြောတာက Soက အရမ်းအလုပ်ရှုပ်နေလိမ့်မယ်တဲ့…'
'Jayက သက်သက်ချဲ့ကားပြီး ပြောနေတာ…'
'အခုလို ရောက်လာပေးတဲ့အတွက် ဝမ်းသာတယ်'
ကျွန်တော် ပြုံးလိုက်ပြီးတော့ Soloရဲ့ပေါင်ပေါ် လှဲအိပ်လိုက်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနေတယ်လို့ ခံစားလာရပြီလေ…
'အရက်ဝင်သွားတာနဲ့ Guitarက အခုလိုမျိုး အရမ်းပင်ပန်းသွားတာလား'
'အင်း…'
အမှန်တိုင်းပြောရရင် ဒါကို ပြောလိုက်တဲ့အချိန်တုန်းက ဘာခံစားချက်မှမရှိ… ကျွန်တော့်ခေါင်းက မူးနေပြီးတော့ လမ်းကောင်းကောင်းမလျောက်နိူင်… ကျွန်တော်တို့ အတူတူရှိနေကြတယ်ဆိုတာတော့ ခံစားလို့ရသည်။ နောက်ထပ်ဘာလုပ်ရမလဲဆိုတာ ကျွန်တော် မသိ… ကျွန်တော် ဖက်ချင်တယ်ဆိုရင် သူ့ကို ပြောပြီး ဖက်လိုက်တာက ပိုကောင်းမယ်။ ကျွန်တော် လိုချင်တာတွေကို အရင်အချိန်တွေထက်ပိုပြီး မြန်ဆန်စွာ တောင်းဆိုနေမိတာဘဲ…
ဒါပေမယ့် အဲလ်ကိုဟောက ကျွန်တော့်ကို အရင်ကထက်ပိုပြီး အရှက်မဲ့အောင် လုပ်နေတယ်ဆိုတာတော့ ဝန်ခံရလိမ့်မည်။
'Guitar အမူးပြေချင်လား'
ကျွန်တော့်ကို မူးနေတယ်လို့ ထင်နေတဲ့ကောင်လေးက မေးလာသည်။ သူက သူ့အပေါ်ကုတ်ကို ချွတ်လိုက်ပြီး ဘေးမှာထားလိုက်တာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် တောင့်ခနဲဖြစ်သွားမိသည်။ ပိုပြီးအံ့သြစရာကောင်းတာက ခွေးပေါက်လေးရဲ့အပြုံးက ကြောက်စရာကောင်းတဲ့ ထူးဆန်းတဲ့ခံစားချက်တွေကို ပေးနေတာ…
'မလုပ်ချင်ဘူးနော်…'
'အရမ်းနောက်ကျသွားပြီ'
'So!'
ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးနဲ့ လွတ်သွားတဲ့အခါမှာ မျက်လုံးအပြူးသားဖြစ်သွားသည်။ သန်မာတဲ့ခွေးပေါက်ကြီးကတော့ ကျွန်တော့်ကို ပွေ့ချီပြီး ပင်လယ်ထဲသို့ လျင်မြန်စွာ ဆင်းသွားလိုက်သည်။
နောက် ဘာဆက်ဖြစ်မလဲဆိုတာကို ခန့်မှန်းနေစရာတောင် မလို…
ဗွမ်း!
'ဟာ… ဒီခွေးပေါက်!'
ကျွန်တော် ရေထဲကနေ ကုန်းရုန်းထလိုက်ပြီးတော့ ချောင်းဆိုးနေမိသည်။ ပြောချင်နေတဲ့စကားတွေ အများကြီးရှိနေပေမယ့် အခုချိန်မှာ ကျွန်တော် ဘာမှမပြောနိူင်…
'အရမ်းချစ်စရာကောင်းတာဘဲ…'
Soloက ရယ်နေပြီးတော့ ဓာတ်ပုံကို အဆက်မပြတ်ရိုက်နေသည်။ ဒီခွေးရူးလေးက အဲ့ဒီကင်မရာကို ဘယ်ကနေရလာတာလဲဆိုတာကို ကျွန်တော် မသိလိုက်… ဒါပေမယ့် သေချာတာတစ်ခုက သူ ဒါကို ကြိုတင်ပြီး စီစဉ်ထားတာ…
'တော်တော်အကျင့်မကောင်းတဲ့ကောင်လေးဘဲ!'
ရေတစ်ဝက်ဘဲ စိုနေတဲ့ကောင်လေးကို ရေနဲ့ပက်လိုက်မိသည်။ ချောင်းဆိုးတာ ရပ်သွားတဲ့အချိန်မှာတော့ ကျွန်တော် သူ့ပေါ် ပစ်ဝင်လိုက်ကာ ဉာဏ်နီဉာဏ်နက်များတဲ့ကောင်လေးရဲ့ခေါင်းကို တန်းပြီး ရေထဲနှစ်လိုက်သည်။
အဲ့ဒါမှ တန်ရာကျမှာ…
'ကျွန်တော့်ကို ပြန်လုပ်တယ်ပေါ့…'
Soloက ရေထဲကနေ ပြန်ထလာပြီးတော့ ပြုံးပြလာသည်။ ကျွန်တော် သူ့ရဲ့မယုံကြည်စရာကောင်းတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ပါဘဲနဲ့ နောက်ကိုသာ ဆုတ်နေမိသည်။ ဒါပေမယ့် ကျွန်တော် အဝေးကို မရောက်ခင်မှာ သူက ကျွန်တော့်ရဲ့နောက်ကျောကနေ ဆွဲဖက်ထားလိုက်သည်။
'ကျွန်တော်က ရေငုံ့တဲ့နေရာမှာ တော်တယ်'
'အယ်… အင်း…'
'ကျွန်တော်က အကြာကြီး အသက်အောင့်ထားလို့ရတယ်'
'…'
ဘယ်လို…
'ပြိုင်ချင်လား'
'မပြိုင်ဘူး! အ့!'
ကျွန်တော် မျက်လုံးအပြူးသားဖြစ်သွားပြီးတော့ အသက်ပြင်းပြင်းရှုလိုက်မိသည်။ ဘာလို့လဲဆိုတော့ ကျွန်တော့်နောက်ကျောက ကောင်လေးက ကျွန်တော့်ကို ရေထဲသို့နစ်မြုပ်သွားတဲ့အထိ ဆွဲချလိုက်တာကို…
ဒီခွေးပေါက်လေးက အတည်ကြီးလုပ်နေတာဘဲ!
ပြီးတော့ ရေအောက်ထဲမှာ ဘယ်လိုလုပ်ပြီး သူက ပြုံးနေရတာလဲ။
ကျွန်တော် မလုပ်နိူင်တော့ဘူးလို့ ပါးစပ်ကနေ ပြောဖို့ကြိုးစားလိုက်မိသည်။ ဒါပေမယ့် ကျွန်တော့်ရဲ့ခါးကို ဖက်ထားတဲ့ကောင်လေးရဲ့လက်တွေက လုံးဝမလွှတ်ပေးခဲ့…
ရေအောက်ထဲမှာ မှောင်နေတာတောင် သူက အခုလိုမျိုး အရူးလုပ်နေတုန်းဘဲ… တကယ်လို့ ကျွန်တော်တို့သာ နီးနီးကပ်ကပ်ရှိမနေခဲ့ရင် တစ်ယောက်မျက်နှာကို တစ်ယောက်မြင်ရမှာတောင် မဟုတ်တော့…
အသက်ရှုပြတ်ခါနီးအချိန်မှာ သူ့ရဲ့နူးညံ့တဲ့နူတ်ခမ်းသားလေးတွေက ကျွန်တော့်ရဲ့နူတ်ခမ်းသားကို ထိတွေ့ရင်း လေတွေကို မှုတ်သွင်းပေးနေတာကြောင့် ကျွန်တော် အရမ်းအံ့သြမိပြီး ဘာမှမလုပ်နိူင်တော့အထိ ဖြစ်သွားသည်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ပါးစပ်ကိုသာ အသာလေးဟပေးရင်း လက်ခံလိုက်မိတယ်။ ကျွန်တော်တို့ ရေပေါ်သို့ ရောက်လာတာတောင် နမ်းနေမိတုန်းဘဲဆိုတာကို ကျွန်တော် သတိမထားမိ…
'ချစ်တယ်…'
Soloက ခပ်တိုးတိုးလေးပြောရင်း ပိုပြီးနီးကပ်သွားအောင် ကျွန်တော့်ရဲ့ခါးကို ဆွဲယူလိုက်သည်။
'အစ်ကို… အွန့်…'
ကျွန်တော် ဘာမှမပြောရသေးခင်မှာဘဲ သူ့ရဲ့နူတ်ခမ်းက ကျွန်တော့်ရဲ့နူတ်ခမ်းပေါ် ထပ်ပြီးကျရောက်လာသည်။ ကျွန်တော့်ရဲ့နူတ်ခမ်းသားလေးကို ဟပေးလိုက်တဲ့အချိန်မှာ သူ့ရဲ့လျှာလေးက အသာလေး ထိုးဝင်လာတာ… ဒီအနမ်းက ကျွန်တော်တို့ အရင်တုန်းက နမ်းသလိုမျိုး နူတ်ခမ်းသားတွေကို ဒီအတိုင်း ထိထားတဲ့အနမ်းမျိုးမဟုတ်… ဒါပေမယ့် ကျွန်တော်တို့ကို လောင်ကျွမ်းစေမယ့် ပူလောင်တဲ့အနမ်းမျိုးလည်း မဟုတ်ပါ။ ကျွန်တော့်အပေါ် အမြဲတမ်းလေးစားမှုရှိတဲ့ Soloရဲ့ပုံစံအတိုင်း နူးညံ့စွာ နမ်းလာတဲ့အနမ်းတစ်ခု… ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ အခြားအကြိမ်တွေနဲ့ မတူပါ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်အနေအထားကို မထိန်းနိူင်တော့… ကျွန်တော့်ရဲ့ခြေထောက်တွေက အားအင်မရှိတော့သလို ခံစားလိုက်ရတာကြောင့် မတ်တပ်ရပ်နိူင်ဖို့အတွက် သူ့ရဲ့အကျီကိုသာ တင်းကြပ်စွာ ဆုတ်ကိုင်ထားမိသည်။ ကျွန်တော်တို့ နမ်းနေကြတာ ဘယ်လောက်ကြာနေပြီလဲဆိုတာကို မသိပေမယ့် အေးစက်တဲ့လေရဲ့ထိတွေ့မှုကြောင့် ကျွန်တော် တုန်ရီလာတဲ့အခါမှာ သူ ရပ်ပစ်လိုက်သည်။
ကျွန်တော် ခဏလောက် ဘာမှမလုပ်ဘဲ ဒီအတိုင်း ရပ်နေမိသည်။ သူက ကျွန်တော့်ကို သောင်ပြင်ထိ ခေါ်သွားပြီး သူ့ရဲ့အပေါ်ကုတ်ကို ကောက်ယူနေတဲ့အချိန်မှာ ကျွန်တော် ဒီအတိုင်းရပ်နေမိသည်။
'ဟယ်လို… ဘယ်သူရှိလဲ' Soloက ကျွန်တော့်ရဲ့ခေါင်းကို အသာလေးပုတ်သပ်ရင်း ကျယ်လောင်စွာ ရယ်နေသည်။
'ဘာတွေ လာနောက်နေတာလဲ'
ကျွန်တော် တင်းမာတဲ့မျက်နှာထားမျိုး လုပ်လိုက်ပြီးတော့ စူးရှတဲ့အကြည့်တွေနဲ့ စိုက်ကြည့်လိုက်မိသည်။
'အရင်တုန်းကလိုဘဲ ကျွန်တော် နောက်တာကို…'
'ဘယ်တော့မှ မလုပ်နဲ့တော့!'
'ဘာကိုလဲ'
သူက နားမလည်ချင်ယောင်ဆောင်ပြီး ခေါင်းလေးကို စောင်းကာ မေးလာသည်။
'ထပ်မပြောနဲ့တော့… အစ်ကို ချမ်းနေပြီ'
ကျွန်တော် စကားကို တုံးတိဖျက်ချလိုက်ပြီးတော့ အနောက်က လိုက်လာတဲ့ကောင်လေးကို မသိချင်ယောင်ဆောင်ထားလိုက်သည်။
အခုအချိန်က ညကြီးမိုးချုပ်ဖြစ်နေလို့ တော်သေးသည်။ မဟုတ်လို့ရှိရင် ကျွန်တော် ရှက်ပြီး နီရဲနေတာကို ဒီခွေးပေါက်လေးက သေချာပေါက် စနေမှာ…
'Guitar ပြုံးလေ…'
ထိုစကားကို ပြောလာတဲ့ကောင်လေးက ရှေ့ကို ပြေးလာပြီးတော့ ကင်မရာကို ကိုင်ကာ မီးဖွင့်ပြီး ရိုက်လိုက်သည်။
'အောင်း…'
'ဘာလဲ'
'အစ်ကိုက ပြုံးနေတာဘဲ…'
'ဒီခွေးကောင်လေးကတော့!'
ကျွန်တော် စောနတုန်းက တွေ့ခဲ့တဲ့ အဆင့်အတန်းမြင့်မားတဲ့သားတစ်ယောက်ရဲ့ပုံစံက အခုအချိန်မှာ လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ။
…_...
Soloက ကျွန်တော်နဲ့အတူတူ စောနက အရက်သောက်နေကြတဲ့နေရာသို့ ပြန်လာခဲ့ကြသည်။ ဒီနေရာက ကမ်းခြေဘက်အခြမ်းမှာ ရှိတဲ့စားသောက်ဆိုင်မို့လို့ နေရာအကျယ်ကြီးရှိနေတာ ထင်တယ်။ ဥပမာပြောရရင် အချို့လူတွေက ထိုင်ခုံပေါ်မှာ မထိုင်ဘဲ သောင်ပြင်ပေါ်မှာ လှဲအိပ်နေကြတယ်။ Beerကတော့ အုပ်စုဖွဲ့ပြီး သောက်နေတုန်းဘဲ…
Soloက ကျွန်တော့်ရဲ့ပုခုံးကို ဖက်ထားလိုက်ပြီးတော့ ဝန်ထမ်းတွေနဲ့အတူ ထိုင်နေတဲ့Khun Patဆီ သွားနေသည်။ ကြည့်ရတာ အခြားဌာနက စီနီယာတွေနဲ့အတူ ထိုင်နေကြတာလား မသိ…
'ဦးလေးPat'
လူတစ်ယောက်ရဲ့ခေါ်သံပေမယ့် တစ်အုပ်စုလုံးက လှည့်ကြည့်လာကြသည်။
'သခင်လေး!'
Khun Patက မျက်လုံးအပြူးသားဖြစ်သွားပြီးတော့ ကျွန်တော်တို့ဆီ အမြန်လျောက်လာကာ Soloကို ဖက်လိုက်သည်။
'ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ'
'ကျွန်တော် Guitarကို လာခေါ်တာ…'
'Guitar?'
Khun Patက နားမလည်တာကြောင့် စိတ်ရှုပ်သွားသည်။ ကျွန်တော်တို့ အကြည့်ချင်းဆုံသွားကြတဲ့အခါမှာ သူက ပြုံးပြလာပြီးတော့…
'Gui… ဘာလို့ နှစ်ယောက်စလုံး အခုလိုမျိုး စိုရွဲနေရတာလဲ'
'ကျွန်တော်တို့ ရေထဲ ဆင်းဆော့ထားလို့…'
Soloက အမြန်ပြန်ဖြေလိုက်ပြီးတော့ ကျွန်တော့်ဘက် လှည့်ကြည့်ကာ ပြုံးပြနေသည်။
'ဒါနဲ့ အခုလိုရောက်လာပြီဆိုတော့ မပြန်ခင်လေးမှာ ဦးလေး ဒီက ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးမယ်'
'ဟို… Khun Pat… ပြောမှာက ကျွန်တော်တို့အကြောင်းလား'
လူတိုင်းက မျက်လုံးက ရီဝေပြီး အာရုံတွေ လွင့်ပယ်နေတယ်လို့ Khun Patခံစားလိုက်ရတဲ့အချိန်မှာ ခေါင်းခါလိုက်ပြီးတော့…
'အားလုံးဘဲ သေချာနားထောင်!'
'ဟုတ်ကဲ့!'
စောနတုန်းက မျက်လုံးတွေ ပေကလပ် ပေကလပ်ဖြစ်နေကြတဲ့လူတွေက Khun Patရဲ့အသံကို ကြားလိုက်ရတဲ့အခါမှာ အကုန်လုံးက ခါးတွေမတ်သွားကြတာကြောင့် ကျွန်တော် ရယ်လိုက်မိသည်။
'သူက Solo Siwarokin… ငါတို့ကုမ္ပဏီပိုင်ရှင် Khun C Siwarokinရဲ့ တစ်ဦးတည်းသောသား… နောင်ဆို မင်းတို့အားလုံး သူ့အတွက် အလုပ်လုပ်ကြရမှာ… ဒီနေ့ ငါက မင်းတို့အားလုံးကို လွတ်လွတ်လပ်လပ်နေဖို့ ခေါ်ခဲ့တာဆိုတော့ ငါ့အပြစ်လို့ သတ်မှတ်လိုက်တော့… ဒါပေမယ့် မင်းတို့အားလုံး သူ့ကို ပြန်တွေ့တဲ့အခါကျရင် ဘယ်လိုအခြေအနေဘဲ ရှိနေပါစေ… သူ့ကို ရိုရိုသေသေနဲ့ ဆက်ဆံရမယ်။ နားလည်လား'
'ဟုတ်ကဲ့!'
အစကတော့ ရယ်စရာကောင်းတယ်လို့ ထင်မိပေမယ့် Khun Patက အတည်ကြီးပြောလာတာကြောင့် အရက်မူးနေတဲ့ကြားထဲက မနည်းအားစိုက်ပြီး မတ်မတ်ထိုင်နေကြတဲ့သူတွေကို ကြည့်ကာ ကျွန်တော် စိတ်မကောင်းဖြစ်မိသွားသည်။
'So…'
ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့ကောင်လေးကို ခပ်တိုးတိုးလေး ပြောလိုက်သည်။
'သူတို့ကို ကူလိုက်ပါဦး'
ကျွန်တော့်ရဲ့ကြင်နာမှုကို အပြစ်တင်နေသလိုမျိုး Soloက ခေါင်းခါပြနေသည်။ အအေးဓာတ်ကြောင့် ကျွန်တော် တုန်ရီလာတာကို သူ မြင်လိုက်ရတဲ့အခါမှာ ကျွန်တော့်ရဲ့ပုခုံးကို အမြန်ထပ်ဖက်လိုက်ပြီးတော့…
'ရပါတယ် ဦးလေးPat… အားလုံးကို အဆင်ပြေသလိုနေခိုင်းလိုက်ပါ'
Soloပြောလိုက်တဲ့အချိန်မှာ လူတိုင်းက စိတ်သက်သာရာရသွားတဲ့အနေနဲ့ သက်ပြင်းချလိုက်ပြီးတော့ သူတို့ ထိုင်နေတဲ့နေရာကို သွားထိုင်နေကြသည်။
'ကျေးဇူးတင်ပါတယ် သခင်လေး… နင်က ဘာလို့အဲ့မှာ ရပ်နေတာလဲ'
ကျွန်တော်နဲ့ ရင်းနှီးတဲ့အစ်မတစ်ယောက်က အံ့သြစွာနဲ့ မေးလာသည်။ ကျွန်တော့်ပုခုံးကို ဖက်ထားတဲ့ Soloရဲ့လက်ကို တွေ့လေလေ… သူမ ပိုပြီးအံ့သြလေလေဖြစ်နေသည်။
'ဒါက…'
'အဲ့အကြောင်းကို မကြားဖူးဘူးလား'
Khun Patက ကျွန်တော် ပြောမယ့်စကားကို ဖြတ်ပြောလိုက်ပြီးတော့ ထိုအစ်မရဲ့မျက်နှာကို တည်ငြိမ်နေတဲ့မျက်နှာထားနဲ့ ကြည့်လိုက်ကာ…
'ငါတို့သူဌေးရဲ့ဇနီးက ငါတို့သူဌေးဘဲလေ… အဲ့ဒီသူက ဒီမှာလေ…'
'ဇနီး… သူဌေး…'
စီနီယာတွေက ကျွန်တော့်ကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေကြသည်။ ခဏအကြာမှာတော့ သူမရဲ့မျက်လုံးတွေက ဘဲငန်းဥလိုမျိုး ပြူးသွားပြီးတော့…
'Guiနဲ့ သခင်လေးနဲ့က…'
ကျွန်တော် အသံထွက်ပြီး ရယ်လိုက်မိသည်။ ရှက်တယ်လို့ ပြောလို့ရတဲ့အထိ ကျွန်တော် ရှက်မိပေမယ့် သူတို့အားလုံးရဲ့ ဖြစ်ပျက်သွားတဲ့ တုန့်ပြန်မှုပုံစံတွေက ပိုပြီးရယ်နေရသည်။ ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့ခွေးပေါက်လေးတောင် ရယ်နေတာ…
'အင်း… ဟုတ်တယ်လေ…'
Soloက ချောချောမွတ်မွတ်နှင့် ပြန်ဖြေလာတာကြောင့် ကျွန်တော် ဘယ်လိုရယ်ရမလဲဆိုတာ မသိတော့… ပြီးတာနဲ့ ခပ်မြန်မြန် ကျွန်တော် သူ့ရဲ့ဗိုက်လေးကို အသာလေးရိုက်လိုက်သည်။
ကျွန်တော်က ဇနီးမှ မဟုတ်တာ…
'အရင်တုန်းက သူ့အပေါ် တစ်ခုခုလုပ်ထားခဲ့တဲ့ မည်သူမဆို… မနက်ဖြန်ကျရင် ကန်တော့ပွဲနဲ့ တောင်းပန်ဖို့ ပြင်ထားကြတော့…'
Khun Patက စနောက်ပြီးပြောလိုက်ပေမယ့်လည်း စီနီယာတွေက ကျွန်တော့်ကို တောက်လျောက် တောင်းပန်နေကြသည်။
'Khun Guiကို အလုပ်အများကြီး လုပ်ခိုင်းခဲ့တဲ့ဆိုတာက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်ရပါဘူး'
အဲ့စကားတွေ…
'ကျွန်တော်က စိတ်ဆိုးတက်တဲ့သူ မဟုတ်ပါဘူးဗျာ…'
ကျွန်တော်က လက်ကို ဝှေ့ပြပြီး ငြင်းလိုက်သည်။ ကျွန်တော် သူတို့ဆီက ဒီလိုမျိုးပြန်ရဖို့ကို တကယ်ကို တစ်ခါမှ မတွေးဖူးတာကြောင့် သူတိုု့ကို သက်တောင့်သက်သာဖြစ်သွားအောင် ကြိုးစားပြီး ပြုံးပြလိုက်သည်။
ဒါပေမယ့် ဘေးနားက ခွေးပေါက်လေးကတော့ မျက်လုံးတွေကို ကျဉ်းထားပြီးတော့ တစ်ယောက်ချင်းစီရဲ့မျက်နှာကို မှတ်မိအောင် ကြည့်နေတာ…
'ကျွန်တော် အရင်ပြန်နှင့်မယ်နော်… ဦးလေးPat'
Soloက အရက်မူးနေတဲ့လူတွေကို မကြည့်တော့ဘဲ Khun Patဘက်ကို လှည့်ပြီး နူတ်ဆက်စကားပြောလိုက်သည်။
'ပျော်ရွင်တဲ့ခရီးဖြစ်ပါစေ သခင်လေး…'
'ကျေးဇူးတင်ပါတယ် ဦးလေး…'
Soloက ကျွန်တော့်ကို စားသောက်ဆိုင်ထဲကနေ ခေါ်ထုတ်သွားပြီးတော့ သူ ဘိုကင်ချိတ်ထားတဲ့ဟိုတယ်ဆီသို့ ဦးဆောင်ပြီး သွားနေသည်။ Ai'Beerက အခြားသူတွေနဲ့ မိုးလင်းတဲ့အထိ နေဖို့စီစဉ်ထားတာဘဲ ကောင်းသည်။ အဲ့ဒါဆို သူ စနောက်မယ့်ဒဏ်ကို ကျွန်တော် ခံစရာမလိုတော့ဘူးလေ… ဒီခွေးပေါက်လေးရဲ့အခန်းထဲမှာ ကျွန်တော် အိပ်ခဲ့တယ်ဆိုတာကို သူ သိကြည့်ပါလား။ ကျွန်တော့်ကို သေချာပေါက် စလိမ့်မည်။
'ဟိုတယ်က ကမ်းခြေနဲ့ သိပ်မဝေးဘူးလို့ ကျွန်တော်ထင်လို့ ကားမယူလာမိဘူး။ Guitarအဆင်ပြေရဲ့လား'
Soloက စိုးရိမ်စွာနဲ့ မေးလာသည်။
'အဆင်ပြေပါတယ်'
'ကျွန်တော် အစ်ကို့ကို ရေထဲမပစ်ချလိုက်သင့်ဘူး'
ခွေးပေါက်လေးက ဝမ်းနည်းနေတဲ့မျက်နှာမျိုး ဖြစ်သွားသည်။ သူ့ရဲ့မျက်နှာလေးက အပြစ်ရှိသလို ခံစားနေရတဲ့မျက်နှာမျိုး ဖြစ်နေတာကြောင့် ကျွန်တော့်ရဲ့ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်ပြီးတော့…
'အဲ့ဒါဆို So အစ်ကို့ကို တာဝန်ယူရမယ်'
'ဘယ်လိုလဲ'
'ဘယ်လိုလဲဆိုတော့…'
သူ့ရဲ့လက်မောင်းတစ်ဖက်ကို ကျွန်တော့်ရဲ့လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ထားလိုက်တယ်။ အဲ့ဒါက ကျွန်တော့်ကို နည်းနည်းလေးတောင်မှ မနွေးထွေးစေဘူးဆိုပေမယ့် အခုအချိန်မှာ သူက ကျွန်တော့်ရဲ့ဘေးမှာ ရှိနေတာကြောင့်… ကျွန်တော့်ရဲ့စိတ်ထဲမှာ အရာအားလုံးထက်ပိုပြီး စိတ်အေးချမ်းနေမိသည်။
'ဒီနေ့ ကျွန်တော့်ကို တကယ်ကြီး တွယ်ကပ်နေတာနော်… ခွေးမေမေလေး…'
Soloက ပြုံးလိုက်ပြီးတော့ ကျွန်တော့်ရဲ့ခေါင်းကို သူ့ရဲ့ကျန်တဲ့လက်တစ်ဖက်နဲ့ ပုတ်သပ်ပေးကာ ပုံမှန်အတိုင်းလေး ဆက်ပြီးလျောက်လိုက်မိသည်။ နည်းနည်းလေးတော့ အေးတယ်။ တကယ်တော့ နည်းနည်းလေးဘဲ အေးတာမဟုတ်ပေမယ့်… ဒီလူသားလေးနဲ့ ဘေးချင်းယှဉ်ပြီး အတူတူလမ်းလျောက်ရတဲ့အတွက် ခံစားချက်တွေက ကောင်းနေသည်။
ကျွန်တော်တို့ တွေ့ဆုံပြီးတဲ့အခါမှာ အရာအားလုံးက ပိုပြီးကောင်းမွန်လာပုံရတယ်လို့ ပြောလို့ရသည်။ ကျွန်တော် နေတဲ့နေရာကို ပြန်ဖို့အတွက် အမြဲတမ်းလျောက်နေကြ လမ်းတောင်မှ ပိုပြီးကောင်းမွန်နေတယ်လို့ ခံစားနေရတယ်။
တစ်ခါတစ်လေကျရင် ကျွန်တော်တို့ မကြိုက်တဲ့… ခံစားလို့မရတဲ့အရာတွေက ကျွန်တော်တို့ကို ပျော်ရွင်သွားအောင် ဖြည့်ဆည်းပေးနိူင်တဲ့အရာတစ်ခုသို့ ပြောင်းလဲသွားတက်သည်။
'So အလုပ်လုပ်ရတာ တကယ်ဘဲ ပျော်ရဲ့လား'
ကျွန်တော် အခုလို မေးလိုက်တာက ကျွန်တော့်ရဲ့ယုံကြည်ချက်တွေကို မြှင့်တင်ဖို့အတွက် မဟုတ်ပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တစ်ခုတည်းကြောင့် သူ နောင်တရနေမှာမျိုးကို ကျွန်တော် မဖြစ်စေချင်…
'ကျွန်တော့်ရဲ့ ကျန်တဲ့ဘဝတစ်လျောက်လုံး ဒီလိုမျိုးဘဲ လုပ်ရဦးမယ်ဆိုရင်တောင်… Jayက ကျွန်တော့်အဖေရဲ့အနားမှာ ရှိပေးနေသလိုမျိုး Guitarက ကျွန်တော့်ရဲ့ဘေးနားမှာ ရှိပေးမယ်ဆိုရင်… ကျွန်တော် သေချာပေါက် ပျော်တယ်'
'အဲ့လိုသာဆိုရင်…'
'ဟမ်…'
'Soက ခွေးမေမေရဲ့1eaကို ရသွားပြီ'
Soloက နားမလည်တဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ပြုံးလိုက်မိသည်။
'အဲ့ဒီItemက ခွေးဖေဖေကြီးတစ်ယောက်တည်း အတွက်ဘဲ… ကျန်တဲ့ဘဝတစ်လျောက်လုံးမှာ အဲ့ဒါကို ဖျက်စီးလို့မရသလို ဖယ်ရှားပစ်လို့လည်း မရဘူး'
(1eaဆိုတာက အခုစကားအနေအထားရဆိုရင် ဂိမ်းထဲက itemတစ်ခုလိုမျိုး အဓိပ္ပာယ်သက်ရောက်ပါတယ်။ ပြောချင်တာက 'မင်း ငါ့ကို ပိုင်သွားပြီ'ဆိုတဲ့ သဘောမျိုး…)
သူက ကျွန်တော့်ရဲ့စကားတွေကို သေချာစဉ်းစားနေတဲ့ပုံနဲ့ မျက်တောင်တွေကို ပုတ်ခပ် ပုတ်ခပ်လုပ်နေသည်။ ခဏလောက်ကြာတဲ့အခါမှာ သူက လွှတ်ခနဲ အော်ရယ်လိုက်ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်ကို ဆွဲယူကာ တင်းကြပ်စွာပွေ့ဖက်ထားလိုက်သည်။
'ကျွန်တော် အဲ့ဒါကို သေချာကာကွယ်ပါ့မယ်'
Beerက ကျွန်တော့်ကို inviteလုပ်တာနဲ့ အွန်လိုင်းဂိမ်းတွေကို ဆော့ကြည့်ခဲ့တဲ့အချိန်တွေက အလဟသမဖြစ်ဘူးဘဲ… ဘာလို့လဲဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ရှိနေတဲ့ ဂိမ်းထဲက အခေါ်အဝေါ်လေးတွေကို သုံးလိုက်တာနဲ့တင် ကျွန်တော့်ရဲ့ဘဝမှာ အရေးပါဆုံးလူတစ်ယောက်ကို ပြုံးရယ်သွားအောင် လုပ်နိူင်ခဲ့သည်။
အခုအချိန်ကနေစပြီးတော့… ကျွန်တော်တို့ ထပ်ပြီးဝေးတော့မှာ မဟုတ်…
.
'Guitarက သူတို့ကြောင့် ပင်ပန်းရတာလား'
ကျွန်တော်က လူတကာကို အပြစ်တင်တက်တဲ့ချီးထုတ်မဟုတ်…
'အမှန်တိုင်းပြောရရင် ကုမ္ပဏီတစ်ခုလုံးဘဲ…'
ဒါပေမယ့် သူမေးတာကို အမှန်အတိုင်းဖြေလိုက်မိသည်။
'ဘယ်သူတွေလဲဆိုတာ Guitarမှတ်မိလား'
ကျွန်တော်က အငြှိုးတကြီးနဲ့ လူတွေကို လက်တုန့်ပြန်တက်တဲ့သူမျိုးမဟုတ်…
'အစ်ကို့ကို တစ်ခါမှ အလုပ်မခိုင်းဖူးတဲ့သူတွေကိုဘဲ မှတ်မိတယ်'
ကျွန်တော့်ကို ခိုင်းခဲ့တဲ့သူတွေကို တကယ် မမှတ်မိတာပါ။
'ကျွန်တော် ဒီကုမ္ပဏီမှ အာဏာရှိလာတဲ့အချိန်အထိ စောင့်ကြည့်နေလိုက်…'
သူ့ရဲ့အာဏာတွေကို အခုလိုမျိုး အလွဲသုံးစားလုပ်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး။
'သူတို့ကို နေ့တိုင်း အိမ်သာဆေးခိုင်းပစ်လိုက်မယ်'
သူတို့က အစ်ကို့ကို တာဝန်အားလုံးကို လုပ်တက်အောင် ကူညီပေးခဲ့တာ…
သူတို့အားလုံးကို ကြိုတင်ပြီးတော့ အားတင်းထားပါလို့ဘဲ ပြောချင်တယ်။
…_…