OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၄၁

16 0 0
By newkhonpai

'ကျွန်တော် တောင်းပန်ပါတယ်'

'အင်းပါ'

'ကျွန်တော် တောင်းပန်ပါတယ်'

'အစ်ကို ခွင့်လွှတ်ပေးပြီးသားလေ...'

ကျွန်တော် ရယ်လိုက်ပြီးတော့ ကလေးဆန်တဲ့ခွေးပေါက်လေးရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ခွေးပေါက်လေးက ဒီစကားကိုဘဲ ဆယ်ကြိမ်လောက် ထပ်ခါထပ်ခါပြောနေတာကို… ဘယ်သူက စိတ်ဆိုးနိုင်မှာလဲ။

'ဒါပေမယ့် ကျွန်တော်...'

Soloက ဆက်ပြောဖို့လုပ်လိုက်ပေမယ့် သူ့စကားမဆုံးခင်လေးမှာ ကျွန်တော် သူ့ရဲ့ခေါင်းလေးကို ဆွဲယူလိုက်ပြီး နှဖူးချင်း ထိတွေ့ထားလိုက်သည်။

'အစ်ကို Soကို အားသွင်းပေးမယ်'

ကျွန်တော်ရဲ့ခွန်အားတွေကို တကယ်သွင်းပေးလိုက်သလိုမျိုး မျက်လုံးတွေကို မှိတ်ထားလိုက်တာကြောင့် ခွေးပေါက်လေး ခပ်တိုးတိုးလေးရယ်လာသည်။ သူက သူ့ရဲ့လက်နှစ်ဖက်လုံးနဲ့ ကျွန်တော့်ရဲ့မျက်နှာကို ထိတွေ့လာကာ သူ့ရဲ့နှဖူးလေးက ကျွန်တော့်ရဲ့နှဖူးလေးကို အပြည့်အဝမှီတင်လာတယ်။ ကျွန်တော်တို့ အခု တစ်ယောက်ရဲ့ခွန်အားပေါ် တစ်ယောက်မှီခိုနေကြသလိုပေါ့...

'အစ်ကို အရမ်းပင်ပန်းနေတာလား'

Soloမေးလာတဲ့အခါမှာ ကျွန်တော်ရဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီးတော့ စိတ်ပူနေတဲ့ကောင်လေးရဲ့မျက်နှာကို နူးညံ့တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။

'အရမ်းပင်ပန်းနေတာ...' ကျွန်တော် အမှန်တိုင်း ပြောလိုက်သည်။ 'ဒါပေမယ့် အများကြီးသင်ယူခဲ့ရတာတွေရှိတော့ ပျော်ဖို့ကောင်းတယ်'

'ကျွန်တော် တောင်းပန်ပါတယ်'

ခွေးပေါက်လေးရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ ဝိုင်းနေပြီး ခေါင်းငုံ့ထားကာ ကျွန်တော့်ရဲ့မျက်နှာကို လုံးဝကြည့်မနေ...

'Soကြိုးစားနေတယ်ဆိုတာ အစ်ကို သိပါတယ်' အချင်းချင်းမှီထားကြတဲ့နှဖူးတွေကို ခွာလိုက်ကာ သူ့ရဲ့လက်နှစ်ဖက်လုံးကို ကျွန်တော် ဆုတ်ကိုင်လိုက်ပြီးတော့ အသာလေးလှုပ်လိုက်သည်။ 'အစ်ကိုလည်း ကြိုးစားနေပါတယ်'

'ဟုတ်...'

'ဘာလို့ အဲ့လိုမျက်နှာပုံစံမျိုး လုပ်နေရတာလဲ'

ကျွန်တော့်ဘေးနားက ကောင်လေးရဲ့လက်မောင်းကို ဆွဲလိုက်ပြီးတော့ ပန်းခြံထဲမှာ ရှိတဲ့ရေကန်ဘေးနားက ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ကာ မျက်မှောင်ကြုတ်ထားတဲ့မျက်ခုံးတွေကို ကျွန်တော့်လက်ညိုးလေးနဲ့ ဖိလိုက်သည်။

'ကျွန်တော်က ကျွန်တော့်အတွက်ဘဲ တွေးနေတဲ့လူလို့ လူတိုင်းက ပြောကြတယ်'

'ဘယ်သူတွေတုန်း...'

'အဖေရယ်... Kaoရယ်... Guitarကောဘဲ'

Soloက ဝမ်းနည်းနေတဲ့အကြည့်တွေနဲ့ ခပ်တိုးတိုးပြောလာတယ်။ ကျွန်တော် ထပ်ပြီးစိတ်ဆိုးသွားမှာကို သူက ကြောက်နေတဲ့ပုံဘဲ...

'အွန်း... ဘယ်လိုပြောရမလဲဆိုတော့... အဲ့ဒီအဓိပ္ပာယ်က အဲ့လို မဟုတ်ဘူး'

သူ နားလည်အောင် ဘယ်လိုရှင်းပြရမလဲဆိုတာကို ကျွန်တော် စဉ်းစားလိုက်မိသည်။

'Soက အစ်ကို့ကို လွမ်းနေတာမို့လို့ အစ်ကို့ဆီ လာလည်ဖို့လုပ်ခဲ့တာ မဟုတ်ဘူးလား'

'ဟုတ်...'

'Soက အလုပ်တွေ၊ ကျောင်းစာတွေနဲ့ အရာအားလုံးကို ဒီအတိုင်း ပစ်ထားခဲ့ပြီးတော့ အစ်ကို့ဆီ တကယ်လာချင်တာလား'

'ဟုတ်...'

ခွေးပေါက်လေးက ပုံမှန်အတိုင်းမဟုတ်ဘဲ ပြုမူနေတဲ့ပုံစံတွေကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော် ရယ်လိုက်မိသည်။ ကျွန်တော် စိတ်ဆိုးမှာကို ကြောက်နေတဲ့အသံမျိုးနဲ့ ယဉ်ယဉ်ကျေးကျေးပြောနေတုန်း... လနဲ့ချီပြီး စုပုံနေတဲ့မောပန်းမှုတွေက အခုလိုမျိုး ကျွန်တော်တို့ မျက်နှာချင်းဆိုင် တွေ့လိုက်ရတာနဲ့ ချက်ချင်းဆိုသလို အနည်ကျသွားခဲ့သည်။ ပြီးတော့ ကျွန်တော်တို့ အချင်းချင်းနားလည်မှုတွေ ရှိလာတဲ့အခါမှာ ကျွန်တော့်ဆီမှာ ခွန်အားတွေ အများကြီးရှိလာသလိုမျိုး ခံစားလိုက်ရသည်။

'Soလုပ်ခဲ့တဲ့အရာတွေက Soတစ်ယောက်တည်းအတွက်ဘဲ စဉ်းစားပြီး လုပ်ခဲ့တာ...'

'ကျွန်တော် နားမလည်ဘူး'

Soloက ခေါင်းခါလိုက်ပြီးတော့ ဘာအမှားလုပ်ခဲ့မိလဲဆိုတာကို သိချင်စိတ်နဲ့ မျက်မှောင်ကြုတ်ထားသည်။ ကျွန်တော် သူ့ကို ကောင်းကောင်းနားလည်သည်။ ပြီးတော့ Khun Jayပြောပြတဲ့ သခင်ကြီးရဲ့နည်းလမ်းကိုလည်း ကျွန်တော် နားလည်သည်။

ကျွန်တော်တို့ရဲ့သင်ကြားတဲ့ပုံစံတွေက မတူ... Soloက သူ့အဖေနဲ့ အဲ့လောက်ထိ မရင်းနှီးတာကြောင့် သူ နားမလည်တာလည်း ဖြစ်နိုင်သည်။ ပြီးတော့ သခင်ကြီးကလည်း အသည်းမာတဲ့လူမျိုး... အဲ့ဒါကြောင့် သူတို့သားအဖက အခုလိုမျိုး အထင်လွဲမှားမှုတွေ ဖြစ်နေတာ မထူးဆန်းတော့...

'Soသာ အစ်ကို့ဆီ လာလည်မယ်ဆိုရင် အခြားအကြောင်းအရာတွေကို So တွေးဖူးလား။ နောက်ဆက်တွဲအနေနဲ့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို Soတွေးဖူးလား။ ကျောင်းစာတွေကော နောက်ကျသွားမှာလား။ အဲ့ဒါဆို အဲ့ဒီပြသာနာတွေကို ဘယ်သူက လာပြီးဖြေရှင်းပေးမှာလဲ။ ပြီးတော့ အရေးကြီးဆုံးက...'

ကျွန်တော် သူ့ရဲ့လက်လေးကို မြှင့်တင်လိုက်ပြီးတော့ ထိုလက်ပေါ်က ပတ်တီးနဲ့စည်းထားတဲ့ဒဏ်ရာတွေကို ဝမ်းနည်းစွာနဲ့ ကြည့်လိုက်ကာ...

'အစ်ကို့ရဲ့ခံစားချက်တွေကိုကော Soတွေးကြည့်ဖူးလား'

'...'

'Soက ဘာမှမတွေးဘဲ ကိုယ့်စိတ်ကို အလို်လိုက်ပြီး သွားချင်လာပြီဆို သွားလိုက်ရမှ... မသွားရဘူးဆိုရင် ပစ္စည်းတွေကို ဖျက်ဆီးပစ်တယ်။ Soက ကိုယ့်ကိုယ်ကိုတောင် စိတ်မပူဘဲ ထမင်းမစား ဘာမစားနဲ့ အခုလိုမျိုး နာကျင်ရအောင် လုပ်နေတော့... Soရဲ့အနားမှာ ရှိနေတဲ့လူတွေ ဘယ်လိုခံစားနေမလဲဆိုတာကို တွေးဖူးလား'

သူ့ရဲ့အနာတွေကို ကျွန်တော့်ရဲ့လက်ဖျားလေးနဲ့ ဖွဖွလေးထိတွေ့လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်အခြေအနေကို ကြည့်လိုက်မိတော့... သူ့ရဲ့မျက်နှာက ဖြူဖျော့နေကာ ခန္ဓာကိုယ်တစ်ခုလုံးက အားအင်တွေ မရှိတော့ပုံမျိုးဖြစ်နေသည်။

လနဲ့ချီပြီး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့ရတယ်ဆိုပေမယ့် ကျွန်တော် အစားကို ပုံမှန်စားခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော် အရမ်းပင်ပန်းပြီး အိပ်ချိန်နည်းတာတောင်မှ နေမကောင်း မဖြစ်တာလေ... Soloကျတော့ ဘာမှမလုပ်ဘဲနဲ့တောင် သေခါနီးလူနာတစ်ယောက်လို ဖြစ်နေတာ…

'Soက ကိုယ့်အတွက်လည်း မတွေးခဲ့တဲ့အပြင်... အစ်ကို့အတွက်လည်း မတွေးခဲ့ဘူး။ လူနှစ်ယောက်တည်းက ဖြစ်ပေါ်လာတဲ့အချစ်ဆိုပေမယ့်လည်း... သူတို့နှစ်ယောက်ကြားထဲမှာဘဲ လည်ပတ်နေမယ့်အရာမဟုတ်ဘူး။ အစ်ကိုတို့ အသက်ရှင်နေထိုင်ရင်း သင်ယူရမယ့်အရာတွေ အများကြီးရှိသေးတယ်'

'ဟုတ်ကဲ့... ကျွန်တော် တောင်းပန်ပါတယ်'

ခွေးပေါက်လေးက သူ့အပြစ်ကို သူ သိတဲ့အသံမျိုးနဲ့ ပြောလာသည်။ သူ့ရဲ့မျက်လုံးတွေက ကျွန်တော်ပြောတာကို နားလည်သွားတဲ့ပုံစံမျိုးဖြစ်လာတာကို မြင်လိုက်ရတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။

'Soရဲ့အဖေက Soကို တကယ်စိတ်ပူနေတာ... သခင်ကြီးမှာ သူ့ရဲ့ကိုယ်ပိုင်ဆုံးမသင်ကြားပေးတဲ့ပုံစံရှိတယ်လေ... အဲ့ဒါကြောင့် Soကို နားလည်ပေးစေချင်တယ်'

'ဒါပေမယ့်...'

'တကယ်လို့ သခင်ကြီးကသာ သဘောမတူဘူးဆိုရင် Kao၊ Khun Jayနဲ့ အစ်ကိုတို့က Soကို ဒီလိုမျိုး လာတွေ့ရမယ်လို့ ထင်လား'

'...'

'နားလည်ပြီလား'

ကျွန်တော့်ရဲ့လက်နှစ်ဖက်လုံးကို အသုံးပြုပြီးတော့ ခွေးပေါက်ကြီးရဲ့မျက်နှာလေးကို မလိုက်ကာ ကျွန်တော့်ရဲ့မျက်လုံးတွေကို ကျဉ်းထားပြီး သေချာကြည့်လိုက်မိသည်။

'ကြည့်... အခုမျက်နှာက မျက်တွင်းကျနေပြီ'

Soloက ပြုံးလိုက်ပြီးတော့ သူ့ရဲ့မျက်နှာကို ကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်တွေကို အသာလေးဆွဲယူပြီး ဖွဖွလေးနမ်းလိုက်ကာ...

'Guitar အလုပ်နားဖို့အတွက် ကျွန်တော့်အဖေကို ပြောပေးရမလား'

'မလိုပါဘူး'

ကျွန်တော် ခေါင်းခါပြလိုက်ပြီးတော့...

'အစ်ကို လုပ်ခဲ့တဲ့အရာတွေအတွက် အစ်ကို တာဝန်ယူရမယ်လေ...'

Soloက ဝမ်းနည်းသွားပြီး ခေါင်းကို ငုံ့ထားကြောင့် ကျွန်တော် သူ့ရဲ့မျက်နှာလေးကို ချက်ချင်းဆွဲမော့လိုက်ကာ သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး အဆင်ပြေတယ်လို့ ပြောနေတဲ့အပြုံးမျိုးနဲ့ ပြုံးပြလိုက်သည်။

'အရင်ကထက် နည်းနည်းလောက် ပိုပြီးအလုပ်ကြိုးစားရတာဘဲ ရှိတာ... ကျန်တာ အဆင်ပြေပါတယ်'

'ဒါပေမယ့် ကျွန်တော်...'

'Soမှာ အပြစ်ရှိသလို ခံစားနေရမယ်ဆိုရင် အစ်ကို တစ်ခုခုကို တောင်းဆိုလို့ရမလား'

'ကျွန်တော် အားလုံးပေးနိုင်တယ်'

ခွေးပေါက်လေးရဲ့နားရွက်လေးက လှုပ်ခပ်လာကာ ကျွန်တော် ပြောနေတဲ့စကားကို ချက်ချင်းဆိုသလို အာရုံစိုက်ပြီး နားထောင်နေသည်။ သူ့ရဲ့ပုံစံလေးက အရမ်းချစ်စရာကောင်းနေတာကြောင့် အဲ့ကောင်လေးရဲ့ဖွေးဥနေတဲ့ပါးပြင်လေးတွေကို ကျွန်တော် ဆွဲညှစ်လိုက်သည်။

'Khun Jayက အစ်ကို့ကို တစ်ခါပြောပြဖူးတယ်။ လူတွေက သူတို့ရဲ့ကိုယ်ပိုင်တာဝန်၊ စည်းမျည်းတွေနဲ့ မွေးဖွားလာခဲ့တယ်တဲ့... Soကတော့ ဘီလီယံချီတဲ့လုပ်ငန်းပိုင်ရှင်တစ်ယောက်ရဲ့အမွေဆက်ခံသူအဖြစ် မွေးဖွားလာခဲ့တာ... ဘယ်လောက်ဘဲ ရှောင်ပြေးဖို့ ကြိုးစားပါစေ... Soလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် Soမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုက Soမကြိုက်တဲ့အရာကိုဘဲ လုပ်မှာလား။ နောက်တစ်ခုကတော့ Soမကြိုက်တဲ့အရာကို လုပ်နေရင်း အဲ့ထဲမှာ ပျော်ရွင်မှုတွေကိုပါ ထပ်ပေါင်းထည့်ပြီး လုပ်မှာလား'

(ဘာဘဲဖြစ်ဖြစ် လုပ်ချင်ချင် မလုပ်ချင်ချင်... လုပ်ကိုလုပ်ရမှာလေ... ရှောင်လွှဲလို့မရတဲ့အဆုံး အဲ့ဒါကိုဘဲ ပျော်ရွင်စွာနဲ့ လုပ်မှာလားလို့မေးတာ...)

'...'

'ဘာဘဲဖြစ်ဖြစ် အစ်ကို Soကို သခင်ကြီးနဲ့စကားပြောစေချင်တယ်။ တကယ်လို့ Soသာ ဒါကို မလုပ်ချင်ဘူးဆိုရင်လည်း Soကို ကူညီပေးနိုင်မယ့်အခြားနည်းလမ်းအချို့တော့ ရှိတယ်။ Soရဲ့အဖေက Soပြောသမျှကို နားထောင်လိမ့်မယ်လို့ အစ်ကို ယုံကြည်တယ်။ ဒါပေမယ့် Soက ကိုယ့်ရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ချင်တယ်ဆိုရင်တော့...'

ပြောနေတဲ့စကားတွေကို ခဏရပ်လိုက်ပြီးတော့ ကျွန်တော့်အရှေ့က ကောင်လေးကို ယုံကြည်ချက်ရှိရှိနဲ့ ကြည့်လိုက်ပြီးတော့...

'Khun Jayပြောခဲ့တဲ့'အရာတစ်ခု'ကို အစ်ကို ကူညီပေးမယ်။ Soက အလုပ်မှာ ပျော်ရွင်ပါ့မလားဆိုတာ အစ်ကို မသေချာပေမယ့် So ပြသာနာတွေနဲ့ ရင်ဆိုင်ရမယ့်အချိန်တိုင်းမှာ အစ်ကို ဘယ်မှမသွားဘဲ Soရဲ့ဘေးနားမှာ သေချာပေါက်နေပေးမယ်'

ကျွန်တော် စကားပြောပြီးတဲ့အခါမှာတော့ Soloက တိတ်ဆိတ်သွားသည်။ သူက သူ့ကိုယ်သူ ဆန်းစစ်နေသလိုမျိုး ခဏလောက်တွေးနေပြီး ကျွန်တော်ကတော့ သူ့ကိုအတင်းတွန်းအားမပေးချင်တာကြောင့် ဒီအတိုင်း တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ထိုင်နေမိသည်။

ခဏလောက်အကြာမှာ သူက ခေါင်းညိမ့်လိုက်ပြီးတော့ ပြုံးပြကာ...

'ကျွန်တော် အဖေနဲ့ စကားပြောမယ်'

'ဟုတ်ပြီ'

'Guitar ကျွန်တော်နဲ့ လိုက်ခဲ့မှာလား'

'လေယာဉ်အချိန်က ညနေမှဆိုတော့ အစ်ကို့မှာ အချိန်ရှိသေးတယ်'

ကျွန်တော် ပြောပြီးတာနဲ့ ပြုံးနေတဲ့ကောင်လေးကို ဆွဲထူလိုက်သည်။

ကျွန်တော်တို့ ကားဆီ ပြန်သွားလိုက်တဲ့အချိန်မှာ Khun Jayက ကျွန်တော့်ကို စိုးရိမ်တကြီးနဲ့ လှည့်ကြည့်လာသည်။ ဒါပေမယ့် ကျွန်တော် သာမန်အတိုင်း ပြုံးပြလိုက်တဲ့အခါမှာတော့ Khun Jayက သက်ပြင်းချလိုက်ပြီး ဘေးနားမှာထိုင်နေတဲ့Kaoကို ကျွန်တော်တို့ကို လှည့်ကြည့်ဖို့အတွက် တံတောင်ဆစ်နဲ့ တွတ်လိုက်သည်။ ဂိမ်းဆော့နေတဲ့မောင်ပြာတာလေးက ခေါင်းထောင်လာပြီးတော့ ကျွန်တော်တို့ဆီလာကာ ခွေးပေါက်လေးရဲ့ခေါင်းကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ဖွလိုက်သည်။

အံ့သြစရာကောင်းတာက အဲ့လိုလုပ်တိုင်း ပြန်တုန့်ပြန်နေကြ ကောင်လေးက ငြိမ်နေတာဘဲ...

'မင်း အရူးထနေတာတွေ ပျောက်သွားပြီလား'

ကျွန်တော် သူတို့ သူငယ်ချင်းနှစ်ယောက်ကို ဒီအတိုင်း စကားပြောခိုင်းလိုက်ပြီးတော့ Khun Jayဆီသို့ သွားလိုက်သည်။ အမှန်တိုင်းပြောရရင် Kaoတစ်ယောက်တည်း စကားပြောနေတာနဲ့ ပိုတူတယ်။ ဘာလို့လဲဆိုတော့ Soloရဲ့ပုံစံက အထီးကျန်နေတဲ့ခွေးပေါက်လေးပုံစံ ဖြစ်နေတယ်လေ... အချို့အချိန်မှာ သူ ပြန်ပြီးငြင်းချင်ပေမယ့် အဲ့ဒီမောင်ပြာတာလေးက တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ရဲ့ပါးစပ်က ချက်ချင်းပိတ်သွားတာ… ကြည့်ရတာ သူ အမှားလုပ်မိတယ်ဆိုတာကို သိနေလို့ ဘာမှမပြောရဲတာ ထင်သည်။

'Khun Gui အဆင်ပြေရဲ့လား'

'ပြေပါတယ်'

Khun Jayကို ကြည့်ရတာ ကျွန်တော့်ကို အရမ်းစိတ်ပူနေတဲ့ပုံဘဲ... ကျွန်တော့်ဆီ ဖုန်းဆက်ပြီး Soloအကြောင်း ပြောပြခဲ့တာကို အပြစ်ရှိသလိုခံစားနေရတာ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီနေ့ ချက်ချင်းကြီးရောက်ချလာခဲ့တာကို... အမှန်တကယ်တော့ ကျွန်တော်က ကျေးဇူးတင်ရမှာ... Khun Jayသာ ကျွန်တော့်ကို မပြောပြဘူးဆိုရင် ကျွန်တော့်ရဲ့ခွေးပေါက်လေး ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် သိမှာ မဟုတ်...

ကျွန်တော် Soloကို ပထမဆုံးမြင်လိုက်ရတဲ့အချိန်တုန်းက အရမ်းပျော်ခဲ့တာ... ဒါပေမယ့် သူ့ရဲ့အခြေအနေကို ခဏလောက်ကြည့်ပြီးတဲ့အခါမှာ ကျွန်တော် နည်းနည်းစိတ်ပျက်သွားမိသည်။ သူ အမှားလုပ်ခဲ့တဲ့အတွက် စိတ်ပျက်မိတာ မဟုတ်... ဘာလို့လဲဆိုတော့ Soloက အရွယ်ရောက်နေပြီဆိုတာကို ကျွန်တော် ကောင်းကောင်းသိတယ်လေ... ဒါပေမယ့် သူ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ... သူ့ဘေးနားက လူတွေရဲ့ခံစားချက်ကို လုံးဝမစဉ်းစားဘဲ သူ့ကိုယ်သူ နာကျင်အောင်လုပ်ခဲ့အတွက်ကြောင့် ကျွန်တော် စိတ်ပျက်မိတာ...

'ကျွန်တော် ဒုတိယတစ်ခုကို ရွေးတယ်'

Soloက ပြောလာတာကြောင့် ကျွန်တော့်ရဲ့အတွေးတွေအားလုံးကို ရပ်တန့်ပစ်လိုက်ရသည်။ ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်ပြီးတော့ သူ့ရဲ့မျက်လုံးတွေကို သေချာစိုက်ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့အရိပ်အယောင်ကို ရှာဖွေကြည့်လိုက်သည်။ ဒါပေမယ့် အဲ့ဒါကို လုံးဝမတွေ့ခဲ့… အဲ့အစား လုံးဝဆုံးဖြတ်ချက်ချထားသလို ပြတ်သားနေတဲ့မျက်လုံးတွေကိုသာ တွေ့လိုက်ရသည်။

'Guitarကိုဘဲ တစ်ချိန်လုံး ဒုက္ခရောက်အောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ အခုကနေစပြီးတော့ ကျွန်တော်တို့အတူတူ ကျော်လွှားရအောင်...'

ကျွန်တော် ကြားချင်နေတဲ့စကားက အဲ့ဒါ...

ကျွန်တော် စိတ်ချမ်းသာစွာနဲ့ ပြုံးလိုက်ပြီးတော့ ကျွန်တော့်ရဲ့ခေါင်းလေးကို ဘေးနားမှာ ထိုင်နေတဲ့ကောင်လေးရဲ့ပုခုံးပေါ်သို့ ဖြည်းဖြည်းချင်း မှီတင်လိုက်သည်။ ကျွန်တော့်ရဲ့နွေးထွေးတဲ့အိမ်ကို ရှာတွေ့လိုက်ရတဲ့ခံစားချက်လိုမျိုး စုပြုံနေတဲ့စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းမှုတွေက တဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။ ထပ်ပြီး... ကျွန်တော့်ရဲ့အရင်တုန်းက ခွေးပေါက်လေးကို ပြန်ရလိုက်သလိုမျိုး ခံစားနေရသည်။

..._...

မိနစ်နှစ်ဆယ်ရှိနေပြီ... အဲ့ဒီမိနစ်နှစ်ဆယ်နီးပါးလုံး သူတို့သားအဖနှစ်ယောက်က ဘာမှမပြောဘဲ ဒီအတိုင်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြတာ... ကျွန်တော်က Soloရဲ့ဘေးနားမှာ ပြုံးပြီးရပ်နေကာ... Khun Jayကတော့ သခင်ကြီးရဲ့ဘေးနားမှာ ရပ်နေသည်။ အဲ့လိုအခြေအနေမျိုးကြောင့် ကျွန်တော်နဲ့ခွေးပေါက်လေးရဲ့ပုံရိပ်ကို မှန်ထဲမှာ ပြန်မြင်နေရသလိုမျိုး ခံစားလိုက်ရသည်။

တကယ်လို့ ဒီထပ်ပိုပြီး အချင်းချင်းစိုက်ကြည့်နေကြမယ်ဆိုရင်... ဘယ်သူမှ စကားစပြောဖြစ်တော့မှာ မဟုတ်ဘူး။

'ကြာလိုက်တာဗျာ...' ဆိုဖာပေါ်မှာ ထိုင်နေတဲ့ တစ်ဦးတည်းသော မောင်တက်ကြွKaoက အော်ပြောလိုက်တာကြောင့် ကျွန်တော်တို့ရဲ့အကြည့်တွေက သူ့ဆီ ရောက်သွားခဲ့သည်။ 'အင်း... ဒီလိုသာ ထပ်ပြီးစိုက်ကြည့်နေကြမယ်ဆိုရင် ကျွန်တော် တစ်ခုခုသွားဝယ်ပြီး အရင်စားနှင့်လိုက်မယ်'

ကျွန်တော် ရယ်လိုက်မိသည်။ စောနတုန်းက နေရခက်နေတဲ့ပတ်ဝန်းကျင်အခြေအနေကနေပြီးတော့ ချက်ချင်း ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ အထူးသဖြင့် အဲ့ကလေးက သူ့ရဲ့ပိုက်ဆံအိတ်ကို စိုက်ကြည့်နေတာကြောင့် လူတိုင်းရဲ့မျက်နှာမှာ အပြုံးတစ်ခုစီ ဖြစ်ထွန်းသွားခဲ့သည်။

အမှန်တိုင်းပြောရရင် Kao အခုလို စကားပြောလာတယ်ဆိုတာ Solo စကားစလို့ရအောင် ကူညီပေးနေတာလို့ ကျွန်တော် ထင်မိသည်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီကို မရောက်ခင်တုန်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားခဲ့သေးတယ်လေ... အဲ့ဒါကြောင့် Kaoက အဲ့လောက်ထိ ဗိုက်ဆာနေမှာမဟုတ်...

'ကျွန်တော် အခုထိ အချိုမတည်းရသေးဘူး'

အိုကေ... ကျွန်တော် လျောက်တွေးနေမိတာဘဲ... ဒီမောင်ပြာတာလေးက သူ့သူငယ်ချင်းကို ကူညီပေးနေတာ မဟုတ်ဘူး။

Kaoက အားလုံးကို လျစ်လျူရှုလိုက်ပြီးတော့ ဆိုဖာပေါ်မှာ လှဲချလိုက်တဲ့အခါမှာ စောနက နေရခက်တဲ့အခြေအနေမျိုး ပြန်ဖြစ်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ စောနကလောက် မတင်းမာတော့ပေမယ့် ဘယ်သူကမှ စကားစမပြောချင်ကြသေး...

'So...'

'သခင်ကြီး...'

ကျွန်တော် အလိုအလျောက် Khun Jayကို လှည့်ကြည့်လိုက်ပြီးတော့ ကိုယ့်ကိုယ်ကို တွေးပြီးရယ်နေသလိုမျိုး တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်မိသည်။ ပြီးတဲ့အခါမှာတော့ ကျွန်တော်က Soloဘက်ကို လှည့်ကြည့်လိုက်ပြီးတော့…

'အစ်ကို့မှာ အချိန်အများကြီး မကျန်တော့ဘူး'

အဲ့စကားလေးကို ကြားလိုက်တဲ့အခါမှာ တင်းမာနေတဲ့Soloရဲ့မျက်နှာလေးက လုံးဝလျော့ကျသွားပြီးတော့ သူ့အဖေဘက်ကို လှည့်ကြည့်လိုက်ကာ သူ့ဘက်က စကားစပြောလိုက်သည်။

'ကျွန်တော် အလုပ်ပြန်လုပ်မယ်'

'အင်း...'

အမ်... ကျွန်တော့်ရဲ့ခေါင်းက ဒိန်းခနဲဖြစ်သွားတာ… စကားပြောတာက အရမ်းမယဉ်ကျေးတဲ့ပုံစံဖြစ်နေတယ်မှတ်လား။

'ကျွန်တော် အစကနေပြန်စမယ်...'

Soloက သခင်ကြီးရဲ့မျက်နှာကို စိုက်ကြည့်ကာ တည်ငြိမ်စွာနဲ့ ဆက်ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက ချစ်ခြင်းမေတ္တာရဲ့အရိပ်အယောင် လုံးဝမရှိပေမယ့် အရင်တုန်းကလို အေးစက်စက်မျက်လုံးမဟုတ်တော့...

'အဖေနဲ့ ကျွန်တော့်ကြားက ကိစ္စတွေပါ ပါတယ်'

'...'

'ကျွန်တော် အရင်တုန်းက ကိစ္စတွေနဲ့ပတ်သတ်ပြီး ဘာအကြောင်းပြချက်တွေကို မေးမှာမဟုတ်ဘူး။ အားလုံးက ပြီးသွားပြီးသား... ဘာဘဲဖြစ်နေဖြစ်နေ ကျွန်တော်ကိုယ်တိုင်လည်း မသိချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဆုံးရှုံးခဲ့ရတဲ့အရာတွေကို ပြန်မရနိုင်တော့ဘူးလေ... ဒါပေမယ့် Guitarပြောသလို အစကနေ ပြန်စဖို့အတွက် ကျွန်တော် ကြိုးစားကြည့်မယ်'

'...'

'ကျွန်တော် အလုပ်လုပ်မယ်။ အဖေ့ရဲ့ခြေရာအတိုင်း ကျွန်တော် လှမ်းမယ်။ အဖေတည်ထောင်ထားတဲ့စီးပွားရေးလုပ်ငန်းတွေကို ကျွန်တော် ထိန်းသိမ်းပေးမယ်။ အခုက စပြီးတော့ ကျွန်တော် အရူးတစ်ယောက်လို တစ်ကိုယ်ကောင်းမဆန်တော့ဘူး။ ဒါပေမယ့် ကျွန်တော် တစ်ခုဘဲ လိုချင်တယ်'

Soloက ပြောနေတဲ့စကားကို ရပ်လိုက်ပြီး ကျွန်တော့်ကို လှည့်ကြည့်ကာ နူးညံ့တဲ့အပြုံးမျိုးနဲ့ ပြုံးပြလာသည်။ ပြီးတဲ့အခါမှာ သူက သခင်ကြီးဘက်သို့ ပြန်လှည့်လိုက်ပြီး ခိုင်မာတဲ့အသံနှင့် ပြောလိုက်သည်။

'Guitarကို ကျွန်တော့်ရဲ့ဘေးနားမှာ နေခွင့်ပေးပါ'

သခင်ကြီးက ချက်ချင်းမတုန့်ပြန်လာ... သူက သူ့သားရဲ့မျက်နှာကို မတူညီတဲ့အကြည့်တွေနဲ့ ကြည့်နေကာ ခဏလောက်အကြာမှာတော့ အဲ့ဒီမျက်လုံးတွေက နူးညံ့သွားတာကို တွေ့လိုက်ရသည်။ ဒါပေမယ့် ကျွန်တော် အဲ့ဒီမျက်လုံးတွေရဲ့အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းသိခါနီးအချိန်မှာ သခင်ကြီးရဲ့မျက်လုံးတွေက ကျွန်တော့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်လာသည်။

'မင်းရဲ့အဖြေကကော...'

ကျွန်တော် ရှေ့တစ်လှမ်းတက်လိုက်ပြီး သခင်ကြီးကို ယုံကြည်ချက်ရှိရှိနဲ့ စိုက်ကြည့်လိုက်သည်။ ဒါကို ပြန်ဖြေဖို့အတွက် ကျွန်တော့်ရဲ့အလုပ်သင်ကာလပြီးတဲ့အထိ စောင့်နေစရာမလို... ဘာလို့လဲဆိုတော့ သခင်ကြီးကို အခုဘဲ အဖြေပေးလို့ရသည်။ ပြီးတော့ အဲ့ဒီအဖြေက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်တဲ့ တစ်ခုတည်းသောအဖြေ...

'ကျွန်တော် Soရဲ့ဘေးနားမှာ ရှိနေချင်တယ်'

'မင်းက အင်ဂျင်နီယာလုပ်မှာ မဟုတ်ဘူးလား'

'မဟုတ်ပါဘူး'

Khun Jayကို ကြည့်လိုက်မိတဲ့အခါမှာ ကျွန်တော့်ကို အားပေးနေတဲ့အပြုံးမျိုးနဲ့ ပြုံးပြလာသည်။

'ကျွန်တော် Soရဲ့ဘေးနားမှာ နေချင်တယ်... သခင်ကြီးရဲ့ဘေးနားမှာ Khun Jayရှိနေပေးသလိုမျိုးပေါ့...'

ကျွန်တော် Khun Jayအကြောင်းပြောလိုက်တဲ့အခါမှာ သခင်ကြီးရဲ့မျက်လုံးတွေက နူးညံ့သွားခဲ့သည်။ နာမည်ထည့်ပြောခံလိုက်ရတဲ့သူကတော့ သခင်ကြီးရဲ့ဘေးနားမှာ ဒီအတိုင်းရပ်နေပြီး ပျော်ရွင်စွာနဲ့ ပြုံးနေသည်။ အဲ့ဒီအပြုံးက ဟန်ဆောင်ခြင်းကင်းမဲ့ပြီး လုံးဝကို ပျော်ရွင်စွာနဲ့ ပြုံးနေတဲ့အပြုံးမျိုး...

'အဲ့စကားရဲ့အဓိပ္ပာယ်က မင်း စာလေ့လာကြိုးစားခဲ့တဲ့လေးနှစ်တာအချိန်တွေကို ဒီအတိုင်း စွန့်ပစ်လိုက်မယ်လို့ ပြောနေတာဘဲ...'

သခင်ကြီးက တည်ငြိမ်စွာနဲ့ ပြောလာသည်။ အဲ့အသံကြောင့် ကျွန်တော် စိတ်မဖိစီးမိပေမယ့် တင်းမာနေတဲ့အခြေအနေကို ခံစားနေမိသည်။

'ကျွန်တော် အစကနေ အသစ်တစ်ခုကို ပြန်စဖို့ပြောနေတာဆိုရင်တော့... ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် Soရဲ့ဘေးနားမှာနေပြီး အလုပ်တွေကို ထိထိရောက်ရောက်ကူညီပေးနိုင်ဖို့ဆိုရင် ကျွန်တော် ဒီထပ်ပိုပြီးလေ့လာမှ ရမှာလေ... ဒါပေမယ့် 'စွန့်ပစ်တယ်'ဆိုတဲ့စကားကို သုံးလိုက်တာက အရမ်းကို ဈေးပေါလွန်းပါတယ်။ ကျွန်တော် သင်ယူခဲ့ရတဲ့အတွေ့အကြုံတွေက ကျွန်တော့်ရဲ့အနာဂတ်မှာ တိုးတက်အောင် လုပ်နိုင်ဖို့အတွက် သေချာပေါက်အသုံးပြုလို့ရမယ့် အဖိုးတန်တဲ့အတွေ့အကြုံတွေပါ'

ကျွန်တော် ကြုံတွေခဲ့ရတဲ့အဖြစ်အပျက်တွေကို တွေးမိရင်း ပြုံးလိုက်မိသည်။

'ဥပမာ... ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီးရှိတာမို့လို့ အခြားသူတွေထက်စာရင် ကိစ္စတော်တော်များများကို လုပ်နိုင်ပြီး နှာတစ်ဖျားသာတယ်။ ထပ်ထည့်ပြီးပြောရရင် ကျွန်တော်က ဂုဏ်ယူစရာကောင်းတဲ့B.Eဘွဲ့ကို မဟာတန်းအဆင့်တစ်နေရာကနေ ယူရမယ့်လူလေ...'

(Roll 1နဲ့ ဘွဲ့ရတာကို ပြောတာ… ထိုင်းမှာ အဲ့လိုအဆင့်ကောင်းတဲ့သူတွေကို မဟာအခမ်းအနားဆိုပြီး သက်သက်ဘွဲ့ပေးတယ်။ ရှေ့ဆုံးက ယူရတာပေါ့… ဒါပေမယ့် Master Degreeတော့ မဟုတ်ပါဘူး)

'...'

'အဲ့ဒါကြောင့် ကျွန်တော့်ရဲ့အချက်အလက်တွေနဲ့ လုပ်နိုင်စွမ်းတွေက RKလုပ်ငန်းစုရဲ့အမွေဆက်ခံသူ ဘေးနားမှာနေဖို့အတွက် ကောင်းကောင်းလုံလောက်နေပြီလို့ ကျွန်တော် ထင်တယ်'

သခင်ကြီးက ပြုံးလာတဲ့အပြင် ပျော်ရွင်နေတဲ့ အဲ့ဒီမျက်လုံးတွေကို မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်တော် အရမ်းပျော်မိသည်။ ကျွန်တော် ပြောချင်နေတဲ့အရာအားလုံးကို ပြောပြပြီးသွားတဲ့အခါမှာ ရုတ်တရက် အားအင်တွေ မရှိတော့သလို ခံစားလိုက်ရတာကြောင့် ယိုင်ကျသွားတဲ့ခန္ဓာကိုယ်ကို ထိန်းဖို့အတွက် ခြေထောက်ကို နောက်သို့ ဆုတ်လိုက်သည်။ သို့သော် ကျွန်တော့်အနောက်မှာရှိနေတဲ့ နွေးထွေးတဲ့လက်တွေက ကျွန်တော့်ကို ထောက်ကန်ပေးထားတာကြောင့် ကျွန်တော် စိတ်သက်သာမိသွားသည်။

'အစ်ကို အဆင်ပြေရဲ့လား'

Soloက စိုးရိမ်စွာနဲ့ မေးလာသည်။ သူက ကျွန်တော့်ကို ဆိုဖာဆီ ခေါ်သွားချင်ပေမယ့် သူ့ရဲ့လက်တွေကို ကျွန်တော် ဆုတ်ကိုင်လိုက်ပြီး ခေါင်းခါပြလိုက်မိသည်။

ကျွန်တော် သခင်ကြီးကို တစ်ခုမေးဖို့ကျန်သေးတယ်။

'သခင်ကြီး...'

နူတ်ခမ်းသားတွေကို ကိုက်ထားပြီး နှလုံးခုန်သံမြန်နေတာကို တောင့်ခံထားလိုက်ကာ ကျွန်တော် အမြဲတမ်းမေးချင်နေတဲ့မေးခွန်းကို မေးလိုက်သည်။

'ကျွန်တော် နေရာပေါင်းစုံမှာ ဝင်ပြီးလုပ်နေရတယ်ဆိုတာက... သခင်ကြီးရဲ့အမိန့်ကြောင့်လား မသိဘူး'

သူ တစ်ရုံးလုံးနဲ့ပတ်သတ်ပြီး အရာအားလုံးလုပ်ခဲ့ရတာ… အမှုဆောင်ရဲ့အခန်းထဲထိတောင် ဝင်ပြီး လုပ်ပေးခဲ့ရတာ... အမှုဆောင်ရဲ့ထိုင်ခုံပေါ်မှာ မထိုင်ဖူးတာကလွဲပြီး ကျန်တာအားလုံး လုပ်ခဲ့ပြီးပြီ။

(အမှုဆောင်ဆိုတာက ကုမ္ပဏီခွဲတစ်ခုရဲ့စီအီးအိုလို ရာထူးပါ။ အဲ့ကုမ္ပဏီခွဲမှာ အကြီးဆုံးပေါ့… ဒါပေမယ့် သူ့အထက်မှာ ရာထူးအများကြီးရှိသေးတယ်။ ထိုင်းမှာက အမှုဆောင်ရာထူးက အဲ့လိုပါ။ မြန်မာမှာတော့ ဘယ်လိုလဲမသိဘူး)

'Patက မင်းကို အားလုံးလုပ်ခိုင်းခဲ့တာလား'

သခင်ကြီးက မျက်ခုံးတွေကို ပင့်တင်ရင်း မေးလာသည်။ အနည်းဆုံးတော့ သခင်ကြီးက ဒီကိစ္စမှာ ပါဝင်ပတ်သတ်ခြင်းမရှိတာကြောင့် စိတ်သက်သာရာရမိသွားတဲ့အနေနဲ့ သက်ပြင်းချလိုက်မိသည်။

'မင်း အဖြေရှာတဲ့အခါမှာ ပိုပြီးမြန်အောင် ကူညီပေးဖို့ကိုဘဲ ငါ အမိန့်ပေးခဲ့တာပါ။ အလုပ်ကာလပြီးတဲ့အထိ အချိန်ပေးထားတယ်ဆိုတာ သိပေမယ့် ငါက အဲ့လောက်ထိ စိတ်ရှည်တဲ့သူမဟုတ်ဘူး'

'...'

ဘာလို့ ဒီလူသားနှစ်ယောက်က သားအဖဖြစ်နေရတာလဲဆိုတာကို ကျွန်တော် နားလည်သွားခဲ့ပြီ။

'Khun Guiကို အခုလိုပုံစံမျိုးဖြစ်အောင် ဘာလို့စနောက်ခဲ့တာလဲ သခင်ကြီးရယ်...'

Khun Jayက ကျွန်တော့်ကို ကူညီပေးချင်တဲ့အတွက်ကြောင့် မေးလာပေမယ့်လည်း သူ့ရဲ့အပြုံးက... ကျွန်တော်ရဲ့အခုလိုပုံစံမျိုးကို အရင်ဆုံးမြင်ခဲ့တဲ့Ai'Beerရဲ့အပြုံးထက်တောင် ပိုပြီးပြုံးနေသည်။

'Patက ဒီနည်းလမ်းကို သုံးလိမ့်မယ်လို့ ငါမှ မထင်ခဲ့တာ... ဒါပေမယ့် မင်း တောင်ခံနိုင်ပါတယ်။ နောက်တစ်လနှစ်လဆိုရင် ပြီးတော့မှာလေ...'

'ခဏလေး...'

သခင်ကြီးပြောနေတဲ့စကားတွေကို ရပ်လိုက်ဖို့အတွက် ကျွန်တော် လက်ပြပြီး တားလိုက်မိသည်။ ကျွန်တော် ဘယ်လိုမျိုး ပြုမှုသင့်လဲဆိုတာကို ခဏလောက် မေ့သွားခဲ့ပုံဘဲ...

'သခင်ကြီးပြောချင်တာက...'

'အင်းလေ...'

သခင်ကြီးက ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော် မြေကြီးတူးပြီး ကိုယ့်ကိုယ်ကို မြှုပ်ထားပစ်လိုက်ချင်သည်။

'မင်းရဲ့အဖြေက Soရဲ့ဘေးနားမှာ နေဖို့ဆိုရင် ငါလည်း မင်းကို ဒါတွေ လုပ်ခိုင်းမှာဘဲ... မင်း လူတွေအများကြီးနဲ့ သိဖို့လိုတယ်။ မင်း မတူညီတဲ့အလုပ်အမျိုးမျိုးကို သိဖို့လိုတယ်။ အဲ့ဒါမှ မင်း ဆက်လုပ်နိုင်မှာ...'

'အစ်ကိုလည်း အဲ့ဒါတွေကို လုပ်ပြီးသွားပြီ Khun Gui'

Khun Jayက ကျွန်တော့်ကို အားပေးချင်တဲ့အနေနဲ့ တောက်ပစွာ ပြုံးပြလာသည်။

'Guitar... ပါးစပ်ကြီးက ဘာလို့ဟထားတာလဲ။ အရမ်းပင်ပန်းနေလို့လား'

'P'Guiရဲ့ပုံစံက အရမ်းရယ်ရတယ်'

ထိုင်နေတဲ့Kaoက ချက်ချင်းမတ်တပ်ရပ်လာပြီးတော့ ရယ်လိုက်သည်။

သေလိုက်ပါတော့...

..._...

ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ရေခဲမုန့်ဆိုင်ထဲ ရောက်သွားလဲဆိုတာကို ကျွန်တော် နားမလည်... 'ကျွန်တော်တို့'လို့ ပြောလိုက်တယ်ဆိုတာက သခင်ကြီးအပါအဝင် ကျွန်တော်တို့ ငါးယောက်လို့ ပြောတာ... သခင်ကြီးပါ ကျွန်တော်တို့နဲ့ လိုက်လာခဲ့တာ... ကျွန်တော့်ရဲ့လေယာဉ်ချိန်ရောက်ဖို့ အချိန်တွေ အများကြီး လိုသေးတယ်လို့ ပြောခဲ့တာက ကျွန်တော်တို့ တစ်နေရာရာကို သွားမယ်လို့ ပြောခဲ့တာမှ မဟုတ်တာ...

'ကျွန်တော် ဒီနှစ်မျိုးယူမယ်'

အချိုတည်းချင်နေတဲ့ကောင်လေးက အရင်ဆုံး လျင်မြန်စွာနဲ့ မှာလိုက်သည်။

'သခင်ကြီး ဘာစားချင်လဲ'

'မင်းအတိုင်းဘဲ...'

ပုံမှန်အချိန်တိုင်းသာဆိုရင် ကျွန်တော် ဒီအတိုင်းလေးထိုင်ပြီး ထိုပုံရိပ်တွေကို ပြုံးပြီး ကြည့်နေမိမှာ... ဒါပေမယ့် အခုအချိန်မှာတော့ အရမ်းပင်ပန်းလွန်းတာကြောင့် စိတ်ထဲမှာတောင် ဘာမှမခံစားရ...

'Guitar ဘာစားချင်လဲ'

ကျွန်တော် ခေါင်းခါပြလိုက်ပြီးတော့ သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးနဲ့ ထိုင်ခုံပေါ်မှာ မှီထိုင်လိုက်ကာ မျက်လုံးတွေကို ပိတ်ထားလိုက်သည်။ ဒါပေမယ့် အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာဘဲ ဘေးနားက ကောင်လေးရဲ့ပုခုံးက ကျွန်တော့်အနားကပ်လာပြီး ကျွန်တော့်ရဲ့ခေါင်းလေးကို သူ့ရဲ့ပုခုံးပေါ် အသာလေးတွန်းတင်လိုက်သည်။

'ဒီလို အနေအထားမျိုးက ပိုပြီးအဆင်ပြေလိမ့်မယ်'

'ကျေးဇူးတင်ပါတယ်'

ကျွန်တော် ပြုံးလိုက်မိသည်။ ကျွန်တော် မခံစားခဲ့ရတာ ကြာနေပြီဖြစ်တဲ့ဂရုစိုက်မှုသေးသေးလေးကို ရရှိလိုက်တာကြောင့် ခံစားလို့ကောင်းနေသည်။

သခင်ကြီးရဲ့အရှေ့မှာ ဒီလိုမပြုမှုသင့်ဘူးဆိုတာ ကျွန်တော် သိပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်တော် မေ့ထားချင်သည်။

'ငါ Patကို ပြောလိုက်မယ်'

သခင်ကြီးက ရုတ်ရက်ပြောလာတာကြောင့် အိပ်ပျော်ခါနီးဖြစ်နေတဲ့ ကျွန်တော့်ရဲ့မျက်လုံးတွေက အလိုအလျောက် ပြန်ပွင့်သွားပြီးတော့ ခွေးပေါက်လေးကို လှည့်ကြည့်လိုက်သည်။ ခွေးပေါက်လေးကလည်း မသိဘူးဆိုတဲ့အကြောင်းကို ပြောပြဖို့အတွက် ခေါင်းကိုသာ ခါပြနေသည်။

'သခင်ကြီးပြောချင်တာက ဘာလဲမသိဘူး'

'မင်း ဒီနေ့ အလုပ်ပျက်ပြီး လာခဲ့တဲ့အကြောင်းလေ...' သခင်ကြီးက ပြတ်သားတဲ့အသံနှင့် ပြောလာသည်။ 'အမှန်တိုင်းပြောရရင် ငါ မင်းကို အလုပ်မရှုပ်စေချင်ဘူး။ ဒီနေရာကို မင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး လာခဲ့တယ်ဆိုပေမယ့်... မင်း အဲ့လိုလုပ်စရာမလိုဘူး။ မင်းကို ဒီကို လာခိုင်းခဲ့တဲ့သူက Soမဟုတ်ဘူးဆိုတာ ငါ သိတယ်။ တကယ်လို့ သူသာဆိုရင် သူ့ကို ဒီထပ်ပိုပြီး ပြင်းပြင်းထန်ထန်လုပ်ပစ်မှာ...'

အဲ့လိုသာဆိုရင် ကျွန်တော် ဒီကို လာဖို့အတွက် သခင်ကြီးကို ခွင့်တောင်းပေးခဲ့သူက မဟုတ်မှလွဲရော...

'အစ်ကို မဟုတ်ဘူးနော်...'

ကျွန်တော်က Khun Jayကို ကြည့်လိုက်တဲ့အခါမှာ Khun Jayက သူ မဟုတ်ကြောင်း ချက်ချင်းငြင်းလာခဲ့သည်။ ဖြစ်သွားတဲ့တုန့်ပြန်မှုတွေအရ သူ မဖြစ်နိုင်... အဲ့ဒါဆို တစ်ယောက်တည်းဘဲ ကျန်တော့တယ်...

'ကျွန်တော် အဖေ့ကို ခွင့်တောင်းလိုက်တာ...'

အဲ့ဒီမောင်ပြာတာလေးက ရေခဲမုန့်ကို ဇွန်းလေးနဲ့ခပ်ပြီး ပါးစပ်ထဲထည့်လိုက်ကာ...

'P'Gui အရမ်းပင်ပန်းနေတယ်ဆိုတာ ကျွန်တော် သိနေတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့သူငယ်ချင်းကို ခဏလောက် လာတွေ့သင့်တယ် ထင်လို့...'

'အဲ့ဒါနဲ့ သခင်ကြီးက သဘောတူခဲ့တယ်ပေါ့...'

'Jamပြောတာက ကျွန်တော့်သူငယ်ချင်းရဲ့အဖေက ကျွန်တော့်ရဲ့အဖေနဲ့တူတယ်တဲ့...'

'Jam...'

'အွန်းလေ...'

ကျွန်တော် နည်းနည်းလောက် ခေါင်းကိုက်သွားတာကြောင့် နားထင်လေးကို အသာလေးနှိပ်နယ်လိုက်မိသည်။ နောက်ဆုံးမှာတော့ ဒီကလေးကို လျစ်လျူရှုထားလိုက်တာက အကောင်းဆုံးသော ရွေးချယ်မှုဖြစ်လိမ့်မယ်လို့ တွေးလိုက်မိသည်။

'သခင်ကြီး... ဒီကိုလာဖို့အတွက် ကျွန်တော့်ဘာသာ ကျွန်တော် ရွေးချယ်ခဲ့တာပါ'

'ပြောရရင်... မင်းက ငါ့သားကို ကူညီပေးခဲ့အတွက် ငါ ပြောပေးချင်နေတာပါ။ ပြီးတော့... ပေးထားတဲ့ကတိအတိုင်း မင်းတို့နှစ်ယောက်က အချိန်အတော်ကြာတဲ့အထိ ဘာအထွန့်မှ မတက်ဘဲ အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်ခဲ့ပြီးသွားပြီလေ... ငါတို့ကိစ္စက ပြီးသွားပြီလို့တောင် ပြောလို့ရသေးတယ်'

သခင်ကြီးက ပြောပြီးတာနဲ့ ရေခဲမုန့်ကို ခပ်စားလိုက်ကာ စကားစကို ဖြတ်လိုက်သည်။ ကျွန်တော့်ကို ဘာမှဆက်ပြောခွင့်မပေးခဲ့...

'အမ်...'

ကျွန်တော် ဘေးနားက ခွေးပေါက်လေးကို လှည့်ကြည့်လိုက်သည်။ စားပွဲအောက်မှာ လက်ချင်းရိုက်နေကြတဲ့ မောင်ပြာတာလေးနဲ့ ခွေးပေါက်လေးကို သခင်ကြီးပါ တွေ့လိုက်ရတာ...

'နှစ်ယောက်သား ပေါင်းလုပ်ထားကြပြန်ပြီလား'

ကျွန်တော် မျက်လုံးတွေကို ကျဉ်းထားပစ်လိုက်ပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။ ဒါပေမယ့် ခွေးပေါက်လေးက ဘာမှမသိသလိုမျိုး ခေါင်းလေးကို စောင်းကြည့်ကာ မျက်တောင်လေးကို ပုတ်ခပ်ပုတ်ခပ်လုပ်နေသည်။

'So Kaoကို ကူညီလာအောင် ဘယ်လိုလုပ်လိုက်တာလဲ'

တစ်ခုခုတော့ ရှိရမယ်။ မဟုတ်ဘူးဆိုရင် ဒီမောင်ပြာတာလေးက လွယ်လွယ်လေးနဲ့ ကူညီလာမှမဟုတ်ဘူး။

'Guitar ဘာတွေ ပြောနေတာလဲ'

'ဘာမှမလုပ်ထားသလို ဟန်ဆောင်နေပြန်ပြီပေါ့...'

ကျွန်တော့်ဘေးနားက ကောင်လေးရဲ့ပေါင်ကို ဆွဲစိတ်လိုက်တဲ့အခါမှာ ထိုကောင်လေးရဲ့ပါးစပ်က ဟသွားပြီးတော့ သူ့ရဲ့ပေါင်ကို သူ့ဘာသာပွတ်သပ်နေသည်။

'အဖေ ဦးလေးPatနဲ့ အရမ်းမရင်းနှီးဘူးဆိုရင် ကျွန်တော် ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်'

'မသိချင်ယောင် ဆောင်ပြန်ပြီ'

မရိုမသေလုပ်နေတဲ့ခွေးပေါက်လေးက သနားစရာကောင်းတဲ့ပုံစံမျိုးလုပ်လိုက်ပြီး ရေခဲမုန့်ကို စားနေသည်။

'...'

'ကလေးလိုမျိုး စိတ်ဆိုးချင်ယောင်ဆောင်ပြန်ပြီ'

ကျွန်တော် မကျေနပ်စွာနဲ့ ပြောပြီးသွားတဲ့အခါမှာ ကျွန်တော့်ရဲ့ခေါင်းလေးကို ခွေးပေါက်လေးရဲ့ပုခုံးပေါ်သို့ ထပ်ပြီးတင်လိုက်မိသည်။

အခုလိုမျိုး နေရတာက အရမ်းကို သက်တောင့်သက်သာရှိလွန်းတာကြောင့် အခုအချိန်မှာ ရှက်မိတဲ့စိတ်တွေကို လျစ်လျူရှုထားလိုက်မိသည်။ ကျွန်တော် လုံးဝကို အိပ်ပျော်သွားခဲ့တာ…

.

ကျွန်တော် အခု ကားပေါ်ရောက်နေမှန်း သတိထားလိုက်မိသည်။ ကျွန်တော် အိပ်ချင်မူးတူးဖြစ်နေတယ်ဆိုပေမယ့် ကျွန်တော် Soloခေါ်သွားတဲ့ကားထဲသို့ လမ်းလျောက်ပြီး သွားခဲ့တယ်ဆိုတာကိုတော့ သတိရလိုက်သည်။ အခု ကျွန်တော်က ကားရဲ့အနောက်ခုံမှာ အိပ်နေတာဖြစ်ပြီး အရှေ့ခုံမှာတော့ Soloက ကားမောင်းနေကာ သူ့ရဲ့ဘေးမှာ Kaoက ထိုင်နေသည်။ Khun Jayနဲ့ သခင်ကြီးက အလုပ်သွားစရာရှိသေးတာကြောင့် အခြားကားတစ်စီးနဲ့ သက်သက်သွားတာ...

ကျွန်တော်တို့ လေဆိပ်ရောက်တဲ့အခါမှာတော့ ခွေးပေါက်လေးက တိတ်ဆိတ်နေသည်။ အရင်တစ်ခါတုန်းက ကျွန်တော့်ကို လိုက်ပို့သလိုမျိုး ငိုမဲ့ငိုမဲ့ဖြစ်မနေ... ကျွန်တော် ဝင်ခါနီးအချိန်မှာတောင် သူက တိတ်ဆိတ်နေတုန်း...

'So ဘာဖြစ်နေတာလဲ'

ကျွန်တော် Soloကို စိုးရိမ်စွာနဲ့ လှည့်ကြည့်လိုက်မိသည်။

'ဘာမှမဖြစ်ပါဘူး'

'အဲ့ဒါဆို ဘာလို့ အရမ်းတိတ်ဆိတ်နေရတာလဲ'

Soloက ခဏလောက် ထပ်ပြီးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့် ကျွန်တော် သူ့ကို ထပ်မေးဖို့ လုပ်လိုက်ပေမယ့်လည်း သူ့ရဲ့လက်နှစ်ဖက်က ကျွန်တော့်ရဲ့မျက်နှာကို ဆွဲယူလိုက်ပြီး ကျွန်တော့်ရဲ့နှဖူးလေးကို ခပ်ဖွဖွလေး နမ်းလာခဲ့သည်။

'ကျွန်တော် ဒါကို လက်ခံဖို့အတွက် ကြိုးစားနေတာ...'

သူက ကျွန်တော့်ရဲ့ပါးပြင်လေးကို ကြင်ကြင်နာနာနဲ့ ထိတွေ့လာတယ်။ သူ့ရဲ့ခံစားချက်တွေကို မျက်နှာပေါ်မှာ မဖော်ပြထားပေမယ့် သူ့ရဲ့အသံမှာ ဝမ်းနည်းမှုတွေပါနေတယ်လို့ ကျွန်တော် ခံစားလိုက်ရသည်။

'ကျွန်တော့်ရဲ့ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်ကို ထပ်ပြီးလွှတ်ပေးရတာက လွယ်ကူတဲ့ကိစ္စတစ်ခုမှ မဟုတ်တာ...'

အဲ့စကားတွေကို ကြားလိုက်ရတဲ့အခါမှာ Solo ဘယ်လိုခံစားရမလဲဆိုတာကို ကျွန်တော် ဖြည်းဖြည်းချင်းနားလည်လာခဲ့သည်။ အစတုန်းက အရမ်းပင်ပန်းတဲ့ခံစားချက်နဲ့ အိပ်ချင်နေတဲ့စိတ်တွေကလွဲပြီး ကျွန်တော် ဘာမှမတွေးမိခဲ့... Soloက အခုလိုမျိုး တစ်ယောက်တည်း အထီးကျန်စွာနဲ့ တွေးနေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကျွန်တော် မသိ...

ကျွန်တော့်မျက်နှာပေါ်က ကောင်လေးရဲ့လက်တွေကို ဆွဲဖယ်လိုက်ပြီး သူ့ရဲ့ရင်ခွင်နဲ့နီးသွားအောင် တိုးကပ်လိုက်ကာ ဝမ်းနည်းနေတဲ့ကောင်လေးကို ကျန်ရှိနေသေးတဲ့ ကျွန်တော့်ရဲ့ခွန်အား အားလုံးကို အသုံးပြုပြီးတော့ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

'ဒါက နောက်ဆုံးအကြိမ်ဖြစ်မှာပါ'

ကျွန်တော်တို့ အခုလိုမျိုး အချိန်အတော်ကြာတဲ့အထိ ခွဲနေရတာက ဒါက နောက်ဆုံးအကြိမ်ပါ။

'အင်း...'

Soloက ကျွန်တော့်ကို ပြန်ပြီးပွေ့ဖက်လာတယ်။ ကျွန်တော် သူ့ရဲ့မျက်နှာကို မမြင်ရဘူးဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့ခံစားချက်တွေက တူညီလိမ့်မယ်ဆိုတာ ကျွန်တော် သိသည်။

ကျွန်တော်တို့ နှစ်ယောက်စလုံး အရမ်းနာကျင်ရတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တွေကို မြန်မြန်ဆန်ဆန်နဲ့ ဖြတ်ကျော်သွားချင်သည်။

ဒါက နောက်ဆုံးအကြိမ်ပါလို့ တွေးလိုက်မိတဲ့အခါမှာ ကျွန်တော်တို့ ခွန်အားတွေ ပြည့်ဝသွားသလိုမျိုး ခံစားလိုက်ရသည်။ ကျွန်တော်တို့ ဒီလိုမျိုး ဘယ်တော့မှ ခွဲခွာတော့မှာမဟုတ်ဘူးလို့သာ တွေးနေမိခဲ့တယ်။ စိတ်ပျက်အားငယ်တဲ့အချိန်တိုင်းမှာ ဒီအကြောင်းလေးကို ထပ်ခါထပ်ခါတွေးပြီးတော့ အားအင်တွေ တက်လာအောင် လုပ်ရမည်။ အခုတစ်ခါလိုမျိုးပေါ့...

ကျွန်တော်တို့ ဒီအခက်အခဲကို ဖြတ်ကျော်ပြီးသွားတဲ့အခါမှာ သူရှိတဲ့နေရာတိုင်းမှာ ကျွန်တော် ရှိနေရမည်။ သူ ဘယ်နိုင်ငံဘဲ သွားပါစေ... ကျွန်တော် သူ့ရဲ့ဘေးနားမှာ အမြဲတမ်းရှိနေပေးမည်။ အဲ့ဒါကြောင့် အခုလိုမျိုး အချိန်အတော်ကြာတဲ့အထိ ဝေးနေရတယ်ဆိုတာက... ဒါက နောက်ဆုံးအကြိမ်ပင်...

'အစ်ကို အလုပ်သင်ကာလပြီးလို့ ပြန်လာတဲ့အချိန်ကျရင် So အစ်ကို့ကို ပိုက်ဆံချေးပါ'

'ဟုတ်ကဲ့... ဒါနဲ့ အဲ့ဒါက ဘယ်နေရာမှာသုံးဖို့လဲ'

'မာစတာဘွဲ့ကို ဆက်တက်မလို့လေ...'

ကျွန်တော် Soloရဲ့လက်ကို ဆုတ်ကိုက်ထားလိုက်ပြီးတော့ ကျွန်တော့်ဘဝမှာ အတည်ငြိမ်ဆုံးဖြစ်နေတဲ့အသံမျိုးနှင့် ပြောလိုက်မိသည်။

'ဒါပေမယ့် အရင်ဆုံး အစ်ကို့ကို နှစ်လလောက်တော့ အိပ်ခွင့်ပေးနော်...'

အစ်ကို သေတော့မယ်။

..._...

Continue Reading

You'll Also Like

1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
34K 884 80
the scummiest of them all Reminders: 1. read the title. it is familiar so this content is definitely NOT MINE. 2. this is a translation captured usi...
4.2K 134 7
After the sudden appearance of her estranged father, Sarada finds herself thrust into the unfamiliar realm of high society. Will a handsome devil hel...
After Dark By Z

Teen Fiction

16.5K 583 42
《 This is a BoyxBoy story 》 William Caddel wants to live. Between crushing expectations and the strictness that comes with them that seems like such...