OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၉

342 34 2
By newkhonpai

Soloရဲ့လက်ရှိအခြေအနေကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော် စောနက အဖွဲ့ဆီသွားကာ မကျေနပ်တာတွေကို ထပ်ပြီးပြောချင်နေတဲ့ စိတ်တွေ ပေါက်လာသည်။

အလုပ်တွေပြီးလို့ ဓာတ်ပုံကလပ်က ထွက်လာတဲ့အခါမှာ Soloက အားနည်းပြီး နေမကောင်းသလိုဖြစ်နေသည်။ ဒါပေမယ့် သူ ပုံမှန်ထက်ပိုပြီး အသက်ရှုရခက်နေတာကြောင့် ဖြည်းဖြည်းချင်း လမ်းလျောက်နေတယ်ဆိုတာကို ကျွန်တော် သတိထားမိနေသည်။ ဒါ့အပြင် အလုပ်တွေပြီးတော့လည်း သူ့အခြေအနေလေးကို တစ်ခုလေးတောင် ထုတ်မပြောခဲ့ဘူး။ ရှုတင်က ကောင်းကောင်းမွန်မွန်ဖြစ်သွားတာကြောင့် အချိန်သိပ်မယူလိုက်ရဘဲ ပြီးသွားသည်။

ကျွန်တော် သူ့ရဲ့လက်မောင်းကို ဆွဲယူလိုက်ပြီး ဂီတဆောင်အရှေ့က ကျောက်စားပွဲဝိုင်းမှာ ထိုင်ခိုင်းလိုက်သည်။ ဘာလို့လဲဆိုတော့ သူ လမ်းလျောက်နေတဲ့ပုံစံက ယိုင်နေပြီး မျက်မှောင်ကြုတ်ထားတယ်လို့ ကျွန်တော် ခံစားလိုက်ရတာကို… သူ့ရဲ့ကားက ဒီအဆောင်အကျော်က ကားပါကင်မှာ ရပ်ထားတာ… ကျွန်တော်တို့ ဓာတ်ပုံကလပ်ကနေ ဒီအထိ လမ်းလျှောက်လာခဲ့တဲ့အကွာအဝေးလောက်တောင် မဝေးတော့ဘူးဆိုပေမယ့်လည်း သွားနေတဲ့အချိန်မှာ သူ မေ့လဲသွားမှာကိုတောင် ကျွန်တော် ကြောက်မိသည်။

ကျွန်တော် ကားမမောင်းတက်တာကဘဲ အရမ်းကို ဆိုးရွားလွန်းသည်။

'So ဘယ်လိုနေသေးလဲ' ကျွန်တော် လက်မြှောက်လိုက်ပြီး နေမကောင်းဖြစ်နေတဲ့သူရဲ့နဖူးလေးကို စမ်းလိုက်တော့ အရမ်းပူကျစ်နေတာဘဲ… ကျွန်တော် ဘယ်လှည့်လိုက် ညာလှည့်လိုက်နှင့် ဖြတ်သန်းဖြတ်လာ လုပ်နေကြတဲ့သူတွေကို ကြည့်ကာ အိမ်ကို ဘယ်လိုပြန်ပို့ပေးရမလဲဆိုတာကိုသာ စဉ်းစားနေမိသည်။

'Guitar…' Soloရဲ့လက်က ကျွန်တော့်ရဲ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီးတော့ ဒီအတိုင်း နေချင်တယ်ဆိုတဲ့သဘောနှင့် ကျွန်တော့်ကို ခေါင်းခါပြသည်။ အဲ့ဒါနဲ့ သူ တစ်ခုခုဖြစ်သွားရင် ပိုပြီးနာကျင်ရမှာမို့လို့ သူ့ရဲ့ခေါင်းလေးကို ကျွန်တော် ချက်ချင်းကိုင်လိုက်သည်။

'တောင်ခံထားလို့ ရသေးတယ်မှတ်လား။ အစ်ကိုတို့ အိမ်ပြန်ရောက်တဲ့အခါကျရင် ဆေးရှာပေးမယ်' ကျွန်တော် သူ့ရဲ့ပူနွေးနေတဲ့လက်လေးကို ဆုတ်ကိုင်ကာ အသာလေး ညစ်လိုက်ပြီး သူ နေမကောင်းမှန်းသိနေတာကို ဘာလို့ ဆက်ပြီး ရှုတင်လုပ်ခိုင်းရတာလဲလို့ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်ကာ ဆူပူနေမိသည်။ ဒေါသတွေ ထွက်ရမယ့်အစား အနည်းဆုံးတော့ သူတို့ရဲ့စတူရီယိုအခန်းထဲက အပူချိန်ကို မြင့်ခိုင်းလိုက်သင့်သည်။ သူ့ရဲ့ကျန်းမာရေးကို ကျွန်တော် မေ့သွားခဲ့တာဘဲ…

'So!'

အသံလာရာကို အံ့သြစွာနဲ့လှည့်ကြည့်လိုက်တဲ့အခါမှာ ထိုအသံပိုင်ရှင်က ကျွန်တော်တို့ဆီကို လာနေသည်။ အဲ့ဒီသူကတော့ Star Moonပွဲတုန်းက Soloစင်ပေါ်မှာ သီချင်းဆိုနေတဲ့အချိန် ကျွန်တော့်အနောက်မှာ လာရပ်တဲ့ကောင်လေး… ပြီးတော့ အဲ့ဒီနေ့ ပွဲပြီးခါနီးမှာ သီချင်းဆိုတဲ့အဆိုတော်ကလည်း ဒီကောင်လေးဘဲ…

'P'Gui… မင်္ဂလာပါ' သူက လက်အုပ်ချီကာ ကျွန်တော့်ကို နူတ်ဆက်လာပြီးတော့ ပြုံးပြလာသည်။ 'ကျွန်တော်က သူ့သူငယ်ချင်းKaoပါ။ ဒါနဲ့ ဘာဖြစ်တာလဲ အစ်ကို…'

Kaoက Soloရဲ့ဘေးနားမှာ ထိုင်လိုက်ပြီးတော့ သူ့ရဲ့လက်ညိုးလေးနှင့် သူ့သူငယ်ချင်းခေါင်းကို ထိုးလိုက်သည်။ သူက သူ့သူငယ်ချင်းကို စနေတာ… အစခံနေရတဲ့လူရဲ့မျက်နှာထားက တင်းသွားပြီးတော့ သူငယ်ချင်းဖြစ်သူရဲ့လက်ညိုးကို ဖယ်လိုက်သည်။ ကြည့်ရတာ ကလေးနှစ်ယောက် ရန်ဖြစ်နေသလိုဘဲ…

'Soက နေမကောင်းဖြစ်နေတာ… ညီလေး ကားမောင်းတက်လား မသိဘူး။ အစ်ကိုက ကားမမောင်းတက်လို့…' ကျွန်တော့်ပေါင်ပေါ် ခေါင်းအုံးပြီး ကျွန်တော့်ဗိုက်နဲ့မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ကောင်လေးရဲ့ခေါင်းကို ငုံ့ပြီး ကြည့်လိုက်မိတော့ သူ့ကို တော်တော်စိတ်ပူလာသည်။

'အသနားခံနေတဲ့ခွေးလေး ကျနေတာဘဲ…' Kaoက ပြောလာသည်။ 'အစ်ကို စိတ်မပူနဲ့တော့… ကျွန်တော်က Jediနဲ့ မုန့်သွားစားဖို့ လုပ်နေတာ… သူ့ကို စောင့်လိုက်လေ… အစ်ကိုတို့နှစ်ယောက်ကို သူ အိမ်ပြန်လိုက်ပို့ပေးလိမ့်မယ်'

'ကျေးဇူးအများကြီးတင်ပါတယ်… ဒါနဲ့ ညီလေးနဲ့ ညီလေးသူငယ်ချင်းတို့က အခုထိ မပြန်ရသေးဘူးဆိုတော့ ဘာတွေလုပ်နေကြလို့လဲ'

'ကျွန်တော်က သီချင်းလေ့ကျင့်နေတာ… Jediကတော့ စာလုပ်နေတာပေါ့…'

နားလည်တဲ့သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ဆရာဝန်တွေအကြောင်းကိုတော့ သေချာမသိပေမယ့် စာအရမ်းကြိုးစားရတာကိုတော့ ကျွန်တော်သိသည်။

'စာတွေ သေချာလုပ်နော်…'

'ဒီအချိန်ဝန်းကျင်က လုပ်စရာ အလုပ်တွေအများကြီးဘဲ… အစ်ကိုရာ… ဌာနတိုင်းကလည်း ဂျူနီယာတွေနဲ့အတူ Activitiesအချို့ကို လုပ်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ဌာနကလည်း ကမ်းခြေကို သွားကြမှာ…' Kaoက ပြောနေရင်း သူ့ရဲ့ခေါင်းလေးကို ကျောက်စားပွဲအောက်သို့ ရောက်အောင်ချလိုက်ပြီး Soloကို ကြည့်လိုက်ကာ… 'ဒီကောင်Soloက ပထမဆုံး ကမ်းခြေမှာ ဖျော်ဖြေပေးရမှာလေ…'

ပြီးခဲ့တဲ့အပတ်လောက်က Soloက ကမ်းခြေမှာ ဖျော်ဖြေရမှာတစ်ခုရှိတယ်လို့ သူ ကျွန်တော့်ကို ပြောဖူးသည်။ ဒါပေမယ့် ဘယ်ရက်လဲဆိုတာကိုတော့ ပြောမပြဖူးဘူး။

'အစ်ကိုလည်း လိုက်သင့်တယ်'

'ဘယ်လိုက်ရမှာတုန်း…'

ကျွန်တော် Kaoကို ကြည့်လိုက်တဲ့အခါမှာ သူက ကျွန်တော့်ကို ရှုပ်ထွေးတဲ့အတွေးနဲ့ ပြည့်နှက်နေတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။

'ကမ်းခြေကိုသွားဖို့ ဖိတ်တဲ့သူတွေက အစ်ကိုတို့ အင်ဂျင်နီယာမေဂျာကလေ… အစ်ကိုတို့မေဂျာက လုပ်တဲ့ပွဲကို ကျွန်တော်တို့ကို ဖိတ်တာ မဟုတ်လား'

ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပြီးတော့ ဂျူနီယာတွေနဲ့အတူ သွားရမယ့်ခရီးအစီစဉ်ကို မှတ်မိလာအောင် ပြန်ပြီး စဉ်းစားကြည့်လိုက်သည်။ နောက်ဆုံးတော့ ကျွန်တော့်သူငယ်ချင်းပြောနေကြတာကို သတိရသွားသည်။ ကျွန်တော် ဂရုမစိုက်မိတဲ့အချိန်အတွင်းမှာ ဖြစ်သွားတာဘဲ…

'အစ်ကိုက Activityတွေမှာ ပါနေကြမဟုတ်တော့ သွားရမလား မသွားရမလားဆိုတာတောင် မသိသေးဘူး'

'ဒါပေမယ့် အစ်ကို သွားသင့်တယ်လို့ ကျွန်တော် ထင်တယ်' Kaoက ပြုံးပြလိုက်ပြီးတော့ ကျွန်တော့်ဗိုက်မှာကပ်နေတဲ့ ခေါင်းပိုင်ရှင်လေးကို ကြည့်လိုက်သည်။ ကျွန်တော်လည်း ကြည့်လိုက်တဲ့အခါမှာ ခွေးပေါက်စလေးက ကျွန်တော့်ကို မော့ကြည့်နေတာကို တွေ့လိုက်ရတာကြောင့် အသံထွက်ပြီး ရယ်လိုက်မိသည်။ သူ့ရဲ့မေးစေ့က ကျွန်တော့်ရဲ့ဗိုက်ပေါ် ထောက်ထားပြီး မျက်လုံးတွေက တလဲ့လဲ့တောက်ပနေသည်။ အခုချိန်အတွင်းမှာ သူ နေမကောင်းတာတွေ ပျောက်သွားသလိုပင်…

'ဒီမနက်တုန်းကကော သူ့အခြေအနေက ဘယ်လိုလဲ' ကျွန်တော် Kaoကို မေးလိုက်မိသည်။

'သူ တစ်မနက်လုံး အိပ်နေတာ… ဒီနေ့ နေ့လည်စာကိုလည်း သူ မစားဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ အလုပ်ကြီးတစ်ခု လုပ်စရာရှိတယ်လေ… အဲ့ဒါ လေ့ကျင့်ဖို့အချိန်မရလို့ သူ တစ်ယောက်တည်း လေ့ကျင့်ပြီး နေ့လည်စာ မစားဘဲနေနေတာ… အစ်ကို သူ့ကို ကျွန်တော့်အစား နည်းနည်းပါးပါးဆူပေးပါဦး' Kaoက သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး ပြုံးနေသည်။ အိပ်ပျော်နေပြီလို့ ထင်ထားတဲ့ကောင်လေးရဲ့ခေါင်းလေးက ထောင်လာပြီးတော့ သူငယ်ချင်းဖြစ်သူကို ဘာမှမပြောဘဲ ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေသည်။

'So…'

'ဟေး!!'

စကားပြောတာ ရပ်လိုက်ပြီးတော့ လှည့်ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ကြည့်နေတဲ့လမ်းပေါ်မှာ ကောင်လေးတစ်ယောက်က ပြေးပြီး လာနေတာကို တွေ့လိုက်ရသည်။ သူက ဒီနှစ်ရဲ့ ဒုတိယMoonဆိုတာကိုပါ ကျွန်တော် သိလိုက်ရသည်။ ဆိုတော့ သူတို့တွေက သူငယ်ချင်းတွေပေါ့… Jediက Soloရဲ့ဘေးနားမှာ ထိုင်ပြီးတာနဲ့ အသက်ကို ပြင်းပြင်းရှုနေသည်။ ကြည့်ရတာ သူ့ကို တစ်ခုခုလိုက်နေလို့ ပြေးနေရတဲ့ပုံစံမျိုး…

'P'Gui… မင်္ဂလာပါ…'

'မင်္ဂလာပါ…'

'မင်း ဘာလို့ ပြေးလာတာလဲ' Kaoက သူ့သူငယ်ချင်းကို ရေဘူးပေးလိုက်ရင်း ကျွန်တော်ပါ သိချင်နေတဲ့မေးခွန်းကို မေးလိုက်သည်။

'ငါ စီနီယာတွေဆီကနေ ပြေးလာတာ… ငါ့ပန်းချီဆွဲဖို့အတွက် မင်းက သူတို့ကို ခွင့်ပေးလိုက်တာလေ… ငါ အရမ်းပင်ပန်းတာဘဲ…' Jediက ရေဘူးကို မော့သောက်လိုက်ပြီးတော့ စကားဆက်ပြောသည်။ 'သူတို့က ငါ့ကို သုံးရက်တိတိ စိတ်ဒုက္ခပေးပြီးသွားပြီ။ ငါ့ကို ဗလာကျင်းမနေခိုင်းသ၍က အဆင်ပြေတယ်ဆိုပေမယ့်လည်း စဉ်းစားကြည့်စမ်း… ငါ အဆောင်ထဲက ထွက်လာပြီး ကားပါကင်ကို လာတဲ့အခါမှာ အစ်ကိုတို့က အမှောင်ထဲမှာ ထိုင်စောင့်နေမယ်။ ကြောက်စရာကောင်းမနေဘူးလား'

'အင်း… ကောင်းတယ်။ မင်း Ai'Soကို အရင်ပို့ပေးလိုက်ပါဦး… သူ နေမကောင်းဘူး။ သေတော့မလိုဖြစ်နေတာ…' Kaoက ရယ်လိုက်ပြီးတော့ ကျွန်တော့်ဗိုက်ထဲ အခုထိ နစ်မြုပ်နေတုန်းဖြစ်နေတဲ့ ကောင်လေးကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။

'ဟင်…' Jediက ပင်ပန်းနေသော်လည်း သူငယ်ချင်းဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးတော့ ပြုံးလိုက်ကာ ကျွန်တော့်ကို ကြည့်လာသည်။ 'ကျွန်တော် ကားနဲ့လိုက်ပို့ပေးမယ်လေ… ပြီးတော့ ကြည်နူးနေတာလေးကို ကြည့်ကြတာပေါ့…'

လျို့ဝှက်တဲ့အဓိပ္ပာယ်တွေနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးနေကြတဲ့ဂျူနီယာနှစ်ယောက်ကို ကျွန်တော် ကြည့်လိုက်မိသည်။ ပြီးတော့ ထူးဆန်းစွာ ပူလာတယ်လို့ ကျွန်တော် ခံစားလိုက်ရတာကြောင့် သူတို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပြုံးသာပြလိုက်သည်။

Jediက Soloကို ကားဆီ သယ်သွားဖို့အတွက် ကျွန်တော့်ကို ကူညီပေးသည်။ Kaoကတော့ ကျွန်တော်တို့အရှေ့ကနေ သက်တောင့်သက်သာနဲ့ ဦးဆောင်ပြီးသွားနေတာ… ကျွန်တော်က Soloနဲ့အတူ အနောက်ခန်းမှာဘဲ ထိုင်လိုက်ရသည်။ ဘာလို့လဲဆိုတော့ ဟိုနှစ်ယောက်က အရှေ့ခန်းမှာ နေရာအမြန်ယူလိုက်တာကို… ကျွန်တော် ကားထဲဝင်ထိုင်ပြီး တံခါးပိတ်ပြီးတာနဲ့ Soloက ကျွန်တော့်ပုခုံးပေါ် ခေါင်းလေးတင်ပြီး မှီလာသည်။ ဒါပေမယ့် ပြီတီတီဖြစ်နေတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ရဲ့မျက်လုံးတွေကို တွေ့လိုက်ရတဲ့အခါမှာ ပြတင်းပေါက်အပြင်ကိုသာ ကြည့်လိုက်မိသည်။

ကျွန်တော်တို့ Jediရဲ့အကူအညီနှင့်အတူ Soloရဲ့အိမ်ပေါ်သို့ ရောက်လာခဲ့သည်။ Soloကိုတော့ ဆိုဖာပေါ်မှာ ထားထားသည်။ အိမ်ကို လိုက်ဘဲပို့မယ်လို့ ပြောခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ အခုအချိန်မှာ ထိုင်ပြီး ဂိမ်းဆော့နေကြသည်။ ကျွန်တော် မေးလိုက်တဲ့အချိန်မှာ သူတို့က ဘာပြောလဲဆိုတော့…

'အစ်ကိုက ဟင်းကောင်းကောင်းချက်တက်တယ်ဆို… ကျွန်တော်တို့ကို ချက်ကျွေးပါလား'

အဲ့ဒါနဲ့ သူတို့ကို Soကို အိပ်ခန်းထဲ ခေါ်သွားခိုင်းလိုက်သည်။ အဲ့ဒီအချိန်မှာ ကျွန်တော်က ဟင်းချက်ဖို့ ပြင်ဆင်မယ်ပေါ့… ဒါပေမယ့် သူတို့က အဖြေအနေနဲ့ ခေါင်းခါပြလာသည်။

'အစ်ကိုကလွဲပြီးတော့ အခြားဘယ်သူ့ကိုမှ သူ့ရဲ့ကိုယ်ပိုင်အိပ်ခန်းထဲကို အဝင်မခံဘူးတဲ့…'

သူ့သူငယ်ချင်းတွေကိုတောင် အဝင်မခံတဲ့အခန်းကို ကျွန်တော်က ကျွန်တော့်အခန်းလို ဝင်လိုက် ထွက်လိုက်လုပ်နေတာလေ…

စဉ်းစားကြည့်လေလေ ကျွန်တော့်မျက်နှာကြီး ပူနွေးလာတယ်လို့ ခံစားနေရတာကြောင့် ဒီကောင်လေးနှစ်ယောက်နှင့် ဝေးရာသွားပြီးတော့ ချက်ပြုတ်နေလိုက်သည်။

ဘာလို့လဲဆိုတော့ ရေခဲသေတ္တာထဲမှာ အသင့်စားထမင်းဘူးတွေ မရှိတော့တာကြောင့် ထမင်းချက်ရသည်။ ဟင်းချက်ဖို့အတွက် မီးဖိုပေါ် အားလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာ ဆိုဖာပေါ်မှာ လှဲနေတဲ့ ဖျားနေတဲ့သူဆီကို သွားလိုက်သည်။

'So…' ကျွန်တော် Soloဘေးက ဆိုဖာပေါ်မှာ ထိုင်ရင်း သူ့နာမည်ကို ခေါ်လိုက်မိသည်။ ခေါင်းအထိ စောင်ကို ခြုံထားတဲ့ကောင်လေးရဲ့ခေါင်းက စောင်ပုံတွေကြားထဲကနေ ဖြည်းဖြည်းချင်းထွက်လာပြီးတော့…

'Guitar…' သူ့ရဲ့အသံက အားပျက်နေတဲ့အသံမျိုးဖြစ်နေတာကြောင့် သနားမိသလို ခံစားလိုက်ရသည်။ သူက ကျွန်တော့်ရဲ့လက်ကို အမြန်လှမ်းကိုင်လာတာကြောင့်…

'ဟင်းချက်တာကို စောင့်နေတုန်း အခန်းထဲဝင်ပြီး အရင်အိပ်နေလိုက်လေ…'

'မသွားချင်ပါဘူး'

'ဘာလို့ အရမ်းခေါင်းမာနေရတာလဲ'

'ကျွန်တော် သူတို့နဲ့ အစ်ကို့ကို မထားခဲ့ချင်လို့…' Soloက သူ့သူငယ်ချင်းတွေကို ကြည့်ပြီး ကျွန်တော့်ဘက်ကို လှည့်ကာ အကျယ်ကြီး ပြောလိုက်သည်။

'အစ်ကို ကြားတယ်မှတ်လား!!! ဒီက လူနှစ်ယောက်က အစ်ကိုနဲ့အတူတူရှိချင်လို့ပါဗျာ…' Kaoက နူတ်ခမ်းကို ဆူထားလိုက်ပြီးတော့ Jediနဲ့အတူ ငိုချင်ယောင်ဆောင်လိုက်သည်။

'ဆိုတော့ မင်း အစ်ကိုနဲ့ ရှိနေတဲ့အချိန်တိုင်းမှာ ငါတို့လို သူငယ်ချင်းတွေက အရေးမပါတော့ဘူးပေါ့…'

'နားလည်တယ်ဆို မင်းတို့ ပြန်လိုက်တော့…' Soloက ချက်ချင်းဆိုသလို ပြန်ပြီး တုန့်ပြန်လိုက်သည်။

'ဆော်တီးဘဲ… P'Guiချက်ထားတာကို စားသွားဦးမှာ…' Kaoနဲ့ Jediတို့က စကားပြောပြီးတာနဲ့ လှည့်ပြီး ဂိမ်းပြန်ဆော့နေသည်။ သူတို့နှစ်ယောက်စလုံး စိတ်ဆိုးနေတဲ့မျက်နှာပုံစံဖြစ်နေတဲ့ နေမကောင်းတဲ့သူကို လုံးဝဂရုမစိုက်…

ကျွန်တော် နေမကောင်းဖြစ်နေတဲ့ကောင်လေးရဲ့ နှာခေါင်းထိပ်လေးကို အသာလေးညစ်လိုက်ပြီးတော့ သူ ပြောလိုက်တဲ့စကားတွေကြောင့် ရှက်နေတာတွေကို ပြုံးပြရင်း ဖုန်းကွယ်လိုက်သည်။ ဒီခွေးပေါက်စလေးက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးစကားများလာသလို သူ့ရဲ့အတွင်းစိတ်ကိုလည်း ပိုပိုသိလာရသည်။ နည်းနည်းလေးရှက်မိတယ်လို့ ခံစားရတာတောင် ကျွန်တော် အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စိတ်မပူဘူး။

'စောင့်နေတဲ့အချိန်မှာ ခဏလောက်အိပ်လိုက်… အစ်ကို အရင်သွားချက်လိုက်ဦးမယ်'

နေမကောင်းတဲ့သူရဲ့လက်ထဲက ကျွန်တော့်ရဲ့လက်လေးကို အသာလေးဆွဲထုတ်လိုက်ပေမယ့် သူကတော့ ကျွန်တော့်ကို လွယ်လွယ်နဲ့ မလွှတ်ပေးချင်တဲ့ပုံစံဖြစ်နေသည်။ နောက်ဆုံးတော့ သူက ခွေးပေါက်ကြီးလိုဘဲ ကျွန်တော့်လက်ကို ကိုင်ပြီး အနောက်က လိုက်လာခဲ့သည်။ ဘယ်လောက်ဘဲ အိပ်ခန်းထဲဝင်ဖို့ ငြင်းနေသော်လည်း ထိုကောင်လေးက ကျွန်တော့်အနားမှာ ရှိနေတဲ့ထမင်းစားစားပွဲပေါ် မှောက်အိပ်နေသည်။ ပြီးတော့ သူ့ကိုယ်ပေါ် စောင်ခြုံထားဖို့လည်း မမေ့ခဲ့ပါ။

ကျွန်တော် သာမန်ဟင်းတွေလောက်ဘဲ ချက်ပြီး စားပွဲပေါ်တင်ပြီး ပြင်ဆင်ပြီးတဲ့အခါမှာ ဂိမ်းဆော့နေတဲ့ကောင်လေးနှစ်ယောက်ကို ခေါ်လိုက်သည်။ သူတို့ကလည်း ချက်ချင်းရောက်လာကြသည်။ Soloအတွက် ထမင်းပန်းကန်ကိုတော့ ကျွန်တော် ချပေးပြီးတော့ သူ့ရဲ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။

'Guitar…'

စောင်ထဲမှာ နစ်မြုပ်နေတဲ့ခွေးပေါက်စလေးက ခေါင်းလေးပေါ်လာပြီး ပြုံးလာတာကို ကျွန်တော် တွေ့လိုက်ရတာကြောင့် ကျွန်တော် ထမင်းပန်းကန်ယူလိုက်ပြီး ဘာမှမပြောဘဲနဲ့ သူ့ကို ခွံ့ကျွေးလိုက်သည်။

'ငါ့သူငယ်ချင်းက မသန်မစွမ်းဖြစ်နေတာဘဲ…'

Soloရဲ့မျက်လုံးတွေက ကျွန်တော် ခွံ့ကျွေးလာမှာကိုဘဲ စောင့်ကြည့်နေသည်။ သူ့သူငယ်ချင်းတွေ စနောက်ပြီးပြောနေတဲ့စကားတွေကို နည်းနည်းလေးတောင် သူ ဂရုမစိုက်… ကျွန်တော်ကဘဲ မနေနိူင် မထိုင်နိူင်တွေဖြစ်နေတာ…

ဒါက ရှက်စရာကောင်းတယ်ဆိုပေမယ့်လည်း ကျွန်တော် ပိုအလေးထားပြီးလုပ်နေရတာ… တကယ်လို့ ကျွန်တော်သာ မခွံ့ကျွေးဘူးဆိုရင် သူ စားဖို့ငြင်းမှာ သေချာသည်။

Soloကို ခွံ့ကျွေးပြီးတဲ့အခါမှာ ကျွန်တော်လည်း စားလိုက်သည်။ ဒါပေမယ့် Soloက သိပ်မစား… ထည့်ပေးတာရဲ့တစ်ဝက်လောက်ဘဲ ကုန်သည်။ သူ နေလို့မကောင်းတာကြောင့်လည်း ပါမှာပေါ့…

'ဗိုက်ဝသွားပြီ' Soloက သူ့ရဲ့မျက်နှာကို စောင်ပုံတွေကြားထဲ ပြန်နှစ်လိုက်ပြန်သည်။

'နည်းနည်းစားပါဦး… အခုမှ တစ်ဝက်တောင်မရှိသေးဘူး'

ထမင်းကို ခပ်လိုက်ပြီးတော့ ခေါင်းအတွင်တွင်ခါနေတဲ့ကောင်လေးရှေ့မှ ထားလိုက်သည်။

'မစားချင်တော့ဘူး'

'So…' ကျွန်တော် သူ့ကို ညင်သာစွာ ခေါ်လိုက်သည်။ Soloကတော့ စောင်ပုံကြားထဲကနေ ခေါင်းလေးထွက်လာကာ ကြည့်နေသော်လည်း စားဖို့ကို ငြင်းဆန်နေဆဲ…

Soloရဲ့မျက်လုံးတွေက မှိတ်လိုက် ဖွင့်လိုက်ဖြစ်နေပြီးတော့ စားဖို့ကို ငြင်းဆန်နေတုန်း… ကျွန်တော် ပန်းကန်တွေကို ကူဆေးပေးနေတဲ့Jediကို ထမင်းပန်းကန်ပေးလိုက်ကာ နေမကောင်းတဲ့သူကို ဆေးတိုက်ဖို့အတွက် ပြင်ဆင်လိုက်သည်။

'P'Gui… ကျွန်တော်တို့ အရင်သွားနှင့်ပြီ။ အစ်ကို့လက်ရာက အရမ်းအရသာရှိတယ်။ ကျွန်တော် ထပ်လာဦးမယ်နော်…' Kaoက အတောက်ပဆုံးပြုံးပြလိုက်ပြီးတော့ ဗိုက်ကလေးကို ပွတ်သပ်ကာ ပြောလာသည်။ အဲ့ဒါကြောင့် ကျွန်တော်ကလည်း ပြန်ပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်သည်။

'Solo ငါ မင်းကားကို ဌားသွားမယ်နော်… မနက်ဖြန် ငါပြန်ပေးမယ်' Jediက Soloအနားလျောက်သွားပြီးတော့ ကားသော့ကို ယူဖို့ ပြင်လိုက်ပေမယ့် ရုတ်တရက်ဆိုသလို လမ်းလျောက်တာ ရပ်လိုက်ပြီး ပြုံးပြလာသည်။ 'အခု အရမ်းနောက်ကျနေပြီ… ငါတို့ ဒီမှာ အိပ်သွားလို့ရတာဘဲ… မနက်ဖြန်ကျမှ ငါ့ကားကို ငါ သွားပြန်ယူ…'

'So!'

ကျွန်တော့်လက်ကို လွှတ်လိုက်ပြီး ကားသော့ကို ယူကာ သူ့သူငယ်ချင်းရဲ့မျက်နှာတည့်တည့်သို့ ပစ်ထည့်လိုက်တဲ့ နေမကောင်းသေးတဲ့ကောင်လေးကို လှည့်ကြည့်လိုက်သည်။ Jediက ဖမ်းမိလိုက်တာကြောင့် ဘယ်သူမှမထိခိုက်…

'ဒီကောင်ကို ထိန်းပေးပါဦး အစ်ကိုရာ…' Jediက ပြုံးပြကာ လက်ပြနူတ်ဆက်ရင်း Kaoနဲ့အတူ ထွက်သွားသည်။

'အဲ့လို ရုတ်တရက်ကြီး မလုပ်နဲ့လေ… Jediသာ ဖမ်းလို့မမိဘူးဆိုရင် ဘယ်လိုဖြစ်သွားမလဲ' မတ်တပ်ရပ်ဖို့ ငြင်းဆန်နေပြီး စောင်ပုံတွေကြားထဲ လူးလိမ့်နေတဲ့ကောင်လေးကို လှည့်ပြီး ဆူလိုက်သည်။

'Guitar…' Soloက နာမည်ခေါ်လာသည်။ ပြီးတော့ သူက သူ့ရဲ့ခန္ဓာကိုယ်ပေါ်က စောင်တွေကို ဖယ်လိုက်ကာ လက်နှစ်ဖက်ဆန့်တန်းလိုက်ပြီး မတ်တပ်လျက်ရှိနေတဲ့ ကျွန်တော့်ရဲ့ခါးကို ဆွဲယူပြီး ဖက်လိုက်သည်။

ဒီခွေးပေါက်စလေးကတော့…

'သွားအိပ်တော့… ခဏ… အစ်ကို ရေပတ်တိုက်ပေးမယ်' အဆုံးမှာတော့ သူ့ရဲ့အသနားခံမှုအောက်မှာ ကျွန်တော် ကျရှုံးသွားခဲ့ပြန်ပြီ။ သူ့ကို ညင်ညင်သာသာလေး ပြန်ပြောလိုက်မိသည်။

Soloက ကျွန်တော့်နောက်ကို လိုက်လာပြီးတော့ အိပ်ယာပေါ်ကို အမြန်တက်လိုက်သည်။ သူ့ရဲ့အကျီတွေကို ချွတ်ပြီးတဲ့အချိန်မှာ ကျွန်တော်က အဝတ်စိုလေးနှင့် အမြန်တိုက်လိုက်ပြီးတော့ အကျီအသစ်တွေ လဲပေးလိုက်သည်။ နေမကောင်းတဲ့သူကို စိတ်ပူနေတာကြောင့် အမြန်လုပ်နေတဲ့အပြင်…

သူ့ကို သုတ်ပေးနေတဲ့အချိန်မှာ ကျွန်တော် ဘယ်လိုတောင်ရှက်နေမိလဲဆိုတာ မပြောတက်။ Soloက မောပန်းနေတာကြောင့် စိတ်တည်ငြိမ်အောင် အချိန်အတော်အကြာထိ မနည်းထိန်းချုပ်နေရတဲ့ကျွန်တော့်မျက်နှာကို သူ မြင်လိုက်မိမှာ မဟုတ်ဘူး။

ယောကျာ်းလေးတစ်ယောက်နဲ့ အခြားယောကျာ်းလေးတစ်ယောက်နဲ့ အတူတူရှိနေရင် ဘာမှမဖြစ်နိူင်ပါဘူး။ ဒါပေမယ့် အဲ့ဒီယောကျာ်းလေးက အခြားယောကျာ်းလေးအတွက် ထူးခြားနေတဲ့သူဖြစ်နေမယ်ဆိုရင်ကော…

'Guitar…'

ပြုံးနေတဲ့ကောင်လေးကို ကြည့်ပြီး သူ့ရဲ့ခေါင်းလေးကို အသာလေးဖွလိုက်ကာ ပြုံးပြလိုက်သည်။

'အင်း…'

'နိူ့သောက်ချင်တယ်…'

နေမကောင်းတဲ့ကောင်လေးအတွက် နွားနိူ့ကို နွှေးပေးလိုက်သည်။ သူ နိူ့သောက်ပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော် ရေချိုးလိုက်သည်။ ဘာလို့လဲဆိုတော့ သူ့ကို ကြည့်ရတာ ကျွန်တော့်ကို အခုအချိန်ကြီး အဆောင်ပြန်ခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေတာကို… ကျွန်တော် ရေချိုးပြီး အခန်းထဲ ပြန်ဝင်လာတဲ့အခါမှာတော့ Soloက အိပ်ပျော်နေပြီ။ သူက ကုတင်ရဲ့တစ်ဖက်အခြမ်းမှာ လှဲနေပြီးတော့ ကျန်တဲ့တစ်ဖက်မှာ ထားနေကျအတိုင်းလေး ကျွန်တော် အိပ်ဖို့အတွက် ခေါင်းအုံးကို ထားပေးထားတာ… 

ကျွန်တော် အိပ်ယာဆီ လျောက်သွားလိုက်ပြီး ထိုင်လိုက်ကာ ခေါင်းအုံးပေါ်သို့ လှဲအိပ်လိုက်သည်။ နေမကောင်းတဲ့ကောင်လေးရဲ့မျက်နှာကို ကြည့်ဖို့အတွက် တစ်ဖက်သို့ လှည့်လိုက်သည်။ ကျွန်တော်ရဲ့လက်တွေက နေမကောင်းလို့ ဖြူဖျော့နေတဲ့ပါးပြင်ကို အသာလေးထိတွေ့လိုက်သည်။

အင်း… မနက်ဖြန်က ပိတ်ရက်ဆိုတော့ သူ ကောင်းကောင်းအနားယူလို့ရသည်။ ကျောင်းဖွင့်တဲ့ရက်ဆို ဒီကောင်လေးက လေ့ကျင့်တာကို နားမှာ မဟုတ်ဘူး။

Soloက ပိုပြီးနီးကပ်လာအောင်ရွေ့လာပြီးတော့ သူ့ရဲ့လက်နှစ်ဖက်နှင့် ကျွန်တော့်ခါးကို ဖက်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေကတော့ ပိတ်ထားတုန်းဘဲပေါ့…

'မအိပ်သေးဘူးလား' ဒီနေ့တစ်နေ့လုံး သည်းခံကြိုးစားတဲ့ပုံဖမ်းခဲ့တဲ့ ကောင်လေးရဲ့ခေါင်းကို ဖွလိုက်သည်။

'အင်း…'

သူ ညည်းသံလေးထွက်လာပြီး ဝန်ခံပေမယ့် မျက်လုံးတွေကတော့ မှိတ်ထားတုန်း…

'အစ်ကိုတို့ နေမကောင်းဖြစ်တဲ့အကြောင်းကိုလည်း သေချာမပြောပြရသေးဘူး။ ဆေးသောက်ဖို့ကိုကော ဘာလို့ငြင်းတာလဲ' အဲ့အကြောင်းကို စဉ်းစားမိရင်း ကျွန်တော် ဆူရဦးမယ်ဆိုပြီး ခေါင်းထဲရောက်လာသည်။

'မနက်ဖြန်မှ ပြောရအောင်…'

ကျယ်လောင်တဲ့အသံနှင့်အတူ ကျွန်တော့်ကို ပိုပြီးတင်းကြပ်စွာ ဖက်လာတာကြောင့် ကျွန်တော် အရည်ပျော်သွားရပြန်သည်။

'အိုကေ… မနက်ဖြန်ပေါ့… အစ်ကို မီးတွေ ပိတ်လိုက်ဦးမယ်'

ကျွန်တော် ပြောလည်းပြော မီးပိတ်ရန် သွားဖို့ ပြင်လိုက်တဲ့အချိန်မှာ Soloက ကျွန်တော့်လက်မောင်းတွေကို လွတ်လိုက်ပြီးတော့ သူ့ရဲ့နဂိုမူလနေရာကို ရွေ့လိုက်သည်။

မီးပိတ်ပြီး ပြန်လာကာ ကျွန်တော့်နေရာမှာဘဲ လှဲချလိုက်ပြီးတော့ မျက်လုံးတွေကို မှိတ်လိုက်ပြီး ကျွန်တော့်ရဲ့နှလုံးခုန်သံတွေကို တည်ငြိမ်သွားအောင် ထိန်းချုပ်နေမိသည်။ ကျွန်တော့်ရဲ့နှလုံးခုန်သံက အရမ်းပြင်းထန်ပြီး ကျယ်လောင်နေတာကြောင့် တစ်ဖက်က ကောင်လေးကြားသွားမှာကို ကြောက်နေမိသည်။ နောက်ဆုံးအကြိမ်တုန်းက ရင်ခုန်ခဲ့သလိုမျိုးမဟုတ်ဘူး။ ဒီအကြိမ်မှာတော့ အရမ်းပြင်းထန်လာတယ်လို့ ခံစားနေရတာကြောင့် ဒီလိုဖြစ်အောင်လုပ်တဲ့တရားခံကိုဘဲ အပြစ်ပေးချင်နေသည်။

တဖြည်းဖြည်းတိုးလာပြီး ကျွန်တော့်နောက်ကျောကနေ ခါးကို ဆွဲယူကာ ဖက်လိုက်တဲ့သူကိုပေါ့… ကျွန်တော့်ရဲ့လည်ပင်းဂုတ်သားတွေက သူ့ရဲ့ပူနွေးနေတဲ့ ဝင်လေထွက်လေတွေကို ခံစားနေရသည်။

'အစ်ကို့ကို အဖျားကူးသွားမှာ မကြောက်ဘူးပေါ့…' ကျွန်တော် ဒီအတိုင်းလေးဘဲ မေးလိုက်မိတာ… ပြီးတာနဲ့ ကျွန်တော့်ခါးပေါ်မှာရှိနေတဲ့ သူ့ရဲ့လက်တွေပေါ် ကျွန်တော့်လက်ကို တင်လိုက်သည်။

'ဘာမှမဖြစ်ပါဘူး'

'…'

'အစ်ကို နေမကောင်းဘူးဆိုရင် ကျွန်တော်က ပြန်ပြီး ဂရုစိုက်ပေးမှာပေါ့…'

…_…

Continue Reading

You'll Also Like

17.2M 317K 46
Hayley Larson is the girl everyone wants to be. She is a model, has amazing friends, a perfect life. When her father is brutally murdered, her perfec...
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
879 57 6
《浮生六记》 作者:南康白起 Six records of a floating life - Nankang Baiqi Published on JJWXC, 2004-2005 T/N: Nankang wrote about his feelings and the events when...
5.4K 157 21
Title, cover, and description are being working on... Adrielle, just a normal person, reincarnated into the game of Fire Emblem Awakening as a child...