OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၂၆

7 0 0
By newkhonpai

'ဘာလို့ မျက်မှောင်ကြီးကြုတ်ထားရတာလဲ'

အခု ကားထဲရောက်လာတာတောင် မျက်မှောင်ကြုတ်ထားတုန်းဖြစ်တဲ့ကောင်လေးရဲ့ပါးကို ဆွဲပြီး ရယ်လိုက်မိသည်။ ကားစထွက်ဖို့ ပြင်နေတာတောင်မှ သူ့ရဲ့မျက်ခုံးတွေက တန်းနေသည်။

'တကယ်ဘဲ သူငယ်ချင်းတွေလား'

Soloက တည်ငြိမ်တဲ့မျက်နှာနှင့်အတူ ကျွန်တော့်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။ ကျွန်တော်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ထိုကောင်လေးက ကျေနပ်စရာကောင်းတဲ့အဖြေကို ရလိုက်လို့ထင်တယ်။ အသာလေးသက်ပြင်းချလိုက်ကာ နားလည်တဲ့သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်ပြီး ကားစပြီးထွက်ဖို့ ပြင်လိုက်သည်။ ဒါပေမယ့် သူက ကျွန်တော့်လက်ကို ဆုတ်ကိုက်လာပြီးတော့…

'Guitar…'

'အဲ့ဒီသုံးယောက်က အစ်ကိုနေခဲ့တဲ့ဂေဟာက အလှူရှင်ရဲ့သားတွေလေ…'

ကျွန်တော့်Soloလေးရဲ့လက်လေးကို အသာလေးပုတ်လိုက်သည်။ ဒီကောင်လေးကို အများကြီးမတွေးစေချင်တာကြောင့် ကျွန်တော် သေချာရှင်းပြမှ ဖြစ်မယ်လို့ တွေးလိုက်မိသည်။

မနေ့တုန်းက ခွေးပေါက်လေးက အရမ်းအိပ်ချင်နေတာကြောင့် ကျွန်တော့်သူငယ်ချင်းတွေအကြောင်းကို ရှင်းပြနေတဲ့အချိန်မှာ သူက လိုက်ခဲ့မယ်လို့သာ ပြောပြီး အိပ်ပျော်သွားသည်။ ဒီကောင်လေးက ဘာမှမတွေးဘဲ လိုက်မယ်လို့ပြောခဲ့တာ သေချာတာပေါ့… ဒါပေမယ့် မိုးလည်းလင်းရော သူ့ရဲ့ပုံစံက မျက်မှောင်ကြုတ်ထားကာ မကျေနပ်တဲ့ပုံစံမျိုးဖြစ်နေသည်။

'သူတို့တွေရဲ့နာမည်က Jakkapad၊ Hongtaeနဲ့ Pramokလို့ခေါ်တယ်။ အစ်ကိုငယ်ငယ်ကတည်းက သူတို့ကို ဘုရင်သုံးယောက်လို့ခေါ်တာ…'

ခွေးပေါက်လေးပြုံးနေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော်လည်း ပြုံးလိုက်မိသည်။

'သူတို့အဖေက ဂေဟာကို ခဏခဏလာပြီးတော့ လှူလေ့ရှိတယ်။ သူလာတဲ့အချိန်တိုင်းမှာလည်း သူနဲ့အတူ ဘုရင်သုံးယောက်ကို အမြဲတမ်းခေါ်လာတာ… အစ်ကိုတို့ရဲ့အသက်က သိပ်မကွာကြတော့ အစ်ကိုတို့လေးယောက်က တွဲလို့ရတယ်လေ… အစ်ကိုက ဂေဟာက ကလေးတွေထဲမှာ အသက်အကြီးဆုံးသူဆိုတော့ အစ်ကို့အသက်က အခြားကလေးတွေနဲ့ အရမ်းကွာလွန်းတယ်။ ကျောင်းဆင်းတာနဲ့ အိမ်ကို အမြန်ပြန်ပြီး ကလေးတွေကို ထိန်းရတာမို့လို့ အစ်ကို့မှာ သူငယ်ချင်းများများစားစားမရှိဘူး။ ဒါပေမယ့် သူတို့လာတဲ့အချိန်မှာ သူတို့က အစ်ကို့ကို သူတို့နဲ့ကစားဖို့ ဆွဲခေါ်တယ်။  ငယ်သူငယ်ချင်းတွေလို့ပြောလို့ရတာပေါ့…'

Soloက ခေါင်းညိမ့်ပြကာ ကျွန်တော့်လက်ကို အသာလေးညစ်လိုက်သည်။ ကြည့်ရတာ ဒီအကြောင်းတွေပြောနေရင်း ကျွန်တော် ဝမ်းနည်းနေတယ်လို့ ထင်နေပုံရသည်။ ကျွန်တော် အသာလေးပြုံးပြပြီး ခေါင်းခါပြလိုက်မိသည်။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေနဲ့ပတ်သတ်ပြီး သိမ်ငယ်စရာကောင်းတယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါ။ ကျွန်တော့်မှာ နွေးထွေးတဲ့မိသားစုရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ဘဝမှာ သူငယ်ချင်းမရှိရင်တောင် အဆင်ပြေတယ်။ ဘုရင်သုံးယောက်က ပေါ်လာတဲ့အချိန်မှာတော့ ကျွန်တော့်ဘဝက ထင်ထားတာထက် ပိုပြီးပျော်ရွင်လာခဲ့သည်။

'သူတို့က နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် အစ်ကိုနဲ့လာပြီး ဆော့ကြတယ်။ ကြည့်ရတာ သူတို့အဖေက ဂေဟာနဲ့နီးတဲ့နေရာမှာ အိမ်တစ်လုံးရှိတယ်ထင်တယ်။ အဲ့ဒါကြောင့် သူတို့ တစ်ချိန်လုံး လာလို့ရနေတာပေါ့… သူတို့ အဲ့အိမ်ကို လာပြီး အနားလာယူကြတာ… ဒါပေမယ့် ကျောင်းပြန်ဖွင့်ပြီဆိုရင် ကျောင်းပိတ်ရက်ရှည်တွေကလွဲပြီးတော့ သူတို့မလာကြတော့ဘူး'

ငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်တွေးမိတဲ့အခါမှာ ကျွန်တော် ပြုံးလိုက်မိသည်။ သူတို့နဲ့အတူတူဆော့ခဲ့တာတွေကို ပြန်တွေးနေမိရင်း ကြီးပြင်းလာတဲ့သူတို့ရဲ့ အခုလက်ရှိပုံစံက ဘယ်လိုဖြစ်နေမလဲဆိုတာကို သိချင်နေမိသည်။

'အစက သူတို့က ပြာယာပြာယာနဲ့ နမော်နမဲ့ကလေးတွေ… သူတို့တွေက အရမ်းဆိုးပြီး ထိန်းမရသိမ်းမရဖြစ်လွန်းလို့ သူတို့အဖေက Mae Yaiဆီ ပို့ပို့ပြီး စခန်းသွင်းတာ… ပြီးတော့ အစ်ကိုကလည်း Mae Yaiဘေးနားမှာ အမြဲတမ်းရှိနေတဲ့သူလေ…'

အစကတော့ သူတို့က ကျွန်တော့်ကို စိတ်အနှောက်အယှက်ဖြစ်တဲ့အထိကို လိုက်စကြတာ… ဒါပေမယ့် သူတို့အားလုံးနဲ့ဘယ်လိုလုပ်ပြီး သူငယ်ချင်းတွေဖြစ်သွားကြတာလဲဆိုတာတော့ ကျွန်တော်လည်း မသိ…

'သုံးနှစ်လောက် ကြာတဲ့အခါမှာထင်တယ်။ သူတို့ရဲ့အသက်က ၁၁၊ ၁၂လောက်ပေါ့… သူတို့က ဂေဟာကို ပုံမှန်မြင်နေကြအတိုင်း တက်ကြွနေတဲ့မျက်နှာပုံစံတွေနဲ့ မဟုတ်ဘဲ ဝမ်းနည်းနေတဲ့ပုံနဲ့ လာခဲ့တယ်။ ပြီးတော့လည်း သူတို့က နိုင်ငံခြားကို ပြောင်းတော့မယ်လို့ ပြောလာတယ်။ အဲ့ဒါနဲ့ အဲ့နေ့ သူတို့ပြန်သွားကတည်းက အစ်ကို သူတို့ကို အခုထိ ပြန်မတွေ့ရတော့တာ…'

ပြီးတော့ သူတို့ထွက်သွားပြီး မကြာခင်မှာ ဂေဟာလေးလည်း ပိတ်လိုက်ရတယ်လေ…

'Guitar… ဝမ်းနည်းနေတဲ့မျက်နှာမျိုး မလုပ်နဲ့လေ…'

ဝမ်းနည်းနေတဲ့မျက်နှာမျိုး မလုပ်နဲ့လေလို့ ပြောလာတဲ့ကောင်လေးကိုယ်တိုင်ကိုက ဝမ်းနည်းနေတဲ့မျက်နှာဖြစ်နေသည်။ ဒါပေမယ့် အံ့သြစရာကောင်းတာက သူ့ရဲ့လက်လေးက ကျွန်တော့်ပါးပြင်ကို ညင်ညင်သာသာထိတွေ့လာတဲ့အခါမှာ ဝမ်းနည်းနေတဲ့စိတ်ခံစားချက်တွေက ပျောက်ကွယ်ကုန်သည်။

'Soဘဲ အဲ့လိုမျက်နှာမျိုးမလုပ်ရမှာ…'

သူ့ရဲ့လက်ကို ဆုတ်ကိုင်လိုက်ပြီးတော့ ပြုံးပြလိုက်သည်။ သူ့ရဲ့မျက်နှာပေါ်က ဝမ်းနည်းနေတာတွေ ပျောက်ကွယ်သွားအောင် ဘယ်လိုအပြုံးမျိုးနဲ့ ပြုံးပြရမလဲဆိုတာ မစဉ်းစားတက်… အဲ့ဒါကြောင့် ကျွန်တော့်ပါးပြင်ကို ထိတွေ့နေတဲ့ သူ့ရဲ့လက်ကို ဆွဲယူပြီး ကျွန်တော့်ပါးစပ်နားသို့ ကပ်လိုက်ကာ…

'ဝမ်းနည်းနေဦးမယ်ဆိုရင် အစ်ကို ကိုက်လိုက်မှာနော်…'

ကျွန်တော် ခွေးပေါက်လေးရဲ့လက်ကို အသာလေးကိုက်ပြီးတော့ ပြုံးပြလိုက်သည်။ ကျွန်တော် လုပ်ခဲ့တာ လုံလောက်ခဲ့လား။ သူပြုံးလာပါ့မလားဆိုတာတော့ ကျွန်တော် မသိ… ဒါပေမယ့်လည်း ရယ်မောနေတဲ့အသံက သူ့ဆီကနေ ထွက်လာတာကြောင့် ဒါက ကောင်းတယ်ဆိုတဲ့အဖြေပင်ဖြစ်သည်။

စိတ်ညစ်နေတယ်လို့ ခံစားနေရပေမယ့် အပြုံးတစ်ခုကို ဖန်ဆင်းလိုက်မိသည်။ ဘာဘဲဖြစ်ဖြစ် ဒီခွေးပေါက်လေး ပြုံးလာရင်ကို ရနေပါပြီ။

'တကယ်ကိုက်ချင်တယ်ဆိုရင်လည်း ဒီလိုလုပ်ရမှာပေါ့…'

သိချင်နေတဲ့ကျွန်တော့်ရဲ့စိတ်က အကြာကြီးမစောင့်လိုက်ရပါ။ ဘာလို့လဲဆိုတော့ ခွေးပေါက်လေးက စကားပြောပြီးတာနဲ့ ကျွန်တော့်လက်ကို ချက်ချင်းဆွဲယူပြီးတော့ ကိုက်လိုက်သည်။

'So!'

သူက တကယ်ကြီးကိုက်လာတာကြောင့် ကျွန်တော် လန့်ပြီးအော်လိုက်မိသည်။ ပြီးတော့ သူက ကျွန်တော့်လက်ရဲ့အနူးညံ့ဆုံးအပိုင်းကို ကိုက်လိုက်တာ…

'နာလား'

'မမေးနဲ့!'

ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူ ကိုက်ထားတဲ့နေရာကို လက်နှင့်ပွတ်သပ်လိုက်မိသည်။ သူက ကျွန်တော့်ကို စိတ်ပူနေတဲ့ပုံစံမျိုးနဲ့ မေးနေပေမယ့်လည်း သူက ကျွန်တော့်ကို ကြည့်ကာ ရယ်နေသည်။

'ခွေးရူးလေး!'

'အဲ့ဒါဆို Guitarက ခွေးမေမေပေါ့…'

'ခွေးမေမေ…'

(ခွေးမေမေဆိုတာ သူ့ရဲ့မိန်းမလို့ ပြောတာ…)

ကျွန်တော် သူ့စကားကို ထပ်ပြီးပြောလိုက်မိသည်။ ဒါပေမယ့် အဲ့အဓိပ္ပာယ်က ဘာလဲဆိုတာကို နားလည်လိုက်ရတဲ့အချိန်မှာတော့ ကျွန်တော့်မျက်နှာတစ်ခုလုံး ပူပြီးရဲတက်လာသည်။

'ကားပေါ်ကနေဆင်းတော့… ချိန်းထားတဲ့အချိန်ရောက်တော့မယ်'

'ကျွန်တော့်ကို စောင့်ပါဦး ခွေးမေမေလေး…'

'So!'

…_...

Jakkapadက သူ့ရဲ့အိမ်နားက စားသောက်ဆိုင်တစ်ဆိုင်ကို လာဖို့ ပြောခဲ့သည်။ အစကတော့ သူက ကျွန်တော့်ကို ကျောင်းမှာ လာတွေ့မယ်လို့ပြောပေမယ့် Hongtaeက ဖုန်းကို ဆွဲယူလိုက်ပြီး ဒီမှာ တွေ့တာ ပိုအဆင်ပြေကြောင်းပြောပြီး ကျွန်တော့်ကို လာခိုင်းသည်။ သူတို့ချိန်းတဲ့အချိန်က ကျွန်တော်သွားတွေ့ဖို့ အဆင်ပြေတဲ့အချိန်ဖြစ်တာကြောင့် ဘာမှထပ်မမေးတော့… ပြီးတော့လည်း အဲ့အချိန်တုန်းက ခွေးပေါက်လေးက ဘေးနားမှာ ထိုင်နေပြီး မျက်မှောင်ကြုတ်ထားတာကြောင့် ကျွန်တော်သာ အခုချက်ချင်းဖုန်းမချလိုက်ရင် ကျွန်တော့်ကို ချက်ချင်းခုန်အုပ်ပြီး ကိုက်တော့မယ့်ပုံစံမျိုးဖြစ်နေတာလေ…

'Gui!'

နည်းနည်းဝေးတဲ့စားပွဲဝိုင်းကနေ ယောကျာ်းလေးတစ်ယောက်က လက်ကို ဝှေ့ပြနေတာကြောင့် ကျွန်တော် ခေါင်းညိမ့်လိုက်ပြီး ကျွန်တော့်ဘေးနားက ကောင်လေးနှင့်အတူ လျောက်လာလိုက်သည်။

ထိုစားပွဲမှာ Soloနှင့်အရွယ်တူ ယောကျာ်းလေးနှစ်ယောက်က ထိုင်နေတာ… စောနက တက်ကြွတဲ့အပြုံးတွေနှင့်အတူ နူတ်ဆက်လာတဲ့သူက Pramokဖြစ်လိမ့််မည်။ Soloကို မျက်လုံးပေါက်ထွက်မတက်ကြည့်နေတဲ့သူက Hongtaeဖြစ်လိမ့်မည်။ ဒီညီအစ်ကိုနှစ်ယောက်က တစ်နှစ်တည်းမှာ မွေးတာဖြစ်ပြီးတော့ တစ်ယောက်က နှစ်အစပိုင်းမှာ မွေးတာဖြစ်ပြီး ကျန်တဲ့တစ်ယောက်က နှစ်ကုန်ပိုင်းမှာ မွေးတာဖြစ်သည်။ သူတို့မျက်နှာတွေက အရမ်းတူတာကြောင့် အရင်တုန်းကဆို ဘုရင်သုံးယောက်မှာ ဘယ်သူက ဘယ်တစ်ယောက်လဲဆိုတာကို ကျွန်တော် ခွဲခြားလို့မရခဲ့… ကျွန်တော်နဲ့ အသက်တူတဲ့Jakkapadတစ်ယောက်တည်းကဘဲ ဒီသူငယ်ချင်းနှစ်ယောက်ထက် အသက်နည်းနည်းပိုကြီးတဲ့ပုံပေါက်နေတာကြောင့် အခြားနှစ်ယောက်ထက် သူ့ကို မှတ်မိရတာ ပိုလွယ်သည်။

သူတို့ နိုင်ငံခြားကို ပြောင်းသွားတော့ နေရထိုင်ရတာ အဆင်ပြေရဲ့လားဆိုတာကို ကျွန်တော် အမြဲတမ်းသိချင်နေတာ… ကျွန်တော့်နောက်လိုက်ပြီး စနောက်နေတဲ့ကောင်လေးသေးသေးလေးတွေက အခုအချိန်မှာတော့ လူကောင်ကြီးကြီးတွေ ဖြစ်ကုန်ကြပြီ။ 

'မတွေ့တာတောင် တော်တော်ကြာနေပြီ' ကျွန်တော် နူတ်ဆက်လိုက်ပြီးတော့ သူတို့နဲ့မျက်နှာချင်းဆိုင်နေရာမှာ ထိုင်လိုက်သည်။ 'မင်းတို့ ရောက်တာကြာနေပြီလား'

'မကြာသေးပါဘူး'

Pramokက ပုခုံးကိုတွန့်ပြပြီး ပြောလာသည်။ ဒါပေမယ့် သူ့ပုံစံကို မြင်လိုက်တာနဲ့ သူ ပြောသလိုမဟုတ်ဘူးဆိုတာကို သတိထားမိသည်။

'တောင်းပန်ပါတယ်။ ငါတို့က အဝေးကြီးကနေ လာရတာလေ… ငါ မမေ့ပါဘူးကွာ Pramokရာ…'

ကျွန်တော် ဆင်ခြင်ပေးလိုက်မိသည်။ တကယ်တော့ ကျွန်တော်တို့နောက်ကျတာက ခွေးပေါက်လေးနဲ့ ကားပါကင်မှာ စကားပြောနေရတာကြောင့် ဖြစ်သည်။

'Jakkapadကော…'

'ခဏနေ လာလိမ့်မယ်'

'အ…'

'ဒါနဲ့ ဒီက သူက…'

စရောက်ကတည်းက စကားတစ်လုံးမှပြောမလာသေးတဲ့Hongtaeက မျက်လုံးတွေ ကျဉ်းလိုက်ပြီးတော့ Soloကို ရည်ညွှန်းတဲ့မေးခွန်းမျိုး မေးလာသည်။ ကျွန်တော့်ဘေးနားက ကောင်လေးကို ကြည့်လိုက်တဲ့အခါမှာ ထိုကောင်လေးက သူ့ရဲ့အကျင့်အတိုင်း ဘာမှပြန်မပြော…

'ဒါက…'

'Gui…'

အနောက်ဘက်ကနေ ထွက်လာတဲ့ရင်းနှီးတဲ့အသံကြောင့် ပြောလက်စကားကို ရပ်လိုက်သည်။ ထိုအသံက အားနည်းတဲ့အသံမျိုးဖြစ်နေပြီး ဖုန်းထဲက အသံနှင့်ကွဲပြားနေသည်။ ဒါပေမယ့် လှည့်ကြည့်လိုက်တော့…

ဝှီးချဲပေါ်မှာ ထိုင်နေတဲ့Jakkapadက ကျွန်တော့်ကို ကြည့်နေသည်။ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်နဲ့ မျက်နှာချင်းဆင်တူသည့်ကောင်လေးရဲ့မျက်နှာကတော့ အခုအချိန်မှာ ဖြုဖျော့နေသည်။ အရင်တုန်းက Jakkapadက ထက်မြတ်ပြီးတော့ မျှော်လင့်ချက်တွေနှင့် တောက်ပနေတဲ့ကလေးတစ်ယောက်… ဒါပေမယ့် အခုချိန်မှာတော့ သူအရမ်းပြောင်းလဲသွားခဲ့ပြီ။

'Jakkapadလား'

ကျွန်တော် တိုးလျတဲ့အသံလေးနှင့် နာမည်ကို ခေါ်လိုက်သည်။ မသေချာမှုတွေ၊ အံ့သြတာတွေနဲ့ ပြည့်နေတဲ့အသံမျိုးပေါ့…

'အင်းလေ…'

သူက ပြန်ဖြေတဲ့အနေနဲ့ ခေါင်းညိမ့်ပြလာပြီးတော့ ကျွန်တော်တို့စားပွဲအနားသို့ ဝှီးချဲကို တွန်းလာသည်။

'ငါ့ခြေထောက်က ပြသာနာနည်းနည်းဖြစ်သွားလို့ပါ။ စိတ်မပူပါနဲ့…'

ကျွန်တော်ဆက်ပြီး ဘာမှထပ်မမေးမိတော့… သူ အဲ့လိုပြောလာတယ်ဆိုကတည်းက သူအဲ့အကြောင်းနဲ့ပတ်သတ်ပြီး မပြောပြချင်ဘူးဆိုတာ သေချာသည်။ ဒီညီအစ်ကိုနှစ်ယောက်က Jakkapadအိမ်နဲ့နီးတဲ့နေရာကို လာခိုင်းတာ ဒါကြောင့် ထင်သည်။

'ဒါနဲ့ သူက…'

Jakkapadက ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ကောင်လေးကို ကြည့်ပြီးပြောလာသည်။

'သူ့နာမည်က Solo…' ကျွန်တော့်ဘေးနားက ကောင်လေးကို မိတ်ဆက်ပေးလိုက်သည်။ 'သူက ငါ့ရဲ့ချစ်သူ…'

'ချစ်သူ !?'

Pramokက မျက်လုံးအပြူးသားဖြစ်သွားပြီး ကျွန်တော်နဲ့ ခွေးပေါက်လေးကို ရှော့ရသွားတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။ Hongtaeလည်း သူ့အတိုင်းဘဲပေါ့… Jakkapadတစ်ယောက်တည်းကသာ နားလည်တဲ့သဘောအနေနဲ့ ငြိမ်သက်စွာနေပြီး ခေါင်းသာ ညိမ့်ပြနေသည်။

ရှက်လားဆိုတော့ နည်းနည်းလောက်ရှက်ပေမယ့် ကျွန်တော်က ဒီအတိုင်း ထိုင်ကာ ရှက်နေတက်တဲ့သူမျိုး ဒါမှမဟုတ် အခြားသူတွေကို အလွယ်တကူ ထုတ်ပြောပြတက်တဲ့သူမျိုးမှ မဟုတ်တာ… ကျွန်တော့်ဘေးနားက ခွေးပေါက်လေးက သူ့ရဲ့ခံစားချက်တွေကို တည်ငြိမ်စွာနဲ့ထုတ်ပြောလာတဲ့အချိန်တိုင်းမှာ ကျွန်တော် ကျရှုံးရသည်။ ဒါက ကျွန်တော်နဲ့ ရင်းနှီးပြီးသားဖြစ်တာကြောင့် စိတ်ပူစရာမလိုပါဘူး။

ကျွန်တော့်ဘေးနားက ကောင်လေးက စားပွဲအောက်ကနေ ကျွန်တော့်ဘက်ကို ဆုတ်ကိုင်လာတာကြောင့် ကျွန်တော် နည်းနည်းလောက် အံ့သြသွားမိသည်။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တဲ့အခါမှာ သူက ကျွန်တော့်ကို ကြည့်ပြီးတော့ ခပ်ပါးပါးလေးပြုံးပြနေသည်။

ကျွန်တော် ကူရာမဲ့ဖြစ်သွားပေမယ့် သူ့ရဲ့လက်ကိုတော့ မလွှတ်ချင်…

'မင်းတို့ ဘယ်တုန်းက ပြန်ရောက်တာလဲ'

ကျွန်တော် သူ့ရဲ့လက်လေးကို အောက်သို့မှောက်ပြီးတော့ ပြန်ဆုတ်ကိုင်ထားလိုက်သည်။ ကျွန်တော့်ကိုယ် ကျွန်တော် ထိန်းချုပ်နိုင်တာကြောင့် ဘာမှမပြော ဘာမှမလုပ်ခဲ့တဲ့ခွေးပေါက်လေးကို ကျွန်တော် ကျေးဇူးတင်မိသည်။ Pramokက စောနကအကြောင်းကို ဆက်ပြောချင်ပေမယ့် သူ့အစ်ကိုရဲ့ငြိမ်သက်နေတဲ့မျက်လုံးတွေကို တွေ့လိုက်ရတဲ့အခါမှာ ငြိမ်သက်သွားသည်။

'ငါတို့က ဒီမှာ ကျောင်းလာတက်ကြတာဆိုတော့ ငါတို့ ပြန်ရောက်တာ တော်တော်ကြာနေပြီ။ ဒါပေမယ့် P'Jakက ရှေ့အပတ်ကမှ ပြန်ရောက်တာ…'

Hongtaeက ပြန်ဖြေလာသည်။ သူ့ရဲ့နောက်ဆုံးစကားလေးက ထူးဆန်းစွာနဲ့ ဘာလို့ဝမ်းနည်းစရာကောင်းနေရတာလဲဆိုတာ ကျွန်တော် မသိ…

'ငါ့ဖုန်းနံပါတ်ကို မင်းတို့ဘယ်လိုရတာလဲ'

'ကျောင်းအုပ်ကြီးဆီက…'

(ကျောင်းအုပ်ကြီးဆိုတာ Mae Yaiကိုပြောတာ…)

'ငါ အခြားသူတွေကိုလည်း စုံစမ်းခိုင်းထားတယ်လေ…' Jakkapadက စကားဖြတ်ပြောလာသည်။ 'ငါတို့ မတွေ့တာကြာပြီးဆိုတော့ ငါ မင်းကို ဆက်သွယ်လို့ရတာနဲ့ တွေ့ဖို့ပြောလိုက်တာ…'

'မင်းတို့ ဘယ်လောက်ကြာတဲ့အထိ နေဦးမှာလဲ'

'ငါနဲ့ Mukနဲ့က ကြာဦးမှာ… ဒါပေမယ့် P'Jakကတော့…' Hongtaeက မသေချာတဲ့ပုံစံမျိုးနဲ့ သူ့အစ်ကိုကို ကြည့်နေသည်။

'မသေချာသေးပါဘူး' Jakkapadက ပြောလာသည်။ 'ငါ့ရဲ့အခြေအနေက ဒီအတိုင်းဘဲဆိုရင်တော့ ငါ့အလုပ်ကို ပြန်သွားလို့မရဘူးလေ…'

'P'Jak…'

Pramokရဲ့ခပ်တိုးတိုးအသံလေးကို ကြားလိုက်ရတဲ့အခါမှာ Jakkapadက ခပ်တိုးတိုးလေး သက်ပြင်းချလိုက်ပြီးတော့ သူ့ညီလေးရဲ့ခေါင်းကို အသာလေးပုတ်ပေးလိုက်တာကြောင့် Pramokက အရင်ကလိုမျိုး ပြန်ပြီးတက်ကြွလာသည်။

အရင်က ဘယ်လောက်ဘဲ ရင်းနှီးခဲ့ကြပါစေ… ကျွန်တ်ာတို့ မတွေ့ရတာ အရမ်းကြာနေပြီမှတ်လား။ သူက ကျွန်တော်သိတဲ့သူလိုမျိုးမဟုတ်ဘဲ အများကြီးပြောင်းလဲသွားခဲ့သည်။ အရင်က ကျွန်တော်တို့ ရင်းနှီးခဲ့တယ်ဆိုပေမယ့် အဲ့ဒီငယ်သံယောဇဉ်က သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းကို မေးဖို့ရာ မလုံလောက်သေးဘူးလို့ ကျွန်တော် ထင်မိတာကြောင့် ဘာဖြစ်ခဲ့တာလဲဆိုပြီး မမေးတာကဘဲ ပိုကောင်းလိမ့်မည်။

'Gui ကျောင်းအုပ်ကြီးနဲ့ သွားမတွေ့ဘူးလား'

'ငါ တက္ကသိုလ်စတက်ကတည်းက အမေနဲ့ မတွေ့ရတော့တာ…'

Jakkapadက အံ့သြသွားပြီး သက်ပြင်းချလိုက်တာကို ကျွန်တော် တွေ့လိုက်ရသည်။ သူ့ရဲ့ဘေးနားမှာ ထိုင်နေကတဲ့သူနှစ်ယောက်က ဘာမှမပြောဘဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

အဲ့ဒီအမူအရာတွေက ကျွန်တော့်ကို ကြောက်လန့်လာစေသည်။

'ဘာဖြစ်လို့လဲ'

'ဘာမှမဖြစ်ပါဘူး။ Guiက ကျောင်းအုပ်ကြီးဆီ သွားလည်မှာလား'

'ဒီနှစ်ကုန် ကျောင်းပိတ်ရက်ကျရင် ငါသွားဖို့ စီစဉ်ထားတယ်'

'ဘယ်လောက်ကြာမှာလဲ'

'သုံးပတ်လောက်ပေါ့…'

'အင်းပါ… စာမေးပွဲကို သေချာဖြေပြီး ကျောင်းအုပ်ကြီးဆီကို အမြန်သွားတွေ့လိုက်ပေါ့…'

'Jakkapad… တစ်ခုခုဖြစ်နေတာမှတ်လား။ မဟုတ်မှလွဲရော Mae Yaiတစ်ခုခုဖြစ်နေတာလား'

တုန်ရီနေတဲ့အသံကို မနည်းထိန်းချုပ်ပြီးတော့ ကျွန်တော်မေးလိုက်သည်။ သူတို့ရဲ့မျက်နှာတွေက တစ်ခုခုကို သိနေတဲ့ပုံမျိုးဖြစ်နေတာကြောင့် ကျွန်တော့်ကို ပိုပြီးစိတ်ပူလာအောင် လုပ်နေသည်။

'Gui…'

Jakkapadဆီက အဖြေပြန်မရလာတာကြောင့် Hongtaeကို လှည့်ကြည့်လိုက်သည်။ ဒါပေမယ့် ဘုရင်သုံးယောက်က ကျွန်တော့်ရဲ့အကြည့်ကို ရှောင်နေပြီး ဘယ်သူမှ စကားပြောမလာ…

ကျွန်တော့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ရေခဲလို အေးစက်လာသည်။ အဲ့အချိန်မှာ ခံစားရတဲ့အထူးခြားဆုံးခံစားချက်က စိုးရိမ်ပူပန်နေတဲ့စိတ်ဘဲဖြစ်သည်။

Mae Yaiက ဘာဖြစ်လို့လဲ…

'မင်းတို့ ဘာလို့ ပြန်မဖြေတာလဲ။ Mae Yaiတစ်ခုခုဖြစ်လို့လားလို့…'

ကျွန်တော် မမျှော်လင့်ဘဲ အသိစိတ်ပျောက်နေတဲ့သူတစ်ယောက်လိုမျိုး အသံကို ကျယ်လိုက်မိသည်။ ကျွန်တော့်ကို ငြိမ်သက်စွာကြည့်လာတဲ့Jakkapadကို ကျွန်တော် ပြန်ကြည့်လိုက်သည်။

'ကျောင်းအုပ်ကြီးက ဘာမှမဖြစ်ပါဘူး…'

Jakkapadရဲ့ပြန်ဖြေလာတဲ့အဖြေက ကျွန်တော့်ခံစားနေရတာတွေကို မသက်သာလာစေပါ။

'ဘာမှမဖြစ်ဘူးဆိုရင် ဘာလို့ မင်းတို့မျက်နှာတွေက ဒီလိုပုံစံမျိုးဖြစ်နေတာလဲ'

ကျွန်တော့်မျက်နှာကို ကျွန်တော် ပွတ်သပ်လိုက်သည်။ ကျွန်တော့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ပေမယ့် ပိုပြီးတော့သာ ဆိုးရွားလာခဲ့သည်။ ကျွန်တော် ပိုပြီးဖုံးဖိဖို့ကြိုးစားလေလေ ပိုပြီးပေါက်ကွဲလာလေလေဖြစ်နေသည်။

'Gui…'

'ဘာဖြစ်တာလဲ'

'…'

'ငါ့ကို ပြောပြစမ်းပါကွာ'

ကျွန်တော် တောင်းပန်ပြီးပြောလိုက်သည်။ တစ်ချိန်တည်းမှာဘဲ ကျွန်တော့်ရင်ဘတ်ထဲမှာ နာကျင်မှုကို ခံစားနေရသည်။

အဲ့လိုသာ မတွေးမိခဲ့ရင် သူတို့ ကျွန်တော့်ကို ပြောပြလာမှာဟုတ်… Mae Yaiနေမကောင်းတာမျိုး ဖြစ်နိုင်တယ်။

'Gui စာမေးပွဲကို အရင်ဖြေလိုက်တာ ပိုကောင်းမယ်ထင်တယ်'

Pramokက ခပ်တိုးတိုးလေး ပြန်ဖြေလာသည်။ သူ့ရဲ့ပုံစံကို ကြည့်ရတာ ကျွန်တော့်ကို နားလည်စေချင်တဲ့ပုံပေါ်သည်။ ဒါပေမယ့် ဒါက မဟုတ်သေးဘူးလေ… Mae Yaiဘာဖြစ်နေတာလဲဆိုတာကို သူတို့က ဘာလို့မပြောကြတာလဲ။ သူတို့က ဘာလို့ ကျွန်တော့်ကို ဖုံးကွယ်ထားကြတာလဲ။

'ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါကွာ… မဟုတ်လို့ရှိရင် ငါ စာမေးပွဲ ကောင်းကောင်းဖြေလို့ရမှာမဟုတ်ဘူး'

ကျွန်တော် ပြုံးလိုက်မိပေမယ့် အဲ့ဒီအပြုံးက ခြောက်သွေ့နေမှာ သေချာသည်။ ခံစားချက်တွေ အများကြီးက ကျွန်တော့်ရဲ့ရင်ဘတ်ကို ရိုက်ခတ်လာတာကြောင့် နာကျင်မှုကို ခံစားနေရသည်။

'Gui…'

'ငါ့ကို ပြောပြပါကွာ…'

'…'

Bang!!!

'ငါ့ကို ပြောပြ!'

ကျွန်တော် အသံအကျယ်ကြီးထွက်လာတဲ့အထိ ခုံကိုရိုက်လိုက်သည်။ စိုက်ကြည့်နေတဲ့သူတွေကိုလည်း ဂရုမစိုက်မိ… ခံစားချက်အမျိုးမျိုးက စုပေါင်းလာပြီးတော့ ဒေါသအသွင်သို့ ပြောင်းသွားသည်။ ကျွန်တော့်ကို ကျွန်တော် မထိန်းချုပ်နိုင်သလို ခံစားလာရပြီး သူ့တို့ကို ဆောင့်ဆွဲပြီးတော့သာ သူတို့သိထားတဲ့အကြောင်းတွေကို မေးချင်မိသည်။

သူမက နေမကောင်းလို့ပါဆိုပြီး ဘာလို့ အဲ့အတိုင်းမပြောနိုင်ရတာလဲ။ သူမက ပင်ပန်းနေလို့ပါ ဘာညာဆိုပြီး တစ်ခုခုလောက် ပြန်ဖြေလိုက်ရင် ပြီးသွားပြီမဟုတ်ဘူးလား…

'Guitar~'

ကြားဖြတ်ဝင်လာတဲ့နူးညံ့တဲ့အသံလေးကြောင့် အရာအားလုံးက ရပ်တန့်သွားခဲ့သည်။ ကျွန်တော်က ဘေးနားက ကောင်လေးဘက်ကို လှည့်လိုက်ပြီး ကျွန်တော့်ကို စိုးရိမ်နေတဲ့မျက်လုံးတွေနှင့် စိုက်ကြည့်နေတဲ့ကောင်လေးကို ပြန်ကြည့်လိုက်မိသည်။ အတင်းဆုတ်ကိုင်ထားတဲ့ ကျွန်တော်တို့ရဲ့လက်တွေကြောင့် ကျွန်တော် သူ့လက်ကို ဘယ်လောက်ထိဆုတ်ကိုင်ထားလဲဆိုတာ သိနိုင်သည်။ သူ့လက်ဖဝါးက အနွေးဓာတ်က ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူးဆိုပြီး ပြောပြနေသည်။

'So…'

ကျွန်တော့်ရဲ့အသံက ဘာကြောင့်တုန်ရီနေလဲဆိုတာ ကျွန်တော် မသိ… Soloက ဘာမှမပြောဘဲ သူ့ရဲ့ကျန်တဲ့လက်တစ်ဖက်နဲ့ ကျွန်တော့်မျက်နှာလေးကို ထိတွေ့လာသည်။ ထိုကောင်လေးရဲ့မျက်နှာမှာ စိုးရိမ်ပူပန်နေမှုတွေနဲ့ ပြည့်နှက်နေပြီးတော့ စကားလုံးတွေမပါဘဲ ကျွန်တော် ထင်ထင်ရှားရှားမြင်လာအောင် ပြသနေတာက…

ကျွန်တော် အနားမှာရှိနေတယ်တဲ့…

ကျွန်တော် မျက်လုံးတွေမှိတ်လိုက်ပြီးတော့ အသိစိတ်ပြန်ဝင်လာအောင် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်နေမိသည်။ ကျွန်တော် မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါမှာ စောနက ခံစားနေရတာတွေက လုံးဝကို ပျောက်ကွယ်ကုန်သည်။ ကျွန်တော့်လက်ကို အသာလေးခါလိုက်ပြီး ထိုကောင်လေးရဲ့လက်ကို ညင်ညင်သာသာလေးဆုတ်ကိုက်လိုက်ကာ ကျေးဇူးတင်တဲ့အနေနဲ့ ပြုံးပြလိုက်မိသည်။

'အခုဘဲ ပြောပြပါကွာ… ငါအဆင်ပြေပါတယ်'

Jakkapadဘက်ကို လှည့်ကြည့်ပြီးတော့ ကျွန်တော် ပုံမှန်လေသံနှင့် ပြောလိုက်သည်။ စောနက လုပ်ခဲ့တဲ့ယဉ်ကျေးမှုမရှိတဲ့အပြုအမှုကြောင့် တောင်းပန်တဲ့အနေနဲ့ ပြုံးပြလိုက်မိသည်။ သူကတော့ ခေါင်းညိမ့်ပြပြီးတော့ Hongtaeဘက်သို့ လှည့်ကြည့်လိုက်သည်။

'P'Jakက အဲ့ဒါနဲ့ပတ်သတ်ပြီး အများကြီးမသိဘူး။ ငါနဲ့ Mokနဲ့ဘဲသိတာ…' Hongtaeက ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပြီးတော့ ဆက်ပြောလာသည်။ 'ရှေ့အပတ်တုန်းက ငါနဲ့ Mok ဂေဟာကို ပြန်သွားခဲ့တယ်။ ဂေဟာပိတ်ထားတယ်ဆိုတာကို ငါတို့မှ မသိတာ… ငါတို့ တစ်ခုခုလုပ်ဖို့ စဉ်းစားကြတဲ့အခါမှာ အဲ့ဒီအနားမှာ ဆရာမNidရဲ့အိမ်ရှိတယ်ဆိုတာကို သတိရလာတာ…'

Hongtaeပြောတဲ့ဆရာမNidဆိုတာက ဂေဟာမပိတ်ခင်အထိ အလုပ်လုပ်ခဲ့တဲ့ဆရာမတစ်ယောက်… ဆရာမNidက သူမအိမ်လို့ ပြောပြောနေကြအိမ်ကို ကျွန်တော်တို့နဲ့အတူတူ လမ်းလျောက်ပြီး သွားနေကြ… တစ်ခါတစ်လေကျရင် အဲ့အိမ်မှာဘဲ ကျွန်တော်တို့ ဆော့ခဲ့ကြတာ…

'အဲ့ဒါနဲ့ ဆရာမNidအိမ်ကို သွားတော့ ကျောင်းအုပ်ဆရာမကြီးက တောင်ပေါ်မှာ ပရဟိတဆရာမလုပ်နေတာကြာနေပြီ။ ဒါ့အပြင် Guiက တက္ကသိုလ်တက်နေပြီလို့ ပြောလာတယ်။ ငါတို့ကလည်း Guiကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာမသိတာနဲ့ ဆရာမNidပြောတဲ့အတိုင်း ကျောင်းအုပ်ကြီးကိုဘဲ ငါတို့ အရင်သွားရှာခဲ့ကြတာ… ဒါပေမယ့် ငါတို့တောင်ပေါ်ရောက်တဲ့အခါမှာ တောင်ပေါ်ကသူတွေက ကျောင်းအုပ်ကြီးက မြို့ပေါ်က ဆေးရုံတစ်ခုမှာ ဆေးရုံတင်ထားရတယ်လို့ ပြောလာတယ်။ ငါတို့မရောက်ခင် တနင်္ဂနွေနေ့မှာ ကျောင်းအုပ်ကြီးက မေ့လဲသွားလို့ ရွာသားတွေက ဆေးရုံတင်ပေးထားတာ…'

'Guitar…'

Soloက ကျွန်တော့်ရဲ့လက်ကို ညစ်လာသည်။ ကျွန်တော်အားအင်တွေအကုန် ပျောက်ဆုံးသွားသလို ခံစားနေရကေမယ့် ကျွန်တော့်ကို ကျွန်တော် တွန်းအားပေးပြီးတော့ ပြုံးမိသည်။

'ကျောင်းအုပ်ကြီးမှာ မွေးရာပါရောဂါရှိတယ်ဆိုပေမယ့် အဲ့ဒါကြောင့် မဟုတ်ဘူး။ ဒါပေမယ့် ကျောင်းအုပ်ကြီးက အရမ်းအသက်ကြီးနေပြီလေ…ဒါက ပုံမှန်လူကြီးတွေ ဖြစ်နေကြပါဘဲ…'

Hongtaeက စကားပြောတာရပ်လိုက်တဲ့အခါမှာ ကျွန်တော့်ရဲ့နှလုံးခုန်သံပါ ရပ်တန့်သွားသလိုပင်… သူ ပြောပြချင်ပေမယ့်လည်း ဘာလို့ထုတ်မပြောချင်လည်းဆိုတာကို ကျွန်တော် နားလည်မိသည်။

'ဒါပေမယ့် ကျောင်းအုပ်ကြီးက ငါတို့ကို စကားပြောလို့ရသေးတယ်ကွ! သူမက စာမရေးနိုင်တော့လို့ Guiရဲ့ဖုန်းနံပါတ်ကိုဘဲ ပေးခဲ့တယ်။ သူက ငါတို့ကို Guiနဲ့ဆက်သွယ်ပြီး သွားတွေ့ဖို့ပြောတယ်။ Gui စာမေးပွဲဖြေပြီးသွားတဲ့အခါမှာ သူက တွေ့ချင်ပေမယ့် ငါတို့ကို သူ ဆေးရုံတက်ရတယ်ဆိုတဲ့အကြောင်းကို မပြောပြဖို့ မှာတားတာ… Guiကို အများကြီးမတွေးစေချင်ဘူးတဲ့…'

အဲ့အကြောင်းကို ကျွန်တော် ကြားလိုက်ရတဲ့အခါမှာ ပြုံးလိုက်မိသည်။ Mae Yaiက အခုထိ ကျွန်တော့်ကို စိတ်ပူနေသေးတာဘဲ…

'သူမက Guiမလာလည်း အဆင်ပြေတယ်တဲ့… ဒါပေမယ့် စာမေးပွဲမပြီးသေးဘဲ လာတယ်ဆိုရင်တော့ တံခါးပိတ်ထားမယ်တဲ့… Guiကို လုံးဝအတွေ့ခံမှာမဟုတ်ဘူးလို့ ပြောတယ်'

Mae Yai အဲ့လိုပြောနေတဲ့ပုံစံလေးကို ပုံဖော်ကြည့်ရင်း ရယ်လိုက်မိသည်။

ကျွန်တော် အမေ့ကို အရမ်းလွမ်းတယ်။

'Guiကို ပြန်မတွေ့ရမချင်း ဘယ်ကိုမှ ထွက်သွားမှာမဟုတ်ဘူးလို့လည်း ပြောတယ်'

Pramokက ကျွန်တော့်ကို ပြုံးပြနေသည်။ ဒီနှစ်ယောက်ကို ကြည့်ရတာ ပိုပြီးယုံကြည်ချက်ရှိလာတဲ့ပုံပင်…

'ကျေးဇူးတင်ပါတယ်'

ပြောပြပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်တော့်ကို ထားမသွားသေးတဲ့အတွက် Mae Yai ကျေးဇူးတင်ပါတယ်။

ကျွန်တော်နဲ့တွေ့ဖို့ စောင့်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

…_...

'ကျွန်တော် အမြန်လိုက်လာခဲ့မယ်'

မှန်ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်နေတဲ့ကျွန်တော့်ရဲ့မျက်လုံးတွေက အသံပိုင်ရှင်လေးကို အံ့သြစွာနဲ့ လှည့်ကြည့်လိုက်မိသည်။ Soloက ကျွန်တော့်ကို ပြုံးပြပြီးတော့ ကျွန်တော့်ဘေးနားမှာ ထိုင်လိုက်သည်။

'ကျွန်တော် စာမေးပွဲပြီးတာနဲ့ အမြန်လာခဲ့မယ်'

သူ့ရဲ့လက်က ကျွန်တော့်ပုခုံးပေါ်တင်လိုက်ပြီး သူ့ရဲ့ပေါင်ပေါ်သို့ ကျွန်တော့်ခန္ဓာကိုယ်လေးကို အသာလေးတွန်းတင်နေသည်။

'So?'

ကျွန်တော် အသာလေးလှုပ်ကာ သူ့ကို မော့ကြည့်လိုက်ပေမယ့် သူ လုပ်နေတာကို မရှောင်မိပါဘူး။ အခုလိုမျိုး သူများရဲ့ပေါင်ပေါ်မှာ လှဲအိပ်ဖူးတာက ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ထူးဆန်းတဲ့ခံစားချက်တွေကို ခံစားနေရသည်။

'ကျွန်တော်က Guitarရဲ့ပေါင်ပေါ်မှာ အိပ်ရတာကို သဘောကျတယ်' Soloက ပြုံးပြရင်းပြောလာသည်။ ဒါပေမယ့် ချက်ချင်းဆိုသလို မျက်မှောင်တွေ ကြုတ်လိုက်ပြီး… 'တကယ်တော့ ကျွန်တော်က Guitarနဲ့အတူတူ လုပ်တဲ့အရာမှန်သမျှကို သဘောကျတာ…'

သူစကားပြောလို့ ပြီးသွားတဲ့အခါမှာ ကျွန်တော် ရယ်လိုက်မိသည်။ အံ့သြစရာကောင်းစွာနဲ့ သူ့ဆီက ထွက်လာတဲ့စကားကြောင့် ကျွန်တော့်ရဲ့နှလုံးသားတစ်ခုလုံး ဖုံးလွှမ်းနေခဲ့တဲ့ညှိုးငယ်နေတဲ့စိတ်တွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ ရယ်သံတွေ ပြီးဆုံးသွားတဲ့အခါမှာတော့ တိတ်ဆိတ်ခြင်းက ပြန်လည်ကြီးစိုးလာသည်။ ဒီအချိန်မှာ ကျွနတော် အများကြီးမတွေးမိတော့… ဘာလို့လဲဆိုတော့ ကျွန်တော့်ခေါင်းလေးကို ပုတ်သပ်ပေးနေတဲ့နူးညံ့တဲ့အထိတွေ့လေးက နွေးထွေးတဲ့ခံစားချက်တွေကို ကျွန်တော့်စိတ်ထဲသို့ ရောက်အောင် တွန်းပို့ပေးနေသည်။

'ကျွန်တော် Guitarပေါင်ပေါ် လှဲအိပ်တဲ့အချိန်တိုင်းမှာ အမြဲတမ်း အရမ်းနွေးထွေးလာတယ်လို့ ခံစားရတယ်'

အခုလိုပေါ့…

'အရမ်းပျော်ပြီးတော့ ကျွန်တော့်ရဲ့ခံစားနေရတာတွေကလည်း ကောင်းလာတယ်'

အတူတူပင်… ကျွန်တော် ပျော်ရွင်မှုနဲ့ ခံစားချက်တွေ ကောင်းလာတယ်လို့ ခံစားနေရသည်။

'ကျွန်တော်လည်း Guitarကို အဲ့လိုမျိုးခံစားစေချင်လို့… Guitarက ကျွန်တော်အသက်ကြီးနေတော့ အခုလိုလုပ်တာ ရိုင်းတယ်လို့ ခံစားရရင် ကျွန်တော် တောင်းပန်ပါတယ်'

သူက အဲ့လိုပြောနေပေမယ့် သူ့ရဲ့မျက်နှာက အပြစ်ရှိသလို မခံစားရတဲ့ပုံမျိုးဖြစ်နေတာကြောင့် စိတ်သက်သာမိသည်။

'အစ်ကို မကြိုက်လို့ မဟုတ်ပါဘူး'

အဲ့ဒါကြောင့် အခုလိုလုပ်နေတာကို Soမရပ်လိုက်ပါနဲ့…

'Guitar… Mae Yaiရဲ့အသက်က ဘယ်လောက်ရှိပြီလဲ'

မေးသင့်လား။ မမေးသင့်ဘူးလားဆိုပြီး နွံဆွဲနေတဲ့ ခပ်တိုးတိုးအသံလေးနှင့် ကျွန်တော့်ကို မေးလာသည်။ သူ သိချင်လိမ့်မယ်ဆိုတာ ကျွန်တော် နားလည်တာကြောင့် အဆင်ပြေတယ်ဆိုတာကို ပြောပြတဲ့အနေနဲ့ ပြန်ပြုံးပြလိုက်သည်။

'ရှစ်ဆယ်ရှိပြီ'

ကျွန်တော် ဂေဟာရောက်တဲ့အချိန်မှာ Mae Yaiရဲ့အသက်က ခြောက်ဆယ်ဝန်းကျင်လောက် ရှိနေပြီ။ Mae Yaiပြောတာကတော့ Mae Yaiရဲ့အဖေက ဒီဂေဟာလေးကို Mae Yaiအတွက် ထားခဲ့ပေးတာတဲ့… အဲ့နေရာလေးက အရမ်းနွေးထွေးတဲ့နေရာလေးဖြစ်သည်။ အဲ့ဒါကို ကျွန်တော်က ဒီအတိုင်း စွန့်ခွာလာခဲ့တာ…

'အစ်ကို ငယ်ငယ်တုန်းက Mae Yaiက ခဏခဏနေမကောင်းဖြစ်တယ်။ ဆရာမNidပြောတာက အသက်ကြီးတဲ့သူတွေက အဲ့လိုဘဲတဲ့…'

ဒါပေမယ့် ဆေးရုံတက်ရလောက်တဲ့အထိတော့ အကြီးအကျယ်နေမကောင်း မဖြစ်ဖူးသေးပါ။

'Guitar…'

'အဆင်ပြေပါတယ်'

ခေါင်းငုံ့ပြီး နူးညံ့တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ကောင်လေးရဲ့ပါးပြင်ကို အသာလေး ထိတွေ့လိုက်သည်။ သူ့ရဲ့တည်ငြိမ်နေတဲ့အကြည့်နဲ့ အသံတွေကြောင့် ကျွန်တော့်ရဲ့လေးလံနေတဲ့ခံစားချက်အများစုက ပျောက်ကွယ်ကုန်သည်။

'အစ်ကို အဆင်ပြေပါတယ်'

အခုထိတော့ အဆင်ပြေနေပါသေးသည်။

'ကောင်းကောင်းဖြတ်ကျော်နိုင်မှာပါ'

ကျွန်တော် ဘာမှမပြောဘဲ ပြုံးပြလိုက်မိသည်။ Soloက ကျွန်တော့်လိုဘဲ ကောင်းကောင်းသိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်သည်။ အဲ့ဒါက ဘာလဲဆိုတော့…

ကောင်းကောင်းဖြတ်ကျော်နိုင်မှာ…ဆိုတဲ့စကားက တကယ့်ဘဝမှာ အမှန်တကယ် ဖြစ်မလာနိုင်ဘူးဆိုတာကိုပေါ့…

'ကျွန်တော် Guitarအနားမှာ ရှိနေပေးမယ်'

ထိုခိုင်မာတဲ့စကားနှင့်အတူ သူ့လက်လေးရဲ့နွေးထွေးတဲ့အထိတွေ့က ကျွန်တော့်ပါးပြင်ပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုနွေးထွေးနေတဲ့ခံစားချက်က သူ့ရဲ့လက်ဆီက လာတာမဟုတ်… သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးအပိုင်းကနေ ထွက်လာတဲ့ခံစားချက်ဖြစ်သည်။

'ကျေးဇူးတင်ပါတယ်'

'Guitarက ကျွန်တော့်ရဲ့ပျော်ရွင်မှုဘဲလေ…'

'So…'

'Guitarပျော်တယ်လို့ ခံစားရတဲ့အချိန်မှာ ကျွန်တော်လည်း ပျော်တယ်။ ဒါပေမယ့် Guitar နာကျင်ရတဲ့အချိန်မှာလည်း ကျွန်တော်လည်း ထပ်တူနာကျင်ရတယ်'

သူ့ရဲ့ပါးပြင်ကို ထိတွေ့ထားတဲ့ကျွန်တော့်လက်က တုန်ရီနေတဲ့ကောင်ငယ်လေးရဲ့လက်ကို ဆုတ်ကိုင်လိုက်သည်။ အမြဲတမ်းအေးစက်မှုတွေ ပြည့်နေတဲ့မျက်လုံးတွေက အခုကြည့်လိုက်တဲ့အခါမှာ နာကျင်မှုတွေ ပြည့်နှက်နေတာကြောင့် ကျွန်တော်ပါ နာကျင်လာရသည်။

'အဲ့လိုမျက်နှာမျိုးမလုပ်နဲ့လေ…'

'အဲ့ဒါဆို Guitar ကျွန်တော့်ကို နည်းနည်းလောက် ပြုံးပြ… ဝမ်းနည်းနေတဲ့အပြုံးမျိုးမဟုတ်ဘဲ ပျော်ရွင်နေတဲ့အပြုံးမျိုးနဲ့ ပြုံးပြ…'

Soloက ကျွန်တော့်ရဲ့လက်လေးကိုကိုင်ပြီး သူ့ရဲ့ပါးပြင်လေးနှင့် အသာလေးထိတွေ့လိုက်သည်။ ကျွန်တော့်ကို တောင်းဆိုနေတဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်မိသည်။

'အဲ့လို မျက်နှာမျိုးမလုပ်ပါနဲ့လားဗျာ…'

'…'

'ကျွန်တော့်ရဲ့နှလုံးသားက သေလောက်တဲ့အထိ အရမ်းနာကျင်နေရတယ်'

ကျွန်တော် သူ့ပေါင်ပေါ် မှီနေရာကနေ ချက်ချင်းထလိုက်ပြီးတော့ သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်မိသည်။ ကျွန်တော့်ရဲ့ပါးပြင်လေးကို သူ့ရဲ့ရင်ဘတ်အနားမှာ ကပ်လိုက်ပြီးတော့ သူ့ရဲ့စည်းချက်ကျတဲ့နှလုံးသားခုန်သံလေးကို နားထောင်နေမိသည်။ နှစ်သိမ့်ပေးတဲ့အနေနဲ့ ကျွန်တော့်ခေါင်းကို ပုတ်သပ်ပေးနေတဲ့နွေးထွေးတဲ့လက်လေးကြောင့် သက်တောင့်သက်သာရှိသလို ခံစားလာရသည်။

ကျွန်တော် အရမ်းနာကျင်ခံစားရတယ်ဆိုရင်တောင် ကျွန်တော် ငိုမှာမဟုတ်… စကားလုံးတွေနဲ့ ဖော်ပြလို့ မရလောက်တဲ့အထိ ဝမ်းနည်းနေတယ်ဆိုရင်တောင်မှ ကျွန်တော် ဘာမှပြောမိမှာမဟုတ်…

ဘာလို့လဲဆိုတော့ အဆင်ပြေလို့တော့မဟုတ်ပါ။ အချိန်မကျသေးလို့လည်း မဟုတ်ပါ။ဒါပေမယ့် ကျွန်တော့်ကို တင်းကြပ်စွာ ပွေ့ဖက်ထားတဲ့ကောင်လေးက အရာအားလုံးရဲ့အဖြေဖြစ်သည်။

ဒီလူသားလေးကြောင့်ဘဲ ကျွန်တော် သန်မာလာချင်သည်။

သူ့ကို ဝမ်းမနည်းစေချင်သလို… သူ့ကို စိတ်မကောင်းဖြစ်အောင်လည်း မလုပ်ချင်ပါ။

ကျွန်တော် ဖက်ထားတဲ့ပုံစံကနေ ခွာလိုက်ပြီး Soloရဲ့လက်နှစ်ဖက်ကို ယူကာ ကျွန်တော့်ပါးပြင်ပေါ် တင်ထားလိုက်သည်။ ပြီးတဲ့အခါမှာတော့ ကျွန်တော့်မှာရှိတဲ့ခံစားချက်တွေ အားလုံးကို စုပေါင်းလိုက်ပြီးတော့ အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

'Soသာရှိနေရင်… အစ်ကိုအဆင်ပြေပါတယ်'

Soတစ်ယောက်တည်းကသာလျှင်…

… Book-1 Completed …

Guiက ဘုရင်၃ယောက်(3Kings) လို့ ဘာလို့ခေါ်တာလဲဆိုတော့…
Jakkapad = ဧကရာဇ်
Hongtae = ဘုရင်
Pramok = စစ်သူကြီးအကြီးအကဲ၊ မြို့နယ်စား

သူတို့ရဲ့နာမည်တွေကြောင့် Guiက သူတို့ကို ဘုရင်ညီအစ်ကိုသုံးယောက်လို့ခေါ်တာပါ။

Continue Reading

You'll Also Like

2.7M 154K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
134K 5K 61
When two opposites attract. Star quarterback Jacob Perez, whose in love with his victim -- hermaphrodite, Chresanto August. Follow them and their jo...
113K 6.8K 28
all was golden in the sky when the day meets the night。 a jikook fanfic. ©GODJINIE
1.2M 65.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...