OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

21.3K 1.4K 45

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၎

23 3 0
By newkhonpai

'ဘာလုပ်နေတာလဲ P'Gui'

ရုတ်တရက်ခေါ်သံကြောင့်လန့်သွားပြီး လက်ထဲကပန်းကို အိပ်ကပ်ထဲသို့ ထည့်မိသည်။ အိပ်ကပ်ထဲမှာ လက်ကို လှုပ်လှုပ်ရွရွ လုပ်နေမိသည်။

'အစ်ကိုက ဘာလုပ်နေလို့လဲ' ကျွန်တော့်ကို မေးလိုက်တဲ့သူက မယုံကြည်တဲ့အကြည့်နဲ့ ကြည့်နေတာကြောင့် မြန်မြန်ဆန်ဆန်ဘဲ ငြင်းလိုက်သည်။ ဒါပေမယ့် သူက ကျွန်တော် မပြောခင်မှာ တစ်ဖက်ကို လှည့်သွားပြီး… 'အဆင်သင့်ဖြစ်ပြီလား S'

Sဆိုတာက အင်ဂျင်နီယာမေဂျာကိုယ်စားပြု Moonပါ။ သူ့ကို ကျွန်တော် အခုမှ စတွေ့ဖူးတာ… ပထမနှစ်လေးတွေ အားလုံးက သူတို့ရဲ့နာမည်ကတ်တွေကို ဖြုတ်ထားကြသည်။ Soloတစ်ယောက်ကလွဲလို့ ဘယ်သူက ဘယ်မေဂျာကလဲဆိုတာကို မပြောပြတက်ဘူး။

'ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ… ဒါပေမယ့် နည်းနည်းစိတ်လှုပ်ရှားနေလို့…'

နည်းနည်းလေးတဲ့လား။ ဒါပေမယ့် သူ့ရဲ့နူတ်ခမ်းတွေက မတရားဖြူဖျော့နေသည်။ ပြီးတော့ နူတ်ခမ်းသားကို သွားတွေနဲ့ ကိုက်နေသည်။

Sက အခုချိန်မှာ သူ့စိတ်လှုပ်ရှားမှုနဲ့ သူဖြစ်နေတဲ့အတွက် ကျွန်တော် သူ့အကြောင်း စိတ်ဝင်စားနေတာကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အခုရောက်နေတာက အခန်းအသေးလေးဆိုသော်လည်း ဘာမှရှိမနေတာကြောင့် ကျယ်နေပုံရသည်။

ဒီပြဇာတ်ရုံမှာ ရှိတဲ့အခန်းတွေက အခန်းလေးတွေ အများကြီးအနေနဲ့ ထပ်ခွဲထားသည်။ အခုတော့ တစ်မေဂျာကို တစ်ခန်းနှုန်းနဲ့ ပြင်ဆင်ဖို့အခန်းတွေ ပေးထားသည်။ အခန်းတံခါးမှာ မေဂျာနာမည်တွေ ကပ်ထားလို့ တော်သေးတာပေါ့… အဲ့ဒါကြောင့် ကျွန်တော် အင်ဂျင်နီယာဌာနအခန်းကို ခြေထောက်ညောင်းနေအောင် ရှာစရာမလိုဘဲ လွယ်လွယ်နဲ့ ရှာလို့တွေ့ခဲ့တာ… ကျွန်တော် အခန်းထဲဝင်လိုက်တော့ Sရဲ့သူငယ်ချင်းဖြစ်တဲ့ ဒုတိယနှစ်က Moonနဲ့ ဝင်တိုက်မိသေးသည်။ Sကတော့ သူ့ရဲ့အဆင်သင့်ဖြစ်နေတဲ့စိတ်တွေက ပျောက်ဆုံးနေပြီ။

အလုပ်လုပ်ဖို့ စတင်ရတော့မယ့်အချိန်ရောက်ပြီ။ Ai'Rayကတော့ ကျွန်တော်နဲ့ Soloကို ကျေးဇူးတင်နေသည်။ ဒါပေမယ့် နောက်ဆုံးတော့ သူက ပန်းတွေပေါ် စတေကာကပ်နေတဲ့ အခြားသူတွေကို အကုန်ကပ်ပြီးတဲ့အထိ ကူညီဖို့အတွက် ကျွန်တော့်ကို ဆွဲခေါ်သွားသည်။ Soloကကျတော့ သူကားပေါ်က ဆင်းလိုက်တာနဲ့ ချက်ချင်းဆိုသလို လူတစ်ယောက်က ပြိုင်ပွဲအတွက်ပြင်ဆင်ဖို့ ဆွဲခေါ်သွားသည်။ ကျွန်တော် ဒီမှာနေပြီး ဘာအလုပ်မှမရှိမယ့်အတူတူတော့ ပန်းတွေကို ကူရောင်းပေးဖို့ဘဲ လုပ်လိုက်သည်။ ဒါပေမယ့် ကျွန်တော်က ဆိုင်ပြိုကျအောင် လုပ်လိမ့်မယ်ဆိုပြီး Ai'Rayက ပြောကာ ငြင်းလိုက်သည်။ အဲ့အချိန် ကျွန်တော်လည်း Moomဖြစ်ခဲ့ဖူးတယ်ဆိုတာ သတိရလိုက်သည်။ ပြီးတော့ ဒီပွဲကို နှစ်တိုင်း လာကြည့်တဲ့သူတွေရှိတာကြောင့် ကျွန်တော့်ကို သိပြီး ကျွန်တော့်နောက်လိုက်တဲ့သူတွေ ရှိမှာဘဲလေ… ကျွန်တော် Moonဆိုတဲ့ဆုကို ရခဲ့တာ သုံးနှစ်တောင်ကြာခဲ့ပြီဘဲ……

'P'Gui…'

'ဟမ်…'

'အစ်ကို စင်ပေါ်ရောက်တဲ့အချိန်မှာ စိတ်မလှုပ်ရှားဘူးလား'

ကျွန်တော် Sကို ကြည့်လိုက်မိသည်။ Sက ဖြူစင်တဲ့ကလေးပုံစံနဲ့တူနေတာကြောင့် ကျွန်တော် ရယ်လိုက်မိသည်။ သူ တစ်ချိန်လုံးစကားတွေ ပြောနေပေမယ့် အခုတော့ ဒူးနှစ်ဖက်ကို ပိုက်ပြီး ကျွန်တော့်ဘေးနားမှာ ထိုင်ကာ စိတ်ဓါတ်ကျနေတဲ့မျက်နှာနဲ့ လက်ချောင်းလေးတွေကို ကိုက်နေသည်။

'စိတ်လှုပ်ရှားတာပေါ့… ဒါပေမယ့် အဲ့ဒါက ဘာဘဲဖြစ်ဖြစ် လုပ်ကို လုပ်ရတော့မှာလေ… အများကြီးစဉ်းစားမနေနဲ့… မင်းအလှည့်ရောက်လာရင် ဒီအတိုင်း သူ့Flowလေးနဲ့လိုက်သွား…' ကျွန်တော် မလိမ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အဲ့လိုလုပ်ခဲ့တာ… ဒါပေမယ့် ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိလို့ ခလုပ်တိုက်တော့မလိုတောင် ဖြစ်ခဲ့သေးသည်။ အဲ့ဒါကိုတော့ ကျွန်တော် မပြောမိ…

'တကယ်တော့လေ… ကျွန်တော် ပြိုင်ပွဲရလဒ် သိရဖို့အတွက် စင်ပေါ်တက်စရာမလိုဘူး' Sက သူ့ဘေးနားမှာရှိနေတဲ့ ဂစ်တာကိုယူကာ ပြောလိုက်သည်။ ကျွန်တော် သိတာက ဒီပြိုင်ပွဲက မျှတတဲ့ ပြိုင်ပွဲ… သူ ဘာလို့ အဲ့လိုခံစားနေရတာလဲ။

'မင်းက ဘာလို့ အဲ့လိုထင်ရတာလဲ'

'ပထမတုန်းကတော့ ကျွန်တော် ယုံကြည်ချက်အပြည့်ရှိတယ်။ ကျွန်တော် အခြားမေဂျာတွေကို လိုက်မေးကြည့်တယ်။ ဘယ်မေဂျာမှ ဂစ်တာသမားတွေမပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မနေ့က ရီဟာဇယ်အတူတူလုပ်ကြတော့ ဆေးပညာမေဂျာMoon Jediပြောတာကို ကြားလိုက်ရတယ်။ ဂီတမေဂျာက Moonက ဂစ်တာသမားတဲ့…'

'ဒါပေမယ့် သူက ဂစ်တာတီးပြချင်မှ တီးပြမှာလေ…' အမှန်တိုင်းပြောရရင်တော့ Soloကို Talent Showမှာ ဘာလုပ်ပြမလဲဆိုတာ ကျွန်တော် မမေးဖူးဘူး။ အခု Sပြောတော့မှဘဲ အဲ့ခွေးပေါက်လေးက ဂစ်တာပညာကို သင်နေတယ်ဆိုတာသိရတာ… သူတို့ဌာနက ကျောင်းသားတွေကို အရည်အချင်းစစ်ပြီးမှ ခေါ်ယူတာမို့လို့ ဂီတမေဂျာက ကျောင်းသားအများစုက ကိုယ်ပိုင်အရည်အချင်းတွေရှိကြသည်။ ဒါ့ပြင် အဲ့ဌာနကလည်း ကျောင်းအတွက် နှစ်တိုင်းလိုလို ဂုဏ်ဆောင်ပေးနေကြ…

'ပထမတုန်းကတော့ ကျွန်တော်လည်း အစ်ကို့လို တွေးဖူးတယ်…' Sကတော့ ဂစ်တာကို ချလိုက်ပြီးတော့ စကားကို ဆက်ပြောလိုက်သည်။ 'အဲ့ဒါကြောင့် ကျွန်တော် သူ့ကို သွားမေးလိုက်တော့ သူက အဖြေအနေနဲ့ ခေါင်းညိမ့်ပြတယ်'

'အဲ့ဒါဆို အစ်ကိုတို့ ကောင်းကောင်းလုပ်ဖို့ လိုလာပြီပေါ့ကွ… ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစမ်းပါ…' ကျွန်တော်က အားပေးတဲ့အနေနဲ့ သူ့ရဲ့ပုခုံးကို အသာလေးပုတ်ပြီးပြောလိုက်သည်။

'ဟုတ်… ဒါပေမယ့် ကျွန်တော် စိတ်ပူတာ အဲ့ဒါတင် မဟုတ်ဘူး။ Soloက ပြိုင်ပွဲဝင်ပါမယ်လို့ ပြောလိုက်ကတည်းက နာမည်ကြီးနေတာ… သူနဲ့ စတွေ့တဲ့နေ့တုန်းကဆို သူ့ရဲ့အရှိန်အဝါကို ခံစားနေရတယ်။ သူက နက်ရှိုင်းပြီး ကြောက်စရာကောင်းတဲ့အရှိန်အဝါ… ကျွန်တော့်လို တောက်ပတဲ့အရှိန်အဝါလိုမျိုး မဟုတ်ဘူး။ ဘာလို့ သူ့ကို လူတွေက အားပေးကြတာလဲ မသိဘူး'

ဘာလို့လဲဆိုတော့ သူက ချောတာကို…

ဒါပေမယ့် နောက်ဆက်တွဲစကားကို စိတ်ထဲမှာဘဲ တွေးနေမိလိုက်သည်။ Sက စိတ်ဓာတ်ပိုကျသွားနိုင်တာကြောင့် ပါးစပ်ကနေ ထုတ်မပြောဖြစ်ဘူး။

'အစ်ကို ပြောတာ နားထောင်…' ကျွန်တော် ဂျူနီယာလေးရဲ့ပုခုံးနှစ်ဖက်လုံးကို ကိုင်လိုက်ပြီး ကျွန်တော့်ဘက်သို့ လှည့်လိုက်သည်။ 'မင်း လေ့ကျင့်ထားတာတွေကို အကောင်းဆုံးလုပ်ပြနိုင်ရမယ်။ တကယ်လို့ မင်းရှုံးသွားခဲ့မယ်ဆိုရင်တောင် စီနီယာတွေက မင်းအစား ဂုဏ်ယူကြမှာ… အစ်ကို ပြောတာကို နားလည်လား'

Sကတော့ စိတ်ငြိမ်သွားပုံရပြီးတော့ ကျွန်တော့်ကို ခေါင်းညိမ့်ပြလာတဲ့အချိန်မှာ ကျွန်တော်က သူ့ကို ပြန်ပြုံးပြလိုက်သည်။

'P'Gui… ကျွန်တော်နဲ့ ဝေးဝေးမှာနေပါလား အစ်ကို'

Sကတော့ စားပွဲအစွန်းရောက်သည်အထိ နောက်ဆုတ်လိုက်သည်။

'အစ်ကို့အပြုံးရဲ့အရှိန်အဝါက ကျွန်တော့်ကို လွှမ်းမိုးသွားလိမ့်မယ်'

…_…

ကျွန်တော် ရုတ်တရက် စိတ်ဖိစီးမှုကို ခံစားလိုက်ရသည်။ ကျွန်တော် ဘာလို့ ဒီနေရာမှာ ရပ်နေမိတယ်ဆိုတာကိုလည်း ကျွန်တော် နားမလည်နိုင်သေးဘူး။

ပြဇာတ်ရုံထဲက ခုံတွေကို တဖြည်းဖြည်းလူတွေနဲ့ ပြည့်လာသည်။ စင်အရှေ့မှာ ရှိနေတဲ့ ကြမ်းပြင်လွတ်ပါမကျန် သူတို့ နောက်လာမယ့်လူတွေကို ထည့်ပေးလိမ့်မည်။ တက္ကသိုလ်တစ်ခုလုံးက ကျောင်းသားတွေ ရှိုးပွဲကြည့်နေရသလိုပေါ့… ကျွန်တော် အခု ရပ်နေမိတဲ့ စင်အရှေ့ကနေရာက Staffတွေအတွက်နေရာ… ပွဲကြည့်တဲ့သူတွေနဲ့ ကျွန်တော်က စတီးတန်းတစ်ခုဘဲ ခြားတယ်။

လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်က Ai'Rayက ကျွန်တော့်ကို အခန်းထဲကနေ ဆွဲခေါ်လာပြီးတော့ နာမည်ကတ်ပြားကို ကျွန်တော့်ကို ဆွဲပေးသည်။ ဦးထုတ်နဲ့ အမဲရောင်အပေါ်ထပ်အကျီကို အတင်းဝတ်ခိုင်းပြီးတော့ စင်အရှေ့မှာ ကျွန်တော့်ကို မတ်တပ်ရပ်ခိုင်းထားသည်။ ကျွန်တော့်ကို ဒီကနေ လိုအပ်တာတွေလုပ်ပေးဖို့ ပြောပြီး သူက ထွက်သွားတာ… ဒါပေမယ့် ဒီထပ်ပိုပြီး စိတ်ရှုပ်စရာကောင်းတာက စတိတ်စင်အရှေ့မှာ ရပ်ခိုင်းတဲ့Staffတွေက ဘာလို့ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေရတာလဲ။

'အားလုံးဘဲ မင်္ဂလာပါ။ စာသင်နှစ် အစကနေပြီးတော့ ကြိုဆိုပါတယ်…' ပြဇာတ်ရုံတစ်ခုလုံး လွှမ်းခြုံသွားတဲ့ ကျယ်လောင်တဲ့အသံကြောင့် ကျွန်တော် MCမတ်တပ်ရပ်ပြီး စကားပြောနေတဲ့စင်ပေါ်သို့ လှည့်ကြည့်လိုက်မိသည်။

'ဒီနှစ်ပြိုင်ပွဲကတော့ အရင်နှစ်တွေအတိုင်းပါဘဲ… ဒီပြဇာတ်ရုံကြီးက လူတွေအများကြီးအတွက် အလုံအလောက်ရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ ပထမနှစ်လေးတွေကို မိတ်ဆက်ပေးမယ်။ ပြီးရင် စာသင်နှစ်အစပိုင်းကို ကြိုဆိုတဲ့ပွဲလည်း ရှိပါတဲ့အတွက်ကြောင့် အတန်းတိုင်းက လူတိုင်းပါဝင်လို့ရပါတယ်။ ထပ်လောင်းပြောရရင် MoonStarပြိုင်ပွဲပြီးသွားတာနဲ့ အားလုံးကို ဖျော်ဖြေပေးမယ့် ရှိုးပွဲတစ်ခုလည်း ရှိပါတယ်'

'ကဲ… အချိန်တွေ မဖြုန်းတော့ပါဘူး။ ပါဝင်ယှဉ်ပြိုင်ကြမယ့် MoonStarလေးတွေကို စင်ပေါ်ခေါ်လိုက်ကြရအောင်…'

MCစကားဆုံးတာနဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်က စတင်လာသည်။ ထို့နောက် ဌာနပေါင်းစုံက Moon Starလေးတွေက အတွဲလိုက် စင်ပေါ်မှာ လမ်းလျောက်နေကြသည်။ သူတို့ ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့တဲ့ လမ်းလျောက်နည်းအတိုင်းပေါ့… လူတွေအားလုံးက အလှအပတွေကြောင့် မူးမေ့နေကြသည်။ Sကတော့ သုံးတွဲမြောက်… ကျွန်တော့်ဂျူနီယာလေးတွေက ကောင်းကောင်းလုပ်နိုင်သားဘဲ… သူတို့ရဲ့မျက်နှာမှာ စိုးရိမ်ပူပန်နေမှုကို မတွေ့ရတော့…

'နောက်ဆုံးအနေနဲ့ ဂီတဌာနမှ Star Thichadaa Rungrojkit နဲ့ Moon Solo Siwarokinကို စင်ပေါ်သို့ ဖိတ်ခေါ်ပါတယ်'

အရင်ပြိုင်ပွဲဝင်တွေနဲ့ မတူညီတဲ့အဆင့်မျိုးနဲ့ ကျယ်လောင်စွာအော်နေကြသော အော်သံတွေကို စိတ်မဝင်စားမိ… စတိတ်ပေါ်မှာ ကျောင်းဝတ်စုံဝတ်ထားတဲ့အရပ်ရှည်ရှည်နဲ့ ကောင်လေးကိုသာ ကြည့်နေမိသည်။

Soloကတော့ Soloပါဘဲ… သူက ဆံပင်ပုံစံကို ကျောင်းဝတ်စုံနဲ့လိုက်အောင် ကျောင်းသားကောင်းတစ်ယောက်လို ဖီးသင်ထားသည်။ မျက်နှာက အရင်တုန်းကပုံစံလို ဘယ်သူ့ကိုမှ မပြုံးပြဘဲ တည်ငြိမ်ပြတ်သားနေသည်။ ပရိသတ်တွေဆီက အနိုင်ရဖို့မဲတွေအတွက် သူ ဘာမှမလုပ်ပြဘူး။ အံ့သြစရာကောင်းတာက သူ့နားကပ်ကို ဖြုတ်ထားဖို့အတွက် ဘယ်သူမှ မပြောခဲ့ဘူးလားမသိ… ဒါပေမယ့် အဲ့နားကပ်တွေက သူနဲ့အရမ်းလိုက်ဖက်ပြီး ကြည့်ကောင်းနေတယ်ဆိုတာတော့ ငြင်းလို့မရ……

သူ စင်ပေါ်တက်လာတဲ့အခါမှာ ပရိသတ်တွေအားလုံးကို လိုက်ကြည့်နေသည်။ ဒါပေမယ့် သူ့အကြည့်က ကျွန်တော့်ဆီ ရောက်သွားတဲ့အခါမှာတော့ ရပ်တန့်သွားခဲ့သည်။ စတိတ်ကအလင်းရောင်တွေနဲ့ ကျွန်တော့်ခေါင်းမှာ ရှိနေတဲ့ဦးထုတ်ကြောင့် သူ ကျွန်တော့်ကို မြင်ရရဲ့လားဆိုတာ မသေချာဘူး။ ဒါပေမယ့် သူ ကျွန်တော့်ကို မြင်မြင်၊ မမြင်မြင် ကျွန်တော် သူ့ကို ပြုံးပြလိုက်သည်။ 

ကျွန်တော် ပြုံးပြတာကို သူ မြင်လိုက်လို့လားတော့မသိ… သူ့ရဲ့နူတ်ခမ်းလေးက အသာလေး ကွေးတက်လာပြီး ပြန်ပြုံးပြလာသည်။ အဲ့ဒီအချိန် ရုတ်တရက်ဆိုသလိုဘဲ ပြဇာတ်ရုံကြီးတစ်ခုလုံး အော်သံတွေနဲ့ ပြည့်ကုန်သည်။

ပြိုင်ပွဲဝင်တွေအားလုံးက စင်အနောက်သို့ ပြန်သွားပြီး Talent Showအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်နေသည်။ Soloက စင်အောက်သို့ သွားနေတဲ့အချိန်မှာလည်း ကျွန်တော့်ကို နောက်တစ်ခါ ထပ်ကြည့်ပြန်သည်။ ဒါ့ပြင် သူ စင်ပေါ်မှာရှိနေတဲ့ တစ်ချိန်လုံးလည်း ကျွန်တော့်ဆီကနေ အကြည့်မလွဲခဲ့…

ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့ဆီကနေ အကြည့်မလွဲနိုင်ခဲ့ဘူး။

ခဏနေတော့ ကျွန်တော့်မေဂျာက Starက Moon Sနဲ့အတူ စင်ပေါ်တက်လာပြီးတော့ ဖျော်ဖြေကြသည်။ တစ်ယောက်က သီချင်းဆိုတယ်။ တစ်ယောက်က ဂစ်တာတီးတယ်။ အရမ်းကို ပြီးပြည်စုံတာဘဲ… ဂျူနီယာနှစ်ယောက်လုံးက စင်ပေါ်ကနေ ဆင်းသွားကြပြီးသည်။ သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့သည်။

အခု ပြိုင်ပွဲတွေရဲ့ Performanceတွေက စည်းမျည်းစည်းကမ်းမရှိ ကြိုက်သလို ပြသခွင့်ရှိသည်။ Starနဲ့ Moonနဲ့တွဲပြီး ပြိုင်မလား။ ခွဲပြီး ပြိုင်မလား။ ကြိုက်သလို ယှဉ်ပြိုင်ခွင့်ရှိသည်။ အချိန်ကတော့ အကန့်အသတ်မရှိ… ဒီလိုပွဲက နှစ်တိုင်း မိုးချုပ်မှ ပြီးလေ့ရှိတာလေ… အိမ်ပြန်ချင်တဲ့သူတွေကိုတော့ မတားထား… ဒီတစ်ခါက ဒီလိုပြိုင်ပွဲကို ကျွန်တော်လာတာ ဒုတိယမြောက်အကြိမ်ဘဲ… အရင်နှစ်တွေက အလုပ်ရှုပ်နေတာကြောင့် မသွားမိတာ… ကျွန်တော် ပထမဆုံးနဲ့ နောက်ဆုံးရောက်ခဲ့တဲ့အကြိမ်ကတော့ ကျွန်တော် ဝင်ပြိုင်သည့်နှစ်ဖြစ်သည်။

ဆေးပညာဌာနက ကျောင်းသားက ကနေရင်း သူ့အကျီကို ဆွဲချွတ်ကာ သူ့ရဲ့ကြွက်သားအလှတွေကို ပြသလိုက်သောကြောင့် ပရိသတ်တွေရဲ့အမှတ်တွေကို အများကြီး ရရှိသွားခဲ့သည်။

ဆေးပညာကျောင်းသားတစ်ယောက်က ဒီလိုမျိုး ပုံစံရှိသေးတာပဲဆိုတာကို ကျွန်တော် သိလိုက်ရသည်။

'အခုပြိုင်ပွဲက ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ နောက်ဆုံးFinalistသုံးယောက်ကို မေးခွန်းမမေးခင် ဂီတမေဂျာက Moonက သီချင်းသီဆိုမှာ ဖြစ်ပါတယ်။ ဂီတဌာနရဲ့Moonကို လက်ခုပ်သံတွေနဲ့ ကြိုဆိုလိုက်ရအောင်…'

MCကြေညာလိုက်တာနဲ့ ပြဇာတ်ရုံတစ်ခုလုံးက အမှောင်ကျသွားပြီးတော့ အလင်းရောင်ဖျော့ဖျော့လေး တစ်ခုတည်းကသာ စင်ပေါ်မှာ ကျရောက်နေသည်။ ဒါ့အပြင် ကျွန်တော် စင်ပေါ်မှာ ရှင်းလင်းဖို့အတွက် ပြေးလွှားနေကြတဲ့ လူအချို့ကို တွေ့လိုက်သည်။ အလင်းရောင် ပြန်ရလာတဲ့အချိန်မှာတော့ စင်အလယ်တည့်တည့်မှာရှိနေတဲ့ ခုံလေးနဲ့ မိုက်ကိုသာ အလင်းထိုးထားသည်။ ပြီးတော့ အဲ့ထိုင်ခုံလေးမှာ ရှပ်အကျီအမဲနှင့် ဘောင်းဘီအမဲကို ဝတ်ဆင်ထားတဲ့သူ တစ်ယောက်က ဂစ်တာကို ကျကျနနကိုင်ထားကာ ထိုင်နေသည်။

ဂစ်တာအသံလေး စည်းချက်ကျကျနဲ့ ထွက်ပေါ်လာတဲ့အချိန်မှာ ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားမိပြီးတော့ ကျွန်တော့်ရဲ့လက်ကလည်း သူ့အလိုလို ရင်ဘတ်ပေါ် တက်သွားခဲ့သည်။ ဘာလို့ Soloက ခေါင်းမမော့ဘဲ ပရိသတ်တွေကို မကြည့်ရတာလဲ။ ဂစ်တာအသံလေးက အရမ်းကောင်းပေမယ့် အတော်ကြာတဲ့အထိ သီချင်းဆိုသံက မကြားရသေးဘူး။

ဒါမှမဟုတ် သူက Talent Showအတွက် ဂစ်တာဘဲ တီးပြမှာလား။

"သူ့ကို မမျှော်လင့်ဘဲ တစ်နေ့မှာ တွေ့ဆုံခဲ့တော့…
စိတ်အရမ်းသက်သာရာရသွားတယ်…"

ကျွန်တော် အနောက်ဘက်ကနေ သီချင်းဆိုသံကို ကြားလိုက်ရတာကြောင့် စင်ပေါ်ကို လှည့်ကြည့်လိုက်မိသည်။ ဒီသီချင်းဆိုသံက စင်ပေါ်ကရှိနေတဲ့သူရဲ့ အသံမဟုတ်ဘူးဆိုတာတော့ သေချာသည်။ အဲ့ဒီအသံက ကျွန်တော့်အနောက်က စတီးတန်းမှာ ရှိနေတဲ့ ကောင်လေးတစ်ယောက်ရဲ့အသံ... အဲ့အသံက Soloတီးနေတဲ့ သံစဉ်နဲ့ လိုက်ဖက်အောင် သီဆိုနေသည်။ ပြီးတော့ အဲ့အသံလေးကဘဲ အားလုံးကို သီချင်းလိုက်ဆိုအောင် လှုံ့ဆော်ပေးနေတာ…

"မင်းက ကိုယ့်ရဲ့နှလုံးသား… မင်းကသာ အဖြေတစ်ခု…
မင်းကသာ ကိုယ့်နှလုံးသားက နောက်ဆုံး တောင်းဆိုတဲ့အရာ…
အရာအားလုံးက မင်းဘဲ…
မင်းကသာ အရာအားလုံးဘဲ…
နောက်ဆုံးတော့ ဒီနေ့မှာ... ကိုယ် မင်းနဲ့ တွေ့ဆုံခဲ့တယ်…"

Soloက တမင်သက်သက် ဒီလိုမျိုးလုပ်ဖို့ အစကတည်းက ရည်ရွယ်ထားတာလားဆိုတာ ကျွန်တော် သေချာမသိပေမယ့် ပြဇာတ်ရုံကြီးမှာ ပျံ့လွင့်နေတဲ့သီချင်းဆိုသံက မိုက်က အသံထက်တောင် ကျယ်လောင်နေသည်။

"သူ့ကို မမျှော်လင့်ဘဲ တစ်နေ့မှာ တွေ့ဆုံခဲ့တော့…
စိတ်သက်သာရာ ရသွားတယ်…
သူက ညအခါမှာ လင်းလက်နေတဲ့ ကြယ်တစ်ပွင့်လိုဘဲ…"

အားလုံး သီချင်းဆိုနေကြတဲ့အချိန်မှာ Soloက လုံးဝကို ခေါင်းမော့မလာ... ဂစ်တာကိုဘဲ စိတ်ဝင်တစားတီးနေတာ... သူ နည်းနည်းတောင် လှည့်မကြည့်...

"မင်းက ကိုယ့်ရဲ့နှလုံးသား… မင်းကသာ အဖြေတစ်ခု…
မင်းကသာ ကိုယ့်နှလုံးသားက နောက်ဆုံး တောင်းဆိုတဲ့အရာ…
အရာအားလုံးက မင်းဘဲ…
မင်းကသာ အရာအားလုံးဘဲ…
နောက်ဆုံးတော့ ဒီနေ့မှာ..."

ရုတ်တရက် ဂစ်တာတီးနေတဲ့အသံ ရပ်တန့်သွားသည်။ ထို့အတူ ပရိသတ်တွေအသံတွေလည်း တိတ်ဆိတ်သွားတာကြောင့် ပြဇာတ်ခန်းမကြီးတစ်ခုလုံး အပ်ကျသံတောင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ Soloကတော့ ဂစ်တာကို သူ့ဘေးနားက ခုံလေးမှာ အသာလေးချလိုက်တာကို ကျွန်တော် ကြည့်နေမိသည်။ အပြင်းအထန်လှုပ်ရှားနေတဲ့ နှလုံးသားတစ်စုံနဲ့အတူ Soloက မတ်တပ်ရပ်လိုက်ပြီး မိုက်ကို ကိုင်ကာ စတိတ်စင်အရှေ့သို့ လမ်းလျောက်လာနေသည်။

ပြီးတော့ သူ့ရဲ့မျက်လုံးတွေက ဘယ်နေရာကို မကြည့်ဘဲ ကျွန်တော့်ကိုသာ တစိုက်မတ်မတ်ကြည့်နေပြီး...

"ကိုယ် မင်းနဲ့ တွေ့ဆုံခဲ့တယ်…"

[เธอคือ - Mr.Lazy Feat. คิว ฟลัว]

'အား!!!!'

ပြဇာတ်ရုံတစ်ခုလုံး ကျွန်တော် နားမခံနိုင်လောက်အောင် အော်သံတွေနဲ့ ပြည့်ကုန်သည်။ စင်ရှေ့ထွက်ပြီး ဆိုလိုက်တဲ့စာသားလေးတစ်ကြောင်းလေးက ကျွန်တော့်ရဲ့ခေါင်းထဲမှာ ပဲ့တင်ထွက်နေလောက်အောင် အသံက ကြည်လင်နေသည်။ ကျွန်တော့်နှလုံးသားက ကျယ်လောင်စွာ ခုန်နေတာကြောင့် သူ ကြားသွားမှာကို ကျွန်တော် ကြောက်မိတဲ့အထိဘဲ…

ကျွန်တော် သူ့ရဲ့မျက်လုံးတွေကို စူးစိုက်ပြီး ကြည့်နေမိသည်။ သူကလည်း မတ်တပ်ရပ်နေတုန်းဖြစ်ပြီးတော့ ဘယ်ကိုမှ ကြည့်မနေ... ဘယ်လိုပြောရမလဲဆိုတော့ ကျွန်တော်က မဟူရာချောက်ကြီးက ဆွဲငင်သွားသလို ဆွဲဆောင်ခံထားရသလို ခံစားနေရသည်။ နောက်ဆုံးတော့ ကျွန်တော့်မျက်နှာက အရမ်းပူလာတယ်လို့ ခံစားလိုက်ရတာကြောင့် လက်တွေက မျက်နှာကို အုပ်လိုက်မိပေမယ့် ကျွန်တော် ဒီလို မလုပ်သင့်ဘူးလို့ ထင်မိသည်။ ဘာလို့လဲဆိုတော့ သူ ကျွန်တော့်ကို မြင်နေရတုန်းဘဲလေ...

Soloကတော့ စင်ပေါ် နောက်တစ်ယောက်တက်လာတာနဲ့ နောက်ဆုတ်သွားသည်။ ကျွန်တော် MCဘာတွေ ပြောနေလဲဆိုတာ ကျွန်တော် ဘာမှမသိ... ကျွန်တော်သိတာကတော့ ကျွန်တော် အဲ့ဒီသူတစ်ယောက်ကိုဘဲ တစ်ချိန်လုံးကြည့်နေခဲ့တာ... ကျွန်တော့်ခေါင်းထဲမှာတော့ ကျွန်တော် ဘာမှတွေးလို့မရတော့တဲ့အထိ သူဆိုလိုက်တဲ့စာသားလေးက ပဲ့တင်ထပ်နေတာကို ကြားနေရသည်။

Popularဆုအတွက် နှင်းဆီပန်းတွေပေးရန် အချိန်ရောက်လာတာကြောင့် ကျွန်တော် စတီးလက်ရမ်းတွေကို တွန်းဖယ်လိုက်သည်။ လူတွေက နှင်းဆီပန်းတွေပေးဖို့အတွက် ဘယ်လောက်ထိကြာအောင် တန်းစီနေကြလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် အချိန်ခဏလောက် ကြာသွားတဲ့အခါမှာတော့ Staffတွေက နှင်းဆီပန်းတွေကို စင်အနောက်ဘက်သို့ ပို့လိုက်ပြီး နောက်ဆုံးဖိုင်နယ်သုံးယောက်အတွက် အမှတ်တွေကို ရေနေသည်။ အဲ့သုံးယောက်ကို သူတို့ မေးခွန်းမေးမယ်။ ပြီးရင် ဆုကြေညာမယ်။

နောက်ဆုံးFinalistသုံးယောက်က ဘယ်သူလဲဆိုတာ ကျွန်တော် မသိလိုက်ဘူး။ Soloကို မေးနေတဲ့မေးခွန်းကြားမှ ကျွန်တော်ရဲ့အသိစိတ်က ပြန်ဝင်လာခဲ့သည်။

'ညီလေးအတွက် ပျော်ရွင်မှုရဲ့အဓိပ္ပာယ်က ဘာဖြစ်မလဲ'

Soloက မိုက်ကို ကိုင်လိုက်ပြီးတော့ စဉ်းစားဖို့အချိန်မယူတော့ဘဲ ထိုမေးခွန်းရဲ့အဖြေကို စကားလုံးအနည်းနဲ့ဘဲဖြေလိုက်သည်။

'Guitarပါ'

Soloပြောတာက သူတီးနေတဲ့ ဂစ်တာကိုပြောနေတာလားဆိုတာ ကျွန်တော် မသေချာဘူး။ ဒါမှမဟုတ် သူ ဘာကို ပြောချင်တာလဲ။ ဒါပေမယ့် အဲ့ဒီမျက်လုံးတွေက ကျွန်တော့်ကို စိုက်ကြည့်နေပြီးတော့ ဘာမှနားမလည်ပေမယ့် ကျွန်တော့်ကို ပြန်ပြုံးပြလာအောင်လုပ်နေသည်။

'Popularဆု ရရှိသွားတဲ့သူကတော့…'

ကျွန်တော် ဒီအတိုင်း မတ်တပ်ရပ်နေပြီးတော့ စင်ပေါ်မှာ ရပ်ကာ သမ်းနေတဲ့ကောင်လေးကို ကြည့်နေမိသည်။ ကျွန်တော် စင်ပေါ်မှာ သမ်းဝေနေတဲ့ ခွေးပေါက်လေးကို ကြည့်ရတာ နှစ်သက်မိတာကြောင့် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိခဲ့...

'ဆေးပညာဌာနက Jediပါ...'

ကျယ်လောင်တဲ့အားပေးသံတွေက ပြဇာတ်ရုံတစ်ခုလုံး ပြန့်လွင့်ကုန်သည်။ ဆေးပညာဌာနက ကောင်လေးက အကျီကို ချွတ်လိုက်တာနဲ့ အဲ့ကောင်လေးက အဲ့ဆုရဖို့က လုံးဝသေချာသွားပြီးသား... အဲ့ဒါကြောင့် သူအခုလို ဖိုင်နယ်သုံးယောက်စာရင်းထဲမှာ ပါလာတာ မအံ့သြမိ…

'နောက်ဆုံးတော့ Starနဲ့ Moonဆုကို ကြေညာပါမယ်။ အရင်ဆုံးအနေနဲ့ Starဆုကို ကြေညာပါမယ်'

ရလဒ်တွေကတော့ အရမ်းအံ့သြဖို့မကောင်းပါဘူး။ အနုပညာဌာနက တတိယဆုကို ရတယ်။ စီးပွားရေးဌာနက ဒုတိယ... ပထမဆုကတော့ ပွဲအစကတည်းက အားပေးမှုအပြည့်ရထားတဲ့ ဆေးပညာဌာနက Starက ရရှိသွားသည်။

'အခု Moonဆုကို ကြေညာပါမယ်။ 2nd Runner Upကိုတော့...'

ကျွန်တော် စင်ပေါ်မှာ ကျန်နေတဲ့လူသုံးယောက်ကို ကြည့်လိုက်သည်။ ကျွန်တော် မထိန်းနိုင်ဘဲ အသာလေးရယ်လိုက်မိသည်။ ဘာလို့လဲဆိုတော့ အဲ့ဒီသုံးယောက်လုံးက လုံးဝကို သိသိသာသာ ထင်ထင်ရှားရှားကွဲပြားနေတာကို…ဆေးပညာဌာနက Jediကတော့ လှုပ်လှုပ်ရှားရှားနဲ့ အကုန်လုံးကို ပြုံးပြနေသည်။ Sကကျတော့ စိတ်လှုပ်ရှားနေပြီး လက်တွေကို ဆုတ်ကိုင်ထားသည်။ အမဲရောင်ဝတ်စုံနဲ့ ပြိုင်ပွဲဝင် Soloကတော့ ဒီအတိုင်းသာ ရပ်နေပြီးတော့ ဘာကိုမှ စိတ်မဝင်စားတဲ့ပုံစံဖြစ်နေသည်။ ဒါပေမယ့် သူ့အကြည့်ကို ကျွန်တော် မရှောင်မချင်း သူက ကျွန်တော့်ကို စိုက်ကြည့်နေသည်။

'အင်ဂျင်နီယာမေဂျာက N'Sပါ...' ကျွန်တော်နဲ့ Sနဲ့အကြည့်ချင်းဆုံလိုက်တဲ့အခါမှာ ကျွန်တော် ပြုံးပြလိုက်မိသည်။ Sကတော့ အခုလို တတိယနေရာကို ရတာကို မကျေနပ်တဲ့သဘော မရှိသလိုဘဲ... အခု Sက စင်ပေါ်မှာ ချော်လဲမတက် ပျော်ရွင်နေတာကို တွေ့လိုက်ရသည်။ သူဖြစ်နေတဲ့ပုံစံကို ကြည့်ကာ Starတွေအားလုံးက ရယ်ကုန်ကြသလို ပရိသတ်တွေကလည်း သဘောကျစွာ ရယ်နေကြသည်။

'ပြီးတော့ ဒီနှစ်ရဲ့ Moonကတော့...'

စင်ပေါ်မှာ လေးပင့်ကာ မတ်တပ်ရပ်နေတဲ့ ကောင်လေးအစား ကျွန်တော် စိတ်လှုပ်ရှားမိပြီးတော့ လက်တွေကို တင်းကြပ်စွာ ဆုတ်ကိုင်ထားမိသည်။ ပြဇာတ်ခန်းထဲမှာ ရှိနေတဲ့လူတွေအားလုံးက မလှုပ်ရဲလောက်အောင် လုံးဝတိတ်ဆိတ်နေသည်။ လူတိုင်းကတော့ ကြေညာတော့မယ့် ဆုပိုင်ရှင်ကို သိချင်နေကြသည်။ ဆေးပညာဌာနက ရသွားနိုင်လား။ မရနိုင်ဘူးလား။

'ဂီတဌာနက Soloပါ...'

ကျွန်တော် Soloကို ကြည့်နေရင်း ဘယ်လောက်တောက် ပြုံးနေမိလဲဆိုတာ မသိတော့ဘူး။ ကျွန်တော် ခန်းမကြီးတစ်ခုလုံး ပေါက်ကွဲထွက်မတက်အော်နေကြတဲ့ အော်သံကြီးကို စိတ်မဝင်စားသလို MCသံကိုလည်း ဂရုမစိုက်မိ… ကျွန်တော် သူ့ကို ကြည့်ပြီး ပြုံးသာ ပြုံးပြနေသည်။ ငိုလည်း မငိုခဲ့သလို ဘာမှလည်း လုပ်မနေခဲ့ဘူး။

ဒါပေမယ့် ကျွန်တော် ပျော်ရွင်နေတာကို သူမြင်မယ်ဆိုတာ သေချာပါတယ်။

..._...

'ကျွန်တော်တို့က အားလုံးရဲ့ပျော်ရွင်မှုတွေကို ယူဆောင်လာပေးမယ့် ဂီတမေဂျာက ကျောင်းသားတွေပါ။ အတူတူပျော်ကြရအောင်!!!'

စင်ပေါ်က အဆိုတော်ရဲ့အသံက ဒီခန်းမထဲက ထွက်ဖို့လုပ်နေတဲ့ ကျွန်တော့်ခြေလှမ်းတွေကို ရပ်တန့်သွားစေပြီး ကျွန်တော့်ကို လှည့်ကြည့်အောင် လုပ်နေသည်။ ဘာလို့လဲဆိုတော့ အဲ့ဒီလူရဲ့အသံက Soloဂစ်တာတီးပြီး ဖျော်ဖြေနေတုန်းက ကျွန်တော့်အနောက်ကနေ ပထမဆုံး သီချင်းစဆိုတဲ့သူတစ်ယောက်နဲ့ တူနေတာကို… ပြီးတော့ တကယ်လည်း အဲ့ဒီလူဘဲ......

ပြီးတော့ အဲ့တုန်းက ဘာလို့ အကျယ်ကြီး အော်ဆိုရတာလဲ။ ဒါပေမယ့် သူက ဂီတဌာနကလေ... အဲ့ဒါဆို Soloနဲ့လည်း သိမှာဘဲ...

'Guitar…' အရမ်းရင်းနှီးနေတဲ့ အသံအောအောလေး… ကျွန်တော် လှည့်ကြည့်လိုက်တော့ စောနလေးတင်မှ Moonဆုရထားတဲ့ ကောင်လေးကို တွေ့လိုက်သည်။ သူ့ရဲ့မျက်နှာက အမြဲတမ်းလိုလို ပုံစံမျိုးဘဲ... တည်နေသည်။

'ဒီကို ဘာလာလုပ်တာလဲ' ပုံမှန်ဆို Moonဆုရထားတဲ့သူတစ်ယောက်အနေနဲ့ အခုချိန်က မအားနိုင်… ကျွန်တော် ဘေးဘယ်ညာကို မြန်မြန်ဆန်ဆန်ကြည့်လိုက်သည်။ ဘာလို့လဲဆိုတော့ လူအုပ်ကြီး လိုက်လာမှာကို ကျွန်တော် ကြောက်မိတာကို… ကျွန်တော်တို့ စတိတ်စင်အနောက်ဘက်မှာ ရှိတာဘဲ ကောင်းသည်။ ပြီးတော့လည်း ပရိသတ်တွေဘက်ကလည်း လုံးဝအမှောင်ကျနေတဲ့အပြင် မီးအလင်းကလည်း စတိတ်စင်တစ်ခုတည်းသာ ထိုးထားသည်။ အဲ့ဒါကြောင့် ကျွန်တော်တောင် သိပ်မမြင်ရ...

'ကျွန်တော် ထွက်ပြေးလာတာ…'

'ထွက်ပြေးလာတယ်'

'သီချင်း အရင်နားထောင်ရအောင်' Soloက ကျွန်တော့်အနားကပ်လာကာ တိုးတိုးလေး ကပ်ပြောလာသည်။ 'ခဏနေရင် ကျွန်တော် ပြန်သွားပါ့မယ်'

စတိတ်စင်ပေါ်က ဂျူနီယာက သီချင်းစဆိုနေပြီဖြစ်တာကြောင့် ကျွန်တော် ဘာမှမပြောတော့ဘဲ ခေါင်းညိမ့်ပြလိုက်သည်။ ထပ်ပြောရရင် ကျွန်တော်လည်း ဒီနေ့ ဘာအလုပ်မှမရှိ။ အဲ့ဒါကြောင့် နားထောင်ပြီး အေးဆေးနေဖို့ လုပ်လိုက်သည်။

Soloကတော့ သီချင်းလည်း လိုက်မဆိုသလို ဘာမှလည်း လုပ်မနေ... ကျွန်တော့်ဘေးနားမှာ ဒီအတိုင်းရပ်နေသည်။ ကျွန်တော်ကြပြန်တော့လည်း သီချင်းတွေကို သိပ်နားထောင်တက်တဲ့သူမဟုတ်… ဒါပေမယ့် လိုက်မဆိုနိုင်ဘူးဆိုပေမယ့် သီချင်းသံစဉ်တွေကို လိုက်ပြီး လှုပ်ရှားနေမိသည်။

စတိတ်စင်ပေါ်မှာဆိုနေတဲ့ Soloရဲ့သူငယ်ချင်းက တကယ်ကို ပါဝါအပြည့်ရှိသည်။ သီချင်းဆိုတာ တစ်စက္ကန့်တောင် မနားသွား... သီချင်း တစ်ပုဒ်နဲ့ တစ်ပုဒ်ကြားမှာလည်း နားတယ်ဆိုတာ မရှိ။ အားလုံးနားရည်ဝလောက်တဲ့သီချင်းတွေကိုသာ ဆိုနေပြီးတော့ ကြည့်နေတဲ့ပရိသတ်တွေအားလုံး စာသင်နှစ်အစမှာ ပျော်ရွင်စရာတွေကို အပြည့်အဝပေးနေသည်။

'ဒီသီချင်းကတော့... ချစ်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် ဆိုပေးတာပါ။ ဘယ်တော့မှ အရူံးမပေးပါနဲ့... ဆက်ချစ်ကြပါ။ ပြီးတော့လည်း အချစ်ခံရတဲ့သူတွေကိုလည်း ပြောချင်ပါတယ်...'

'နှလုံးသားက အရမ်းမမာပါနဲ့နော်…'

"အဲ့ဒါ အချစ်ကြောင့်ဖြစ်မယ် ထင်တယ်…
မင်းအနားမှာ ငါ့ကို ရပ်နေအောင် လုပ်နိုင်တာ…

အဲ့ဒါအချစ်ကြောင့်ဖြစ်မယ် ထင်တယ်…
ငါ့နှလုံးသားကို မရပ်တန့်သွားအောင် လုပ်ပေးနေတာ…

အခွင့်အရေးတွေ မရှိတော့တဲ့အချိန်တွေမှာတောင်…
ငါ့ဘဝမှာ ရှိတဲ့အရာတွေ ပျောက်ရှသွားတာတောင်…

'အချစ်'က ငါ့ကို ဆက်စောင့်နေဖို့ တောင်းဆိုနေတုန်းဘဲ…"

ကျွန်တော် ဘာဖြစ်လို့ ကျွန်တော့်လက်ကို လာဆုတ်ကိုင်နေတဲ့ လက်တစ်စုံကို မဖယ်မိရတာလဲ။ ကျွန်တော် လှည့်မကြည့်မိပေမယ့်လည်း သူက ကျွန်တော့ကို ကြည့်နေတယ်လို့ ခံစားနေရသည်။

"မင်း လက်ခံပေးတဲ့အထိ ငါပေးနေဦးမှာ…
မင်း လက်ခံပေးတဲ့အထိကို ငါ မင်းကို ချစ်တယ်လို့ ပြောနေဦးမှာ…

မင်းက ငါ့ရဲ့ပျော်ရွင်မှုဘဲ…
တကယ်လို့ အခု မင်းက လက်မခံဘူးဆိုရင် ငါ့ကို နောက်တစ်ခါ စခွင့်ပေးပါ…

ဘယ်နှစ်ကြိမ်ဘဲ ဖြစ်ပါစေ... ငါ အဆင်သင့်ပါဘဲ…

တကယ်လို့ အဆုံးသတ်ထိတောင်မှ မင်းရဲ့နှလုံးသားက မပြောင်းသေးဘူးဆိုရင် ရပါတယ်…
ငါ့ရဲ့နှလုံးသားက ဘယ်တော့မှ ပြောင်းလဲသွားမှမဟုတ်ဘူး…

တကယ်လို့ မင်းအတွက် ခုန်နေတဲ့ ငါ့နှလုံးသား ရပ်တန့်သွားမယ့်အချိန်ကို စောင့်ချင်တယ်ဆိုရင်…
ကမ္ဘာကြီး လည်ပတ်တာကို ရပ်တန့်အထိ မင်းစောင့်ရလိမ့်မယ်…"

ကျွန်တော့်လက်ကို တင်းကျပ်စွာဆုတ်ကိုင်ထားတဲ့လက်ကို ခါမချမိခဲ့ဘူး။ ပြီးတော့ သီချင်းပြီးသွားတာတောင် ကျွန်တော် သူ့ကို လှည့်မကြည့်မိဘူး။ ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော် ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ မသိဘူးလေ…

ဒါပေမယ့် ပုခုံးပေါ်ကျရောက်လာတဲ့ ထိတွေ့မှုကြောင့် ညင်သာစွာကိုင်ထားတဲ့ လက်တွေကို ကြည့်လိုက်မိသည်။ ထိုလက်ပိုင်ရှင်ကတော့ ကျွန်တော့်ရဲ့ပုခုံးကို အသာလေးမှီလိုက်တာကြောင့် သူ့ရဲ့အသံရှုနေတဲ့အငွေ့အသက်နွေးနွေးလေးက ကျွန်တော့်နားဖျားလေးကို လာရောက်ထိခတ်နေသလို ခံစားလိုက်ရသည်။

ပြီးတော့ သူ့ရဲ့ အသံအောအောလေးက စောနကဆိုပြီးသွားပြီဖြစ်တဲ့ စာသားအချို့ကို ပြီးတဲ့အထိ ပြန်ပြီး သီဆိုလိုက်သည်။

"မင်း လက်ခံပေးတဲ့အထိ ငါပေးနေဦးမှာ…
မင်း လက်ခံပေးတဲ့အထိကို ငါ မင်းကို ချစ်တယ်လို့ ပြောနေဦးမှာ…

မင်းက ငါ့ရဲ့ပျော်ရွင်မှုဘဲ…
တကယ်လို့ အခု မင်းက လက်မခံဘူးဆိုရင် ငါ့ကို နောက်တစ်ခါစခွင့်ပေးပါ…
ဘယ်နှစ်ကြိမ်ဘဲ ဖြစ်ပါစေ... ငါအဆင်သင့်ပါဘဲ…

တကယ်လို့ အဆုံးသတ်ထိတောင်မှ မင်းရဲ့နှလုံးသားက မပြောင်းသေးဘူးဆိုရင် ရပါတယ်…
ငါ့ရဲ့နှလုံးသားက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး…

တကယ်လို့ မင်းအတွက် ခုန်နေတဲ့ ငါ့နှလုံးသား ရပ်တန့်သွားမယ့်အချိန်ကို စောင့်ချင်တယ်ဆိုရင်…
ကမ္ဘာကြီး လည်ပတ်တာကို ရပ်တန့်အထိ မင်းစောင့်ရလိမ့်မယ်…"

[เพลงมันคงเป็นความรัก: STAMP]

_..._

Continue Reading

You'll Also Like

35.1K 2.4K 19
Type Web Novel (CN) Author(s) 东风几许 Artist(s) N/A Year 2018 Original Publisher jjwxc English Publisher N/A
22.2K 1.6K 28
I don"t own this manhua This is just fan translation Credit to original author or artist and lalamanga Tran by me
5.4K 155 28
This is a Rainbow High fanficiton that follows Ruby Anderson and Skyler Bradshaw after Color Block, where they try to navigate their way though the r...
572K 15.4K 51
Anxyus Thyme finds herself in tough situations going to Hogwarts school. Being born a death eater does not help her either and the fact that she is a...