ကျွန်တော့်ရဲ့အချိန်အများစုကို ကလေးတွေကို စာသင်ရင်း ကုန်ဆုံးဖြစ်ခဲ့သည်။ ပထမဆုံးစသင်တဲ့နေ့တုန်းက ဘယ်လိုစသင်ရမယ်မှန်း မသိတာကြောင့် သုံးယောက်သား တိုင်တွေ ပတ်နေခဲ့တာ… ဒါပေမယ့် သုံးရက်လောက် အဲ့အတိုင်း ဖြတ်သန်းလာပြီးတဲ့အခါမှာ ကျွန်တော်တို့ ကောင်းကောင်းကိုင်တွယ်တက်သွားတယ်။ ကျွန်တော် မတူညီတဲ့ဘာသာရပ်တွေကို ခွဲပြီးသင်ပေးဖြစ်တယ်။ တကယ့်လက်တွေ့ဘဝမှာ အသုံးဝင်မယ့်အရာတွေနှင့် ဘာသာစကားနဲ့ပတ်သတ်တာတွေကိုသာ သင်ပေးခဲ့တာ… အခုဆို ကျွန်တော် ဒီရွာလေးကို ရောက်နေတာ တစ်ပတ်နီးပါးရှိနေပြီ။
'ဆရာ… ဘယ်အချိန်မှာ သားတို့က အင်္ဂလိပ်စကားကို သုံးရမှာလဲ'
N'Saoမေးတဲ့မေးခွန်းကို ပြန်ဖြေဖို့ Soloစဉ်းစားနေစဉ်မှာဘဲ Khun Jayက ပြန်ဖြေပေးလိုက်သည်။
'တစ်နေ့ကျရင် ကမ္ဘာလှည့်ခရီးသွားတွေက ဒီကို ရောက်လာကြမှာ… အဲ့အချိန်ကျရင် သားတို့အားလုံးက သားတို့မိဘတွေနဲ့ သူတို့တွေ စကားပြောတဲ့အခါကျရင် ကူပေးရမှာ…'
'သူတို့တွေက ထိုင်းစကားမပြောတက်ဘူးလား'
'ကမ္ဘာလှည့်ခရီးသွားတဲ့သူတွေက မတူညီတဲ့နိူင်ငံတွေကလာကြတာ… ပြီးတော့ အင်္ဂလိပ်ဘာသာစကားဆိုတာ ကမ္ဘာလုံးနီးပါး အသုံးပြုနေကြတဲ့ဘာသာစကားလေ…'
Khun Jayက တည်ငြိမ်စွာ ပြန်ဖြေလိုက်ပေမယ့်လည်း ကလေးတစ်အုပ်စုလုံးကို နားလည်အောင် ရှင်းပြဖို့အတွက် အချိန်အတော်ယူလိုက်ရသည်။
'ကလေးတွေ ခဏနားကြမယ်။ ကိုယ် စိုက်ထားတဲ့အပင်ကို ကိုယ့်ဘာသာတာဝန်ယူဖို့ မမေ့ကြနဲ့နော်…'
သူတို့ မေးနေတာတွေကို ရပ်သွားဖို့အတွက် အာရုံလွဲသွားအောင် လုပ်ပေးလိုက်သည်။ အဲ့ဒီတော့မှဘဲ Khun Jayက သက်ပြင်းချလိုက်မိပြီး ကျွန်တော့်ကို လှည့်ကြည့်ကာ ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းညိမ့်ပြနေသည်။
ကလေးတွေရဲ့စာသင်ခန်းဆိုတာက ရွာသားတွေ ဝိုင်းဆောက်ပေးထားတဲ့ဝါးတဲလေးဖြစ်ပြီး ထိုင်ခုံတွေမရှိ… ဝါးတွေနဲ့ လုပ်ထားတဲ့ စားပွဲဆယ်လုံးလောက်သာ ရှိသည်။ စာသင်ခန်းလေးက စိုက်ခင်းနဲ့ သိပ်မဝေးတဲ့တောင်ကုန်းထိပ်မှာ တည်ရှိတာကြောင့် ကျွန်တော် ခဏနားမယ်လို့ ပြောလိုက်တာနဲ့ သူတို့လေးတွေက စိုက်ခင်းထဲပြေးဆင်းကာ သူတို့စိုက်ထားတဲ့အပင်လေးတွေကို ဂရုတစိုက်နဲ့ ကြည့်ရှုစောင့်ရှောက်နေကြသည်။ သူတို့လုပ်နေတာလေးတွေကို ကြည့်ရင်း ကျွန်တော် ပီတီဖြစ်မိသည်။
တစ်စုံတစ်ခုအပေါ် ဂရုစိုက်ပေးချင်ရင် သူ့အနီးအနားမှာ ရှိနေတဲ့သေးငယ်တဲ့အရာတွေကနေ စပြီးတော့ ဂရုစိုက်ပေးပါတဲ့… အဲ့စကားလေးက Mae Yaiပြောနေကြစကား…
'ကလေးတွေက တော်တော်အတက်မြန်ကြတယ်'
Khun Jayက ကျွန်တော့်နားကပ်လာပြီး ပြောနေပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေက ကလေးတွေကိုသာ စိုက်ကြည့်နေသည်။
'ဟုတ်တယ်… သူတို့လေးတွေအတွက် အခွင့်အရေးကောင်းတွေ ရှိလာမယ်ဆိုရင် တကယ့်ကို ထူးချွန်တဲ့သူတွေ ဖြစ်လာကြမှာ…'
ဒါပေမယ့် ကျွန်တော်တို့က မကြာခင် ပြန်ရတော့မှာလေ… ကလေးတွေကို ဘယ်လိုကူညီပေးရမယ်မှန်း ကျွန်တော် မသိ…
'Guitar… ကလေးတွေကို ကြည့်ပေးပါဦး… ကျွန်တော် Jayနဲ့ ခဏလောက်သွားလိုက်ဦးမယ်'
ကျွန်တော် Soloကို လှည့်ကြည့်ပြီးတော့ ပြုံးပြလိုက်သည်။ အရင်နှစ်ရက်လောက်ကတည်းက နားပြီဆိုတာနဲ့ Soloနဲ့ Khun Jayက အဒေါ်Jitဆီ သွားနေကြ… ကျွန်တော် မေးပြန်တော့လည်း Soloက သူတို့ စီးပွားရေးကိစ္စအကြောင်း ပြောဖြစ်တယ်လို့ဘဲ ပြန်ဖြေသည်။ စီးပွားရေးကိစ္စဆိုတာ ကျွန်တော် အများကြီးနားလည်တဲ့ဘာသာရပ်မှ မဟုတ်တာ… Soloကတော့ အားလုံးပြီးစီးသွားတာနဲ့ ကျွန်တော့်ကို ရှင်းပြပေးမယ်လို့ ပြောခဲ့သည်။ သူ့မှာ ဒီနေရာလေးအတွက် ကောင်းမွန်တဲ့မျှော်လင့်ချက်တွေရှိတယ်လို့ သိလိုက်ရရုံနဲ့တင် ကျွန်တော် ပျော်မိပါသည်။ အခုအချိန်မှာ သူပြောပြလည်း ကျွန်တော် နားလည်မှာ မဟုတ်တဲ့အတွက် ဒီကိစ္စကို အရင်ဆုံး သူ့ဘာသာကိုင်တွယ်မယ်လို့လည်း ခွေးပေါက်လေးက ပြောပြခဲ့သေးသည်။
Soloက ကျွန်တော့်ကို နားနေစေချင်တယ်ဆိုတာ ကျွန်တော် သိသည်။ သူက ကျွန်တော့်ကို အများကြီးတွေးစေချင်မှာ မဟုတ်… အဲ့ဒါကြောင့် သူ့ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကို မငြင်းဆန်တော့ဘဲ သူ ပြောပြဖို့ အဆင်သင့်ဖြစ်လာမယ့် အချိန်ကိုသာ စောင့်နေမိသည်။
ကျွန်တော် ကလေးတွေရှိနေတဲ့ စိုက်ခင်းဆီသွားကာ ကျွန်တော့်ရဲ့အပင်လေးကို ကြည့်ပြီးတာနဲ့ N'Moonလေးဆီ သွားလိုက်သည်။ N'Moonလေးက အခြားကလေးတွေနဲ့ မကစားဘဲ ဆောင့်ကြောင့်ထိုင်နေကာ အားရပါးရပြုံးနေသည်။
'N'Moonလေးက ဘာတွေလုပ်နေတာလဲ'
'Moon နာမည်ကတ်လေးလုပ်နေတာ…'
လက်သေးသေးလေးက သူ့စိုက်ထားတဲ့အပင်လေးကို ညွှန်ပြနေသည်။ အပင်လေးရဲ့ထိပ်မှာ အဝိုင်းပုံစံညှပ်ထားပြီး အဝါရောင်ဆိုးထားတဲ့စာရွက်လေးတစ်ရွက်…
'ဒီသင်္ကေတလေးက သားနာမည်လေ…'
တကယ်တော့ လပုံစံလေးဆွဲထားတာဘဲ…
'ဒါပေမယ့် N'Moonလေးက ဒီလိုထားလို့မရဘူးလေ…' ကျွန်တော် ရယ်လိုက်ပြီးတော့ ရေလုံအောင် ပလက်စတစ်အိတ်ထဲထည့်ထားတဲ့စာရွက်လေးကို ဖယ်လိုက်ပြီးတော့… 'N'Moonလေးက စိုက်ထားတဲ့အပင်ပေါ်မှာ ဒီအတိုင်း တင်ထားလိုက်မယ်ဆိုရင် အပင်က ဘယ်လိုလုပ်ပြီး ကြီးလာတော့မှာလဲ'
'ဟုတ်သားဘဲ!'
N'Moonလေးက ပါးတွေ မို့တက်လာတဲ့အထိ အားရပါးရပြုံးနေကာ ကတ်ပြားလေးကို စောနကတင်ထားတဲ့နေရာကနေ ဝေးဝေးကို ရွေ့လိုက်သည်။
'N'Moonလေး ကိုယ့်ဘာသာကို လုပ်ထားတာလား'
'ဟုတ်…'
N'Moonလေးက ကြည်လင်တဲ့အသံနှင့် ပြန်ဖြေလာပေမယ့် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်ပြီးတော့ ခေါင်းခါပြလာသည်။
'မဟုတ်ဘူး။ Moonနဲ့ ဆရာခန့်ချောကြီးနဲ့လုပ်ထားတာ…'
အဲ့လိုသာဆို ဒီစာရွက်လေးကို ပလက်စတစ်အိတ်ထဲ ထည့်ပေးခဲ့တဲ့သူက N'Moonလေးရဲ့ဆရာခန့်ချောကြီးဖြစ်နိူင်သည်။
ဒီအနားသို့ လျောက်လာပြီး လာကြည့်နေတဲ့ဦးလေးMarkကို ကျွန်တော် အရိုအသေပေးလိုက်တော့ သူက ခေါင်းပြန်ညိမ့်ပြကာ ဦးထုတ်ကို ချွတ်လိုက်သည်။ ဒီနေ့ ဦးလေးMarkက အရင်နေ့ကထက်ပိုပြီးတော့ သပ်သပ်ရပ်ရပ်ဝတ်ထားတာကို ကျွန်တော် သတိထားလိုက်မိသည်။
'ဆရာလေး… ကျွန်တော် အလုပ်ကိစ္စအတွက် မြို့ပေါ်တက်မလို့ဗျ… ဆရာလေးတွေ ဘာတွေလိုသေးလဲ'
ဦးလေးMarkက နှစ်လိုဖွယ်ရာကောင်းတဲ့အပြုံးမျိုးနှင့် ပြုံးပြလာပြီးတော့ နှီးနဲ့ရက်ထားတဲ့ဦးထုပ်ကြီးကို N'Moonလေးရဲ့ခေါင်းလေးပေါ် ဆောင်းပေးလိုက်တဲ့အခါမှာ အသေးလေးက သဘောကျစွာနဲ့ တခစ်ခစ်ရယ်နေသည်။
'ကျွန်တော် မနှောင့်ယှက်တော့တာဘဲ ပိုကောင်းပါတယ်။ ဒါနဲ့ ဦးလေးMark တစ်ယောက်တည်းသွားလို့ အဆင်ပြေတာ သေချာရဲ့လား'
'ကလေးတွေရဲ့ဆရာHiaက အလုပ်လုပ်စရာရှိလို့ လိုက်မယ်လို့ပြောတယ်'
'အဲ့ဒါဆို အန္တရာယ်ကင်းပါစေဗျာ…'
'ကျေးဇူးပါ ဆရာလေး… ကလေးတွေကို ဆရာလေးဆီ အပ်လိုက်ပြီနော်…'
ဦးလေးMarkက ရွာထဲသို့ ပြန်ဝင်သွားသည်။ ကလေးတွေကတော့ ထုံးစံအတိုင်းပြေးလွှားပြီး ဆော့ကစားနေကြသည်။ ကလေးတွေက အကြီးတွေပြောတာကို နားထောင်တက်တဲ့ လိမ္မာတဲ့ကလေးတွေဖြစ်သည်။ ဘာဘဲပြောပြော ပြောတဲ့အတိုင်း လိုက်လုပ်တက်ကြတာကြောင့် ကျွန်တော်အပါအဝင် ဒီကလူတိုင်းက ကလေးတွေအပေါ် အရမ်းကြင်နာပြီး ချစ်ကြတာ မထူးဆန်းတော့…
အထူးသဖြင့်…
'ဆရာ… Moonဘာလုပ်ရမလဲ'
အသေးလေးရဲ့လက်လေးက ကျွန်တော့်ခြေထောက်ကို ကိုင်ထားကာ သူတစ်ခုခုကို စဉ်းစားနေသလိုမျိုး မျက်တောင်လေးကို ပုတ်ခပ်ပုတ်ခပ်လုပ်နေသည်။
'သားလေးက ဘာလို့မေးတာလဲ'
'P'Janက နံနေပြီလို့ ဆရာခန့်ချောကြီးက ပြောတယ်။ Moonက အဲ့ဒါလေးကို လျှော်ဖို့ငြင်းနေမယ်ဆိုရင် ဆရာခန့်ချောကြီးက သားကို ထပ်ပြီး မဖက်တော့ဘူးတဲ့…'
N'Moonလေးက သူ နှစ်သက်တဲ့အရုပ်လေးကို နှာခေါင်းလေးနှင့် ငုံ့ရှုကာ နားမလည်သည့်ပုံစံ ဖြစ်နေသည်။ ပြီးတဲ့အခါမှာတော့ ကျွန်တော့်ကို အနံ့ခံခိုင်းဖို့အတွက် အသေးလေးက သူ့အရုပ်လေးကို ကမ်းပေးလာသည်။ တကယ်တော့ အဲ့လောက်ထိ မနံပါဘူး။ ဟိုနေ့က ဖုန်တွေကြောင့် ပေနေတဲ့အမဲကြောင်းဘဲ ရှိတာ… ကြည့်ရတာ အရင်နေ့တုန်းက N'Moonပြုတ်ကျထားတာ ထင်တယ်။
'အဲ့ဒါဆို အစ်ကို လျော်ပေးမယ်'
'မရဘူး!' N'Moonလေးက သူ့ရဲ့ဖောင်းကားနေတဲ့ပါးပြင်လေးတွေပါ တုန်ခါလာတဲ့အထိ ခေါင်းခါပြနေတာကြောင့် အသေးလေးရဲ့ပုံစံက အရမ်းချစ်စရာကောင်းနေသည်။ 'အစက ဆရာခန့်ချောကြီးကို Moonက လျှော်ပေးပါလို့ ပြောခဲ့တယ်လေ… ဒါပေမယ့် P'Janက Moonပိုင်တာဆိုတော့ Moonဘာသာလုပ်ရမယ်လို့ ဆရာခန့်ချောကြီးက ပြန်ပြောတယ်'
စာသင်ပေးတဲ့နည်းက အရမ်းကို ကောင်းလွန်းတာကြောင့်… ဘာပြန်ပြောရမလဲဆိုတာ မသိတော့… ဒါပေမယ့် ခွေးပေါက်လေးက လျှော်ပေးရမှာ ပျင်းလို့ ပြောလိုက်တာလို့ ကျွန်တော် တွေးနေမိသည်။
'အဲ့ဒါဆို အစ်ကိုတို့ စာသင်ပြီးတာနဲ့ N'Moonလေး လျှော်ဖို့အတွက် အစ်ကို ခေါ်သွားပေးမယ်'
'ဟုတ်ကဲ့!'
ကျွန်တော်တို့အားလုံး စာသင်ခန်းထဲသို့ ပြန်ခဲ့ကြသည်။ ရာသီဥတုက ဘယ်လောက်ဘဲ အေးနေပါစေ… ကလေးတွေက တစ်ချက်မှ မညည်းဘဲ စာသာလုပ်နေကြသည်။ သူတို့လေးတွေက စာသင်ခွင့်ရတာကိုဘဲ အရမ်းပျော်ရွင်နေတဲ့ပုံရသလို… ကျွန်တော်ကလည်း သူတို့ကို သင်ပေးခွင့်ရတဲ့အတွက် အရမ်းပျော်ရွင်နေမိသည်။ အထူးသဖြင့် သူတို့လေးတွေက ကိန်းဂဏန်းတွေကို စိတ်ဝင်စားကြတဲ့ပုံရသည်။ N'Jaပြောတာက ဒီရွာမှှာ ဟင်းသီးဟင်းရွက်တွေ လာဝယ်ကြတဲ့လူတွေပြောတာကို နားထောင်ချင်လို့တဲ့…
'သားတို့မှာ အိမ်မက်တွေ ရှိကြလား'
ကျွန်တော် မေးလိုက်တဲ့မေးခွန်းရဲ့အဖြေကို ကလေးတွေက သူတိုု့စာရွက်ပေါ်မှာ ချရေးနေသည်။ နှေးနှေးလေးဆိုပေမယ့်လည်း သူတို့ရေးနိူင်ကြသည်။ အချိန်အတော်ယူပြီး စဉ်းစားခဲ့ပေမယ့် အဆုံးမှာတော့ သူတို့လုပ်နိူင်ခဲ့ကြသည်။ အငယ်ဆုံးလေး N'Moonကတောင် သူ့ဘာသာသူ ရေးနိူင်တယ်။ Mae Yaiက သူတို့ကို အရင်ကတည်းက စာရေးတက်ဖို့အတွက် သင်ပေးခဲ့တာလို့ သူတို့ ကျွန်တော့်ကို ပြောပြကြသည်။
စာသင်လို့ပြီးတဲ့အခါမှာတော့ ကလေးတွေကို အိမ်ပြန်ဖို့အတွက် လွှတ်ပေးလိုက်သည်။ ပြီးတဲ့အခါမှာတော့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး သူတို့လေးတွေရဲ့အိမ်မက်တွေကို ချရေးထားတဲ့စာရွက်တွေကို ကြည့်လိုက်မိသည်။
'Guitar~'
Soloက ကျွန်တော့်နာမည်ကိုခေါ်ပြီး အထဲသို့ ဝင်လာခဲ့သည်။ ကျွန်တော် ထင်ထားတဲ့အတိုင်း N'Moonလေးက ခွေးပေါက်စလေးလိုမျိုး သူ့ရဲ့ခြေထောက်ကို ဖက်တွယ်ပြီး လိုက်လာသည်။
'အင်း…'
'Guitar ဘာလုပ်နေတာလဲ'
'ကလေးတွေရဲ့အိမ်မက်ကို ကြည့်နေတာလေ… အတူတူဖတ်ရအောင်…'
ကျွန်တော်က ပြုံးလိုက်ပြီးတော့ Soloအနားရွေ့လိုက်ကာ N'Moonလေးကို ကျွန်တော့်ရဲ့ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်သည်။
အကြီးဆုံးကလေးN'Jaက တိုတိုလေးမရေးထားဘဲ အခြားသူတွေလိုမျိုး ပုံအချို့ကိုပါဆွဲထားသည်။ သူက သူ့ရဲ့အိမ်မက်ကို ရှည်လျားတဲ့စာကြောင်းတွေနဲ့ ရေးသားထားပြီး ထိုစာပိုဒ်လေးရဲ့အောက်မှာ သေးငယ်တဲ့ပုံလေးကို ဆွဲထားသည်။
'ကျွန်တော့်ရဲ့အိမ်မက်က ဒီနေရာလေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်တယ်။ လူတွေ အများကြီးကို ဒီကို လာစေချင်တယ်။ ဆရာHiaပြောပြတာက ဒီကို လူတွေအများကြီးလာရင် ဝင်ငွေတွေလည်း အများကြီးရှိလာလိမ့်မယ်တဲ့… အဲ့ဒါဆို ဆေးတွေနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ဖို့အတွက် ပိုက်ဆံရှိလာမှာလေ… ဒါပေမယ့် ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ဒီအတိုင်းနေနေလို့မရဘူးလို့ ဆရာက ပြောတယ်။ ကျွန်တော်တို့ အောင်မြင်ဖို့အတွက် ကြိုးစားရမယ်'
စာကြောင်းလေးတွေရဲ့အောက်မှာ လူငယ်လေးတစ်ယောက်က တုတ်တစ်ချောင်းကို ကိုင်ပြီး ဘုတ်ပြားကို ညွှန်ပြနေတဲ့ပုံမျိုး ဆွဲထားသည်။ ဦးလေးMarkက အခြားရွာသားတွေနဲ့အတူ အစည်းအဝေးလုပ်တုန်းက သူ မြင်ခဲ့တဲ့ပုံစံထင်သည်။
ဦးလေးMarkရဲ့သား N'Saoကတော့ တောင်တန်းတွေနှင့် အစိမ်းရောင်သဘာဝတရားနှင့်အတူ အလယ်မှာတော့ ပျော်ရွင်နေကြတဲ့ လူအများကြီးကို ဆွဲထားသည်။
'ကျွန်တော့်အဖေ လုပ်သလိုမျိုး ဟင်းသီးဟင်းရွက်တွေ အများကြီးစိုက်ချင်တယ်'
ကျွန်တော် သူတို့လေးတွေရဲ့အိမ်မက်တွေကို ဖတ်နေတဲ့တောက်လျောက် ပြုံးနေမိသည်။ ကျွန်တော် ပိုပြီးဖတ်မိလေလေ… ကျွန်တော် ပီတီဖြစ်မိလေလေ…
'ကျွန်တော်က ဆရာHiaလိုဖြစ်ချင်တယ်။ ဆရာHiaက အရမ်းမိုက်တယ်'
'ဒါနဲ့ Jayက ဘာလို့ထိပ်ပြောင်နေတာလဲ'
'ဟုတ်သားဘဲ'
Soloရဲ့မေးခွန်းကြောင့် ကျွန်တော် ရယ်လိုက်တဲ့အခါမှာ သူလည်း ရယ်နေသည်။ ဘာမှနားမလည်တဲ့N'Moonကတောင် ကျွန်တော်တို့ ရယ်နေတာကိုကြည့်ပြီး လိုက်ရယ်နေသည်။
သူတို့လေးတွေရဲ့အိမ်မက်ကို ဆက်ပြီးဖတ်မိသည်။ အိမ်မက်တွေက အများကြီးဘဲ… အချို့က ဖြစ်နိူင်တယ်။ အချို့အိမ်မက်တွေက မဖြစ်နိူင်ဘူး။ ဒါပေမယ့် သေးငယ်တဲ့စာသင်ခန်းလေးထဲမှာ ရယ်မောသံတွေနှင့် ပြည့်နှက်နေသည်။
အဲ့ဒါနဲ့ နောက်ဆုံးစာရွက်သို့ ရောက်လာခဲ့သည်။
'အဲ့ဒါ Moonဟာ!'
အသေးလေးက အသံမြင့်ပြီးပြောကာ စိတ်လှုပ်ရှားနေတဲ့ပုံရသည်။ ကျွန်တော် Soloရဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီးတော့ ကျွန်တော့်ရဲ့လက်ထဲက စာရွက်လေးကို ငုံ့ကြည့်လိုက်သည်။
ဆွဲထားတဲ့ပုံလေးက ဒီစာရွက်လေးရဲ့အသက်ထင်သည်။ ပုံလေးက ကြီးကြီးဆွဲထားပြီး သိပ်ပြီးကြည့်လို့မကောင်း… ဘာလို့လဲဆိုတော့ ကာလာတွေက ကုန်ခါနီးဖြစ်တဲ့အတွက်ကြောင့် ရောသုံးထားပုံရသည်။ လမင်းပုံရဲ့အောက်က လူပုံလေးတွေကိုတော့ ဘူးထဲက ရှိသမျှကာလာပေါင်းစုံကို ခြယ်ထားသည်။ စာရွက်လေးရဲ့အောက်မှာတော့ မလှမပနဲ့ တွန့်လိမ်နေတဲ့လက်ရေးလေးတွေကို တွေ့လိုက်ရပေမယ့် ဖတ်လို့တော့ရသည်။
'Moonရဲ့အိမ်မက်က လူတိုင်းအတွက် လမင်းကြီးဖြစ်ချင်တာ…'
'အဲ့ဒါ ဘာကိုပြောချင်တာလဲ'
ကျွန်တော့်ခေါင်းလေးကို အောက်သို့ငုံ့လိုက်ပြီးတော့ ကျွန်တော့်ပေါင်ပေါ်က အသေးလေးကို မေးလိုက်သည်။ N'Moonလေးက ပြုံးလိုက်ပြီးတော့ စာရွက်ပေါ်က သူ ဆွဲထားတဲ့ပုံလေးကို လက်ညိုးလေးနှင့် ထိုးပြကာ…
'ဒီပုံလေးက လမင်းကြီးလေ… လမင်းကြီးက Moonလေ…'
အသေးလေးက သူ့ရဲ့လက်လေးကို ရွေ့လိုက်ပြီး ကာလာပေါင်းစုံနှင့် ဆွဲထားသည့်လူအုပ်စုလေးကို ထောက်ပြကာ…
'ဒီမှာက လူတွေလေ… ဒီမှာ ဆရာခန့်ချောကြီး၊ ဆရာပြုံး၊ ဆရာHia၊ ကျောင်းအုပ်ကြီး၊ P'Ja၊ P'Sao၊ အဘွားJitနဲ့ ရွာကလူတွေ…'
'ဒါနဲ့ အဲ့ဒါလေးက ဘာလေးလဲ'
အစိမ်းရောင်အပုံတစ်ပုံကို ကျွန်တော် ထောက်ပြလိုက်သည်။
'ပိုက်ဆံတွေလေ…'
'ပိုက်ဆံ?'
'လူတိုင်းကို ကောင်းကောင်းမွန်မွန်နဲ့ပျော်ရွင်စေချင်တယ်ဆိုရင် အဲ့သူက ပိုက်ဆံရှိဖို့လည်းလိုတယ်လို့ ဆရာခန့်ချောကြီးက ပြောတယ်'
ဆရာSoloကို ကျွန်တော် လှည့်ကြည့်လိုက်တဲ့အခါမှာတော့ Soloက ကျွန်တော့်ကို ပြုံးပြကာ အပြစ်ကင်းစင်တဲ့အကြည့်မျိုးနှင့် ကြည့်နေသည်။
'ဒီမှာ ဘာတွေရေးထားတာလဲ'
ကျွန်တော် စာသားလေးတွေကို ထောက်ပြလိုက်တဲ့အခါမှာ N'Moonက ပြုံးလာပြီးတော့ သူ့စာရွက်လေးကို အပေါ်သို့တင်လိုက်ကာ တက်ကြွနေတဲ့အသံနှင့် ရှင်းပြနေသည်။
'Moonက လူတိုင်းရဲ့လမင်းကြီးဖြစ်ချင်တယ်။ လူတိုင်းကို ပျော်ရွင်အောင်လုပ်ပေးနိူင်တဲ့ အံ့သြစရာကောင်းတဲ့လမင်းကြီးဖြစ်ချင်တာ… ဒါပေမယ့် ဆရာခန့်ချောကြီးက အဲ့လောက်နဲ့ မလုံလောက်ဘူးလို့ ပြောတယ်။ Moonမှာ လုံလဝီရိယရှိရမယ်။ စာကြိုးစားပြီး အလုပ်ကောင်းကောင်းရမှ အဲ့က ရတဲ့ငွေတွေနဲ့ အခြားသူတွေကို ကူညီပေးရမယ်လို့ ဆရာခန့်ချောကြီးက ပြောတာလေ…'
အပြစ်ပေးဖို့အတွက် ခြိမ်းခြောက်နေတဲ့အကြည့်မျိုးနှင့် ကျွန်တော် Soloကို ကြည့်လိုက်ပေမယ့်လည်း သူ N'Moonကို ပြောပြခဲ့တဲ့အကြောင်းအရာတွေကိုတော့ ကျွန်တော် ငြင်းလို့မရ… သူပြောသမျှအားလုံးက အမှန်တွေချည်းဘဲလေ… ယနေ့ခေတ် ကမ္ဘာကြီးပေါ်မှာ အရေးအကြီးဆုံးအရာက ပိုက်ဆံပင်… ပိုက်ဆံသာရှိရင် အရာအားလုံးနီးပါးကို လုပ်နိူင်သည်။
ကျွန်တော်က အဲ့လိုမျိုး တွေးမိတယ်ဆိုရင်တောင်မှ…
'အင်း… ပိုက်ဆံရှိလာတာက လူတွေကို ပျော်ရွင်အောင်လုပ်ပေးနိူင်တယ်။ ဒါပေမယ့် ကြင်နာတက်တဲ့စိတ်နဲ့ လူတိုင်းပျော်ရွင်စေချင်တယ်ဆိုတဲ့ N'Moonလေးရဲ့စိတ်ခံစားချက်တွေကိုတော့ မမေ့ပစ်ရဘူးနော်…'
ကျွန်တော် N'Moonလေးရဲ့ခေါင်းကို အသာလေးပွတ်သပ်ပေးလိုက်ပြီး ကျွန်တော့်ရဲ့လက်သန်းလေးကို အသေးလေးမြင်အောင် ထုတ်ပြလိုက်ကာ…
'ဟုတ်!'
N'Moonက တက်ကြွတဲ့အသံနှင့် အကျယ်ကြီးပြန်ဖြေလိုက်ပြီးတော့ သူ့ရဲ့လက်သန်းသေးသေးလေးက ကျွန်တော့်ရဲ့လက်သန်းကို လာချိတ်ထားလိုက်သည်။
'ဒါနဲ့ Guitarရဲ့အိမ်မက်က ဘာလဲ'
Soloရဲ့မေးခွန်းကြောင့် ကျွန်တော် တိတ်ဆိတ်မိသွားသည်။ ဘာလို့တိတ်ဆိတ်မိသွားတာလဲဆိုတော့ ဘယ်လိုပြန်ဖြေရမလဲဆိုတာကို စဉ်းစားနေမိလို့… သေချာစဉ်းစားမိလို့ဆိုတာက သူ့ရဲ့အဖြေက အဓိပ္ပာယ်ရှိစေချင်လို့ဖြစ်သည်။ ဘာဖြစ်ချင်တယ်။ ညာဖြစ်ချင်တယ်ဆိုပြီး နာမည်တပ်ပြောရတာက လူတိုင်းပြောတက်တယ်လေ… ဘေးနားက အသေးလေးတောင် ပြောတက်သေးတယ်။
'ချမ်းသာချင်တာ…'
Soloက ကျွန်တော့်အဖြေကြောင့် အံ့သြသွားတဲ့ပုံစံနှင့် မဲနက်နေတဲ့သူ့ရဲ့မျက်ခုံးနှစ်ဖက်က အပေါ်သို့ တက်သွားသည်။ ကျွန်တော် နောက်နေတယ်လို့ သူ တွေးနေတယ်ဆိုတာ သူ့ရဲ့မျက်နှာပေါ်မှာ အထင်းသား…
'Guitarက အင်ဂျင်နီယာဖြစ်ချင်တာမဟုတ်ဘူးလား'
'ဘယ်သူပြောတာလဲ'
ကျွန်တော့်ရဲ့ဘဝမှာ ပထမဆုံးကြားဖူးတဲ့မေးခွန်းကြောင့် ကျွန်တော် ရယ်လိုက်သည်။
'အစ်ကိုက အင်ဂျင်နီယာမဖြစ်ချင်ဘူး'
'အဲ့ဒါဆို Guitarက ဘာဖြစ်ချင်တာလဲ'
'တကယ်လို့ Soက အစ်ကို့ကို ဘယ်အလုပ်ကို လုပ်ချင်လဲလို့ မေးတာဆိုရင်… အစ်ကိုက ဘာဘဲဖြစ်ဖြစ်လို့ ပြန်ဖြေရလိမ့်မယ်'
ကျွန်တော် N'Moonလေးရဲ့ခေါင်းကို ပုတ်သပ်ပေးလိုက်ပြီး သူ့ရဲ့မျက်လုံးလေးတွေကို ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေက အကြီးတွေပြောတာကို နားမလည်တဲ့ပုံဖြစ်နေပေမယ့် ကြိုးစားပြီး နားထောင်နေသည်။
'So N'Moonလေးကို ပြောခဲ့တဲ့ 'ပိုက်ဆံဆိုတာ လူတော်တော်များများအတွက် အရေးအကြီးဆုံးအရာ'ဆိုတာလေ… အဲ့လိုမျိုးလူတော်တော်များများထဲမှာ အစ်ကိုလည်း ပါတယ်'
'အဲ့ဒါဆို ဘာလို့အင်ဂျင်နီယာမေဂျာကို ယူတာလဲ'
'အစ်ကို့မှာ စိတ်ကူးထဲက လုပ်ကိုင်ချင်တဲ့အလုပ်အကိုင်မျိုး မရှိဘူး။ အခြားသူတစ်ယောက်ရဲ့ခြေရာအတိုင်း လိုက်နင်းပြီး လုပ်ဖို့လည်း မလိုဘူးလေ… ဒါပေမယ့် အစ်ကို့မှာ အဲ့ပညာနဲ့ပတ်သတ်ပြီး တော်တဲ့အရာတွေရှိတယ်။ အဲ့ဒါကြောင့် ကိုယ် အကောင်းဆုံးလုပ်နိူင်မယ်လို့ ထင်မိတဲ့ဘာသာရပ်ကို အစ်ကို ရွေးခဲ့တာ… ဘွဲ့ရပြီးသွားရင်လည်း အလုပ်ကောင်းကောင်းရမယ်။ ပြီးတော့ အစ်ကို့ရဲ့အိမ်မက်အတိုင်း ချမ်းသာတဲ့သူဖြစ်အောင် ကြိုးစားမယ်'
ကျွန်တော် N'Moonလေးရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့အိမ်မက်နှင့် အခြားကလေးတွေရဲ့အိမ်မက်တွေကိုပါ တွေးနေလိုက်မိသည်။
'အိမ်မက်…'
'အိမ်မက်ဆိုတာ တကယ်ဖြစ်လာနိူင်သလို… ဖြစ်မလာနိူင်တာတွေလည်း ရှိတယ်လေ… အချို့သူတွေအတွက် မဖြစ်နိူင်ဘူးဆိုတာသိပေမယ့် သူတို့လုပ်ချင်တာတွေ… သူတို့ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်ကြည့်ကြတယ်။ အဲ့ဒါကြောင့် သူတို့က အဲ့ဒါကို အိမ်မက်လို့ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် ဘယ်တော့မှ တကယ်ဖြစ်လာမှာ မဟုတ်ဘူးလေ… ဒါပေမယ့် အခြားသူတွေက သူတို့တွေရဲ့အိမ်မက်က ဖြစ်လာနိူင်တယ်လို့ ထင်ကြတယ်။ သူတို့ရဲ့အိမ်မက်နောက်ကို သူတို့လိုက်တာ… မလိုက်တာကတော့ သူတို့အပေါ်မှာ မူတည်တာပေါ့… အစ်ကို့ရဲ့အိမ်မက်က မသေချာပါဘူး။ ဖြစ်တော့ ဖြစ်နိူင်တယ်… ဒါပေမယ့် ပြီးမြောက်အောင် လုပ်နိူင်မလားဆိုတာတော့ မသိဘူး'
'အဲ့ဒါဆို Guitarက ဘာလို့ချမ်းသာချင်ရတာလဲ'
သိချင်စိတ်ပြင်းပြနေတဲ့ခွေးပေါက်လေးက မေးနေပေမယ့်လည်း သူ့ရဲ့လက်က N'Moonလက်ထဲက အရုပ်လေးကို လုယူကာ ကြောက်ဖို့ကောင်းတဲ့မျက်နှာထားကို လုပ်နေသည်။
'မချမ်းသာချင်တဲ့သူ ရှိလို့လား'
'ဟုတ်တယ်လေ…' Soloက N'Moonလေးဆီကနေ အကြည့်လွှဲလိုက်ပြီးတော့ ကျွန်တော့်ကို တည်ငြိမ်တဲ့မျက်နှာနှင့် ကြည့်ကာ… 'ဒါပေမယ့် ဘယ်သူကမှ Guitarလို ဒီအရာကို အိမ်မက်ဆိုပြီး အတည်ကြီးသတ်မှတ်ကြတာမှ မဟုတ်တာ…'
ကျွန်တော် ပြုံးလိုက်မိသည်။ ဒီခွေးပေါက်လေးက တစ်ခါတစ်လေကျရင် အရာအားလုံးကို သိနေတဲ့လူတစ်ယောက်လို ဖြစ်ပြီး တစ်ခါတစ်လေကျရင် ကလေးဆန်တဲ့ခွေးပေါက်စလေးလိုမျိုး ဖြစ်တက်သည်။
'အစ်ကို ချမ်းသာပြီး ပိုက်ဆံတွေအများကြီးရှိချင်တယ်ဆိုတာက Mae Yaiကို သက်တောင့်သက်သာနေရတဲ့ဘဝမျိုးမှာ ထားချင်လို့… တကယ်လို့ အင်ဂျင်နီယာမေဂျာကနေ အမှတ်ကောင်းကောင်းရပြီး ဘွဲ့ရသွားရင် အစ်ကို ကြိုက်တဲ့အလုပ်လုပ်လို့ရပြီ။ အင်ဂျင်နီယာဆိုတာ ပိုက်ဆံတွေ အများကြီးရနိူင်တယ်လေ…'
Mae Yaiဘယ်လောက်ထိ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့လဲဆိုတာကို ကျွန်တော် အမြဲတမ်း မြင်ခဲ့ရတာ… Mae Yaiက အသက်ကြီးနေပြီဆိုပေမယ့် ကလေးတွေကို ဂရုစိုက်ပေးခဲ့သည်။ သူတို့လေးတွေကို ကောင်းမွန်တဲ့မိသားစုတွေက မွေးစားလိုက်တယ်ဆိုရင်တောင် Mae Yaiက အဲ့နေရာလေးမှာဘဲ နေကာ စွန့်ပစ်ကလေးတွေကို ဆက်ရှာဖွေပြီး မွေးစားခဲ့သည်။
'ဒါပေမယ့် အမေက အခုမှမရှိတော့တာ…'
အဲ့ဒါကြောင့် အိမ်မက်ကို ရပ်တန့်ပစ်ရတော့မယ်ထင်သည်။
'Guitar…'
'ဆရာ!'
အဝေးကနေ အမောတကောပြောလာပြီး အော်ပြောနေတဲ့N'Saoရဲ့အသံ… ကျွန်တော် ချက်ချင်း N'Moonကို Soloဆီပေးလိုက်ကာ အမြန်ထလိုက်ပြီး မြေကြီးပေါ်မှာ လဲကျနေတဲ့ကလေးကို ထူပေးလိုက်သည်။
'N'Sao… ဘာဖြစ်တာလဲ။ ဘာလို့ ဒီလိုမျိုး အသည်းအသန်ပြေးလာရတာလဲ'
'ဆရာ… ဆရာ ကူပါဦး'
N'Saoက ငိုထားတာကြောင့် နီရဲနေတဲ့မျက်လုံးတွေနှင့်အတူ လေကို အားရပါးရှုသွင်းရင်း ပြောနေသည်။
'ဘာဖြစ်တာလဲ'
'ရွာ… ရွာထဲမှာ…'
ကျွန်တော် ဘေးနားက ခွေးပေါက်လေးနှင့် အကြည့်ချင်းဆုံလိုက်တာနဲ့ Soloက ချက်ချင်းထလာပြီး ကျွန်တော်တို့နှစ်ယောက်သား ရွာထဲသို့ ပြေးသွားလိုက်သည်။ N'Saoကတော့ ပြေးလိုက်လာပေမယ့် အနောက်မှာ ကျန်ခဲ့တာပေါ့… ဒါပေမယ့် ကျွန်တော့်မှာ သူ့ကို စိတ်မပူနိူင်သေး… ရွာထဲကသူတွေ တစ်ခုခုဖြစ်သွားမှာကို ကြောက်နေမိသည်။
ကျွန်တော်တို့ရောက်တဲ့အခါမှာ လူစိမ်းဆယ်ယောက်လောက်က ရွာသားတွေနှင့် မျက်နှာချင်းဆိုင်ရပ်နေတာကို အရင်တွေ့လိုက်ရသည်။ ဦးလေးMaiနဲ့ အဒေါ်Jitက အရှေ့မှာ မားမားမတ်မတ်ရပ်နေတယ်ဆိုသော်လည်း သူတို့တွေ ကြောက်နေတာကို မြင်ရသည်။ အထူးသဖြင့် ကလေးတွေကို ဖက်ထားတဲ့အမျိုးသမီးတွေပေါ့…
'မင်းတို့က တောင်ထိပ်မှာနေတဲ့လူတွေလေ… မင်းတို့က ဘယ်လိုလုပ်ပြီး အရောင်းအဝယ်ကိစ္စတွေကို သိမှာလဲ'
ခန္ဓာကိုယ်ကြီးကြီးမားမားနှင့် ဈေးကြီးတဲ့အဝတ်အစားတွေ ဝတ်ထားတဲ့လူကြီးတစ်ယောက်က အော်နေသည်။ အဲ့ဒါကြောင့် ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပြီးတော့ ရှေ့သို့ တိုးသွားလိုက်သည်။
'ကျောင်းအုပ်ကြီးက အရောင်းအဝယ်ကိစ္စနဲ့ပတ်သတ်တာတွေကို သင်ပေးခဲ့ပြီးသား… မင်းတို့ လိမ်နေတယ်ဆိုတာကို ငါတို့က ဘယ်လိုလုပ်ပြီး မသိဘဲနေမလဲ'
အဒေါ်Jitက တုန်ရီနေတဲ့အသံနှင့် ပြန်ပြောလိုက်သည်။ အဒေါ်က သူတို့ကို ကြောက်နေတာမဟုတ်ဘဲ အခြားသူတွေ ထိခိုက်မှာ ကြောက်နေတာဆိုတာကို ကျွန်တော် ခံစားလို့ရသည်။
'အဲ့ဒီအိုနေတဲ့ကျောင်းအုပ်ကြီးက အခေါင်းထဲ ရောက်နေပြီ။ နင်က ပညာတက်တဲ့သူတစ်ယောက်လိုမျိုး လာငြင်းနေတယ်။ ငါ ဒီကိုလာတယ်ဆိုတာက မင်းတို့အားလုံး ခေါင်းငုံ့ခံနေဖို့ကွ…'
'ဘာပြသာနာဖြစ်နေတာလဲ'
ကျွန်တော့်ရဲ့နှလုံးသားက အခြားသူတွေထက် ဆူပွက်နေတယ်ဆိုရင်တောင် ကျွန်တော် အရှေ့သို့တက်လိုက်ပြီး ပုံမှန်အသံမျိုးဖြစ်အောင် ကြိုးစားပြောလိုက်သည်။
လူတွေအားလုံးရဲ့အကြည့်က ကျွန်တော့်ဆီ ရောက်လာသည်။ ရွာသားတွေက ကျွန်တော့်ကို အသနားခံပြီး ပျော်ရွင်နေတဲ့အကြည့်တွေနှင့် ကြည့်နေသည်။ တစ်ဖက်က လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဒေါသထွက်နေလိမ့်ဆိုတာ သေချာသည်။ Soloက N'Moonလေးကို အခြားကလေးတွေဆီ သွားခိုင်းလိုက်ပြီးတော့ ကျွန်တော့်ဘေးနားမှာ လာရပ်နေသည်။
'မင်းက ဘယ်သူလဲ။ ဘာတွေ ဝင်ပါနေတာလဲ'
သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို မေးနေသလိုမျိုး အော်ပြောနေသည်။ Soloရဲ့ပုံက အရင်ကထက်ပိုပြီး စိတ်အနှောင့်ယှက်ဖြစ်နေတဲ့ပုံဖြစ်နေတာကြောင့် သူ့ရဲ့လက်ကို ကျွန်တော် ဆုတ်ကိုင်ထားလိုက်သည်။
'ကျွန်တော်က ဒီက ကလေးတွေရဲ့ဆရာဘဲ…'
ကျွန်တော် ပြောပြဖို့ ကြိုးစားလိုက်ပေမယ့်လည်း တစ်ဖက်ကလူတွေက နားထောင်ဖို့ စိတ်ဝင်စားတဲ့ပုံမပေါ်…
'ဟ့… အဘွားကြီးပြီးတော့ နောက်ထပ်လူပျော့လေးဘဲ…'
သူတို့ရဲ့ စိတ်မဝင်စားဟန်ပြနေတဲ့အမူအရာတွေနှင့် ဆဲဆိုနေတဲ့စကားတွေကို ကျွန်တော် လျစ်လျူရှုတဲ့အနေနဲ့ ရယ်ပြလိုက်သည်။
'ခင်ဗျားတို့ ဘာပြသာနာရှိနေလဲဆိုတာ ကျွန်တော် မသိဘူး'
သူတို့ထဲက တစ်ယောက်က ဒေါသထွက်သွားပေမယ့်လည်း အရှေ့က သက်လတ်ပိုင်းအရွယ်လူကြီးက ဒေါသထွက်နေတဲ့လူကို လက်ပြပြီးတားလိုက်သည်။
'မင်း ရွာသားတွေနဲ့ စကားပြောလိုက်… အေး… ဒီကသူတွေ တစ်ယောက်မှ မထိခိုက်ချင်ဘူးဆိုရင် ငါ ပြောတဲ့ဈေးအတိုင်း ရောင်းဖို့ဆိုတာပါ သူတို့ကို ထည့်ပြောလိုက်…'
ကျွန်တော် ဘာမှပြန်မဖြေတော့ဘဲ Soloရဲ့လက်ကို ဆွဲကာ အဒေါ်Jitဆီသို့ သွားလိုက်သည်။
'ဘာဖြစ်တာလဲ အဒေါ်…'
'ဆရာလေး သူတို့က အဒေါ်တို့ဆီက ထွက်တဲ့ဟင်းသီးဟင်းရွက်တွေကို လာဝယ်နေတာ ခဏခဏရှိပြီ။ ပုံမှန်ဆို သူတို့ခေါင်းဆောင် Ai'Liang မလာဘူး။ လေး ငါးယောက်လောက်ဘဲ လာသယ်ပြီး ပြန်ကြတာ… ဒါပေမယ့် သူတို့လာတဲ့အချိန်တိုင်းမှာ ကျောင်းအုပ်ကြီးက ခြိမ်းခြောက်ပြီး သတိပေးတော့ သူတို့က ကြောက်ကြတယ်လေ… သူက နှံ့နှံ့စပ်စပ်သိတဲ့သူတစ်ယောက်လို ပြောဆိုတာဆိုတော့ သူတို့လို ရမ်းကားနေတဲ့ သူတွေက ယှဉ်မပြောရဲကြဘူး။ အန်တီလည်း Khun Feungတစ်ယောက်တည်းကိုဘဲ ရောင်းမယ်ဆိုတာ သူတို့ကို ရှင်းပြပါသေးတယ်။ ဒါပေမယ့် သူတို့က နားမထောင်တဲ့အပြင်ကို ဟင်းသီးဟင်းရွက်တွေကို ဈေးပါ နှိမ်သေးတယ်။ သူတို့က Khun Feungကို ရောင်းတဲ့ဈေးထက်ပိုပြီး ဈေးလျော့ပေးဖို့ ခဏခဏပြောနေတာ…'
ပြောနေရင်း အဒေါ်Jitက မျက်ရည်တွေပါ ကျလာသည်။
'အဒေါ်ကလည်း အဒေါ်တို့ကို သူတို့ ထိခိုက်လာအောင် လုပ်မှာစိုးလို့ သင့်တော်တဲ့ဈေးနဲ့ရောင်းမယ်လို့ သဘောတူလိုက်တာ… ဒါပေမယ့် သူတို့က သဘောမတူဘူးလေ… အရင်အပတ်ကဆိုလည်း အဒေါ်တို့ကို လိမ်သွားသေးတယ်။ ဒီတစ်ခါလည်း သူတို့က လာနေတုန်း…'
'အဆင်ပြေပါတယ် အဒေါ်ရဲ့…'
ကျွန်တော် အဒေါ်Jitရဲ့လက်လေးကို ဆုတ်ကိုင်လိုက်ပြီးတော့ အခြားရွာသားတွေဆီ ပို့ပေးလိုက်တော့ ဦးလေးMaiကတော့ အနောက်ကနေ လိုက်လာခဲ့သည်။
'မင်းတို့ ရောင်းမှာလား။ မရောင်းဘူးလား'
အော်ပြောနေတဲ့သူကို ကျွန်တော် လှည့်ကြည့်လိုက်သည်။ ကျွန်တော့်စိတ်တွေ ဆူပွတ်နေတယ်ဆိုရင်တောင်မှ အခုအချိန်က အရေးကြီးဆုံးအရာဖြစ်နေတာကြောင့် စိတ်တည်ငြိမ်အောင် ထားလိုက်သည်။
'ကျွန်တော်တို့ မျှမျှတတရောင်းဝယ်ကျရင် ပိုမကောင်းဘူးလား။ ခင်ဗျားတို့ လုပ်နေတာတွေအားလုံးက တရားမဝင်တဲ့အရာတွေနော်… လူတွေကို အကျပ်ကိုင်တယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူး။ ကျွန်တော်သာ တိုင်လိုက်ရင် ထောင်ထဲရောက်သွားလိမ့်မယ်'
Khun Liangအပါအဝင် အခြားသူတွေအားလုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်နေကြသည်။ ဘာလို့ သူတို့ရယ်နေကြလဲဆိုတာကို ကျွန်တော် နားမလည်ပေမယ့် သူတို့ရယ်နေတာတွေပြီးအောင် စောင့်ပေးရမယ်ဆိုတဲ့ ယဉ်ကျေးတဲ့အပြုအမှုတော့ ကျွန်တော့်မှာရှိသည်။
'ဥပဒေက ခေါင်ဖျားတဲ့တောင်ထိပ်ပေါ်က ဒီလိုလူမျိုးတွေကို စိတ်ဝင်စားလိမ့်မယ်လို့ မင်း ထင်လို့လား'
'တရားဥပဒေက ဒီနေရာအထိ မလွှမ်းမိုးနိူင်ဘူးဆိုတာက ဒီလိုမျိုး လူတွေကို ခင်ဗျား အနိူင်ကျင့်လို့ရတယ်လို့ ပြောထားတာမှမဟုတ်တာ…'
'အဲ့ဒါဆို မင်းက ဘာဝင်ပါနေတာလဲ။ ဆရာက ဆရာလိုဘဲနေ… မင်းတို့ကောင်တွေ ကြည့်ကြပ်ပြီး အပြီးသတ်ခဲ့!'
Soloရဲ့အကျီလက်ကို ကိုင်ကာ သက်ပြင်းချလိုက်မိသည်။
'အစ်ကိုက ပညာမတက်တဲ့သူတွေနဲ့ စကားပြောတဲ့နေရာမှာ မတော်ဘူး'
'မင်း ဘာပြောလိုက်တာလဲ!'
ကြည့်ရတာ ကျွန်တော် တိုးတိုးလေးပြောလိုက်တဲ့စကားက ကျယ်သွားတဲ့ပုံပင်… ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ အချိန်ဆွဲလို့ရတာပေါ့…
'ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်က ပညာမတက်တဲ့သူတွေနဲ့ စကားပြောခဲတယ်လေ… အဲ့ဒါကြောင့် အထင်မလွဲနဲ့နော်… ဒီက ပညာမရှိတဲ့သူအချို့ကတောင် ဘယ်လိုတွေးပြီး ဘယ်လိုနားလည်ပေးရမလဲဆိုတာကို သိတယ်။ အချို့တွေက ပညာတက်ပေမယ့် ပညာမတက်တဲ့သူတွေလိုမျိုး လုပ်နေကြတာလေ…'
ကျွန်တော် ဘာဆက်ပြောရမလဲဆိုတာ မသေချာတာကြောင့် နည်းနည်းတော့ ကသိကအောက်ဖြစ်မိသည်။ ဒါပေမယ့် ကြားဖြတ်ဝင်မပြောဘဲ ခဏလောက်အနေကြတဲ့သူတို့တွေကို ကျေးဇူူးတင်မိသည်။ အဲ့အချိန်အတွင်းမှာ စကားလုံးတွေကို စီလို့ရတယ်လေ…
'ကျွန်တော် ပြောခဲ့တဲ့ပညာမတက်တဲ့သူဆိုတာ ကျောင်းစာဘယ်လောက်ထိတက်ခဲ့လဲဆိုတာမျိုး မဟုတ်ဘူးနော်… ကျွန်တော် ပြောချင်တဲ့သူက စိတ်ဓာတ်ဖွံ့ဖြိုးမှုနည်းပါးနေတဲ့သူတွေကို ပြောတာ… နားလည်အောင် ပြောပြရရင် ဦးနှောက်ကို ဘယ်လိုသုံးရမလဲဆိုတာ မသိတဲ့သူတွေရယ်… အခြားသူတွေရဲ့စိတ်ခံစားကို ဂရုစိုက်ဘဲ ကိုယ်လုပ်ချင်တာကို လုပ်တဲ့လူမျိုးတွေပေါ့…'
'မင်း!'
ကျွန်တော် ပါးလေးကို ကုတ်လိုက်မိသည်။ ကျွန်တော့်ရဲ့စကားတွေက ပြသာနာဖြစ်လာနိူင်တယ်ဆိုတာကို ကျွန်တော် အခုထိ မသိသေး… ဒါပေမယ့် ကျွန်တော် ဒီအတိုင်း ရပ်နေပြီးတော့ သူတို့ ဆဲလာမှာကို စောင့်နေမိသည်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျွန်တော် ပြောခဲ့တာတွေက အမှန်တွေဖြစ်ပြီးတော့ သူတို့နားလည်အောင် ရှင်းပြဖို့အတွက် ဒါက အယဉ်ကျေးဆုံးနည်းလမ်းလို့ ထင်မိသည်။ ကျွန်တော် တက္ကသိုလ်မှာ ကလေးတွေနဲ့ ပြသာနာအချို့ဖြစ်တုန်းက နားလည်သွားအောင် စကားပြောလိုက်တာနဲ့တင် သူတို့နားလည်သွားကြသည်။ ဒါပေမယ့် ဒီလူတွေကတော့…
ကျွန်တော့်ဘေးနားက ကောင်လေးက ကျွန်တော့်ကို အနောက်သို့ ဆွဲပို့လိုက်ပြီး ကျွန်တော့်အရှေ့ကနေ ရပ်ကာ ကာပေးထားသည်။ ပြီးတဲ့အခါမှာတော့ Soloက ကျွန်တော့်ကို လှည့်ပြီး ပြုံးပြကာ ကျွန်တော့်ခေါင်းကို အသာလေးပုတ်ပေးရင်း…
'ဒီGuitarလေးကတော့နော်…'
'သူတို့က Mae Yaiအကြောင်းပြောတာကို…'
ဒါက ကျွန်တော် သည်းခံနိူင်တဲ့အတိုင်းအတာကို ကျော်သွားပြီ။ သူက အဲ့လိုခဏခဏပြောနေမှတော့ ဘုန်းကြီးတောင် သည်းခံနိူင်မှာ မဟုတ်ဘူး။
'အင်း… ကျွန်တော် သိပါတယ်'
Soloက ကျွန်တော့်ကို နောက်တစ်လှမ်းဆုတ်အောင် တွန်းလိုက်ပြီး သူကတော့ ရှေ့တစ်လှမ်းတက်ကာ တစ်ဖက်လူတွေဆီ ပြန်လှည့်လိုက်သည်။
'မင်းတို့ကောင်တွေ အလှည့်ပေါ့ကွာ!'
Khun Liangက ကျယ်လောင်စွာ အော်လိုက်သည်။ နီရဲနေတဲ့သူ့ရဲ့မျက်နှာက ဒေါသထွက်နေတယ်ဆိုတာ အထင်းသား…
Khun Liangရဲ့လူတွေ ရှေ့သို့ အမြန်အဆန်တက်လာတဲ့အခါမှာတော့ ကျွန်တော်တို့ဆီ လျောက်လာတဲ့ လူအများကြီးရဲ့အရိပ်တွေကို ပိုပြီးထင်ထင်ရှားရှားမြင်လိုက်ရသည်။ ကျွန်တော် မြင်တာမမှားဘူးဆိုရင်… Khun Jayထင်တယ်။
'မင်း သေဖို့သာပြင်ထား!'
ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပြီးတော့ Soloဆီ ပြေးဝင်လာတဲ့သူကို ကြည့်လိုက်သည်။ ကျွန်တော့်လက်ထဲက ရှိနေတဲ့ကျောက်တုံးနှင့် အဲ့ဒီသူရဲ့မျက်နှာကို ပစ်ပေါက်လိုက်ပေမယ့် လွဲသွားတာကြောင့် ထိုသူရဲ့အာရုံက ကျွန်တော့်ဆီရောက်လာခဲ့သည်။
ခွပ်!
Soloက ကျွန်တော့်အရှေ့မှာ ကာလိုက်တာကြောင့် ကျွန်တော် မထိခိုက်မိ… ဒါပေမယ့် ကာပေးတဲ့ကောင်လေးကတော့ အထိုးခံလိုက်ရသည်။
'So!'
ကျွန်တော် ယိုင်သွားတဲ့သူကို ကိုင်ထားလိုက်သည်။ ရွာထဲက ယောကျာ်းသားတွေက ပြေးလာပြီးတော့ ကျွန်တော်တို့ကို ကူပေးကြသည်။ ဒါပေမယ့် ကျွန်တော့်လက်ထဲက ကောင်လေးက အသိစိတ်လွတ်သွားပြီထင်တယ်။ တောက်ပမှုတွေ ပျောက်ကွယ်နေတဲ့ စူးရှပြီး တည်ငြိမ်တဲ့မျက်လုံးတွေကို ကြည့်လိုက်မိသည်။ ဒါပေမယ့် ခဏအကြာမှာ Soloက ကျွန်တော့်ကို တွန်းထုတ်လိုက်ပြီးတော့ ရွာသားတွေကြားက ဖြတ်သွားကာ စောနက သူ့ကို ထိုးခဲ့တဲ့သူကို ပြင်းထန်စွာ ကန်နေသည်။
အမျိုးသမီးနှင့် ကလေးတွေကို ရန်ပွဲကြောင့် မထိခိုက်စေဖို့အတွက် ကျွန်တော် ကာကွယ်ပေးလိုက်သည်။ ကျွန်တော် ကျွန်တော့်အရှေ့မှာ ဖရိုဖရဲဖြစ်နေတဲ့အခြေအနေကိုသာကြည့်ပြီး စိုးရိမ်နေမိသည်။
Khun Jayနောက်ကျပြီးမှ ရောက်လာလိမ့်မယ်လို့ ကျွန်တော် မထင်မိဘူး။ ကျွန်တော် မသေမချာဖြစ်မိတယ်ဆိုရင်တောင်မှ သူနဲ့အတူ လူဆယ်ယောက်ထက်ပိုပြီး ပါလာတာတင်တယ်။ စောနတုန်းက အဝေးက လာနေတဲ့Khun Jayတို့ကို ကြည့်ပြီး သူတို့ရောက်လာတဲ့အထိ အချိန်ဆွဲနိူင်ခဲ့ပြီထင်ထားတာ… ဒါပေမယ့် အရာအားလုံးဖြစ်ပျက်သွားတာက မြန်ဆန်လွန်းသည်။ နည်းနည်းလေးပိုပြီး အချိန်မဆွဲမိတဲ့အတွက် ဝမ်းနည်းနေမိသည်။
'So!'
သူ့ရဲ့မျက်နှာကို အထိုးခံလိုက်ရတဲ့အချိန်မှာ ကျွန်တော် သူ့ရဲ့နာမည်ကို အော်လိုက်မိသည်။ ကျွန်တော် သူ့ဆီသွားချင်ပေမယ့်လည်း ကလေးအချို့က ကျွန်တော့်ကို ကုတ်တွယ်ထားတာကြောင့် သွားလို့မရ ဖြစ်နေသည်။
'Jay!'
Soloက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ ပုံမှန်နှင့်မတူတဲ့အသံရဲ့အခြေနေကြောင့် သူ ဒေါသထွက်နေတယ်ဆိုတာ အထင်းသား…
'ပြီးအောင် ရှင်းလိုက်ကြ!'
Khun Jayရဲ့အော်သံကို ကြားလိုက်တာနဲ့ သူနဲ့လိုက်လာတဲ့သူတွေက ပြေးဝင်လာကြသည်။ နှစ်ဖက်စလုံး တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာပြီးတော့ Khun Liangဘက်က လူတွေဘဲ ခံနေရသည်။
ကျွန်တော် ဦးလေးနှင့်အတူ ကလေးတွေကို လုံခြုံတဲ့နေရာသို့ ပို့ပြီးတဲ့အခါမှာ လူသတ်ချင်နေတဲ့ပုံစံဖြစ်နေတဲ့သူအနားသို့ လမ်းလျောက်သွားလိုက်သည်။ ပရမ်းပတာဖြစ်နေတဲ့အခြေအနေကို အေးစက်တဲ့မျက်လုံးတွေနှင့် ကြည့်နေတဲ့Soloရဲ့လက်လေးကို တင်းကြပ်စွာဆုတ်ကိုင်ဖို့ လုပ်လိုက်သည်။
'So…'
သူ့ရဲ့နာမည်လေးကို ညင်ညင်သာသာခေါ်လိုက်ပြီး သူ့ရဲ့လက်ဖမိုးလေးကို ထိတွေ့လိုက်တဲ့အခါမှာ ကျွန်တော့်ကို အရောင်ဖျော့နေတဲ့မျက်လုံးတွေနှင့် ငေးကြည့်နေသည်။
'နာနေလား'
'အဆင်ပြေပါတယ်'
ဘာအဆင်ပြေတာလဲ။ နူတ်ခမ်းထောင့်နားက ကွဲသွားတာကို…
'သခင်လေး…'
Khun Jayက ပုံမှန်အတိုင်းမဟုတ်ဘဲ တည်ငြိမ်နေတဲ့မျက်နှာထားနှင့် ကျွန်တော်တို့ဆီ လာနေသည်။
'သူတို့ ကိုင်တွယ်နိူင်မှာပါ။ ဒီလိုကိစ္စမျိုးထဲ ဝင်မပါနဲ့တော့…'
Soloက ပြတ်သားတဲ့အသံနှင့် ပြောလိုက်ကာ ခေါင်းငုံ့ပေးလာတာကြောင့် ရွာသားတွေပေးတဲ့သဘက်အစိုလေးနှင့် သူ့ရဲ့မျက်နှာကို ကျွန်တော် သုတ်ပေးလိုက်သည်။
'ဟုတ်ကဲ့… ဒါနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် အဲ့ဒါထက် အရေးကြီးတဲ့အရာတစ်ခုရှိတယ်'
Khun Liangအုပ်စုနှင့် ရန်ဖြစ်နေကြတဲ့… Khun Jayအနောက်က ပါလာတဲ့သူတွေကို Soloလှည့်ကြည့်လိုက်သည်။
'သူတို့တွေက ဒီကို ဘယ်လိုရောက်လာတာလဲ'
'သခင်လေးကို တွေ့ဖို့အတွက် သူတို့ကို ဒီနေရာကို ပို့လိုက်တာပါ'
Khun Jayက တည်ငြိမ်တဲ့အသံနှင့် ပြန်ဖြေလာပေမယ့် သူ့ရဲ့ပုံစံက အဆင်မပြေတဲ့ပုံပေါ်နေတာကြောင့် သူ့ကို အဆင်ပြေရဲ့လားဆိုပြီး မေးချင်နေသည်။ ဒါပေမယ့်လည်း သူတို့စကားပြောနေတာကို ကျွန်တော် ကြားဖြတ်ဝင်မပြောချင်…
'ဒါပေမယ့် ပုံမှန်ဆိုရင် အဖေက ကျွန်တော့်အတွက်နဲ့ အဲ့လောက်ထိ စိတ်ရှုပ်မခံပါဘူး'
Soloက နားမလည်တဲ့ပုံစံမျိုး လုပ်လိုက်ပေမယ့် Khun Jayရဲ့မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါမှာတော့ သူမျက်မှောင်ကြုတ်လိုက်ကာ…
'မဟုတ်မှလွဲရော…'
Khun Jayက အရမ်းနာကျင်ရတာကြောင့် ငိုချင်နေတဲ့မျက်နှာထားမျိုးနှင့် ခေါင်းညိမ့်ပြလာသည်။
'သခင်ကြီးက မနေ့ကဘဲ ထိုင်းကို ရောက်ပါတယ်။ Khun Lindaနဲ့အတူ လာတာပါ'
…_…