OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၃၆

5 0 0
By newkhonpai

ကျွန်တော် အရင်နေ့တွေထက် နည်းနည်းလောက်စောပြီး အိပ်ယာထခဲ့သည်။ ဘာလို့လဲဆိုတော့ ဒီနေ့က အထူးနေ့လေ… ပြီးတော့လည်း ဒီနေ့က ဒီမှာနေရမယ့်နောက်ဆုံးနေ့… ဒါ့ပြင် နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့လေ…

ပြီးတော့ အရေးကြီးဆုံးက… ဒီနေ့က အခုထိ အိပ်နေတုန်းဖြစ်တဲ့ခွေးပေါက်ကြီးရဲ့မွေးနေ့လေ…

ကျွန်တော် အိပ်ယာပေါ်ကနေ အသာလေးထလာလိုက်သည်။ ဒီခွေးပေါက်က ဘယ်လောက်ထိ အအိပ်ဆတ်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေတာကြောင့် လုံးဝအသံမထွက်မိအောင် ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။ ကံကောင်းစွာနဲ့ဘဲ မနေ့ညက တော်တော်နောက်ကျတဲ့အထိ စကားပြောဖြစ်တာကြောင့် ခွေးပေါက်လေးက ပုံမှန်နေ့တွေထက် ပိုပင်ပန်းခဲ့သည်။

ပုံမှန် ဒီမှာနေတဲ့သူတွေက အစောကြီး အိပ်ယာထကြတယ်။ ရွာထဲ ဝင်လိုက်တာနဲ့ အလုပ်လုပ်နေကြတဲ့အသံကို ကြားရသည်။ ဒါပေမယ့် ဒီနေ့ကတော့ မတူ… ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ တစ်ယောက်မှ မနိုးသေးဘူးဆိုတာတော့ မဖြစ်နိုင်… ရွာအလယ်မှာရှိတဲ့ အဒေါ်Jitအိမ်သို့ ကျွန်တော် လမ်းလျောက်သွားလိုက်သည်။ ကျွန်တော် အိမ်နဲ့နီးလာလေလေ… ဆူညံသံတွေက ပိုပိုပြီးပြတ်သားကြည်လင်လာကြသည်။

'ဒီလိုမျိုး နှစ်သစ်ကူးနေ့မှာ မြို့က လူတွေက ဘာလုပ်ကြလဲ။ အဘွား…'

'သူတို့က ပွဲတွေနဲ့ ပျော်ကြတာပေါ့…'

သူတို့စကားပြောနေတာလေးကို ကျွန်တော် ခဏလောက်ရပ်ပြီး ကြည့်နေမိသည်။ ကလေးတွေက အဒေါ်Jitကို မနားတမ်း မေးခွန်းတွေကို တရစပ်မေးနေတာ… အိမ်ထဲကို တစ်ချက်ကြည့်လိုက်တော့ ကလေးတွေက အဝိုင်းပုံစံဝိုင်းထိုင်နေပြီး တစ်ယောက်ကို တစ်ယောက် အချင်းချင်းကူညီကာ တစ်ခုခုကို လုပ်နေကြသည်။

'ကလေးတွေ… ဘာလုပ်နေကြတာလဲ'

ကျွန်တော် တံခါးနားရပ်ကာ ပြောလိုက်ပေမယ့် အိမ်ထဲသို့ မဝင်ခဲ့… ကလေးတွေက ကျွန်တော့်ကို လက်အုပ်ချီကာ နူတ်ဆက်လာကြပြီးတော့ သူတို့လုပ်နေကြတဲ့အရာကို ဆက်ပြီးလုပ်နေကြသည်။ တကယ်တော့ သူတို့က ဟင်းရွက်တွေကို နွှင်နေကြတာ…

'ဆရာလေး… တစ်ခုခုစားချင်တာများရှိလား'

ကြင်နာတက်တဲ့အဒေါ်Jitက ကျွန်တော့်ဘက်ကို လှည့်ပြီး ပြုံးပြကာ အရင်နေ့တွေကထက် ပိုများတဲ့ဟင်းချက်စရာတွေကို ညွှန်ပြနေတယ်။

'မရှိပါဘူး။ အကုန် အဆင်ပြေတယ်။ အဒေါ် ကျွန်တော် ဘာကူပေးရမလဲ'

'မလိုတော့ပါဘူး ဆရာလေးရယ်… ဒီကလေးတွေနဲ့တင် လုံလောက်နေပြီ။ အခြားအိမ်တွေကလည်း ကျန်တဲ့ဟင်းတွေလုပ်နေတာဆိုတော့ အရင်ဆုံး ဆရာလေး အိမ်တွေပတ်ကြည့်ပြီး ကူပေးလိုက်လေ…'

ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီးတော့ ကလေးတွေကို လက်ပြနူတ်ဆက်လိုက်ကာ အခြားအိမ်တွေသို့ လျောက်လိုက်မိတယ်။ အဒေါ်Jitပြောတာကတော့ သူတို့က တစ်နှစ်မှာ တစ်ရက်တော့ နားတယ်တဲ့… ပြီးတော့ နှစ်တိုင်း ၃၁ရက်နေ့ နှစ်သစ်ကူးနေ့မှာ စားပွဲသောက်ပွဲလုပ်ကြတယ်တဲ့… သူတို့က စားပွဲသောက်ပွဲလို့ပြောပေမယ့် တကယ်တမ်းကကျတော့ ဟင်းပွဲအချို့ကို လုပ်ကာ အတူတူဝေမျှပြီး စားကြတာဖြစ်သည်။

မနေ့ညတုန်းက ရွာသားတွေက ဟင်းချက်ပြီးတာနဲ့ ကျွန်တော်နဲ့ Soloကို အတူတူလာစားဖို့ပြောခဲ့သည်။ ကျွန်တော် အခုလိုမျိုး ခွဲပြီး အစောကြီးထလာရတာ သူတို့ကူညီပေးချင်လို့… ပြီးတော့…

ကျွန်တော့်မှာ လုပ်စရာတစ်ခုခုရှိလို့… တကယ်လို့ အဲ့ဒါကို မနက်ခင်းမှာသာ မလုပ်ခဲ့ရင် ကျွန်တော် ခွေးပေါက်လေးဆီကနေ လုံးဝရှောင်ထွက်လို့ရမှာမဟုတ်ပါ။

ကျွန်တော် အခုဦးတည်ပြီး သွားနေတဲ့နေရာက ကျွန်တော်ရယ် Soloရယ် N'Moonလေးနဲ့အတူ လမင်းကြီးကို ကြည့်ခဲ့တဲ့နေရာ… အခြားနေရာတွေနဲ့ ခွဲထွက်ကာ အဲ့နေရာမှာ အပင်တစ်ပင်တည်း ထီးထီးကြီး ရှိနေတာ… ကျွန်တော်တို့ ဘန်ကောက်ကနေ ထွက်မလာခင်ကတည်းက ပြင်ဆင်ထားတဲ့အရာတွေကို ကျွန်တော့်ရဲ့ကျောပိုးအိတ်ထဲကနေ ထုတ်လိုက်သည်။ ရှည်လျားတဲ့ကြိုးပေါ်မှာ စာရွက်တွေကို ကပ်လိုက်ပြီး အဲ့ဒီကြိုးတွေကို သစ်ပင်ကြီးရဲ့နေရာအချို့မှာ ချည်လိုက်သည်။

အဲ့ဒါတွေက လုပ်ရတာလည်း မခက်ခဲသလို… ထူးထူးခြားခြားကြီးလည်း မဟုတ်ပါ။ ဒါပေမယ့် သူ့ကို ပျော်ရွင်အောင်လုပ်ပေးနိုင်ပါစေလို့ဘဲ ကျွန်တော် မျှော်လင့်မိသည်။

ကျွန်တော် လုပ်ခဲ့တဲ့အရာတွေကို ခဏလောက် ပြုံးပြီး ဒီအတိုင်း ရပ်ကြည့်နေလိုက်ပြီးတော့ ကျွန်တော် ရွာထဲသို့ ပြန်ဝင်လာလိုက်သည်။ အဒေါ်Jitပြောတာက ဒီနေ့မှာ ရွာသားတွေအားလုံးက ညသန်းခေါင်ရောက်တဲ့အထိ အတူတူ အချိန်ဖြုန်းကြမှာတဲ့… အဲ့ဒါကြောင့် ဘယ်သူမှ ဒီနေရာကို ဖြတ်လာပြီး ကျွန်တော် ပြင်ထားတာတွေကို မြင်လောက်မှာ မဟုတ်ဘူးလို့ ကျွန်တော် တွေးလိုက်မိသည်။

ဒီနေ့ရာသီဥတုက အရမ်းနေလို့ကောင်းနေတယ်။ ကြည့်ရတာ ဒီကရာသီဥတုနဲ့ နေသားကျသွားပြီ ထင်သည်။ အဲ့ဒါကြောင့် အရင်နေ့တွေကလောက် အရမ်းမအေးတော့ဘဲ ပိုပြီးသက်တောင့်သက်သာရှိလာတယ်။ ဒါမှမဟုတ် ဒီနေ့က ထူးခြားတဲ့နေ့တစ်နေ့ဖြစ်နေလို့ အရာအားလုံးက ခံစားလို့ကောင်းနေတာလားတော့ မပြောတက်…

ကျွန်တော် တွေးမိလိုက်တဲ့အတွေးကို သဘောကျစွာနဲ့ ခဏလောက်ရယ်လိုက်မိသည်။ လုပ်စရာရှိတာ လုပ်ပြီးတော့ ကျွန်တော် ရွာထဲသို့ ပြန်ဝင်သွားလိုက်သည်။

'ရှာလို့တွေ့လား!'

'မတွေ့သေးဘူး အဘွား…'

ရွာထဲမှာ ဖြစ်နေတဲ့အခြေအနေကို ကျွန်တော် အံ့သြစွာနဲ့ ကြည့်နေမိသည်။ ကလေးတွေအပါအဝင် ရွာသားတွေက တစ်ယောက်ကို တစ်ယောက် အော်ဟစ်နေပြီး ပြာယာခတ်နေကြတာ… ပြီးတော့ ရှာတွေ့လား၊ မတွေ့ဘူးလားဆိုတဲ့ စကားနှစ်ခွန်းကိုဘဲ အော်နေကြတာ…

ကျွန်တော့်အရှေ့က ဖြတ်ပြီး ပြေးလွှားနေတဲ့N'Saoရဲ့လက်ကို ကျွန်တော်လှမ်းဆွဲလိုက်ပေမယ့် သူက စိုးရိမ်စွာနဲ့ အမြန်ရုန်းပြီး ပြေးထွက်သွားတယ်။

'မနှောက်ယှက်ပါနဲ့ဗျာ… ဆရာပြုံးကို သွားရှာလေ!'

ကျွန်တော် မျက်တောင်လေးကို ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်ပြီး ပြေးထွက်သွားတဲ့ကလေးကို နားမလည်တဲ့အကြည့်တွေနဲ့ ကြည့်နေလိုက်သည်။ ဆရာပြုံးဆိုတာက… ကျွန်တော် မဟုတ်ဘူးလား။

'Guitar!'

ကျယ်လောင်တဲ့အသံတစ်ခု ထွက်လာသည်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကျွန်တော့်ရဲ့မျက်နှာချင်းဆိုင်အရပ်မှာ ဘေးဘယ်ညာကြည့်ပြီး ကျွန်တော့်နာမည်ကို ခေါ်နေတဲ့ကောင်လေးကို တွေ့လိုက်ရသည်။ သူ့ကို ကြည့်ရတာ ကျွန်တော် ဒီမှာ ရပ်နေတယ်ဆိုတာကို မသိဘူးထင်သည်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့နာမည်ကို အော်ဟစ်ပြီး ရှာနေတာ…

ကျွန်တော် ပိုနီးကပ်တဲ့အထိ လျောက်လာလိုက်တဲ့အခါမှာ Soloက ကြောက်လန့်တကြားဖြစ်နေတာကို တွေ့လိုက်ရသည်။ လူတိုင်းက ပြေးလွှားနေကြတာကို ရပ်လိုက်ပြီး ကျွန်တော့်ကို လှည့်ကြည့်လာကြသည်။ အထိတ်တလန့်အဖြစ်ဆုံးလူက အခုထိ ကျွန်တော့်ကို သတိမထားမိသေး…

'So…'

သူ့ရဲ့ကျယ်ပြန့်တဲ့ပုခုံးပေါ် ကျွန်တော့်လက်လေးကို တင်လိုက်သည်။ အဲ့ဒါအပြင် သူ လှည့်ကြည့်လာတဲ့အချိန်မှာ ခွေးပေါက်လေးက ကြောက်ပြီး တုန်ရီနေတယ်လို့ ကျွန်တော် ခံစားလိုက်ရသည်။

'ဘာဖြစ်လို့လဲ'

ဒီအတိုင်းကြီး ရပ်နေတဲ့ကောင်လေးကို သတိထားမိဖို့အတွက် သူ့ရဲ့မျက်နှာလေးကျွန်တော် အသာလေးထိတွေ့ဖို့ လုပ်လိုက်သည်။ ဒါပေမယ့် ကျွန်တော့်လက်က သူ့ရဲ့မျက်နှာနှင့် ထိတွေ့ခါနီးအချိန်မှာ သူက ကျွန်တော့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲယူပြီး တင်းကြပ်စွာဖက်ထားလိုက်သည်။

'ဘယ်တွေ ရောက်နေတာလဲ'

ကျွန်တော့်ကို ဖက်ထားတဲ့ကောင်လေးရဲ့ ခပ်တိုးတိုးပြောလာတဲ့အသံလေးက တုန်ရီနေတယ်လို့ ကျွန်တော် ခံစားလိုက်ရသည်။

'တစ်ယောက်ယောက်က Guitarကို ကျွန်တော့်ဆီကနေ ဆွဲခေါ်သွားပြီလို့ ထင်နေတာ…'

ဘယ်သူလဲဆိုတာကတော့… တစ်ယောက်ယောက်လို့ ပြောလိုက်ပေမယ့် Soloပြောတဲ့သူကို ကျွန်တော် သိသည်။

'အစ်ကိုက လမ်းခဏလျောက်နေတာ… မပြောဘဲ သွားမိတဲ့အတွက် အစ်ကို တောင်းပန်ပါတယ်'

ကျွန်တော် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပြီးတော့ ကျွန်တော့်ရဲ့လက်တွေက သူ့ကို ပြန်ဖက်လိုက်သည်။ Soloကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျွန်တော့်ကိုသာ ခဏလောက်ကြာတဲ့အထိ ပွေ့ဖက်ထားသည်။ ပြီးတဲ့အခါမှာ သူက သက်ပြင်းချလိုက်ပြီးတော့ ဖက်ထားတာတွေကို လွှတ်လိုက်ပြီးတော့…

'အခုလိုမျိုး တစ်ယောက်ယောက်ကို မပြောခဲ့ဘဲနဲ့ ဘယ်ကိုမှ ထပ်မသွားရဘူးနော်…'

Soloက ပြောလာပြီးတော့ ထပ်ပြီးစိုးရိမ်လာမိသလိုမျိုး ကျွန်တော့်ရဲ့ပါးပြင်လေးကို အသာလေး ထိတွေ့လာသည်။

'အင်းပါ'

ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီးတဲ့အချိန်မှာ ရွာသားတွေဘက်ကို လှည့်ပြီး အခုလိုမျိုး အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ခဲ့ရတဲ့အတွက် တောင်းပန်လိုက်မိသည်။ ဒါပေမယ့် သူတို့က ဘာမှမပြောဘဲ သဘောကျစွာနဲ့ ရယ်မောနေကြကာ သူတို့အိမ်သို့ သူတို့ပြန်သွားကြသည်။

ကျွန်တော်နဲ့ ခွေးပေါက်လေးဘဲ ကျန်ခဲ့တော့တာ…

'စိတ်ဆိုးနေတာလား'

ကျွန်တော့်ကို ပုံမှန်အတိုင်း ပြန်ကြည့်နေတဲ့ကောင်လေးရဲ့လက်မောင်းကို တို့လိုက်သည်။ သူ့ကို ကြည့်ရတာ ပုံမှန်ထက် ပိုပြီးတိတ်ဆိတ်နေတဲ့ပုံဘဲ… ပြောရရင် ကျွန်တော်တို့ဆီ လာနေကြMoonလေးတောင် ကျွန်တော်တို့ဆီ မလာဘဲ အဒေါ်Jitနဲ့အတူ အိမ်ပြန်သွားသည်။

'စိတ်မဆိုးဘူး'

စိတ်မဆိုးဘူး… ပြောလာတဲ့အသံက သာမန်အတိုင်းဖြစ်နေပေမယ့် သံမဏိလို မာကြောနေသည်။

'အစ်ကို တောင်းပန်ပါတယ်'

ကျွန်တော်က ပြန်ပြီးသင့်မြတ်သွားဖို့အတွက် လုပ်နေကြအတိုင်းလေး ပြုံးပြလိုက်သည်။ ဒီတစ်ကြိမ်လည်း သေချာတာပေါ့…

'စိတ်မဆိုးပါဘူး… ဒီအတိုင်း စိတ်ပူမိတာ…'

အမြဲတမ်း အလုပ်ဖြစ်တယ်။

ကျွန်တော့်ရဲ့ပုခုံးပေါ် ရောက်ရှိလာတဲ့ နွေးထွေးတဲ့လက်တွေကြောင့် သူ ပြောနေတဲ့စကားတွေက အတည်ပြောနေမှန်း သေချာသွားသည်။

ပစ္စည်းတွေကို စာသင်ခန်းသို့ သယ်သွားကြတဲ့သူတွေဆီ ကျွန်တော်တို့ သွားလိုက်ကြသည်။ ဒီနေ့ သူတို့က စာသင်ခန်းမှာ စုကြမှာလေ… တကယ်တော့ ဘာမှမပါတောင် မိသားစုတစ်စုချင်းစီက ဟင်းလျာတွေနဲ့ ဟင်းပွဲတွေက အမြောက်အများဖြစ်နေကြပြီ။

စာသင်ခန်းလေးက အခု လာနေတဲ့ကောင်လေးတွေကို စောင့်နေကြတယ်။ ရွာသားတွေနဲ့ ကလေးတွေက အတူတူပြုံးပျော်ပြီး ရပ်နေကို မြင်လိုက်ရတဲ့အခါမှာ Soloနဲ့ ကျွန်တော်ကလည်း သူတို့ ဘာလုပ်နေကြတာလဲဆိုတာ နားမလည်မိတာကြောင့် တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေလိုက်မိသည်။

'ဘာလုပ်နေကြတာလဲ' စာသင်ခန်းရဲ့ဝင်ပေါက်နားမှာ ပိတ်ပြီး ရပ်နေကြတဲ့လူတွေရဲ့အရှေ့ကို သွားပြီးတော့ ကျွန်တော် မေးလိုက်မိသည်။

'မနက်ဖြန် ဆရာလေးတို့ ပြန်ကြမှာမှတ်လား' ဦးလေးManက ရှေ့ထွက်လာပြီးတော့ အပြုံးတစ်ခုနှင့်အတူ ပြောလာသည်။

'ဟုတ်ကဲ့…'

'ဆရာလေးတို့ လုပ်ပေးခဲ့တာတွေအတွက် ကျွန်တော်တို့က ဘာပြန်လုပ်ပေးရမလဲဆိုတာ မသိဘူးလေ… အဲ့ဒါကြောင့် ကျွန်တော်တို့ ဒါလေးတွေကိုဘဲ လုပ်လိုက်ကြတာ…'

ကျွန်တော်နဲ့Soloတို့ ဝင်ဖို့အတွက် သူတို့က လမ်းဖွင့်ပေးလိုက်သည်။ ပထမဆုံးအနေနဲ့ ကျွန်တော့်မျက်လုံးတွေထဲမှာ သတိထားလိုက်မိတာက စာသင်ခန်းတစ်ခုလုံးက လုံးဝကို ပြောင်းလဲသွားတာပင်… ကလေးတွေရဲ့စားပွဲတွေကို စာသင်ခန်းရဲ့အလယ်မှာ အတူတူစုထားပြီး ကြီးမားတဲ့စားပွဲတစ်ခုဖြစ်အောင် လုပ်ထားတာ… ဒီစာသင်ခန်းလေးက အရင်တုန်းက နံရံတွေ မရှိဘူးလေ… အခုတော့ ပျဉ်ပြားတွေနဲ့ သေချာကာထားတာ… အဲ့ဒီပျဉ်ပြားတွေပေါ်မှာ ကလေးတွေရဲ့အိမ်မက်တွေကို ပုံဆွဲထားသေးသည်။ အရင်တုန်းက ဘာမှမရှိတဲ့ကြမ်းပြင်ကြီးမှာ သစ်ပင်သေးသေးလေးပုံကို ဆွဲထားတာကြောင့် အခန်းလေးက အရင်ထက်ပိုပြီး နေလို့ကောင်းနေသည်။ စာသင်ပြီးတဲ့အချိန်တိုင်း ကျွန်တော် သန့်ရှင်းနေကြ… အမြဲတမ်းသန့်ရှင်းနေတဲ့ ကျောက်သင်ပုန်းပေါ်မှာတော့ များစွာသောလက်ရေးတွေက ရေးခြယ်ထားသည်။

'ကျေးဇူးတင်ပါတယ်'

'ဆရာလေးတို့ကို ချစ်တယ်နော်…'

'ထပ်လာခဲ့ပေးပါ'

'ကျွန်တော့်ရဲ့အိမ်မက်က ဒီမှာ…'

ကျွန်တော် ဒီအတိုင်း ရပ်နေပြီး ကျောက်သင်ပုန်းပေါ်က စာလေးတွေကို ဖတ်နေမိသည်။ အချိန်အတော်ကြာသွားတဲ့အခါမှာတော့ ကျွန်တော့်အနောက်ဘက်ကို လူတစ်ယောက် လျောက်လာတယ်လို့ ခံစားလိုက်ရသည်။

'ကလေးတိုင်းက ဒီမှာဘဲ ပိုပြီးကူညီပေးချင်တာ ဆရာလေး…'

အဒေါ်Jitက ကျွန်တော့်ဘေးနားမှာ လာရပ်ကာ ကျောက်သင်ပုန်းကို ပြုံးပြီး ကြည့်နေသည်။

'Moonလေးက ငယ်သေးပေမယ့် သူ့ရဲ့အိမ်မက်တွေက အရမ်းကြီးမားတယ်။ အဒေါ်လည်း သူ့ကို တောက်ပတဲ့အနာဂတ်တွေ ရှိစေချင်တယ်။ အဒေါ် ကလေးကို ဆရာလေးဆီ အပ်ပါတယ်နော်…'

'ဟုတ်ကဲ့…'

ကျွန်တော် လေးလေးနက်နက်နဲ့ ကတိပေးလိုက်မိသည်။ ကျွန်တော် ကောင်းကောင်းစောင့်ရှောက်နိုင်မှာကို အဒေါ်Jitသေချာစိတ်ချနိုင်ပါစေလို့ဘဲ ဆုတောင်းမိသည်။

သူတို့တွေက သွေးသားမတော်စပ်တာတောင် နှစ်ပေါင်းများစွာကြာတဲ့အထိ N'Moonလေးကို ပျိုးထောင်ပေးခဲ့တာလေ… အသေးလေးကို စောင့်ရှောက်ပေးခဲ့တဲ့ သူမရဲ့စောင့်ရှောက်ပေးမှုတွေက တကယ့်မိသားစုနဲ့ မခြားနား… တကယ်လို့ Moonလေးကသာ နည်းနည်းအသက်ကြီးမယ်ဆိုရင် အခြားကလေးတွေလို သူလည်း ဆုံးဖြတ်နိုင်သည်။ ဒါပေမယ့် သူက ငယ်သေးတယ်။ ပြီးတော့ အဒေါ်Jitကလည်း သူ့အတွက် ကောင်းမွန်တဲ့မျှော်လင့်ချက်တွေ ရှိနေတာကြောင့် ကျွန်တော်တို့နဲ့ လိုက်ခွင့်ပြုခဲ့တာ… ချစ်ခြင်းမေတ္တာဆိုတာ ဒီလိုအရာမျိုးထင်သည်။

'အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင် ဒီကလေးကို ခေါ်ဖို့အတွက် ကျွန်တော် လူတစ်ယောက်ကို လွှတ်လိုက်ပါမယ်' Soloက ဒီအတိုင်းကျောက်သင်ပုန်းလေးကို ငေးကြည့်ပြီးတဲ့အခါမှာ အဒေါ်Jitဘက်ကို လှည့်ပြီး ပြောလိုက်သည်။ 'အဲ့မှာ ရှိတဲ့ကိစ္စတွေကို အရင်ဖြေရှင်းပြီး တည်ငြိမ်သွားတဲ့အထိလောက်ပါဘဲ…'

အဒေါ်Jitက ပြုံးပြီး ခေါင်းညိမ့်ပြလာသည်။ သူမက အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောလာခဲ့… အားလုံးက ဟင်းပွဲတွေအများကြီး တင်ထားတဲ့စားပွဲကို ဝိုင်းထိုင်နေကြသည်။

'ဆရာလေးတို့ အများကြီးစားနော်…'

'ပြန်သွားတဲ့အခါကျရင် ဒီလို ဟင်းမျိုးတွေ အများကြီးကို စားရတော့မှာမဟုတ်ဘူး'

သူတို့ ပြောနေကြတဲ့စကားတွေကို ကြားလိုက်ရတဲ့အခါမှာ ကျွန်တော် ရယ်လိုက်မိပြီး ကျွန်တော်တို့အားလုံး စစားခဲ့ကြသည်။ ကျွန်တော်တို့ စကားပြောဖြစ်ကြတယ်။ အထူးသဖြင့် သိချင်စိတ်ပြင်းပြနေကြတဲ့ကလေးတွေက နှစ်သစ်ကူးနေ့နဲ့ပတ်သတ်ပြီး မေးခွန်းတွေ မေးလာတာကြောင့် ရှောင်လွှဲလို့မရဘဲ ဖြေနေမိသည်။ ဗိုက်အရမ်းတင်းကြပ်လာတဲ့အထိ ကျွန်တော် စားလိုက်မိသည်။ ကျွန်တော့်ရဲ့Soloလေးလည်း အဲ့အတိုင်းဘဲ… ထူးဆန်းတဲ့မျက်နှာပုံစံမျိုး ဖြစ်နေတာ…

ကျွန်တော်တို့ မိုးလင်းကနေ မိုးချုပ်တဲ့အထိ ရွာသားတွေနဲ့အတူ အချိန်ဖြုန်းမိကြသည်။ နေ့လည်စာနဲ့ ညနေစာအချိန်မှာတော့ ရွာသားတွေနဲ့အတူ ချက်ပြုတ်တဲ့နေရာမှာ ကူပေးပြီး အတူတူစားဖြစ်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ပျော်ရွင်မှုတွေနဲ့ ပြည့်နှက်နေတာကြောင့် အချိန်ဆိုတာ ကုန်လို့ ကုန်သွားမှန်း မသိလိုက်… မှောင်လာတဲ့အချိန်မှာတော့ အားလုံးက အိမ်ပြန်ကုန်ကြပြီ။ ဘာလို့လဲဆိုတော့ မီးအိမ်က အလင်းရောင်တစ်ခုတည်းနဲ့ အင်းစက်တွေကို ထွက်ပြေးသွားအောင် မလုပ်နိုင်ဘူးလေ…

ရွာသားတွေနဲ့ ကျွန်တော့်ကို ပွေ့ဖက်လာကြတဲ့ကလေးတွေကို နူတ်ဆက်စကားပြောလိုက်သည်။ ကျွန်တော်တို့ နက်ဖြန်ပြန်မယ်ဆိုတာကို သူတို့တွေက သိနေကြတဲ့ပုံဘဲ… မနက်ဖြန် ကျွန်တော်တို့ကို မတွေ့လိုက်မှာစိုးလို့ သူတို့က အခု နူတ်ဆက်နေကြတာ… တကယ်တော့ ကျွန်တော်တို့လည်း မနက်ဖြန်ကျရင် တိတ်တိတ်လေး လူမသိသူမသိထွက်သွားဖို့ Soloကို ပြောထားပြီးသား… ဘာလို့လဲဆိုတော့ ကျွန်တော် နူတ်စကားမပြောချင်… အခုလိုမျိုး မြင်ကွင်းကိုလည်း သူမမြင်ချင်… ကျွန်တော်က အရွယ်ရောက်ပြီးသား ယောကျာ်းသားတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော် တောင့်ခံနိုင်ရမည်။ ဒါပေမယ့် ကျွန်တော်တို့ သွားမယ့်အချိန်မှာ ဒီကလေးတွေ ငိုနေတာကို မြင်လိုက်ရပြီဆိုရင် ကျွန်တော် ဘာမှမစဉ်းစားတော့ဘဲ သူတို့လေးတွေဆီ ပြေးသွားမိမှာ…

'N'Moonလေးက ပြောစကားနားထောင်ရမယ်နော်'

N'Jaနဲ့အတူ ရပ်နေတဲ့အသေးလေးရဲ့ခေါင်းကို ပုတ်သပ်ပေးလိုက်သည်။ Moonလေးက နူတ်ခမ်းလေးကို ကိုက်ထားပြီးတော့ ကျဆင်းလာတော့မယ့်မျက်ရည်တွေကို ထိန်းထားကာ P'Janကို တင်းကြပ်စွာပွေ့ဖက်ထားရင်း ခေါင်းညိမ့်ပြလာသည်။

'အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ အစ်ကို လာခေါ်မယ်နော်… အဲ့အချိန်မရောက်ခင်အထိ လူကြီးတွေရဲ့ပြောစကားကို နားထောင်ရမယ်။ ဟုတ်ပြီလား'

'ဟုတ်ကဲ့…'

N'Moonလေးက ပြန်ဖြေပြီး ကျွန်တော့်ကို တင်းကြပ်စွာဖက်လိုက်သည်။ ပြီးတဲ့အခါမှာ မျက်တောင်လေးကို ပုတ်ခပ်ပုတ်ခပ်လုပ်ပြီး မျက်ရည်တွေကို ထိန်းထားကာ Soloဆီ လျောက်သွားပြီးတော့ ဘာမှမပြောဘဲ ပွေ့ဖက်လိုက်သည်။ Soloကလည်း ဘာမှမပြောဘဲ အသေးလေးရဲ့ခေါင်းကို အသာလေး ပုတ်သပ်ပေးလာသည်။

ပြီးတဲ့အခါမှာ အသေးလေးက ဖက်ထားတာတွေကို လွှတ်လိုက်ပြီးတော့ N'Jaနဲ့အတူ ပြန်သွားခဲ့သည်။ ဒီနေရာမှာတော့ ကျွန်တော်နဲ့ Soloဘဲ ကျန်တော့တာ… သူ့လက်ထဲက မီးအိမ်ရဲ့အလင်းဓာတ်ကြောင့် ကျွန်တော်တို့ မြင်နေရသေးသည်။

'ပြန်ရအောင်…'

Soloက ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်လာသည်။ သူ အိမ်ပြန်ဖို့ ပြောလာတဲ့အချိန်မှာ ကျွန်တော် သူ့ရဲ့လက်လေးကို ဆွဲလိုက်ပြီးတော့…

'လမ်းလျောက်ရအောင်…'

'လမ်းလျောက်မယ်?'

'အင်း… ဒီနားတစ်ဝိုက်ကို လမ်းလျောက်ကြည့်မယ်လေ… သွားရအောင်…'

ဘာလို့လဲဆိုတာကို မသိဘဲ မအူမလည်ဖြစ်နေတဲ့မျက်နှာနဲ့ကောင်လေးဆီက ပြန်ဖြေလာမယ့်အဖြေကို ကျွန်တော် ဒီအတိုင်း ရပ်စောင့်နေလိုက်မိသည်။ ကျွန်တော် လုံးဝမလှုပ်ဘဲ ရပ်နေတာကို မြင်လိုက်တဲ့အခါမှ သူက ခေါင်းညိမ့်ပြလာတာ…

ကျွန်တော်တို့ သွားချင်တဲ့နေရာကို ပိုပြီးမြန်မြန် ရောက်ချင်တာကြောင့် ဖြတ်လမ်းတွေကနေ Soloကို ခေါ်သွားလိုက်သည်။ ခွေးပေါက်လေးက ဒီအတိုင်း ဘာမှမမေးဘဲ ကျွန်တော့်အနောက်ကနေသာ လိုက်လာခဲ့တာ… ကျွန်တော်တို့ တောဘက်က မသွားဘူးဆိုရင် ပိုပြီးသွားရလွယ်သည်။

'So ဒီမီးအိမ်ကို ကိုင်ထား…'

ကျွန်တော် လမ်းတလျောက်လုံးဆွဲလာတဲ့ သူ့ရဲ့လက်လေးကို ကျွန်တော် လွှတ်လိုက်ပြီး သူ့ရဲ့နောက်ကျောဘက်သို့ သွားလိုက်ကာ သူ့ရဲ့မျက်လုံးတွေကို လက်နှင့်ပိတ်ထားလိုက်သည်။

'Guitar…'

'အရှေ့ကိုဘဲ တည့်တည့်လျောက်…'

မျက်လုံးမှိတ်ခံထားရတဲ့ကောင်လေးက သိချင်စိတ်တွေ ပြင်းပြနေသော်လည်း ဘာမှမပြောဘဲ ကျွန်တော် ပြောတဲ့အတိုင်း အရှေ့ကိုသာ တည့်တည့်လျောက်နေသည်။ မြေကြီးတွေက ပြန့်ပြန်ပြူးပြူးရှိနေတာကြောင့် ခလုပ်တိုက်နိုင်ချေမရှိ… ကျွန်တော် အလှဆင်ထားတဲ့သစ်ပင်နဲ့ ကျွန်တော်တို့ နီးသထက် နီးလာပြီး ထိုအပင်ရှေ့သို့ ရောက်လာတဲ့အခါမှာတော့ ဖုံးထားတဲ့ကျွန်တော့်ရဲ့လက်တွေကို လွတ်လိုက်သည်။

ကျွန်တော်က Soloရဲ့အနောက်မှာ ရပ်နေတာကြောင့် သူ့ရဲ့တုန့်ပြန်မှုက ဘယ်လိုရှိမလဲဆိုတာ မသိ… ဒါပေမယ့် သူက ဒီအတိုင်း အကြာကြီးရပ်ကြည့်နေတာကြောင့် တစ်ခုခုများ မှားနေလို့လားဆိုတဲ့ အတွေးတွေ ဝင်လာတဲ့အထိပင်…

ရှည်လျားတဲ့ကြိုးတွေက သိပ်မကြီးတဲ့အပင်ပေါ်က အကိုင်းတွေမှာ ချည်ထားပြီးတော့ ပင်စည်ကို ပတ်ထားတာ… အဲ့ဒီကြိုးပေါ်မှာတော့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းက Soloကို ခိုးရိုက်ထားတဲ့ပုံတွေကို ချိတ်ဆွဲထားသည်။ ကျွန်တော် ဒီကို မလာခင်တုန်းက ကျွန်တော် အဲ့ပုံတွေကို Nohဆီပို့ပြီး ပုံထုတ်ပေးဖို့ အကူအညီတောင်းခဲ့ရတာ… ဒါပေမယ့် Nohက အဲ့ပုံတွေကို မြင်လိုက်တဲ့အခါမှာတော့ ကျွန်တော် မြေကြီးထဲတူးပြီး နေပစ်ချင်တဲ့စိတ်တွေ ပေါက်လာခဲ့သည်။ ကံကောင်းချင်တော့ ကျွန်တော့်သူငယ်ချင်းSunက ထပ်ပြီးမစတော့ဖို့ တားခဲ့လို့သာ ရပ်သွားတာ…

'So…'

ကျွန်တော် သူ့ရဲ့နာမည်လေးကို ခေါ်လိုက်ပြီး သူ့ရဲ့ဘေးနားမှာ ရပ်လိုက်သည်။ ဒါပေမယ့် ကျွန်တော် ဘာမှထပ်မပြောခင်မှာ သူကိုင်ထားတဲ့ သူ့ရဲ့လက်ထဲက မီးအိမ်လေးက မြေကြီးပေါ်သို့ ကျသွားသည်။ အဲ့ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ပတ်ပတ်လည်မှာ ကြယ်တွေ စုံနေတဲ့ကောင်းကင်ကြီးရဲ့အလင်းဓာတ်သာ ရှိတော့သည်။

ကျွန်တော် သူ့ကို ကြည့်လိုက်ပြီးတော့ ဘာလို့ မီးအိမ်ကို ချပစ်လိုက်ရတာလဲဆိုတာကို မေးဖို့စဉ်းစားလိုက်မိသည်။ ဒါပေမယ့် ကျွန်တော် မမေးလိုက်ခင်မှာ အဖြေရသွားခဲ့တယ်။ ခွေးပေါက်ကြီးက ကျွန်တော့်ကို ဖက်လိုက်တာ…

'ကျေးဇူးတင်ပါတယ်'

တင်းကြပ်စွာ ပွေ့ဖက်လာမျိုးမဟုတ်ပေမယ့် အရင်က ထက်ပိုပြီး လုံခြုံနွေးထွေးနေသည်။

'ပျော်ရွင်စရာကောင်းတဲ့မွေးနေ့ဖြစ်ပါစေ…'

ကျွန်တော် ပြန်ပြောလိုက်ပြီးတော့ ခွေးပေါက်လေးကို ပြန်ပြီးပွေ့ဖက်ထားလိုက်သည်။ အရမ်းနွေးထွေးလွန်းတာကြောင့် အချိန်အကြာကြီး အခုလိုမျိုး ဖက်ထားချင်မိတဲ့အထိဘဲ…

သူ့အတွက် ဒီလောက်ဘဲ လုပ်ပေးနိုင်တာကို ကျွန်တော် တောင်းပန်ချင်ပေမယ့် သေချာတာက ကျွန်တော်သာ သူ့ကို ဒီအတိုင်းပြောလိုက်ရင် ပြန်ပြီးငြင်းလာမှာ…

Soloက ဖက်ထားတာတွေကို ဖယ်လိုက်ပြီး ကျွန်တော့်ရဲ့လက်တွေကို ဆုတ်ကိုင်လာသည်။ ပြီးတဲ့အခါမှာ သူက သစ်ပင်နားသို့ နီးလာတဲ့အထိ သွားလိုက်ပြီး သူ့ရဲ့မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ ပုံတွေကို ကြည့်နေသည်။

'အစ်ကို ဒီပုံတွေအားလုံးကို ဘယ်အချိန်တုန်းက ရိုက်လိုက်တာလဲ'

'So သတိမထားမိတဲ့အချိန်တိုင်းမှာ အစ်ကို ရိုက်ထားတာ…'

အထူးသဖြင့် သူ အိပ်နေတဲ့အချိန်မှာ ရိုက်ထားတဲ့ပုံတွေက ရာကျော်ရှိသည်။

'ဟ ဟား… ဟ ဟား…'

'ဒီပုံတွေကို Soရဲ့အခန်းထဲမှာ ထားသင့်တယ်'

'အွန်း… Guitarပုံတွေနဲ့ အတူတူထားရမယ်…'

'ဘယ်လို…'

'ဘာမှမဟုတ်ဘူး'

သူ ပြောတာကို သေချာမကြားလိုက်ရတာကြောင့် ကျွန်တော် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဘာပြောတာလဲဆိုတာကို ကျွန်တော် မေးလိုက်တဲ့အခါမှာ သူက လုံးဝလှည့်မကြည့်ဘဲ သူ့ရဲ့ပုံတွေကိုသာ ကြည့်နေသည်။ မေးဖို့အခွင့်အရေးကို လုံးဝမပေးခဲ့… ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော့်မှာ ဘာမှပြောစရာမရှိတော့လို့ ထင်ပါရဲ့… ဒီအတိုင်းသာ နေဖို့ ဆုံးဖြတ်လိုက်မိသည်။

ပုံတွေကို အချိန်အတော်ကြာတဲ့အထိ ကြည့်လိုက်ပြီးတဲ့အခါမှာ ကျွန်တော်တို့ မြက်ခင်းပြင်ပေါ် ထိုင်ချပြီး စကားစမြည်ပြောဖြစ်ကြသည်။ ကျွန်တော် ကြယ်တွေနဲ့ ပြည့်နှက်နေတဲ့ကောင်းကင်ကြီးကို ကြည့်လိုက်မိတယ်။ မြင်ရဖို့အခွင့်အရေးရှားပါးလှတဲ့ ဒီလိုမျိုး ပတ်ဝန်းကျင်အလှအပတွေကို တက်နိုင်သလောက် အဝကြည့်ပြီး Mae Yaiနဲ့ ဒီကရွာသားတွေအတွက် အရမ်းအရေးကြီးတဲ့အမှတ်တရအဖြစ် ကျွန်တော်ရဲ့မှတ်ဥာဏ်ထဲမှာ ထာဝရသိမ်းထားပစ်လိုက်သည်။

အစကတော့ ကျွန်တော်က Mae Yaiရဲ့ကြီးမားတဲ့အိမ်မက်ကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ ထင်နေခဲ့တာ… ဒါပေမယ့် အခုတော့ ကျွန်တော် သိသွားပြီ။ အမေက ကျွန်တော့်ကို ဒီကလူတွေအတွက် တစ်ခုခုဖန်တီးပေးပြီး တစ်ခုခုလုပ်စေချင်တာမဟုတ်… အမေက ဒီက လူတွေကို မှိခိုအားထားရမယ့်သူ မရှိတဲ့အချိန်မှာ ဘယ်သူကိုမှ မမှီခိုဘဲ ကိုယ့်ဘာသာကို ယုံကြည်မှုရှိစေချင်နေတာ…

ပြီးတော့ အမေက ကျွန်တော့်ကို လက်ဆောင်အနေနဲ့ပေးခဲ့တာ… ဒီကိုလာပြီး သင်ယူခိုင်းခဲ့တာ… အခြားသူတွေကို ပျော်ရွင်အောင်လုပ်ဖို့အတွက် ဘာမှမလိုအပ်ဘူးဆိုတာကို သိလိုက်မိသည်။

ဒါက တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတစ်ခု…

'ကျွန်တော် မှတ်မိတဲ့အရွယ်ကစပြီးတော့ ကျွန်တော့်မှာ အမေတစ်ယောက်တည်းရှိခဲ့တာ… ကျွန်တော့်အတွက် အမေက အရေးကြီးဆုံးလူတစ်ယောက်ဘဲ…'

ကျွန်တော့်အတွေးတွေကို ရပ်လိုက်ပြီး ဘာအကြောင်း စပြောနေမှန်းမသိတဲ့ ကောင်လေးဘက်သို့ လှည့်ကြည့်လိုက်သည်။ Soloက ကျွန်တော့်ကို ကြည့်လာပြီး ခပ်ပါးပါးလေးပြုံးပြကာ ကြယ်တွေဆီ အကြည့်လွှဲလိုက်သည်။

Soloက သူ့အမေရဲ့အကြောင်းကို တစ်ခါမှ မပြောပြဖူးသလို ကျွန်တော်ကိုယ်တိုင်ကလည်း မမေးမိ… ဘာလို့လဲဆိုတော့ သူ့အမေကြောင်းပြောတဲ့အချိန်မှာ သူက အမြဲတမ်းနာကျင်နေရတဲ့ပုံစံမျိုးဖြစ်နေတာ…

'ကျွန်တော့်ရဲ့အမေက ကိုယ်ပိုင်ဘားမှာ အဆိုတော်လုပ်တာ… အမေက လှပပြီး ကျက်သရေရှိတဲ့အမျိုးတစ်ယောက်… ထမင်းဟင်းလည်း ကောင်းကောင်းချက်တက်တယ်။ အမေက မချမ်းသာပေမယ့် အဆင့်အတန်းရှိတယ်။ အမေပြောဖူးတာက သူမရဲ့ဘဝက အရာအားလုံးပြီးပြည့်စုံနေတာတဲ့… အမေ့မှာ ချစ်ရတဲ့သူမရှိတာ တစ်ခုတည်းဘဲ…'

သူ့ရဲ့ပျော်ရွင်နေတဲ့အသံလေးက ကျွန်တော့်ကိုပါ ပြုံးလာစေသည်။ ဒါပေမယ့် မကြာခင်မှာ အဲ့အသံလေးက ခံစားချက်မရှိတဲ့အသံသို့ ပြောင်းလဲသွားသည်။

'အမေ့ဘဝမှာ အမှားတစ်ခုဘဲ ရှိခဲ့တယ်။ အဲ့ဒါက အဖေ့ကို ချစ်မိတာဘဲ…'

ကျွန်တော် ဘာပြန်ပြောရမလဲဆိုတာ မသိပေမယ့် သူ့အနားသို့ တိုးကပ်လိုက်ပြီး သူ့ရဲ့လက်လေးကို ဆုတ်ကိုင်ပေးလိုက်သည်။

'အမေက အဖေ့ထက် ပိုပြီးနည်းနည်းလောက် အသက်ကြီးတယ်။ အမေ ကိုယ်ဝန်ရှိလာတဲ့အချိန်… အဲ့အချိန်တုန်းက အဖေက ၁၈နှစ်ဘဲရှိသေးတာ… အမေက အဖေနဲ့ပတ်သတ်ခဲ့တဲ့ဇာတ်လမ်းတွေကို ကျန်တဲ့သူတွေကို မပြောပြဘူးဆိုရင်တောင် အဖေက အမေကို နည်းနည်းလေးမှ မချစ်ဘူးဆိုတာ ကျွန်တော် သိတယ်။ အရာအားလုံးက အမှားလေးတစ်ခုကြောင့်ဘဲ…'

Soloရဲ့အသံက မာထန်နေပြီး သူ့ရဲ့မျက်နှာက အရင်ကထက် ပိုပြီးကြောက်စရာကောင်းနေတာကြောင့် သူ့ရဲ့လက်လေးကို အသာလေးပုတ်လိုက်ပြီး စိတ်ငြိမ်သွားအောင် လုပ်ပေးလိုက်မိသည်။

'အစ်ကို ကျွန်တော် ပြောတာကို မှတ်မိသေးလား။ 'သဘောကျတယ်'ဆိုတဲ့စကားလုံးလေးကြောင့် ကျွန်တော် ဘာလို့ ချစ်သူတွေ မဖြစ်စေချင်သေးတာလဲဆိုတဲ့ အကြောင်းပြချက်နှစ်ခုလေ…'

ကျွန်တော် မှတ်မိတာကြောင့် ခေါင်းညိမ့်ပြလိုက်မိသည်။ အဲ့တုန်းက သူက ပထမအကြောင်းပြချက်ကို ပြောပြီး ကျွန်တော့်ကို ထွက်သွားခွင့်ပေးခဲ့တာလေ… ပြီးတော့ ဒုတိယအကြောင်းပြချက်က သူ့အမေနဲ့ ပတ်သတ်တဲ့ကိစ္စ…

'နောက်ထပ်အကြောင်းပြချက်က ဘာကြောင့်လဲဆိုတော့ အဖေက အမေ့ကို လုံးဝမချစ်ဘဲနဲ့ တွဲခဲ့တာ… အဖေက ဒီအတိုင်း အမေ့ကို သဘောကျခဲ့တာ… အမေ့ကို အတည်မိန်းမတစ်ယောက်အနေနဲ့ ယူခဲ့တယ်ဆိုတာကလည်း အမေ့မှာ ကိုယ်ဝန်ရှိလာလို့တဲ့… အဲ့အကြောင်းကို အရမ်းပါးစပ်ဖွာတဲ့ အိမ်ထိန်းတစ်ယောက်က ကျွန်တော့်ကို ပြောခဲ့တာ… အမေက သိသွားတာနဲ့ သူ့ကို ချက်ချင်းထုတ်ပစ်လိုက်တယ်'

Soloက အမေဖြစ်သူကို သနားတဲ့အသံလေးနှင့် ပြောနေတယ်။

'အဲ့ဒါကြောင့် ကျွန်တော်တို့ကိုလည်း အဲ့လိုမျိုး မဖြစ်စေချင်ဘူး။ Guitarရဲ့ခံစားချက်တွေက အတည်မဖြစ်မှာကို ကျွန်တော် ကြောက်နေခဲ့မိတာ… အဆုံးသတ်မှာ ကျွန်တော်ဘဲ နာကျင်ခံစားရမှာကို ကြောက်နေခဲ့တာ…'

'အစ်ကို အဲ့လိုလုပ်ဖို့ တစ်ခါမှမတွေးဖူးဘူးနော်…'

ဝမ်းနည်းနေတဲ့မျက်နှာပုံစံမျိုး ဖြစ်လာတဲ့ကောင်လေးကို ကျွန်တော် အမြန်ပြောလိုက်တယ်။

'အင်း… ကျွန်တော် သိပါတယ်'

Soloက ခေါင်းညိမ့်ပြလာသည်။ သူပြောတာကို မယုံကြည်သလိုမျိုး မျက်မှောင်ကြုတ်ထားတဲ့ကျွန်တော့်ကို တွေ့လိုက်တဲ့အခါမှာတော့ သူက ခပ်တိုးတိုးလေးရယ်နေသည်။

'အစ်ကို့ဘက်က သေချာတယ်ဆိုတာ အစ်ကို သိတယ်'

'ကျွန်တော်လည်း သိပါတယ်'

'အရမ်းကောင်းတယ်'

ကျွန်တော်က သူ့ကို ဆုပေးတဲ့အနေနဲ့ ခွေးပေါက်လေးရဲ့ခေါင်းလေးကို အသာလေး ပုတ်သပ်ပေးလိုက်သည်။ သူက ခဏလောက်ပြုံးနေလိုက်ပြီးတော့မှ စကားဆက်ပြောလာသည်။

'အမေနဲ့ နှစ်ယောက်တည်း အတူတူနေခဲ့ရတုန်းက ကျွန်တော် အရမ်းပျော်ခဲ့တာ… အမေက ကျွန်တော့်ကို ဂစ်တာတီးနည်း သင်ပေးတယ်။ အရာအားလုံးလုပ်တက်အောင် သင်ပေးတယ်။ အဲ့ဒါနဲ့ Jayရောက်လာတဲ့အချိန်မှာ ကျွန်တော် သူငယ်ချင်းတစ်ယောက် ထပ်ရလိုက်သလိုမျိုး ခံစားလိုက်ရတာမို့လို့ ကျွန်တော် ပိုပြီးပျော်လာတယ်။ သူက မိသားစုထဲရောက်လာတဲ့ အစ်ကိုအသစ်တစ်ယောက်လိုဘဲ… ဒါပေမယ့် တစ်နေ့မှာ အမေ ဆေးရုံတင်လိုက်ရတယ်။ အမေက အက်စီးဒန့်ဖြစ်သွားတာမို့လို့ လပေါင်းများစွာ ကုတင်ပေါ်မှာ လှဲနေခဲ့ရတယ်။ ကျွန်တော် လုံးဝဇွဲမလျော့ဘဲ အမေ့ဆီ နေ့တိုင်းသွားခဲ့တယ်။ အမေ ဆေးရုံတက်နေတဲ့တောက်လျောက် အဖေလုံးဝမလာခဲ့ဘူး။ တစ်နေ့ကျတော့ တံခါးဖွင့်လိုက်တဲ့အခါမှာ အဖေက အမေ့ရဲ့ဘေးနားမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ ပြီးတော့ အမေပြောလိုက်တဲ့ ပထမဆုံးစကားလေးကို ကျွန်တော် ကြားလိုက်တယ်… အဲ့ဒါက ကျွန်တော် သင်ယူချင်တဲ့ဘာသာကို သင်ခွင့်ပြုလိုက်ပါတဲ့…'

'So… ဆက်မပြောချင်တော့ဘူးဆိုရင်…'

သူ့ကို ခပ်တိုးတိုးလေးပြောလိုက်ပြီးတော့ ကျွန်တော် သူ့ဘေးမှာ ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ သူ့ရဲ့လက်လေးကို လှုပ်လိုက်သည်။ Soloကတော့ ကောင်းကင်ကြီးကို ငေးကြည့်ပြီး ဆက်ပြောလာသည်။

'အမေ ကျွန်တော့်ကို တောင်းဆိုခဲ့တဲ့အတိုင်း ကျောင်းနေ့တိုင်းတက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် စခန်းသွင်းလေ့ကျင့်ဖို့ သွားရမယ့်အချိန်မှာ အမေဆုံးသွားခဲ့တယ်။ အဲ့ဒါကို ကျွန်တော့်ကို ဘယ်သူမှ မပြောကြဘူး။ အိမ်ထိန်းတွေ ခြံစောင့်တွေ အိမ်မှာရှိတဲ့လူတိုင်းက အမေ့ကို အိပ်ပျော်နေတယ်ဆိုပြီး ကျွန်တော့်ကို ညာခဲ့ကြတာ… ကျွန်တော် စခန်းသွင်းပြီး ပြန်ရောက်လာတဲ့အထိကို သူတို့က ညာခဲ့ကြတယ်။ ကျွန်တော် အမှန်တရားကို သိလိုက်ရတဲ့အချိန်မှာ ကျွန်တော့်မျက်စိရှေ့တည့်တည့်မှာတင် ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသလိုဘဲ…'

(စခန်းသွင်းလေ့ကျင့်တယ်ဆိုတာက မြန်မာက ကျောင်းသားတွေအတွက် စိမ်းနေလိမ့်မယ်။ နိုင်ငံခြားက အထက်တန်းကျောင်းတွေက နှစ်စဉ်နှစ်တိုင်း နှစ်ရက်ကနေ ငါးရက်အထိ ခရီးထွက်ပြီး fieldလုပ်လေ့ရှိတယ်)

Mae Yai ဆုံးသွားသလိုဘဲ… Moonလေးကို မလိမ်ဖို့ ကျွန်တော့်ကို တားခဲ့တယ်ဆိုတာ အဲ့ဒါကြောင့် ဖြစ်နိုင်သည်။

'နာကျင်စရာကောင်းတဲ့နူတ်ဆက်မှုမျိုးကို ကျွန်တော် ခံစားခဲ့ရပြီးသား… ကျွန်တော့်မှာ ဘာမှမရှိတော့သလိုမျိုး ခံစားခဲ့ရတယ်။ Guitar ခံစားခဲ့ရတဲ့အတိုင်း ကျွန်တော် ခံစားခဲ့ရတာ… ကျွန်တော် အခုလို ပြောပြနေရတယ်ဆိုတာက ကျွန်တော် နားလည်ပေးလို့ရတယ်ဆိုတာကို အစ်ကို့ကို သိစေချင်လို့… ပြီးတော့ ကျွန်တော်နဲ့ပတ်သတ်သမျှ အကြောင်းတွေအားလုံးကို အစ်ကို့ကို သိစေချင်လို့…'

'…'

'ကျွန်တော်က ပြသာနာအမြဲတမ်းရှာတဲ့ ရိုင်းစိုင်းတဲ့သူတစ်ယောက်… အသက်ဆက်ရှင်ဖို့အတွက် အကြောင်းပြချက်တွေ ပျောက်ဆုံးနေတဲ့လူတစ်ယောက် ဖြစ်ခဲ့တာ… ကျွန်တော့်ဘဝမှာ ပျော်ရွင်မှုဆိုတာ မရှိတော့ဘူး။ Guitarနဲ့ မတွေ့သေးတဲ့အချိန်အထိပေါ့…'

Soloက ကျွန်တော့်ရဲ့မျက်လုံးတွေကို လှည့်ကြည့်လာပြီးတော့ ကျွန်တော့်ရဲ့ပါးပြင်လေးကို သူ့ရဲ့လက်နှင့် အသာလေးပွတ်သပ်ပေးလာသည်။

'Guitarက ကျွန်တော့်ရဲ့ပျော်ရွင်မှုပါလို့ ကျွန်တော် ပြောနေကြလေ… ဒါပေမယ့် ကျွန်တော် အစ်ကို့ကို Guitarလို့ ဘာလို့ခေါ်ရတာလဲဆိုတာကိုတော့ တစ်ခါမှ မပြောပြရသေးဘူး။ ကျွန်တော် ဘာလို့ အဲ့လိုခေါ်ရတာလဲဆိုတော့ ဂစ်တာက ကျွန်တော့်ကို အမြဲတမ်းပြုံးလာအောင်လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာလေ… ကျွန်တော့်အတွက် အမေ ထားခဲ့တဲ့ တစ်ခုတည်းသော ပျော်ရွင်မှုဘဲ…'

အဲ့ဒါက… ကျွန်တော် အမြဲတမ်းသိချင်နေတဲ့မေးခွန်းရဲ့အဖြေ… ကျွန်တော်က သူ့ရဲ့ဂစ်တာလိုမျိုး သူ့ရဲ့တစ်ခုတည်းသော ပျော်ရွင်မှုဖြစ်တာကြောင့် သူက ကျွန်တော့်ကို Guitarလို့ခေါ်တာ…

'နောက်ထပ်တစ်ခုက အခြားသူတွေခေါ်သလိုမျိုး ကျွန်တော် မခေါ်ချင်လို့…'

Soloက နာမည်ကိုတောင် တွန့်တိုနေတာကို သိလိုက်ရတဲ့အခါမှာ ကျွန်တော် ကျယ်လောင်စွာနဲ့ ရယ်လိုက်မိသည်။ ထို့အတူ Soloလည်း ပျော်ရွင်စွာနဲ့ ပြုံးလာသည်။

'ကျွန်တော့်ရဲ့အမေက ဂစ်တာကို အရမ်းသဘောကျတာ…'

'အမေနဲ့ သားနဲ့က အကြိုက်တူတူဘဲ…'

'မတူပါဘူး'

'ဟမ်…'

ကျွန်တော် နားမလည်ဖြစ်သွားပြီး မျက်ခုံးတွေကို ပင့်တင်လိုက်တယ်။ ကျွန်တော် ပြန်မေးဖို့ လုပ်လိုက်တဲ့အချိန်မှာ Soloက အနားသို့ကပ်လာတာကြောင့် ရပ်လိုက်မိတယ်။

'ကျွန်တော့်အမေ သဘောကျတဲ့ဂစ်တာကို ကျွန်တော် သဘောမကျဘူး'

'…'

'ဒါပေမယ့် Guitarကို ကျွန်တော် မြတ်နိုးတယ်'

'!!!'

'အစ်ကို ပြုံးနေတာဘဲဖြစ်ဖြစ်၊ စိတ်ဆိုးနေတာဘဲဖြစ်ဖြစ်၊ ဝမ်းနည်းနေတာဘဲဖြစ်ဖြစ်… ကျွန်တော် မြတ်နိုးတယ်'

'…'

'Guitar…'

'…'

'Guitar… အစ်ကို့ရဲ့စိတ်တွေ ဘယ်ရောက်နေတာလဲ'

ရယ်နေတဲ့ကောင်လေးက ကျွန်တော့်ရဲ့ပါးကို ညင်ညင်သာသာလေးဆွဲလိုက်ပြီးတော့ သတိပြန်ဝင်လာအောင် လုပ်လိုက်သည်။

ကျွန်တော် သူပြောတာတွေကို အကုန်ကြားရသည်။ ဒါပေမယ့် သူ့ရဲ့စကားရဲ့ စကားလုံးတစ်လုံးချင်းစီတိုင်းကို စိတ်ထိန်းပြီး ခေါင်းထဲ သွင်းနေရတာ… လွယ်လွယ်နဲ့ပြောရရင်တော့ ကျွန်တော် ဆွံ့အသွားတာပေါ့… ကျွန်တော် နားလည်လိုက်ရတာက… အခု ကျွန်တော့်ရဲ့နှလုံးသားက ခဏလောက် ရပ်တန့်သွားပြီးတော့… အသိပြန်ဝင်လာတဲ့အချိန်မှာ လူတစ်ယောက်က ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ဗုံတီးနေသလိုမျိုး ခံစားလိုက်ရသည်။

'အစ်ကိုက တကယ်ကြီး အာရုံလွင့်နေတာဘဲ…'

ပျော်ရွင်နေတဲ့ကောင်လေးက အားရပါးရရယ်နေကာ ကျွန်တော့်ကို စနေသည်။ ကျွန်တော့်ရဲ့လက်ကို လျင်မြန်စွာနဲ့ ရင်ဘတ်ပေါ်တင်လိုက်ပြီး သူ့ကို မကြည့်ရဲတာကြောင့် ကျွန်တော့်ရဲ့မျက်နှာကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။

အရမ်းပရိယာယ်များတဲ့ကောင်လေးဘဲ… ဒီလိုအခြေအနေမျိုးအတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားတာတောင်မှ…

အဲ့ဒါနဲ့ ကျွန်တော် ဒီထက်ပိုပြီး ရှက်လာမှာစိုးတာကြောင့် Soloက ထပ်မစတော့… ကျွန်တော်တို့နှစ်ယောက် ဘာမှမပြောဖြစ်ဘဲ ကြယ်တွေနဲ့ ပြည့်နှက်နေတဲ့ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်မိသည်။

ကျွန်တော့်မှာ သူ့ကို ပြောပြစရာတွေ အများကြီးရှိသည်။ ဒါပေမယ့် ဘယ်က စပြောရမယ်မှန်းမသိ…

'ကျွန်တော် Guitarကို ချစ်တယ်'

စကားက တိုတိုလေးပေမယ့် အရမ်းလွှမ်းမိုးနိုင်သည်။ ဒီအတိုင်း အဲ့စကားလေးကို တွေးကြည့်ရုံနဲ့တင် ကျွန်တော့်ရဲ့ဦးနှောက်တစ်ခုလုံးက ဗလာဖြစ်သွားခဲ့သည်။

'နှစ်သစ်ကို ရောက်နေပြီလားဆိုတာ သိချင်တယ်'

ဘေးနားမှာ ထိုင်နေတဲ့Soloက ထပ်ပြီးရယ်လာတာကြောင့် ကျွန်တော် လန့်သွားခဲ့သည်။ အထိတ်လန့်ဖြစ်နေတဲ့ကလေးတစ်ယောက်ကို နှစ်သိမ့်ပေးနေသလိုမျိုး သူ့ရဲ့ကြီးမားတဲ့လက်တွေက ကျွန်တော့်ရဲ့ခေါင်းလေးကို ပုတ်သပ်ပေးနေတာ…

'ရောက်နေလောက်ပြီ။ ဒါပေမယ့် နှစ်သစ်ကို ရောက်နေပြီဆိုရင် အစ်ကို မီးရှုးမီးပန်းတွေကို မြင်ရမှာ…'

သူ့ကို စနောက်နေတဲ့ကောင်လေးကို မသိချင်ယောင်ဆောင်ထားလိုက်ပြီး အမှန်အတိုင်း ဖြေလိုက်သည်။

'ဒီနေ့က နှစ်သစ်ကူးနေ့နဲ့ ကျွန်တော့်ရဲ့မွေးနေ့…' Soloက ရယ်နေတာတွေကို ရပ်လိုက်ပြီးတော့ ကျွန်တော့်ကို ကြည့်ပြီး တည်ငြိမ်တဲ့အပြုံးမျိုးနဲ့ ပြုံးပြကာ… 'ပြီးတော့ ကျွန်တော့်အနားမှာ Guitarလည်း ရှိတယ်'

ကျွန်တော် ထိုစကားလေးကြောင့် ပြုံးလိုက်မိပြီးတော့ ကျွန်တော့်ရဲ့အပူချိန်တွေက နှစ်ဆမြင့်တင်လာခဲ့သည်။ ဒါပေမယ့် ဒီနေရာက သေချာမမြင်ရတဲ့အထိ မှောင်နေတာကိုဘဲ ကျေးဇူးတင်ရမှာ… မဟုတ်ရင် ကျွန်တော် ဒီထပ်ပိုပြီး အစခံနေရလိမ့်ဆိုတာ အသေအချာဘဲ…

ဒီနေ့တစ်နေ့က ပြီးဆုံးခါနီးပြီ… ကျွန်တော် ပြင်ဆင်ခဲ့တဲ့အရာကို လုပ်ပြဖို့ အချိန်ကျပြီ။

'တကယ်တော့… အစ်ကို့မှာ Soအတွက် နောက်ထပ်လက်ဆောင်တစ်ခု ရှိသေးတယ်'

'တကယ်…'

Soloရဲ့မျက်လုံးတွေက နည်းနည်းပြူးသွားသည်။ အဲ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေပါနေတာကြောင့် ကျွန်တော် လေ့ကျင့်ထားတာကို ထုတ်ပြဖို့အတွက် စိတ်ပျက်အားလျော့သွားသည်။ ဒီလို ရှက်စရာကောင်းတဲ့အရာမျိုးမလုပ်ခင်မှာ သူ့ကို အရင်ဆုံးတစ်ခုခုပြောပြသင့်သည်။

ကျွန်တော့်စိတ်ထဲမှာ ရက်ပေါင်းများစွာကြာတဲ့အထိ စဉ်းစားခဲ့ရတဲ့အရာကိုပေါ့…

'ပထမဆုံးအနေနဲ့ Soလုပ်ပေးခဲ့တဲ့အရာတွေအတွက် အစ်ကို Soကို နောက်တစ်ခါ ကျေးဇူးတင်ချင်တယ်'

ကျွန်တော် ပြောလိုက်တဲ့စကားတွေက နည်းနည်းလောက်တောင့်တောင့်ကြီးဖြစ်သွားလား။ အင်း… နည်းနည်းလေးတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ နားထောင်နေတဲ့ကောင်လေးက သူ့ရဲ့ရယ်သံတွေ ထွက်မလာအောင် ထိန်းထားနေတာလေ…

'ထားလိုက်တော့…'

ကျွန်တော် အသက်ပြင်းပြင်းရှုလိုက်ပြီး စိုးရိမ်နေမှုတွေအားလုံးကို ပိတ်ပစ်လိုက်ပြီးတော့ Soloကို တည်ငြိမ်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကာ…

'Mae Yaiက အစ်ကို့အတွက် အရာအားလုံးဖြစ်ခဲ့တာ… အစ်ကို့ရဲ့အိမ်မက်၊ မျှော်လင့်ချက်၊ အနာဂတ်တွေဘဲ… အစ်ကို လုပ်ခဲ့သမျှ အရာအားလုံးက အမေ့အတွက်ဘဲ…'

ကောင်းမွန်တဲ့အရိပ်အာဝါသကို ပေးတဲ့သူက ဘဝမှာ အရေးပါဆုံးသော ကျေးဇူးရှင်ဘဲ…

'အစ်ကို Soနဲ့တွေ့ခဲ့တယ်။ သူငယ်ချင်းတွေဖြစ်လာပြီးတော့ တစ်ယောက်ကို တစ်ယောက် သဘောကျသွားကြတယ်။ အစ်ကို့အတွက် အရေးကြီးတဲ့အရာတစ်ခုကို ရှာတွေ့နိုင်ခဲ့ပြီလို့ အစ်ကို ထင်ခဲ့တယ်။ အဲ့အချိန်တုန်းက အစ်ကို တွေးခဲ့မိတာက အစ်ကို့မှာ အရေးကြီးတဲ့အရာနှစ်ခုရှိလာပြီဆိုတော့ အစ်ကို အဲ့ဒါကို အာရုံစိုက်ပြီး ကာကွယ်ပေးရမယ်ပေါ့… ဒါပေမယ့် Mae Yaiဆုံးသွားတဲ့အချိန်မှာ… အစ်ကို့အိမ်မက်တွေအားလုံး ပျက်စီးသွားခဲ့တယ်။ ဒါပေမယ့် အစ်ကိုက အခြားသူတွေအတွက် မှိခိုအားထားရာဖြစ်တာကြောင့် အစ်ကို သန်မာမှ ရမယ်ဆိုပြီး တောင့်ခံထားခဲ့တာ…'

ကျန်တဲ့တစ်ယောက်ကို ဒီထပ်ပိုပြီး ဝမ်းနည်းလာအောင် မလုပ်ချင်တာကြောင့် ကျွန်တော် လုံးဝမငိုမိ… ကျွန်တော် သူ့ကို စိုးရိမ်အောင် မလုပ်ချင်…

'အဲ့ဒါနဲ့… Soရောက်လာတဲ့အချိန်မှာ Soက အစ်ကို့အတွက် မှီခိုအားထားစရာဖြစ်ပေးမယ်လို့ ပြောခဲ့တယ်။ အစ်ကို့ကို ပြုံးလာဖို့အတွက် အရာအားလုံးကို လုပ်ပေးခဲ့တယ်။ ဒီမှာ ရှိတဲ့လူတွေအတွက်ကော… Mae Yaiအတွက်ပါ လုပ်ပေးခဲ့တယ်။ အစ်ကို မလုပ်နိုင်သမျှအရာအားလုံးကို လုပ်ပေးခဲ့တယ်'

ကျွန်တော် ပျော်ရွင်စွာနဲ့ပြုံးလိုက်ပြီးတော့ ချမ်းစိမ့်နေတဲ့ရာသီဥတုကြောင့် အေးစက်နေတဲ့သူ့ရဲ့ပါးပြင်လေးကို အသာလေးထိတွေ့လိုက်ကာ…

'So အစ်ကို့ကို တစ်ခါမေးဖူးတဲ့အချစ်ရဲ့အဓိပ္ပာယ်ဆိုတာကို… အစ်ကို အခုပြန်ဖြေနိုင်ပြီလို့ အစ်ကိုထင်တယ်'

အစကတော့ သူ့ရဲ့မွေးနေ့မှာ ထူးခြားသွားအောင် Kaoနဲ့အတူ ပြင်ဆင်ထားတဲ့သီချင်းကို ဆိုမလို့ဘဲ… သူ့အတွက် တစ်ခုခုလုပ်ပေးချင်တဲ့အတွက် ပြင်ဆင်ထားပေမယ့် အခုတော့ အဲ့လိုမျိုးမဟုတ်တော့… ဘာလို့လဲဆိုတော့ အခုလုပ်မယ့်အရာက ဝှက်ထားတဲ့အဓိပ္ပာယ်တွေ အများကြီးပါသည်။ ဒါက နောက်ဆုံး ဆိုခါနီးအချိန်မှာ ကျွန်တော် ပြောင်းဆိုလိုက်တဲ့သီချင်းပေါ့…

"ဘယ်သူမှ မရှိတော့တဲ့တစ်နေ့…

ကမ္ဘာကြီးပြောင်းလဲသွားပြီး ဘာမှမရှိတော့တဲ့တစ်နေ့…

ကြယ်တွေ နေတွေ မဲမှောင်သွားပြီး…
ကမ္ဘာပေါ်မှာ အလင်းရောင်ဆိုတာ မရှိတော့တဲ့တစ်နေ့…"

သေချာနားထောင်နေတဲ့ ကောင်လေးရဲ့တလဲ့လဲတောက်ပနေတဲ့မျက်လုံးတွေကို နူးနူးညံ့ညံ့နဲ့ ကြည့်လိုက်မိသည်။ ကျွန်တော် ခံစားရတဲ့ခံစားချက်တွေကို သူ့ကို သိစေချင်သည်။

"ဘယ်လောက်ဘဲ ပူပြင်းပြီး အေးစက်နေပါစေ…

မင်းရဲ့လက်လေးကိုသာ ကိုင်ထားမယ်…

ငါ့ဘေးနားမှာဘဲ နေပြီးတော့…
ငါ့ကို တစ်ယောက်တည်း ထားမသွားပါနဲ့…

ဘယ်လောက်ဘဲ စိတ်ပျက်အားလျော့နေပါစေ…
အမြဲတမ်း ငါ့ဘေးမှာဘဲ ရှိနေပေးပါ"

'Guitar တောင့်မခံနိုင်တော့ရင်… Guitar ကျွန်တော့်ကို အဲ့ကို လာစေချင်တယ်ဆိုရင်… ကျွန်တော့်ကိုပြောနော်… ကျွန်တော် အဲ့အချိန်မှာ ဘာဘဲလုပ်နေလုပ်နေ… ဘယ်နေရာကိုဘဲ ရောက်နေပါစေ… ကျွန်တော် Guiatrဆီ ပြေးလာပြီးတော့ ပွေ့ဖက်ပေးမယ်'

"နှလုံးသားအတွက် မင်းရဲ့အချစ်က အသက်ရှုလို့ရအောင် ကူညီပေးတယ်…

ဒီနေ့ ရှည်လျားလှတဲ့လမ်းမကြီးကို ဖြတ်လျောက်ရမယ်ဆိုရင်တောင်…

ငါ အခု မကြောက်တော့ဘူး…

နှလုံးသားလေးတစ်ခုတည်းက ပျောက်ဆုံးသွားတဲ့အရာအားလုံးအတွက် အစားထိုးပေးဖို့ လုံလောက်ပါတယ်…

ငါ့နှလုံးသားဘေးမှာ မင်းရှိနေရုံနဲ့တင်…

ငါ့နှလုံးသားတစ်ခုလုံးနဲ့အတူ မင်းအတွက် အသက်ရှင်နေမိတယ်…"

ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ရှိနေတဲ့အတားအဆီက တစ်ခုတည်းမဟုတ်… ကြောက်စရာကောင်းတဲ့အရာတွေပါ ပေါ်လာဦးမှာ… ဒါပေမယ့် ကျွန်တော်တို့ အခုလိုမျိး တစ်ယောက်လက်ကို တစ်ယောက်ဆုတ်ကိုင်ထားကြမယ်ဆိုရင် ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်သည်။

"ဘဝဆိုတာ မသေချာဘူး…

ဇာတ်လမ်းအပိုင်းတိုင်း ငါတို့ ပြုံးနိုင်မှာ မဟုတ်ပေမယ့်…

ဇာတ်လမ်းက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ…

ငါ့ရဲ့ဘေးနားမှာ လူတစ်ယောက်က အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်ဆိုတာကို ငါ သိတယ်…"

သူ အစက အဲ့လိုတွေးပြီး ကြောက်နေတာကို ကျွန်တော် ဝမ်းနည်းမိပေမယ့် အခုလိုမျိုး သူ့ဘေးနားမှာ နေဖို့ ရွေးချယ်ခဲ့တာကို ကျွန်တော် ဘယ်တော့မှ နောင်တရမှာမဟုတ်…

"နှလုံးသားအတွက် မင်းရဲ့အချစ်က အသက်ရှုလို့ရအောင် ကူညီပေးတယ်…

ဒီနေ့ ရှည်လျားလှတဲ့လမ်းမကြီးကို ဖြတ်လျောက်ရမယ်ဆိုရင်တောင်…

ငါ အခု မကြောက်တော့ဘူး…

နှလုံးသားလေးတစ်ခုတည်းက ပျောက်ဆုံးသွားတဲ့အရာအားလုံးအတွက် အစားထိုးပေးဖို့ လုံလောက်ပါတယ်…

ငါ့နှလုံးသားဘေးမှာ မင်းရှိနေရုံနဲ့တင်…

ငါ့နှလုံးသားတစ်ခုလုံးနဲ့အတူ မင်းအတွက် အသက်ရှင်နေမိတယ်…

ငါ့နှလုံးသားတစ်ခုလုံးနဲ့ မင်းကို ပြန်ပေးဆပ်ပါမယ်…"

[หนึ่งหัวใจ: โดมจารุวัฒน์]

ကျွန်တော် ခံစားချက်တွေအားလုံးကို ဖော်ပြဖို့အတွက် ကျွန်တော့်မျက်နှာပေါ်မှာ အပြုံးတစ်ခုသာ ဖန်တီးလိုက်မိသည်။ သူ နားလည်လွယ်စေဖို့အတွက် စကားပြောဖို့ မရွေးလိုက်ဘူးဆိုတာက တစ်ခါတစ်လေကျရင်… စကားလုံးတွေထက် အပြုအမူလေးတစ်ခုက ပိုပြီးထိရောက်စေသည်။

'အစ်ကို့အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အချိန်တုန်းက Soက အစ်ကို့ဘေးနားကို ရောက်လာခဲ့တယ်။ အဲ့ဒါကြောင့် အစ်ကို့မှာ နောက်ထပ်အရေးပါတဲ့တစ်ခုရှိသေးတာဘဲဆိုတာကို နားလည်လိုက်ရတယ်'

အဲ့အရာက ဘာလဲဆိုတာကို ပြောဖို့အတွက် သူ့ရဲ့လက်လေးကို ကျွန်တော်တင်းကြပ်စွာ ဆုတ်ကိုင်ထားလိုက်သည်။

'အခုအချိန်မှာ ဘယ်အရာဘဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ အိမ်မက်တွေက ပျောက်ကွယ်သွားပြီ။ အရာအားလုံးလည်း ပျောက်ကွယ်သွားပြီ။ အခု…'

'…'

'Soက အစ်ကို့အတွက် အရာအားလုံးဘဲ…'

'…'

'အစ်ကို့ရဲ့အိမ်မက်၊ မျှော်လင့်ချက်၊ အချစ်အပါအဝင် အရာအားလုံးဘဲ…'

'အချစ်?'

ကျွန်တော် ခေါင်းညိမ့်ပြလိုက်တဲ့အချိန်မှာ အူတူတူဖြစ်သွားတဲ့သူ့ရဲ့မျက်နှာလေးကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။

'ဟုတ်တယ်'

တစ်စုံတစ်ယောက်အပေါ် ချစ်မိတဲ့ ကျွန်တော့်ရဲ့အချစ်တွေက…

'အစ်ကို Soကို ချစ်တယ်'

Soloလို့ခေါ်တဲ့ ကောင်လေးအတွက်ပေါ့…

'!!!'

Soloက မျက်လုံးအပြူးသားဖြစ်သွားတယ်။ စောနက အပြောခံလိုက်ရတဲ့ကျွန်တော့်ထက်တောက် ပိုပြီးအံ့သြမှင်သက်နေသည်။

'သတိ… သတိ…'

စောနက ကျွန်တော့်ကို စခဲ့တဲ့ သူ့ပုံစံအတိုင်း လက်စားချေတဲ့အနေနဲ့ ကျွန်တော် သူ့ကို ပြန်စလိုက်မိသည်။ ဒါပေမယ့် အမှန်တိုင်းပြောရရင် အဲ့လို စလိုက်တယ်ဆိုတာက ကျွန်တော် ရှက်နေလို့…

Soloက ဒီအတိုင်းထိုင်နေပြီး နောက်ဆုံးမှာတော့ ပျော်ရွင်စွာနဲ့ အားရပါးရပြုံးပြလာသည်။ သူက ဘာမှမပြောပေမယ့် သူ ဆုတ်ကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်လေးကို အပေါ်သို့ပင့်တင်လိုက်ပြီး ကျွန်တော့်ရဲ့လက်ဖမိုးလေးကို ညင်ညင်သာသာလေး နမ်းလိုက်သည်။ ပြီးတဲ့အခါမှာ သူ့ရဲ့မျက်လုံးတွေက ကျွန်တော့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်လာခဲ့သည်။

အဲ့ဒီမျက်လုံးတွေထဲမှာ ဖုံးကွယ်ထားတဲ့ခံစားချက်တွေ အများကြီးရှိတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့လိုမျိုး တူညီတဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်နေတာဖြစ်နိုင်သည်။

အဝေးတစ်နေရာက မြည်လာတဲ့မီးရှုးမီးပန်းအသံတွေကြောင့် ကျွန်တော်တို့ရဲ့အကြည့်တွေကို လွှဲလိုက်ပြီး ကောင်းကင်ပေါ်မှာ ရှိနေတဲ့မီးရှုးမီးပန်းတွေကို ကြည့်လိုက်မိသည်။ အရမ်းဝေးနေတယ်ဆိုပေမယ့် မြင်နေရတုန်းဘဲ… အဲ့ဒီအရာလေးကြောင့် အခု ကျွန်တော်တို့ နှစ်သစ်ကို ရောက်နေပြီဆိုတာ သိလိုက်ရသည်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့အရာတွေက အများကြီးဘဲ… ပျော်ရွင်ခဲ့ရတယ်။ ဝမ်းနည်းခဲ့ရတယ်။ ငိုကြွေးခဲ့ရတယ်။ ရယ်မောခဲ့ရတယ်။ ကောင်းတဲ့အရာတွေအားလုံးကို အမှတ်တရအဖြစ် သူ့ရဲ့မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းထားလိုက်မည်။ ပြီးတော့ ဒီနှစ်သစ်ကလည်း ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုတောင်းနေလိုက်မိသည်။

'ပျော်ရွင်စရာနှစ်သစ်ဖြစ်ပါစေ Guitar…'

ကျွန်တော်တို့ ခိုင်မြဲစွာဆုတ်ကိုင်ထားတဲ့လက်တွေကို ပိုပြီးခိုင်မြဲလာအောင် Soloက တင်းကြပ်စွာ ဆုတ်ကိုင်လိုက်သည်။ ပြီးတော့ ကျွန်တော်ကလည်း… သူ့အတိုင်း တင်းကြပ်စွာ ပြန်ဆုတ်ကိုင်လိုက်မိသည်။

ပြီးခဲ့တဲ့နှစ်တုန်းက Soloနဲ့ ကျွန်တော်က တစ်ယောက်လက်ကို တစ်ယောက်ဆုတ်ကိုင်ထားပြီး မတူညီတဲ့အရာအားလုံးကို အတူတူဖြတ်ကျော်နိုင်ခဲ့သည်။

ပြီးတော့ အခုလည်း ကျွန်တော်တို့က… ပြီးခဲ့တဲ့နှစ်တုန်းကလို တစ်ယောက်လက်ကို တစ်ယောက် တင်းကြပ်စွာ ဆုတ်ကိုင်ထားတုန်း…

'ဒီနှစ်မှာ အစ်ကို Soကို စောင့်ရှောက်ပေးမယ်နော်…'

'နှစ်တိုင်း စောင့်ရှောက်ပေးလည်း အဆင်ပြေတယ်'

…_…

(ဒါက မူရင်းAuthor Chesshireနဲ့ Kaoနဲ့စကားပြောကြတဲ့အပိုင်းလေးပါ။ အဲ့ပုံစံလေးကို အားလုံးသိမယ်လို့ ထင်ပါတယ်။)

CC: Kao… Gui တစ်ပတ်လုံးလုံး မင်းနဲ့လေ့ကျင့်ခဲ့သီချင်းက ဘာလဲ။

Kao: အစ်ကိုက ဆိုပြီးသွားပြီလား။

CC: အင်း… ဒါပေမယ့် သီချင်းကို ရုတ်တရက်ပြောင်းပစ်လိုက်တယ်။

Kao: အောင်း… အဲ့ဒါလည်း ကောင်းတာပါဘဲ… အစကတော့ ကျွန်တော်က သီချင်းတကယ်ဆိုချင်တာလားလို့မေးတော့ အစ်ကိုက အဲ့ဒါက ပိုခက်တယ်တဲ့… အစ်ကိုက နားထောင်နေတဲ့သူရဲ့ရင်ထဲ ထိသွားမှာထက် အလှောင်ခံရမှာကို ပိုကြောက်နေတာ…

CC: အဲ့ဒါဆို အစက ရွေးခဲ့တဲ့သီချင်းက ဘာသီချင်းလဲ။

Kao: Happy Birthday

CC: အဲ့သီချင်းက ဘယ်အပိုင်းက ရင်ထဲထိလို့လဲဟဲ့…

…_…

Continue Reading

You'll Also Like

387K 6.1K 29
Jimena and a guy messed around in there teen years. But once he cheated, jimena stopped talking to him and a couple months later he got locked up, ev...
28.1K 416 20
"I won't tell anyone just please let me go!" Delilah kept crying in fear as she felt his grip on her jaw tighten painfully. Nothing could explain the...
1.2M 63.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
62.3K 1.2K 82
After losing everything, Cassandra "Cassie" Rose Snow-Allen begins a race against time to save her family from the Darkest Thunder, and prevent the t...