OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

21.3K 1.4K 45

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၇

16 2 0
By newkhonpai

ကျွန်တော် အလုပ်လုပ်နေတာ အခုဆို သုံးရက်ရှိနေပြီ။ Soloကတော့ ကျွန်တော့်ကို နေ့တိုင်း လာတွေ့တယ်။ ကျွန်တော့်အဆိုင်း စတဲ့အချိန်တိုင်းမှာ သူ လာတယ်။ သူ ကော်ဖီတစ်ခွက်မှာပြီးတော့ ကော်ဖီဆိုင်ရဲ့ထောင့်နားလေးမှာ ငြိမ်ငြိမ်လေး ထိုင်နေတော့တာပဲ… ကျွန်တော် လုပ်တဲ့အချိန်ပိုင်းအဆိုင်းမှာ လူက သိပ်မရှိတာဘဲ ကံကောင်းသည်။ လူတွေကလည်း လာတယ်ဆိုရင်တောင် သူတို့တွေက မှာထားတာ မြန်မြန်ရဖို့သာ စိတ်ထက်သန်နေတာနေတာကြောင့် ထောင့်စွန်းလေးမှာ ထိုင်နေတဲ့ တက္ကသိုလ်တစ်ခုလုံးရဲ့ Moonကို သတိထားမိမှာမဟုတ်။ Soloကတော့ အမြဲတမ်း သူ့အလုပ်လုပ်ကို ပြီးအောင် အရင်လုပ်တယ်။ သူ့အလုပ်ပြီးတာနဲ့ ထိုင်ခုံနေရာပြောင်းပြီး သူက ကျွန်တော့်ကိုဘဲ ထိုင်ကြည့်နေတာ… ကျွန်တော် အလုပ်လုပ်ချိန် ပြီးသွားတဲ့အချိန်မှာ အဲ့ဒီခွေးပေါက်လေးက ကျွန်တော်ပေးလာမယ့် နွားနို့တစ်ခွက်ကို စောင့်မျှော်နေတက်သည်။ ကျွန်တော် ဆိုင်ပိတ်ပြီးတဲ့အထိ သူက ထိုင်စောင့်နေပြီးတော့ ဆိုင်သိမ်းပြီးတာနဲ့ ကျွန်တော့်ကို အဆောင်ကို လိုက်ပို့ပေးတယ်။ တကယ်လို့ ကျွန်တော် အလုပ်လုပ်ဖို့ မလိုတဲ့ရက်တွေဆိုရင် သူက ကျွန်တော့်ရဲ့အဆောင်ကို ညတိုင်း လာတယ်။ ကျွန်တော် ဖျော်ပေးမယ့် နွားနို့တစ်ခွက်ကို စောင့်နေပြီးတော့ အဲ့ဒီ နွားနို့တစ်ခွက်ကို သောက်ပြီးတာနဲ့ သူ့ရဲ့ကွန်ဒိုကို ပြန်တယ်။

သူနဲ့ ဒီလိုမျိုး ဖြတ်သန်းရတဲ့ နေ့စဉ်ပုံစံမျိုးက ဘယ်အချိန်ကတည်းက နေသားကျသွားလဲဆိုတာ ကျွန်တော် မသိ…

ကျွန်တော် သိပါတယ်။ အိပ်ယာထဲ မဝင်ခင်အထိ ကျွန်တော်တို့ အမြဲတမ်းတွေ့နေကြတယ်ဆိုတာ ပုံမှန်မဟုတ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း ထားလိုက်ပါတော့…… ဟူး………

တကယ်လို့သာ ကျွန်တော်တို့နှစ်ယောက်လုံးကို ပျော်ရွင်စေတယ်ဆိုရင် အဲ့ဒါက မျှတတယ်လို့ ကျွန်တော် ထင်တယ်။

'Guitar…' အဲ့ဒီ ခေါ်သံလေးက နေ့တိုင်းလိုလို စားပွဲခုံသုတ်နေတဲ့ ကျွန်တော့်လက်တွေကို ရပ်တန့်သွားအောင် လုပ်နိုင်သည်။ ဒီနေ့ သူအရမ်းနောက်ကျနေတာ… ဘာလို့လဲဆိုတော့ အခုဘဲ ဆိုင်ပိတ်ချိန်ရောက်တော့မယ်လေ…

'ဘာလို့ ဒီနေ့ အရမ်းနောက်ကျ…' ကျွန်တော် လှည့်ကြည့်လိုက်မိပြီး ထိုကောင်လေးရဲ့အခြေအနေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ပြောမယ့်စကားတွေက တစ်ဝက်တစ်ပျက်နဲ့ ပျောက်ကွယ်ကုန်သည်။

Soloတစ်ကိုယ်လုံး ခြေဖျားက ခေါင်းအထိ စိုရွဲနေသည်။ သူ့ဆံပင်က ရေစက်တွေကလည်း မျက်နှာပေါ်သို့ တစ်စက်ပြီး တစ်စက်ကျဆင်းနေပြီးတော့ သူရဲ့ကျောင်းယူနီဖောင်းကလည်း စိုရွဲနေတာကြောင့် ခန္ဓာကိုယ်အတွင်းသားတွေကိုတောင် ဖောက်ပြီး မြင်နေရသည်။ ပြီးတော့ သူ့ရဲ့မျက်နှာက အရမ်းပင်ပန်းနေတဲ့ပုံဖြစ်နေတာကြောင့် သူ့ကို အိမ်မြန်မြန်ပြန်လွှတ်ပြီး အိပ်ခိုင်းလိုက်ချင်သည်။ ဒါပေမယ့် Soloက နားထောင်မှာမှ မဟုတ်တာ……

Soloက သူ တစ်ကိုယ်လုံးစိုနေတာကို သိနေတာကြောင့် ဆိုင်ထဲသို့ ဝင်မလာ… သူ ဒီအတိုင်း ဝင်ပေါက်က ခြေသုတ်ဖျာပေါ်မှာ ရပ်နေသည်။ အဲ့ဒါနဲ့ ကျွန်တော် သူ့ဆီ သွားလိုက်ပြီး သူ့ကို ဆိုင်ထဲ ဝင်ခိုင်းကာ ကောင်တာအရှေ့က ခုံမှာ ထိုင်ခိုင်းလိုက်သည်။

'ကြမ်းပြင်က စိုသွားရင် သုတ်လို့ရတယ်။ ဒါပေမယ့် မင်းနေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ' ကျွန်တော် ကောင်တာပြန်သွားနေတဲ့အချိန်မှာဘဲ သူ့ကို ဆူလိုက်မိသည်။ ကံကောင်းစွာနဲ့ဘဲ ဆိုင်မှာ မသုံးရသေးတဲ့ သဘက်အသစ် ရှိသေးလို့ပေါ့…

'တောင်းပန်ပါတယ်'

ကျွန်တော် အပြုံးပါးပါးလေးပြုံးလိုက်ပြီးတော့ ကျွန်တော် သူ့ကို စိတ်မဆိုးကြောင်း ပြလိုက်သည်။ ရေစိုပြီး ပင်ပန်းနေတဲ့ ဒီမျက်နှာလေးကို ကြည့်ပြီး ဘယ်သူက စိတ်ဆိုးနိုင်မှာလဲ။

'ဘာတွေလုပ်လို့ ဒီလို ရေတွေ စိုလာတာလဲ။ ပြီးတော့လည်း ဒီနေ့လာတာ နောက်ကျတယ်' ကျွန်တော် သူ့ခေါင်းလေးပေါ် သဘက်တင်ကာ ညင်ညင်သာသာလေးသုတ်ပေးရင်း ပြောလိုက်မိသည်။ Soloရဲ့နောက်ကျောက ကောင်တာကို မှီထားတာကြောင့် ကျွန်တော်က သူ့အရှေ့မှာရပ်ပြီး သူ့ခေါင်းကို သုတ်ပေးလို့ရသည်။ ပြီးတော့လည်း သူ့ရဲ့မျက်နှာကို ကျွန်တော် ထင်ထင်ရှားရှားမြင်နေရသည်။

ကျွန်တော် သူ ပြုံးနေတာကို မြင်လိုက်ရသည်။

ဒီလို ရှားပါးလှတဲ့အပြုံးက ကျွန်တော့်နှလုံးသားအပေါ် သက်ရောက်မှုရှိသည်။ ကျွန်တော် ဘာလုပ်ရမှာလဲ။ ကျွန်တော် အဲ့အပြုံးနဲ့ နေသားမကျသေးဘူး။

ကျွန်တော် ဘာမှမလုပ်နိုင်တော့ကြောင့် သူ့ရဲ့တောက်ပစွာ ကြည့်နေတဲ့ မျက်လုံးတွေကို သဘက်လေးနဲ့ဖုံးလိုက်ပြီး ခေါင်းကို ဆက်သုတ်ပေးလိုက်သည်။

'ဗီဒီယို ရိုက်နေရတာ…'

'မနေ့က အစ်ကို့ကို ပြောတဲ့တစ်ခုလား။ ညနေကတည်းက ပြီးနေပြီလို့တောင် အစ်ကိုက ထင်နေတာ…' မနေ့က အိမ်ပြန်တဲ့အချိန်မှာ Soloက ကျောင်းအတွက် ဗီဒီယိုရိုက်ဖို့ရှိတယ်လို့ ကျွန်တော့်ကို ပြောပြခဲ့သည်။ ဒါပေမယ့် နေ့လည်၎နာရီကတည်းက စမယ်လို့ သူ ကျွန်တော့်ကို ပြောပြခဲ့တာ…

'ဗီဒီယို ရိုက်ကွင်းက နေ့လည်မှစတာ… ဒါပေမယ့် တဖြည်းဖြည်းနဲ့ နောက်ကျသွားတယ်'

'ဘာလို့ အဲ့လောက်တောင် ကြာရတာလဲ'

'ကျွန်တော် မလုပ်နိုင်လို့လေ…'

'So… ဆိုင်ရှေ့ကို အရင်သွားနှင့်ပါလား။ ခဏနေ အစ်ကို လိုက်လာခဲ့မယ်'

Soloက ဘာမေးခွန်းမှမထုတ်ဘဲ ခေါင်းသာညိမ့်ပြပြီး ဆိုင်အပြင်ဘက်သို့ ထွက်သွားသည်။

သူက ရေစိုကြီးနဲ့ကို ကျွန်တော်က ဘယ်လိုလုပ်ပြီး စကားဆက်ပြောနိုင်မှာလဲ။ သူ့ရဲ့ပုံစံက မအေးတဲ့ပုံစံပေါက်နေပေမယ့်လည်း သေချာတစ်ခုက သူ အေးနေတယ်ဆိုရင်တောင် သူ အေးနေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော့်ကို ဖွင့်ပြောမှာမဟုတ်။

ဆိုင်မပိတ်ခင်အချိန်လေးမှာ ကျွန်တော် ကြမ်းတိုက်တံကို မြန်မြန်ယူလိုက်ပြီး ရေစိုနေတဲ့ကြမ်းပြင်ကို ခပ်သွက်သွက်လေး သုတ်လိုက်သည်။ ကျွန်တော် ဆိုင်ပိတ်ပြီး အပြင်ထွက်လာတာနဲ့ သူ့ရဲ့လက်ကိုဆွဲကာ ပုံမှန်ထက်ပိုတဲ့နှုန်းနဲ့ သူ ကားပါကင်ထိုးထားတဲ့နေရာသို့ မြန်မြန်လျောက်သွားသည်။ သူ ကားပါကင်ထိုးနေကျနေရာကို ကျွန်တော် မှတ်မိနေပြီ။ ဘာလို့လဲဆိုတော့ သူက အဲ့တစ်နေရာတည်းမှာဘဲ နေ့တိုင်း ကားပါကင်ထိုးနေကျဖြစ်တာကြောင့် ဖြစ်သည်။

ကားအဲလ်ကွန်းကို ဖွင့်ဖို့လုပ်နေတဲ့ သူ့ရဲ့လက်ကို ကျွန်တော် ဆွဲကိုင်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

'အစ်ကို မပူဘူးလား'

သူ့ရဲ့အတည်မေးလာတဲ့ မျက်နှာပုံစံကြောင့် အသည်းယားလာပြီး ပါးတွေကို ဆွဲညစ်ချင်မိသည်။ အခုတော့ သူ့ရဲ့လက်ကို ကိုင်ထားတာဘဲ ကောင်းသည်။

'အဲ့ဒါဆို Soကော မအေးဘူးလား' ကျွန်တော် ပြန်မေးလိုက်မိသည်။

'မအေးပါဘူး'

'အစ်ကို့ကို မလိမ်နဲ့နော်…' ကျွန်တော် သူ့ရဲ့အဖြေအပေါ် သဘောမကျဘူးဆိုတာ သူ သိစေဖို့အတွက် မျက်မှောင်ကြုတ်ပြလိုက်သည်။

'တောင်းပန်ပါတယ်' Soloရဲ့မျက်နှာက အောက်သို့ စိုက်ကျသွားသည်။ သူ့ကို ကြည့်ရတာ အရမ်းဝမ်းနည်းနေတဲ့ပုံစံဖြစ်နေတာကြာင့် ကျွန်တော် သူ့ကို ဘယ်လိုလုပ်ပြီး ဆူနိုင်တော့မှာလဲ။ ကျွန်တော့်လက်လေးက အပေါ်သို့မြင့်တက်လာပြီး စိုနေတဲ့ သူ့ခေါင်းလေးကိုသာ ညင်ညင်သာသာလေး ဖွလိုက်ရုံသာ တက်နိုင်သည်။

'အိမ်ကို မြန်မြန်ပြန်ရအောင်… မဟုတ်ရင် နေမကောင်းဖြစ်လိမ့်မယ်'

'ဟုတ်ကဲ့'

ရေစိုဝတ်တွေနဲ့ ကားမောင်းနေတဲ့သူကို ကြည့်ရင်း ကျွန်တော် စိတ်ပူမိသည်။ နောက်ဆို ကားထဲမှာ အရေးပေါ်ကိစ္စတွေအတွက် အဝတ်ပိုတစ်စုံလောက် ထားခိုင်းရမည်။ အဲ့ဒါဆို ဒီနေ့လို ထပ်ဖြစ်ရင် အဝတ်အစိုကြီးနဲ့ နေရမှာ မဟုတ်တော့ဘူး။ တကယ်လို့ Soloသာ အဆောင်ကို လိုက်ပို့မယ်ဆိုရင် အဆောင်ရှေ့ရောက်တာနဲ့ ကားရပ်ပြီး ကျွန်တော် နွားနို့တစ်ခွက်ယူလာမှာကို သူစောင့်နေဦးမှာ… မသောက်ဘဲနဲ့ ပြန်လို့ပြောရအောင်လည်း ဒီကောင်လေးက အိပ်ပျော်မှာမဟုတ်… ကျွန်တော် အဲ့လောက်ထိ အသည်းမမာနိုင်… တကယ်လို့ နွားနို့သောက်ပြီး အိမ်ပြန်သွားတယ်ဆိုရင်တောင် ဒီခွေးပေါက်စလေးက ရေမချိုး အကျီတောင်မလဲဘဲ တန်းအိပ်မှာ…

'Guitar ဘာဖြစ်လာတာလဲလို့ ဘာလို့မမေးတာလဲ' ကားမောင်းနေတဲ့ကောင်လေးက ကားလမ်းမပေါ်က အကြည့်မခွာဘဲ ကျွန်တော့်ကို မေးနေသည်။

'အခုတော့ မမေးသေးဘူး။ အရင်ဆုံး So အဆင်ပြေသွားအောင် ဂရုစိုက်ဦး'

'ဒါပေမယ့် ကျွန်တော်တို့ အစ်ကို့အဆောင်ကို ရောက်တော့မယ်လေ……'

'အွန်း… အစ်ကိုတို့ စကားပြောဖို့အတွက် တစ်နေရာရာကို သွားမလား' ကျွန်တော့်ခွေးပေါက်စလေးက နားရွက်လေးတွေ လှုပ်ခါပြီး တောက်ပနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အကြည့်မြန်မြန်လွှဲပြီး ရယ်လိုက်မိသည်။

'Guitar…'

ကျွန်တော် လက်ဖဝါးကို ပါးစပ်ပေါ် အုပ်လိုက်ကာ ရယ်နေတာကို အပိုးသေသွားအောင် လုပ်လိုက်ပြီးတော့ သူ့ဘက်သို့ မျက်နှာတည်နှင့် လှည့်လိုက်သည်။

'ဒီနေ့ ပြသာနာတွေအများကြီး ဖြစ်သွားတယ်'

ဘယ်လောက်ဘဲ နှစ်သိမ့်ပေးဖို့ ကြိုးစားပါစေ နောက်ဆုံးတော့ ကျွန်တော်ပါ ဟန်ဆောင်ရတာ အဆင်မပြေတော့… ဒါပေမယ့် သူ့ရဲ့အပြုံးကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော်လည်း မရည်ရွယ်ပါဘဲနဲ့ လိုက်ပြုံးမိသည်။ ဒီအပြုံးကို ကျွန်တော် ဘယ်လောက်ဘဲမြင်ဖူးနေပါစေ… အမြဲတမ်းနူးညံ့ပြီးတော့ ရှက်လာတက်သည်။ ကျွန်တော် ရှက်နေတာကို ဖုံးကွယ်ဖို့အတွက် သူ့ရဲ့မျက်နှာကို ကားလမ်းမဘက်သို့လှည့်အောင် ကျွန်တော့်လက်ကလေးနှင့် အသာလေးတွန်းလိုက်သည်။

ဒီခွေးပေါက်စလေးက ကျွန်တော့်ကို သူ့အိမ်မှာ ညအိပ်မလား။ မအိပ်ဘူးလားလည်း မမေး… မမေးတာဘဲ သူ့ကို ကျေးဇူးတင်မိသည်။ မဟုတ်ရင် ကျွန်တော် ရှက်မိလိမ့်မယ်။

တကယ်လို့ ကျွန်တော် သူ့ကို အရမ်းစိုးရိမ်နေမိတယ်လို့ ပြောရင် သူ သူ့ကိုယ်သူ မေ့ပြီး ရောင့်တက်လာမလား မသိ…

…_…

ကျွန်တော်တို့ အိမ်ရောက်တာနဲ့ ရေစိုနေတဲ့သူ့ကို ရေချိုးပြီး အဝတ်အစားလဲဖို့အတွက် အခန်းထဲသို့ အမြန်တွန်းထည့်လိုက်သည်။ အဲ့ဒီအချိန်မှာတော့ ကျွန်တော်က သူ့အတွက် စားစရာတစ်ခုခုကို မီးဖိုချောင်ထဲဝင်ကာ ပြင်ဆင်ပေးနေမိသည်။ Soloပြောတာကတော့ အိမ်ထိန်းတွေကို ရေခဲသေတ္တာထဲ ဟင်းချက်စရာတွေ ဝယ်ထည့်ခိုင်းထားတယ်တဲ့… အဲ့ဒါကြောင့် သူစားဖို့အတွက် ဟင်းအမျိုးမျိုး လုပ်ပေးလို့ရသည်။ ဒါပေမယ့်လည်း ထမင်းကိုတော့ အရင်တစ်ခါလိုဘဲ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ဟာကိုဘဲ နွေးလိုက်သည်။ ဘာလို့လဲဆိုတော့ အခုမှ ထမင်းအသစ်ချက်ဖို့ဆိုတာ အချိန်ကြာသွားမယ်လေ……

ကျွန်တော် သူ့အကြောင်းကို ပိုပြီးသိလာတိုင်း ကျွန်တော် ဒီပျက်စီးနေတဲ့ကောင်လေးကို ပိုပြီးဂရုစိုက်ရမယ်လို့ ပိုခံစားလာရသည်။ အခုချိန်ထိ ကျွန်တော်က ကလေးကြီးကို ပြုစုပျိုးထောင်နေရတာလား။ ဘာလားဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိတော့……

ကျွန်တော်တို့ ဓာတ်လှေကားထဲမှာတုန်းက သူ့ကို စားပြီးပြီလားလို့ မေးမိတယ်။ တကယ်တော့ ကျွန်တော်က တိတ်ဆိတ်နေတဲ့အခြေအနေကို ပျောက်အောင် ဒီအတိုင်း စကားစပြီး ပြောလိုက်တာပါ။ ဒါပေမယ့် စကားဆက်ပြောဖို့လမ်းစအစား မမျှော်လင့်ထားတဲ့အဖြေကိုသာ ကျွန်တော် ကြားလိုက်ရသည်။ Soloက နေ့လည်ကတည်းက ဘာမှမစားရသေးဘူးတဲ့… သူ နောက်ဆုံးစားခဲ့တာက မနက်စာ… နေ့လည်မှာ သီချင်းတိုက်နေရတာနဲ့ အလုပ်ရှုပ်ပြီး မစားဖြစ်။ ညနေကျတော့လည်း ဗီဒီယိုရိုက်နေရတာနဲ့ မစားဖြစ်။ ရှုတင်အဖွဲ့တွေကလည်း သူ့ကို စားပြီးပြီလား ဘာလားမမေးတာကြောင့် သူကိုယ်တိုင်တောင် သတိမထားတော့ဘူးဆိုဘဲ…

တကယ်လို့ အခွင့်အရေးသာရခဲ့ရင် ကျွန်တော် အဲ့ဒီရှုတင်အဖွဲ့နဲ့ စကားနည်းနည်းလောက် ပြောကြည့်ချင်သည်။

ဟင်းတွေပြီးသွားတဲ့အချိန်မှာဘဲ အချိန်ကိုက်ဆိုသလို Soloက အခန်းထဲက ထွက်လာသည်။ သူ့ခေါင်းက စိုနေတုန်းဖြစ်ပြီးတော့ အပေါ်ပိုင်းက ဗလာကျင်းဖြစ်နေတဲ့သူ့ကို ကျွန်တော် အလိုမကျတဲ့အကြည့်နှင့် ကြည့်မိသည်။ သူကတော့ အခန်းထဲက ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ထွက်လာသည်။ Soloနဲ့ ကျွန်တော် အကြည့်ချင်းဆုံမိတဲ့အခါမှာတော့ သူ့ခြေလှမ်းတွေ ရပ်သွားပြီးတော့ အခန်းထဲသို့ ပြန်ဝင်သွားကာ နောက်တစ်ခါ ပြန်ထွက်လာသည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူက ညအိပ်ဝတ်စုံအပြည့်ဝတ်ထားပြီးတော့ သဘတ်ကို ပုခုံးပေါ်သို့ တင်ထားသည်။

ကျွန်တော် သူ့ကို စိတ်ကျေနပ်သည့်အကြည့်နှင့် ကြည့်လိုက်ပြီးတော့ ထမင်းလာစားဖို့အတွက် ခေါင်းညိမ့်ပြလိုက်သည်။ Soloကတော့ ထမင်းစားပွဲနားသို့ လာကာ ထိုင်လိုက်သည်။ စားပွဲပေါ်က ဝက်ရိုးစွပ်ပြုတ်ကို သူ မြင်လိုက်တဲ့အခါမှာတော့ သူ့မျက်လုံးတွေ တောက်ပကုန်သည်။ ကျွန်တော် ပြုံးလိုက်ပြီးတော့ ထိုင်နေရာက ထလိုက်သည်။ သူနဲ့အတူတူစားမယ်လို့ လုပ်ထားတဲ့ ကျွန်တော့်ရဲ့ထမင်းပန်းကန်က အခုထိ တစ်စက်တောင် မထိရသေး။

'လာ… ဒီအစ်ကိုကဘဲ ဆံပင်ခြောက်အောင် ထပ်သုတ်ပေးရမယ်ပေါ့…' ကျွန်တော် တိုးတိုးလေးရယ်လိုက်ရင်း သူ့ရဲ့ခေါင်းကို သုတ်ပေးနေမိသည်။

'တစ်သက်လုံး သုတ်ပေးမယ်ဆိုရင်လည်း အဆင်ပြေတယ်'

'…'

'Guitar…' Soloက ကျွန်တော့်ကို မော့ကြည့်ပြီး အကြည့်ချင်းဆုံအောင်လုပ်လိုက်သည်။ 'အစ်ကို ရှက်နေတာဘဲ…'

'စားတော့လေ!!!' ကျွန်တော် သူ့ခေါင်းကို တွန်းလိုက်ပြီးတော့ အောက်သို့ ငုံ့သွားအောင် လုပ်လိုက်သည်။

သူ ပြောသွားတဲ့စကားရဲ့အဓိပ္ပာယ်က ကျွန်တော်နဲ့ တစ်သက်လုံး အတူတူနေချင်လားလို့ ပြောလိုက်တာမှတ်လား။ ဘယ်သူက သူနဲ့ အတူတူနေချင်လို့လဲ။

စားသောက်ပြီးတဲ့အခါ ပန်းကန်ဆေးတော့ သူက ကျွန်တော့်ကို ကူညီပေးသည်။ ပြီးတော့ ကျွန်တော် ရေချိုးလိုက်သည်။ သူ ကျွန်တော့်ကို ဝတ်ဖို့ပေးထားတဲ့ညအိပ်ဝတ်စုံကို မြင်လိုက်ရတော့ လုံးဝအံ့သြမိသွားတာ… အကျီက လုံးဝအသစ်ဖြစ်နေတဲ့အပြင် နာမည်ကြီးတံဆိပ်… အခုထိ တံဆိပ်ပြားတောင် မခွာရသေး… ဒီကောင်လေးက အရမ်းချမ်းသာတဲ့သူဆိုတာ သံသယဖြစ်စရာတောင်မလို… ဘာလို့လဲဆိုတော့ ညအိပ်ဝတ်စုံတောင် နာမည်ကြီးတံဆိပ်နဲ့လေ… အဲ့လောက်တောင် ဈေးကြီးတာ ဝတ်ဖို့လိုလို့လား။

Soloကတော့ ပြတင်းပေါက်ဘေးနားက ဆိုဖာပေါ်မှာ ထိုင်နေပြီးတော့ ဂစ်တာတီးနေသည်။ ကျွန်တော် သူ့ဘေးနားမှာ သွားထိုင်လိုက်ပြီးတော့ သူ ဂစ်တာတီးနေတာကို ဘာမှမပြောဘဲ ဒီအတိုင်း ကြည့်နေမိသည်။ ခဏလောက်ကြာတဲ့အခါမှာ သူ ဂစ်တာတီးတာရပ်လိုက်ပြီးတော့ ကျွန်တော့်ကို လှည့်ကြည့်လာကာ ဂစ်တာကို သူ့ရဲ့ပေါင်ပေါ်မှာ တင်လျက်ထားထားသည်။

'ကျွန်တော်က လူတွေအများကြီးရှေ့မှာ စကားပြောရတာကို မကြိုက်ဘူး'

ကျွန်တော် ခေါင်းညိမ့်လိုက်ပြီးတော့ သူ့ကို ဘာမှမပြောဘဲ ပြုံးသာပြလိုက်သည်။

'ဒီနေ့ ကျွန်တော်… ဗီဒီယိုကော ဓာတ်ပုံကော နှစ်ခုလုံး ရိုက်ရတယ်'

Soloက စကားပြောနေရင်းနဲ့ပင် နူးညံတဲ့သံစဉ်လေးကို စပြီး တီးလိုက်သည်။

'ကျောင်းက Starတွေက ရိုက်လို့ပြီးလို့ နားနေကြပြီ။ ဒါပေမယ့် ကျွန်တော်က မရသေးဘူး။ ဒီအတိုင်း ဓာတ်ပုံရိုက်တာဆို အဆင်ပြေတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို အများကြီးဖိအားပေးစရာမလိုဘူး။ အဲ့ဒါကြောင့် ဒီအတိုင်း ထားဖို့လုပ်လိုက်ပေမယ့်လည်း ဓာတ်ပုံရိုက်တဲ့အချိန်မှာ ဘာလို့ ကျွန်တော့်ခေါင်းပေါ်ကနေ ရေလောင်းရတာလဲဆိုတာ ကျွန်တော် မသိဘူး။ ဗီဒီယိုရိုက်တဲ့အခါမှာလည်း သူတို့က ကျွန်တော့်ကို ပြုံးဖို့ ဖိအားပေးတယ်။ သူတို့က ဟိုလိုလုပ် ဒီလိုလုပ်လို့ ပြောနေပေမယ့် ကျွန်တော်မှ မလုပ်တက်တာ… ဗီဒီယိုက အဆင်မပြေတာနဲ့ဘဲ ကျွန်တော် ခဏခဏလုပ်လိုက်ရတယ်'

သူ့ရဲ့မျက်နှာက တည်ငြိမ်နေတယ်ဆိုရင်တောင် သူ ပင်ပန်းခဲ့တာတွေ အရှက်ကွဲခဲ့တာတွေကို ကျွန်တော် ခံစားနေမိသည်။ ဘယ်လိုဖြစ်ရလဲဆိုတာ ခန့်မှန်းစရာတောင်မလို… ရှုတင်လုပ်နေတဲ့အချိန်အတွင်းမှာ ဖြစ်သွားတဲ့ကိစ္စတစ်ခုခုရှိရမည်။

'ပထမတုန်းကတော့ ၈နာရီဆို ကျွန်တော် ပြန်လို့ရပြီလို့ပြောတယ်။ ဒါပေမယ့် သူတို့က ရုတ်တရက် ကျွန်တော့်ဆီလာပြီး ဓာတ်ပုံတွေ နောက်ထပ်ပြန်ရိုက်ရမယ်လို့ ပြောတယ်။ အစကနေ ပြန်ပြီးတော့ပေါ့…'

'အဲ့ဒါနဲ့ သူတို့က Soရဲ့ခေါင်းပေါ် ထပ်ပြီး လောင်းကြတယ်ပေါ့…'

Soloက ခေါင်းညိမ့်ပြလာသည်။

'ဒါပေမယ့် နောက်ကြာလာတော့ သူတို့က ကျွန်တော့်တစ်ကိုယ်လုံးပေါ် လောင်းချလိုက်တာ…'

'ဘယ်လို!!!' ကျွန်တော် ဒေါသထွက်စွာနဲ့ ပြောလိုက်မိသည်။ သူတို့ ဘယ်လိုလုပ်ချင်လဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် အခုကိစ္စက ထူးဆန်းတယ်လို့ ခံစားလာရသည်။ တကယ်လို့ Soloပြောတာသာ အမှန်ဆိုရင် ဒါက ဒီလိုလုပ်ရတဲ့အလုပ်မျိုးမှ မဟုတ်တာ… အဲ့ဒါက မထူးဆန်းဘူးလား။

'Guitar…' ကျွန်တော် ဒေါသထွက်မှာကို ကြောက်နေတဲ့အသံလေးနဲ့ ပြောလာတဲ့ သူ့ရဲ့အသံလေးကို ကြားမိတော့ ကျွန်တော် သက်ပြင်းချလိုက်မိသည်။ စိတ်ငြိမ်အောင်ထားလိုက်ပြီးတော့ ကျွန်တော် သိချင်နေတဲ့မေးခွန်းကို မေးလိုက်သည်။

'တစ်ကိုယ်လုံးစိုအောင် ရေလောင်းခံရတာက Soတစ်ယောက်တည်းလား'

'ပထမဆုံးစရိုက်ကတည်းက စီနီယာတွေက ကျွန်တော့်ကိုဘဲ လောင်းတာ…'

ကျွန်တော် စိတ်ခံစားချက်က ထိပ်ဆုံးသို့ ရောက်နေပြီလို့ ကျွန်တော် ခံစားနေရသည်။ ကျွန်တော် နားမလည်နိုင်တာက ဘာလို့ ဒီလိုလုပ်ရတာလဲ။ Soloကရော ဘာလို့မငြင်းရတာလဲ။

'So မကျေနပ်တာတွေ ဘာတွေ မဖြစ်ဘူးလား'

'မဖြစ်ပါဘူး' Soloက တစ်ခုခုကို စဉ်းစားနေပြီးတော့ ခေါင်းခါပြလိုက်သည်။ 'မကျေမနပ်ဖြစ်ရင် စိတ်ညစ်နေရမယ်။ ကျွန်တော် အဲ့တုန်းက မြန်မြန်ဘဲပြီးချင်နေတာ… အဲ့ဒါမှ Guitarကို မြန်မြန်လာတွေ့လို့ရမှာလေ…'

Soloနဲ့ ပထမဆုံးစတွေ့ပြီး စကားပြောမိကတည်းက… ပြီးတော့ ဒီလိုအကြောင်းအရာမျိုးတွေ ပြောမိကတည်းက ကျွန်တော် သူ့ရဲ့အကြောင်းတွေကို ပိုပိုပြီး သိချင်လာသည်။ သူ ကျွန်တော့်ကို အခြားသူတွေအပေါ် ဆက်ဆံတဲ့အတိုင်း စကားမပြောဘူးဆိုရင် သူက စကားပြောရမှာတောင် ပျင်းနေတဲ့သူလို့ ကျွန်တော် ထင်မိမှာ… Soloဆိုတဲ့လူမျိုးက ဘယ်သူဘဲဖြစ်ဖြစ် သူ နားမထောင်ချင်တဲ့အကြောင်းအရာမျိုး ပြောလာတယ်ဆိုတောင်မှ သူ ငြင်းနေမှာ မဟုတ်… သူတို့ ကျောင်းက Moonလေးရဲ့အပြုအမူတွေကို ခန့်မှန်းနေကြမယ်ဆိုရင် သူတို့သေချာပေါက် ရှုပ်ထွေးနေလိမ့်မည်။ ဒါပေမယ့် Soloက အရမ်းကို တာဝန်သိတက်တဲ့သူတစ်ယောက်ပါ။ သူ စိတ်ညစ်နေတယ်ဆိုရင်တောင်မှ သူ ပြီးအောင် လုပ်ရမယ့်ကိစ္စတွေဆို မပြီးမချင်း ပြီးအောင်လုပ်သည်။

အဲ့သူတွေက သူ့ကို စိတ်ညစ်စရာကောင်းတဲ့သူလို့ ထင်သွားတယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူက ဘာတုန့်ပြန်မှုမှ မရှိဘဲ စကားလည်း သိပ်မပြောတာကို…

'သူတို့က Soကို နောက်ပြောင်နေကြတယ်ဆိုတာကို Soသိလား'

Soloရဲ့မျက်လုံးနဲ့ ကျွန်တော့်မျက်လုံးတို့ အကြည့်ချင်းဆုံသွားသည်။ ဂစ်တာတီးနေတဲ့ သူ့လက်က တဖြည်းဖြည်းရပ်တန့်သွားပြီးတော့ တဖြည်းဖြည်းမြင့်တက်လာကာ ကျွန်တော့်ရဲ့မျက်ခုံးလေးတွေကို ထိလိုက်သည်။ ပြီးတော့ သူ့ရဲ့လက်က တဖြည်းဖြည်း နူတ်ခမ်းထောင့်စွန်းနားလေးသို့ ရောက်သွားသည်။ သူ အမြဲတမ်း ကျွန်တော့်ကို လုပ်နေကြပုံစံ… မျက်မှောင်မကြုတ်ခိုင်းဘဲ ပြုံးခိုင်းတဲ့ပုံစံမျိုးလေ……

'ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော် အဲ့လို စိတ်ရှုပ်ဖို့ကောင်းတဲ့ကိစ္စတွေဆို စိတ်မဝင်စားဘူး။ သူတို့လုပ်ချင်တာသာ လုပ်ပါစေ…'

'အစ်ကိုကတော့ မကြိုက်……'

'သူတို့ စည်းမကျော်သေးဘူးလေဗျာ…'

သူ့ရဲ့တည်ငြိမ်လှတဲ့အကြည့်တွေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် ခေါင်းညိမ့်ပြလိုက်သည်။

'မနက်ဖြန်လည်း ကျွန်တော် နောက်ကျမယ် ထင်တယ်။ သူတို့က ထပ်ရိုက်ဦးမယ်လို့ ပြောထားလို့…'

Soloက နူးနူးညံညံလေးဘဲ ပြောလိုက်ပြီးတော့ သူ့ရဲ့လက်လေးက ဂစ်တာပေါ်သို့ ရွေ့လျားလိုက်သည်။ သူပြောတဲ့စကားကို ကျွန်တော် ကြားမိတဲ့အခါမှာ သက်ပြင်းချမိသည်။ သူတို့ Soloကို ဘယ်လို နောက်ပြောင်ကြဦးမလဲဆိုတာကို ကျွန်တော် မသိဘူး။ သူတို့ ရေဘဲထပ်လောင်းဦးမယ်ဆိုရင်… သူ ဘယ်လောက်ဘဲ သန်မာပါစေဦး… နှစ်ရက်တိတိ နာရီပေါင်းများစွာ ခန္ဓာကိုယ်က စိုခံရတာ… သေချာပေါက် သူ ဖျားလိမ့်မယ်။

ဂစ်တာအသံက ရုတ်တရက် ချိန်းသွားတာကြောင့် အတွေးတွေထဲနစ်နေတဲ့ ကျွန်တော် ပြန်သတိဝင်လာပြီးတော့ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့သူကိုဘဲ ပြန်ကြည့်နေမိသည်။ သူက အသာလေးပြုံးလိုက်ပြီးတော့ နူးညံတဲ့သံစဉ်လေးတွေကြား သူ့ရဲ့စူးရှတဲ့အသံလေးက ပျံ့လွင့်လာသည်။

"ရှာဖွေနေတာတွေ ပြီးဆုံးသွားပြီ…
အစစ်မှန်တစ်ခုကို တွေ့ရှိခဲ့ပြီ…

ငါ့ဘဝမှာ မင်းတစ်ယောက်တည်းရှိတယ်ဆိုရင်တောင် အဆင်ပြေတယ်…

အိပ်ယာမဝင် နောက်ဆုံး မြင်ချင်တဲ့သူက မင်း ဖြစ်နေစေချင်တယ်…

မနက်ခင်း အိပ်ယာထတဲ့အချိန်မှာလည်း မင်းကို အရင်ဆုံးမြင်ချင်တယ်…

မနက်တွေက မင်းအတွက်ဘဲ…
ညတိုင်းက မင်းအတွက်ဘဲ…

ငါ ငါ့ကိုယ့်ငါ စွဲလမ်းအောင် လုပ်ထားတယ်…
မင်း ငါ့နားက ထွက်ပြေးမသွားအောင်ပေါ့…

မင်း ဘာဘဲလုပ်လုပ်… ငါတို့ အတူတူလုပ်ရအောင်…

အသက်ရှုလိုက်တိုင်းမှာ…
အချိန်တိုင်းမှာ…"

သူ့သီချင်းဆိုအသံနှင့် ဂစ်တာသံရပ်သွားတဲ့အချိန်မှာ ကျွန်တော် အသက်ရှုအောင့်ထားမိသည်။ ကျွန်တော့်မျက်နှာက ပူနေတယ်လို့ ခံစားနေရတာတောင်မှ ကျွန်တော့်အကြည့်က သူ့ဆီကနေ မလွှဲခဲ့… အဲ့ဒါကြောင့် ကျွန်တော့်ရဲ့နူတ်ခမ်းကိုသာ တင်းတင်းကြပ်ကြပ် ကိုက်ထားမိသည်။ Soloက ဘာမှမပြောဘဲ ကျွန်တော့်ကိုသာ တောက်ပနေတဲ့မျက်လုံးတွေနဲ့ကြည့်နေသည်။ သူ့ရဲ့လက်လေးက ကျွန်တော့်နူတ်ခမ်းထောင့်စွန်းလေးကို ပင့်တင်လိုက်ပြီးတော့ သူ့နူတ်ခမ်းလေးက အသာလေးလှုပ်လာကာ စကားလုံးတွေကို အသံမထွက်ဘဲ ပြောလာသည်။

'ပြုံးတော့လေ…'

ကျွန်တော် နူတ်ခမ်းကိုက်ထားတွေ ပြေလျော့သွားပြီးတော့ အားရပါးရပြုံးလိုက်မိသည်။ သူပြောသလို ကျွန်တော့်ခံစားချက်အတိုင်း လိုက်ပြီးတော့ပေါ့… Soloက နူးညံစွာပြုံးလိုက်ပြီးတော့ သီချင်းရဲ့နောက်ဆုံးအပိုဒ်လေးကို တီးဖို့ ပြင်လိုက်သည်။ သူ ကျွန်တော့်ဆီက လုံးဝ အကြည့်မခွာဘဲ တီးလိုက်ကာ…

'… မင်းနဲ့အတူတူ ကုန်ဆုံးချင်တယ်'

[ไม่ธรรมดา - Bell Supol]

'So…'

'ဟုတ်…'

'မနက်ဖြန် ရိုက်ကွင်းက ဘယ်အချိန်စမှာလဲ'

'ကြီးကြပ်ဆောင်အရှေ့မှာ ညနေ ၄နာရီစမှာ…'

'အင်း… မနက်ဖြန်က သောကြာနေ့ဆိုတော့ အစ်ကို အလုပ်သွားစရာမလိုဘူး။ ပြီးတော့ အတန်းတွေက ညနေ ၄နာရီဆို ပြီးပြီ'

'Guitar…'

'မနက်ဖြန် အစ်ကို Soကို လာကြည့်မယ်နော်…'

…_…

Continue Reading

You'll Also Like

572K 15.4K 51
Anxyus Thyme finds herself in tough situations going to Hogwarts school. Being born a death eater does not help her either and the fact that she is a...
1.8M 51.9K 80
Artemis Terry, living in her father's pack- Emerald Guardians located on the edge of the Romanian border. Artemis was an Alpha's daughter and yet she...
540K 18.2K 135
Read and find out...
121K 4.8K 31
As a person who's in great need of money, I have to work hard to earn for myself and my family - even working hard to make him cum. "Fuck, princess...