သိစိတ်က လျစ်လျူ ရှုဖို့ကြိုးစားနေပေမဲ့ မသိစိတ်ကတော့ ကင်ဆောနူးအားအလိုလိုပင်ရှာဖွေနေမိလေသည်။
ဒီနေ့ ကျောင်းမလာဘူးထင်သည်။
ထပ်ပြီးနေမကောင်းပြန်ဘူးလား။
လွန်ခဲ့သော နှစ်ရက်က ဆုံဖြစ်ကြပေမဲ့ နှစ်ယောက်လုံး ဘာစကားမှမပြောဖြစ်ကြ။
ဂျင်ဝူးက ကင်ဆောနူးအကြောင်း ပြောလာပေမဲ့ ကင်ဆောနူးကတော့ သူ့အား ဘာကိုမှမသိစေချင်ပုံ။
ကြည့်ရတာ ကင်ဆောနူးဟာ သူမရှိလည်း အဆင်ပြေနေကြောင်း သိစေချင်ပုံပငိ။
သူကသာ မနေနိုင်မထိုင်နိုင် ကင်ဆောနူးမေမေကို သတိရ၍ ဖုန်းဆက်ချင်ယောင်ဆောင်ပြီး အဆင်ပြေနေမနေ မေးနေခဲ့ရတာ။
နေ့တိုင်း ကင်ဆောနူးကျောင်းလာ မလာကိုလည်း တိတ်တိတ်လေး ရှာမိနေခဲ့တာ။
ကင်ဆောနူးဆိုတဲ့ကောင်ကတော့ တစက်လေးမှ သိမှာမဟုတ် ။
အခုလည်း သူ့မှာမနေနိုင်မထိုင်နိုင် စိတ်ပူနေရလေသည်။
"တူ တူ"
စာသင်ချိန်ဝင်လာသည့် ဖုန်းကြောင့် သူစိတ်ပျက်သွားရသည်။
ဒီလိုအချိန် ဘယ်သူက ဖုန်းခေါ်ရပါလိမ့်
ဖုန်းကို ထုတ်ကာကြည့်မိလေတော့
ကင်ဆောနူး၏ ဖုန်းဖြစ်နေလေသည်
ဘာများ ဖြစ်ရသလဲ
ကင်ဆောနူးနဲ့သူ ဖုန်းနဲ့ပင် အဆက်အသွယ်မရှိလေတာ တစ်လကျော်ပြီဖြစ်သည်။
"Hello "
"××××××××××"
" ဟုတ်ကဲ့ သူ့အုပ်ထိန်းသူလို့ပြောလို့ရပါတယ်"
"××××××××××××"
" ဆေးရုံ ဟုတ် ဟုတ်ကဲ့ အခုပဲလာခဲ့ပါ့မယ်"
သူ ဆရာ့အား အလျင်အမြန်ခွင့်တိုင်ကာ အခန်းထဲက အပြေးတပိုင်း ပြေးထွက်ခဲ့မိတော့သည်။
စာသင်နေသော ဆရာသာမက တခန်းလုံးရှိကျောင်းသားအားလုံးကတော့ မတုန်မလှုပ်ပတ်ဆောင်ဟွန်း၏ စိုးရိမ်ခြောက်ချားနေသည့် ယခုလို ပုံစံအား ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရတော့သည်။
ကားကို သတိထား၍ ကြိုးစားမောင်းနေရလေသည်။ သူ့စိတ်အလျင်အတိုင်းသာ မောင်းရပါလျှင် လူနာဆီသွားမည့် သူကိုယ်တိုင်သည်လည်း လူနာဖြစ်သွားနိုင်လောက်သည်။
"လူနာ ကင်ဆောနူးက အခန်း၁၀၂မှာ ပါ"
"ဟုတ်ကဲ့ ကျေးဇူးပါ"
ကင်ဆောနူး၏ အခန်းရှေ့တွင် ရဲနှစ်ဦးအား အဆင်သင့်တွေ့လိုက်ရသည်။
" ကျွန်တော် ပတ်ဆောင်ဟွန်းပါ သူ့အခြေအနေဘယ်လိုရှိလဲဟင် "
"သူဗိုက်ကတော့ ဓားဒဏ်ရာကြောင့် ချုပ်လိုက်ရပေမဲ့ ဆရာဝန်က မစိုးရိမ်ရတော့ဘူးလို့ပြောပါတယ် ခုနက တခေါက်သတိရလာပေမဲ့ အခုတော့ ပြန်ပြီး အိပ်ပျော်နေတုန်းပဲ "
"ကျွန်တော့်ကို ဖြစ်သမျှလေး အသေးစိတ်ရှင်းပြလို့ ရနိုင်မလား "
"အာ ရပါတယ် "
ရဲများကတော့ ဖြစ်ပျက်သမျှကို သူ့အားရှင်းပြလေသည်။ထို့ပြင် တရားခံအားလည်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း အသိပေးလာလေသည်။
သူအခန်းတံခါးအား ညင်ညင်သာသာ ဖွင့်ကာ အခန်းထဲသို့ဝင်လိုက်လေသည်။
ကုတင်ပေါ်တွင်တော့ ကင်ဆောနူးတစ်ယောက် ငြိမ်းချမ်းစွာပင် အိပ်ပျော်နေလေသည်။
သူကုတင်ဘေးဝင် ထိုင်လိုက်ရင်း ကင်ဆောနူး၏ နူးညံ့သောလက်လေးအား ဆုပ်ကိုင်ထားမိလေသည်။
ကင်ဆောနူးဟာ သု့အားအုပ်ထိန်းသူနေရာမှာ
မပြောင်းမလဲ မှတ်ထားနေဆဲပင်။
ထို့ကြောင့်ပင်
ရဲတွေဟာ ကင်ဆောနူးဖုန်းထဲက အုပ်ထိန်းသူအဖြစ်မှတ်ထားသည့် သူ့အား ဆက်သွယ်လာခြင်းဖြစ်လေသည်။
ထိုသို့မှတ်ထားသည်က ပင် တမျိုးကောင်းလေသည်။
အကယ်၍သာ
ကင်ဆောနူးမိဘများအားသာ ဆက်သွယ်မိခဲ့လျှင် တခုခုဖြစ်သွားနိုင်သည်။
သူပင် စိုးရိမ်လွန်း၍ ရူးမတတ်ဖြစ်ခဲ့ရသည်မလား။
ဘလောက်ပဲ မစိုးရိမ်ရဘူးပြောပေမဲ့ သူ့နှလုံးခုန်သံဟာ ခုထိမြန်နေဆဲ။
သူ အမှန်ပင်ကြောက်သလို နောင်တလည်းရမိသည်။
သူသာ ကင်ဆောနူးအားတစ်ယောက်တည်း လွတ်မထားလျှင် ယခုလိုဖြစ်လာမည်မဟုတ်။
မြန်မြန်နိုးလာပါတော့ ဆောနူးရာ။
" တောင်းပန်ပါတယ် ဆောနူး
ငါက ငါ့ခံစားချက်ပဲ ဂရုစိုက်ပြီး မင်းကိုပစ်ထားခဲ့မိတာ
ဒါပေမဲ့မင်းရော
မင်းလည်း သူများတွေ ဘလောက်စိတ်ပူနေမလဲ မတွေးပဲ လုပ်ချင်တာ လုပ်နေတာပဲနော်"
သူ ဆောနူး၏ ပါးလေးအား လက်ညိုးဖြင့် ဖွဖွလေး ထိရင်း ခပ်တိုးတိုးပြောမိလေသည်။
ဖွဖွလေးဆိုပေမဲ့ သူလက်ညိုးဟာ ကင်ဆောနူ၏ ပါးဖောင်းဖောင်းလေးထဲ အိခနဲပင် နစ်ဝင်သွားလေသည်။
ချစ်စရာကောင်းလိုက်တာ
အွန်း ချစ်စရာကောင်းတယ်ဆိုပေမဲ့လည်း
ဆောနူးဟာ တချိန်လုံးချွဲနွဲ့နေတတ်သည့် typeတော့မဟုတ်
သူစိတ်ကောင်းဝင်နေရင်
လိုက်ချွဲတတ်ပေမဲ့ တခါတလေကျရင်လည်း အမြင်ကပ်စရာကောင်းအောင် မျက်လုံးကြီးပြူး နှုတ်ခမ်းကြီး ထော်ပြီး ကလန်ကဆန်လုပ်တတ်သေးတာ။
သူများဘယ်လိုတွေးမယ်ဆိုတာလည်း သူမသိ ။ သူလုပ်ချင်တာပဲ လုပ်တတ်တဲ့သူမျိုးလေ။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ကင်ဆောနူးဟာ အရင်လို ချစ်စရာကောင်းအောင် သိပ်မလုပ်တော့။
သူကြည့်နေစဥ်မှာပင် ကင်ဆောနူးဟာ မျက်လုံးလေး ပွင့်လာလေသည်။
သူ့ကိုမြင်တော့ တအံ့တသြဖြစ်သွားလေသည်။
" ဆောင် ...ဆောင်ဟွန်း ဟျောင်း"
"အွန်း ..မောနေမယ် စကားအများကြီးမပြောနဲ့ နာနေသေးလား "
"ဟင့်အင်း သိပ်မနာတော့ပါဘူး အပေါ်ယံချုပ်လိုက်ရုံလေးပဲကို အေးဆေးပါ"
" အေးဆေးဆိုပြီး ဘာလို့အကြာကြီး အိပ်နေရလဲ လူကိုစိတ်ပူရအောင်"
"အဟဲ ညက ငါ ၂နာရီလောက်မှ အိပ်ရတော့ အိပ်ရေးပျက်သွားတာနဲ့ တခါတည်းပေါင်းအိပ်လိုက်တာ"
တကယ်ပါပဲ။
ကင်ဆောနူးဟာ။
"၂နာရီထိအောင် ဘာတွေလုပ်နေတာလဲ
မဟုတ်မှ Gameဆော့နေတယ်လို့တော့ မပြောနဲ့နော်"
သူ့စကားကြောင့် ကင်ဆောနူးဟာ နှုတ်ခမ်းလေးတွေကို တင်းတင်းစေ့ထားလိုက်လေသည်။
" ဘာလဲ အဲ့ပုံစံက"
"မင်းပဲ အဲ့လိုမပြောနဲ့ဆို"
"ဟေး မင်းတကယ်ကြီးကို လုပ်ခဲ့တာပဲ
မင်းအဲ့လိုသာ ဆော့နေရင် ဦးနှောက်ပျက်သွားလိမ့်မယ်သိလား"
" မင်းမှ အိပ်တော့လို့မပြောတာ"
"ငါ ငါမပြောလို့ ဟုတ်လား"
"အင်းလေ အရင်က ငါနောက်ကျတဲ့အထိနေရင် မင်းက အိပ်တော့လို့ ပြောနေကျလေ
မင်းပြောမှ ငါကအိပ်တာလေ "
"အင်း အခုကျ"
"အခုကြ မင်းမရှိတော့တာကိုမေ့ပြီး နောက်ကျရင်မင်းလာပြောမှာပဲ ဆော့မိနေတာပေါ့
မင်းမရှိမှန်း သတိဝင်လာမှ ရပ်လိုက်မိတော့ အချိန်ကနောက်ကျနေပြီလေ"
ဒီကောင်ကို သူတစ်ယောက်တည်းမထားခဲ့သင့်တာပဲ။
ဆောနူးရာ တောင်းပန်ပါတယ်
သူဆောနူး၏ လက်လေးကို တင်းတင်းကျပ်ကျပ်ပင် ဆုပ်ကိုင်ထားမိလေသည်။
ဘာကြောင့်ရယ်မသိ သူ့နှလုံးသားက ပျော်ရွှင်ကြည်နူးမှုအပြည့်။
အကြောင်းက ကင်ဆောနူးရဲ့ ဘဝမှာ သူမရှိ၍ မဖြစ်ဆိုသည်ကို သိလိုက်ရသည်မို့။
"ငါ့ကြောင့် အတန်းချိန်ပျက်သွားမှာပေါ့
ငါ့ကို စိတ်ဆိုးနေသေးလားဟင်"
ခပ်တိုးတိုးဆိုလာသည့် စကားကြောင့် သူ့စိတ်ဟာ တခြားတဖက်သို့ ကူးပြောင်းသွားလေသည်။
"ငါ တကယ်စိတ်ဆိုးတယ် ကင်ဆောနူး ဒါပေမဲ့
အဲ့ဒါ အတန်းပျက်လို့မဟုတ်ဘူး မင်းလုပ်ချင်တာလုပ်လွန်းလို့
အဲ့အနားမှာ ဘယ်သူမှမရှိလို့လား
လူတွေအများကြီးရှိနေတာလေ
မင်းတစ်ယောက်တည်း သူရဲကောင်းလား
အဲ့လိုကနေ မင်း လုံးဝပြန်မနိုးလာတော့ရင် ဘယ်လိုလုပ်မလဲ ဟမ်
ငါဘလိုလုပ်ရမလဲလို့ "
သူ့နှုတ်က ဒေါသထွက်စွာပြောနေပေမဲ့ သူ့မျက်ဝန်းကတော့ ဆန့်ကျင်ဘက်ဖြစ်စွာ မျက်ရည်များ ရစ်ဝဲလျက်။
💜
ကင်ဆောနူး သူ့ရှေ့မှ လူအား မမြင်ဖူးသည့် လူတစ်ယောက်လိုပင် ငေးကြည့်နေမိသည်။
တကယ်ပဲ ပတ်ဆောင်ဟွန်း ဟာ သူ့ကြောင့်ငိုနေတာပဲ။
ပတ်ဆောင်ဟွန်းရဲ့ ပူနွေးတဲ့ မျက်ရည်တွေဟာ သူ့လက်ဖမိုးပေါ်သို့ပင် တောက်ခနဲကျလာသည်။
သူ့လက်တွေဟာ ပတ်ဆောင်ဟွန်းရဲ့ ပါးပြင် ပေါ်သို့ ရွေ့လျားသွားရလေသည်။
"ဆောင်ဟွန်း Hyung ကျေးဇူး ပဲ
ငါ့ဘဝမှာငါ့ကြောင့် ပျော်ရွှင်ရတဲ့သူအများကြီးရှိပေမဲ့ ငါ့အတွက်ငိုပေးတဲ့သူကတော့ မင်းတစ်ယောက်ထဲပဲမို့
ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ်"
ပတ်ဆောင်ဟွန်းဟာ သူ့စကားကြောင့် သူ့အား ခဏမျှ ငေးစိုက်ကြည့်နေလေသည်။
"ဆောနူး"
"ဟင် "
" ငါမင်းကို နမ်းလို့ရလား"
"ဟမ် ဘာကို
အာ အင်း နမ်း နမ်းလေ"
သူအယောင်ယောင် အမှားမှားဖြင့် မျက်လုံးတို့ကို ပိတ်လိုက်မိလေသည်။
အရင်ကဆိုလျှင် သူဟာ ဒေါသတကြီးအော်ပြီး ထွက်ပြေးကောင်း ပြေးနိုင်ပေမဲ့
အခုတော့ သူ့အပေါ်ကောင်းသည့် ပတ်ဆောင်ဟွန်းဟာ လိုက်လျောပေးချင်မိသည်။
ပတ်ဆောင်ဟွန်းရဲ့ နွေးထွေးတဲ့ နှုတ်ခမ်းတွေဟာ သူနဖူးပြင်ပေါ် လာရောက်တွေ့ထိချိန်မှာ သူ့နှလုံးသားဟာ ငြိမ်းချမ်းမှုကို အလိုလိုခံစားမိလိုက်လေသည်။
💜
" ပတ်ဆောင်ဟွန်း ဘာ ဘာလို့အဲ့လိုကြည့်နေရတာလဲ "
သူ့ရှေ့မှ အရှက်သည်းနေတဲ့ ကောင်လေးအားကြည့်ကာ သူသဘောတကျရယ်လိုက်မိလေသည်။
ခုနက တကယ်ပဲ သူတောင်းဆိုသည်ကို ခွင့်ပြုပေးလိုက်တာ ကိုယ်တိုင်မဟုတ်တဲ့အတိုင်း။
သူရယ်နေတာကြောင့် ချက်ချင်းပဲ စောင်ကို မျက်နှာပေါ်တော့သည်အထိ ခြုံထားပြန်ကာ သူ့အားနှင်လွှတ်တော့သည်။
"ငါ ငါအိပ်ချင်ပြီ သွားတော့"
"မသွားပါဘူး မင်းလည်း မအိပ်တော့နဲ့
ထပ်အိပ်ရင် ခေါင်းကိုက်လိမ့်မယ်
ဗိုက်မဆာဘူးလား "
သူစောင်ကို ဆွဲဖယ်ကာ ပြောလိုက်လေသည်။အစားဆိုတော့ အရှက်သည်းမနေတော့ပဲ မော့ကြည့်လာလေသည်။
"အွန်း တကယ်ဆာတယ်"
" ဘာစားချင်လဲ အခုပဲ သွားဝယ်ပေးမယ်"
အပြင်ထွက်ကာ ကင်ဆောနူးစားချင်သမျှ သွားဝယ်ပေးရန် အခန်းတံခါးအား သူဖွင့်လိုက်ချိန်တွင် ဆရာဝန်တစ်ဦးနှင့် ထိပ်တိုက်ဆုံရတော့သည်။
" လူနာရှင်က "
" ကျွန်တော်ပါ ပတ်ဆောင်ဟွန်း"
" ဟုတ်ကဲ့ လူနာအခြေအနေနဲ့ ပတ်သက်ပြီး
မဖြစ်မနေ အသိပေးသင့်တယ်ထင်လို့
အားတဲ့အချိန်မှာ ကျွန်မနဲ့လာပြီး တွေ့ပေးပါ "
"ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ် Dr."