"Hello babe "
"Suprise "
အိမ်တံခါးအား ဖွင့်ဖွင့်ချင်း နှုတ်ဆက်လာသည့် လူနှစ်ဦးအား ကျောက်ရုပ်လိုပင် သူကြောင်ကြည့်နေမိသည်။
ထိုသူနှစ်ဦးကတော့ သူ့အားနွေးထွေးစွာပွေ့ဖက်လာလေသည်။
"ဖေဖေ မေမေ" စိတ်တွင်းက ရေရွတ်မိလိုက်ပေမဲ့ နှုတ်ကထွက်ပေါ်မလာပဲ လည်ချောင်းဝတွင်က သာဆို့နစ်နေလေသည်။
သူက ဘယ်လောက်တောင် လွမ်းပြီး သတိရနေခဲ့လိုက်သလဲ။
မိဘတွေကို အနှောင့်အယှက်မဖြစ်စေချင်၍ ပြန်လာခဲ့ပါလို့ တခွန်းမှမပြောခဲ့ပေမဲ့
သူ့စိတ်တွေဟာ ဘယ်လောက်တောင် မိသားစုအတူတူနေရဖို့ တောင့်တနေခဲ့လိုက်သလဲ။
"Babe မငိုရဘူးလေ"
ဖေဖေက သူ့မျက်ရည်တွေကို မြင်သွားကာ
ဟန့်တားလာလေသည်။
" ငိုပါစေ ကိုရယ် သားသားက ပျော်လို့ငိုနေတာပါ ဟုတ်တယ်မလား"
မေမေကမူ သူ့မျက်ရည်များအား နူးနူးညံ့ညံ့သုတ်ပေးရင်း ဆိုလာလေသည်။
" ဘာလို့ မပြောမဆို ပြန်လာတာလဲဟင် "
သူနှုတ်က ထွက်ပေါ်လာသည့် ပထမဆုံးမေးခွန်းပင်။
"ဘေဘီ ဖေဖေတို့ကို ဒီအတိုင်းကြီးရပ်နေခိုင်းပြီး မေးခွန်းတွေဖြေခိုင်းမှာလား "
" အဟဲ မေ့သွားလို့
ဖေဖေတို့က ဒီမှာမနေဘူးလား "
"ခဏပဲ ဆိုတော့ Hotelမှာပဲ နေလိုက်တော့တယ် သားရယ် စိတ်မဆိုးဘူးမလား "
" မဆိုးပါဘူး ဘယ်တုန်းက မေမေတို့က သားနဲ့အတူနေချင်လို့လဲ "
သူအလိုမကျစွာ ပြောမိတော့ မေမေက အားရပါးရရယ်နေလေသည်။
"မေမေတို့နဲ့ လိုက်ခဲ့ပါပြောတုန်းက လက်မခံပဲ ကိုကို့ကို မခွဲနိုင်လို့တစ်ယောက်ထဲ ကျန်နေခဲ့တာ ဘယ်သူလဲရှင်"
သူမေမေ့ပါးစပ်အား အတင်းပင်လိုက်ပိတ်မိလေသည်။
"မေမေတိုးတိုးပြောပါ Hyung ကြားသွားရင်
ဘယ်လို လုပ်မလဲ"
"အဲ့တော့လည်း မပြန်ခင် စေ့စပ်ပေးသွားလို့ရတာပေါ့ မဟုတ်ဘူးလားကို "
ဖေဖေ့ကို ကြည့်မိတော့ က ခပ်တိုးတိုးရယ်နေလေပြန်သည်။
အာ ဒီလင်မယားဟာ ခက်တော့တာပဲ
" မေမေ ဖေဖေ အဲ့လိုလုပ်ရအောင် သားနဲ့ hyungက ချစ်သူတွေမှမဟုတ်တာ
hyung က သားကိုကြိုက်တာမှ မဟုတ်တာ ပြီးတော့ သားကလည်း "
" ဆောင်ဟွန်းလေးက သားကိုမကြိုက်ဘူးတဲ့လား မဖြစ်နိုင်တာ"
" ဖြစ်နိုင်တယ်မေမေ ဆောင်ဟွန်းhyungပါးစပ်က ကိုယ်တိုင်ပြောပြီးသား
သားလိုလူမျိုးကို သဘောမကျဘူးဆိုတာ
အဲ့တော့ သားကလည်း hyungကို သဘောကျလို့မဖြစ်ဘူး
ပတ်ဆောင်ဟွန်း hyungက သားအစ်ကို ၊ သားသူငယ်ချင်း အဲ့လိုပဲတွေးရမယ်
hyungသားကို စိတ်ပျက်သွားအောင် မလုပ်ချင်ဘူး မေမေ
ဖေဖေရောအတူတူပဲ သားကိုချစ်တယ်ဆို နောင်ဆိုအဲ့လိုစကားမျိုးတွေ မပြောပါနဲ့ "
သူမိဘများအား လေးလေးနက်နက်ပင်တောင်းဆိုမိလေသည်။
သူတို့ကြားက ဆက်ဆံရေးကို
အထင်လွဲ၍ မဖြစ် ။
အထူးသဖြင့် ခုလိုအချိန်မှာ စိတ်အခြေအနေမကောင်းတဲ့ ပတ်ဆောင်ဟွန်းကို သူထပ်ပြီး စိတ်ညစ်အောင်မလုပ်ချင်။
" ဒါနဲ့ ဆောင်ဟွန်းလေးရော သား"
"အိပ်နေတုန်းပဲ ဖေဖေရောမေမေရောကို hyungနဲ့ပတ်သပ်ပြီး သားပြောစရာရှိတယ် "
ပတ်ဆောင်ဟွန်းဟာ သူ့အခြေအနေတွေကိုမိဘများအား အသိမပေးပါဘူးဆိုတဲ့ကတိကိုတည်ခဲ့ပေမဲ့ သူကတော့မတည်နိုင်ပါ။
ပတ်ဆောင်ဟွန်းရဲ့ အခြေအနေကို ဘလိုလုပ်ပြီး အသိမပေးပဲနေနိုင်မည်လဲ။
ပတ်ဆောင်ဟွန်းဟာ သူ့မျက်စိရှေ့က ထွက်ခွာသွားမည်ကို သူဘယ်လိုကြည့်နေနိုင်မလဲလေ။
သူအသေးစိတ်ကို ရှင်းပြလိုက်မိလေသည်။
ထို့နောက် တောင်းဆိုစရာရှိသည်ကိုပါ တဆက်တည်း တောင်းဆိုလိုက်လေသည်။
"မေမေ သားကိုကူညီပါ ဆောင်ဟွန်းHyung
အစားထိုးကုသလို့ရအောင် ကူညီပေးပါနော် မေမေနော် ကူညီပေးပါ "
"ဘာလို့လဲ သားသားရယ်"
" ဆောင်ဟွန်းhyung မရှိရင် သား မနေနိုင်ဘူးမေမေ"
ကင်ဆောနူးရဲ့ မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူဟာ
တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ
ခပ်နွမ်းနွမ်း အပြုံးတခုအား ပြိုင်တူပင် ပြုံးမိလေသည်။
သားဖြစ်သူက ထိုကလေးမရှိပဲ ဆက်မရှင်သန်နိုင်သလို ထိုကလေးသည်လည်း သားဖြစ်သူမရှိပဲ ဆက်မရှင်သန်နိုင်ကြောင်းကို သူတို့နှစ်ဦးလုံးသာမက ထိုကလေးမိဘများကလည်း သိထားသည်မို့လေ။
❤️
လွန်ခဲ့သောရက် အနည်းငယ်က
တိတိကျကျပြောရလျှင်
ကင်ဆောနူးနှုတ်က အွန်းဂျီ ဆိုသည့် အမည်နာမတစ်ခု ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာသည့်နေ့က ဖြစ်သည်။
ပတ်ဆောင်ဟွန်း ချက်ချင်းပင် ကင်ဆောနူးမိခင်အား ဖုန်းခေါ်ကာ အွန်းဂျီအကြောင်းမေးခဲ့လေသည်။
ကင်ဆောနူးမိခင်က ရုတ်တရက်မို့ကြောင်သွားရသေးသည်။
အတော်ကြာ စဥ်းစားပြီးမှ ကင်အွန်းဂျီဆိုသည့် မိန်းကလေးအကြောင်း ပြောခဲ့လေသည်။
ကင်အွန်းဂျီဆိုသည်မှာ ကင်ဆောနူး ၁၀နှစ်အရွယ်က ဆေးရုံတက်ခဲ့ရစဥ် ဘေးချင်းကပ်အခန်းက နှလုံးအစားထိုးကုသမှု လုပ်ရမည့် ကလေးမလေးဖြစ်သည်။
ဆေးရုံတွင် အပေါင်းအသင်းဆိုသည်က ရှားသည်မို့ ကင်အွန်းဂျီနှင့် ကင်ဆောနူးဟာ တစ်ယောက်နှင့် တစ်ယောက် တော်တော်လေး ခင်မင်ခဲ့ရှာသည်။
သနားစရာမိန်းကလေး ကင်အွန်းဂျီဟာ ခွဲစိတ်မှုလုပ်နေစဥ် ပေါ့ဆမှုကြောင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ရလေသည်။
ကင်အွန်းဂျီ ပြန်အလာကိုစောင့်မျှော်နေသည့် ကင်ဆောနူးဟာ တိုက်တိုက်ဆိုင်ဆိုင် ကင်အွန်းဂျီ၏ အလောင်းအား ထင်ထင်ရှားရှားပင် မျက်မြင်တွေ့ခဲ့လေသည်။
အခန်းထဲ ပြန်ရောက်မလာလေသည့် ကင်ဆောနူးအား လိုက်လံရှာဖွေရင်း ကင်အွန်းဂျီ အလောင်း ထားသည့်အခန်းတွင် သတိလစ်နေသည့် ကင်ဆောနူးအား ပြန်တွေ့ခဲ့ရလေသည်။
အွန်းဂျီဒ ခွဲစိတ်မှုကို တာဝန်ယူခဲ့သည့် ဆရာဝန်သည်လည်း ရာထူးမှ ထုတ်ပယ်ခံရကာ အပြစ်ကြွေးဆပ်ခဲ့ရပေမဲ့ အရာအားလုံးဟာ ပုံမှန်ပြန်မဖြစ်နိုင်တော့။
ကလေးတစ်ဦးက အဖူးအငုံဘဝမှာတင် ကြွေလွင့်ခဲ့ရသလို တစ်ဦးကတော့ ပွင့်ဖတ်တို့မှ ဒဏ်ရာက ဖျောက်ဖျက်မရအောင် စွဲထင်ခဲ့လေပြီဖြစ်သည်။
ကင်ဆောနူးမိခင်ဟာ အဖြစ်အပျက်အလုံးစုံကို ရှိုက်ကြီးတငင်ငိုကြွေးရင်း ပြောပြနေရှာလေသည်။
သူမကိုယ်တိုင်လည်း ကင်ဆောနူး၏ စိတ်တွင် စွဲကပ်နေသည့် ကြောက်ရွံ့မှုအား ပတ်ဆောင်ဟွန်းက အွန်းဂျီအကြောင်းမေးလာမှသာ ဆက်စပ်တွေးမိတော့သည်။
ကင်ဆောနူးဟာ အွန်းဂျီအား ကြည့်ရင်း ထွဲစိတ်မှုလုပ်ရမည်ကို ကြောက်နေခဲ့ခြင်းပင်။
ထို့ကြောင့်ပင် ခွဲစိတ်မှုမလုပ်ပဲ ဒီအတိုင်းအသေခံလိုက်ရန် ရွေးချယ်ခဲ့ခြင်းပင်။
ကင်ဆောနူး ဓားဒဏ်ရာဖြင့် ဆေးရုံတက်ခဲ့ရပေမဲ့ တကယ်တမ်းမှာ ဓားဒဏ်ရာက စိုးရိမ်စရာမဟုတ်ပဲ ကင်ဆောနူး၏ ကျောက်ကပ်ပျက်စီးနေမှုကသာ အဓိက စိုးရိမ်စရာဖြစ်နေလေသည်။
သူ ကင်ဆောနူး အခြေအနေမှန်ကို သိလိုက်ရချိန်မှာ ရူးမတတ်။
ကင်ဆောနူးအား ထိုအကြောင်းကိုလည်း အသိမပေးရက်။
ဟန်မပျက် တည်ငြိမ်အောင်ကြိုးစားနေပေမဲ့
သူကိုယ်သူ အချိန်တိုင်းတော့ မထိန်းချုပ်နိုင်ခဲ့။ ထို့ကြောင့်ပင် ကင်ဆောနူးက သူ့စိတ်အခြေအနေအား ရိပ်မိခဲ့သေးသည်။
ကင်ဆောနူးကို သူလက်မလွှတ်နိုင်။
ကင်ဆောနူး မရှိလျှင် သူလည်း ဆက်ရှင်သန်ဖို့ မဖြစ်နိုင်။
ထို့ကြောင့် လုပ်နိုင်သမျှ ဘာမဆို သူလုပ်ရတော့မည်။
ကင်ဆောနူးကို အမြန်ဆုံးခွဲစိတ်ကုသဖို့ လုပ်ခိုင်းရမည်မို့ ကင်ဆောနူးကြောက်နေရသည့် အကြောင်းရင်းကို သူသိဖို့လိုလေသည်။
ကံကောင်းလှစွာ ကင်ဆောနူးနှုတ်က အွန်းဂျီဆိုသည့် အမည်ထွက်လာကာ အကြောင်းရင်းကို သူသိခဲ့ရလေသည်။
သူဆေးရုံကိုသွားခဲ့ပေမဲ့ သူ့တွင်ဘာရောဂါမှ ရှိမနေခဲ့ပါ။
တကယ်တမ်း သူသွားခဲ့သည်က စိတ်ရောဂါကု ဆရာဝန်ဆီကိုသာ ဖြစ်သည်။
ထို့နောက်မှာ နောက်ဆုံးကောက်ရိုးတစ်မျှင် အဖြစ် ကင်ဆောနူး ခွဲစိတ်မှုလုပ်လာဖို့ရန်အတွက် ပြဇာတ်တစ်ပုဒ်ကို သူဖန်တီးခဲ့လေသည်။
သူ့မိဘ၊ ကင်ဆောနူးမိဘများနှင့် တိုင်ပင်၍ ပေါ့။
ပြဇာတ်တစ်ပုဒ်ဆိုပေမဲ့ ဘဝနှင့်ရင်းသည့် အလောင်းအစားတခုသည်လည်း ပါဝင်နေသေးသည်။
သူမျှော်လင့်ထားသလို ကင်ဆောနူးသာ အမှန်တကယ် သူ့အား သံယောဇဥ်ရှိခဲ့လျှင် ဤပြဇာတ်ကား ပျော်ရွှင်စွာ အဆုံးသတ်သွားပေမည်။
အကယ်၍ သူမျှော်လင့်သလို ကင်ဆောနူးက သူ့အပေါ်သဘောမထားလျှင်တော့ ဝမ်းနည်းစရာ ဇာတ်သိမ်းအား အားလုံးတွေ့ကြုံရတော့ပေမည်။
💟ငတုံးလေး ကင်ဆောနူးကတော့ သူ့ကိုကို ပြောသမျှကို ယုံနေရှာသတဲ့လေ😄
💟အဟေး ရှုပ်ကုန်ပြီလား မကောင်းမကန်းလေးကို ဖတ်ပေးတဲ့ တစ်ယောက်ဆီတိုင်းကို ကျေးဇူးတင်ပါတယ်နော်💜