Always With You (Completed)

Bởi Mirella_vc

30.6K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... Xem Thêm

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-10
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Final
AWY-Extra

AWY-22

778 45 17
Bởi Mirella_vc

"Hello, Nice to meet you..."

"ကျက်သရေတုံးပြီကွာ..."

အပြင်ထွက်ဖို့ ကားပေါ်တက်ကာနီးမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ Black ဆိုတဲ့လူ...။

"တွေ့ရတာ ဝမ်းသာတယ်နော် Win ဘယ်သွားကြမလို့လဲ..."

"ငယ် ဘာဖြစ်လို့လဲ....!"

"ဒီမှာလေ...." Win က စကားမပြောချင်တဲ့ အမူအယာဖြင့် သူ့ကို မေးဆတ်ပြ၏။

"သြော်...The Ghost က ဂိုဏ်းချုပ်ဆိုတာ ထင်တယ်.... တွေ့ရတာ ဝမ်းသာပါတယ်ဗျ...ဒီအထိကြီး...ဘာကိစ္စရှိလို့လဲ မသိဘူး..."

Vachirawit က တစ်ဖက်က Black ဆိုသူကို ပြန်ပြောနေပေမယ့် စိတ်အာရုံတစ်ခုလုံးက Metawin ကိုဘဲ အာရုံစိုက်နေပြီး အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးနေသေး၏။

"အဟမ်း...လမ်းကြုံလို့ပါ...ဒီနားလာရင်း..."

"ဟုတ်လား...ဆိုက်ဆိုက်မြိုက်မြိုက်ကို တွေ့တတ်တယ်.... တိုက်ဆိုင်လိုက်တာ...နော်...ငယ်..."

တမင် ငယ် ဆိုတဲ့ နေရာမှာ ဖိကာပြောတော့ သူ့ဂိုဏ်းချုပ်လေးက မျက်စောင်းထိုး၏။

"ဒါဆိုလည်း Win တို့ကို ခွင့်ပြုပါအုံး...အပြင်သွားမလို့..."

"ခဏ...Win ကို ပြောစရာရှိလို့..."

"ပြောပါ..."

"ဟို...ဒုဂိုဏ်းချုပ်...."

"အဟွန်း...Vachirawit က သူစိမ်းမဟုတ်ဘူး...တကယ်လို့ သူ့ရှေ့မှာ မပြောနိုင်ဘူးဆို ကျွန်တော်လည်း နားမထောင်နိုင်ဘူး...."

"အမှန်တော့ ဒီကိုလိုက်တာလာ...Win ကို လိုက်ပြန်ခေါ်တာပါ...uncleက ပြန်ခေါ်ခဲ့ပါဆိုလို့..."

"Vachirawit ဖုန်းပေး..."

"ရော့..ငယ်..."

Win စိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွားပေမယ့် စိတ်ထိန်းရင်း ဒယ်ဒီဆီ ဖုန်းခေါ်ဖို့ဘဲ လုပ်လိုက်၏။ဒီလူနဲ့လည်း စကားတွေ ရှည်ရှည်ဝေးဝေး မပြောလို...။

"Hello, ဒယ်ဒီ..."

"ပြော...Metawin...."

"ဒယ်ဒီ The Ghost ဂိုဏ်းချုပ်ကို ကျွန်တော့်နောက် တကယ်ဘဲ လွှတ်လိုက်တာလား...ပြန်လိုက်ခေါ်ဖို့..."

"မင်းတို့နောက် လိုက်သွားချင်တယ်ဆိုလို့လေ...ဘာဖြစ်လို့လဲ..."

"ဟုတ်လား...ဒီမှာ ဒယ်ဒီက ပြန်လိုက်ခေါ်ခိုင်းတယ်ဆိုလို့..."

ပြောပြီး Win ဖုန်းချကာ Bright ဆီ ပစ်ပေးလိုက်၏။speaker ဖွင့်ပြီး ပြောတာကြောင့် ဘေးနားမှာ ရှိနေတဲ့သူတွေ ကောင်းစွာ ကြားနေရသည့် အနေအထားဖြစ်၏။

"ငယ်...ကိုယ်ပြောလိုက်မယ်... ကားထဲ ဝင်တော့..."

"Ok..."

ငယ့်ကို ကားထဲဝင်ခိုင်းတော့လည်း ခေါင်းထိမှာစိုး၍ လက်ဖြင့် ကာပေးဖို့လည်း မမေ့..ငယ် ကားထဲရောက်သွားတော့မှ ကားတံခါးကို ငြင်ငြင်သာသာ ပိတ်လိုက်ရင်း...Black ဘက်လှည့်ကာ...

"ဒီမှာ ခင်ဗျားမှာ ဘာရည်ရွယ်ချက် ရှိနေလည်း မသိပေမယ့် အခြေအနေကတော့ ခင်ဗျားမြင်တဲ့ အတိုင်းဘဲ...ခင်ဗျားကြောင့် ကျုပ်ငယ် စိတ်ခုသွားပြီ..."

"ဘယ်လိုဘဲ ဖြစ်ဖြစ်..."

"Black ခင်ဗျားက သိပ်တော်တဲ့ သူလို့ ကြားတယ်...ကျုပ်ရှေ့မှာ အားနည်းသလို ဟန်ဆောင်ပြမနေနဲ့...ပြီးတော့ Win Metawin က ကျုပ်အပိုင်မို့...ခင်ဗျား စိတ်နဲ့တောင် ပစ်မှားဖို့ မကြိုးစားနဲ့..."

"အဟွန်း...လက်ထဲမှာရှိနေတုန်း သေချာ ဂရုစိုက်ပေါ့ကွာ..."

"ခင်ဗျားကြားသိမှာပါ...White Dragons က ဒုဂိုဏ်းချုပ်က ဘယ်လိုဆိုတာ...နောက်ခါ ဒီလို ပိုင်စိုးပိုင်နင်း အပြုအမူတွေ ရပ်တန်းက ရပ် သိလား...ငယ်က ကျုပ် ပိုင်စိုးပိုင်နင်း လုပ်တာကိုဘဲ ကြိုက်တာ...တစ်ခြားသူတွေဆို မရဘူး...အဟက်..."

"မင်း..."

"နောက်ခါဆို ယောက်ျားဆန်ဆန်ဘဲ ဖြေရှင်းရအောင်...ဒီလိုမျိုးလိုက်လာရတာ...ဂိုဏ်းချုပ် သိက္ခာကျတယ်...သွားလိုက်ပါအုံးမယ်ဗျ...."

Brightက ပြောပစ်ခဲ့ပြီး ကားထဲ ဝင်ထိုင်တော့ Winက သူ့ဗိုက်ကို လာလိမ်ဆွဲ၏။

"ဟမ်...တော်တော်ခေါ်လို့ ကောင်းနေတယ်ပေါ့ ..ငယ်..ငယ်နဲ့..."

"နားဝင်မချိုဘူးလား ပြော..."

"အူမြူးနေတယ် Vachirawit တို့..."

"ငယ် ဘေးနားမှာ ရှိနေတာကိုး...."

ကားထဲမှာတော့ ရယ်သံလွင်လွင်လေးတွေ ပျံလွင့်သွားတော့၏။ထွက်သွားတဲ့ ကားလေးကို ကျန်ခဲ့တဲ့ Black က လည်း မျက်စိတစ်ဆုံး ငေးကြည့်နေမိ၏။

"ပြန်ကြတော့မလား ဂိုဏ်းချုပ်..."

"ပြန်မယ်...ငါ ဒုဂိုဏ်းချုပ်အကြောင်း ပိုပြီး သိချင်တယ်..အခုတော့ လွှတ်ပေးထားလိုက်တော့...သူတို့ ဘာလုပ်နေလဲဆိုတာ မျက်ခြေမပြတ် စောင့်ကြည့်နေ..."

"ဟုတ်ကဲ့ ဂိုဏ်းချုပ်..."

Black စိတ်ထဲ Win ကို တနေ့တခြါး ပိုပြီးတော့ ပိုင်ဆိုင်ချင်လာ၏။ခက်ခဲတဲ့ အရာကို ပိုလိုချင်တတ်ကြတာ သဘာဝမို့ သူကလည်း ရအောင် လုပ်အုံးမှာ...Win မျက်နှာ မြင်တိုင်း အလိုလို အားနည်းသွားတတ်တဲ့ သူ့ကိုယ်သူလည်း အံ့သြမိ၏။လိုချင်တာဆို မရရအောင် ယူခဲ့တာချည်း...အရာအရာကို သေနတ်နဲ့ ဖြေရှင်းခဲ့တာချည်း...ဘာလို့ Win ရှေ့ရောက်မှ အားနည်းသွားပြီး ပြောစရာစကားတွေ ရှာမရလည်း မသိတော့.. Win ဘက်ကလည်း သူ့ကိုမြင်တိုင်း လူယုတ်မာတစ်ယောက်ကို တွေ့သလို ဆက်ဆံ၏..ဒါပေမယ့်လည်း အချစ်စိတ်တွေမှာ...စတွေ့တုန်းက ဒီလောက်ထိ မဖြစ်ပေမယ့် အခုတော့ နေမြင့်လေ အရူးရင့်လေ ဖြစ်နေ၏။အခုလည်း ဘာရည်ရွယ်ချက်မှ မရှိဘဲ သူတို့နောက်ကို ထလိုက်လာမိတာ... တပည့်တွေက တားပေးမယ့် သူလိုက်လာချင်နေတာ​ကြောင့် သူတို့လည်း လွှတ်ထားပေးလိုက်ကြတာ... မင်း လက်ထဲမှာ ရှိနေတုန်းတော့ ဂုဏ်ဆာနေအုံးပေါ့ Bright Vachirawit ရယ်..။မင်းရဲ့ ကျဆုံးခန်းတွေ ရောက်လာတော့မှာပါ...။

****

"Nani အခု ဘယ်သွားနေတာလဲ...."

"ငြိမ်ငြိမ်လေး လိုက်ခဲ့ စမ်းပါ..."

"ပြောလေ ဘယ်သွားနေတာလဲလို့...."

"ဟိုရောက်ရင် သိရမှာပေါ့..."

အရပ်ကလန်ကလားကောင်ကို ဆိုင်ကယ်ပေါ် တင်ခေါ်ရတာလည်း မလွယ်...အတူတူကြီးလာတာချင်းအတူတူကို ဘာတွေစားပြီး အဲ့လောက်ရှည်နေမှန်းမသိ...ဘယ်သွားသွား သူ့အရပ်နဲ့ မလွတ်....ရေခဲပြင် စကိတ်သွားစီးချင်တယ်ဆိုလို့ လိုက်ပို့ပေးမလို့ကို...မသိရင် သူ့ကို သွားရောင်းစားမှာကျလို့ ဆိုင်ကယ်နောက်ကနေ အသည်းအသန်အော်နေတာ..အမြင်ကပ်ကပ်နဲ့ အရှိန်တင်မောင်းတော့ သူ့ခါးကို ဖက်လာတာ တင်းတင်းကျပ်ကျပ်...။သဘောကျစွာခိုးပြုံးရင်း ရင်ခုန်နှုန်းတွေလည်း သိသိသာသာတိုးလာ၏။ကြည်ကြည်နူးနူးနဲ့ အပြုံးတွေလည်း အသောမသတ်နိုင်...။

"ကဲ ရောက်ပြီ..."

"ဟင်...ဒါက...."

"ဘယ်လိုလဲ မင်းသွားချင်တယ်ဆိုလို့...."

"ဟား...ပျော်လိုက်တာ...ငါလိုချင်တာတွေကို ဖြည့်ဆည်းပေးတာ မင်းအပြင်မရှိဘူးဘဲ..."

"ဟား....အေးပါ.....ကဲ..သွားစီးကြရအောင်..."

"Let go! ..."

Nani လည်း အထဲရောက်တာနဲ့ သူဘဲ ဦးဆောင်ပြီး လက်မှတ်ဖြတ်ကာ စကိတ်ကွင်းထဲ ဝင်လာလိုက်၏။လောရှည်ကောင်ကတော့ ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ကာ ခပ်မိုက်မိုက်ပုံစံဖြင့် လျှောက်လာရင်း အပြုံးကို ဖောဖောသီသီ ပြုံးပြပြီး သူ့နောက်က လိုက်ပါလာ၏။တကယ့်ကို အမြင်ကပ်စရာ...အားနေရင် ပြုံးနေတာ။

"ကြောက်နေတာလား..."

"ဟမ်...ဘာကိုလဲ..."

"မသိဘူးလေ...မျက်ခုံးတွန့်ပြီး ဘာတွေတွေးနေမှန်း မသိလို့လေ..."

"မင်းလည်း မေးတတ်တယ်နော် ငါ့ကို အခုမှ စကိတ်စစီးဖူးတဲ့ ကလေး ထင်လို့လား..."

"ဟား...စတာပါ...လာ..သွားမယ်..."

သွားမယ်ပြောပြီး သူ့လက်ကို ဆွဲခေါ်သွားတာကြောင့် Nani မှာ အူကြောင်ကြောင်နဲ့ ပါသွားရ၏။သူတို့နားကို ဝန်ထမ်းတစ်ယောက် ရောက်လာပြီး စကိတ်ဖိနပ်တွေပေးသွားတော့ သူတို့လည်း စီးရင်း ကွင်းထဲဝင်ရန် ပြင်၏။နှစ်ယောက်လုံးက All black တွေနဲ့မို့ ရေခဲပြင် ဖြူဖြူဖွေးဖွေးပေါ် သူတို့နှစ်ယောက်က ထင်ထင်ရှားရှား၊ သူများတွေထက် သိသိသာသာ ရှည်နေတဲ့ အရပ်ကြောင့်ရယ် သူတို့နှစ်ယောက်ကြားက အရပ်ကွာခြါးမှုရယ်ကြောင့် လူတွေအားလုံးရဲ့ အာရုံစိုက်စရာ ဖြစ်လာ၏။

"Woww...မိုက်လိုက်တာ...ဒီခံစားချက်က တကယ်ကို မိုက်တာဘဲ..."

"ပြိုင်မလား Dew..."

"တက်ကြွနေတာပေါ့...ပြိုင်ကြမယ်လေ..."

ဘယ်လိုနေရာမှာဘဲ ပြိုင်ပြိုင် စကိတ်ဘုရင် Dew ကို မနိုင်ပါ..နောက်ဆုံးအနိုင်ရသွားတာက Dew ပါဘဲ...။သူတို့လည်း ပင်ပန်းသွားတာကြောင့် အနားယူတဲ့နေရာမှာ အမောဖြေနေကြရင်း....။

"Nani...ငါသိပြီ.."

"ဘာကိုလဲ..."

"နောက်ခါ mission လုပ်ရင် စကိတ်နဲ့ သွားမယ်..."

"ဂိုဏ်းချုပ် ခွင့်ပြုရင် လုပ်ပေါ့..."

"အင်း...ပြန်ကြမလား...လျှောက်လည်ချင်သေးလား..."

"မုန့်စျေးတန်းဘက် ခဏသွားရအောင်..."

"Ok..."

Dew က မတ်တပ်ထရပ်ကာ သူ့ကို ပြုံးပြပြီး လက်တစ်ဖက် ကမ်းပေးလာ၏။ပြုံးနေတာများ ပါးချိုင့်တစ်ဖက်ပေါ်တဲ့ အထိ နှစ်နှစ်ခြိုက်ခြိုက်...။ရုတ်တရက် Nani ရဲ့ ကမ္ဘာတစ်ခုလုံး အလင်းရောင်တွေ ဖုံးလွှမ်းသွားသလို...။သူ့လက်ကို ဆွဲရင်း အားယူကာ ထရပ်မိတော့ မချွတ်ရသေးတဲ့ စကိတ်ဖိနပ်ကြောင့် ဟန်ချက်ပျက်ကာ ပက်လက်လန်လဲတော့မလို...ရုတ်တရက်မို့ လန့်သွားတာမို့ မျက်လုံးအစုံကို မှိတ်ချမိ​​ ပြီး ပြန်အဖွင့်မှာ  ခါးပေါ်က အထိအတွေ့တစ်ခုနဲ့အတူ သူ့ကို စိုးရိမ်စွာ ကြည့်နေတဲ့ Dew ရဲ့ မျက်နှာကို မြင်လိုက်ရ၏။Naniလည်း ကမန်းကတမ်း ရုန်းထွက်လိုက်ရင်း...

"အဟမ်း...ရ...ရပြီ..."

"Nani..."

"ဟင်..."

"မင်း ခါးလေးက သေးသေးလေး..ဖက်ရတာ အားမရလိုက်တာ...ထမင်းများများစား...ကြားလား..."

"ဘာ..!!."

ပြောချင်ရာ ​ပြောပြီး ထွက်သွားတဲ့ လောရှည်ကောင်ကို ကြည့်ပြီး Nani မှာ ပြေးကန်ချင်စိတ်က တဖွားဖွား...။ခါးက ရှိသင့်သလောက်တော့ ရှိမှာပေါ့ အားမရဘူးတောင် လာလုပ်နေသေးတယ် ပိတ်ကန်လိုက်ရ...။အတွေးမဆုံးသေးခင် သူ့ကို ရပ်စောင့်ကာ ခေါ်တာကြောင့် သူလည်း လိုက်လာရတော့၏။Dewက ဆိုင်ကယ်နားမှာ ရပ်စောင့်ရင်း...

"အပြန် ငါမောင်းမယ်...မင်းက နောက်က အေးဆေးလိုက်..."

"ငါ့သားလေးကို ငြင်ငြင်သာသာ လုပ်နော်..."

"မင်းလောက်တော့ အမောင်းမကြမ်းပါဘူးကွာ..."

ယုံရတယ်လို့ ထင်လား...အဲ့စကားကို... သတ်မှတ်တဲ့ မိုင်နှုန်းထက် များလွန်းနေ လို့ နောက်က ရဲတွေလိုက်လာတာ သက်သေဘဲ..Nani မှာလည်း Dew ရဲ့ နောက်ကျောကနေ တောက်တဲ့ကပ်သလို တွယ်ကပ်ထားရ၏။ဒါတောင်သူက လမ်းမှာ တဟားဟားနဲ့ အော်ရယ်ရင်း ရဲတွေလက်က လွတ်အောင် ရှောင်မောင်းလာခဲ့၏။စိတ်ထဲ ကြည်ည်ကြည်နူးနူး date လို့ သတ်မှတ်ရမလား မှတ်ရတယ် Dew လုပ်ပုံကြောင့် စိတ်ကူးယဥ်နေတာတွေက ကြက်ပျောက်ငှက်ပျောက်.. တရားတွေလည်း မရတော့ပါဘူး...။

***
"မေမေကြီး သားတို့ လာတယ်..."

"Mike တို့တောင် ရောက်လာပြီ Top Tap လေးလည်း ပါလာတာဘဲ ကြည့်ပါအုံး ချောလာလိုက်တာ..."

"ကျေးဇူးပါ မေမေကြီး နေကောင်းရဲ့လား..."

"ကောင်းပါတယ်ကွယ်...ဒါနဲ့ Bright တို့ရော..."

"သူတို့ နိုင်ငံခြားသွားနေလို့ မေမေကြီး...ပြန်လာမှ လာခိုင်းလိုက်မယ်..."

"အေးပါ..ရပါတယ် မအားရင် နေကြပါ.."

"Kha မေမေကြီး ဘာတွေ လိုအပ်သေးလဲ...သားတို့ကို ပြောပြအုံး..."

"သားတို့အကူအညီနဲ့ ကောင်းကောင်းလည်ပတ်နေပါတယ်ကွယ်..."

"သားတို့ ပန်းပင်တွေ ယူလာသေးတယ်...တစ်ခါထဲ စိုက်ခဲ့လိုက်မယ်..."

"အေး..အေး..သွားကြ...သွားစိုက်ကြ..."

"ဟုတ် မေမေကြီး ခွင့်ပြုပါအုံး..."

"သား...Gun Smile ရော လိုက်သွားလေ..."

"မေမေကြီးကို ပြောစရာရှိလို့..."

"ပြောလေ သားရဲ့..."

"ဟို...သားမှာ ချစ်သူရှိနေပြီ...အဲ့ဒါ...သားက ဒီဂေဟာကလို့ ပြောထားလို့...ကောင်မလေးက မေမေကြီးကို တွေ့ချင်တယ်ဆိုလို့..."

"ငါ့သားတွေတောင် အရွယ်ရောက်ပြီကိုး...ခေါ်လာခဲ့လေ သားရဲ့ မေမေကြီး အကဲခတ်ပေးမယ်..."

"အဟဲ..ဟုတ် မေမေကြီး အကဲခတ်စရာမလိုအောင်ကို ကောင်မလေးက ကောင်းလွန်းပါတယ်..."

"ဟုတ်ပါပြီရှင်...ခေါ်လာမယ့်နေ့ကို မေမေကြီး စောင့်နေမယ် ဟုတ်ပြီလား..."

Gun Smile လည်း ဂေဟါမှူးကို နှုတ်ဆက်ကာ Mike တို့ရှိရာကို ထွက်လာခဲ့လိုက်၏။ကောင်မလေးက သူပြောပြလိုက်တဲ့ နေ့ထဲက မေမေကြီးဆီနဲ့ ဂေဟာကို ရောက်ဖူးချင်တယ် လိုက်ပို့ပေးပါလို့ ပြောနေ၍ မေမေကြီးဆီမှာ ခွင့်အရင်တောင်းထားလိုက်တာ ဖြစ်၏။

"Gun ဘာတွေဖြစ်နေတာလဲ..."

"ဘာမှမဖြစ်ဘူး Mike...ဂိုဏ်းချုပ်တို့ကို သွားကြိုရအုံးမှာလား..."

"ညခင်းမှ ရောက်မယ်တဲ့..."

Mike နဲ့ Top Tap က တစ်ယောက်ကတူး တစ်ယောက်က အပင်ကို မြေကြီးထဲ ထည့်စိုက်ဖြင့် အလုပ်ရှုပ်နေကြ၏။Gun Smile လည်း အပင်စိုက်ဖို့ စိတ်မဝင်စားတာကြောင့် သူတို့နှစ်ယောက်ကို ရပ်ဘဲ ကြည့်နေလိုက်၏။သူတို့ ဥယျာဥ်ထဲမှာဘဲ Top Tap မြွေကိုက်ခံရတဲ့ အကြောင်းတွေ ပြန်ပြောနေတုန်း Foeiက သူတို့ဆီ အမောတကောနဲ့ ရောက်ချလာ၏။

"ဟေ့ကောင်တွေ ဆက်သွယ်လို့မရ ဘာမရနဲ့ ကွာ..."

"ဘာဖြစ်လာတာလဲ Foei ရ....အလန့်တကြားနဲ့ ဘာနဲ့လာတာလဲ..."

"ငါ့ဆိုင်ကယ်နဲ့...အခုအရေးကြီးတယ် အမြန်မြန်ပြန်လိုက်ခဲ့ကြ..."

"ဘာဖြစ်လို့လဲ ပြောအုံး..."

"အရက်ဂိုဒေါင် အဖောက်ခံရတယ်...ပစ္စည်းတွေ တော်တော်များများ ပါသွားတယ်...."

"အရက် ဂိုဒေါင်က ဘယ်သူတွေ စောင့်တာလဲ..."

" အဖွဲ့ 3 နဲ့ 4..."

"ဟမ်..."

"အေး မြန်မြန်လုပ်..."

"Dew နဲ့ Nani ကရော..."

"အပြင်သွားနေတယ်...သူတို့ကိုလည်း ဆက်သွယ်လို့ မရလို့..."

Mike နဲ့ Foei က ရှေ့က အမေးအဖြေလုပ်ရင်း သွားတော့ Top Tap နဲ့ Gun Smile လည်း အပြေးအလွှားလိုက်ရတော့၏။3 နဲ့ 4 အဖွဲ့က ဂိုဏ်းသားတွေကလည်း ခေသူတွေမဟုတ်..လက်ရွေးစင်တွေချည်း....ဒီအတိုင်းတော့ ပစ္စည်းတွေ အပါခံမှာ မဟုတ်...။

"Foei လက်နက်တွေ..."

"No, Mike...ချက်ချင်းလှုပ်ရှားရင် နေရာ သိသွားလိမ့်မယ်...ငါ အသွားအလာတွေ အကုန်ရပ်ခိုင်းထားတယ်..အခြေအနေငြိမ်မှ အပြောင်းအရွေ့လုပ်မယ်..."

"Ok ဂိုဒေါင်ဘက်ကို မောင်းကြစို့..."

သူတို့လေးယောက်သား ဆိုင်ကယ်ကိုယ်စီနဲ့ အပြင်းနှင်လာခဲ့ကြ၏။အရက်ဂိုဒေါင်ရောက်တော့ ပစ္စည်းတွေ ဖရိုဖရဲနဲ့ လဲတဲ့သူကလဲ သတိလစ်တဲ့သူက လစ် ဖြစ်နေကြပြီး တစ်စုတစည်းထဲ ကြိုးတုပ်ခံထားရတာတွေလည်း ရှိနေ၏။သူတို့လည်း ပြေးသွားရင်း ကြိုး​ဖြေပေး၊ မေ့လဲနေတဲ့သူတွေကို ထူပေးခြင်းများ ပြုလုပ်ရ၏။ Top Tap ကလည်း computer ဖြင့် အချက်အလက်တွေ စစ်ဆေးတော့၏။

"လူကြီး..."

"ဘာဖြစ်လို့လဲ..."

"ရဲတွေ..."

"ဘာ..."

"ဟုတ်တယ်...ဒီလူက နယ်ထိန်း..ပြီးတော့ မှုခင်းအရာရှိ..."

"ဘာလို့လဲ...Foei ပေးရမှာတွေ ပေးပြီးသား မှတ်လား..."

"ပေးပြီးသား..Mike..."

"ပေါင်းလုပ်တာ..."

"ဘာ..."

"ဒီမှာကြည့် Crown ရော...The Ghost ရော..."

"တောက်...ဒီဟာတွေကတော့..."

"စိတ်အေးအေးထား Gun Smile ဒီပယအခြေအနေကို ငါတို့ဖြေရှင်းနိုင်မှာ..."

"သတိရတဲ့သူတွေကို မေးကြည့်အုံး...ဘာတွေ ဖြစ်ကုန်တာလဲလို့..."

အမှန်တကယ်ကို ရဲတွေရောက်လာပြီး စစ်စရာရှိလို့ ဆိုပြီး ဂိုဒေါင်ကို ဝင်စစ်ရာက The Ghost နဲ့ Crown လူတွေပါ ရောက်လာပြီး စိတ်ကြိုက်မွှေတော့၏။ရဲတွေနဲ့ အလိုတူ အလိုပါလုပ်ပြီး သူတို့ White Dragons ကို လုပ်ချင်ရာ လုပ်သွားတာ...သူများတည်ဆောက်ထားတာကို အလွယ်လေး ဖျက်ဆီးသွားကြတာ...သူတို့အရက်ကုန်သွယ်တာက တရားဝင်ဆိုပေမယ့် ပေါ်ပေါ်ထင်ထင်ကြီး လုပ်လို့မရသေး...အခွင့်အာဏာက သူတို့လက်ထဲမှာမို့ သူတို့စစ်ချင်တဲ့အချိန်တိုင်း စိတ်ကြိုက်စစ်ခွင့်ရှိနေတာ...။ဂိုဏ်းသားတွေ ပြောပြနေတာကို နားထောင်ရင်း Gun Smile တို့မှာ တောက်တခေါက်ခေါက်....သူတို့အမှန်တကယ်ကို အားနည်းနေသေးလို့ ထိချင်တိုင်း ထိနေကြတာလား...။

"အခုလောလောဆယ်တော့ ဒီလိုလုပ် ပစ္စည်းတွေ ဘယ်ယူသွားလဲ အကြီးပိုင်းက ဘယ်ကောင်တွေပါလဲ အကုန်စုံစမ်းရအောင်..."

"The Ghost ကို အမြစ်ဖြတ်ချင်နေပြီ...တောက်.."

"ထင်သလောက် မလွယ်ဘူး Gun..သူတို့မှာ အဆက်အသွယ်တွေအများကြီး...ဒီနေ့လုပ်တာကိုဘဲ ကြည့်...."

"အဲ့ဒီအခွင့်အာဏာကို ငါတို့ဆီရောက်အောင် အရင်လုပ်ကြတာပေါ့...ပြီးကျမှ နင်းချေပစ်မယ်..."

ခဏကြာတော့ ဆိုင်ကယ်တစ်စီးနဲ့ Dewနဲ့ Nani ပါ ရောက်လာတာကြောင့် အကြောင်းစုံရှင်းပြရင်း တာဝန်တွေ ခွဲဝေလိုက်တော့၏။လုပ်သင့်သလောက်တော့ ပြီးအောင်လုပ်ထားမှ...မကြာခင်ပြန်ရောက်လာတော့မယ့် ဂိုဏ်းချုပ်နှစ်ယောက်ကို အမောမဆို့စေလို...။ထိုစဥ် Mike ဆီ ဝင်လာတဲ့ ဖုန်း call တစ်ခု...။

"ဘာဖြစ်တယ် ဒေါ်ကြီး..."

"...."

"ကျွန်တော်တို့ အခုလာခဲ့မယ်...မကြောက်နဲ့ ချက်ချင်း လာခဲ့မယ်..."

"...."

ခရီးထွက်သွားတဲ့ Bright က ဒေါ်ကြီးဆက်သွယ်လို့ရအောင် Mike ဖုန်းနံပါတ် ပေးထားခဲ့တယ် ထင်၏။ဖုန်းထဲက ဒေါ်ကြီးအသံက ကြောက်ကြောက်ရွံ့ရွံ့နဲ့ မို့ သူတို့လည်း အချိန်မဆွဲတော့ဘဲ ဆိုင်ကယ်ကိုယ်စီနဲ့ Bright ရဲ့ နေအိမ်ကို အရောက်သွားရပြန်၏။အိမ်ထဲရောက်ရောက်ခြင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ပစ္စည်းတွေ ပြိုလဲ ပျက်ဆီးနေပြီး နေအိမ်တစ်ခုလုံး ရှုပ်ပွနေ၏။

"ဒေါ်ကြီး...ဒေါ်ကြီး..."

"ဒီမှာ သားတို့..."

ဒေါ်ကြီးက မီးဖိုခန်းထဲကနေ တုန်တုန်ယင်ယင်နဲ့ ထွက်လာ၏။Bright ရဲ့ အဖေနဲ့ အမေကိုလည်း မတွေ့။သူတို့လည်း မေးလည်းမေး သန့်ရှင်းရေး လုပ်တဲ့သူက လုပ်ဖြင့် အလုပ်တွေရှုပ်ကုန်၏။

"ဘယ်နားခိုက်မိသေးလဲ....အဆင်ပြေရဲ့လား..ဘယ်သူတွေ လုပ်တာလည်း သိလား..."

"မခိုက်မိပါဘူး...ဒါ...ဒါပေမယ့်.. နောက်တစ်ပတ်နေလို့မှ .အကြွေးမပေးနိုင်ရင် အကုန်လုံးကို သတ်ပစ်မယ်တဲ့.."

"ဘယ်သူကလဲ..."

"The Ghost က...."

"ဟာကွာ...နေရာတကာကို မလွတ်ဘူး..."

"Bright မေမေက သူတို့နဲ့ သွားပတ်သက်ထားတာလား..."

"ဟုတ်တယ်...Mike ငါသိသလောက် Bright အကြွေးဆပ်ပေးနေတာ တော်တော်များနေပြီ..."

Foei က ဝင်ပြောတော့ Mike လည်း ဒေါသထွက်လာရ၏။
ဒီကိစ္စကတော့ Bright ပြန်လာမှဘဲ ဘာဆက်လုပ်မလဲ ဆုံးဖြတ်သင့်တဲ့ ကိစ္စမို့ Mike တို့လည်း ဘာမှမပြောတော့...စိတ်ရှုပ်စရာတွေကြီး ကြုံရတဲ့နေ့မို့ သူတို့လည်း ခပ်မြန်မြန်ဘဲ ဒေါ်ကြီးကို ကူသိမ်းပေးကာ ပြန်လာခဲ့လိုက်ကြတော့၏။စိတ်ထဲမှာလည်း ဂိုဏ်းချုပ်နှစ်ယောက် မြန်မြန်ပြန်ရောက်ပါစေ ဆုတောင်းရင်း...။

*Drama is coming ဟီးဟီး...ပျင်းစရာကောင်းနေတာ်မှတ်လား 😞💗*

5.5.2022
Mirella

Zawgyi

"Hello, Nice to meet you..."

"က်က္သေရတုံးၿပီကြာ..."

အျပင္ထြက္ဖို႔ ကားေပၚတက္ကာနီးမွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာတဲ့ Black ဆိုတဲ့လူ...။

"ေတြ႕ရတာ ဝမ္းသာတယ္ေနာ္ Win ဘယ္သြားၾကမလို႔လဲ..."

"ငယ္ ဘာျဖစ္လို႔လဲ....!"

"ဒီမွာေလ...." Win က စကားမေျပာခ်င္တဲ့ အမူအယာျဖင့္ သူ႕ကို ေမးဆတ္ျပ၏။

"ေၾသာ္...The Ghost က ဂိုဏ္းခ်ဳပ္ဆိုတာ ထင္တယ္.... ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်...ဒီအထိႀကီး...ဘာကိစၥ႐ွိလို႔လဲ မသိဘူး..."

Vachirawit က တစ္ဖက္က Black ဆိုသူကို ျပန္ေျပာေနေပမယ့္ စိတ္အာ႐ုံတစ္ခုလုံးက Metawin ကိုဘဲ အာ႐ုံစိုက္ေနၿပီး အက်ႌကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လုပ္ေပးေနေသး၏။

"အဟမ္း...လမ္းၾကဳံလို႔ပါ...ဒီနားလာရင္း..."

"ဟုတ္လား...ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကို ေတြ႕တတ္တယ္.... တိုက္ဆိုင္လိုက္တာ...ေနာ္...ငယ္..."

တမင္ ငယ္ ဆိုတဲ့ ေနရာမွာ ဖိကာေျပာေတာ့ သူ႕ဂိုဏ္းခ်ဳပ္ေလးက မ်က္ေစာင္းထိုး၏။

"ဒါဆိုလည္း Win တို႔ကို ခြင့္ျပဳပါအုံး...အျပင္သြားမလို႔..."

"ခဏ...Win ကို ေျပာစရာ႐ွိလို႔..."

"ေျပာပါ..."

"ဟို...ဒုဂိုဏ္းခ်ဳပ္...."

"အဟြန္း...Vachirawit က သူစိမ္းမဟုတ္ဘူး...တကယ္လို႔ သူ႕ေ႐ွ႕မွာ မေျပာႏိုင္ဘူးဆို ကြၽန္ေတာ္လည္း နားမေထာင္ႏိုင္ဘူး...."

"အမွန္ေတာ့ ဒီကိုလိုက္တာလာ...Win ကို လိုက္ျပန္ေခၚတာပါ...uncleက ျပန္ေခၚခဲ့ပါဆိုလို႔..."

"Vachirawit ဖုန္းေပး..."

"ေရာ့..ငယ္..."

Win စိတ္ထဲ ေထာင္းခနဲ ေဒါသထြက္သြားေပမယ့္ စိတ္ထိန္းရင္း ဒယ္ဒီဆီ ဖုန္းေခၚဖို႔ဘဲ လုပ္လိုက္၏။ဒီလူနဲ႔လည္း စကားေတြ ႐ွည္႐ွည္ေဝးေဝး မေျပာလို...။

"Hello, ဒယ္ဒီ..."

"ေျပာ...Metawin...."

"ဒယ္ဒီ The Ghost ဂိုဏ္းခ်ဳပ္ကို ကြၽန္ေတာ့္ေနာက္ တကယ္ဘဲ လႊတ္လိုက္တာလား...ျပန္လိုက္ေခၚဖို႔..."

"မင္းတို႔ေနာက္ လိုက္သြားခ်င္တယ္ဆိုလို႔ေလ...ဘာျဖစ္လို႔လဲ..."

"ဟုတ္လား...ဒီမွာ ဒယ္ဒီက ျပန္လိုက္ေခၚခိုင္းတယ္ဆိုလို႔..."

ေျပာၿပီး Win ဖုန္းခ်ကာ Bright ဆီ ပစ္ေပးလိုက္၏။speaker ဖြင့္ၿပီး ေျပာတာေၾကာင့္ ေဘးနားမွာ ႐ွိေနတဲ့သူေတြ ေကာင္းစြာ ၾကားေနရသည့္ အေနအထားျဖစ္၏။

"ငယ္...ကိုယ္ေျပာလိုက္မယ္... ကားထဲ ဝင္ေတာ့..."

"Ok..."

ငယ့္ကို ကားထဲဝင္ခိုင္းေတာ့လည္း ေခါင္းထိမွာစိုး၍ လက္ျဖင့္ ကာေပးဖို႔လည္း မေမ့..ငယ္ ကားထဲေရာက္သြားေတာ့မွ ကားတံခါးကို ျငင္ျငင္သာသာ ပိတ္လိုက္ရင္း...Black ဘက္လွည့္ကာ...

"ဒီမွာ ခင္ဗ်ားမွာ ဘာရည္႐ြယ္ခ်က္ ႐ွိေနလည္း မသိေပမယ့္ အေျခအေနကေတာ့ ခင္ဗ်ားျမင္တဲ့ အတိုင္းဘဲ...ခင္ဗ်ားေၾကာင့္ က်ဳပ္ငယ္ စိတ္ခုသြားၿပီ..."

"ဘယ္လိုဘဲ ျဖစ္ျဖစ္..."

"Black ခင္ဗ်ားက သိပ္ေတာ္တဲ့ သူလို႔ ၾကားတယ္...က်ဳပ္ေ႐ွ႕မွာ အားနည္းသလို ဟန္ေဆာင္ျပမေနနဲ႔...ၿပီးေတာ့ Win Metawin က က်ဳပ္အပိုင္မို႔...ခင္ဗ်ား စိတ္နဲ႔ေတာင္ ပစ္မွားဖို႔ မႀကိဳးစားနဲ႔..."

"အဟြန္း...လက္ထဲမွာ႐ွိေနတုန္း ေသခ်ာ ဂ႐ုစိုက္ေပါ့ကြာ..."

"ခင္ဗ်ားၾကားသိမွာပါ...White Dragons က ဒုဂိုဏ္းခ်ဳပ္က ဘယ္လိုဆိုတာ...ေနာက္ခါ ဒီလို ပိုင္စိုးပိုင္နင္း အျပဳအမူေတြ ရပ္တန္းက ရပ္ သိလား...ငယ္က က်ဳပ္ ပိုင္စိုးပိုင္နင္း လုပ္တာကိုဘဲ ႀကိဳက္တာ...တစ္ျခားသူေတြဆို မရဘူး...အဟက္..."

"မင္း..."

"ေနာက္ခါဆို ေယာက်္ားဆန္ဆန္ဘဲ ေျဖ႐ွင္းရေအာင္...ဒီလိုမ်ိဳးလိုက္လာရတာ...ဂိုဏ္းခ်ဳပ္ သိကၡာက်တယ္...သြားလိုက္ပါအုံးမယ္ဗ်...."

Brightက ေျပာပစ္ခဲ့ၿပီး ကားထဲ ဝင္ထိုင္ေတာ့ Winက သူ႕ဗိုက္ကို လာလိမ္ဆြဲ၏။

"ဟမ္...ေတာ္ေတာ္ေခၚလို႔ ေကာင္းေနတယ္ေပါ့ ..ငယ္..ငယ္နဲ႔..."

"နားဝင္မခ်ိဳဘူးလား ေျပာ..."

"အူျမဴးေနတယ္ Vachirawit တို႔..."

"ငယ္ ေဘးနားမွာ ႐ွိေနတာကိုး...."

ကားထဲမွာေတာ့ ရယ္သံလြင္လြင္ေလးေတြ ပ်ံလြင့္သြားေတာ့၏။ထြက္သြားတဲ့ ကားေလးကို က်န္ခဲ့တဲ့ Black က လည္း မ်က္စိတစ္ဆုံး ေငးၾကည့္ေနမိ၏။

"ျပန္ၾကေတာ့မလား ဂိုဏ္းခ်ဳပ္..."

"ျပန္မယ္...ငါ ဒုဂိုဏ္းခ်ဳပ္အေၾကာင္း ပိုၿပီး သိခ်င္တယ္..အခုေတာ့ လႊတ္ေပးထားလိုက္ေတာ့...သူတို႔ ဘာလုပ္ေနလဲဆိုတာ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေန..."

"ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္..."

Black စိတ္ထဲ Win ကို တေန႔တျခါး ပိုၿပီးေတာ့ ပိုင္ဆိုင္ခ်င္လာ၏။ခက္ခဲတဲ့ အရာကို ပိုလိုခ်င္တတ္ၾကတာ သဘာဝမို႔ သူကလည္း ရေအာင္ လုပ္အုံးမွာ...Win မ်က္ႏွာ ျမင္တိုင္း အလိုလို အားနည္းသြားတတ္တဲ့ သူ႕ကိုယ္သူလည္း အံ့ၾသမိ၏။လိုခ်င္တာဆို မရရေအာင္ ယူခဲ့တာခ်ည္း...အရာအရာကို ေသနတ္နဲ႔ ေျဖ႐ွင္းခဲ့တာခ်ည္း...ဘာလို႔ Win ေ႐ွ႕ေရာက္မွ အားနည္းသြားၿပီး ေျပာစရာစကားေတြ ႐ွာမရလည္း မသိေတာ့.. Win ဘက္ကလည္း သူ႕ကိုျမင္တိုင္း လူယုတ္မာတစ္ေယာက္ကို ေတြ႕သလို ဆက္ဆံ၏..ဒါေပမယ့္လည္း အခ်စ္စိတ္ေတြမွာ...စေတြ႕တုန္းက ဒီေလာက္ထိ မျဖစ္ေပမယ့္ အခုေတာ့ ေနျမင့္ေလ အ႐ူးရင့္ေလ ျဖစ္ေန၏။အခုလည္း ဘာရည္႐ြယ္ခ်က္မွ မ႐ွိဘဲ သူတို႔ေနာက္ကို ထလိုက္လာမိတာ... တပည့္ေတြက တားေပးမယ့္ သူလိုက္လာခ်င္ေနတာ​ေၾကာင့္ သူတို႔လည္း လႊတ္ထားေပးလိုက္ၾကတာ... မင္း လက္ထဲမွာ ႐ွိေနတုန္းေတာ့ ဂုဏ္ဆာေနအုံးေပါ့ Bright Vachirawit ရယ္..။မင္းရဲ႕ က်ဆုံးခန္းေတြ ေရာက္လာေတာ့မွာပါ...။

****

"Nani အခု ဘယ္သြားေနတာလဲ...."

"ၿငိမ္ၿငိမ္ေလး လိုက္ခဲ့ စမ္းပါ..."

"ေျပာေလ ဘယ္သြားေနတာလဲလို႔...."

"ဟိုေရာက္ရင္ သိရမွာေပါ့..."

အရပ္ကလန္ကလားေကာင္ကို ဆိုင္ကယ္ေပၚ တင္ေခၚရတာလည္း မလြယ္...အတူတူႀကီးလာတာခ်င္းအတူတူကို ဘာေတြစားၿပီး အဲ့ေလာက္႐ွည္ေနမွန္းမသိ...ဘယ္သြားသြား သူ႕အရပ္နဲ႔ မလြတ္....ေရခဲျပင္ စကိတ္သြားစီးခ်င္တယ္ဆိုလို႔ လိုက္ပို႔ေပးမလို႔ကို...မသိရင္ သူ႕ကို သြားေရာင္းစားမွာက်လို႔ ဆိုင္ကယ္ေနာက္ကေန အသည္းအသန္ေအာ္ေနတာ..အျမင္ကပ္ကပ္နဲ႔ အ႐ွိန္တင္ေမာင္းေတာ့ သူ႕ခါးကို ဖက္လာတာ တင္းတင္းက်ပ္က်ပ္...။သေဘာက်စြာခိုးျပဳံးရင္း ရင္ခုန္ႏႈန္းေတြလည္း သိသိသာသာတိုးလာ၏။ၾကည္ၾကည္ႏူးႏူးနဲ႔ အျပဳံးေတြလည္း အေသာမသတ္ႏိုင္...။

"ကဲ ေရာက္ၿပီ..."

"ဟင္...ဒါက...."

"ဘယ္လိုလဲ မင္းသြားခ်င္တယ္ဆိုလို႔...."

"ဟား...ေပ်ာ္လိုက္တာ...ငါလိုခ်င္တာေတြကို ျဖည့္ဆည္းေပးတာ မင္းအျပင္မ႐ွိဘူးဘဲ..."

"ဟား....ေအးပါ.....ကဲ..သြားစီးၾကရေအာင္..."

"Let go! ..."

Nani လည္း အထဲေရာက္တာနဲ႔ သူဘဲ ဦးေဆာင္ၿပီး လက္မွတ္ျဖတ္ကာ စကိတ္ကြင္းထဲ ဝင္လာလိုက္၏။ေလာ႐ွည္ေကာင္ကေတာ့ ေဘာင္းဘီအိပ္ကပ္ထဲ လက္ထည့္ကာ ခပ္မိုက္မိုက္ပုံစံျဖင့္ ေလွ်ာက္လာရင္း အျပဳံးကို ေဖာေဖာသီသီ ျပဳံးျပၿပီး သူ႕ေနာက္က လိုက္ပါလာ၏။တကယ့္ကို အျမင္ကပ္စရာ...အားေနရင္ ျပဳံးေနတာ။

"ေၾကာက္ေနတာလား..."

"ဟမ္...ဘာကိုလဲ..."

"မသိဘူးေလ...မ်က္ခုံးတြန္႔ၿပီး ဘာေတြေတြးေနမွန္း မသိလို႔ေလ..."

"မင္းလည္း ေမးတတ္တယ္ေနာ္ ငါ့ကို အခုမွ စကိတ္စစီးဖူးတဲ့ ကေလး ထင္လို႔လား..."

"ဟား...စတာပါ...လာ..သြားမယ္..."

သြားမယ္ေျပာၿပီး သူ႕လက္ကို ဆြဲေခၚသြားတာေၾကာင့္ Nani မွာ အူေၾကာင္ေၾကာင္နဲ႔ ပါသြားရ၏။သူတို႔နားကို ဝန္ထမ္းတစ္ေယာက္ ေရာက္လာၿပီး စကိတ္ဖိနပ္ေတြေပးသြားေတာ့ သူတို႔လည္း စီးရင္း ကြင္းထဲဝင္ရန္ ျပင္၏။ႏွစ္ေယာက္လုံးက All black ေတြနဲ႔မို႔ ေရခဲျပင္ ျဖဴျဖဴေဖြးေဖြးေပၚ သူတို႔ႏွစ္ေယာက္က ထင္ထင္႐ွား႐ွား၊ သူမ်ားေတြထက္ သိသိသာသာ ႐ွည္ေနတဲ့ အရပ္ေၾကာင့္ရယ္ သူတို႔ႏွစ္ေယာက္ၾကားက အရပ္ကြာျခါးမႈရယ္ေၾကာင့္ လူေတြအားလုံးရဲ႕ အာ႐ုံစိုက္စရာ ျဖစ္လာ၏။

"Woww...မိုက္လိုက္တာ...ဒီခံစားခ်က္က တကယ္ကို မိုက္တာဘဲ..."

"ၿပိဳင္မလား Dew..."

"တက္ႂကြေနတာေပါ့...ၿပိဳင္ၾကမယ္ေလ..."

ဘယ္လိုေနရာမွာဘဲ ၿပိဳင္ၿပိဳင္ စကိတ္ဘုရင္ Dew ကို မႏိုင္ပါ..ေနာက္ဆုံးအႏိုင္ရသြားတာက Dew ပါဘဲ...။သူတို႔လည္း ပင္ပန္းသြားတာေၾကာင့္ အနားယူတဲ့ေနရာမွာ အေမာေျဖေနၾကရင္း....။

"Nani...ငါသိၿပီ.."

"ဘာကိုလဲ..."

"ေနာက္ခါ mission လုပ္ရင္ စကိတ္နဲ႔ သြားမယ္..."

"ဂိုဏ္းခ်ဳပ္ ခြင့္ျပဳရင္ လုပ္ေပါ့..."

"အင္း...ျပန္ၾကမလား...ေလွ်ာက္လည္ခ်င္ေသးလား..."

"မုန္႔ေစ်းတန္းဘက္ ခဏသြားရေအာင္..."

"Ok..."

Dew က မတ္တပ္ထရပ္ကာ သူ႕ကို ျပဳံးျပၿပီး လက္တစ္ဖက္ ကမ္းေပးလာ၏။ျပဳံးေနတာမ်ား ပါးခ်ိဳင့္တစ္ဖက္ေပၚတဲ့ အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္...။႐ုတ္တရက္ Nani ရဲ႕ ကမ႓ာတစ္ခုလုံး အလင္းေရာင္ေတြ ဖုံးလႊမ္းသြားသလို...။သူ႕လက္ကို ဆြဲရင္း အားယူကာ ထရပ္မိေတာ့ မခြၽတ္ရေသးတဲ့ စကိတ္ဖိနပ္ေၾကာင့္ ဟန္ခ်က္ပ်က္ကာ ပက္လက္လန္လဲေတာ့မလို...႐ုတ္တရက္မို႔ လန္႔သြားတာမို႔ မ်က္လုံးအစုံကို မွိတ္ခ်မိ​​ ၿပီး ျပန္အဖြင့္မွာ  ခါးေပၚက အထိအေတြ႕တစ္ခုနဲ႔အတူ သူ႕ကို စိုးရိမ္စြာ ၾကည့္ေနတဲ့ Dew ရဲ႕ မ်က္ႏွာကို ျမင္လိုက္ရ၏။Naniလည္း ကမန္းကတမ္း ႐ုန္းထြက္လိုက္ရင္း...

"အဟမ္း...ရ...ရၿပီ..."

"Nani..."

"ဟင္..."

"မင္း ခါးေလးက ေသးေသးေလး..ဖက္ရတာ အားမရလိုက္တာ...ထမင္းမ်ားမ်ားစား...ၾကားလား..."

"ဘာ..!!."

ေျပာခ်င္ရာ ​ေျပာၿပီး ထြက္သြားတဲ့ ေလာ႐ွည္ေကာင္ကို ၾကည့္ၿပီး Nani မွာ ေျပးကန္ခ်င္စိတ္က တဖြားဖြား...။ခါးက ႐ွိသင့္သေလာက္ေတာ့ ႐ွိမွာေပါ့ အားမရဘူးေတာင္ လာလုပ္ေနေသးတယ္ ပိတ္ကန္လိုက္ရ...။အေတြးမဆုံးေသးခင္ သူ႕ကို ရပ္ေစာင့္ကာ ေခၚတာေၾကာင့္ သူလည္း လိုက္လာရေတာ့၏။Dewက ဆိုင္ကယ္နားမွာ ရပ္ေစာင့္ရင္း...

"အျပန္ ငါေမာင္းမယ္...မင္းက ေနာက္က ေအးေဆးလိုက္..."

"ငါ့သားေလးကို ျငင္ျငင္သာသာ လုပ္ေနာ္..."

"မင္းေလာက္ေတာ့ အေမာင္းမၾကမ္းပါဘူးကြာ..."

ယုံရတယ္လို႔ ထင္လား...အဲ့စကားကို... သတ္မွတ္တဲ့ မိုင္ႏႈန္းထက္ မ်ားလြန္းေန လို႔ ေနာက္က ရဲေတြလိုက္လာတာ သက္ေသဘဲ..Nani မွာလည္း Dew ရဲ႕ ေနာက္ေက်ာကေန ေတာက္တဲ့ကပ္သလို တြယ္ကပ္ထားရ၏။ဒါေတာင္သူက လမ္းမွာ တဟားဟားနဲ႔ ေအာ္ရယ္ရင္း ရဲေတြလက္က လြတ္ေအာင္ ေ႐ွာင္ေမာင္းလာခဲ့၏။စိတ္ထဲ ၾကည္ည္ၾကည္ႏူးႏူး date လို႔ သတ္မွတ္ရမလား မွတ္ရတယ္ Dew လုပ္ပုံေၾကာင့္ စိတ္ကူးယဥ္ေနတာေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္.. တရားေတြလည္း မရေတာ့ပါဘူး...။

***
"ေမေမႀကီး သားတို႔ လာတယ္..."

"Mike တို႔ေတာင္ ေရာက္လာၿပီ Top Tap ေလးလည္း ပါလာတာဘဲ ၾကည့္ပါအုံး ေခ်ာလာလိုက္တာ..."

"ေက်းဇူးပါ ေမေမႀကီး ေနေကာင္းရဲ႕လား..."

"ေကာင္းပါတယ္ကြယ္...ဒါနဲ႔ Bright တို႔ေရာ..."

"သူတို႔ ႏိုင္ငံျခားသြားေနလို႔ ေမေမႀကီး...ျပန္လာမွ လာခိုင္းလိုက္မယ္..."

"ေအးပါ..ရပါတယ္ မအားရင္ ေနၾကပါ.."

"Kha ေမေမႀကီး ဘာေတြ လိုအပ္ေသးလဲ...သားတို႔ကို ေျပာျပအုံး..."

"သားတို႔အကူအညီနဲ႔ ေကာင္းေကာင္းလည္ပတ္ေနပါတယ္ကြယ္..."

"သားတို႔ ပန္းပင္ေတြ ယူလာေသးတယ္...တစ္ခါထဲ စိုက္ခဲ့လိုက္မယ္..."

"ေအး..ေအး..သြားၾက...သြားစိုက္ၾက..."

"ဟုတ္ ေမေမႀကီး ခြင့္ျပဳပါအုံး..."

"သား...Gun Smile ေရာ လိုက္သြားေလ..."

"ေမေမႀကီးကို ေျပာစရာ႐ွိလို႔..."

"ေျပာေလ သားရဲ႕..."

"ဟို...သားမွာ ခ်စ္သူ႐ွိေနၿပီ...အဲ့ဒါ...သားက ဒီေဂဟာကလို႔ ေျပာထားလို႔...ေကာင္မေလးက ေမေမႀကီးကို ေတြ႕ခ်င္တယ္ဆိုလို႔..."

"ငါ့သားေတြေတာင္ အ႐ြယ္ေရာက္ၿပီကိုး...ေခၚလာခဲ့ေလ သားရဲ႕ ေမေမႀကီး အကဲခတ္ေပးမယ္..."

"အဟဲ..ဟုတ္ ေမေမႀကီး အကဲခတ္စရာမလိုေအာင္ကို ေကာင္မေလးက ေကာင္းလြန္းပါတယ္..."

"ဟုတ္ပါၿပီ႐ွင္...ေခၚလာမယ့္ေန႔ကို ေမေမႀကီး ေစာင့္ေနမယ္ ဟုတ္ၿပီလား..."

Gun Smile လည္း ေဂဟါမႉးကို ႏႈတ္ဆက္ကာ Mike တို႔႐ွိရာကို ထြက္လာခဲ့လိုက္၏။ေကာင္မေလးက သူေျပာျပလိုက္တဲ့ ေန႔ထဲက ေမေမႀကီးဆီနဲ႔ ေဂဟာကို ေရာက္ဖူးခ်င္တယ္ လိုက္ပို႔ေပးပါလို႔ ေျပာေန၍ ေမေမႀကီးဆီမွာ ခြင့္အရင္ေတာင္းထားလိုက္တာ ျဖစ္၏။

"Gun ဘာေတြျဖစ္ေနတာလဲ..."

"ဘာမွမျဖစ္ဘူး Mike...ဂိုဏ္းခ်ဳပ္တို႔ကို သြားႀကိဳရအုံးမွာလား..."

"ညခင္းမွ ေရာက္မယ္တဲ့..."

Mike နဲ႔ Top Tap က တစ္ေယာက္ကတူး တစ္ေယာက္က အပင္ကို ေျမႀကီးထဲ ထည့္စိုက္ျဖင့္ အလုပ္႐ႈပ္ေနၾက၏။Gun Smile လည္း အပင္စိုက္ဖို႔ စိတ္မဝင္စားတာေၾကာင့္ သူတို႔ႏွစ္ေယာက္ကို ရပ္ဘဲ ၾကည့္ေနလိုက္၏။သူတို႔ ဥယ်ာဥ္ထဲမွာဘဲ Top Tap ေႁမြကိုက္ခံရတဲ့ အေၾကာင္းေတြ ျပန္ေျပာေနတုန္း Foeiက သူတို႔ဆီ အေမာတေကာနဲ႔ ေရာက္ခ်လာ၏။

"ေဟ့ေကာင္ေတြ ဆက္သြယ္လို႔မရ ဘာမရနဲ႔ ကြာ..."

"ဘာျဖစ္လာတာလဲ Foei ရ....အလန္႔တၾကားနဲ႔ ဘာနဲ႔လာတာလဲ..."

"ငါ့ဆိုင္ကယ္နဲ႔...အခုအေရးႀကီးတယ္ အျမန္ျမန္ျပန္လိုက္ခဲ့ၾက..."

"ဘာျဖစ္လို႔လဲ ေျပာအုံး..."

"အရက္ဂိုေဒါင္ အေဖာက္ခံရတယ္...ပစၥည္းေတြ ေတာ္ေတာ္မ်ားမ်ား ပါသြားတယ္...."

"အရက္ ဂိုေဒါင္က ဘယ္သူေတြ ေစာင့္တာလဲ..."

" အဖြဲ႕ 3 နဲ႔ 4..."

"ဟမ္..."

"ေအး ျမန္ျမန္လုပ္..."

"Dew နဲ႔ Nani ကေရာ..."

"အျပင္သြားေနတယ္...သူတို႔ကိုလည္း ဆက္သြယ္လို႔ မရလို႔..."

Mike နဲ႔ Foei က ေ႐ွ႕က အေမးအေျဖလုပ္ရင္း သြားေတာ့ Top Tap နဲ႔ Gun Smile လည္း အေျပးအလႊားလိုက္ရေတာ့၏။3 နဲ႔ 4 အဖြဲ႕က ဂိုဏ္းသားေတြကလည္း ေခသူေတြမဟုတ္..လက္ေ႐ြးစင္ေတြခ်ည္း....ဒီအတိုင္းေတာ့ ပစၥည္းေတြ အပါခံမွာ မဟုတ္...။

"Foei လက္နက္ေတြ..."

"No, Mike...ခ်က္ခ်င္းလႈပ္႐ွားရင္ ေနရာ သိသြားလိမ့္မယ္...ငါ အသြားအလာေတြ အကုန္ရပ္ခိုင္းထားတယ္..အေျခအေနၿငိမ္မွ အေျပာင္းအေ႐ြ႕လုပ္မယ္..."

"Ok ဂိုေဒါင္ဘက္ကို ေမာင္းၾကစို႔..."

သူတို႔ေလးေယာက္သား ဆိုင္ကယ္ကိုယ္စီနဲ႔ အျပင္းႏွင္လာခဲ့ၾက၏။အရက္ဂိုေဒါင္ေရာက္ေတာ့ ပစၥည္းေတြ ဖ႐ိုဖရဲနဲ႔ လဲတဲ့သူကလဲ သတိလစ္တဲ့သူက လစ္ ျဖစ္ေနၾကၿပီး တစ္စုတစည္းထဲ ႀကိဳးတုပ္ခံထားရတာေတြလည္း ႐ွိေန၏။သူတို႔လည္း ေျပးသြားရင္း ႀကိဳး​ေျဖေပး၊ ေမ့လဲေနတဲ့သူေတြကို ထူေပးျခင္းမ်ား ျပဳလုပ္ရ၏။ Top Tap ကလည္း computer ျဖင့္ အခ်က္အလက္ေတြ စစ္ေဆးေတာ့၏။

"လူႀကီး..."

"ဘာျဖစ္လို႔လဲ..."

"ရဲေတြ..."

"ဘာ..."

"ဟုတ္တယ္...ဒီလူက နယ္ထိန္း..ၿပီးေတာ့ မႈခင္းအရာ႐ွိ..."

"ဘာလို႔လဲ...Foei ေပးရမွာေတြ ေပးၿပီးသား မွတ္လား..."

"ေပးၿပီးသား..Mike..."

"ေပါင္းလုပ္တာ..."

"ဘာ..."

"ဒီမွာၾကည့္ Crown ေရာ...The Ghost ေရာ..."

"ေတာက္...ဒီဟာေတြကေတာ့..."

"စိတ္ေအးေအးထား Gun Smile ဒီပယအေျခအေနကို ငါတို႔ေျဖ႐ွင္းႏိုင္မွာ..."

"သတိရတဲ့သူေတြကို ေမးၾကည့္အုံး...ဘာေတြ ျဖစ္ကုန္တာလဲလို႔..."

အမွန္တကယ္ကို ရဲေတြေရာက္လာၿပီး စစ္စရာ႐ွိလို႔ ဆိုၿပီး ဂိုေဒါင္ကို ဝင္စစ္ရာက The Ghost နဲ႔ Crown လူေတြပါ ေရာက္လာၿပီး စိတ္ႀကိဳက္ေမႊေတာ့၏။ရဲေတြနဲ႔ အလိုတူ အလိုပါလုပ္ၿပီး သူတို႔ White Dragons ကို လုပ္ခ်င္ရာ လုပ္သြားတာ...သူမ်ားတည္ေဆာက္ထားတာကို အလြယ္ေလး ဖ်က္ဆီးသြားၾကတာ...သူတို႔အရက္ကုန္သြယ္တာက တရားဝင္ဆိုေပမယ့္ ေပၚေပၚထင္ထင္ႀကီး လုပ္လို႔မရေသး...အခြင့္အာဏာက သူတို႔လက္ထဲမွာမို႔ သူတို႔စစ္ခ်င္တဲ့အခ်ိန္တိုင္း စိတ္ႀကိဳက္စစ္ခြင့္႐ွိေနတာ...။ဂိုဏ္းသားေတြ ေျပာျပေနတာကို နားေထာင္ရင္း Gun Smile တို႔မွာ ေတာက္တေခါက္ေခါက္....သူတို႔အမွန္တကယ္ကို အားနည္းေနေသးလို႔ ထိခ်င္တိုင္း ထိေနၾကတာလား...။

"အခုေလာေလာဆယ္ေတာ့ ဒီလိုလုပ္ ပစၥည္းေတြ ဘယ္ယူသြားလဲ အႀကီးပိုင္းက ဘယ္ေကာင္ေတြပါလဲ အကုန္စုံစမ္းရေအာင္..."

"The Ghost ကို အျမစ္ျဖတ္ခ်င္ေနၿပီ...ေတာက္.."

"ထင္သေလာက္ မလြယ္ဘူး Gun..သူတို႔မွာ အဆက္အသြယ္ေတြအမ်ားႀကီး...ဒီေန႔လုပ္တာကိုဘဲ ၾကည့္...."

"အဲ့ဒီအခြင့္အာဏာကို ငါတို႔ဆီေရာက္ေအာင္ အရင္လုပ္ၾကတာေပါ့...ၿပီးက်မွ နင္းေခ်ပစ္မယ္..."

ခဏၾကာေတာ့ ဆိုင္ကယ္တစ္စီးနဲ႔ Dewနဲ႔ Nani ပါ ေရာက္လာတာေၾကာင့္ အေၾကာင္းစုံ႐ွင္းျပရင္း တာဝန္ေတြ ခြဲေဝလိုက္ေတာ့၏။လုပ္သင့္သေလာက္ေတာ့ ၿပီးေအာင္လုပ္ထားမွ...မၾကာခင္ျပန္ေရာက္လာေတာ့မယ့္ ဂိုဏ္းခ်ဳပ္ႏွစ္ေယာက္ကို အေမာမဆို႔ေစလို...။ထိုစဥ္ Mike ဆီ ဝင္လာတဲ့ ဖုန္း call တစ္ခု...။

"ဘာျဖစ္တယ္ ေဒၚႀကီး..."

"...."

"ကြၽန္ေတာ္တို႔ အခုလာခဲ့မယ္...မေၾကာက္နဲ႔ ခ်က္ခ်င္း လာခဲ့မယ္..."

"...."

ခရီးထြက္သြားတဲ့ Bright က ေဒၚႀကီးဆက္သြယ္လို႔ရေအာင္ Mike ဖုန္းနံပါတ္ ေပးထားခဲ့တယ္ ထင္၏။ဖုန္းထဲက ေဒၚႀကီးအသံက ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕နဲ႔ မို႔ သူတို႔လည္း အခ်ိန္မဆြဲေတာ့ဘဲ ဆိုင္ကယ္ကိုယ္စီနဲ႔ Bright ရဲ႕ ေနအိမ္ကို အေရာက္သြားရျပန္၏။အိမ္ထဲေရာက္ေရာက္ျခင္း ျမင္လိုက္ရတဲ့ ျမင္ကြင္းက ပစၥည္းေတြ ၿပိဳလဲ ပ်က္ဆီးေနၿပီး ေနအိမ္တစ္ခုလုံး ႐ႈပ္ပြေန၏။

"ေဒၚႀကီး...ေဒၚႀကီး..."

"ဒီမွာ သားတို႔..."

ေဒၚႀကီးက မီးဖိုခန္းထဲကေန တုန္တုန္ယင္ယင္နဲ႔ ထြက္လာ၏။Bright ရဲ႕ အေဖနဲ႔ အေမကိုလည္း မေတြ႕။သူတို႔လည္း ေမးလည္းေမး သန္႔႐ွင္းေရး လုပ္တဲ့သူက လုပ္ျဖင့္ အလုပ္ေတြ႐ႈပ္ကုန္၏။

"ဘယ္နားခိုက္မိေသးလဲ....အဆင္ေျပရဲ႕လား..ဘယ္သူေတြ လုပ္တာလည္း သိလား..."

"မခိုက္မိပါဘူး...ဒါ...ဒါေပမယ့္.. ေနာက္တစ္ပတ္ေနလို႔မွ .အေႂကြးမေပးႏိုင္ရင္ အကုန္လုံးကို သတ္ပစ္မယ္တဲ့.."

"ဘယ္သူကလဲ..."

"The Ghost က...."

"ဟာကြာ...ေနရာတကာကို မလြတ္ဘူး..."

"Bright ေမေမက သူတို႔နဲ႔ သြားပတ္သက္ထားတာလား..."

"ဟုတ္တယ္...Mike ငါသိသေလာက္ Bright အေႂကြးဆပ္ေပးေနတာ ေတာ္ေတာ္မ်ားေနၿပီ..."

Foei က ဝင္ေျပာေတာ့ Mike လည္း ေဒါသထြက္လာရ၏။
ဒီကိစၥကေတာ့ Bright ျပန္လာမွဘဲ ဘာဆက္လုပ္မလဲ ဆုံးျဖတ္သင့္တဲ့ ကိစၥမို႔ Mike တို႔လည္း ဘာမွမေျပာေတာ့...စိတ္႐ႈပ္စရာေတြႀကီး ၾကဳံရတဲ့ေန႔မို႔ သူတို႔လည္း ခပ္ျမန္ျမန္ဘဲ ေဒၚႀကီးကို ကူသိမ္းေပးကာ ျပန္လာခဲ့လိုက္ၾကေတာ့၏။စိတ္ထဲမွာလည္း ဂိုဏ္းခ်ဳပ္ႏွစ္ေယာက္ ျမန္ျမန္ျပန္ေရာက္ပါေစ ဆုေတာင္းရင္း...။

*Drama is coming ဟီးဟီး...ပ်င္းစရာေကာင္းေနတာ္မွတ္လား 😞💗*

5.5.2022
Mirella






Đọc tiếp

Bạn Cũng Sẽ Thích

188K 10.1K 34
(Zawgyi) Company ပိုင္႐ွင္ CEO Mewsuppasit ရဲ႕ ေရခဲတံုးလို အသည္းကို အရည္ေဖ်ာ္ပစ္ခဲ့ႏိုင္တဲ့ CEO ရဲ႕အသည္းေလး Gulfkanawut နဲ႔ ႐ွတတ ဝိုင္လးလို ခ်ိဳျမျမအ...
17.4K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
155K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။