OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၁၃

18 2 0
By newkhonpai

'မြန်… မြန်မြန်…'

'မင်းတို့ ရေကူးနေတာလား။ လေးဘက်ထောက် သွားနေတာလား။ ဟမ်… မင်းတို့ရှုံးတာနဲ့ သေမှာနော်…'

ကမ်းခြေမှာလုပ်တဲ့ ပထမဆုံးActivityကတော့ အလံရဖို့ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မနက်ခင်းအစပိုင်းကတည်းက ရေအစိုခံပြီး ဘာလို့ ဒီလိုကစားနေကြတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဖြစ်မိသည်။ ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့အတူ မတ်တပ်ရပ်ကာ သူတို့ဖြစ်ပျက်နေတာကို ကြည့်ရင်း ရယ်နေမိသည်။ ဝင်ပါဖို့လည်း အစီစဉ်မှမရှိတာ…

ကမ်းခြေတစ်လျောက် အားပေးတဲ့သူတွေရဲ့အသံက မီးတောက်တွေလို ဝုန်းခနဲထတောက်လာသည်။ ဘာလို့လဲဆိုတော့ ရှုံးတဲ့အသင်းက အပြစ်ပေးခံရမှာကို… ပြီးတော့ အပြစ်ပေးတဲ့ပုံစံကလည်း လူသိများတာကြောင့် ဂျူနီယာတွေက ဒီအတိုင်းကို ကြောက်နေကြတာ…

စည်းမျည်းစည်းကမ်းကတော့ တစ်ဖွဲ့ဆီက ကိုယ်စားပြုတစ်ယောက်ဆီ ထွက်လာရပြီး တာထွက်နှင့် နည်းနည်းလှမ်းတဲ့နေရာက အလံ၅ခုရှိသည်။ အလံတစ်ခုစီတိုင်းမှာ နံပါတ်တွေ ရေးထားတာ… ထိုထဲက နံပါတ်တစ်ခုတည်းကသာလျှင် အပြစ်ပေးခံရတာက လွတ်မြောက်မှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ ပြင်းထန်တဲ့အပြစ်ကို ခံယူရမှာဖြစ်သည်။ ဒီဂိမ်းက အမြန်နှုန်းပေါ် မူတည်တယ်လို့ ပြောလို့ရသည်။ ဘာလို့လဲဆိုတော့ အလံတစ်ခုကို တစ်ယောက်က ရသွားပြီဆိုရင် အဲ့အလံကို အခြားသူတွေက လုလို့မရတော့ဘဲ သူတို့အဖွဲ့က ပိုင်သွားပြီး ကျန်တဲ့အဖွဲ့က ကျန်အလံကို သွားယူရမှာ…

ကျွန်တော်တို့ ဒီအတိုင်းမတ်တပ်ရပ်ပြီး ရယ်နေတယ်ဆိုတာကလည်း ဒီactivityက ပထမနှစ်နဲ့ ဒုတိယနှစ်နဲ့အတူ ဂီတမေဂျာနဲ့ ပူးပေါင်းပြီး လုပ်တဲ့ပွဲလေ… ဒုတိယနှစ်က သူတွေက ပထမနှစ်တွေကို အနိုင်ကျင့်ချင်တာကြောင့် activityအတူတူဝင်လုပ်ပြီး တတိယနှစ်က စီနီယာတွေကို သူတို့ကို ထိန်းခိုင်းသည်။ သူတို့စီစဉ်ထားတဲ့ activityတိုင်းလိုလိုပေါ့…

'ချီးဘဲ… ငါတို့အသင်းက အလံနဲ့ထိနေပြီ… မင်းတို့အသင်းကို လွှတ်ခိုင်းလိုက်စမ်း!'

ပြီးတော့ ပိုပြီးအရေးကြီးတာက အင်ဂျင်နီယာမေဂျာနှင့် ဂီတမေဂျာက ကျောင်းသားတွေက တစ်ယောက်ကို တစ်ယောက်ဆဲဆိုတဲ့အထိ ရင်းနှီးသွားဖို့ဖြစ်သည်။

'P'Gui… ရေ…'

ထိုအသံပိုင်ရှင်ကို ဘာပြောရမှန်းမသိတာကြောင့် ယဉ်ကျေးမှုအနေနှင့် ကျွန်တော် ပြုံးပြလိုက်မိသည်။

ကျွန်တော် မနေ့က ပြောခဲ့တဲ့ဟာတွေကို ဒီကောင်လေးက နားထဲမဝင်ဘူးထင်သည်။ ဒီကောင်လေး အခြားအခန်းပြောင်းသွားတာကြောင့် သူ နားလည်လောက်ပြီလို့ ကျွန်တော် ထင်ခဲ့မိတာ… ဒါပေမယ့် မနက်ခင်းရောက်လာတဲ့အချိန်မှာတော့ ထိုကောင်လေးက ရှေ့ကလိုက်လိုက်… အနောက်ကလိုက်လိုက်နဲ့ အဆက်မပြတ် စကားလာပြောနေသည်။ သူ ချဉ်းကပ်လာတာ ပိုပြီးတော့ ဆိုးလာတယ်လို့တောင် ကျွန်တော် ထင်မိသည်။

'ကျေးဇူးဘဲ…'

ကျွန်တော် ရေဘူးကို ယူလိုက်ပြီးတော့ ပြိုင်ပွဲကို ကြည့်လိုက်မိသည်။ ရေဘူးရဲ့အဖုံးကို ဖွင့်ပြီးတော့ သောက်ဖို့ကို စဉ်းတောင် မစဉ်းစားခဲ့ပါ။

နံပါတ်တစ်နေရာမှာ ရပ်နေတဲ့သူရဲ့ပုံရိပ်ကို ကြည့်ပြီးတော့ ကျွန်တော် ရယ်မိသည်။ Kaoက နံပါတ်တစ်အလံကို ကိုင်ကာ မကျေမနပ်ဖြစ်နေပြီး ဆူပုတ်နေသော်လည်း Kaoရဲ့အသင်းသားတွေကတော့ ပတ်ပြေးကာ ခုန်ပေါက်နေကြသည်။ ခွေးပေါက်စလေးက လွဲလို့ပေါ့… ခွေးပေါက်စလေးက ပိုပိုပြီး မျက်မှောင်တွေ ကြုတ်လာနေသည်။ ကြည့်ရတာ ကျွန်တော်က Soloအသင်းရဲ့ဆန့်ကျင်ဘက်မှာ ရှိနေပြီး လူတွေနဲ့အုပ်နေကာ သူ ကျွန်တော့်ကို မမြင်ရတာကြောင့် ဖြစ်လိမ့်မည်။

'အစ်ကို ရေမသောက်သေးဘူးလား'

ဒီတစ်ယောက်က အခုထိမသွားသေးဘူးဘဲ…

'Kက ဘာလို့ ဒီရောက်နေတာလဲ။ ဘာလို့ ကိုယ့်အသင်းနဲ့ကိုယ် ရှိမနေရတာလဲ'

ကျွန်တော် မကြိုက်ဘူးဆိုတာကို သူသိအောင် မျက်မှောင်ကြုတ်ထားလိုက်မိသည်။ သူ့ရဲ့သူငယ်ချင်းတွေက activityလုပ်နေတဲ့အချိန်အတွင်းမှာ သူက ကျွန်တော့်ဆီလာပြီး စကားပြောနေတာလေ

Soloတောင် ကျွန်တော့်ကို လာပြီးမတွေ့တာကို ဘာလို့ ဒီကောင်လေး ဒီကို လာရဲသေးတယ်ပေါ့…

'ကျွန်တော်က အသင်းကိုယ်စားပြုမှ မဟုတ်သေးတာ…'

Kရဲ့အသံက နည်းနည်းလေးရှက်နေတဲ့ပုံစံနှင့် ပြုံးစိစိဖြစ်နေသည်။

'ကိုယ်စားပြု မပြိုင်ရဘူးဆိုရင်တောင် မင်း ဒီကိုမလာသင့်ဘူး။ ပြန်သွားတော့…'

နည်းနည်းတော့ ရက်စက်တဲ့ပုံပေါ်သွားတယ်ဆိုပေမယ့် ကျွန်တော်သာ မပြတ်မသားလုပ်မယ်ဆိုရင် ကြာလာရင် ပိုနာကျင်ရလိမ့်မည်။ ဒီလိုလုပ်မှသာလျှင် သူ ဒီထပ်ပိုပြီး မနာကျင်ရတော့မှာ…

Kက သူငယ်ချင်းတွေဆီ ပြန်သွားနေသည်။ Joက Kရဲ့ပုခုံးကို အသာလေးပုတ်လိုက်ပြီး နှစ်သိမ့်ပေးနေတာကို တွေ့လိုက်ရတာကြောင့် ကျွန်တော် သက်ပြင်းအသာလေးချလိုက်မိသည်။ ကျွန်တော်က သူ့ကို မျှော်လင့်ချက်ပေးမိလို့ သူက အခုလိုမျိုး လိုက်ကပ်နေတယ်ဆိုရင် ကျွန်တော် နားလည်ပေးလို့ရသည်။ ဒါပေမယ့် ကျွန်တော် ဒီလောက် ပြတ်ပြတ်သားသားပြောထားတာတောင်မှ သူ လုံးဝလက်မလျော့သေး…

'မင်း လုပ်တာ မှန်တယ်လို့ ထင်လို့လား' အနားမှာရှိနေတဲ့Beerက အကျယ်ကြီး ပြောလာသည်။ ပြီးတော့ သူက ကျွန်တော့်ဆီ လျောက်လာကာ ကျွန်တော့်ပုခုံးလေးကို အသာလေးပုတ်လာသည်။

'ငါ သူ့ကို ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့အရာတွေ မလုပ်စေချင်ဘူး။ ဒါက အားလုံးအတွက် ကောင်းကျိုးတွေ ဖြစ်လာမှာမှ မဟုတ်တာ…'

Kအတွက်ကော… ကျွန်တော့်အတွက်ကော… ဒါမှမဟုတ် Soအတွက်ကောပေါ့…

'ကြည့်ရတာက ဒီကောင်လေးက သူ့အတွက် အခွင့်အရေးကျန်သေးတယ်လို့ ထင်နေတဲ့ပုံဘဲ…' Beerက သူ့ရဲ့ပုခုံးကို တွန့်ပြလိုက်ပြီးတော့ အပြစ်ပေးခံရမယ့်ပုံစံကို နားထောင်နေတဲ့ဂျူနီယာလေးတွေကို ကြည့်လိုက်သည်။

'ငါ ဒီလောက် သူ့ကိုပြောထားတာတောင်မှ သူက မျှော်လင့်ချက်ရှိနေသေးတယ်လို့ ထင်နေတယ်'

'မင်းမှာ ပိုင်ရှင်မှမရှိသေးတာ…'

'ငါ့မှာ ရှိတယ်…'

မဟုတ်ဘူး… ဒီလိုမျိုး ပြောလို့မရသေးဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဘာမှမဟုတ်သေးဘူး။ ကျွန်တော်တို့နှစ်ယောက်ရဲ့အခြေအနေက အရှင်းသားကြီး သိနိုင်တယ်ဆိုပေမယ့်လည်း ကျွန်တော်တို့နှစ်ယောက်ကဘဲ သေချာသိသေးတာလေ… ပြီးတော့ ကျွန်တော်ကလည်း အခြားလူတွေ သိသွားတဲ့အထိ သိသာအောင် တစ်ကြိမ်တစ်ခါတောင်မှ ဘယ်တော့မှမပြဖူးဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာဘဲ အသိပေးထားတယ်ဆိုတဲ့သဘောဖြစ်နေသည်။

Beerက ကျွန်တော် တိတ်ဆိတ်နေတာကို မြင်လိုက်ရတဲ့အခါမှာ သူက ပြုံးပြီးတော့ ရယ်သည်။

'မင်းကိုယ်မင်းတောင် အခုထိ မသေချာသေးဘူးဆိုရင် အခြားသူတွေက အဲ့ဒါကို မျှော်လင့်ချက်လို့ သူတို့တွေးကြမှာဘဲ…'

Beerရဲ့စကားတွေက ကျွန်တော့်ကို အများကြီးစဉ်းစားလာအောင် လုပ်ခဲ့သည်။ အားပေးသံတွေနဲ့ညံနေတဲ့ ပြိုင်ပွဲActivityဘက်ကိုတောင် ကျွန်တော် ဂရုမစိုက်မိ… ကျွန်တော် တိတ်ဆိတ်ငြိမ်သက်စွာ စဉ်းစားဖို့ အချိန်လိုမယ်ဆိုတာ Beerက သိတဲ့ပုံရသည်။ သူ Wineနဲ့အတူ သွားထိုင်လိုက်ပြီး ကျွန်တော်ကတော့ Resortအရှေ့က ခုံသို့ သွားပြီးတော့ တစ်ယောက်တည်း ထိုင်လိုက်မိသည်။

ကျွန်တော်က အခုထိ မသေချာ မပြတ်သားသေးဘူးတဲ့လား။

ဒါပေမယ့် ကျွန်တော်က Soနဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းဖြစ်ပြီဆိုတာ သေချာသည်။ ဒါပေမယ့် အခြားသူတွေသိအောင် ပြောပြရမယ်ဆိုတာကိုတော့ တစ်ခါမှမတွေးဖူးခဲ့ဘူး။ စဉ်းစားကြည့်ပြန်တော့ Soကဘဲ ကျွန်တော့်ကို အရင်ချည်းကပ်ခဲ့တာလေ… ပြီးတော့ လူတိုင်းကလည်း အဲ့ဒီတစ်ဖက်ခြမ်းကိုဘဲ မြင်နေတာ…

'မင်းက အရမ်းကြင်နာလွန်းတယ်'

Nohပြောတဲ့စကားက ကျွန်တော့်ခေါင်းထဲမှာ ပေါ်လာသည်။ ကျွန်တော် ပေးတဲ့ကြင်နာမှုဆိုသည်မှာလည်း တစ်ယောက်ချင်းစီ တူမှမတူတာ… ဒါပေမယ့် သူတို့က ဘယ်သိမှာလဲ။ ကျွန်တော်က အရမ်းကြင်နာတက်တယ်ဆိုတာဘဲ သူတို့က မြင်မှာလေ…

အဲ့ဒါကြောင့်ဘဲ ဂီတမေဂျာက သူတွေက Soကို အခုလို ကူညီပေးဖို့ ကြိုးစားနေကြတာ…

(Guiက သဘောကောင်း ကြင်နာတက်တော့ Soနဲ့ ဖြစ်စေချင်ပြီး တွန်းပို့တာပါ…)

'ငါ အခုသိသွားပြီ' ကျွန်တော် Beerကို ကြည့်ပြီးတော့ ခေါင်းညိမ့်ပြလိုက်သည်။ ပြီးတဲ့အခါမှာ သူက အသာလေးပြုံးလိုက်ပြီးတော့ ကျွန်တော့်အနား လာထိုင်သည်။ 'ငါ ရှင်းရှင်းလင်းလင်းမဖြစ်သေးဘူး'

'မင်းက မသေမချာဖြစ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် မင်းပုံစံက ကြင်နာပြီး သဘောကောင်းတဲ့သူမျိုးလေ… ငါတို့သူငယ်ချင်းတွေကတော့ မင်းက ဘယ်လိုမျိုးလဲဆိုတာ သိပြီးသားဘဲ… ဒါပေမယ့် မင်းတွေ့ခဲတဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်က ဂျူနီယာတွေကတော့ လူတိုင်းက မင်းကို လိုက်လို့ရတယ်လို့ ထင်ကြမှာဘဲ…'

'ငါ ဘယ်လိုလုပ်ရမလဲ'

အခြားသူတွေသိအောင် ကျွန်တော် ဘယ်လောက်ထိအောင် ဖော်ပြရမှာလဲ။ ကျွန်တော်ကတော့ အဲ့လိုရမှာကို အဆင်ပြေပါပေမယ့် Soကိုတော့ ကျွန်တော် စိတ်ပူနေမိသည်။

ဘာလို့လဲဆိုတော့ ဒီကောင်လေးက အမြဲတမ်းလိုလို လူရှေ့သူရှေ့မရှောင်ဘဲ လိုက်နေတာကြောင့် အားလုံးက ရှင်းရှင်းလင်းလင်းသိထားပြီးသား… ဒါပေမယ့် ကျွန်တော်လည်း သူ့လို ခံစားနေရပါတယ်ဆိုတာကိုတော့ အခြားသူတွေက မသိကြ… ပြီးတော့ ဒီလိုမျိုး လုပ်တာတွေကို Soအနေနဲ့ ဘယ်လိုခံစားရမလဲ။

'မင်းတို့ အခုထိ ဖွင့်မပြောကြသေးဘူးလား' Beerကတော့ သာမန်ပြောနေကြလေသံအတိုင်းဘဲ ချောမွေ့စွာ ပြောလိုက်သည်။

'ဖွင့်ပြောတာ…'

အမှန်တိုင်းပြောရရင် Soloနဲ့ ကျွန်တော်တို့ ဆုံတွေ့ခဲ့တာ ဘယ်လောက်မှ မကြာသေးဘူး။ အဲ့အချိန်တွေတုန်းက အချစ်ဆိုတဲ့အကြောင်းအရာမပါလာတာတောင် ကျွန်တော်တို့နှစ်ယောက်က ကျွန်တော်တို့တွေရဲ့ခံစားချက်တွေအပေါ် ယုံကြည်မှုရှိသည်။

'သူ ဘယ်တုန်းကမှ မပြောခဲ့ဘူး'

'အဲ့ဒါဆို မင်းက ဘာကိုစောင့်နေမှာလဲ။ မင်း အရင်ဆုံးပြောလိုက်လေ…'

အဲ့လောက်ထိ မလွယ်ကူဘူး… Soloက အခုလက်ရှိအခြေအနေကိုဘဲ ကျေနပ်နေနိုင်တာဘဲလေ…

'ငါ အချိန်ကိုက်ဖြစ်အောင် စောင့်နေတာ…'

'အကြာကြီးမစောင့်နဲ့တော့…'

ပြုံးပြီးကြည့်နေတဲ့Beerကို ကြည့်နေရင်းကနေ ကျွန်တော် အကြည့်လွဲလိုက်ပြီးတော့…

'ငါ ရှက်လာပြီ'

'ဟင်း… မင်းခံစားချက်တွေကို ဘယ်လောက်ထိ ဖော်ပြရမလဲဆိုတာကို မင်းသိချင်လား'

သူ့ရဲ့ပြီတီတီအပြုံးတွေကို ကျွန်တော် မျက်လုံးမှေးစဉ်းကာ ကြည့်လိုက်ပြီး ခေါင်းခါလိုက်မိသည်။

'မသိချင်ဘူး'

'လက်လွတ်မခံနဲ့နော် သူငယ်ချင်း…'

သူက ပြောပြီးတာနဲ့ ကျွန်တော့်မေးစေ့ကိုကိုင်ကာ သူ့ရဲ့အနားသို့ နီးကပ်လာတဲ့အထိ ဆွဲယူလိုက်သည်။

'အခုကစပြီး မင်း သေချာကြည့်ထား… မင်းရဲ့ခံစားချက်ကို အတည်ပြုပြီးတော့ ဖွင့်ပြောလိုက်တော့ သူငယ်ချင်း'

'3!'

သူ ဘာကို ရေနေတာလဲ။

'2!'

'1…'

'Guitar!!!!'

ဘာလုပ်နေလဲဆိုတာကို ကျွန်တော် နားလည်သွားတာကြောင့် Beerရဲ့မျက်နှာကို တွန်းထုတ်ပစ်လိုက်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ကို ကျိန်ဆဲနေဖို့အချိန်မရှိ… ကြောက်စရာကောင်းတဲ့အသံပိုင်ရှင်ကိုသာ ကျွန်တော် အမြန်လှည့်ရှာမိလိုက်သည်။ ကျွန်တော်နဲ့ သိပ်မဝေးတဲ့သောင်ပြင်နားမှာ Soloက မတ်တပ်ရပ်နေပြီးတော့ Kaoနဲ့ နောက်သူငယ်ချင်းတစ်ယောက်က Soloရဲ့လက်မောင်းတစ်ဖက်စီကိုကိုင်ပြီး လွတ်ထွက်မသွားအောင် တားထားသည်။ Activityကတော့ ရပ်ထားသည့်ပုံပင်… ဘာလို့လဲဆိုတော့ လူတိုင်းက ကျွန်တော်နဲ့ Beerကိုဘဲ စိုက်ကြည့်နေကြတာကို…

'မင်း ဘာလုပ်တာလဲ'

ကျွန်တော် တိုးတိုးလေးပြောလိုက်သည်။ ဒါပေမယ့် သူက သတိမထားတဲ့အပြင် ကျွန်တော့်ကိုတောင် ကြည့်ပြီး ရယ်လိုက်သေးသည်။

'မင်းနဲ့ သူ့ရဲ့ဖြစ်ပျက်သွားတဲ့ပုံစံက ဘယ်လောက်ထိ ကွာခြားလဲဆိုတာ မင်းကို သိစေချင်လို့… ပြီးတော့ အခွင့်အရေးနဲ့ မျှော်လင့်ချက်ရှိသေးတယ်လို့ အခြားသူတွေ မတွေးရဲတော့အောင်လို့ပေါ့…'

ကျွန်တော် ဘာမှထပ်ပြောမနေတော့ဘဲ နားလည်တဲ့သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော့်ဆီ အချိန်မရွေးပြေးလာနိုင်တဲ့ Soloကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ Soloကတော့ ကျွန်တော့်ကို မကြည့်ဘဲ Beerကို စိုက်ကြည့်နေသည်။ သူ့ရဲ့မျက်နှာက တည်ငြိမ်နေပေမယ့်လည်း အရမ်း ဒေါသထွက်နေတယ်ဆိုတာ သိသာသည်။

'ငါ့ကို လွှတ်!'

'ငါ သူ့ကို သွားထိုးမလို့!'

Kaoက သူ့သူငယ်ချင်းကို မထိန်းထားနိုင်တော့တာကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော် ချက်ချင်းပြေးသွားလိုက်ပြီးတော့…

'So…'

ကျွန်တော် သူ့နာမည်ကို ခေါ်လိုက်သည်။ ဒါပေမယ့်လည်း ဒေါသထွက်နေတဲ့ကောင်လေးက ကျွန်တော့်ကို လှည့်တောင်မကြည့်… သူ့ရဲ့မျက်လုံးတွေက ထိုင်နေတုန်းဘဲဖြစ်တဲ့Beerကိုသာ စိုက်ကြည့်နေသည်။

'So…'

တင်းကျပ်စွာ ဆုတ်ထားတဲ့ သူ့ရဲ့လက်ကို ကျွန်တော် ထိတွေ့လိုက်သည်။ ပြီးတော့ Soloကို ဆွဲတားထားတဲ့ Kaoနဲ့ သူ့သူငယ်ချင်းတစ်ယောက်ကို အသာလေးခေါင်းညိမ့်ပြလိုက်တော့ သူတို့နှစ်ယောက်က သက်ပြင်းချလိုက်ပြီး Soloကို ဆွဲထားတဲ့ သူတို့ရဲ့လက်တွေကို လွှတ်လိုက်သည်။

'Activityကို ဆက်ပြီးတော့ လုပ်ကြပါ။ အစ်ကို Soloကို ခဏဌားသွားမယ်နော်…'

ကျွန်တော် အခြားဂျူနီယာတွေဘက်ကို လှည့်ပြီး ပြုံးပြလိုက်တာကြောင့် သူတို့က ခေါင်းညိမ့်ပြသည်။ အဲ့ဒါကြောင့် ကျွန်တော် ထိုကောင်လေးလက်ကို ဆွဲကာ Resortအရှေ့သို့ ခေါ်သွားလိုက်သည်။ စောနက ထိုင်နေတဲ့Beerက ဘယ်ကို ရောက်သွားသလဲဆိုတာ မသိလိုက်…

'So…'

နာမည်ပိုင်ရှင်ကောင်လေးက ကျွန်တော့်ကို အေးစက်စွာနဲ့ ပြန်ကြည့်လာသည်။ Soloက သူ့ရဲ့ဒေါသတွေကို ထိန်းချုပ်ထားသလိုမျိုး အံကို ကြိတ်ထားသည်။

'ဟုတ်…'

သူက ဒေါသတွေ ထွက်နေတဲ့အချိန်မှာတောင် ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောလာပြီး ကျွန်တော် ဆက်ပြောမှာကိုပါ စောင့်နေတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ ကျွန်တော့်မျက်နှာကို ကြည့်နေတဲ့Soloရဲ့မျက်လုံးတွေက တဖြည်းဖြည်းနူးညံ့လာသော်လည်း ဒေါသထွက်နေတုန်းပင်…

'အစ်ကို့ရဲ့သူငယ်ချင်းက Soကို ဒီအတိုင်း စလိုက်တာ…'

'စတယ်'

Soloက အံ့သြနေတဲ့မျက်နှာဖြစ်သွားပြီး ဒေါသတွေက နည်းနည်းလောက် ပြေလျော့သွားပြီးတော့ စောနက မည်းမှောင်နေတဲ့ပတ်ဝန်းကျင်အခြေအနေက တစ်ဝက်လောက် ပျောက်ကင်းသွားသည်။

'သူက ဒီလိုစလိုက်ရင် Soက ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ အစ်ကို့ကို သိစေချင်လို့တဲ့…'

နားမလည်တဲ့မျက်နှာဖြစ်နေတဲ့ကောင်လေးကို ကြည့်ရင်း ကျွန်တော် ထပ်ပြုံးလိုက်မိသည်။

အူလည်လည်နေတဲ့ခွေးပေါက်လေးလိုဘဲ…

'ဘာလို့လဲ'

'ဘာလို့လဲဆိုတော့ အစ်ကို့ကို လာကပ်တဲ့သူ ရှိလို့… မျက်မှောင်မကြုတ်ထားနဲ့လေ…'

ကျွန်တော့်ရဲ့လက်နှစ်ဖက်က ဆူပုတ်နေတဲ့ကောင်လေးရဲ့ပါးနှစ်ဖက်ကို အတင်းဖိညစ်လိုက်ပြီးတော့ ရယ်လိုက်မိသည်။

'ဟိုကောင်ဘဲလား'

ကျွန်တော် ဘာမှမဖုံးကွယ်ထားတော့ဘဲ သူ့ကို အဖြေအနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ Soloက သူ့ရဲ့ပါးပြင်ပေါ်က ကျွန်တော့်ရဲ့လက်တွေကို ထိတွေ့လိုက်သည်။ သူ့ရဲ့မျက်နှာက ရန်လိုနေပြီး ဒေါသတွေထွက်နေတဲ့ပုံစံသို့ ပြောင်းလဲသွားပြန်သည်။ 

'ဘာလို့လဲဆိုတော့ အစ်ကို့ကို လာကပ်တဲ့သူရှိတယ်လေ… အဲ့ဒါနဲ့ သူ့အတွက် မျှော်လင့်ချက်မရှိဘူးဆိုတာ သူသိအောင်အတွက် ဘယ်လိုပြရမလဲဆိုတာ Beerက အစ်ကို့ကို သိစေချင်တာ… အဲ့ဒါနဲ့ဘဲ စောနက Soloမြင်တဲ့အတိုင်း သူ လုပ်လိုက်တာဘဲ…' ကျွန်တော် Soloရဲ့လက်ကို အသာလေးညစ်လိုက်ပြီးတော့ ဆက်ပြောလိုက်သည်။  'အစ်ကိုက Soလုပ်သလိုမျိုး အခြားသူတွေ သိအောင် မပြဘူးဆိုတာ ဟုတ်လား'

'မဟုတ်ဘူး' Soloက ခေါင်းခါလိုက်ပြီးတော့ ပြုံးပြသည်။

'ကျွန်တော်တို့အကြောင်းကို အခြားသူတွေ မသိစေချင်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က မေးလာတယ်ဆိုရင်လည်း ကျွန်တော် ငြင်းမှာမဟုတ်ဘူး။ အခြားသူတွေကို သိစေချင်လို့ ကျွန်တော့်ခံစားချက်တွေကို ထုတ်ပြနေတာမှမဟုတ်တာ… ကျွန်တော့်ဘာသာ လုပ်ချင်လို့ လုပ်တာ… အခြားသူတွေကို ကျွန်တော် စိတ်ထဲတောင် မရှိဘူး'

ဒီကောင်လေး ပြောတာမှန်သည်။ ကျွန်တော်ဘဲ အတွေးလွန်သွားတာ… ဘာလို့လဲဆိုတော့ ဒီကောင်လေးက တစ်ခါမှ မပျော်ရွင်တာမျိုး မကျေနပ်တာမျိုး တစ်ခါမှမရှိခဲ့ဘူးလေ…

သူ ဒီလိုလုပ်ခဲ့တယ်ဆိုတာကလည်း သူလုပ်ချင်လို့ လုပ်ခဲ့တာဖြစ်ပြီး အခြားသူတွေကို လုံးဝဂရုမစိုက်ပေ…

'Guitarက အခြားသူတွေအကြောင်း စိတ်ဝင်စားစရာမလိုဘူး'

'…'

'ကျွန်တော့်ရဲ့Guitarလေး ဖြစ်ပေးရုံနဲ့တင် လုံလောက်တယ်'

ဒီလိုညင်သာတဲ့အပြုံးမျိုးနဲ့ ခပ်တိုးတိုးလေး မပြောလို့မရဘူးလား…

ကျွန်တော် ထိုအပြုံးနဲ့ဝေးရာဆီကို မျက်နှာကို လှည့်လိုက်ပြီး အငြိမ်မနေဖြစ်နေတဲ့ရင်ဘတ်လေးကို လက်ဖဝါးနှင့် အသာလေးဖိထားလိုက်သည်။ ဘာလို့လဲဆိုတော့ အထဲထဲက နှလုံးသားက အပြင်ကို ခုန်ထွက်လာတော့မလို ခုန်နေတာလေ…

'နားရွက်တွေ နီနေတယ်'

ထို တီးတိုးသံလေးနှင့်အတူ ကျွန်တော့်ရဲ့နားရွက်ဖျားလေးက သူ့ရဲ့ပူနွေးတဲ့ဝင်လေ ထွက်လေကို ခံစားလိုက်ရတာကြောင့် သုံးစက္ကန့်လောက် ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားသည်။ ဦးနှောက်က ဗလာပြင်အလားဖြစ်နေသည်။ ဒါပေမယ့် အသိစိတ်ပြန်ဝင်လာတဲ့အခါမှာ ခွေးပေါက်လေးကို အဝေးသို့ အမြန်တွန်းထုတ်လိုက်သည်။

'မျက်နှာကောဘဲ နီနေတယ်'

'So!!'

…_…

Activityပြီးဆုံးသွားတဲ့အခါမှာ ရေမိုးချိုးဖို့အတွက် အနားပေးလိုက်ပြီးတော့ ဒီActivityလုပ်တဲ့နေရာမှာဘဲ ပြန်ဆုံခဲ့ကြသည်။ ဒီညနေခင်းအစီစဉ်ကတော့ ဂီတမေဂျာရဲ့ဖျော်ဖြေမှုအစီစဉ်ဖြစ်သည်။ ညအစီစဉ်ဖြစ်တဲ့အတွက်ကြောင့် အသောက်အစားပါမယ်ဆိုတာ သေချာတာပေါ့…

ကျွန်တော်က စတိတ်စင်ရဲ့အဆုံး ပထမဆုံးအတန်းမှာ မတ်တပ်ရပ်နေပြီး ဂီတမေဂျာအုပ်စုက တူရိယာတွေ တပ်ဆင်နေတာကို ကြည့်နေမိသည်။ ကျွန်တော့်ရဲ့ဘေးနားမှာတော့ ကျွန်တော့်ရဲ့ငယ်သူငယ်ချင်းကြီး Nohရှိနေသည်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်က အသံကျယ်ကြီးတွေကို ခံနိုင်တယ်လို့ ပြောတာဘဲ…

ကျွန်တော် အခုလို ရပ်နေရတယ်ဆိုတာက ကျွန်တော် ဒီကို ရောက်လာတဲ့အခါမှာ လူတိုင်းကို ကျွန်တော့်ကို ကြည့်နေပြီးတော့ လမ်းဖွင့်ပေးခဲ့တာ… အဲ့ဒါကြောင့် ကျွန်တော် ပြေးဖို့လုပ်နေတဲ့အချိန်မှာဘဲ အဆွဲခံလိုက်ရပြီးတော့ အခုလို စင်ရှေ့ကို ရောက်လာတာဖြစ်သည်။ အမှန်တိုင်းပြောရရင် အစကတော့ ကျွန်တော် အူကြောင်ကြောင်နဲ့ နားမလည်ခဲ့ဘူး။ ဒါပေမယ့်လည်း စတိတ်စင်ပေါ်က ဂစ်တာကိုင်ကာ ပြုံးပြီးရပ်နေတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာတော့ ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။

သူတို့ဂီတမေဂျာက အုပ်စုလိုက်လှုပ်ရှားတာဘဲ…

'မင်္ဂလာပါ ခင်ဗျ… ကျွန်တော်ကတော့…'

ထိုကျယ်လောင်တဲ့အသံနှင့်အတူ Kaoက စင်ပေါ်သို့တက်လာသည်။

'အတူတူပျော်ကြရအောင်!!'

ပွဲက နားဝင်ချိုလွယ်တဲ့ဂီတသံစဉ်နဲ့အတူ စတင်ခဲ့သည်။ ကျွန်တော်ကလည်း ထိုငြိမ့်ညောင်းတဲ့သံစဉ်နောက်ကို ခပ်ခပ်ပါးပါးလေး စီးဝင်ခံစားလိုက်သည်။ Kaoဆိုတဲ့ကောင်လေးက ပျော်ပျော်နေတက်တဲ့ကောင်လေးဖြစ်ပေမယ့်လည်း စင်ပေါ်ရောက်တဲ့အခါမှာတော့ လူအသစ်တစ်ယောက်ကို ထပ်တွေ့လိုက်ရသလိုမျိုး တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံသို့ ပြောင်းလဲသွားသည်။ သူ့ရဲ့ထူးခြားတဲ့အသံက ဆိုလိုက်တဲ့သီချင်းကို နားထောင်ရတာ အဆင်ပြေပြီးတော့ သဘောကျလာစေသည်။ သူ ဘာလို့ ပထမနှစ်ကတည်းက စင်ပေါ်တက်နိုင်ရတာလဲဆိုတာကို ကျွန်တော် သံသယမဖြစ်မိတော့…

ကျွန်တော့်ရဲ့မျက်လုံးတွေက ဂီတာတီးနေတဲ့ အရပ် ခပ်ရှည်ရှည် ကျောင်းရဲ့Moonဆီ အကြည့်ရောက်သွားတဲ့အခါမှာတော့ သူက ရယ်ပြလာသည်။ Soloဂစ်တာတီးလိုက်တဲ့အချိန်တိုင်းမှာ တစ်ခုခုထူးဆန်းနေတယ်လို့ ကျွန်တော် ခံစားရသည်။ အမှန်တိုင်းပြောရရင် အခန်းထဲမှာ သူ ဂစ်တာတီးပြကတည်းက ကျွန်တော် သတိထားမိနေခဲ့တာ… သူ ရုပ်တည်ကြီးနဲ့ ဂစ်တာတီးနေတယ်ဆိုသော်ငြားလည်း သူ့ရဲ့အရှိန်အဝါ ဖြန့်ကျက်ထားတာကြောင့် သူ ပျော်နေတယ်ဆိုတာကို ကျွန်တော် ခံစားမိသည်။

'P'Gui' ရင်းနှီးနေတဲ့အသံပိုင်ရှင်Kက ကျွန်တော့်ဆီလာနေသည်။

'အင်း'

'ကျွန်တော့်ကို အခွင့်အရေးလေးတစ်ခုလောက် ပေးလို့မရဘူးလား'

Kရဲ့အသံက တုန်နေပြီးတော့ မျက်နှာကလည်း မျက်နှာငယ်လေးနဲ့ ပြောနေသည်။

အခုအချိန်မှာတော့ ကျွန်တော် သူ့အတွက် တစ်ခုခုလုပ်သင့်တယ်လို့ ထင်မိသည်။ သူက အရမ်းကြိုးစားနေတာဘဲ… ကျွန်တော် အရင်တစ်ခေါက်ကထက် ပိုပြီး ရှင်းအောင်ပြောဖို့ လိုနေတာလည်း ဖြစ်နိုင်သည်။ ဒါပေမယ့် သူ့ကို ပြန်မပြောခင်အချိန်လေးမှာ သီချင်းနောက်တစ်ပုဒ်ရဲ့ဂီတသံစဉ်သံကြောင့် ကျွန်တော် စတိတ်စင်ဘက်ကို ပြန်ပြီလှည့်ကြည့်လိုက်မိသည်။

စတိတ်စင်ပေါ်က Kaoရပ်နေကြ အလယ်ဗဟိုနေရာမှာတော့ ကျောင်းရဲ့Moonက နေရာယူနေပြီးတော့ ကျွန်တော့်ကို ကြည့်ကာ ပြုံးပြနေသည်။ ပြီးတော့ Kaoက ဘေးမှာ ဂစ်တာတီးနေသည်။

Kက ကျွန်တော့်ဘေးမှာ ရပ်နေတာကို မြင်ပြီးတာတောင် Soloက ဒေါသထွက်တဲ့ပုံမပေါ်တာကြောင့် ထူးဆန်းနေမိသည်။ ဒါမှမဟုတ်…

သူက ကျွန်တော့်ကိုဘဲ တစ်ယောက်တည်းသောသူအနေနှင့် ကြည့်နေတာလဲ ဖြစ်နိုင်တာဘဲ…

"အခြားတစ်ယောက်ရဲ့အိမ်မက်ထဲကနေ နိုးထလာသလိုမျိုး…
ပျောက်ဆုံးသွားတဲ့အစိတ်အပိုင်းတွေကို ပြန်ရထားတဲ့ ဘဝလိုမျိုး…
အိမ်မက်တွေအတိုင်းဖြစ်လာတယ်လို့ သိလိုက်ရတာမျိုး…
ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်တဲ့ အရာလည်းကွာ…

ကိုယ့်ဘဝက အခုအခြေအနေနဲ့ နှိုင်းယှဉ်လို့ မရတဲ့အထိ အဲ့လောက်မကောင်းဖူးဘူး…
အခုတော့ ကိုယ့်ဘေးနားမှာ နောက်တစ်ယောက်ရှိသေးတယ်…
သူက နားလည်ပေးနိုင်တဲ့ လူကောင်းတစ်ယောက်…"

ယောကျာ်းဆန်ဆန် အသံအောအောလေးက အရမ်း မကျယ်ပေမယ့် အဲ့ဒီအသံက ဆွဲဆောင်မှုအရမ်းရှိလွန်းတာကြောင့် ကျွန်တော် သူ့ဆီကနေ အကြည့်မခွာနိုင်ဖြစ်နေမိသည်။

"ကိုယ် မသိသေးတဲ့အရာတွေကို…
ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သိအောင်ပြောပြပေးခဲ့တယ်…
ဒါက ကိုယ် ရှာဖွေနေတဲ့အရာဘဲ…
မင်းနဲ့အတူတူရှိနေတဲ့ ဘဝပေါ့…
ကိုယ့်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်တဲ့အချိန်တိုင်းမှာ…
ကမ္ဘာပေါ်က အရာအားလုံးကို ပိုင်ဆိုင်လိုက်ရသလိုဘဲ…
လှပတဲ့မျက်လုံးတွေက လှည့်စားနေတယ်…

အရှေ့မှာရှိနေတဲ့ မင်းရဲ့မျက်နှာက အသက်အဝင်ဆုံးဘဲ…"

အော်သံတွေကြောင့် Solo ခဏရပ်လိုက်တာကို ကြည့်ရင်း ကျွန်တော် အသာလေးရယ်လိုက်မိသည်။ ဒါပေမယ့်လည်း သူ့ရဲ့အနောက်ကနေ Kaoက ဖြည့်ပြီး ဆက်ဆိုလိုက်သည်။ တောက်ပနေတဲ့မျက်ဝန်းတွေကလည်း တူညီစွာ ရယ်မောနေသည်။

"ဘာလို့လဲဆိုတော့ ကိုယ့်ဘဝက အခုအခြေအနေနဲ့ နှိုင်းယှဉ်လို့ မရတဲ့အထိ အဲ့လောက်မကောင်းဖူးဘူး…
အခုတော့ ကိုယ့်ဘေးနားမှာ နောက်တစ်ယောက်ရှိသေးတယ်…
သူက နားလည်ပေးနိုင်တဲ့ လူကောင်းတစ်ယောက်…
ကိုယ် မသိသေးတဲ့အရာတွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သိအောင်ပြောပြပေးခဲ့တယ်…
ဒါက ကိုယ်ရှာဖွေနေတဲ့အရာဘဲ… မင်းနဲ့အတူတူရှိနေတဲ့ ဘဝပေါ့…"

နူးညံ့တဲ့မျက်ဝန်းတွေက ကျွန်တော့်ကို စို်က်ကြည့်နေပြီး သူ့ရဲ့ပါးစပ်လေးက အသာလေးကွေးလာတာကြောင့် ကျွန်တော် မျက်နှာပူလာသလို ခံစားလိုက်ရသည်။ ထိုအရာကို ဖုန်းကွယ်ဖို့အတွက် ကျွန်တော် ပြန်ပြုံးပြလိုက်သည်။ စာသားရဲ့အဆုံးမှာတော့ ဂီတအသံလေးက ညင်သာစွာထွက်လာသည်။ အဲ့အချိန်မှာ Soloက မိုက်ကိုကိုင်ပြီးတော့ အရှေ့ကို တိုးလာကာ… သူ့အရှေ့မှာ ရှိနေတဲ့ကျွန်တော့်ကို ငုံ့ပြီးကြည့်လာသည်။

"မင်းလုပ်ပေးရမယ့် တစ်ခုတည်းသောအရာက ကိုယ့်ကို ပြုံးပြပေးပါ…"

ထိုစာသားလေးဆိုပြီးသွားတဲ့အခါမှာတော့ Soloက ခဏရပ်လိုက်ပြီး ပြုံးပြလာသည်။ ကမ္ဘာကြီးတစ်ခုလုံးကို တောက်ပသွားအောင် လုပ်နိုင်တဲ့အပြုံး…

"နားမထောင်ရတာ ကြာနေပြီဖြစ်တဲ့ သီချင်းတွေလိုမျိုး…
ကိုယ် နားထောင်ချင်လာအောင် သတိပေးပေးပါ…

ကိုယ် မသိသေးတဲ့အရာတွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို
သိအောင်ပြောပြပေးခဲ့တယ်…

ဒါက ကိုယ် ရှာဖွေနေတဲ့အရာဘဲ…
မင်းနဲ့အတူတူရှိနေတဲ့ ဘဝပေါ့…"

[เพลงที่นานมาแล้วไม่ได้ฟัง: Stamp]

'Happy Birthdayပါ ကျွန်တော့်ရဲ့Guitar~'

ကျွန်တော် Soloကို ဘယ်လိုအကြည့်မျိုးနဲ့ ကြည့်ပြီး ဘယ်လို ပြုံးနေမိလဲဆိုတာ မသိပါ။ ပတ်ဝန်းကျင်တစ်ခုလုံး ဘာကြောင့်တိတ်ဆိတ်သွားရလဲဆိုတာ သံသယပင် ရှိစရာမလိုတော့… အခုအချိန်မှာ ကျွန်တော့်ရဲ့မျက်ဝန်းထဲမှာ ကျွန်တော်နဲ့အကြည့်ချင်းဆုံနေတဲ့ ထိုလူသားလေးရဲ့ပုံရိပ်တွေသာ ကြီးစိုးနေသည်။

ဘာလို့ အပြင်းအထန်ကြိုးစားရတာလဲ…

'Soloက သီချင်းလေ့ကျင့်တဲ့အခါ ဘာလို့ အရမ်းလေ့ကျင့်ရတာလဲ'

ဘာလို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရတာလဲ…

'သူက နိုင်ငံခြားက ပြန်လာတာဆိုတော့ ထိုင်းသီချင်းတွေကို ကောင်းကောင်းမရဘူး အစ်ကိုရ…'

အဲ့ဒါတွေက Kaoကို ကျွန်တော် လျို့ဝှက်ပြီးမေးထားတာတွေ…

'ကျွန်တော့်မှာ ကျွန်တော့်သူငယ်ချင်းတွေလိုမျိုး လေ့ကျင့်ဖို့အချိန်တွေ အများကြီးမရှိဘူး။ ဒါက ကျွန်တော့်ရဲ့ပထဆုံးစတိတ်… ပြီးတော့ ဒါက Guitarတို့ရဲ့မေဂျာက လုပ်တာလေ…'

'လိုက်ခဲ့နော်…'

'လိုက်ခဲ့!'

အခုတော့ အဖြေက အရမ်းကို ထင်ရှားလာသည်။

'So…'

'ဟုတ်…'

ကျွန်တော် သူ့ကို ပြုံးပြလိုက်သည်။

အဲ့ဒီအပြုံးက… တစ်ယောက်တည်းသောသူအတွက်ဘဲ…

'အစ်ကို Soကို သဘောကျတယ်'

…_…

Continue Reading

You'll Also Like

10.6K 289 8
CEO. Suppapong... but everyone calls him Mr. S (and yes with the capital S stands for Sexy, Strict, Seductive and many more) he owns many business es...
After Dark By Z

Teen Fiction

16.2K 564 42
《 This is a BoyxBoy story 》 William Caddel wants to live. Between crushing expectations and the strictness that comes with them that seems like such...
5.4K 157 21
Title, cover, and description are being working on... Adrielle, just a normal person, reincarnated into the game of Fire Emblem Awakening as a child...
2.6M 151K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...