OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၁၆

17 3 0
By newkhonpai

နှစ်ဝက်စာမေးပွဲကြီးက ကျွန်တော် ထင်ထားတာထက် ပိုပြီးမြန်ဆန်စွာ ရောက်လာခဲ့သည်။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ခရီးကနေ သူတို့ ပြန်ရောက်လာကြသည်ဆိုသော်လည်း ပြန်ရောက်ရောက်ချင်းမှာပင် ကျွန်တော်အပါအဝင် အကုန်လုံးက စာတွေနဲ့ အလုပ်ရှုပ်နေကြသည်။

ပိုဆိုးတာက ကျွန်တော်က အချိန်ပိုင်းအလုပ်ကို အချိန်ပိုဆင်းဖို့လိုတာကြောင့် သူများတွေထက် အချိန်ပိုနည်းသွားပြီး သူများတွေထက် ပိုကြိုးစားရသည်။ Soloကကျတော့ သီချင်းတွေ အများကြီးလေ့ကျင့်နေရတာ… ဘာလို့လဲဆိုတော့ သူ့ရဲ့စာမေးပွဲအများစုက လက်တွေ့ဖျော်ဖြေပြရမှာလေ… ကျွန်တော့်ဆီလာပြီး ကျွန်တော် အလုပ်လုပ်နေတာကို ထိုင်ကြည့်နေရတဲ့ ညနေခင်းအချိန်တွေက သူ တော်တော်မိုးချုပ်တဲ့အထိ လေ့ကျင့်ရတဲ့အချိန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူပြီးသွားတဲ့အခါမှာတော့ ကျွန်တော့်ကို ကြိုပြီးတာနဲ့ အတူတူပြန်ကြသည်။

ကလင်…

ဝင်လာတဲ့သူကို ကျွန်တော်လှည့်ပြီး ပြုံးပြလိုက်ကာ ပုံမှန်အတိုင်း နွားနို့နွေးနွေးလေးတစ်ခွက်ကို ချပေးလိုက်သည်။ Soloက ကျွန်တော့်ကို ခဏတစ်ဖြုတ်လောက်ငေးကြည့်ပြီး ကျွန်တော့်လက်ထဲက နွားနို့ခွက်ကို ယူလိုက်သည်။ ဘာစကားမှမပြော… အကြည့်ချင်းတောင် ဆုံမလာ…

ကျွန်တော် သူ လုပ်နေတာတွေကို သတိမထားမိသလို ဟန်ဆောင်ပြီး နွားနို့ကို နေ့တိုင်းပေးခဲ့တာ…

ကမ်းခြေက ပြန်ရောက်တည်းက အခုထိဆို တစ်ပတ်လောက်ရှိနေပြီ။ ခွေးပေါက်စလေးက ရုပ်တည်ကြီးနဲ့ ကျွန်တော်နဲ့စကားပြောဖို့ကို ငြင်းဆန်နေသည်။ ကျွန်တော့်ကို ဘာလို့မကြည့်တာလဲလို့ လိုရင်းကို မေးလိုက်မိတော့ ကျွန်တော့်ကို ပြုံးပြကာ အဝေးကို ရှောင်ဖယ်သွားသည်။ ဒါပေမယ့် သူက ကျွန်တော်ကို လိုက်ပို့ လိုက်ကြိုပြီး နွားနို့ပါ တောင်းမြဲပင်… သူ စိတ်ဆိုးနေတာလေးကဘဲ ချစ်စရာကောင်းလွန်းနေတာကြောင့် ကျွန်တော် ဒီအတိုင်းလေးသာ နေချင်နေမိသည်။

ခွေးပေါက်စလေး ဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကတော့ အခြားတော့မဟုတ်… ကမ်းခြေမှာ အဲ့နေ့တုန်းက ကျွန်တော် တကယ်ဘဲ သူငယ်ချင်းတွေရဲ့အခန်းဆီ သွားအိပ်ခဲ့သည်။ ထိုကောင်လေးက ခေါ်နေပေမယ့်လည်း သူတို့အားလုံး တံခါးမဖွင့်ပေးကြ… ဒါပေမယ့် မနက်ကျတော့ သူ့ရဲ့တစ်ညလုံးမအိပ်ထားရသေးတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အပြစ်ရှိသလို ခံစားခဲ့ရတာ… ကျွန်တော်တို့ ပြန်ဖို့ ကားပေါ်တက်တဲ့အခါမှာလည်း ဘေးနားကကောင်လေးက အကြည့်လွှဲထားပြီး ကျွန်တော့်ကို စကားမပြောတော့ဘဲ ပြတင်းပေါက်မှန်ကိုသာ ခေါင်းမှီထားသည်။ ကျွန်တော့်ရဲ့ပုခုံးကို မှီပါလို့ ပြောပေမယ့်လည်း သူက စကားနားမထောင်ဘဲ ပြတင်းပေါက်ကိုဘဲ မှီနေတာကြောင့် သူ့ခေါင်းလေးကို ယူပြီး ကျွန်တော့်ပုခုံးပေါ် အတင်းတင်လိုက်ရသည်။ ပထမကတော့ ကောင်လေးက ခေါင်းပြန်ဖယ်ဖို့ လုပ်ပေမယ့်လည်း ကျွန်တော့်ရဲ့တင်းမာလာတဲ့မျက်နှာကြောင့် သူ ပြန်အိပ်လိုက်သည်။

ဘယ်လောက်ဘဲ စိတ်ကောက်နေပါစေ… ကျွန်တော့်စကားကိုတော့ နားထောင်နေတုန်းဘဲ… ချစ်စရာကောင်းသားဘဲ…

Soloက ထလာပြီးတော့ သူ နေ့တိုင်းလုပ်နေကြအတိုင်း ဘေစင်မှာ ဖန်ခွက်ကို ဆေးလိုက်သည်။ သူ ဆေးပြီးသွားတဲ့အခါမှာ ကောင်တာပေါ်က ကျွန်တော့်အိတ်နဲ့ သော့ကို ယူကာ ဆိုင်အရှေ့မှာ ရပ်နေပြီး ကျွန်တော် ထွက်လာမှာကို စောင့်နေသည်။ ကျွန်တော် ထွက်လာရင် သူက ဆိုင်ကို တံခါးပိတ်ပြီး သော့ခတ်ပေးသည်။

ခွေးပေါက်လေးက ဆိုင်သော့ကို ကျွန်တော့်အိတ်ထဲ ထည့်လိုက်ပြီး ဘာမှမပြောဘဲ တစ်ချက်ကြည့်လာသည်။ ကျွန်တော် သူ့ကို ပြန်ပြုံးပြလိုက်ရင် သူက တစ်ဖက်သို့ ချက်ချင်းလှည့်သွားကာ ကားဆီသို့ လမ်းလျောက်သွားလိုက်သည်။

ဒီလိုမျိုး ဖြစ်နေတာက အခုလောက်ဆို လုံလောက်နေပြီလို့ ထင်မိသည်။

သူ့ရဲ့ပုံစံက ချစ်ဖို့ကောင်းတယ်ဆိုပေမယ့် အခုလိုအကြာကြီး လွှတ်ထားလိုက်ရင် ခွေးပေါက်စလေးက ပိုပြီးဆိုးလာမှာ… အဲ့အချိန်ကြမှ ကျွန်တော် ဘယ်လိုပြန်ပေါင်းရမလဲဆိုတာ မသိဖြစ်နေဦးမည်။

'So…'

နာမည်ပိုင်ရှင်လေးက ကျွန်တော့်ကို လှည့်တောင်မကြည့်… ခေါ်နေတာမကြားတဲ့ပုံစံလိုမျိုးနဲ့ ကားကိုသာ သေချာအာရုံစိုက်ပြီး မောင်းနေသည်။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို အသာလေးပုတ်လိုက်တာကြောင့် ကျွန်တော့်ကို လှည့်ကြည့်လာသည်။

ဒါကို အခြေအနေကောင်းလာတယ်လို့ ပြောလို့ရလား…

'စာအတူတူလုပ်ကြမလား'

သူ့မျက်နှာပေါ်မှာ တစ်ခုခုဖြတ်ပြေးသွားသလို ဖြစ်သွားတာကို မြင်လိုက်ရတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။

'အဆောင်မှာ စာလုပ်ရတာ အရမ်းပူလို့… အဲ့ဒါကြောင့် အစ်ကို Soနဲ့ စာအတူတူလုပ်လို့ရမလား'

သူက တိတ်ဆိတ်ငြိမ်သက်နေပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေက စတင်တောက်ပလာပြီးတော့ နူတ်ခမ်းထောင့်နားလေးက အနည်းငယ်လှုပ်ရှားလာသည်။ ပြီးတော့ ထင်သာမြင်သာရှိတာကတော့ သူ့ရဲ့နားရွက်လေးတွေက လှုပ်ခတ်လာသည်။

'မရဘူးလား'

ကျွန်တော် သက်ပြင်းချချင်ယောင်ဆောင်လိုက်သည်။

'ထားလိုက်ပါတော့… အစ်ကိုက ဒီအတိုင်း…'

'ဘယ်သူက မရဘူးလို့ ပြောလို့လဲ'

Soloက အမြန်ပြန်ဖြေလာတာကြောင့် ကျွန်တော့်မျက်နှာကို ကားပြတင်းပေါက်ဘက်သို့ လှည့်လိုက်ပြီး ရယ်ချင်နေတဲ့စိတ်ကို ထိန်းချုပ်လိုက်သည်။

'Soက စိတ်ဆိုးနေတုန်းဘဲဆိုတော့ အစ်ကိုမလာတော့တာဘဲ ပိုကောင်းပါတယ်။ အစ်ကို Soကို စိတ်မသက်မသာ မဖြစ်စေချင်ဘူး'

'ပျောက်သွားပြီ…'

'ဟမ်…'

'ပျောက်သွားပြီလို့…'

'ပျောက်သွားပြီး ထပ်ပြီးစိတ်မဆိုးတော့ဘူးပေါ့'

'စိတ်မဆိုးတော့ဘူး'

အဆုံးမှာတော့ ကျွန်တော်က ပြန်လှည့်ပြီးတော့ ရယ်ချလိုက်မိသည်။ အစက နားမလည်ဖြစ်နေတဲ့ကောင်လေးက တဖြည်းဖြည်းသဘောပေါက်လာတာကြောင့် နူတ်ခမ်းတွေ ဆူထားသည်။

'So ကတိနော်… ပြောပြီးသားစကား ပြန်မပြင်ကြေး…' ကျွန်တော် အမြန်ပြောလိုက်သည်။

'အကျင့်မကောင်းတဲ့Guitar'

သူ ပြောလိုက်ပေမယ့်လည်း ပါးပါးလေးပြန်ပြုံးလာသည်။

'အစ်ကိုက ဘယ်လိုပြန်ချော့ရမလဲဆိုတာ မသိဘူး'

'ကတိပေးတယ်။ ပြောပြီးသားစကား ပြန်မပြင်ဘူး'

ခွေးပေါက်စလေးက မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူစကားမတည်ရင် ငရဲကြီးပါစေလို့ ပြောနေသလို အတည်ပြောနေတဲ့မျက်နှာပုံစံလုပ်လိုက်သည်။

'ဟုတ်ပြီ!'

ကျွန်တော် အားအင်အပြည့်နဲ့ ခေါင်းကို ခပ်မြန်မြန်လေးညိမ့်ပြလိုက်ပြီး ပြုံးပြီး ရယ်မောနေတဲ့ ခွေးပေါက်စလေးကို ကျွန်တော် ကြည့်နေလိုက်သည်။

သူ့ရဲ့ခံစားချက်တွေကို အရမ်းသိသာအောင် ထုတ်ပြနေတယ်ဆိုတာ သူသိရဲ့လား… ပြုံးပြီး ရယ်နေတာလေ…

'Guitar…'

သူ ခဏလောက်စဉ်းစားပြီးတဲ့အခါမှာတော့ သူ့ရဲ့မျက်နှာက တည်သွားပြီး သူ့ရဲ့အတွေးအတိုင်း စိတ်မပါတဲ့အသံနဲ့ ပြောလာသည်။

'ကျွန်တော် လေ့ကျင့်ရဦးမှာ… Guitarစာလုပ်လို့ရပါ့မလား။ အဆောင်မှာဘဲ စာလုပ်လိုက်တာ ပိုမကောင်းဘူးလား'

ကျွန်တော် ဝမ်းနည်းမိသွားပေမယ့်လည်း တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ပေးကြတာကို ကျွန်တော် တွေ့မြင်လိုက်ရသည်။ ခွေးပေါက်စလေးက တကယ်ချစ်စရာကောင်းတာဘဲ…

'Soရဲ့အခန်းက ကြီးတယ်။ အသံက တစ်ခန်းလုံး မကျယ်လောက်ပါဘူး'

ကျွန်တော် အမှန်အတိုင်းပြောပြီးတဲ့အခါမှာတော့ Soloက ကျွန်တော့်ရဲ့လက်ကို လာကိုင်သည်။ ကျွန်တော်ကလည်း သူ့ရဲ့လက်ကို အသာလေးပြန်ညစ်လိုက်ပြီးတော့ ကားတံခါးဖွင့်ဖို့ လုပ်လိုက်ပေမယ့်လည်း သူက ကျွန်တော့်ရဲ့လက်တွေကို ဆုတ်ကိုင်ထားကာ လွှတ်ပေးဖို့ကို ငြင်းဆန်းနေသည်။

ဒီခွေးပေါက်စလေးကတော့…

ကျွန်တော့်လက်လေးကို အချိန်တော်တော်ကြာလာတဲ့အထိ အသာလေးဆွဲယူလိုက်ရသည်။ ကျွန်တော် ကားပေါ်က ဆင်းလိုက်တာနဲ့ Soloကပါ ကားတံခါးဖွင့်လိုက်ပြီး ကျွန်တော့်အနားလာကာ ပုံမှန်စောင့်နေကြပုံစံအတိုင်း ကားလေးကို မှီပြီး စောင့်နေသည်။

သူ့ကို ဒီလိုပုံစံမျိုးနှင့် မြင်ရတာ အသားကျနေပြီဖြစ်သည်။ ဒါပေမယ့် ဒီလိုပုံမျိုးကို ကြည့်လိုက်မိတိုင်း အမြဲကြည့်ကောင်းနေတာ… ကျွန်တော်တို့သာ မရင်းနှီးခဲ့ဘူးဆိုရင် ဒီနှစ်ရဲ့Moonဖြစ်သူက ဒီအတိုင်းလေး ရပ်နေတာတောင် ဒီမျက်နှာ ဒီရုပ်ရည်နဲ့တင် ပြီးပြည့်စုံတယ်လို့ မြင်မိမှာ… ဒါပေမယ့် အချင်းချင်းသိကျွမ်းကြတော့ ချပြောစရာမလိုတော့ဘူးပေါ့…

စာရွက်စာတမ်းအချို့၊ လေ့လာရမယ့်စာအုပ်တွေနှင့်အတူ ကျောင်းဝတ်စုံနှင့် ညဝတ်အကျီတို့ကိုပါ အိတ်ထဲထည့်ပြီးတော့ ဆင်းလာခဲ့သည်။ Soloက ဖယောင်းရုပ်လိုဘဲ စောနက ပုံစံအတိုင်းဘဲ ရပ်နေသည်။ သူ အဲ့လိုရပ်နေတဲ့အချိန်မှာ သူ့မျက်နှာရှေ့တည့်တည့် ယင်ကောင်တွေ လာနားလာရင် မောင်းမလား။ ဒီအတိုင်းနေမလား။

အဲ့ဒီမျက်နှာလေးကို ပုံဖော်ကြည့်နေရင်း ရယ်လိုက်မိသည်။ ကျွန်တော့်နှလုံးသားကို ကြက်သီးထအောင် လုပ်နိုင်တဲ့သူက ကျွန်တော့်ကို မေးတဲ့အနေနဲ့ မျက်ခုံးလေးတွန့်ပြလာသည်။

ကျွန်တော် ဘာမှပြန်မဖြေတော့ဘဲ ကားထဲသို့ ဝင်လိုက်သည်။ ခွေးပေါက်စလေးရဲ့မျက်နှာက လန်းပြီး ပြုံးရယ်နေတာကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ကို အမြဲတမ်းစိတ်ခံစားချက်ကောင်းစေသည်။

…_…

ကျယ်ပြန့်တဲ့အခန်းထဲသို့ တစ်ပတ်လောက်ခြေမချဖြစ်ပေမယ့်လည်း ပုံမှန်အတိုင်းသန့်ရှင်းနေသည်။ ကျွန်တော် အခန်းအလယ်က ဆိုဖာပေါ်မှာ စာအုပ်တွေကို တင်ထားလိုက်သည်။ ဘာလို့လဲဆိုတော့ အခန်းထောင့်နားက နေရာလေးက ခွေးပေါက်လေး သဘောကျတဲ့နေရာဖြစ်ပြီးတော့ အဲ့ဒီနေရာမှာ လေ့ကျင့်ရဦးမှာလေ…

'Guitar…'

Soloက အိပ်ခန်းထဲသွားဖို့ လက်ယပ်ခေါ်လာသည်။

'ဟင်…'

'မွေးနေ့လက်ဆောင်…'

'လက်ဆောင်…'

ကျွန်တော် မျက်လုံးအပြုးသားဖြစ်သွားကာ အံ့သြစွာနဲ့ဘဲ ပြောလာတဲ့ကောင်လေးကို ကျွန်တော် ကြည့်နေမိသည်။ ဘာလို့လဲဆိုတော့ Solo စတိတ်စင်ပေါ်တက်ပြီး ဆိုပြတဲ့သီချင်းလေးက ကျွန်တော့်ကို သူ လက်ဆောင်ပေးတယ်လို့ဘဲ ထင်ထားခဲ့တာ…

'ဘာလို့ ဒီနေ့မှ ပေးတာလဲ'

'ဘာလို့လဲဆိုတော့ အဲ့ဒါက ပို့ပေးလို့မရဘူးလေ…'

သူက ကျွန်တော့်ကို ပြုံးပြပြီးတော့ ဗီဒိုရှိရာသို့ ခေါ်သွားသည်။

'ဘယ်လောက်တောင်ကြီးနေလို့ ပို့လို့မရတာလဲ'

ကျွန်တော် ဝမ်းသာစွာ ပြုံးလိုက်သည်။ လက်ဆောင်မရခဲ့တာ အတော်ကြာနေပြီဖြစ်တာကြောင့် ကျွန်တော် နည်းနည်းလောက် စိတ်လှုပ်ရှားနေမိသည်။

ဒါပေမယ့် ဘာလို့ ဗီဒိုထဲ ထည့်ထားရတာလဲ။ ဒီကောင်လေးက သူ့ဘာသာ ဝယ်ထားတယ်ဆိုရင်တောင်မှ… ဒါကို စပရိုက်အနေနဲ့ လုပ်နေတယ်လို့ တွေးနေတာလား။

'ဖွင့်ကြည့်လေ…' သူ ပြောတဲ့အတိုင်း ကျွန်တော့်စိတ်ထဲက သံသယစိတ်တွေကို ဖယ်ထုတ်ပစ်လိုက်ကာ ဗီဒိုကို ဖွင့်လိုက်သည်။ ခါးကိုကိုင်းချလို်က်တဲ့အထိ ကျွန်တော့်ရဲ့နှလုံးသားတွေက အသားကုန်လှုပ်ခါလာသည်။

'Guitarက ကလေးလိုဘဲ…' Soloက တိုးတိုးလေး ညီးတွားလိုက်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ လက်ဆောင်က ဘာလဲဆိုတာကိုဘဲ ကျွန်တော် ပိုပြီးသိချင်နေတာ… ကျွန်တော့်ရဲ့မျက်လုံးတွေက ဗီဒိုထဲက လက်ဆောင်ကိုသာ ရှာဖွေနေမိသည်။

ဒါပေမယ့် အဝတ်အစားတွေ အများကြီးကလွဲလို့… ကျွန်တော် ဘာမှရှာမတွေ့ခဲ့ဘူး။

ခဏ…

အရင်တုန်းက Soloရဲ့အဝတ်တွေက အပြည့်မဟုတ်ဘူးဆိုတာ ကျွန်တော် မှတ်မိသည်။

ကျွန်တော် ဗီဒိုရဲ့အကန့်တစ်ခုစီကို ဖွင့်ကြည့်မိလိုက်တော့ ချိတ်ထားတဲ့အကျီတွေနှင့် သာမန်ထသွားထလာအဝတ်တွေအပြင် အတွင်းခံဘောင်းဘီကအစ အရင်ကထက် အများကြီးဖြစ်နေသည်။

မဟုတ်မှလွဲရော…

ပြုံးပြီး ရပ်နေတဲ့ကောင်လေးဘက်ကို ကျွန်တော် လှည့်လိုက်သည်။ သူ့ရဲ့မျက်နှာက မျှော်လင့်နေတဲ့ပုံစံကို မြင်လိုက်ရတာကြောင့် ကျွန်တော် ခဏလောက် ဘာမှမပြောနိုင်ဖြစ်သွားရသည်။

'Soက အစ်ကို့အတွက် အဝတ်တွေ ဝယ်ပေးတာလား'

အဝတ်ဝယ်ပေးတာကို ဘာမှမပြောလိုပေမယ့် ဒီလောက်အများကြီးမှ မလိုတာ… ပြီးတော့ ဈေးက ကြီးမယ့်ပုံပင်…

'ဟုတ်တယ်' Soloက ခေါင်းညိမ့်ပြသည်။

'အဲ့လောက်အများကြီး ဝယ်စရာမှမလိုတာ… တစ်ထည်လောက်ဆိုရပြီလေ…'

'ကျွန်တော် အများကြီး မဝယ်ဘူးဆိုရင်…'

Soloက သူနားမလည်သလိုမျိုး မျက်မှောင်တွေကို ကြုတ်ထားသည်။

'အစ်ကို ဒီမှာနေရင် ဘာဝတ်မှာလဲ'

'Soပြောချင်တာက…'

'ကျွန်တော် ဒီမှာ ဝတ်ဖို့ Guitarအတွက် ဝယ်ပေးထားတာ… တကယ်တော့ အဝတ်တွေဘဲ မဟုတ်ဘူး။ မီးဖိုချောင်ထဲမှာလည်း Coupleခွက် ရှိသေးတယ်'

ကျွန်တော် မျက်တောင်တွေကိုသာ ခပ်လိုက်ရင်း Soloပြောနေတာတွေကို ခေါင်းထဲမှာ တွေးနေမိသည်။ Soloက ပြုံးပြကာ ကြောင်တောင်တောင်ဖြစ်နေတဲ့ကျွန်တော့်ကို မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားသည်။

ဒီလိုမျိုး ပစ္စည်းအများကြီး ဝယ်ထားတာက ဒီမှာ အတူတူနေဖို့ ပြောနေတယ်လို့ ကျွန်တော် ယူဆလိုက်လို့ရလား။

'Guitar…'

ကျွန်တော့်ကို ခေါ်နေတဲ့ကောင်လေးဆီ လှည့်ကြည့်မိလိုက်တော့ ကျွန်တော် အားရပါးရရယ်လိုက်မိသည်။

ခွေးပေါက်စလေးက ခွက်နှစ်ခွက်ကို ကိုင်ထားကာ သူ့ရဲ့ပါးပြင်တစ်ဖက်တစ်ချက်စီမှာ ထိတွေ့ထားသည်။ ခွက်လေးတွေရဲ့ပုံစံကလည်း ခွေးမျက်နှာပုံလေးပြီးတော့ နူတ်ခမ်းလေးတွေ ဆူထားကာ ခွက်နှစ်ခွက်ဆုံလိုက်ရင် အနမ်းပေးသလိုမျိုး ပုံစံမျိုးဖြစ်သွားလိမ့်မည်။ အဲ့ဒါကို သူက သူ့ရဲ့ပါးပြင်တစ်ဖက်တစ်ချက်မှာ ထိတွေ့ထားတာကြောင့် ဖန်ခွက်က ခွေးလေးတွေက Soloရဲ့ပါးပြင်တွေကို နမ်းနေတဲ့ပုံစံမျိုး ဖြစ်နေသည်။

အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ကျွန်တော် ဓာတ်ပုံရိုက်ချင်လာသည်။

'So ဒီအတိုင်းလေး ခဏနေဦးနော်…'

ကျွန်တော် ဆိုဖာပေါ်မှာတင်ခဲ့တဲ့ဖုန်းကို သွားယူလိုက်သည်။ Soloက နားမလည်ဖြစ်နေပေမယ့်လည်း ဒီပုံစံအတိုင်းလေးသာ ရပ်နေတာကြောင့် သူ့ကို ဓာတ်ပုံကောင်းကောင်းရိုက်လို့ရခဲ့သည်။

သူ့ဖုန်းနံပါတ်ရဲ့ ပုံလေးအဖြစ်ထားရမယ်…

'ချစ်စရာကောင်းလို့လား'

ထိုမေးခွန်းလေးအတွက် ခေါင်းညိမ့်ပြလိုက်သည်။ သူက သူ့ကိုယ်သူ ချစ်စရာကောင်းတယ်လို့ ပြောနေတာမဟုတ်ဘဲ ခွက်တွေကို ပြောနေတယ်ဆိုတာ ကျွန်တော် သိသည်။ ပြီးတော့ ကျွန်တော် ခေါင်းညိမ့်ပြလိုက်တာက ဒီကောင်လေးက ချစ်ဖို့ကောင်းလို့…

'ဒါက ကျွန်တော့်ခွက်… ဒါက Guiterရဲ့ခွက်'

ပန်းရောင်ကော်လံအကျီလေးဝတ်ထားတဲ့ ခွေးပုံလေးနဲ့ ခွက်ကို ကိုင်ပြရင်း Soloက ပြောလာသည်။ သူကိုင်ထားတဲ့အခြားခွက်ကတော့ အပြာရောင်ကော်လံအကျီကို ဝတ်ထားတဲ့ ခွေးပုံလေးဖြစ်သည်။

ကျွန်တော် ခွက်လေးကို ကိုင်ပြီးတော့ ပြုံးလိုက်မိသည်။ ပြုံးပျော်နေတဲ့ သူ့ရဲ့မျက်နှာလေးကို မြင်ရတာ နေလို့ကောင်းစေသည်။

ဒါပေမယ့်…

'ဆိုတော့ Soက အစ်ကို့ကို ဒီမှာ နေစေချင်လို့လား…'

ထိုမေးခွန်းမေးလိုက်တဲ့အခါမှာတော့ ပျော်နေတဲ့မျက်နှာလေးက ဝမ်းနည်းနေတဲ့မျက်နှာသို့ ပြောင်းလဲသွားတာကို မြင်လိုက်ရတာကြောင့် ပြောမိတဲ့ကျွန်တော့်ပါးစပ်ကို ကျွန်တော် ပြန်ရိုက်လိုက်မိသည်။

အဲ့ဒီအပြင် အပြစ်ရှိနေသလို ခံစားလိုက်မိတာကြောင့် Soloဘာဖြစ်နေတာလဲဆိုတာကို မေးဖို့တောင် ကျွန်တော် မေ့နေမိသည်။

'ကျွန်တော်… အခန်းထဲ ဝင်တော့မယ်။ Guitar…' Soloက ခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ခပ်မှိန်မှိန်လေးပြုံးပြကာ ကျွန်တော့်ဘေးနားက ဖြတ်လျောက်သွားသည်။

စားပွဲပေါ်က ဖန်ခွက်ကို ကြည့်လိုက်မိတော့ ထိုဖန်ခွက်ထဲက ခွေးပုံလေးက ဝမ်းနည်းနေတဲ့ပုံဖြစ်နေသည်။

ဖန်ခွက်တွေကို ကြည့်လိုက်မိပြီးတော့ ကျွန်တော် အားလျော့သွားကာ မူးဝေလာသလို ခံစားလာရသည်။

'အစ်ကိုက Soနဲ့ အမြဲတမ်းရှိနေပေးမယ်လို့ ပြောတာ… အဲ့ဒါက အဆင်မပြေလို့လား။ အစ်ကို Soကို အနှောက်အယှက်ပေးမိပြီ ထင်တယ်' ကျွန်တော် နောက်ကို လှည့်မကြည့်ဘဲ ပြောလိုက်တော့ အနောက်က aခြလှမ်းအသံတွေ တိတ်ဆိတ်သွားတာကို သတိထားမိလိုက်သည်။ 'အစ်ကိုတို့က… အခုထိ ဘာမှမဟုတ်သေးဘူးဘဲ…'

'ရှိတယ်' ထိုကျယ်လောင်တဲ့တုန့်ပြန်သံနှင့်အတူ အနောက်ကနေ သူက ကျွန်တော့်ကို ပွေ့ဖက်လာတာကြောင့် ကျွန်တော့်ကျောပြင်က သူ့ရင်ခွင်ရဲ့နွေးထွေးမှုကို ခံစားနေရသည်။

'ရှိတယ်ဆိုတာက…' ကျွန်တော့်ခါးကို ဖက်တွယ်ထားတဲ့လက်တွေက ပိုပြီးတင်းကြပ်လာသည်။ ခန္ဓာကိုယ်က နွေးထွေးမှုနှင့်အတူ သူ့ရဲ့ပါးပြင်က ကျွန်တော့်ပုခုံးပေါ် မှီလာတာကြောင့် ဝင်လေထွက်လေနွေးနွေးလေးကိုပါ ခံစားနေရပြီး ကျွန်တော် တစ်ကိုယ်လုံး ပူလာသည်။ ကျွန်တော် ဒီကောင်လေးကို မကြည့်ရဲ… ဘာလို့လဲဆိုတော့ ဒီအတိုင်းလေး နေနေတာတောင်မှ နှလုံးသားက အပြင်ကို ခုန်ထွက်မတက် လှုပ်ရှားနေတာလေ…

'တစ်ယောက်အပေါ် တစ်ယောက် အထူးသီးသန့်လေ…'

အဲ့ဒါက ကျွန်တော့်စကားတွေ မဟုတ်လား…

ကျွန်တော် ကျွန်တော့်ရဲ့နှလုံးသားအလယ်ဗဟိုတည့်တည့်ကို ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ကျွန်တော်ကိုယ်တိုင် သူ့ကို ပြောခဲ့တုန်းက ကျွန်တော် ရှက်တယ်လို့မခံစားမိ… ဒါပေမယ့် ဒီခွေးပေါက်လေးပြောလာတဲ့အခါမှာတော့ မတူညီစွာ ခံစားရသည်။

ဖန်ခွက်ကို ကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်တွေက အကြောင်းပြချက်မရှိပါဘဲနဲ့ စတင်ပြီး တုန်ရီလာသည်။ မတော်တဆပြုတ်ကျပြီး ကွဲသွားမှာကို စိုးရိမ်မိတာကြောင့် ခွက်ကိုသာ မြဲအောင် သေချာကိုင်ထားလိုက်သည်။

'Guitar… ကျွန်တော် အနှောက်အယှက်မဖြစ်ပါဘူး။ ကျွန်တော်တို့မှာ တွေ့ရတဲ့အချိန်က အများကြီးမရှိလို့ ကျွန်တော်က အနီးကပ်ရှိစေချင်တာ… ပြီးတော့ မကြာခင်မှာ Guitarက Internဆင်းရတော့မယ်။ ကျွန်တော် အနီးကပ်ရှိနေပြီး နေ့တိုင်း အိပ်ချိန်တိုင်းမှာ တွေ့ရတာ အဆင်ပြေတာပေါ့…'

နွေးထွေးတဲ့ပွေ့ဖက်မှုလေးကို ကျွန်တော် ခဏလောက် မသိချင်ယောင်ဆောင်လိုက်ပြီးတော့ သူ့စကားကို ပြန်မေးလိုက်မိသည်။

'ဒါပေမယ့် အစ်ကို့ရဲ့အဆောင်က…'

ဒါနဲ့ ကျွန်တော့်ရဲ့အသံက ဘာလို့ အဲ့လောက်တောင် တုန်နေရတာလဲ။

ခွေးပေါက်စလေးက အသာလေးရယ်လိုက်ကာ ကျွန်တော့်ပုခုံးပေါ် သူ့ပါးလေး မှီတင်ထားရာကနေ ခေါင်းကို ထောင်လိုက်ပြီး သူ့ရဲ့ပါးပြင်လေးကို ကျွန်တော့်ပါးပြင်လေးနှင့် ထိကပ်လိုက်သည်။

'ဒီအတိုင်း ထားထားလိုက်လေ… မဟုတ်ဘူး။ အဲ့က ပြောင်းလာလိုက်တာ ပိုကောင်းတယ်'

'So ပြောချင်တာက အစ်ကိုက…'

'ဟုတ်တယ်'

'…'

…_…

[ဟယ်လို]

'အန်တီ… ကျွန်တော် Guiပါ။ မနက်ဖြန်ကျရင် အဆောင်ကနေ ပြောင်းတော့မလို့…'

[ဟိုး… အဲ့ဒါဆို Guiက ဘယ်သူနဲ့နေမှာလဲ]

'ကျွန်တော်က သူငယ်ချင်းနဲ့… အမ်… ကျွန်တော့်ရဲ့ အထူးသီးသန့်လူသားလေးနဲ့ အတူတူနေမလို့…'

[သေပါပြီ… အန်တီGuiလေးမှာ အထူးသီးသန့်လူရှိနေပြီးပေါ့…]

'…'

[ကံအရမ်းကောင်းတာဘဲ… တစ်ခုခုကူညီတောင်းစရာရှီမင် အန်တီကို ပြောနော်…]

'ကျေးဇူးအများကြီးတင်ပါတယ် အန်တီ…'

ကျွန်တော် ချလိုက်ပြီဖြစ်တဲ့ဖုန်းကို ကြည့်နေရင်း သက်ပြင်းချလိုက်မိသည်။ အခုအချိန်ကနေစပြီးတော့ ဘဝကြီးက ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော် မသိ… ခွေးပေါက်စလေးကို နေ့တိုင်း ပိုပိုပြီးစောင့်ရှောက်ချင်တယ်လို့ဘဲ ခံစားရသည်။ စောနက ဖုန်းပြောတုန်းက ကျွန်တော် သူငယ်ချင်းပါလို့ ပြောမိတော့မလို့ ချက်ချင်းပြန်ပြင်လိုက်ရသည်။ ဘာလို့လဲဆိုတော့ သူသာ ကြားသွားရင် ဘယ်လိုတွေးမိသွားမလဲဆိုတာကို ကျွန်တော် ကြောက်မိသည်။ ထိုကောင်လေးကတော့ သူ့ကို လှည့်ပြီး မကြည့်လာဘူးဆိုတောင်မှပေါ့…

Soloကို ကြည့်ရတာ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာပြသာနာမှ မရှိတဲ့ပုံရသည်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြသာနာကြီးလို့ တွေးထင်နေမိတုန်း…

'Guitarက အရမ်းချစ်စရာကောင်းတာဘဲ'

အဲ့ဒီလိုလေး… သူ ပြောနေတာကို ကျွန်တော် ကြားလိုက်မိသည်။

ကျွန်တော်ကတော့ မကြားချင်ယောင်ဆောင်ပြီးတော့ စာကိုသာ ပြန်အာရုံစိုက်ထားလိုက်မိသည်။ သူတီးနေတဲ့ဂစ်တာတီးသံလေးကို ကျွန်တော် ကြားနေရတယ်ဆိုသော်လည်း အဲ့ဒါက ပြသာနာမဟုတ်… ပုံမှန်ဆိုရင်တောင် ကျွန်တော်က စာလုပ်ရင်း သီချင်းနားထောင်နေကြလေ… သူက ကျွန်တော် စာလုပ်နေတာ အာရုံပျက်သွားမှာစိုးတာကြောင့် ဂစ်တာကို ကျွန်တော် မကြားရလောက်တဲ့အထိ တိုးတိုးလေးတီးနေသည်။ ပြီးတော့ ကျွန်တော်ကလည်း အိပ်ခန်းထဲကနေ အခြားနေရာသို့ သွားဖို့ မတွေးမိခဲ့…

အခုလိုမျိုး အနီးကပ်ရှိနေရတဲ့ခံစားချက်က ပိုပြီးကောင်းသည်။

ဒီး…

ကမ်းခြေပြန်လာတုန်းက ချက်ချင်းဝယ်ထားတဲ့Soloရဲ့ဖုန်းအသစ်လေးကို ကြည့်လိုက်မိသည်။ ဖုန်းတုန်ခါသံကို ကြားလိုက်ရတဲ့အချိန်တိုင်းမှာ ဟိုတစ်နေ့က ပြောင်းလဲသွားခဲ့တဲ့Soloရဲ့ပုံစံကို ကျွန်တော် ပြန်မြင်ယောင်လာသည်။

'So… ဖုန်း…'

အခုထိ ဂစ်တာအတီးမပျက်သေးတဲ့ကောင်လေးဘက်သို့ လှည့်ပြီး ခေါ်လိုက်သည်။

'ဘယ်သူလဲ' Soloက လှည့်မကြည့်လာဘဲ မေးလိုက်သည်။

'နာမည်မမှတ်ထားဘူး'

'Kaoထင်တယ်… သူ ဖုန်းခေါ်မယ်လို့ ပြောထားတယ်။ Guitarဖုန်း ပြန်ဖြေပေးပါလား'

'ဟုတ်ကဲ့ပါ Khun So' ကျွန်တော် ရယ်လိုက်ပြီးတော့ သူပြောတဲ့အတိုင်း ဖုန်းကို ကိုင်လိုက်သည်။

'ဟယ်လို…'

[…]

'ဟယ်လို……' တစ်ဖက်ကနေ ဘာအသံမှ မကြားရတာကြောင့် ကျွန်တော် ထပ်ပြောလိုက်သည်။ တစ်ဖက်က လိုင်းမကောင်းလို့လည်း ဖြစ်မှာပေါ့…

[ဟယ်လို]

ထိုစကားကို ကြားလိုက်ရတဲ့အခါမှာ ကျွန်တော် ချက်ချင်းဆိုသလို ဂစ်တာထိုင်တီးနေတဲ့ ကောင်လေးရဲ့ကျောပြင်ကို လှည့်ကြည့်လိုက်မိသည်။

ဒါ Kaoမဟုတ်ဘူး။

'အမ်… အခုဖုန်းပြောနေတာ ဘယ်သူလဲဆိုတာ ကျွန်တော် မသိပေမယ့် Soloကို ပြောပေးပါမယ်'

[မလိုပါဘူး… မဟုတ်ရင် သူ့ဖုန်းကို သူထပ်ပြီး လွင့်ပစ်နေဦးမယ်။]

ကျွန်တော် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး နှလုံးသားထဲမှာ ထူးဆန်းတဲ့ခံစားချက်တွေ ဖြစ်လာသည်။

ဖုန်းလွှင့်ပစ်တဲ့ကိစ္စကို ကျွန်တော်နဲ့ Soloဘဲ သိတယ်ဆိုတာ ကျွန်တော် သေချာသည်။ အဲ့ဒါဆို ဒီလူက ဘယ်လိုလုပ်ပြီး သိသွားရတာလဲ။

Soloက အဲ့အကြောင်းကို ဒီလူအား ပြောပြထားတာများလား။ တကယ်လို့ Soloပြောပြခဲ့တယ် ဆိုရင်တောင်မှ ဒီလူက ဘာဖြစ်လို့ ဖုန်းထပ်လွှင့်ပစ်မှာကို စိတ်ပူနေရတာလဲ။

'အဲ့ဒါဆို…'

[အခုပြောနေတာ Khun Kaoလား။ Khun Jediလား မသိဘူး]

ရင်ထဲကနေ တုန်လှုပ်လာတာကြောင့် ကျွန်တော် ကျွန်တော့်နူတ်ခမ်းတွေကိုသာ တင်းတင်းကြပ်ကြပ် ကိုက်ထားလိုက်သည်။ အခြားတစ်ယောက်ရဲ့အသံကို ကြားရုံနဲ့တင် အကြောင်းပြချက်မရှိဘဲ ဘာလို့ ဒီလောက်တောင် စိုးရိပ်သောကရောက်မိလဲဆိုတာ ကျွန်တော် မသိ…

'မဟုတ်ပါဘူး…'

[Guiလား။]

သူ ဘယ်လိုလုပ်ပြီး…

'ဟုတ်ပါတယ်'

ထူးဆန်းတဲ့ခံစားချက်နဲ့အတူ တုန်လှုပ်လာသည်။ ဒီခံစားချက်က မကောင်း… ကျွန်တော့်ရဲ့ရင်ဘတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ခံစားလာရပေမယ့် ဘာကြောင့်မှန်းလဲဆိုတာ ကျွန်တော် မသိ…

[ဒီလိုဆိုရင်…]

'…'

[Khun Chaiကို ကျေးဇူးပြုပြီး ပြန်ပြောပေးပါနော်…]

(Khun Chai = သူဌေးလေး၊ သခင်လေး)

'ဟုတ်ကဲ့'

[ကျွန်တော့်ကို သူငယ်ချင်းလို သတ်မှတ်နေတုန်းဘဲဆိုရင် Khun Tanရဲ့အမိန့်ကို မနာခံဘဲ မနေပါနဲ့…]

(Khun Tan = သူဌေးကြီး၊ သခင်ကြီး)

'…'

[အခုအချိန်မှာ ဘာကို ရပ်တန့်သင့်သလဲဆိုတာ သူသိပါတယ်။]

'…'

[ပြီးတော့…]

'…'

[Khun Tanပြောတာက သူ့ကို အဆက်အသွယ်မလုပ်ဘူးဆိုရင် Khun Chaiဆီ သူ ကိုယ်တိုင်လာတွေ့မယ်တဲ့…]

'ကျွန်တော်… သူ့ကို ပြောလိုက်ပါမယ်'

[ကျေးဇူးတင်ပါတယ်]

မရှင်းပြတက်တော့တဲ့ခံစားချက်တွေနှင့်အတူ ကျွန်တော့်လက်ထဲက ဖုန်းကို တိတ်ဆိတ်စွာနဲ့ ကြည့်နေမိသည်။ ဒါပေမယ့် အထူးဆန်းဆုံးကတော့ ကျွန်တော့်စိတ်ထဲက ထူးဆန်းစွာနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာသည်။

ဖုန်းထဲက လူက Soloအဖေရဲ့လူဖြစ်လိမ့်မည်။

သူပြောသွားတဲ့ပုံအရတော့ Khun Tanက Soloကို တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ပုံစံမျိုးနှင့် ပြောသွားတာ…

'Guitar…'

ကျွန်တော် တုန်ရီနေတဲ့လက်တွေကို ကြည့်လိုက်မိရင်း အဲ့ဒါက ဘာလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ဖြစ်နေသည်။

ကြောက်နေတာလား။

'Guitar…'

ကျွန်တော့်ရဲ့လက်ကို တင်းကြပ်စွာဆုတ်ကိုင်လာတဲ့ လက်ပိုင်ရှင်လေးကို ကျွန်တော် ကြည့်လိုက်မိသည်။ အမြဲတမ်းမျက်နှာတည်တည်နဲ့ ကောင်လေးက ဘာဖြစ်နေတာလဲဆိုတာကို မေးချင်နေတဲ့ပုံပင်…

'နေမကောင်းလို့လား'

Soloက သူ့ရဲ့လက်ကလေးနှင့် ကျွန်တော့်နှဖူးကို စမ်းလိုက်သည်။ သူက စိတ်ပူနေတာကြောင့် မျက်မှောင်ကို ကြုတ်ထာသည်။ ကျွန်တော်ကတော့ သူ့ရဲ့မျက်နှာကိုသာ ကြည့်လိုက်မိသည်။

'So…'

'ဟုတ်'

'အစ်ကို့ကို ပြုံးပြပါလား'

Soloက ရှုပ်ထွေးသွားပေမယ့်လည်း ရိုးသားမှုတွေနှင့် ပြည့်ဝနေသည့်အပြုံးမျိုး ပြုံးပြလာခဲ့တဲ့အပြင် သူက ကျွန်တော့်လက်လေးကို အသာလေးဆွဲယူပြီးတော့ နမ်းလာတာကို ကျွန်တော် ကြည့်နေမိသည်။ ကျွန်တော့်ရဲ့တုန်လှုပ်ကြောက်လန့်နေတဲ့နှလုံးသားက ပျောက်ကွယ်သွားသလိုပင်…

Soloရဲ့အကြောင်းတွေ မသိသေးဘူးဆိုတာကို ကျွန်တော် နားလည်သွားမိသည်။ နည်းနည်းလေးတောင် ကျွန်တော် မသိခဲ့တာ… ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော် သူ့ရဲ့ကမ္ဘာထဲကို နည်းနည်းလောက် ဝင်ကြည့်ရမည်။

အခု Soloဖုန်းပြောတဲ့အချိန်တိုင်း ဘာလို့ ဒေါသထွက်နေရတာလဲဆိုတဲ့အကြောင်းအရင်းကို ကျွန်တော် သိလိုက်ရသည်။

ကျွန်တော် အသေးစိတ် မသိသေးဘူးဆိုပေမယ့်လည်း သူ သူ့အဖေနဲ့ပတ်သတ်ပြီး ပြသာနာတက်နေတာ ဖြစ်နိုင်သည်။ Soloက ကျွန်တော်တို့အကြောင်းနဲ့ ပတ်သတ်ပြီး စိုးရိမ်နေရတဲ့အကြောင်းပြချက်ကို အခုထိ မသိရအောင် ကျွန်တော်က တုံးအနေတဲ့သူမှ မဟုတ်တာ…

သူ့ရဲ့နူးညံ့တဲ့အပြုံးလေးကို ကျွန်တော်မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် နားလည်လိုက်ရတာက…

စောနက ဖြစ်ခဲ့တဲ့ တုန်လှုပ်နေတဲ့ နှလုံးသား၊ တုန်ရီနေတဲ့ လက်တွေနှင့် စိုးရိမ်ပူပန်တွေက ဖြစ်လာမယ့်ပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းရမှာ ကြောက်လို့တော့ မဟုတ်…

သူ့အဖေကို ကြောက်နေတာလည်း မဟုတ်သလို… နောင်ဖြစ်လာမယ့်အရာတွေကို တွေးကြောက်နေတာမျိုးလည်း မဟုတ်ပါ။

ကျွန်တော်တို့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေပြီး အားလုံးသိနေတာကို ကျွန်တော် သိလိုက်ရတာကြောင့် ကျွန်တော် ကြောက်နေမိတာမျိုး မဟုတ်…

ဒါပေမယ့် ကျွန်တော် ကြောက်သည်။

သူ့ကို ဆုံးရှုံးသွားရမှာကို ကျွန်တော် ကြောက်မိသည်။

…_…

Continue Reading

You'll Also Like

5.4K 157 21
Title, cover, and description are being working on... Adrielle, just a normal person, reincarnated into the game of Fire Emblem Awakening as a child...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
19.8K 349 18
Jeremiah breaks up with Juliet over text, so she feels the need to clear her head. And what better way to go to the beach and listen to the waves in...
After Dark By Z

Teen Fiction

16.4K 583 42
《 This is a BoyxBoy story 》 William Caddel wants to live. Between crushing expectations and the strictness that comes with them that seems like such...