OXYGEN - ออกซิเจน (မြန်မာဘာသာ...

newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... Еще

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၁၅

266 24 1
newkhonpai

ကျွန်တော် ကျွန်တော့်ရဲ့နူတ်ခမ်းကို လက်ကလေးနှင့် အသာလေးထိတွေ့လိုက်မိသည်။ ကြာနေပြီဆိုသော်လည်း စောနလေးတင်မှ ဖြစ်ပျက်သွားသလိုမျိုး ခံစားနေရသည်။ နွေးထွေးတဲ့အထိအတွေ့က အခုထိ မမှေးမှိန်သေးဘဲ စွဲကျန်ရစ်နေတုန်း...

ဘယ်တော့မှ ပြောင်းလဲလို့မရနိူင်မယ့် တံဆိတ်တုံးကို ရိုက်နှိပ်ခဲ့သလိုပင်...

သူ ဘယ်နှစ်ကြိမ်နမ်းခဲ့ဖူးလဲဆိုတာ ကျွန်တော် မသိပေမယ့် ဒါက ကျွန်တော့်အတွက် ပထမဆုံးအနမ်းဖြစ်သည်။

ကျွန်တော် ပတ်ဝန်းကျင်ကို ငေးကြည့်နေရင်း အကြည့်က ရေကန်ရဲ့တစ်ဖက်ခြမ်းသို့ ရောက်သွားတဲ့အခါမှာ ရပ်လိုက်မိသည်။ ဂီတမေဂျာက တီးဝိုင်းအဖွဲ့နှင့်အတူ ဂီတာတီးနေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရသည်။ Soloကတော့ ဂစ်တာတီးနေရင်းနဲ့ဘဲ ကျွန်တော့်ကို ကြည့်နေသည်။ ဒါပေမယ့် သူ့ရဲ့ခပ်ပါးပါးအပြုံးလေးနှင့် ကျွန်တော့်ကို ကြည့်နေတဲ့အကြည့်တွေကြောင့် ပူလာသလို ခံစားလာရသည်။

အရူးလိုဘဲ... ဘာလို့ နူတ်ခမ်းကို အခုထိကိုင်နေမိတာလဲ။

ရယ်ချင်နေတဲ့ကောင်လေးကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အကြည့်တွေကို လွှဲပစ်လိုက်သည်။ ကျန်တဲ့သူတွေက မူးရူးနေကြပြီး ဘာမှပြန်မပြောလာတာဘဲ တော်သေးသည်။

Soloနဲ့ ကျွန်တော် ပြန်လာတဲ့အခါမှာတော့ သူတို့က ရေကန်ဘေးနားမှာ စပြီး သောက်နေကြပြီလေ... ကျွန်တော်တို့ သူတို့ဆီ သွားလိုက်တဲ့အခါမှာ မူးနေတဲ့ဂီတမေဂျာက ကောင်လေးတစ်ယောက်က Soloကို ဆွဲခေါ်သွားပြီးတော့ ဂစ်တာတီးခိုင်းခဲ့သည်။ ကျွန်တော်ကကျတော့ Nohကို ရှာလို့မတွေ့တာကြောင့် ရေကန်ဘေးနားမှာဘဲ အေးဆေးထိုင်လို့ရခဲ့သည်။

တကယ်ဘဲ... ကျွန်တော့်သူငယ်ချင်းသုံးယောက်စလုံး ဘယ်ကို ပျောက်ကုန်ကြတာလဲ။

'ဟ... Ai'Gui'

ကျွန်တော် သူတို့အကြောင်းတွေးနေရုံဘဲရှိသေးတယ်။ သူတို့က ကမ်းခြေဘက်ကနေ အတန်းလိုက် လမ်းလျောက်လာသည်။

ဒါနဲ့ အဲ့ဒါ Kaoမဟုတ်ဘူးလား။

'မင်းတို့...'

ကျွန်တော့်ကို မကြည့်ရဲဖြစ်နေကြတဲ့ သူတို့ကို ကျွန်တော် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်မိသည်။ ပုံမှန်သာဆိုရင် အရက်သောက်မယ့်အစီစဉ်ကို Nohတို့က အလွတ်ခံမှာမဟုတ်... ဒါပေမယ့် ဒီအကြိမ်မှာတော့ သူတို့က လုံးဝကို အရက်နဲ့ လုံးဝမထိတွေ့ရသေးတဲ့လူတွေလို ဖြစ်နေသည်။

'ကျွန်တော့်သူငယ်ချင်းကို အရင်သွားရှာလိုက်ဦးမယ်' Kaoက ကျွန်တော်တို့ကို ပြောပြီးတော့ အရင်ဆုံး ပြေးသွားသည်။

'ငါ ဗိုက်ဆာတယ်' Nohကလည်း ထွက်ပြေးသွားပြန်ပြီ။

'ငါ ရေကူးချင်တယ်' Wineက ပြောပြီးတာနဲ့ ရေကူးကန်ထဲသို့ ချက်ချင်းဒိုင်ဗင်ထိုးချလိုက်သည်။ ကျွန်တော် ရေကူးကန်အနားသို့သာ လျောက်သွားလိုက်ပြီးတော့ ခဏလောက် တိတ်ဆိတ်နေလိုက်မိသည်။

သူ ရေကူးတက်လားဆိုတာကို ကျွန်တော် သိချင်မိသည်။

တက်နိူင်သမျှ ကျွန်တော့်ကို ပုံမှန်အတိုင်းကြည့်နေတဲ့ နောက်ဆုံးကျန်တဲ့သူတစ်ယောက်ကို ကျွန်တော် ကြည့်လိုက်မိသည်။ ကျွန်တော့်မျက်လုံးတွေကို ရှောင်နေတာကလွဲလို့ ကျွန်တော့်မျက်နှာကို သူ စိုက်ကြည့်ပြီး ပြုံးပြနေသည်။

'ဘာမှမဟုတ်ပါဘူး' Beerက ပြောနေရင်းနဲ့ ကျွန်တော့်ပုခုံးကို ပုတ်လိုက်သည်။ 'ဒါပေမယ့် ငါက အထူးသီးသန့်လူသားလေးဖြစ်ချင်တာ...'

'ခွေးကောင် Beer!'

ကျွန်တော် သူတို့ကို လုံးဝဂရုမစိုက်ခဲ့တာဘဲ... တကယ်တော့ သူတို့က ဒီလိုအရာမျိုးကို ပိုပြီးလက်လွတ်ခံမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် ခန့်မှန်းမိခဲ့ရမှာ...

'မင်း မိရဲမိကြည့်စမ်းပါ Beer!' Beerက Nohဆီကို ပြေးသွားတာကြောင့် ကျွန်တော် အော်လိုက်မိသည်။

ခဏ...

သူတို့ အဲ့ဒါကို ကြားခဲ့တယ်ဆိုတော့...

သူတို့ အဲ့ဒါကို မြင်သွားမှာပေါ့...

'Gui!'

ကျွန်တော် လန့်သွားပြီးတော့ တစ်ဖက်တစ်ခြမ်းကနေ လှမ်းအော်နေတဲ့Nohကို လှည့်ကြည့်လိုက်မိသည်။

'အဲ့ဒါကလေ...'

'ငါတို့ တကယ် ဘာမှမမြင်ခဲ့ဘူး'

တော်တော်မကောင်းတဲ့သူငယ်ချင်းတွေဘဲ!

သူငယ်ချင်းတွေ ကျွန်တော့်ကို စနောက်နေတဲ့အခါမှာ ဂီတာတီးနေတဲ့ကောင်လေးက အတီးမပြတ်ခဲ့ပါ။ ဒါပေမယ့် သူက ကျွန်တော့်ရဲ့မျက်နှာကို ကြည့်ကာ ခိုးခိုးပြီး ပြုံးနေသည်။ ဒါက ဘာအဓိပ္ပာယ်လဲ။

ဒီည ကျွန်တော့်ဆီ လာအိပ်ရင် ဒီခွေးပေါက်စကို ကုတင်ပေါ်က ကန်ချသင့်လား...

ဒီတီးဝိုင်းအဖွဲ့က တကယ်ကို ဂီတမေဂျာနဲ့ လိုက်ဖက်လွန်းသည်။ ဂစ်တာတီးနေတဲ့Soloကလွဲပြီးတော့ ကျန်တဲ့အခြားသူတွေကတော့ သောက်ဖိုု့တောင် မနားဘဲ တောက်လျောက် သီချင်းတွေ ဆိုနေသည်။ သူတို့ထဲက လူအနည်းငယ်ကတော့ အသိစိတ်တွေ ပျောက်နေကြပြီ။ အသားကုန်သောက်နေကြတဲ့ ကျွန်တော်တို့ အင်ဂျင်နီယာမေဂျာက ကျောင်းသားတွေနဲ့တော့ မတူဘူးပေါ့... အင်ဂျင်နီယာကျောင်းသားတွေထဲမှာ အရက်ကို လုံးမထိတဲ့ တစ်ဦးတည်းသောသူက ကျွန်တော်ဖြစ်လိမ့်မယ်။

'Guitarက သူငယ်ချင်းတွေနဲ့ သွားမသောက်ဘူးလား'

ရေကန်ဘောင်ပေါ်မှာ ထိုင်နေတဲ့ကျွန်တော့်အနားသို့ Soloက လျောက်လာပြီး ထိုင်လိုက်ကာ ရေကန်ထဲသို့ သူ့ရဲ့ခြေထောက်တွေကို ထည့်လိုက်သည်။ ပြီးတော့ သူ ယူလာခဲ့တဲ့ဂစ်တာကို ပြန်ပြီး ဆက်တီးလိုက်သည်။

'အစ်ကိုက အရက်သောက်ရတာကို သဘောမကျဘူး။ ပွဲတွေ ဘာတွေမှာ ယဉ်ကျေးမှုအရ သောက်ရတာဘဲ တော်ပြီပေါ့...'

ကျွန်တော် ပထမနှစ်တုန်းက တစ်ခါလောက် အရက်အများကြီး သောက်ခဲ့ဖူးသည်။ အဲ့အကြိမ်တုန်းက ကျွန်တော့်ကို အတင်းထိုးတိုက်ခဲ့ကြတာ... အရမ်းမူးနေပြီး ခေါင်းကိုက်နေတာကြောင့် ဒယိမ်းဒယိုင်လျောက်နေရသော်လည်း အသိစိတ်ရှိနေတာကြောင့် ဘာလုပ်ခဲ့လဲ ဘာပြောခဲ့လဲဆိုတာတွေကို ပြန်သတိရမိတာကဘဲ ကောင်းသေးတယ်လို့ ပြောလို့ရသည်။ စီနီယာတွေ ပြောတာကတော့ ကျွန်တော်က အရက်ကို အခုမှပထမဆုံးစသောက်ဖူးတဲ့ပုံစံနဲ့ မတူဘူးတဲ့... ဒါပေမယ့် အဲ့ဒါပြီးသွားတဲ့အခါမှာ အရက်သောက်ရတာကို သဘောမကျတော့ဘူး။

'အင်း...'

'Soကော မသောက်ဘူးလား'

ကျွန်တော် သူ မေးတာကိုဘဲ ပြန်မေးလိုက်မိသည်။ အရက်သောက်ဖို့ အခွင့်အရေးကို သေချာပေါက် လက်လွတ်မခံတဲ့ပုံပေါက်နေတဲ့ ခွေးပေါက်စလေးရဲ့ပုံစံကို ကျွန်တော် ကြည့်လိုက်မိသည်။

'မသောက်တော့ဘူး။ ဒီမှာ Guitarနဲ့ အတူတူရှိနေတာဘဲ ပိုကောင်းတယ်'

ကျွန်တော် ဘာမှမပြောဘဲ ရယ်လိုက်မိသည်။ ပိုကောင်းတယ်လို့ ပြောတယ်ဆိုကတည်းက သူ အရက်ကို သောက်ချင်နေပြီး သူ့ကိုယ့်သူ မသောက်ဖို့ တားနေတယ်ဆိုတဲ့အဓိပ္ပာယ် သက်ရောက်စေသည်။ သူ့ကို အရက်သွားသောက်ဖို့ တိုက်တွန်းလိုက်မယ်ဆိုရင်လည်း သူ့ကို ပြောလိုက်တဲ့စကားကြောင့် မကောင်းတဲ့အတွေးတွေ ဝင်သွားမှာလည်းစိုးသည်။

'အင်း... အစ်ကိုနဲ့ အတူတူရှိတာဘဲ ကောင်းတယ်။ အရက်အများကြီး သောက်တာက မကောင်းဘူး'

ကျွန်တော့်ဘေးနားက ဂစ်တာသံလေးက ရုတ်တရက်တိတ်ဆိတ်သွားတာကြောင့် ကျွန်တော် သူ့ကို ခိုးပြီး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ခွေးပေါက်စလေးရဲ့မျက်နှာက အလိုမကျဖြစ်နေတဲ့ ကလေးလေးတစ်ယောက်ရဲ့မျက်နှာလိုဖြစ်နေတာကို တွေ့လိုက်ရသည်။ သူ့လက်ထဲက ဂစ်တာကို သူ့ရဲ့ဘေးနားမှာဘဲ ချထားလိုက်ပြီးတော့...

'အင်း... မသောက်တော့ဘူး' မသောက်တော့ဘူးလို့ ပြောနေတဲ့ကောင်လေးက တဖြည်းဖြည်းတိုးကပ်လာတာကို ကျွန်တော် မသိချင်ယောင်ဆောင်ထားလိုက်သည်။

'အဲ့ဒါ ကောင်းတယ်'

'တကယ်လို့ Guitarခွင့်မပြုဘူးဆိုရင်... ကျွန်တော် ဘယ်တော့မှ မသောက်တော့ဘူး' သူ အရက်မသောက်တော့ပါဘူးလို့ ပြောနေတဲ့ကောင်လေးက အသနားခံနေတဲ့အသံနဲ့ ပြောလာပြီးတော့ ကျွန်တော့်ရဲ့လက်ချောင်းလေးတွေကို အသာလေးပွတ်သပ်နေသည်။

'အင်း... အရမ်းကောင်းတယ်' ကျွန်တော်က Soloဘက်ကို လှည့်ကြည့်လိုက်ပြီးတော့ အတည်ကြီး ပြောသလို ဟန်ဆောင်လိုက်သည်။ သူ့ကို စကားနားထောင်လို့ ဆုပြန်ပေးတဲ့သဘောအနေနဲ့ သူ့ရဲ့ခေါင်းလေးကို ကျွန်တော် အသာလေးဖွလိုက်မိပေမယ့် ကောင်လေးကတော့ ညှိုးငယ်စွာနဲ့ ခေါင်းညိမ့်ပြကာ အသနားခံနေတဲ့မျက်လုံးတွေနဲ့ ကြည့်လာသည်။

'အမ်...'

'So နည်းနည်းလောက် သောက်လို့ရတယ်နော်'

'ကျွန်တော် မသောက်တော့ဘူး'

သူ ချက်ချင်းဆိုသလို ငြင်းလာသည်။ စောနက ညှိုးငယ်နေတဲ့သူ့ရဲ့မျက်နှာက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

'အဆင်ပြေလို့လား'

'အဆင်ပြေတယ်'

ဘာမှမဖြစ်ပါဘူးပြောလိုက်ပေမယ့်လည်း ခွေးပေါက်စလေးရဲ့နားရွက်တွေနဲ့ အမြီးက လှုပ်ခတ်နေသည်။

'Kao... သောက်တာကုန်သွားပြီလား' Soloကို ကျော်ပြီး ကျွန်တော် ကြည့်လိုက်တဲ့အခါမှာတော့ Kaoက ကျွန်တော့်ရဲ့သူငယ်ချင်းတွေနဲ့အတူတူ ထိုင်သောက်နေသည်။ နာမည်ပိုင်ရှင်ကောင်လေးက အနောက်သို့ လှည့်လာပြီး သောက်တာမပြီးသေးဘူးဆိုတဲ့အဓိပ္ပာယ်နှင့် ခေါင်းခါပြလိုက်သည်။ ဒါပေမယ့် Soloကလည်း Kaoကို လှည့်ကြည့်ဖို့လုပ်တော့ ခေါင်းခါပြလိုက်တာကို သူမမြင်လိုက်...

'Kao! ငါ မင်းကို ချန်ထားလို့ ပြောထားတယ်နော်...'

သူငယ်ချင်းဖြစ်သူကို အော်နေတဲ့ကောင်လေးကို ကျွန်တော်ကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။ Soloကတော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် လှည့်လာကာ စောနကအတိုင်း အသနားခံနေတဲ့ရုပ်လေးဖြစ်နေသည်။

'သွားလေ...'

'ခဏဘဲ... ကျွန်တော် ပြန်လာခဲ့မယ်နော်... Guitar' ခွေးပေါက်လေးက ပြောပြီးတာနဲ့ ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ သူ မသွားခင်လေးမှာ ကျွန်တော့်ရဲ့လက်ကလေးကို ညစ်လိုက်သေးသည်။ ကျွန်တော် စိတ်ဆိုးဒေါသထွက်လာမှာကို သူက ကြောက်နေတဲ့ပုံပင်...

ဒါလား... အရက်မသောက်တော့ပါဘူးလို့ ပြောနေတဲ့ပြောခဲ့တဲ့ကောင်လေးလား။

ဒါနဲ့... Kaoက ဘယ်အချိန်တုန်းက ကျွန်တော့်သူငယ်ချင်းတွေနဲ့ အခုလိုမျိုး ရင်းနှီးသွားရတာလဲ။

ကျောက်စားပွဲအဝိုင်းပေါ်မှာ သောက်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေဆီ သွားပြီးတော့ Soloဘေးနားက လွတ်နေတဲ့နေရာမှာ ဝင်ထိုင်လိုက်သည်။ ကျွန်တော် ခန့်မှန်းမိသလောက်ကတော့ သူတို့မူးနေကြပြီ ထင်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော် ထိုင်လိုက်ကတည်းက ပုံမှန်စနေကြအတိုင်း စမလာကြဘူးလေ...

အခုဆို တော်တော်တောင် မှောင်လာပြီ။

ဒီး...

စားပွဲပေါ်က ဈေးကြီးတဲ့ဖုန်းတစ်လုံးက မနားတမ်းမြည်နေသည်။ ဖုန်းပိုင်ရှင်ကို ကြည့်လိုက်မိတော့ ဖုန်းကို စိတ်မဝင်စားဘဲ သောက်သာနေသည်။

ခဏအကြာ ကျွန်တော်တို့ ဟိုတယ်ကို ပြန်နေဖို့လုပ်တဲ့အခါမှာ Soloက တစ်ယောက်တည်းထွက်သွားပြီး ဖုန်းပြောနေတာကြောင့် ဘယ်လိုတွေးမိမလဲဆိုတာ မသိပေမယ့် Soloကို ထူးဆန်းနေတယ်လို့ ခံစားလာရသည်။

အဲ့အချိန်မှာ Soloက စိတ်တွေ ရှုပ်ထွေးနေပြီး ခံစားချက်တွေက အရမ်းပြင်းထန်နေတဲ့ပုံပင်... သူ ကျွန်တော့်ကို လှည့်ကြည့်လာရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ဒါပေမယ့် သူ ဖုန်းပြောပြီးတဲ့အခါမှာ စောနတုန်းက ပုံစံနဲ့ မတူတော့တာကို ကျွန်တော် သတိထားမိလိုက်သည်။

'Guitar... တကယ်လို့ အစ်ကို ထွက်သွားချင်ဆိုရင် ကျွန်တော့်ကို ပြောလို့ရတယ်။ အစ်ကို ဘာမှမခံစားရဘူးလို့သာ ပြောလိုက်...'

'...'

'ချစ်သူဖြစ်တာ မဖြစ်တာဆိုတာ ကွာတယ်။ ကျွန်တော်တို့ အခုအခြေအတိုင်းသာဆိုရင် Guitarကို ကျွန်တော် သွားခွင့်ပေးလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ချစ်သူတွေသာဖြစ်သွားရင် ဒီခံစားချက်တွေကို ကျွန်တော် ဘယ်လိုမှ ထိန်းချုပ်လို့ရမှာ မဟုတ်တော့ဘူး'

'...'

'ပြီးတော့ Guitarက ကျွန်တော့်ကို မလိုအပ်တော့ဘူးဆိုရင်တောင် Guitarကို ကျွန်တော် ထွက်သွားခွင့်ပေးမှာ မဟုတ်တော့ဘူး'

Soloရဲ့စကားတွေက ကျွန်တော့်ရဲ့ခေါင်းထဲမှာ စွဲကျန်နေသည်။ ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ သူက ကျွန်တော့်ကို ပြောခွင့်မပေးဘဲ ခပ်နွမ်းနွမ်းလေးသာ ပြုံးပြသည်။ သူ့ကို ဒီလိုတွေးအောင် ဘယ်ဟာက လုပ်လိုက်သလဲဆိုတာ ကျွန်တော် မသိ...

'အရမ်းသဘောကျတယ်'ဆိုတဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေကို ကျွန်တော့်ဘက် ရပ်တန့်သွားမလားဆိုပြီး ဘာကြောင့် သူ တွေးပြီး ကြောက်နေရတာလဲဆိုတာကို ကျွန်တော် နားမလည်နိူင်ဖြစ်မိသည်။ အဲ့ဒီခံစားချက်တွေက မကြာခင်မှာ အချစ်ကို ပြောင်းသွားလိမ့်မယ်ဆိုတာကို ကျွန်တော့်ဘက်က ဒီလောက် ယုံကြည်ချက်ရှိနေတာတောင်မှလေ...

သူ့မှာ မပြောပြချင်တဲ့ အကြောင်းအရာတွေရှိနေမယ်ဆိုတာကို ကျွန်တော် နားလည်ပေမယ့် သူ့ကို အခုလိုမျိုး ဝမ်းနည်းစရာတွေကို မတွေးစေချင်...

ကျွန်တော် ဘယ်လိုလုပ်ပြီး ထားခဲ့နိူင်မှာလဲ။ သူ့ရဲ့ညှိုးငယ်နေတဲ့မျက်နှာလေးကို ဒီအတိုင်း ကြည့်နေရုံနဲ့တင် ကျွန်တော့်ကို ဝမ်းနည်းလာစေသည်။

ဒါပေမယ့် သူ ဒါတွေကို ပြောနေတဲ့အချိန်မှာ အသေအချာပြောနေတာကြောင့် သူက တစ်ခုခုကို...

'အစ်ကို့ကို စောင့်နော် So... အချစ်ရဲ့အဓိပ္ပာယ်က ဘာလဲဆိုတာကို အစ်ကို Soကို သေချာပေါက် ပြောပြမယ်'

'So...'

ကျွန်တော် သူ့ကို တံတောင်ဆစ်လေးနှင့် တွတ်လိုက်ကာ ဖုန်းကို ညွှန်ပြလိုက်သည်။ အစကတော့ သူက ကျွန်တော့်ကို တောင်းဆိုနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေပေမယ့်လည်း ကျွန်တော် ညွှန်ပြတဲ့နေရာသို့ ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့အကြည့်တွေက ချက်ချင်းပြောင်းလဲသွားသည်။

'- ျီးလိုဘဲ...'

Soloက ဆဲလိုက်ပြီးတော့ ဖုန်းကိုကိုင်ကာ ကမ်းခြေဘက်သို့ ထွက်သွားလိုက်သည်။

သူ ဒေါသထွက်နေလိမ့်မယ်ဆိုတာ ကျွန်တော် သိနေတာကြောင့် ကျွန်တော် ဘာမှမပြောမိ... ကျွန်တော် ဘာမှမသိဘူးဆိုရင်တောင်မှ ကျွန်တော် အရမ်းစိတ်ပူလာမိသည်။ Soloက အခုလိုပုံစံလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ပြီးတော့ ကျွန်တော့်အရှေ့မှာသာဆိုရင် ခွေးပေါက်စလေးက ပိုလို့တောင် သူတစ်ပါးကို ထိခိုက်စေမှာမဟုတ်...

'အစ်ကို လိုက်သွားပြီး သူ့ကို တစ်ချက်လောက်ကြည့်ပေးပါလား' Kaoက တိုးတိုးလေးပြောပြီးတော့ ပြုံးပြနေသည်။ 'သူ စိတ်ငြိမ်အောင် လုပ်ရမှာ... ကျွန်တော်နဲ့ Jedi သူ့ကို ငြိမ်သွားအောင် တစ်ခါမှ မလုပ်နိူင်ဘူး'

'သူ အရင်က ဒီလိုဖြစ်ဖူးလား' ကျွန်တော် ပြန်မေးလိုက်မိသည်။

'ဖြစ်ဖူးတယ်။ ကျွန်တော်တို့ စာသင်နေရင်း နှစ်ခါလောက် ဖြစ်ဖူးတယ်'

ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီးတော့ ထလိုက်သည်။ ဒီကလေးက သူ့ရဲ့သူငယ်ချင်းကို စိတ်ပူနေတယ်ဆိုတာကို ပြောပြစရာမလိုအောင် ကျွန်တော် သိပါသည်။ Soloမှာ အနည်းဆုံးတော့ စိတ်ပူပေးမယ့် သူငယ်ချင်းရှိနေတာကြောင့် ကျွန်တော် ဝမ်းသာနေမိသည်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အပြုအမူ မပြောနဲ့... ခွေးပေါက်စလေးရဲ့ အပြင်ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီးတော့ ကျွန်တော် Kaoနှင့် Jediတို့က လွဲလို့ ဘယ်သူမှ ပေါင်းချင်ကြတာမဟုတ်...

'အစ်ကို Soကို အရင်ဆုံးသွားကြည့်လိုက်မယ်'

'P'Gui...'

'အင်း'

ကျွန်တော့်ကို ခေါ်နေတဲ့သူကို လှည့်ကြည့်လိုက်မိသည်။ Kao အမူးပြေသွားအောင် ခေါင်းခါလိုက်တာကြောင့် အသိစိတ်ပြန်ဝင်လာပြီး မျက်နှာပုံစံက တည်လာသည်။

'Soက စိတ်ရှည်တဲ့သူမျိုးမဟုတ်ဘူး အစ်ကို... ပြသာနာတက်လေလေ... ဒေါသက ပိုထွက်လေလေဘဲ... အစ်ကိုတစ်ယောက်တည်းကဘဲ သူ့ကို ထိန်းချုပ်နိူင်လိမ့်မယ်။ အစ်ကို ကိုယ့်ဘာသာကိုယ်လည်း ဂရုစိုက်ဦးနော်...'

စိတ်ရှည်တဲ့သူမျိုးမဟုတ်ဘူး။ တကယ်တော့ မနက်တုန်းက Beerနဲ့ ရန်ဖြစ်မလို့ လုပ်ကတည်းက ကျွန်တော် ခန့်မှန်းမိပါသည်။ ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ ကျွန်တော် သိချင်နေသည်။

'အစ်ကို အဲ့ဒါကို ဂရုစိုက်လိုက်ပါ့မယ်'

ကျွန်တော် ပြောပြီးတာနဲ့ Kaoက ကျွန်တော့်ကို ပြုံးပြကာ ဘာမှဆက်မသိချင်တော့တဲ့ လူတစ်ယောက်လို စားပွဲပေါ်သို့ ဗိုင်းခနဲ လှဲချလိုက်သည်။

'အစ်ကို အဲ့ဒါကို ဂရုစိုက်လိုက်ပါ့မယ်'

'အစ်ကို အဲ့ဒါကို ဂရုစိုက်လိုက်ပါ့မယ်'

'အစ်ကို အဲ့ဒါကို ဂရုစိုက်လိုက်ပါ့မယ်'

ကျွန်တော် သူတို့ကို အိပ်ပျော်နေကြပြီလို့ ထင်နေတာ... ဒီသုံးကောင်ကတော့ တကယ့်ကို ကန်ချင်စရာကောင်းတဲ့အကောင်တွေ...

စနေတဲ့ သူငယ်ချင်းသုံးယောက်ရဲ့အသံတွေရဲ့ဝေးရာသို့ သွားလိုက်ပြီး Soloကို ရှာနေမိသည်။ ဒါပေမယ့် ခဏလောက် လမ်းလျောက်ပြီးရှာနေပေမယ့် Soloရဲ့အရိပ်ကိုတောင် မမြင်ရသေး... သူ ဘယ်သွားနေလဲဆိုတာ ကျွန်တော် သိချင်သည်။

လေက ပိုပြီးပြင်းထန်လာသလို တဖြည်းဖြည်းနဲ့ ညဥ့်နက်လာပြီဖြစ်တာကြောင့် ပိုပြီးစိတ်ပူလာရသည်။

တကယ်လို့ မင်း နေမကောင်းထပ်ဖြစ်လို့ကတော့ အစ်ကို့ကို တစ်ရက်လုံး စကားလာပြောဖို့ မကြိုးစားနဲ့... ကိုယ့်ကိုယ်ကို ဂရုစိုက်လား မစိုက်လားဆိုတာ ကိုယ့်ဘာသာ သိစမ်း...

'မလုပ်ဘူး'

ကျွန်တော်နဲ့ သိပ်မဝေးတဲ့အုန်းပင်အောက်ကနေ ရင်းနှီးနေတဲ့ အေးစက်စက်အသံထွက်လာသည်။

ကျွန်တော် ရင်းနှီးနေတဲ့ပုံရိပ်လေးရှိရာကို လျောက်လာခဲ့သည်။ ဒါပေမယ့် Soloကတော့ ကျွန်တော် သူ့ဆီ လာနေတာကို သတိထားမိပုံမပေါ်...

'မလုပ်ဘူးလို့ ကျွန်တော် ပြောနေတယ်လေ!'

Soloရဲ့အေးစက်ပြီး ဒေါသထွက်နေတဲ့အသံက ပဲ့တင်ထပ်နေသည်။ ကျွန်တော် လန့်သွားပြီးတော့ မျက်တောင်တွေကို ခပ်မိကာ ခွေးပေါက်စလေးရဲ့လက်ထဲက အရာဝတ္ထုတစ်ခုက ပျံသန်းသွားတာကို ကြည့်နေမိသည်။

သူက ဖုန်းကို ပင်လယ်ထဲ လွင့်ပစ်လိုက်တာဘဲ...

'Guitar...'

နွမ်းနယ်နေတဲ့ သူ့ရဲ့အသံလေးကြောင့် ကျွန်တော် နည်းနည်းစိတ်သက်သာရမိသွားပေမယ့်လည်း ကြည့်ရတာက သူ့ဘေးနားမှာ ကျွန်တော် ရပ်နေတာကို မမြင်ဘဲ ဒီအတိုင်း ကျွန်တော့်နာမည်ကို ခေါ်နေတာထင်သည်။ အရပ်ရှည်ရှည်နဲ့ကောင်လေးက လေကို ပြင်းပြင်းထန်ထန် ရှုထုတ်လိုက်ကာ အားအင်မရှိတဲ့လူတစ်ယောက်လိုမျိုး သစ်ပင်ကို မှီထားသလို... ကျွန်တော်ရဲ့နှလုံးသားလေးလည်း အားအင်မရှိတော့သလို ခံစားလာရသည်။

ဘာလို့ အဲ့ဒီအရာက သူ့ကို အရမ်းကို ပင်ပန်းစေရတာလဲ...

'အင်း'

အုန်းပင်ကို မှီထားတဲ့ကောင်လေးက လန့်ပြီး လှည့်ကြည့်လာတာကြောင့် ကျွန်တော် ပြုံးပြလိုက်မိသည်။

'မင်းက အစ်ကို့ကို ခေါ်မှတော့ အေးတဲ့ကြားထဲက အစ်ကိုက လာရတာပေါ့...'

ကျွန်တော်က လူတွေကို ခံစားလို့ကောင်းအောင် လုပ်နိူင်တဲ့ ပျော်ပျော်နေတက်တဲ့သူမျိုး မဟုတ်ဘူး။ ဒါပေမယ့် သူ ထိုခွေးပေါက်စလေးကို အရင်ကလို နားရွက်လေးတွေ လှုပ်ခတ်စေချင်သည်။ အဲ့ဒါက ပျော်တဲ့အချိန်ကျမှ လှုပ်တက်တာလားဆိုတာတော့ ကျွန်တော် မသိ...

သံသယဖြစ်စရာမလိုပါ...

ခွေးပေါက်စလေးက ကျွန်တော့်ကို ဘာမှမပြောဘဲ စိုက်ကြည့်နေတဲ့အချိန်မှာ ကျွန်တော် ပြုံးသာပြုံးပြလိုက်မိသည်။ မကြာခင်အချိန်မှာတော့ သူ့ရဲ့နူတ်ခမ်းလေးက အသာလေးကွေးလာခဲ့သည်။

မင်း ဒီလိုပြုံးနေမယ်ဆိုရင် မပြုံးတာဘဲ ပိုတောင်ကောင်းဦးမယ်။

လျင်မြန်စွာနဲ့ဘဲ...

ကျွန်တော့်ထက် အရပ်ပိုရှည်တဲ့ကောင်လေးဆီ သွားပြီးတော့ ဖက်ထားလိုက်မိသည်။ လက်တစ်ဖက်က သူ့ရဲ့ခေါင်းလေးကို ကျွန်တော့်ပုခုံးပေါ် နှစ်မြုပ်သွားအောင် မှေးတင်ထားခိုင်းလိုက်ပြီးတော့ ပုံမှန်လုပ်နေကြအတိုင်း သူ့ရဲ့ခေါင်းလေးကို လက်နှင့် ပွတ်သပ်ပေးလိုက်မိသည်။ Soloက ခဏလောက် ငြိမ်သက်နေပြီးတော့မှ ကျွန်တော့်ကို တင်းကြပ်စွာ ပြန်ဖက်လာသည်။

'အစ်ကိုက Soကို ကောင်းတဲ့စိတ်အခြေအနေဖြစ်လာအောင် မလုပ်ပေးနိူင်ပေမယ့် Soကိုတော့ အမြဲတမ်း ဒီလိုဖက်ပေးလို့တော့ ရပါတယ်'

ခွေးပေါက်စလေးက ပိုပြီးသူ့ရဲ့မျက်နှာလေးကို ဖိကပ်လိုက်တာကြောင့် သူ့ရဲ့ပူနွေးနေတဲ့ဝင်လေ ထွက်လေနှင့်အတူ သူ့နှာခေါင်းထိပ်လေးရဲ့ အထိအတွေ့ကိုလည်း ခံစားနေရသည်။ ကျွန်တော့်ခါးကို ဖက်တွယ်ထားတဲ့လက်တွေက ကျွန်တော် ပျောက်ကွယ်သွားမှာကို ကြောက်နေသလိုမျိုး တင်းကြပ်စွာ ဖက်ထားသည်။

'ဒီလိုဘဲ နေမယ်နော်...'

'So...'

'မမေးပါနဲ့လား...' Soloရဲ့အသံက မပီမသဖြစ်နေသည်။ သူ အရမ်းပင်ပန်းနေပြီဆိုတာကို ကျွန်တော်တောင် ခံစားလို့ရနေသည်။

'အင်းပါ... အစ်ကို မမေးတော့ပါဘူး'

'အဆင်သင့်ဖြစ်ပြီဆို Guitarကို ပြောပြမယ်လို့ ကျွန်တော် ကတိပေးပါတယ်'

သူ ဘာမှမဖြေသွားဘူးဆိုပေမယ့်လည်း ကျွန်တော် ပြုံးပြလိုက်မိသည်။ သူ အဆင်သင့်ဖြစ်ပြီးဆိုရင် သူပြောသလိုမျိုး ကျွန်တော့်ကို ပြောပြလိမ့်မယ်ဆိုတာကို ကျွန်တော်ယုံကြည်သည်။

ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ထားတာ ဘယ်လောက်ထိ ကြာသွားသလဲဆိုတာ ကျွန်တော် မသိလိုက်... ဒါပေမယ့် ဒီလိုအခြေအနေမျိုးကိုဘဲ ကျွန်တော် သဘောကျမိသည်။ ဘာလို့လဲဆိုတော့ Soloက သူ့ရဲ့ရှုပ်ထွေးနေတဲ့စိတ်တွေကို ဘာမှမပြောဘဲ ဖြေလျော့နေတာ... အဲ့လိုလုပ်တာ ကောင်းတယ်။ ဒါပေမယ့် သူ အားလုံးထုတ်ပြောပြရင်တော့ သူ့စိတ်တွေက ပိုပြီးနေလို့ကောင်းသွားမှာပေါ့...

'ကျွန်တော် ပြန်မသွားချင်တော့ဘူး'

အသနားခံနေတဲ့အသံလေးက ကျွန်တော့်ကို ပိုပြီးစိတ်သက်သာရာရအောင် လုပ်နေသည်။ အနည်းဆုံးသော သူ့အသံက ဒေါသထွက်နေတဲ့အသံနဲ့ ဝမ်းနည်းနေတဲ့အသံမျိုး မဟုတ်ဘူးလေ...

'အစ်ကိုတို့ ကျောင်းပြန်တက်ရဦးမယ်လေ...'

'ဒါပေမယ့် အတန်းတွေတက်ရပြီဆိုရင် ကျွန်တော် Guitarကို ရှာလို့ရမှာ မဟုတ်ဘူး'

ကျွန်တော်ကလည်း စာကြိုးစားဖို့လိုသည်။ Soloကလည်း အများကြီး လေ့ကျင့်ဖို့လိုသည်။ ကျွန်တော်တို့ ကျောင်းပြန်ရောက်တဲ့အခါကျရင် တစ်နေကုန်လုံး တစ်ယောက်နဲ့တစ်ယောက် တွေ့ဖြစ်မှာမဟုတ်ဘူး။ အိပ်တဲ့အချိန်မှာဘဲ တွေ့ပြီး စကားပြောဖို့ အချိန်ရမှာ...

အလုပ်မသွားရတဲ့ရက်ဆိုရင် ကျွန်တော့်မှာ အုပ်စုပရောဂျက်တွေရှိပြန်သည်။ သူကလည်း သူ့အချိန်တွေကို ဖျော်ဖြေရေးအတွက် လေ့ကျင့်ရင်း ကုန်ဆုံးရမှာ...

'အစ်ကိုတို့ သည်းခံရမှာပေါ့...'

ကျွန်တော်လည်း အဲ့ဒါကို သည်းခံနိူင်ဖို့လိုသည်။

'ဒါနဲ့ Guitarသာ internဆင်းရတော့မယ်ဆိုရင်...'

Soloက ကျွန်တော့်ပုခုံးပေါ် မှီထားရင်းနဲ့ဘဲ အဆင်မပြေတဲ့အသံနှင့် ပြောလာတာကြောင့် သူ့ရဲ့ခေါင်းလေးကို ထပ်ပြီးပွတ်သပ်ပေးလိုက်သည်။

မကြာခင်လုပ်ရတော့မယ့် Interဆင်းရမယ့်အကြောင်းကို ကျွန်တော် သူ့ကို ပြောပြထားတာ... ပထမကတော့ ခွေးပေါက်စလေးက ကလေးဆန်စွာနဲ့ စိတ်ဆိုးသေးသည်။ ဒါပေမယ့် ကျွန်တော် သူ့ကို နွားနိူ့နွေးနွေးလေး ပေးလိုက်တဲ့အချိန်မှဘဲ...

အမ်... ခဏနေပါဦး...

ကျွန်တော့်ခန္ဓာကိုယ်လေးကို နောက်သို့ အသာလေးဆုတ်လိုက်ပြီး ဘာဖြစ်နေတယ်ဆိုတာကို မသိဘဲ အူလည်လည်ဖြစ်နေတဲ့ကောင်လေးရဲ့မျက်နှာကို ကျွန်တော် ကြည့်လိုက်မိသည်။

'ဒီမှာ နွားနိူ့နွေးနွေးမရှိဘူး' ကျွန်တော် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

'မရှိတော့ ဘာဖြစ်လို့လဲ'

'So အိပ်လို့ရရဲ့လား'

နားထောင်နေတဲ့ကောင်လေးက မျက်လုံးတွေ ချက်ချင်းပွင့်လာပြီးတော့ သန်းနေတဲ့ပုံစံသို့ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

'မနေ့ညကတော့ ကျွန်တော် အိပ်လို့မပျော်ခဲ့ဘူး'

'အင်း...'

'ဒီနေ့က ကျွန်တော် သောက်ထားတာများတော့ အိပ်ချင်လာပြီ'

ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြနေတဲ့ကောင်လေးကို ကြည့်ပြီးတော့ ခေါင်းညိမ့်ပြလိုက်သည်။ ဒါပေမယ့် မသိမသာနဲ့ ခွေးပေါက်လေးရဲ့လက်ကို ဆိတ်လိုက်တာကြောင့် ငိုမဲ့ငိုမဲ့လေး ဖြစ်သွားသေးသည်။

အနည်းဆုံးတော့ သူက ပြန်ပြုံးလာနိူင်ပြီဘဲ... ကျွန်တော် အရက်ကိစ္စကို သတိမထားသလို မသိချင်ယောင်ဆောင်ပေးလိုက်သည်။

'သောက်တာများသွားရင် အိပ်ချင်လာတယ်ပေါ့...'

ကျွန်တော် ညင်ညင်သာသာလေးပြောလိုက်တဲ့အခါမှာ Soloက ပြုံးပြီးတော့ ခေါင်းညိမ့်ပြလာသည်။ အမြီးလေးနှင့် နားရွက်လေးတွေက ပြင်းထန်စွာ လှုပ်ခတ်နေတာကြောင့် ထိုခွေးပေါက်စလေးကို အသားကုန် ဖျစ်ညစ်ချင်တဲ့အထိ အသည်းယားနေမိသည်။

စောနက ဖုန်းပြောတုန်းကပုံစံနှင့်မတူဘဲ စိတ်ခံစားချက်ပြန်ကောင်းလာပြီးဖြစ်တဲ့ ခွေးပေါက်စလေးနဲ့အတူ လက်ကိုတွဲကာ လမ်းလျောက်နေမိသည်။ Resortအရှေ့သို့ရောက်တဲ့အခါမှာတော့ လမ်းလျောက်နေတာကို ရုတ်တရက်ရပ်ပစ်လိုက်တာကြောင့် Soloက နားမလည်နိူင်စွာနဲ့ဘဲ လှည့်ကြည့်နေသည်။

'So'

ကျွန်တော် ပြုံးပြလိုက်ပြီးတော့ သူ့ရဲ့လက်ကို အသာလေးညစ်လိုက်သည်။

'ဟုတ်...'

'ဒီည... အစ်ကို အစ်ကို့သူငယ်ချင်းအခန်းထဲမှာ သွားအိပ်မယ်'

ကျွန်တော်က အရက်ကိစ္စကို သတိမထားသလို မသိချင်ယောင်ဆောင်လိုက်မယ်လို့ ပြောခဲ့တယ်ဆိုပေမယ့်လည်း ဒီက လိမ်တက်တဲ့ခွေးလေးကို အပြစ်မပေးတော့ဘူးလို့ ဆိုလိုတာမှမဟုတ်တာ...

..._...

Продолжить чтение

Вам также понравится

760 101 6
This is not my own story. This a fan translation. Credits to original author. And I got premission from English translator. English name-The Dog I Pi...
333K 9.6K 26
𝙚𝙣𝙞𝙜𝙢𝙖 /ɪˈ𝙣ɪɡ𝙢ə/ 𝙖 𝙥𝙚𝙧𝙨𝙤𝙣 𝙤𝙧 𝙩𝙝𝙞𝙣𝙜 𝙩𝙝𝙖𝙩 𝙞𝙨 𝙢𝙮𝙨𝙩𝙚𝙧𝙞𝙤𝙪𝙨 𝙤𝙧 𝙙𝙞𝙛𝙛𝙞𝙘𝙪𝙡𝙩 𝙩𝙤 𝙪𝙣𝙙𝙚𝙧𝙨𝙩𝙖𝙣𝙙. "𝙈𝙤�...
After Dark Z

Подростковая литература

16.5K 583 42
《 This is a BoyxBoy story 》 William Caddel wants to live. Between crushing expectations and the strictness that comes with them that seems like such...
4.2K 134 7
After the sudden appearance of her estranged father, Sarada finds herself thrust into the unfamiliar realm of high society. Will a handsome devil hel...