OXYGEN - ออกซิเจน (မြန်မာဘာသာ...

By newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... More

Blah Blah
အပိုင်း ၀
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၁

733 48 1
By newkhonpai

'P'Gui Kha... Khimအလှည့်ချိန်းဖို့ လာပြီ'

ကျွန်တော် ညစ်ပတ်နေပြီဖြစ်တဲ့ အေပရွန်ကို ချွတ်လိုက်ကာ ထိုကောင်မလေးကို နှုတ်ဆက်လိုက်သည်။ ပြီးတော့ ကျွန်တော့်ရဲ့အဆိုင်း ပြီးသွားပြီဖြစ်တာကြောင့် ကျွန်တော်လည်း ကော်ဖီဆိုင်ထဲကနေ ထွက်သွားဖို့ ပြင်လိုက်သည်။ ဒီနေ့တော့ ကျွန်တော်က မနက်ပိုင်းအဆိုင်းမှာ လုပ်မယ့်သူက မလာတာကြောင့် ကျွန်တော် လုပ်လိုက်ရတာ...

ဒီနေ့ရာသီဥတုက အရမ်းကောင်းမွန်နေတာကြောင့် ခဏလောက် လမ်းလျောက်သင့်တယ်ဆိုပြီး ကျွန်တော် တွေးလိုက်မိသည်။ ကျွန်တော် ဒီလိုမျိုးအားလပ်ချိန်မရှိတာ ကြာနေပြီ။ အဲ့ဒါကြောင့် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။ ကျွန်တော့်ရဲ့ကျောင်းပိတ်ရက်တွေက ပုံမှန်လုပ်နေကြအတိုင်း အချိန်တွေကို ခွဲထားခဲ့သည်။ ပြီးတော့ အဲ့ဒီအချိန်ဇယားအတိုင်းဘဲ ကျွန်တော် နေ့တိုင်း ဖြတ်သန်းခဲ့ရတာ... ညဆိုင်းလုပ်ရင် မနက်ပိုင်းမှာ ကျွန်တော့်အချိန်တွေကို အိပ်ရင်း ကုန်ဆုံးမယ်။ စာသင်နှစ်စရင်တော့ ကျွန်တော်တို့ လုပ်ရတဲ့အဆိုင်းတွေက ပြောင်းကုန်သည်။ ဘာလို့လဲဆိုတော့ အချို့အချိန်ပိုင်းကျောင်းသားတွေ ကျောင်းပိတ်တုန်းက အိမ်ပြန်သွားကြပြီး စာသင်နှစ်စရင် ပြန်ပြီး အလုပ်ဆင်းတာကြောင့် ဖြစ်သည်။

ကလင်

ကော်ဖီဆိုင်ထဲသို့ ဝင်လာတဲ့ ကျွန်တော် ရင်းနှီးတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရတာကြောင့် လွယ်အိတ်ကို ပုခုံးပေါ် ဆွဲတင်လိုက်သည်။

'Ray?'

ကျွန်တော် ခေါ်လိုက်တဲ့သူကတော့ ဖုန်းကို ကြည့်ပြီး စာရိုက်နေရာကနေ ကျွန်တော့်ကို လှမ်းကြည့်လိုက် သည်။

'Ai'Gui!!' သူကတော့ မျက်လုံးတွေပိတ်တဲ့အထိ အားပါးတရပြုံးနေရင်း ကျွန်တော့်ဆီ ပြေးလာသည်။ 'မင်း ဒီမှာ ဘာလာလုပ်တာလဲ'

'မနက်ဆိုင်းလုပ်ရတာလေ... အခုတော့ အိမ်ပြန်တော့မလို့'

Rayကတော့ စိုက်ပျိုးမွေးမြူရေးမေဂျာ၊ စတုတ္ထနှစ် ကျောင်းသားတစ်ယောက်... ကျွန်တော်တို့နှစ်ယောက်က ကျွန်တော်တို့ပထမနှစ်တုန်းက ပြိုင်ခဲ့တဲ့ MoonStarပြိုင်ပွဲမှာ ခင်ခဲ့ကြတာ... အဲ့အချိန်တုန်းက Rayက သူ့ မေဂျာကို ကိုယ်စားပြုပြိုင်ခဲ့တဲ့သူ... ကျွန်တော် ကြားမိတာကတော့ Rayက ဒီနှစ်လုပ်မယ့်MoonStarပြိုင်ပွဲရဲ့ ဖျော်ဖြေရေးကို ဦးစီးရတယ်ဆိုဘဲ...

'အင်း... မင်းက အခု အနားယူနေတာပေါ့... ငါကတော့ မင်းကို မြင်တိုင်း အလုပ်လုပ်နေတာဘဲ တွေ့တယ်။ မင်း မပင်ပန်းဘူးလား'

'ငါ့မှာ နားဖို့အချိန်ရှိပါတယ်' ကျွန်တော့်ကို မယုံကြည်တဲ့ပုံစံနဲ့ ကြည့်နေတဲ့သူ့ကို မြင်လိုက်ရတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ 'မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ဂျူနီယာတွေအတွက်လား'

'အင်း... ဟုတ်တယ်။ ဒီနေ့ ငါတို့လို ကြီးကြပ်ပေးရတဲ့သူတွေက ဂျူနီယာတွေကို အအေးတစ်ခုခုနဲ့ မုန့်တွေ ကျွေးမလို့... ဒါပေမယ့် သူတို့ကို အခုတော့ နည်းနည်းလေးဘဲ ကျွေးထားမှာ... ဒီပွဲကြီး ပြီးတော့မှဘဲ သူတို့ကို ပါတီအကြီးကြီးလုပ်ပေးဖို့ စီစဉ်ထားတယ်။ အခု ငါက ကော်ဖီဆိုင်လာပြီး မှာတော့မလို့... အဲ့ဒါ သူတို့နားတဲ့ အချိန်အမှီ လုပ်ပေးလို့ရမလား'

Rayက သူချရေးထားတဲ့ စာရင်းကို ကျွန်တော့်ဆီပေးလိုက်ပြီး ကြည့်လိုက်ကာ နားလည်ပြီဆိုတဲ့ သဘောအနေနဲ့ ကျွန်တော် ခေါင်းညိမ့်လိုက်မိသည်။ ကျွန်တော် စာရင်းကို ကြည့်လိုက်မိတော့ အမျိုးအစားသုံးဆယ် ကျော်လောက် ရှိနေတာကြောင့် ကျွန်တော် အိမ်မပြန်ရသေးတာကိုဘဲ ကျေးဇူးတင်နေမိသည်။ မဟုတ်ရင် Khim တစ်ယောက်တည်း ဒီပမာဏကို လုပ်နိူင်မှာ မဟုတ်ဘူး။

Nong'Ray ဖုန်းကိုင်ပါ~ Nong'Rayဖုန်းကိုင်ပါ~

ကျွန်တော် သူ ပေးထားတဲ့စာရင်းကို ကြည့်နေတဲ့အချိန်မှာဘဲ ရုတ်တရက် မြည်လာတဲ့ သူ့ဖုန်းသံကြောင့် ရယ် လိုက်မိသည်။ Rayကတော့ လွယ်အိတ်ထဲကနေ ဖုန်းကို အသည်းအသန်ရှာပြီး ကိုင်လိုက်ကာ...

'အခုလား။ ဟုတ်... ဟုတ်... တွေ့လို့ရပါတယ်'

သူ ဖုန်းဆက်ပြီးသွားတော့ ကျွန်တော် လုပ်နေတာတွေ ရပ်လိုက်မိသည်။ သူကတော့ လွယ်အိတ်ကို ကိုင်ရင်း ကျွန်တော့်အနားကို လာကာ... 'ငါတို့ တွေ့ရတာ ဝမ်းသာပါတယ် သူငယ်ချင်းရာ... ဒါပေမယ့် ငါ့ကို အခု အရေးတကြီးလှမ်းခေါ်နေလို့'

ကျွန်တော် သူပေးထားတဲ့ စာရင်းရဲ့ ဈေးတွေကို မှတ်နေရင်း ခေါင်းညိမ့်လိုက်သည်။

'အမှီ ရမယ်'

'အဲ့ဒါဆို အဲ့ဒီ မှာထားတာတွေကို ရီဟာဇယ်လုပ်နေတဲ့နေရာဆီ ပို့ပေးပါလား။ ပြဇာတ်ရုံအကြီးဆီကိုလေ... သူတို့ အခု လမ်းလျောက်လေ့ကျင့်နေကြတာ... ဒီအတိုင်း ဝင်သွားပြီးတော့ ပေးပေးပါလား'

ဖိအားတွေများနေတဲ့ သူ့မျက်နှာကို ကျွန်တော် မြင်လိုက်မှတော့ ကျွန်တော် ငြင်းလို့ မရတော့... သူပြောတာကိုသာ ခေါင်းညိမ့် သဘောတူလိုက်သည်။ ပထမကတော့ ကျွန်တော်က လမ်းလျောက်မလို့ဘဲ... ဒါပေမယ့် အခုတော့ အော်ဒါတွေကို သွားပို့ရဦးမယ်။ အရှုံးမရှိဘူးလေ...

'ကျေးဇူးဘဲ သူငယ်ချင်းရာ' Rayကတော့ ကျွန်တော့်ဆံပင်တွေကို မွလိုက်ကာ ဆိုင်အပြင်ဘက်သို့ မြန်မြန် ဆန်ဆန် ထွက်သွားသည်။

ကျွန်တော့်ကတော့ ဝမ်းသာအားရဖြစ်နေတဲ့ Rayကို ကြည့်ပြီး ပြုံးလိုက်မိသည်။ ပြီးတော့ Khimကို မှာထားတဲ့ ကိတ်တွေကို boxထဲ ထည့်ခိုင်းလိုက်သည်။ ကျွန်တော်ကတော့ ကျန်တဲ့ သောက်စရာတွေကို ဖျော်ဖို့ အာရုံ စိုက်လိုက်သည်။

လက်တေး အအေး(သကြားထည့်)+လိမ္မော်ကိတ်...

Green Tea အအေး+လိမ္မော်ကိတ်...

နွားနိူ့နွေးနွေး+Crepesကိတ်...

ဟင်...

ကျွန်တော် မျက်တောင်ကို ခပ်မြန်မြန်ခတ်လိုက်ပြီး စာရင်းကို သေချာပြန်ကြည့်လိုက်သည်။ ဘယ်လိုဘဲ ကြည့်ကြည့် စကားလုံးတွေက အတူတူဘဲ......

နွားနိူ့နွေးနွေး+Crepesကိတ်

'P'Gui ဘာလို့ ပြုံးနေတာလဲ'

ကျွန်တော် Khimကို ကြည့်လိုက်မိသည်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဘာလို့ ပြုံးနေမိ လည်းဆိုတာကို မသိခဲ့မိဘူး။

..._...

ကျွန်တော် ပြဇာတ်ရုံရှေ့မှာ ပါကင်ထိုးလိုက်ပြီးတော့ အအေးတွေ မုန့်တွေ ထည့်ထားတဲ့ပလက်စတစ်ပုံးကို ချည်ထားသော ကြိုးတွေကို ဖြည်လိုက်သည်။

ပုံးက အရမ်းလေးပေမယ့် သယ်လို့ အဆင်ပြေပါသေးတယ်။

ပလက်စတစ်ပုံးကို ပြဇာတ်ရုံထဲကို သယ်လာသည်။ လက်မောင်းက နာလာတာကြောင့် ကျွန်တော် ပလတ်စ တစ်ပုံးကို ဝင်ပေါက်နံရံနား ကပ်ပြီး မှီလိုက်သည်။ ဒါပေမယ့် ကျွန်တော့်ကို မျက်နှာချင်းဆိုင်မှာ နောက်ကျောပေး ထိုင်နေကြတဲ့ ပထမနှစ်လေးတွေကို မြင်မိတော့ အသံမထွက်မိအောင် နေလိုက်သည်။ ဒီနေရာက Starတွေ စုနေတဲ့ နေရာဘဲ... ဒုတိယနှစ်က Starတွေလည်း ပါတယ်။ တတိယနှစ်နဲ့ စတုတ္ထနှစ်တွေရောဘဲ... သူတို့က လေ့ကျင့်နေတာကို မနှောင့်ယှက်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေကြတာ...

ပတ်လည်ထိုင်နေကြတဲ့ တတိယနှစ်ကျောင်းသားတွေက ကျွန်တော့်ကို မြင်တာနဲ့ ဂါရဝပြုကာ နှုတ်ဆက်ကြ သည်။ စတုတ္ထနှစ်ကျောင်းသားတွေကလည်း နောက်ကိုလှည့်ကာ ကျွန်တော့်ကို နှုတ်ဆက်ကြသည်။ အဲ့ဒါကြောင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ပြုံးသာပြလိုက်သည်။ ကျွန်တော် ဂျူနီယာတွေကို မြင်လိုက်တော့မှဘဲ ကိုယ့်ကိုယ်ကို အသက်ကြီးလာပြီမှန်း သတိထားမိလိုက်သည်။

'ရက်အနည်းငယ်မှာဘဲ ပွဲနေ့ကို ရောက်တော့မယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် နေထိုင် ကြပါ' ဒုတိယနှစ်က Moonဖြစ်သူ Ginရဲ့စကားသံကို ကြားလိုက်သည်။ အဲ့ဒီအသံက တိတ်ဆိတ်နေတဲ့ ဒီ ခန်းမကျယ်ကြီးထဲမှာ ကြားရတဲ့တစ်ခုတည်းသော အသံဖြစ်သည်။ ပတ်ဝန်းကျင်အနေအထားက အရမ်းကို ဖိအားတွေ များနေတာကြောင့် ကျွန်တော် ပထမနှစ်တွေအတွက် စိတ်မကောင်းဖြစ်မိသည်။

ကျွန်တော် နံရံကိုမှီပြီး တိတ်ဆိတ်စွာထိုင်နေတဲ့ ပထမနှစ်Moon၊ Starလေးတွေကို ကြည့်နေမိသည်။ ဒါပေမယ့် ရင်းနှီးတဲ့မျက်နှာတစ်ခုက သန်းနေတာကို မြင်လိုက်ရတော့ ကျွန်တော် အသာလေး ပြုံးလိုက်မိသည်။ သူ့ကို ကြည့်ရတာ အမြဲတမ်း အိပ်ချင်နေတဲ့ပုံဘဲ...

'အ့! P'Gui... မင်္ဂလာပါ'

Ginဘေးနားမှာ ရပ်နေတဲ့ ဒုတိယနှစ်Starဖြစ်သူ Janeက ရုတ်တရက် လှမ်းကြည့်လိုက်တဲ့အချိန်မှာဘဲ Janeက ကျွန်တော့်ကို မြင်သွားတာကြောင့် ဂါရဝပြု နှုတ်ဆက်လာသည်။ သူမ နှုတ်ဆက်လိုက်တာကြောင့်ဘဲ ခန်းမတစ်ခုလုံးက လူတွေအားလုံးရဲ့ အကြည့်တွေက ကျွန်တော့်ဆီ စုပြုံရောက်လာကြသည်။

'ပထမနှစ်တွေ... ဒါကတော့ စတုတ္ထနှစ်ရဲ့ Moon... P'Guiပါ'

'မင်္ဂလာပါ...' ဂျူနီယာတွေအားလုံးက ဂါရဝပြုပြီး နှုတ်ဆက်လာတာကြောင့် ကျွန်တော် ဘယ်လိုပြန်ပြီး နှုတ် ဆက်ရမလဲဆိုတာ မသိဖြစ်နေသည်။

အခုထိ ဘာမှမစားရသေးသလို နားချိန်တောင်မရသေးတဲ့ သူတို့လေးတွေရဲ့ ပင်ပန်းနေပြီး အသနားခံနေတဲ့ မျက်လုံးလေးတွေကို ကျွန်တော် တွေ့လိုက်ရသည်။ ပြီးတော့ ပထမနှစ်တွေရဲ့ နောက်က မျက်လုံးတစ်စုံကတော့ သူတို့တွေလို ပင်ပန်းပြီး အသနားခံနေတဲ့ပုံပေါက်နေပေမယ့် သူက ကျွန်တော့်ကိုဘဲ ငြိမ်သက်စွာ ကြည့်နေတာ... တကယ်လို့သာ ကျွန်တော် သူတို့ရဲ့မျက်လုံးတွေကို လျစ်လျူရှုလိုက်ရင် ကျွန်တော် အရမ်း ရက်စက်ရာကျသွားပြီ။

'အစ်ကိုက ဒီကို မုန့်လာပို့တာပါ။ ညီတို့ ညီမတို့ အရင်နားလိုက်ရင် ဘယ်လိုလဲ။ အဲ့ဒါ ပိုကောင်းမယ်ထင်တယ်' ကျွန်တော် Ginကို ပြုံးပြကာ ပြောလိုက်သည်။ ဘာလို့လဲဆိုတော့ Ginက ဒီမှာ သူတို့ကို အကြံဉာဏ်ပေးပြီး တာဝန်ယူထားရတဲ့သူလေ...

'ရတယ်လေ P'Gui' Ginက ကျွန်တော့်ကို ပြောပြီးတာနဲ့ ပထမနှစ်တွေဘက်ကို လှည့်လိုက်ကာ... 'အစ်ကို မင်းတို့ကို တစ်နာရီနားဖို့ အချိန်ပေးမယ်။ နေ့လည် ၃နာရီဆိုရင် ဒီမှာဘဲ ပြန်ဆုံမယ်။ ဒီထဲကနေ တစ်ယောက်မှ ထွက်မသွားကြပါနဲ့... တက်နိူင်ရင် ဒီမှာဘဲ နေပေးကြပါ။ အစ်ကိုတို့က မင်းတို့အတွက် အဆာပြေ မုန့်တွေ ဝယ်ထားပေးတယ်'

ဒုတိယနှစ်ကျောင်းသားတွေက ပလက်စတစ်ပုံးထဲက အအေးတွေ မုန့်တွေ ထုတ်လိုက်သည်။ ပြီးတော့ အခုမှဘဲ အသက်ပြန်ရှင်လာတဲ့ ပုံစံတွေ ဖြစ်နေကြတဲ့ ဂျူနီယာတွေကို ပေးနေသည်။ ကလေးတွေကတော့ လက်အုပ်ချီကာ မျက်ရည်ကျမတက် ကျေးဇူးတင်နေကြသည်။

ကျွန်တော် သူတို့ရဲ့လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ နာမည်ကတ်ပြားလေးတွေကို ကြည့်နေမိသည်။ တစ်ခုနဲ့ တစ်ခုမတူပါ။ ကြည့်ရတာ မေဂျာအလိုက် ကွဲသွားတာ ထင်တယ်။ အဲ့လိုလူတွေထဲကနေ ကျွန်တော် ဂီတ နုတ်လေးတွေကို တွေ့လိုက်ရသည်။ ဂီတနုတ်လေးတွေရဲ့ အလယ်မှာတော့ နာမည်တစ်ခုကို ရေးထားတာ ... 'Solo'တဲ့...

ပြီးတော့ အဲ့ကောင်လေးက ဘေးဘယ်ညာ ကြည့်ပြီး သူ့ရဲ့ရုပ်တည်ကြီးကို မျက်မှောင်ကြုတ်ထားသည်။ ဘာ ဖြစ်လို့လဲဆိုတော့ သူ့သူငယ်ချင်းတွေက အသီးသီးမှာထားတဲ့ ကိတ်မုန့်တွေ အအေးတွေ ရနေပေမယ့်လည်း သူ ဘာမှမရသေးတာကြောင့် ဖြစ်သည်။

ကလေးတစ်ယောက်လို စိတ်ပျက်နေတဲ့ ထိုကောင်လေးရဲ့မျက်နှာကို ကျွန်တော် တွေ့လိုက်ရတော့ ထိန်းမရနိူင်လောက်အောင် ရယ်ချလိုက်မိသည်။ ကျွန်တော် သူ့ကို ကြည့်မိတဲ့အချိန်တိုင်း ဘာလို့ Siberian Huskyနဲ့ အရမ်းတူနေရတာလဲဆိုတာ ကျွန်တော် မသိဘူး။

အဲ့ကောင်လေးကို ဒီထက် ထပ်စလို့မဖြစ်တော့... သူ ကျွန်တော့်ကို သံသယရှိလာရင် ကျွန်တော်ဘဲ ပြသာနာ တက်ဦးမယ်။ ကျွန်တော် စနေတယ်ဆိုတာသာ သူသိသွားရင် ကျွန်တော့်ကို သတ်ပစ်ပြီး ဒီခန်းမထဲမှာဘဲ မြုပ်ခဲ့မလားဆိုတာ မပြောနိူင်ဘူးလေ...

ပထမနှစ်ကျောင်းသားတွေ စုထိုင်နေကျတဲ့နေရာထဲကမှ ဂီတမေဂျာရဲ့Moonနားဆီသို့ လမ်းလျောက် သွား လိုက်သည်။ ကျွန်တော် သူ့အနောက်နားမှာ ထိုင်လိုက်တော့ အားလုံးက သိချင်စိတ်နဲ့ ဝိုင်းကြည့်နေကြပေ မယ့် ကျွန်တော်ကတော့ သူတို့ကို ဂရုမစိုက်မိ...

Soloကတော့ ကျွန်တော့်ဘက် လှည့်လိုက်ပေမယ့် ဘာမှမပြောဘူး။ ဒီအတိုင်း ထိုင်နေပြီးတော့ ကျွန်တော့် မျက်နှာကိုသာ အေးဆေးစွာ ကြည့်နေသည်။ ပြောရရင် ကျွန်တော်တို့ ဘယ်သူအရင်ဆုံး စကားစပြောမလဲဆိုတဲ့ ဂိမ်းကို ဆော့နေကြတယ်ပေါ့... ဘာမှမပြောဘဲ ဒီအတိုင်းသာ စိုက်ကြည့်နေမိသည်။

'မင်း အစ်ကို့ကို ဘာလို့ အဲ့လိုကြည့်ရတာလဲ' ကျွန်တော်ကဘဲ အဲ့ဂိမ်းကို အရှုံးပေးလိုက်ပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ဖြိုခွဲလိုက်သည်။

'ကျွန်တော်ကျတော့ ဘာလို့ ဘာမှမရတာလဲ'

ချီး... ထိုကောင်လေးရဲ့ ပုံစံလေးက အစာတောင်းနေတဲ့ Husky ခွေးပေါက်စလေးလိုဘဲ...

'နွားနိူ့နွေးနွေးလေးက အစ်ကိုတို့ဆိုင်ရဲ့ မီနူးထဲမှာ မပါဘူးဆိုတာ မင်း မသိဘူးလား' ထိုကောင်လေးရဲ့ မဲနက် နေတဲ့မျက်လုံးတွေက အံ့သြရိပ်သန်းသွားတာကို ကျွန်တော် မြင်လိုက်ရသည်။

ကျွန်တော်တို့နှစ်ယောက် ခဏကြာသည်အထိ စိုက်ကြည့်လိုက်ပြီးတဲ့အချိန်မှာတော့ ကျွန်တော် စနေတာ တွေကို ရပ်လိုက်သည်။ ကျွန်တော် ဘူးတစ်ဘူးကို ထုတ်လိုက်ပြီးတော့ အဖုံးကို ဖွင့်ကာ နွားနိူ့နွေးနွေးလေး တွေကို ခွက်ထဲသို့ ထည့်လိုက်ပေးလိုက်သည်။ အဖုံးကို မြေပြင်ပေါ်သို့ ထားပြီးသည်နှင့် စောနကတည်းက တိတ်တဆိတ်ယူထားတဲ့ ကိတ်မုန့်ဘူးလေးကို ထိုကောင်လေးအရှေ့သို့ ချပေးလိုက်သည်။

Soloရဲ့ ဖြစ်နေတဲ့အမှုအရာကို ကြည့်ရင်း ကျွန်တော် ခိုးပြီး ပြုံးလိုက်မိသည်။ သူ့ရဲ့မျက်နှာက တည်နေပေ မယ့် မျက်မှောင်ကြုတ်ထားခြင်း မရှိတော့... ထိုအစား တလဲ့လဲ့တောက်ပနေတဲ့ ထိုကောင်လေးရဲ့ မျက်ဝန်းတွေကိုတော့ ထင်ထင်ရှားရှား ကျွန်တော် တွေ့လိုက်ရသည်။

'ဒါက အထူးဆားဗစ်ပေးတာပါဗျာ...'

ကျွန်တော် စကားပြောပြီးသည်နှင့် သူ့ရဲ့စူးရှတဲ့အကြည့်တွေက Crepesကိတ်ဆီရောက်သွားတာကြောင့် ကျွန်တော် ဘာမှဆက်မပြောတော့ဘဲ မတ်တပ်ရပ်လိုက်သည်။ အခုဖြစ်နေတဲ့ ထိုကောင်လေးရဲ့ပုံစံက အ ရမ်းကို ချစ်စရာကောင်းလွန်းနေသည်။ အဲ့ဒါကြောင့် ကျွန်တော့်လက်တစ်ဖက်က ရှေ့သို့ထွက်လာပြီး ထို ကောင်လေးရဲ့ခေါင်းကို ညင်သာစွာ ဆွဲဖွလိုက်ကာ...

'ကောင်းကောင်း လေ့ကျင့်နော်...'

Admin Page Cute:
ငါ ဘာလို့ လွန်ခဲ့တဲ့သုံးရက်က ပုံကို အခုမှ ရရတာလဲ။ ပုံလေးက အရမ်း... အရမ်းကို မိုက်တယ်။ သူတို့ရဲ့အ ကြောင်းကို ကန့်လန့်ကာ ဖွင့်ချပြလိုက်ပြီလား။ Kကော်ဖီဆိုင်မှာ အလုပ်လုပ်နေလို့ မအားဘူးဆိုပြီး ဘယ်ပွဲမှ မလာတဲ့ စတုတ္ထနှစ်ကMoon, P'Guiက ရုတ်တရက်ကြီးပေါ်လာပြီးတော့ ဂျူနီယာလေးတွေကို မုန့်ပါ ကျွေး သွားသေးတယ်။ ပြီးတော့ နောက်ထပ် ထူးဆန်းတာရှိသေးတယ်!

ပထမနှစ်ကျောင်းသား N'Soloအတွက် စပါယ်ရှယ်မီနူးလုပ်လာခဲ့တာ... ပြီးတော့လည်း ဂျူနီယာလေးရဲ့ ခေါင်းကို ကိုင်ပြီး 'ကောင်းကောင်း လေ့ကျင့်နော်'ဆိုပြီးတော့ပါ ပြောသွားသေးတာ... ငါ အခု အသည်းယား လွန်းလို့ အော်နေပါပြီနော်...

ဒီအတွဲက ဘာမှအရှုပ်အရှင်းမရှိဘူး။ ဒီက အစ်မကြီးကဘဲ ကောင်းကောင်း အားပေး စောင့်ရှောက်ပေးမယ်။ #SoloGee ဟာ... အရမ်းမိုက်တယ်။

*Guiက မတ်တပ်ရပ်နေပြီး ထိုင်နေသောSoloရဲ့ ခေါင်းလေးကို ကိုင်ကာ ဆံပင်လေးတွေကို ဖွနေသောပုံ

3.5k Likes. 1.1k Comments.

ဗျူးတီး ဆက်စီ ဆူဇီ:
P'Guiက လူတွေကို အမြဲတမ်း နွေးနွေးထွေးထွေးဆက်ဆံတယ်။ အမြဲတမ်းပြုံးနေပြီးတော့ အရမ်းချစ်ဖို့ ကောင်းတာဘဲ... Soloကကျတော့ အရမ်းဟော့တယ်။ အို... အားပေးတယ်... အားပေးတယ် #SoloGui
110 Likes. 16 Comments.

ABC အရည်အသွေးကောင်းတဲ့ ဘရာတွေက အဆင့်မှီတယ်:
သူတို့ တွဲနေကြပြီထင်တယ်။ မနေ့ ညက ငါတို့အုပ်စုပရောဂျက်ရှိလို့ အိမ်ကို နောက်ကျမှပြန်ရတာ... Kဆိုင် ကိုလည်း ဖြတ်သွားရော P'Guiက စားပွဲတွေ သုတ်နေတာကို မြင်လိုက်တယ်။ အဲ့ဒါကြောင့် သွားနှုတ်ဆက်ဖို့ လုပ်တော့ ဆိုင်ပိတ်ချိန်ဖြစ်နေတယ်။ ဒါပေမယ့် N'Soloက ဝင်သွားပြီး အထဲမှာထိုင်နေတာ... ဆိုင်က ပိတ် သွားတာကိုနော်... P'Guiကလည်း မုန့်တွေ ချကျွေးနေတာ ပြုံးနေတာဘဲ... လုံးဝသေချာတယ်။ #SoloGui with @Yကို ချစ်မြတ်နိူးတဲ့မြောင်မြောင်လေး @Giff Sirirat
102 Likes. 68 Comments.

'P'Gui... ဒါ ဘာလဲ။ Khimကို မြန်မြန်ပြောပြ...'

'ဘာမှမဟုတ်ဘူး။ Khim ပြန်တော့... အရမ်းနောက်ကျနေပြီ' ကျွန်တော် သူမ ပြောနေတာတွေကို မကြားချင် ယောင်ဆောင်လိုက်ပြီး တာ့တာပြလိုက်ကာ စားပွဲတွေကို ဆက်သုတ်နေမိသည်။

'အို... P'Gui... အခု လူတိုင်းက အဲ့ဒီအကြောင်းကို ပြောနေကြတာ... အဲ့နေ့တုန်းက Khimလိုက်ခဲ့ရင် ကောင်းသား...' မေးနေတာတွေကို ကျွန်တော်က ပြန်မဖြေတာကြောင့် သူမက ကျွန်တော့်ကို မကျေမနပ်ဖြစ်ကာ ရေရွတ်နေမိသည်။ သိချင်စိတ်များနေတဲ့ သူမရဲ့ပုံစံက အရမ်းချစ်ဖို့ကောင်းနေသည်။

'ဘာမှမရှိဘူး။ Khim အဆောင်ပြန်လို့ ရပြီ'

'အိုကေ... ညီမ ပြန်မယ်။ ဒါပေမယ့် တကယ်လို့ သူသာ နောက်တစ်ခါထပ်လာရင် ဓါတ်ပုံရိုက်ပြီး Khimဆီ ပို့ပေးနော်...'

'ဘာလို့ အဲ့ပိုစ့်က အဲ့လောက်ထိ နာမည်ကြီးသွားရတာလဲ' Soloက စင်ပေါ်တောင် မတက်ရပါသေးဘဲနဲ့ ဖန်တွေတော်တော်များများရှိတဲ့ လူတစ်ယောက်ဖြစ်နေမှန်း ကျွန်တော် မသိခဲ့ဘူး။ သူ ဒီအပေါ် ဘယ်လိုခံစားရမလဲ။ ဒါပေမယ့် သူရဲ့မျက်နှာတည်တည်ကြီးကို ဆက်တည်ထားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် တွေးနေမိသည်။

'Soloက အရမ်းနာမည်ကြီးတယ်ဆိုတာ P'Guiမသိဘူးလား။ သူ ကျောင်းစတက်တဲ့နေ့တုန်းကဆိုရင်လေ သူ ဘယ်လောက်ထိ ချောတယ်။ ဘယ်လောက်ထိ ခန့်တယ်ဆိုတာကိုဘဲ စီနီယာတွေက ပြောနေကြတာ... သူနဲ့ P'Guiတို့ သတင်းလည်း ကြားရော... Khim အသည်းယားလို့ အော်လိုက်မိတာဆိုတာလေ... အကျယ်ကြီးဘဲ... Pageကြီးကြီးကနေလည်း P'Guiတို့နှစ်ယောက်ပုံကို တင်လိုက်တော့ လူတွေက ပိုသိကုန်ကြတာပေါ့...'

ကျွန်တော် သူမကို ဆိုင်ထဲကနေ ဆွဲမထုတ်မချင်း မရပ်တော့မယ့် ပုံစံဖြစ်နေပြီ။ ကျွန်တော်သာ တစ်ခုခုမပြောလိုက်ရင် မိုးလင်းသွားမှာ...

'ခဏလေး... တကယ်လို့ သူ ဒီနေ့လာရင် အစ်ကို သူ့ပုံကို ရိုက်ပြီး ဓါတ်ပုံပို့ပေးမယ်။ အခုတော့ ပြန်လိုက်တော့...'

'ဒီနေ့ မရဘူးဆိုရင် Khimက P'Guiရဲ့ ဖုန်းနံပါတ်ကို Websiteတွေမှာ တင်ပစ်မှာနော်!'

ကျွန်တော် Khimခြိမ်းခြောက်တဲ့ စကားတွေကို နားထောင်ရင်း ကြက်သီးတွေ ထလာသည်။ အဲ့ဒါကြောင့် သူမပြောသွားတဲ့ Websiteက ဘာလဲဆိုတာ မေးစရာတောင် မလို...

..._...

22:15 PM

ဆိုင်ပိတ်ထားတာ ၁၅မိနစ်ကျော်သွားပြီ။ ကော်ဖီဆိုင်လေးရဲ့ ဝင်ပေါက်တံခါးမှာတော့ 'ဆိုင်ပိတ်ပါပြီ'ဆိုတဲ့ ဆိုင်းပိုဒ်လေးတောင် ပြောင်းဆွဲထားပြီးပြီ။ ကျွန်တော် သန့်ရှင်းရေး အားလုံးလုပ်ပြီးသွားပြီ။ ကျွန်တော် ကောင်တာအရှေ့မှာ ထိုင်ရင်း လက်ထဲက ဖုန်းလေးကို လှည့်နေမိသည်။

ကျွန်တော် မပြန်သေးဘူး။ ဘာလို့လဲဆိုတော့ အမြဲတမ်း ဆိုင်ပိတ်တဲ့အချိန်ကျမှ လာတာကို ကြိုက်တဲ့လူတစ်ယောက်ကြောင့်ပေါ့။ တစ်ခါတစ်လေ ဆိုင်ပိတ်ပြီး ၁၀မိနစ် ၁၅မိနစ်လောက်နေမှ ရောက်လာတက်သည်။ သူက ဒီကိုလာရင် ဝင်လာမယ်။ သူထိုင်နေကျ နေရာမှာ ထိုင်မယ်။ သူ့အတွက် နွားနိူ့နွေးနွေးလေးတစ်ခွက် မယူလာသေးတဲ့အချိန်ထိ ကျွန်တော့်ကို ငြိမ်သက်စွာ ထိုင်ကြည့်နေမယ်။ ပြီးရင် မြန်မြန်သောက်ပြီး ဆိုင်အပြင်မှာ ထွက်စောင့်နေမယ်။ ကျွန်တော် ဆိုင်ပိတ်ပြီးလို့ အဆောင်ကို ပြန်ရင် သူအနောက်ကနေ အဆောင်ပြန်ရောက်တဲ့အထိ အေးအေးဆေးဆေးလိုက်လာလိမ့်မယ်။ နောက်ဆုံး သူ ကျွန်တော် အခန်းထဲ ပြန်ရောက်သည်အထိ သူစောင့်နေလိမ့်မယ်။

ကျွန်တော် ဂျူနီယာတွေအတွက် မုန့်တွေယူသွားပေးတဲ့ နေ့ကတည်းက အဲ့နေရာကို နောက်ထပ် မသွား တော့... ဒါပေမယ့် အဲ့ကောင်လေးကတော့ ငါးရက်ဆက်တိုက် ဆိုင်ပိတ်တဲ့အချိန်တွေမှာဘဲ လာခဲ့တာ...

ဒါပေမယ့် အခုအချိန်ကဘဲ... ၁၀နာရီ မိနစ်၄၀ရှိနေပြီ။

ဒီနေ့ သူ မလာဘူး ထင်တယ်။

ကျွန်တော် ထိုင်နေရာက ထပြီး အကျောဆန့်လိုက်မိသည်။ ကျွန်တော် ဆိုင်ကို ပိတ်လိုက်ပြီးတော့ အဆောင်သို့ တစ်ယောက်တည်း လမ်းလျောက်သွားလိုက်ပေမယ့် လမ်းတစ်လျောက်လုံး ကျွန်တော် တစ်ခုခု လိုနေသလို ခံစားနေရသည်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အနောက်ကနေ လူတစ်ယောက် တိတ်ဆိတ်စွာလိုက်ပို့နေတာနဲ့ အသားကျနေပြီလေ...

ရေမိုးချိုးပြီး ခဏနားနေတဲ့အချိန်မှာဘဲ ဒီနေ့ Soloမလာကြောင်း Khimဆီဖုန်းဆက်ဖို့ သတိရလိုက်သည်။ ဒါပေမယ့်...

ကံမကောင်းစွာနဲ့ ကျွန်တော့်ဖုန်းက ကော်ဖီဆိုင်ထဲမှာ ကျန်ခဲ့တာဘဲ...

အဲ့ဒါကြောင့် ကော်ဖီဆိုင်သို့ ပြန်လာကာ ဖုန်းကို ပြန်ယူဖို့ ခြေလှမ်းတွေ စတင်လိုက်သည်။ ဒါပေမယ့် ကျွန်တော့်ခြေလှမ်းတွေက ဆိုင်ရှေ့နားရောက်တော့ ရပ်တန့်သွားခဲ့သည်။ ဆိုင်အရှေ့မှာ အရပ်ရှည်ရှည်အရိပ်တစ်ခုက ထိုင်နေတာကြောင့် ထဆဲမတက် လန့်သွားခဲ့တာ...

ကျွန်တော် စိတ်ရှုပ်သွားတာကြောင့် မျက်မှောင် ကြုတ်လိုက်မိသည်။ ခပ်မြန်မြန်ဘဲ သူ ထိုင်နေတဲ့နေရာဆီ ကျွန်တော် သွားလိုက်တဲ့အချိန်မှာ သူက အရင်က မျက်နှာပုံစံအတိုင်းဘဲ မော့ကြည့်လာသည်။ ဒါပေမယ့် သူ့ရဲ့ပုံစံက အရမ်းပင်ပန်းနေတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။

ကျွန်တော် Soloရဲ့လက်မောင်းကို ကိုင်လိုက်ပြီး မတ်တပ်မရပ်နိူင်တော့တဲ့ သူ့ကို ဆွဲထူပြီးတော့ ဆိုင်ထဲသို့ ဝင်သွားပြီးတဲ့အချိန်မှာ သူက ကျွန်တော့်အနောက်ကနေ လိုက်လာခဲ့သည်။ အထဲရောက်တာနဲ့ သူကတော့ သူ ထိုင်နေကြ နေရာမှာဘဲ ထိုင်နေသည်။

23:59PM

ကျွန်တော် နာရီကို ကြည့်လိုက်ပြီးတော့ သက်ပြင်းချမိလိုက်သည်။ ကျွန်တော့်လက်တွေက အံဆွဲထဲက ကျွန်တော် လိုအပ်နေတဲ့အရာကို ရှာလိုက်ပြီးတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေတဲ့ ကောင်လေးနား သွားလိုက်သည်။ ကျွန်တော် ဆေးသေတ္တာကို ဖွင့်လိုက်ပြီး သူ့ရဲ့လက်ကို ဆွဲယူလိုက်ကာ ခြင်ကိုက်ရာတွေပေါ် ဆေးလိမ်းပေးနေမိသည်။

ဆေးလိမ်းပေးနေတာ ဘယ်လောက်ကြာသွားပြီလဲဆိုတာ ကျွန်တော် မသိ... အဲ့အချိန်အတွင်းမှာ လက်ညိုးလေးတစ်ချောင်းက ကျွန်တော့်ရဲ့မျက်ခုံးနှစ်ခုကြားထဲ အညင်အသာလေး ဖိချလိုက်တာကို ခံစားလိုက်ရသည်။ ဒီလက်ချောင်းရဲ့ပိုင်ရှင်လေးကို အံ့သြမှင်သတ်စွာနဲ့ ကျွန်တော် ကြည့်လိုက်မိသည်။

'အစ်ကို ဘာလို့ မျက်မှောင်ကြုတ်ထားရတာလဲ'

အဲ့မေးခွန်းကြားလိုက်တော့ ကျွန်တော် ထပ်ပြီး မျက်မှောင်ကြုတ်လိုက်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

'မင်း အပြင်မှာ ထိုင်နေတာ ဘယ်လောက်ကြာပြီလဲ'

'လေ့ကျင့်တာ ပြီးကတည်းက...'

'ဘယ်လောက်ကြာပြီလဲ' ကျွန်တော် လိုချင်တဲ့အဖြေအတိအကျ မရရချင်း ကျွန်တော် ထပ်မေးမိသည်။

Soloက ကော်ဖီဆိုင်ရဲ့နံရံပေါ်မှာ ချိတ်ထားတဲ့ နာရီလေးကို ကြည့်လိုက်သည်။ ပြီးတော့ သူက ကျွန်တာ့်ကို ကြည့်ကာ...

'နာရီနည်းနည်းလောက်က...'

အဲ့ဒီအဓိပ္ပာယ်က ကျွန်တော် အိမ်ပြန်သွားတဲ့အချိန်မှာ သူကလည်း ဒီကို ရောက်နေတာပေါ့...

'အဲ့ဒါဆို ဘာလို့ ဒီအတိုင်း ထိုင်ပြီး စောင့်နေရတာလဲ။ ဆိုင်လည်း ပိတ်သွားပြီ။ ပြီးတော့လည်း မီးတွေလည်း ပိတ်ထားတော့ အစ်ကိုလည်း မရှိတော့ဘူးလေ... အဲ့ဒါကို ဘာလို့ ထိုင်စောင့်နေရတာလဲ' ကျွန်တော် စိတ်အရမ်းရှုပ်လာတာကြောင့် သိချင်တာကိုသာ မေးလိုက်မိသည်။ ကျွန်တော် ကော်ဖီဆိုင်ထဲမှာ ရှိမနေဘူးဆိုတာ သူသိနေတာတောင် ဘာဖြစ်လို့ ခြင်အကိုက်ခံပြီး စောင့်နေရတာလဲ။

'...'

'ဘာဖြစ်လို့ စောင့်နေတာလဲ' ဘာမှမပြောဘဲ ကျွန်တော့်ကိုသာ စိုက်ကြည့်နေသော သူ့ကို ထပ်မေးလိုက်သည်။

'ကျွန်တော်... နွားနိူ့သောက်ချင်လို့...'

သူဖြေတာကို ကြားလိုက်ရတဲ့အခါ သက်ပြင်းချလိုက်မိသည်။ ကျွန်တော် ဆေးဘူးကို စားပွဲပေါ်တင်လိုက်ပြီး သူ့ကို သေချာစိုက်ကြည့်လိုက်ကာ...

'အဲ့ဒီနိူ့က ရိုးရိုးနိူ့ဘဲလေ... မင်း သောက်ချင်ရင် စတိုးဆိုင်မှာ ဝယ်ပြီး ပြန်နွေးပြီး သောက်လိုက်ရုံဘဲ... အစ်ကို အဲ့ထဲ ဘာမှထူးခြားတာ မထည့်ထားဘူး။ တကယ်လို့ မင်း အရမ်းသောက်ချင်တယ်ဆိုရင်တောင် မနက်ဖြန်မနက် လာလို့ရတယ်လေ... ဒီလိုမျိုး ခြင်အကိုက်ခံပြီး ထိုင်စောင့်နေစရာ မလိုဘူး။ တကယ်လို့ အစ်ကိုသာ ပြန်မလာခဲ့ဘူးဆိုရင်... ကဲ... မင်း မနက်ရောက်တဲ့အထိ ထိုင်စောင့်နေမှာလား' ကျွန်တော့်ကို မကြည့်ဘဲ အကြည့်လွဲနေတဲ့ ကောင်လေးကို ကျွန်တော် စိုက်ကြည့်နေမိသည်။ ကျွန်တော် စိတ်ဆိုးနေတာကို သူ သိနေလို့လားမသိ... မျက်နှာငယ်လေး ဖြစ်နေသည်။

'မတူပါဘူး'

'ဘာကို မတူတာလဲ'

'နွားနိူ့လေ... ကျွန်တော် အခြားတစ်ယောက်လုပ်ပေးတဲ့ နွားနိူ့ကို စမ်းသောက်ကြည့်သေးတယ်။ ပြီးတော့လည်း ကျွန်တော် ကောင်းကောင်းအိပ်မပျော်ဘူး'

ကျွန်တော့်စိတ်ထဲ စောနတုန်းက တင်းမာနေတာတွေက ခဏတာ ဘယ်ရောက်သွားလဲ မသိတော့...

'အိမ်ပြန်ပြီး အိပ်မရတာချင်းအတူတူ ဒီမှာဘဲ မိုးလင်းတဲ့အထိ ထိုင်စောင့်လိုက်တာ' သူ့ရဲ့အဖြေက ကျွန်တော့်ကို ဆွံ့အစေသည်။ ဒီကောင်လေးက သူ့ရဲ့ကျန်းမာရေးကိုတောင် ဘာကြောင့် အလေးမထားရလဲဆိုတာ ကျွန်တော် နားမလည်ဖြစ်မိသည်။

'ဒီမှာ စောင့်နေ...' ပြောပြီးတာနဲ့ ကျွန်တော် ထိုင်နေရာက ထလိုက်ပြီး ရေခဲသေတ္တာက နိူ့ဘူးကို ယူလိုက်သည်။ နိူ့ကို နွေးလိုက်ပြီးတော့ ဖန်ခွက်လေးထည့်ကာ Soloရှေ့မှာ ချပေးလိုက်သည်။

Soloက ခွက်ကို ယူကာ နွားနိူ့ကို ငြိမ်သက်စွာသောက်နေသည်။ ခဏကြာတော့ ကုန်သွားတဲ့ခွက်ကို ကျွန်တော် ယူလိုက်ပြီး ဘေစင်ထဲထည့်ကာ ပြန်လာထိုင်လိုက်သည်။

'မင်း ဖုန်းနံပါတ်နဲ့ facebookအကောင့်တွေကို အစ်ကို့ကို ပေးထား...' ကျွန်တော့်ဖုန်းကို သူ့ဆီလှမ်းပေးတော့ သူက ဘာမှပြန်မပြောဘဲ ဒီအတိုင်းယူကာ ဖုန်းနံပါတ်ရိုက်ထည့်နေသည်။ 'နောက်တစ်ခါ တစ်ခုခုဖြစ်ရင် အစ်ကို့ကို ဆက်သွယ်... ဟုတ်ပြီလား'

နားထောင်နေတဲ့သူကတော့ ခေါင်းညိမ့်ပြသည်။

'နောက်တစ်ခါ နောက်ကျသွားလို့ရှိရင် ဒီမှာ စောင့်မနေနဲ့... မင်း Zကွန်ဒိုမှာ နေတာမှတ်လား...' တစ်ခါတုန်းက သူ ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့နေရင်း 'သူဘယ်မှာနေလဲ'ဆိုပြီး မေးဖူးတာကို သတိရလာသည်။ အဲ့ကွန်ဒိုက ကျွန်တော့်အဆောင်နဲ့ အရမ်းဝေးလွန်းသည်။ ပြီးတော့ အဲ့ကွန်ဒိုဆိုတာ သူဌေးကြီးအဆင့်တွေသာ နေကြတာ... ကျွန်တော် ခြေတစ်လှမ်းတောင် လျောက်ဖို့ မစဉ်းစားဖူးတဲ့ နေရာပေါ့... Soloပြောဖူးတာက သူ ဒီနေရာကနေ အမြဲတမ်းလမ်းလျောက်ပြန်နေကြတဲ့... အဲ့တာကို ကျွန်တော် အံ့သြမိသွားသည်။ နည်းတဲ့ အကွာအဝေးမှ မဟုတ်တာ... အဝေးကြီးဘဲ...

'ဟုတ်'

'နောက်တစ်ခါ ဆိုင်ပိတ်ထားတာကို တွေ့ရင် အစ်ကို့အဆောင်ဆီလာပြီး ဖုန်းခေါ်လိုက်... အစ်ကို နွားနိူ့တိုက်မယ်'

Soloကတော့ ဘာမှပြန်မပြောဘူး။ ဒါပေမယ့် ပြုံးရုံလေးဘဲ ပြုံးနေသည်။ ထို ပြုံးနေတဲ့မျက်နှာက ကျွန်တော့်ရင်ထဲမှာ ဘာမှန်းမသိ ထူးထူးဆန်းဆန်း ခံစားရသည်။ ကျွန်တော် အကြည့်တွေက အခြားတစ်နေရာသို့ မလွဲခင်အထိပေါ့...

'ကွန်ဒိုက အရမ်းဝေးတာကို... ဘာလို့ ကားမောင်းမလာတာလဲ' သူ့မှာ ကားပိုင်ရှိလိမ့်ဆိုတာ မေးစရာကို မလိုပါဘူး။ သူ နေ့တိုင်းဝတ်နေတဲ့ အဝတ်အစားကိုဘဲ ကြည့်ပြီး ကျွန်တော် ပြောနိူင်သည်။ သူ့နာရီ၊ ဖိနပ်၊ ဦးထုတ်နဲ့ နေကာမျက်မှန်တွေကိုဘဲ ကြည့်လေ... သူ့ရဲ့ရုပ်ရည်၊ မျက်နှာ၊ အသားအရည်တွေကို မြင်တိုင်း သူက သာမန်အဆင့်အတန်းကမဟုတ်မှန်း ပိုပြိးသေချာလေလေပဲ...

'အစ်ကိုက ကျွန်တော့်ကို ကားမောင်းစေချင်လို့လား' Soloက ခေါင်းလေးကို အသာလေးစောင်းကာ မေးလာသည်။

'အဲ့လို ပြောလို့ရတယ်။ မင်းက နေ့တိုင်းနောက်ကျမှ ပြန်တယ်လေ... ပြီးတော့လည်း ဟိုနဲ့ဒီက အဝေးကြီးဘဲ... အန္တရာယ်လည်းများတယ်။ အစ်ကိုထင်တာက ကားရှိတယ်ဆိုရင် ကားမောင်းတာက ပိုကောင်းမယ်'

ကျွန်တော် ပြန်ဖြေလာသည့် အဖြေကို မကြားမိတာကြောင့် စိတ်ထဲက မသက်မသာဖြစ်မိသည်။ ကျွန်တော် အရမ်းဝင်ပါမိသလိုမျိုး ဖြစ်သွားပြီလား။

'တကယ်လို့ မင်း မမောင်းချင်ဘူးဆို...'

'ကျွန်တော် မောင်းပါမယ်...'

ကျွန်တော့်ရှေ့က ကောင်လေးက ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်လိုက်တဲ့အချိန်မှာတော့ ကျွန်တော် အသက်ရှုဖို့တောင် မေ့လျော့နေခဲ့မိသည်။ ပြီးတော့ သူ့ရဲ့လက်ညိုးလေးက ကျွန်တော့်ပါးစပ်အစွန်းလေးကို အသားလေးထိတွေ့ပြီး အပေါ်သို့ တွန်းတင်လိုက်ကာ...

'... အဲ့ဒါကြောင့် ပြုံးတော့နော်'

အဲ့အသံထဲမှာ ထူးခြားတာဘာပါလဲဆိုတာတော့ မသိပါ။ ဒါပေမယ့် သူ့စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ ပြီးတော့ ကျွန်တော့်ရဲ့ပါးပြင်ကို ထိဖို့အတွက် သူ့ရဲ့လက်တွေက ပါးစပ်ထောင့်စွန်းနားကနေ တဖြည်းဖြည်းရွေ့လာသည်။

'အင်းပါ...'

အဲ့နေ့ မနက်ခင်း၂နာရီအချိန်မှာ Khimဆီကို ဓါတ်ပုံပို့ပေးလိုက်သည်။

..._...

Continue Reading

You'll Also Like

1.5M 110K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
134K 5K 61
When two opposites attract. Star quarterback Jacob Perez, whose in love with his victim -- hermaphrodite, Chresanto August. Follow them and their jo...
4.2K 134 7
After the sudden appearance of her estranged father, Sarada finds herself thrust into the unfamiliar realm of high society. Will a handsome devil hel...
759 101 6
This is not my own story. This a fan translation. Credits to original author. And I got premission from English translator. English name-The Dog I Pi...