OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၁၇

17 2 0
By newkhonpai

ကျွန်တော်က ဖုန်းကိုဘဲ အချိန်တိုင်းစိုက်ကြည့်နေတာကြောင့် စောနက ဖုန်းခေါ်တဲ့သူက သူ ထင်ထားသလို Kaoမဟုတ်ဘူးဆိုတာ Soloစပြီးတော့ ရိပ်မိလာတယ် ထင်သည်။ ကျွန်တော်တို့ ဒီအတိုင်း ထိုင်နေကြတာ အချိန်ဘယ်လောက်ထိ ကြာသွားသလဲဆိုတာ ကျွန်တော် မသိ... ကျွန်တော်က ဘာမှ မပြောမိသလို... Soloကလည်း ဘာဆိုဘာမှမပြော... ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီးတော့ စကားစပြောမယ့်အချိန်ကို စောင့်နေလိုက်မိသည်။

'ဗိုက်ဆာနေပြီလား' ကျွန်တော်တို့နှစ်ယောက်ကကြား တိတ်ဆိတ်ငြိမ်သက်မှုတွေနှင့် သက်တောင့်သက်သာမရှိမှုတွေကို ကျွန်တော်ကဘဲ အရင်ဖြိုခွဲလိုက်သည်။

'Guitar...' Soloက ကျွန်တော့်ကို အသနားခံနေတဲ့မျက်ဝန်းတွေနှင့် ကြည့်နေသည်။ သူ့ရဲ့မျက်လုံးတွေက အခြားသူအပေါ်တော့ အေးစက်နေပေမယ့် ကျွန်တော့်အပေါ်တော့ အဲ့လိုမဟုတ်...

'ဖုန်းဆက်တဲ့သူက...' ကျွန်တော် စပြောလိုက်တာနဲ့ Soloကို ကျွန်တော့်ကို ဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်လာသည်။ 'သူ့ကို သူငယ်ချင်းလိုဘဲ တွေးမိနေသေးတယ်ဆိုရင် Khun Tanရဲ့အမိန့်ကို မနာခံဘဲ မနေပါနဲ့တဲ့...'

စားပွဲကို ထိုးတော့မယ့်သူ့ရဲ့လက်တွေကို ကျွန်တော် အချိန်မှီဆွဲကိုင်လိုက်သည်။ ဘာလို့လဲဆိုတော့ သူ ဒီလိုလုပ်လိမ့်မယ်ဆိုတာ ကျွန်တော် သိနေတယ်လေ...

'Soက အဆက်အသွယ်မလုပ်ဘူးဆိုရင် Khun Tanကိုယ်တိုင် ဒီကို လာတွေ့လိမ့်မယ်လို့ ပြောတယ်'

'Jay...' Soloက အံကြိတ်လိုက်ပြီးတော့ ကျွန်တော့်လက်ကို ဆုတ်ကိုင်ထားတာကြောင့် ကျွန်တော် နာလာသည်။

'So...' ကျွန်တော်က ပြုံးပြလိုက်ပြီးတော့ သူ့ရဲ့လက်ကို ကျွန်တော် ပြန်ဆုတ်ကိုင်လိုက်သည်။ 'Soအဆင်သင့်ဖြစ်ရင် အစ်ကို့ကို ပြောပြမယ်လို့ ပြောခဲ့တယ်မှတ်လား... အစ်ကိုက အဲ့ဒီစကားကို အလေးထားတယ်'

သူက ကျွန်တော့်ကို မသိစေချင်ဘူးဆိုရင် ကျွန်တော်ကလည်း ဆက်ပြီး သိချင်တော့မှာမဟုတ်... ကျွန်တော့်မှာ သံသယတွေရှိလာခဲ့တယ်ဆိုရင်တောင် ကျွန်တော် မေးမိမှာမဟုတ်...

'ဒါပေမယ့် Soသိထားရမှာက... Soသာ လမ်းဆုံးကို ရှာမတွေ့ချင်ဘူးဆိုရင် အစ်ကိုတို့ အချင်းချင်း ဒီအကြောင်းကို ပြောဖို့လိုတယ်။ Soက အစ်ကို့ကို အဲ့နေရာမှာ ရှိနေစေချင်တယ်ဆိုရင် Soက အစ်ကို့ကို ပြောပြရမယ်။ အဲ့ဒါမှ တစ်ယောက်ကို တစ်ယောက်ကူညီပေးလို့ရမှာပေါ့...' ကျွန်တော့်ရဲ့လက်တွေကို တင်းကြပ်စွာဆုတ်ကိုင်ထားတဲ့ သူ့ရဲ့လက်တွေကို ပြေလျော့လာတဲ့အထိ လှုပ်ရှားလိုက်မိသည်။ Soloကတော့ ကျွန်တော့်မျက်နှာကိုဘဲ ကြည့်နေတာကြောင့် ကျွန်တော်က နားလည်ပါတယ်ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်လိုက်သည်။

သူ ဘာမှပြောမလာဘူးဆိုရင်တောင်မှ ကျွန်တော် သူ့ကို နားလည်ပေးနိုင်သည်။ သူ့မှာ သူ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်ရှိလိမ့်ဆိုတာကို ကျွန်တော် သိသည်။

'တကယ်လို့ Soက အစ်ကိုတို့ အခုရပ်နေတဲ့နေရာလေးကိုဘဲ သဘောကျတယ်ဆိုရင် အဲ့ဒါတွေကို ဒီအတိုင်း ထားလိုက်တော့... ပြီးတော့ အစ်ကိုလည်း ဒီနေ့ ပျော်တယ်။ ဒါပေမယ့် ပြသာနာ ရုတ်တရက်ပေါ်လာတဲ့နေ့ကို ရောက်လာရင်တော့ အစ်ကိုကလည်း ဘာမှမသိသလို... Soကလည်း အရာအားလုံးရဲ့ လမ်းဆုံးကို တွေ့နေရပြီဆိုရင်... အဲ့အချိန်မှ အစ်ကိုတို့ ဘာမှမလုပ်နိုင်တော့ဘဲ တစ်ယောက်ကို တစ်ယောက် လက်လွှတ်လိုက်ရလိမ့်မယ်' ကျွန်တော် ဘာမှဆက်မပြောနိုင်တော့ပေမယ့် အောက်ကိုသာ စိုက်ကြည့်နေတဲ့ကောင်လေးကို ကျွန်တော် ပြုံးပြလိုက်မိသည်။

သူ သူ့ဘာသာသူ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချရမည်။

Soloက အခုမှ အသက် ၁၈ ၁၉လောက်ဘဲရှိသေးတဲ့အထိ ငယ်ရွယ်သေးသည်။ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရတဲ့သူတွေနဲ့ယှဉ်ရင်တော့ သူက ငယ်ရွယ်ပြီးတော့ မရင့်ကျက်သေး... သူက ကလေးကြီးတစ်ယောက်ဖြစ်နေတုန်းဘဲဆိုတာကို ကျွန်တော် သိသည်။ ဒီလိုဖြစ်ဆိုရင်တောင်မှ ကျွန်တော်က သူ့ကို စဉ်းစားဖို့ဘဲ ကူပေးမှာ... ဆုံးဖြတ်ချက် ချပေးမှာမဟုတ်...

သူ တစ်ယောက်တည်း ပြသာနာတွေကို ရင်ဆိုင်နေရတာ ဘယ်လောက်တောင် ခက်ခဲနေသလဲဆိုတာ ကျွန်တော် မသိပါ။ သူက ဘာကိုမှ ဘာမှမပြောလာဘူးဆိုရင်လည်း သူ့ကို ဘယ်လို ကူညီရမယ်ဆိုတာလည်း ကျွန်တော် မသိပြန်...

ဒါပေမယ့် သူ ပြောပြလာရင်... သူ ဖွင့်ပြောလာခဲ့ရင် သူ့ဘက်က ရပ်တည်ပေးမယ့် ပထမဆုံးသူက သေချာပေါက် ကျွန်တော်ဖြစ်လိမ့်မည်။ ကျွန်တော် သူနှင့်အတူ ပြသာနာတွေကို ဖြေရှင်းကြမယ်။

'ကျွန်တော် ဘာလုပ်ရမယ်မှန်း မသိတော့ဘူး' Soloက တိုးတိုးလေးပြောလာသည်။ သူ့မျက်နှာလေးက အောက်သို့ငိုက်ကျသွားတာကြောင့် သူ့ရဲ့မျက်လုံးတွေကို ကျွန်တော် မမြင်ရတော့...

'အစ်ကို့ကို ပြောပြလေ...'

'Guitarကို ဆုံးရှုံးလိုက်ရမှာကို ကျွန်တော်ကြောက်တယ်။ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ပြသာနာတွေကို တစ်ယောက်တည်းရင်ဆိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့တာ...'

ကျွန်တော် ထွက်သွားမှာကို ကြောက်နေသလိုမျိုး သူ့ရဲ့လက်တွေက ကျွန်တော့်ရဲ့လက်တွေကို တင်းကြပ်စွာဆုတ်ကိုင်လာသည်။

'...'

'ကျွန်တော်တို့ ချစ်သူတွေ မဟုတ်သေးတဲ့အချိန်မှာ အစ်ကို ထွက်သွားချင်တယ်ဆိုရင် ကျွန်တော် ခွင့်ပြုပေးမယ်လို့ ပြောခဲ့ဖူးတယ်မှတ်လား။ ဒါပေမယ့် တကယ်တော့ Guitar အဝေးကို ထွက်သွားမှာကို ကျွန်တော် ကြောက်နေခဲ့တာ...'

'So...'

'ဘာလို့Guitarနဲ့ ချစ်သူမဖြစ်ချင်သေးရတာလဲဆိုတဲ့ အကြောင်းပြချက်နှစ်ခု ကျွန်တော့်မှာရှိတယ်' သူ မော့ကြည့်လာတဲ့အခါမှာ မြင်လိုက်ရတဲ့သူ့ရဲ့မျက်လုံးတွေက နာကျင်မှုတွေနှင့် ပြည့်နှက်နေတာကြောင့် ကျွန်တော်လည်း ထပ်တူနာကျင်မှုကို ခံစားနေမိသည်။ 'ကျွန်တော် Guitarကိုသာ ရွေးချယ်လိုက်မိပြီဆိုရင် ဒီလိုမျိုး တစ်ခုခုဖြစ်တော့မယ်ဆိုတာ ကျွန်တော် သိနေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အဖေက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော် သိတယ်။ အဖေသာ ဒီကိစ္စထဲ ပါဝင်ပတ်သတ်လာပြီးဆိုရင် Guitarနာကျင်ရလိမ့်မယ်။ Guitar ထွက်သွားချင်ရင် ကျွန်တော်နဲ့အတူရှိနေပေးဖို့ကို မဆွဲထားချင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ချစ်သူတွေဖြစ်ပြီးသွားတော့ Guitar ငိုရလိမ့်မယ်ဆိုရင်တောင် ကျွန်တော် မလွှတ်တော့ဘူး'

'...' သူ ပြောပြတဲ့အကြောင်းပြချက်က မမျှော်လင့်ထားတဲ့အရာဖြစ်တာကြောင့် ကျွန်တော် ဘာမှပြန်မပြောနိုင်တော့... ကျွန်တော် လုပ်နိုင်တဲ့တစ်ခုတည်းသောအရာကတော့ သူ့ရဲ့လက်ကို ပိုပြီးဆုတ်ကိုင်လိုက်တာဖြစ်သည်။

'Guitarကို စပြီးချည်းကပ်ခဲ့တဲ့ ပထမဆုံးနေ့ကတည်းက ကျွန်တော်က တစ်ကိုယ်ကောင်းဆန်မိတာ... ဘာလို့လဲဆိုတော့ အစကတည်းက ကျွန်တော်က ပြသာနာတွေဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိခဲ့ပြီးသား... တစ်နေ့မှာ Guitar နာကျင်ရလိမ့်မယ်ဆိုတာကို ကျွန်တော် သိနေတာတောင် ကျွန်တော် ရှေ့ဆက်တိုးပြီး ချည်းကပ်ခဲ့တယ်။ ကျွန်တော် ရပ်လို့မရတော့မယ့်အစား Guitarကိုပါ ဆွဲခေါ်ခဲ့မိတယ်'

ကျွန်တော့်ရဲ့နှလုံးခုန်နှုန်းက နှေးလာသလို ခံစားနေရသည်။ သူ့ရဲ့ဝမ်းနည်းနေတဲ့မျက်နှာလေးကို မြင်လိုက်ရတာကြောင့် တစ်ကိုယ်လုံး နာကျင်နေသလိုခံစားနေရသည်။

'နောက်အကြောင်းပြချက်ကတော့ ဒီပြသာနာတွေနဲ့ မဆိုင်ပါဘူး။ ကျွန်တော်မပြောပြချင်သေးတဲ့... ကျွန်တော့်အမေအကြောင်းပါ'

ကျွန်တော် ဘာမှမပြောဘဲ ခေါင်းညိမ့်ပြလိုက်သည်။ ဘာလို့လဲဆိုတော့ Soloရဲ့မျက်နှာက သူ့အမေအကြောင်းကို ပြောပြတဲ့အချိန်မှာ ပိုပြီးနာကျင်နေရတဲ့ပုံဖြစ်လာတာကြောင့် ဖြစ်သည်။

'အခု Guitar ထွက်သွားချင်တယ်ဆိုရင် ကျွန်တော် မဆွဲထားပါဘူး' ကျွန်တော့်ကို ဆုတ်ကိုင်ထားတဲ့လက်တွေက တဖြည်းဖြည်းပြေလျော့လာသည်။ ဘာဘဲဖြစ်လာပါစေ လက်ခံမယ်ဆိုပြီး စိတ်ကို ပြင်ဆင်ထားသလို ကျွန်တော့်ကို ပြုံးပြလာသည်။

သူ့ရဲ့လက်တွေကို အသာလေးဆုတ်ခွာခွင့် ကျွန်တော် ပေးလိုက်ပြီးတော့ နာကျင်မှုတွေနှင့် ပြည့်နေတဲ့မျက်နှာလေးကို ကြည့်လိုက်မိသည်။ ကျွန်တော်ကတော့ သာမန်ပြုံးနေကျအတိုင်း ပြုံးပြကာ ကျွန်တော့်ရဲ့ပေါင်ကို အသာလေးပုတ်ပြလိုက်ပြီးတော့…

'အစ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြကြည့်လေ...'

'Guitar…' Soloက ကျွန်တော့်ကို ညင်ညင်သာသာလေးခေါ်လိုက်ပြီးတော့ နာကျင်နေတဲ့သူ့ရဲ့မျက်နှာအစား ပျော်ရွင်နေတဲ့အပြုံးပါးပါးလေးက နေရာယူလာသည်။ အဲ့ဒီပုံစံလေးက ကျွန်တော့်နှလုံးသားကို နွေးထွေးစေသည်။

ကျွန်တော့်ရဲ့နူးညံ့တဲ့ပေါင်ပေါ် မှေးတင်လာတဲ့ကောင်လေးရဲ့ခေါင်းကို အသာလေးပုတ်လိုက်သည်။ Soloက ကျွန်တော့်ကို ကြည့်နေတာကြောင့် ကျွန်တော်က သူ့ကို ပြန်ကြည့်လိုက်ပြီး တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်မိသည်။ ကျွန်တော် သူ့ကို ဘာမှမပြောမိပေမယ့်လည်း ကျွန်တော် ပြသထားတဲ့အပြုအမှုတွေက အရမ်းကို ထင်ရှားနေသည်။

ကျွန်တော် ဒီမှာဘဲနေဖို့ ရွေးချယ်ခဲ့တယ်ဆိုတာကိုပေါ့...

'ကျွန်တော် ကျွန်တော့်ရဲ့အဖေကို သဘောမကျသလို ချစ်တောင် မချစ်ဘူး။ သူနဲ့ ကျွန်တော့်ကြားမှာ ဘာသံယောဇဉ်မှမရှိဘူး' Soloက အေးစက်နေတဲ့အသံနှင့် ပြောလိုက်သည်။ သူ့မျက်လုံးတွေက ကြမ်းတန်းခက်ထန်နေပေမယ့်လည်း ကျွန်တော် ပြုံးပြလိုက်တဲ့အခါမှာတော့ သူက ချက်ချင်းဆိုသလို နူးညံ့တဲ့ပုံပေါက်သွားသည်။

'လွန်ခဲ့တဲ့လေးနှစ်... အမေဆုံးပြီးကတည်းက အမြဲတမ်းသူငယ်ချင်းအဖြစ်ရှိနေပေးတဲ့သူက Jayတစ်ယောက်ဘဲ ရှိခဲ့တာ... သူက ကျွန်တော့်အဖေရဲ့လူမှန်းသိနေတာတောင်မှ သူငယ်ချင်းတစ်ယောက်လို ညီအစ်ကိုတစ်ယောက်လို မိသားစုဝင်တစ်ယောက်လို ဆက်ဆံပေးခဲ့တယ်'

ကျွန်တော်က ခေါင်းညိမ့်ပြလိုက်ပြီးတော့ သူ့ဆံပင်လေးတွေကို ပွတ်သပ်လိုက်သည်။ ဒါပေမယ့် ကျွန်တော့်ခေါင်းထဲမှာတော့ နားမလည်သေးတာတွေ ရှိနေတုန်းဘဲ...

စောနက ဖုန်းဆက်တဲ့သူက Jay... ပြီးတော့ ကမ်းခြေမှာတုန်းက Soloကို ဖုန်းဆက်တာလည်း သူဘဲဖြစ်လိမ့်မည်။ ဒါပေမယ့် အဲ့လိုအခြေအနေမျိုးသာဆိုရင် Soloက ဘာလို့ သူ့ဖုန်းကို လွှင့်ပစ်ပြီး ဒေါသတွေ ထွက်လာရတာလဲ။

'လွန်ခဲ့တဲ့နှစ်နှစ်လောက်က အဖေက Jayကို ပြန်ခေါ်ခဲ့တယ်။ ဒါပေမယ့် သူက ကျွန်တော့်ဆီမှာ ဘယ်သူမကျန်ခဲ့ဘူးဆိုတာ သိနေတာတောင် အဖေ့ဆီသွားဖို့ကို အလွယ်တကူသဘောတူခဲ့တယ်။ အဲ့တော့မှ Jayက ကျွန်တော့်အဖေရဲ့အမိန့်ကြောင့် ကျွန်တော့်ကို အပေါင်းအသင်းလုပ်ခဲ့တာဘဲဆိုတာကို နားလည်လိုက်ရတာ…'

'ကျွန်တော် တစ်ယောက်တည်းဖြစ်သွားခဲ့တယ်။ တစ်ယောက်တည်း အရာအားလုံးကို လုပ်ခဲ့ရတာ... Jayကလည်း ကျွန်တော့်ကို ဘယ်တော့မှ မဆက်သွယ်လာတော့ဘူး။ အဖေကလည်း ဂရုတောင်မစိုက်ဘူး။ ကျွန်တော့်ဘဝကို တစ်နှစ်လောက် ဒီပုံစံအတိုင်း နေထိုင်လာခဲ့ရတာ...'

တည်ငြိမ်ချင်ယောင်ဆောင်ထားတဲ့ အသံရဲ့အောက်မှာ ဝမ်းနည်းမှုတွေကို ဖုန်းကွယ်ထားတာကို သိလိုက်ရတာကြောင့် ကျွန်တော် စတင်ပြီး ဖြည်းဖြည်းချင်းနားလည်လာသည်။

ဒါမျိုး မခံစားဖူးတဲ့သူတွေအတွက်ကတော့ ဒါကို နားလည်မှာမဟုတ်...

ကျွန်တော် အရာအားလုံးနားမလည်ဘူးဆိုရင်တောင်မှ သူက ကျွန်တော့်ကို ထုတ်ပြောပြလာတာကြောင့် ကျေနပ်နေမိသည်။ ကျွန်တော်က ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရရှိခဲ့တယ်ဆိုပေမယ့်လည်း Mae Yaiနှင့် ဂေဟာက ကျွန်တော့်ရဲ့ညီတွေ ညီမလေးတွေက အမြဲတမ်းရှိပေးနေသည်။ ကျွန်တော်တို့မှာ မိဘတွေ မရှိဘူးဆိုရင်တောင်မှ ဘာပြသာနာမှမရှိပါ။

ဒါပေမယ့် Soloကျတော့ အဲ့လိုမဟုတ်...

သူ့ဘဝမှာ လူနှစ်ယောက်တည်းသာ ရှိခဲ့တယ်ဆိုပေမယ့် အဲ့နှစ်ယောက်စလုံးက သူ့အနားက ထွက်သွားကြပြီ။

သူ ဝမ်းနည်းမှုကို အရမ်းခံစားခဲ့ရမှာ...

'ကျွန်တော် အရက်သောက်တယ်။ ညဘက် အပြင်တွေ ထွက်တယ်။ ကျွန်တော့်စိတ်ထဲမှာ မကောင်းဘူးလို့ထင်ခဲ့တဲ့အရာမှန်သမျှ လုပ်ခဲ့တယ်။ ထောင်ထဲရောက်တဲ့အထိ မကောင်းတာလုပ်ခဲ့တဲ့အချိန်တိုင်း အဖေ့ရဲ့အလုပ်သမားတွေဘဲ အမြဲတမ်းလာခဲ့တယ်။ အဖေက တစ်ခါမှ မပေါ်လာသလို ဘာမှလည်း မပြောဘူး။ သူက ထောင်ထဲက ထွက်အောင် လုပ်ပြီးတော့ အိမ်ကြီးထဲမှာ ပြန်ပစ်ထည့်ထားလိုက်တာ...'

Soloက ကိုယ့်ကိုယ်ကို အားတင်းသည့်သဘောအနေနှင့် ရယ်နေသည်။ သူ့ခေါင်းလေးကို ကျွန်တော် ညင်ညင်သာသာလေးပွတ်လိုက်ကာ ကျွန်တော် ဒီမှာ ရှိနေသေးတယ်ဆိုတာကို သူ သိအောင်အတွက် ပြုံးပြလိုက်သည်။

'ကျွန်တော့်ဘဝလမ်းကြောင်းကို ရွေးချယ်ရမယ့်နေ့ရောက်တော့ Jayက ကျွန်တော့်ကို ဆက်သွယ်လာတယ်။ နှစ်နှစ်အတွင်းမှာ ပထမဆုံးပြန်ဆက်သွယ်လာတာ... သူပြောတာက အမေ မသေခင် နောက်ဆုံးဆန္ဒအရ ကျွန်တော် သင်ချင်တဲ့မေဂျာကို အဖေက ယူခွင့်ပေးတယ်တဲ့... ကျွန်တော့်ရဲ့အမေကို သတိရမိတော့ ကျွန်တော် ဆိုးပေတေနေတာတွေကို ရပ်ပစ်လိုက်တယ်။ ပြီးတာနဲ့ အဝတ်တွေ ထုတ်ပြီး အမေတက်ခဲ့တဲ့တက္ကသိုလ်ကို ကျွန်တော်လာခဲ့တာ...'

Soloက ပြောနေတာ ရပ်တန့်သွားပေမယ့်လည်း ကျွန်တော် ဘာမှမလုပ်မိ... ဘာလို့လဲဆိုတော့ ဒီခံစားချက်ကို ကျွန်တော် ကောင်းကောင်းနားလည်သည်။ ကျွန်တော်တို့ရဲ့အခြေအနေက မတူညီဘူးပေါ့... Soloက ကွယ်လွန်သွားတဲ့သူကို သတိရမိနေတယ်။ ကျွန်တော်ကကျတော့ အသက်ရှင်လျက်ရှိနေပြီး တွေ့ဖို့အခွင့်အရေးမရှိတဲ့သူတွေကို သတိရနေမိတာ…

'ကျွန်တော့်အဖေက အမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတာ ကျွန်တော် သိတယ်။ အဖေ ဘာကိုလိုချင်နေလဲဆိုတာ ကျွန်တော်သိတယ်။ အရာအားလုံးရဲ့အဓိကအကြောင်းအရင်းက ကျွန်တော်က ကြီးမားကျယ်ပြန်တဲ့စီးပွားလုပ်ငန်းပိုင်ရှင် မီလီယမ်နာသူဌေးတစ်ယောက်ရဲ့ တစ်ဦးတည်းသောသားဖြစ်နေလို့ဘဲ... အဲ့ဒီမီလီယမ်နာက သူ ရွေးချယ် ဆုံးဖြတ်ထားတဲ့လမ်းကြောင်းကိုဘဲ ကျွန်တော့်ကို လျောက်စေချင်နေတာ... သူ Guitarကြောင့် ကျွန်တော့်ကို သတိပေးတယ်။ သူငယ်ချင်းတွေကြောင့် သတိပေးတယ်။ ကျွန်တော့်ကို ဘယ်သူနဲ့မှ မနီးစပ်လာအောင် သတိပေးတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် တကယ်လိုအပ်နေတဲ့ဘဝက ဘယ်လိုမျိုးလဲဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးနေမိတယ်။ အဖေကတော့ ဒီနိုင်ငံမှာ သူ့စီးပွားရေးကို ချဲ့ထွင်ပြီးတော့ ကျွန်တော့်ကို တာဝန်ယူစေချင်နေတာ...'

ရင်ဘတ်ထဲက လေးလံနေတဲ့ခံစားချက်နှင့်အတူ ကျွန်တော် နားထောင်နေမိသည်။ သူ့ရဲ့ပုခုံးပေါ်မှာ ရှိနေတဲ့တာဝန်တွေက ကျွန်တော် ထင်ထားတာထက် များပြားနေတာကြောင့် ကျွန်တော်တောင် စိတ်ဖိစီးလာသလို ခံစားရသည်။

'ကျွန်တော် မပျော်ဘူး။ ကျွန်တော် အိပ်လို့လည်းမရတော့သလို... အရာအားလုံးကို စိတ်ကုန်လာတယ်'

Soloက သူ့ရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့အတွက် မျက်လုံးတွေကို မှိတ်ချပစ်လိုက်သည်။ သူ့ရဲ့မျက်နှာက ဖော်ပြလို့မရနိုင်တဲ့စကားလုံးတွေနှင့် ရောနှောနေသည့်ခံစားချက်တွေအပြည့်ဖြစ်နေသည်။

'အဲ့ဒါနဲ့ ကျွန်တော် Guitarကို ဆုံခဲ့တယ်'

သူက မျက်လုံးတွေ ဖွင့်လိုက်ပြီးတော့ ကျွန်တော့်ကို ပျော်ရွင်စွာ ပြုံးပြလာသည်။

'ကျွန်တော့်အမေ ဆုံးပါးသွားတဲ့နေ့က ကျွန်တော့်ရဲ့အပြုံးနဲ့ ပျော်ရွင်မှုတွေကိုပါ တစ်ပါတည်း ယူသွားခဲ့တာ...'

'So…'

'ဒါပေမယ့် ကျွန်တော့်ဘဝထဲ Guitarဝင်ရောက်လာခဲ့တဲ့ နေ့မှာ... Guitarက ကျွန်တော့်ကို ဘယ်လိုပြုံးရပြီ ပျော်ရွင်အောင်နေရမလဲဆိုတာကို ထပ်ပြီး သင်ကြားပေးခဲ့တယ်'

ကျွန်တော် ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာဘဲ ကျွန်တော့်ပေါင်ပေါ်က ကောင်လေးရဲ့ ပါးပြင်လေးပေါ်သို့ ရေစက်လေးကျဆင်းသွားတာကို ကျွန်တော် တွေ့လိုက်ရသည်။ ကျွန်တော် စနားထောင်ကတည်းက စုပုံလာတဲ့ ကြီးမားတဲ့ခံစားချက်တွေကနေ မငိုတက်သောကောင်လေးအစား ကျွန်တော့်ရဲ့ မျက်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။

'So ဘာမှမခံစားရလို့ မငိုချင်ဘူးဆိုလည်း ရတယ်။ အစ်ကို အစားငိုပေးမယ်'

'Guitar…' Soloက ထထိုင်လိုက်ကာ သူ့ရဲ့လက်လေးနှင့် ကျွန်တော့်မျက်ရည်ကို သုတ်ပေးပြီးတော့ သူက ကျွန်တော့်ကို ဆွဲယူပြီး ဖက်လိုက်သည်။

'So…' ကျွန်တော်ကလည်း သူ့ကို ပြန်ထွေးပွေ့လိုက်မိသည်။ ကျွန်တော် ရှိုက်ပြီး ငိုနေတာမဟုတ်... သူ့ကို အရမ်းသနားမိကြောင့် ကျွန်တော့်မျက်ရည်တွေက ကျဆင်းလာတာဖြစ်သည်။

'ဟုတ်...'

'မပင်ပန်းဘူးလား' ကျွန်တော် မျက်လုံးတွေကို မှိတ်လိုက်ပြီးတော့ ဖက်ထားတဲ့ကောင်လေး၏ ပြင်းထန်နေတဲ့နှလုံးခုန်သံတွေကို အလွတ်ကျက်မှတ်နေမိသည်။ 'တစ်ယောက်တည်း ရင်ဆိုင်နေရတာ... မပင်ပန်းဘူးလား'

'ပင်ပန်းတယ်...' Soloက တိုးတိုးသက်သက်လေးပြောပြီးတာနဲ့ တင်းကြပ်စွာ ထွေးပွေ့လာသည်။

'So အစ်ကို့ကို ဝေမျှပေးလေ... အစ်ကို Soနဲ့အတူတူ ရင်ဆိုင်ချင်တယ်'

ကျွန်တော့်ရဲ့မျက်နှာက သူ့ရဲ့ရင်ခွင်ထဲမှာ နစ်မြုပ်နေတာကြောင့် သူ့မျက်နှာက ဘယ်လိုဖြစ်နေမလဲဆိုတာကို ကျွန်တော် မသိပါ။ ဒါပေမယ့် သူ့ရဲ့နှလုံးခုန်နှုန်းက ပိုပြီးမြန်ဆန်လာတာကို ကျွန်တော် ကြားနေရသည်။

'Guitar... မထွက်သွားဘူးလား' ကျွန်တော့်ရဲ့ဦးခေါင်းပေါ် မေးစေ့လေးတင်လိုက်ပြီးတော့ ကျယ်လောင်စွာမေးလာသည်။

'အစ်ကိုသာ ထွက်သွားမယ်ဆိုရင် ဘယ်သူက အစ်ကိုကို အသနားခံတဲ့မျက်လုံးတွေနဲ့ တောင်းပန်မှာလဲ။ ဘယ်က ခွေးပေါက်စလေးကို အစားထိုးနိုင်မှာလဲ' ကျွန်တော် စနောက်ပြီး ပြောလိုက်တော့ ခွေးပေါက်လေးရဲ့ အသာလေးရယ်နေတဲ့အသံကို ကြားလိုက်ရသည်။

'ကျေးဇူးတင်ပါတယ်'

'So...' ကျွန်တော် သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီးတော့ ပြုံးနေတဲ့ကောင်လေးရဲ့မျက်နှာကို ကြည့်ကာ သူ့ရဲ့ပါးပြင်နှစ်ဖက်ကို ကျွန်တော် ဆွဲကိုင်လိုက်သည်။ 'အစ်ကိုပြောတာကို နားထောင်...'

'ဟုတ်ကဲ့…'

စိတ်ထက်သန်စွာနဲ့ ခေါင်းတဆက်ဆက်ညိမ့်ပြပြီး ပြုံးပြလာတာကြောင့် ကျွန်တော် ရယ်လိုက်မိသည်။

'Soက အစ်ကို့ကို ဒီကို ပြောင်းလာဖို့ တောင်းဆိုခဲ့တယ်မှတ်လား။ အဲ့ဒါဆို အစ်ကို့ကိုလည်း အဲ့ဒီပြသာနာတွေကို အတူတူခံစားခွင့်ပေး... အဲ့ဒါကြောင့် နောက်တစ်ခါပြသာနာတွေ ရှိလာခဲ့မယ်ဆိုရင် အစ်ကိုတို့ တစ်ယောက်ကို တစ်ယောက်ဖွင့်ပြောကြမယ်'

Soloက သူ့ရဲ့ပါးပြင်ကို ထိတွေ့ထားတဲ့ ကျွန်တော့်ရဲ့လက်ဖဝါးလေးတွေကို အသားကျအောင် လုပ်လိုက်ကာ ခေါင်းညိမ့်ပြလာသည်။

'Soရဲ့အဖေက အစ်ကိုနဲ့ပတ်သတ်ပြီး လက်လျော့မှာ မဟုတ်ဘူး မှတ်လား...'

'ဟုတ်ကဲ့...'

'အမှန်တိုင်း ပြောပြရရင် အခု ဘယ်လိုလုပ်ရမလဲဆိုတာ အစ်ကို မသိဘူး။ Soကို ဘယ်လိုကူညီပေးရမလဲ။ မင်းအဖေနဲ့ပတ်သတ်ပြီး ဘယ်လိုအပေးအယူတွေ လုပ်ရမလဲဆိုတာ အစ်ကို တကယ့်ကို နည်းနည်းလေးမှ မသိဘူး။ အဲ့ဒါတွေကြောင့် အစ်ကိုတို့ ဖြစ်လာတော့မယ့်အချိန်ကို မစောင့်တော့ဘဲ ကြိုတင်ပြင်ဆင်ထားသင့်တယ်'

ကျွန်တော့်ရဲ့အတွေးတွေကို ချပြောလိုက်သည်။ သူက ဘယ်လိုအဖေမျိုးလဲ။ ဘာတွေ ဆက်လုပ်မလဲဆိုတာ မသိပေမယ့်...

'...'

'Soကိုတော့ အစ်ကိုတို့ အတူတူ ဒါကို ဖြတ်ကျော်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တော့ ရှိစေချင်တယ်။ Soက Soတက်နိုင်သလောက် လုပ်... အစ်ကိုကလည်း အစ်ကိုတက်နိုင်သလောက် လုပ်ကြမယ်'

Soloက ဘာမှမပြောဘဲ နက်ရှိုင်းတဲ့မျက်ဝန်းတွေနဲ့သာ ကြည့်နေသည်။

'ဟုတ်...'

'အစ်ကိုတို့ နည်းနည်းချင်းစီ ဖြေရှင်းကြမယ်။ အစ်ကိုတို့ အတူတူ ဖြေရှင်းကြတာပေါ့...'

သူ့အဖေနဲ့ပတ်သတ်တဲ့ကိစ္စတွေကော... သူ့ကိစ္စတွေကောပေါ့...

'ဟုတ်ကဲ့...'

'ဖုန်းခေါ်ချင်လား' Jayပြောခဲ့တာကို ကျွန်တော် ပြန်သတိပေးလိုက်မိသည်။ Soloက ဒေါသထွက်တဲ့အရိပ်အယောင်မပြဘဲ ငြိမ်သက်စွာနဲ့ ခေါင်းခါပြလာသည်။

'ကျွန်တော် သူ့ကို ခေါ်လိုက်မယ်' Soloက ဖုန်းကို ယူပြီးဆက်လိုက်ကာ စပီကာဖွင့်ထားလိုက်သည်။ သူ ဘယ်အရာကိုမှ ထပ်ပြီးမဖုန်းကွယ်ထားတာကို မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်တော် ပြုံးလိုက်မိသည်။

[မင်္ဂလာပါ။ Khun Chai...]

စောနက ဖုန်းဆက်တဲ့သူ့ရဲ့အသံနှင့် တူညီနေသော်လည်း အနည်းငယ်ကျယ်လောင်နေတာကြောင့် ဖုန်းပြန်ဆက်လာတာကို စောင့်နေတဲ့ပုံပင်…

'အဖေ ဘယ်မှာလဲ' Soloက တိုတိုတုတ်တုတ်ပြောလိုက်သည်။ အဲ့ဒါကြောင့် သူ့ရဲ့တောင့်တင်းနေတဲ့အသံတွေ ပြေလျော့သွားအောင် ကျွန်တော် သူ့ရဲ့လက်လေးကို ပွတ်သပ်ပြီး ပြုံးပြလိုက်သည်။

[Khun Tanက အစည်းအဝေးထဲမှာပါ။ သူက ကျွန်တော့်ကို မှာထားခဲ့လို့ပါ]

'ဘာကိစ္စရှိလို့လဲ'

[ကျွန်တော် Khun Chaiနဲ့ စကားပြောချင်လို့ပါ]

'လာမရှုပ်စမ်းနဲ့!' Soloက အော်လိုက်သည်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကို ကျွန်တော် ကြည့်လိုက်မိတဲ့အခါမှာတော့ သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး သက်ပြင်းအကြီးကြီးချလိုက်သည်။

[သူငယ်ချင်းတစ်ယောက်အနေနဲ့ Khun Chaiကို ကျွန်တော် သတိပေးချင်ပါတယ်။ Khun Chaiအတွက် အရေးပါတဲ့သူတစ်ယောက်က နာကျင် ခံစားနေရမှာမျိုးကို ကျွန်တော်မဖြစ်စေချင်ပါဘူး]

'ပါးစပ်ပိတ်ထားပြီးတော့ အဖေ မှာထားတာကိုဘဲ ပြောစမ်းပါ'

[Khun Tanက Khun Chaiရဲ့အပေါင်းအသင်းနဲ့ပတ်သတ်ပြီး သတိပေးချင်တာပါ။ နောက်တစ်ခုက Khun Tanက အလုပ်ခရီးတစ်ခုကို ရက်ရွေ့လိုက်ပြီးတော့ နောက်လကျရင် ထိုင်းကို လာမယ်လို့ပြောပါတယ်။ သူ အလုပ်ပြီးတာနဲ့ အဲ့ကို တန်းလာခဲ့လိမ့်မယ်]

အဲ့ဒီအဓိပ္ပာယ်က သူက ဒီအချိန်တိုတောအတွင်းမှာ ရောက်မလာနိုင်သေးဘူး။

'ငါ သိပြီ' Soloက စိတ်သက်သာရာရသွားသလိုမျိုး သက်ပြင်းချလိုက်မိသည်။

'ဒါဘဲလား'

[Khun Chai... ကျွန်တော်က သခင်လေးရဲ့အမြဲတမ်း သူငယ်ချင်းပါ။ အဲ့ဒါကြောင့် ကျွန်တော် ထပ်ပြီးသတိပေးချင်တာက Khun Guiအကြောင်းကို Khun Tanအားလုံးသိပြီးသွားပြီ။ သူ ထိခိုက်မှာကို မလိုချင်ရင် ရပ်လိုက်ပါတော့...]

Soloက ကျွန်တော့်မျက်နှာကို ကြည့်လာပြီးတော့ ထိုမေးခွန်းရဲ့အဖြေကို တောင်းနေသည်။ အဲ့ဒါကြောင့် အဖြေအနေနဲ့ ကျွန်တော်က သူ့ကို ပြုံးပြလိုက်သည်။ အဲ့ဒါနဲ့ သူက ပြန်ပြုံးပြပြီး ပြန်ဖြေလိုက်သည်။

'မရပ်ဘူး...'

သူ စကားပြောတာရပ်သွားအောင် ကျွန်တော့်ရဲ့လက်နှစ်ဖက်က သူ့ရဲ့ပါးပြင်နှစ်ဖက်ကို ဆွဲယူလိုက်ပြီးတော့ တယောက်ရဲ့အသက်ရှုသံကို တစ်ယောက်က ခံစားလို့ရတဲ့အထိ မျက်နှာတွေကို ကပ်ထားလိုက်မိသည်။

'အစ်ကို နာကျင်ရမယ်ဆိုတာ သိနေတာတောင် အစ်ကို့ဆီ ချည်းကပ်ခဲ့တာမို့လို့ Soက ကိုယ့်ကိုယ်ကို တစ်ကိုယ်ကောင်းဆန်မိတယ်လို့ Soပြောခဲ့တယ်မှတ်လား။ အဲ့ဒါဆို အစ်ကို့ကိုလည်း တစ်ကိုယ်ကောင်းဆန်ခွင့်ပြုပါ...'

'...'

'အစ်ကို Soနဲ့အတူတူရှိနေပေးမယ်။ ဘာဘဲဖြစ်လာဖြစ်လာ အစ်ကို့ကို ဆုတ်ကိုင်ထားတဲ့ Soရဲ့လက်တွေကို မလွှတ်လိုက်နဲ့...'

ငိုကြွေးရမှာလား... စိတ်ပျက်လက်ပျက်နှင့် အဝေးကို ထွက်ပြေးချင်လား။ ဒါမှမဟုတ် လွတ်မြောက်ချင်တာလား။ ဘာဘဲဖြစ်နေဖြစ်နေ...

ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ...

'အဲ့ဒါက အစ်ကို့ရဲ့အဖြေဘဲ...' ကျွန်တော်က ပြုံးလိုက်ပြီးတော့ အခိုင်အမာပြောနေသလိုမျိုး သူ့ရဲ့နှာခေါင်းထိပ်လေးကို ကျွန်တော့်နှာခေါင်းလေးနှင့်ဖိလိုက်ကာ ကျီစယ်နေလိုက်မိသည်။

နောက်ဆုံးတော့ ခဏတာတိတ်ဆိတ်သွားပြီးတော့... ဒုတိယမြောက်အခေါက်မှာတော့ နူတ်ခမ်းသားနှစ်စုံက အနည်းငယ်ထိတွေ့သွားတာကြောင့် မေးခွန်းတွေ အားလုံးရဲ့အဖြေကို ကျွန်တော် ရလိုက်သည်။

ကျွန်တော့်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ Khun Jay...

[နားလည်ပါပြီ။ ထပ်တွေ့ကြပါမယ်]

..._ ...

'Guitar...'

'ဟင်'

ခွေးပေါက်စလေးရဲ့ ရေဘဝဲလက်တွေက ကျွန်တော့်ရဲ့ခါးကို ဖက်တွယ်ထားသည်။ ကျွန်တော် လှည့်ကြည့်လိုက်မိတော့ ကျွန်တော့်ဘေးနားမှာ လှဲနေတဲ့ကောင်လေးရဲ့မျက်နှာက ပျော်ရွင်နေတဲ့အပြုံးတွေနှင့် ပြည့်နှက်နေတာကြောင့် ကျွန်တော်လည်း ချုပ်ထိန်းမထားနိုင်တော့ဘဲ ပြုံးလိုက်မိသည်။

'ကျွန်တော်တို့ ချစ်သူတွေ ဖြစ်သွားပြီ...'

'အင်း...'

'ထွက်သွားချင်တယ်ဆိုရင်တောင် ထွက်သွားခွင့်မပေးတော့ဘူးနော်…'

Soloက ထိုစကားလေးကိုဘဲ ပြောနေတာ သုံးကြိမ်မြောက်ရှိနေပြီဖြစ်တာကြောင့် ကျွန်တော် ရယ်လိုက်မိတော့ သူက နူတ်ခမ်းစူလာသည်။

'ထွက်သွားဆိုရင်တောင်မှ အစ်ကိုက သွားမှာမဟုတ်ဘူး'

ကျွန်တော် သူ့ရဲ့ပါးလေးတွေကို အသာလေးဆွဲညစ်လိုက်သည်။

Soloကတော့ ပြုံးနေရင်းနဲ့ဘဲ အိပ်ပျော်သွားသည်။ ပြုံးနေတဲ့သူ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ သူ့ရဲ့စကားလေးတွေကို မတွေးမိဘဲ မနေနိုင်ဘဲ တွေးနေမိတာကြောင့် ကျွန်တော့်နှလုံးသားလေးက နွေးထွေးလာသည်။

ကျွန်တော်က သူ့ရဲ့ပျော်ရွင်မှုတဲ့...

ဒါတင်ပြီးပြီလားဆိုတော့ မဟုတ်...

ကဖေးဆိုင်ကို သူ စလာတဲ့ရက်ကတည်းက အခု ဒီည သူ ကျွန်တော့်ကို ဖက်အိပ်တဲ့အထိ...

အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်တော့်ရဲ့နှလုံးသားက ပိုပြီး ယုံကြည်လာရတာကတော့...

'Soကလည်း ကျွန်တော့်ရဲ့ပျော်ရွင်မှုဘဲ~'

..._...

Continue Reading

You'll Also Like

2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
113K 6.8K 28
all was golden in the sky when the day meets the night。 a jikook fanfic. ©GODJINIE
759 101 6
This is not my own story. This a fan translation. Credits to original author. And I got premission from English translator. English name-The Dog I Pi...
34K 884 80
the scummiest of them all Reminders: 1. read the title. it is familiar so this content is definitely NOT MINE. 2. this is a translation captured usi...