OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၃

29 2 0
By newkhonpai

8:00 AM

'Ai'Gui! ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ' Rayက ခန်းမကြီးရဲ့ဝင်ပေါက်လောက်ကတည်းက တစ်လျောက်လုံးအော်ပြီးပြေနေတာကြောင့် လူတိုင်းက လှည့်ပြီး ကြည့်နေကြသည်။ ကျွန်တော် အရမ်းရှက်မိပြီးတော့ သူ နောက်ထပ်မအော်ခင် သူ့ဆီ ပြေးကာ သွားလိုက်ကာ…

/'ဒီနေ့ ကော်ဖီဆိုင်ပိတ်တယ်။ အဲ့ဒါကြောင့် ဒီကို ကူဖို့လာတာ'

'ဟင်? ဒီလေးနှစ်အတွင်းမှာ မင်း ကော်ဖီဆိုင်ကို ပိတ်ထားတယ်ဆိုတာ ဒီနေ့မှဘဲ ကြားဖူးတော့တယ်။ ထူးခြားတဲ့အကြောင်းပြချက်တော့ ရှိရမယ်' သူ့ရဲ့အသံက ကျွန်တော့်ကို နောက်နေတဲ့အသံဖြစ်နေတာကြောင့် ကျွန်တော် သဘောမကျတာကို ပြဖို့အတွက် သူ့ခေါင်းကို တွန်းထုတ်လိုက်သည်။

'ငါ ဂျူနီယာတွေကို လာတွေ့လို့မရဘူးလား'

'အဲ့တော့… မင်းက မင်းဌာနက ဂျူနီယာလေးကို လာတွေ့တာလား။ ဒါမှမဟုတ် ဂီတမေဂျာက ကောင်လေးကို လာတွေ့တာလား'

'မင်း ငါစောင့်ကန်တာကို ခံချင်နေပြီလား'

ကျွန်တော် စကားပြောပြီးတာနဲ့ Rayကတော့ ခန်းမကြီးထဲကို ပြေးကာ ဝင်သွားခဲ့သည်။

ကျွန်တော် သက်ပြင်းချလိုက်ကာ ခန်းမထဲသို့ ဝင်လာခဲ့သည်။ ဒုတိယနှစ် တတိယနှစ်အတွက် ဆိုင်းပိုဒ်လေးတွေ ချိတ်ဆွဲထားသည်။ ပြီးတော့ Staffအဖွဲ့တွေကတော့ ပွဲဖြစ်မြောက်ရေးအတွက် အသေအချာ ကြီးကြပ်စီစဉ်နေကြသည်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အင်ဂျင်နီယာမေဂျာက ဂျူနီယာလေးတွေကို မြင်တော့ သူတို့က ကျွန်တော့်ဆီလှည့်ပြီး နှုတ်ဆက်ကြသည်။ အလုပ်ကိုယ်စီဖြစ်နေကြတဲ့ အဖွဲ့တွေကပါ ကျွန်တော့်ကို ကြည့်ပြီး နူတ်ဆက်လာတာကြောင့် ဒါက သူတို့အတွက် အလုပ်ရှုပ်နေတဲ့ကြားထဲ ဝင်နှောက်ယှက်နေသလို ဖြစ်သွားကြောင်း ကျွန်တော် သိလိုက်ရသည်။ အဲ့ဒါကြောင့် ကျွန်တော်နဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ Ginနဲ့စကားပြောနေတဲ့ Rayဆီ သွားလိုက်သည်။

'ဘာကူပေးရမလဲ'

ကျွန်တော် Ginကို နှုတ်ဆက်လိုက်သည်။ ပြိုင်ပွဲမစခင်မှာ စိုးရိမ်နေတဲ့ပုံပေါက်နေတဲ့ သူငယ်ချင်းဖြစ်သူနား သွားလိုက်ပြီးတော့…

'မင်း တစ်ချက်လောက် ပတ်ပြီးစစ်ပေးပါလား။ ကျန်တာတွေကို ဂျူနီယာတွေ ဆက်လုပ်လိုက်လိမ့်မယ်' Ginကတော့ Rayပြောတဲ့အတိုင်း ခန်းမကို ပတ်ကာ စစ်ဆေးဖို့ပြင်လိုက်သည်။ 'ပြသာနာတစ်ခုတော့ ရှိသေးတယ်'

'ဘာလဲ'

ဖုန်းကို မနားတမ်းခေါ်နေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ Rayက သက်ပြင်းချလိုက်သည်။

'P'Gui…' Ginကတော့ Ai'Ray သူ့ဘာသာမရှင်းပြနိုင်တဲ့အကြောင်းကို ကျွန်တော့်ကို ပြောပြနေသည်။ 'ပန်းဆိုင်က သူတို့မှာ ပြသာနာတစ်ခုရှိနေလို့ ပန်းတွေကို လာပို့လို့ မရဘူးလို့ ဖုန်းဆက်လာတာ…'

'ပန်းတွေ?'

'အဲ့ဒါတွေကို မဲပေးတဲ့နေရာမှာ သုံးမလို့… ပန်းတွေကို ရောင်းပြီး ရလာတဲ့အမြတ်တွေကို ကျောင်းသားကောင်စီကို ပေးရမှာ… အဲ့ဒါကြောင့် P'Rayက အလောတကြီးဖြစ်နေတာ…'

ကျွန်တော် ချက်ချင်းခေါင်းညိမ့်ပြလိုက်သည်။ Rayက ကျောင်းသားကောင်စီရဲ့အဖွဲ့ဝင်တစ်ယောက်… ဒီလို ပွဲနေ့မျိုးမှာ ဒီလိုပြသာနာမျိုးနဲ့ ပက်ပင်းကြုံတွေ့ရတော့ သူ အလောတကြီးနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတာ မထူးဆန်း…

'သူတို့ပြောတာကတော့ လာပို့ဖို့ အခက်အခဲဖြစ်နေလို့တဲ့…' Rayကတော့ သူ့ဖုန်းကို အကြည့်မလွဲဘဲ ပြောလိုက်သည်။ 'ငါတို့ ပန်းတွေကို သွားယူဖို့ လူတစ်ယောက်လောက် ရှာရမယ်။ ဒါပေမယ့် ပြသာနာက ဆိုင်က အရမ်းဝေးနေတာဘဲ… ပြီးတော့လည်း ငါတို့က ၃နာရီ စရောင်းမှာ… ငါတို့ ရှာဖို့မဖြစ်နိုင်တော့ဘူး'

'အခြားဆိုင်တွေ မရှိတော့ဘူးလား' ကျွန်တော် သိချင်စိတ်နဲ့ မေးလိုက်မိသည်။ ဘာလို့လဲဆိုတော့ ပန်းဆိုင်တွေက ဒီလောက်အများကြီးရှိနေတာကို… အနည်းဆုံးတော့ တစ်ဆိုင်လောက်ကတော့ ကျွန်တော်တို့ကို ရောင်းမှာဘဲလေ…

'ငါတို့က ပမာဏနည်းနည်းလေးဘဲ မှာတာမဟုတ်ဘူးဆိုတာ မမေ့လိုက်နဲ့လေ…… ဒီနားက ဆိုင်တွေမှာက ငါတို့ လိုချင်တဲ့ပမာဏမရဘူး။ ပြီးတော့လည်း အဲ့ဆိုင်က ဈေးအသက်သာဆုံးဘဲ… အခုက သွားယူပေးမယ့်သူကို ရှာပြီးရင် ထိုင်ပြီး စတေကာလေးတွေ ကပ်ဖို့လုပ်လိုက်ရုံဘဲ'

စတေကာဆိုတာက ဒီပွဲမှာ မဲအတွက် သီးခြားလုပ်ထားတာဖြစ်ပြီး အကိုင်းမှာ ကပ်ထားမှာဖြစ်သည်။ ကျွန်တော်တို့နှစ်တုန်းကလည်း စတေကာကပ်ထားတဲ့ ပန်းတွေကိုဘဲ 'Popular Vote Award' ထဲ ထည့်တွက်တာ… ဒီနှစ်လည်း အတူတူပါဘဲ…

'အခု ဒီမှာ လူတွေရောက်နေပြီ။ ဒါပေမယ့် ဘယ်သူမှ မသွားချင်ကြဘူး' ကျွန်တော် သူ့ရဲ့ပုခုံးကို ပုတ်လိုက်သည်။ Ginကကျတော့ Rayရဲ့ ပုခုံးတွေကို နှိပ်ပေးနေသည်။ သူ့ရဲ့လက်ကတော့ ဖုန်းကို ကွဲကြေသွားမတက် ဆုတ်ကိုင်ထားသည်။

'လူတွေက မလာကြသေးဘူး။ ဘာလို့လဲဆိုတော့ မနေ့ညက နောက်ဆုံးရီဟာဇယ်ပြီးသွားလို့ သူတို့အားလုံးနီးပါး နေ့လည်လောက်မှာ လာကြမှာလေ… ပြီးတော့ လာတဲ့သူတွေကလည်း သူတို့တာဝန်နဲ့သူ… အဲ့ဒါကြောင့် သူတို့ကို အကူအညီတောင်းဖို့ အားနာနေတာ… ကားတစ်စီးရှိရင်လည်း ငါကိုယ်တိုင်သွားတယ်။ ဒါပေမယ့် အခုက ကားတွေက တစ်စီးမှ မအားဘူး။ ငါလည်း ဒီမှာ ရှိတဲ့သူတွေကို စောင့်ကြည့်ရမယ့်တာဝန်ကလည်း ရှိသေးတယ်'

တကယ်တော့ ကျွန်တော် သွားယူပေးချင်တယ်။ ကားကကျတော့ တစ်ယောက်ယောက်ဆီက ဌားလိုက်မယ်။ ဒါပေမယ့် ပြသာနာက ဘယ်သူဌားမှာလဲ။

'မင်းကျတော့လည်း မင်း ကားမောင်းလို့မရဘူးမှတ်လား။ Ai'Gui'

အဲ့ဒါဆို…

'Guitar…'

နူးညံ့ညင်သာတဲ့အသံ… အဲ့အသံကြောင့် ကျွန်တော့်အပြင် အခြားသူတွေကိုပါ နောက်ပြန် လှည့်ကြည့်လာနိုင်အောင် လုပ်နိုင်သည်။ Rayနဲ့ Ginပါ အပါအဝင်ပေါ့… သူတို့နှစ်ယောက်ရဲ့မျက်လုံးထဲမှာ စူးစမ်းချင်တဲ့စိတ်နဲ့ တောက်ပနေတာကို ကျွန်တော် တွေ့လိုက်ရသည်။

'ဘာလို့ အစောကြီး ရောက်လာရတာလဲ။ နေ့လည်မှ လာရမှာ မဟုတ်လား' ကျွန်တော် စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။ ဘာလို့လဲဆိုတော့ Soloက စီနီယာအစည်းအဝေးနဲ့ပတ်သတ်ပြီး ပြောပြထားတာကို မှတ်မိနေတာကြောင့် ဖြစ်သည်။

'ဘာလို့လဲဆိုတော့ Guitarက ဒီကို စောစောလာမယ်လို့ ပြောခဲ့တာကို…'

ကျွန်တော် မျက်တောင်တွေ မြန်မြန်ခတ်လိုက်ပြီး ဘေးနားမှာ ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ရှုပ်ထွေးနေပုံရတဲ့သူတွေကို ကြည့်လိုက်မိသည်။ ကျွန်တော် စောစောလာမယ်လို့ ပြောခဲ့တာ ဟုတ်တယ်။ ဒါပေမယ့် သူရော ဘာလို့ မနက်အစောကြီးလာရတာလဲ။

'အိုဟိုး… ရုတ်တရက် ပေါ်လာပါတယ်လို့ တွေးနေတာ… ဘာကြောင့်လဲဆိုတာ အခုမှပဲ သိတော့တယ်' Rayက စနောက်နေတဲ့အသံနှင့် ကျွန်တော့်ကို ပြောလာသည်။

'Solo မင်းမှာ ကားရှိတယ် မှတ်လား'

ကျွန်တော် Ginကို လှည့်ကြည့်လိုက်သည်။ Ginဆိုလိုချင်တာကို ကျွန်တော်သိသည်။ ဒါပေမယ့် ဘာမှနားမလည်တဲ့ကောင်လေးကတော့ ခေါင်းလေးကို ညိမ့်လိုက်သည်။

'P'Ray ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီထင်တယ်'

သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေပြီး အကြံတစ်ခုတည်း ထွက်လာကြသည်။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်ကို ကြည့်နေမိပြီး ခေါင်းသာ ခါမိလိုက်သည်။

ကျွန်တော် Soloရဲ့ကားကို တွေ့လိုက်ရတဲ့အခါမှာ Soloရဲ့သူငယ်ချင်းပြောတဲ့စကားတွေကို သတိရသွားသည်။ သူပြောသလို Soloက သူ့ကားကို ဘာကြောင့် ကျောင်းရဲ့အပြင်မှာ ရပ်ထားလို့မရမှန်း ကျွန်တော် သိလိုက်ရသည်။ ပြီးတော့လည်း ဒီကားကြောင့် ကျွန်တော့်ရဲ့ခန့်မှန်းထားတဲ့ ဒီကောင်လေးရဲ့ အဆင့်အတန်းအပေါ် ပိုပြီးယုံကြည်မှုရှိလာသည်။ ဒါက သာမန်အဆင့်အတန်းတောင် မဟုတ်ဘူး။ လုံးဝကို မီလီယံနာအဆင့်ဘဲ……

ဒါပေမယ့်လည်း ကျွန်တော် Soloကားပေါ်မှာ မထိုင်ခဲ့လိုက်ရပါဘူး။ Ai'Rayက ဒီကားက ပန်းတွေနဲ့ဆန့်မှာ မဟုတ်ဘူးပြောတာကြောင့် အခြားတစ်ယောက်ရဲ့Toyota Fortunerကိုသာ သူတို့ယူပြီး သွားခဲ့ကြသည်။

ကျွန်တော် Driverခုံမှာ ထိုင်ဖို့လုပ်နေတဲ့ကောင်လေးကို ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။ ဆိုင်က အရမ်းဝေးလွန်းတာကြောင့် ဒီကို နေ့လည်ခင်းအမှီ ပြန်ရောက်ဖို့မလွယ်… အဲ့ဒါကြောင့် ကျွန်တော် ငြင်းဖို့ လုပ်မလို့ဘဲ… ဒါပေမယ့် Ai'Rayက ကျွန်တော့်ကို ကားအနားသို့ အတင်းဆွဲခေါ်ပြီး အကူအညီတောင်းတာကြောင့် လက်ခံလိုက်ရသည်။ တကယ်လို့သာ ကျွန်တော်တို့ အချိန်မှီ ပြန်မရောက်လာခဲ့ရင် စီနီယာတွေရဲ့တီးဝိုင်းကို အရင်စထားမယ်လို့ ပြောလာသည်။ Soloကတော့ ဘာဆိုဘာမှမပြော… တိတ်တိတ်လေးနေပြီး ကျွန်တော်တို့ရဲ့အနောက်ကနေ လိုက်လာခဲ့တာ…

'Guitar…' Soloက ကျွန်တော့်ပါးစပ်အစွန်းလေးကို လက်ချောင်းထိပ်လေးနဲ ညင်သာစွာ ထိတွေ့လိုက်တာကြောင့် ကျွန်တော် တွန့်ခနဲဖြစ်သွားသည်။ ကျွန်တော် ထိုလက်ချောင်းတွေရဲ့ ပိုင်ရှင်ကို ကြည့်လိုက်ပြီး…

'ပြော…'

'ပြုံးလေ…'

သူ့ရဲ့စကားကြောင့် ဘာမှတောင် မစဉ်းစားမိဘဲ ပြုံးလိုက်မိသည်။

ကျွန်တော် ပြုံးပြီးသွားတာနဲ့ ကားထဲသို့ ဝင်ထိုင်လိုက်သည်။ သူပြောလိုက်တာက စကားလုံးလေးတစ်လုံးလေးထဲလေ… ဒါပေမယ့် အဲ့စကားလေးကို ကျွန်တော် နာခံမိပြီး လွယ်လွယ်ပြုံးမိသွားစေသည်။ ကျွန်တော် သိချင်နေမိတာက အခုပြုံးနေတဲ့သူက ကျွန်တော်လား ဒါမှမဟုတ် ဘေးနားက Huskyလေးလား။ တကယ်လို့ သူ့မျက်လုံးတွေ ပြန်ပြီး တောက်ပလာစေတယ်ဆိုတာကဘဲ တန်လွန်းသည်။

'ငြင်းလိုက်တာ ကောင်းမယ်။ ဘာလို့လဲဆိုတော့ ဆိုင်က အဝေးကြီး… အစ်ကိုတို့ အချိန်မှီ ပြန်ရောက်မယ်ဆိုတာမသေချာဘူး'

'အချိန်မှီရောက်စေရပါမယ်'

အဲ့ဒီအချိန်တုန်းက အဲ့စကားက သာမန်နဲ့မတူဆိုတာ ကျွန်တော် မစဉ်းစားလိုက်မိဘူး။ အဲ့စကားရဲ့အဓိကအဓိပ္ပာယ်နဲ့ ကျွန်တော် ထင်မိလိုက်တာနဲ့က လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

…_…

'Guitar~'

ကျွန်တော် အသံပိုင်ရှင်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ကျွန်တော့်ဦးနှောက်က ခဏလောက် အလုပ်မလုပ်သေးတာကြောင့် စိတ်က အရမ်းကို ရှုပ်ထွေးနေသလိုပင်… ကျွန်တော် အချိန်အနည်းငယ်လောက် ယူပြီးတဲ့အချိန်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

'Solo… နောက်တစ်ခါ အဲ့လောက်ထိ အမြန်မမောင်းနဲ့!'

ဒီရူးနေတဲ့ကောင်လေးက အသက်ဘယ်လောက်ကတည်းက ကားကိုစမောင်းခဲ့လို့ ဂတ်စ်ကို ဖွင့်ပြီး မိုင်ကုန်ဇွတ်မောင်းရဲတဲ့ သတ္တိရှိနေရတာလဲ။ သူ အမြန်မောင်းတာကြောင့် ကျွန်တော် ဖြုဖျော့နေပြီ။ ကိုယ့်ကိုယ်ကို သတိလည်အောင် မနည်းပြန်လုပ်လိုက်ရသည်။

Soloကတော့ ဘာမှမပြောဘဲ ခေါင်းသာညိမ့်ပြသည်။

ကျွန်တော် မျက်လုံးတွေကို လက်နှင့်ပွတ်သက်လိုက်ပြီး စိတ်နဲ့လူနဲ့ပြန်ကပ်အောင် လုပ်လိုက်သည်။ ပြီးတော့ နာရီကို ကြည့်လိုက်မိသည်။ ကျွန်တော့်ရဲ့နှလုံးခုန်သံတွေက မြန်ဆန်နေတုန်း…

9:15 AM

ကျောင်းကနေ ဒီနေရာကို မောင်းလာတာ တစ်နာရီလောက်ဘဲ ကြာတယ်! တကယ်ဆို ဒီနေရာကို အနည်းဆုံးနှစ်နာရီလောက် မောင်းရမယ်လို့ ကျွန်တော် ထင်ထားတာ... အဲ့ဒါကြောင့် လူတစ်ယောက်က တစ်နာရီတည်းနဲ့ မောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် တွေးခဲ့မိတာ... Soloမောင်းပုံမျိုးနဲ့သာ အချိန်ရောက်လာတာလို့ တွေးလိုက်မိသည်။

ကျွန်တော် ကားတံခါးကို ဖွင့်လိုက်ပြီးတော့ အနောက်က လူကို စောင့်မနေတော့ဘဲ ခပ်မြန်မြန် ဆိုင်ထဲသို့ သွားဖို့ ပြင်လိုက်သည်။ ပထမဆုံးအနေနဲ့ ကျွန်တော့်ခြေထောက်တွေ မြေကြီးကို ထိလိုက်တော့ ခံစားရတာ အရမ်းကို ကောင်းသည်။ ဒါပေမယ့် အခုတော့ ကျွန်တော် ထူးခြားစွာနဲ့ တုန်နေတယ်လို့ ခံစားရသောခြေထောက်ကြောင့် တစ်နေရာရာမှာ ထိုင်ချင်နေသည်။

'Guitar…'

ကျွန်တော်ရဲ့လက်ကို လှမ်းကိုင်လိုက်တဲ့ကောင်လေးကို လှည့်ကြည့်လိုက်သည်။ သူ့ရဲ့အသံက ကြောက်နေတဲ့အသံလို ဖြစ်နေတာကို ခံစားနေမိသည်။ ကျွန်တော် သူ့ကို ကြည့်မိလေလေ ရယ်ချင်လေလေဖြစ်လာသည်။ ဘာလို့လဲဆိုတော့ နားရွက်တွေနဲ့ အမြှီးတွေကို သနားစဖွယ်ဖြစ်အောင် အောက်ချထားတဲ့ ခွေးပေါက်လေးလို ဖြစ်နေပေမယ့် သူ မရရအောင် မျက်နှာကို တည်ထားတာကြောင့် ဖြစ်သည်။

ကျွန်တော့်ရဲ့အားနေတဲ့လက်တစ်ဖက်က ကျွန်တော့်အရှေ့က ကောင်လေးရဲ့ခေါင်းကို ညင်ညင်သာသာလေး ပုတ်လိုက်သည်။

'အစ်ကိုက ဒေါသထွက်နေတာ မဟုတ်ဘူး။ ဒါပေမယ့် နောက်အခါတွေကျရင် ကားကို အရမ်းမမောင်းနဲ့... အရမ်းအန္တရာယ်များတယ်'

Soloက နားရွက်လေးတွေ ထောင်လာပြီး အမြှီးကို လှုပ်လိုက်တဲ့Huskyလေးလိုဖြစ်သွားသည်။ သူ့ရဲ့လက်တွေက ကျွန်တော့်ကို အသာလေးဆွဲခေါ်ပြီး ကြီးမားတဲ့ဆိုင်ရှေ့ကို ခေါ်သွားသည်။

'ကြိုဆိုပါတယ်'

ကျွန်တော် ကောင်တာကနေပြီးတော့ ကြိုဆိုနေတဲ့ဝန်ထမ်းတစ်ယောက်ကို ပြုံးပြလိုက်ပြီး ဆိုင်ထဲကို လိုက်ကြည့်နေမိသည်။ ဆိုင်ထဲမှာတော့ သာမန်ပန်းဆိုင်တွေထက် ပမာဏအများအပြားရှိနေသည်။ အမျိုးအစားမတူညီတဲ့ပန်းမျိုးစုံက အစီအရီထားရှိနေပေမယ့်လည်း သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ် ခွဲထားထားသည်။ ဒါပေမယ့် ပန်းတွေရဲ့ ပမာဏနဲ့ ဆိုင်ရဲ့အကျယ်ကို ယှဉ်လိုက်ရင် နည်းနေသေးသလို ရှိနေတယ်လို့ ကျွန်တော် တွေးနေမိသည်။

'ကျွန်တော်က ×××တက္ကသိုလ်ကပါ'

'အို!!! Khun Guiလား? Ray ဖုန်းဆက်ထားတာတော့ ကြာပါပြီ။ အစ်ကိုက မင်းတို့ ဒီထပ်နောက်ကျပြီးမှ ရောက်မယ်ထင်နေတာ...' ဝန်ထမ်းက နာရီကိုကြည့်ရင်း ပြောလိုက်သည်။ ကျွန်တော် ဒီလို ကိုးရိုးကားယားဖြစ်နေတဲ့အနေအထားကြောင့် ရယ်သာ ရယ်နေမိပြီး ဒီကို အမြန်ရောက်အောင် လုပ်ခဲ့တဲ့ကောင်လေးဘက်ကို လှည့်ကြည့်လိုက်သည်။ 'အစ်ကို တကယ်တောင်းပန်ပါတယ်။ ဒီဆိုင်မှာက ကားတစ်စီးတည်းရှိတာ... အဲ့ကားကလည်း ဒီနေ့မနက်ကတည်းက သုံးစရာရှိလို့ ယူသွားပြီ'

'ရပါတယ်။ ပန်းတွေက ဘယ်မှာလဲ။ မြန်မြန်ပြီးသွားအောင် ကျွန်တော်လည်း ကူပေးမယ်လေ...'

'လုပ်စရာမလိုပါဘူး ငါ့ညီရာ... အစ်ကို့မှာ သယ်ပြီး တင်ပေးဖို့ အလုပ်သမားတွေ ရှိတယ်။ ငါ့ညီတို့က ဒီအထိ လာယူရတာတောင် ဒေါသမထွက်တာဘဲ အစ်ကို အရမ်း ကျေးဇူးတင်နေပါပြီ။ ကားတံခါးလေး တစ်ချက်လောက် ဖွင့်ပေးပါလား'

Soloကတော့ ခေါင်းညိမ့်လိုက်ပြီးတော့ ဆိုင်အပြင်ကို ထွက်သွားပြီး ကားတံခါးကို ဖွင့်နေသည်။ ဝန်ထမ်းတွေဝင်လာတော့ ကျွန်တော့်ကို နူတ်ဆက်ကြတာကြောင့် သူတို့ကို ပြန်နူတ်ဆက်လိုက်မိသည်။ ထိုဆိုင်ပိုင်ရှင်ကတော့ သူ့ရဲ့ဝန်ထမ်းတွေ နှင်းဆီပန်းစည်းကြီးတွေ သယ်နေတာကို ဂရုတစိုက် ကြည့်နေသည်။

'ဆိုင်ထဲက အငွေ့အသက်လေးတွေက ဘယ်လိုရှိလဲ ညီ'

Khun Peemက အရမ်းကြည့်ကောင်းပြီး ယဉ်ကျေးတဲ့သူတစ်ယောက်... ကျွန်တော့်ထက် နှစ်နှစ်ကြီးမယ် ထင်တယ်။ သူက စကားပြောလို့အရမ်းကောင်းတဲ့သူ... သူနဲ့ ကျွန်တော် စောင့်နေရင်းနဲ့စကားပြောနေတာ လုံးဝကို ပျင်းစရာမကောင်းသွားဘူး။ သူက အရမ်းကို နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်ဘဲ... ဒါပေမယ့် သူ့ရဲ့အပြုံးတွေက စီးပွားရေးသက်သက် ယဉ်ကျေးမှုအရသက်သက် ပြုံးနေသလိုပင်…

'အနံ့လေးတွေ အရမ်းကောင်းတယ်။ ပြီးတော့ သက်တောင့်သက်သာရှိသလို ခံစားရတယ်'

Khun Peemကတော့ သူ့ဆိုင်အကြောင်း ကောင်းကြောင်းပြောလိုက်တာကြောင့် အရမ်းကို သဘောကျနေပြီး အပြုံးကြီးပြုံးနေသည်။

'အစ်ကိုက ဒီဆိုင်ထဲကို လာတဲ့သူမှန်သမျှကို နွေးထွေးပြီး ဖော်ရွေတယ်လို့ ခံစားစေချင်တာ... ပန်းတွေ မဝယ်သွားရင်တောင်မှ ကာစတန်မာဆိုတာက အရေးအကြီးဆုံးဘဲလေ'

'ဆိုင်ထဲမှာပြထားတဲ့ ပန်းတွေက ဒီအတိုင်း သက်သက်ပြထားတာလား'

'ဆိုင်ထဲမှာတော့ ဒီလောက်ဘဲရှိတာ... ဘာလို့လဲဆိုတော့ ဒီဆိုင်ကို လာဝယ်တဲ့ ကာစတန်မာအများစုက ပမာဏအများကြီးကို မှာကြတာလေ... အဲ့ဒါကြောင့် သူတို့ကို ဥယျာဉ်ထဲမှာဘဲ လန်းလန်းဆန်းဆန်းဖြစ်အောင် ထားပြီး အော်ဒါရမှ သူတို့ကို ခူးတာ... အများကြီးတော့ ကြိုမခူးထားဘူး။ ဘာလို့လဲဆိုတော့ ဝယ်မယ့်သူမရှိရင် ပန်းတွေကညိုးကုန်မှာ... အရမ်းနှမြောဖို့ကောင်းတယ်။ ပန်းတွေ အားလုံးက အစ်ကို့အတွက်ကော ကာစတန်မာတွေအတွက်ပါ အဓိပ္ပာယ်အပြည့်ရှိတယ်။ အဲ့ဒါကြောင့် အစ်ကိုက သူတို့လေးတွေကို အတက်နိုင်ဆုံး ဂရုစိုက်ရတာပေါ့'

'အဲ့ဒါကြောင့် ပန်းတွေက အရမ်းလန်းဆန်းနေတာ...'

'ဟုတ်တယ်…'

'Guitar' ကားတံခါးနားမှာ ရပ်နေတဲ့ လူတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ကြည့်ကာ ကျွန်တော်နဲ့ Khun Peemတို့ စကားပြောနေတာကို သူ့အသံအကျယ်ကြီးနဲ့ ဖြတ်ပြောလိုက်သည်။ ကျွန်တော် ကားနောက်ပိုင်းကို ကြည့်လိုက်မိတော့ သူတို့ ပန်းထည့်တာ ပြီးသွားပြီဆိုတာကို သိလိုက်ရသည်။ ကျွန်တော်ကတော့ အဲ့ကောင်လေးကို 'နားလည်တယ်'ဆိုတဲ့ သဘောနဲ့ ခေါင်းကို ညိမ့်ပြလိုက်ပြီးတော့ ဘေးနားမှာရှိနေတဲ့ Khun Peemကို နှုတ်ဆက်လိုက်သည်။

'အဲ့ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦးနော်... ကျေးဇူး အများကြီးတင်ပါတယ်'

'နောက်တစ်ခါ ထပ်လာခဲ့နော် ငါ့ညီ' Khun Peemက ကျွန်တော့်ကို ပြုံးပြလိုက်သည်။ ပြီးတော့ သူ့ရဲ့အသံက နည်းနည်းကျယ်လာပြီး စကားကို ဆက်ပြောနေသည်။ 'ဒါမှမဟုတ် ငါ့ညီမှာ အချိန်ရှိမယ်ဆိုရင် အစ်ကို့ဆီ လာခဲ့လေ...ဆိုင်တစ်ဆိုင်ဆိုင်မှာ နေ့လည်စာဖြစ်ဖြစ် အတူတူသွားစားကြမယ်'

'Guiter!' အပြင်မှာရှိနေတဲ့ အသံပိုင်ရှင်ရဲ့အသံက အခုချက်ချင်းကားထွက်တော့မလို အလျင်လိုနေပြီး ဒေါသထွက်နေတဲ့အသံမျိုးဖြစ်နေသည်။ ကျွန်တော် Khun Peem တိုးတိုးလေးရယ်နေတာကို ကြားလိုက်ရသည်။ ဒါပေမယ့် လှည့်မကြည့်နေတော့ဘဲ ကျွန်တော် အပြင်ကို ထွက်ဖို့ပြင်လိုက်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို ဆိုင်အပြင်မှာရှိနေတဲ့ ကောင်လေးက စောင့်နေရတာ ကြာမှာစိုးလို့…

Soloကတော့ ကားမောင်းလာတဲ့ လမ်းတစ်လျောက်လုံး မျက်မှောင်ကြီးကြုတ်ထားသည်။ သူ ဒီအတိုင်းတိတ်တိတ်ဆိတ်ဆိတ်ဘဲနေနေတာတောင် ကျွန်တော် သူ့ရဲ့အလိုမကျတဲ့မှုတွေကို ခံစားလို့ ရနေသည်။ မီးပွိုင့်က အနီရောင်သို့ပြောင်းသွားတာကြောင့် ကားကို ရပ်လိုက်သည်။ ကျွန်တော် ကျွန်တော့်ဘေးနားက ကောင်လေးကို သေချာကြည့်ဖို့အတွက် အခွင့်အရေးတစ်ခုရလာပြီ။

'ဒီ နေရာလေး...' ကျွန်တော့်အရှေ့က ကောင်လေးရဲ့ မျက်မှောင်ကြုတ်ထားတဲ့ မျက်ခုံးနှစ်ခုကြား ကျွန်တော့်လက်ညိုးလေးနှင့် ထောက်လိုက်သည်။ ကျွန်တော် သူမျက်မှောင်ကြုတ်ထားတာ မပြေမချင်း ကျွန်တော်မလွှတ်မိ… ခဏနေတော့ ကျွန်တော့်အရှေ့ကကောင်လေးက မျက်မှောင်ကြုတ်ထားတာတွေ ပြေသွားသည်။ 'အစ်ကိုတို့မှာ အချိန်ရှိသေးတာဘဲ... အစ်ကိုတို့ တစ်ခုခုသွားစားရအောင်'

ကျွန်တော့်ကို ဘာမှပြန်မပြေဘဲ ခေါင်းသာညိမ့်ပြနေတဲ့ ခွေးပေါက်လေးကို ကြည့်ပြီး ကျွန်တော် ပြုံးလိုက်မိသည်။ ဒါပေမယ့် အဆင်မပြေသလိုခံစားနေရတဲ့ အခြေအနေက အခုဆို နည်းနည်း အဆင်ပြေနေတဲ့ပုံပေါ်နေတဲ့အတွက် ကောင်းတယ်လို့ ပြောလို့ရသည်။

Soloကတော့ ကျွန်တော်တို့တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ ကားကို ရပ်လိုက်သည်။ ကျွန်တော် ဒီဆိုင်ရှေ့ကို အမြဲတမ်းလိုလို ဖြတ်လျောက်နေကြ… ပြီးတော့ လူတော်တော်များများကလည်း ဒီဆိုင်က ဈေးကြီးတယ်ဆိုပြီး ပြောနေကြတာတွေကိုလည်း ကြားဖူးသည်။ ဒါပေမယ့် ကျွန်တော် တစ်ခါမှတော့ မစားဖူးဘူး။ ဒီအတိုင်း ဆိုင်အပြင်အဆင်နဲ့ ဆိုင်ရဲ့အငွေ့အသက်ကို ကြည့်ရုံနဲ့တင် ဒီဆိုင်က Luxuyပုံစံမျိုး... အဲ့ဒါကြောင့် ဈေးလည်း အရမ်းကြီးမှာဘဲ......

ကျွန်တော် မီနူးကို ကြည့်ပြီး မျက်လုံးတွေ အပြူးသားဖြစ်သွားသည်။ အချို့ဈေးနှုန်းတွေက အိမ်ပြန်ပြီး ဆန်ကွဲတွေဘဲ ထိုင်စားချင်လာအောင် လုပ်နိုင်သည်။ စောစောက ကျွန်တော် သူနဲ့ အတူတူစားဖို့ပြောတယ်ဆိုတာ ကျွန်တော်တို့ ပြန်အဆင်ပြေစေချင်လို့လေ... ဒါပေမယ့် မမျှော်လင့်စွာနဲ့ဘဲ ကားမောင်းသမားလေးက ဒီလို ဈေးကြီးတဲ့ စားသောက်ဆိုင်ကို ရွေးလိမ့်မယ်ဆိုတာကို မမျှော်လင့်ခဲ့ဘူး။

'အင်း... ဝက်သားထမင်းကြော်တစ်ပွဲနဲ့ ရေဘဲပေးပါ' အဲ့ဒါတွေက ဈေးအသက်သာဆုံးဖြစ်မယ်ဆိုတာ အသေအချာပေါက်ဘဲ...

ကျွန်တော် မီနူးစာအုပ်ကို ပိတ်လိုက်ပြီးတော့ စားပွဲထိုးဆီ ပြန်ပေးလိုက်သည်။ ကျွန်တော် Soloကို ကြည့်လိုက်တော့ Soloက ကျွန်တော့်ကို ပြန်ကြည့်နေသည်။ ပြီးတော့ Soloက ခေါင်းငုံ့ကာ မီနူးကို ခဏလောက်ကြည့်ပြီးတော့ ဟင်းလေးပွဲလောက်ကို အမြန်မှာလိုက်သည်။

'ကျွန်တော် ဝယ်ကျွေးမယ်'

'မရပါဘူး' ကျွန်တော် ချက်ချင်းဆိုသလို ငြင်းလိုက်မိသည်။ 'ကားမောင်း လိုက်ပို့ပြီးတော့ ပန်းတွေ ယူပေးတာဘဲ အစ်ကိုက ကျေးဇူးတင်နေပါပြီ။ ဝယ်ကျွေးစရာ မလိုပါဘူး'

'Guiter…'

'ပြောလေ'

ဒါပေမယ့် Soloက ဘာမှပြန်မပြောဘူး။ အဲ့အစား သူက သူ့အိပ်ကပ်ထဲမှာ ရှိနေတဲ့အဝါရောင်ကျူးလစ်ပန်းလေးကို ထုတ်လိုက်ပြီးတော့ ကျွန်တော့်ကို ကမ်းပေးလာသည်။

'အစ်ကို့ အတွက်လား။' ကျွန်တော် သူ့လက်ထဲက ပန်းကို ယူလိုက်မိသည်။

'အလဲအလှယ်အနေနဲ့ ကျွန်တော့်ကို ဝယ်ကျွေးခွင့်ပြုပါနော်…'

ပစ္စည်းတစ်ခုပေးပြီးတော့ ဝယ်ကျွေးပါရစေဆိုပြီး တောင်းဆိုနေတယ်။ အဲ့လို နည်းလမ်းမျိုး ဘယ်မှာရှိလို့လဲ။ ဒါပေမယ့် အဲ့ဒီလိုမျိုး ခံစားနေရသည့်တိုင် သူ့ရဲ့အသနားခံပြီး တောင်းဆိုနေတဲ့အသံလေးကြောင့် ကျွန်တော် မငြင်းနိုင်တော့တာ အမှန်...

'ဒီတစ်ခါတည်းနော်…'

..._...

သူတို့ စားသောက်ပြီးသွားတဲ့အခါမှာတော့ ကားဆီ ပြန်လာခဲ့ကြသည်။ ကျွန်တော့်ကို ပေးထားတဲ့ပန်းလေးကို ကျွန်တော် ကိုင်ပြီး ကြည့်လိုက်သည်။ ပြီးတော့ အဲ့ဒီပန်းအမျိုးအစားကို မသိတာကြောင့် စဉ်းစားနေမိသည်။

'Solo… ဒါက ဘာပန်းအမျိုးအစားလဲ'

ကျွန်တော့်ဘေးနားက ကောင်လေးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားတာကြောင့် ကျွန်တော်လည်း ရပ်လိုက်မိသည်။ ဘာလို့ရပ်သွားတယ်ဆိုတာ မသိတာကြောင့် ကျွန်တော် ဘေးကလူကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ Soloကလည်း ကျွန်တော့်ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

'လိမ္မော်ရောင် ကျူးလစ်'

ပြောနေရင်း သူ့ရဲ့ခြေတစ်လှမ်း ကျွန်တော့်ဆီသို့ ကပ်လာတာကြောင့် ကျွန်တော်တို့နှစ်ယောက် နီးကပ်စွာရှိနေကြသည်။

'သူ့ရဲ့အဓိပ္ပာယ်က...'

Soloက ကျွန်တော့်ရှေ့မှာ ရပ်လိုက်ပြီးတော့ ပါးပါးလေးပြုံးလိုက်သည်။ အဲ့အပြုံးကဘဲ ကျွန်တော့်ကို ရင်ခုန်အောင်လုပ်နေတာ…

'မင်းနဲ့ နီးစပ်နေရတာကို ပျော်ရွင်တယ်တဲ့…'

..._…

Continue Reading

You'll Also Like

17.2M 317K 46
Hayley Larson is the girl everyone wants to be. She is a model, has amazing friends, a perfect life. When her father is brutally murdered, her perfec...
5.4K 164 11
Cover Photo cred goes to Ress_03 or @ress2thousand on IG. Harry and Hermione are in love with each other and everyone knows it...except them. A hopef...
761 101 6
This is not my own story. This a fan translation. Credits to original author. And I got premission from English translator. English name-The Dog I Pi...
134K 5K 61
When two opposites attract. Star quarterback Jacob Perez, whose in love with his victim -- hermaphrodite, Chresanto August. Follow them and their jo...