OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

21.4K 1.5K 45

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၂၇

169 16 1
By newkhonpai

နောက်ဆုံးစာမေးပွဲက စတင်တော့မှာဖြစ်တာကြောင့် ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် အလုပ်တွေ ရှုပ်နေမိသည်။ ကျွန်တော် ကော်ဖီဆိုင်မှာ အလုပ်မလုပ်တော့တာကြောင့် ကျွန်တော့်သူငယ်ချင်းတွေက စာမေးပွဲအတွက် Ai'Wineရဲ့အဆောင်မှာ စာလုပ်မယ်ဆိုပြီး ဆွဲခေါ်ထားတာ… Soloကလည်း သီချင်းလေ့ကျင့်နေရတာနဲ့ အလုပ်ရှုပ်နေသည်။ သူပြောပြတာကတော့ အခုစာမေးပွဲက သူ မကျွမ်းသည့်ထိုင်းဂီတဖြစ်နေတာကြောင့် Kaoကို အကူအညီတောင်းပြီး လုပ်နေရတယ်တဲ့… ဒါနဲ့ ဘာလို့Kaoဘဲဖြစ်ရပြန်တာလဲဆိုတာကို သိချင်နေမိသည်။ ဒီကလေးက သူ ပြောသလို လူတွေသိသမျှ တူရိယာတွေအားလုံးကို တီးတက်တဲ့ပုံရသည်။

အခုလိုမျိုး ကိုယ့်စာမေးပွဲနဲ့ကိုယ် အလုပ်ရှုပ်နေပြီး ခွေးပေါက်လေးနဲ့ ခွဲနေရတာကြောင့် တစ်ချို့အချိန်တွေမှာ Kaoဆီ ဖုန်းဆက်လို့ရပြီး Kao အကြံပေးတာမှန်သမျှကို နားထောင်နေခဲ့သည်။ အစကတော့ Mae Yaiကို အရမ်းစိတ်ပူမိတာကြောင့် ဘာကိုမှ မလုပ်ချင်တဲ့စိတ်ဖြစ်မိပေမယ့်လည်း အခုလို အချိန်အခါမှာ ကျွန်တော် လုပ်နိူင်တာ ဘာမှမရှိဘူးဆိုတာကို နားလည်လိုက်ရတာကြောင့် Mae Yaiကို ကျွန်တော် စိတ်မပျက်စေချင်…

တကယ့်ကို အရိပ်ပြ အကောင်မြင်တက်တဲ့Kaoကို ကျေးဇူးတင်မိသည်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့အသံကို မလိုလားတဲ့အသံမျိုး ပြောင်းလိုက်တာကြောင့် ကျွန်တော် ပုံမှန်အတိုင်းမဟုတ်ဘူးဆိုတာကို သူ နားလည်လိုက်သည်။ လေ့ကျင့်နေတဲ့အချိန်မှာ Soloက သူ လေ့ကျင့်နေတာကို ကောင်းကောင်းအာရုံစိုက်လို့ရသည့်ပုံမပေါ်ဘဲ ခဏလောက်နားချင်သလိုမျိုး နာရီကိုသာ ခဏခဏစိုက်ကြည့်နေကြောင်း Kaoက ချက်ချင်းပြောပြသည်။

အဲ့လိုဖြစ်နေတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။ ကျွန်တော်သာ စိတ်ပျက်အားငယ်ပြီး အများကြီးတွေးတောနေမယ်ဆိုရင် အခြားတစ်ယောက်က ဝမ်းနည်းနေလိမ့်မယ်။

ကျွန်တော် ကောင်းတဲ့အရာတွေကို တွေးပြီးတော့ အကောင်းမြင်ဖို့ ကြိုးစားလိုက်ပြီး ပုံမှန် သူငယ်ချင်းတွေနဲ့ စာကြည့်နေကြပုံစံအတိုင်း အဆင်ပြေအောင် နေခဲ့တာ… အားတဲ့အချိန်ဆိုရင် Kaoဆီ ဖုန်းဆက်ပြီး သီချင်းလေ့ကျင့်ရတာက ကျွန်တော့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ချနိူင်တဲ့နည်းတစ်နည်းပင်ဖြစ်သည်။ ညနေကျရင် ကျွန်တော် ထမင်းစားစားပွဲမှာ ထိုင်စောင့်နေမယ့်ခွေးပေါက်လေးရဲ့အိမ်ကို ပြန်ရမှာဖြစ်သည်။ အိမ်ပြန်ရောက်တာနဲ့ ညစာချက်ပြီးတော့ အတူတူစားကြမယ်။ ကျွန်တော်တို့ ထိုင်ကာ စုံတွဲခွက်လေးနဲ့ နိူ့အတူတူသောက်ရင်း အိပ်ချင်လာတဲ့အထိ စကားတွေပြောကြမယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ နောက်နေ့မနက်မရောက်ခင်အထိ တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ထားပြီး အိပ်ယာဝင်ကြမယ်။

အဲ့သေးငယ်တဲ့ပျော်ရွင်မှုလေးက ကျွန်တော့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေသည်။

'တစ်ဘာသာဘဲ ကျန်တော့တယ်'

Wineက စာမေးပွဲရဲ့ဖိစီးမှုတွေကို ဘယ်လိုမှ တောင်ခံမထားနိူင်တော့သလိုမျိုး လုံးထွေးနေတဲ့အသံနှင့် ပြောပြီးတာနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စားပွဲပေါ်သို့ မှောက်ချလိုက်သည်။ သူ့ကို ကြည့်ရတာ ကျွန်တော်တို့ အားလုံးထဲမှာ အဆိုးဆုံးထင်သည်။

'အင်း'

အခုအချိန်မှာ ကျွန်တော်တစ်ယောက်တည်း အားနေတယ်လို့ ထင်မိတာကြောင့် ကျွန်တော် သူ့စကားကို ပြန်တုန့်ပြန်လိုက်သည်။ ဘာလို့လဲဆိုတော့ Ai'Nohက လသာဆောင်ဘက်ထွက်ပြီး ဖုန်းပြောနေတာဖြစ်ပြီး Ai'Beerကတော့ အိပ်ပျော်နေတာ တော်တော်ကြာနေပြီ။ သူ ပြောတာကတော့ ကျွန်တော်နဲ့ Nohနဲ့မလာခင်အထိ တစ်ညလုံးနီးပါး Wineကို စာမေးပွဲအတွက် စာပြပေးထားရလို့တဲ့… ဘယ်လောက်ဘဲ ကျွန်တော် တော်နေပါစေ… အခုလိုမျိုး အရာအားလုံးကို ကျွန်တော့်ခေါင်းပေါ် ပစ်တင်ပေးရလောက်အထိ ကျွန်တော်မှ မတော်တာ…

ကျွန်တော်တို့လေးယောက်ထဲမှာ စာအတော်ဆုံးက Ai'Beerဖြစ်ပြီးတော့ Ai'Wineကတော့ အားအနည်းဆုံးပင်… ဉာဏ်မကောင်းတာတို့ ဘာတို့ မဟုတ်… ဒါပေမယ့် သူက အရမ်းပျင်းပြီးတော့ အတန်းလည်း ခဏခဏပြေးတက်သည်။ အဲ့ဒါကြောင့် သူက သူ့အစ်ကို့ကို စာပြခိုင်းဖို့ လိုတာ… ဒါပေမယ့်လည်း အောင်စာရင်းထွက်လာတိုင်းမှာ သူ အမြဲတမ်းအောင်သည်။ စာမေးပွဲကာလနီးလာတဲ့အချိန်တိုင်းမှာ သူ့ကို အမြဲစာပြပေးရတာကြောင့် ဒီအတိုင်းငြီးငွေ့လာတယ်လို့ဘဲ ခံစားရတာပါ။ Nohကတောင် သူတို့က အမွှာတွေဆိုတော့ သူ့တို့ရဲ့မိဘတွေက ကောင်းတဲ့အရာတွေကို Beerတစ်ယောက်တည်းကိုဘဲ ပေးခဲ့တာလားဆိုပြီး သံသယဖြစ်နေတဲ့အသံမျိုးနဲ့ တစ်ခါပြောဖူးသည်။ ဒါပေမယ့်လည်း Nohက အဲ့ဒီအတွေးတွေကို ဖျောက်ဖျက်ပစ်လိုက်ရသည်။ ဘာလို့လဲဆိုတော့ Wineကသာ တကယ်တော်တဲ့ ကျောင်းသားတစ်ယောက်မဟုတ်ဘူးဆိုရင် အလုပ်သင်ဆင်းဖို့အတွက် ပထမဆုံးဆက်သွယ်ခံရတဲ့သူက Wineဖြစ်လာမှာမဟုတ်… ထပ်ပြီးပြောရမယ်ဆိုရင် အဲ့ဒီဆက်သွယ်လာတဲ့ကုမ္ပဏီက နာမည်ကြီးတဲ့ကုမ္ပဏီ…

'ငါ ပင်ပန်းလာပြီ'

သူက ငိုသံကြီးနဲ့ ကျယ်လောင်စွာပြောပြီး ဒေါသတကြီးနဲ့ စားပွဲပေါ်က ပစ္စည်းတွေအားလုံးကို ကြမ်းပြင်ပေါ်သို့ ရောက်အောင် တိုက်ချလိုက်သည်။ သူက သူ့ဘာသာသူ ပြောပြီး သူ့ဘာသာသူ လုပ်နေတာကြောင့် ကျွန်တော် ဘာမှမဖြစ်… ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် ဘယ်နေရာမှာ ထိုင်ပြီး သူ့ကို တည်ငြိမ်သွားအောင် လုပ်ပေးရမလဲဆိုတာ မသိဖြစ်နေသည်။

'နောက်ထပ်တစ်ရက်လောက်ဘဲ သည်းခံလိုက်စမ်းပါ'

ကျွန်တော် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

'ငါ…'

'ပါးစပ်ပိတ်ထားစမ်း!'

ကျွန်တော်တို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေတဲ့သူက ဒေါသတကြီးနဲ့ အော်လိုက်ပြီးတော့ ငြိမ်ငြိမ်မနေဘဲ မကျေနပ်တာတွေကို ပြောနေတဲ့Wineကို ခေါင်းအုံးနှင့် ပစ်ပေါက်လိုက်တာကြောင့် ကျွန်တော်တို့နှစ်ယောက်စလုံး လန့်သွားခဲ့သည်။ Wineက ပြန်ပြီး ဘာမှထပ်မပြောတော့ဘဲ နူတ်ခမ်းစူကာ မျက်မှောင်သာ ကြုတ်ထားနေသည်။ သူ့အစ်ကို ဒေါသထွက်လာတဲ့အခါကျရင် ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို သိနေလို့နေမှာပေါ့…

နောက်ဆုံးမှာတော့ Wineက ငြိမ်ငြိမ်လေးထိုင်လိုက်ပြီး ကျွန်တော် စာရှင်းပြတာကို နားထောင်နေသည်။ သိပ်မကြာတဲ့အချိန်မှာ Nohက အပြုံးတစ်ခုနှင့်အတူ ပြန်ဝင်လာပြီးတော့ ထိုင်လိုက်သည်။ ခန့်မှန်းစရာတောင်မလို… အရင်နေ့တွေကအတိုင်း Sunပေးလာတဲ့ အားပေးစကားကြောင့် သူ ပျော်နေတာ…  သူ ဘယ်လောက်ဘဲ စိတ်ဖိစီးနေပါစေ… စောနကလို လသာဆောင်ဘက်ထွက်ပြီး ဖုန်းပြောပြီးတဲ့အချိန်တိုင်းမှာ ပျော်ရွင်စွာနဲ့ ပြန်ဝင်လာနေကြ…

'နားမလည်သေးတဲ့အပိုင်း ရှိသေးလား'

ကျွန်တော် Wineကို မေးလိုက်သည်။ သူကတော့ ခေါင်းခါပြကာ စာအုပ်ကို ပိတ်… ကြမ်းပြင်ပေါ် လှဲချလိုက်ပြီး ခြေထောက်တွေကို ဆန့်ထုတ်ထားသည်။ ကျွန်တော် သူ့ကို ဒီနေ့ကော မနက်ဖြန်ကော တက်နိူင်သမျှ ကူညီပေးခဲ့ပေမယ့် ဒါက ကံတရားဘဲပေါ့…

ကျွန်တော် လသာဆောင်ဘက် ထွက်လာပြီးတော့ ခါတိုင်းပြောနေကြအတိုင်း စာပို့လိုက်သည်။ ပို့ထားတဲ့စာက ချက်ချင်း seenပြလာတာကြောင့် Kaoက ဖုန်းသုံးနေတာ ဒါမှမဟုတ် သီချင်းနားထောင်နေတာ ဖြစ်နိူင်သည်။ ခဏလောက်ကြာတဲ့အထိ စောင့်နေပေမယ့် စာပြန်ပို့မလာ… အဲ့အချိန် မက်စင်ဂျာကနေတစ်ဆင့် ဝင်လာတဲ့ဖုန်းကြောင့် ကျွန်တော် ကိုင်လိုက်မိသည်။

'ဟယ်လို'

[အစ်ကို ဒီနေ့ စောစောပြီးသွားတာလား]

'ဒီနေ့ ကြည့်ဖို့ စာက အရမ်းအများကြီးမရှိဘူးလေ… Beerက Wineကို မနေ့ညကတည်းက စာရှင်းပြရတာဆိုတော့ အစ်ကိုက စာကူရှင်းပေးဖို့ဘဲ လာတာ…'

ပြသာနာက တစ်ယောက်တည်းဖြစ်နေတာ… Nohက အဆင်ပြေတယ်။ နည်းနည်းလောက်ရှင်းပြရင် သူ နားလည်တယ်။

'Kaoကော အခုအားလား'

[ကျွန်တော် အခုအားတယ်။ အစ်ကို… Soကို ကူပေးရတာကလွဲလို့ ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိဘူး။ သူ အပြန်ထွက်သွားတာကို စောင့်နေရလို့ ဖုန်းဆက်တာ နောက်ကျသွားတာ…]

တကယ်တော့ ပုံမှန်အတိုင်းသာဆိုရင်… အခုအချိန်မှာ Kaoတို့ကော… ကျွန်တော်တို့ကော စာလုပ်လို့ မပြီးသေးပါ။ ကျွန်တော် အချိန်ကြည့်ဖို့မေ့သွားတာဘဲ… အစကတော့ ကျွန်တော်တို့ စာလုပ်နေတာက နည်းနည်းလောက် စောပြီး ပြီးသွားတယ်ဘဲ ထင်နေတာ… ဒါပေမယ့် အရင်ကထက် နှစ်နာရီကျော်ကျော်လောက် စောပြီးနေတဲ့ပုံရသည်။

'မနက်ဖြန် စာမေးပွဲပြီးသွားရင် မြောက်ပိုင်းကို သွားရမှာ… အစ်ကို အကူညီတောင်းထားသလို ဖုန်းဆက်လို့ မရတော့ဘူးလို့ အစ်ကို ထင်တယ်'

ကျွန်တော် စီစဉ်ထားတဲ့အတိုင်း ပြောလိုက်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော် Mae Yaiနဲ့ အကြာကြီး အတူတူရှိနေချင်တာကြောင့် Kaoကို ဖုန်းခေါ်ဖို့ အချိန်ရှိလာမှာ မဟုတ်…

[အစ်ကို လုပ်နိူင်ပါတယ်။ အစ်ကို ဒီနေ့ လေ့ကျင့်စရာမလိုတော့ဘူးလို့ ကျွန်တော်ထင်တယ်။ အစ်ကို့ရဲ့ခံစားချက်တွေ ထည့်ပြီး ဆိုလို့ရလောက်တဲ့အထိ အစ်ကို ကောင်းကောင်းလုပ်နိူင်ပြီလေ…]

'Kaoက ဒီနေ့ မအားလို့လား'

ကျွန်တော် အားနာတဲ့စိတ်နဲ့ မေးလိုက်သည်။ အမှန်တိုင်း ပြောပြရင် ကျွန်တော့်အသံက ဆိုးရွားနေတုန်းဘဲလား။ မဆိုးရွားတော့ဘူးလားဆိုတာ မသေချာသေး… Kaoရဲ့ကူညီပေးမှုကြောင့် အများကြီးတိုးတက်လာတယ်ဆိုပေမယ့် အခုထိ ကြောက်နေတုန်းပင်…

[ကျွန်တော် အားပေမယ့် အစ်ကိုဘဲ မအားမှာ…]

'ဘာလို့လဲ'

'Gui! မင်း အထဲဝင်လာပါဦး!'

အခန်းထဲကနေ အော်နေတဲ့Nohရဲ့အသံကို ကြားလိုက်ရတဲ့အခါမှာ Kaoပြောချင်တာ ဘာလဲဆိုတာကို ကျွန်တော် ချက်ချင်းနားလည်လိုက်ရသည်။

[သွားလိုက်လေ အစ်ကို… အစ်ကို သီချင်းကောင်းကောင်းဆိုတက်နေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့ဘဲလိုတာ… ကျွဲအော်ငိုနေတဲ့အသံနဲ့ အစ်ကို ဆိုပြရင်တောင် အဲ့ကောင်ကြီးက အဆင်ပြေတယ်လို့ဘဲ ပြောမှာ…]

အဲ့စကားတွေကြောင့် ကျွန်တော် သီချင်းမဆိုရဲတာ… တော်တော်မီးရှို့တဲ့ကောင်လေးဘဲ!

[ကျွန်တော့်ကို နောက်မှဘဲ ဆူတော့ အစ်ကို… ဘိုင်း…]

ရုတ်တရက် ပြတ်တောက်သွားတဲ့ ဖုန်းကို ကြည့်မိသည်။ ဒီလို ပြသာနာရှာတက်တဲ့မောင်ပြာတာလေးကို ဘယ်သူလိုချင်မလဲဆိုတာ ကျွန်တော် တကယ်သိချင်မိသည်။

'Gui!'

'ငါ သိတယ်!'

ကျွန်တော် ပြန်အော်လိုက်ပြီးတော့ မတ်တပ်ကာ တံခါးကို ဖွင့်လိုက်သည်။ ဒါပေမယ့် ကျွန်တော် နည်းနည်းနောက်ကျသွားတယ်ထင်တယ်။ ကျွန်တော် တံခါးမဖွင့်ခင်မှဘဲ တစ်ယောက်ယောက်က တံခါးကို ဆွဲဖွင့်လိုက်ပြီး ထိုတံခါးဖွင့်လိုက်တဲ့ကောင်လေးက ကျွန်တော့်အရှေ့မှာ ရပ်နေတာ…

'Guitar… ဘာလုပ်နေတာလဲ'

'အပြင်ထွက်ပြီး အကြောဆန့်နေတာ…'

ကျွန်တော့်အတွေးထဲမှာ ရှိတဲ့အတိုင်း ဖြေလိုက်မိသည်။ ထိုကောင်လေးရဲ့မျက်နှာပေါ်မှာ ထိုအဖြေနဲ့ပတ်သတ်ပြီး မကျေမနပ်ဖြစ်နေတဲ့ပုံစံများရှိနေမလားဆိုပြီး ရှာကြည့်မိသည်။ ဒါပေမယ့်လည်း ကျွန်တော် မတွေ့မိ… Soloက ခေါင်းညိမ့်ပြလိုက်ပြီး လသာဆောင်ဘက် ထွက်လာကာ အနောက်ဘက်က တံခါးကို ပိတ်လိုက်သည်။

'So…'

'ဗျာ…'

ကျွန်တော် သက်ပြင်းချလိုက်ပြီး ဘာမှမသိသေးပုံရတဲ့ကောင်လေးရဲ့မျက်နှာကို ကြည့်လိုက်သည်။ ကျွန်တော်က လိမ်တဲ့နေရာမှာ တော်တဲ့သူမဟုတ်ဘူး။ ပြီးတော့ ဒီခွေးပေါက်လေးကလည်း ကျွန်တော် အခုပြောနေတာတွေက လိမ်နေတယ်ဆိုတာကို သိနေပေမယ့် ဘာမှပြန်မမေးလာ…

နောက်ဆုံးတော့ မနေနိူင်တော့သူက ကျွန်တော်ပင်ဖြစ်သည်။

'အစ်ကို ဖုန်းထွက်ပြောတာ…'

ကျွန်တော် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီးတော့ ထိုကြမ်းပြင်ကို လက်နှင့်အသာလေးပုတ်လိုက်ကာ ထိုကောင်လေးကိုပါ ထိုင်ဖို့ အချက်ပြလိုက်သည်။ Soloက မေးခွန်းမေးချင်နေတဲ့အကြည့်တွေနဲ့ ကြည့်နေပေမယ့် ကျွန်တော့်ဘေးနားမှာ ထိုင်လာသည်။

'အစ်ကို Soကို ပြောပြလို့မရဘူး'

'ကျွန်တော် နားလည်ပါတယ်'

သူက နားလည်ပါတယ်လို့ ပြောလိုက်ပေမယ့်… ရယ်စရာကောင်းတဲ့ သူ့ရဲ့အသံနှင့် မျက်နှာတွေက သူ နားမလည်နိူင်ဘူးလို့ ပြောနေသည်။

'အထင်မလွဲနော်…'

ကျွန်တော် ခေါင်းကို သူ့ရဲ့ပုခုံးလေးပေါ်မှီပြီး ပြုံးလိုက်သည်။ သူက အလိုမကျတဲ့ရုပ်ဖြစ်နေပေမယ့် သူ့ရဲ့လက်တစ်ဖက်က ကျွန်တော့်ပုခုံးကို ဖက်ထားသည်။

'ဘာဖြစ်လို့လဲ'

'အစ်ကိုလည်း မဖုံးထားချင်ပါဘူး။ ဒါပေမယ့် ဒါက စပရိုက်မို့လို့…'

'ကျွန်တော့်အတွက်လား' ခွေးပေါက်လေးက စိတ်ရှုပ်ထွေးသွားသည်။ အဲ့ပုံလေးကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ပြုံးလိုက်မိသေးသည်။ 'ဘာစပရိုက်လဲ'

'မပြောပြဘူး။ အစ်ကို ပြောပြလိုက်ရင် ဘယ်လိုလုပ်ပြီး စပရိုက်ဖြစ်တော့မှာလဲ'

ဒါပေမယ့် ကျွန်တော် ဘာလုပ်ရမလဲ… ကျွန်တော် မလိမ်ချင်တော့ဘူး။

'ဒါပေမယ့် ကျွန်တော် သိချင်တယ်… Guitarပြောပြ…'

'မပြောပြဘူး'

ကျွန်တော် ခေါင်းကို နည်းနည်းလေးရွေ့လိုက်ပြီး အဖြေအနေနဲ့ခေါင်းခါပြကာ ပြုံးပြလိုက်သည်။

'Guitar…'

ခွေးပေါက်လေးက အသနားခံတဲ့မျက်နှာပုံစံမျိုး လုပ်လိုက်ပြီး သူ ကျွန်တော့်ကို မတ်တပ်မရပ်စေချင်သည့်ပုံနှင့် ကျွန်တော့်ရဲ့ပုခုံးကို တင်းကြပ်စွာ ဆုတ်ကိုင်ထားသည်။

'ဆော်တီးဘဲ… ဒီတစ်ခါလည်း အလုပ်မဖြစ်ဘူး'

'ကျွန်တော့်ကို ပြောပြလို့…'

ကျွန်တော် ခေါင်းခါပြလိုက်ပြီးတော့ ကျွန်တော့်ပါးစပ်ကို လက်နှင့် ဟန်ပြပိတ်လိုက်တာကြောင့် ခွေးပေါက်စလေးက ရယ်လာသည်။

'နော်လို့~'

'So!'

တားမြစ်ထားတဲ့စကားလုံးကို ပြောလာတဲ့ ကလေးဆန်တဲ့ခွေးပေါက်လေးကို ကျွန်တော် ကြည့်လိုက်မိသည်။ ကျွန်တော့်ကို ထလို့မရအောင်လုပ်နေတဲ့ သူ့လက်တွေကို အဝေးကို တွန်းပို့လိုက်ပြီးတော့ ခပ်မြန်မြန်ထပြေးလိုက်မိသည်။

ချီးဘဲ… ဒီအတိုင်းသာ ဆက်နေမယ်ရင် ကျွန်တော် ကျရှုံးသွားမှာ အသေအချာဘဲ…

ကျွန်တော့်ရဲ့သူငယ်ချင်းသုံးယောက် တုံးလုံးပက်လက်နဲ့သေနေကြတဲ့ အခန်းထဲသို့ ကျွန်တော် ထွက်ပြေးလာလိုက်သည်။ ကျွန်တော့်အနောက်ကနေ Soloကပါ လိုက်လာခဲ့တာ… သူ့ရဲ့မျက်နှာက အရင်ကနဲ့မတူဘဲ ကွဲပြားနေသည်။ ကျွန်တော် ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး သူ့ရဲ့စိတ်ကောက်နေတဲ့မျက်နှာကို မသိချင်ယောင်ဆောင်ထားလိုက်သည်။

'Guitar…'

'ဘာလဲ'

သူ့ကို မကြည့်ဘဲ ဖြေလိုက်သည်။

'ကျွန်တော့်ကို တကယ်မပြောပြဘူးပေါ့…'

'အင်း'

'အဲ့ဒါဆို…'

ထိုစကားသံလေးရဲ့အနောက်မှာ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားတာကြောင့် အံ့သြသွားမိသည်။ သူက ကျွန်တော့်ဆီက အဖြေမရမချင်း အသနားခံလိမ့််မယ်လို့ ကျွန်တော် ထင်မိတာ… ဒါပေမယ့် ကျွန်တော်ထင်တာ မှားခဲ့သည်။

'So…'

ထိုနာမည်ပိုင်ရှင်လေးက ဘာလုပ်နေတာလဲဆိုတာကို လှည့်ကြည့်လိုက်မိသည်။ ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ကို မလှည့်လိုက်ခင်လေးမှာ တိတ်ဆိတ်နေတဲ့ကောင်လေးရဲ့လက်တွေက ကျွန်တော့်ကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။ ပွေ့ဖက်ထားတဲ့ ခွေးပေါက်လေးရဲ့လက်တွေပေါ် ကျွန်တော့်လက်လေးကို တင်လိုက်ပြီး စောနကပြောခဲ့တဲ့စကားတွေကိုဘဲ ထပ်ပြောလိုက်သည်။

'ဘယ်လိုဘဲ အသနားခံပါစေ… အစ်ကို တကယ်ပြောပြမှာ မဟုတ်ဘူး'

'ကျွန်တော် သိပါတယ်'

ခွေးပေါက်လေးက ပိုပြီးနီးကပ်လာအောင် သူ့ရဲ့လက်တွေနှင့် ကျွန်တော့်ကို ဆွဲယူလိုက်သည်။ သူ့ခါးကို ကုန်းပြီး ဖက်နေတာလား။ မတ်တပ်ရပ်ပြီးဖက်နေတာလား။ သူ ပင်ပန်းနေပြီလား။ မပင်ပန်းသေးဘူးလားဆိုတာ ကျွန်တော် မသေမချာဖြစ်မိသည်။ သူ့ရဲ့အရပ်က တော်တော်ရှည်တာကို…

'မပင်ပန်းသေးဘူးလား။ ခဏနေ Soရဲ့ကျောတွေ နာနေဦးမယ်'

'မနာပါဘူး' သူ့ရဲ့ခေါင်းလေးက ကျွန်တော့်ပုခုံးပေါ် ရောက်လိုက်ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်လေးကို အသာလေးလွှဲလာသည်။ ကျွန်တော့်ကို ဖက်ထားတဲ့လက်တွေက ပိုပြီးတင်းကြပ်လာသည်။

'So…'

'ကျေးဇူးတင်ပါတယ်'

'ကျေးဇူးတင်တယ်?'

'အခုလိုမျိုး တကယ့်ကို ခက်ခဲနေတဲ့အချိန်မှာတောင် ကျွန်တော့်ကို စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်'

ကျွန်တော့်ကျောနောက်က သူ့ရဲ့ရင်ခွင်လေးပေါ် အသာလေးမှီလိုက်မိတဲ့အပြင် ကျွန်တော့်နူတ်ခမ်းကလည်း မမျှော်လင့်ဘဲ ပြုံးလိုက်မိသည်။ သူ ပြောချင်တာဘာလဲဆိုတာကို ကျွန်တော် နားလည်သည်။ ဒါပေမယ့် အဲ့ဒါက တကယ်တော့… Soloအတွက်ချည်းဘဲ မဟုတ်… ကျွန်တော့်အတွက်လည်း ပါတာကို…

သူ့အတွက် တစ်ခုခုလုပ်ပေးဖို့ ကြိုးစားနေရတာက… ကျွန်တော့်ကို ပြုံးပျော်လာစေတဲ့အကြောင်းအရင်း ဖြစ်နေတာကို…

အနားယူရသလိုမျိုး စိတ်တွေကို ပြေလျော့စေသည်။ သူ ပျော်ရွင်ပြီး ပြုံးပြလာမယ့်ပုံစံလေးကို တွေးကြည့်ရုံနဲ့တင် အရာအားလုံးကို မေ့ပျောက်စေသည်။

'အစ်ကိုကိုက လုပ်ပေးချင်လို့ပါ'

Soအတွက် အရာအားလုံးကို လိုလိုလားလားနဲ့ လုပ်ပေးချင်တာ ကျွန်တော့်ရဲ့ဆန္ဒပါ။

…_...

အခုရောက်နေတဲ့လမ်းမကြီးက ပုံမှန်သွားနေကြလမ်းမကြီးမဟုတ်မှန်း သိလိုက်ရတဲ့အခါမှာ ကျွန်တော် အံ့သြစွာနဲ့ ကားမောင်းနေတဲ့သူကို လှည့်ကြည့်လိုက်သည်။ ပုံမှန်ဆို စာမေးပွဲအချိန်အတွင်းမှာ ကျွန်တော်တို့ စာကြည့်လို့ပြီးသွားနဲ့ ကျွန်တော့်ကို Nohကဘဲ ပြန်ပို့ပေးတာ… ဒါပေမယ့် တစ်ခါတစ်လေကျရင် Soloက ကျွန်တော့်ကို လာကြိုတက်သည်။ အဲ့ဒါကြောင့် အခုပြန်နေတဲ့လမ်းက ပုံမှန်ပြန်နေကြလမ်း မဟုတ်ဘူးမှန်း ကျွန်တော်သိနေတာ…

'တစ်နေရာရာကို အရင်ဝင်ပြီး ဈေးဝယ်ကြမယ်လေ…'

ကျွန်တော် သူ့ကို မပြောရသေးပါဘဲနဲ့ သူက ပြန်ဖြေလာသည်။

'အစ်ကို မေးချင်နေတာကို Soက ဘယ်လိုလုပ်ပြီးသိနေရတာလဲ'

'အင်း… ကျွန်တော့်က Guitarရဲ့ချစ်သူလေ…'

ခဏ…

'ပြီးတော့ Guitarကလည်း ကျွန်တော့်ရဲ့ချစ်သူဘဲ…'

ဟုတ်တာပေါ့…

'ချစ်သူတွေဆိုတာ… အသက်ရှုလိုက်တာနဲ့ ကိုယ့်ချစ်သူရဲ့နှလုံးသားထဲမှာ ဘာတွေရှိနေလဲဆိုတာကို သိတယ်' သူက ကျွန်တော့်ရဲ့မျက်လုံးတွေကို ကြည့်လိုက်ရုံနဲ့တင် ကျွန်တော့်စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ သူ သိနိူင်သည်။ 'ကျွန်တော်ပြောတာ ဟုတ်တယ်မှတ်လား'

သူက ကျွန်တော့်ကို လှည့်ကြည့်လိုက်ပြီး ချိုသာတဲ့အပြုံးလေးနှင့် အဆုံးသတ်လိုက်သည်။

ကျွန်တော် ခဏလောက် ဘာမှမတုန့်ပြန်မိ… ခဏလောက် တိတ်ဆိတ်ငြိမ်သက်နေပြီး ရယ်ချင်နေတဲ့စိတ်ကို ထိန်းထားတာကြောင့် ကျွန်တော့်မျက်နှာက ပြုံးနေသလို ဖြစ်နေသည်။ နောက်ဆုံးတော့ ရယ်ချင်တဲ့စိတ်ကို ထိန်းထားတာကြောင့် ကျွန်တော့်ရဲ့မျက်နှာပေါ်မှာ အားရပါးရပြုံးနေတဲ့အပြုံးမျိုးဖြစ်လာသည်။

Mae Yaiနဲ့ စတွေ့ခဲ့တဲ့အချိန်ကတည်းကစပြီး အခုအပြုံးက ပထမဆုံးသော အရမ်းနှစ်ခြိုက်စွာနဲ့ အားရပါးရပြုံးတဲ့အပြုံးဖြစ်နိူင်သည်။

'ကျွန်တော့်ကို အများကြီးပြုံးပြနော်…'

ကားမောင်းတဲ့သူက လှည့်ကြည့်လာပြီးတော့ နူးညံ့တဲ့အကြည့်တွေနဲ့ ကြည့်ကာ ကျွန်တော့်ရဲ့ပါးပြင်လေးကို ညင်ညင်သာသာလေးဆွဲညစ်လာသည်။

ထိုသေးငယ်တဲ့အပြုအမှုလေးတွေက ကျွန်တော့်ကို စိတ်ချမ်းသာစေသည်။

…_...

ကျွန်တော်တို့ ဈေးဝယ်နေကြနေရာကို ရောက်တဲ့အချိန်မှာတော့ Soloက ကားကို ကားပါကင်မှာ ရပ်လိုက်ပြီး ကျွန်တော်တို့ စကားအများကြီးပြောမနေတော့ဘဲ အတူတူဘေးချင်းယှဉ်ပြီး ဝင်လာခဲ့သည်။ ကျောင်းဝတ်စုံဝတ်ထားတဲ့ယောကျာ်းလေးတစ်ယောက်က ကျွန်တော့်ကို စိုက်ကြည့်နေတာကြောင့် ယဉ်ကျေးမှုအနေနဲ့ ကျွန်တော် ပြန်ပြုံးပြလိုက်သည်။ ကျွန်တော်တို့အတူတူ Mallထဲ ဝင်လာတဲ့အခါမှာ လူတွေ ဝိုင်းကြည့်နေကြတာက ပုံမှန်လိုဖြစ်နေပြီ။ သူတို့က ကျွန်တော်တို့အကြောင်းကို Pageတွေကနေတစ်ဆင့် ဒါမှမဟုတ် Moonဆိုတဲ့ဘွဲ့ကြောင့် သူတို့က သိနေကြတာဖြစ်နိူင်သည်။

ကျွန်တော်တို့ သွားနေကြစူပါမားကတ်ရှိရာ အောက်ထပ်သို့ သွားနေတာမဟုတ်မှန်း သိလိုက်ရတဲ့အခါမှာ ကျွန်တော့်အရှေ့က သွားနေတဲ့ကောင်လေးရဲ့အကျီစကို ကျွန်တော် ဆွဲလိုက်မိသည်။

'So… အဲ့နေရာက အဝတ်တန်းမဟုတ်ဘူးလား'

'ဟုတ်တယ်လေ…'

'Soက အကျီအသစ်ဝယ်မလို့လား'

သူ လမ်းလျောက်တာ ရပ်သွားတဲ့အထိကို ကျွန်တော် အားထည့်ကာ ဆွဲလိုက်မိသည်။ တကယ်တော့ ခွေးပေါက်လေးရဲ့အဝတ်တွေက ဗီဒိုထဲမှာ တစ်ပုံကြီး… အခုထိ မဝတ်ရသေးတဲ့အဝတ်တွေတောင် ရှိသေးတယ်။ ပြီးတော့လည်း တစ်ထည်ချင်းစီတိုင်းက အရမ်းဈေးကြီးတာ… အမှန်တိုင်းပြောရရင် အဝတ်တစ်ထည်အတွက် ဈေးကြီးပေးဝယ်တာက ဖြုန်းတီးနေတယ်လို့ ခံစားရသည်။

'အင်း… ဒါပေမယ့် ကျွန်တော့်အတွက် ဝယ်မှာမဟုတ်ဘူး'

ရှေ့ကနေ ဦးဆောင်ပြီး လျောက်နေတဲ့ကောင်လေးက နောက်လှည့်လာပြီး ကျွန်တော့်ရဲ့လက်တွေကို ဆုတ်ကိုင်လိုက်သည်။ ကျွန်တော် အူလည်လည်ဖြစ်နေတာကို သူ မြင်ပေမယ့် ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ ကျွန်တော့်ကိုသာ ဆွဲခေါ်သွားသည်။

သူ့အတွက် ဝယ်တာမဟုတ်ဘူးဆိုတော့ ကျွန်တော့်အတွက် ဝယ်ပေးမလိုပေါ့… အဲ့ဒါက ပိုဆိုးသွားပြီ!

'ရပ်လိုက်တော့! So… အစ်ကို့မွေးနေ့တုန်းက ဝယ်ပေးထားတဲ့အဝတ်တွေတောင် အခုထိ တစ်ဝက်လောက်ဘဲ ဝတ်ရသေးတာလေ…'

အားလုံးကုန်အောင် ဝတ်ဖို့ဆိုတာ မဖြစ်နိူင်ဘူးလို့ ပြောလို့ရသည်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဆောင်မှာနေကတည်းက အဝတ်အချို့ကို ဝယ်ထားပြီးသား… အများကြီးတော့ မဟုတ်ဘူးပေါ့… ပြီးတော့ အဲ့ဒီဈေးကြီးတဲ့အဝတ်တွေကို ဝတ်ရမှာ သက်တောင့်သက်သာမဖြစ်… တစ်ခုခုထိခိုက်သွားမှာကို ကြောက်နေရတာကြောင့် သူတို့ကို ဒီအတိုင်း ဗီဒိုထဲ ထည့်သိမ်းထားလိုက်တာ…

Soloကတော့ ကျွန်တော့်ကို အဝတ်ဆိုင်ထဲသို့ ဆွဲခေါ်သွားပြီး လူတွေ မမြင်နိူင်တဲ့ ထောင့်နားလေးသို့ ရောက်တဲ့အခါမှာတော့ သူက နောက်လှည့်လာကာ ကျွန်တော့်ရဲ့ပုခုံးတွေပေါ် သူ့လက်တွေကို တင်လိုက်သည်။

'ကျွန်တော်က ရိုးရိုးထသွားထလာအကျီမျိုး ဝယ်မှာမဟုတ်ဘူး။ ဝယ်ပေးလည်း Guitarက လက်ခံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိနေတာကို…'

အဲ့ဒါဆို သူက ဘာဝယ်ချင်လို့လဲ။

'ဒီလိုအချိန်မျိုးမှာ မြောက်ပိုင်းအေးတယ်ဆိုတာ အစ်ကို မသိဘူးလား'

အဲ့ဒါနဲ့ သူက ကျွန်တော့်လက်ကို ဆွဲပြီးတော့ ဆောင်းရာသီဝတ်အဝတ်အစားအတန်းသို့ ခေါ်သွားသည်။

'Guitarမှာ ထူတဲ့အဝတ်တွေမှ မရှိတာ…'

အဲ့ဒါကြောင့်ဘဲ… သူက ကျွန်တော့်ကို အဝတ်အစားအချို့ဝယ်ပေးဖို့ ဒီကို အမြန်ဆွဲခေါ်လာတာပေါ့…

အမှန်တိုင်းပြောရရင် ကျွန်တော် ရာသီဥတုအကြောင်း လုံးဝမေ့နေတာ… ဒီမြို့ရဲ့နွေရာသီက ပူပြင်းလွန်းပြီး ရာသီဥတုအေးတာကို လုံးဝမခံစားရ… အဲ့ဒါကြောင့်ဘဲ အခုအချိန် မြောက်ပိုင်းမှာ အေးနေလိမ့်မယ်ဆိုတာကို လုံးဝမစဉ်းစားမိတာဖြစ်သည်။ ပြောရရင် ချင်းမိုင်ရောက်တာနဲ့ အေးလာမှာ…

'Guitarက ကိုယ့်အတွက် ဘယ်တော့မှ မတွေးဘူးလို့ ကျွန်တော် ပြောသားဘဲ…'

ခွေးပေါက်လေးက ညည်းတွားနေပြီး သူ့ရဲ့လက်က အကျီအချို့ကို ဆွဲယူကာ ကျွန်တော့်ကိုယ်ပေါ်မှာ ကပ်ကြည့်နေသည်။ ကျွန်တော်တို့အနောက်မှာ ဘယ်အချိန်ကတည်းက ရောက်လာတဲ့ဝန်ထမ်းလဲမသိ… ခြင်းတောင်ကို ကိုင်ပြီး မတ်တပ်ရပ်နေသည်။ ခွေးပေါက်လေးကတော့ သူ သဘောကျသမျှကို ထိုခြင်းတောင်းထဲသို့ ပစ်ထည့်နေသည်။

ကျွန်တော် သူ့ကို ပြုံးပြီး ကြည့်နေကာ အများကြီးမဝယ်ရန်တားဖို့ကို မေ့နေခဲ့သည်။ ဒါပေမယ့် သူက ရည်ရွယ်ချက်ရှိရှိနဲ့ မျက်မှောင်ကြုတ်လိုက်တာကို မြင်လိုက်ရတာကြောင့် ကျွန်တော် ဘာမှမပြောဘဲ နေမိသည်။

'တကယ်လို့ ကျွန်တော်သာ အစ်ကို ခရီးသွားဖို့အတွက် အဝတ်အစားမထုတ်ပေးဖြစ်ရင် အစ်ကိုက အစ်ကို့အဝတ်တွေဘဲ ယူသွားမှာ သေချာတယ်။ ကျွန်တော် ဝယ်ပေးထားတာတွေကို အများကြီးယူသွားမှာ မဟုတ်ဘူး'

အကျီရွေးနေတဲ့ကောင်လေးက မကျေမနပ်ဖြစ်နေတဲ့အသံနှင့် ဆက်ပြောနေသည်။

'ဝယ်ပေးပြီးလို့ ချမဝတ်ဘူးဆိုရင် ကျွန်တော် စိတ်ဆိုးတယ်ဗျ…'

'တောင်းပန်ပါတယ်'

ကျွန်တော် ပြုံးပြီး ပြောလိုက်ကာ ဘာမှမငြင်းတော့ဘဲ ခွေးပေါက်လေးအနောက်ကနေ လိုက်လာမိသည်။

'အခု ကျွန်တော်တို့ အိမ်ပြန်ရောက်တာနဲ့ ကျွန်တော် အကျီထည့်ပေးမယ်။ ငြင်းဖို့ မကြံနဲ့နော်…' Soloက ကျွန်တော့်ကို လှည့်ကြည့်လိုက်ပြီးတော့ တည်ငြိမ်တဲ့အသံနှင့် ပြောလာတာကြောင့် ငြင်းဖို့လုပ်နေတဲ့ ကျွန်တော့်ပါးစပ်က ချက်ချင်းပိတ်သွားခဲ့သည်။ 'အိမ်မှာ ရှိတဲ့အဝတ်တွေက ပါးတယ်။ ဒါတွေအားလုံး ယူမယ်'

'ဒါပေမယ့် ဈေးကြီးတယ်လေ…'

'ကျွန်တော်က ချမ်းသာတာဘဲကို…'

'…'

သူ ချမ်းသာတာတော့ သိတာလေ… ဒါပေမယ့်လည်း ခြိုးခြံချွေတာသင့်တာပေါ့… မဟုတ်ရင် နောက်ကျမှ နောက်တရစရာကိစ္စတွေ ရှိလာနိူင်သည်။

Soloလှည့်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော် ရပ်ပြီးတွေးနေတာကို တွေ့လိုက်တာကြောင့် သူက သက်ပြင်းချလိုက်ပြီးတော့ ကျွန်တော့်ဆီ လျောက်လာသည်။

'ဒီအဝတ်တွေက ကွာလတီကောင်းတဲ့အဝတ်တွေချည်းဘဲ… ကောင်းကောင်းမွန်မွန်နဲ့ ထိန်းသိမ်းမယ်ဆိုရင် အကြာကြီး ဝတ်လို့ရတယ်။ ကျွန်တော် Guitarကို စိတ်ပူလို့ ဒါတွေကို ဝယ်ပေးတာ… တကယ်လို့ Guitarက ပိုက်ဆံသုံးတာနဲ့ပတ်သတ်ပြီး စိတ်မကောင်းဆိုရင် ကျွန်တော် ဝယ်ပေးတာတွေကို ဂရုတစိုက်နဲ့ ကောင်းကောင်းသိမ်းပြီး အကြာကြီးဝတ်…'

သူက အဲ့လိုမျိုးပြောလာတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ငြင်းနိူင်တော့မှာလဲ။

'အများကြီးဝယ်ဖို့ မလိုဘူး။ လိုတာလေးတွေဘဲ ဝယ်ရအောင်…'

ကျွန်တော် ခပ်တိုးတိုးလေးပြောလိုက်တာကြောင့် ခွေးပေါက်လေးက ပြုံးလာသည်။ ပြီးတဲ့အခါမှာ သူ့ရဲ့လက်လေးက ကျွန်တော့်ခေါင်းလေးကို ကလေးတစ်ယောက်ကို ပုတ်သပ်ပေးသလိုမျိုး ပုတ်သပ်လိုက်ပြီး အဝတ်တွေကို လှည့်ရွေးလိုက်သည်။

နေပါဦး… ကျွန်တော်တို့နှစ်ယောက်ထဲမှာ ဘယ်သူက အငယ်လဲ။

ခွေးပေါက်လေးက အဝတ်တွေရွေးရင်း အလုပ်ရှုပ်နေတဲ့အချိန်မှာ ဝန်ထမ်းကိုင်ထားတဲ့ခြင်းတောင်းထဲကနေ အဝတ်အချို့ကို ကျွန်တော် အချိန်ကိုက်ခိုးထုတ်လိုက်မိသည်။ ဝန်ထမ်းဘက်သို့ ကျွန်တော် လှည့်ပြုံးပြလိုက်ပြီး ခိုးပြီးလုပ်နိူင်သလောက် လုပ်လိုက်မိသည်။ ဒါပေမယ့် ကျွန်တော် ခိုးပြီးထုတ်လေလေ… ခွေးပေါက်လေးက အသစ်တွေ ပိုပြီးထည့်လေလေဆိုတာကို ကျွန်တော် နားလည်လိုက်ရသည်။ နောက်ဆုံးမှာတော့ ကျွန်တော် မထုတ်ရဲတော့ဘဲ သူ့နောက်ကနေ ငြိမ်သက်စွာ လိုက်လာမိသည်။

အားလုံးပြီးစီးသွားတဲ့အခါမှာတော့ ကျွန်တော်တို့ အဝတ်စားတန်းကနေ စူပါမားကတ်ထဲသို့ သွားလိုက်သည်။ ဘာလို့လဲဆိုတော့ အိမ်မှာ ရှိတဲ့ဟင်းချက်စရာတွေက ကုန်ခါနီးပြီ။ ဒီအချိန်မှာတော့ ခွေးပေါက်လေးက အသင့်စားအစားအစာကို လှမ်းယူနေတာကို တွေ့လိုက်ရတာကြောင့် ထိုလက်လေးကို ရိုက်လိုက်သည်။

'Guitarက အိမ်မှာ မရှိတော့ ကျွန်တော် မချက်တက်ဘူးလေဗျာ…'

'အပြင်ကနေ ဝယ်ပြီးစားလေ… ဒါမှမဟုတ် Kaoကိုခေါ်ပြီး အတူတူသွားစားရင်စား… ဒီလိုမျိုး အသင့်စားအစားအစာတွေကို အများကြီးစားမယ်ဆိုရင် ကျန်းမာရေးထိခိုက်လိမ့်မယ်'

ပြင်းပြင်းထန်ထန်နဲ့ ရိုက်လိုက်မိတဲ့လက်လေးကို ကျွန်တော် ဆုတ်ကိုင်လိုက်ပြီး အသာလေးပွတ်သပ်ပေးလိုက်မိသည်။ ထိုဝမ်းနည်းနေတဲ့ကောင်လေးက နားလည်တဲ့သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်ပြီးတော့ စောနက ယူထားတဲ့အသင့်စားအစားအစာတွေကို သူ့နေရာသူ ပြန်ထားလိုက်သည်။

နောက်ဆုံးတော့ ကျွန်တော်တို့ နွားနိူ့ကလွဲပြီး ဘာမှမဝယ်မိခဲ့… ညနေခင်းလောက်မှာ ကျွန်တော်တို့ အိမ်ကို ပြန်ရောက်ခဲ့ကြသည်။ Soloက သူပြောထားခဲ့တဲ့အတိုင်း အိမ်ပြန်ရောက်တာနဲ့တန်းပြီးတော့ ခရီးဆောင်အိတ်ယူကာ အဝတ်တွေကို ထည့်နေသည်။ အသစ်ဝယ်ထားတဲ့အဝတ်တွေကို ခရီးဆောင်အိတ်ထဲသို့ အတင်းထိုးထည့်ဖို့ ကြိုးစားနေတဲ့ကောင်လေးကို ဒီအတိုင်း ရပ်ကြည့်ပြီး ရယ်နေမိသည်။ အဝတ်တွေက အရမ်းများနေတာကြောင့် ခရီးဆောင်အိတ်က မဆန့်… သူ အိတ်ကို အတင်းဖိလိုက်ပေမယ့် ပြန်ကန်ထွက်လာတာကြောင့် ဒေါသတွေထွက်လာပုံရသည်။ ဒါကတော့ သူက အရှုံးမပေးဘဲ ဆက်လုပ်နေတာကြောင့် နောက်ဆုံးမှာ အောင်မြင်သွားခဲ့သည်။ တစ်ကိုယ်ရည်ပစ္စည်းတွေကတော့ သူ ဝယ်လာခဲ့မယ်လို့ပြောပြီး အိတ်ကို ပိတ်လိုက်သည်။ ပြီးတဲ့အခါမှာတော့ သူ ပစ္စည်းတွေ ထည့်ထားတဲ့ခရီးဆောင်အိတ်ကို စိတ်ကျေနပ်စွာနဲ့ ကြည့်နေသည်။

'Guitar…'

'အင်း…'

ကျွန်တော် အခန်းထဲ ဝင်လာပြီးတော့ ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့သူ့ရဲ့ဘေးနားမှာ ထိုင်ချလိုက်သည်။

'မနက်ဖြန် ကျွန်တော် နောက်ကျမှပြီးမှာ… အဲ့ဒါကြောင့် ကျွန်တော် Guitarကို လေဆိပ်လိုက်ပို့ပေးလို့ မရတော့ဘူး'

'ရပါတယ်'

'အစ်ကို့ဌာနအရှေ့မှာဘဲ Jayကို စောင့်နေလိုက်… အစ်ကိုတို့နှစ်ယောက်ကို လေဆိပ်လိုက်ပို့ပေးမယ့် ဒါရိုက်ဘာရှိတယ်'

ကျွန်တော် ငြင်းလို့မရတာကြောင့် ခေါင်းညိမ့်ပြလိုက်မိသည်။ အစကတော့ ကျွန်တော် လေယာဉ်နဲ့သွားရမယ်ဆိုတာ မသိခဲ့… မနေ့ကမှ Jayက ဘိုကင်တင်ပြီးသွားပြီလို့ လာပြောမှ သိလိုက်ရတာ… ခွေးပေါက်လေးက အရာအားလုံးကို ကြိုတင်ပြီး ပြင်ဆင်ပေးပြီးသား… ငြင်းမယ်ဆိုတဲ့စိတ်ထက်… ကျွန်တော့်အတွက် အရာအားလုံးကို အသေးစိတ်ကအစ စဉ်းစားပေးခဲ့တဲ့အတွက် ခွေးပေါက်လေးကို ကျေးဇူးတင်မိတဲ့စိတ်က ပိုပြီးဖြစ်မိသည်။

သူက လိုလိုလားလားနဲ့ ပေးတာကြောင့် ကျွန်တော်ကလည်း သူ့ရဲ့ဂရုစိုက်ပေးမှုတွေကို လိုလိုလားလားနဲ့ လက်ခံမိသည်။

'ငါးရက်ကြီးတောင်…'

ထိုခွေးပေါက်လေးရဲ့ခေါင်းက ကျွန်တော့်ရဲ့ရင်ဘတ်ပေါ်မှီတင်ကာ ဝမ်းနည်းတဲ့အသံနှင့် ပြောလာသည်။

'ငါးရက်တည်းပါ… Soက စာမေးပွဲဖြေရဦးမှာမို့လို့လေ…'

'ကျွန်တော် သိပါတယ်'

သူက ခေါင်းထောင်လိုက်ပေမယ့်လည်း ကျွန်တော့်ခန္ဓာကိုယ်နားက မခွာခဲ့… နီးကပ်စွာရှိနေတဲ့အနေအထားမှာဘဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိသည်။

'So ဘာကို ကြည့်နေတာလဲ'

စူးရှတဲ့အကြည့်တွေနဲ့ စိုက်ကြည့်လာတဲ့အခါမှာ ကျွန်တော် နည်းနည်းရှက်လာမိတာကြောင့် မေးလိုက်မိသည်။

'Guitarကို ကြည့်နေတာလေ…'

'တကယ်လား… အစ်ကိုက ခွေးလေးကို ကြည့်နေတာ…'

'Guitarလည်း ခွေးလေးဘဲလေ…'

ကျွန်တော် မျက်မှောင်ကြုတ်နေတာကို မြင်လိုက်ရတာကြောင့် ခွေးပေါက်လေးက အားရပါးရပြုံးလာသည်။

'ခွေးမေမေလေ…'

'So!'

ကျွန်တော် မပျော်တဲ့အသံနှင့် အော်လိုက်မိပေမယ့် Solo အကျယ်ကြီးရယ်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိ ခံစားလို့ကောင်းလာတာကြောင့် ကျွန်တော်ပါ လိုက်ပြုံးလိုက်မိသည်။ နောက်ဆုံးတော့ ဘာရည်ရွယ်ချက်မှမရှိပါဘဲနဲ့ နှစ်ယောက်သား အတူတူရယ်မိကြသည်။

'Guitar~'

ကျွန်တော့်ရဲ့အရှေ့မှာ ရှိနေတဲ့ကောင်လေးရဲ့မျက်နှာက အနားသို့ကပ်လာတာကြောင့် ကျွန်တော့်မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။ ခဏအကြာမှာတော့ ပူနွေးနေတဲ့နူတ်ခမ်းသားလေးက ကျွန်တော့်ရဲ့နှဖူးပေါ်သို့ ကျရောက်လာသည်။ ပြီးတဲ့အခါမှာ ကျွန်တော့်ရဲ့နှာခေါင်းထိပ်လေးပေါ်သို့ သူ့နူတ်ခမ်းလေးက ဆက်ပြီးထိတွေ့လာကာ… အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ရဲ့နူတ်ခမ်းသားနှစ်စုံလုံး ထိတွေ့သွားခဲ့သည်။ နူးညံ့တဲ့ထိတွေ့မှုကနေ ဖြစ်ပေါ်လာတဲ့ပူနွေးမှုလေးက ကျွန်တော့်နှလုံးသားကို နာကျင်စေသည်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရင်ဘတ်ထဲက ကောင်လေးက အပြင်ကို ဖောက်ထွက်မတက် အသားကုန်လှုပ်ခါနေတာကြောင့် နာကျင်နေတာ…

ကျွန်တော် အသက်ရှုရခက်လာတဲ့အခါရှာ သူ့ရဲ့လက်မောင်းကို ဆုတ်ကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်တွေက ပိုပြီးတင်းကြပ်လာသည်။ သူ့နူတ်ခမ်းသားလေးက ကျွန်တော့်နူတ်ခမ်းသားလေးနှင့် ထိတွေ့ထားရာကနေ ခဏလောက်ခွာလောက်ပြီးတော့ နောက်တစ်ကြိမ် ပြန်လည်ထိတွေ့လာသည်။ အဝေးသွားရတော့မှာကြောင့် နောက်ဆုံးအနေနဲ့ နမ်းနေရသလိုခံစားချက်နဲ့ ယခုလက်ရှိကျွန်တော်တို့ရဲ့ ပြင်းပတဲ့ခံစားချက်တွေက တူညီနေသည်။ Soloက ကျွန်တော့်ရဲ့အောက်နူတ်ခမ်းသားလေးကို အသာလေးစုတ်ယူလိုက်ပြီး နူတ်ခမ်းသားလေးတွေက ဖြည်းဖြည်းချင်းခွာလာကာ နှဖူးချင်းထိတွေ့လိုက်ပြီးတော့ အနားယူလိုက်မိသည်။

'ကျွန်တော့်ကို စောင့်နေနော်…'

'အင်း…'

'ဒါပေမယ့် Guitar ကျွန်တော့်ကို မစောင့်နိူင်တော့ဘူးဆိုရင်… Guitar ကျွန်တော့်ကို အဲ့ကို လာစေချင်တယ်ဆိုရင်… ကျွန်တော့်ကို ပြောနော်…'

'So…'

'ကျွန်တော် အဲ့အချိန်မှာ ဘာဘဲလုပ်နေလုပ်နေ… ဘယ်နေရာကိုဘဲ ရောက်နေပါစေ…'

'…'

'ကျွန်တော် Guiatrဆီ ပြေးလာပြီးတော့ ပွေ့ဖက်ပေးမယ်'

…_…

Continue Reading

You'll Also Like

166K 7.6K 11
short storyလေးပါရယ်လဲရယ်ရတယ်👀💖
40.5K 845 31
Ummm, just read the first one if u wanna know about it :) Hihi enjoy Bottom: Felix Top: Hyunjin (Maybe it doesn't seem.. at first, but trust me) U c...
43.9K 972 46
Female pronouns!! Y/N Yagi, the daughter of the number 1 hero always tried her best for her dad, but it never seemed to be good enough for him. Will...
548K 18.6K 144
Read and find out...