OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

21.4K 1.5K 45

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၈

327 45 1
By newkhonpai

'အတန်းပြီးသွားရင် မင်းဘယ်သွားမယ်လို့ ပြောလိုက်တာလဲ'

'ကျောင်းက ဓာတ်ပုံရိုက်ကွင်းကိုလေ…'

ကျွန်တော် Ai'Nohကို အမှန်အတိုင်းဖြေလိုက်သည်။ သူက ညနေခင်းလောက်ကျရင် တိကုမေဂျာဘက်ကို သွားဖို့အတွက် အဖော်ခေါ်နေတာ… အကြောင်းကတော့ သူ့ရဲ့ချစ်သူကို သွားရှာချင်ပေမယ့် လူတွေကြားထဲ ပေါ်ပေါ်ထင်ထင်ကြီး မဖြစ်ချင်လို့တဲ့… တကယ်လို့ သူတစ်ယောက်တည်းသာ သွားမယ်ဆိုရင် လူတွေက အမြဲတမ်းသူ့ကိုလာပြီး စကားပြောကြလိမ့်မည်။ အထူးသဖြင့် သူ့ကို တိုက်ခိုက်ဖို့ ရန်လိုနေကြတဲ့ကောင်လေးတွေပေါ့… သူက အရမ်းချစ်စရာကောင်းအောင် လုပ်ပြနေတာကြောင့် ကျွန်တော် သူ့ကို သနားတယ်လို့ ခံစားရမယ့်အစား ရယ်ဘဲရယ်နေမိသည်။

'မင်းက ဘာလို့ သွားမှာလဲ။ အဲ့ဒါက ဒီနှစ်ရဲ့Starတွေ Moonတွေနဲ့ ဓာတ်ပုံကလပ်ကသူတွေနဲ့ ပေါင်းလုပ်တဲ့အလုပ်…' Ai'Nohက ပြောနေရင်းရပ်သွားကာ မျက်နှာပြောင်နေသလိုမျိုး မျက်လုံးတွေကို ကျဉ်းပစ်လိုက်သည်။

'မင်း ဘာကို ကြည့်နေတာလဲ'

'အမ်… ဒီအတိုင်းပါဘဲ…'

ကျွန်တော် သူ့ကို ဂရုမစိုက်တော့ဘဲ ဆရာမ စာသင်နေတာကိုဘဲ လိုက်နားထောင်မိသည်။ ကျွန်တော်က စာလုပ်နေတဲ့အချိန်မှာ စကားပြောရတာ မကြိုက်ဘူးဆိုတာကို Ai'Nohက သိနေတာကြောင့် သူလည်း တစ်ဖက်သို့လှည့်သွားပြီး စာသင်ချိန်ပြီးမယ့်အချိန်ကိုသာ စောင့်နေလိုက်သည်။

ရှည်လျားလှတဲ့ စာသင်ချိန်ကြီး…

'ကျောင်းက Moonကြီးက ဘယ်လိုလဲ'

အတန်းထဲက ဆရာမထွက်သွားတာနဲ့ မေးခွန်းမေးဖို့အတွက် ထိုအခွင့်အရေးကို စောင့်နေတဲ့ ချစ်လှစွာသောသူငယ်ချင်းရဲ့အသံက အရမ်းကျယ်လောင်စွာ ထွက်လာသည်။ Beerနဲ့ Wineတို့ ဒီနေ့ ကျောင်းမလာတာဘဲ ကောင်းသွားတာ… မဟုတ်ရင် ကျွန်တော့်စိတ်တွေ ရှုပ်ထွေးလာတဲ့အထိ စစ်လား မေးလားလုပ်ခံရမှာ…

'မင်း ဘာကို ပြောချင်တာလဲ'

'Ai'Gui' Nohရဲ့အသံက တကယ့်ကို အတည်ပေါက်ပြောတော့မယ့်အသံသို့ ပြောင်းသွားတာကြောင့် ပစ္စည်းသိမ်းတာတွေကို ရပ်လိုက်ပြီးတော့ သူ့ဘက်လှည့်ကာ စကားပြောဖို့လုပ်လိုက်သည်။ 'မင်း သိတယ်မှတ်လား။ ငါနဲ့ Sunတုန်းကလည်း ဒီလိုပုံစံမျိုးဘဲ ဖြစ်ခဲ့တာ… ငါတို့ အများကြီး အများကြီးကို ဖြတ်ကျော်ခဲ့ရတယ်'

'ငါ သိပါတယ်' ကျွန်တော် အဲ့အချိန်ကို မှတ်မိသေးသည်။ Sunရဲ့ခံစားချက်တွေကို နာကျင်အောင်လုပ်ခဲ့မိတဲ့အတွက် Noh အရမ်းဝမ်းနည်းခဲ့ရတာ… စကားအရမ်းများတဲ့လူမျိုးက စိတ်ဓာတ်ကျနေတဲ့ခွေးပုံစံအဖြစ် ရက်အတော်ကြာတဲ့အထိ ပြောင်းသွားခဲ့တာ… ဒါပေမယ့် အဲ့အချိန်တုန်းက သူ Sunကို အပြစ်တင်ခဲ့တာ အရမ်းဆိုးရွားသည်။ ကျွန်တော်တို့အားလုံးမှာ သူ့အနားမှာဘဲ သူတို့နှစ်ယောက် ဘာပြသာနာမှမရှိတော့တဲ့အထိ နေပေးခဲ့ရသေးသည်။

'ငါ ဘယ်သူ့ကိုမှ ဝမ်းမနည်းစေချင်ဘူးနော်…'

'မင်း ဘာကိုပြောနေတာလဲ'

'Soloဘာတွေ တွေးနေလဲဆိုတာ မင်း ကောင်းကောင်းသိမှာဘဲ…' သူ မျက်ခုံးနည်းနည်းကြုတ်လိုက်သည်။ ခဏလောက် မြင်လိုက်ရတဲ့ သူ့ရဲ့အမှောင်အခြမ်းက ပုံစံကြောင့် ကျွန်တော် သက်ပြင်း အသာလေးချလိုက်မိသည်။ ဘာလို့လဲဆိုတော့ သူ ကျွန်တော့်အတွက် စိတ်ပူပေးနေတယ်ဆိုတာကို ကျွန်တော် သိနေတယ်လေ…

ကျွန်တော်က လျို့ဝှက်ချက်မရှိတဲ့လူမျိုး… တကယ်လို့ ကျွန်တော့်သူငယ်ချင်းတွေကသာ ကျွန်တော့်အကြောင်းနဲ့ပတ်သတ်ပြီး မေးလာခဲ့လို့ရှိရင် နည်းနည်းတောင် ဖုံးကွယ်ထားတာမျိုးမရှိဘဲ အားလုံးကို ပြောပြတက်သည်။ ဒီအတန်းပြီးသွားရင် သူ့ကို Soloအကြောင်းပြောပြမလို့ လုပ်နေတာ… သူ ဒီညနေခင်းမှာ Soloနဲ့သွားတွေ့ရမယ်ဆိုတဲ့အကြောင်းအပြင် အရာအားလုံးကို ပြောပြမလို့…

'သူက လူဆိုးမဟုတ်ပါဘူး' ကျွန်တော် သေချာပြောလိုက်သည်။ ကျွန်တော် ပြောတဲ့အဓိပ္ပာယ်ကို သူ နားလည်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်သည်။

'ငါ သိတယ်… ဒါပေမယ့် မင်းက အရမ်းကြင်နာတက်တဲ့ကောင်မျိုးလေ… Ai'Gui…'

'ငါ ပြောတာနားထောင်ဦး Noh…' ကျွန်တော် သူ့ကို Soloအကြောင်းတွေ ပြောထားပြီးသား… Soloက လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကို စိတ်ပူအောင်လုပ်မယ့်လူစားမျိုး မဟုတ်ဘူးဆိုတာကို ကျွန်တော် ထပ်တလဲလဲ အလေးထားပြီး ရှင်းပြလိုက်သည်။ 'ငါလည်း ကောင်းကောင်းသိပါတယ်။ ပြီးတော့ မင်းပြောသလို ငါ ကြင်နာတက်တဲ့လူဆိုပေမယ့်လည်း ငါက လူတိုင်းအပေါ် ဒီလိုမျိုး လိုက်ပြီး ကြင်နာနေတာမှ မဟုတ်တာ…'

'…'

'ငါ သူ့ရဲ့အိမ်ကို လိုက်သွားတယ်ဆိုတာက သူက ယုံကြည်လို့ရတဲ့လူမျိုးမို့လို့… သူက ငါ့အပေါ်မှာ မကောင်းတာလေး တစ်ခုတောင် မလုပ်ဖူးဘူး'

'…'

'သူက စကားပြောရတာကို မကြိုက်ဘူး။ သူက ခပ်တည်တည် ခပ်တန်းတန်းနေတဲ့မျက်နှာပုံစံမျိုး လုပ်ထားရတာကို ကြိုက်တယ်။ ဒါပေမယ့် အမှန်တိုင်းပြောရရင် သူက နှေးနှေးကွေးကွေးနဲ့ စိတ်ပျော့တဲ့လူမျိုး… သူက သူ့ရဲ့အကျင့်တွေနဲ့ မကိုက်တဲ့ မတူညီတဲ့အရာတွေကိုတောင် ငါနဲ့လိုက်အောင်လုပ်နိူင်တယ်ဆိုပြီး ငါ့ကို မြင်အောင်ပြဖို့ ဘယ်လောက်တောင် ကြိုးစားနေသလဲဆိုတာလည်း ငါသိတယ်'

'…'

'ငါ မင်းကို ကျေးဇူးတင်ပါတယ်။ ငါ့အပေါ် ကောင်းပေး… စိတ်ပူပေးပြီး ငါ့ကို ချည်းကပ်လာတဲ့သူတိုင်းကို ပြန်ပြီးရန်လုပ်ပေးတဲ့သူက Soloနဲ့ မင်းဘဲရှိတာ… ဒါနဲ့ ငါ မင်းကို မေးပါဦးမယ်။ ငါတို့ ပထမနှစ်တုန်းက ငါတို့ကို ချည်းကပ်လာတဲ့သူတွေအများကြီး ရှိတယ်မှတ်လား။ ငါ ဘယ်သူ့ကို ငါ အနှောင့်အယှက်ဖြစ်လာစေတဲ့အထိ ကောင်းပေးဖူးတာကို မင်းမြင်ဖူးလို့လား'

'အရင်က မင်း ဒီလောက်ထိ မကောင်းပေးဖူးဘူး'

'ဟုတ်တယ်လေ…' ကျွန်တော် သူ့ကို ကြည့်ပြီး ပြုံးပြလိုက်သည်။

'…'

'ဘာလို့လဲဆိုတော့ သူက ငါ ဒီလိုမျိုးကြင်နာပေးရမယ့် အထူးလူသားဖြစ်နေလို့ဘဲ…'

'ဟေး!!!!' Nohက အံ့သြသွားတဲ့မျက်နှာဖြစ်သွားသည်။ သူ သရဲကို တွေ့လိုက်ရသလိုမျိုး လက်ကို ရင်ဘတ်ပေါ် တင်လိုက်သည်။ 'မင်း အခုလို တည့်ပြောလာတာ… ငါ ဘယ်လိုမှ မယုံနိူင်ဘူး။ ဒါနဲ့… ဒီလိုမျိုးဆို မင်း ဘာလို့ သူ့ကို ကြိုက်နေတဲ့အကြောင်းကို သူ့ကို မပြောပြရတာလဲ'

'ငါ Soနဲ့သိတာ ဘယ်လောက်ကြာနေပြီလဲလို့ မင်းထင်လဲ။ မင်းနဲ့ Sunလို ငယ်ငယ်ကတည်းက တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးခဲ့တာမျိုး မဟုတ်ဘူး… သူ့ကို အဲ့လောက်ကတည်းက မသိခဲ့ဘူးဆိုပေမယ့်လည်း အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူး။ ပုံမှန်အတူတူတွေ့ကြမယ်။ ငါတို့ရဲ့ခံစားချက်တွေကို မပြောဘဲနဲ့ တစ်ခုခုကို အတူတူလုပ်ကြမယ်။ စဉ်းစားကြည့်ရင် အဲ့က ရလာတဲ့ပျော်ရွင်မှုနဲ့တင် လုံလောက်နေပါပြီ။ ကျန်တဲ့ကိစ္စတွေကိုတော့ အချိန်ကဘဲ ဆုံးဖြတ်ပေးသွားမှာပါ'

Soloဘာဖြစ်လို့ အရာအားလုံးကို လိုက်လုပ်နေရတာလဲဆိုတာကို ကျွန်တော် သိသည်။ သူက ကျွန်တော်နဲ့အတူတူရှိနေချင်လို့ ဒါမှမဟုတ် ကျွန်တော်က သူနဲ့ရှိနေချင်လို့ဆိုပြီး လုပ်နေတာမျိုးမဟုတ်… ဒါပေမယ့် တစ်ယောက်အပေါ် တစ်ယောက် ပိုပိုပြီးအလေးပေးဆက်ဆံနေရတာကို ကျွန်တော်တို့ ပျော်ရွင်နေရတာကြောင့် ဖြစ်သည်။ သူက အချို့အရာတွေကို အများကြီးလုပ်ခဲ့တာကြောင့် သူ ဘာတွေတွေးနေလဲဆိုတာကို ကျွန်တော် နားလည်သည်။ သူ ဘာတွေခံစားနေရလဲဆိုတာကို ကျွန်တော့်ကို ပြန်ပြောတဲ့အချိန်မှာပေါ့…

ဆိုတော့ အလျင်လိုဖို့ မလိုအပ်ပါဘူး။ အချိန်ကဘဲ ကျွန်တော်တို့တွေကို တိုးတက်လာအောင် လုပ်ပေးလိမ့်မယ်။ ကျွန်တော်တို့သတ်မှတ်ထားတဲ့ အချိန်ကျလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ခိုင်မာလာပြီးတော့ ဘယ်သူမှ ကျွန်တော်တို့ကို ဖျက်စီးနိူင်မှာမဟုတ်ဘူးလို့ တွေးမိသည်။

'အခြားသူတစ်ယောက်က မင်းကို ဒီလိုဘဲမေးလာမယ်ဆိုရင် မင်း ဘယ်လိုပြန်ဖြေမလဲ'

'ငါ ပြန်မဖြေနိူင်စရာအကြောင်းမှမရှိတာ… ဒါပေမယ့် ငါ တွေးနေတဲ့အရာတွေကို တစ်ယောက်ယောက်ကို ဘာကြောင့်ပြောရမှာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ ငါမသိဘူး' ကျွန်တော် မတ်တပ်ရပ်လိုက်ပြီး လွယ်အိတ်ကို သယ်လိုက်ကာ တံခါးအနားသို့ လျောက်သွားလိုက်သည်။

'ငါ့သူငယ်ချင်းလေး… မင်း တကယ့်လူဖြစ်ပြီဘဲ!!' Nohက ရယ်ကာ အော်ပြောလိုက်သည်။ ကျွန်တော့်ခြေလှမ်းတွေကို ရပ်လိုက်ကာ သူ့ဘက်သို့ လှည့်ပြီး ပြုံးပြလိုက်သည်။ အင်း… အခန်းထဲမှာ လူတွေကလည်း မရှိတော့ဘူးဆိုတော့ ကျွန်တော် ရှက်စရာမလိုတော့…

'ငါက ငါ့ရဲ့ခံစားချက်တွေကို ဒီအတိုင်း လက်ခံလိုက်ရုံပါ။ ငါလည်း မင်းလို ကွေးသွားလိမ့်မယ်လို့ လုံးဝမထင်ထားတာ…' ကျွန်တော် သူ့ကို ပြန်အော်ပြီးတာနဲ့ အခန်းအပြင်သို့ တန်းပြေးပြီး ထွက်သွားလိုက်ပေမယ့်လည်း စာသင်ခန်းထဲက ထွက်လာတဲ့အသံတစ်သံကိုတော့ ကြားလိုက်ရသည်။

'ခွေးကောင် Gui!!!'

…_…

ကျွန်တော် အဆောက်အအုံအရှေ့မှာ ခန္ဓာကိုယ်လေးကို ကြုံ့ကာ စောင့်နေရင်း ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားဖို့ လုပ်လိုက်သည်။ ဘာလို့လဲဆိုတော့ အဆောက်အအုံတစ်ခုရဲ့အရှေ့မှာ တစ်စုံတစ်ယောက်ကို ရပ်မစောင့်ချင်တာကြောင့်ဖြစ်သည်။ တက္ကသိုလ်က Moonဆုရထားတဲ့သူ Soloရဲ့လိုက်တာကို ခံနေရတာကို… အမြဲတမ်း စိုက်ကြည့်နေတက်တဲ့လူတွေကို ဂရုမစိုုက်မိ…

'Solo ဘာလုပ်နေမလဲ'

ကျွန်တော် မတ်တပ်ရပ်နေတဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ကျောင်းသူနှစ်ယောက်က မတ်တပ်ရပ်ပြီး စကားပြောနေတာကို ကြားလိုက်ရသည်။ ကြည့်ရတာ ဒီမေဂျာက ကျောင်းသူတွေ ထင်သည်။

'မသိဘူးလေ… ဒါပေမယ့် မနေ့ကတော့ P'Jamနဲ့သူ အတူတူလမ်းလျောက်နေတာတော့ ငါတွေ့တယ်။ ဘာဖြစ်လို့လဲ'

ကျွန်တော် မျက်ခုံးတွေကို အသာလေးပင့်တင်လိုက်ပြီးတော့ အသံလာရာကို လှည်ကြည့်လိုက်သည်။ စတုတ္ထနှစ်က ကျောင်းသူသုံးယောက်က Soloကို တွေ့ဖို့အတွက် လမ်းလျောက်သွားနေတာကို ကျွန်တော် တွေ့လိုက်ရသည်။ ထိုသုံးယောက်ထဲက မျက်နှာတစ်ခုကိုဘဲ ကျွန်တော် ရင်းနှီးနေတာ… သူမက စတုတ္ထနှစ်ကျောင်းသူ… Starတွေရဲ့တာဝန်ရှိသူဖြစ်တဲ့ Jamဖြစ်သည်။ ကျွန်တော် သူမကို မှတ်မိသည်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပထမနှစ် ပြိုင်ပွဲတုန်းက သူမကို တစ်ခါမြင်ဖူးတယ်လေ…

'သူတို့က တွဲနေကြတာလား'

'ဘယ်သိမလဲ'

'ဘာပဲဖြစ်ဖြစ်… အခုတော့ SoloGuiဘဲ ဖြစ်ရမယ်'

ကျွန်တော် ထိုစကားသံကို ကြားလိုက်ရတဲ့အခါမှာ မသိမသာလေး ရယ်လိုက်မိပြီး Jamတို့အုပ်စုဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့က Soloကို ဆွဲခေါ်သွားပြီးတော့ Jamနဲ့သူ့ကို တွဲပေးလိုက်သည်။ ဒါပေမယ့် Soloက မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကိုင်လိုက်တာကို ကျွန်တော် မြင်လိုက်ရသည်။ တကယ်တော့ သူ ဘာကြောင့် ဖုန်းကိုင်လိုက်တာလဲဆိုတာကို မခန့်မှန်းတက်ပါ။ ဒါပေမယ့် ကျွန်တော်လည်း ကျွန်တော့်ဖုန်းကို ထုတ်ပြီး ကိုင်လိုက်မိသည်။

တင်…

Solo Siwarokin:
Guitarဘယ်မှာလဲ။ စီနီယာတွေက ကျွန်တော့်ကို ဓာတ်ပုံကလပ်ရဲ့အခန်းဆီ ခေါ်သွားနေတယ်။

Gui Jirayu:
အနောက်ကို လှည့်လိုက်…

Soloကတော့ ကျွန်တော်ပြောတဲ့အတိုင်း ချက်ချင်းလှည့်လာသည်။ ကျွန်တော် ခပ်မြန်မြန်လက်ညိုးကို ပင့်တင်လိုက်ပြီး ကျွန်တော့်နူတ်ခမ်းသားပေါ် တင်လိုက်ကာ တိတ်တိတ်နေဖို့ အချက်ပြရင်း ပြုံးပြလိုက်သည်။ သူကလည်း ကျွန်တော့်ကို ပြုံးပြပြီး ပြန်လှည့်သွားသည်။

ဓာတ်ပုံကလပ်က ပိုက်ဆံဘတ်ဂျက်ကောင်းကောင်းသုံးနိူင်တာကြောင့် ကလပ်အခန်းက ကျယ်ကျယ်ဝန်းဝန်းရှိနေသည်။ အထဲမှာလည်း စတူရီယိုတစ်ခုရှိသည်။ အရင်တုန်းကတော့ ကျွန်တော်က ဒီကို လာပြီး ဓာတ်ပုံရိုက်ကူးနေကြဖြစ်တာကြောင့် အထဲထဲမှာ အခန်းတွေအများကြီးရှိတာကို ကျွန်တော် သိနေပြီးသား… ကျွန်တော် သူတို့အားလုံးထွက်လာတဲ့အထိ စောင့်နေလိုက်ပြီး လူရှင်းလောက်တဲ့အချိန်ရောက်တာနဲ့ ကျွန်တော် တံခါးနားကို အသံမထွက်အောင် သွားလိုက်ကာ တံခါးကို ဖွင့်လိုက်သည်။ Soloက စတူရီယိုအခန်းထဲမှာ ရှိဖို့များသည်။ ကျွန်တော် သူ့ကို ချက်ချင်းတိုက်ရိုက်မသွားသေးဘဲ အစည်းအဝေးအခန်းထဲသို့ အရင်သွားလိုက်သည်။

ကျွန်တော် ထင်ထားတဲ့အတိုင်းပင်… လူတစ်ယောက်က သူ့ရဲ့ကွန်ပျူတာနဲ့အတူ ထိုင်နေသည်။

'Te…' ကျွန်တော် သူ အလုပ်တွေနဲ့ရှုပ်နေတာကို နှောင့်ယှက်သလိုဖြစ်သွားမှာစိုးတာကြောင့် တိုးတိုးလေးခေါ်လိုက်တော့ ထိုနာမည်ပိုင်ရှင်ကလည်း သူ့နာမည်ကြားလိုက်ရတဲ့အခါမှာ ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်လာသည်။

'Gui… မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ' ကျွန်တော်မှန်း သိလိုက်ရတဲ့အခါမှာ မျက်နှာပုံစံက အံ့သြနေတဲ့ပုံစံသို့ ပြောင်းသွားပြီးတော့ ထိုင်နေရာက ချက်ချင်းထပြီး ကျွန်တော့်ဆီ လာကာ နူတ်ဆက်နေသည်။

ဒီလူကတော့ ဓာတ်ပုံကလပ်က ကလပ်ခေါင်းဆောင်… စတုတ္ထနှစ်ကျောင်းသား… ပြီးတော့ သေချာတာပေါ့… သူက Moonတွေရဲ့တာဝန်ခံလေ… တကယ်တော့ ကျွန်တော့်သူငယ်ချင်းတွေဆိုတာက တစ်မေဂျာတည်းက သူတွေကို ဖယ်လိုက်ရင် activitiesတွေအတူတူလုပ်ခဲ့ဖူးတဲ့ Starနဲ့Moonတွေဘဲရှိသည်။ Rayတို့ Techoတို့ကျတော့ အရမ်းရင်းနှီးပြီး စကားအကြမ်းတွေ ပြောလို့ရတဲ့လူမျိုးတွေပေါ့…

'မင်း ဘာလို့လာတာလဲဆိုတာ ငါ သိပြီ' သူက ကျွန်တော့်ကို ခပ်နောက်နောက်နဲ့ ပြုံးပြလိုက်ပြီးတော့ ကျွန်တော့်ကို ဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်သည်။

'ငါ မေးစရာတစ်ခုရှိလို့… မနေ့က မင်း ဘယ်အချိန်မှာ ဓာတ်ပုံရိုက်ကူးရေးတွေ လုပ်ကြလဲ'

'မလုပ်ဘူး။ မနေ့က ငါက ငါ့အလုပ်နဲ့ငါ ရှုပ်နေတာဆိုတော့ Jamက ဦးဆောင်ပြီးလုပ်တာ…' သူ စကားပြောနေရင်း ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ… 'ငါ Jamက ဘယ်လိုလူမျိုးလဲဆိုတာ မေ့သွားတာဘဲ… ဘာဖြစ်သွားလို့လဲ သူငယ်ချင်း…'

ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီးတော့ Soloရဲ့အကြောင်းတွေကို ပြောပြလိုက်သည်။ Techoက တစ်လျောက်လုံး မျက်မှောင်တွေ ကြုတ်ထားကာ အချိန်မရွေးပေါက်ကွဲနိူင်တဲ့ ချိန်ကိုက်ဗုံးကို ကိုင်ထားတဲ့လူတစ်ယောက်လို ဖြစ်နေသည်။ ကျွန်တော် စကားပြောပြီးတဲ့အချိန်မှာတော့ သူက သူ့ရဲ့လက်ချောင်းလေးတွေနဲ့ နားထင်ကို အသာလေးနှိပ်နေပြီး ခဏအကြာမှာတော့ သူက တည်ငြိမ်တဲ့လေသံဖြင့် စပြီးပြောလာသည်။

'ငါ ပထမဆုံးပြောချင်တာကတော့ ငါ တကယ်ကို တောင်းပန်ပါတယ်… Soloကောပေါ့… ခဏ… Soloကို ငါ ကိုယ်တိုင်သွားတောင်းပန်ရမှာပေါ့…' Techoက တစ်ဖက်သို့လှည့်လိုက်ပြီးတော့ အံဆွဲကို ဆွဲထုတ်လိုက်ကာ စာရွက်အချို့ကို ထုတ်လိုက်ပြီး ကျွန်တော့်ကို လှမ်းပေးလိုက်သည်။

'ဒါက ငါ စီစဉ်ထားတဲ့အလုပ်… တက္ကသိုလ်ရဲ့ ကြေညာဓာတ်ပုံတွေက ဒီနှစ်စာသင်နှစ် တောက်လျောက်သုံးမှာ… အဲ့ဒါကြောင့် အချိန်မှီပြီးကို ပြီးရမှာ… ဗီဒီယိုရဲ့ပထမအပိုင်းက တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမယ်။ အဲ့အတိုင်းဘဲ Starနဲ့ Moonကလည်း သူတို့ဘာသာ သူတို့မိတ်ဆက်ရမှာ… မင်းအလှည့်တုန်းကလိုဘဲပေါ့ကွာ…'

ငါ နားလည်သည့်သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော် Moonဖြစ်တုန်းက အချိန်ကို ပြန်ကြည့်မယ်ဆိုရင် ရိုက်ကူးရေးတွေနဲ့ အသားကျခဲ့တာ… ဒါပေမယ့် အခုလောက် အလျင်လိုပြီး မလုပ်ဘူး။ ရိုက်ရတာခက်ခဲနေသလိုမျိုး အချိန်တွေကို အများကြီးယူပြီး လုပ်ခဲ့ရတာ…

'သူ ဘာလို့ အမြန်လုပ်ရတာလဲဆိုတာတော့ ငါလည်းမသိဘူး။ ကျယ်ကျယ်ပြန့်ပြန့်သိသွားအောင် ပရိုမိုးရှင်းဆင်းမလို့ အမြန်လိုပြီး လုပ်နေတာလား။ အလုပ်ပြီးအောင် မြန်မြန်လုပ်ချင်လို့လား။ ဘာလို့လဲဆိုတော့ မကြာခင်မှာ အခြားအလုပ်တွေက ဆက်ပြီးလာတော့မှာလေ… ဒါပေမယ့်လည်း သေချာတာကတော့ ငါ ရေလောင်းဖို့ လုံးဝအမိန့်မပေးခဲ့ဘူး'

'မင်း အမိန့်ပေးခဲ့တာ မဟုတ်ဘူးဆိုတာကို ငါသိပါတယ်' ကျွန်တော် သူ့ရဲ့ပုခုံးကို အသာလေးပုတ်လိုက်ပြီး နှစ်ယောက်သား Soloရိုက်ကူးရေးလုပ်နေတဲ့အခန်းသို့ လျောက်လာခဲ့ကြသည်။ Techoဆိုတာက တကယ့်ကို အရည်အချင်းရှိပြီး အရမ်းလေးစားစရာကောင်းတဲ့လူမျိုးပါ။ ဓာတ်ပုံပညာမှာကော စီမံခန့်ခွဲရေးပညာမှာကောပေါ့… ဒီကလပ်က ဘတ်ဂျက်အများကြီးရနေတယ်ဆိုတာကလည်း သူက အခြားသူတွေထက် ပိုပြီး အလုပ်ကြိုးစားပြီး activitiesတွေ အများကြီးလုပ်နေတဲ့သူ ဖြစ်နေတာကြောင့် ဖြစ်သည်။

'ငါတို့ အထဲမဝင်ခင်မှာ ငါ မင်းကို မှာထားချင်တာ တစ်ခုရှိတယ်။ အိုကေ…' Techoက တည်ငြိမ်တဲ့အသံနှင့် ပြောလိုက်သည်။ တံခါးဖွင့်တော့မလိုလုပ်နေတဲ့ ကျွန်တော့်ရဲ့လက်ကို ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ 'သူတို့ မှားနေတယ်ဆိုရင်တောင် သူတို့က ကျွမ်းကျင်တဲ့သူတွေ… မင်း ဘယ်လိုလူမျိုးလဲဆိုတာ ငါ သိတယ်။ အဲ့ဒါကြောင့် ငါ မင်းကို စိတ်မပူပါဘူး။ ဒါပေမယ့် ဒီအလုပ်ကိုလည်း မင်းကို နားလည်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ N'Soloက တကယ်အဆင်မပြေဘူးဆို ငါတို့ အသစ်ထပ်ရိုက်ရလိမ့်မယ်'

'ငါ နားလည်ပါတယ်'

Techoက ကျွန်တော် နားလည်ဖို့လိုတဲ့အရာကို ပြောပြခဲ့သည်။ တကယ်လို့ ကျွန်တော် တစ်ခုခုပြောရမယ်ဆိုရင် ဖြစ်ခဲ့တဲ့ပြသာနာအားလုံးကို ကျွန်တော် ပြောပြခဲ့ပြီးသွားပြီဘဲ… အလုပ်ကိစ္စသာဆိုရင် ကျွန်တော် ကြားဝင်မယ်လို့ စဉ်းတောင်မစဉ်းစားခဲ့ဘူး။ ဒါပေမယ့် Soloက သူ့အလုပ်ကို သူ ကောင်းကောင်းမလုပ်ဖူးဆိုရင် သူ ပြီးတဲ့အထိ ထပ်ပြီး ထပ်ပြီးကြိုးစားရမှာဘဲ…

'ငါ ဒီကို လာရတဲ့အဓိကရည်ရွယ်ချက်က မင်းအလုပ်ကို ပြီးအောင် ကူပေးချင်လို့ပါကွာ…'

ကျွန်တော်နဲ့ Techo တံခါးကိုမှီနေရင်း ရိုက်ကူးရေးလုပ်နေတဲ့Soloကို ကြည့်နေမိသည်။ သူတို့က ဓာတ်ပုံရိုက်ဖို့အတွက် တစ်ခုခုပြင်နေသည်။ ကြည့်ရတာ နည်းနည်းလောက်ရိုက်ပြီးနေပြီ ထင်တယ်။ ဘာလို့လဲဆိုတော့ ကင်မရာအရှေ့မှာ Soloက အားမရှိတဲ့ပုံစံဖြစ်နေပြီးတော့ သူ့ရဲ့ဘေးနားမှာ Jamက ရေသန့်ဘူးကို ကိုင်ပြီးပြုံးနေသည်။

'တောင်းပန်ပါတယ်နော်…'

အခန်းက သိပ်မကြီးတာကြောင့် ကျွန်တော် အဲ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ Jamက ရေသန့်ဘူးအဖုံးကို ဖွင့်လိုက်ပြီးတော့ မတ်တပ်ရပ်နေတဲ့သူရဲ့ကိုယ်ပေါ်သို့ လောင်းချလိုက်သည်။ တစ်ပြိုင်နက်တည်းမှာဘဲ အခန်းထောင့်နားက မတ်တပ်ရပ်နေတဲ့ မိန်းခလေးတွေရဲ့အော်သံတိုးတိုးလေးကို ကြားလိုက်ရသည်။

'တက္ကသိုလ်အတွက် ကြေညာဓာတ်ပုံရိုက်တဲ့အခါမှာ မော်ဒယ်က ရေစိုဖို့ လိုတယ်ဆိုတာကို ငါ သိသွားရပြီ' ကျွန်တော့်ကို ကြည့်လာတဲ့ အခန်းထဲက လူတွေအားလုံးကို ပြန်ပြုံးပြလိုက်သည်။ ကျွန်တော်တို့ အထဲဝင်လာတဲ့အခါမှာ ဂါဝရပြု နူတ်ဆက်လာတာကြောင့် ကျွန်တော် ပြန်ဂါရဝပြုပြီး နူတ်ဆက်လိုက်သည်။ ကျွန်တော့်ကို အားလုံးလုပ်ခွင့်ပေးတဲ့Techoကို ကျေးဇူးတင်မိတယ်။ သူပြောတာက သူ ကျွန်တော့်ကို ထိန်းချုပ်ခွင့် အပြည့်အဝပေးထားတယ်တဲ့…

'G…Gui…' သူမကို ကြည့်ရတာ လန့်သွားတဲ့ပုံဘဲ… သူမလက်ထဲက ကိုင်ထားတဲ့ရေဘူးတောင် လွတ်ကျသွားသည်။ အခြားသူတွေက ဖိတ်ကျသွားတာတွေကို လာပြီးသုတ်ကြသည်။

'အင်း Jam…'

'အမ်… Guiက Soloကို လာတွေ့တာလား' ဗျာများနေတဲ့ Jamရဲ့မျက်နှာကြောင့် ကျွန်တော် သိချင်လာသည်။ သူမ ဘယ်လောက်တောင်အမှားတွေ အများကြီးလုပ်ခဲ့လို့ အခုလိုမျက်နှာမျိုးနဲ့ အရမ်းကြောက်နေရတာလဲဆိုတာကိုပေါ့…

'ဟုတ်တယ်လေ… ပြီးတော့ Jamက ဘာလို့ သူ့ကို ရေလောင်းရတာလဲ။ သူ မနေ့တုန်းက အရမ်းစိုရွဲလာတာကို ငါ တွေ့လိုက်ရတယ်'

'အဲ့ဒါ… လေ…'

'အဲ့ဒါက အနုပညာဘဲလေ…'

အသံက အရမ်းကျယ်လွန်းတာကြောင့် ကျွန်တော် အံ့သြမိပြီး လှည့်ကြည့်လိုက်မိသည်။ ကျွန်တော် မရင်းနှီးတဲ့ယောကျာ်းလေးတွေက သူ့တို့တာဝန်နဲ့သူတို့ဖြစ်နေသည်။ သူတို့က ဒုတိယနှစ် တတိယနှစ်က ကလေးတွေလား မသိ…

'အစ်ကိုလည်း သိတာပေါ့… ဒါပေမယ့် ဘာလို့ ဒီလိုမျိုးလုပ်ဖို့ လိုတာလဲ'

'ကျွန်တော်တို့ ဒီအလုပ်ကို ဒီလိုဘဲ လုပ်နေတာဘဲ… P'Jamတောင် မသိဘူး။ မော်ဒယ်တစ်ယောက်အနေနဲ့ဆို အဖွဲ့က ခိုင်းတဲ့ဟာကို လိုက်နာရမယ်'

ကျွန်တော် Soloကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ မျက်မှောင်ကြုတ်ပြီး ရှေ့တိုးလာတာကို မြင်လိုက်ရတော့ သူ့ကို ခေါင်းခါလိုက်သည်။ ပြီးတော့ ဒီအလုပ်ကို ကျွန်တော့်ဘာသာဆက်ပြီး လုပ်မယ်။

'အမှန်တိုင်းပြောရရင် Jamကိုကော ညီလေးကိုကော အစ်ကို ဘာမှမပြောရသေးဘူးနော်…' ကျွန်တော် ယဉ်ကျေးမှုအနေနဲ့ ပြုံးပြလိုက်ပြီးတော့… 'ကျောင်း ပရိုမိုးရှင်းလုပ်ဖို့အတွက် ကျောင်းသားရဲ့ပုံရိပ်ကိုဘဲ လိုအပ်နေတဲ့အချိန်မှာ ညီလေးတို့က ဘာလို့ သူ့ကို ရေတွေ လောင်းနေလဲဆိုတာကို အစ်ကို ဒီအတိုင်းသိချင်လို့ပါ။ ဒါမှမဟုတ် ဒါက အစီအစဉ်ရှိထားပြီးသားလား။ တကယ်ကြီးကို အမှားတစ်ခုခုလုပ်မိသွားတာလား'

'အစ်ကို!!!'

'မော်ဒယ်လို့ ယူဆထားတယ်ဆိုရင်လည်း သူ့ကို မော်ဒယ်တစ်ယောက်လို ဆက်ဆံလေ… သူက အစေခံမဟုတ်ဘူး။ တကယ်လို့ သူ ဘယ်လိုခံစားရလဲဆိုတာ သိချင်ရင် ညီလေး သူ့နေရာကို အစားဝင်ကြည့်လိုက်… ဒီကို လာရတယ်။ နေ့လည်ကနေစပြီးတော့ ညနေနောက်ကျတဲ့အထိ ဘာမှမစားရဘူး။ အဲ့ဒါက အဆင်မပြေဘူးလို့ဘဲ အစ်ကို ပြောချင်တာ… အချိန်အကြာကြီး အစိုနဲ့နေရတယ်။ ပြီးရင် ရှုတင်လုပ်တယ်။ ထပ်စိုတယ်။ ထပ်ခါ ထပ်ခါဘဲ… အဲ့ဒါက ကောင်းလို့လား။ ဒါမှမဟုတ် ညီလေးက အဲ့ဒါကို ကောင်းတယ်လို့ တကယ်ထင်တယ်ပေါ့…'

အခုအချိန်အထိ ကျွန်တော် ပြုံးနေလျက်ရှိပြီး မကျေနပ်တဲ့လေသံမျိုးနဲ့ ပြောဆိုနေခြင်းမဟုတ်… ဒီအတိုင်း သာမာန်အတိုင်း ပြောနေတဲ့ပုံစံနဲ့ ပြောနေမိသည်။ ကျွန်တော် ဘယ်လိုယောကျာ်းမျိုးဖြစ်သွားပြီလဲ။ ဒါမှမဟုတ် ဘယ်သူတွေ အတင်းတွေ စပြောနေပြီလဲဆိုတာ ကျွန်တော် ဂရုကိုမစိုက်…

'အဲ့ဒါနဲ့ အစ်ကိုက ဒီကိုလာပြီး ကျူးကျော်တာလား ဘာလား!!!'

'ပြောကြည့်လေ… အစ်ကိုက ဒီကို လာပြီးကျူးကျော်နေတာလားလို့ ညီလေး…' ကျွန်တော် ရှေ့တစ်လှမ်းတိုးလိုက်ပြီးတော့ သူ့အရှေ့မှာ ရပ်လိုက်တဲ့အချိန်မှာ အခန်းတစ်ခုလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်သွားပြီးတော့ အသက်ရှုနေတဲ့အသံတွေကိုဘဲ ကြားနေရတယ်လို့ ခံစားလိုက်ရသည်။ ဒါပေမယ့် ဒါက အဲ့လောက်မဆိုးပါဘူး။

'…'

'ဘာလို့ အဲ့အကြောင်းကို ပြန်စဉ်းစားဖို့ မကြိုးစားကြည့်ရတာလဲ'

ညည့်နက်သန်းခေါင်မှာ Solo နေလို့သိပ်မကောင်းဘူးဆိုတာကိုတော့ ကျွန်တော် ထုတ်မပြောဖြစ်… အဲ့ဒါက ကျွန်တော့်ကို အရမ်းဒေါသထွက်စေတာကြောင့် ကျွန်တော့်ကို ကျွန်တော် ထိန်းချုပ်ထားလိုက်ရသည်။ သေချာတာပေါ့… ကျွန်တော် သူ့ကို စိုးရိမ်ပေးနေတာ…

'အစ်ကိုက အမှားလုပ်ထားပြီး ဝန်မခံတဲ့လူတွေကို မုန်းတယ်' ကျွန်တော် တုန်ရီပြီး ငိုနေတဲ့Jamကို ကြည့်လိုက်တော့ သူမရဲ့သူငယ်ချင်းတွေက သူမကို ဝိုင်းပြီးနှစ်သိမ့်ပေးနေကြသည်။ 'အစကတော့ အစ်ကို ဘာမှမပြောဖို့ လုပ်ထားတာ… ညီလေးက အခုလို ထွက်လာပြီးတော့ ပြန်ခံမပြောသင့်ဘူး'

'…'

'ပြီးတော့ အစ်ကိုက ရိုသေလေးစားမှုမရှိတဲ့ဂျူနီယာတွေနဲ့ ဘာပြသာနာမှ မရှိခဲ့ဘူး။ ဒါပေမယ့် အဲ့အဓိပ္ပာယ်က အစ်ကိုက ဂျူနီယာတွေနဲ့ ခပ်ခွာခွာနေပါတယ်ဆိုတာမျိုး မဟုတ်ဘူးနော်… ဒီနေရာမှာ စေတနာကောင်းနဲ့ သတိပေးချင်တာက…'

'…'

'ပါးစပ်သိပ်မဖွာနဲ့…'

ကျွန်တော် ထိုကျောင်းသားအပေါ် အာရုံစိုက်နေတာကို ရပ်လိုက်ပြီးတော့ Jamနဲ့ သူမရဲ့သူငယ်ချင်းတွေဘက်သို့ အာရုံစိုက်လိုက်သည်။ ကျွန်တော့်မျက်နှာပေါ်က အပြုံးတစ်ခုကို ပိုပြီး ပီသအောင် ပြုံးပြလိုက်ကာ…

'Jam ငါ့ကို ပြောချင်တာ တစ်ခုခုများရှိသေးလား'

Jamက သူမရဲ့မျက်ရည်တွေကို သုတ်ပြီး ခေါင်းကို အသာလေးညိမ့်ပြလာကာ…

'အင်း… တောင်းပန်ပါတယ်… Jam…'

'Gui… ငါတို့ Jamအစား ပြောပြမယ်'

ကျွန်တော် နားလည်တဲ့သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ကျွန်တော်လည်း Jamတစ်ယောက်တည်း ပြောရမယ်ဆိုပြီး ဖိအားပေးမယ်လို့ တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ ဒီအုပ်စုက လူတွေအားလုံးက ဒီကိစ္စကို သိကြမှာဘဲ…

'ငါတို့ အစကတည်းက Soloကို သဘောကျလို့ရွေးထားခဲ့တာ… ငါတို့ ရှုတင်စတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ Techoက မပါနိူင်တော့ဘူး။ အဲ့ဒါကြောင့် Jamက ဒီအလုပ်ကို သူမဦးစီးပြီး ငါတို့နဲ့လုပ်ခဲ့တာ… ငါတို့ တကယ်တောင်းပန်ပါတယ်။ ရေလောင်းခဲ့တယ်ဆိုတာ ငါတို့အမှားပါဟာ…'

'…'

'Soloအရမ်းကြည့်ကောင်းတယ်လို့ ခံစားရတာမို့လို့ ငါတို့အတွက် သိမ်းထားဖို့ ဓာတ်ပုံတွေကို ရိုက်ခဲ့တာ… ပထမကတော့ သူ့ကို ကြည့်ရတာ အရမ်းမိုက်ပြီး ကြည့်ကောင်းနေတာမို့လို့ ခေါင်းပေါ်ကိုဘဲ ရေလောင်းခဲ့တာ… အဲ့ဒါနဲ့ အခုလိုမျိုး ဖြစ်သွားတယ်။ ဒီလိုလုပ်တာ ဘာအတွက်လဲဆိုတာကို ငါတို့ ဘယ်သူကိုမှ မပြောပြဘူး။ ဘာလို့လဲဆိုတော့ Jamက Techoဆီကနေ တိုက်ရိုက် ဒီအလုပ်ကို ရထားတာလေ… ဆိုတော့ အခြားသူတွေကလည်း အသေးစိတ်မသိကြဘူး။ Jamအမိန့်ပေးတဲ့အတိုင်းသာ သူတို့အားလုံး လိုက်လုပ်နေကြတာ…'

အပြစ်ရှိသလိုခံစားနေရတဲ့ သူတို့ရဲ့မျက်နှာလေးတွေကို ကျွန်တော် ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူတို့ရဲ့တစ်ကိုယ်ကောင်းဆန်မှုအပေါ် ကျွန်တော် ငြီးငွေ့နေပြီ။ ဒါပေမယ့်လည်း မိန်းခလေးအုပ်စုကို အပြစ်တင်ရမှာကျတော့ အရမ်းများလွန်းနေသည်။

'ငါ နင်တို့ သဘောကျတာကို နားလည်ပါတယ်။ ဒါပေမယ့် ဘယ်ဟာက အဆင်ပြေပြီး သင့်လျော်တယ်ဆိုတာကိုလည်း နင် ကြည့်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ အခုဟာက တစ်ယောက်တည်း အရူးလုပ်ခံရတာမျိုးမဟုတ်ဘဲ ဒီကလပ်က အခြားသူတွေပါ ခံလိုက်ရတာလေ… Jam… နင့်ကြောင့် အဆင်မပြေဖြစ်ရတဲ့Soအပေါ် နည်းနည်းလေးမှ သနားစိတ်မဖြစ်မိဘူးလား'

နောက်ဆုံးတော့ Techoက ဝင်ဖြန်ဖြေပေးလိုက်ပြီး ကျွန်တော့်အပေါ် ဆိုးဆိုးရွားရွားပြောလာတဲ့သူတွေကို အပြင်သို့ ထုတ်လိုက်သည်။ နောက်တော့မှ ဒီအလုပ်ကို ကလပ်ခေါင်းဆောင်ရဲ့လက်ထောက်Maewက ဆက်ပြီး တာဝန်ယူလိုက်ရသည်။ Maewကလည်း မနေ့တုန်းက မလာနိူင်တဲ့သူပါဘဲ… သူတို့ ဘယ်လိုရှုထောင့်မျိုးကနေ ဓာတ်ပုံရိုက်ကြမလဲဆိုတာကို ဆွေးနွေးတိုင်ပင်နေကြသည်။

ရှုတင်မစခင်မှာ အားပေးတဲ့သဘောအနေနဲ့ Soloရဲ့ပုခုံးကို အသာလေးပုတ်လိုက်ပြီးတော့ အခန်းရဲ့ထောင့်နားလေးမှာ သွားထိုင်လိုက်သည်။ သူက ပြန်ပြုံးပြပြီးတော့ အချိန်တိုင်းလိုလို ကျွန်တော့်ကို စိုက်ကြည့်နေတာ…

'အင်း… အခုတော့ N'Soloရဲ့ပြသာနာဖြစ်နေပြီ။ မနေ့ကတည်းက အလုပ်တွေရှုပ်နေတဲ့ Teက ကျွန်တော့်ကို အဲ့အကြောင်းပြောပြထားပြီးသား…'

Maewပြောတဲ့ပြသာနာဆိုတာက သူ့ကိုယ်သူ မိတ်ဆက်ရတဲ့ဗီဒီယို ရိုက်တဲ့ကိစ္စထင်သည်။

ဒီဗီဒီယိုမှာ Soloက မေးခွန်းတွေကို ဖြေရမယ်။ Maewက ကင်မရာနောက်ကွယ်ကနေ မေးခွန်းတွေကို မေးပေးမယ်။ ကျွန်တော် သူတို့ ရိုက်နေတာကို ကြည့်လိုက်မိတော့ အသံထွက်ပြီး ရယ်လိုက်မိသည်။ ဘာလို့လဲဆိုတော့ ဒီကလေးက မေးခွန်းတွေကို တိုတိုတုတ်တုတ်ဘဲ ဖြေနေတာကို… သူ့ရဲ့အသံက စက်ရုပ်လိုဘဲ… ပိုပြီး အရေးကြီးတာက သူက သူ့ရဲ့ပျင်းရိနေတဲ့မျက်နှာကို လုံးဝမဖုံးကွယ်နိူင်ဘူး။

'ညလုံးပေါက် ရိုက်ရတော့မယ်' Maewက စိတ်ညစ်စွာ ပြောလာပြီးတော့ သူ့ရဲ့မျက်နှာက ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိတဲ့မျက်နှာမျိုး ဖြစ်နေသည်။ ဒီအသင်းကြီးတစ်ခုလုံးကို စိတ်ဖိစီးမှုတွေဖြစ်အောင် လုပ်နေတဲ့ကောင်လေးကတော့ ကျွန်တော့်ဘေးမှာ ထိုင်နေပြီး သက်တောင့်သက်သာနဲ့ပင် ရေဘူးကိုတောင် ယူပြီး သောက်လိုက်သေးသည်။

'အစ်ကို ကူပေးရမလား'

ကျွန်တော် ကူပေးမယ်လို့ ပြောလိုက်တဲ့အချိန်မှာ Maewရဲ့မျက်လုံးတွေက တလဲ့လဲ့တောက်ပလာတာကို မြင်လိုက်ရတာကြောင့် ကျွန်တော် အသာလေးပြုံးပြလိုက်မိသည်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ဒီကိုလာရတဲ့ အဓိကရည်ရွယ်ချက်က သူတို့ကို ကူပေးချင်လို့…

ကျွန်တော် ကင်မရာနားမှာ ထိုင်လိုက်တဲ့အချိန် ကျွန်တော့်လက်ထဲမှာ Moonဖြစ်သူကို မေးရမယ့်မေးခွန်းတွေ ရောက်လာသည်။

'အစ်ကို့ကို စကားပြောနေသလိုဘဲ ပြောနော်…' ကျွန်တော် ထပ်ပြီးပြောလိုက်တော့ Soloက ခေါင်းပြန်ညိမ့်ပြသည်။

'3… 2… 1…'

'ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ'

'ကျွန်တော့်နာမည် Solo Siwarokinပါ။ ပထမနှစ်၊ ဂီတမေဂျာမှာ ဂစ်တာပညာကို သင်ယူနေပါတယ်'

ကျွန်တော် အဆက်မပြတ် မေးခွန်းတွေကို မေးလိုက်သည်။ ဒါပေမယ့် ကျွန်တော်က မေးခွန်းတွေလို မေးမယ့်အစား သူ့ကို စကားပြောနေသလိုမျိုး မေးခွန်းတွေကို စီပြီး ပြောလိုက်သည်။ Soloက တိုတိုတုတ်တုတ်ဖြေတယ်ဆိုရင်တောင်မှ အရင်တစ်ခါထက် ပိုပြီးကောင်းလာသည်။ ပြီးတော့ ကျွန်တော့်နောက်မှာရှိနေတဲ့အဖွဲ့ဝင်တွေဆီက သက်ပြင်းချသံကို ကြားလိုက်ရသည်။

'အခုဗီဒီယိုကို ကြည့်နေတဲ့သူတွေကို နောက်ဆုံးအနေနဲ့ ဘာများ ပြောချင်သေးလဲ'

'ကျေးဇူးတင်ပါတယ်'

ကျွန်တော် Moonကို ကြည့်လိုက်ပြီးတော့ ပြုံးပြလိုက်သည်။ သူ ပြောနေတဲ့အချိန်မှာလည်း သူ့ရဲ့မျက်လုံးတွေက ကင်မရာကို လုံးဝမကြည့်… ဒါပေမယ့်… သူက ကျွန်တော့်ကိုဘဲ ကြည့်နေသည်။

…_…

Continue Reading

You'll Also Like

22.4K 652 20
[ON PAUSE] A bounty hunting ghoul is sent after a particularly odd target, but no job was too odd for him if the price tag was generous enough. Alon...
35.1K 2.4K 19
Type Web Novel (CN) Author(s) 东风几许 Artist(s) N/A Year 2018 Original Publisher jjwxc English Publisher N/A
572K 15.4K 51
Anxyus Thyme finds herself in tough situations going to Hogwarts school. Being born a death eater does not help her either and the fact that she is a...
32.9K 706 53
ever since camden lahey, the oldest lahey sibling, had died, ivanna and isaac lahey had become victims to their father's abuse, but stuck with each o...