Mae Yaiရဲ့ဈာပနာက ရိုးရိုးရှင်းရှင်းလေးပါဘဲ… အခမ်းအနားတွေ အများကြီးပါဝင်တဲ့အထိ ကြီးကြီးကျယ်ကျယ်လုပ်တဲ့ပွဲမျိုးမဟုတ်… ပြီးတော့ ထိုဈာပနာကို လူအနည်းကျဉ်းလောက်ဘဲ တက်ရောက်လာကြသည်။ တောင်ပေါ်က ရွာသားနှစ်ယောက်က ကိုယ်စားပြုအနေနဲ့ ဈာပနာအခမ်းအနားသို့ လာခဲ့သည်။ Khun Jayက သတင်းကြားပြီးပြီချင်း အပြေးရောက်လာခဲ့ပြီး ဘုရင်သုံးယောက် ညီအစ်ကိုတို့ကတော့ Mae Yaiဆုံးတဲ့နေ့ဘဲရောက်ချလာကာ နာရေးကိစ္စတွေကို စီစဉ်ပေးနေသည်။
အချိန်တွေက အရမ်းမြန်လွန်းသည်။ ခဏလေးအတွင်းမှာတင် မီးသဂြိုလ်မည့်နေ့ကို ရောက်လာခဲ့သည်။ ကျွန်တော့်စိတ်ထဲမှာ ဘာမှမရှိတော့သလိုမျိုး ခံစားနေရသည်။ ကျွန်တော် တစ်ကြိမ်လေးတောင်မှ မငိုခဲ့… ကျွန်တော် ဒီအတိုင်း လက်မခံနိူင်တဲ့အရာကို တွေးနေမိတာ… အသက်ရှည်နေထိုင်ရမယ့်ရည်ရွယ်ချက်က ပျောက်ဆုံးနေသလိုပေါ့…
သေချာပြင်ဆင်ထားတဲ့ Mae Yaiရဲ့ဈာပနာအခမ်းအနားအရှေ့မှာဘဲ ကျွန်တော် တစ်ချိန်လုံး ထိုင်နေကာ Mae Yaiရဲ့အဖြူအမဲဓာတ်ပုံလေးကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ပြီး အချိန်ဖြုန်းနေမိသည်။ မှောင်လာပြီဆိုရင် ကျွန်တော်တို့ အနားယူဖို့အတွက် အခမ်းအနားအနောက်ကနေရာလေးကို Khun Jayနဲ့ ဘုရင်သုံးယောက်ညီအစ်ကိုတို့က ပြင်ဆင်ပေးထားတာကြောင့် သူတို့နောက်ကို ကျွန်တော် လိုက်သွားလိုက်သည်။ ပြီးတော့လည်း သူတို့အားလုံးက ကျွန်တော့်ကို စိုးရိမ်တဲ့အကြည့်တွေနဲ့ ကြည့်နေကြတာကြောင့် သူတို့ကို အမြဲတမ်း ပြန်ပြုံးပြဖြစ်သည်။
Soloက ကျွန်တော့်ကို နေ့တိုင်းဖုန်းခေါ်သည်။ သူက ကျွန်တော့်ကို ကင်မရာမဖွင့်ခိုင်းဘဲနဲ့ ဒီအတိုင်းသာ စကားပြောတာ… ကျွန်တော် ဘာလုပ်နေလဲ… ဘယ်လိုနေနေလဲဆိုတာကို မေးပြီး နောက်ဆုံးအထိ ဖုန်းလည်းမချဖြစ်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေမိသည်။ ကျွန်တော် ဘာမှပြောမလာတာကြောင့် အိပ်ပျော်သွားပြီလို့ သူ ထင်နေပုံဘဲ… ဒါပေမယ့် ကျွန်တော် တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ Soloက အမေ့သတင်းကို ကြားပြီးပြီးချင်းအချိန်မှာ စာမေးပွဲတွေ မဖြေတော့ဘဲ ကျွန်တော့်အနားကို လာဖို့လုပ်နေတယ်လို့ Khun Jayက ပြောပြခဲ့သည်။ အဲ့စကားကို ကြားလိုက်တာနဲ့ ကျွန်တော် Soloဆီ ချက်ချင်းဖုန်းဆက်လိုက်ကာ ပုံမှန်အသံနှင့် အဆင်ပြေကြောင်းကို ရယ်ပြီးပြောလိုက်သည်။
'စာမေးပွဲမဖြေဘဲ ဒီကိုလာမယ်ဆိုရင် အစ်ကို တကယ်စိတ်ဆိုးမိမှာနော်…'
'အစ်ကို အဆင်ပြေတယ်'
'အမေ မရှိတော့ဘူးဆိုတာ အစ်ကို အခု လက်ခံလို့ရသွားပါပြီ'
ကျွန်တော် သူ့ကို ပြောပြခဲ့တာတွေကို မှတ်မိနေသည်။ ဒါက ကျွန်တော် ပြောဖို့အတွက် ရွေးချယ်ပြီး စီစဉ်ထားပြီးသားစကားတွေ… ဒါပေမယ့် ဘာကြောင့်မှန်းမသိ…
ကျွန်တော်တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တိုင်းမှာ…
Soကို…
Soကို အစ်ကို့အနားမှာ ရှိနေစေချင်တယ်။
သို့သော် အဲ့ဒီတစ်ကိုယ်ကောင်းဆန်တဲ့အတွေးကို ကျွန်တော့်နှလုံးသားထဲက အနက်ရှိုင်းဆုံးနေရာမှာ ထည့်သိမ်းထားလိုက်ရသည်။ ကျွန်တော့်ကြောင့် Soloရဲ့ပညာရေးကို အထိအခိုက်မဖြစ်စေချင်…
ကျွန်တော် ဒါကို တောင့်ခံနိူင်ရမယ်…
ကျွန်တော် သန်မာနေရမယ်…
နောက်နှစ်ရက်နေရင် သူ့ကို ကျွန်တော်တွေ့လို့ရပြီ။
'Khun Gui'
'အင်း… Khun Jay'
တံခါးအပြင်ဘက်ကနေ ထွက်လာတဲ့Khun Jayအသံကြောင့် ပြန်တုန့်ပြန်လိုက်ပြီး ကျွန်တော့်ကို ကျွန်တော် မှန်ထဲမှာ ပြန်ကြည့်လိုက်သည်။
မှန်ထဲက ကျွန်တော့်ရဲ့ပုံရိပ်လေးက မဲနက်နေတဲ့အမဲရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ဒီနေ့အတွက် ကျွန်တော့်ရဲ့ဆံပင်ကို ကြည့်ရတာ အဆင်ပြေတယ်ဆိုရုံလောက်သာ သဘာဝအတိုင်း ချထားသည်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော့်ရဲ့ပုံစံက အရင်နေ့ကထက် ပိုပြီးဖြူဖျော့နေကာ လှဲကျနိူင်လောက်တဲ့အထိ ပင်ပန်းနေတဲ့ပုံဖြစ်နေတာကြောင့် ဖြစ်သည်။
အရင်တုန်းကအတိုင်း ကျွန်တော် ပြုံးဖို့ကြိုးစားလိုက်ပေမယ့် ပြုံးနေတာနဲ့ မတူပေ… အဲ့ဒါကြောင့် ကျွန်တော် ကိုယ့်ပါးကို ကိုယ်ပြန်ရိုက်ပြီး အသိစိတ်ဝင်အောင်လုပ်ကာ ထပ်ပြုံးဖို့ ကြိုးစားလိုက်မိပြန်သည်။
ဒီအပြုံးက မဆိုးဘူး…
'Khun Guiအဆင်ပြေရဲ့လား'
ဟိုတယ်အခန်းထဲက ထွက်လာတဲ့အခါမှာ Khun Jayက စိုးရိမ်စွာနဲ့ မေးလာသည်။
'ပြေပါတယ်'
စောနက လေ့ကျင့်ထားတဲ့ပုံစံအတိုင်း ကျွန်တော် ပြုံးပြလိုက်သည်။ ကျွန်တော့်ရဲ့ အခုပုံစံက ကြည့်ကောင်းနေလား။ အရမ်းဆိုးရွားစွာ ကြောက်ဖို့ကောင်းနေလားဆိုတာ ကျွန်တော် မသိပေမယ့် Khun Jayက ကျွန်တော့်ဆီကနေ လုံးဝအကြည့်မလွှဲခဲ့…
'Khun Guiကို ကြည့်ရတာ ထူးဆန်းနေသလိုဘဲ…'
'ကျွန်တော်လည်း ထင်နေတာ…'
ကျွန်တော် ရယ်လိုက်ပြီးတော့ အနက်ရောင် နက်ကတိုင်လေးကို နေရာတကျဖြစ်အောင် ကျွန်တော့်လက်လေးနှင့် ပြင်လိုက်သည်။
'ကျွန်တော် တောင်းဆိုထားတဲ့အတိုင်း ကျွန်တော့်အတွက် အဆင်ပြေမယ့်အနောက်တိုင်းsuitကို ရှာပေးခဲ့တဲ့ Pramokကို ကျေးဇူးတင်ရမယ်။ Mae Yaiကို နောက်ဆုံးအနေနဲ့ လိုက်ပို့ပေးတဲ့အချိန်မှာ ကျွန်တော်က ကြည့်လို့အကောင်းဆုံးဖြစ်ချင်တာလေ…'
'ညီလေးက ကြည့်လို့အကောင်းဆုံးပါဘဲ…' Khun Jayက ပြုံးပြကာ ကျွန်တော့်ကို အားပေးနေသလိုမျိုး သူ့ရဲ့လက်က ကျွန်တော့်ပုခုံးကို အသာလေးညစ်နေသည်။ 'ညီလေးအမေက ညီလေးအတွက် ဂုဏ်ယူနေမှာပါကွာ…'
ကျွန်တော် ဘာပြန်ဖြေရမလဲဆိုတာကို မသိတာကြောင့် တိတ်ဆိတ်ငြိမ်သက်စွာနေမိသည်။ သူနဲ့ အကြည့်ချင်းမဆုံချင်ချင်တာကြောင့် ကျွန်တော် မြေကြီးကိုသာ ငုံ့ကြည့်နေမိသည်။
'သွားရအောင်လေ…'
Khun Jayတီးတိုးပြောနေတာကို ကျွန်တော် နားမထောင်တော့ဘဲ ဓာတ်လှေကားဘက်သို့ လှည့်ကာ ထွက်သွားလိုက်သည်။
'မြန်မြန်လာပါတော့ သခင်လေး… သူ အရမ်းနာကျင်နေရပြီ…'
…_...
ဓာတ်ပုံထဲမှာ Mae Yaiရဲ့ပုံလေးက တောက်ပနေသည်။ အမေ့ရဲ့ကြင်နာတဲ့အပြုံးလေးက ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာ ထပ်ခါထပ်ခါပေါ်နေသည်။ ဈာပနာအခန်းအနားအရှေ့က ဓာတ်ပုံဘောင်လေးကို ကျွန်တော့်လက်လေးနှင့် ညင်သာစွာ ပွတ်သပ်နေမိသည်။ ဓလေ့ထုံးတမ်းအရ ဘယ်လိုတွေလုပ်ရမလဲဆိုတာ ရှင်းပြနေတဲ့သူရဲ့အသံကို ကျွန်တော် မကြားရ… ကျွန်တော် ဘာမှလည်း တွေးမနေ… ကျွန်တော့်ခေါင်းထဲမှာ အရင်ရက်တွေကအတိုင်း ဗလာနတ္ထိဖြစ်နေသည်။
'Gui… အဆင်ပြေရဲ့လား'
Hongtaeက ကျွန်တော့်ဆီ လျောက်လာပြီးတော့ စိုးရိမ်မှုတွေ အပြည့်ဖြစ်နေတဲ့မျက်လုံးတွေနှင့် မေးနေသည်။
'တစ်ခုခုအဆင်မပြေတာ ရှိလို့လား'
အခုအချိန်မှာ ကျွန်တော် အဆင်ပြေပါတယ်လို့ ပြောလိုက်ရင် ဘယ်သူမှ ယုံကြမှာမဟုတ်… အဲ့ဒါကြောင့် ပြန်ဖြေနေမယ့်အစား သူ့ကိုသာ ကျွန်တော် ပြန်မေးလိုက်သည်။
'ဘယ်သူရောက်လာလဲဆိုတာကို လာကြည့်ပါဦး' Hongtaeက ပြုံးလိုက်ပြီးတော့ ကျွန်တော့်လက်ကို ဆွဲကာ အရှေ့သို့ခေါ်လာသည်။
အဲ့ဒီအချိန်လေးမှာ ကျွန်တော့်ရဲ့နှလုံးသားက ကျွန်တော် တွေးမိတဲ့သူဖြစ်ပါစေလို့ဘဲ ဆုတောင်းနေမိသည်။ ရပ်တန့်နေပြီလို့ ထင်ရလောက်အထိ ငြိမ်သက်နေတဲ့ ကျွန်တော့်ရဲ့နှလုံးသားလေးက ခဏအကြာမှာ ပြန်လည်အသက်ဝင်လာခဲ့သည်။ မမျှော်လင့်ပါဘဲနဲ့ ကျွန်တော့်မျက်နှာပေါ်မှာ အပြုံးစစ်တစ်ခုက ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။
ဒါပေမယ့် Hongtaeက ကျွန်တော့်လက်ကို လွှတ်လိုက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စောနက ပြုံးနေတဲ့ပုံစံသို့ ပြန်ပြောင်းသွားသည်။
Soမဟုတ်ဘူးဘဲ…
'မမှတ်မိဘူးလား'
Hongtaeက ပြုံးပြကာ နီးကပ်လာတဲ့အထိ လျောက်လာသည်။
လူလေးငါးယောက်လောက်ပါတဲ့အုပ်စုက ငြိမ်သက်စွာ မတ်တပ်ရပ်နေကြသည်။ သူတို့ထဲက နှစ်ယောက်က ဆံပင်အရှည်နှင့်မိန်းခလေးတွေဖြစ်ပြီးတော့ ကျန်သုံးယောက်က ယောကျာ်းသားတွေဖြစ်သည်။ သူတို့အားလုံးက ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျွန်တော့်ထက် ငယ်ပုံရသည်။
'P'Gui!'
ကောင်မလေးတစ်ယောက်က လှည့်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော့်ကို တွေ့သွားသည်။ ထိုကလေးမလေးက ကျွန်တော့်နာမည်ကို အော်ခေါ်ကာ ကျွန်တော့်ဆီ ပြေးလာခဲ့သည်။ သူမရဲ့မျက်လုံးလေးတွေက ဖောင်းနေတာကြောင့် အရမ်းငိုထားတဲ့ပုံရသည်။
ကျန်တဲ့လေးယောက်လည်း ကျွန်တော့်ကို လှည့်ကြည့်လိုက်တဲ့အခါမှာ သူတို့လည်း ထိုကောင်မလေးနဲ့တူညီစွာ အံ့သြနေပုံရသည်။ အဲ့ဒါနဲ့ အဲ့နေရာသို့ ကျွန်တော်ဝင်လာလိုက်ပြီး သူတို့နဲ့ နီးကပ်လာတဲ့အခါမှာ ကျွန်တော် မှတ်မိသွားသည်။
'Prikလား…'
သူတို့လေးတွေက ဂေဟာမှာ ကျွန်တော်နဲ့အတူတူ နေထိုင်လာခဲ့တဲ့ကလေးတွေဖြစ်ပြီး မွေးစားဖို့ ခေါ်သွားခံခဲ့ရတဲ့ကလေးတွေလည်းဖြစ်သည်။ သူတို့လေးတွေက အခုလို ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ကြတာဘဲ… ကျွန်တော်တောင် သူတို့လေးတွေကို မမှတ်မိ…
'ဘယ်လိုလုပ်ပြီး အားလုံးအတူတူရောက်လာကြတာလဲ'
အသည်းအသန်စငိုနေပြီဖြစ်တဲ့ကလေးမလေးကို နှစ်သိမ့်ပေးတဲ့အနေနှင့် ကျွန်တော် ဖက်ထားလိုက်သည်။ အရွယ်ရောက်နေပြီလို့ ထင်ရတဲ့ယောကျာ်းလေးတွေကတောင် သူတို့ရဲ့မျက်ရည်တွေကို သုတ်နေကြသည်။ သူတို့ထဲက ကောင်လေးတစ်ယောက်ကတော့ နီရဲနေတဲ့မျက်လုံးတွေနှင့် မငိုဘဲ ရပ်နေသည်။
အခုအချိန်မှာ ကျွန်တော်က အခြားသူတွေထက်ပိုပြီး နာကျင်နေရတယ်ဆိုပေမယ့်လည်း အဲ့ခံစားချက်တွေကို တောင့်ခံလိုက်ပြီး ခံနိူင်ရည်ရှိအောင် ကြိုးစားလိုက်ကာ အငယ်လေးတွေကို ပြုံးပြပြီး နှစ်သိမ့်ပေးလိုက်သည်။
'မငိုတော့နဲ့လေ… အဆင်ပြေမှာပါ'
'အစ်ကိုကော ဝမ်းမနည်းဘူးလား'
ဝမ်းနည်းတာပေါ့…
'P'Guiက အရမ်းတော်တာဘဲ… ငယ်ငယ်လေးကတည်းက ဘယ်တော့မှ မငိုဘူး။ ညီမလေးလည်း အစ်ကို့လို သန်မာချင်တယ်'
မဟုတ်ပါဘူး…
ကျွန်တော် သန်မာတာမဟုတ်ပါဘူး…
ကျွန်တော်က ဒီအတိုင်း…
'အဲ့ဒါဆို မငိုနဲ့တော့လေ… Mae Yaiက ငိုတာမကြိုက်ဘူးမှတ်လား'
ကျွန်တော်က ဒီအတိုင်း မပျော့ညံ့မိတာပါ…
ကျွန်တော် သူတို့ကို ရေစပ်နားက အရိပ်ခိုတဲ့တဲလေးဆီ ခေါ်သွားလိုက်ပြီးတော့ စကားပြောနေလိုက်မိသည်။ အခမ်းအနားစဖို့ အချိန်တွေ လိုသေးတယ်လေ… Hongtaeက နားလည်တဲ့သဘောနှင့် ခေါင်းညိမ့်ပြလိုက်ပြီးတော့ အခမ်းအနားကို သူ လုပ်လိုက်မယ်ဆိုပြီး ပြောသွားသည်။ Prikက Khingနဲ့အတူ ကျွန်တော့်ကို ဖက်ကာ ငိုနေသည်။ ကျန်တဲ့ယောကျာ်းလေးသုံးယောက်က အနောက်မှာရပ်နေကာ နီရဲနေတဲ့မျက်လုံးတွေနှင့် အဆင်ပြေချင်ယောင်ဆောင်နေသည်။
'အဆင်ပြေသွားမှာပါ…'
ကလေးမလေးရဲ့ခေါင်းကို ပွတ်သပ်ပေးပြီးတော့ ကျွန်တော် ပြောနေကြစကားလေးကိုဘဲ ပြောလိုက်မိသည်။ ဒါပေမယ့် အဆင်ပြေလာမှာ မဟုတ်ဘူးဆိုတာတော့ ကျွန်တော်တို့ အားလုံးသိပါသည်။
အဆင်မပြေဆုံးသူက ကျွန်တော် ဖြစ်ရင်ဖြစ်နိူင်သည်။
'မငိုနဲ့တော့လေ… ကဲ… အစ်ကို့ကို ပြောပြပါဦး… အားလုံး ဘယ်လိုနေထိုင်ကြလဲ'
ကျွန်တော် ခပ်တိုးတိုးလေးပြောလိုက်တော့ Prikနဲ့ Khingက ကျွန်တော့်ကို ဖက်ထားရာကနေ ခွာလိုက်ပြီး မျက်ရည်တွေကို သုတ်နေသည်။ သူတို့က အသက်ပြင်းပြင်းရှုသွင်း ရှုထုတ်လုပ်လိုက်ပြီး နောက်ထပ် ထပ်မငိုအောင် ကြိုးစားနေသည်။
သူတို့လေးတွေက အရင်ကအတိုင်း ကျွန်တော့်စကားတွေကို နာခံနေတုန်းပင်…
'Neunနဲ့ Sonရဲ့မိသားစုက အရမ်းကြင်နာတက်တယ်။ အဖေက ဆရာမNidဆီက သတင်းတွေကြားပေမယ့် သူက နိူင်ငံခြားရောက်နေတာဆိုတော့ မလာနိူင်ဘူးလေ… Neunနဲ့ Sonက ဒီနေ့ စာမေးပွဲပြီးတာနဲ့ ဒီကို တန်းလာခဲ့တာ…'
Neunနဲ့ Sonက မွေးစားခံခဲ့ရတဲ့ညီအစ်ကိုတွေဖြစ်ပြီးတော့ ကျွန်တော့်အရှေ့မှာ ဒူးထောက်ထိုင်ကာ သူတို့အကြောင်းကို ကြည်လင်ပြတ်သားတဲ့အသံနှင့် ပြောနေသည်။ သူတို့ ဂေဟာက ထွက်သွားတဲ့နေ့ကို မှတ်မိသေးသည်။ သူတို့လေးတွေက အကျယ်ကြီး အသည်းအသန်အော်ငိုနေခဲ့တာကြောင့် ကျွန်တော်နဲ့ ဆရာမNidတို့က သူတို့ကို သွားပို့ပြီး ပြန်လာခဲ့ရသည်။ အဲ့ဒါကြောင့် ကျွန်တော် အရမ်းစိတ်ပင်ပန်းခဲ့ရတာ…
'Prikနဲ့ Khingက တစ်ရပ်ကွက်ထဲမှာ နေတာလေ P'Gui… ညီမတို့က အိမ်နီးနားချင်းတွေ… မိဘတွေကလည်း သူငယ်ချင်းတွေဆိုတော့ ညီမတို့ အခုလို တက္ကသိုလ်ရောက်တဲ့အထိ တွေ့လို့ရနေတာလေ…'
ကျွန်တော်တို့ ငယ်ငယ်တုန်းကလိုမျိုး Prikနဲ့ Khingတို့က ကျွန်တော့်ရဲ့လက်မောင်းတွေကို ဖက်ထားသည်။ အမြဲတမ်းလိုလို နှပ်ချေးတွဲလောင်းနဲ့ငိုနေကြ ကလေးမလေးတွေက အခုအချိန်မှာ လှပတဲ့ကောင်မလေးတွေအဖြစ်သို့ ပြောင်းလဲလာခဲ့ကြသည်။
'ပြီးတော့ Kornကော…'
စရောက်ကတည်းက တိုင်ကိုမှီပြီး တိတ်ဆိတ်ငြိမ်သက်စွာနေနေတဲ့ အရပ်ရှည်ရှည်ကောင်လေးဘက်သို့ ကျွန်တော် လှည့်မေးလိုက်သည်။ Mangkornက ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့အတွက်ကြောင့် ဂေဟာကနေ နောက်ဆုံးထွက်သွားတဲ့ကလေးဖြစ်သည်။ သူတစ်ယောက်တည်းကသာ ကျွန်တော် သိသမျှအရာအားလုံးကို သိနေတဲ့သူဖြစ်သည်။
'ကောင်းပါတယ်…'
ထိုကောင်လေးက လိုရင်းတိုရှင်းဖြေလာသည်။ သူက ကျွန်တော့်ကို မကြည့်ချင်သလိုမျိုး သူ့ရဲ့မျက်နှာကို တစ်ဖက်သို့လှည့်ထားသည်။
ထိုကောင်လေးက အရင်တုန်းက အတိုင်းပင်…
ကျွန်တော် ထိုင်နေရာကနေ ထလိုက်ပြီးတော့ ကျွန်တော့်ထက် ပိုပြီးအရပ်ရှည်တဲ့ကောင်လေးဆီ သွားလိုက်သည်။ ထိုကောင်လေးက ငယ်ငယ်တုန်းက ကျွန်တော့်အနောက် တကောက်ကောက်လိုက်ရတာကို သဘောကျတဲ့… ခေါင်းမာပြီး လူတကာကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပေမယ့် သူ့ထက် ငယ်တဲ့သူတွေကိုတော့ ကြင်နာတက်တဲ့ကောင်ငယ်လေးဖြစ်နေလိမ့်မယ်ဆိုတာကို ကျွန်တော် မယုံကြည်နိူင်ဖြစ်မိသည်။
ကျွန်တော် Mangkornရဲ့ခေါင်းလေးကို အသာလေးဆွဲယူလိုက်ပြီးတော့ ကျွန်တော့်ပုခုံးပေါ်သို့ တင်ပေးလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားပေမယ့်လည်း မငြင်းဆန်ခဲ့ပါ…
'မင်း ငိုချင်ရင် ငိုချလိုက်… ဒီမှာ အစ်ကိုရှိတယ်'
ကျွန်တော် သူ့ကို ငိုခွင့်ပေးလိုက်တဲ့အခါမှာ တစ်ချိန်လုံးတောင့်တင်းနေတဲ့ သူ့ခန္ဓာကိုယ်ရဲ့အလေးချိန်က ကျွန်တော့်ရဲ့ပုခုံးပေါ်သို့ ကျရောက်လာခဲ့သည်။ ကျွန်တော့်အကျီပေါ်က နွေးထွေးမှုနှင့် စိုစွတ်မှုကြောင့် ထိုကောင်လေး ငိုနေတယ်ဆိုတာကို သိလိုက်ရသည်။ သူက ကျွန်တော့်ရဲ့အပြင်ကုတ်အကျီကို တင်းကြပ်စွာဆုတ်ကိုင်ထားပြီး ငိုရှိုက်သံက တဖြည်းဖြည်းကျယ်လောင်လာတာကြောင့် ကျန်တဲ့ကလေးတွေပါ ထပ်ငိုကုန်ကြသည်။
အင်း… Mangkornလိုမျိုး ကြမ်းတမ်းတဲ့ကလေးတောင် ငိုတယ်ဆိုတော့လည်း…
ခဏလောက်အကြာမှာ အားလုံးအငိုတိတ်သွားကြသည်။ ကျွန်တော် ထိုင်လိုက်ပြီးတော့ သူတို့အားလုံးကို ကြည့်လိုက်မိသည်။ သူတို့ရဲ့မျက်လုံးလေးတွေက ဖောင်းကားပြီး နီရဲနေတာတောင်မှ သူတို့အားလုံး ပြုံးနိူင်တာကိုမြင်ရတာ ကောင်းသည်။
'အားလုံး ဘယ်ကနေ သတင်းကြားကြတာလဲ'
သူတို့အားလုံးတိတ်ဆိတ်နေကြတာကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော် လှည့်မေးလိုက်မိသည်။
'အားလုံး ဆရာမNidဆီက သတင်းကြားရတာ…'
ဒါကတော့ မထူးဆန်းပါ။ ပုံမှန်ဆို ဆရာမNidက အလှူရှင်တွေနဲ့ ချိတ်ဆတ်ပေးတဲ့သူဖြစ်သည်။ ဂေဟာပိတ်ရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ Mae Yaiက ကလေးတွေအားလုံး နေထိုင်ဖို့အိမ်ကို တက်နိူင်သမျှနည်းလမ်းအားလုံးနှင့် ကြိုးစားခဲ့သည်။ ကလေးတွေအားလုံးရဲ့မျှော်လင့်ချက်တွေနဲ့ မွေးစားခဲ့တဲ့ မိသားစုတိုင်းက အမေ့ကို လျစ်လျူမရှုခဲ့ပါ။ သူတို့က အမွေစားအမွေခံ မွေးစားထားပြီးတာတောင်မှ အမေ့ကို ကောင်းမွန်စွာ ဘယ်လိုနေထိုင်ရမလဲဆိုတာကို အမြဲတမ်းသင်ကြားပေးဖို့ တောင်းဆိုခဲ့ကြသည်။ အဲ့ဒါကြောင့် ဒီကလေးတွေအားလုံး ဆရာမNidနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာ ထူးဆန်းစရာတော့မဟုတ်… Khingပြောပြတာကတော့ Khingရဲ့အမေက ဆရာမNidဆီ မကြာခဏလာလည်လေ့ရှိတယ်တဲ့…
'ဆရာမNidလည်း နေမကောင်းဘူးလေ… သူ့ရဲ့သမီးကို ဒီကို လာခိုင်းနေတာ… Khingနဲ့ အမေနဲ့ မနေ့က ဆရာမNidကို သွားတွေ့တုန်းက သေချာအနားယူဖို့ပြောခဲ့လိုက်သေးတယ်'
'အဲ့ဒါဆို မိသားစုတွေပါ ပါလာကြတာလား'
ကျွန်တော် သူတို့တွေရဲ့အုပ်ထိန်းသူကို မတွေ့ရတာကြောင့် အံ့သြတကြီးနဲ့ မေးလိုက်မိသည်။ အုပ်ထိန်းသူတွေက သူတို့နဲ့မတူဘဲ အနောက်က လိုက်လာတာဖြစ်လိမ့်မည်။ ဒီကလေးတွေ အားလုံးကသာ ကျောင်းဝတ်စုံတောင် မလဲရသေးတဲ့အထိကို အလျင်လိုပြီးလာခဲ့ကြတာ…
'Prikနဲ့ Khingက ညီမတို့အမေတွေနဲ့ လာတာလေ… ဒါပေမယ့် အမေ့ကို စောနကတော့ တွေ့လိုက်ပါသေးတယ်။ ကြည့်ရတာ တစ်နေရာရာမှာ ဖုန်းပြောနေတာလား မသိဘူး'
'Neunနဲ့ Sonက မွေးစားမိဘတွေနဲ့လာတာ…'
'Kornက တစ်ယောက်တည်းလာတာ… အဖေကလည်း ခွင့်ပြုတယ်လေ… သူက အလုပ်တွေရှုပ်နေလို့သာ ဒီကို လိုက်မလာတာ…'
ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီးတော့ သူတို့ကို စကားပြောခွင့်ပေးလိုက်သည်။ ကျွန်တော်က သူတို့ပြောနေကြတာတွေကို ငြိမ်ငြိမ်လေးထိုင်ပြီး နားထောင်နေခဲ့မိသည်။ ကျွန်တော် မတွေ့ရတာကြာနေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့မိသားစုဝင်တွေနဲ့ တွေ့လိုက်ရတာကြောင့် ကျွန်တော့်စိတ်တွေက နည်းနည်းလောက် ပိုအဆင်ပြေလာပါသည်။ ဒါပေမယ့်လည်း ကျွန်တော် ဆက်နားမထောင်တော့ဘဲ ကျွန်တော့်ရဲ့ဝတ်စုံ ဒါမှမဟုတ် ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လိုက်မိတဲ့အချိန်မှာ ကျွန်တော့်ရဲ့တူညီတဲ့ခံစားချက်တွေက ပြန်လည်ဝင်ရောက်လာခဲ့သည်။
ခံစားချက်တွေက ဗလာသက်သက်ပင်…
ကျွန်တော့်ရဲ့ပုံစံကို အရှေ့က ကလေးတွေက သတိထားမိနေတာကြောင့် ကျွန်တော့်ကို သူတို့နဲ့ စကားပြောလာရန်အတွက် စကားလမ်းကြောင်းစဖို့ ကြိုးစားနေကြသည်။ တစ်ခါတစ်လေ သူတို့ကို ပြန်ဖြေဖြစ်ပေမယ့် တစ်ခါတစ်လေတော့ ပြန်မဖြေဖြစ်… ကျွန်တော် သူတို့ကို စိတ်မပူစေချင်တဲ့အတွက်ကြောင့် ကျွန်တော့်နှလုံးသားက ပြုံးမနေတာတောင်မှ ကျွန်တော် သူတို့ကို ပြုံးပြလိုက်မိသည်။
'Khun Gui… အချိန်ကျပြီ'
Khun Jayဝင်လာတဲ့အချိန်မှာ တောက်ပနေတဲ့သူတို့လေးတွေရဲ့မျက်နှာက ချက်ချင်ညှိုးကျသွားသည်။ ထပ်ငိုဖို့ လုပ်နေတဲ့Prikနားသွားပြီး နှစ်သိမ့်ပေးလိုက်တော့ ကလေးမလေးက ကျွန်တော့်မျက်နှာကို ကြည့်ပြီး အသက်ပြင်းပြင်းရှုလိုက်ကာ ကျွန်တော့်ကို ပြုံးပြလာသည်။
'အရမ်းလိမ္မာတယ်'
…_...
ကျွန်တော်တို့ စောနက အခမ်းအနားနေရာကိုဘဲ လျောက်လာလိုက်သည်။ ကျွန်တော် ဘာမှမလုပ်မိဘဲ မီးသဂြိုလ်တဲ့နေရာဆီ သွားနေကြတဲ့သူတွေနောက်ကနေ လိုက်လာခဲ့မိသည်။ ကျွန်တော် ဘယ်လောက်ထိကြာအောင် လမ်းလျောက်နေမိလဲဆိုတာ မသိ… Khun Jayက အားပေးတဲ့အနေနဲ့ ကျွန်တော့်ပုခုံးကို ခဏခဏပုတ်နေသည်။ အခြားသူတွေလည်း အားပေးလာတဲ့အခါမှာ ကျွန်တော် လုပ်နေကြအတိုင်း ခပ်ယဲ့ယဲ့လေးသာ ပြန်ပြုံးပြလိုက်မိသည်။
ကျွန်တော် သူတို့ကို အရမ်းကျေးဇူးတင်မိပေမယ့်လည်း ထိုအားပေးနေတဲ့စကားတွေနှင့် အကြည့်တွေက အကူအညီမဖြစ်ဘူးဆိုတာကို ကျွန်တော် ပြောပြလိုက်ချင်သည်။ စာနာတာတွေ၊ ကရုဏာတွေ၊ စိုးရိမ်ပူပန်နေမှုတွေကို ကျွန်တော် မလိုအပ်… ဒါပေမယ့်လည်း ကျွန်တော် လိုအပ်နေတဲ့အရာကို သူတို့ကို မပြောနိူင်ပါ။ အဲ့ဒါကြောင့် ကျွန်တော် ထိုစကားလုံးလေးတွေကို နားထဲသို့ ဝင်ခွင့်ပြုလိုက်ကာ ကျေးဇူးတင်တဲ့အနေနဲ့ ပြုံးသာပြုံးပြလိုက်မိသည်။
လှေကားထစ်တွေပေါ်တက်ပြီး ပန်းတွေ ထားနေတဲ့သူတွေကို ကျွန်တော် ဘာခံစားချက်မှမရှိဘဲ ကြည့်နေမိသည်။ Prikနဲ့ Khingက တစ်ယောက်ကို တစ်ယောက်ဖက်ထားပြီးတော့ လှေကားထိပ်ကို တက်လှမ်းနေသည်။ သူတို့ရဲ့အမေတွေကတော့ သူတို့ရဲ့အနောက်ကနေ တက်လာသည်။ Hongtaeနဲ့ Pramokတို့က Jakkapadကို ထူပြီးတော့ လှေကားထိပ်သို့ တက်နေသည်။ ရွာသားနှစ်ယောက်ကလည်း သူတို့ရဲ့မျက်ရည်တွေကို သုတ်နေပြီး Khun Jayကတော့ ကျွန်တော့်ကို စိုးရိမ်တကြီးနဲ့ ကြည့်နေသည်။
ကျွန်တော် ဖြည်းဖြည်းချင်းလျောက်လာမိသည်။ ခြေလှမ်းတစ်လှမ်းချင်းစီက အရမ်းကို လေးလံလွန်းလှသည်။ ထိုလေးလံမှုက ကျွန်တော့်နှလုံးသားမှာ ခံစားနေရတာနဲ့ မကွာပေ… ပိုပြီး ခြေလှမ်းတွေ လျောက်လေလေ… ပိုပြီး လေးလံလာတယ်လို့ ခံစားနေရသည်။ အပေါ်ဆုံးအထစ်သို့ရောက်ပြီး ပန်းကို ချလိုက်တဲ့အချိန်မှာတော့ ကျွန်တော့်ကမ္ဘာကြီးလဲပြိုကျသွားသလိုမျိုး ခံစားလိုက်ရသည်။ ကျွန်တော့်ခေါင်းက ထိုးကိုက်လာတာကြောင့် ခန္ဓာကိုယ်ယိမ်းယိုင်သွားလောက်တဲ့အထိ နာကျင်နေမိသည်။ ကျွန်တော့်ခြေချောင်းတွေက မြေပြင်ကို တွယ်ကုတ်ထားကာ နာကျင်မှုကို တောင်ခံထားပြီး အရှေ့တည့်တည့်ကိုသာ ကြည့်နေမိသည်။
'အမေ ကောင်းကောင်းအိပ်တော့နော်…'
Gui… Mae Yaiကို စိတ်ပူရအောင် မလုပ်ပါဘူး။ Guiသန်မာပါ့မယ်။
ကျွန်တော် အဲ့ထက်ပိုပြီး ဘာမှမပြောခဲ့… ဒါပေမယ့် အဲ့အစား နောက်လှည့်ပြီး ကျွန်တော့်ကို ကြည့်နေကြတဲ့မျက်လုံးတွေရှိရာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူတို့ရဲ့အကြည့်တွေကြောင့် ဒီလူတွေရဲ့မျှော်လင့်ချက်တွေက ကျွန်တော့်ဆီမှာ ရှိနေတယ်ဆိုတာကို သတိရလာစေသည်။ ပြီးတော့ ကျွန်တော့်ရဲ့ညီလေး ညီမလေးတွေကို ကြည့်လိုက်တဲ့အခါမှာ ပျော့ညံ့မှုဆိုတာကို ရွေးချယ်ပိုင်ခွင့်မရှိဘူးလို့ ကိုယ့်ဘာသာကိုယ် ပြောနေမိသည်။ ကျွန်တော် သန်မာနေမှဖြစ်မယ်။ ကျွန်တော်က လူတိုင်း မှီခိုအားထားနိူင်မယ့်သူဖြစ်ရမယ်။
'အန်တီ ကျန်တာဆက်လုပ်လိုက်မယ်။ သားလေး သွားနားတော့လေ…'
Khingရဲ့အမေက ကျွန်တော့်ဆီလျောက်လာပြီး ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်ထားသည်။
'ကျေးဇူးအများကြီးတင်ပါတယ် အန်တီAun'
ကျွန်တော် လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။ အခုလို လာပြီး Mae Yaiရဲ့ဈာပနာကို ကြည့်ရှုပေးခဲ့အတွက် သူမကို ကျွန်တော် တကယ်ကျေးဇူးတင်မိတာ…
ကျွန်တော့်မှာ မတ်တပ်ရပ်ဖို့တောင် ခွန်အားမရှိတော့ဘူးဆိုတာကို သူမ သိနေပုံရသည်။
'Khun Gui ရေစပ်နားက အရိပ်ခိုတဲ့တဲလေးမှာ သွားနားလိုက်နော်…'
Khun Jayက ကျွန်တော့်ဆီ လျောက်လာပြီးတော့ ကားပေါ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့်ဖုန်းကို ကမ်းပေးလာသည်။
ကျွန်တော် ဖုန်းကို ယူလိုက်ပြီးတော့ ဘာမှမပြောဘဲ ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းသာ ညိမ့်ပြလိုက်သည်။ လေးလံပြီး ကြီးမားတဲ့ကျောက်တုံးတစ်တုံးနှင့် အထုခံလိုက်ရသလိုမျိုး ခံစားနေရတဲ့ခံစားချက်က အခုထိ ပျောက်မသွားသေး… ဒါပေမယ့် ပျောက်သွားမယ့်အစား ပိုပိုပြီးတော့တောင် လေးလံလာသည်။ ပြီးတော့လည်း အခုအချိန်မှာ ကျွန်တော် စကားပြောဖို့တောင် ခွန်အားမရှိတော့…
စောနက ကျွန်တော့်ရဲ့ညီလေးညီမလေးတွေကို ခေါ်လာပြီးထိုင်ခဲ့တဲ့ တဲလေးမှာ ကျွန်တော် ထိုင်လိုက်ပြီး အဝေးတစ်နေရာကို ကြည့်နေမိသည်။ နည်းနည်းလောက် စိတ်သက်သာရာရမိတယ်လို့ ထင်မိတာကြောင့် အခုလိုကြည့်နေရခြင်းဖြစ်သည်။ မဟုတ်လို့ရှိရင်…
ဒီး…
'Solo…'
ကျွန်တော် ဖုန်းပေါ်က နာမည်ကို မြင်လိုက်ရတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို ကျွန်တော့်ရဲ့မျက်လုံးတွေက ပူနွေးလာတယ်လို့ ခံစားလိုက်ရသည်။ ကျွန်တော် အသက်ပြင်းပြင်းရှုလိုက်ပြီး ခံစားချက်တွေအားလုံးကို မြိုသိပ်လိုက်ကာ ကိုယ့်ကိုယ်ကို ပြုံးကြည့်ပြီးတော့မှသာ ဖုန်းကို ဖွင့်လိုက်သည်။
'ဟယ်လို'
[အစ်ကို ဘယ်လိုနေသေးလဲ]
ကျွန်တော့်ရဲ့ခံစားချက်တွေကို နည်းနည်းမှ မဖော်ပြမိအောင် မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ကိုယ့်ကိုယ်ကို ချုပ်တည်းထားမိသည်။ ဘာလို့လဲဆိုတော့ သူ့အသံလေးကို ကြားလိုက်ရုံနဲ့တင်… ကျွန်တော့်ပတ်လည်မှာ တည်ဆောက်ထားတဲ့နံရံတွေက ပြိုကျလုနီးပါးဖြစ်သွားသည်။
'အရာအားလုံး အဆင်ပြေပါတယ်'
[Guitar~]
'ဂေဟာမှာ နေခဲ့တဲ့ကလေးတွေက နာရေးကို လာကြတယ်လေ… အစ်ကို အရမ်းပျော်တာဘဲ… မတွေ့တာအရမ်းကြာနေပြီဆိုတော့ သူတို့လေးတွေကို မှတ်တောင်မမှတ်မိဘူး'
ကျွန်တော့်အသံတွေ တုန်ရီနေတာတောင်မှ ရယ်ချင်ယောင်ဆောင်လိုက်သည်။
[Guitar~]
'သူတို့က အရမ်းငိုနေကြတော့ အစ်ကို ဘာလုပ်ပေးရမှန်းမသိဘူး ဖြစ်နေတာ… သနားဖို့တော့ ကောင်းပါတယ်'
[တော်လိုက်တော့…]
'Soကော နေကောင်းရဲ့လား။ သီချင်းလေ့ကျင့်တာကော ပြီးသွားပြီလား။ မနက်ဖြန် So စာမေးပွဲရှိသေးတယ်မှတ်လား'
ကျွန်တော် မျက်လုံးတွေမှိတ်ထားပြီး ခေါင်းကို မော့ထားကာ ထွက်ကျလာတော့မယ့် ခံစားချက်တွေအားလုံးကို ပြန်ပြီးမြိုသိပ်ဖို့ ကြိုးစားနေမိသည်။
[…]
'So ပုံမှန်စားဖြစ်ရဲ့လား'
[Guitarကော စားဖြစ်ရဲ့လား…]
'စားတယ်။ အစ်ကို ပုံမှန်စားတယ်'
[လိမ်နေတာ…]
'အစ်ကို… မလိမ်ပါဘူး'
[အစ်ကို့ရဲ့မောင်နှမတွေလာလို့ ပျော်နေတယ်ဆိုတာ အစ်ကို လိမ်နေတာ…]
'မဟုတ်ဘူး'
[အစ်ကို အဆင်ပြေနေတယ်ဆိုတာကလည်း လိမ်နေတာဘဲ…]
'…'
[အမှန်တရားကို လက်ခံနိူင်ပြီဆိုတာကလည်း အစ်ကို လိမ်နေတာ…]
'So…'
ထပ်မပြောပါနဲ့တော့လား… အစ်ကို ဒီထပ်ပိုပြီး တောင့်ခံထားနိူင်တော့မှာ မဟုတ်ဘူး…
အစ်ကို သန်မာနိူင်တော့မှာ မဟုတ်ဘူး…
[Guitar~]
'…'
[ကျွန်တော် ပြောပြခဲ့တာကို မှတ်မိသေးလား]
ကျွန်တော် မလာခင်… သူပြောခဲ့တဲ့စကားတွေလား။
.
'Guitar ကျွန်တော့်ကို အဲ့ကို လာစေချင်တယ်ဆိုရင်… ကျွန်တော့်ကိုပြောနော်…'
'ကျွန်တော် အဲ့အချိန်မှာ ဘာဘဲလုပ်နေလုပ်နေ… ဘယ်နေရာကိုဘဲ ရောက်နေပါစေ…'
'ကျွန်တော် Guitarဆီ ပြေးလာပြီးတော့ ပွေ့ဖက်ပေးမယ်'
.
'So…'
[ဟုတ်ကဲ့…]
'အစ်ကိုဆီ လာခဲ့ပေးပါ…'
[…]
ဒူးခေါင်းနှစ်ခုကြားထဲ ကျွန်တော့်မျက်နှာလေးကို အပ်လိုက်ပြီး ကျွန်တော့်နှလုံးသားထဲက တစ်ချိန်လုံးပြောပြချင်နေတဲ့ အရာအားလုံးကို ပြောလိုက်သည်။
'အစ်ကို့ဆီ လာခဲ့ပေးပါတော့…'
[…]
'အစ်ကို ဒီထပ်ပိုပြီး မခံစားနိူင်တော့ဘူး'
ကျွန်တော် ငိုနေတာကို ရပ်လိုက်ဖို့အတွက် နူတ်ခမ်းကို နာကျင်ရတဲ့အထိ တင်းကြပ်စွာ ကိုက်လိုက်မိသည်။
တစ်ကိုယ်ကောင်းဆန်နေတာတွေကို ဒီလောက်နဲ့ ရပ်လိုက်သင့်ပြီ…
Soက စာမေးပွဲဖြေရဦးမှာ… ကျွန်တော် ဒီထပ်ပိုပြီး တစ်ကိုယ်ကောင်းမဆန်သင့်ဘူး။
ကျွန်တော် အသက်ရှုသွင်းလိုက်ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးနေမိသည်။ ကျွန်တော် အပြုံးတစ်ခုဖြစ်အောင် မနည်းကြိုးစားလိုက်ပြီး ဒါက ရယ်စရာမဟုတ်တာတောင် ရယ်မောနေတဲ့အသံနှင့် ပြန်ပြောလိုက်သည်။
'အစ်ကိုက နောက်နေတာပါ…'
'Guitar~'
ဒီအသံက ဖုန်းထဲက လာတဲ့အသံမဟုတ်…
ကျွန်တော့်လက်ထဲက လွတ်ကျသွားတဲ့ဖုန်းကိုကော… ကျွန်တော့်ရဲ့ခေါင်းကိုက်ဝေဒနာကိုကော ဘာကိုမှ ဂရုမစိုက်မိဘဲ ချက်ချင်းထရပ်လိုက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကိုု ကြည့်လိုက်မိသည်။
ကျွန်တော် ရင်းနှီးနေတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ မျက်ရည်တွေကို ထိန်းချုပ်မထားတော့ဘဲ ကျဆင်းခွင့်ပြုလိုက်သည်။ ကျွန်တော့်ရဲ့ခြေထောက်တွေက ကျွန်တော် တစ်ချိန်လုံး လွမ်းနေရတဲ့သူဆီသို့ လှမ်းနေမိသည်။ ဒါက အိမ်မက်ဖြစ်နေမှာကို ကျွန်တော် ကြောက်မိသည်။ မျက်တောင်တစ်ချက်ခတ်လိုက်တဲ့အချိန်မှာ သူပျောက်သွားမှာကို ကြောက်နေမိတာကြောင့် မျက်တောင်မခတ်ဘဲ သူ့ဆီ လျောက်လာမိသည်။
'So…'
ကျွန်တော် မြင်နေရတာ တကယ်ကော ဟုတ်ရဲ့လားဆိုပြီး သေချာအောင် ခေါ်လိုက်သည်။ Soloက သူ့ရဲ့လက်နှစ်ဖက်ကို ဖွင့်ထားပြီး ကျွန်တော့်ကို နူးညံ့တဲ့အကြည့်တွေနှင့် ကြည့်နေသည်။
'အစ်ကို့ကို စောင့်ရအောင်လုပ်မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်'
သူ ထိုစကားလေးပြောပြီးတဲ့အချိန်မှာ ကျွန်တော် တည်ဆောက်ထားတဲ့နံရံတွေ ချက်ချင်းပြိုလဲကျကုန်သည်။ သူ့ရဲ့ရင်ခွင်ထဲသို့ ကျွန်တော် ပြေးဝင်လိုက်သည်။ တစ်ချိန်တည်းမှာဘဲ ကျွန်တော့်ကို ကျွန်တော် လိမ်လည်ထားတဲ့ခွန်အားတွေက တစ်စစီပြိုကျပျက်စီးသွားခဲ့သည်။
'So… ဟ… အစ်ကို အရမ်းခံစား… အစ်ကို အရမ်းနာကျင်နေတယ်…'
သူ့ရဲ့ကျယ်ပြန့်တဲ့ရင်ဘတ်ပေါ် ကျွန်တော့်မျက်နှာကို အပ်လိုက်ပြီး လူတွေရဲ့အကြည့်ကို ရှက်မနေတော့ဘဲ ငိုချလိုက်မိသည်။ ရက်အတော်ကြာစုစည်းထားတဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေက ပေါက်ကွဲထွက်ကုန်သည်။
'ကျွန်တော် ရှိနေပြီလေ… ဒီမှာ ရှိနေပြီ'
တင်းကြပ်စွာ ပွေ့ဖက်ထားပြီး ထပ်ခါထပ်ခါပြောနေတဲ့စကားသံတွေက ကျွန်တော် ငိုနေတာကို ရပ်သွားအောင် မလုပ်နိူင်ပါ။ ရပ်သွားမယ့်အစား ပိုပြီးတော့တောင် ငိုကြွေးနေမိသည်။
နှဖူးပေါ်သို့ ကျရောက်လာတဲ့… နှစ်သိမ့်ပေးနေတဲ့အနမ်းလေးကြောင့် ကျွန်တော် သူ့ကို ပိုပြီးတင်းကြပ်စွာ ဖက်လိုက်သည်။ ကျွန်တော် ငိုမိတဲ့အချိန်တိုင်းမှာ ကျွန်တော့်ရဲ့ခေါင်းက ပေါက်ကွဲထွက်မတက် နာကျင်နေရသည်။
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားပြီး မလွှတ်ကြသေးတဲ့ပုံစံအတိုင်း Soloက ကျွန်တော့်ကို ချီမကာ ထိုင်ခိုင်းလိုက်သည်။ ကျွန်တော့်ရဲ့ခေါင်းပေါ်နှင့် ကျောပြင်ပေါ်သို့ရောက်လာတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် ပိုပြီးငိုနေမိသည်။ Soloက ဘာမှမပြောဘဲ သူ ကျွန်တော်နဲ့ အတူတူရှိနေတယ်ဆိုတဲ့ အဲ့စကားလုံးတွေကို ကျွန်တော့်နှလုံးသားထဲ ရောက်သွားလောက်တဲ့အထိ ထပ်ခါထပ်ခါပြောနေသည်။ တကယ်လည်း အဲ့ဒါက အလုုပ်ဖြစ်ခဲ့ပါသည်။
'Guitarကိုယ်က အရမ်းပူနေတာဘဲ… ပြန်ကြရအောင်…'
Soloက ကျွန်တော့်နှဖူးကို စမ်းရင်းပြောလာသည်။ သူက ဒီနေရာကနေ သွားချင်နေပေမယ့် ကျွန်တော် သူ့ကို မလွှတ်နိူင်သေး… ကျွန်တော့်ဘဝအတွက် နောက်ဆုံးခိုကိုးရာဖြစ်တဲ့ သူ့ရဲ့နွေးထွေးတဲ့ရင်ခွင်ထဲသို့သာ တိုးဝင်နေမိသည်။
'မသွားချင်ဘူး'
ကျွန်တော် ငိုသံနှင့် အသံရှည်ဆွဲပြီး ပြောလိုက်သည်။ အစကလောက် မဆိုးတော့ဘူးဆိုပေမယ့်လည်း မျက်ရည်တွေကိုတော့ အလွယ်တကူ ရပ်လို့မရခဲ့…
Soloက ကျွန်တော် စိတ်ကျေနပ်တဲ့အထိ သူ့ရဲ့ရင်ခွင်ထဲမှာ ငိုခွင့်ပေးလိုက်သည်။ ဒါပေမယ့်လည်း သူ့ဆီက ရနေတဲ့နွေးထွေးမှုနဲ့တင် လုံလောက်နေပါပြီ။
'ကျွန်တော် Guitarဆီ မလာခင်တုန်းက Guitarရဲ့မောင်နှမတွေနဲ့ စကားပြောပြီးသွားပြီ…'
ကျွန်တော် ငိုတာရပ်သွားတယ်လို့ Soloသတိထားမိတဲ့အခါမှာ ကျွန်တော့်ကို ဖြည်းဖြည်းချင်းစကားပြောလာသည်။ ကျွန်တော် သူ့ကို တင်းကြပ်စွာ မဖက်ထားတော့ပေမယ့် သူ့ရဲ့အကျီကိုတော့ မြဲမြဲဆုတ်ကိုင်ထားသည်။ သူကလည်း ကျွန်တော့်ကို တွန်းမထုတ်… ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းကြည့်လို့ရတဲ့အထိ နီးကပ်နေသည်။
'သူတို့ပြောတာက Guitarက အရမ်းသန်မာတယ်တဲ့…'
'…'
'Jayပြောတာက Guitarက တော်တော်လေး နာကျင်နေရတယ်တဲ့…'
ကျွန်တော့်မျက်နှာပေါ်သို့ ကျရောက်လာတဲ့နူးညံ့တဲ့အထိအတွေ့လေးကြောင့် မျက်ရည်တွေက ထပ်မံကျဆင်းလာခဲ့သည်။
'…'
'အားလုံးက Guitarကို စိတ်ပူနေကြတာ… ဒါပေမယ့် Guitar အမြဲတမ်းသန်မာနေတဲ့ပုံဖြစ်နေလို့ သူတို့က ဘာလုပ်ရမှန်းမသိဖြစ်နေတာ…'
သူ့ရဲ့လက်ချောင်းလေးတွေနှင့် ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးနေသည်။
'…'
'ဒီလောက်ဆို လုံလောက်ပါပြီ။ Guitar သန်မာစရာမလိုတော့ဘူး။ လူတိုင်းရဲ့မှီခိုအားထားစရာ ဖြစ်ဖို့မလိုတော့ဘူး။ သူတို့မှာ ကောင်းမွန်တဲ့မိသားစုတွေ ရှိတယ်။ သူတို့ကို အခြားသူတွေထက် ပိုပြီးချစ်ပေးမယ့်သူတွေလည်း သူတို့မှာ ရှိတယ်။ အခုအချိန်က Guitarကိုယ်တိုင် မှီခိုအားထားနိူင်မယ့်သူကို ရှာဖွေရမယ့်အချိန်ဘဲ…'
'So…'
'အဲ့ဒါက ကျွန်တော်ဘဲ…'
'…'
'Guitar အားအင်မရှိတော့ဘူးလို့ ခံစားရတဲ့အချိန်တိုင်းမှာ ကျွန်တော့်ကိုဘဲ မြင်ခွင့်ပေးပါ'
'So…'
'ကျွန်တော် Guitarကို စောင့်ရှောက်ပါရစေ'
'…'
'ဟုတ်ပြီလား'
ကျွန်တော့်မျက်နှာပေါ်က လက်နှစ်ဖက်ကို ဆုတ်ကိုင်လိုက်မိသည်။ ကျွန်တော့်ကို စောင့်ရှောက်ချင်ပါတယ်လို့ ပြောနေတဲ့ကောင်လေးကို ဝေဝါးတဲ့အကြည့်တွေနဲ့ ငေးကြည့်လိုက်မိသည်။ သူက ကျွန်တော့်ဆီက အဖြေကို စောင့်နေသလိုမျိုး ကြည့်နေသည်။
ကျွန်တော် သဘောတူပါတယ်။
အရာအားလုံးအတွက်ကိုပေါ့…
အခုအချိန်မှာ ကျွန်တော် အလိုချင်ဆုံးက ကျွန်တော့်အရှေ့မှာတင် ရှိနေသည်။
'အင်း…'
ဒီလူသားလေးရဲ့ဘေးမှာသာဆိုရင် Guiပျော့ညံ့လို့ရတယ်မှတ်လား Mae Yai…
…_…
သူတို့နာမည်လေးတွေက မြန်မာလိုဆို Prikက ငရုတ်သီး၊ Khingက ဂျင်း၊ Neunက တစ်၊ Sonက နှစ်၊ Mangkornက နဂါး…
…_…