OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၆

21 2 0
By newkhonpai

'...'

ကျွန်တော့်ရဲ့လက်နှစ်ဖက်က ပူနေတယ်လို့ခံစားရတဲ့မျက်နှာကို အုပ်မိုးလိုက်သည်။ ပြီးတော့ သူ့ရဲ့မျက်လုံးတွေကို တစ်ချက်ငေးလိုက်တော့ သူ အိပ်ပျော်နေတာကို မြင်လိုက်ရသည်။ ဒါပေမယ့် သူ့ပုံစံလေးက ကျွန်တော့်ကို လေးနာရီနီးပါးလောက် အိပ်ယာခေါင်းရင်းပေါ်မှီပြီး ထိုင်သွားအောင် လုပ်နိုင်ခဲ့သည်။

စကားလေးတစ်ခွန်းလေးက ကျွန်တော့်အပေါ်မှာ အဲ့လောက်ထိ သက်ရောက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

သူက ဒါကို ဒီအတိုင်းလေးသာ ပြောလိုက်ပေမယ့်… ကျွန်တော်က ဘယ်လိုလုပ်အိမ်ကို ပြန်ရတော့မှာလဲ။

ကျွန်တော် ကျွန်တော့်ရဲ့အားနေတဲ့လက်တစ်ဖက်က သူ့ရဲ့ခန့်ညားတဲ့မျက်နှာပိုင်ရှင်ဖြစ်တဲ့ အိပ်နေတဲ့ကောင်လေးပေါ်က ဆံပင်လေးတွေကို အသာလေးသပ်တင်လိုက်သည်။ ပင်ပန်းနေတာတောင် ကလေးတစ်ယောက်နဲ့တူတဲ့ကောင်လေးကို ကြည့်ပြီး ကျွန်တော် အသာလေးပြုံးလိုက်မိသည်။

လွန်ခဲ့တဲ့လေးနာရီလောက်က သူ ကျွန်တော့်ကို ဒီမှာဘဲ အိပ်ဖို့တောင်းဆိုခဲ့တော့ ကျွန်တော် ဘာမှပြန်မဖြေခဲ့ဘူး။ Soloကတော့ သူ့မျက်လုံးတွေ မမှိတ်သွားဖို့ တိုက်ပွဲဝင်နေပြီးတော့ ကျွန်တော့်ကို ထွက်မသွားအောင် ကျွန်တော့်လက်တွေကိုပါ ဆုတ်ကိုင်ထားခဲ့သည်။ သူ့ရဲ့ပင်ပန်းနေတဲ့မျက်နှာကို ကြည့်ပြီးတော့ သူ့ကို မနိုးဖြစ်တော့ဘဲ သူ ဆုတ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေက မရုန်းမိခဲ့... ဒါပေမယ့် ဘယ်သူက ထင်မှာလဲ။ ကျွန်တော်က အိပ်မပျော်ဘဲ ဒီအတိုင်း ထိုင်နေမိမယ်ဆိုတာ...

ကျွန်တော် အိပ်မပျော်သေးဘူး။ အဲ့ဒါကြောင့် တစ်ခုခုလုပ်ဖို့ရှာရမည်။ ရေဝဲတစ်ကောင်လို ကုတ်ကပ်ထားတဲ့ ခွေးပေါက်ကြီးရဲ့လက်ထဲကနေ ကျွန်တော့်လက်ကို အသားလေးဆွဲထုတ်လိုက်ပြီးတော့ အိပ်ယာပေါ်ကနေ ဖြည်းဖြည်းလေး ထွက်သွားလိုက်သည်။

Soloရဲ့အခန်းကို သေချာစေ့စေ့စပ်စပ် ကြည့်လိုက်ပြီးတဲ့အချိန်မှာ သိလိုက်ရတာက သူ့ရဲ့အခန်းသည် ပုံမှန်အိမ်တစ်အိမ်ထက်တောင် အသုံးအဆောင်တွေက ပိုပြီး ပြီးပြည့်စုံနေသည်။ အခန်းလေးရဲ့ထောင့်နားလေးမှာ သက်တောင့်သက်သာနဲ့ ဂစ်တာထိုင်တီးလို့ရမယ့်နေရာလေးတောင် ရှိသေးသည်။ ဂစ်တာရဲ့ဆက်စပ်ပစ္စည်းများ ထားထားတဲ့နေရာတစ်ခုလည်း ရှိသည်။ ပြီးတော့ အဲ့မှာ ဂစ်တာသုံးလက်လည်း ရှိသည်။ ရိုးရိုးသာမန် Acousticဂစ်တာနှစ်လုံးနှင့် Electric ဂစ်တာတစ်လုံး... ဈေးကလည်း ကျွန်တော့်တစ်ဘဝလုံး အလုပ်လုပ်ရင်နေရင်တောင်မှ ဝယ်လို့ရမယ်မထင်မိ…

သူ့ရဲ့အခန်းက အပေါ်ဆုံးထပ်မှာလေ... အဲ့နေရာကနေဆိုရင် ကျွန်တော်တို့ အပြင်က ကာလာစုံနေတဲ့ရှုမျှော်ခင်းတွေကို ထင်ထင်ရှားရှားမြင်နေရသည်။ ကျွန်တော် တစ်ခါမှမမြင်ဖူးတဲ့ ရှုမျှော်ခင်းတွေပေါ့... အဲ့ဒီရှုခင်းတွေက ကျွန်တော့်ကို ထိုင်ပြီး အချိန်အတော်ကြာသည်အထိ ငေးမောနေမိအောင် လုပ်နိုင်သည်။

'Guitar…' အားမပါတဲ့ခေါ်သံကို ကြားလိုက်ရတာနဲ့ ထိုအသံပိုင်ရှင်ရဲ့ခန္ဓာကိုယ်က ကျွန်တော် ထိုင်နေတဲ့ဆိုဖာခုံပေါ်သို့ ကျလာသည်။

ကျွန်တော် အိပ်ယာပေါ်မှာ ရှိနေသင့်တဲ့ ကောင်လေးကို လှည့်ကြည့်လိုက်မိသည်။ ကျွန်တော် သူ့ရဲ့ပုံစံကို မြင်လိုက်ရတဲ့အခါမှာတော့ ရယ်ချင်စိတ်ကို လုံးဝထိန်းလို့မရ… ဆံပင်တွေ ရှုပ်ပွနေပြီး မျက်နှာက အိပ်ချင်မူးတူးဖြစ်နေသည်။ အဆုံးမှာတော့ မနေနိုင်စွာနဲ့ဘဲ ကျွန်တော် သူ့ရဲ့ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ကျွန်တော့်လက်လေးနှင့် သပ်တင်ပေးနေရင်း…

'ဘာလို့ နိုးလာတာလဲ'

'Guitarမှ အနားမှာ မရှိတော့တာ…' Soloက သက်ပြင်းချလိုက်ပြီးတော့ သူ့မျက်နှာကို သူ့လက်နှင့်သူ ပွတ်သပ်လိုက်သည်။ ပြောင်းလဲနေတဲ့စိတ်တွေကို ပြန်ညှိနေသလိုပေါ့...

'အစ်ကိုက အိပ်မပျော်လို့... အဲ့ဒါကြောင့် အစ်ကိုက ဒီမှာ လာထိုင်နေတာ... ဒီမှာ ထိုင်ပြီး အပြင်က ရှုခင်းကို ကြည့်နေတာ တော်တော်တောင်ကြာနေပြီ'

'ကျွန်တော် ဒီနေရာမှာ ဂစ်တာတီးရတာကို သဘောကျတယ်'

Solo သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်တာကို တွေ့လိုက်ရသည်။ ပြီးတာနဲ့ သူက ကျွန်တော့်ရဲ့ပေါင်ပေါ်သို့ အမြန်လှဲချလိုက်တာကြောင့် ကျွန်တော် သူ့ကို တားချိန်တောင်မရလိုက်… ကျွန်တော့်ပေါင်ပေါ်မှာ ခေါင်းလေးတင်ကာ လှဲနေပြီး ကျွန်တော့်ကို ကြည့်နေတာကြောင့် ကျွန်တော်ကလည်း ခေါင်းငုံပြီး ပြန်ကြည့်လိုက်မိသည်။

'So အိပ်မပျော်လို့လား' ကျွန်တော့်ပေါင်ပေါ်မှာ ရှိနေတဲ့ ခွေးပေါက်စလေးရဲ့ဆံပင်လေးတွေကို သပ်တင်ရင်း ပြောလိုက်သည်။

'ဒီလို အိပ်မှာလေ...' သူက ပြောပြီးတာနဲ့ ခန္ဓာကိုယ်ကို သက်တောင့်သက်သာအနေအထားဖြစ်အောင် ပြင်လိုက်ပြီး သူ့ရဲ့နူတ်ခမ်းလေးတွေက ကွေးတက်လာသည်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့မျက်နှာထားကို စူပုတ်ထားပြီး သူ့ရဲ့နူတ်ခမ်းထောင့်နားကို ကျွန်တော့်လက်ညိုးလေးနဲ့ ထောက်ထားလိုက်သည်။

'မျက်လုံးမှိတ်ပြီး အိပ်တော့လေ... ဘာလို့ အစ်ကို့ကို ကြည့်နေရတာလဲ'

ပြီးတာနဲ့ သူ့ရဲ့နူတ်ခမ်းထောင့်ပေါ် ထောက်ထားတဲ့ ကျွန်တော့်ရဲ့လက်ညိုးကို အသာလေးထိုးဆွလိုက်သည်။ ဒါပေမယ့် မမျှော်လင့်ဘဲ ကျွန်တော့်ပေါင်ပေါ်မှာ ခေါင်းတင်ပြီး အိပ်နေတဲ့ကောင်လေးက လှုပ်ရှားလာပြီးတော့ ကျွန်တော့်လက်ချောင်းလေးတွေကို အသာလေးကိုက်လိုက်သည်။

'မင်းက ခွေးလေးလား' အသာလေး ကိုက်လိုက်တာကြောင့် ကျွန်တော် မျက်မှောင်နည်းနည်းကြုတ်လိုက်မိသည်။ ပြီးတော့ ကျွန်တော့်လက်ချောင်းလေးက သူ့ရဲ့ပါးစပ်ထဲကနေ လွတ်မြောက်သွားခဲ့သည်။

'အရသာရှိတယ်'

'ငန်လွန်းလို့ သေလိမ့်မယ်'

'မငန်ပါဘူး'

'ဒီအတိုင်း ငြင်းနေပြီး... မအိပ်သေးဘူးဆိုရင် ထထိုင်ပါလား'

ကျွန်တော် ပြောလိုက်တာနဲ့ မျက်လုံးတွေ တန်းမှိတ်သွားပြီဖြစ်တဲ့ကောင်လေးရဲ့ နှာခေါင်းလေးကို အသာလေးဆွဲလိုက်သည်။ ကျွန်တော်လည်း စကားပြောပြီးတာနဲ့ သူ့ရဲ့ခေါင်းလေးကို အသာလေးပုတ်လိုက်ပြီး ဆိုဖာထိုင်ခုံပေါ်ကို အသာလေးမှီလိုက်သည်။ ကျွန်တော် ဒီဆိုဖာမှာ မရည်ရွယ်ဘဲ ဒီအတိုင်းလေး ထိုင်မိတာ.... ဒါပေမယ့် ဒီဆိုဖာကတောင် ကျွန်တော့်အဆောင်က အိပ်ယာထက်တောင် သက်တောင့်သက်တာ ရှိသေးသည်။

ကျွန်တော် ဘယ်အချိန်မှာ အိပ်ပျော်သွားသလဲဆိုတာ ကျွန်တော် မသိလိုက်ပါ။ ဒါပေမယ့် ကျွန်တော် ဆိုဖာခုံပေါ်ကနေ လေပေါ်ဝဲတက်နေသလို ခံစားလိုက်ရတဲ့အချိန်မှာ သတိနည်းနည်း ပြန်ဝင်လာတာကြောင့် မျက်လုံးကို အသာလေး ဖွင့်ကြည့်လိုက်သည်။ သို့သော် အရာအားလုံးက ဝေဝေဝါးဝါး...

ကျွန်တော့်ကို ချီပြီး ကုတင်ပေါ် ပို့ပေးနေတဲ့သူကို တွေ့လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ မှေးဆင်းလာတဲ့ မျက်ခွံတွေကို ပြန်မှိတ်ခွင့်ပြုလိုက်သည်။ ကျွန်တော့်ရဲ့နှဖူးပေါ်ကို အုပ်မိုးလာတဲ့ လက်ဖမိုးလေးရဲ့ အနွေးဓာတ်ကို ခံစားလိုက်ပြီးတဲ့အချိန်မှာတော့ ကျွန်တော် လုံးဝကို အိပ်ပျော်သွားခဲ့သည်။

'ကောင်းသောည ဖြစ်ပါစေ Guitar…'

..._...

ကျွန်တော် နိုးလာတဲ့အချိန်မှာတော့ Soloက အိပ်ယာပေါ်မှာ ရှိမနေ… ဒါပေမယ့် ရေချိုးခန်းထဲက ရေတွေ ကျနေတဲ့အသံကိုတော့ ကြားနေရသည်။ သူ ရေချိုးပြီးသွားတဲ့အခါမှာ တစ်ခုခုစားလို့ရအောင် လုပ်ပေးဖို့ မီးဖိုချောင်ထဲသို့ ထသွားလိုက်သည်။ ဟင်းချက်စရာတွေ အများကြီးတော့ မဝယ်ထားဘူး။ ဒါပေမယ့် ကံကောင်းတာက အသင့်စားထမင်းဘူးတွေ ရှိနေသည်။ ကျွန်တော် အဲ့ထမင်းကို နွေးလိုက်ပြီးတော့ ကြက်ဥကြော်နှင့် သာမန်အရွက်ကြော်လေးတို့ကို ပြင်ဆင်လိုက်သည်။ ပြီးတော့ ထမင်းနှစ်ပန်းကန်နှင့်အတူ စားပွဲပေါ်မှာ တက်လိုက်သည်။

Soloက အိပ်ခန်းထဲကနေ တိုးတိုးတိတ်တိတ်ထွက်လာသည်။ သူ့ရဲ့အပေါ်ပိုင်းက ဗလာကျင်းနေပြီးတော့ ဘောင်းဘီရှည်တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည်။ သူက သူ့ရဲ့ဆံပင်တွေကို အစိုအတိုင်း ဂရုမစိုက်ဘဲ ဒီအတိုင်းထားထားသည်။

'ဘာလို့ ဆံပင်တွေကို ခြောက်အောင် မသုတ်တာလဲ' ကျွန်တော် အိပ်ခန်းထဲဝင်လိုက်ပြီးတော့ သဘတ်အသေးလေးတစ်ထည်ကိုပါ ယူလာခဲ့သည်။

'ကျွန်တော် သူ့ဘာသာသူ ခြောက်သွားတဲ့အထိ ဒီအတိုင်းထားမလို့...'

ကျွန်တော သူ့ကိုယ်သူ ဂရုမစိုက်တဲ့စကားလုံးတွေ ကြားလိုက်ရတဲ့အချိန်မှာ သက်ပြင်းချလိုက်မိသည်။ သူ့ကို ခုံတစ်ခုံပေါ်မှာ ဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်ပြီးတော့ သူ့ဆံပင်တွေကို ခြောက်အောင် လုပ်ပေးနေမိသည်။

'မင်းက ခွေးလေးလား။ ခါလိုက်တာနဲ့ ခြောက်သွားမယ် ထင်နေတယ်ပေါ့...'

Soloရဲ့သနားစရာကောင်းတဲ့မျက်နှာလေးက သူ့ဆံပင်တွေကို ခြောက်အောင် သုတ်ပေးနေတဲ့ ကျွန်တော့်ကို ကြည့်နေသည်။ သူ့ရဲ့မျက်လုံးတွေက တောက်ပဝင်းလဲ့နေတာကြောင့် သူ့ရဲ့မျက်နှာလေးကို ကိုင်ကာ အောက်သို့ချလိုက်မိသည်။

'ဒါတွေက Guitarလုပ်ထားတာလား' သူက စားပွဲပေါ်က ပန်းကန်တွေကို ညွှန်ပြကာ ပြောနေသည်။

'နောက်တစ်ခါကျရင် ဟင်းချက်စရာတွေ ဝယ်ထည့်ထား... ကိုယ့်ဘာသာ ချက်စားလို့လည်း ရတယ်။ အသင့်စား အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းဘူး'

Soloက ကျွန်တော့်ရဲ့လက်ကို ကိုင်ပြီး ကျွန်တော့်ကို မော့ကြည့်လိုက်တဲ့အခါမှာ ကျွန်တော် ပြောခဲ့တာတွေကို နားလည်မိသွားသည်။

'Guitar ဒီကို ထပ်လာဦးမယ်ဆိုတဲ့ သဘောပေါ့...'

တွေ့တယ်မှတ်လား။ သူက လူလည်ကောင်...

'အစ်ကိုက...'

'ပြောတုန်းက စပြောပြီးတော့ ရပ်လိုက်တာက ချစ်စရာမကောင်းဘူးနော်...'

ချစ်ဖို့ကောင်းတဲ့ စကားလုံးတွေကြောင့် ကျွန်တော် ပြုံးမိလိုက်သည်။ ပြီးတဲ့အခါမှာ ကျွန်တော့်ရဲ့လက်က သူ့ရဲ့နှာခေါင်းလေးကို အသာလေးဆွဲလိုက်သည်။

'အစ်ကို့မှာ အချိန်ရှိခဲ့ရင်ပေါ့...'

Soloက ခေါင်းညိမ့်ပြပြီးတော့ သူ့နဲ့မျက်နှာချင်းဆိုင်နေရာမှာ ထိုင်ပြီး ထမင်း အတူတူစားခဲ့ကြသည်။ ကျွန်တော်တို့ စားလို့ပြီးသွားတဲ့အခါမှာတော့ ပန်းကန်တွေကို ဆေးဖို့အတွက် သိမ်းလိုက်သည်။ ဒါပေမယ့်လည်း ကျွန်တော် ပန်းကန်ဆေးတော့မယ့်အချိန်မှာ သူက ကျွန်တော့်ကို ရုတ်တရက် တားလာသည်။

'ဒီအတိုင်းထား ထားလိုက်... ခဏနေရင် အိမ်အကူတွေ လာဆေးလိမ့်မယ်'

ကျွန်တော် ခေါင်းကို ခါပြလိုက်ပြီးတော့…

'ကိုယ်က အားနေမယ်ဆိုရင် ကိုယ့်ဘာသာကို လုပ်သင့်တယ်။ အစ်ကိုက စားပြီးသားပန်းကန်တွေကို ဒီအတိုင်းထားတာ မကြိုက်တော့ အစ်ကို ဆေးရလိမ့်မယ်'

'အဲ့ဒါဆိုလည်း ကျွန်တော် ကူညီမယ်လေ'

ကျွန်တော် အံ့သြစွာနဲ့ Soloကို ကြည့်လိုက်သည်။ ဒါပေမယ့် သူ့ရဲ့လက်က ပန်းကန်တွေကို ဆေးနေရင်း ခဏခဏချော်ထွက်သွားတာကို ကြည့်နေရင်း ကျွန်တော် မထိန်းနိုင်တော့ဘဲ အသံထွက်ကာ ရယ်မိသည်။

'ဒီလို ဆေးရတယ်'

ကျွန်တော် ပန်းကန်တစ်ချပ်ကို ယူလိုက်ပြီးတော့ သူ့ကို ဘယ်လိုဆေးရမလဲဆိုတာကို ပုံဖော်ပြလိုက်သည်။ ကျွန်တော် တစ်ချိန်လုံး ပြုံးနေမိသည်။ စိတ်ဝင်တစား အားစိုက်မှုမရှိဘဲ တည်ငြိမ်နေကာ တောက်ပတဲ့မျက်လုံးတွေနဲ့ မျက်မှောင်ကပါ ကြုတ်နေတဲ့ သူ့ရဲ့မျက်နှာကို ကျွန်တော်ကြည့်နေမိသည်။

'So…' ကျွန်တော် စိုနေတဲ့လက်ကို အသာလေးခါလိုက်ပြီး စောနက ခေါ်လိုက်တဲ့နာမည်ပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။ 'အစ်ကို မင်းကို အဲ့လို ခေါ်လို့ရတယ်မှတ်လား'

'Guitar ကြိုက်သလို ခေါ်လို့ရတယ်'

ပုံမှန်အားဖြင့် လူတွေက သူတို့နာမည်ကို အတိုကောက်ခေါ်ကြတယ်။ အချို့ဆို နာမည်အရင်းထက်တောင် ပိုတိုတဲ့နာမည်တွေကို ခေါ်တဲ့သူတွေကိုလည်း ကျွန်တော် တွေ့ဖူးသည်။

'ဒီနေ့ အစ်ကို မနက်ပိုင်းအတန်း ရှိတယ်မှတ်လား။ ကျွန်တော် အစ်ကို့ကို အဆောင်လိုက်ပို့ပေးမယ်'

ကျွန်တော် Soloရဲ့အိမ်မှာဘဲ ရေးချိုးလိုက်ပြီး မနေ့က ဝတ်ထားတဲ့ အဝတ်တွေကိုဘဲ ပြန်ဝတ်လိုက်သည်။ သူက ကျွန်တော့်အဆောင်အထိ ပြန်လိုက်ပို့ပေးပြီးတော့ အဆောင်ရှေ့မှာဘဲ ကျွန်တော့်ကို စောင့်နေသည်။ ကျွန်ေ် သူ့ကို အထဲဝင်ဖို့ ပြောပါတယ်။ ဒါပေမယ့်လည်း သူက မဝင်ဘူးလို့ ငြင်းခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော်က လှေကားကို မြန်မြန်တက်လိုက်ပြီးတော့ အခန်းထဲကို ဝင်ကာ အကျီမြန်မြန်လဲ၊ လိုအပ်တာတွေ မြန်မြန်ယူပြီး အောက်သို့ မြန်မြန်ပြန်ဆင်းလာခဲ့သည်။ ကျွန်တော် သူ့ကို ကျွန်တော့်အခန်းထဲသို့ ဝင်ပြီး ကျွန်တော့်ရဲ့ နေထိုင်မှုပုံစံကို တကယ်ကြီးကို ကြည့်စေချင်သည်။ ကျွန်တော့်အခန်းက သေးငယ်ပြီးတော့ လေအေးပေးစက်တစ်ခုမှ မရှိတာတောင်မှ သူ့ကို အခန်းထဲကို ဝင်စေချင်သည်။

Soက ကားပေါ်ထိုင်စောင့်နေတာကဘဲ သူ့အတွက် သက်တောင့်သက်သာရှိမှာပါ။ ကျွန်တော် အောက်ထပ်ရောက်သွားတဲ့အချိန်မှာတော့ Soloက မတ်တပ်ရပ်နေကာ ကားကိုမှီပြီး ဖုန်းကို ဆော့နေသည်။ သူ့ရဲ့ခံစားချက်တွေ ကောင်းနေသလို သူ့ရဲ့မျက်လုံးတွေက မပြောင်းလဲစွာနဲ့ တလဲ့လဲ့တောက်ပနေသည်။

'So ဘာလုပ်နေတာလဲ' ကျွန်တော် မေးလိုက်မိသည်။ ဒါပေမယ့် သူက သူ့ရဲ့ဖုန်းကို ကျွန်တော့်ဆီ ပြလိုက်တဲ့အချိန်မှာတော့ ကျွန်တော် မနေတက်တော့… စိတ်ကို မနည်းထိန်းလိုက်ရသည်။

Admin Page Cute:

မင်မင်ဆီ ဓာတ်ပုံတွေ အများကြီးပို့လာတယ်။ ဒါပေမယ့် ဓါတ်ပုံတွေကို သေချာစစ်လိုက်ပြီးတဲ့အခါမှာ မင်မင်က အလှဆုံးတစ်ပုံကို ရွေးလိုက်ပါတယ်။ သူတို့က တကယ်တွဲနေကြပြီလား? ဘာလို့ အဲ့လောက်တောင် ဆွိနေရတာလဲ။ တစ်ယောက်လာပြောတာက N'Soloလေးက ပြုံးနေတာတဲ့… ဒါပေမယ့် သူတို့ ဓာတ်ပုံမရိုက်လိုက်ရဘူး။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အရမ်းလိုက်ဖက်လွန်းတယ်။

*ဓာတ်ပုံထဲမှာ ကောင်လေးနှစ်ယောက်က အကြည့်ချင်းဆုံနေကြသည်။ ထိုနှစ်ယောက်ထဲက ကောင်လေးတစ်ယောက်က ကျန်ကောင်လေးတစ်ယောက်ရဲ့လက်ကို ဆုတ်ကိုင်ထားသည်။ သူတို့ရဲ့ နောက်ခံပုံကတော့ ပွဲကြည့်နေကြတဲ့သူတွေ အများအပြား…

5.5k Likes. 1.9k Comments. 434 Shares.

ဗျူးတီး ဆက်စီ ဆူဇီ:

သူတို့အတွဲက တကယ်ဘဲ… N'Soloက တည်ငြိမ်ပေမယ့် P'Guiနဲ့ဆိုရင်တော့ အရမ်းကို လိုက်လွန်းတယ်။
#SoloGui

152 Likes. 18 Comments.

Ray Rayray:

ငါပြောသားဘဲ ငါတို့ကျောင်းရဲ့Moonကြီးက သူ့ရဲ့အသည်းလေးဆီ ထွက်ပြေးသွားတာပါဆို… @GuiJirayu @SoloSiwarokin

148 Likes. 58 Comments.

Anakin Skywalker: ငါပြောသားဘဲ…

Kao Ashira: မင်း ငါ့ကို ကျေးဇူးတင်သင့်တယ် @SoloSiwarokin

Anakin Skywalker: မင်းကို မပြောနဲ့လို့ မပြောထားဘူးလား Kao!!

Gee GeeGee: ဒါကြောင့် Soloက သူ့သီချင်းကို ရုတ်တရက် ချိန်းလိုက်တာလား။

Bee BeeBee: သေချာတာပေါ့ကွယ်… ပြီးတော့ သူ ဘာလို့ အဲ့သီချင်းကို လေ့ကျင့်ရတာလဲဆိုတာ ငါတို့ စပ်စုကြသေးတယ်လေ…

'So… ပွဲမတိုင်ခင်တုန်းက သီချင်းကို ချိန်းလိုက်တာလား'

ကျွန်တော် သူ့ကို ဖုန်းပြန်ပေးလိုက်ပြီး သိချင်စိတ်နဲ့အတူ ကျွန်တော် မေးလိုက်မိသည်။ Soloကတော့ ဘာကိုမှ မငြင်းတော့ဘဲ ခေါင်းသာညိမ့်ပြသည်။

'နောက်ဆုံးစာသားလေးကို Guitarကို ကြားစေချင်လို့…'

သူ ဘာလို့ အဲ့စကားကို နူတ်က လွယ်လွယ်လေး ထွက်လာရတာလဲ။

'ကိုယ် မင်းနဲ့ တွေ့ဆုံခဲ့တယ်…'

ကျွန်တော့်မျက်နှာ ပူလာတယ်လို့ ခံစားလိုက်ရတဲ့အချိန်မှာ ကျွန်တော် ကားပေါ်သို့ အမြန်ပြေးတက်လိုက်သည်။ Soloက ဒီအတိုင်း ဘာမှမပြောဘဲ အနောက်ကနေ လိုက်လာခဲ့သည်။ သူ ကျွန်တော့်ရဲ့အဆောင်ကို လိုက်ပို့တဲ့အချိန်က မနက်အစောပိုင်းဖြစ်နေတာကြောင့် လူသိပ်မရှိ… သို့သော်လည်း လူအချို့က ကြည့်နေကြသေးသည်။ ဒီလို ဈေးကြီးတဲ့ ဇိမ်ခံကားမျိုးကို ဘယ်သူမောင်းသလဲဆိုတာကိုပေါ့……

ရုတ်တရက်ပေါ်လာတဲ့ အတွေးကြောင့် တံခါးဖွင့်ဖို့ လုပ်နေတဲ့ ကျွန်တော့်လက်တွေက ရပ်တန့်သွားပြီး Soloကို လှည့်ကြည့်လိုက်မိသည်။

'So… အစ်ကို K Cafeမှာ နေ့တိုင်း မလုပ်တော့ဘူးနော်'

'Guitar အလုပ်လုပ်ရမယ့် အချိန်က ဘယ်အချိန်လဲ'

'ဒီနေ့ရယ်… မနက်ဖြန်ရယ်… ကြာသပတေးရယ်… မနက်ဆိုင်းတွေချည်းဘဲ…'

Soloကတော့ ကျွန်တော်ပြောတာကို ကြားလိုက်တာနဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူ မပျော်တော့သလိုမျိုးပေါ့…

'စာ အရမ်းကြိုးစားပြီး အလုပ်လည်း လုပ်နေသေးတယ်နော်'

'အစ်ကို အဆင်ပြေပါတယ်' ကျွန်တော် သူ့ကို ပြုံးပြလိုက်ပြီးတော့ သူ့ရဲ့ကြုတ်ထားတဲ့မျက်ခုံးနှစ်ခုကြားကို ကျွန်တော့်လက်ညိုးလေးနဲ့ အသာလေးထောက်လိုက်ပြီး… 'အရင်တုန်းကဆို အစ်ကိုက နေ့တိုင်းအလုပ်လုပ်ရတာ…ကျင့်သားရနေပြီ။ ဒါပေမယ့် အခုကျတော့ အစ်ကိုက ဘွဲ့ယူဖို့အတွက် အာရုံစိုက်ရတော့မယ်။ အဲ့ဒါဆို ဂျူနီယာလေးတွေလည်း အလုပ်လုပ်ဖို့ အခွင့်အရေး ရှိလာပြီလေ… ပြီးတော့ စနေနေ့က တစ်ရက်လုံး အားတယ်'

Soloက သက်ပြင်းချလိုက်ပြီးတော့ ကျွန်တော့်လက်ကို ဆွဲယူလိုက်ကာ ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေသည်။

'အစ်ကို တကယ်… လုပ်နိုင်ပါတယ်'

'Guitarမလုပ်နိုင်တော့ရင် ကျွန်တော့်ကို ပြောနော်…'

သူ့ရဲ့အသံက စိုးရိမ်နေတဲ့ပုံဖြစ်နေတာကြောင့် ကျွန်တော် မြန်မြန်ဘဲ ခေါင်းညိမ့်ပြလိုက်သည်။ ပြီးတော့ ကျွန်တော့်ရဲ့ ကျန်တဲ့လက်တစ်ဖက်က သူ့ရဲ့လက်အပေါ် ညင်ညင်သာသာလေး ပြန်အုပ်မိုးလိုက်သည်။

'နောက်မှ တွေ့မယ်နော်…'

'ခဏလေး… ကျွန်တော်လည်း ဆိုင်ကို လာခဲ့ဦးမယ်နော်'

ကျွန်တော် ကားပေါ်က ဆင်းလိုက်ပြီးတော့ လိုက်ပို့တဲ့ကောင်လေးကို လက်ပြနူတ်ဆက်မိသည်။ သူ့ကား ထွက်သွားတဲ့အထိ လက်ပြနေမိသည်။ အဲ့ဒီအချိန်မှာဘဲ ကျွန်တော့်ကို စိုက်ကြည့်နေသလို ထူးထူးခြားခြားခံစားလိုက်ရသည်။

ဒီနေရာက မေဂျာဆောင်အရှေ့မှာ ပြီးတော့ ဘယ်သူမှလည်း မရှိပါဘူး။

'အစောကြီးဘဲ ရှိသေးတယ်နော် Beer' စိတ်ပျက်ဖို့ကောင်းတဲ့ အသံအကျယ်ကြီးက ကျွန်တော့်အနောက်ကနေ ထွက်လာသည်။

'သူတို့က တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်သားဘဲ…' ထိုစကားကို ပြောလိုက်တဲ့သူက တစ်ခစ်ခစ်ရယ်နေရာက ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ပြီးတော့ သူ့က ကန်လိုက်တာကို ရှောင်လိုက်သည်။

'ငါ သတင်းတွေ လွတ်သွားပြီလား' အနောက်က လိုက်လာတဲ့အသံကတော့ မနေ့က ကျောင်းမတက်တဲ့သူရဲ့အသံ…

'ခဏနေပါဦးကွ မင်းကလည်း… တော်တော် စကားများတာဘဲ… Noh'

'အဲ့ဒါဆို ကားမောင်းလာတဲ့သူက ဘယ်သူလဲ။ Wine… အင်း… သူက ဓာတ်ပုံထဲကသူနဲ့ တစ်ပုံစံတည်း'

'ဟုတ်တယ်'

ကျွန်တော် ကျွန်တော့်အနောက်မှာ စကားပြောနေကြတဲ့ သူငယ်ချင်းတွေကို အသာလေးလှည့်ကြည့်လိုက်ပြီး စာသင်ဆောင်ထဲသို့ လမ်းလျောက်သွားလိုက်သည်။ သူတို့ ပြောနေကြတဲ့ ကြက်သီးထစရာကိစ္စတွေကို လျစ်လျူရှုထားမိသည်။ ဒါပေမယ့် ကျွန်တော်တို့ တော်တော်လေး လမ်းလျောက်လာတာတောင် သူတို့ ပေါက်ပေါက်ဖောက်နေတာက မရပ်နိုင်သေး… သေချာတာပေါ့… သူတို့ ပြောနေတဲ့အကြောင်းက ကျွန်တော့်အကြောင်းဘဲ…

'မင်း စကားအရမ်းများလှချည်လား Ai'Noh… စကားကို ကြည့်ပြောတာ ပိုကောင်းမယ်' ကျွန်တော် Nohကို လှည့်ကြည့်ကာ ပြောလိုက်တော့ သူက ပြန်ပြုံးပြသည်။

'ငါက ဘာကိုကြည့်ပြောရမှာလဲ။ မင်းအကြောင်းကိုလား'

'အင်း… ကြည့်ပြော… မဟုတ်ရင် Sunက မင်း ကောင်မလေးတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး နမ်းလုနီးပါး ဖြစ်သွားလဲဆိုတာ သိသွားလိမ့်မယ်'

'သူက ငါ့ကို လာနမ်းတာလေ…'

'ဒါပေမယ့် မင်း ကြောက်တယ်မှတ်လား။ ငါ Sunကို ပြောလိုက်မယ်ဆိုရင် သူက ငါ့ကို ယုံမှာဘဲ…'

ကျွန်တော် Nohနဲ့ ဝေးရာ စာသင်ဆောင်ထဲသို့ ပြေးဝင်သွားသည်။ Nohကတော့ ကျွန်တော့်ကို ကျိန်ဆဲဖို့ လုပ်နေသည်။ Sunဆိုတာကတော့ တိကုဌာနက… Nohရဲ့ ချစ်သူပေါ့… Nohက သူတို့နှစ်ယောက်တွေ့တိုင်း ကျွန်တော့်ကို ခဏခဏခေါ်သွားလေ့ရှိတာကြောင့် ကျွန်တော်နဲ့ Sunက ရင်းနှီးနေတာ… သူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်တွေက အရမ်းကို လိုက်ဖက်ညီလွန်းတဲ့အပြင် Sunကို ကျွန်တော် လေးစားသည်။ ဘာလို့လဲဆိုတော့ Sunက ကျွန်တော့်သူငယ်ချင်းNohအပေါ် အရမ်းကို သည်းခံနားလည်ပေးသည်။ Nohက အကျင့်စရိုက် နှစ်မျိုးရှိတဲ့သူလို့ ပြောရမလား။ မျက်နှာနှစ်ခုနဲ့သူလို့ ပြောရမလားတော့ မသိ။ သူက သူနဲ့ရင်းနှီးတဲ့သူတွေရှေ့ရောက်ရင် သူက ချစ်ဖို့ကောင်းအောင်၊ ချစ်စရာကောင်းအောင်၊ အားနည်းသယောင် လုပ်ပြတက်သည်။ ဒါပေမယ့် တကယ့်အစစ်မှန်ကတော့ သူက လုံးဝကို ပြသာနာလိုက်ရှာရတာကို ကြိုက်တဲ့ လူရိုင်းကောင်… သူ့ရဲ့ပုံစံဖြစ်စဉ်ကတော့ ရိုက်မယ်။ ပုတ်မယ်။ အဆုံးသတ်ကျရင် သူဘဲ တစ်ကိုယ်လုံးမှာ ဒဏ်ရာရမယ်။ ပြီးရင် သူ့မိန်းမSunက သူ့ကို အမြဲတမ်းစောင့်ပြီး ဆေးထည့်ပေးရတယ်။

အို!! စကားမစပ်… Sunဆိုတာ ယောကျာ်းတစ်ယောက်ပါ။ သူက Nohထက်ပိုပြီး အရပ်ရှည်တယ်။

အဲ့ဒီနေ့တုန်းက ဘားတစ်ခုထဲမှာ ကောင်မလေးချောချောတစ်ယောက်က Nohရဲ့ပုခုံးနှစ်ဖက်ကို ကိုင်ရင်း နမ်းနေတာ… ကျွန်တော်တို့ အားလုံးဆို အဲ့ဒါကို မြင်ပြီး ရှော့ရသွားခဲ့တာ… သူ အသိစိတ်ပြန်ဝင်လာတဲ့အချိန်မှာ ကောင်မလေးကို အခြားစားပွဲတစ်ခုဆီသို့ တွန်းထုတ်လိုက်ပြီး သူ့ခြေထောက်နဲ့ တက်နင်းဖို့ လုပ်လိုက်သည်။ အဲ့ဒါကို Beerက မြင်ပြီး အချိန်မှီတားလိုက်နိုင်တာကြောင့် ကံကောင်းသွားတာ… Beer ဒီလိုလုပ်လိုက်တာ ဘာလို့လဲဆိုတော့ Sunက အိမ်သာထဲက ပြန်လာတဲ့အချိန် မြင်သွားမှာ စိုးတာကြောင့်ဖြစ်သည်။ ကျွန်တော်တို့ အားလုံး Sunအထင်လွဲသွားမှာကို စိုးရိမ်နေမိသည်။ ဒါပေမယ့် ကံကောင်းစွာနဲ့ဘဲ Sunက ဘာမှမမြင်ခဲ့ဘူး။ Nohကလည်း ကောင်မလေးတစ်ယောက်ကို အကြမ်းဖက်လိုစိတ်မရှိပါဘူး။ အနမ်းတစ်ခုကြောင့် သူ့ရဲ့စိတ်တွေက အရမ်းကို အပြစ်ရှိသလို ခံစားသွားရပြီး အလွန်အကျွံတုန့်ပြန့်လိုက်မိရုံပါ။

'ကလေးတစ်ယောက်ရဲ့စားတာကို ခံရပါစေ… Ai'Gui!!'

Nohက အကျယ်ကြီးအော်ပြီး ပြောလိုက်သည်။ ဒါပေမယ့် သူ့ရဲ့အသံအနေအထားအရ သူနဲ့ ကျွန်တော် တော်တော်လှမ်းနေပြီဆိုတာ သိလိုက်ရသည်။ ကျွန်တော် ခြေလှမ်းတွေ ရပ်လိုက်ကာ သူတို့ဘက်ကို လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ ကျွန်တော့် အနားမှာ အမွှာနှစ်ကောင်… ဒါပေမယ့် သူတို့နှစ်ကောင်က ကျွန်တော့်အနားမှာ ရှိနေတာကို ကျွန်တော် မေ့သွားခဲ့သည်။

'မင်း ကျိန်စရာမလိုဘူး Ai'Noh! သူက ကလေးတစ်ယောက်ရဲ့ စားတာကို ခံဖူးပြီးသား ဟုတ်တယ်မှတ်လား Beer'

'မင်း ဒါကို အရင်ကတည်းက ပြောသင့်တယ်'

အခုအချိန်မှာ သူတို့တွေက အရမ်းကို လိုက်ဖက်ညီနေပြီးနေတော့ ဟာမိုနီကျနေသည်။

'ကလေးတစ်ယောက်ရဲ့ စားတာကို ခံရပါစေ!'

…_…

Continue Reading

You'll Also Like

19.9K 349 18
Jeremiah breaks up with Juliet over text, so she feels the need to clear her head. And what better way to go to the beach and listen to the waves in...
134K 5K 61
When two opposites attract. Star quarterback Jacob Perez, whose in love with his victim -- hermaphrodite, Chresanto August. Follow them and their jo...
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
10.6K 289 8
CEO. Suppapong... but everyone calls him Mr. S (and yes with the capital S stands for Sexy, Strict, Seductive and many more) he owns many business es...