OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၂၃

181 19 0
By newkhonpai

နောက်ဆုံးစာမေးပွဲနီးလာပြီဆိုတာက internအဖြစ် အလုပ်ဆင်းရဖို့နီးလာပြီဆိုတဲ့အဓိပ္ပာယ်ပင်… စာမေးပွဲကြီးပြီးသွားတဲ့အခါမှာတော့ internshipကာလအပြည့်ဆင်းဖို့အတွက် တစ်လလောက်လိုသေးတာကြောင့် ကောင်းကောင်းအနားယူလို့ရသည်။ အဲ့ဒီအားလပ်တဲ့အချိန်တွေကို Mae Yaiဆီ သွားဖို့အတွက်အသုံးချမယ်လို့ တွေးမိပေမယ့် ပြသာနာတစ်ခုပေါ်လာသည်။

ကျွန်တော်က ကျွန်တော့်စာမေးပွဲပြီးမယ့်နေ့မှာ သွားဖို့လုပ်ထားပေမယ့် Soloကတော့ သူ့ရဲ့ဖိုင်နယ်လက်တွေ့စာမေးပွဲအတွက် တစ်ပတ်လောက်လောက် ထပ်နေခဲ့ရဦးမည်။

'မျက်မှောင်ကြီးမကြုတ်ထားနဲ့လေ…'

ကျွန်တော် ပြောနေရင်းနဲ့ဘဲ မျက်မှောင်ကြုတ်ထားတဲ့ခွေးပေါက်လေးရဲ့ပါးပြင်လေး ညစ်လိုက်မိသည်။ သူ့ရဲ့မျက်နှာကတော့ တည်နေပြီး မကျေမနပ်ဖြစ်နေတဲ့ပုံကို ထင်ထင်ရှားရှားပြသနေတာ…

'စာမေးပွဲက တစ်ချိန်တည်းဖြေလို့မရဘူးလား'

'ဘယ်လို လုပ်ရမှာလဲ။ So နောက်မှ လိုက်လာလို့ရတယ်မှတ်လား'

'Guitarကို တစ်ယောက်တည်း မသွားစေချင်လို့…'

ကျွန်တော် သက်ပြင်းချလိုက်ပြီးတော့ ဘာမှမပြောဘဲနေမိသည်။ အရမ်းဝေးလံတဲ့ခရီးကို ကျွန်တော်တစ်ယောက်တည်း သွားရမှာမို့လို့ သူ ဘယ်လောက်ထိ စိတ်ပူနေမလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိသည်။ ကျွန်တော်လည်း သူ့လို ထပ်တူစိတ်ပူမိပါသည်။

'အစ်ကို အဆင်ပြေပါတယ်'

ကျွန်တော် ယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်ပေမယ့်လည်း သူက မယုံကြည်တဲ့ပုံဖြစ်နေသည်။

'Guitar…'

Soloက သက်ပြင်းချလိုက်ပြီး သူ့ရဲ့Seat Beltကို ဖြုတ်လိုက်ကာ ကျွန်တော့်အနားသို့လာပြီး ကျွန်တော့်ရဲ့Seat Beltကိုလည်း ဖြုတ်ပေးလာသည်။ ကားမှန်က အရမ်းမှောင်နေတာကြောင့် အပြင်က လူတွေက အထဲကကျွန်တော်တို့ကို မမြင်ရတာဘဲ တော်သေးသည်။

'အင်း…'

'အစ်ကိုက အခြားသူတွေကိုဘဲ စိတ်ပူပေးတက်တယ်ဆိုတာကို အစ်ကို သတိထားမိလား'

Soloက တည်ငြိမ်နေသောမျက်နှာနှင့် မေးလာသည်။ ကျွန်တော်က သူ့မျက်နှာကို ငြိမ်သက်စွာနဲ့ကြည့်လိုက်ပြီးတော့ ကျွန်တော်က အဲ့လိုလူမျိုးလားဆိုပြီးတော့ တွေးနေမိသည်။ အဲ့လူနဲ့ ပိုပြီးရင်းနှီးလာလေ… ကျွန်တော် ပိုပြီးဂရုစိုက်ပေးလေဖြစ်သည်။ ကျွန်တော်ငယ်ငယ်လေးကတည်းက သူတစ်ပါးကို တက်နိူင်သမျှ ကူညီပေးတက်သည်။ ဂေဟာမှာတုန်းက ကျွန်တော်က အကြီးဆိုတော့ အငယ်လေးတွေကို ဂရုစိုက်ပေးရတာနဲ့ အကျင့်ပါလာတာဖြစ်နိူင်သည်။

'အစ်ကို သိပါတယ်…'

'ပြီးတော့ Guitarက… ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူးဆိုတာကော သိလား'

'…'

ကျွန်တော် သူ့ကို ဘာပြန်ဖြေရမှန်းမသိတာကြောင့် ခဏတာဆွံ့အနေမိသည်။ ကျွန်တော် မဟုတ်ဘူးလို့ ပြန်ဖြေချင်ပေမယ့် ပါးစပ်က ထွက်မလာ… အဲ့ဒါကြောင့် ပြန်ဖြေဖို့ အခြားအကြောင်းအရာတွေကို ရှာလိုက်ပေမယ့် ဘာမှမရှိ…

'Guitarက ကျွန်တော့်ကို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ပြောတယ်။ အဲ့ဒါဆို Guitarလည်း… ကိုယ့်ကိုယ်ကို လျစ်လျူမရှုသင့်ဖူးလေ… ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေရှိလာပြီဆိုရင် Guitarက အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ဘဲတွေးတယ်'

Solo ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေပြီး စနောက်နေတဲ့အရိပ်အယောင်မျိုးမရှိ…

'လွန်ခဲ့တဲ့လေးနှစ်ကတည်းက Guitarက စာရယ် အလုပ်ရယ်ဘဲ လုပ်ခဲ့တယ်ဆိုတာကို မေ့နေတာလား။ အစ်ကိုက တစ်ကြိမ်တစ်ခါတောင် တစ်ယောက်တည်း ခရီးမသွားဖူးတဲ့သူလေ… အခုကျ ဒီလိုသွားရတော့မယ်ဆိုတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး စိတ်မပူဘဲနေရမှာလဲ'

'တကယ်က…'

ကျွန်တော် ကြောက်နေတဲ့အသံနှင့် ပြောမိလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ဒါပေမယ့် တည်ငြိမ်နေတဲ့ သူ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ ကျွန်တော် စိတ်ပူလာသည်။

Soloပြောတာ မှန်သည်။ ကျွန်တော်တစ်ယောက်တည်း ဘယ်ကိုမှ ခရီးမထွက်ဖူးဘူး။ ဘယ်ကားစီးရမလဲဆိုတာတောင် မသိ… ကျွန်တော်က ကိုယ့်ကိုယ်ကို လျစ်လျူမရှုတက်သော်ငြားလည်း 'ကိုယ့်ဘာသာကိုယ် လုပ်ရတာ'ကို သဘောကျတဲ့လူစားမျိုးပင်…

'တကယ်လို့ Guitarက ကားမှားစီးပြီး နေရာမှားရောက်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ အစ်ကို့ဖုန်းက အင်တာနက်လည်း မရှိဘူး။ ကျွန်တော် ဖွင့်ပေးမယ်ပြောတော့လည်း အဲ့ဒါက ဖြုန်းတီးနေတာလို့ အစ်ကိုက ပြန်ပြောတယ်'

ကျောင်းဝန်းထဲမှာ ဝိုင်ဖိုင်ရှိတာဘဲလေ…

'အစ်ကို့ကို ကျွန်တော့်စာမေးပွဲပြီးတဲ့အထိစောင့်လို့ တစ်ကိုယ်ကောင်းဆန်ဆန်ပြောချင်ပေမယ့်… Guitarက Mae Yaiနဲ့ အချိန်အကြာကြီး အတူတူရှိနေချင်တာလေ…'

ချစ်စရာကြီး…

'Guitarက အရွယ်ရောက်ပြီးသား ရင့်ကျက်တဲ့ယောကျာ်းလေးတစ်ယောက်ဆိုတာကို သိပေမယ့် ကျွန်တော် စိတ်မပူဘဲ မနေနိူင်ဘူး'

သူ စိတ်ပူပေးတာကြောင့် ကျွန်တော် တကယ်ကို ပျော်ရွင်မိသည်။

'ဝမ်းနည်းနေတဲ့မျက်နှာကြီး မလုပ်နဲ့တော့…'

ကျွန်တော် ရယ်လိုက်ပြီးတော့ သူ့ရဲ့ပါးလေးကို အသာလေးညစ်လိုက်သည်။ သူ့ကို ဝမ်းနည်းနေတဲ့မျက်နှာပုံစံမျိုးမလုပ်နဲ့လို့ ကျွန်တော်ပြောလိုက်မိပေမယ့် သူ့ရဲ့တလဲ့လဲ့တောက်ပနေတဲ့ သူ့ရဲ့မျက်လုံးတွေကို မြင်လိုက်ရတဲ့အခါမှာတော့ ပြောစရာစကားမရှိဖြစ်သွားသည်။

'အဲ့ဒါဆို…'

မျက်ခုံးတွေ အပေါ်ပင့်တင်လာပြီးတော့ နားထောင်နေတဲ့ကောင်လေးကို ကျွန်တော် ကြည့်လိုက်သည်။

'အစ်ကိုတို့ အဲ့ပြသာနာကို ဘယ်လိုရှင်းကြမလဲ'

'ဟမ်…'

'နှစ်ယောက်စလုံး win-winဖြစ်သွားအောင် အစ်ကိုတို့ ဘယ်လိုလုပ်ကြမလဲ'

ကျွန်တော့်ရဲ့မူရင်းအစီအစဉ်အတိုင်း Mae Yaiနဲ့ ကြာကြာနေဖို့လား။ ဒီခရီးနဲ့ပတ်သတ်ပြီး Soloစိတ်မပူရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော် ဘယ်လိုရွေးချယ်ရမလဲ။

'Soက ဒီကိစ္စကို ပြောခဲ့သူဆိုတော့… Soကဘဲ အဲ့ကိစ္စရဲ့အဖြေကို ရှာပေးရမယ်'

'Guitarက…' Soloက ခေါင်းလေးကို ခါလိုက်ပြီး ရယ်နေကာ ကျွန်တော့်ကို ဆွဲယူပြီး ဖက်လိုက်သည်။ 'အရမ်းချစ်စရာကောင်းတာဘဲ…'

'အစ်ကို ဘာမှမလုပ်ရသေးဘူးလေ…'

အဲ့လိုပြောလိုက်မိပေမယ့် အပြုံးတစ်ခုနှင့်အတူ ကျွန်တော်လည်း သူ့ကို ပြန်ထွေးပွေ့ထားလိုက်သည်။ ဒီလူသားလေးနဲ့ နီးကပ်လာတဲ့အချိန်တိုင်းမှာ နွေးထွေးမှုကို ကျွန်တော်ခံစားရသည်။

'ကျွန်တော်တို့ အပြင်မသွားခင်တုန်းက ကျွန်တော် Jayနဲ့ စကားပြောဖြစ်တယ်'

Soloက ကပ်ထားတဲ့ခန္ဓာကိုယ်နှစ်ခုကို ခွာလိုက်ပြီး ကျွန်တော်လုပ်နေကြပုံစံအတိုင်း သူက ကျွန်တော့်ပါးလေးကို သူ့ရဲ့လက်လေးနှင့် ပွတ်သပ်ပေးလာသည်။

'Soတို့ ဘာတွေပြောခဲ့ကြလဲ'

'Jayက အဖေနဲ့ အဆက်အသွယ်မရဘူးဆိုတော့… အခုအချိန်တွေက သူ့ရဲ့အားလပ်ရက်ဆိုပြီး သတ်မှတ်လိုက်လို့ရတယ်လို့ ပြောတယ်'

'ပြောချင်တာက…'

'Guitarက Jayနဲ့အတူတူသွားနှင့်လေ… ကျွန်တော်က အနောက်ကနေ အမြန်လိုက်လာခဲ့မယ်'

'Khun Jayအဆင်ပြေတယ်ဆိုရင် အစ်ကိုက ကိစ္စမရှိဘူး'

သူငယ်ချင်းကောင်းတစ်ယောက်ကို ရနိူင်တာကြောင့် ဒီအကြံကို မဆိုးဘူးလို့ထင်မိပြီး သဘောတူမိသည်။ ပြီးတော့လည်း Khun Jayကို အပန်းဖြေအနားယူဖို့အတွက် တစ်နေရာရာကို သွားစေချင်တာကြောင့်လည်း ပါသည်။

တုန့်ဆိုင်းမှုမရှိဘဲဖြေလာသည့် ကျွန်တော့်အဖြေကို ကြားတဲ့အခါမှာ ကျေးဇူးတင်တဲ့အပြုံးလေး ပြုံးလာပြီးတော့ ကျွန်တော့်ရဲ့နှဖူးလေးကို အသာလေးနမ်းလာသည်။ ပြီးတဲ့အခါ သူ့ရဲ့နူတ်ခမ်းတွေက ကျွန်တော့်နှဖူးလေးနှင့်ခွာလိုက်ကာ…

'စာသေချာလုပ်နော်…'

'တကယ်တော့ So ကိုယ့်ကိုယ်ကို စာကို ပိုပြီးလုပ်နော်လို့ ပြောရမှာမဟုတ်ဘူးလား'

ကျွန်တော် ရယ်လိုက်ပြီးတော့ စာသေချာလုပ်နော်လို့ ပြောလာတဲ့ကောင်လေးရဲ့ပါးပြင်နှစ်ဖက်ကို ကျွန်တော် ဆွဲညစ်လိုက်သည်။

'ကျွန်တော့်အကြောင်းပြောတာ သူဘဲဖြစ်မယ်'

Soloက တိုးတိုးလေးရေရွတ်လိုက်မိသည်။ သူပြောနေတဲ့သူက ဘယ်သူလဲဆိုတာကို မေးစရာပင်မလိုတော့… ကျွန်တော် Kaoနဲ့ တွေတဲ့အခါမှာ အဲ့ဒီမောင်ပြာတာလေးက Soloက အတန်းထဲမှာ အမြဲတမ်းအိပ်တယ်လို့ ပြောလာသည်။ ကျွန်တော် ဘယ်လိုတွေးရမလဲဆိုတာ မသိတော့… ဘာလို့လဲဆိုတော့ ညဘက်လည်း ဒီခွေးပေါက်လေးက ကောင်းကောင်းအိပ်ပျော်တာဘဲလေ…

'ကောင်းပါတယ်။ အစ်ကို့ကို ပြောပြတဲ့တစ်ယောက်ယောက်ရှိတယ်လို့ Soက ထင်တယ်ပေါ့…' ကျွန်တော် ပြုံးလိုက်ပြီးတော့ သူ့ရဲ့တုန့်ပြန်လာမယ့်ပုံစံကို စောင့်ကြည့်လိုက်မိသည်။ ဒါပေမယ့် သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကို မြင်လိုက်ရတာကြောင့် ကျွန်တော် ရှုံးသွားသလို ခံစားလိုက်ရသည်။

ခွေးပေါက်လေးက ရယ်နေပြီးတော့ ကျွန်တော်တို့ရဲ့နှာခေါင်းထိပ်လေးတွေ ထိကပ်လာတဲ့အထိ ရှေ့ကို တိုးကပ်လာသည်။

'ဒီလိုမျိုး အရမ်းကြီးမားလှတဲ့အချစ်ကြောင့် စိတ်တွေက ပုံမှန်မဟုတ်တော့တာလေ… ကျွန်တော် ဘယ်လိုလုပ်ရမလဲ'

'…'

ဘန်း!!

'Guitar!'

ကျွန်တော် မင်သက်မိသွားပြီး ကားတံခါးဖွင့်လိုက်တဲ့ကောင်လေးဘက်သို့ လှည့်ကြည့်လိုက်သည်။ ကျွန်တော်က မျက်နှာတွေ ပူနေပြီး သူကတော့ ကျွန်တော့်အနောက်ကနေ လိုက်လာသည်။

'လွယ်အိတ်ယူဖို့ မေ့တဲ့အထိ ရှက်နေတယ်ပေါ့…'

ထိုစနေတဲ့အသံလေးနှင့်အတူ သူ့ရဲ့လက်က ကျွန်တော့်လွယ်အိတ် လွယ်ထားတာကို မြင်လိုက်ရတဲ့အခါမှာ စောနက ပူနေတဲ့ကျွန်တော်က ပိုပိုပြီး ပူပူလာသည်။ ပြီးတော့လည်း…

ကျွန်တော့်မေဂျာက သူတွေရဲ့မျက်လုံးပေါင်းများစွာကလည်း ကျွန်တော်တို့ကို ကြည့်နေကြသည်။

'မင်း နောက်တယ်ပေါ့…'

ကျွန်တော့်ကို လွယ်အိတ်ကမ်းပေးနေတဲ့ကောင်လေးရဲ့ခါးကို လက်ညိုးလေးနှင့် ထိုးလိုက်သည်။ ပြီးတဲ့အခါမှာ လူတွေရဲ့အကြည့်ကို ရှောင်ချင်တာကြောင့် လွယ်အိတ်ကို ယူပြီးတာနဲ့ စာသင်ဆောင်ထဲသို့ ပြေးဝင်လိုက်သည်။

ဘယ်လိုခွေးလေးလဲ… တည်ငြိမ်တဲ့သူ့ရဲ့မျက်နှာကလွဲပြီးတော့ သူကလည်း အရှက်မရှိတဲ့သူဘဲ…

…_...

'ငါ့သူငယ်ချင်းGui… ငါတို့ဌာနအရှေ့မှာ ဘယ်လိုတောင်အကြောက်အလန့်မရှိတဲ့အပြုအမှုကို လုပ်ခဲ့တာလဲ'

ကျွန်တော် Wineရဲ့မေးခွန်းကို ပြန်ဖြေမယ့်အစား စားပွဲပေါ်မျက်နှာအပ်ကာ ရှောင်ဖို့ကြိုးစားမယ်လို့ ရွေးချယ်လိုက်မိသည်။ ပြီးတော့ ပြောစရာပင်မလို… ကျွန်တော့်ဖုန်းက ကျောင်းက ဝိုင်ဖိုင်နဲ့ အော်တိုမစ်တစ်ချိတ်ဆက်ပြီးသွားတဲ့အခါမှာတော့ စတင်ပြီး တုန်ခါလာသည်။ Admin Pageကနေ ထွက်ပြေးဖို့ ကြိုးစားမိပေမယ့် ပိုပိုပြီးပြင်းထန်စွာ စလာကြတာ…

လူတွေက ကျွန်တော်တို့အကြောင်းကို သိသွားရင် ဆူညံနေတာတွေ ရပ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ထားတာ… ဒါပေမယ့် ရပ်မယ့်အစား ပိုပြီးတော့တောင် ဆူညံလာသည်။

'ဗီဒီယိုတင်ထားတာဘဲကို… ဘာလို့သွားမေးနေတာလဲ'

'ဘယ်လို…'

Beerပြောတာကို ကြားလိုက်ရတဲ့အခါမှာ ကျွန်တော် ချက်ချင်းခေါင်းထောင်လိုက်မိသည်။ ဘာဗီဒီယိုကြီးလဲ…

'ဘာဗီဒီယိုလဲဆိုတော့ မင်း ကားပေါ်ကဆင်းပြီး အဆောင်ထဲပြေးဝင်လာတဲ့ဗီဒီယိုလေးလေ…'

သူ့ဖုန်းကို ကျွန်တော့်ကို ကမ်းပေးလာကာ ပြီတီတီအပြုံးမျိုးနှင့် ပြုံးပြနေသည်။

'ငါ အဲ့ကင်မရာကို အရမ်းလိုချင်တယ်။ အရမ်းကြည်လင် ပြတ်သားတာ… ကြည်ကြည်လင်လင်မြင်ရတဲ့ မင်းရဲ့ရှက်သွေးဖြာနေတဲ့မျက်နှာရဲရဲလေးက အသက်…'

'ဘာက အသက်…'

ကျွန်တော် သူ့ဖုန်းကိုယူပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာ အရမ်းကို ကြည်လင်ပြတ်သားတဲ့ဗီဒီယိုတစ်ခုကို တွေ့လိုက်ရသည်။ ဒါပေမယ့် ရေးထားတဲ့Captionကို ကြည့်လိုက်တဲ့အခါမှာတော့ ဒါကို ရိုက်ထားတဲ့သူက ဒီဗီဒီယိုကို ဖျက်ပေးမှာမဟုတ်ဘူးလို့ ကျွန်တော်ပြောရဲသည်။

ဒီအတွဲက အရမ်းချစ်စရာကောင်းတာဘဲ… P'Gui မျက်နှာလေးရဲပြီး ရှက်နေတာလေးက အရမ်းချစ်စရာကောင်းတယ်။ Soloကလည်း ပြုံးနေတာဘဲ…
အားးးးးးးးးး

ကျွန်တော် အဲ့ကိစ္စလိုမျိုးကို အရမ်းကြီး အရေးတယူမလုပ်တော့… Soloကလည်း အဲ့လိုကိစ္စမျိုးကို ဂရုစိုက်မှာမဟုတ်…

ပြီးတော့လည်း ခွေးပေါက်စလေးက အားရပါးရပြုံးနေတဲ့အပိုင်းပါနေတာကြောင့် ဘယ်လိုလုပ်ပြီး ဒီဗီဒီယိုလေးကို ဖျက်ပေးဖို့ သွားပြောနိူင်မှာလဲ။

'Gui ခဏနေပါဦး… အဲ့ဒါ ငါ့ဖုန်းဟ… ဘာလို့saveလိုက်တာလဲ'

ဘုတ်…

ချက်ချင်း သူ့ဖုန်းကို ပြန်ပေးလိုက်သည်။ ပြီးတော့ အခန်းထဲက အကြည့်တွေကို ရှောင်ဖို့အတွက် စောနကအတိုင်း စားပွဲပေါ် မျက်နှာအပ်လိုက်မိသည်။ ဝိုင်းကြည့်နေကြတာက သူငယ်ချင်းတချို့တလေဘဲမဟုတ်… တစ်ခန်းလုံးက လူတွေအားလုံးက စိုက်ကြည့်နေကြတာ…

ဒီလူတွေက အရာအားလုံးကို အသေသိချင်နေကြတာဘဲ… သူတို့တွေက ကျွန်တော့်ကို လှည့်မကြည့်လာဘူးဆိုရင်တောင်မှ သူတို့ရဲ့နားရွက်တွေက အင်တာနာထောင်ထားသလိုမျိုး ပြောလာမယ့်စကားတွေကို ဖမ်းယူနေသည်။

'အတည်ပြောရအောင်… အနှစ်ချုပ်အနေနဲ့ မင်းတို့ဘယ်မှာ အလုပ်သင်ဆင်းကြမှာလဲ'

Ai'Nohက အတည်ပြောတဲ့အသံနှင့် မေးလာသည်။ အဲ့ဒါကြောင့် ကျွန်တော် ပျင်းကြောဆန့်လိုက်ကာ အတည်ပြောဖို့လုပ်လိုက်သည်။ ပုံမှန်ဆို ဒီအုပ်စုက ကိစ္စတွေကို အတည်ကော နောက်ပြီးတော့ကော ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဒီခေါင်းစဉ်ရောက်လာပြီဆိုရင် အားလုံး တကယ်ကို စိတ်ဖိစီးရသည်။

'ငါက ဒီမြို့ထဲမှာဘဲ အလုပ်ရတယ်'

Ai'Wineက ပုခုံးတစ်ချက်ပင့်တင်လိုက်ပြီး ပြန်ဖြေလာသည်။ ကြည့်ရတာ သူက ကုမ္ပဏီကနေ ပထမဆုံးဆက်သွယ်လာတဲ့သူထင်တယ်။ ကျွန်တော် ရည်ရွယ်ထားတဲ့နေရာမှာ သူ လုပ်ရတော့မှာပေါ့…

'မင်းကော ရပြီလား'

ကျွန်တော် Ai'Nohဘက်ကိုလှည့်ပြီး မေးလိုက်သည်။ ဆရာက သူ့ကို ခေါ်ပြီးတော့ အဲ့အကြောင်းပြောလာတာကို သတိရလာမိသည်။

'ရပြီ…' သူ ပြောလိုက်ပေမယ့်လည်း သူ့ရဲ့မျက်နှာက ပျော်နေတဲ့ပုံမပေါ်… 'ဒါပေမယ့် Sunလုပ်မယ့်နေရာနဲ့ အရမ်းဝေးလွန်းတယ်'

'ပြောရရင် မင်းက မင်းရဲ့မိန်းမနဲ့ အရမ်းဝေးနေတာမို့လို့ စိတ်မကောင်းဖြစ်နေတာပေါ့…'

'ဟုတ်တယ်'

'Ai'Kwai!' (🐃) Ai'Wineကအော်လိုက်ပြီးတော့ သူ့ရဲ့ခေါင်းကို အပြင်းအထန်ဆွဲရမ်းလိုက်သည်။ 'Ai'Guiနဲ့ Ai'Beerက အခြားမြို့မှာလား။ သူတို့အကြောင်း စကားတစ်လုံးတောင် မစလာသေးဘူးနော်…'

'နာတယ်ဟ!'

Ai'Nohက သူငယ်ချင်းဖြစ်သူရဲ့လက်ကို ဖယ်လိုက်ကာ ဆူပုတ်ပြီးထိုင်နေသည်။ တစ်ခါတစ်လေကျရင် Sunလိုလူမျိုးက ဒီကောင်ကို ဘာလို့ကြိုက်တာလဲဆိုတာကို ကျွန်တော် သိချင်သည်။ ဒီကောင်Nohက ချောလားဆိုတော့လည်း မချောဘူး။ ချစ်ဖို့ကောင်းလားဆိုပြန်တော့လည်း ခြေထောက်နဲ့သာ အဝေးကို ပိတ်ကန်ပစ်ချင်တဲ့ရုပ်မျိုး… ဒါပေမယ့် အမှန်တိုင်းပြောရရင် Sunက ချောတယ်ဆိုတဲ့စကားကိုဘဲ ပြောနေကြ…

'ငါ့ကို မင်းအကြည့်တွေနဲ့ ကျိန်ဆဲစရာမလိုဘူး Ai'Gui'

သူ့အကြောင်းပြောတော့မယ်ဆိုတာ သူ သိနေတာကြောင့် ကျွန်တော့်မျက်နှာကို လက်ညိုးထိုးနေသည်။

'ထားပါ။ မင်းတို့နှစ်ယောက် ဘယ်မှာလုပ်ကြမှာလဲ။ ပရော်ဖက်ဆာ အကြံပြုထားတဲ့နေရာ ရှိတယ်မှတ်လား'

'ငါက သဘောတူပြီးသွားပြီ… Guiဘဲ ဆုံးဖြတ်ရတော့မှာ…'

'ဖူးခက်မှာ မှတ်လား'

အဲ့ဒါက ပြသာနာ…

လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က အလုပ်သင်ကိစ္စတွေနဲ့ပတ်သတ်ပြီး ဆက်သွယ်ရတဲ့ တာဝန်ခံပရော်ဖက်ဆာNopက ကျွန်တော်နဲ့ Beerကို လာရှာခဲ့သည်။ ဖူးခက်မှာအသစ်ဖွင့်မယ့် နိူင်ငံခြားကုမ္ပဏီတစ်ခုမှာ ကျွန်တော်တို့နှစ်ယောက်ကို အလုပ်သင်အဖြစ် သွားဆင်းစေချင်တယ်လို့ ဆရာက ပြောလာသည်။ ကြည့်ရတာ ကုမ္ပဏီဘက်ကနေပြီးတော့ ဒီကျောင်းက ကျောင်းသားတွေကို ကမ်းလှမ်းလာတာထင်သည်။ ဒီကုမ္ပဏီက ကုမ္ပဏီကြီးတစ်ခုဖြစ်တာကြောင့် ပရော်ဖက်ဆာက အဲ့ဒီအခွင့်အရေးကို လက်မလွတ်စေချင်တဲ့ပုံပင်… ကျွန်တော်နဲ့ Beerက ဌာနမှာ အမှတ်အမြင့်ဆုံးသူတွေဆိုတော့ ဦးစားပေးရွေးချယ်ခံခဲ့ရတာပေါ့…

တကယ်တော့ ကျွန်တော် အဲ့ဒါကို ငြင်းချင်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော် အလုပ်သင်ကို ဘယ်နေရာမှာမဆို လုပ်နိူင်တယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပေမယ့် ဒီနေရာက အရမ်းကို ဝေးလွန်းသည်။ ကျွန်တော် ဒီမြို့မှာ အလုပ်မရဘူးဆိုရင်တောင် Mae Yaiတို့နဲ့နီးတဲ့မြို့တစ်မြို့မှာ လုပ်ဖို့စဉ်းစားထားတာ…

ကျွန်တော် RKဆိုတဲ့ကုမ္ပဏီအကြောင်းကို အများကြီးမသိ… ကျွန်တော် သိသလောက်က ကမ္ဘာ့အဆင့်မှီ ဟိုတယ်လုပ်ငန်းစုတစ်ခုက ပိုင်တာဖြစ်ပြီး ကြည့်ရတာ ထိုင်းနိူင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ဖြန့်ကြက်ဖို့အတွက် ပင်မကုမ္ပဏီကို အဲ့နေရာမှာ လာပြီး တည်ထောင်တားတာထင်သည်။ အဲ့လိုကုမ္ပဏီကြီးက အလုပ်သင်ခေါ်ဖို့အတွက် ကိုယ်တိုင်ကမ်းလှမ်းလာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။

'မင်း အဲ့လောက်ဝေးတဲ့နေရာမှာ အလုပ်ဆင်းမယ်ဆိုပါတော့… မင်းအိမ်က လူကိုကော ဘယ်လိုလုပ်မှာလဲ'

Ai'Nohက လှည့်ကြည့်ပြီးပြောလာသည်။ အိမ်က လူဆိုတာက ကျွန်တော့်ရဲ့မိသားစုကို ပြောတာမဟုတ်ဘူးဆိုတာ သေချာတာပေါ့… ကျွန်တော့်သူငယ်ချင်းတွေအားလုံးက ကျွန်တော်က မိဘမဲ့တစ်ယောက်ဖြစ်ပြီး ခွေးပေါက်စလေးက သူနဲ့အတူတူနေဖို့ ပြောလာတဲ့အချိန်အထိ တစ်ယောက်တည်းနေခဲ့ရတယ်ဆိုတာကို သိထားပြီးသားဖြစ်သည်။

'ငါသွားမယ်ဆိုရင်… Soက နားလည်ပြီး သဘောတူမှာ…'

ဟုတ်တယ်။ Soloက နားလည်ပေးလိမ့်မယ်။ အနာဂတ်နဲ့ပတ်သတ်တာဘဲဖြစ်ဖြစ် အခုလိုကိစ္စမျိုးတွေကို ခွေးပေါက်လေးက လုံးဝကို နားလည်လက်ခံပေးလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော့်ဘာသာ စိုးရိမ်ပူပန်တာမျိုးဖြစ်လိမ့်မည်။

ဒီကမ်းလှမ်းချက်ကို ငြင်းချင်ရတဲ့နောက်တစ်ချက်လည်း ရှိသေးသည်။ Soloတစ်ယောက်တည်းကဘဲ ကျွန်တော်ရဲ့အဝေးမှာ မနေချင်တာမဟုတ်… ကျွန်တော်လည်း Soloရဲ့ဝေးရာမှာ မနေချင်တာကြောင့်ဖြစ်သည်။

'ငါတော့ စိတ်ညစ်တယ်။ Sunက ငါ့ကို သွားစေချင်ပေမယ့် မသွားချင်တဲ့သူက ငါဖြစ်နေတာလေ…' Ai'Nohက သူ့ရဲ့ကိစ္စက ကျွန်တော်နဲ့ ကွဲပြားတာမျိုးမရှိဘူးလို့ တွေးနေမိသလိုမျိုးနှင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ 'ငါ လုပ်နိူင်တာမှမရှိတာ… သည်းခံရုံဘဲရှိတော့တာပေါ့'

'သေချာတာပေါ့…'

'မင်းရဲ့လူက မသွားစေချင်ဘူးဆိုရင် မင်းဘာလုပ်မှာလဲ Gui'

အဲ့ဒါကလား…

'ငါ…'

…_...

'အဲ့လောက်ဝေးတဲ့နေရာမှာ ဘာလို့အလုပ်သင်ဆင်းရမှာလဲ'

ခွေးပေါက်စလေးရဲ့စူးရှတဲ့အသံကြောင့် ကျွန်တော် လန့်သွားသည်။ သူက ကျွန်တော်တို့ရဲ့စုံတွဲခွက်လေးကို စားပွဲပေါ် တင်လိုက်ပြီးတော့ အခန်းအလယ်မှာရှိတဲ့ဆိုဖာသို့ သွားနေတာကြောင့် ကျွန်တော့်မှာ စကားပြောခွင့်မရခဲ့ပါ။ ကျွန်တော်ကလည်း ခွက်ကို ချလိုက်ပြီးတော့ သူ့အနောက်ကနေ ခပ်သွက်သွက်လိုက်လာကာ သူ့ရဲ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။

'အစ်ကို အခုထိ မဆုံးဖြတ်ရသေးပါဘူး'

ကျွန်တော့်မှာ ကျွန်တော့်ရဲ့တကယ့်အကြောင်းအရင်းရှိနေတာတောင်မှ ဘာလို့အခြားသူတွေကို အများကြီးမတွေးစေချင်ရတာလဲဆိုတာ ကျွန်တော် နားမလည်နိူင်ဖြစ်မိသည်။

'အရင်ဆုံး ဒီမြို့ထဲက အလုပ်တွေရှာကြည့်လိုက်ပါဦးမယ်။ အဲ့နေရာက နောက်ဆုံးရွေးချယ်စရာတစ်ခုအနေနဲ့ ထားလိုက်တာပေါ့…'

'Guitar…'

Soloက ကျွန်တော့်ဘက်လှည့်ပြီးတော့ ပြုံးပြလာသည်။

'ကျွန်တော် ဘာမှမပြောရသေးဘူးလေ… အဲ့လောက်ထိ အမြန်ပြောစရာမလိုပါဘူး'

'အစ်ကိုက… Soကို အများကြီးမတွေးစေချင်လို့ပါ'

'ဒီကိစ္စကြောင့်လား'

'…'

ကျွန်တော် သူ့ရဲ့မျက်နှာကို ကြည့်လိုက်တဲ့အခါမှာ သူကပါ ကျွန်တော့်ကို စိုက်ကြည့်နေတာကြောင့် နောက်ဆုံးတော့ အရှုံးပေးလိုက်ပြီး အမှန်အတိုင်းပြောလိုက်သည်။

'အစ်ကို Soနဲ့ မဝေးတဲ့နေရာမှာ မနေချင်လို့…'

'ကျွန်တော်ကောဘဲ မနေချင်ပါဘူး' Soloက ခပ်ပါးပါးလေးပြုံးလာကာ မျက်လုံးတွေကို မှိတ်လိုက်ပြီး သက်ပြင်း ခပ်တိုးတိုးလေးချလိုက်ကာ… 'ဒါပေမယ့်လည်း ကျွန်တော် နားလည်ပါတယ်'

'So…'

'တကယ်လို့ အဲ့နေရာက စိတ်ဝင်စားစရာမကောင်းဘူးဆိုရင် Guitar အဲ့အကြောင်းကို ဆက်စဉ်းစားနေမှာမဟုတ်တော့ဘူးလေ… ဒါပေမယ့် အခုလို ဆက်စဉ်းစားနေတာဆိုတော့ အဲ့နေရာက နေရာကောင်းတစ်ခုဖြစ်လိမ့်မယ်။ ဟုတ်တယ်မှတ်လား'

'အင်း…'

ကျွန်တော် ချက်ချင်းပြန်ဖြေလိုက်ပြီးတော့ သူ့ရဲ့လက်ကိုယူပြီး ကျွန်တော့်ရဲ့ပေါင်ပေါ် တင်လိုက်ကာ…

'အစ်တိုတို့ရဲ့ပရော်ဖက်ဆာက အစ်ကိုနဲ့ Beerကို အဲ့နေရာမှာ သွားလုပ်စေချင်တာ… အဲ့ကုမ္ပဏီက ထိုင်းမှာ အသစ်လာဖွင့်မယ့် နိူင်ငံခြားကုမ္ပဏီကြီးတစ်ခုလေ… ပြီးတော့လည်း အရေးပါတာတစ်ခုက အဲ့ဒါက ပင်မကုမ္ပဏီဖြစ်လာမယ့်ပုံဘဲ… အဲ့ဒါကြောင့် အလုပ်သင်တွေကို သူတို့ဘက်ကနေ လာလုပ်ဖို့ ကမ်းလှမ်းရတာလဲဆိုတာကို အစ်ကို နားမလည်နိူင်ဖြစ်နေတာ… တကယ်လို့ အဲ့နေရာမှာသာ အလုပ်သင်ဆင်းခဲ့ရင် အလုပ်ရှာရတာပိုပြီး လွယ်သွားပြီ'

Soloကတော့ တိတ်ဆိတ်နေသည်။ သူက သူ့ရဲ့မျက်လုံးတွေက ကျဉ်းထားတာကြောင့် တစ်ခုခုကို စဉ်းစားနေပုံရသည်။ သူ့ရဲ့ကျဉ်းလာတဲ့မျက်လုံးတွေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် သူ့ရဲ့လက်လေးကို လှုပ်ပြီးတော့ ဆက်ပြောလိုက်သည်။

'ဒါပေမယ့် အစ်ကို အဲ့မှာလုပ်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ အစ်ကို အဲ့လောက်ထိ ဝေးတဲ့နေရာမှာ အလုပ်မလုပ်ချင်ဘူး။ အစ်ကိုက ဒီမြို့မှာဘဲ ဒါမှမဟုတ် Mae Yaiနဲ့နီးတဲ့မြို့လေးမှာဘဲ အလုပ်လုပ်ချင်တာ…'

'ကျွန်တော် နားလည်ပါတယ်'

'ဒါပေမယ့် အစ်ကိုက…'

'Guitar…' Soloရဲ့အသံက နူးညံ့နေပေမယ့် အတည်ပြောနေတယ်ဆိုတာကို သိသာစေသည်။ 'ကျွန်တော် တကယ်နားလည်ပါတယ်…'

'…'

'ပုံမှန်ဆို အစ်ကိုက တည်ငြိမ်တဲ့သူတစ်ယောက်ပါ။ အခုမှ ဘာလို့ အရမ်းကမန်းကတန်းဖြစ်နေရတာလဲ'

ကျွန်တော် လန့်သွားတယ်လို့ ခံစားလိုက်ရတာကြောင့် စိတ်ထွေးစွာနဲ့ မမျှော်လင့်ပါဘဲနှင့် သူ့ရဲ့လက်ကို ညစ်လိုက်မိသည်။ သူသိနေပြီးသားကို ဘာလို့ထပ်မေးရတာလဲ။

'Soက အစ်ကို့အတွက် အရေးပါတဲ့သူတစ်ယောက်မို့လို့လေ…'

'အင်း…' Soloက ရယ်လာပြီးတော့… 'Guitarကလည်း ကျွန်တော့်အတွက် အရေးပါတဲ့သူတစ်ယောက်ဘဲ…'

'…'

'ကျွန်တော် နားလည်တယ်လို့ ပြောပြီးပြီလေ… Guitar အဲ့ကိုသွားပြီး အလုပ်သင်ဆင်းချင်နေတယ်ဆိုုတာကို ကျွန်တော် သိတယ်။ အဲ့ဒါက အခွင့်အရေးကောင်းတစ်ခုဆိုရင် ကျွန်တော် မတားမှာ မဟုတ်ဘူး။ အစ်ကို့ရဲ့ပရော်ဖက်ဆာကို အဲ့မှာ သွားပြီးလုပ်ပါမယ်လို့ သဘောတူလိုက်…'

ကျွန်တော် ပြုံးလိုက်ပြီးတော့Beerပြောခဲ့တဲ့စကားတွေကို ပြန်သတိရလာသည်။ သူ ပြောပြနေသလိုမျိုး ပြန်ကြားယောင်လာသည်။

'မင်းရဲ့ဘေးနားမှာ မင်းကို နားလည်ပေးနိူင်တဲ့သူတစ်ယောက်ရှိနေတာမို့လို့ မင်း ပျော်ရွင်နေသင့်တယ်။ မင်းကို အဝေးမှာ နေခွင့်ပြုဖို့အတွက် သူ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရလဲဆိုတာ မင်း တွေးကြည့်လိုက်… အဲ့ဒါကို မင်းသိလာရတဲ့အချိန်မှာ အရမ်းကြီး တွေးတောမနေဘဲ မင်းရဲ့ရည်မှန်းချက်ကို မင်း တက်နိူင်သမျှ အကောင်းဆုံးကြိုးစားပြီး လုပ်လိုက်…'

သူက ကျွန်တော့်ကို သွားစေချင်တာမျိုးမဟုတ်ပေမယ့်လည်း သူက ကျွန်တော့်ကို နားလည်ပေးခဲ့သည်။ အဲ့ဒါကြောင့် အဲ့လိုဆုံးဖြတ်ခဲ့တဲ့သူ့ကို စိတ်မပျက်စေရအောင် ကျွန်တော် အကောင်းဆုံးကြိုးစားပြီး လုပ်ရမည်။

ကျွန်တော်တို့ အချိန်မရွေး ပြန်လာပြီးတွေ့ကြမည်။

'So… Soအဆင်ပြေတယ်ဆိုတာ သေချာတယ်နော်…'

ကျွန်တော် ယုံကြည်ချက်မရှိသလိုနှင့် ထပ်မေးလိုက်တော့ Soloရဲ့မျက်နှာက စွပ်စွဲခံရတဲ့တရားခံတစ်ယောက်ရဲ့မျက်နှာပုံစံသို့ ပြောင်းသွားပြီး ကျွန်တော့်ရဲ့ပါးတွေကို ဆွဲညစ်နေသည်။

'ကျွန်တော်က ကလေးမှ မဟုတ်တာ… အဆင်ပြေပါတယ်'

ဒါပေမယ့် မင်းက ကလေးဘဲလေ…

'ဒါနဲ့ ကျွန်တော်က အစ်ကို့ကို မသွားရဘူးလို့ပြောရင် အစ်ကို ဘယ်လိုလုပ်မလဲ'

ကျွန်တော့်ရဲ့မျက်နှာကို ကြည့်ပြီး ပြန်ဖြေလာမယ့်အဖြေကို စောင့်နေတဲ့ကောင်လေးကို မြင်လိုက်ရတာကြောင့် ကျွန်တော် အသာလေးပြုံးလိုက်သည်။ သူငယ်ချင်းတွေနဲ့တုန်းက ရှင်းရှင်းလင်းလင်းပြောခဲ့တဲ့အဖြေကို အခု ဒီလူသားလေးရဲ့အရှေ့မှာ ဖြေသင့်တယ်လို့ ကျွန်တော် ခံစားမိသည်။

'အစ်ကို မသွားတော့ဘူးလေ…'

'…'

'အလုပ်သင်တစ်ယောက်က အလုပ်နေရာတွေကို ရှာလို့ရတယ်။ အဲ့နေရာလောက် အကောင်းကြီးမဟုတ်ရင်တောင် နာမည်ကောင်းရှိတဲ့ကုမ္ပဏီတွေက အများကြီးရှိသေးတာဘဲ… ပြီးတော့ အစ်ကိုက ဒီလောက်တော်နေတာကို ဘယ်သူက အစ်ကို့ကို လက်မခံဘဲနေမှာလဲ' နားထောင်နေတဲ့ကောင်လေး ရယ်နေတာကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော်ပါ ရယ်လိုက်မိသည်။ ကျွန်တော့်ရဲ့ခံစားချက်တွေက ပြောစရာမလိုအောင် ကောင်းနေပြီ… 'ဒါပေမယ့် ဒီခွေးပေါက်လေးကတော့…'

'ဟမ်…'

'အသစ်ထပ်ရှာလို့ မရဘူးလေ…'

ဘာလို့လဲဆိုတော့ အစကတည်းက ကျွန်တော်က အဲ့နေရာမှာလုပ်ဖို့ တွေးထားတာမဟုတ်… အခြားအလုပ်သင်ဆင်းလို့ရမယ့်နေရာကို ရှာရတာက ခက်ခဲတာမျိုးမဟုတ်ပါ။ အဲ့မှာသာ အလုပ်သင်ဆင်းခွင့်ရမယ်ဆိုရင် အလုပ်ကောင်းကောင်းရနိူင်မယ့် အခွင့်အရေးက ပိုများသည်။ ဒါပေမယ့် အခြားနေရာတွေမှာ အလုပ်သင်ဆင်းမယ်ဆိုလည်း အလုပ်ကောင်းကောင်းရနိူင်တယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်သည်။

ဒါပေမယ့် ဒီခွေးပေါက်လေးက ကျွန်တော့်အတွက် တစ်ဦးတည်းသောသူဘဲလေ…

အကျိုးအကြောင်းမသင့်လျော်တဲ့ အကြောင်းပြချက်တွေပေးပြီး မသွားပါနဲ့လို့ ကလေးဆန်ဆန်ပြုမှုလာခဲ့ရင်… ကျွန်တော် သူ့ကို မရှင်းပြခင်ကတည်းက သူက သဘောမတူဘူးလို့ ပြောလာခဲ့ရင်… အရာအားလုံးထက် ဒီလူသားလေးကိုဘဲ ကျွန်တော် ရွေးချယ်ဖို့အတွက် စိတ်ထဲမှာ အဆင်သင့်ဖြစ်နေပြီးသား…

'တစ်ခုတော့ရှိတယ်။ အစ်ကို အလုပ်လက်မဲ့ဖြစ်သွားရင်တော့ Soကဘဲ အစ်ကို့ကို ကျွေးမွေးရမှာနော်…'

ကျွန်တော်က နောက်ပြီးပြောလိုက်မိပေမယ့် နားထောင်နေတဲ့ကောင်လေးကတော့ သူ တကယ် အဲ့လိုလုပ်ပါမယ်ဆိုတဲ့ပုံစံနှင့် ခေါင်းကို တွင်တွင်ညိမ့်ပြနေသည်။

'အင်း… ကျွန်တော်က Guitarကို အိမ်မှာဘဲ နေစေချင်တာ…'

'အစ်ကိုက နောက်နေတာ… ဒါကို အတည်ကြီးမယူနဲ့လေ…'

ခွေးပေါက်လေးက ကျွန်တော်ပြောတဲ့စကားတွေကို အတည်မှတ်ယူကာ အလုပ်လုပ်ခွင့်မပေးတော့ဘဲ တံခါးသော့ခတ်ပြီးထားထားမှာကို ကြောက်တာကြောင့် အမြန်ပြန်ဖြေလိုက်မိသည်။ သူ့ရဲ့ပုံစံက တည်ငြိမ်နေတဲ့ပုံဖြစ်ပေမယ့် သူ ဒါကို အတည်ကြီးတွေးတောနေတယ်ဆိုတာ ထင်ထင်ရှားရှားပင်…

'ကျွန်တော်လည်း နောက်တာပါ'

အမ်… သူ့ရဲ့မျက်နှာက စနေတဲ့ပုံနဲ့မတူပါဘူး။

ကျွန်တော်တို့ ထိုင်ပြီးတော့ စကားတွေ ပြောဖြစ်ကြသည်။ ကျွန်တော်တို့ ပျင်းရိမှုမရှိဘဲ ဘာလို့ နေ့တိုင်းစကားပြောနိူင်ရတာလဲဆိုတာ ကျွန်တော်တို့မသိ… မနက်တိုင်း အိပ်ယာကနေ ကျွန်တော်တို့ နိူးလာတာနဲ့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မြင်တွေ့ရသည်။ အတန်းထဲသွားတဲ့အခါမှာ ခဏလောက်လမ်းခွဲရသည်။ ပြီးတဲ့အခါ ကျွန်တော်တို့ ညနေအစောပိုင်းအချိန်လေးမှှာ ထပ်တွေ့ကြသည်။ ထပ်ပြီးတော့ ကျွန်တော် နားလည်လိုက်ရတာက…

အဲ့ဒါတွေက သေးငယ်တဲ့ပျော်ရွင်မှုလေးတစ်ခုဖြစ်ပေမယ့် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်သည်။

'အဲ့ဒါဆို Soက အစ်ကို့ကို မလွမ်းဘူးပေါ့…'

အဖြေကို သိနေပြီးသားဖြစ်တာတောင် ကျွန်တော် စနောက်ပြီး မေးလိုက်မိသည်။

ခွေးပေါက်စလေးရဲ့နူတ်ခမ်းထောင့်နားလေးက အသာလေးကွေးတင်လာပြီးတော့ တောက်ပတဲ့မျက်လုံးတွေနှင့် ကျွန်တော့်ကို ကြည့်နေသည်။

'အစ်ကို့ကို လွမ်းမှာပေါ့…'

'…'

'ဒါပေမယ့် ကျွန်တော်က ချမ်းသာတယ်လေ…'

'…'

'ဘာမှမလုပ်ဘဲ ဒီအတိုင်းထိုင်တွေးပြီး အစ်ကို့ကို လွမ်းနေရအောင် ကျွန်တော်က တုံးအနေတဲ့သူမှမဟုတ်တာ…'

…_…

Continue Reading

You'll Also Like

763 101 6
This is not my own story. This a fan translation. Credits to original author. And I got premission from English translator. English name-The Dog I Pi...
20.7K 1.7K 121
Credit respectfully to original artist-jkjkjk9217 (Joe Kotlyar) original artist ig acc-jkjkjk9217 JUSTINဆိုတဲ့ကောင်လေးဟာလူသိခံလို့မရတဲ့လျှို့ဝှက်ချက်...
113K 6.8K 28
all was golden in the sky when the day meets the night。 a jikook fanfic. ©GODJINIE
1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...