OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

21.4K 1.5K 45

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၂၂

211 20 0
By newkhonpai

ဒီဓာတ်လှေကားတွေက လိုအပ်တာထက်ပိုပြီး ကြီးမားကျယ်ပြန့်နေတယ်လို့ ကျွန်တော် တွေးဖူးသည်။ အထူးသဖြင့် Solo ကျွန်တော့်ကို နေ့တိုင်းခေါ်သွားနေကြ VIPဓာတ်လှေကားပေါ့…

ဒါပေမယ့် ဒီနေ့မှာတော့ အရမ်းကျဉ်းကြပ်နေပြီး ခြေချစရာမရှိတော့ဘူးတောင် ထင်နေမိသည်။ စောနက ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် အခုအချိန်မှာ ကသိကအောက်နှင့် နေရခက်တဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်နေသည်။

Soloက ဓာတ်လှေကားအတွင်းဘက်ထောင့်နားလေးမှာ ရပ်နေသည်။ သူ့ရဲ့ဘေးမှာက ကျွန်တော်… သူ့ရဲ့မျက်နှာက စောနကအတိုင်း မပြောင်းလဲဘဲ အေးစက်စက်ပုံစံဖြစ်နေပြီး သိပ်အခြေအနေမကောင်းတဲ့အငွေ့အသက်တွေ ထုတ်လွှင့်နေတယ်လို့ ကျွန်တော် ခံစားလာရသည်။ ဓာတ်လှေကားရဲ့တစ်ဖက်ခြမ်းမှာတော့ Khun Jayက ဓာတ်လှေကားနံရံကို မှီပြီး တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။ ကျွန်တော်က သူတို့နှစ်ယောက်ကြားထဲမှာ ရပ်နေတဲ့ကြားလူဖြစ်နေသည်။

အမှန်တိုင်းပြောရရင် အခုလိုမျိုး ကမောက်ကမအဖြစ်အပျက်ကြီးကြောင့် ကျွန်တော် ဘာမှမပြောနိူင်ဘဲ ဆွံ့အနေမိသည်။

'အစ်ကို ဘယ်အထပ်မှာနေမှာလဲ မသိဘူး'

ကျွန်တော် တိတ်ဆိတ်မှုကို ဖြိုခွဲတဲ့အနေနဲ့ Khun Jayကို မေးလိုက်မိသည်။ ကျွန်တော်တို့နဲ့ အထပ်အတူတူဘဲလို့တော့ ပြောလာရင် ဒါက အမှန်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့အထပ်တစ်ခုလုံးက ခွေးပေါက်စလေးရဲ့သီးသန့်နေရာဖြစ်ပုံရသည်။ ကျွန်တော်တို့အခန်းရဲ့မျက်နှာချင်းဆိုင်မှာ အခန်းတစ်ခုရှိတယ်ဆိုပေမယ့် လူနေတာကို မတွေ့ရဘူး။

'အောက်ထပ်မှာပါ' သူက လှည့်လာပြီးတော့ ခပ်မှိန်မှိန်အပြုံးလေး ပြုံးပြလာသည်။ ဓာတ်လှေကားက သူနေတဲ့အထပ်သို့ ရောက်တဲ့အခါမှာတော့ တံခါးက ပွင့်သွားသည်။ 'ဒီအထပ်လေ…'

'ဘာလို့ ဒီကို ပြန်လာတာလဲ' ကျွန်တော်တစ်ယောက်တည်း ရပ်တန့်သွားတာမဟုတ်… ဓာတ်လှေကားထဲကနေ ထွက်ဖို့လုပ်နေတဲ့ Khun Jayရဲ့ခြေလှမ်းတွေကလည် ရပ်တန့်သွားပုံရသည်။ ပြီးတဲ့အခါ သူက အနောက်သို့ လှည့်လာပြီးတော့ ကျွန်တော့်ဘေးနားက Soloရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။

'ကျွန်တော့်ကို အမိန့်ပေးလိုက်လို့ ပြန်လာရတာပါ…' သူက ညင်ညင်သာသာလေး ပြောလိုက်တာကြောင့် ကျွန်တော် Soloကို လှည့်ကြည့်လိုက်တဲ့အခါမှာ Soloက သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်တဲ့အနေနဲ့ အံကြိတ်ထားတာကို တွေ့လိုက်ရသည်။ Soloက တဖြည်းဖြည်းနဲ့ ဒေါသရိပ်တွေ ထွက်လာတာကိုဘဲ ကျွန်တော် မြင်နေရသည်။

'ကျွန်တော် မလုပ်…'

'ထွက်သွားစမ်းပါ'

'So…'

ကျွန်တော် သူ့ရဲ့နာမည်လေးကို ခေါ်လိုက်ကာ သူ့ရဲ့လက်လေးကို အသာလေးဆုတ်ကိုင်လိုက်ပြီး Khun Jayဘက်သို့ လှည့်ကြည့်လိုက်သည်။ Khun Jayကတော့ ကျွန်တော့်ကို ခေါင်းညိမ့်ပြီးတော့ ပြုံးပြကာ ဓာတ်လှေကားထဲကနေ ထွက်သွားသည်။

ကျွန်တော့်အနောက်က တိတ်ဆိတ်ငြိမ်သက်နေတဲ့ကောင်လေးရဲ့လက်ကိုဆွဲကာ ခေါ်သွားလိုက်သည်။ ကျွန်တော်တို့ ကွန်ဒိုထဲ ရောက်တဲ့အချိန်ထိတောင် သူက တိတ်ဆိတ်ငြိမ်သက်နေတုန်း…

'အစ်ကိုတို့ ဘာစားကြရင်ကောင်းမလဲ'

ပုံမှန်အနေအထားဖြစ်အောင် ကြိုးစားဖို့အတွက် ကျွန်တော့်ရဲ့လွယ်အိတ်တွေ၊ ဘာတွေ ချပြီးလိုက်တာနဲ့ ချက်ချင်းတန်းမေးလိုက်သည်။

'ဘာဘဲဖြစ်ဖြစ်ရပါတယ်'

Soloရဲ့အသံက ဘာမှမဖြစ်ထားတဲ့အသံလိုမျိုး နူးနူးညံ့ညံ့လေး ပြန်ဖြေလာသည်။ ဒါပေမယ့် ဒါက ပုံမှန်မဟုတ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတာပေါ့… ဘာလို့လဲဆိုတော့ ပုံမှန်ဆိုု ကျွန်တော်တို့ အိမ်ပြန်ရောက်တာနဲ့ ခွေးပေါက်လေး ပထမဆုံးလုပ်တဲ့အရာက ကျွန်တော့်ကို ဖက်တာ… မဟုတ်ရင် သူ့ကို ဖက်ခိုင်းတာ… ဒါပေမယ့် ဒီတစ်ခါမှာတော့ သူက အိမ်ပြန်ရောက်လာတာနဲ့ မှန်ပြတင်းပေါက်ထောင့်နားသို့ တန်းသွားနေတာကြောင့် ဒါက ပုံမှန်မဟုတ်ဘူးလို့ ကျွန်တော်ပြောနိူင်တာဖြစ်သည်။

မှန်ပြတင်းပေါက်နားမှာ ရပ်နေတဲ့ကောင်လေးရှိရာသို့ ကျွန်တော် သွားလိုက်သည်။ ဘာမှမခံစားရပါဘူးလို့ ကြိုးစားပမ်းစားနဲ့ ဟန်ဆောင်နေတဲ့ကောင်လေးရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ သက်ပြင်းချလိုုက်မိသည်။ သူ တွေးပြီး ခံစားနေတာက ဘာမှမဖြစ်ပေမယ့် သူ့ရဲ့မူမမှန်တဲ့အပြုအမှုတွေက ကျွန်တော့်ရဲ့နှလုံးသားကို နာကျင်စေသည်။

ကျွန်တော် Soloအရှေ့မှာ ရပ်လိုက်သည်။ သူက ဘာမှမပြောလာပေမယ့် အပြင်ကိုငေးနေတဲ့ သူ့ရဲ့မျက်လုံးတွေက ကျွန်တော့်ဆီ ရောက်လာသည်။ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ သူ့ရဲ့မျက်ဝန်းတွေက အားနည်းနေသည်။

'Guitar…'

ကျွန်တော့်ထက် အရပ်ပိုရှည်တဲ့ကောင်လေးရဲ့လည်ပင်းနားကို ကျွန်တော် မှီလိုက်ပြီး ကျွန်တော့်ရဲ့လက်တစ်ဖက်ကိုု အသုံးပြုကာ သူ့ရဲ့ခေါင်းလေးကို ကျွန်တော့်ပုခုံးပေါ်သို့ အသာလေးတွန်းတင်လိုက်သည်။ သူ့ကို နှစ်သိမ့်ပေးတဲ့သဘောအနေနှင့် ကျန်တဲ့လက်တစ်ဖက်ကို အသုံးပြုကာ သူ့ရဲ့ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်သည်။

ကျွန်တော် ဘာမှမပြောဘဲ စောင့်နေမိသည်။ သူ အရင်စပြောလာမယ့်အချိန်ကိုပေါ့…

Solo ဒီအတိုင်း ရပ်နေပေမယ့် ခဏအကြာမှာတော့ သူ့ဆီက ရယ်သံခပ်တိုးတိုးလေး ထွက်လာခဲ့သည်။ ပြီးတဲ့အခါမှာ ကျွန်တော့်လည်ပင်းထောင့်နားလေးသို့ သူ့ရဲ့မျက်နှာလေးကို သိုဝှက်ပြီး ဖိကပ်လိုက်တာကြောင့် သူ့ရဲ့ပူနွေးနေတဲ့ ဝင်လေထွက်လေကို ကျွန်တော် ခံစားနေရသည်။ သူ့ရဲ့လက်တွေကလည်း ကျွန်တော့်ရဲ့ခါးကို ဆွဲယူကာ သူနဲ့ ပိုနီးကပ်အောင် လုပ်လိုက်သည်။

'Guitarကို ကျွန်တော် ဘယ်တော့မှ မနိူင်ပါဘူးဗျာ…'

'Soက အစ်ကို့ကို နိူင်ပါတယ်နော်…'

ကျွန်တော် ရယ်လိုက်ပြီးတော့ သူ့ကို ဖက်ထားတာတွေ ခွာလိုက်ကာ သူ့သဘောကျတဲ့ဆိုဖာသို့ သူ့ကိုပါ ခေါ်သွားပြီး ထိုင်လိုက်သည်။ ခွေးပေါက်စလေးက နည်းနည်းလောက် စိတ်ပြေလျော့သွားနေပြီလို့ ကျွန်တော် မြင်မိသည်။ ကျွန်တော် ဆိုဖာပေါ်မှာ ထိုုင်လိုက်တာနဲ့ ချက်ချင်းဆိုသလို ကျွန်တော့်ပေါင်ပေါ်သို့ သူ လှဲအိပ်လာသည်။

ခွေးပေါက်လေးက ကျွန်တော့်ရဲ့မာကျောတဲ့ပေါင်ကို နူးညံ့တဲ့ခေါင်းအုံးတစ်ခုလို မှတ်ယူပြီး အသုံးချနေသည်။ ကျွန်တော့်ပေါင်က သူ့ကို ဘာတွေများ ဆွဲဆောင်ထားလဲဆိုတာတော့ ကျွန်တော် တကယ်မသိပါ။

'ဘယ်က စပြောရမလဲဆိုတာ ကျွန်တော် မသိဘူး'

'Soနဲ့ Khun Jayတို့အကြောင်းကို အစ်ကို့ကို အရင်ဆုံးပြောပြလေ…'

'Guitarက နားထောင်ချင်လို့လား'

'အစ်ကိုက Soအကြောင်းမှန်သမျှကို နားထောင်ချင်တာ…'

သူကိုယ်တိုင် ထုတ်ပြောဖို့အတွက် အဆင်ပြေစေမယ့်အကြောင်းအရာမှန်သမျှကိုပေါ့…

'Jayက ဘယ်ကလာတာလဲဆိုတာ ကျွန်တော် မမှတ်မိဘူး'

Soloက တည်ငြိမ်စွာနဲ့ စပြောလာသည်။

'ကျွန်တော့်အမေအပြင် နောက်ထပ်သိတာဆိုလို့ ကျွန်တော့်မှာ Jayတစ်ယောက်တည်းဘဲရှိတာ… ကျွန်တော်က Jayကို မိသားစုဝင်တစ်ယောက်လို ချစ်တယ်။ ကျွန်တော့်အမေကလည်း သူ့ကို အများကြီးချစ်တယ်'

'Khun Jayရဲ့အသက်က ဘယ်လောက်ရှိပြီလဲ'

'ကျွန်တော့်ထက် ဆယ်နှစ်လောက်ကြီးတယ်'

အဲ့ဒီသူက အသက်သုံးဆယ်လောက်ရှိနေပြီဆိုတာကို မယုံကြည်နိူင်သလိုဖြစ်မိတာကြောင့် ကျွန်တော့်မျက်လုံးတွေ အပြူးသားဖြစ်သွားသည်။ ဘာလို့လဲဆိုတော့ သူ့ကိုကြည့်ရတာ ကျွန်တော့်ထက် နည်းနည်းလောက်ဘဲ ကြီးမယ့်ပုံနေတာကြောင့်ဖြစ်သည်။

'Guitarသာ ကျွန်တော့်အဖေကို မြင်ရင် အဲ့ထက်ပိုပြီးရှော့ရလိမ့်မယ်'

Soloက ပြုံးနေပြီးတော့ ကျွန်တော့်နူတ်ခမ်းထောင့်နားလေးကို သူ့ရဲ့လက်ညိုးလေးနှင့် အသာလေးထိုးနေသည်။

'Khun Jayက Soရဲ့အဖေဆီ ပြန်သွားခဲ့တယ်လို့ Soပြောခဲ့တယ်မှတ်လား'

ကျွန်တော့်ပေါင်ပေါ်မှာ လှဲနေတဲ့ကောင်လေးရဲ့ခေါင်းကို အသာလေးဖွပေးလိုက်သည်။ ခွေးပေါက်လေးရဲ့ပုံစံက ပိုပြီးစိတ်ပြေလျော့သွားတဲ့ပုံပင်… ကျွန်တော် အခုလို လုပ်ပေးနေတာကို Soloက သက်တောင့်သက်တာနဲ့ ငြိမ်ခံနေတဲ့ပုံကို ကျွန်တော် မြင်လိုက်တိုင်းမှာ သူ့ရဲ့ပုံက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးခွေးပေါက်လေးနှင့် တူလာသည်။

'အမေ ဆုံးသွားတဲ့အခါမှာ ကျွန်တော်က Jayနဲ့ဘဲ နေတာများလာတယ်။ Jayက ကျွန်တော့်ကို အဆင်ပြေသွားမှာပါလို ပြောပြီး အမြဲတမ်းဖက်ပေးတယ်။ ကျွန်တော်နဲ့ အမြဲရှိနေပေးတယ်'

ခပ်ပါးပါးလေးပြုံးလိုက်ပြီးတဲ့အချိန်… မျက်တောင်တစ်ခက်စာ အချိန်လေးအတွင်းမှာ ဟန်ဆောင်နေတဲ့အပြုံးမျိုး ဖြစ်သွားသည်။

'ဒါပေမယ့် နှစ်နှစ်ကြာတဲ့အခါမှာတော့ သူက ကျွန်တော့်ကို ထားခဲ့ပြီးတော့ အဖေ့ဆီကို ပြန်သွားခဲ့တယ်။ ကျွန်တော် သူ့ကို တောင်းပန်ခဲ့တယ်။ သူ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူက နောက်ကို တစ်ချက်မှ ပြန်လှည့်မကြည့်လာဘူး'

'Soအဖေရဲ့ အမိန့်ကြောင့်လား'

'ထင်ရတာဘဲ… ကျွန်တော် အရမ်းပင်ပန်းခဲ့ရတာ… ကျွန်တော် သူ့ကို မသွားပါနဲ့လို့ ပြောခဲ့တယ်။ အဖေက ဘာမှမလုပ်လာအောင် ကျွန်တော် လုပ်ပေးမယ်လို့လည်း ပြောခဲ့တယ်။ ဒါပေမယ့် Jayက လက်မခံခဲ့ဘူး'

သူ့ရဲ့မျက်လုံးတွေက တင်းမာလာပြီးတော့ နူတ်ခမ်းတွေကို တင်းနေအောင်စိကာ အံကြိတ်ထားသည်။

'ကျွန်တော်နဲ့အတူတူ လာနေပေးရတာကလည်း အဖေ့ရဲ့အမိန့်ကြောင့်လားဆိုတာတောင် ကျွန်တော် မသိဘူး။ ကျွန်တော်…'

'So…' ကျွန်တော် စကားဖြတ်ပြောလိုက်ပြီးတော့ အေးစက်နေတဲ့ကောင်လေးကို ကြည့်ပြီးပြုံးပြလိုက်သည်။ သူက ကျွန်တော့်ကို မော့ကြည့်လာတဲ့အခါမှာ တင်းမာနေတဲ့သူ့ရဲ့မျက်နှာလေးက ဖြေးဖြေးချင်းပြေလျော့သွားသည်။ 'အစ်ကို တစ်ခုလောက်မေးလို့ရမလား'

'ဟုတ်…'

'So… Khun Jayကို သိတာ ဘယ်လောက်ကြာပြီလဲ'

'မှတ်မိသလောက်ဆိုရင်… ကျွန်တော် လေးနှစ်လောက်ကတည်းက ထင်တယ်။ Jayက ကျွန်တော့်အနားမှာဘဲ အမြဲတမ်းရှိနေခဲ့တာ…'

'သူ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ'

'နှစ်နှစ်…'

'သူက ဘာကြောင့်ထွက်သွားရတာလဲဆိုတာကို Soကို ပြောပြလား'

'မပြောပြဘူး'

'Soရဲ့အမေဆုံးသွားတဲ့အချိန်တုန်းက သူတစ်ယောက်တည်းကဘဲ Soကို ပွေ့ဖက်ပေးပြီး အားလုံးအဆင်ပြေသွားမှာပါလို့ ပြောခဲ့ပေးတာမှတ်လား'

'…'

'Soရဲ့အမေဆုံးပါးသွားတဲ့အချိန်ကစပြီး နှစ်နှစ်ကြာတဲ့အထိ သူတစ်ယောက်ကတည်းကဘဲ Soရဲ့ဘေးနားမှာ ရှိနေပေးခဲ့တဲ့မှတ်လား'

'…'

တိတ်ဆိတ်ငြိမ်သက်နေတဲ့ကောင်လေးကို နူးညံ့တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ အေးစက်စက်ဖြစ်နေတဲ့ကောင်လေးရဲ့မျက်နှာက အခုအချိန်မှာ ရှုပ်ထွေးပြီး မသေချာမရေရာသေးတဲ့ပုံ ဖြစ်နေသည်။

'အဲ့ဒါဆို Soရဲ့ဘေးမှာ ဆယ်နှစ်လောက်နေခဲ့ပေးတဲ့သူတစ်ယောက်ကို အကဲဖြတ်ဖို့အတွက် Soက ဘာလို့ အဲ့နှစ်နှစ်ကိုဘဲ ကြည့်နေရတာလဲ'

ကျွန်တော့်ရဲ့လက်တွေကို အသုံးပြုကာ ခွေးပေါက်လေးရဲ့မျက်နှာကို မော့ကြည့်တဲ့ပုံစံသို့ ပြောင်းလိုက်သည်။

'သူက ထွက်သွားရတဲ့ အကြောင်းအရင်းကို မပြောပြရသေးဘူးလေ… သူ့မှာ အကြောင်းအရင်းမရှိဘဲ ထွက်သွားဖို့ဆိုတာက အဓိပ္ပာယ်မှ မရှိတာ… Soဆီကနေ သူ ထွက်သွားတယ်ဆိုတာကလည်း အဓိပ္ပာယ်မရှိဘူးလေ… ဟုတ်တယ်မှတ်လား'

'…'

'Soက သူ့အတွက် အရေးပါတဲ့ညီလေးတစ်ယောက်ဆိုပြီး Khun Jayက ပြောတယ်။ ဘာကိစ္စတွေဘဲဖြစ်လာပါစေ Soရဲ့ဘေးမှာ နေပေးပါဆိုပြီး အစ်ကို့ကို ပြောခဲ့တယ်'

မျက်လုံးက အနည်းငယ်ပြူးလာပြီး အံ့သြနေတဲ့ကောင်လေးကို ကျွန်တော် ကြည့်လိုက်မိသည်။

'အစ်ကို သူ့ကို ဒီနေ့မှ ပထမဆုံးတွေ့ဖူးတာဆိုပေမယ့် သူက လူကောင်းတစ်ယောက်ဆိုတာကို အစ်ကို ခံစားလို့ရတယ်။ ဒါပေမယ့် Soက သူ့ကို ဆယ်နှစ်လောက်သိခဲ့တာဆိုတော့…သူက ဘယ်လိုလူမျိုးလဲဆိုတာကို Soသိလား'

Soloကို သူ့ဘာသာ စဉ်းစားခွင့်ပြုလိုက်သည်။ သူ့ကို အားပေးတဲ့အနေနဲ့ သူ့မျက်နှာလေးကို ကြည့်နေတာကလွဲလို့ အခြားဘာဆိုဘာမှ မလုပ်ခဲ့ပါ။

'Jayက အရမ်းတော်ပြီးတော့ အရည်အချင်းရှိတဲ့သူတစ်ယောက်…'

Soloက မျက်လုံးတွေကို ဖြည်းဖြည်းချင်းမှိတ်ကာ ပြောလာသည်။

'ကျွန်တော့်အမေကတောင် ကျွန်တော့်ကို Jayလိုမျိုး ထက်မြတ်တဲ့ လူကောင်းတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေချင်တယ်လို့ ပြောဖူးတယ်။ အမေက အပြစ်ရှိနေသလိုမျိုး လိပ်ပြာမသန့်ဖြစ်နေတဲ့အကြည့်တွေနဲ့ Jayကို အမြဲတမ်းကြည့်လေ့ရှိတယ်။ အမေပြောဖူးတာကတော့ အမေက Jayအပေါ်မှာ အမှားတစ်ခုခုကို လုပ်မိထားတယ်တဲ့…'

'အင်း…'

'Jayက ဟင်းချက်ရတာကို သဘောကျတယ်။ Jayချက်တဲ့ဟင်းတွေက အမေချက်တဲ့ဟင်းတွေထက်ပိုပြီး အရသာရှိတယ်လို့ အမေက ခဏခဏပြောတာ…'

မျက်လုံးတွေ မှိတ်ထားတဲ့ကောင်လေးက ခပ်တိုးတိုးလေးရယ်လာသည်။

'အမှန်တော့ ကျွန်တော်လည်း အဲ့လိုဘဲ ထင်တာ… ဒါပေမယ့် အမေ့ကို စိတ်မကောင်းမဖြစ်စေချင်လို့ အမေချက်တာ ပိုကောင်းတယ်ဆိုပြီး လိမ်ပြောခဲ့ရတာပေါ့…'

'အင်း… အဲ့လိုပြောတော့ အစ်ကိုတောင် Khun Jayချက်တာကို စားချင်လာပြီ'

'ကျွန်တော် Jayကို ချက်ပေးဖို့ ပြောပေးမယ်'

'အိုကေ…'

ပြောင်းလဲသွားတဲ့သူ့ကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကျွန်တော်ပြုံးလိုက်မိသည်။

'ထပ်ပြောရဦးမယ်ဆိုရင် Jayက စာလည်း အရမ်းတော်တယ်။ Jayက ကျွန်တော့်ကို အိမ်မှာ စာပြန်သင်ပေးတာကို အမေက အရမ်းသဘောကျတာ…'

Soloရဲ့မျက်လုံးတွေ မှိတ်ထားတာတောင် မျက်မှောင်တွေကို ကြုတ်ထားသည်။

'ပုံမှန်ဆို သူက ကြင်နာတက်တဲ့သူပေမယ့် စာသင်တဲ့အချိန်ရောက်ပြီဆိုရင် သူက ခွေးတစ်ကောင်လို ရက်စက်ကြမ်းကြုတ်သွားရော…'

'ဘာလို့ အကြီးကို အဲ့လိုပြောရတာလဲ'

ကျွန်တော် သဘောမကျတဲ့ပုံကို ပြဖို့အတွက် သူ့ရဲ့ဖွေးဥနေတဲ့ပါးလေးကို ဆွဲညစ်ပြီး ဆိတ်လိုက်သည်။ ကိုယ့်ထက်အသက်ကြီးတဲ့သူတစ်ယောက်ကို ခွေးနဲ့နှိုင်းပြောလိုက်တဲ့ကောင်လေးကတော့ နူတ်ခမ်းတွေ စူထားသည်။ ဒါပေမယ့် မကြာပါဘူး။ သူ ပြန်ပြုံးလာခဲ့သည်။

'နာတယ်ဗျ…'

'အစ်ကိုက နာအောင်ဆိတ်တာဘဲကို…'

ကျွန်တော် ရယ်လိုက်မိပြီး သူ့ရဲ့ပါးပြင်ဖွေးဖွေးလေးကို လက်မလေးနှင့် ညင်ညင်သာသားလေး ပွတ်သပ်ပေးလိုက်သည်။

'ပြီးတော့…'

Soloက ပြုံးလာပြီးတော့ မျက်လုံးတွေကို ဖွင့်လိုက်ကာ တုန်လှုပ်နေတဲ့အကြည့်တွေနှင့် ကျွန်တော့်ကို ကြည့်လာသည်။

'Jayက သူ့ရဲ့ခံစားချက်တွေကို ဘယ်သူ့ကိုမှ မပြောပြဘူး။ Jayက အရာအားလုံးကို တစ်ယောက်တည်းမြိုသိပ်သိမ်းဆည်းရတာကို သဘောကျတယ်လို့ အမေက ပြောဖူးတယ်'

'Khun Jayကို ဘာလို့ဒေါသထွက်နေရတာလဲဆိုတာကို Soသိလား'

'Jayက ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့လို့ ဒေါသထွက်တာ… ကျွန်တော့်အစား အဖေ့ကို ရွေးချယ်ခဲ့လို့ Jayကို ဒေါသထွက်တာ…'

'…'

'ဒါပေမယ့် Jayကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး'

'အဲ့ဒါဆို Soဘာလုပ်သင့်တယ်လို့ Soထင်လဲ'

'ကျွန်တော်…'

Soloက အကြည့်တွေကို အောက်ငိုက်စိုက်ချလိုက်ပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ အပြစ်ရှိနေသလို ခံစားနေတာကို ကျွန်တော်တွေ့လိုက်ရသည်။

'Soမှတ်မိသေးလား။ အစ်ကိုတို့ ပြသာနာတွေကို တစ်ဆင့်ပြီး တစ်ဆင့်ဖြေရှင်းကြမယ်လို့ အစ်ကိုပြောဖူးတယ်လေ…'

သူ ခေါင်းညိမ့်ပြလာတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။

'အစ်ကို ပြောခဲ့တာက အရာအားလုံးဘဲ… ဒီကိစ္စအပါအဝင်ပေါ့…'

သေလောက်တဲ့အထိ အရမ်းချစ်ကြပေမယ့် ဖြေရှင်းချက်ပေးဖို့ တွန့်ဆုတ်နေကြတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ကြားက အထင်လွဲမှုတွေကို စပြီးဖြေရှင်းပေးရတော့မည်။

'…'

'So… ကိုယ့်ရဲ့နှလုံးသားကို ဖွင့်မကြည့်ဘူးဆိုရင် အမှန်တရားကို သိလာမှာမဟုတ်ဘူး။ သူ့ကို မမေးဘူးဆိုရင် ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို So သိလာမှာမဟုတ်ဘူး။ Khun Jayက အရာအားလုံး မြိုသိပ်သိမ်းဆည်းထားတက်တဲ့သူလို့ Soသိထားတယ်မှတ်လား။ အဲ့ဒါဆိုရင် သူနဲ့ စကားမပြောသင့်ဘူးလား။ သူက ဘာကြောင့်လဲဆိုတာကို မပြောပြလာဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ သူ့စကားပေါ် မူတည်ပြီး အစ်ကိုတို့ တွေးကြည့်လို့ရတယ်လေ…'

ကျွန်တော် ပြောပြီးတာနဲ့ ငြိမ်သက်စွာနေပေးပြီးတော့ သူ့ကို စဉ်းစားခိုင်းလိုက်သည်။ Soloက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်သိတယ်လေ…

ဘယ်လောက်တောင် ထက်မြတ်လိုက်တဲ့ကောင်လေးလဲ…

ဒါပေမယ့် ခံစားချက်တွေနဲ့ ပတ်သတ်လာတဲ့ကိစ္စတွေမှာတော့ သူက အရမ်းက ထိလွယ်ရှလွယ်တဲ့အထိ နူးညံ့နေသေးသည်။ Khun Jayက ရှင်းပြရတာကို သဘောမကျသူဖြစ်နေပြီး Soloကလည်း မေးရတာကို မုန်းတဲ့သူဖြစ်နေတော့ သူတို့ တစ်ယောက်ကိုတစ်ယောက် အထင်လွဲသွားဖို့ အရမ်းလွယ်လွန်းသည်။

အခုအချိန်မှာ Soloက ငယ်နေသေးတယ်ဆိုပေမယ့် အဲ့အချိန်မှာတုန်းက Soloက ဒီထက်ပိုပြီးငယ်ရွယ်သေးသည်။ အဲ့ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင်ခံစားချက်ပေါ်လိုက်ပြီး လုပ်ခဲ့တာက မထူးဆန်းတော့… အကြံပေးမယ့်သူလည်း ဘယ်သူမှ မရှိလာချိန်မှာ ဒီပြသာနာက အခုလိုမျိုး ကြီးမားကျယ်ပြန့်လာရတာ…

ဒါပေမယ့် အခုတော့ အဲ့လို မဟုတ်တော့…

'Soမှာ အစ်ကိုရှိနေပြီလေ…'

'Guitar…'

'အစ်ကိုတို့ ပြသာနာကို အတူတူဖြေရှင်းရအောင်…'

ကျွန်တော် သူ့ရဲ့ပါးလေးကို ညင်ညင်သာသာလေးထိတွေ့လိုက်သည်။

'တကယ်လို့ Soက Khun Jayနဲ့ စကားပြောချင်တယ်ဆိုရင် အစ်ကို Soရဲ့ဘေးနားမှာ ရှိနေပေးမယ်လေ… So နားလည်လာအောင် အစ်ကို ကူညီပြီး အကြံပေးပေးမယ်။ So အစ်ကို့ကို လိုအပ်ရင်ပေါ့…'

'Guitar~'

Soloက ကျွန်တော့်ကို နူးညံ့တဲ့အကြည့်တွေနဲ့ ကြည့်လာပြီးတော့ သူ့နူတ်ခမ်းလေးတွေက ဖြည်းဖြည်းချင်းပြုံးလာသည်။

'ကျွန်တော် Jayနဲ့ စကားပြောမယ်'

'…'

'Guitarက ကျွန်တော့်ဘေးနားမှာ ရှိနေပေး…'

'ဟုတ်ပြီ!'

ကျွန်တော် တက်ကြွစွာနဲ့ ခေါင်းညိမ့်ပြလိုက်ပြီး အတည်ကြီးဖြစ်လာတာကြောင့် ခွေးပေါက်စလေးက အသံထွက်ပြီး ရယ်လာသည်။ ကျွန်တော် သူပြုံးနေတာကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့တင်းကြပ်နေတဲ့ခံစားချက်တွေက ပြေလျော့သွားပြီးတော့ နှစ်ယောက်သား ရယ်မောခဲ့ကြသည်။

ကျွန်တော့်ရဲ့ခေါင်းလေးက အောက်သို့ ဖြည်းဖြည်းချင်း ငုံ့လိုက်ကာ ကျွန်တော့်လက်ကို ဆုတ်ကိုင်ထားတဲ့ကောင်လေးရဲ့မျက်နှာနား ကပ်နေတဲ့အနေအထားသို့ ရောက်တဲ့အခါမှာတော့ ကျွန်တော့်ခေါင်းလေးကို အသာလေးဖိချလိုက်သည်။ ကျွန်တော်တို့ ပြုံးနေရင်းနဲ့ပင် ကျွန်တော်တို့ရဲ့နူတ်ခမ်းသားလေးတွေက အချင်းချင်းထိတွေ့သွားကြသည်။

ဒီနူးညံ့တဲ့နွေးထွေးမှုလေးက စောနက စိတ်ဖိစီးမှုတွေကို ပျောက်ပျက်သွားအောင် ကုသပေးနိူင်သည်။ ကျွန်တော် အသက်ရှုရတာ ပြတ်လတ်သွားတဲ့အချိန်မှာ ကျွန်တော့်ခေါင်းကို နောက်သို့ နည်းနည်းဆုတ်လိုက်ပြီး နူတ်ခမ်းသားလေးတွေကို ခွာလိုက်သည်။ ကျွန်တော့်ရဲ့နှာခေါင်းထိပ်လေးက တောက်ပတဲ့မျက်လုံးတွေနှင့် ကြည့်နေသည့်ကောင်လေးရဲ့နှှာခေါင်းထိပ်နှင့် ထိတွေ့နေသည်။

'ကျွန်တော် Guitarကို ပိုင်ဆိုင်ခွင့်ရခဲ့တာ ကျွန်တော် အရမ်းကံကောင်းတာဘဲ…'

…_...

ကျွန်တော် အနေကြပ်စွာနဲ့ ရွေ့လိုက်မိသည်။ ဒီအခန်းထဲမှာ တိတ်ဆိတ်မှုက ဆယ်မိနစ်ကျော်ကြာအောင် ကြီးစိုးနေတာကြောင့် မမှောင်သေးတဲ့ပတ်ဝန်းကျင်က အေးစက်စက်နှင့် ထူးခြားစွာ ခံစားလာရသည်။ ကျွန်တော် ဘယ်ဘက်ကို ကြည့်လိုက်တဲ့အခါမှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ထိုင်နေတဲ့ခွေးပေါက်စလေးရှိနေသည်။ အဲ့ဒါနဲ့ ကျွန်တော့်ရဲ့ညာဘက်ကို ကြည့်လိုက်တော့ နိူင်ငံခြားတစ်ယောက်က အသာလေးပြုံးနေပေမယ့် လုံးဝကို တိတ်ဆိတ်နေသည်။

ဒါနဲ့… ငါ ဘာလို့ သူတို့နှစ်ယောက်အလယ်မှာ ထိုင်လိုက်မိတာလဲ။

ကျွန်တော် သက်ပြင်းချလိုက်မိပြီး ခွေးပေါက်စလေးရဲ့ပေါင်ကို လှုပ်လိုက်ကာ စကားစပြောဖို့ အချက်ပြလိုက်သည်။ Soloက ကျွန်တော့်ကို တစ်ချက်ငေးကြည့်လာပြီး မျက်ခုံးလေးတွေက နည်းနည်းလောက် တင်းမာသွားပေမယ့် နောက်ဆုံးတော့ စကားပြောဖို့ သဘောတူခဲ့သည်။

'ဘာလို့ ပျောက်သွားရတာလဲ'

'ကျွန်တော် လုပ်ကို လုပ်ရမှာမို့လို့ပါ' Khun Jayက ချက်ချင်းကို လျင်မြန်စွာနဲ့ပြန်ဖြေလာသည်။ သူပုံက ပြန်ဖြေဖို့ အရမ်းစိတ်အားထက်သန်နေတာကို တွေ့လိုက်ရတာကြောင့် ကျွန်တော် ခိုးပြီးပြုံးလိုက်မိသည်။

'အဲ့ဒါ အဖေ့ကြောင့် မှတ်လား'

'မဟုတ်ပါဘူး။ သခင်ကြီးကြောင့် မဟုတ်ပါဘူး'

Khun Jayက ခေါင်းတွေခါပြီး ငြင်းနေတာကြောင့် အဲ့ပုံစံကိုကြည့်ပြီး ကျွန်တော် အံ့သြမိသွားသည်။

'အဲ့ဒါဆို ဘာလို့ ကျွန်တော်နဲ့အတူတူ လာနေခဲ့ရတာလဲ'

Soloက အခြားတစ်ယောက်ရဲ့မျက်နှာကို တည်ကြည်တဲ့အကြည်နဲ့ ကြည့်လိုက်သည်။

'အဲ့ဒါက… သခင်ကြီးက သခင်လေးနဲ့ ရင်းနှီးအောင်လို့ဆိုပြီး သွားဖို့ ပြောလို့ပါ'

'ဟ…'

ကျွန်တော် Soloရဲ့လက်ကို ပွတ်သပ်လိုက်ပြီးတော့ ဒီအတိုင်းနေပြီး ဆက်နားထောင်ဖို့အတွက် အချက်ပြတဲ့အနေနဲ့ ခေါင်းခါပြလိုက်သည်။

'ဒါပေမယ့် ကျွန်တော် သခင်လေးကို တကယ့်ညီလေးတစ်ယောက်လို ချစ်တာပါ။ အမိန့်ကြောင့် မဟုတ်ပါဘူး'

Khun Jayရဲ့မျက်လုံးတွေက တည်ငြိမ်နေသည်။ ကျွန်တော် ဆုတ်ကိုင်ထားတဲ့ သူ့ရဲ့လက်သီးဆုတ်က တဖြည်းဖြည်းပြေလျော့သွားပြီး တင်းမာနေတဲ့ သူ့ရဲ့မျက်လုံးတွေက နူးညံ့လာသည်။

'ဘာလို့ ကျွန်တော့်ကို ဘာမှမပြောခဲ့ရတာလဲ။ ဘာလို့ ကျွန်တော့်ကို မဆက်သွယ်ခဲ့ရတာလဲ'

'ကျွန်တော်…'

သူ့ရဲ့အကြည့်တွေက အောက်စိုက်သွားပြီး မသေချာမရေရာဖြစ်နေတဲ့ပုံရသည်။

'ကျွန်တော့်ကို ညီတစ်ယောက်လို မြင်သေးတယ်ဆိုရင် ကျွန်တော့်ကို ပြောပြစမ်းပါ'

Soloက မာထန်စွာ ပြောလိုက်ပေမယ့် အရင်ကလို မာထန်နေတာမျိုး မဟုတ်ဘဲ တည်ငြိမ်လေးနက်စွာ ပြောတဲ့အသံမျိုးဖြစ်သည်။ အမှန်တကယ်တော့… သူက တောင်းဆိုနေတာနဲ့ ပိုတူသည်။

'သခင်လေး…'

Khun Jayက မတ်မတ်ထိုင်လိုက်တဲ့အခါမှာ စောနက သူ့ရဲ့မျက်လုံးထဲမှာရှိနေတဲ့ တုန့်ဆိုင်းမှုတွေက ပျောက်ကွယ်သွားခဲ့သည်။

'ကျွန်တော်က သခင်ကြီးတောင်းဆိုလို့ သခင်လေးနဲ့အတူတူနေခဲ့ရတယ်။ ပြီးတော့ ကျွန်တော့်ကို သခင်မကြီးက တောင်းဆိုလို့ ကျွန်တော် သခင်လေးကို ထားခဲ့ရတယ်'

Soloရဲ့မျက်နှာမှာ အံ့သြနေတဲ့ပုံရိပ်တွေကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော် စိုးရိမ်ပူပန်စွာနဲ့ Soloကို ကြည့်နေမိသည်။ ကျွန်တော် သူ့ကို အားပေးတဲ့အနေနဲ့ သူ့ရဲ့လက်ကို ညစ်လိုက်ပေမယ့် သူ့ဘက်က ဘာမှမတုန့်ပြန်လာ…

'အဲ့ဒါ ဘာအဓိပ္ပာယ်လဲ'

'သခင်မကြီးက သူ မဆုံးပါးခင်တုန်းက သခင်ကြီးဆီ ပြန်နေဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ်။ သခင်လေး နားမလည်နိူင်ပေမယ့် သခင်လေးလက်ခံရမှာက သခင်လေးဘေးနားမှာ ကျွန်တော်နဲ့ သခင်မကြီးအပြင် အခြားသူတွေအများကြီး ရှိတယ်' Khun Jayက သက်ပြင်းချပြီးတော့ ပြုံးလိုက်သည်။ 'သခင်လေးက သခင်လေးရဲ့နှလုံးသားကို အမြဲတမ်းပိတ်ထားတာမို့လို့ မမြင်နိူင်ဖြစ်နေတာ…'

'…'

'ဒါပေမယ့် သခင်ကြီးကတော့ အဲ့လိုမဟုတ်ဘူး။ သူ့ဆီမှာ ဘယ်သူမှမရှိဘူး။ သူ တစ်ယောက်တည်း အလုပ်လုပ်နေရပြီး ဘယ်သူ့ကိုမှ ယုံကြည်လို့မရတဲ့အခြေအနေဖြစ်နေတယ်' Khun Jayရဲ့မျက်နှာက ဝမ်းနည်းတဲ့ပုံဖြစ်လာပြီး တုန်ရီနေတဲ့အသံနှင့် ပြောလာသည်။ 'အဲ့ဒါကြောင့် သခင်မကြီးက သခင်ကြီးနားမှာ ပြန်နေပေးဖို့ကို တောင်းဆိုခဲ့တာ…'

'ဘာလို့ အဖေ့ကိုဘဲ စိတ်ပူပေးနေရတာလဲ… သူက ဘယ်တုန်းက အမေနဲ့ ကျွန်တော့်ကို ဂရုစိုက်ဖူးလို့လဲ'

Soloက ဒေါသထွက်နေသည်။ ကျွန်တော်သာ သူ့ကို ဆွဲမထားရင် အရှေ့က စားပွဲကို ထပြီး တစစီချိုးပြီးနေလောက်ပြီ။

ကျွန်တော့်ဘေးနားက ကောင်လေးရဲ့ ခံစားချက်ပေါင်းစုံစုဝေးပြီး ဒေါသထွက်နေတဲ့မျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာ ဘာလုပ်ရမလဲဆိုတာ မသိတော့သလို ခံစားလာရသည်။ ထိုဒေါသထွက်နေတဲ့အသံကနေ ဘယ်လောက်ထိ ဝမ်းနည်းနေလဲဆိုတာ ခံစားလို့ရသည်။

ဒါပေမယ့် ဒေါသက ဝမ်းနည်းနေမှုကို ပိတ်လှောင်ထားသည်။

'ကျွန်တော် တကယ်မသိခဲ့တာပါ။ ကျွန်တော် ပြောနိူင်တာတစ်ခုက ကျွန်တော် သခင်လေးကို ဘယ်တုန်းကမှ မထားခဲ့ချင်ပါဘူး'

'ဘာလို့ ဘာမှမပြောခဲ့ရတာလဲ… အဲ့အချိန်တုန်းက ဘာလို့ မပြောခဲ့ရတာလဲ'

Soloက လက်သီးကို ကျစ်နေအောင်ဆုတ်ပြီး Khun Jayကို နာကျင်နေတဲ့အကြည့်တွေနှင့် စိုက်ကြည့်နေသည်။

'ဘာလို့လဲဆိုတော့ ကျွန်တော် သခင်လေးနဲ့ သခင်မကြီးအပေါ်မှာ… အပြစ်ရှိသလို ခံစားမိလို့ပါ…'

Khun Jayက မျက်လုံးတွေကို မှိတ်လိုက်သည်။ သူလည်း သူ့နာကျင်မှုတွေကို ခံစားနေရတာ…

'ကျွန်တော် ဘယ်တုန်းကမှ ထွက်မသွားချင်ခဲ့ဘူးဆိုပေမယ့်… သခင်ကြီးဘေးနား ပြန်သွားရမှာကို ကျွန်တော် ပျော်တယ်'

'ခင်ဗျား… ဘာကို ပြောချင်တာလဲ'

'ကျွန်တော် သခင်ကြီးကို တစ်ယောက်တည်း အထီးကျန်နေရတာမျိုး မဖြစ်စေချင်တော့ဘူး'

'…'

'ကျွန်တော် Khun Cကို ချစ်တယ်'

'!!'

'ကျွန်တော် သခင်လေးရဲ့အဖေကို ချစ်တယ်။ ကျွန်တော် သူ့ကို အရင်ကတည်းက ချစ်ခဲ့တာ…'

Soloတစ်ယောက်တည်း အေးခဲသွားတာမဟုတ်… ဘာလို့လဲဆိုတော့ သူတို့အကြောင်းတွေကို စောနကမှ သိခဲ့တဲ့ကျွန်တော်ကတောင် တန်းတူညီမျှ အံ့သြတကြီးရှော့ရသွားသည်။ Soloက တိတ်ဆိတ်နေတာကြောင့် သူ့စိတ်ထဲ ဘယ်လိုခံစားနေရမလဲဆိုတာ ကျွန်တော် အတိအကျမသိ… ဗလာဖြစ်နေတဲ့သူဆီကနေ ဘာခံစားချက်မှ ထွက်ပေါ်မလာ…

'ကျွန်တော့်မှာ အပြစ်ရှိသလို ခံစားနေခဲ့ရတာမို့ သခင်လေးကို မဆက်သွယ်ခဲ့တာ… ကျွန်တော့်ကို မုန်းနေတာကဘဲ ပိုကောင်းမယ်ဆိုပြီး ကျွန်တော် တွေးခဲ့မိတာ… ဒါပေမယ့် ကျွန်တော် မနေနိူင်ခဲ့ဘူး။ ကျွန်တော် သခင်လေးကို နေ့တိုင်း ခိုးခိုးပြီး စောင့်ကြည့်ခဲ့တယ်။ အိမ်အကူMaryကို ကျွန်တော် ဖုန်းဆက်ဆက်ပြီး ကျွန်တော့်အစား ဂရုစိုက်ပေးဖို့ ပြောခဲ့တာ…'

'တော်တော့…'

'အမှန်အတိုင်း ပြောပြရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှမထင်ခဲ့ဘူး။ ဒါပေမယ့် သခင်လေးက ကျွန်တော့်ကို မေးလာတော့ ကျွန်တော် မသိုဝှက်ထားနိူင်တော့ဘူး။ ကျွန်တော် ထပ်ပြီးတော့ မလိမ်ချင်တော့ဘူး။ ကျွန်တော် ထပ်ပြီးတော့ အထင်လွဲတာမခံချင်တော့ဘူး…'

'တော်တော့…'

'ကျွန်တော်…'

'တော်တော့လို့ ပြောနေတယ်လေ!'

'So!'

ကျွန်တော့်ဘေးနားက ကောင်လေးက ရုတ်တရက်ထလာပြီး Khun Jayရဲ့ကော်လံစကို ဆွဲယူလိုက်တာကို ကျွန်တော် မြင်လိုက်ရတာကြောင့် ကျွန်တော် လန့်ပြီးတော့ အော်လိုက်မိသည်။

'ငါ ဘာလုပ်ရမလဲ…'

လျင်မြန်စွာနဲ့ဘဲ!

Khun Jayရဲ့မျက်လုံးတွေ အပြူးသားဖြစ်သွားသည်။

တုန်ရီနေတဲ့Soloရဲ့လက်တွေက သူ့ကို ပွေ့ဖက်ထားသည်။

'တောင်းပန်ပါတယ်'

ကျွန်တော့်ကို ကျောပေးထားတဲ့ကောင်လေးရဲ့အသံက တုန်ရီနေသည်။

'အထင်လွဲခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်'

'ဘာလို့လဲ'

Khun Jayက ထိုစကားလေးကို ပြောလိုက်မိသည်။ စောနက နားမလည်ဖြစ်နေတဲ့မျက်နှာက တဖြည်းဖြည်းပြောင်းလဲလာကာ လှပတဲ့အပြာရောင်မျက်လုံးထဲကနေ မျက်ရည်များစီးကျလာသည်။

'သခင်လေး…'

'ကျွန်တော် Jayအပေါ် နားမလည်ပေးခဲ့တဲ့အထိ တုံးအခဲ့မိလို့…'

'မလိုဘူး… ရပါတယ်' Khun Jayရဲ့အသံက အက်ကွဲလာသည်။ ငြင်းတဲ့အနေနဲ့ ခေါင်းကို ခါလိုက်ကာ သူ့ရဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး ပြုံးပြလိုက်ရင်း… 'ကျွန်တော့်ကို စိတ်ထဲမထားပါနဲ့… ရပါတယ်'

'ကျွန်တော် အဖေနဲ့ စကားမပြောဖြစ်သေးလို့ ကိစ္စတွေအားလုံးကို နားမလည်နိူင်သေးတာလား'

Soloက တုန်ရီနေတဲ့အသံနှင့် မေးလိုက်ပြီး အနောက်ကိုဆုတ်လာကာ ကျွန်တော့်ဘေးနားမှာ ထိုင်ရင်း ကျွန်တော့်ရဲ့လက်တွေကို ဆုတ်ကိုင်ထားသည်။

'တစ်ချို့ကိစ္စတွေက… သခင်လေး တွေးထားတာထက် ပိုတယ်'

Khun Jayက ပြုံးပြကာ ကျွန်တော့်ကို ကျေးဇူးတင်တယ်လို့ပြောနေတဲ့အကြည့်တွေနှင့် ကြည့်နေသည်။

'သခင်ကြီး ဒီကို လာတဲ့အခါကျရင် သခင်လေး စကားပြောကြည့်ပါလား'

'ကျွန်တော် ကြိုးစားကြည့်ပါမယ်'

အခြေအနေက ပိုပြီးကောင်းမွန်လာသည်။ Soloကို ကြည့်ရတာ Khun Jayနဲ့ ပုံမှန်အတိုင်း စကားပြောလာနိူင်ပုံရသည်။ သူ ဘယ်လောက်ဘဲ တည်ငြိမ်နေပါစေ… သူ အရမ်းပျော်နေတယ်ဆိုတာ ကျွန်တော် သိနေသည်။ Khun Jayကလည်း စတွေ့တုန်းကလိုမျိုး ဝမ်းနည်းတဲ့အပြုံးမျိုးနှင့် မတူစွာ ဆန့်ကျင်ဘက်အပြုံးမျိုးနှင့် ပျော်ရွင်စွာ ပြုံးနေသည်။

ကျွန်တော်လည်း သူတို့နဲ့ တူညီသည့်အပြုံးမျိုးနှင့် ပြုံးနေမိသည်။ Soloအဖေနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ စိတ်ပူလာရမယ့်ကိစ္စတွေ ရှိနေတာတောင် သူတို့နှစ်ယောက် အချင်းချင်းပြေလည်သွားတာကြောင့် ကျွန်တော် ဝမ်းသာနေမိသည်။

'သခင်ကြီးက ဒီကို လာတော့မှာ မှတ်လား'

ကျွန်တော့်ဘေးနားမှာထိုင်နေတဲ့ Khun Jayကို မေးလိုက်မိသည်။ ဒီဘက်အခြမ်းမှာတော့ ခွေးပေါက်စလေးက ကျွန်တော့်ပုခုံးကို မှီထားကာ ငြိမ်ငြိမ်လေးနေပြီး ဖုန်းသုံးနေသည်။

'သိပ်မကြာတော့ပါဘူး… သခင်ကြီးက သခင်လေးကိစ္စကို ကိုင်တွယ်ဖို့အတွက် အစ်ကို့ကို အရင်လွှတ်လိုက်တာ…'

'ကိုင်တွယ်ဖို့…'

Khun Jayက အသာလေးပြုံးလာပြီးတော့ ခေါင်းညိမ့်လိုက်သည်။

'အင်း… သခင်လေးနဲ့ Khun Guiကြောင့်လေ… သခင်ကြီးက သခင်လေးတို့နှစ်ယောက်ကို လမ်းခွဲစေချင်နေတာ…ဒါပေမယ့် အစ်ကို လုပ်မှာမဟုတ်ဘူး'

'အဲ့ဒါဆို အစ်ကို အဆင်ပြေပါ့မလား'

ကျွန်တော် စိတ်ပူမိတာကြောင့် မတက်နိူင်တော့ဘဲ မေးလိုက်မိသည်။ ပြီးတော့လည်း သခင်ကြီးဆိုတာကလည်း ကြောက်စရာကောင်းမယ့်ပုံပင်… သူခိုင်းတာမပြီးရင် Khun Jayဘယ်လိုဖြစ်မလဲဆိုတာ သူ မတွေးတက်…

'အဆင်ပြေပါတယ်။ သခင်ကြီးက အစ်ကို့ကို နာအောင်တော့ မလုပ်ပါဘူး' သူ အဲ့လိုပြောလိုက်တယ်ဆိုရင်တောင်မှ Khun Jayရဲ့မျက်လုံးထဲမှာ နာကျင်နေရသလိုမျိုး တုန်လှုပ်နေသည်။ 'သခင်ကြီးက ဒီကိုလာပြီး ဒီကိစ္စကို သူ့ဘာသာသူ ကိုင်တွယ်ချင်နေတဲ့ပုံဘဲ…'

'တကယ်သာဆိုရင်တော့…'

ကျွန်တော် သက်ပြင်းချလိုက်မိသည်။

'စိတ်မပူပါနဲ့…'

ထိုအသံလေးနှင့်အတူ ကျွန်တော့်ရဲ့ပါးပြင်ပေါ်သို့ နူးညံ့တဲ့အထိအတွေ့လေးကျရောက်လာသည်။ ပုံမှန်အတိုင်းမဟုတ်ဘဲ ကွဲပြားနေသည့် ခွေးပေါက်စလေးကို လှည့်ပြီးကြည့်လိုက်မိသည်။

'ကျွန်တော် Guitarကို ထိခွင့်ပေးမှာ မဟုတ်ဘူး'

Soloရဲ့မျက်လုံးတွေက တည်ငြိမ်ပြတ်သားနေသည်။ သူက ကျွန်တော့်ကို ယုံကြည်ချက်ရှိရှိနဲ့ပြောနေသလိုမျိုး ကျွန်တော် မနားတမ်းစိုက်ကြည့်နေသည်။

ကျွန်တော့်ပါးပြင်ပေါ်က အနွေးဓာတ်လေးကြောင့် ကျွန်တော့်ရဲ့ပူပန်နေတဲ့စိတ်တွေက ပြေလျော့သွားခဲ့သည်။

'ကျွန်တော် သေချာပေါက် ဆန့်ကျင်မှာ…'

'အင်း…'

ခွေးပေါက်စလေးရဲ့မျက်နှာက ဒေါပွနေတဲ့ပုံဖြစ်နေတာကြောင့် ကျွန်တော်ပြုံးပြီး ပြောလိုက်မိသည်။

'…'

'အစ်ကိုလည်း သေချာပေါက် ဆန့်ကျင်မယ်'

…_…

Continue Reading

You'll Also Like

1.1K 138 20
ရည်းစားဟောင်းဆီက မင်္ဂလာဖိတ်စာအကမ်းခံရပြီနောက် "hello ကားအတူလိုက်စီးချင်လား " "ကောင်းပြီ " ထို့နောက် သေချာပေါက်အစားခံလိုက်ရတော့သည်။
5.4K 155 28
This is a Rainbow High fanficiton that follows Ruby Anderson and Skyler Bradshaw after Color Block, where they try to navigate their way though the r...
40.5K 845 31
Ummm, just read the first one if u wanna know about it :) Hihi enjoy Bottom: Felix Top: Hyunjin (Maybe it doesn't seem.. at first, but trust me) U c...
541K 18.2K 135
Read and find out...