ရှင်းနိုးလာတော့......မ'ကရှင်းရဲ့ရင်ခွင်ထဲတွင်ကွေးကွေးလေးအိပ်နေသည်......ညကဆိုဖာပေါ်မှာသက်တောင့်သက်သာမရှိတာမို့.....ရှင်းကိုယ်တိုင်ပွေ့ချီလာခဲ့ခြင်းဖြစ်သည်.....
မ'နဲ့ရှင်းကအရပ်လည်းသိပ်မကွာ......ခန္ဓာကိုယ်ဟာလည်းသိပ်မကွာပေ....မ'ကိုဘေးတစောင်းလေးငေးကြည့်နေမိသည်.....သတိမေ့နေတဲ့အတောအတွင်းရှင်းအသိမရှိသောအချိန်တွင်မှာတောင်......မ'ကိုသတိရနေသည်ဖြစ်သည်.....မ'ကသိပ်ပြုစားလွန်းသောကဝေရုပ်လေးပင်...ရုန်းထွက်လို့မရသောနွံအိုင်ငယ်.....မ'အပေါ်သာမေတ္တာတွေရစ်နွယ်မိနေသည်မှာ......၆နှစ်အရွယ်မှအခုချိန်ထိ......
"အင်း....ဟင့်...."
ငြီးသံလေးတွေအစပြုလို့ပွင့်လာခဲ့သောမျက်ဝန်းလှလှလေး......
"Morning မိန်းမလေး.....ပြွတ်စ်!"
ရှင်းကိုမော့ကြည့်နေသောလူကြီးလေးအားအသဲယားစွာငုံ့နမ်းလိုက်သည်......
"Morning Baby......ဘယ်လိုလုပ်ဒီနားရောက်လာတာလဲ"
"ကလေးချီလာတာ.....မ'ညောင်းမှာဆိုးလို့"
"ဒဏ်ရာကနာနေဦးမယ်....."
"မနာတော့ပါပူး......မနက်ဖန်တောင်အိမ်ပြန်ချင်ရင်ရနေပြီ....."
"အပိုတွေ.....မျက်နာသွားသစ်မယ်....."
"ပိုပါပူးနော်.....လိုတောင်နေသေးတာ.....အွန်း....ဒီလူကြီးလေးကိုချစ်လို့ကိုမဝပူး....."
"သွား.....အသဲတွေယားလာပြီ....ထတော့...."
"ဟုတ်ကဲ့........"
မ'ကရှင်းကိုစလိုင်းသွင်းတဲ့တိုင်ကိုကူယူပေးသည်......
"မ......"
"အင်း....."
"မ....."
"အင်း.....ပြောလေကလေးရဲ့"
"ကလေးအပြင်ထွက်ချင်တယ်.........."
"ပြီးရင်လိုက်ပို့ပေးပါ့မယ်ချစ်လေးရဲ့......."
"ဟုတ်ကဲ့"
ဆေးရုံခန်းထဲနေရတာငြီးငွေ့နေပြီထင်......အပြင်ထွက်ချင်လေသတဲ့......
"သမီးငယ်.....ယွန်းလေးရေ....."
အပြင်ဘက်မှမေ့အသံကြောင့်မျက်နှာသစ်ခြင်းအမှုကိုအပြီးသတ်ကာ......ပြန်ထွက်လာကြသည်......
"မေ......ရှင်းလေ.....ရှမ်းခေါက်ဆွဲစားချင်တယ်သိလား....."
"ဘယ်သိမလဲ......"
"ဟင့်"
မေကသိလားကိုဘယ်သိမလဲဆိုကာရွဲ့လေတော့.....ဆူပုတ်သွားသောကလေးငယ်.....
"ကလေးကလည်း......မေကဘာလုပ်လာလဲမသိပူး.....ချိုင့်ပါလာတယ်လေ......အာ့စားလိုက်"
"မမကလည်း....."
"ကလေးငယ်နော်........"
ကလေးထက်ပိုချွဲပြတော့ရီပြကာ...."မငြင်းနိုင်တော့ပါပူး"တဲ့......
"အမယ်လေးနော်......မအေကိုရှေ့ထားပြီး....ကြည်နူးနေကြတာ....တော်ပြီအေ....ငါပြန်တော့မယ်....."
"ဟာ....မေ့"
မေကပြောကာပြန်ယောင်ပြုတော့....ကလေးငယ်ကစလိုင်းတိုင်ဆွဲကာ....လိုက်ဆွဲလေသည်.....
"မေကလည်း.....ကလေးကိုစနေပြန်ပြီ....ဒါနဲ့လေမေ....ဟီး....ဟိုထဲကဘာတွေလဲ.....ယွန်းဗိုက်ဆာနေပြီ...."
"ဟယ်....ငါ့သမီးလေးကဆာနေပြီလား.....ယွန်းလေးကြိုက်တဲ့ငါးပေါင်းပါလာတယ်...လာလာ...."
ယွန်းလက်ကိုဆွဲကာချထားတဲ့စားပွဲခုံပေါ်သို့....ထိုင်ကာ.....ချိုင့်တွေပါဖွင့်ပေးကာ...."အရိုးမဆူးအောင်သေချာပေါင်းထားတာ..သိလား"ကစလို့အတင်းဂရုစိုက်နေသောမေ့ကြောင့်.....လူနာကရှင်းလား....မ'လားမကွဲတော့ပေ.....
"ဪ......လူနာကရှင်းမဟုတ်ပူးကိုး......."
တကိုယ်တည်းကြားရုံရေရွတ်လိုက်သော်လည်း.....ရှင်းဆီအာရုံရောက်နေသူယွန်းကကြားလိုက်သည်.....ရှင်းကလည်းကုတင်လေးပေါ်ပြန်ထိုင်ကာ....computerကိုထုတ်ပြီး....အကိုမှုးသီဟပို့ထားတဲ့mailတွေစစ်နေလိုက်သည်......
မေနဲ့ယွန်းကတော့ငါးပေါင်းစားလိုက်....စကားပြောလိုက်....တမင်လုပ်နေမှန်းရှင်းသိပါသည်.....ရှင်းကိုစရလို့....မ'သာပျော်နေရင်....ရှင်းကျေနပ်ပါသည်လေ.....
ယွန်းတစ်ယောက်အသံထွက်မလာတော့သော....ကလေးငယ်အားကြည့်မိသည်.....အလုပ်တွေလုပ်နေပြန်ပါပြီ.....နာရီလှမ်းကြည့်တော့.....7:00AM.....7:30ရင်ဆရာဝန်roundလှည့်လာမည်....ဆေးမသောက်ရသေးရင်.....ဆေးချိန်တိုးသွားနိုင်သည်....ဆေးသောက်ဆေးသွင်းနေရတာ....ကလေးငယ်ငြီးငွေ့နေလောက်ပြီဖြစ်သည်......
"ကလေး......."
"ဟင်...."
"ငါးပေါင်းစားမလား....."
မ'စကားကြောင့်ရှင်းမျက်ရည်များဝေ့တက်လာသည်.....မ'ကမေ့သွားပြန်ပြီလား?
ဒေါ်ခင်နှင်းရောင်တစ်ယောက်ချွေးမလေးကိုကြည့်ကာအံ့ဩသွားသည်.....သမီးငယ်လေးအကြောင်းအကုန်သိတယ်ထင်နေတာ....
ယွန်းမှာလည်း....မိမိကိုမျက်ရည်ဝဲကာကြည့်နေသူကလေးငယ်နဲ့အံ့ဩတကြီးကြည့်နေသူမေ့ကြောင့်.....ယွန်းဘာလုပ်မိလဲစဉ်းစားရသည်.....ယွန်းပြောမိတာက....ငါးပေါင်းလေးပဲ...စားမလား...မေး....မေး....အယ်......ယွန်းမျက်လုံးပြူးသွားသည်.....ကလေးကငါးနဲ့မတည့်ပူး......
"ကလေး.....ဟို....မ'အမှတ်မရလိုက်မိလို့....."
"ရပါတယ်.....ရှင်းလည်းတစ်ခါပဲပြောဖူးတာပဲ....ကြာပြီကို....."
"အင်းပါ......"
တောင်းပန်ပါတယ်ကလေးငယ်.......
*******
"ကလေး....."
"ဟုတ်...မ"
"ဖုန်းလာနေတယ်......."
မနက်စာစားပြီးတည်းကအလုပ်ပြန်လုပ်နေတဲ့ကလေးငယ်ကိုဖုန်းလာလို့ပေးရသေးသည်....နေမကောင်းတာကိုလုပ်ပြန်ပြီအဲ့အလုပ်....
"ကိုင်လိုက်လေ....."
"ချယ်သွန်းတဲ့......"
"ဪ.....အင်း...."
ရှင်းလည်းအလုပ်ကိုလက်စသတ်ကာကိုင်လိုက်သည်.....မ'ကချယ်သွန်းကိုမှမတည့်တာ.....
"အင်း....ချယ်သွန်း"
"အင့်.....ဟင့်.....မမ"
"ဘာဖြစ်တာလဲချယ်သွန်း......."
ဖုန်းကိုင်ကိုင်ချင်းထငိုသောချယ်သွန်း.....စည်သူကလွဲသူငယ်ချင်းတွေအကုန်ဒီရောက်နေသည်.....လင်းထက်ကဒီမှာဆိုတော့....ချယ်သွန်းတစ်ခုခုများဖြစ်လေလားဟုတွေးမိသည်.......
"မမ....အကိုကလေ....အကိုက....ချယ်သွန်းကိုညီမလေးလိုချစ်လို့သာခုလိုဂရုစိုက်ပေးတာတဲ့.....ဟင့်....အထင်မမှားနဲ့တဲ့.....အီး...ဟီး....ဟီး.....အကို....အင့်....အကိုစည်သူကိုပဲချစ်တာတဲ့....အီး....ဟီး....ဟီး...."
ချယ်သွန်း၏ရှည်လျားထွေပြားလှသောစကားအဆုံး....ရှင်းပါးစပ်အဟောင်းသားဖြစ်သွားသည်.....လင်းထက်ကပေါ်တင်ကြီးဟ....
"ဟိုလေ....ချယ်သွန်း.....အစတည်းကလင်းထက်ကစည်သူ့ကိုချစ်တာသိပါတယ်....ဒါမယ့်လေ....ဒီကြားထဲလင်းထက်ကချယ်သွန်းကိုဂရုစိုက်နေတော့အဆင်ပြေနေပြီတောင်ထင်တာ......"
"ချယ်သွန်းက....အကိုလည်းချယ်သွန်းအပေါ်ခံစားချက်ရှိတယ်ထင်နေတာ....သူ့ကိုသေချာမေးပေးပါဦးမမရယ်...ဟင့်...."
ချယ်သွန်းပြောတာမှန်သည်.....ကောင်လေးတွေကြည့်ရင်လည်းလိုက်ကာသည်.....ကောင်လေးတစ်ယောက်ယောက်နဲ့စကားပြောမိရင်လည်း....အလကားနေရင်းဒေါသထထွက်သည်.....ဒါတွေကြောင့်ချယ်သွန်းထင်ရင်လည်းထင်မိနိုင်ပါသည်....
သို့သော်....ထိုအခြေနေတွေက....ရှင်းတို့မိန်းကလေးသူငယ်ချင်းတွေအပေါ်လည်းထဖြစ်သည်ကိုချယ်သွန်းမသိတာ.....ယောင်္ကျားလေးသူငယ်ချင်းတွေအပေါ်လည်းဖြစ်သည်....စည်သူ့ကိုဆိုပိုဆိုးတာချယ်သွန်းမတွေ့တာ.....စည်သူနဲ့ဆိုပါးစပ်နဲ့တင်မပြီး....ဆေးရုံရောက်ကြလို့ရှင်းတို့နောက်ကနေလိုက်ရှင်းရလျော်ရဖူးသည်.....ဒါကိုချယ်သွန်းမှမသိမမြင်ဖူးတာရယ်.....
"ချယ်သွန်းကိုမမပြောပြမယ်.....အဲ့လိုဂရုစိုက်တာကသူကခင်လို့ပေမဲ့......မမတို့အပေါ်လည်းအဲ့လိုပဲ....စည်သူ့ကိုကျတော့လက်ပါပါတယ်....ဒါမယ့်....သူ့ကိုသေချာမေးပေးမယ်နော်...."
"ဟင့်....ဟုတ်မမ..."
"ဒါပဲနော်...."
"ဟုတ်မမ....ဂရုစိုက်ဦး....."
"အင်း........."
ဖုန်းချကာမမကိုလှမ်းကြည့်တော့ရှင်းကိုစိုက်ကြည့်နေလေရဲ့.....
"ဘာလဲ....ကြောက်စရာကောင်းအောင်....."
"ဪ.....အခုတော့ကျွန်မကကြောက်စရာကြီးပေါ့ဟုတ်လား....."
"ဟာဗျာ.....လာခဲ့....ဒီနား....'
စနေတာကိုအတည်မှတ်လို့ရစ်တော့မဲ့ချစ်သူလေးကိုလှမ်းခေါ်ရသည်.....
"ဘာလဲ......"
မလာတာလဲမဟုတ်ပဲနဲ့..…...'ဘာလဲ'ဆိုကာရှင်းဘေးကိုတစ်စောင်းထိုင်သည်....
"အင်း.......ဒီလူကြီးလေးကိုချစ်လွန်းလို့ဘယ်လိုလုပ်ရပါ့......"
"လွှတ်နော်ကလေး.....ဆေးရုံမှာ...."
"ကလေးကိုစိတ်ဆိုးတာလား...."
"ကလေးဘာလုပ်ထားလို့လဲ"
"ချယ်သွန်းနဲ့စကားပြောလို့မလား....."
"မဟုတ်ပါပူး....."
"မ~~~"
"တမမနဲ့ဖြစ်နေလို့ကြည့်တာ.....စိတ်မဆိုးပူးရပြီလား...."
"ဪ.....အာ့ဆိုသဝန်တိုတာပေါ့..."
"ကလေးနော်...."
"မ'နော်....."
"လူဆိုးမလေး....."
"အဲ့တော့ချစ်သွားပြီ...ဟုတ်?"
"သွားပါ...."
"ဗိုက်ပြန်ဆာလာပြီ....."
"ဟင်!"
ဗိုက်လေးပေါ်လက်တင်ကာပြောနေတဲ့ကလေး....တကယ်ဆာနေသည့်ပုံ....နည်းနည်းလေးပဲစားထားတာကိုကွယ်....
"ဘာစားမလဲ....."
"မ'ကို...."
"ကလေး!"
"ဟီး......"
"ဘာစားမှာလဲအတည်မေးနေတာ....မျက်နာလာမပြောင်နဲ့....ထုထည့်လိုက်ရ...."
"ဟင့်......လက်ပါလာရွယ်နေပြီ...."
"အယ်!"
သူ့ကိုလက်သီးလေးနဲ့အသာလေးရွယ်ပြတာပဲရှိပါသေးတယ်.....ဒေါ်ရစ်လုံးလေးကိုတကယ်မနိုင်ပါလေ.....
"ကလေးကိုလက်ရွယ်တာဟုတ်ပူးလေ....ချစ်လို့ကျီစယ်တာလို့ခေါ်တယ်...."
"ဟုတ်ပဲနဲ့....."
"တကယ်ပါဆို...."
"ယုံပူး......"
"ယုံပါဆို....."
"ယုံပေးမယ်....အာဝါးပေး...."
ပါးလေးတစ်ဖက်ဖောင်းပေးတဲ့ကလေး.....ယုံပေးမယ်တဲ့....ချစ်စရာကောင်းအောင်ပဲလုပ်နေတာ...ဖောင်းပေးထားတဲ့ပါးလေးကိုနှာခေါင်းလေးနစ်ဝင်အောင်နမ်းတော့.....ဆူပုတ်ရာကပြုံးပြုံးလေးဖြစ်လာတယ်....
"ကျေနပ်ပြီလား...."
"ဟုတ်ကဲ့....ဟီး....ပဲလိပ်စားချင်တယ်....."
"ရစေရမယ်.....ကလေးချုပ်ရိုးကသဘက်ခါဖြည်ရမယ်....တပတ်လောက်ဆိုပြန်လို့ရလောက်ပြီ......"
"ကျောင်းဖွင့်ဖွင့်ချင်းကိုထဖြစ်တာပဲ..."
"စိတ်ပူမနေနဲ့......တပတ်ပါပဲကလေးရဲ့....ကလေးကတော်ပြီးသားပဲဟာ....."
သူလေးကိုချီးကျူးတော့'ဒါပေါ့'ဆိုတဲ့ရုပ်လေးနဲ့.....
"ဘယ်သူ့ချစ်သူလေးမို့လဲ......"
စပ်ဖြီးဖြီးနဲ့လာမေးတဲ့ကလေးငယ်......
"ယွန်းမြတ်ဖူးရဲ့ချစ်သူလေးပါရှင့်....ကဲ.....ဗိုက်ဆာနေတာမလား....."
"ဟုတ်....မြန်မြန်ပြန်လာ.....လွမ်းနေရဦးမယ်...."
"အပိုတွေပါရှင်လေးကတော့.....အိပ်နေနော်...အလုပ်လုပ်ကြည့်....ဟွန်း......"
မျက်စောင်းဝေ့သွားသောမ.......မ'ကိုချစ်မိတည်းကမ'ရဲ့အပြုမူတိုင်းကချစ်စရာလေးဖြစ်လာသလိုပင်.....
**************
"Hello......."
"အေး.....ရှင်း....မနက်ဖန်နင်ဆေးရုံဆင်းမှာဆို.....ငါတို့လည်းညနေကျထွက်လာခဲ့မယ်....မနက်ဖန်စနေဆိုတော့ငါတို့အားတယ်....လည်ပြီးမှပြန်ရအောင်....."
"တကူးတကကြီး....."
"အင်း.....ငါစည်သူ့ကိုစိတ်ပြေလက်ပျောက်ဖြစ်စေချင်လို့....သူကနင်တို့နဲ့တော့တည့်မှာပါ....."
ရှင်းလည်းသက်သာနေပြီမို့......ဆေးရုံဆင်းရတော့မည်.....လင်းထက်ကစည်သူ့ကိုစိတ်ပင်ပန်းပြေစေချင်သည့်ထင်.....အခုထိလင်းထက်ကိုစည်သူတွန်းထုတ်နေတုန်းပဲ....ချယ်သွန်းတစ်ယောက်ကတော့အဆက်သွယ်မလုပ်တော့.....'အကို့ကိုသတိရမိနေရင်....ဆရာဝန်မပြောနဲ့ဆေးအကူတောင်မဖြစ်ပဲနေလိမ့်မယ်.....ချယ်သွန်းမမတို့အကိုတို့အားလုံးကိုသံယောဇဉ်ရှိပါတယ်....ဒါမယ့်ချယ်သွန်းအကို့ရှေ့မှာ....မနေနိုင်တော့လို့....ချယ်သွန်း နိုင်ငံခြားသွားတော့မယ်....'ဟုဆိုကာ အဆက်သွယ်ဖြတ်သွားသည်.......
"စည်သူနဲ့ငါတွေ့ကြည့်ရဦးမယ်....."
"အင်း.....ငါတို့ခဏနေလာတော့မယ်.....ကောင်းကောင်းနားသူငယ်ချင်း..."
"အေး....ဂရုစိုက်လာခဲ့ကြ...."
ဖုန်းချပြီး အကိုမှုးသီဟဆီက အလုပ်တစ်ဝက်လောက်ကူဖို့ laptopကောက်ကိုင်မယ်ကြံပြီး.....ဘေးကစားပွဲပေါ်လှမ်းစမ်းတော့မရှိ.....လှည့်ကြည့်တော့.... Laptopကိုပိုက်ကာရုပ်တည်ကြီးနဲ့ကြည့်နေတဲ့ ချစ်မိန်းမလေး....
"ဟီး.....မိန်းမလေး....laptopလေးပေးပါလား...."
"လုံးဝပဲ.....အိပ်တော့....."
"နေ့လည်ကြီးကို....."
"ကလေး!"
"မ'ကလည်း.....ကလေးကအကို့ကိုတော့ကူချင်တာပေါ့....."
"မရပူးကလေး....အကို့ဘေးမှာသက်ရှိတယ်....သူကူလိမ့်မယ်...အကိုကလည်းမပေးပူး....အိပ်တော့....မနက်ဖန်ဆင်းရတော့မှာ....မဆိုးနဲ့...."
"မ........"
"ကလေးကွာ......မ'ကိုမချစ်ပူးလားဟင်?......မ'စကားကိုနားထောင်နော်.....မနက်ဖန်ပြီးရင်ကြိုက်တာလုပ်လေနော်.....အလုပ်မလုပ်နဲ့.....အိပ်တော့....."
"မိန်းမလေးကအချုပ်တော်တော့လည်းအိပ်မယ်...."
"လိမ္မာတယ်.....ချစ်တယ်ကလေး...."
"အင်းချစ်တယ်......"
ကလေးဆိုးလေးလိုဖြစ်နေတဲ့ရှင်းဟာယွန်းအတွက်ချစ်စဖွယ်အတိပင်။
"မ......မှတ်မိလား.....ကလေးငါးစားမိလို့.....ဆေးရုံရောက်တုန်းကလေ.....ဒီလိုနေရာလေးမှာ.....ပန်းချီတယောထိုးတာကိုကလေးတို့သုံးယောက်ထိုင်ရင်းနားထောင်ခဲ့ကြတာလေ.....ပန်းချီ့ကိုတွေ့ချင်တယ်....မ'သူ့ကိုဘာလုပ်လိုက်လဲ...."
"မ'အကျင့်သိသားနဲ့....လေးချက်ပါပဲ....မသေပါပူး.....ဟီး....."
ဆေးရုံရဲ့ရှေ့မြက်ခင်းလေးတွေနဲ့ပန်းခြံမှာ.....ရှင်းနဲ့မ'ရောက်နေကြခြင်း။ရှင်းကစလိုင်းတိုင်ယူစရာမလိုတော့.....လမ်းကိုခပ်သာသာလျှောက်ယုံသာ။ချုပ်ရိုးကလည်းညကျရင်ဖြည်ပေးလိမ့်မည်......မနက်ဖန်ဆိုရှင်းပြန်လို့ရပြီဖြစ်သည်.....
"ယွန်း.......မြတ်.........ဖူး.........ခခ်ခခ်...."
"ဒီကလေးကတော့.....ကိုယ့်ထက်အကြီးကို...."
"ဘာကြီးတာလဲ....ဘယ်နားကြီးတာလဲ....အဲ့ကြီးတာလေးကြည့်ချင်လို့ပြစမ်းပါ...."
ပမာမခန့်နဲ့.....လူကိုလာပြီးစပ်ဖြဲဖြဲလုပ်နေသောကလေး......
"ဟာ......နှာဗူးလေး....."
"ဘယ်မှဗူးလို့လဲ......မ'ပဲကလေးထက်အကြီးဆို....အာ့ကြောင့်ကြီးတာလေးပြ.....အာ့..."
ပေါင်ကိုဆွဲဆိတ်တဲ့မ'ကြောင့်ရှင်းမှာအော်မိတော့.....ဘေးကလူတွေကလှည့်ကြည့်လာသည်....'ဘာမှဟုတ်ပူး'ဆိုကာဖြီးပြမှ.....ပြန်လှည့်သွားကြသည်....
"ကလေးနော်.....လာမစနဲ့....."
"အင်းပါ....."
"ဒါနဲ့....စည်သူနဲ့လင်းထက်ကိုငယ်ငယ်က....မ'တွေ့ဖူးသလိုပဲ...."
"အင်း....ဇာတ်လမ်းတစ်ပုဒ်ကတာလေ....၇တန်းနှစ်လားမသိပူး....သူတို့ကျောင်းကိုသွားကြည့်ကြတာလေ...."
"အင်း....သူတို့လိုက်တယ်နော်...."
"ဟုတ်တယ်....လင်းထက်လာမှအဲ့ဇာတ်လမ်းကိုပြန်ပြောပြခိုင်းရမယ်...."
"အင်း.....ပြင်ဦးလွင်ရဲ့ဆောင်းရာသီက...နိုင်ငံခြားနေလာတဲ့မ'တောင်အေးတာ....ကလေးတော်တော်အေးမှာပဲ...အထဲဝင်ရအောင်လေ....."
"ဟုတ်ကဲ့....."
မနဲ့အတူဆေးရုံထဲပြန်ဝင်လာခဲ့သည်.....အိပ်လိုက်စားလိုက်မ'ပြောတာနားထောင်လိုက်နဲ့...ညရောက်တော့ဆရာဝန်တွေချုပ်ရိုးလာဖြည်တာကိုမ'က....သဝန်တိုနေသေးသည်...ရင်ဘတ်နားဆိုတော့.....သူတိုလည်းတိုချင်စရာ.....ဒါပေမဲ့အပေါ်နားတင်မို့....မမြင်ရပါပူးမမြင်ဖွယ်ရာကို.....ပြီးတော့ဆရာဝန်မလေးမို့.....တခြားရှက်စရာမရှိ....
ဆေးထည့်ပြီးတော့....မေရောက်လာသည်....မေနဲ့အိပ်ချင်လို့ဆိုတော့....မေကရှင်းဘေးလာရှင်းနဲ့လာအိပ်သည်...မကတော့စူပုတ်ကာဆိုဖာရှည်ကြီးပေါ်သွားအိပ်သည်....
မနက်ဖန်ကျရင်....ပြင်ဦးလွင်တစ်မြို့လုံးပတ်ကြမည်.....လျှောက်လည်ဖို့....ရင်ခုန်နေပြီ....
စူပုတ်ကာအိပ်သွားတဲ့ကောင်မလေးရယ်၊မိခင်ရင်ခွင်ထဲကလေးလိုခွေဝင်အိပ်နေတဲ့ကောင်မလေးရယ်......အိမ်မက်လှလှမက်ပါစေလို့.....လမင်းကြီးကဆုတောင်းေပးရင်း....ကြယ်လေးတေွကကောင်းချီးပေးသည်.....
##############
Long Time No See Babies
အဆူးတို့ဘက်ကလိုင်းမရပါပူး.....စစ်ကိုင်းတိုင်းရဲ့ခရိုင်မြို့နယ်အများစုက....လိုင်းဖျက်ခံထားရလို့....2Gနဲ့ရတဲ့အခါလေးတင်ပေးလိုက်ပါတယ်.....
ဆူးမြတ်အိမ်(ခ)အဆူးအိမ်ဖြစ်တဲ့ အဆူးကိုမေ့ကြနဲ့နော်။ ဒါနဲ့ အဆူးကိုအားတွေပေးကြပါဦး။ နှစ်တန်းလောက်ထဲကပေါင်းလာတဲ့သူငယ်ချင်းကိုချစ်မိတဲ့အဆူး....Fujoဖြစ်တဲ့သူလေးကအဆူးခြေလှမ်းတိုင်းရိပ်မိနေတော့....အဆူးမှာရှေ့လည်းမတိုးရဲပူး။
CrushကCrushတိုင်းပဲထားတာကောင်းမှာပါလေ။ အဆူးယောင်ဝါးဝါးနဲ့ ကပ်နေတာ ငါးတန်းတည်းက.....အခုကိုးတန်း....ကျောင်းတက်ရင်တော့ဆယ်တန်းလောက်ရောက်ပြီ....အခုထိဆိုတော့အဆူး အရူးမီးဝိုင်းနေတာကြာပေါ့။ သူ့သားတွေလောက်တောင်အဆူးကအရေးမပါပူး။ ဟဲဟဲ အဆူးအရစ်ရှည်မိပြန်ပြီ။ ကြုံတဲ့အခါတော့ ပြင်ဦးလွင်တပတ်ပတ်ကြတာပေါ့။ တာ့တာ။
Zawgyi
"အင်း....ဟင့်...."
"ဒဏ်ရာကနာနေဦးမယ်....."
"ဟုတ်ကဲ့........"
"မ......"
"အင်း....."
"မ....."
"အင်း.....ပြောလေကလေးရဲ့"
"ဟုတ်ကဲ့"
"သမီးငယ်.....ယွန်းလေးရေ....."
"ဘယ်သိမလဲ......"
"ဟင့်"
"မမကလည်း....."
"ကလေးငယ်နော်........"
"ဟာ....မေ့"
"ကလေး......."
"ဟင်...."
"ငါးပေါင်းစားမလား....."
"အင်းပါ......"
*******
"ကလေး....."
"ဟုတ်...မ"
"ဖုန်းလာနေတယ်......."
"ကိုင်လိုက်လေ....."
"ချယ်သွန်းတဲ့......"
"ဪ.....အင်း...."
"အင်း....ချယ်သွန်း"
"အင့်.....ဟင့်.....မမ"
"ဘာဖြစ်တာလဲချယ်သွန်း......."
"ဟင့်....ဟုတ်မမ..."
"ဒါပဲနော်...."
"ဟုတ်မမ....ဂရုစိုက်ဦး....."
"အင်း........."
"ဟာဗျာ.....လာခဲ့....ဒီနား....'
"ဘာလဲ......"
"ကလေးဘာလုပ်ထားလို့လဲ"
"မဟုတ်ပါပူး....."
"မ~~~"
"ကလေးနော်...."
"မ'နော်....."
"လူဆိုးမလေး....."
"သွားပါ...."
"ဗိုက်ပြန်ဆာလာပြီ....."
"ဟင်!"
"ဘာစားမလဲ....."
"မ'ကို...."
"ကလေး!"
"ဟီး......"
"အယ်!"
"ဟုတ်ပဲနဲ့....."
"တကယ်ပါဆို...."
"ယုံပူး......"
"ယုံပါဆို....."
"ယုံပေးမယ်....အာဝါးပေး...."
"ကျေနပ်ပြီလား...."
**************
"Hello......."
"တကူးတကကြီး....."
"အေး....ဂရုစိုက်လာခဲ့ကြ...."
"လုံးဝပဲ.....အိပ်တော့....."
"နေ့လည်ကြီးကို....."
"ကလေး!"
"မ........"
"အင်းချစ်တယ်......"
"ယွန်း.......မြတ်.........ဖူး.........ခခ်ခခ်...."
"ဟာ......နှာဗူးလေး....."
"ကလေးနော်.....လာမစနဲ့....."
"အင်းပါ....."
"ဟုတ်ကဲ့....."
စူပုတ်ကာအိပ်သွားတဲ့ကောင်မလေးရယ်၊မိခင်ရင်ခွင်ထဲကလေးလိုခွေဝင်အိပ်နေတဲ့ကောင်မလေးရယ်......အိမ်မက်လှလှမက်ပါစေလို့.....လမင်းကြီးကဆုတောင်းပေးရင်း....ကြယ်လေးတွေကကောင်းချီးပေးသည်.....
##############
Long Time No See Babies