OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.4K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၄၀

9 0 0
By newkhonpai

တစ်ချိန်တည်းမှာဘဲ ကျောင်းတက်ပြီး အလုပ်လုပ်နေရတဲ့ကောင်လေးကတော့...

'ကျွန်တော် Guitarဆီ သွားမယ်'

C Siwarokinက သူ့သားရဲ့မျက်နှာကို စိတ်ကုန်နေတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။ သူ့ရဲ့ဘေးနားမှာတော့ သူနဲ့ရင်းနှီးနေတဲ့လက်ထောက်ဖြစ်တဲ့သူက သခင်လေးကို ကြည့်ရင်း ရယ်ချင်နေတဲ့စိတ်ကို ထိန်းထားနေသည်။

Soloက အဲ့ဒီနာမည်က လွန်ခဲ့တဲ့သုံးနာရီအတွင်းမှာ ဆယ့်ငါးခါလောက် ခေါ်နေခဲ့တာ... အရင်နေ့တွေပါ ထည့်ပေါင်းလိုက်ရင် အခါငါးဆယ်ထက်မနည်းရှိနေပြီ။ သို့သော် သူ့သားရဲ့တာဝန်သိစိတ်ကိုတော့ ကျေးဇူးတင်မိသည်။ ဘယ်လောက်ဘဲ သွားချင်နေပါစေ... အလုပ်ကို လုံးဝပစ်မထားခဲ့ဘူး။ ဒါပေမယ့် အခုလိုမျိုး ခဏခဏပြောလာတဲ့အခါမှာတော့ ကြားနေရတဲ့သူတွေက နားကြားပြင်းကတ်လာသည်။

'မင်း သည်းခံမှာပေါ့...'

သူ အဲ့စကားကို ဒီနေ့တစ်နေ့တည်းမှာဘဲ ဆယ့်ငါးကြိမ်မြောက်ပြောမိခြင်းဖြစ်သည်။

'အဖေ... ကျွန်တော် တစ်လလောက် သည်းခံပြီးသွားပြီလေ...'

Soloက မျက်မှောင်ကြုတ်ထားလိုက်ပြီးတော့ ဝမ်းနည်းနေတဲ့မျက်နှာပုံစံမျိုးဖြစ်သွားသည်။

'တစ်ဖက်ကောင်လေးက ကောင်းကောင်းသည်းခံနိုင်တယ် မဟုတ်ဘူးလား'

အဲ့စကားကို ကြားလိုက်တဲ့အချိန်မှာ Soloက ပိုပြီးတင်းကြပ်စွာ မျက်မှောင်ကြုတ်လာသည်။ ရက်ပေါင်းများစွာကြာတဲ့အထိ Guitarရဲ့မျက်နှာကို မမြင်ခဲ့ရဘူးဆိုတာကို တွေးမိရုံနဲ့တင် သူ နေရထိုင်ရတာ လုံးဝအဆင်မပြေလာ... Guitarက ပိုပြီးသည်းခံနိုင်တယ်လို့ တစ်ယောက်ယောက်က ပြောလာတဲ့အချိန်မှာတော့ သူ့ရဲ့စိတ်အခြေအနေက ပိုပြီးဆိုးရွားလာပြီ။

သည်းခံနိုင်တာနဲ့ သည်းခံဖို့လိုတာနဲ့က လုံးဝမတူဘူးလေ...

'ကျွန်တော် ဒီနေ့သွားမယ်'

Solo ဆုံးဖြတ်လိုက်တယ်။ သူ အလုပ်ထဲမှာ နစ်မြုပ်နေတယ်ဆိုရင်တောင်မှ အရာအားလုံးကို ထားပစ်ခဲ့ပြီးတော့ သူ့စိတ်ထဲမှာ ရှိနေတဲ့လူတစ်ယောက်ဆီ သွားမယ်လို့ တွေးလိုက်မိသည်။

'ဒီနေ့ အစည်းအဝေးရှိတယ်လေ...'

Cက မတ်တပ်ရပ်လိုက်ပြီးတော့ စတင်ရွေ့လျားနေတဲ့ သားဖြစ်သူရဲ့ခြေထောက်တွေကို ကြည့်လိုက်မိသည်။

'ထွက်သွားမှာ!'

'ချုပ်ထားစမ်း!'

သခင်ကြီးအမိန့်ပေးလိုက်တာနဲ့ တံခါးနားမှာ ရပ်နေတဲ့အစောင့်တွေက သူတို့ရဲ့သခင်လေးကို လျင်မြန်စွာနဲ့ ချုပ်ထားလိုက်ပြီးတော့ ထွက်ပြေးခွင့်လုံးဝမပေးခဲ့...

'ကျွန်တော့်ကို လွှတ်!'

သူ့ကို ချုပ်ထားတဲ့သူတွေက တစ်ယောက်ထက်မက ရှိနေတာကြောင့် အော်ဟစ်ပြီးတော့ ရုန်းထွက်နေသည်။ သို့သော် သူ ဘယ်လောက်ဘဲအားသန်နေပါစေ... သူ ဘာမှလုပ်လို့မရခဲ့...

'မင်းမှာ သည်းခံနိုင်မှုမရှိဘဲ အောင်မြင်လိမ့်မယ်လို့ ထင်နေတာလား'

Cက အေးစက်စွာနဲ့ပြောလိုက်ပြီးတော့... ဘယ်သူ့စကားမှနားမထောင်တော့ဘဲ ဒေါသတကြီးဖြစ်နေတဲ့ကောင်လေးနဲ့ နီးကပ်လာတဲ့အထိ တိုးကပ်လိုက်သည်။

'သခင်ကြီး...'

ဘေးနားမှာ ရပ်နေပြီး ဒီအဖြစ်အပျက်တွေကို ကြည့်နေမိတဲ့သူက ရှေ့ကို တိုးလိုက်ပြီးတော့ Cရဲ့လက်မောင်းကို သတိပေးတဲ့အနေနဲ့ လှမ်းဆွဲလိုက်သည်။ အခုမှ စကောင်းခါစရှိသေးတဲ့ သူတို့သားအဖကြားက ဆက်ဆံရေးကို အရင်လိုမျိုး ပြန်မဖြစ်စေချင်တော့... ဒီလူသားနှစ်ယောက်ရဲ့အပြုအမူစိတ်ထားနဲ့ အရာအားလုံးက တူညီလုနီးပါး... တကယ်လို့ Cသာ ဒေါသထွက်သွားရင် အရာအားလုံးကို ဖျက်ဆီးပစ်မှာ...

'အဖေ! ကျွန်တော့်ကို လွှတ်ပေး!'

ထိုအော်သံကြောင့် သခင်ကြီးရဲ့မျက်လုံးတွေထဲက ဒေါသပုံရိပ်တွေက တရိပ်ရိပ်တိုးပွားလာခဲ့သည်။

'သူ့ကို အိမ်လေးထဲ ခေါ်သွားလိုက်... သူ့ဖုန်းကို သိမ်း၊ အင်တာနက်လိုင်းကို ဖြတ်ထား... သူ့ကို အပြင်လုံးဝမထွက်စေနဲ့... ဘယ်သူနဲ့မှလည်း မဆက်သွယ်စေနဲ့... ငါ့အမိန့်မရမချင်း သူ့ကို စောင့်ကြည့်နေ...'

'အဖေ!'

'သခင်ကြီး...'

အခြေအနေက ပိုပြီးဆိုးရွားလာတာကို မြင်လိုက်ရတဲ့အခါမှာ Jayက သူတို့သားအဖနှစ်ယောက်ကြားထဲ အမြန်သွားလိုက်ပြီးတော့...

'သခင်လေးက ကျောင်းတက်ရဦးမယ်လေ...'

'သူကမှ လူလိုနားမလည်တာ... ကျောင်းတက်စရာမလိုဘူး'

'ကျွန်တော့်ကို လွှတ်! အဖေက ကျွန်တော့်ကို ဘယ်တုန်းက နားလည်ပေးခဲ့လို့လဲ!'

Cက လက်မောင်းတွေကြားထဲမှာ ချုပ်ခံထားရတဲ့သားဖြစ်သူရဲ့မျက်နှာကို ဆွဲကိုင်လိုက်သည်။ လုံးဝနီးပါးတူညီတဲ့ အေးစက်စက်မျက်လုံးနှစ်စုံက အကြည့်ချင်းဆုံမိသွားတဲ့အခါမှာတော့ သားဖြစ်သူက လုံးဝကို ငြိမ်သက်သွားသည်။

'မင်းအတွက်ဘဲ မင်း တွေးမနေနဲ့...'

C အဲ့စကားကို ပြောလိုက်ပြီးတဲ့အခါမှာ အစောင့်တွေက သူ့ရဲ့ခေါင်းမာတဲ့သားကို အခန်းအပြင်ဘက်သို့ ဆွဲထုတ်သွားသည်။

'သခင်ကြီး...'

Cက သူ့ရဲ့နားထင်ကို ပင်ပန်းစွာနဲ့ ပွတ်သပ်နေသည်။ အရင်တုန်းက သူ့သားလိုမျိုး အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာတွေကို ပြန်သတိရလာပြီးတော့ မမှတ်မိချင်တော့တဲ့မှတ်ဥာဏ်တွေက ခေါင်းထဲမှာ တဖန်ပြန်ပေါ်လာခဲ့သည်။

'သခင်ကြီး... သခင်ကြီး...'

Jayက သခင်ကြီးရဲ့လက်မောင်းကို စိုးရိမ်စွာနဲ့ ထိတွေ့လိုက်ပြီးတော့ အဆက်မပြတ်ခေါ်နေမိသည်။ ပြီးတော့ သူတို့ အကြည့်ချင်းဆုံသွားတဲ့အခါမှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို Cက ဆွဲယူလိုက်ပြီးတော့ တင်းကြပ်စွာ ပွေ့ဖက်လာသည်။

'သူက ငါနဲ့တော်တော်တူတာဘဲ...'

ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားပြီး ဘာမှမလုပ်နိုင်ဖြစ်နေတဲ့လူကတော့ မျက်တောင်လေးကိုသာ ပုတ်ခပ်ပုတ်ခပ်လုပ်နေမိသည်။ ဒါပေမယ့် သူ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ Cကို ပြန်ပြီးပွေ့ဖက်ထားလိုက်ကာ Cရဲ့ကျောပြင်လေးကို ကြင်ကြင်နာနာနဲ့ ပုတ်သပ်ပေးပြီး နှစ်သိမ့်ပေးနေမိသည်။

'အရမ်းတူတာပေါ့...'

'သူက ငါ့ကို နားမလည်ဘူးလို့ ပြောတယ်'

'အင်း...'

'ငါ သူ့ကို နားမလည်ပေးနိုင်ဘူးလို့ သူက ဘာကြောင့်ထင်နေတာလဲ'

'ဟုတ်တယ်...'

'သူက လပိုင်းလောက်ဘဲ သည်းခံရတာပါ။ ငါက နှစ်ပေါင်းများစွာ သည်းခံလာခဲ့ရတာ... ငါ့ကိုကျတော့ ဘယ်သူမှနားမလည်ပေးကြဘူး'

'ကျွန်တော် နားလည်ပါတယ်'

Jayက ရယ်လိုက်ပြီးတော့ ကလေးတစ်ယောက်လို ပြုမူနေတဲ့လူကြီးလေးရဲ့ကျောပြင်ကို ဆက်ပြီး ပုတ်သပ်ပေးလိုက်သည်။

Jay အရမ်းပျော်နေမိသည်။ အရာအားလုံးက သူ့အတွက်တော့ အိမ်မက်မက်နေသလိုဘဲ... အရင်ရက်တွေတုန်းက သူတို့ချည်းဘဲ ဆွေးနွေးတိုင်ပင်ခဲ့ပြီးတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုက ပိုပြီးတော့ သေချာလာခဲ့သည်။ သူတို့က အခုထိ တရားဝင်မဟုတ်သေးသော်လည်း သခင်ကြီးရဲ့ဘေးနားမှာ အခုလိုမျိုး တစ်သက်လုံးနေခွင့်ရရုံနဲ့တင် လုံလောက်တာထက်တောင် ပိုနေပါပြီ။

'သခင်လေးကို အခုလိုမျိုး အတန်းဖြတ်ခိုင်းလိုက်တော့ အဆင်ပြေပါ့မလား'

Jayက စိုးရိမ်စွာနဲ့ မေးလိုက်ပြီးတော့ တင်းကြပ်စွာဖက်ထားတဲ့ခန္ဓာကိုယ်လေးကို အသာလေးတွန်းလိုက်ပြီး အကြည့်ချင်းစုံလိုက်သည်။

'Kaoကို သူတို့ရဲ့ဆရာဆီ ခွင့်တိုင်ပေးဖို့ ပြောလိုက်လေ... ဒီကောင်လေးရဲ့အကျင့်တွေကို ငါ အခုမှ မပြင်ပေးရင်... ဖူးခက်မှာ ရှိနေတဲ့ကလေးက သူ့ကြောင့် ပိုပြီးပင်ပန်းရလိမ့်မယ်'

Cရဲ့အကြည့်တွေက Jayရဲ့မျက်လုံးတွေဆီကနေ လုံးဝမခွာဘဲ ရှင်းပြလိုက်သည်။ ပြီးတဲ့အခါမှာ Cရဲ့လက်လေးက တဖြည်းဖြည်းမြင့်တက်လာပြီးတော့ နိုင်ငံခြားသားစစ်စစ်ဖြစ်တဲ့လက်ထောက်လေးရဲ့ ဖွေးဥကြည်လင်နေတဲ့ပါးပြင်လေးကို ဖွဖွလေးထိတွေ့လိုက်သည်။

C သူ့အရှေ့မှာ ရှိနေတဲ့လူသားလေးရဲ့အပြုံးကို မြင်လိုက်ရတဲ့အချိန်မှာ နားလည်လိုက်ရတာက...

Guiဆိုတဲ့ကောင်လေးကို အခွင့်အရေးပေးမိတဲ့နောက်ထပ်အချက်က... အဲ့ကလေးရဲ့ပတ်လည်မှာ ရှိနေတဲ့အရှိန်အဝါက Jayနဲ့တူတယ်လို့ ခံစားနေရတာကြောင့် ဖြစ်နိုင်သည်။

နူးညံ့သိမ်မွေ့တယ်... ဒါပေမယ့် မပျော့ညံ့ဘူး။

..._...

လှလှပပလေးပြင်ဆင်ထားတဲ့ ကြီးမားကျယ်ပြန့်တဲ့အိပ်ခန်းက အခုချိန်မှာတော့ မူရင်းအခြေအနေနဲ့လုံးဝမတူဘဲ အပျက်အစီးတွေနဲ့ ရှုပ်ပွနေသည်။ ကွဲကြေနေတဲ့မှန်ကွဲစတွေက ကြမ်းပြင်ပေါ်မှာ တစ်စစီပြန့်ကြဲနေပြီး ကွဲနေတဲ့တီဗီနှင့်အတူ အခြားသောပစ္စည်းတွေက နေရာအနှံ့အပြားမှာ လွင့်ပစ်ခြင်းခံထားရသည်။ အဲ့အရာတွေအားလုံးကို လုပ်ခဲ့တဲ့လူက ရှုပ်ပွနေတဲ့ကုတင်ပေါ်မှာ လှဲနေတာ…

Soloက ဖြည်းဖြည်းချင်းလှုပ်ရှားလိုက်ပြီးတော့ ဖြူဖျော့နေပြီး အားအင်မရှိတော့တဲ့ သူ့ရဲ့မျက်နှာလေးကို ခေါင်းအုံးထဲ နှစ်လိုက်ဖို့ ကြိုးစားလိုက်သည်။ သူ့ရဲ့ခေါင်းကိုက်ဝေဒနာနဲ့ ဗိုက်ထဲက နာကျင်မှုတွေက ယခုလက်ရှိ သူ့ရဲ့နှလုံးသားထဲက နာကျင်မှုကို လုံးဝမယှဉ်နိုင်...

တစ်ပတ်...

သူ Guitarရဲ့အသံလေးကို မကြားခဲ့ရတာ တစ်ပတ်တိတိရှိခဲ့ပြီ... ပြီးတော့ ဒီအခန်းထဲမှာ ပိတ်လှောင်ထားခံခဲ့ရတာလည်း တစ်ပတ်တိတိရှိခဲ့ပြီ။

သူ့အဖေပြောခဲ့တဲ့စကားတွေကို သူ ကောင်းကောင်းနားလည်သည်။ ဒီအတိုင်း အင်တာနက်နဲ့ ဖုန်းကို အသုံးပြုခွင့်မပေးတာမဟုတ်... ဒီတိုင်း Guitarနဲ့ စကားပြောခွင့်ပေးတာမဟုတ်... သူ့ရဲ့အဖေက Jayနဲ့တောင် သူ့ကို တွေ့ခွင့်မပေးတော့တာ... သူက ဒီတစ်အိမ်လုံးမှာ တစ်ယောက်တည်းဘဲ... သူ့အတွက် အစားအစာပြင်ပေးမယ့်အိမ်အကူတောင် မရှိ... အရာအားလုံးကို သူ့ဘာသာသူ လုပ်ရတယ်။ ပြီးတော့ ဒီအိမ်ရဲ့ပတ်လည်မှာလည်း သူ့ကိုစောင့်ကြည့်နေကြတဲ့လူအချို့ရှိသည်။

သူ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် သူ့ရဲ့အဖေက ဒီအိမ်ထဲက အရာအားလုံးနီးပါးကို သိထားတာကြောင့် သူ ကျရှုံးခဲ့သည်။ အဲ့ဒါကြောင့် သူ့ရဲ့ရင်ဘတ်ထဲမှာ မီးလိုပူလောင်နေတဲ့ခံစားချက်တွေကို လျော့ချဖို့အတွက် ပစ္စည်းတွေအားလုံးကို ရိုက်ခွဲပစ်သည်။ အရာအားလုံးကို ဖျက်ဆီးပြီးသွားသော်လည်း ဘာမှပိုမကောင်းလာပါ။

'Guitar...'

အားနည်းနေတဲ့အသံခပ်တိုးတိုးလေးက သူ သတိရနေတဲ့ကောင်လေးရဲ့နာမည်ကို နာကျင်စွာနဲ့ ရေရွတ်နေသည်။

ဒေါက်... ဒေါက်...

'ထွက်သွား!'

Soloရဲ့မျက်နှာက ခေါင်းအုံးဆီကနေ လုံးဝမမော့လာဘဲ အော်လိုက်သည်။

ဒေါက်... ဒေါက်...

'...'

ဒေါက်... ဒေါက်... ဒေါက်...

'ထွက်သွားလို့ ငါပြောနေတယ်လေ!'

ခွမ်း!

ဒေါသတကြီးနဲ့ အော်လိုက်ပြီးတော့ သူ့ရဲ့လက်က ဘေးနားမှာ ရှိနေတဲ့ပန်းအိုးကို လှမ်းယူလိုက်ကာ တံခါးကို ပစ်ပေါက်လိုက်တာကြောင့် ပန်းအိုးက တစ်စစီ ကွဲကြေသွားသည်။

Soloက ဒေါသစိတ်တွေကြားထဲမှာ မွန်းကြပ်လာတာကြောင့် ငုတ်တုတ်ထထိုင်လိုက်သည်။ ဖြူဖျော့နေတဲ့မျက်နှာလေးက ဒေါသတွေထန်နေတဲ့ပုံစံမျိုးဖြစ်နေတာ… သူ အဲ့လိုမျိုးမဖြစ်ခဲ့တာ တော်တော်ကြာခဲ့ပြီ။

ဒေါက်... ဒေါက်... ဒေါက်... ဒေါက်... ဒေါက်...

'ငါ ပြောနေတာ...!'

'မအေဘေး! မင်းပါးစပ်ကို ပိတ်ထားပြီး လသာဆောင်တံခါးကို လာဖွင့်!'

ဒေါသထွက်နေတဲ့ကောင်လေးက အံ့သြမှုတွေနဲ့အတူ မျက်လုံးအပြူးသားဖြစ်သွားသည်။ ဒီနေရာမှာ အဲ့လောက်ထိ အကျယ်ကြီး လာမအော်သင့်ပေမယ့် သူ့သူငယ်ချင်းအရင်းကြီးရဲ့အသံက ဘာလို့ ဒီအထိ ရောက်လာတာလဲဆိုတာကို နားမလည်နိုင်ဖြစ်မိသည်။ ဒါပေမယ့် သူ ခေါင်းတစ်ချက်ခါလိုက်ပြီး သိလိုက်ရတာက...

ဒီအသံက အရှေ့တံခါးက လာတာမဟုတ်ဘူး။

ရှည်လျားတဲ့ခြေထောက်တွေက လျင်မြန်စွာနဲ့ ကုတင်ပေါ်က ဆင်းလာကာ လသာဆောင်ဘက်ကို သွားလိုက်သည်။ ပြီးတဲ့အခါမှာ တစ်ခန်းလုံးကို အမှောင်ချထားတဲ့လိုက်ကာကို ဆွဲဖယ်လိုက်ပြီးတော့ တံခါးကို ဖွင့်လိုက်သည်။

ပထမဆုံးအနေနဲ့ လိုက်ကာကို ဆွဲဖယ်လိုက်တဲ့အခါမှာ... သူ့ရဲ့သူငယ်ချင်းက မျက်မှောင်ကြုတ်ထားပြီး လက်ပိုက်ထားကာ သူ့ကို စိုက်နေတာကို တွေ့လိုက်ရသည်။ ဒုတိယအနေနဲ့ တံခါးဖွင့်လိုက်တဲ့အခါမှာ Kaoက အခန်းထဲ အမြန်ဝင်လိုက်ပြီးတော့ ရှုပ်ပွနေတဲ့သူ့ရဲ့ဆံပင်တွေကို ဒေါသတကြီးနဲ့ ဆွဲလိုက်သည်။

'မင်းက လူတိုင်းကို ပြသာနာဖြစ်အောင် လုပ်နေတာဘဲ!'

Kaoက သူ့သူငယ်ချင်းရဲ့ခေါင်းကို ပြင်းထန်စွာဆွဲလိုက်ပေမယ့် ခဏလောက်ကြာတဲ့အထိ Soloက ဘာမှမတုန့်ပြန်လာတာကြောင့် သူ့ရဲ့လက်တွေကို ရပ်လိုက်သည်။ သူ အရပ်ရှည်ရှည်နဲ့ကောင်လေးကို တစ်ချက်လောက်ကြည့်လိုက်ပြီးတဲ့အခါမှာ သူ့ရဲ့ခန္ဓာကိုယ်ကို အားနဲ့တွန်းလိုက်သည်။ လသာဆောင် တံခါးကို ပိတ်လိုက်ပြီး အခန်းကို မှောင်သွားအောင် လိုက်ကာတွေကို ဆွဲပိတ်လိုက်ကာ အခန်းမီးတွေကို ဖွင့်လိုက်တယ်။

အခန်းရဲ့အခြေအနေက ကြွက်သိုက်ထက်တောင် ရှုပ်ပွနေတာကြောင့် အသန့်ကြိုက်တဲ့သူက မျက်မှောင်တွေကို ကြုတ်ထားလိုက်သည်။ ပြီးတဲ့အခါမှာ သူ့ရဲ့မျက်လုံးတွေက အသေကောင်တစ်ယောက်လို ဘာတုန့်ပြန်မှုမှမရှိဘဲ ဒီအတိုင်း ထိုင်နေတဲ့သူငယ်ချင်းဖြစ်သူကို မြင်လိုက်ရတဲ့အခါမှာ သူ့ရဲ့မျက်နှာက ပိုပြီးတော့တောင် ဆိုးရွားသွားသည်။

အခန့်ညားဆုံးဖြစ်တဲ့ကျောင်းတစ်ခုလုံးရဲ့Moonက... အခုကျတော့ ကြောက်စရာကောင်းတာထက်တောင် ပိုနေပြီ။ ဖြူဖျော့ပြီး ထိုင်းမှိုင်းနေတဲ့မျက်နှာက သေခါနီး လူနာတစ်ယောက်လိုပင်... ပြီးတော့ သူ့ရဲ့ဆံပင်တွေကလည်း ဆယ်နှစ်လောက် မလျှော်ရသေးတဲ့ခေါင်းလိုမျိုး ရှုပ်ပွနေတာ… ပြီးတဲ့အပြင် ဒီတစ်ခန်းလုံးကို တစ်စစီဖြစ်အောင် လုပ်ထားရာကနေ ရလာတဲ့ဒဏ်ရာတွေက သူ့ရဲ့လက်နှစ်ဖက်လုံးနှင့် ခြေထောက်တွေမှာပါ ရှိနေသည်။

'မင်းက အရူးဘဲ...'

Kaoက ဒေါသတကြီးနဲ့ ပြောလိုက်မိပေမယ့် သူ့ရဲ့လက်တွေက သူ့သူငယ်ချင်းရဲ့ဒဏ်ရာတွေကို သန့်ရှင်းပေးဖို့အတွက် တစ်ခုခုကို ရှာဖွေလိုက်သည်။

'...'

'ငါ ဘာလို့ ဒါမျိုးတွေ လုပ်နေရတာလဲ'

ဒီအတိုင်း ထိုင်နေတဲ့လူရဲ့လက်ကို Kaoက လှမ်းကိုင်လိုက်သည်။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာတွေကို သန့်ရှင်းရေးလုပ်ပေးနေတဲ့အချိန်မှာ သူက သူ့ရဲ့လက်တွေကို ဇက်ခနဲဆွဲဖယ်လိုက်ပြီးတော့ လူသတ်ချင်နေတဲ့အကြည့်တွေနဲ့ သူ့သူငယ်ချင်းကို စိုက်ကြည့်လိုက်သည်။

အခြားသူတွေကသာ အဲ့အကြည့်ကို မြင်လိုက်မယ်ဆိုရင် ကြောက်လန့်သွားကြမယ်ဆိုပေမယ့်... ဒါပေမယ့် ဒီလူက Kaoလေ...

'ငါ့ကို အဲ့လိုမျက်နှာမျိုးနဲ့ လာမကြည့်နဲ့!'

Kaoက သူ့သူငယ်ချင်းရဲ့မျက်နှာကို လက်ညိုးနဲ့ထိုးလိုက်ပြီးတော့ Soloရဲ့အကြည့်တွေအတိုင်း ပြန်ကြည့်ပေးလိုက်သည်။ ပြီးတဲ့အခါမှာ သူငယ်ချင်းဖြစ်သူရဲ့လက်ကို ပြန်ဆွဲယူလိုက်ပြီးတော့ ဒေါသဖြစ်နေတဲ့အသံနှင့် ပြောလိုက်သည်။

'ငြိမ်ငြိမ်နေစမ်း... နောက်တစ်ခါ ထပ်လှုပ်မယ်ဆိုရင် မင်းကို တစ်ယောက်တည်း ထားခဲ့မယ်'

နားထောင်နေတဲ့ကောင်လေးက သူ့ရဲ့ဒေါသဖြစ်နေတဲ့စိတ်တွေကို ပျောက်သွားဖို့ ကြိုးစားလိုက်သည်။ လက်က နာကျင်မှုကြောင့် Soloက ခေါင်းကိုသာ ခါလိုက်မိပြီး သူ့ဒဏ်ရာတွေကို ဆေးထည့်ပေးနေတဲ့သူငယ်ချင်းကို စိတ်ညစ်စွာနဲ့ ကြည့်နေလိုက်မိသည်။ ဒါပေမယ့်လည်း သူက ဒီအတိုင်း မျက်မှောင်ကြုတ်ထားပြီး မျက်နှာအမူအရာလုံးဝမပြောင်းဘဲ အရုပ်တစ်ရုပ်လိုမျိုး ငြိမ်သက်စွာထိုင်နေသည်။

ဒဏ်ရာတွေ ဆေးထည့်ပြီးသွားတဲ့အခါမှာတော့ Kaoက နောက်ကျောမှီထိုင်လိုက်ပြီး သူ့သူငယ်ချင်းရဲ့မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူ့ဘက်က စကားစလာမှာကို Kaoစောင့်နေမိပေမယ့် ခဏလောက်ကြာတဲ့အထိ အဲ့ဒီဖြူဖျော့တဲ့နူတ်ခမ်းသားတွေထဲကနေ ဘာစကားသံမှ ထွက်မလာ...

'So... မင်းကတော့ တကယ်ဘဲ...'

Kaoဘက်ကနေ စပြီးတော့ စကားပြောလာသည်။ ဒီအတိုင်းထိုင်ပြီး နားထောင်နေတဲ့သူက မဲ့ပြုံးပြုံးလာပြီးတော့ Kaoရဲ့မျက်လုံးတွေကို ကြည့်လိုက်သည်။

'ဘာလို့လဲ... ငါ့ရဲ့အခြေအနေက အဲ့လောက်တောင် ဆိုးနေလို့လား'

ခွပ်!

'ငါ့ကို အဲ့လိုပေါက်ကရတွေ လာမပြောနဲ့!'

Kao သူ့သူငယ်ချင်းရဲ့ခေါင်းကို ဖြတ်ရိုက်လိုက်ပြီးတော့ လက်ညိုးထိုးကာ ပြောလိုက်သည်။

'မင်း လွန်လာပြီနော်Kao...'

Soloက ခေါင်းမော့လိုက်ပြီးတော့ သူ့အရှေ့က မျက်လုံးတွေကို ဒေါသဖြစ်နေတဲ့အကြည့်တွေနဲ့ ကြည့်လိုက်သည်။ သူ့ခေါင်းကို လာထိတာမျိုးကို လုံးဝသဘောမကျဘူး။ သူ့ရဲ့ခေါင်းကို အခုလိုမျိုး သတ္တိရှိရှိနဲ့ လုပ်လာတာက ဒါက ပထမဆုံးအကြိမ်ပင်... သူသာ သူငယ်ချင်းတစ်ယောက်မဟုတ်ဘူးဆိုရင် လည်ပင်းညှစ်သတ်နေတာ ကြာပြီ။

'ငါက ကူပေးနေတာ... မင်းခေါင်းထဲက အသုံးမကျတဲ့ချီးတွေ အပြင်ထွက်သွားအောင် ငါ လုပ်ပေးနေတာ...'

Kaoက လုံးဝကို ဂရုမစိုက်ဟန်ပြလိုက်ပြီးတော့ ဆက်ပြောလာသည်။

'မေးပါရစေဦး... မင်းက Soကော ဟုတ်ရဲ့လား။ ဘာလို့လဲဆိုတော့ ငါ မင်းကို မသိသလိုမျိုး ခံစားနေရတယ်'

'မင်း ဘာကို ပြောချင်နေတာလဲ'

'တကယ်လို့ မင်းနေရာမှာ ငါ့သူငယ်ချင်း အဲ့ခွေးကောင်သာဆိုရင် ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။ သူက ခံစားနေရတာတောင် ထုတ်မပြတက်သလို... လွယ်လွယ်လေးနဲ့လည်း ဒေါသမထွက်တက်ဘူး။ သူက အကျိုးအကြောင်း သေချာစဉ်းစားတက်တယ်... မဟုတ်ရင်တောင် အနည်းဆုံးတော့ သူ့ကိုယ်သူထက် ပိုပြီးချစ်ရတဲ့လူရဲ့အကြောင်းကို တွေးပေးတယ်'

ပြောပြီးသွားတဲ့အခါမှာ Kaoက သူ့အရှေ့က သူငယ်ချင်းဖြစ်သူရဲ့ ခြေဖျားကနေ ခေါင်းအထိ သေချာကြည့်လိုက်ပြီးတော့ ပြုံးလိုက်ကာ...

'ဒါပေမယ့် ငါမြင်နေရတဲ့လူက တုံးအတဲ့ အရှုံးသမားတစ်ယောက်ဘဲ... ပြီးတော့ အကျိုးအကြောင်း ကောင်းကောင်းမစဉ်းစားဘဲ အရူးတစ်ယောက်လို လျောက်လုပ်နေတဲ့လူ...'

'ငါလည်း ဒီလိုမျိုး မဖြစ်ချင်ဘူး'

Soloက သက်ပြင်းချလိုက်ပြီးတော့ ခေါင်းတွေကို ကုတ်လိုက်ကာ...

'အဖေက...'

'မင်းအဖေပေါ် အပြစ်လွှဲချမနေနဲ့ So...'

Kaoက အေးစက်နေတဲ့အသံနဲ့ ကြားဖြတ်ပြောလာသည်။

'ဒါတွေအားလုံးကို မင်းဘာသာ မင်းလုပ်ခဲ့တာ...'

'ငါ...'

'မင်းက မင်းတစ်ယောက်တည်းအတွက်ဘဲ တွေးနေတာ...'

'မင်းအတွက်ဘဲ မင်း တွေးမနေနဲ့...'

အဖေ့ရဲ့စကားသံတွေက သူ့ရဲ့ခေါင်းထဲမှာ ပြန်ကြားယောင်လာခဲ့တယ်။ ဒါ့ပြင် Kaoကလည်း သူ့ကို အဲ့စကားအတိုင်းပြောလာတာကြောင့် သူ့ရဲ့မာကျောနေတဲ့မျက်နှာပေါ်က ဒေါသစိတ်တွေက လုံးဝမရှိတော့တဲ့အထိ ပျော့ကျသွားခဲ့သည်။ Soloရဲ့ပုံစံက တစ်ယောက်ယောက်ဆီက နှစ်သိမ့်မှုကို လိုအပ်နေတဲ့ကလေးလေးတစ်ယောက်ရဲ့ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။

ကံမကောင်းစွာနဲ့ဘဲ အဲ့ဒီလူက သူနဲ့အတူတူရှိမနေဘူး။ ဘာလို့လဲဆိုတော့ သူ့သူငယ်ချင်းKaoက...

'အသနားခံနေတဲ့ခွေးမျက်နှာမျိုးလုပ်ပြီး ငါ့ကို လာမကြည့်နဲ့...'

အခုလိုမျိုး ရက်စက်တက်တဲ့လူတစ်ယောက်ဘဲ...

'ဒါဆို ငါ ဘာလုပ်သင့်လဲ'

Soloက ခပ်တိုးတိုးလေးမေးလိုက်ကာ သူ့သူငယ်ချင်းရဲ့အကြည့်တွေကို ရှောင်ဖို့အတွက် ခေါင်းကို ငုံ့ထားလိုက်သည်။ ဘာလို့လဲဆိုတော့ သူ ကျိန်ဆဲဖို့တောင် အရမ်းပျင်းနေပြီလေ...

'ငါ မင်းကို ပြောပြမှာ မဟုတ်ဘူး။ အရူးရဲ့...'

'...'

'ဒါပေမယ့် အဲ့ဒီလူက မင်းကို ပြောပြလိမ့်မယ်'

'ဘယ်သူလဲ'

'ငါ့နောက်လိုက်ခဲ့...'

လသာဆောင်ဘက်သို့ သွားနေတဲ့Kaoနောက်ကနေ သူ လိုက်လာလိုက်သည်။ အဲ့ရောက်တဲ့အခါမှာတော့ Kaoက တံခါးဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်လောက်ကြည့်လိုက်ကာ ဒုတိယထပ်က လသာဆောင်ကို ခုန်ဆင်းသွားသည်။

သူငယ်ချင်းဖြစ်သူက လသာဆောင်အောက်ဘက်သို့ အလွယ်တကူဆင်းသွားတာကို မြင်လိုက်ရတဲ့အခါမှာ ပြောမပြတက်တဲ့ခံစားချက်နဲ့အတူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ Solo ဒီအတိုင်းကြီး ရပ်နေမိတာကြောင့် Kaoက အချက်ပြလာမှသာ သူလည်း လိုက်ဆင်းလိုက်မိသည်။ အိမ်ပတ်လည်စောင့်ကြည့်နေကြတဲ့လူတွေက ဘယ်ရောက်သွားကြလဲဆိုတာကို သိချင်နေပေမယ့် သူ့အတွက်တော့ အနှောင့်အယှက်မရှိ... ဒီနေရာကနေ အခုလို ထွက်ပြေးလာရတာဘဲ ခံစားလို့ကောင်းနေသည်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ သူ နောက်မှ Kaoကို မေးတော့မယ်။

Kaoက အရှေ့ကနေ ဦးဆောင်လိုက်ပြီးတော့ ခြံစည်းရိုးကို ကျော်လိုက်သည်။ သူတို့ အဲ့ဒီအိမ်နဲ့ဝေးလာတဲ့အထိ ခဏလောက် လမ်းလျောက်ပြီးကြတဲ့အချိန်မှာ Jayကို တွေ့လိုက်ရသည်။ ဒီနေရာက ဘယ်မှာလဲဆိုတာ သူ သေချာမသိ... ဘာလို့လဲဆိုတော့ သူ့ရဲ့အဖေက အိမ်အများကြီးပိုင်တယ်လေ... အခုအိမ်က အိမ်အကြီးကြီးမဟုတ်သေးဘူးဆိုပေမယ့် လူတစ်ယောက်ကို ပိတ်လှောင်ထားဖို့အတွက်ဒီအိမ်ကို ဘယ်သူမှ သုံးကြမှာမဟုတ်...

'သခင်လေး...'

Jayက သူ့ဆီ ပြေးလာပြီးတော့ သူ့ရဲ့အခြေအနေကို စစ်ဖို့အတွက် စိုးရိမ်တကြီးနဲ့ ခြေဖျားကနေ ခေါင်းအထိ ကြည့်နေသည်။

'Jay...'

ရှုပ်ထွေးနေတဲ့စိတ်ခံစားချက်တွေက သူ့ကို ယိမ်းယိုင်လာစေတဲ့အထိ ထိုးနှက်နေသည်။ သူ မြေကြီးပေါ် လုံးဝလဲမကျခင်မှာ Kaoက သူ့ရဲ့ခန္ဓာကိုယ်ကို အချိန်မှီ ထိန်းပေးလာတာကြောင့် ကံကောင်းသွားခဲ့တာ... စုံမှိတ်ထားတဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူ အရမ်းသတိရနေမိတဲ့လူတစ်ယောက်ရဲ့ပုံရိပ်က ဝေဝေဝါးဝါးလေး ပေါ်လာသည်။

'Guitar...'

'ဟုတ်တယ်...'

ဒါ အိမ်မက်မဟုတ်ဘူး။

'Guitar!'

Solo မျက်လုံးအပြူးသားဖြစ်သွားပြီး အရာအားလုံးကို မေ့သွားခဲ့သည်။ သူ့ရဲ့လက်တွေက သူ့ကို ထူပေးနေတဲ့လူကို ဆွဲယူပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ အခု သူ့ရဲ့နှလုံးသားကလည်း ပေါက်ကွဲမတက်ခုန်ပေါက်နေပြီ။ သူ့ရဲ့Guitarကလည်း ဘာမှမပြောဘဲ သူ့ကို ပြန်ပြီးပွေ့ဖက်လာသည်။ သူ ဖက်ထားတာကို ခွာလိုက်ပြီးတော့ လနဲ့ချီပြီး မမြင်ခဲ့ရတဲ့မျက်နှာလေးကိုသာ စိုက်ကြည့်နေမိသည်။ ပြီးတဲ့အခါမှာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲနဲ့ Guitarကို ကားနားသို့ ဆွဲခေါ်သွားလိုက်သည်။

'နေကောင်းရဲ့လား'

Gui သူ့ဘေးနားက သူ့ကို စိုက်ကြည့်နေတဲ့ကောင်လေးရဲ့ခေါင်းကို အသာလေးပုတ်သပ်ပေးလိုက်ပြီး နူးညံ့တဲ့အသံနှင့် မေးလိုက်သည်။

'ထွက်ပြေးရအောင်...'

'ဟမ်...'

'ကျွန်တော်တို့ အတူတူထွက်ပြေးရအောင်...'

Soloက Guiရဲ့လက်တွေကို ဆုတ်ကိုင်ထားပြီးတော့ တည်ငြိမ်တဲ့အသံနဲ့ ပြောလာသည်။

'ကျွန်တော် Guitarနဲ့မဝေးချင်တော့ဘူး။ ကျွန်တော် အလုပ်လည်း မလုပ်ချင်တော့ဘူး။ ကျွန်တော် ဘာမှမလုပ်ချင်တော့ဘူး'

နားထောင်နေတဲ့ကောင်လေးက Soloရဲ့မျက်နှာကို ဘာခံစားချက်မှမရှိတဲ့အကြည့်နဲ့ ကြည့်နေသည်။ ခဏလောက်အကြာမှာ သနားကြင်နာတက်တဲ့မျက်လုံးတွေက စိတ်ပျက်နေတဲ့အရိပ်အယောင်ပြလာပေမယ့် မျက်တောင်တစ်ခပ်စာအချိန်အတွင်းမှာ သူ့ရဲ့မျက်လုံးတွေက ပုံမှန်ပြန်ဖြစ်သွားသည်။

'ကောင်းပြီလေ...'

'Khun Gui!'

ကားမောင်းနေတဲ့Jayက အလန့်တကြားနဲ့ လှည့်ကြည့်လာပေမယ့် Guiရဲ့မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အခါမှာတော့ Jayနားလည်သွားခဲ့သည်။

'Soက ဘယ်ကို သွားချင်တာလဲ'

'အဖေ ကျွန်တော်တို့ကို ရှာမတွေ့နိုင်မယ့် ဘယ်နေရာဘဲဖြစ်ဖြစ်ပေါ့...'

..._...

သူတို့ရှိနေတဲ့နေရာနဲ့ သိပ်မဝေးတဲ့ကမ်းခြေသို့ သူတို့ လာခဲ့ကြသည်။ Jayက ဒီအတိုင်း မတ်တပ်ရပ်နေပြီး သစ်ပင်ကို မှီထားကာ လက်ချင်းတွဲပြီး ကမ်းခြေဘက်သို့ လျောက်သွားနေတဲ့လူနှစ်ယောက်ကို စိုးရိမ်စွာနဲ့ ကြည့်နေမိသည်။ သူ သခင်လေးကို စိတ်ပူမိတယ်ဆိုပေမယ့် ဒီမနက်ကမှ ဖူးခက်ကနေ ချက်ချင်းပြန်လာခဲ့တဲ့သူကို ပိုပြီးစိတ်ပူနေမိတာ…

'အခုလို ကူညီပေးခဲ့တဲ့အတွက် Khun Kaoကို ကျေးဇူးတင်ပါတယ်' Jayက သူ့ဘေးနားက ကောင်လေးကို ပြုံးပြီးပြောလိုက်သည်။ 'ကျွန်တော်တစ်ယောက်တည်းသာဆိုရင် သခင်လေးကို တွေ့လို့ရမှာ မဟုတ်ဘူး'

'ရပါတယ်'

မနေ့တုန်းက အဲ့အိမ်မှာ စောင့်ကြည့်နေတဲ့…  Jayနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်က Solo ထမင်းပန်းကန်ကို လုံးဝမထိတွေ့ခဲ့တာ တော်တော်ကြာနေပြီလို့ ပြောလာခဲ့သည်။ ပြီးတော့ သူတို့အမြဲတမ်း အခန်းထဲကနေ ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကို ကြားနေရတယ်တဲ့... အဲ့စကားတွေကြောင့် Jayအရမ်းစိတ်ပူလာပြီး ဘာလုပ်ရမှန်းမသိဖြစ်မိတာ… နောက်ဆုံးမှာတော့ Guiဆီ အရင်ဆုံးဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်မိသည်။ Soloဆီကနေပြီးတော့ တစ်ပတ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရလာတာကြောင့် Guiက အရမ်းစိတ်ပူနေမှာ...အဲ့ဒါကြောင့် Soloကို ပိတ်လှောင်ထားတဲ့အိမ်ရဲ့လိပ်စာကို Guiက မေးလာတဲ့အခါမှာ သူ ဘာမှ မေးခွန်းမထုတ်မိ...

အဲ့ဒါနဲ့ နောက်နေ့မှာတော့ စောင့်နေတဲ့အစောင့်တွေကို အာရုံလွှဲပြီး အိမ်ထဲဝင်ဖို့အတွက် သူ Kaoကို အကူအညီတောင်းခဲ့သည်။ ဒါပေမယ့် ဒီကလေးက အခုလိုမျိုး လသာဆောင်ကနေတက်ပြီး Soloကို ခေါ်ထုတ်လိမ့်မယ်လို့တော့ သူ မမျှော်လင့်ခဲ့မိဘူး။

ဒါပေမယ့် သူ မမျှော်လင့်ထားဆုံးအရာကတော့... Guiက ဖူးခက်ကနေ ဒီနေရာအထိ ပြန်လာခဲ့တာဘဲ...

Kaoက ကားထဲကနေ ထွက်သွားတဲ့အခါမှာ Guiက Jayဆီ ဖုန်းဆက်လာခဲ့သည်။ ဖုန်းထဲက ကောင်လေးက ဒီကိုလာနေပြီလို့ ပြောလာတဲ့အခါမှာ အရမ်းအံ့သြသွားခဲ့တာ… ပြီးတော့ သူတို့ တွေ့လိုက်တဲ့အခါမှာ Guiရဲ့ပုံစံက အရမ်းပင်ပန်းနေတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။ ဒါပေမယ့် အဲ့ကောင်လေးက ပြုံးပြီး နေနိုင်တုန်းဘဲ... Soloထွက်လာတဲ့အချိန်မှာတော့ ပင်ပန်းနေတဲ့မျက်လုံးတွေက ပျော်ရွင်မှုနဲ့အတူ တလဲ့လဲ့တောက်ပနေတာကို Jay တွေ့လိုက်ရသည်။ ဒါပေမယ့် တဖြည်းဖြည်း နီးကပ်လာတဲ့အချိန်မှာတော့ အဲ့ဒီမျက်လုံးတွေမှာ ဝမ်းနည်းမှုတွေက အစားထိုးလာခဲ့တာ…

'P'Gui လုပ်နိုင်လိမ့်မယ်လို့ အစ်ကိုထင်လား'

Kaoက ကမ်းခြေမှာ လမ်းလျောက်နေတဲ့သူနှစ်ယောက်ကို လှည့်ကြည့်လိုက်မိသည်။ Kaoက လူသိအောင် အများကြီးမပြထားဘူးဆိုပေမယ့် အသာလေးကြုတ်ထားတဲ့မျက်ခုံးတွေကြောင့် သူလည်း Jayလိုမျိုး Guiကို စိတ်ပူနေတယ်ဆိုတာ သိသာသည်။

'အစ်ကိုလည်း စိတ်ပူမိတယ်... တကယ်တော့ အစ်ကို Khun Guiကို ဖုန်းမဆက်လိုက်သင့်ဘူး' Jayက အပြစ်ရှိသလိုမျိုးခံစားနေတဲ့အသံမျိုးနဲ့ ပြောလာသည်။ 'ဒါပေမယ့် ဘာမှမစားမသောက်ဖြစ်နေတဲ့သခင်လေး တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်မိတယ်။ အရမ်းစိတ်ပူနေမိလို့ Khun Gui အရမ်းပင်ပန်းနေတယ်ဆိုတာကို အစ်ကို မေ့သွားခဲ့တာ...'

'Ai'Soက ဘာလို့ အဲ့လောက်ထိ ဖြစ်သွားရတာလဲ'

'ဘာလို့လဲဆိုတော့ Khun Guiက သခင်လေးအတွက် ကယ်တင်ရှင်တစ်ယောက်လိုဘဲ...'

Jayက ခပ်တိုးတိုးလေးရယ်လိုက်မိသည်။ ဘာလို့လဲဆိုတော့ သူပြောခဲ့တဲ့အရာတွေက သူ့ရဲ့ကိုယ်ပိုင်ဘဝနဲ့ မခြားနားဘူးလေ...

'သခင်လေးရဲ့ဘဝမှာ ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတွေအားလုံးကို ဖြည့်ဆည်းပေးခဲ့တဲ့သူဘဲ... သခင်လေးက ငယ်ငယ်လေးကတည်းက သူ့ခြေထောက်ပေါ် သူ ရပ်တည်ပြီး ကြီးပြင်းလာခဲ့ရတာ... နွေးထွေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းလာတာမဟုတ်တဲ့အတွက်ကြောင့် သူ အခုလိုမျိုး အပြင်းအထန်ဖြစ်သွားခဲ့တာ...'

'...'

Kao ဘာမှထပ်မမေးတော့... Jayကလည်း လမ်းအတူတူလျောက်နေကြတဲ့ကောင်လေးနှစ်ယောက်ကို ကြည့်နေသည်။ နှစ်ယောက်စလုံးက ပြုံးနေကြတယ်ဆိုပေမယ့် မတူညီတဲ့ခံစားချက်တွေကို ဖော်ပြနေတာ… Soloက ပျော်ရွင်စွာနဲ့ပြုံးနေပေမယ့် Guiရဲ့အပြုံးက အဲ့လိုမျိုးမဟုတ်...

'သတိထားမိရဲ့လား သခင်လေးရာ...'

…_...

'ကျွန်တော် Guitarကို အရမ်းလွမ်းနေတာ...'

Soloက ပြောလာသည်။ သူ့ရဲ့တည်ငြိမ်နေတဲ့မျက်နှာပေါ်မှာတော့ ဝမ်းသာပျော်ရွင်မှုတွေက အထင်းသား...

'အစ်ကိုလည်း Soကို လွမ်းတယ်'

Guiက ပြန်ဖြေလိုက်သည်။ အဲ့စကားတွေက လိမ်နေတာမဟုတ်ပေမယ့် မျက်နှာပေါ်က အပြုံးက ပျော်နေတဲ့အပြုံးမျိုးမဟုတ်... သူ့ရဲ့ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်ထားတဲ့ဟန်ဆောင်အပြုံး... အံ့သြစရာကောင်းစွာနဲ့ သူ့ဘေးနားက ကောင်လေးက သတိမထားမိ...

'ကျွန်တော် အစ်ကို့ကို မဆက်သွယ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ အဖေက ကျွန်တော့်ကို အဲ့အိမ်လေးထဲမှာ လှောင်ပိတ်ထားတာ... ကျွန်တော် ဖုန်းကော အင်တာနက်ကော ဘာမှသုံးလို့မရဘူး'

Soloက လမ်းလျောက်နေရင်း သူ ဘာဖြစ်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကို ဆက်ပြီးပြောနေမိတယ်။ Guiကို ဖုန်းမဆက်ဖြစ်တာကြောင့် Guiစိတ်ဆိုးနေမှာကို သူကြောက်နေမိတာ...

'အဆင်ပြေပါတယ်'

'ဒါပေမယ့် ကျွန်တော်... ကျွန်တော် အစ်ကို့ကို လွမ်းတယ်'

'အစ်ကို သိပါတယ်'

Gui အသံမထွက်အောင် ရယ်လိုက်မိသည်။ ဒီကောင်လေး လွမ်းနေမယ်ဆိုတာကို သူ သိတယ်။ ဘာလို့လဲဆိုတော့ သူလည်း အတူတူခံစားနေမိတာကို...

'So ဘယ်ကို သွားချင်လဲ'

'ဝေးတဲ့နေရာကို သွားချင်တယ်'

Soloက Guiကို လှည့်ကြည့်လာတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ ပိုပြီးဝေးဝေးသွားနိုင်လေလေ... ပိုပြီးကောင်းလေလေလို့ ထင်နေတဲ့ပုံဘဲ... Soloက ဘေးနားမှာရပ်နေတဲ့ကောင်လေးရဲ့လက်ကို တင်းကြပ်စွာဆုတ်ကိုင်လိုက်ပြီး ကားဆီသို့ ပြန်လာခဲ့လိုက်သည်။ Jayနဲ့ Kaoက အဲ့နေရာမှ သူတို့ကို စောင့်နေကြတာ...

'အဖေမရှာနိုင်မယ့်တစ်နေရာကို ကျွန်တော်တို့ သွားရအောင်...'

Kaoကတော့ ဘာမှမပြောဘဲ သက်ပြင်းသာချလိုက်ပြီး ကားထဲသို့ ဝင်လိုက်သည်။ ကားမောင်းဖို့အတွက် အမိန့်ပေးခံရတဲ့Jayက Guiကို စိုးရိမ်စွာနဲ့ လှည့်ကြည့်လိုက်တော့...

'Khun Gui...'

'သူ ပြောသလိုဘဲ သွားရအောင် Khun Jay...'

Guiက ဘာမှထပ်မပြောတော့ဖို့အတွက် အချက်ပြတဲ့အနေနဲ့ ခေါင်းညိမ့်ပြလာသည်။ အဲ့ဒါကြောင့် သူလည်း ဘာမှမပြောတော့ဘဲ ကားထဲသို့ ဝင်ထိုင်လိုက်သည်။

ကားက Soloညွှန်ပြတဲ့အတိုင်း အဝေးပြေးလမ်းမကြီးပေါ်မှာ မောင်းနှင်နေသည်။ သူ သွားချင်တဲ့နေရာရောက်တာနဲ့ ကားကို ရပ်ခိုင်းတယ်။ ပြီးတဲ့အခါမှာ သူ့ချစ်သူကို ကားပေါ်က ခေါ်သွားပြီးတော့ ချစ်သူနဲ့အတူတူ လမ်းခဏလောက်လျောက်... ရှုခင်းနည်းနည်းပါးပါးကြည့်ပြီးတာနဲ့ နောက်တစ်နေရာကို ထပ်သွားခိုင်းပြန်တယ်။ အံ့သြစရာကောင်းတာက စကားအရမ်းနည်းတဲ့Soloက အရင်နေ့တွေကထက် စကားတွေ အများကြီးပြောနေခဲ့တာဘဲ… တကယ်တော့ သူ တစ်ယောက်တည်းကသာ စကားတွေ အများကြီးပြောနေခဲ့တာလို့ ပြောရင် ပိုမှန်လိမ့်မယ်။

'Guitar ဗိုက်ဆာနေလား'

'မဆာပါဘူး'

'Guitar ဘာလိုချင်လဲ။ ကျွန်တော်...'

'မလိုချင်ဘူး'

သူတို့ သွားနေတဲ့လမ်းကြောင်းက ပိုပြီးရှည်လျားလာတဲ့အခါမှာ စိုးရိမ်မှုတွေက တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့သည်။ အပြင်လူနှစ်ယောက်ကတော့ ဒီအတိုင်းသာ ထိုင်နေပြီး ကသိကအောက်ဖြစ်စေတဲ့အထိ ပြောနေကြတဲ့စကားတွေကိုသာ တစ်လမ်းလုံးနားထောင်လာခဲ့ရတာ… အဲ့လိုမျိုး နေရခက်တဲ့ပတ်ဝန်းကျင်အခြေအနေမျိုးဖြစ်အောင် လုပ်ထားတဲ့လူနှစ်ယောက်ရဲ့ခံစားချက်တွေကတော့ လုံးဝကို ကွဲပြားနေသည်။

Solo စကားတွေ အများကြီးပြောခဲ့တယ်။ သူ ခံစားချက်တွေက မကောင်းတာတောင် သူ့ရဲ့စိတ်ကို လုံးဝမပြောင်းဘဲ ဆက်ပြောနေခဲ့တာ… ဒါပေမယ့် Guiလိုလူမျိုးက ထူးထူးခြားခြားတိတ်ဆိတ်နေခဲ့တယ်။ ပြီးတဲ့အခါမှာ သူက ပိုပြီးတိတ်ဆိတ်လာတာကြောင့် သူတို့ကြားထဲက အကွာအဝေးက ပိုပြီးဝေးကွာသွားသလိုဘဲ...

'ကားကို အဲ့ရှေ့က ပန်းခြံနားမှာ ရပ်ပေးပါနော်... Khun Jay...'

Guiက ဘာမှမစဉ်းစားဘဲ ပြောလိုက်မိသည်။ သူက သူ့ဘေးနားက ကောင်လေးရဲ့သဘောဆန္ဒကိုတောင် လုံးဝမမေးဘဲ ပြောလိုက်တာ... ဒါပေမယ့် အဲ့ကောင်လေးလည်း သူ့ကို သဘောတူလိမ့်မယ်လို့ ယုံကြည်ချက်အပြည့်ရှိသည်။

'ဟုတ်ကဲ့ Khun Gui...'

Guiက ကားပေါ်က အရင်ဆင်းသွားပြီးတော့ အနောက်ကနေ Soloက လိုက်လာခဲ့သည်။ ကျန်တဲ့နှစ်ယောက်ကတော့ လိုက်မလာ... သူတို့က ကားထဲမှာဘဲ ငြိမ်သက်စွာနဲ့ စောင့်နေသည်။

'Guitar...'

Soloက သူ့အရှေ့က သွားနေတဲ့ကောင်လေးရဲ့လက်လေးကို ဆွဲကိုင်လိုက်ပြီးတော့ နူးညံ့တဲ့အသံလေးနဲ့ ခေါ်လိုက်သည်။ ဘာအကြောင်းပြချက်မှ မရှိပါဘဲနဲ့ သူ့ရဲ့နှလုံးသားလေးက ရုတ်တရက်နာကျင်လာခဲ့သည်။

'အင်း...'

'ဘာလို့... ကျွန်တော့်မျက်နှာကို မကြည့်ရတာလဲ'

အဲ့ဒီမေးခွန်းလေးရဲ့အဆုံးမှာ အရှေ့ကဦးဆောင်ပြီး သွားနေတဲ့လူရဲ့ခြေလှမ်းတွေက ရပ်တန့်သွားပြီး အနောက်ကို လှည့်ကြည့်လာခဲ့သည်။ Guiက သူ့အနောက်ကကောင်လေးရဲ့ဝမ်းနည်းနေတဲ့မျက်နှာကို ဘာခံစားချက်မှ မရှိတဲ့အကြည့်တွေနဲ့ ကြည့်လိုက်သည်။

'So ဒီထပ်ပိုပြီးဝေးတဲ့နေရာကို မသွားချင်ဘူးလား'

'ကျွန်တော်...'

'စိတ်ကျေနပ်သွားပြီလား'

'...'

'အစ်ကို့မှာ ပိုက်ဆံမရှိဘူး။ ဘာဆိုဘာမှမရှိဘူး။ ဒါပေမယ့် So ဆန္ဒရှိမယ်ဆိုရင်... အစ်ကို ဘယ်နေရာဘဲဖြစ်ဖြစ် ခေါ်သွားပေးမယ်'

Guiက အလွန်ပင်ပန်းစွာနဲ့ပြုံးလိုက်ပြီးတော့ နူးညံ့တဲ့အကြည့်တွေနဲ့အတူ တိတ်ဆိတ်ငြိမ်သက်နေတဲ့ကောင်လေးကို ကြည့်လိုက်သည်။

'Guitar...'

'ဒါလား... အစ်ကို ဘေးနားမှာ ရပ်တည်နိုင်ဖို့အတွက် အရာအားလုံးကို ကြိုးစားပြီး ရင်ဆိုင်မယ်လို့ပြောခဲ့တဲ့သူရဲ့အခြေအနေက... အခု အစ်ကို့ရဲ့မျက်လုံးထဲမှာ အစ်ကို မသိတဲ့လူစိမ်းတစ်ယောက်ကိုဘဲ မြင်နေရတယ်'

အေးစက်စက်စကားတွေက နူးညံ့သိမ်မွေ့တဲ့မျက်နှာပိုင်ရှင်ဆီကနေ ထွက်လာခဲ့တာ… ပြောနေတဲ့သူတော့ မသိပေမယ့်... Soloရဲ့နှလုံးသားကတော့ လုံးဝကို ကြေမွပျက်စီးသွားပြီ။ ဒါပေမယ့်လည်း သူ ဘာစကားမှ ပြန်မပြောနိုင်...

'အစ်ကိုလည်း အားအင်တွေမရှိတော့တဲ့အထိ ပင်ပန်းတယ်။ ဒါပေမယ့် အစ်ကိုက လူတစ်ယောက်အတွက် ဒါကို လုပ်နေရတာဘဲဆိုပြီး တွေးလိုက်မိတဲ့အခါတိုင်းမှာ အမြဲတမ်း အစ်ကို့ရဲ့အားအင်တွေ ပြန်ပြည့်လာခဲ့တယ်။ ဒါပေမယ့် အခုကျတော့...'

'...'

'တကယ်လို့ Soက ကိုယ့်တစ်ယောက်တည်းအတွက်ဘဲ တွေးနေမယ်ဆိုရင်... Soတစ်ယောက်တည်းနေလိုက်တာက ပိုမကောင်းဘူးလား'

'မကောင်းဘူး!'

Soloက အမြန်ငြင်းလိုက်ပြီးတော့ သူ့အရှေ့မှာရှိနေတဲ့ခန္ဓာကိုယ်လေးကို ဆွဲယူကာ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ အခုအချိန်မှာ သူ ဆုတ်ကိုင်ထားတဲ့ လက်လေးကိုတောင် လွှတ်ပေးဖို့ကို ကြောက်ရွံ့နေမိသည်။

'အစ်ကို ဘာလို့ ဒီကိုလာခဲ့ရတာလဲဆိုတော့ အစ်ကို စိုးရိမ်လို့... အစ်ကို့ရဲ့ခေါင်းထဲမှာ Soကို လုံလုံခြုံခြုံရှိနေပါစေလို့ဘဲ တွေးနေမိခဲ့တာ... Soကို တစ်ယောက်ယောက်က နာကျင်အောင်လုပ်နေမလားဆိုတဲ့အတွေးကြောင့် အစ်ကို အရမ်းစိတ်ပူလာတယ်။ အဲ့ဒါနဲ့ နောက်ဆုံးတော့ ဒီနေ့ အလုပ်သွားရမှာကိုတောင် မသွားဘဲ... အစ်ကို လေယာဉ်နဲ့တန်းပြန်လာခဲ့ရတာ...'

သာမန်လေသံနဲ့ ပြောနေတဲ့စကားက နားထောင်နေတဲ့သူရဲ့စိတ်ကို ပိုပြီးသက်သာလာအောင် မလုပ်ပေးနိုင်ပါ။ အဲ့အစား... Soloက သူ့ရဲ့အားအင်တွေ ကုန်ဆုံးသွားသလိုမျိုး ခံစားနေရသည်။ သူကဘဲ ပွေ့ဖက်ထားပြီး သူ့ရင်ခွင်ထဲက ချစ်ရတဲ့သူက ဘာမှမတုန့်ပြန်လာတာကို သိလိုက်တဲ့အခါမှာ သူ ပိုပြီးကြောက်ရွံ့လာခဲ့သည်။

သူ... သူ့ဘေးနားမှာ ရှိတဲ့အရာတွေကို ကြည့်ဖို့အတွက် မေ့နေခဲ့တာ…

သူ ဘာလို့ အခုမှ သတိထားမိရတာလဲ... Guitarရဲ့မျက်နှာက ဘယ်လောက်ထိ ကြောက်စရာကောင်းနေလဲဆိုတာကို သူ အခုမှ သတိထားမိသည်။ Guitarရဲ့ပုံစံက ပင်ပန်းနေပြီးတော့ အားအင်ကုန်ခမ်းနေတဲ့ပုံစံ... သူ့ထက်ပိုပြီး ဆယ်ဆလောက် ပင်ပန်းနေတဲ့ပုံဖြစ်နေသည်။

'ကျွန်တော် တောင်းပန်ပါတယ်'

အပြစ်ကို ဝန်ခံလာတဲ့အသံလေးကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာလေးပေါ်မှာ ပထမဆုံးအနေနဲ့ တကယ့်အပြုံးစစ်ပေါ်လာခဲ့သည်။ Guiက ပြန်ပြီးပွေ့ဖက်ထားလိုက်ကာ ကျောပြင်လေးကို ဖွဖွလေးပုတ်သပ်ပေးလိုက်ပြီးတော့ တောက်လျောက်ပြောနေတဲ့ တောင်းပန်နေတဲ့စကားကို နားထောင်နေမိတယ်။ သူလည်း ထိုကောင်လေးနဲ့ ထပ်တူနာကျင်မိပါသည်။

သူ ပြောလိုက်မိတဲ့စကားက... ဘာမှမခံစားရဘဲ ပြောလိုက်တာမဟုတ်... သူလည်း ထိုကောင်လေးရဲ့လက်ကို ဘယ်လိုလုပ်ပြီး လွယ်လွယ်လေးနဲ့ လွှတ်နိုင်မှာလဲ။ ဒါပေမယ့် သူ Soloရဲ့အမူအကျင့်တွေကို ပြောင်းလဲပေးချင်သည်။ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ စိတ်မရှည်မှုတွေက Soloရဲ့ဘဝကို ပိုပြီးခက်ခဲလာအောင် လုပ်လိမ့်မည်။ Soloကို လာမယ့်အနာဂတ်တွေမှာ ဘာပြသာနာမှ မဖြစ်စေချင်... သူက ဒီလိုမျိုး နာကျင်စရာကောင်းတဲ့စကားကို ပြောခဲ့ပေမယ့် သူပါ ထပ်တူထပ်မျှ နာကျင်ခဲ့ရသည်။

'အစ်ကိုတို့ ထွက်ပြေးနေတာကို ရပ်လိုက်ကြတော့မလား'

Guiက နူးညံ့တဲ့အသံလေးနှင့် မေးလိုက်ကာ သူ့ကို တင်းကြပ်စွာ ဖက်ထားတဲ့ကောင်လေးရဲ့မျက်နှာကို အသာလေးတွန်းထုတ်လိုက်ပြီးတော့ ထိုကောင်လေးရဲ့မျက်လုံးတွေနှင့် မျက်နှာကို သူ့ရဲ့လက်လေးနှင့် ခပ်ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။

Soloက မငိုခဲ့ပါဘူး။ ဒါပေမယ့် သူက ငိုချင်နေတဲ့မျက်နှာမျိုး လုပ်နေတာကြောင့် သူ့ရဲ့ပုံစံလေးက တကယ်ငိုနေတာထက်တောင် သနားစရာကောင်းနေသည်။

'ဟုတ်ကဲ့'

..._...

Continue Reading

You'll Also Like

28K 416 20
"I won't tell anyone just please let me go!" Delilah kept crying in fear as she felt his grip on her jaw tighten painfully. Nothing could explain the...
3.9K 320 27
One prince and his two friends... Son of two different nobles... Soon to be the King, Commander and Minister of one of the biggest states in Hangug (...
545K 20.2K 61
❝ There's no hope of escaping when we know all of your move. ❞ Two crazy girls and their desire with one girl, Choi Y/N. - TWICE MINA & SANA x FEMAL...
9.2K 654 43
"Why do you do stuff like this?" I didn't answer. "Why do you release your pheromones like that. Do you even know how good they smell?" I stood there...