OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

21.3K 1.4K 45

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၂၅

11 0 0
By newkhonpai

နောက်နှစ်ပတ်အတွင်းမှာ စာမေးပွဲတွေ စတင်တော့မှာကြောင့် ကျွန်တော် စိတ်လှုပ်ရှားပြီး ပျော်ရွင်မိသည်။ ဘာလို့လဲဆိုတော့ စာလေ့လာတာ ပြီးဆုံးသွားမယ့်အပြင် အလုပ်သင်လည်း ဆင်းရမှာကြောင့်ဖြစ်ပြီး အရေးကြီးဆုံးတစ်ခုကတော့ ကျွန်တော် Mae Yaiကို သွားပြီးတွေ့ရဦးမှာ…

အဲ့အကြောင်းတွေးမိရုံနဲ့တင် ကျွန်တော် ပျော်ရွင်မိသည်။ လွန်ခဲ့တဲ့လေးနှစ်လုံးလုံး Mae Yaiဘယ်လိုနေထိုင်နေလဲဆိုတာ ကျွန်တော်မသိ… ဘာလို့လဲဆိုတော့ စာတွေကလည်း မရောက်တာကြာပြီဖြစ်တာကြောင့် အရင်ပို့ထားတဲ့စာတွေမှလွဲပြီးတော့ Mae Yaiနဲ့ပတ်သတ်တဲ့သတင်းတွေကို ကျွန်တော် မကြားရတော့ပါ။ Mae Yaiတစ်ခါပြောဖူးတာကတော့ မြို့ကတစ်ယောက်လောက် Mae Yaiတို့နေတဲ့နေရာကိုလာမှ စာတွေပို့ပေးလို့ရတာတဲ့… အဲ့ဒါကြောင့် ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ ကျွန်တော် စာသုံးစောင်သာ ရခဲ့သည်။

စာမေးပွဲကို ဒီနေ့ဘဲ အပြီးဖြေချင်ပြီးတော့ အမေ့ထံ သူ့ရဲ့အောင်မြင်မှုကို ယူဆောင်သွားချင်သည်။

'Ai'So! ကလိမ်ကကျစ်ကောင်!'

'မင်း အရင် ကလိမ်ကျတာမဟုတ်ဘူးလား'

'ငါဘယ်တုန်းက လုပ်လို့လဲ'

'မင်းက ဆက်တိုက်နိုင်နေတာကို…'

'အဲ့ဒါ စကေးကွ… ကလိမ်ကျတာမဟုတ်ဘူး'

'ကလိမ်ကကျစ်ကောင်'

'မင်းက မင်းကိုယ်မင်း တော်တယ်ထင်ပြီး ငါ့ကို ကလိမ်ကကျစ်ကောင်လို့ ခေါ်တော့ ငါက ငါ့ရဲ့မျက်လုံးတွေကို အဝတ်နဲ့စည်းပြီး ဆော့ရမှာလား'

'ကောင်းသားဘဲ…'

'မင်းက မကောင်းတဲ့အကောင်ဘဲ!'

ဂိမ်းဆော့နေကြတဲ့သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး ကျွန်တော် ခေါင်းခါလိုက်မိသည်။ အစကတော့ သူတို့ အေးဆေးဆော့နေကြတာဘဲ… ဒါပေမယ့် Kaoက ဆက်တိုက်နိုင်လာတဲ့အခါမှာ ခွေးပေါက်လေးက ခေါင်းနောက်လာပြီးတော့ သူ့သူငယ်ချင်းKaoရဲ့မျက်လုံးတွေကို လှမ်းပိတ်လိုက်သည်။

'Khun Kaoက ကိစ္စတော်တော်များများမှာ တကယ့်ကို ကောင်းကောင်းလုပ်တက်သားဘဲ…'

Khun Jayပြောတာကို သဘောတူတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ Kaoက တကယ့်ကို ကောင်းကောင်းလုပ်တက်သည်။ သီချင်းဆိုတာ… ဂီတတူရိယာတီးတာ… ဂိမ်းကစားတာတွေမှာ ကောင်းကောင်းလုပ်တက်တဲ့အပြင် စာလည်း ကောင်းကောင်းလုပ်နိုင်တာကို ကျွန်တော်မြင်မိသည်။ ပြီးတော့ အားကစားပိုင်းမှာကောပေါ့…

'ဒါပေမယ့် ကြည့်ရတာ အပြိုင်အဆိုင်ဖြစ်နေတဲ့ပုံဘဲနော်…'

'အဲ့ဒါ ဟုတ်တယ်။ အနိုင်ရတဲ့သူက တကယ့်ကို တော်မှာဘဲ…' ကျွန်တော် စနောက်လိုက်ပြီးတော့ သစ်သီးခွာနေတဲ့ဓားကို ချလိုက်ကာ ခွာထားတဲ့သစ်သီးပန်းကန်ကို Khun Jayဆီ ကမ်းပေးလိုက်သည်။ 'ဒါပေမယ့် အနိုင်မရခင်မှာတင် တော်တော်လေး ခေါင်းကိုက်နေလောက်ပြီ'

'အဲ့ဒါတော့ သဘောတူတယ်'

Khun Jayက ရယ်နေရင်းပြောလိုက်ကာ သစ်သီးပန်းကန်ကို ကျွန်တော့်ဆီသို့ပြန်ပြီး တွန်းပို့လာသည်။

'အစ်ကို ဝနေပြီ။ ကလေးတွေဆီဘဲ ယူသွားလိုက်…'

မနက်မိုးလင်းလာတဲ့အခါမှာ မနေ့ညက အသိစိတ်ပျောက်ခဲ့တဲ့ဧည့်သည်တစ်ယောက်က နောက်ကျမှ နိုးလာပြီးတော့ ဆိုဖာပေါ်ထိုင်ကာ ကာတွန်းကားကြည့်နေသည်။ အံ့သြစရာကောင်းတာက Kaoက ကျွန်တော့်ထက်အရင် နိုးနေတာဖြစ်ပြီး သူ့ရဲ့ပုံစံက အရက်နာကျနေတဲ့ပုံစံလည်း မပေါ်… ဒီကောင်လေးက အံ့သြစရာကောင်းလောက်အောင် ခံနိုင်ရည်ရှိတယ်လို့ ပြောနိုင်သည်။

ကျွန်တော် ဟင်းချက်လို့ပြီးသွားတဲ့အချိန်မှာ Khun Jayက တံခါးလာခေါက်သည်။ နောက်ကျမှ အိပ်ယာထတက်တဲ့ခွေးပေါက်လေးက ဟင်းအနံ့ရလိုက်တာနဲ့ ချက်ချင်းတန်းထလာခဲ့သည်။ သူတို့မနက်စာစားပြီးသွားတဲ့အချိန်မှာ ဒီသူငယ်ချင်းနှစ်ယောက်က ဂိမ်းဆော့ကြသည်။ ကျွန်တော်ကတော့ သူတို့ကို မနှောက်ယှက်ချင်တာကြောင့် သူတို့နဲ့ဝေးဝေးမှာ ထိုင်လိုက်ပြီးတော့ အသီးတွေကို ခွာနေမိသည်။ ပြီးတော့ Khun Jayနဲ့ သူငယ်ချင်းတစ်ယောက်လို ပြောဆိုရတာ အရမ်းကောင်းတာကြောင့်လည်း ပါတာပေါ့…

'Guitar… နည်းနည်းလောက်လာကူပေးပါဦး'

ဂိမ်းကို အာရုံစိုက်ပြီးဆော့နေတဲ့ကောင်လေးက ကျွန်တော့်ကို လှည့်မကြည့်ဘဲနဲ့ ခေါ်လာသည်။ ထိုကောင်လေးရဲ့လက်တစ်ဖက်က ဂိမ်းခလုပ်ကို ကိုင်ထားပြီး ကျန်တဲ့တစ်ဖက်ကတော့ သူ့သူငယ်ချင်းကို ရှုံးအောင် နှောက်ယှက်နေသည်။

'ငဝိကောင်'

ထက်မြတ်တဲ့ကောင်လေးရဲ့ စူးရှတဲ့အသံက ကျယ်လောင်စွာနဲ့ထွက်လာတာကြောင့် Soloကို အနှောင့်ယှက်ဖြစ်စေသည်။

'ဘာပြောလိုက်တယ်'

'မင်းဘာသာမင်း ဆော့လို့မရဘူးလား'

သူက ပြောနေရင်းနဲ့ဘဲ တစ်ဖက်က ဂိမ်းခလုပ်ကို ကိုင်ပြီးဆော့နေကာ ကျန်တစ်ဖက်က အနီရောင်ပန်းသီးလေးကို ယူပြီးစားနေသည်။ ပြီးတဲ့အခါမှာ ခွေးပေါက်လေးကို ဂိမ်းထပ်ဆော့ဖို့ အချက်ပြတဲ့အနေနဲ့ သူက မျက်ခုံးတွေကို ပင့်တင်ပြလိုက်သည်။

'Kao'

ကျွန်တော် နူးညံ့တဲ့အသံလေးနှင့် ခေါ်လိုက်သည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူ ဝင်တားရတော့မယ်ပုံပင်… ဘာလို့လဲဆိုတော့ ခွေးပေါက်စလေးက သူ့ရဲ့လက်ထဲက အရာအားလုံးကို လွင့်ပစ်လိုက်ပြီးတော့ သူ့သူငယ်ချင်းကိုသာ ကမူးရှုးထိုးနှင့် နပန်းသတ်နေကြသည်။

အင်း… နှစ်ယောက်စလုံးက ပျော်ရွင်နေကြတာဆိုတော့ ကောင်းပါတယ်။ ဒီအတိုင်း ထားလိုက်တာပေါ့…

'Khun Guiကကော သူတို့နဲ့ ပါချင်လို့လား'

Khun Jayက ပြောနေရင်း ရယ်နေသည်။ ကြည့်ရတာ သူလည်း Soloပျော်နေတာကို မြင်ရတာနဲ့တင် ပျော်နေတဲ့ပုံပင်…

'ကျွန်တော် ဒီကလေးတွေကို ခုခံနိုင်မှာမဟုတ်ဘူး။ ကျွန်တော်က အသက်ကြီးလာပြီလေ…'

ကျွန်တော်က သူတို့နဲ့ သုံးနှစ်လောက်သာ ကြီးတယ်ဆိုပေမယ့် ဒီအသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ကလေးတွေနဲ့ သွားပြီး ခုခံမိရင်… သူတို့နဲ့သာ သွားဆော့မိရင် ကျွန်တော့်အရိုးတွေ ကျိုးကြေကုန်နိုင်သည်။

'အစ်ကို နားလည်တယ်။ သခင်လေးက ငယ်ငယ်လေးကတည်းက အရမ်းသန်မာတာ…'

'ကျွန်တော် ခန့်မှန်းလို့ရပါတယ်'

သူနဲ့ တစ်ခါမှ ရန်မဖြစ်ဖူးပေမယ့်လည်းပေါ့…

'အင်း… အချိန်နီးနေပြီ' Khun Jayက နာရီကို ကြည့်ကြည့်ကာ ပြောနေသည်။ 'အစည်းအဝေးလုပ်ဖို့ ချိန်းထားတဲ့အချိန်ရောက်တော့မယ်'

'အစည်းအဝေး…'

'အင်း… ပြီးတော့ သခင်လေးလည်း စီးပွားရေးလုပ်ငန်းနဲ့ပတ်သတ်တာတွေကို ဆွေးနွေးဖို့အတွက် တက်ရလိမ့်မယ်။ အစ်ကိုက သခင်လေးကို အလုပ်ကို လိုက်ပြီး ကြည့်စေချင်တာ…'

'မဆိုးပါဘူး။ အချို့အရာတွေကို သူလည်း သင်ယူလို့ရတာပေါ့…'

သဘောတူတဲ့အနေနဲ့ ကျွန်တော် ခေါင်းညိမ့်ပြလိုက်သည်။ ဘာဖြစ်လို့လဲဆိုတော့ Soloက ဒီကိစ္စကို ရှောင်မှာ မဟုတ်လောက်… သူက ငယ်သေးတာကြောင့် နည်းနည်းရက်စက်တယ်လို့ ထင်ရပေမယ့် နောက်အခါ မခက်ခဲရအောင် စောစောသင်ယူထားတာက ပိုကောင်းသည်။

မနေ့က Khun Jayက Soloကို ဒီနေ့လုပ်မယ့်အစည်းအဝေးမှာ သူနဲ့အတူ တက်ရမယ်လို့ ပြောလာသည်။ ဒီနေ့ကလည်း Solo အားတဲ့ရက်ဖြစ်တာကြောင့် သူက Soloကို ခေါ်ပြီး လုပ်ငန်းလည်ပတ်မှုတွေကို ပြသချင်နေသည်။ စီးပွားရေးလုပ်ငန်းနဲ့ပတ်သတ်ပြီး ဆွေးနွေးရမှာက အစည်းအဝေးပြီးလောက်မှ ဖြစ်နိုင်သည်။

အဲ့ဒါကြောင့်ဘဲ Kaoက အခုထိ ဒီမှာ ရှိနေတာ… ကြည့်ရတာ ခွေးပေါက်လေးက ကျွန်တော်တစ်ယောက်တည်း အထီးကျန်နေမှာကို ကြောက်တာကြောင့် ထိုကောင်လေးကို ဆွဲထားတာ ထင်သည်။ ဒါပေမယ့် အဲ့ဒါလည်း ကောင်းတာဘဲ… ကျွန်တော်လည်း Kaoရဲ့အကူအညီကို လိုတယ်လေ…

'So… ရေမိုးချိုးပြီး အဝတ်သွားလဲတော့…'

တစ်ယောက်နဲ့ တစ်ယောက်ကိုက်ရင်း အလုပ်ရှုပ်နေတဲ့ကောင်လေးကို ကျွန်တော်ပြောလိုက်သည်။ အဲ့ဒါကို ကြားလိုက်တဲ့အချိန်မှာ ခွေးပေါက်လေးက သူ့ရဲ့သူငယ်ချင်းကို လွှတ်လိုက်ပြီးတော့ ရေချိုးဖို့အတွက် တန်းဝင်သွားလိုက်သည်။

Soloက ပြောတဲ့စကားကို ကောင်းကောင်းနားထောင်တဲ့သူမျိုး… ပျင်းရိနေတာတောင်မှ သူလုပ်မယ့်ဟာကို သိနေတဲ့ပုံစံလိုမျိုး ဘယ်တော့မှမငြင်းခဲ့… အဲ့ဒါကြောင့် Khun Jayက အလုပ်ကို အတူတူသွားမယ်လို့ပြောလာတဲ့အခါမှာ သူက လိုလိုလားလားနဲ့ လက်ခံခဲ့တာ… သူက ကျွန်တော့်ကို သူ သွားလို့ရလား။ မရဘူးလားဘဲ မေးလာတာ…

'အလုပ်ပြီးတာနဲ့ အစ်ကို့ကို ပြောနော်… အစ်ကို ဒီမှာ စားစရာတွေ ပြင်ထားပေးမယ်'

ကျွန်တော်နဲ့အတူ အိပ်ခန်းထဲက ထွက်လာတဲ့ကောင်လေးရဲ့ကော်လံကို ပြင်ပေးပြီးတော့ ပြုံးလိုက်သည်။

'အင်း… ကျွန်တော် သွားပြီနော်…'

ခွေးပေါက်လေးရဲ့မျက်နှာက ဝမ်းနည်းနေတဲ့ပုံဖြစ်နေပြီး သူ့ရဲ့လက်လေးက ကျွန်တော့်ပါးပြင်လေးကို အသာလေးပွတ်သပ်ရင်း နူတ်ဆက်စကားပြောနေသည်။ ပြီးတဲ့အခါမှာတော့ သူက Khun Jayဆီသွားလိုက်သည်။

'ကြိုးကြိုးစားစား လုပ်ခဲ့နော်!'

ကျွန်တော် သူ့နောက်ကို ပြေးလိုက်ပြီး ပြောလိုက်မိသည်။ သူ လှည့်ကြည့်လာတဲ့အခါမှာ အားပေးတဲ့သဘောအနေနဲ့ ကျွန်တော့်ရဲ့လက်သီးဆုတ်တွေကို ထောင်ပြလိုက်တော့ ခွေးပေါက်လေးက ကျွန်တော့်ကို ပြုံးပြကာ တံခါးကို ပိတ်လိုက်သည်။

ကျွန်တော် အထဲထဲ ပြန်ဝင်သွားပြီးတော့ အခုထိ ဂိမ်းဆော့နေတုန်းဖြစ်တဲ့ကောင်လေးနားမှာ ထိုင်လိုက်သည်။ ထိုကောင်လေးကတော့ မတ်တပ်ရပ်လိုက်ပြီး မုန့်တစ်ချို့ကို ယူကာ စားနေသည်။

'အစ်ကို ကျွန်တော့်ကို ပြောစရာရှိလို့လား'

'ဟမ်…' စကားပြောလာတဲ့ကောင်လေးကို အံ့သြတကြီးနဲ့ လှည့်ကြည့်လိုက်မိသည်။

ကျွန်တော် အခုထိ ဘာမှမပြောရသေးဘူးလေ…

'မိုးလင်းကတည်းက အစ်ကို ကျွန်တော့်ကိုဘဲ ကြည့်နေတာကို ကျွန်တော် သိတယ်။ ဒါပေမယ့် Ai'Soလာတဲ့အခါမှာ အစ်ကိုက ပြန်တိတ်သွားတယ်။ အဲ့ပုံစံအရ အစ်ကိုက သူ့ကို ပေးမသိစေချင်တာ မှတ်လား' Kaoက ဂိမ်းဆော့နေရင်းနဲ့ ပြောလာသည်။

ဒီကောင်လေးက တကယ့်ကို ထက်မြတ်ပြီး တကယ်မြင်တက်တဲ့ကောင်လေးဆိုတာကို ကျွန်တော် ခံစားနေမိသည်။

'တကယ်တော့ အစ်ကို Kaoဆီက အကူအညီတောင်းချင်လို့… ဒါပေမယ့် ပြောပြဖို့ အချိန်ကောင်းရှာမရဖြစ်နေတာ…'

ကျွန်တော်က သူ့ရဲ့အကူအညီကို လိုတာဖြစ်တာကြောင့် ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘဲ အမှန်အတိုင်း ဖြေလိုက်သည်။

'ဘာကူပေးရမှာလဲ'

ဂိမ်းဆော့နေတာကို ရပ်လိုက်ပြီးတော့ ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး ပြောလာသည်။

'အဲ့ဒါက…'

'ခဏလေး…'

'ဟမ်…'

ကျွန်တော့်စကားကို ဖြတ်ပြောလာတဲ့သူက လက်ပြပြီးရပ်ဖို့အချက်ပြနေပြီး ရုတ်ချည်းဆိုသလို သူ့ရဲ့မျက်နှာက တည်ငြိမ်သွားသည်။

'ကျွန်တော့်သူငယ်ချင်းကိုတော့ ကျွန်တော် သစ္စာမဖောက်ဘူးနော် အစ်ကို…'

'ဘယ်လို…'

'မကောင်းတာတစ်ခုခု ဒါမှမဟုတ် သူ့ခံစားချက်တွေကို ထိခိုက်စေမယ့်ဟာမျိုးကို ပြောလာမယ်ဆိုရင်တော့ အခုဘဲ ရပ်လိုက်ဖို့ ကျွန်တော် ပြောချင်တယ်'

'ဟမ်…'

ကျွန်တော့်ခေါင်းထဲမှာ အစက်သုံးစက်ပေါ်သလိုမျိုး ခံစားလာရပြီးတော့ ခဏတာတိတ်ဆိတ်နေမိသည်။ ဒါပေမယ့် သူ ဘာပြောချင်နေတာလဲဆိုတာ ကျွန်တော် နောက်ဆုံးတော့ နားလည်သွားခဲ့သည်။

စောနက သူတို့သူငယ်ချင်းနှစ်ယောက်က အရူးတွေလိုမျိုး ရန်ဖြစ်စကားတွေများနေကြပေမယ့် သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် တကယ့်ကို ဂရုစိုက်ပေးကြသည်။

'အစ်ကို ဘာပြောမယ်လို့ Kaoထင်လဲ'

ကျွန်တော် ပြုံးပြရင်း မေးလိုက်သည်။ ဒီကလေး သူ့ခေါင်းထဲမှာ ဘာတွေတွေးနေမိမလဲဆိုတာကို ကျွန်တော် တကယ် သိချင်မိတာ

'အဲ့ဒါက ကောင်းတဲ့ဟာဆိုရင် ကျွန်တော်နဲ့တိုင်ပင်လို့ရတယ်… ဒါမှမဟုတ် ကျွန်တော့်ရဲ့အကူအညီကို တောင်းလို့ရတယ်'

မျက်လုံးတွေ အပြူးသားဖြစ်သွားမိသည်။ ဒီကလေးက တကယ့်ကို လူကောင်းလေးဘဲဆိုတာကို ခံစားလိုက်ရသည်။ ဘာမှသိပ်မပြောရသေးတာတောင် သူက ခန့်မှန်းနိုင်သည်။

'ဒါက မကောင်းတဲ့ဟာဆို… ကျွန်တော့်ကို သူ့အဖေနဲ့ပတ်သတ်ပြီး ပြောလာမယ်ဆိုရင်တော့ အဆင်မပြေဘူး။ အသစ်တစ်ယောက် ထပ်တွေ့နေပြီဆိုတဲ့ စိုးရိမ်စရာအကြောင်းတွေ၊ တစ်ယောက်ယောက်ကို သဘောကျပြီး သူနဲ့ လမ်းခွဲချင်လာတာမို့လို့ ကျွန်တော့်ကို အကူအညီတောင်းတာမျိုး၊ တစ်ခုခုဖုံးကွယ်ဖို့ ကျွန်တော့်ကို အကူအညီတောင်းတာမျိုး ဒါမှဟုတ်……'

'Kao တော်တော့…'

ဖြစ်နိုင်ချေတွေအားလုံးကို ရွတ်ပြနေတဲ့ကောင်လေးကို အမြန်လက်ပြပြီး တားလိုက်သည်။ တစ်ခါတစ်လေကျရင် ဒီကလေးရဲ့ဦးနှောက်ကို ကလော်ထုတ်ပြီး သူ့ရဲ့ဦးနှောက်ထဲက လုပ်နိုင်စွမ်းကို ကြည့်ချင်မိသည်။

'အစ်ကို Kaoဆီက အကူအညီကို တကယ်လိုနေတာ…'

'ကျွန်တော်က…'

'အဲ့ဒါက ကောင်းတဲ့အရာပါ'

ကျွန်တော် ဆိုးဆိုးရွားရွားတစ်ခုခုကို ကူညီခိုင်းလိမ့်မယ်လို့ တွေးထင်နေတဲ့ကောင်လေးကို အမြန်လက်ပြကာ တားပြီးပြောလိုက်သည်။ Kaoရဲ့တည်ငြိမ်တဲ့မျက်နှာက ချက်ချင်းဆိုသလို တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူက သေချာခြေထောက်ချိတ်ပြီး ပြန်ထိုင်ကာ ယူလာတဲ့မုန့်တွေကို ပါးစပ်ထဲထည့်နေသည်။

သူ့သူငယ်ချင်းနဲ့ပတ်သတ်တဲ့ မကောင်းတဲ့ကိစ္စတွေကို ပြောမှာမဟုတ်ဘူးဆိုတာကို သူ နားလည်လိုက်ရတဲ့အခါမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။

'Soရဲ့မွေးနေ့မှာ အစ်ကိုက အစ်ကို့အမေဆီ သွားလည်နေမှာလေ… Soကလည်း လိုက်လာမှာ…'

ဒီကောင်လေးရဲ့ အေးဆေးဖြစ်နေတဲ့မျက်နှာကို ကြည့်ပြီး ပြုံးပြလိုက်သည်။

'အစ်ကိုက Soကို ဘာပေးရမလဲဆိုပြီး စဉ်းစားနေတာ…'

'အစ်ကိုက ဘာပေးချင်လို့လဲ'

'ဈေးမကြီးတဲ့တစ်ခုခုပေါ့… အစ်ကိုက ချမ်းသာတဲ့သူမှမဟုတ်တော့ ပစ္စည်းတွေဝယ်ရတာ ခက်နေတယ်။ နောက်တစ်ခုက ဈေးကြီးတဲ့ပစ္စည်းတွေဆိုရင်လည်း ခွေးပေါက်လေးက သူ့ဘာသာသူ အချိန်မရွေး ဝယ်လို့ရတာဘဲလေ…' Kaoက စပ်စုချင်နေတဲ့ပုံလေးကို ကြည့်ပြီးတော့ ကျွန်တော် ရယ်လိုက်မိသည်။ 'အဲ့ဒါကြောင့် အစ်ကို လက်ဆောင်ပေးဖို့ Kaoရဲ့အကူအညီကို လိုတယ်'

'ကျွန်တော် ကူပေးရမယ်ပေါ့…'

'အစ်ကိုက… အင်း… ဂီတမေဂျာက ကျောင်းသားတွေက ဂီတတူရိယာအမျိုးမျိုးကို ဘယ်လိုတီးရမလဲဆိုတာ သိထားဖို့လိုတယ်လို့ အစ်ကိုကြားဖူးတယ်'

'ဟုတ်တယ်' Kaoက သံသယဖြစ်တဲ့အကြည့်တွေနဲ့ ကြည့်နေပေမယ့် ပြန်တုန့်ပြန်တဲ့အနေနဲ့ ခေါင်းညိမ့်ပြလာသည်။ 'ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အထူးပြုဂီတတူရိယာမဟုတ်ရင်တောင် ဂီတတူရိယာအမျိုးမျိုးကို သင်ရတယ်။ ကျောင်းသားတစ်ယောက်က အားလုံးတီးတက်လို့ ပြောလို့ရတာပေါ့…'

'အဲ့ဒါဆို Kaoက ဘာတွေကို တီးတက်လဲ'

ကျွန်တော် သိချင်တဲ့စိတ်နဲ့ မေးလိုက်သည်။

'ပြောစရာကို မလိုဘူး။ အနှစ်ချုပ်လိုက်ရင် ကျွန်တော်က လူတွေသိတဲ့တူရိယာတိုင်းကို တီးတက်တယ်။ ဒီမေဂျာက ကျောင်းသားတွေက အနည်းဆုံးတူရိယာနှစ်ခု သုံးခုလောက်တီးတက်တယ်။ ကျွန်တော်က ငယ်ငယ်လေးကတည်းက ဂီတတူရိယာတွေနဲ့ ကြီးပြင်းလာရတဲ့သူဆိုတော့ အားလုံးကို ကောင်းကောင်းတီးတက်တယ်'

Kaoက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရင်အုပ်ကို ဖွင့်ထားလိုက်သည်။ တကယ်လို့ ခွေးပေါက်စလေးတွေသာ ဒီနေရာမှာရှိနေရင် ဘာမှမဟုတ်တဲ့ဒီကိစ္စလေးနဲ့ သေလောက်တဲ့အထိ စကားများရန်ဖြစ်နေမယ်ဆိုတာ သေချာသည်။

ဒါပေမယ့်လည်း… သူက တကယ့်ကို အရည်အချင်းရှိမယ်ဆိုတာ ပြောစရာပင်မလိုတော့…

'အဲ့လိုဆိုရင်… အစ်ကိုက လက်ဆောင်အနေနဲ့ သီချင်းဆိုပြချင်တာ…'

ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတဲ့အသံနှင့် အဓိကပြောရမယ့်အကြောင်းအရာကို ပြောလိုက်မိသည်။

'အစ်ကိုက သီချင်းဆိုပြမယ်ပေါ့… ဒါနဲ့ အစ်ကိုက ဂီတတူရိယာအကြောင်းလည်း မေးနေတော့ အစ်ကိုကိုယ်တိုင်တီးပြပြီး ဆိုမယ်ပေါ့…'

ဒီကောင်လေးက တကယ့်ကို အရိပ်ပြအကောင်မြင်တက်တဲ့ကောင်လေးဘဲ… ကျွန်တော် အဖြေအနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။

'အဲ့ဒါဆို ကျွန်တော် ဘယ်လိုကူပေးရမလဲ။ အစ်ကို ဘယ်တူရိယာကို တီးချင်လဲ'

'Soရဲ့မွေးနေ့မှာ အစ်ကိုက အစ်ကို့အမေ့ဆီသွားနေမှာလေ… ပြီးတော့ တစ်ယောက်ယောက်က ဂစ်တာလာလှူထားတယ်လို့ အမေပို့ထားတဲ့စာမှာ ပြောပြထားဖူးတော့ ဂစ်တာကလွဲပြီးတော့ ကျန်တဲ့တူရိယာတွေကို အစ်ကိုစဉ်းစားလို့မရဘူး။ ဒါပေမယ့်…'

'ဒါပေမယ့်…'

'အစ်ကို့မှာ လုပ်နိုင်တဲ့အရည်အချင်းမရှိဘူး…'

ကျွန်တော် ရှက်ကိုးရှက်ကန်းနဲ့ ရယ်ကာပြောလိုက်သည်။ ဂစ်တာဘဲ မဟုတ်… အခြားဂီတတူရိယာဆိုတာ တစ်ခါမှ ထိတောင်မထိတွေ့ဖူးဘူး။ Moonရွေးတဲ့ပွဲတုန်းကလည်း တီးကြည့်ဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်တာကြောင့် စီနီယာတွေက သီချင်းဘဲဆိုခိုင်းခဲ့တာ…

'ပြသာနာမရှိပါဘူး။ ဒီအတိုင်း သီချင်းဆိုတာကလည်း အဆင်ပြေတယ်လို့ ကျွန်တော်ထင်တယ်'

'တကယ်လား' ကျွန်တော့်ရဲ့လက်က ကျွန်တော့်ရဲ့ပါးပြင်ကို ပွတ်သပ်ကာ Kaoရဲ့အကြည့်တွေကို ရှောင်မိသည်။ 'တကယ်တော့ စာသင်တာနဲ့အလုပ်လုပ်တာကလွဲပြီးတော့ အစ်ကိုက ကျန်တဲ့နေရာမှာ မတော်ဘူး။ သီချင်းဆိုတာကောပေါ့…'

'အရမ်းညံ့တယ်'ဆိုတဲ့စကားကို ကျွန်တော်ရှောင်ဖို့ ကြိုးစားပြီး 'မတော်ဘူး'ဆိုတဲ့စကားကို သုံးလိုက်သည်။ ဒါပေမယ့် ကျွန်တော် ဒီကောင်လေးခန့်မှန်းလို့ရတဲ့အထိ ပြောပြသင့်သလောက် ပြောပြပြီးသွားပြီ။ Kaoက ခဏလောက်စဉ်းစားပြီးသွားတဲ့အခါမှာ ကျွန်တော့်ကို လှည့်ကြည့်ကာ…

'အဲ့လောက်ထိလည်း မဆိုးပါဘူး။ အသံပုံစံမပျက်သွားရင်ကို အဆင်ပြေနေပြီ'

'Kao…'

'ဆိုးရွားတယ်'ဆိုတဲ့စကားက ဒီအတိုင်းမဟုတ်ပါ။ ကျွန်တော် တကယ်ပြောနေတာ… ကျွန်တော် ပထမနှစ်တုန်းက Moonရွေးတဲ့ပွဲမှာဆိုရင် အသံဝင်သွားတာကြောင့် ကျွန်တော့်ရဲ့အသံက ဂီတံတွေနဲ့ရောပြီး ပျောက်သွားတာ… ဒါနဲ့ ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်မရှိ ကြောင်တောင်တောင်နဲ့ Moonဆုကို ရသွားလဲဆိုတာ ကျွန်တော်မသိ… လူတွေက သီချင်းဆိုတာကို သဘောကျကျရဲ့လားဆိုတာကို ကျွန်တော် မသိစိတ်က သိချင်နေမိသည်။

'အေးဆေးပေါ့ အစ်ကိုရာ… အရင်ဆုံး စစမ်းကြည့်ရအောင်…' Kaoက လုံးဝကို အားရပါးရချင်ထိုင်လိုက်ပြီး ကျွန်တော့်ဘက်ကို လှည့်ကာ… 'ကျွန်တော့်အနောက်ကနေ ဒိုရေမီဖာဆိုလာတီဒိုကို လိုက်ဆိုကြည့်…'

ကျွန်တော် ခေါင်းညိမ့်ပြလိုက်တဲ့အခါမှာ Kaoက စပြီးဆိုဖို့ပြင်လိုက်သည်။ သူ့ကြည့်ရတာ လူတိုင်းလုပ်နိုင်တဲ့သင်ခန်းစာကနေ စတာထင်သည်။ ဒီအတိုင်း စာသားလေးအတိုလေးတွေ လိုက်ဆိုရမှာတောင် ကျွန်တော် ညံ့နေသလိုမျိုး ခံစားနေရသည်။

'အစ်ကို လိုက်ဆိုလေ…'

ကျွန်တော် မျက်လုံးတွေကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်ကာ စပြီးဆိုလိုက်သည်။

'ဒ… ဒို…'

'…'

'ရေ'

'…'

'မီ'

'…'

'ဖာ'

'…'

'အယ်… Kao'

အသိစိတ်လွတ်နေသလိုဖြစ်နေတဲ့Kaoရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ ရှက်လာသလို ခံစားရတာကြောင့် ကျွန်တော် ရပ်လိုက်မိသည်။ အဲ့ဒါလေးနဲ့တင် ကျွန်တော် တော်တော်ညံ့နေပြီဆိုတာ ကျွန်တော် သိနေပြီ။ အဲ့ဒါဆို သူက ဆက်ကူပေးမှာလား။

'အင်း… P'Gui'

Kaoက မျက်တောင်လေးတွေ ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်ပြီး ကျွန်တော် အမှားလုပ်နေမိသလိုမျိုး သူ့ရဲ့ခေါင်းကို သူ ကုတ်နေကာ…

'အမှန်တိုင်းပြောရရင် အစ်ကို့ခံစားချက်လေးအတိုင်း ဆိုလိုက်ရင် Soက ပိုပြီးသဘောကျလိမ့်မယ်လို့ ထင်တယ်'

'အစ်ကိုလည်း ခံစားချက်အတိုင်း ဆိုချင်တာ… ဒါပေမယ့် Soက သဘောကျမှာထက် ရယ်လာမှာကို ကြောက်လို့…'

ကျွန်တော် စိတ်ဓာတ်ကျသွားပြီးတော့ ခေါင်းငုံ့လိုက်မိသည်။ စိတ်လွတ်ပြီး နူတ်ခမ်းသားတွေကို ကိုက်လိုက်ကာ မျက်မှောက်ကြုတ်လိုက်ကာ ဒီပြသာနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိတာကြောင့် စိတ်ဖိစီးလာသည်။

'ဘာလို့ အစ်ကိုက သီချင်းဆိုပြချင်တာလဲ'

Kaoက အတည်ပေါက်ကြီးနဲ့ မေးလာသည်။

ဒီမေးခွန်းကို ဘာလို့ ရုတ်တရက်မေးလာတာလဲဆိုတာကို နားမလည်တာကြောင့် သူ့ရဲ့မျက်နှာကို ကျွန်တော်ကြည့်လိုက်မိသည်။ ဒါပေမယ့် ကျွန်တော်က ဘာကိုမှဖုံးကွယ်မထားဘဲ အမှန်တိုင်းမေးလိုက်သည်။

'အစ်ကို့မွေးနေ့တုန်းက Soက သီချင်းဆိုခဲ့တယ်လေ…' ထိုကမ်းခြေက အဖြစ်အပျက်ကို တွေးမိတဲ့အခါမှာ ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ပါဘဲနဲ့ ပြုံးလာမိသည်။ 'အဲ့တုန်းက အစ်ကို အရမ်းပျော်ခဲ့တာ… ရင်ဘတ်ကလည်း အရမ်းခုန်နေတယ်။ ရှက်လည်း ရှက်မိတယ်။ ခံစားချက်တွေ အများကြီးရောနေတဲ့ခံစားချက်မျိုး ခံစားခဲ့ရတာ…'

'…'

'အဲ့ဒါကြောင်း အစ်ကိုလည်း Soကို အဲ့တုန်းက အစ်ကိုခံစားရသလိုမျိုး ခံစားစေချင်တယ်။ သူ့ကို အစ်ကိုပျော်ခဲ့သလိုမျိုး ပျော်စေချင်တယ်။ အစ်ကို သူလုပ်ခဲ့ပေးတာတွေအတွက် ပြန်ပြီးလုပ်ပေးချင်တယ်။ အစ်ကို အလုပ်သင်ဆင်းဖို့မသွားခင်အချိန်လေးမှာ သူ့အတွက် ကောင်းတဲ့အမှတ်တရလေးတွေကို ဖန်တီးပေးချင်တယ်'

'သူက အပတ်တိုင်း ပျံလာမှာမဟုတ်ဘူးလား'

Kaoပြောတဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ ကျွန်တော် ရယ်လိုက်မိသည်။ ဒါပေမယ့် သူ့ရဲ့ယုံကြည်ချက်ရှိတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ Soloရဲ့တစ်ပတ်တစ်ခါ လာလည်မယ်ဆိုတဲ့အကြံဥာဏ်က ဘယ်သူ့ဆီက ရလာတာလဲဆိုတာကို ကျွန်တော် အတိအကျသိလိုက်ရသည်။

'Kaoက Soကို အကြံပေးခဲ့တဲ့သူဘဲ…'

'ဘာအကြံလဲ' Kaoက မျက်လုံးအပြူးသားဖြစ်သွားပြီးတော့ ခေါင်းကိုခါကာ ငြင်းဖို့ ကြိုးစားလိုက်သည်။ 'ကျွန်တော် မဟုတ်ပါဘူးနော်…'

'အစ်ကို ခန့်မှန်းရသလောက်ဆိုရင် အစ်ကို့သူငယ်ချင်းတွေထဲက တစ်ယောက်က Soကို ပြောပြနေတာကို Kaoသိတယ်မှတ်လား'

ကျွန်တော် ပြုံးပြီးပြောလိုက်သည်။ အမှန်တိုင်းပြောရရင် ကျွန်တော့်သူငယ်ချင်းနဲ့ စကားပြောခဲ့တဲ့သူက Kaoဘဲဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အစကတည်းက ခန့်မှန်းထားပြီးသား… ဘာလို့လဲဆိုတော့ ကျွန်တော် Soloကို အလုပ်သင်ဆင်းမယ့်အကြောင်း ပြောပြတုန်းက ခပ်ပြုံးပြုံးအသံလေးနှင့်သာ ပြောနေပြီး အံ့လည်းမသြသလို… ဒေါသလည်း မထွက်… အဲ့အချိန်တုန်းက သူ့ရဲ့ပုံစံက ကြိုတင်အစီစဉ်ဆွဲပြီးသားလူတစ်ယောက်နှင့် တူနေသည်။
   
အဲ့ဒီအစီစဉ်နှင့် စကားလုံးတွေက Soloလိုလူမျိုးဆီက ထွက်လာမယ့်အရာမျိုးမဟုတ်… သူ့ကို အဲ့လိုတွေးပြီး အဲ့လိုပြောထွက်စေဖို့အတွက် တွန်းအားပေးတဲ့အရာတစ်ခုခုတော့ ရှိရမည်။

'P'Wineက ကျွန်တော့်ကို ပြောပြတာ…' သူက စကားကို ထစ်ငေါ့ထစ်ငေါ့နဲ့ပြောကာ ငြင်းလိုက်သည်။ ထိုရယ်စရာကောင်းတဲ့ပုံစံကို ကြည့်လိုက်တော့ သူက ကျွန်တော့်ပြောခဲ့တာကို ငြင်းတော့မည့်ပုံစံမျိုးဖြစ်နေသည်။ 'ဒါပေမယ့် တစ်ပတ်တစ်ခါသွားတွေ့ဖို့ကိုတော့ ကျွန်တော် ပြောခဲ့တာ မဟုတ်ဘူး'

'အဲ့ဒီအကြောင်းပြောပြတုန်းက Soရဲ့ အခြေအနေကို အစ်ကို့ကို ပြန်ပြောပြလို့ရမလား'

ကျွန်တော် သိချင်တဲ့စိတ်နဲ့ မေးလိုက်သည်။ သံသယဖြစ်လို့ မဟုတ်ပါ။ အဲ့အချိန်တုန်းက Soloဘယ်လိုတုန့်ပြန်ခဲ့လဲဆိုတာသာ ကျွန်တော် သိချင်သည်။ ပြီးတော့ ဒီမောင်ပြာတာလေးက ဘာတွေများ ဘယ်လောက်ထိလုပ်ခဲ့လို့ ခွေးပေါက်လေးက အပတ်တိုင်းလာမယ်ဆိုပြီး ဖြစ်သွားရတာလဲ။

'P'Wine ကျွန်တော့်ကို ပြောပြပြီးတာနဲ့ သူ့ကို ပြောလိုက်တာ…'

'Soက ဒေါသမထွက်ဘူးလား'

'ထွက်တယ်။ နည်းနည်းလေးဘဲ' Kaoက သူ့မျက်လုံးတွေမှိတ်ကာ ပြောလိုက်သည်။ 'သူက အဲ့နေတစ်နေ့လုံး တိတ်ဆိတ်နေပြီးတော့ တစ်ချိန်လုံး စဉ်းစားနေတဲ့ပုံစံမျိုးဖြစ်နေတာ… ကျွန်တော် စကားပြောတော့ သူက ပြန်မပြောဘူး။ ကျွန်တော် မေးပြန်တော့လည်း သူက ပြန်မဖြေဘူး'

'တကယ်ကြီးလား'

'သူ အဲ့လိုလုပ်နေလို့ ကျွန်တော်တောင် သူ့ကို ဒေါသထွက်သွားသေးတယ်'

'အဲ့ဒီတော့ Kaoဘာဆက်လုပ်လိုက်လဲ'

'အဲ့တုန်းက အဲ့ဒီစိတ်လက်တစ်ဆစ်နဲ့အကောင်က ကျွန်တော့်ကို ဆောင့်ဆွဲပြီးတော့ အရူးလို့ ဆဲတယ်လေ…' Kaoပြောနေရင်း သူ့ရဲ့သတ္တိရှိတဲ့လုပ်ရပ်တွေအတွက် ဂုဏ်ယူတဲ့အပြုံးမျိုးနဲ့ ပြုံးပြနေသည်။ 'အစကတော့ သူက ကျွန်တော့်ကို စိတ်ဆိုးနေတဲ့ပုံနဲ့ကြည့်နေတာ… ဒါပေမယ့် အဲ့အချိန်တုန်းက ကျွန်တော်က သူ့ထက် ပိုပြီးဒေါသတွေထွက်နေတာလေ… အဲ့ဒါနဲ့ သူထပ်မဆဲခင်မှာ ကျွန်တော် အရင်ပြောလိုက်တာ…'

'ဘာပြောလိုက်တာလဲ'

'မင်းက ချမ်းသာနေတာဘဲကို ဘာလို့အများကြီးစဉ်းစားနေတာလဲ။ အစ်ကိုက လာမတွေ့နိုင်ရင် မင်းကဘဲ အစ်ကို့ဆီ သွားတွေ့ပေါ့လို့ဘဲ ကျွန်တော် ပြောလိုက်တာနော်… သူ့ကို တစ်ပတ်တစ်ခါ လေယာဉ်နဲ့သွားဖို့ ပြောတာမဟုတ်ဘူး'

ဆင်ခြေပေးနေတဲ့ကောင်လေးကို ကြည့်ပြီးခေါင်းခါလိုက်မိသည်။ ထိုဆင်ခြင်ကို စဉ်းစားမိလေလေ… ရယ်ရတာပိုပြီးမောလာလေလေဖြစ်နေသည်။

'ဟုတ်ပါပြီ။ အဲ့အကြံကို Soကိုယ်တိုင်ဘဲ လုပ်ခဲ့တာပေါ့…'

ကျွန်တော် သဘောတူကြောင်းပြောလိုက်တဲ့အခါမှာ Kaoက ခေါင်းညိမ့်ပြလာပြီးတော့ စိတ်သက်သာရာရသွားတဲ့ပုံစံနှင့် ဆိုဖာကို အားရပါးရမှီပြီး ထိုင်ချလိုက်သည်။

'ဒါပေမယ့် အဲ့ဒါက မဖြစ်နိုင်ဘူးဆိုတာ Kaoသိတယ်မှတ်လား'

'အပတ်တိုင်း လေယာဉ်နဲ့စီးလာဖို့ကိုလား'

'အင်း…'

'အစ်ကို စိတ်ပူနေစရာတောင်မလိုဘူး။ အဲ့ဒါတော့ ကျွန်တော်မပြောပြရင်တောင် Soက သဘောပေါက်တယ်။ သူက သူ့စိတ်ကိုသူ အဆင်ပြေအောင် အဲ့လိုပြောနေတာ… အဲ့ဒါမှ အဲ့အချိန်ရောက်လာတဲ့အခါမှာ သူ ကောင်းကောင်းဖြတ်ကျော်နိုင်မှာလေ…'

Kaoပြောတာကို ကြားလိုက်ရတဲ့အခါမှာ စိတ်သက်သာရာရမိသွားသည်။ ခွေးပေါက်လေးက စကားနည်းတယ်ဆိုပေမယ့် စကားကိုတော့ အလေးအနက်ထားပြီး ပြောတက်တာကြောင့် ကျွန်တော် စိတ်ပူနေခဲ့တာ… လုပ်မယ်လို့ပြောခဲ့တယ်ဆိုရင် သူက တကယ်ဖြစ်အောင်လုပ်တက်သည်။ စာလေ့လာတာတွေ အလုပ်တွေကို ပစ်ပြီး ကျွန်တော့်ဆီ အပတ်တိုင်း လာတွေ့နေမှာကို ကျွန်တော် ကြောက်တာ… အစကတော့ ဒီခွေးပေါက်လေး နားလည်သဘောပေါက်စေရန် ပြောဖို့အတွက် Kaoကို အကူအညီတောင်းရလိမ့်မယ်လို့ ကျွန်တော်တွေးထားတာ… ဒါပေမယ့် Kaoပြောတာကို ကြားလိုက်ရတဲ့အခါမှာ ကျွန်တော် သတိပေးစရာပင်မလိုတော့… Soloက ကလေးဆန်တဲ့သူမျိုး မဟုတ်ရင်တောင်မှ ကလေးဘဲရှိသေးတယ်လို့ မြင်ခဲ့တာက ကျွန်တော့်ရဲ့အမှားပေါ့…

'အစ်ကို့ရဲ့လက်ဆောင်အကြောင်းကို အရင်စဉ်းစားတာပိုကောင်းမယ်'

Kaoက ကျွန်တော်တို့စပြောခဲ့တဲ့အကြောင်းအရာဆီ ပြန်သွားလိုက်တာကြောင့် ကျွန်တော် ကျောဆန့်လိုက်ပြီးတော့ သက်တောင့်သက်သာအနေအထားဖြစ်အောင် ပြင်ထိုင်လိုက်သည်။

'အစ်ကိုက Ai'Soကို မသိစေချင်ဘူးဆိုတော့ ကျွန်တော့်ကို အစ်ကိုက တစ်ချိန်လုံး လာတွေ့လို့မရသလို… ကျွန်တော်ကလည်း အစ်ကို့ဆီ လာလို့ရမှာမဟုတ်ဘူး။ ပြီးတော့လည်း စာမေးပွဲက အရမ်းနီးနေပြီ'

'ဟုတ်တာပေါ့…'

ကျွန်တော် အဲ့အကြောင်းကို မေ့နေတာဘဲ… Kaoက ကျွန်တော့်ကို သင်ပေးဖို့အတွက် ကျွန်တော်တို့နှစ်ယောက်က အမြဲတမ်းတွေ့နေရမှာ… အဲ့လိုသာတွေ့မယ်ဆိုရင် Soloက သေချာပေါက်သိသွားနိုင်သည်။

'အဲ့လိုသာဆိုရင် ပထမဆုံး တူရိယာတစ်ခုခုကို တီးမယ်ဆိုတဲ့ဟာကို အစ်ကို မေ့ထားလိုက်တော့… ဘာလို့လဲဆိုတော့ အစ်ကို့မှာ အခြေခံလည်း မရှိတဲ့အပြင် ပုန်းကွယ်ပြီးတော့ သူ မသိအောင် အချိန်အကန့်အသတ်အတွင်းမှာ လေ့ကျင့်ရမှာဆိုတော့… သူ့မွေးနေ့မတိုင်ခင်မှာ အစ်ကို လုပ်နိုင်လိမ့်လို့ မထင်မိဘူး'

'အဲ့ဒါတော့ ဟုတ်တယ်'

ကျွန်တော် သဘောတူတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်ပေမယ့် သံစဉ်မပါဘဲ သီချင်းဆိုရမှာဖြစ်တာကြောင့် ကျွန်တော်စိတ်ပူနေသလို ခံစားရသည်။

'သီချင်းဆိုဖို့ကျတော့… ကျွန်တော် ဖုန်းဆက်ပြီး သင်ပေးလို့ရသလို… အခွင့်အရေးရခဲ့ရင်လည်း Ai'Soမသိအောင် ခိုးတွေ့လို့ရတယ်'

'အင်း…'

ကျွန်တော် သဘောတူတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။

'အဲ့ဒါဆို အစ်ကို အားတဲ့အချိန်ဆိုရင် Kaoကို ဖုန်းဆက်လိုက်မယ်လေ… Soအစ်ကို့အနားမှာမရှိတဲ့အချိန်… Kaoလည်း အားတဲ့အချိန်မှာ တွေ့ကြတာပေါ့…'

'အိုကေ…'

အရာအားလုံး အေးဆေးဖြတ်ကျော်နိုင်ပါစေလို့ဘဲ ဆုတောင်းတယ်။

…_...

ဒီး…

မနားတမ်း တုန်ခါနေတဲ့ဖုန်းကို ကျွန်တော် ကောက်ကိုင်လိုက်မိသည်။ ဖုန်းစကိုင်ကတည်းက အခုအချိန်ထိ ကျွန်တော့်သူငယ်ချင်းနဲ့ Soloကလွဲရင် ကျွန်တော့်ကို ဘယ်သူမှ ဖုန်းမဆက်ဖူးတာကြောင့် ကျွန်တော် နည်းနည်းလောက် အံ့သြနေမိသည်။ ဒါပေမယ့် အခုက နာမည်မမှတ်ထားတဲ့ဖုန်းနံပါတ်ကြီး…

'Guitar…'

ကျွန်တော့်ပေါင်ပေါ်မှာ အိပ်နေတဲ့ကောင်လေးက လှုပ်လာတာကြောင့် သူအိပ်နေတာကို အနှောက်အယှက်မပေးချင်တာနဲ့ ဖုန်းကို ချက်ချင်းနှိပ်လိုက်ပြီး သူ့ရဲ့ခေါင်းလေးကို ကျွန်တော့်လက်လေးနှင့် အသာလေးပုတ်ပေးလိုက်သည်။

အလုပ်ကနေ ပြန်လာတဲ့အချိန်မှာ ဒီခွေးပေါက်လေးက ခြေကုန်လက်ပန်းကျနေတဲ့ပုံစံဖြစ်နေသည်။ သူ အိမ်ကို ပြန်ရောက်လာတာနဲ့ ကျွန်တော့်ပေါင်ပေါ်မှာ လှဲအိပ်လိုက်ပြီး Kaoကို အဆောင်ပြန်ဖို့ ချက်ချင်းမောင်းထုတ်ကာ တန်းပြီးအိပ်ပျော်သွားသည်။

Soရဲ့မျက်လုံးတွေက ပြန်ပြီးမှိတ်သွားတာကြောင့် ဒီတစ်ကြိမ်မှာတော့ ခွေးပေါက်လေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ပုံရသည်။ ကျွန်တော် လှုပ်နေတာတောင်မှ သူက လုံးဝမလှုပ်လာတော့…

ဒီး…

ကျွန်တော့်ဖုန်းကနေ ကျယ်လောင်တဲ့အသံထွက်လာတာကြောင့် ဒီနာမည်မသိတဲ့ဖုန်းကို ကိုင်ရတော့မယ်ဆိုတာကို ကျွန်တော် နားလည်လိုက်မိသည်။

'ဟယ်လို…'

[Guiလား မသိဘူး]

'ဟုတ်ပါတယ်။ အခုဖုန်းဆက်တာ ဘယ်သူလဲမသိဘူး'

[Tae… ငါ့ကို ပေးပြောဦး]

ကျွန်တော် ဘာမှမပြောရသေးခင်မှာဘဲ တစ်ဖက်ကသူတွေက ဖုန်းကို လုနေကြသည်။ ယောကျာ်းနှစ်ယောက်က ဖုန်းပြောဖို့အတွက် စကားများနေကြတဲ့အသံကို ကြားနေရသည်။ အမှန်တိုင်းပြောရရင် သူတို့တွေက ဘယ်သူတွေလဲဆိုတာ ကျွန်တော် မသိ…

'အယ်…'

[Gui! Gui… Taeနဲ့စကားပြောချင်လား။ Mokနဲ့ ပြောချင်း]

ခဏနေပါဦး… Taeနဲ့ Mokက ဘယ်သူတွေလဲဆိုတာကို ကျွန်တော် မသိ…

[ဖုန်းကို ဒီကို ယူလာခဲ့…]

ရုတ်တရက် အခြားသူတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။ အံ့သြစရာကောင်းစွာနဲ့ စောနက ရန်ဖြစ်နေကြတဲ့Taeနဲ့ Mokက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။

[Gui]

'ဟုတ်ကဲ့…'

[ငါ Jakkapadလေ… မင်း မမှတ်မိတော့ဘူးလား]

Jakkapad…

[Jakkapad? ခဏ… ဘုရင် ညီအစ်ကိုသုံးယောက်!]

ကျွန်တော် အရမ်းအံ့သြမိတာကြောင့် မမျှော်လင့်ဘဲ အသံအကျယ်ကြီး ထွက်သွားမိသည်။ ကြည့်ရတာ အသံကို အရမ်းကျယ်သွားတဲ့ပုံပင်… ပေါင်ပေါ်မှာအိပ်နေတဲ့Soloရဲ့မျက်လုံးတွေက ပွင့်လာပြီး ကျွန်တော့်ကို ကြည့်နေသည်။

[ငါတို့ကို အဲ့လို ခေါ်နေတုန်းဘဲပေါ့…]

အခြားတစ်ဖက်က ရယ်သံသဲ့သဲ့လေးကို ကျွန်တော် ကြားလိုက်ရသည်။

'Guitar…'

Soloက ကျွန်တော် ဘာဖြစ်နေတာလဲဆိုတာကို နားမလည်တာကြောင့် ကျွန်တော့်ရဲ့လက်မောင်းကို လှုပ်နေသည်။ အဲ့ဒါကြောင့် သူ့ကို ကြည့်လိုက်တဲ့အခါမှာ နီရဲနေတဲ့သူ့ရဲ့မျက်လုံးတွေကြောင့် ကျွန်တော် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ကျွန်တော် သူ့ကို သွားအိပ်ခိုင်းစေချင်ပေမယ့်လည်း ကျွန်တော့်ဖုန်းကို စိုက်ကြည့်နေတဲ့Soloကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ သူ ဒီအကြောင်းကို မသိရရင် သူ အိပ်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သိနေပြီးသား… အဲ့ဒါကြောင့် အခုပြောနေတဲ့ဖုန်းကို သူပါ နားထောင်လို့ရအောင် စပီကာဖွင့်လိုက်သည်။

[Mok… Guiနဲ့အတူတူရှိနေတဲ့လူတစ်ယောက်ရဲ့အသံကို ကြားရတယ်…]

[အင်း… ငါကောဘဲ…]

သူတို့စကားပြောနေတဲ့စကားတွေကို ကြားလိုက်ရတဲ့အခါမှာ ကျွန်တော် အသာလေး ပြုံးလိုက်မိသည်။ ကျွန်တော်နဲ့အတူတူထိုင်ပြီး နားထောင်နေတဲ့ကောင်လေးရဲ့မျက်ခုံးတွေက တစ်တန်းတည်းဖြစ်သွားကာ ဒါက ဘာကြီးလဲဆိုပြီး မေးခွန်းထုတ်နေတဲ့အကြည့်နဲ့ ကြည့်နေသည်။

[Gui နေကောင်းရဲ့လား။]

စကားထပ်ပြောတဲ့သူက Jakkapadဘဲပေါ့…

'ကောင်းပါတယ်။ ဘုရင်သုံးယောက်ကော ဘယ်လိုလဲ'

[ငါတို့လည်း ကောင်းပါတယ်။]

'ဆိုပါဦး…'

[Gui…]

'အင်း…'

[ငါတို့ ခဏလောက် တွေ့လို့ရမလား]

ဟမ်…

Solo အခု ဒေါသထွက်နေလောက်ပြီ…

…_…

Continue Reading

You'll Also Like

22.2K 510 30
Dipper is back in gravity Falls before he and Mabel go back home for the rest of high school. What will happen when dipper finds out bill is back, w...
121K 4.8K 31
As a person who's in great need of money, I have to work hard to earn for myself and my family - even working hard to make him cum. "Fuck, princess...
22.4K 652 20
[ON PAUSE] A bounty hunting ghoul is sent after a particularly odd target, but no job was too odd for him if the price tag was generous enough. Alon...
1.1K 138 20
ရည်းစားဟောင်းဆီက မင်္ဂလာဖိတ်စာအကမ်းခံရပြီနောက် "hello ကားအတူလိုက်စီးချင်လား " "ကောင်းပြီ " ထို့နောက် သေချာပေါက်အစားခံလိုက်ရတော့သည်။