OXYGEN - ออกซิเจน (မြန်မာဘာသာ...

Da newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... Altro

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၁၂

24 2 0
Da newkhonpai

'ငါတို့ ငါးနာရီ စထွက်မှာနော်…'

အခန်းထဲက ဆရာထွက်သွားပြီးတာနဲ့ ချက်ချင်းဆိုသလို တစ်ယောက်ယောက်ရဲ့ အလျင်လိုနေသည့်အသံက အကျယ်ကြီး ထွက်ပေါ်လာသည်။ အခန်းတစ်ခုလုံး အရမ်းပြာယာတွေ ခက်နေပုံရသည်။ ဘာလို့လဲဆိုတာ့ အခုဘဲ ၄နာရီ ၄၀ရှိနေပြီလေ… တကယ်လို့ မနက်ကတည်းကသာ ကျွန်တော့်အိတ်ကို တစ်ခါတည်း သယ်မလာခဲ့ရင် သူတို့တွေလိုဘဲ ပြာယာခတ်နေမှာ…

အဆောင်နေကျောင်းသားအချို့က အခုထိ သူတို့ရဲ့အိတ်ကို သွားမယူရသေးဘူး။ ဒါက ကျောင်းပြင်ပကို ခရီးထွက်ခြင်းရဲ့ဆိုးကျိုးရလဒ်တွေပေါ့… ကျွန်တော်တို့က စာအမြဲလုပ်နေရတာကြောင့် အချိန်သိပ်မရှိပါ။ အရာအားလုံးကို အနီးကပ်မှ ဒီလိုမျိုး အမြန်လုပ်ရတာ…

'ကားတွေ ရောက်ပြီနော် အစ်ကိုတို့…'

Joက အတန်းတံခါးဝနားကနေ အော်ပြောလိုက်သည်။ အခု သူ့မှာ ချွေးတွေစိုနေတာကြောင့် ဒီကို ပြေးလာခဲ့ရတယ် ထင်သည်။ ဒါပေမယ့်လည်း သူ့ကို သနားရမယ့်အစား ရယ်ချင်နေမိသည်။

'အလျင်မလိုပါနဲ့ကွာ… မင်း အခြားသူတွေကို အရင်သွားစုလိုက်ပါဦး'

Nohက အော်ပြောလိုက်ကာ ဂျူနီယာကို လက်ပြပြီး အဝေးကို သွားခိုင်းလိုက်သည်။ သူကတော့ ဖုန်းထဲက ဂိမ်းကိုသာ ဆက်ပြီးဆော့နေမိသည်။

Joနဲ့ သူ့သူငယ်ချင်းတို့ ပြောနေတာကို ကျွန်တော် ကြားမိတာကတော့ အခြားနှစ်တွေအားလုံးက ကျောင်းသားတွေက အကုန် ကားဆီ သွားကုန်ကြပြီ။ အဲ့ဒါကြောင့် သူ လောနေတာဖြစ်ပြီးတော့ တီးဝိုင်းအဖွဲ့ကိုလည်း ထည့်သွင်း စဉ်းစားနေရတာကြောင့်ဖြစ်သည်။ Soloက လူအနည်းငယ်နဲ့ အဲ့နေရာမှာ ရှိနေတာကို ကျွန်တော် သိသည်။ ပြီးတာနဲ့ ကျွန်တော်တို့ ပိုက်ဆံနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိတာတောင် ဘတ်ဂျက်ကို လျော့ချဖို့အတွက် ကားကို ဘယ်လိုခွဲကြမလဲဆိုတာ ဆွေးနွေးနေမိသည်။

'Hia… ထတော့လေဗျာ…'

(Hia=အစ်ကို=P' တရုတ်-ထိုင်းကပြားတွေကို ခေါ်တဲ့အခေါ်ပါ)

Noh ဂိမ်းဆော့နေတာကို ရပ်ဖို့ ဒူးထောက်ပြီး တောင်းဆိုနေတဲ့Joကို ကျွန်တော် ထိုင်ပြီး ကြည့်မိသည်။ အဲ့ဒီကောင်လေးက ကျွန်တော့်သူငယ်ချင်းကို ကန်တော့မတက်ဖြစ်နေတာကြောင့် ကျွန်တော် ရယ်သာရယ်လိုက်မိသည်။ ပြီးတော့လည်း Noh Beer Wineနဲ့ ကျွန်တော်တို့ကဘဲ ကားဆီ မသွားရသေးတာ…

'ငါ ပြီးအောင် ကစားလိုက်ဦးမယ်'

Nohက ပြောနေရင်းနဲ့ဘဲ ဂျူနီယာကောင်လေးရဲ့ခေါင်းကို ပုတ်ထုတ်လိုက်သည်။ ဒါပေမယ့် သူက ဂျူနီယာလေးကို တမင်စနေတယ်ဆိုတာ ကျွန်တော် သိပြီးသား…

တွေ့တယ်မှတ်လား။ ဒီအတိုင်းသာ တစ်ခုခုက နှောက်နှေးသွားခဲ့မယ်ဆိုရင် Joဘဲ ပြသာနာများစွာနဲ့ ခေါင်းကြီးရမှာ…

'Hia… ကျွန်တော့်ကို သနားပါဦး… ကျွန်တော် ပင်လယ်ထဲတော့ ငါးစာအဖြစ် ပစ်ချမခံနိုင်ဘူးဗျ…'

ကျွန်တော် ပြောတယ်မှတ်လား…

'သွားရအောင် Ai'Noh… မဆော့နဲ့တော့…'

ကျွန်တော် Beerရဲ့စကားကို ခေါင်းညိမ့်ပြပြီး နောက်ဆုံးတော့ေ ဖုန်းကို သိမ်းဖို့ သဘောတူလိုက်သည်။ ပြီးတော့လည်း အပြင်မထွက်ခင် Joကို ပြုံးပြခဲ့ဖို့လည်း သူ မမေ့ခဲ့ပါ။

တကယ်တော့ ကားတွေက ကျွန်တော်တို့ဌာနအရှေ့မှာဘဲ ရပ်ထားတာကြောင့် အလျင်လိုစရာမလို… လူတွေကို စုရတယ်ဆိုတာကလည်း သွားတဲ့အချိန်ထက်တောင် ကြာသေးသည်။ ပြီးတော့လည်း အခုထိ ငါးနာရီမထိုးသေးဘူး။

ဒါပေမယ့် ကားဆီလျောက်သွားတဲ့အခါမှာတော့ ကျွန်တော် တွေးထားတာက နည်းနည်းလွဲမှားနေကြောင်း သိလိုက်ရသည်။ ကျွန်တော် ထင်ထားသလိုမျိုး ယောက်ယက်ခက်နေတာမျိုး မဟုတ်ဘဲ လူတိုင်းက သူတို့သက်ဆိုင်ရာကားဆီ ရောက်နေကြပြီ။ ပြီးတော့ ကျွန်တော်တို့အဖွဲ့က နောက်ဆုံးရောက်တာ… အဲ့ဒါကြောင့်ဘဲ…

'Jo! မင်းတော့ အလုပ်ခံရတော့မယ်' သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ဒုတိယနှစ်ဂျူနီယာလေး၏ အသံဖြစ်သည်။ အပြစ်ပေးခံရတော့မယ်လို့ မျှော်လင့်ထားတဲ့ကောင်လေးက တစ်ချက်လေးဘဲ အဆူခံလိုက်ရတာကြောင့် ပြေးလွှားပြီး စစ်ဆေးနေသည်။

'ဂီတမေဂျာက အုပ်စုနဲ့ သွားထိုင်ပါလား အစ်ကိုတို့… ဒီကားမှာ နေရာပြည့်နေပြီမို့လို့…'

Joက ကျွန်တော်တို့ အုပ်စုကို အော်ပြောလိုက်ပြီးတော့ အနောက်က ကားကို ညွှန်ပြလာသည်။

ကျွန်တော်တို့မှာ ဂီတမေဂျာက သူတွေနဲ့ ဘာကွိုင်မှမရှိတာကြောင့် ကျွန်တော် ဘာမှမစဉ်းစားနေတော့ဘဲ ခေါင်းညိမ့်ပြလိုက်သည်။ ပြောရရင် ကျွန်တော်က ဘယ်သူနဲ့မှ ပြသာနာမရှိခဲ့ဘူး။ ပထမနှစ်ကတည်းက စာနဲ့အလုပ်နဲ့ဆိုပြီး ကျွန်တော့်ဘဝက လည်ပတ်နေခဲ့တာလေ… ကျွန်တော့်မှာ ပြသာနာနည်းနည်းရှိလာပြီဆိုရင်လည်း Nohကို ကျွန်တော် အကူအညီတောင်းလို့ရတာဘဲ… ဒါပေမယ့် ဘာပြသာနာမှမရှိဘဲ ကျွန်တော်တို့ ကားပေါ်သို့ တက်လိုက်သည်။

'ဝိုး !!!!! ဝိုး !!!!!!' ဂီတမေဂျာနဲ့ ဘာပြသာနာမှမရှိဘူးလို့ ကျွန်တော် တွေးမိတာ မှားသွားတဲ့ပုံရသည်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကားပေါ်စတက်လိုက်တာနဲ့ ချက်ချင်းဆိုသလို…

'ဝိုး!!!!!!!' ကျွန်တော် သူတို့ရဲ့စိတ်ဝင်စားမှုကို ရယူထားမိသလိုဖြစ်နေတာ…

'P'Guiလည်း ဒီကားဘဲကွ… ငါ့ကောင်ရ…'

နောက်က ခုံမှာ ထိုင်နေတဲ့Kaoဆီကနေ စနောက်တဲ့အသံကို ကြားလိုက်ရသည်။ ဒါက ဒီအတိုင်း သာမန်စကားလေးတစ်ခွန်းလေးဆိုသော်လည်း အားလုံးက ပေါင်းပြီး ဆူညံနေကာ အခြားတစ်ယောက်ကို စနေကြသည်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေး… ဘာလို့လဲဆိုတော့ Kaoရဲ့ဘေးနားမှာ ခွေးပေါက်စကြီးက ကျွန်တော့်ကို တလက်လက်တောက်ပနေတဲ့မျက်လုံးတွေနဲ့ ပြုံးပြီး ကြည့်နေတာ…

'အင်း… အစ်ကို ပထမနှစ်နဲ့ ဒုတိယနှစ်တွေက နည်းနည်းတော့ ဆူတယ်'

အရှေ့မှာထိုင်နေတဲ့ဂျူနီယာက ပြုံးပြီး ပြောလာသည်။ ကျန်တဲ့သူတွေကတော့ ကျွန်တော်တို့ကို ကျယ်လောင်စွာနဲ့ နူတ်ဆက်နေသည်။

'ငါ Ai'Feeနဲ့ သွားထိုင်လိုက်မယ်'

ကျွန်တော်တို့ထက် အရင်ရောက်နေပြီး အလယ်တန်းမှာထိုင်နေတဲ့ အင်ဂျင်နီယာမေဂျာက သူငယ်ချင်းတစ်ယောက်နားကို Nohက ညွှန်ပြနေသည်။ ဒါပေမယ့် ပြသာနာက အဲ့ဒါဘဲ…

Ai'Feeရဲ့ဘေးနားမှာ ရှိတဲ့ခုံသုံးလုံးဘဲ ကျန်တော့သည်။ ဒါပေမယ့် သူတို့က ဝင်ထိုင်လိုက်တာကြောင့် ကျွန်တော်တစ်ယောက်တည်း မတ်တပ်ရပ်နေရတာ…

'P'Gui…'

ဂျူနီယာတစ်ယောက်က အနောက်ကို ညွှန်ပြလိုက်ပြီး ထူးဆန်းစွာနဲ့ ပြုံးပြလာသည်။ ကျွန်တော် ကျေးဇူးတင်စကားပြောပြီးတော့ သူပြတဲ့အနောက်ဘက်သို့ သွားလိုက်သည်။

'P'Gui… ဒီမှာ!'

Kaoက ထပ်ပြောပြီးတော့ ပြုံးပြလာပေမယ့် သူ့ရဲ့အပြုံးက မယုံကြည်စရာကောင်းလှသည်။ သူ ပြုံးနေတာ ပါးစပ်က နားရွက်ပေါ်တပ်ချိတ်မတက်ဘဲ… လူတွေရဲ့အကြည့်ကလည်း ကျွန်တော့်ဆီ အကုန်ရောက်နေသည်။ ဘာကြီးလဲ။

ထူးဆန်းနေသလို ခံစားရသည်။

အမ်… Soloရဲ့ဘေးက ခုံက တမင်သက်သက်အလွတ်ထားထားသလိုပင်… အစက Soloနဲ့ Kao အတူတူထိုင်နေတာကို ကျွန်တော် သတိရလိုက်သည်။ ဒါပေမယ့် အခုတော့ ခွေးပေါက်စလေးက တစ်ယောက်တည်း ထိုင်နေပြီး Kaoကတော့ နောက်ဆုံးတန်းက ထိုင်ခုံအရှည်ကြီးမှာ သွားထိုင်နေတာ…

'Kaoက သူငယ်ချင်းတွေနဲ့ အတူတူမထိုင်ဘူးလား' ကျွန်တော် မထိုင်သေးဘဲ မေးလိုက်သည်။

'ကျွန်တော် ကျွန်တော့်သူငယ်ချင်းနဲ့ သီချင်းအကြောင်း ဆွေးနွေးစရာရှိသေးလို့ အစ်ကို… အစ်ကို အဲ့နေရာမှာ ထိုင်လို့ရတယ်'

သူကတော့ ပြောပြီးတာနဲ့ သူ့သူငယ်ချင်းဘက်သို့ ချက်ချင်းလှည့်လိုက်ကာ စကားပြောနေသည်။

'Guitar…' ထိုအသံလေးနှင့် ကျွန်တော့်ကို အသာလေးဆွဲယူလိုက်ပြီးတော့ ခုံမှာ ထိုင်ဖို့ ပြောနေသည်။

'Soနဲ့အတူတူဘယ်လိုသွားရမလဲဆိုတာကို အစ်ကို တစ်ခါမှ မတွေးဖူးဘူး'

ကျွန်တော့်ရဲ့လက်မောင်းတွေကို ကိုင်ထားတဲ့လက်ကို ငြင်းဆန်ခွင့်မပေးဘူးဆိုတာ သိနေတာကြောင့် ကျွန်တော် ထိုင်လိုက်သည်။ ခွေးပေါက်စလေးကတော့ ဘာမှမပြောတော့ဘဲ သူ့ရဲ့ခေါင်းလေးက ကျွန်တော့်ပုခုံးပေါ်သို့ မှီလာသည်။

ဒီကို လိုက်လာရတဲ့ဇာတ်ကြောင်းကို ပြောရမယ်ဆိုရင် သူက ကျွန်တော် ကမ်းခြေကို လိုက်မယ်လို့ ပြောလာအောင် လှည့်စားခဲ့တယ်။ ပြီးတော့ ထပ်ရှိသေးသည်။ ဈေးဝယ်ပြီးကတည်းက သုံးရက်ဆက်တိုက် ကျွန်တော် ကမ်းခြေအကြောင်းပြောတဲ့အချိန်တိုင်းမှာ ဒီခွေးပေါက်စလေးက မကြားချင်ယောင် ဆောင်သည်။ စကားလမ်းကြောင်းလည်း လွှဲသေးသည်။ ပြီးတော့ သူ ကဖေးဆိုင်မှာ ကျွန်တော့်ကို လာတွေ့တိုင်း Kaoကို ခေါ်လာသည်။ ပြီးတော့ ကျွန်တော် Kaoကို Solo ထမင်းစား မစား၊ လေ့ကျင့်တဲ့အချိန်အကြောင်းတွေ မေးဖို့လုပ်တော့ Soloက ချက်ချင်း Kaoကို ကဖေးဆိုင်ထဲကနေ အပြင်သို့ ဆွဲခေါ်သွားသည်။

ကျွန်တော် ခွေးပေါက်လေးကို တကယ်ရိုက်ချင်နေတာ…

'So…'

'အင်း…'

သူ့အသံလေးက အိပ်ချင်နေပုံရပြီး အသနားခံနေတဲ့ပုံစံလေးနှင့်အတူ စကားကို ဆက်ပြောနေသည်။ ကျွန်တော် မထိန်းနိုင်တော့ဘဲ သူ့ရဲ့နှာခေါင်းလေးကို ဆွဲလိုက်ကာ ပြန်လွှတ်လိုက်ပြီးတော့ အိပ်ခိုင်းလိုက်သည်။

ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက ဒီလိုမျိုးလေး နေချင်နေတာကို…

အဲ့ဒါကြောင့် ကျွန်တော် အရမ်းပျော်ရသည်။

…_…

သုံးနာရီလောက်အကြာမှာတော့ ကျွန်တော်တို့ သွားနေတဲ့နေရာသို့ ရောက်ရှိလာခဲ့သည်။ Soloက တစ်လမ်းလုံးအိပ်လာတာ ခေါင်းတောင်မထောင်… ကံကောင်းစွာနဲ့ဘဲ ကားခဏနားတဲ့အချိန်မှာ ကျွန်တော် အိမ်သာသွားချင်တဲ့စိတ် မဖြစ်လို့… ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို မျှော့တစ်ကောင်လို တွယ်ကပ်ထားတာလေ… စိုက်ကြည့်လာတဲ့လူတွေ… အထူးသဖြင့် Nohပေါ့… အဲ့ဒါတွေကို ကျွန်တော် လျစ်လျူရှုထားလိုက်မိသည်။

'P'Gui…'

ကျွန်တော့်ဘေးနားက ကောင်လေးကို နိုးဖို့လုပ်နေတဲ့ ကျွန်တော့်လက်လေးက ရပ်သွားသည်။ ကျွန်တော်တို့နှစ်ယောက်နဲ့အတူ ကားမှာ နောက်ဆုံးကျန်ခဲ့တဲ့Kaoကို ကျွန်တော် လှည့်ကြည့်လိုက်သည်။ ကျန်တဲ့သူတွေကတော့ ကားအောက်ရောက်ကုန်ပြီပေါ့…

'အင်း…'

'သူ့ကို စိတ်မဆိုးပါနဲ့… သူ နားချိန်မရှိဘဲ အများကြီးလေ့ကျင့်ပြီး သူ့ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်ပေမယ့်လည်း သူ ထမင်းတော့ ပုံမှန်စားပါတယ်'

Kaoရဲ့တည်ငြိမ်နေတဲ့မျက်နှာကြောင့် ကျွန်တော့်ဘေးနားက ခေါင်းထောင်လာတဲ့ ကောင်လေးမျက်နှာကို ကျွန်တော် လှည့်ကြည့်လိုက်သည်။ ကြည့်ရတာ အပြင်က ဆူညံနေတာကြောင့် သူ နိုးသွားတာ ထင်သည်။

'အစ်ကိုက စိတ်မဆိုးပါဘူး' မျက်လုံးတွေကို ပွတ်သပ်နေတဲ့ ခွေးပေါက်စလေးရဲ့လက်တွေကို ကိုင်ပြီးတော့ ပြုံးပြလိုက်ကာ… 'အစ်ကိုက သူ့ကို စိတ်ပူနေတာ…'

ကျွန်တော် ကားပေါ်က ဆင်းဆင်းပြီးချင်းမှာဘဲ လူတိုင်းရဲ့အကြည့်ကို လက်ခံရရှိလိုက်သည်။ ကျွန်တော် လူအချို့ကို ပြုံးပြလိုက်ပေမယ့်လည်း ဘေးနားက ကောင်လေးကတော့ ဘာကိုမှ စိတ်မဝင်စားသည့်ပုံနှင့် သန်းနေသည်။

'Gui… သူငယ်ချင်း… ကြည့်ရတာ မင်း ဂီတမေဂျာက ကျောင်းသားတွေနဲ့ အတူတူနေရမယ် ထင်တယ်။ အခန်းတွေအားလုံးက စီစဉ်ထားပြီးသား… လေးယောက် တစ်ခန်းအတူနေရမယ်'

Nohက ကျွန်တော့်ဆီလာပြီး ပုခုံးကို ပုတ်သွားကာ ပြုံးပြလာသည်။

'P'Guiက ကျွန်တော်နဲ့ Soနဲ့အတူ နေရမှာ… ဂီတမေဂျာက လူတွေက အခန်းတွေ ခွဲပြီးသွားပြီ' Kao အထဲသို့သွားရင်း ကျွန်တော့်ကို ပြုံးပြလာသည်။

ဘာစကားမှ မပြောဘဲ အလုပ်လုပ်နေကြတဲ့အုပ်စုကို ကြည့်ရင်း ကျွန်တော် ခေါင်းဘဲ ခါလိုက်မိသည်။ အခန်းစီစဉ်ထားတဲ့ပုံအတွက် ကျွန်တော် ဘာမှပြသာနာမရှိပါဘူး။ ဒါ့အပြင်…

ကျွန်တော်နဲ့ Soနဲ့ အတူတူအိပ်ခဲ့ဖူးတာ တော်တော်များနေပြီလေ…

'ခဏ… Kလည်း အစ်ကိုတို့နဲ့ အခန်းအတူတူဘဲနော်… သူလည်း ကျန်ခဲ့လို့…'

ရင်းနှီးနေတဲ့မျက်နှာပိုင်ရှင်ဖြစ်တဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူကို Joက ကျွန်တော့်ဆီ တွန်းပို့လိုက်တာကြောင့် ကျွန်တော် လှည့်ကြည့်လိုက်မိပြီး ခွေးပေါက်စလေးရဲ့လက်မောင်းကို ကျွန်တော် ကိုင်လိုက်သည်။

ကျွန်တော် သိတာနဲ့ သူ့ရဲ့လက်မောင်းကို အမြန်ကိုင်လိုက်မိလို့ တော်သေးသည်။ ဘာလို့လဲဆိုတော့ စောနက အိပ်ချင်နေတဲ့သူက အခုအချိန်မှာတော့ ကြောက်စရာကောင်းတဲ့မျက်နှာပုံစံမျိုးဖြစ်နေပြီး သူ့ရဲ့မျက်လုံးတွေက ကျွန်တော် ကိုင်ထားတာကို လွှတ်လိုက်ရင် ထသတ်တော့မယ့်ပုံစံမျိုးဖြစ်နေတာကြောင့် ဖြစ်သည်။

အခန်းစီစဉ်ထားတာက တကယ်ကိုဘဲ…

အခန်းစီစဉ်တာကို သဘောတူပြီးသွားတဲ့အခါမှာတော့ ကိုယ့်မေဂျာနဲ့ ကိုယ်ခွဲပြီး Activityတွေအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ပြီးတဲ့အခါမှာတော့ တန်းဖြုတ်လိုက်ကာ အနားယူခိုင်းလိုက်သည်။ ဘာလို့လဲဆိုတော့ မနက်ဖြန်မနက်ပိုင်းကစပြီးတော့ Activityတွေ စလုပ်တော့မှာ… ကျွန်တော့်ကို တစ်ချိန်လုံးစိုက်ကြည့်နေတဲ့ Kဆိုတဲ့ကောင်လေးကို မသိချင်ယောင်ဆောင်ထားလိုက်ပြီးတော့ အဲ့ဒီအစား စီနီယာတွေ ပြောနေတာကို နားထောင်နေတဲ့ခွေးပေါက်စလေးရဲ့ကျောကုန်းကိုသာ ငေးကြည့်လိုက်သည်။ Soloကလည်း အရမ်းဒေါသထွက်နေပုံဘဲ… ကျွန်တော့်ကိုဘဲ တစ်ချိန်လုံးကြည့်နေတာကြောင့် စီနီယာတွေက သူ့ကို ဆော်ဦးမယ်။

'ခဏနေ လူစုခွဲပြီးတာနဲ့ အားလုံးနားလို့ရပါပြီ… မနက်ဖြန်မနက်၆နာရီမှာ ပြန်ဆုံကြပါမယ်'

ဒုတိယနှစ်ဂျူနီယာလေးက စကားပြောပြီးသွားတဲ့အခါမှာ အင်ဂျင်နီယာကျောင်းသားတွေက ချက်ချင်းဆိုသလို သူတို့ရဲ့အိတ်တွေကို သူတို့ သွားယူကြသည်။

ကျွန်တော်တို့တည်းမယ့်နေရာက ကမ်းခြေဘက်အခြမ်းက Resortတစ်ခုဖြစ်ပြီးတော့ အခန်းတော်တော်များများကို ဌားထားတာ… ပြီးတော့ ကမ်းခြေနဲ့နီးတဲ့Resortဖြစ်တာကြောင့် Activityတော်တော်များများကို ကောင်းကောင်းလုပ်လို့ရသည်။ သူတို့ကို ကြည့်ရတာ သေချာကောင်းကောင်းပြင်ဆင်ထားတဲ့ပုံဘဲ… သူတို့ ဂီတမေဂျာနဲ့ အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့တာကြောင့်လည်း ဖြစ်မှာပေါ့… ဂီတမေဂျာရဲ့ကျောင်းသားတစ်ယောက်က ဒီResortနဲ့ အချိတ်အဆက်ရှိတာကြောင့် သူတို့ ဈေးသက်သက်သာသာနဲ့ဌားလို့ရတာတဲ့…

'P'Gui…'

ကျွန်တော် တစ်စုံတစ်ယောက်ရဲ့နောက်ကျောကို ကြည့်နေရာကနေ Kဘက်ကို လှည့်လိုက်ပြီးတော့ ပြုံးပြလိုက်သည်။

'အင်း'

'အစ်ကို အခန်းထဲ သွားမလို့လား… အ့!!!'

ပါးချိုင့်တွေ မြင်ရတဲ့အထိ အားရပါးရ ပြုံးပြနေတဲ့Kက ချက်ချင်းဆိုသလို ငိုမဲ့မဲ့ဖြစ်သွားတာကြောင့် အားလုံးက လှည့်ကြည့်လာသည်။ သူက အရမ်းနာကျင်နေသလိုမျိုး သူ့ခေါင်းကို လက်နှင့်ပွတ်သပ်နေတာ… အဲ့ဒါနဲ့ တရားခံဖြစ်သူကို လှည့်ကြည့်လိုက်တော့ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။

'ဘာဖြစ်တာလဲ'

'အရမ်းနာတယ်'

Kက ခေါင်းကိုပွတ်ပြီး သနားစရာကောင်းတဲ့မျက်နှာကို လုပ်ပြနေတာကြောင့် ကျွန်တော် ဘာမှပြောမနေတော့ဘဲ ပြုံးလိုက်မိသည်။

ခွေးပေါက်စလေး ပစ်လိုက်တဲ့ရေဘူးအဖုံးက အဲ့လောက်တောင် နာလို့လား။

'အရမ်းနာနေတာဘဲ… အရင်ဆုံး သွားနားလိုက်တော့…' Kရဲ့အိတ်ကို သူ့ရဲ့အနားသို့ တွန်းပို့လိုက်သည်။

'ဒါဆို အစ်ကိုကကော…'

'အစ်ကိုက Soloကို စောင့်လိုက်ဦးမယ်' ဒါက အမှန်အတိုင်းပြောတာဘဲဖြစ်တာကြောင့် ကျွန်တော် နှစ်ခါတောင် မစဉ်းစားမိတော့…

'အစ်ကို့ကြည့်ရတာ သူ့ကို အရမ်းစိတ်ဝင်စားနေသလိုဘဲ…'

Kက ကျွန်တော့်ကို ပြုံးပြနေပေမယ့်လည်း သူ့ရဲ့ပုံစံက နည်းနည်းစိတ်ပျက်သွားတဲ့ပုံပင်…

'K သွားနားတော့လေ…'

ကျွန်တော် သူ့ရဲ့မေးခွန်းကို ပြန်မဖြေတော့ဘဲ ထပ်ပြီးတော့သာ ပြောလိုက်သည်။

'ကျွန်တော် သွားမှာပါ… ဒါပေမယ့် ကျွန်တော် လက်လျော့မှာ မဟုတ်ဘူး'

ကျွန်တော့်ကို ပြသနေတဲ့ သူ့ရဲ့သဘောထားက အတည်ကြီးဖြစ်နေတာကြောင့် ကျွန်တော် သက်ပြင်အသာလေးချလိုက်မိသည်။ တကယ်တမ်း အစက ကျွန်တော် လျစ်လျူရှုလိုက်မလို့ဘဲ… ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေနဲ့ အပြုအမှုတွေက သိသာလာတာကြောင့် ကြာလာရင် ကျွန်တော် ပြသာနာတွေ ရောက်လာတော့မယ်ဆိုတာ သေချာပေါက်ပြောရဲသည်။

'K…'

နာမည်ပိုင်ရှင်က ခြေလှမ်းတွေရပ်တန့်လိုက်ပြီးတော့ ကျွန်တော့်ဘက်ကို လှည့်ကာ ပြုံးပြလာသည်။

ကျွန်တော်က အခြားသူတစ်ယောက်ကို ဝမ်းနည်းခံစားရအောင် ဖြစ်စေတဲ့အထိ ကြင်နာတက်တဲ့နှလုံးသားရှိတဲ့သူမျိုးမဟုတ်ပါ။ အခုဘဲဖြစ်ဖြစ် နောင်ဘဲဖြစ်ဖြစ် နာကျင်ရမှာဘဲလေ… အဲ့ဒါကြောင့်…

'မင်း…'

'Guitar!'

လူအုပ်ရဲ့အလယ်မှာ ထိုင်နေတဲ့သူရဲ့ကျယ်လောင်တဲ့အသံကြောင့် ကျွန်တော် လန့်သွားသည်။ အဲ့ဒီအချိန်မှဘဲ Kရဲ့လက်က ကျွန်တော့်လက်အနား ရောက်နေတယ်ဆိုတာ သတိထားလိုက်မိသည်။ Soloကတော့ ဂီတမေဂျာ အုပ်စုမီတင်ရဲ့အလယ်မှာ တည်ငြိမ်နေတဲ့မျက်နှာနှင့် မတ်တပ်ရပ်နေသည်။ သူ့ရဲ့စူးရှတဲ့မျက်လုံးတွေက ကျဉ်းထားပြီးတော့ သူ့ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်ထားဖို့ ကြိုးစားနေပုံရသည်။

ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်သွားမိသည်။

'ဟေး… စိတ်ငြိမ်ငြိမ်ထား… မီတင်က မပြီးသေးဘူး'

Kaoက မတ်တပ်ရပ်လိုက်ပြီးတော့ စီနီယာကို လက်အုပ်ချီပြီး တောင်းပန်လိုက်ကာ သူ့ရဲ့သူငယ်ချင်းကို ဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်သည်။ Soloက ပြန်ထိုင်လိုက်ပေမယ့်လည်း ကြောက်စရာကောင်းတဲ့မျက်လုံးတွေနှင့် ဒီဘက်ကိုသာ ကြည့်နေသည်။

အဲ့ဒါနဲ့ ကျွန်တော့်ဘေးနားက ကောင်လေးဘက်သို့ လှည့်လိုက်ကာ စောနက စကားကို ဆက်ပြောလိုက်သည်။

'K…'

'ဟုတ်…'

'မင်းအချိန်တွေကို မဖြုန်းတီးစမ်းပါနဲ့…'

ခွေးပေါက်စကြီးတစ်ကောင်ကို ဂရုစိုက်ပေးရတာဘဲ ကျွန်တော့်အတွက် လုံလောက်တာထက်ကို ပိုနေပြီ…

…_…

'စိတ်ဆိုးတယ်'

'ဟင်'

'အရမ်းစိတ်ဆိုးတယ်'

'တောင်းပန်ပါတယ်'

'တောင်းပန်ရုံနဲ့ ပိုကောင်းလာတာမှ မဟုတ်တာ…'

'အဲ့ဒါဆို အစ်ကို ပိုကောင်းလာအောင် ဘယ်လိုလုပ်ပေးရမလဲ။ ပြော…'

'…'

ကျွန်တော့်ခြေလှမ်းတွေကို ရပ်လိုက်ကာ စိတ်ဆိုးတယ်လို့ ပြောလာတဲ့ကောင်လေးကို ကြည့်လိုက်သည်။ သူက စိတ်ဆိုးတယ်လို့ ပြောနေသော်လည်း သူ့ရဲ့လက် ကျွန်တော့်ရဲ့အိတ်ကို ကိုင်ထားကာ သူ့ရဲ့မျက်လုံးတွေက ရယ်ချင်စရာကောင်းနေသည်။

'ဘာလဲ… ပြောလေ…'

'အရင်စဉ်းစားလိုက်ဦးမယ်' အချိန်ခဏယူမယ်လို့ ပြောလာတဲ့ကောင်လေးက အိတ်တွေကို ချလိုက်ပြီးတော့ အတည်ကြီးစဉ်းစားနေပုံရသည်။ အဲ့ဒါကြောင့် ရယ်ချင်နေတဲ့စိတ်ကို မနည်းအောင့်ထားရတာ… 'သူနဲ့ စကားထပ်မပြောနဲ့တော့…'

'မရဘူး' ကျွန်တော် ချက်ချင်းငြင်းလိုက်ပြီး မျက်နှာမဲ့နေကာ အခြားတစ်ယောက်ကို မနှစ်မြို့ဖြစ်နေတဲ့ကောင်လေးရဲ့ပါးပြင်နှစ်ဖက်ကို ကျွန်တော့်လက်နှစ်ဖက်နဲ့ ဆွဲညစ်လိုက်သည်။

'သူနဲ့ စကားပြောချင်သေးတယ်ပေါ့…' ပါးကို ဆွဲထားလို့ မပီမသဖြစ်နေတဲ့အသံနှင့် ပြောလာတာကြောင့် ကျွန်တော် ရယ်လိုက်မိသည်။

အရမ်းချစ်ဖို့ကောင်းတာဘဲ…

'အဲ့လိုမဟုတ်ဘူးလေ… အချို့ကိစ္စတွေကျတော့ အစ်ကိုတို့မပြောဘူးဆိုရင် ပြီးပြတ်မှာမှမဟုတ်တာ… Soက အစ်ကို့ကို တိတ်ဆိတ်ငြိမ်ခိုင်းတယ်ဆိုရင် သူ့ကို တစ်သက်လုံး ဒီအတိုင်း ထားလိုက်တော့မယ်ပေါ့…' နီရဲနေတဲ့ပါးပြင်လေးကို မဆွဲတော့ဘဲ ကျွန်တော့်လက်လေးနှင့် ပွတ်သပ်ပေးလိုက်သည်။ 'အချို့အပြုအမှုတွေက အခြားသူကို နားမလည်နိုင်တာမို့လို့ အစ်ကိုတို့ စကားတွေကို အသုံးပြုကို ပြုရတယ်။ ဒီလိုကိစ္စမျိုးတွေမှာဆို အစ်ကိုတို့ မှားယွင်းပြီး သေချာမရှင်းခဲ့ဘူးဆိုရင် သူက အဲ့ဒါကို မျှော်လင့်ချက်တစ်ခုလို့ ထင်သွားလိမ့်မယ်။ နားလည်ပြီလား'

Soloက အသာလေး ခေါင်းညိမ့်ပြလာပြီးတော့ ကျွန်တော့်ရဲ့လက်တွေကို ဆုတ်ကိုင်လာသည်။ တင်းမာပြီးတော့ ဒေါသထွက်နေတဲ့ သူ့ရဲ့မျက်နှာလေးပေါ်မှာ အရင်ကအတိုင်းလို အပြုံးပါးပါးလေးတစ်ခု ဖြစ်ထွန်းလာခဲ့သည်။

သူတို့အခန်းထဲ ဝင်လာတဲ့အခါမှာတော့ Extra Bedပေါ်မှာ လှဲအိပ်နေတဲ့Kaoတစ်ယောက်တည်းကိုဘဲ တွေ့လိုက်ရသည်။ သူတို့နဲ့အတူတူနေရမယ့် Kက အခုအချိန်မှာ သူ့ရဲ့အိတ်တွေတောင် မတွေ့တော့…

'သူ ဘယ်သွားတာလဲ' မကျေနပ်သည့်ပုံစံနှင့် ကြည်လင်ပြတ်သားစွာနဲ့ Soloက Kaoကို မေးလိုက်သည်။

'သူ့သူငယ်ချင်းတွေနဲ့ အတူသွားနေမယ်လို့တော့ ပြောတာဘဲ…'

'ကောင်းတယ်'

Kaoပြန်ပြောလိုက်တာနဲ့ သူ့ရဲ့အသံက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ကျွန်တော် ဘာလို့ဒီလိုပြောရတာလဲဆိုတာကို Kနားလည်ပါစေလို့ဘဲ ကျွန်တော် မျှော်လင့်နေမိသည်။ ပြီးတော့ အဲ့လိုပြောရတာကိုလည်း ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ ဒါပေမယ့်လည်း မပြတ်မသားနဲ့ ထားထားတက်တဲ့ပုံစံက ကျွန်တော့်အကျင့်မဟုတ်ဘူး။

'So… ရေ အရင်သွားချိုးတော့လေ…'

အိပ်ယာပေါ်လှဲတော့မလို လုပ်နေတဲ့ခွေးပေါက်စလေးကို ကျွန်တော် ဆွဲထားလိုက်သည်။

'Guitar…'

'So!'

ထိုင်နေတဲ့ကောင်လေးက ရုတ်တရက်ကြီး ကျွန်တော့်ရဲ့ခါးကိုဖက်ကာ သူနဲ့အတူ အိပ်ယာပေါ်သို့ ဆွဲလှဲပစ်လိုက်သည်။

ခွေးရူးလေး!!

'အိပ်ချင်တယ်~'

Soloက ကျွန်တော့်ရဲ့ဗိုက်ပေါ် သူ့မျက်နှာလေးကို အပ်ထားပြီး မလွှတ်တမ်းဖက်ထားကာ ပလုံးပထွေးနှင့် ပြောလာသည်။

'ရေအရင်သွားချိုးလေ…'

'မချိုးချင်ဘူး'

နာရီဝက်လောက် လုံးထွေးပြီးတဲ့အခါမှာတော့ ရေဘဝဲလက်တံတွေက ကျွန်တော့်ကို လွှတ်ပေးလိုက်သည်။ Soloကတော့ ရေချိုးခန်းဘက်သို့ သွားကာ ကျွန်တော်ကတော့ အိပ်ယာပေါ်မှာ အသက်ပြင်းပြင်းရှုရင်း ထိုင်နေမိသည်။

'ကျွန်တော် ရှိနေတာကို မေ့နေတာတော့ မဟုတ်ပါဘူးနော်' ထို ပြုံးစိစိအသံအကျယ်ကြီးကြောင့် ကျွန်တော် လန့်သွားပြီးတော့ လှည့်ကြည့်လိုက်မိသည်။

ဒီအခန်းထဲမှာ နောက်တစ်ယောက်ရှိနေသေးတယ်ဆိုတာကို ကျွန်တော် မေ့သွားတာဘဲ…

'ဒီကနေ ထိုင်ပြီးတော့ လူနှစ်ယောက် နပမ်းသတ်နေတာကို ကြည့်နေရတယ်'

'မအိပ်သေးဘူးလား'

သူက ကျွန်တော့်ကို စချင်နေတဲ့ပုံရသည်။ ကျွန်တော်က စကားလမ်းကြောင်းလွဲလိုက်တာကြောင့် သူက ပြန်ဖြေတဲ့အခါမှာ ရောပြီး ပြန်ဖြေလိုက်သည်။

'ပထမကတော့ အိပ်ခါနီးနေပြီဗျ… ဒါပေမယ့် ပြီတီတီနဲ့ဆူညံသံတွေ ကြားလို့ ထကြည့်လိုက်တာ…'

ဒီကလေးကတော့…

'အဲ့ဒါဆို ဆက်အိပ်တော့လေ…'

'နောက်မှပေါ့ အစ်ကိုရာ… အခုတော့ ဇာတ်ကားအသစ်လေး ကြည့်လိုက်ဦးမယ်'

ငမွှေထိုးဘဲ…

'Kao မင်းအခန်းအပြင်ကို လျောက်ကြည့်ဖို့ စိတ်မဝင်စားဖူးလား'

အဲ့ဒီညမှာတော့ ကျွန်တော် တစ်ကိုယ်လုံးလှုပ်လို့ မရတော့သလိုမျိုး ခံစားရသည်။ အိပ်ယာပြောင်းလို့ မဟုတ်ဘူးဆိုတာ သေချာတာပေါ့…

'ထပြီး ကိုယ့်နေရာမှာ ကိုယ်သွားအိပ်တော့ So!'

…_…

Continua a leggere

Ti piacerà anche

20.7K 1.7K 121
Credit respectfully to original artist-jkjkjk9217 (Joe Kotlyar) original artist ig acc-jkjkjk9217 JUSTINဆိုတဲ့ကောင်လေးဟာလူသိခံလို့မရတဲ့လျှို့ဝှက်ချက်...
113K 6.8K 28
all was golden in the sky when the day meets the night。 a jikook fanfic. ©GODJINIE
1.2M 66.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
134K 5K 61
When two opposites attract. Star quarterback Jacob Perez, whose in love with his victim -- hermaphrodite, Chresanto August. Follow them and their jo...