"မလုပ်ပေးနိုင်ဘူး။ မကျေနပ်ရင်ထုတ်ပစ်လိုက်"
အတွင်းရေးမှူးမင်၏နှုတ်ထွက်စကားသည်မျက်နှာထားနှင့်အပြိုင်ပြတ်သားနေ၏။ စိန်ခေါ်ရုံသက်သက်ပြောလာသည့်စကားမဟုတ်မှန်းသိနေသည့်အတွက်သူ့ဘက်ကပါပြန်တင်းလိုက်လျှင်အကုန်လုံးအပျက်ပျက်နှင့်နှာခေါင်းသွေးထွက်နိုင်သည်။ ထိုကဲ့သို့မဖြစ်ရလေအောင်ကြိုတင်ကာကွယ်သည့်အနေဖြင့်သူ့ဘက်ကစပြီးတစ်ထစ်လျှော့ပေးမှတော်ကာကျမည်။ မဟုတ်ရင် hyung ရှေ့တွင်သူလိမ်ထားညာထားသမျှစက္ကန့်ပိုင်း၊မိနစ်ပိုင်းအတွင်းဘူးပေါ်သလိုပေါ်သွားနိုင်သည်။ အခုမှ hyung နဲ့ ရင်းနှီးဖို့လမ်းစလေးမြင်ရုံရှိသေးသည်.. ဒါမျိုးတော့သူဘယ်လိုမှအဖြစ်မခံနိုင်ပါ။
"အဲ့လိုတော့မျက်နှာလွှဲခဲပစ်လုပ်လို့ဘယ်ရမလဲ။ ဒီလိုတွေသရုပ်ဆောင်ငှားရတဲ့အထိလုပ်ရတာဘယ်သူ့ကြောင့်လဲ။ 'ဒရိုင်ဘာ' ဇာတ်ညွှန်းကိုရေးတာဘယ်သူလဲ"
သူ့စကားကြောင့်အတွင်းရေးမှူးမင်အနည်းငယ်တွေဝေသွားပုံရသည်။ မျက်မှောင်ကြုတ်ကာခေတ္တမျှစဥ်းစားပြီးမှ..
"အိုခေ.. အဲ့ဒါဆိုမျှမျှတတဖြစ်အောင် kawi bawi bo"
"အမ်"
"သုံးပွဲကစားမယ်။ boss နိုင်ရင် boss ခိုင်းတဲ့အတိုင်းလုပ်ပေးမယ်။ ကျွန်တော်နိုင်ရင်တော့..."
"ကောင်းပြီ။ ဒါပေမယ့်.. ရှုံးရှုံး၊နိုင်နိုင် မန်နေဂျာဂျီမင်းရဲ့အကူအညီကိုတော့ယူလို့ရတယ်မဟုတ်လား"
"ဆော့ဂျင်ကိုရိုက်ကွင်းနားမသွားစေနဲ့လို့ကျွန်တော်ဂျီမင်းကိုသေချာမှာထားပါတယ်"
"ပြီးရော.. ဒါနဲ့ အတွင်းရေးမှူးမင်.. မင်းတော့အရွေးမှားသွားပြီ။ ငါက kawi bawi bo ဆိုသိပ်ကျွမ်းတာ"
ကျွမ်းကျင်သူကြီးကလည်းကံတရားရဲ့မျက်နှာသာပေးခြင်းကိုမခံရလေတော့.. အရှုံးနဲ့သာရင်ဆိုင်ရပြီးခေါင်းငိုက်စိုက်ချ၍သာရိုက်ကွင်းရှိရာသို့ကိုယ်တိုင်ပဲထွက်လာခဲ့ရတော့သည်။ မင်ယွန်ဂီတို့ကတော့အနိုင်ရပြီဆိုတာနဲ့လှောင်အိမ်ကလွတ်မြောက်သွားတဲ့ငှက်တစ်ကောင်နှယ်ပြေးထွက်သွားလိုက်တာလှစ်ခနဲ.. သူ့မှာဈေးဆစ်ချိန်တောင်မရလိုက်။
"ဒီလိုမှန်းသိရင် Muk-jji-ppa ဆော့ပါတယ်။ အဲ့ဒါဆိုငါနိုင်မှာ"
သူလည်းရိုက်ကွင်းကိုရောက်တော့ဒရိုက်တာအပါအဝင်ရုပ်ရှင်အဖွဲ့သားအားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီးသူ့ကိုပျာပျာသလဲဝိုင်းကြိုကြ၊ နှုတ်ဆက်ကြ၏။ ဒါပေမယ့်သူ့ရဲ့ရည်ရွယ်ချက်ကရိုက်ကွင်းကိုအလည်လာနှုတ်ဆက်ရုံသက်သက်ဟုတ်မနေသည့်အတွက်လိုရင်းကိုသာတန်းမေးလိုက်သည်။
"လီဂျယ်ဟွမ်ရော"
"ဗျာ? GM ကဂျယ်ဟွမ်ကိုဘာလို့ရှာတာလဲမသိဘူးနော်"
"အဲ့ဒါ.. ခင်ဗျားသိဖို့မလိုပါဘူး။ လီဂျယ်ဟွမ်ကိုသာခေါ်ပေးစမ်းပါ"
"ဂျယ်ဟွမ်ဒီမှာမရှိဘူးခင်ဗျ"
"ဘယ်သွားလဲ"
"မသိဘူးခင်ဗျ။ ခုနကဆေးလိပ်သောက်မလို့ဆိုလား.. နေရာလိုက်ရှာနေတာတော့တွေ့မိတယ်"
ကြားလိုက်ရတဲ့စကားကြောင့်ခပ်ထူထူမျက်ခုံးတစ်စုံတွန့်ချိုးသွား၏။ အခုပဲလီဂျယ်ဟွမ်ကိုရိုက်ကူးရေးအတွက်ခွင့်ပြုထားတဲ့နေရာမှလွဲရင်တခြားဘယ်ကိုမှစပ်စပ်စုစုလျှောက်မသွားနဲ့လို့မှာမလို့ဒီအထိတကူးတကလာခဲ့တာကို.. ဒင်းကလျှောက်သွားနေတယ်ဆိုတော့မတော်လို့များ hyung နဲ့တည့်တည့်တိုးသွားလျှင်.. သူ့အိတ်ထဲမှဖုန်းကိုထုတ်ကာအတွင်းရေးမှူးမင်ထံသို့လှမ်းဆက်သွယ်လိုက်သည်။
"အခု.. hyung ကအခုဘယ်အထပ်မှာလဲ"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Hyung"
Hyungကသူ့ရဲ့ခေါ်သံကိုမကြားဘဲအရေးပေါ်လှေကားရှိရာသို့ဦးတည်သွားနေသည်။ ပြီးတော့.. လီဂျယ်ဟွမ်ထိုလှေကားအခန်းထဲဝင်သွားတာကိုဖျတ်ခနဲလှမ်းမြင်လိုက်ရသေးသည်။ရုတ်တရက်ဘာလုပ်ရမှန်းမသိခေါင်းနပန်းတွေကြီးကုန်၏။ hyung ကတဖြည်းဖြည်းနှင့်တံခါးနားကပ်သွားပြီးတံခါးကိုဆွဲဖွင့်ဖို့လက်ပြင်လိုက်တာမြင်တော့...
"အမလေး!! ဘာကြီးလဲ!!"
ကြံရာမရတဲ့အဆုံး hyung ရဲ့အနားကိုအရှိန်အဟုန်ပြင်းစွာပြေးသွားပြီး hyung ရဲ့မျက်နှာကိုအပေါ်ဝတ်အင်္ကျီဖြင့်ဆွဲအုပ်ပြီးအတင်းဖက်ထားလိုက်ရသည်။
"ဘာကြီးလဲ.. ဘာကြီးလဲလို့မေးနေတယ်လေ"
ရုတ်တရက်ကြီးအမှောင်ဖုံးသွားသလိုခံစားလိုက်ရသဖြင့်အရမ်းလန့်သွားပုံရသည့် hyung ကအတင်းရုန်းကာအသံတုန်တုန်လေးနှင့်အော်သည်။ သူတို့နှစ်ယောက်၏ ရုန်းရင်းဆန်ခတ်အသံများကိုကြားလို့ထင်.. လီဂျယ်ဟွမ်ကတံခါးဝမှခေါင်းပြူကြည့်သည်။ သူ့ကိုမြင်တော့မျက်လုံးတွေပြူးကျယ်သွား၏။ သူက hyung ကိုဆွဲချုပ်ထားရင်းလီဂျယ်ဟွမ်ကိုမျက်နှာရိပ်မျက်နှာကဲဖြင့်ဒီကနေအမြန်ထွက်သွားဖို့အချက်ပေးလိုက်တော့လီဂျယ်ဟွမ်ကသဘောပေါက်သည့်ဟန်ဖြင့်ခေါင်းညိတ်ပြပြီးလှစ်ခနဲထွက်သွားသည်။ သူ့ရဲ့မြင်ကွင်းထဲကနေလီဂျယ်ဟွမ်ပျောက်သွားပြီးစိတ်ချရတဲ့အနေအထားတစ်ခုကိုရောက်မှ hyung ကိုပြန်လွှတ်ပေးလိုက်သည်။
"အဟွတ်.. အဟွတ်.. ဘာ.. ဘာတွေ..ဖြစ်ကုန်တာလဲ"
အခုမှသူ့အင်္ကျီအောက်ကနေလွတ်မြောက်ခွင့်ရရှာသည့် hyungကရင်ဘတ်လေးကိုဖိကာ,ဖိကာဖြင့်အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူသွင်း၊ရှူထုတ်လုပ်နေရသည်။
"Hyung.. အဆင်ပြေရဲ့လား"
သူက hyung ရဲ့ကျောပြင်လေးကိုညင်သာစွာပွတ်သပ်ပေးရင်းမေးလိုက်တော့ hyung ကထိတ်လန့်ရိပ်မပြေသေးသည့်မျက်နှာနီနီလေးဖြင့်သူ့ကိုမော့ကြည့်ပြီး..
"ရား.. ခုနက.. ငါ့ကို.. ဘာလုပ်လိုက်တာလဲ"
"အယ်.. ဟို.. ဟိုဟာ.. စ,တာ။ ဟုတ်တယ်.. လန့်သွားအောင်စ,လိုက်တာ"
"ဘာ! မင်းဟာကစ,တာနဲ့မတူဘူး။ လူကိုအသေသတ်နေသလိုပဲ။ နေဦး.. မင်းနဲ့နောက်မှပြောမယ်။ ဒီမှာအရေးကြီးကိစ္စတစ်ခုရှိသေးတယ်"
"ဘာ.. ဘာအရေးကြီးကိစ္စလဲ"
Hyung ကသူမေးတာကိုမဖြေဘဲအရေးပေါ်လှေကား ၏တံခါးကိုဆွဲဖွင့်ကာ..
"ဟင်.. ဘယ်ရောက်သွားလဲ"
သူကဘာမှမသိသလိုမင်သေသေမျက်နှာဖြင့်..
"ဘာလဲ.. အစကတည်းဒီမှာဘာမှမရှိပါဘူး"
"မဟုတ်ဘူး။ခုနက GM နဲ့တူတဲ့လူတစ်ယောက်ဒီအထဲဝင်သွားတာသေချာတွေ့လိုက်ပါတယ်"
"မဖြစ်နိုင်တာ.. hyung ရယ်။GMကဒီကိုဘာလာလုပ်ရမှာလဲ။ ပြီးတော့.. GM လည်းဒီမှာမရှိဘူး။အလုပ်ကိစ္စနဲ့ခရီးသွားနေတယ်"
"ဒါပေမယ့်ခုနကဒီထဲကိုလူတစ်ယောက်ဝင်သွားတာငါ့မျက်စိနဲ့သေချာမြင်လိုက်တာ။ မဟုတ်မှလွဲရော.. "
Hyung ကခေါင်းကိုဘယ်ညာလှည့်ကာဟိုကြည့်ဒီကြည့်ဖြင့်သူ့နားသို့တိုးကပ်လာပြီးသူ့ရဲ့အင်္ကျီစကိုတင်းနေအောင်ဆုပ်ကိုင်ကာလေသံတိုးတိုးလေးဖြင့်..
"ဟိုလေ.. ဒီမှာ.. သ..သရဲတွေဘာတွေများရှိလား"
ဇီးရွက်လောက်သာရှိတော့သည့်မျက်နှာငယ်လေးဖြင့်သူ့အင်္ကျီစကိုအားကိုးတကြီးဆုပ်ကိုင်ကာမေးလာသည့် hyung ကိုကြည့်ပြီးအသည်းယားသွားသည်။
"ဒါကတော့.. ပြောလို့ဘယ်ရပါ့မလဲ hyung ရဲ့။ မမြင်ရတဲ့ပရလောကဆိုတာတကယ်ရှိချင်ရှိနိုင်တာပဲ။ ပြီးတော့..ကျွန်တော်ကြားမိတာတစ်ခုရှိတယ်။ဒီအဆောက်အဦးကြီးကိုစဆောက်တုန်းက..."
"ဟင့်အင်း.. တော်ပြီ။ ဆက်မပြောနဲ့"
ချက်ချင်းဖြူရော်သွားသည့်ငိုမဲ့မဲ့မျက်နှာလေးကိုကြည့်ပြီးရယ်ချင်စိတ်ကိုမနည်းထိန်းနေရ၏။သူက hyung ကြောက်နေတာကိုအခွင့်ကောင်းယူကာ hyung ရဲ့ပခုံးလေးကိုဆွဲဖက်လိုက်ပြီး..
"ဘာလို့လဲ.. ကြောက်လို့လား။ ဒီနေ့hyung အနားမှာလာနေပေးရမလား။ GMလည်းမရှိဘူးဆိုတော့ကျွန်တော်အားနေတယ်"
"မလိုပါဘူး"
ခုနကငိုမဲ့မဲ့မျက်နှာလေးကချက်ချင်းတင်းမာသွားပြီးပခုံးပေါ်ကသူ့လက်ကိုဖယ်ချကာဒေါသသံလေးဖြင့်ပြန်ဖြေသည်။
"မလိုလည်းနေပေါ့။ hyung တစ်ယောက်တည်းဖြစ်နေလို့စေတနာနဲ့ကူလုပ်ပေးမလို့ဟာကို"
"ကူလုပ်ပေးမယ်?"
Hyung ကမျက်မှောင်လေးကြုတ်ကာငြိမ်ငြိမ်လေးစဥ်းစားနေသည်။ ထို့နောက်ကယ်တင်ရှင်တွေ့သွားသလိုမျက်နှာလေးကပြုံးရွှင်သွားကာ..
"အဲ့ဒါဆိုအတော်ပဲ။ဒီအလုပ်တွေမြန်မြန်ပြီးရင်ငါလည်းရိုက်ကွင်းကိုသွားကြည့်လို့ရပြီ။ ခေါင်းဆောင်မင်းသားကPark Seo Joon ဆိုလို့.. ကိုယ်အရမ်းကြိုက်ရတဲ့မင်းသားကိုအပြင်မှာမြင်ဖူးခွင့်ရတုန်းလေး.."
"ဘာပြောလိုက်တယ်"
"ရိုက်ကွင်းကိုသွားကြည့်..."
"မဟုတ်ဘူး.. အဲ့ဒီ့နောက်က.."
"ခေါင်းဆောင်မင်းသား Park Seo Joon.."
"အဲ့ဒီ့နောက်က.."
"အရမ်းကြိုက်ရတဲ့..."
"Hyung ကိုမကူနိုင်တော့ဘူးထင်တယ်။ ကျွန်တော့်မှာအလုပ်တွေအများကြီးလုပ်စရာရှိသေးတယ်"
"ခုနကပြောတော့ GM မရှိလို့အားနေ..."
"ခုနကအားပေမယ့်အခုမအားတော့ဘူး"
"ဘာလို့ ချက်ချင်းကြီး.."
"သွားမယ်"
ဂျောင်ကုကသူ့စကားကိုဆုံးအောင်တောင်နားမထောင်ဘဲဘောက်ဆတ်ဘောက်ဆတ်ဖြင့်ထွက်သွားသည်။ ပြီးမှချာခနဲပြန်လှည့်လာပြီးသပ်သပ်ရပ်ရပ်ရှိနေတဲ့သူ့ဆံပင်အုံထဲသို့လက်ငါးချောင်းလုံးထိုးသွင်းကာခပ်ကြမ်းကြမ်းဖွပစ်သည်။
"ရား! ဘာလုပ်တာလဲ။ ခုနကမင်းအင်္ကျီနဲ့အုပ်လိုက်လို့ဆံပင်ကပုံမကျတော့ပါဘူးဆိုမှ။ လာထပ်ဖွနေတယ်"
"နောက်ဆိုဆံပင်ကိုအဲ့လို့အပြောင်သိမ်းမထားနဲ့"
"ဘာ.."
"သွားမယ်နော်.. Yeobo.. အိမ်ကျမှတွေ့မယ်"
ဂျောင်ကုကသွားတန်းလေးတွေပေါ်အောင်ပြုံးပြပြီးခပ်မြူးမြူးလေးပြောကာစူထားမိသည့်သူ့နှုတ်ခမ်းလေးကိုချစ်စနိုးလိမ်ဆွဲသွားသေးသည်။ ဟိုကတော့ဘာရယ်မဟုတ်ဘဲအသည်းယားရုံပြုမူသွားပေမယ့်သူ့မှာတော့ထိကိုင်ခံလိုက်ရတဲ့နှုတ်ခမ်းလေးကိုမကြာမကြာစမ်းကြည့်ရင်းပြုံးနေမိတာအကြိမ်ကြိမ်..
ရူးပြန်ပြီထင်ပါရဲ့..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"မင်းကဒီမှာအိမ်ငှားထားတာလား။ နေစရာအိမ်မရှိဘူးလား။ ဘာလို့ငါတို့အိမ်ကိုပဲခဏခဏလာနေတာလဲ"
ဂျွန်ဂျောင်ကုတို့ကဘာကျင့်စဥ်တွေများကျင့်ကြံထားလဲတော့မသိသူဘယ်လောက်အသံမာမာနဲ့ပြောပြောအပြုံးမပျက်..သူ့ရှေ့ရောက်ရင်အဲ့ဒီ့စပ်ဖြဲဖြဲမျက်နှာကိုပဲ မပျောက်ပျက်အောင်ထိန်းသိမ်းမယ်လို့သစ္စာပြုထားပုံရသည်။
"ကျွန်တော့်အိမ်မှာမှန်ကွဲသွားလို့"
"မှန်ကွဲတာနဲ့ငါ့အိမ်ကိုလာတာနဲ့ဘာဆိုင်လို့လဲ"
"ဒီလိုလေ..ကျွန်တော့်တစ်အိမ်လုံးမှာမှအဲ့ဒီ့မှန်တစ်ချပ်ပဲရှိတာ။အခု မှန်ကဘယ်လိုမှပြန်ဆက်လို့မရအောင်ကွဲသွားတာဆိုတော့ဘယ်လိုမှသုံးလို့မရတော့ဘူးလေ။အဲ့ဒီ့မှန်မရှိဘဲနဲ့ဘယ်လိုသွားတိုက်ပြီးဘယ်လိုမျက်နှာသစ်ရမလဲ.. hyung ပဲစဥ်းစားကြည့်။အဆိုးဆုံးကမနက်ဖြန်အလုပ်မသွားခင်ကြည့်စရာမှန်မရှိတာပဲ"
"အဲ့ဒီ့တော့.."
သူကလက်ပိုက်၍မေးဆတ်ပြပြီးမေးလိုက်တော့ဂျောင်ကုကအရှေ့ကယုန်သွားတွေပေါ်အောင်အားရပါးရပြုံးလိုက်ပြီး..
"ဒီည.. ဒီမှာလာအိပ်လို့မရဘူးလား။ မနက်ဖြန်မှန်ဝယ်ပြီးရင်တော့..."
"ထွက်သွား"
သူကမျက်နှာထားတင်းတင်းနဲ့မောင်းထုတ်လိုက်တော့လည်းအထွန့်တောင်တစ်ချက်မတက်ဘဲချက်ချင်းပြန်လှည့်ထွက်သွားသည်။ တကယ်ပဲ.. အကြောင်းပြချက်မျိုးစုံနဲ့ရောက်ရောက်လာတာ.. ထမင်းစားချိန်ဆိုလည်းစားချိန်မို့၊ ရေချိုးချိန်၊ အိမ်သာတက်ချိန်ပါမကျန်.. အခုလည်းဒီမှာပါအိပ်ချင်သေးသတဲ့။ ဒင်းကိုက.. လွန်လွန်းအားကြီးတယ်။ သူလည်းသက်ပြင်းရှိုက်၍ပန်းကန်တွေဆေးပြီးရင်ဆာရန်းရဲ့အိမ်စာတွေကိုကူလုပ်ပေးမယ်လို့တွေးပြီးမီးဖိုခန်းသို့ခြေလှမ်းပြင်တုန်းရှိသေး..ဟိုကိုယ်တော်ချောကပြန်ရောက်လာပြန်သည်။ ဒီတစ်ခါတော့.. ပန်းအိုးကြီးပိုက်လို့။
"ထပ်ပြီးတော့.. ဘာလဲ"
"Hyung.. ဒီမှာကြည့်ပါဦး။ ကျွန်တော့်အပင်လေးတွေသေကုန်ပြီ"
"အဲ့ဒီ့တော့..."
"အပင်လေးတွေဆိုတာစကားလည်းမပြောတတ်၊ခံစားချက်လည်းမရှိပေမယ့်သက်ရှိထဲမှာပါတယ်မဟုတ်လား။ အခုလိုသက်ရှိလေးတွေမျက်စိရှေ့မှာတင်ဆုံးပါးသွားတာမြင်ရတော့ရင်ထဲမကောင်းလို့ဒီညဒီမှာပဲ..."
"ထွက်သွား"
လို့ပြောလိုက်တော့လည်းချက်ချင်းပင်အလင်းထက်မြန်သောအရှိန်ဖြင့်ထွက်သွားလိုက်တာဝှီးခနဲ..အရိပ်တောင်မမြင်လိုက်ရ။ သူကခေါင်းတခါခါဖြင့်မီးဖိုထဲသို့ဝင်သွားပြီးပန်းကန်တွေဆေးကြောကာအားလုံးသိမ်းဆည်းပြီးပြန်အထွက်..
"ဘာဖြစ်ပြန်ပြီလဲ"
"ကျွန်တော့်အိမ်မှာရေခဲသေတ္တာပျက်သွားလို့"
"အဲ့တော့.. ငါကလိုက်ပြင်ပေးရမှာလား"
"မဟုတ်ပါဘူး။ ကျွန်တော် service centre ကိုဖုန်းဆက်ပြီးပါပြီ။ ဒါပေမယ့်.. တကယ့်ပြဿနာကအဲ့ဒါမဟုတ်ဘူး"
"ဘာလဲ"
"ရေခဲသေတ္တာဆိုတာပျက်သွားရင်အထဲကနေလူကိုမူးမေ့လဲပြီး..နောက်ဆုံးသေစေတဲ့အထိအဆိပ်အတောက်ဖြစ်စေတဲ့ဓါတ်ငွေ့တွေထွက်လာတတ်တယ်တဲ့"
"အဓိပ္ပါယ်မရှိတာ"
"Hyung.. သတင်းတွေမဖတ်ဘူးလား။ အခုတလောဒီလောက်တောင် hot ဖြစ်နေတဲ့သတင်းကိုတောင်မသိဘူးလား။ တစ်ယောက်တည်းနေတဲ့ကောင်လေးတစ်ယောက်ရေခဲသေတ္တာကထွက်လာတဲ့အဆိပ်ငွေ့တွေရှူမိပြီးသေသွားတယ်ဆိုတဲ့သတင်းလေ။ ကျွန်တော်လည်းဒီမှာလာအိပ်ချင်လို့မဟုတ်ပါဘူး။ တော်ကြာတစ်ခုခုဖြစ်သွားမှ.. hyung တို့မီးသတ်ခေါ်ရ၊ ဆေးရုံကားခေါ်ရနဲ့အလုပ်ရှုပ်သွားမှာစိုးလို့ပါ"
"အေးပေါ့.. အန္တရာယ်ရှိတာပေါ့"
အမေကလည်းဘုမသိဘမသိနဲ့ဂျောင်ကုပြောတာကိုခေါင်းတညိတ်ညိတ်ဖြင့်ဝင်ထောက်ခံသည်။ဟိုကလည်းသူ့အကွက်ထဲကိုအလွယ်တကူဝင်လာတော့ဝမ်းသာအားရဖြင့်..
"ဟုတ်တယ်.. အန်တီရဲ့အရမ်းအန္တရာယ်ရှိတာ။ အဲ့ဒါကြောင့်ဒီညတော့ဒီမှာပဲလာအိပ်လို့ရမလား"
"ရတာပေါ့"
"အမေ!"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Hyung ကဘယ်ဘက်ခြမ်းမှာပဲအိပ်တတ်တာမဟုတ်လား။ အဲ့တော့ကျွန်တော်ကဒီဘက်ထောင့်မှာပဲငြိမ်ငြိမ်လေးအိပ်ပေးမယ်"
ဇွတ်ဧည့်သည်လုပ်ရတာနဲ့တင်အားမရလို့ဇွတ်အိမ်ရှင်ပါဝင်လုပ်နေတာ..ဘယ်လောက်ပြောပြောအပြုံးမပျက်စပရိန်မျက်နှာနဲ့.. အမြင်ကပ်စရာ။ မျက်စောင်းတွေထိုးရလွန်းလို့လည်းမျက်လုံးတွေလည်းအောင့်နေပါပြီ။
"မင်းကိုဘယ်သူကကုတင်ပေါ်ပေးအိပ်မယ်ပြောလို့လဲ"
"Hyung ကလဲ.. အဲ့လိုမလုပ်ပါနဲ့။သပ်သပ်အိပ်ရာခင်းနေရမှာအလုပ်ပိုပါတယ်။ ဒီမှာပဲပေါင်းအိပ်လိုက်မယ်လေ"
"ရတယ်.. ကိစ္စမရှိဘူး။ ငါကအလုပ်ပိုတာကြိုက်တယ်။ အဲ့ဒါကြောင့်ငါ့ဘာသာငါ အောက်မှာခင်းအိပ်မယ်"
ပြောပြောဆိုဆိုနဲ့သူကအောက်မှာအိပ်ရာတွေခင်းတော့ဂျောင်ကုကပျာပျာသလဲထလာပြီး..
"ဟာ.. အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ။hyung ကအိပ်ချိန်ဘယ်လောက်မှလည်းရှိတာမဟုတ်ဘူး။ ခဏလေးအိပ်ရတဲ့အချိန်မှာသက်တောင့်သက်တာအိပ်မှပေါ့။ကျွန်တော်ပဲအောက်ဆင်းအိပ်လိုက်ပါ့မယ်"
နောက်ဆုံးတော့လည်းခေါင်းမာလွန်းတဲ့သူ့ကိုအလျှော့ပေးပြီးဂျောင်ကုက.. ကိုယ်တိုင်ပဲသူ့အိပ်ရာသူထပြင်ရှာသည်။
"ပြီးရင်.. အပြင်ခဏထွက်ဦး"
"ဘာလို့လဲ"
"အင်္ကျီလဲမလို့"
သူ့စကားကြောင့်ဂျောင်ကုကမျက်ခုံးတစ်ဖက်ကိုပင့်၍ ဟွန့်ခနဲပြုံးသည်။ အပြုံးကဖြူစင်မှုအလျဥ်းမရှိသည့်ညစ်ကျယ်ကျယ်အပြုံး။
"ဘာဖြစ်လဲ.. ဒီအတိုင်းပဲလဲလိုက်ပေါ့။ hyung တစ်ကိုယ်လုံးမှာကျွန်တော်မမြင်ဖူးတဲ့နေရာမရှိဘူး။ အကုန်အလွတ်ရတယ်။ဘယ်နေရာမှာဘာရှိလဲပြောပြရမလား"
"ရား.."
"ဘာလို့အခုမှရှက်နေတာလဲ။ အရင်တုန်းကဖြင့်လူကိုလာ,လာမြူဆွယ်ပြီးတော့"
"ငါက? ဘယ်တုန်းကလဲ"
"မေ့ချင်ယောင်ဆောင်နေပြန်ပါပြီ။ ကျွန်တော့်မွေးနေ့တုန်းကလေ.. hyung ပဲ.."
"ရား.. တော်တော့နော်"
"အဲ့တုန်းက.."
"မပြောပါနဲ့ဆိုမှ"
Hyung ကအပြေးလေးထလာပြီးသူ့ပါးစပ်ကိုလက်ဝါးဖြင့်လာပိတ်သည်။ နားရွက်ကလေးနှစ်ဖက်ကရစရာမရှိအောင်နီရဲနေပြီးမျက်ဝန်းညိုလေးများကရှက်သည့်စိတ်ကြောင့်ဂနာမငြိမ်ဘဲလှုပ်ယမ်းနေသည်။ အဲ့လိုအရှက်သည်းတတ်ပုံလေးကလည်းအသည်းယားဖွယ်အတိ။
သူကသူ့ပါးစပ်ပေါ်ကလက်ဖဝါးနုနုလေးကိုအသာအယာဖယ်ချပြီးလက်ကလေးကိုဆောင့်ခနဲဆွဲလိုက်တော့နွဲ့ကျလာတဲ့ကိုယ်လေးကိုခါးမှသိုင်းဖက်ကာရင်ချင်းအပ်လိုက်သည်။
"ဆက်ပြောရင်.. ဘာလုပ်မှာလဲ"
သူ့မျက်နှာကိုတုန်လှုပ်စွာမော့ကြည့်လာတဲ့အရည်လဲ့နေသည့်မျက်ဝန်းလေးများကိုမလွတ်တမ်းစိုက်ကြည့်ရင်းမေးလိုက်သည်။
"ဆက်.. ဆက်ပြောရင်.. နုတ်နုတ်စင်းပြီးခွေးစာကျွေးပစ်မှာ"
"ဒီအိမ်မှာခွေးမှမမွေးထားတာ"
Hyung ကမျက်လွှာလေးချသွားသည်။ ဒါပေမယ့်သူ့လက်ထဲကအတင်းရုန်းထွက်တာမျိုးမလုပ်။ နှုတ်ခမ်းလေးကိုဖိကိုက်နေရင်းမလှုပ်မယှက်ရပ်နေသည်။
"တွေ့လား.. အခုတောင်မြူဆွယ်နေပြီ"
"ဟင်"
ဖျတ်ခနဲမော့လာတဲ့မျက်နှာလေးကိုပြန်ငုံ့သွားလို့မရအောင်မေးဖျားလေးမှပင့်ကိုင်လိုက်သည်။ သူ့အကြည့်တွေ၊ သူ့အာရုံတွေကနီရဲစိုလက်နေသည့်နှုတ်ခမ်းလေးမှတစ်ပါးတခြားဘယ်မှာမှမရှိ။ဒီည..ဒီနှုတ်ခမ်းလေးတွေရဲ့အရသာကိုမှခံစားခွင့်မရရင်သူရူးသွားနိုင်သည်။ နှစ်တွေအကြာကြီးအိပ်မက်တွေထဲအထိတောင့်တခဲ့ရတဲ့ဒီနှုတ်ခမ်းလေးတွေကိုအမိအရသိမ်းပိုက်ဖို့မျက်နှာကိုငုံ့ချလိုက်တော့...
~ဒေါက် ဒေါက်~
"Appa"
"Sh..."
သူ့အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကိုတစစီရိုက်ချိုးမယ့်အဖျက်သမားကအချိန်ကိုက်ကိုရောက်ချလာတာ..သူကိုကကံဆိုးလွန်းတာပါ။
"အော.. ဆာ.. ဆာရန်း"
Hyung ကသူ့ကိုတွန်းတိုက်ပြီးဆာရန်းအတွက်အခန်းတံခါးကိုအပြေးအလွှားသွားဖွင့်ပေးသည်။
"ဆာရန်း.. ဘာလို့လဲ"
"ဒီည.. Appa တို့နဲ့အိပ်မယ်လေ"
"ဘာ! ရား.. မိန်းကလေးကယောက်ျားတွေပဲရှိနေတဲ့အခန်းမှာလာအိပ်ချင်လို့ဘယ်ရမလဲ"
"ဘာလို့မရရမှာလဲ.. ဒါ Appa ရဲ့အခန်းပဲ။ ပြီးတော့.. ဆာရန်းကလည်းကလေးပဲရှိသေးတာကို.. အိပ်လို့ရတာပေါ့"
"ဟား.. တတ်လည်းတတ်နိုင်တယ်။ ပြောတော့ကလေးမလေးမဟုတ်ဘူးဆိုပြီးအခုတော့ချက်ချင်းကလေးဖြစ်သွားတယ်"
"ဦးလေးပြောတာအကုန်ကြားတယ်နော်"
"ကြားအောင်ပဲတမင်ပြောတာပဲ"
"ကဲ.. ကဲ.. တော်ကြတော့"
နှစ်ယောက်သားစကားနိုင်လုနေကြတဲ့ပုံက.. မုန့်အဝေမတည့်လို့ရန်ဖြစ်နေကြတဲ့ကလေးနှစ်ယောက်လိုဖြစ်နေတော့သူ့မှာဝင်ပြီးမာန်မဲရမလိုလို၊ အခန်းထောင့်မှာနှစ်ယောက်လုံးလက်မြှောက်နေဆိုပြီးအပြစ်ပေးရမလိုလိုနဲ့။ ဒီနှစ်ယောက်ကိုကြည့်ပြီးရယ်ချင်စိတ်လည်းဖြစ်မိသည်။
"အဲ့ဒါဆို.. ဆာရန်းကAppa နဲ့အတူတူအောက်မှာအိပ်ကြမယ်။ ဂျောင်ကု.. မင်းကကုတင်ပေါ်မှာအိပ်လိုက်"
"မအိပ်ဘူး.. ကျွန်တော်လည်းအောက်မှာပဲအိပ်မှာ"
ဒီလိုနဲ့ပဲကုတင်ကြီးကတော့အထီးကျန်စွာကျန်နေခဲ့ပြီးသုံးယောက်လုံးအောက်မှာပဲကျဥ်းကျဥ်းကျပ်ကျပ်အိပ်လိုက်ရသည်။
"Hyung"
hyung ကတုတ်တုတ်တောင်မလှုပ်ဘဲသူ့ကိုကျောခိုင်းအနေအထားနှင့်မြန်မြန်ဆန်ဆန်အိပ်မောကျသွားပုံရသည်။ သူတို့နှစ်ယောက်ကြားမှာမဟာတံတိုင်းထက်ခိုင်ခံ့သည့်ဆာရန်းဆိုသည့်တံတိုင်းကရှိနေတော့သူ့မှာ hyung ကိုမြင်ရဖို့ခေါင်းအုံးပေါ်တွင်တံတောင်ထောက်ကမော့ကြည့်ရသည်။
"တော်တော်အကျိုးမပေးတဲ့ပိစိလေး"
ဒါပေမယ့်ဘာကြောင့်ရယ်မသိ.. စိတ်ထဲမှာမကျေမနပ်တော့မဖြစ်မိ။ အခုလိုဆာရန်းကိုအလည်မှာထားပြီးအိပ်ရတော့မိသားစုအငွေ့အသက်လေးတွေလွှမ်းခြုံလာသလိုခံစားရလို့ကြည်နူးစိတ်တောင်ဖြစ်မိသည်။ တနေ့ကျရင်.. hyung ရယ်.. သူရယ်..
"အ!"
စိတ်ကူးယဥ်လို့ကောင်းတုန်းရှိသေး.. သူ့မျက်နှာပေါ်ကိုဖတ်ခနဲကျလာတဲ့ဆာရန်းရဲ့လက်တစ်ဖက်ကသူ့နှာနုရိုးနဲ့တန်းခနဲလာမိတ်ဆက်လေတော့.. နာကျင်မှုနှင့်အတူသူ့ရဲ့စိတ်ကူးတွေကလည်းတစစီလွင့်ပျံသွားတော့၏။
"ဒီပိစိလေးကငါ့ကိုစိတ်ကူးယဥ်ခွင့်တောင်မပေးပါလား"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ပူနွေးအိုက်စက်နေခြင်းကလူကိုလှုပ်နိုးတာထက်ဆိုး၏။ မျက်လုံးတွေဖွင့်လိုက်ပေမယ့်ဘာမှသေချာမမြင်ရဘဲထိုးကျနေသောမနက်ခင်း၏အလင်းရောင်စူးစူးတို့ကြောင့်မျက်လုံးထဲတွင်ရောင်စုံ၊ဆိုဒ်စုံ ဘောလုံးမျိုးစုံဖြတ်ပြေးနေတာတွေသာထပ်တလဲလဲမြင်နေရ၏။လက်နှစ်ဖက်ကိုမျက်လုံးတွေပေါ်သို့စုံအုပ်ကာခေတ္တမျှငြိမ်ငြိမ်နေပြီးမှဖြည်းညှင်းစွာထထိုင်လိုက်သည်။
"Hyung.. "
ဘယ်တော့မှနေမြင့်သည်အထိမအိပ်တတ်တဲ့ hyung ကအစောကြီးကတည်းကအိပ်ရာထသွားပုံရသည်။အခုချိန်လောက်ဆိုနွားနို့ပို့ပြီးတောင်ပြန်လာလောက်ရောပေါ့။ သူ့ဘေးကဆာရန်းကတော့ခေါင်းအုံးလေးပိုက်ပြီးတရှူးရှူးအိပ်မောကျနေသေးသည်။ သူကဆာရန်းမနိုးအောင်ညင်သာစွာထ၍ခြေဖွလျှောက်ကာအခန်းအပြင်သို့ထွက်လိုက်သည်။
"Hyung.. "
"အန်တီ"
တစ်အိမ်လုံးကအပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေ၏။ သူကတကျော်ကျော်အသံပေး၍ပြန်ဖြေသံကိုနားစွင့်ကြည့်ပေမယ့်ဘာအသံမှမကြားရ။
"အန်တီကတော့ဈေးသွားတယ်ထင်တယ်။ hyung ကအခုအချိန်ထိပြန်မလာသေးဘူးလား"
သူက hyung ပြန်အလာကိုအိမ်ရှေ့ထွက်မျှော်မယ်လို့စိတ်ကူးပြီးအိမ်ရှေ့တံခါးဝဆီသို့ခြေလှမ်းပြင်လိုက်စဥ် ရေချိုးခန်းအတွင်းမှရေသံတဖြောက်ဖြောက်နှင့်အတူသီချင်းညည်းသံခပ်တိုးတိုးကိုပါကြားလိုက်ရ၏။သေချာသည်.. ဒါ hyung ရဲ့အသံ။ သူ့ရင်တွေထိန်းမရအောင်တဒိုင်းဒိုင်းခုန်ဆောင့်လာ၏။ ကိုယ့်ကိုယ်တောင်သတိမထားမိလိုက်ခင်မှာပင်သွက်လက်သောခြေလှမ်းတို့ကရေချိုးခန်းရှိရာသို့ဦးတည်ပြီးသားဖြစ်နေသည်။
"ဟူး"
မချင့်မရဲစိတ်တို့ဖြင့်တံခါးလက်ကိုင်ဘုကိုကိုင်ကာသက်ပြင်းတစ်ချက်ကျယ်ကျယ်မှုတ်ထုတ်လိုက်သည်။ သိစိတ်ထဲမှာ 'ဒါမသင့်တော်ဘူး.. မလုပ်သင့်ဘူး'လို့အချက်ပေးခေါင်းလောင်းထိုးသကဲ့သို့အထပ်အခါခါတားမြစ်နေသော်လည်းသူ၏လက်ကတော့ဆုံးမလို့မရတဲ့မသိစိတ်တို့၏ခိုင်းစေရာအတိုင်းတသွေမတိမ်းလုပ်ဆောင်လျှက်အထဲကလော့မချထားပါစေနဲ့လို့ကျိတ်ဆုတောင်းရင်းလက်ကိုင်ဘုကိုဆတ်ခနဲလှည့်ပစ်လိုက်၏။
~ဂျလောက်~
တဖြည်းဖြည်းချင့်ပွင့်သွားသည့်တံခါး၏အဆုံးမှာမျက်စိထဲဝင်လာသည်ကသဘာဝ၏ဝတ်ရုံကိုဆင်မြန်းထားသည့်ဝင်းဝါနေသော hyung ရဲ့ခန္ဓါကိုယ်လေး.. ရေပန်းမှထွက်ကျလာသည့်ရေသီးကလေးများကလည်းစိန်ပွင့်လေးတွေနှယ်အလုအယက်ခုန်ပေါက်ပြေးဆင်းလို့.. သူ့ရဲ့သမာဓိအားကိုစမ်းသပ်နေကြလေသည်။ကျောခိုင်းသည့်အနေအထားနှင့်မို့ hyung ကသူရပ်ကြည့်နေတာကိုသတိမထားမိသေးပါ။သူက hyung ကိုမျက်တောင်မခတ်တမ်းငေးကြည့်ရင်းစိတ်ညှို့ခံရသူလို hyung ရဲ့အနားသို့တစ်လှမ်းချင်းတိုး,တိုးသွားမိသည်။
"အမေ့!"
Hyung ရဲ့ပခုံးနှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ကာဆွဲလှည့်လိုက်သည်။ ချာခနဲလည်သွားသော hyung သည်သူနှင့်မျက်နှာချင်းဆိုင်လျက်လေးဖြစ်သွားလေသည်။ မထင်မှတ်ထားဘဲသူ့ကိုတွေ့လိုက်ရတော့ရီဝေနေသောမျက်ဝန်းညိုညိုလေးများတွင်ရင်တွင်းမှအံ့ဩစိတ်၊ရှက်စိတ်များထင်ဟပ်သွားသည်။ ခပ်ဟဟဖြစ်သွားသောနှုတ်ခမ်းတစ်စုံသည်တဆတ်ဆတ်တုန်နေ၏။သို့ရာတွင် hyung ၏ကိုယ်လေးမှာနွေးနေသည်။
"လ..လွှတ်"
Hyung ကမျက်လွှာချကာသူ့ရင်ဘတ်ကိုလက်နှစ်ဖက်ဖြင့်စုံတွန်းကာရုန်းသည်။ သူကလွှတ်မပေးဘဲhyung ရဲ့လက်နှစ်ဖက်လုံးကိုသိုင်း ၍နံရံတွင်ကပ်ချုပ်လိုက်ပြီးတုန်ယင်နေသည့်နှင်းဆီဖူးနှုတ်ခမ်းလေးကိုအမိအရငုံထွေးပစ်လိုက်သည်။ရေပန်းမှအညှိုးတကြီးပြိုဆင်းလာကြသည့်အေးစက်စက်ရေသီးရေပေါက်များအောက်မှာ တမ်းတခြင်း၊မြတ်နိုးခြင်းများဖြင့်အဆက်မပြတ်လှုပ်ရှားနေသည့်နှုတ်ခမ်းတစ်စုံဟာနွေးထွေးလျှက်.. ရင်ထဲတွင်လှိုက်မောလာကာနှလုံးသွေးကအတိုးမြန်လာသည်။
တစ်ခါတစ်ခါစုပ်ဆွဲလိုက်တိုင်းအိခနဲတွယ်ညိစွာပါလာတတ်တဲ့ဂျယ်လီတုံးလေးလိုနှုတ်ခမ်းသားဖောင်းဖောင်းအိအိလေးကိုစိတ်ရှိသလိုစုပ်ဆွဲလိုက်၊ မချင့်မရဲကိုက်ခဲလိုက်ဖြင့်လောဘတကြီးပြုမူနေမိသည်။ တရကြမ်းအနမ်းများကိုအမှီလိုက်နေရတာကြောင့်မောဟိုက်လာသည့်hyungကသူချုပ်ကိုင်ထားတဲ့လက်များကိုရုန်းကန်ကာသူ့လက်တွင်းမှလွတ်မြောက်ဖို့ကြိုးစားသည်။ သူကလွတ်မြောက်ခွင့်မပေးဘဲဇွတ်တရွတ်ရှေ့ဆက်ဖို့ပြင်တော့...
"ဂျောင်ကု"
"ရား! ဂျွန်ဂျောင်ကု!"
"ဟင်"
မှိတ်ထားသည့်မျက်လုံးများကိုဖျတ်ခနဲဆွဲဖွင့်ကြည့်လိုက်တော့ hyung ကသူ့ရှေ့တွင်ရှိနေသည်။ hyung ကမျက်လုံးလေးပြူးပြီးသူ့ကိုအံ့ဩနေသည့်မျက်နှာလေးဖြင့်စူးစိုက်ကြည့်ရင်းHyung ကရေစိုနေတဲ့ဆံပင်ကိုသဘက်ဖြင့်သုတ်နေသည်။ ပြီးတော့ hyung ရဲ့ကိုယ်ပေါ်မှာလည်းအဝတ်အစားတွေနှင့်..
"ဘာလို့အဝတ်အစားတွေဝတ်ထားတာလဲ"
"ဟမ်"
"ဗျာ?"
"ဘာပြောလိုက်တာလဲ"
"ဘာပြောမိလို့လဲ"
အခုအချိန်မှာလက်တွေ့လားအိပ်မက်လားမကွဲပြားသေးဘဲယောင်ဝါးဝါးဖြစ်နေတုန်း။ဒါပေမယ့်အိပ်မက်လို့ပြောရအောင်လည်းအထိအတွေ့တွေက...
"မသိဘူးလေ.. ခုနကအဝတ်အစားကဘာဖြစ်တယ်ဆိုလား.. တစ်ခုခုပြောလိုက်သလားလို့။ ပြီးတော့ ဒီမှာမတ်တပ်ကြီးရပ်ပြီးဘာလုပ်နေတာလဲ"
"ဟင်!"
ဘာတွေဖြစ်ကုန်တာလဲ။ ခုနကဖြစ်ပျက်ခဲ့တာတွေက.. မဟုတ်မှလွဲရော.. အိပ်မက်တွေလား!! သူကဒီနေရာမှာမတ်တပ်ကြီးရပ်ပြီးအိပ်မက်မက်နေတာလား! Hyung ကသူဘာတွေဖြစ်နေလဲဆိုတာနားမလည်နိုင်သည့်ဟန်ဖြင့်သူ့မျက်နှာကိုအကဲခတ်နေရာမှ hyung ရဲ့အကြည့်ကတဖြည်းဖြည်းအောက်ဘက်သို့စုန်ဆင်းသွားတော့.... သူ့မှာရှက်ကိုးရှက်ကန်းဖြင့်ပေါင်နှစ်ချောင်းကိုလိမ်ထားလိုက်ရသည်။
"မင်းက.. တော်တော်အလျင်လိုနေတဲ့ပုံပဲ"
"ဗျ.. ဗျာ"
"အိမ်သာထဲသွားလိုက်လေ"
"ဘာ..ဘာလို့အိမ်သာထဲသွားရမှာလဲ"
မလုံမလဲဖြင့်ပြောလိုက်သည့်သူ့အသံကရှိသင့်တာထက်ပိုကျယ်သွားတော့ hyung ရဲ့မျက်ခုံးလေးတွေတွန့်ချိုးသွားသည်။
"ရှူရှူးပေါက်ချင်နေတာမဟုတ်ဘူးလား"
"ဟမ်!"
သူခေတ္တမျှငေးကြောင်သွားပြီးမှ..
"အဟင်းဟင်း.. ဟင်း.. ဟင်း.. ဟုတ်တယ်..ဟုတ်တယ်။ hyung မပြီးသေးလို့..စောင့်နေတာ.. ဟင်း.. ဟင်း"
လူကြီးရှက်တော့ရယ်.. ဆိုသည့်အတိုင်း hyung ကိုသွားတွေဖြဲကာရယ်ပြပြီးရောချလိုက်ရသည်။ထို့နောက်ပေါင်နှစ်ချောင်းလိမ်လျှက်နှင့်ပင်အိမ်သာထဲသို့သုတ်ခြေတင်ပြေးဝင်ကာ..စောစောစီးစီးထကြွသောင်းကျန်းနေတဲ့ဟာကိုလည်းဆုံးမရဦးမည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ရုပ်ကလေးကလည်းချောလိုက်တာ.. ချစ်စရာလေး။ ငါဖြင့်မြင်မြင်ချင်းချစ်လိုက်တာ။ ငါ့မှာသမီးရှိရင်ချက်ချင်းလက်ဆွဲပြီးသမက်တော်ပစ်တယ်.. တကယ်"
"ရုပ်ချောရုံတင်ဘယ်ကမလဲအပြောအဆိုလေးကလိမ္မာယဥ်ကျေးပြီးစိတ်ထားလေးကလည်းအပြစ်ပြောစရာမရှိအောင်ကောင်းသေးတယ်"
Hotel Nostalgia ရဲ့သန့်ရှင်းရေးအဒေါ်ကြီးများရဲ့ပါးစပ်ဖျားမှာတော့ဝန်ထမ်းသစ်လေးကင်ဆော့ဂျင်အကြောင်းချီးမွမ်းခန်းတွေကပြောမဆုံးပေါင်၊ တောသုံးတောင်ပင်ဖြစ်လို့နေချေပြီ။ အဒေါ်ကြီးများခြံရံလျှက်တစ်ထောင့်တစ်ညပုံပြင်ထက်ပင်ရှည်လျားစွာချီးကျူးခံနေရသည့်ကာယကံရှင်လေးကင်ဆော့ဂျင်လေးကတော့ပန်းသီးလေးတစ်လုံးလိုမျက်နှာတစ်ခုလုံးရဲရဲနီလျှက်ခေါင်းမဖော်နိုင်ဖြစ်နေရသည်။
"အဲ့လောက်လည်းမဟုတ်ပါဘူး။ ချစ်တဲ့မျက်စိနဲ့ကြည့်လို့ဖြစ်မှာပါ"
"အမလေး.. ဘယ်လိုမျက်စိနဲ့ကြည့်ကြည့်ငါတို့ဆော့ဂျင်နီလေးအချောဆုံး"
"ဟုတ်တယ်.. ဟုတ်တယ်"
အင်နဲ့အားနဲ့တခဲနက်ဝိုင်းအားပေးကြတဲ့အန်တီကြီးများ fan club ရဲ့ဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာဆော့ဂျင်တစ်ယောက်လုပ်စရာရှိတာကိုမြန်မြန်လက်စသတ်ပြီးဓါတ်လှေကားဆီသို့ထွက်လာခဲ့လိုက်သည်။
~ဖတ်~
ဓါတ်လှေကားတံခါးပိတ်ခါနီးမှတံခါးနှစ်ဖက်ကြားထဲဝင်လာတဲ့လက်တစ်ဖက်ကြောင့်ဓါတ်လှေကားတံခါးကဝုန်းခနဲပြန်ပွင့်သွားသည်။
"မင်္ဂလာပါ.. Nostalgia ကကြိုဆိုပါတယ်"
ဝတ္တရားအရနှုတ်ဆက်လိုက်ပေမယ့်အခုဓါတ်လှေကားထဲဝင်လာသူကဧည့်သည်နှင့်လည်းမတူဘဲမူမမှန်ဘူးလို့ဆော့ဂျင်ထင်မိသည်။ ထိုလူကအားကစားဝတ်စုံအစိမ်းတောက်တောက်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီးဆံပင်ကလည်းငှက်သိုက်လိုဖွာလန်ကျဲနေ၏။ နှုတ်ခမ်းမွှေးတွေကျိုးတို့ကျဲတဲနှင့်မျက်မှန်ထူထူကြီးအောက်မှမျက်လုံးတွေကလည်းမတည်ငြိမ်.. ရက်ပေါင်းများစွာမအိပ်ရသေးတဲ့လူတစ်ယောက်လိုမျက်တွင်းကလည်းဟောက်ပတ်နှင့်..
"ဧည့်သည်.. ဘယ်အထပ်ကိုသွားမှာလဲခင်ဗျ"
"ခေါင်မိုးထပ်"
ထိုလူကသူနဲ့မျက်လုံးချင်းတောင်အဆုံမခံဘဲပြန်လှည့်သွားသည်။ ထူးဆန်းလိုက်တာ.. hotel ကိုဒီလိုပုံစံနဲ့ဘာလာလုပ်တာပါလိမ့်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဒီ hotel မှာရုပ်ရှင်ရိုက်ကွင်းလက်ခံဖို့အဆိုပြုတာဘယ်သူလဲ"
အသံမှာလေးနက်တည်ကြည်သမျှကိုယ်ဟန်အမူအရာမှာခန့်ညားနေ၏။ မာထန်လွန်းတဲ့အသံကြောင့်အခန်းထဲမှဝန်ထမ်းတွေအားလုံးခေါင်းတောင်မဖော်ရဲအောင်တုန်လှုပ်နေကြသည်။
"အကြံပေးတာကတော့ Marketing Manager ဆိုပေမယ့် boss ခွင့်မပြုရင်ဘာမှဆက်လုပ်လို့မရပါဘူး။ အဲ့ဒါကြောင့်ဝန်ထမ်းတွေကိုလျှောက်မဲ.."
"ဘာပြောတယ်!"
"Boss ပဲဆက်ပြောပါ"
"အတွင်းရေးမှူးမင်ပြောသလိုပဲ.. အကြံပေးတာအပြစ်မဟုတ်ပေမယ့် Park Seo Joon ပါတဲ့ရုပ်ရှင်ကိုမှရွေးပြီးလက်ခံတာအပြစ်ဖြစ်သွားပြီ။ အဲ့ဒီ့ရုပ်ရှင်ကလက်ခံခိုင်းတာကရော.. ဘယ်သူလဲ"
"Boss ပါ"
"ရား!"
"ခုနကတည်းက boss ရဲ့ဖုန်းကတောက်လျှောက်မြည်နေတာဆိုတော့ဖုန်းအရင်ကိုင်ပြီးမှဆက်ပြောပါလား"
အတွင်းရေးမှူးမင်ကသူ့လက်ထဲသို့တဂီဂီမြည်နေသည့်ဖုန်းကိုအတင်းထိုးပေးသည်။ သူကဖုန်း screen မှ caller ID ကိုကြည့်လိုက်မိတော့ခုနကအလိပ်လိုက်ထွက်နေတဲ့ဒေါသတွေကအစရှာမရအောင်ရှဲခနဲပျောက်ကွယ်သွားသည်။
"ငါအခုအိပ်မက်မက်နေတာမဟုတ်ဘူးမှတ်လား။ ဖုန်းကတကယ်မြည်နေတာမှတ်လား"
"အိပ်မက်လားတကယ်လားကွဲပြားသွားအောင်နာရင်းနှစ်ချက်လောက်ရိုက်ပေးရမလား"
"ဘာ!"
"ဖုန်းကိုင်လိုက်တော့လေ.. တော်ကြာကျသွားဦးမယ်"
"အဟမ်း.. အဟမ်း.. ဟဲလို.. hyung"
"ဂျောင်ကု"
တစ်ဖက်က hyung ရဲ့အသံကတစ်ခုခုကိုစိုးရိမ်နေသလိုတိုးတိုးညင်ညင်လေး..
"Hyung.. အသံကဘာဖြစ်နေတာလဲ"
"ခေါင်းမိုးထပ်မှာ... ဟေ့လူ.. ဟေ့လူ.. မလုပ်နဲ့"
Hyung ဆီမှဗလုံးဗထွေးအော်သံတွေကြားပြီးနောက်ဖုန်းလိုင်းကပျက်ကျသွားသည်။
"Hyung!!"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
ဒီရက်ပိုင်း stress တွေများနေလို့စာရေးရတာလည်း mood သိပ်မဝင်ဘူးကွယ်။ နည်းနည်းတော့သည်းခံပေးကြပါ 😔
Assignment လေးတွေလက်စသတ်ဖို့နဲ့စာမေးပွဲဖြေဖို့လည်းရှိနေတော့စာရေးတာကိုတစ်ပတ်လောက်ခဏနားမယ်နော်။နောက်တစ်ပတ်ကျမှပြန်တွေ့ကြမယ် 😊
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
"မလုပ္ေပးနိုင္ဘူး။ မေက်နပ္ရင္ထုတ္ပစ္လိုက္"
အတြင္းေရးမႉးမင္၏ႏႈတ္ထြက္စကားသည္မ်က္ႏွာထားႏွင့္အၿပိဳင္ျပတ္သားေန၏။ စိန္ေခၚ႐ုံသက္သက္ေျပာလာသည့္စကားမဟုတ္မွန္းသိေနသည့္အတြက္သူ႕ဘက္ကပါျပန္တင္းလိုက္လွ်င္အကုန္လုံးအပ်က္ပ်က္ႏွင့္ႏွာေခါင္းေသြးထြက္နိုင္သည္။ ထိုကဲ့သို႔မျဖစ္ရေလေအာင္ႀကိဳတင္ကာကြယ္သည့္အေနျဖင့္သူ႕ဘက္ကစၿပီးတစ္ထစ္ေလွ်ာ့ေပးမွေတာ္ကာက်မည္။ မဟုတ္ရင္ hyung ေရွ႕တြင္သူလိမ္ထားညာထားသမွ်စကၠန့္ပိုင္း၊မိနစ္ပိုင္းအတြင္းဘူးေပၚသလိုေပၚသြားနိုင္သည္။ အခုမွ hyung နဲ႕ ရင္းႏွီးဖို႔လမ္းစေလးျမင္႐ုံရွိေသးသည္.. ဒါမ်ိဳးေတာ့သူဘယ္လိုမွအျဖစ္မခံနိုင္ပါ။
"အဲ့လိုေတာ့မ်က္ႏွာလႊဲခဲပစ္လုပ္လို႔ဘယ္ရမလဲ။ ဒီလိုေတြသ႐ုပ္ေဆာင္ငွားရတဲ့အထိလုပ္ရတာဘယ္သူ႕ေၾကာင့္လဲ။ 'ဒရိုင္ဘာ' ဇာတ္ၫႊန္းကိုေရးတာဘယ္သူလဲ"
သူ႕စကားေၾကာင့္အတြင္းေရးမႉးမင္အနည္းငယ္ေတြေဝသြားပုံရသည္။ မ်က္ေမွာင္ၾကဳတ္ကာေခတၱမွ်စဥ္းစားၿပီးမွ..
"အိုေခ.. အဲ့ဒါဆိုမွ်မွ်တတျဖစ္ေအာင္ kawi bawi bo"
"အမ္"
"သုံးပြဲကစားမယ္။ boss နိုင္ရင္ boss ခိုင္းတဲ့အတိုင္းလုပ္ေပးမယ္။ ကြၽန္ေတာ္နိုင္ရင္ေတာ့..."
"ေကာင္းၿပီ။ ဒါေပမယ့္.. ရႈံးရႈံး၊နိုင္နိုင္ မန္ေနဂ်ာဂ်ီမင္းရဲ႕အကူအညီကိုေတာ့ယူလို႔ရတယ္မဟုတ္လား"
"ေဆာ့ဂ်င္ကိုရိုက္ကြင္းနားမသြားေစနဲ႕လို႔ကြၽန္ေတာ္ဂ်ီမင္းကိုေသခ်ာမွာထားပါတယ္"
"ၿပီးေရာ.. ဒါနဲ႕ အတြင္းေရးမႉးမင္.. မင္းေတာ့အေ႐ြးမွားသြားၿပီ။ ငါက kawi bawi bo ဆိုသိပ္ကြၽမ္းတာ"
ကြၽမ္းက်င္သူႀကီးကလည္းကံတရားရဲ႕မ်က္ႏွာသာေပးျခင္းကိုမခံရေလေတာ့.. အရႈံးနဲ႕သာရင္ဆိုင္ရၿပီးေခါင္းငိုက္စိုက္ခ်၍သာရိုက္ကြင္းရွိရာသို႔ကိုယ္တိုင္ပဲထြက္လာခဲ့ရေတာ့သည္။ မင္ယြန္ဂီတို႔ကေတာ့အနိုင္ရၿပီဆိုတာနဲ႕ေလွာင္အိမ္ကလြတ္ေျမာက္သြားတဲ့ငွက္တစ္ေကာင္ႏွယ္ေျပးထြက္သြားလိုက္တာလွစ္ခနဲ.. သူ႕မွာေဈးဆစ္ခ်ိန္ေတာင္မရလိုက္။
"ဒီလိုမွန္းသိရင္ Muk-jji-ppa ေဆာ့ပါတယ္။ အဲ့ဒါဆိုငါနိုင္မွာ"
သူလည္းရိုက္ကြင္းကိုေရာက္ေတာ့ဒရိုက္တာအပါအဝင္႐ုပ္ရွင္အဖြဲ႕သားအားလုံးလႈပ္လႈပ္ရွားရွားျဖစ္ကုန္ၿပီးသူ႕ကိုပ်ာပ်ာသလဲဝိုင္းႀကိဳၾက၊ ႏႈတ္ဆက္ၾက၏။ ဒါေပမယ့္သူ႕ရဲ႕ရည္႐ြယ္ခ်က္ကရိုက္ကြင္းကိုအလည္လာႏႈတ္ဆက္႐ုံသက္သက္ဟုတ္မေနသည့္အတြက္လိုရင္းကိုသာတန္းေမးလိုက္သည္။
"လီဂ်ယ္ဟြမ္ေရာ"
"ဗ်ာ? GM ကဂ်ယ္ဟြမ္ကိုဘာလို႔ရွာတာလဲမသိဘူးေနာ္"
"အဲ့ဒါ.. ခင္ဗ်ားသိဖို႔မလိုပါဘူး။ လီဂ်ယ္ဟြမ္ကိုသာေခၚေပးစမ္းပါ"
"ဂ်ယ္ဟြမ္ဒီမွာမရွိဘူးခင္ဗ်"
"ဘယ္သြားလဲ"
"မသိဘူးခင္ဗ်။ ခုနကေဆးလိပ္ေသာက္မလို႔ဆိုလား.. ေနရာလိုက္ရွာေနတာေတာ့ေတြ႕မိတယ္"
ၾကားလိုက္ရတဲ့စကားေၾကာင့္ခပ္ထူထူမ်က္ခုံးတစ္စုံတြန့္ခ်ိဳးသြား၏။ အခုပဲလီဂ်ယ္ဟြမ္ကိုရိုက္ကူးေရးအတြက္ခြင့္ျပဳထားတဲ့ေနရာမွလြဲရင္တျခားဘယ္ကိုမွစပ္စပ္စုစုေလွ်ာက္မသြားနဲ႕လို႔မွာမလို႔ဒီအထိတကူးတကလာခဲ့တာကို.. ဒင္းကေလွ်ာက္သြားေနတယ္ဆိုေတာ့မေတာ္လို႔မ်ား hyung နဲ႕တည့္တည့္တိုးသြားလွ်င္.. သူ႕အိတ္ထဲမွဖုန္းကိုထုတ္ကာအတြင္းေရးမႉးမင္ထံသို႔လွမ္းဆက္သြယ္လိုက္သည္။
"အခု.. hyung ကအခုဘယ္အထပ္မွာလဲ"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Hyung"
Hyungကသူ႕ရဲ႕ေခၚသံကိုမၾကားဘဲအေရးေပၚေလွကားရွိရာသို႔ဦးတည္သြားေနသည္။ ၿပီးေတာ့.. လီဂ်ယ္ဟြမ္ထိုေလွကားအခန္းထဲဝင္သြားတာကိုဖ်တ္ခနဲလွမ္းျမင္လိုက္ရေသးသည္။႐ုတ္တရက္ဘာလုပ္ရမွန္းမသိေခါင္းနပန္းေတြႀကီးကုန္၏။ hyung ကတျဖည္းျဖည္းႏွင့္တံခါးနားကပ္သြားၿပီးတံခါးကိုဆြဲဖြင့္ဖို႔လက္ျပင္လိုက္တာျမင္ေတာ့...
"အမေလး!! ဘာႀကီးလဲ!!"
ႀကံရာမရတဲ့အဆုံး hyung ရဲ႕အနားကိုအရွိန္အဟုန္ျပင္းစြာေျပးသြားၿပီး hyung ရဲ႕မ်က္ႏွာကိုအေပၚဝတ္အကၤ်ီျဖင့္ဆြဲအုပ္ၿပီးအတင္းဖက္ထားလိုက္ရသည္။
"ဘာႀကီးလဲ.. ဘာႀကီးလဲလို႔ေမးေနတယ္ေလ"
႐ုတ္တရက္ႀကီးအေမွာင္ဖုံးသြားသလိုခံစားလိုက္ရသျဖင့္အရမ္းလန့္သြားပုံရသည့္ hyung ကအတင္း႐ုန္းကာအသံတုန္တုန္ေလးႏွင့္ေအာ္သည္။ သူတို႔ႏွစ္ေယာက္၏ ႐ုန္းရင္းဆန္ခတ္အသံမ်ားကိုၾကားလို႔ထင္.. လီဂ်ယ္ဟြမ္ကတံခါးဝမွေခါင္းျပဴၾကည့္သည္။ သူ႕ကိုျမင္ေတာ့မ်က္လုံးေတြျပဴးက်ယ္သြား၏။ သူက hyung ကိုဆြဲခ်ဳပ္ထားရင္းလီဂ်ယ္ဟြမ္ကိုမ်က္ႏွာရိပ္မ်က္ႏွာကဲျဖင့္ဒီကေနအျမန္ထြက္သြားဖို႔အခ်က္ေပးလိုက္ေတာ့လီဂ်ယ္ဟြမ္ကသေဘာေပါက္သည့္ဟန္ျဖင့္ေခါင္းညိတ္ျပၿပီးလွစ္ခနဲထြက္သြားသည္။ သူ႕ရဲ႕ျမင္ကြင္းထဲကေနလီဂ်ယ္ဟြမ္ေပ်ာက္သြားၿပီးစိတ္ခ်ရတဲ့အေနအထားတစ္ခုကိုေရာက္မွ hyung ကိုျပန္လႊတ္ေပးလိုက္သည္။
"အဟြတ္.. အဟြတ္.. ဘာ.. ဘာေတြ..ျဖစ္ကုန္တာလဲ"
အခုမွသူ႕အကၤ်ီေအာက္ကေနလြတ္ေျမာက္ခြင့္ရရွာသည့္ hyungကရင္ဘတ္ေလးကိုဖိကာ,ဖိကာျဖင့္အသက္ကိုျဖည္းျဖည္းမွန္မွန္ရႉသြင္း၊ရႉထုတ္လုပ္ေနရသည္။
"Hyung.. အဆင္ေျပရဲ႕လား"
သူက hyung ရဲ႕ေက်ာျပင္ေလးကိုညင္သာစြာပြတ္သပ္ေပးရင္းေမးလိုက္ေတာ့ hyung ကထိတ္လန့္ရိပ္မေျပေသးသည့္မ်က္ႏွာနီနီေလးျဖင့္သူ႕ကိုေမာ့ၾကည့္ၿပီး..
"ရား.. ခုနက.. ငါ့ကို.. ဘာလုပ္လိုက္တာလဲ"
"အယ္.. ဟို.. ဟိုဟာ.. စ,တာ။ ဟုတ္တယ္.. လန့္သြားေအာင္စ,လိုက္တာ"
"ဘာ! မင္းဟာကစ,တာနဲ႕မတူဘူး။ လူကိုအေသသတ္ေနသလိုပဲ။ ေနဦး.. မင္းနဲ႕ေနာက္မွေျပာမယ္။ ဒီမွာအေရးႀကီးကိစၥတစ္ခုရွိေသးတယ္"
"ဘာ.. ဘာအေရးႀကီးကိစၥလဲ"
Hyung ကသူေမးတာကိုမေျဖဘဲအေရးေပၚေလွကား ၏တံခါးကိုဆြဲဖြင့္ကာ..
"ဟင္.. ဘယ္ေရာက္သြားလဲ"
သူကဘာမွမသိသလိုမင္ေသေသမ်က္ႏွာျဖင့္..
"ဘာလဲ.. အစကတည္းဒီမွာဘာမွမရွိပါဘူး"
"မဟုတ္ဘူး။ခုနက GM နဲ႕တူတဲ့လူတစ္ေယာက္ဒီအထဲဝင္သြားတာေသခ်ာေတြ႕လိုက္ပါတယ္"
"မျဖစ္နိုင္တာ.. hyung ရယ္။GMကဒီကိုဘာလာလုပ္ရမွာလဲ။ ၿပီးေတာ့.. GM လည္းဒီမွာမရွိဘူး။အလုပ္ကိစၥနဲ႕ခရီးသြားေနတယ္"
"ဒါေပမယ့္ခုနကဒီထဲကိုလူတစ္ေယာက္ဝင္သြားတာငါ့မ်က္စိနဲ႕ေသခ်ာျမင္လိုက္တာ။ မဟုတ္မွလြဲေရာ.. "
Hyung ကေခါင္းကိုဘယ္ညာလွည့္ကာဟိုၾကည့္ဒီၾကည့္ျဖင့္သူ႕နားသို႔တိုးကပ္လာၿပီးသူ႕ရဲ႕အကၤ်ီစကိုတင္းေနေအာင္ဆုပ္ကိုင္ကာေလသံတိုးတိုးေလးျဖင့္..
"ဟိုေလ.. ဒီမွာ.. သ..သရဲေတြဘာေတြမ်ားရွိလား"
ဇီး႐ြက္ေလာက္သာရွိေတာ့သည့္မ်က္ႏွာငယ္ေလးျဖင့္သူ႕အကၤ်ီစကိုအားကိုးတႀကီးဆုပ္ကိုင္ကာေမးလာသည့္ hyung ကိုၾကည့္ၿပီးအသည္းယားသြားသည္။
"ဒါကေတာ့.. ေျပာလို႔ဘယ္ရပါ့မလဲ hyung ရဲ႕။ မျမင္ရတဲ့ပရေလာကဆိုတာတကယ္ရွိခ်င္ရွိနိုင္တာပဲ။ ၿပီးေတာ့..ကြၽန္ေတာ္ၾကားမိတာတစ္ခုရွိတယ္။ဒီအေဆာက္အဦးႀကီးကိုစေဆာက္တုန္းက..."
"ဟင့္အင္း.. ေတာ္ၿပီ။ ဆက္မေျပာနဲ႕"
ခ်က္ခ်င္းျဖဴေရာ္သြားသည့္ငိုမဲ့မဲ့မ်က္ႏွာေလးကိုၾကည့္ၿပီးရယ္ခ်င္စိတ္ကိုမနည္းထိန္းေနရ၏။သူက hyung ေၾကာက္ေနတာကိုအခြင့္ေကာင္းယူကာ hyung ရဲ႕ပခုံးေလးကိုဆြဲဖက္လိုက္ၿပီး..
"ဘာလို႔လဲ.. ေၾကာက္လို႔လား။ ဒီေန႕hyung အနားမွာလာေနေပးရမလား။ GMလည္းမရွိဘူးဆိုေတာ့ကြၽန္ေတာ္အားေနတယ္"
"မလိုပါဘူး"
ခုနကငိုမဲ့မဲ့မ်က္ႏွာေလးကခ်က္ခ်င္းတင္းမာသြားၿပီးပခုံးေပၚကသူ႕လက္ကိုဖယ္ခ်ကာေဒါသသံေလးျဖင့္ျပန္ေျဖသည္။
"မလိုလည္းေနေပါ့။ hyung တစ္ေယာက္တည္းျဖစ္ေနလို႔ေစတနာနဲ႕ကူလုပ္ေပးမလို႔ဟာကို"
"ကူလုပ္ေပးမယ္?"
Hyung ကမ်က္ေမွာင္ေလးၾကဳတ္ကာၿငိမ္ၿငိမ္ေလးစဥ္းစားေနသည္။ ထို႔ေနာက္ကယ္တင္ရွင္ေတြ႕သြားသလိုမ်က္ႏွာေလးကၿပဳံး႐ႊင္သြားကာ..
"အဲ့ဒါဆိုအေတာ္ပဲ။ဒီအလုပ္ေတြျမန္ျမန္ၿပီးရင္ငါလည္းရိုက္ကြင္းကိုသြားၾကည့္လို႔ရၿပီ။ ေခါင္းေဆာင္မင္းသားကPark Seo Joon ဆိုလို႔.. ကိုယ္အရမ္းႀကိဳက္ရတဲ့မင္းသားကိုအျပင္မွာျမင္ဖူးခြင့္ရတုန္းေလး.."
"ဘာေျပာလိုက္တယ္"
"ရိုက္ကြင္းကိုသြားၾကည့္..."
"မဟုတ္ဘူး.. အဲ့ဒီ့ေနာက္က.."
"ေခါင္းေဆာင္မင္းသား Park Seo Joon.."
"အဲ့ဒီ့ေနာက္က.."
"အရမ္းႀကိဳက္ရတဲ့..."
"Hyung ကိုမကူနိုင္ေတာ့ဘူးထင္တယ္။ ကြၽန္ေတာ့္မွာအလုပ္ေတြအမ်ားႀကီးလုပ္စရာရွိေသးတယ္"
"ခုနကေျပာေတာ့ GM မရွိလို႔အားေန..."
"ခုနကအားေပမယ့္အခုမအားေတာ့ဘူး"
"ဘာလို႔ ခ်က္ခ်င္းႀကီး.."
"သြားမယ္"
ေဂ်ာင္ကုကသူ႕စကားကိုဆုံးေအာင္ေတာင္နားမေထာင္ဘဲေဘာက္ဆတ္ေဘာက္ဆတ္ျဖင့္ထြက္သြားသည္။ ၿပီးမွခ်ာခနဲျပန္လွည့္လာၿပီးသပ္သပ္ရပ္ရပ္ရွိေနတဲ့သူ႕ဆံပင္အုံထဲသို႔လက္ငါးေခ်ာင္းလုံးထိုးသြင္းကာခပ္ၾကမ္းၾကမ္းဖြပစ္သည္။
"ရား! ဘာလုပ္တာလဲ။ ခုနကမင္းအကၤ်ီနဲ႕အုပ္လိုက္လို႔ဆံပင္ကပုံမက်ေတာ့ပါဘူးဆိုမွ။ လာထပ္ဖြေနတယ္"
"ေနာက္ဆိုဆံပင္ကိုအဲ့လို႔အေျပာင္သိမ္းမထားနဲ႕"
"ဘာ.."
"သြားမယ္ေနာ္.. Yeobo.. အိမ္က်မွေတြ႕မယ္"
ေဂ်ာင္ကုကသြားတန္းေလးေတြေပၚေအာင္ၿပဳံးျပၿပီးခပ္ျမဴးျမဴးေလးေျပာကာစူထားမိသည့္သူ႕ႏႈတ္ခမ္းေလးကိုခ်စ္စနိုးလိမ္ဆြဲသြားေသးသည္။ ဟိုကေတာ့ဘာရယ္မဟုတ္ဘဲအသည္းယား႐ုံျပဳမူသြားေပမယ့္သူ႕မွာေတာ့ထိကိုင္ခံလိုက္ရတဲ့ႏႈတ္ခမ္းေလးကိုမၾကာမၾကာစမ္းၾကည့္ရင္းၿပဳံးေနမိတာအႀကိမ္ႀကိမ္..
႐ူးျပန္ၿပီထင္ပါရဲ႕..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"မင္းကဒီမွာအိမ္ငွားထားတာလား။ ေနစရာအိမ္မရွိဘူးလား။ ဘာလို႔ငါတို႔အိမ္ကိုပဲခဏခဏလာေနတာလဲ"
ဂြၽန္ေဂ်ာင္ကုတို႔ကဘာက်င့္စဥ္ေတြမ်ားက်င့္ႀကံထားလဲေတာ့မသိသူဘယ္ေလာက္အသံမာမာနဲ႕ေျပာေျပာအၿပဳံးမပ်က္..သူ႕ေရွ႕ေရာက္ရင္အဲ့ဒီ့စပ္ၿဖဲၿဖဲမ်က္ႏွာကိုပဲ မေပ်ာက္ပ်က္ေအာင္ထိန္းသိမ္းမယ္လို႔သစၥာျပဳထားပုံရသည္။
"ကြၽန္ေတာ့္အိမ္မွာမွန္ကြဲသြားလို႔"
"မွန္ကြဲတာနဲ႕ငါ့အိမ္ကိုလာတာနဲ႕ဘာဆိုင္လို႔လဲ"
"ဒီလိုေလ..ကြၽန္ေတာ့္တစ္အိမ္လုံးမွာမွအဲ့ဒီ့မွန္တစ္ခ်ပ္ပဲရွိတာ။အခု မွန္ကဘယ္လိုမွျပန္ဆက္လို႔မရေအာင္ကြဲသြားတာဆိုေတာ့ဘယ္လိုမွသုံးလို႔မရေတာ့ဘူးေလ။အဲ့ဒီ့မွန္မရွိဘဲနဲ႕ဘယ္လိုသြားတိုက္ၿပီးဘယ္လိုမ်က္ႏွာသစ္ရမလဲ.. hyung ပဲစဥ္းစားၾကည့္။အဆိုးဆုံးကမနက္ျဖန္အလုပ္မသြားခင္ၾကည့္စရာမွန္မရွိတာပဲ"
"အဲ့ဒီ့ေတာ့.."
သူကလက္ပိုက္၍ေမးဆတ္ျပၿပီးေမးလိုက္ေတာ့ေဂ်ာင္ကုကအေရွ႕ကယုန္သြားေတြေပၚေအာင္အားရပါးရၿပဳံးလိုက္ၿပီး..
"ဒီည.. ဒီမွာလာအိပ္လို႔မရဘူးလား။ မနက္ျဖန္မွန္ဝယ္ၿပီးရင္ေတာ့..."
"ထြက္သြား"
သူကမ်က္ႏွာထားတင္းတင္းနဲ႕ေမာင္းထုတ္လိုက္ေတာ့လည္းအထြန့္ေတာင္တစ္ခ်က္မတက္ဘဲခ်က္ခ်င္းျပန္လွည့္ထြက္သြားသည္။ တကယ္ပဲ.. အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႕ေရာက္ေရာက္လာတာ.. ထမင္းစားခ်ိန္ဆိုလည္းစားခ်ိန္မို႔၊ ေရခ်ိဳးခ်ိန္၊ အိမ္သာတက္ခ်ိန္ပါမက်န္.. အခုလည္းဒီမွာပါအိပ္ခ်င္ေသးသတဲ့။ ဒင္းကိုက.. လြန္လြန္းအားႀကီးတယ္။ သူလည္းသက္ျပင္းရွိုက္၍ပန္းကန္ေတြေဆးၿပီးရင္ဆာရန္းရဲ႕အိမ္စာေတြကိုကူလုပ္ေပးမယ္လို႔ေတြးၿပီးမီးဖိုခန္းသို႔ေျခလွမ္းျပင္တုန္းရွိေသး..ဟိုကိုယ္ေတာ္ေခ်ာကျပန္ေရာက္လာျပန္သည္။ ဒီတစ္ခါေတာ့.. ပန္းအိုးႀကီးပိုက္လို႔။
"ထပ္ၿပီးေတာ့.. ဘာလဲ"
"Hyung.. ဒီမွာၾကည့္ပါဦး။ ကြၽန္ေတာ့္အပင္ေလးေတြေသကုန္ၿပီ"
"အဲ့ဒီ့ေတာ့..."
"အပင္ေလးေတြဆိုတာစကားလည္းမေျပာတတ္၊ခံစားခ်က္လည္းမရွိေပမယ့္သက္ရွိထဲမွာပါတယ္မဟုတ္လား။ အခုလိုသက္ရွိေလးေတြမ်က္စိေရွ႕မွာတင္ဆုံးပါးသြားတာျမင္ရေတာ့ရင္ထဲမေကာင္းလို႔ဒီညဒီမွာပဲ..."
"ထြက္သြား"
လို႔ေျပာလိုက္ေတာ့လည္းခ်က္ခ်င္းပင္အလင္းထက္ျမန္ေသာအရွိန္ျဖင့္ထြက္သြားလိုက္တာဝွီးခနဲ..အရိပ္ေတာင္မျမင္လိုက္ရ။ သူကေခါင္းတခါခါျဖင့္မီးဖိုထဲသို႔ဝင္သြားၿပီးပန္းကန္ေတြေဆးေၾကာကာအားလုံးသိမ္းဆည္းၿပီးျပန္အထြက္..
"ဘာျဖစ္ျပန္ၿပီလဲ"
"ကြၽန္ေတာ့္အိမ္မွာေရခဲေသတၱာပ်က္သြားလို႔"
"အဲ့ေတာ့.. ငါကလိုက္ျပင္ေပးရမွာလား"
"မဟုတ္ပါဘူး။ ကြၽန္ေတာ္ service centre ကိုဖုန္းဆက္ၿပီးပါၿပီ။ ဒါေပမယ့္.. တကယ့္ျပႆနာကအဲ့ဒါမဟုတ္ဘူး"
"ဘာလဲ"
"ေရခဲေသတၱာဆိုတာပ်က္သြားရင္အထဲကေနလူကိုမူးေမ့လဲၿပီး..ေနာက္ဆုံးေသေစတဲ့အထိအဆိပ္အေတာက္ျဖစ္ေစတဲ့ဓါတ္ေငြ႕ေတြထြက္လာတတ္တယ္တဲ့"
"အဓိပ္ပါယ်မရှိတာ"
"Hyung.. သတင္းေတြမဖတ္ဘူးလား။ အခုတေလာဒီေလာက္ေတာင္ hot ျဖစ္ေနတဲ့သတင္းကိုေတာင္မသိဘူးလား။ တစ္ေယာက္တည္းေနတဲ့ေကာင္ေလးတစ္ေယာက္ေရခဲေသတၱာကထြက္လာတဲ့အဆိပ္ေငြ႕ေတြရႉမိၿပီးေသသြားတယ္ဆိုတဲ့သတင္းေလ။ ကြၽန္ေတာ္လည္းဒီမွာလာအိပ္ခ်င္လို႔မဟုတ္ပါဘူး။ ေတာ္ၾကာတစ္ခုခုျဖစ္သြားမွ.. hyung တို႔မီးသတ္ေခၚရ၊ ေဆး႐ုံကားေခၚရနဲ႕အလုပ္ရႈပ္သြားမွာစိုးလို႔ပါ"
"ေအးေပါ့.. အႏၱရာယ္ရွိတာေပါ့"
အေမကလည္းဘုမသိဘမသိနဲ႕ေဂ်ာင္ကုေျပာတာကိုေခါင္းတညိတ္ညိတ္ျဖင့္ဝင္ေထာက္ခံသည္။ဟိုကလည္းသူ႕အကြက္ထဲကိုအလြယ္တကူဝင္လာေတာ့ဝမ္းသာအားရျဖင့္..
"ဟုတ္တယ္.. အန္တီရဲ႕အရမ္းအႏၱရာယ္ရွိတာ။ အဲ့ဒါေၾကာင့္ဒီညေတာ့ဒီမွာပဲလာအိပ္လို႔ရမလား"
"ရတာေပါ့"
"အေမ!"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"Hyung ကဘယ္ဘက္ျခမ္းမွာပဲအိပ္တတ္တာမဟုတ္လား။ အဲ့ေတာ့ကြၽန္ေတာ္ကဒီဘက္ေထာင့္မွာပဲၿငိမ္ၿငိမ္ေလးအိပ္ေပးမယ္"
ဇြတ္ဧည့္သည္လုပ္ရတာနဲ႕တင္အားမရလို႔ဇြတ္အိမ္ရွင္ပါဝင္လုပ္ေနတာ..ဘယ္ေလာက္ေျပာေျပာအၿပဳံးမပ်က္စပရိန္မ်က္ႏွာနဲ႕.. အျမင္ကပ္စရာ။ မ်က္ေစာင္းေတြထိုးရလြန္းလို႔လည္းမ်က္လုံးေတြလည္းေအာင့္ေနပါၿပီ။
"မင္းကိုဘယ္သူကကုတင္ေပၚေပးအိပ္မယ္ေျပာလို႔လဲ"
"Hyung ကလဲ.. အဲ့လိုမလုပ္ပါနဲ႕။သပ္သပ္အိပ္ရာခင္းေနရမွာအလုပ္ပိုပါတယ္။ ဒီမွာပဲေပါင္းအိပ္လိုက္မယ္ေလ"
"ရတယ္.. ကိစၥမရွိဘူး။ ငါကအလုပ္ပိုတာႀကိဳက္တယ္။ အဲ့ဒါေၾကာင့္ငါ့ဘာသာငါ ေအာက္မွာခင္းအိပ္မယ္"
ေျပာေျပာဆိုဆိုနဲ႕သူကေအာက္မွာအိပ္ရာေတြခင္းေတာ့ေဂ်ာင္ကုကပ်ာပ်ာသလဲထလာၿပီး..
"ဟာ.. အဲ့လိုလုပ္လို႔ဘယ္ျဖစ္မလဲ။hyung ကအိပ္ခ်ိန္ဘယ္ေလာက္မွလည္းရွိတာမဟုတ္ဘူး။ ခဏေလးအိပ္ရတဲ့အခ်ိန္မွာသက္ေတာင့္သက္တာအိပ္မွေပါ့။ကြၽန္ေတာ္ပဲေအာက္ဆင္းအိပ္လိုက္ပါ့မယ္"
ေနာက္ဆုံးေတာ့လည္းေခါင္းမာလြန္းတဲ့သူ႕ကိုအေလွ်ာ့ေပးၿပီးေဂ်ာင္ကုက.. ကိုယ္တိုင္ပဲသူ႕အိပ္ရာသူထျပင္ရွာသည္။
"ၿပီးရင္.. အျပင္ခဏထြက္ဦး"
"ဘာလို႔လဲ"
"အကၤ်ီလဲမလို႔"
သူ႕စကားေၾကာင့္ေဂ်ာင္ကုကမ်က္ခုံးတစ္ဖက္ကိုပင့္၍ ဟြန့္ခနဲၿပဳံးသည္။ အၿပဳံးကျဖဴစင္မႈအလ်ဥ္းမရွိသည့္ညစ္က်ယ္က်ယ္အၿပဳံး။
"ဘာျဖစ္လဲ.. ဒီအတိုင္းပဲလဲလိုက္ေပါ့။ hyung တစ္ကိုယ္လုံးမွာကြၽန္ေတာ္မျမင္ဖူးတဲ့ေနရာမရွိဘူး။ အကုန္အလြတ္ရတယ္။ဘယ္ေနရာမွာဘာရွိလဲေျပာျပရမလား"
"ရား.."
"ဘာလို႔အခုမွရွက္ေနတာလဲ။ အရင္တုန္းကျဖင့္လူကိုလာ,လာျမဴဆြယ္ၿပီးေတာ့"
"ငါက? ဘယ္တုန္းကလဲ"
"ေမ့ခ်င္ေယာင္ေဆာင္ေနျပန္ပါၿပီ။ ကြၽန္ေတာ့္ေမြးေန႕တုန္းကေလ.. hyung ပဲ.."
"ရား.. ေတာ္ေတာ့ေနာ္"
"အဲ့တုန္းက.."
"မေျပာပါနဲ႕ဆိုမွ"
Hyung ကအေျပးေလးထလာၿပီးသူ႕ပါးစပ္ကိုလက္ဝါးျဖင့္လာပိတ္သည္။ နား႐ြက္ကေလးႏွစ္ဖက္ကရစရာမရွိေအာင္နီရဲေနၿပီးမ်က္ဝန္းညိုေလးမ်ားကရွက္သည့္စိတ္ေၾကာင့္ဂနာမၿငိမ္ဘဲလႈပ္ယမ္းေနသည္။ အဲ့လိုအရွက္သည္းတတ္ပုံေလးကလည္းအသည္းယားဖြယ္အတိ။
သူကသူ႕ပါးစပ္ေပၚကလက္ဖဝါးႏုႏုေလးကိုအသာအယာဖယ္ခ်ၿပီးလက္ကေလးကိုေဆာင့္ခနဲဆြဲလိုက္ေတာ့ႏြဲ႕က်လာတဲ့ကိုယ္ေလးကိုခါးမွသိုင္းဖက္ကာရင္ခ်င္းအပ္လိုက္သည္။
"ဆက္ေျပာရင္.. ဘာလုပ္မွာလဲ"
သူ႕မ်က္ႏွာကိုတုန္လႈပ္စြာေမာ့ၾကည့္လာတဲ့အရည္လဲ့ေနသည့္မ်က္ဝန္းေလးမ်ားကိုမလြတ္တမ္းစိုက္ၾကည့္ရင္းေမးလိုက္သည္။
"ဆက္.. ဆက္ေျပာရင္.. ႏုတ္ႏုတ္စင္းၿပီးေခြးစာေကြၽးပစ္မွာ"
"ဒီအိမ္မွာေခြးမွမေမြးထားတာ"
Hyung ကမ်က္လႊာေလးခ်သြားသည္။ ဒါေပမယ့္သူ႕လက္ထဲကအတင္း႐ုန္းထြက္တာမ်ိဳးမလုပ္။ ႏႈတ္ခမ္းေလးကိုဖိကိုက္ေနရင္းမလႈပ္မယွက္ရပ္ေနသည္။
"ေတြ႕လား.. အခုေတာင္ျမဴဆြယ္ေနၿပီ"
"ဟင္"
ဖ်တ္ခနဲေမာ့လာတဲ့မ်က္ႏွာေလးကိုျပန္ငုံ႕သြားလို႔မရေအာင္ေမးဖ်ားေလးမွပင့္ကိုင္လိုက္သည္။ သူ႕အၾကည့္ေတြ၊ သူ႕အာ႐ုံေတြကနီရဲစိုလက္ေနသည့္ႏႈတ္ခမ္းေလးမွတစ္ပါးတျခားဘယ္မွာမွမရွိ။ဒီည..ဒီႏႈတ္ခမ္းေလးေတြရဲ႕အရသာကိုမွခံစားခြင့္မရရင္သူ႐ူးသြားနိုင္သည္။ ႏွစ္ေတြအၾကာႀကီးအိပ္မက္ေတြထဲအထိေတာင့္တခဲ့ရတဲ့ဒီႏႈတ္ခမ္းေလးေတြကိုအမိအရသိမ္းပိုက္ဖို႔မ်က္ႏွာကိုငုံ႕ခ်လိဳက္ေတာ့...
~ေဒါက္ ေဒါက္~
"Appa"
"Sh..."
သူ႕အိပ္မက္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကိုတစစီရိုက္ခ်ိဳးမယ့္အဖ်က္သမားကအခ်ိန္ကိုက္ကိုေရာက္ခ်လာတာ..သူကိုကကံဆိုးလြန္းတာပါ။
"ေအာ.. ဆာ.. ဆာရန္း"
Hyung ကသူ႕ကိုတြန္းတိုက္ၿပီးဆာရန္းအတြက္အခန္းတံခါးကိုအေျပးအလႊားသြားဖြင့္ေပးသည္။
"ဆာရန္း.. ဘာလို႔လဲ"
"ဒီည.. Appa တို႔နဲ႕အိပ္မယ္ေလ"
"ဘာ! ရား.. မိန္းကေလးကေယာက္်ားေတြပဲရွိေနတဲ့အခန္းမွာလာအိပ္ခ်င္လို႔ဘယ္ရမလဲ"
"ဘာလို႔မရရမွာလဲ.. ဒါ Appa ရဲ႕အခန္းပဲ။ ၿပီးေတာ့.. ဆာရန္းကလည္းကေလးပဲရွိေသးတာကို.. အိပ္လို႔ရတာေပါ့"
"ဟား.. တတ္လည္းတတ္နိုင္တယ္။ ေျပာေတာ့ကေလးမေလးမဟုတ္ဘူးဆိုၿပီးအခုေတာ့ခ်က္ခ်င္းကေလးျဖစ္သြားတယ္"
"ဦးေလးေျပာတာအကုန္ၾကားတယ္ေနာ္"
"ၾကားေအာင္ပဲတမင္ေျပာတာပဲ"
"ကဲ.. ကဲ.. ေတာ္ၾကေတာ့"
ႏွစ္ေယာက္သားစကားနိုင္လုေနၾကတဲ့ပုံက.. မုန့္အေဝမတည့္လို႔ရန္ျဖစ္ေနၾကတဲ့ကေလးႏွစ္ေယာက္လိုျဖစ္ေနေတာ့သူ႕မွာဝင္ၿပီးမာန္မဲရမလိုလို၊ အခန္းေထာင့္မွာႏွစ္ေယာက္လုံးလက္ျမႇောက္ေနဆိုၿပီးအျပစ္ေပးရမလိုလိုနဲ႕။ ဒီႏွစ္ေယာက္ကိုၾကည့္ၿပီးရယ္ခ်င္စိတ္လည္းျဖစ္မိသည္။
"အဲ့ဒါဆို.. ဆာရန္းကAppa နဲ႕အတူတူေအာက္မွာအိပ္ၾကမယ္။ ေဂ်ာင္ကု.. မင္းကကုတင္ေပၚမွာအိပ္လိုက္"
"မအိပ္ဘူး.. ကြၽန္ေတာ္လည္းေအာက္မွာပဲအိပ္မွာ"
ဒီလိုနဲ႕ပဲကုတင္ႀကီးကေတာ့အထီးက်န္စြာက်န္ေနခဲ့ၿပီးသုံးေယာက္လုံးေအာက္မွာပဲက်ဥ္းက်ဥ္းက်ပ္က်ပ္အိပ္လိုက္ရသည္။
"Hyung"
hyung ကတုတ္တုတ္ေတာင္မလႈပ္ဘဲသူ႕ကိုေက်ာခိုင္းအေနအထားႏွင့္ျမန္ျမန္ဆန္ဆန္အိပ္ေမာက်သြားပုံရသည္။ သူတို႔ႏွစ္ေယာက္ၾကားမွာမဟာတံတိုင္းထက္ခိုင္ခံ့သည့္ဆာရန္းဆိုသည့္တံတိုင္းကရွိေနေတာ့သူ႕မွာ hyung ကိုျမင္ရဖို႔ေခါင္းအုံးေပၚတြင္တံေတာင္ေထာက္ကေမာ့ၾကည့္ရသည္။
"ေတာ္ေတာ္အက်ိဳးမေပးတဲ့ပိစိေလး"
ဒါေပမယ့္ဘာေၾကာင့္ရယ္မသိ.. စိတ္ထဲမွာမေက်မနပ္ေတာ့မျဖစ္မိ။ အခုလိုဆာရန္းကိုအလည္မွာထားၿပီးအိပ္ရေတာ့မိသားစုအေငြ႕အသက္ေလးေတြလႊမ္းၿခဳံလာသလိုခံစားရလို႔ၾကည္ႏူးစိတ္ေတာင္ျဖစ္မိသည္။ တေန႕က်ရင္.. hyung ရယ္.. သူရယ္..
"အ!"
စိတ္ကူးယဥ္လို႔ေကာင္းတုန္းရွိေသး.. သူ႕မ်က္ႏွာေပၚကိုဖတ္ခနဲက်လာတဲ့ဆာရန္းရဲ႕လက္တစ္ဖက္ကသူ႕ႏွာႏုရိုးနဲ႕တန္းခနဲလာမိတ္ဆက္ေလေတာ့.. နာက်င္မႈႏွင့္အတူသူ႕ရဲ႕စိတ္ကူးေတြကလည္းတစစီလြင့္ပ်ံသြားေတာ့၏။
"ဒီပိစိေလးကငါ့ကိုစိတ္ကူးယဥ္ခြင့္ေတာင္မေပးပါလား"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ပူႏြေးအိုက္စက္ေနျခင္းကလူကိုလႈပ္နိုးတာထက္ဆိုး၏။ မ်က္လုံးေတြဖြင့္လိုက္ေပမယ့္ဘာမွေသခ်ာမျမင္ရဘဲထိုးက်ေနေသာမနက္ခင္း၏အလင္းေရာင္စူးစူးတို႔ေၾကာင့္မ်က္လုံးထဲတြင္ေရာင္စုံ၊ဆိုဒ္စုံ ေဘာလုံးမ်ိဳးစုံျဖတ္ေျပးေနတာေတြသာထပ္တလဲလဲျမင္ေနရ၏။လက္ႏွစ္ဖက္ကိုမ်က္လုံးေတြေပၚသို႔စုံအုပ္ကာေခတၱမွ်ၿငိမ္ၿငိမ္ေနၿပီးမွျဖည္းညွင္းစြာထထိုင္လိုက္သည္။
"Hyung.. "
ဘယ္ေတာ့မွေနျမင့္သည္အထိမအိပ္တတ္တဲ့ hyung ကအေစာႀကီးကတည္းကအိပ္ရာထသြားပုံရသည္။အခုခ်ိန္ေလာက္ဆိုႏြားနို႔ပို႔ၿပီးေတာင္ျပန္လာေလာက္ေရာေပါ့။ သူ႕ေဘးကဆာရန္းကေတာ့ေခါင္းအုံးေလးပိုက္ၿပီးတရႉးရႉးအိပ္ေမာက်ေနေသးသည္။ သူကဆာရန္းမနိုးေအာင္ညင္သာစြာထ၍ေျခဖြေလွ်ာက္ကာအခန္းအျပင္သို႔ထြက္လိုက္သည္။
"Hyung.. "
"အန္တီ"
တစ္အိမ္လုံးကအပ္က်သံပင္မၾကားရေအာင္တိတ္ဆိတ္ေန၏။ သူကတေက်ာ္ေက်ာ္အသံေပး၍ျပန္ေျဖသံကိုနားစြင့္ၾကည့္ေပမယ့္ဘာအသံမွမၾကားရ။
"အန္တီကေတာ့ေဈးသြားတယ္ထင္တယ္။ hyung ကအခုအခ်ိန္ထိျပန္မလာေသးဘူးလား"
သူက hyung ျပန္အလာကိုအိမ္ေရွ႕ထြက္ေမွ်ာ္မယ္လို႔စိတ္ကူးၿပီးအိမ္ေရွ႕တံခါးဝဆီသို႔ေျခလွမ္းျပင္လိုက္စဥ္ ေရခ်ိဳးခန္းအတြင္းမွေရသံတေျဖာက္ေျဖာက္ႏွင့္အတူသီခ်င္းညည္းသံခပ္တိုးတိုးကိုပါၾကားလိုက္ရ၏။ေသခ်ာသည္.. ဒါ hyung ရဲ႕အသံ။ သူ႕ရင္ေတြထိန္းမရေအာင္တဒိုင္းဒိုင္းခုန္ေဆာင့္လာ၏။ ကိုယ့္ကိုယ္ေတာင္သတိမထားမိလိုက္ခင္မွာပင္သြက္လက္ေသာေျခလွမ္းတို႔ကေရခ်ိဳးခန္းရွိရာသို႔ဦးတည္ၿပီးသားျဖစ္ေနသည္။
"ဟူး"
မခ်င့္မရဲစိတ္တို႔ျဖင့္တံခါးလက္ကိုင္ဘုကိုကိုင္ကာသက္ျပင္းတစ္ခ်က္က်ယ္က်ယ္မႈတ္ထုတ္လိုက္သည္။ သိစိတ္ထဲမွာ 'ဒါမသင့္ေတာ္ဘူး.. မလုပ္သင့္ဘူး'လို႔အခ်က္ေပးေခါင္းေလာင္းထိုးသကဲ့သို႔အထပ္အခါခါတားျမစ္ေနေသာ္လည္းသူ၏လက္ကေတာ့ဆုံးမလို႔မရတဲ့မသိစိတ္တို႔၏ခိုင္းေစရာအတိုင္းတေသြမတိမ္းလုပ္ေဆာင္လွ်က္အထဲကေလာ့မခ်ထားပါေစနဲ႕လို႔က်ိတ္ဆုေတာင္းရင္းလက္ကိုင္ဘုကိုဆတ္ခနဲလွည့္ပစ္လိုက္၏။
~ဂ်ေလာက္~
တျဖည္းျဖည္းခ်င့္ပြင့္သြားသည့္တံခါး၏အဆုံးမွာမ်က္စိထဲဝင္လာသည္ကသဘာဝ၏ဝတ္႐ုံကိုဆင္ျမန္းထားသည့္ဝင္းဝါေနေသာ hyung ရဲ့ခန္ဓါကိုယ်ေလး.. ေရပန္းမွထြက္က်လာသည့္ေရသီးကေလးမ်ားကလည္းစိန္ပြင့္ေလးေတြႏွယ္အလုအယက္ခုန္ေပါက္ေျပးဆင္းလို႔.. သူ႕ရဲ႕သမာဓိအားကိုစမ္းသပ္ေနၾကေလသည္။ေက်ာခိုင္းသည့္အေနအထားႏွင့္မို႔ hyung ကသူရပ္ၾကည့္ေနတာကိုသတိမထားမိေသးပါ။သူက hyung ကိုမ်က္ေတာင္မခတ္တမ္းေငးၾကည့္ရင္းစိတ္ညွို႔ခံရသူလို hyung ရဲ႕အနားသို႔တစ္လွမ္းခ်င္းတိုး,တိုးသြားမိသည္။
"အေမ့!"
Hyung ရဲ႕ပခုံးႏွစ္ဖက္ကိုတင္းတင္းဆုပ္ကိုင္ကာဆြဲလွည့္လိုက္သည္။ ခ်ာခနဲလည္သြားေသာ hyung သည္သူႏွင့္မ်က္ႏွာခ်င္းဆိုင္လ်က္ေလးျဖစ္သြားေလသည္။ မထင္မွတ္ထားဘဲသူ႕ကိုေတြ႕လိုက္ရေတာ့ရီေဝေနေသာမ်က္ဝန္းညိုညိုေလးမ်ားတြင္ရင္တြင္းမွအံ့ဩစိတ္၊ရွက္စိတ္မ်ားထင္ဟပ္သြားသည္။ ခပ္ဟဟျဖစ္သြားေသာႏႈတ္ခမ္းတစ္စုံသည္တဆတ္ဆတ္တုန္ေန၏။သို႔ရာတြင္ hyung ၏ကိုယ္ေလးမွာႏြေးေနသည္။
"လ..လႊတ္"
Hyung ကမ်က္လႊာခ်ကာသူ႕ရင္ဘတ္ကိုလက္ႏွစ္ဖက္ျဖင့္စုံတြန္းကာ႐ုန္းသည္။ သူကလႊတ္မေပးဘဲhyung ရဲ႕လက္ႏွစ္ဖက္လုံးကိုသိုင္း ၍နံရံတြင္ကပ္ခ်ဳပ္လိုက္ၿပီးတုန္ယင္ေနသည့္ႏွင္းဆီဖူးႏႈတ္ခမ္းေလးကိုအမိအရငုံေထြးပစ္လိုက္သည္။ေရပန္းမွအညွိုးတႀကီးၿပိဳဆင္းလာၾကသည့္ေအးစက္စက္ေရသီးေရေပါက္မ်ားေအာက္မွာ တမ္းတျခင္း၊ျမတ္နိုးျခင္းမ်ားျဖင့္အဆက္မျပတ္လႈပ္ရွားေနသည့္ႏႈတ္ခမ္းတစ္စုံဟာႏြေးေထြးလွ်က္.. ရင္ထဲတြင္လွိုက္ေမာလာကာႏွလုံးေသြးကအတိုးျမန္လာသည္။
တစ္ခါတစ္ခါစုပ္ဆြဲလိုက္တိုင္းအိခနဲတြယ္ညိစြာပါလာတတ္တဲ့ဂ်ယ္လီတုံးေလးလိုႏႈတ္ခမ္းသားေဖာင္းေဖာင္းအိအိေလးကိုစိတ္ရွိသလိုစုပ္ဆြဲလိုက္၊ မခ်င့္မရဲကိုက္ခဲလိုက္ျဖင့္ေလာဘတႀကီးျပဳမူေနမိသည္။ တရၾကမ္းအနမ္းမ်ားကိုအမွီလိုက္ေနရတာေၾကာင့္ေမာဟိုက္လာသည့္hyungကသူခ်ဳပ္ကိုင္ထားတဲ့လက္မ်ားကို႐ုန္းကန္ကာသူ႕လက္တြင္းမွလြတ္ေျမာက္ဖို႔ႀကိဳးစားသည္။ သူကလြတ္ေျမာက္ခြင့္မေပးဘဲဇြတ္တ႐ြတ္ေရွ႕ဆက္ဖို႔ျပင္ေတာ့...
"ေဂ်ာင္ကု"
"ရား! ဂြၽန္ေဂ်ာင္ကု!"
"ဟင္"
မွိတ္ထားသည့္မ်က္လုံးမ်ားကိုဖ်တ္ခနဲဆြဲဖြင့္ၾကည့္လိုက္ေတာ့ hyung ကသူ႕ေရွ႕တြင္ရွိေနသည္။ hyung ကမ်က္လုံးေလးျပဴးၿပီးသူ႕ကိုအံ့ဩေနသည့္မ်က္ႏွာေလးျဖင့္စူးစိုက္ၾကည့္ရင္းHyung ကေရစိုေနတဲ့ဆံပင္ကိုသဘက္ျဖင့္သုတ္ေနသည္။ ၿပီးေတာ့ hyung ရဲ႕ကိုယ္ေပၚမွာလည္းအဝတ္အစားေတြႏွင့္..
"ဘာလို႔အဝတ္အစားေတြဝတ္ထားတာလဲ"
"ဟမ္"
"ဗ်ာ?"
"ဘာေျပာလိုက္တာလဲ"
"ဘာေျပာမိလို႔လဲ"
အခုအခ်ိန္မွာလက္ေတြ႕လားအိပ္မက္လားမကြဲျပားေသးဘဲေယာင္ဝါးဝါးျဖစ္ေနတုန္း။ဒါေပမယ့္အိပ္မက္လို႔ေျပာရေအာင္လည္းအထိအေတြ႕ေတြက...
"မသိဘူးေလ.. ခုနကအဝတ္အစားကဘာျဖစ္တယ္ဆိုလား.. တစ္ခုခုေျပာလိုက္သလားလို႔။ ၿပီးေတာ့ ဒီမွာမတ္တပ္ႀကီးရပ္ၿပီးဘာလုပ္ေနတာလဲ"
"ဟင္!"
ဘာေတြျဖစ္ကုန္တာလဲ။ ခုနကျဖစ္ပ်က္ခဲ့တာေတြက.. မဟုတ္မွလြဲေရာ.. အိပ္မက္ေတြလား!! သူကဒီေနရာမွာမတ္တပ္ႀကီးရပ္ၿပီးအိပ္မက္မက္ေနတာလား! Hyung ကသူဘာေတြျဖစ္ေနလဲဆိုတာနားမလည္နိုင္သည့္ဟန္ျဖင့္သူ႕မ်က္ႏွာကိုအကဲခတ္ေနရာမွ hyung ရဲ႕အၾကည့္ကတျဖည္းျဖည္းေအာက္ဘက္သို႔စုန္ဆင္းသြားေတာ့.... သူ႕မွာရွက္ကိုးရွက္ကန္းျဖင့္ေပါင္ႏွစ္ေခ်ာင္းကိုလိမ္ထားလိုက္ရသည္။
"မင္းက.. ေတာ္ေတာ္အလ်င္လိုေနတဲ့ပုံပဲ"
"ဗ်.. ဗ်ာ"
"အိမ္သာထဲသြားလိုက္ေလ"
"ဘာ..ဘာလို႔အိမ္သာထဲသြားရမွာလဲ"
မလုံမလဲျဖင့္ေျပာလိုက္သည့္သူ႕အသံကရွိသင့္တာထက္ပိုက်ယ္သြားေတာ့ hyung ရဲ႕မ်က္ခုံးေလးေတြတြန့္ခ်ိဳးသြားသည္။
"ရႉရႉးေပါက္ခ်င္ေနတာမဟုတ္ဘူးလား"
"ဟမ္!"
သူေခတၱမွ်ေငးေၾကာင္သြားၿပီးမွ..
"အဟင္းဟင္း.. ဟင္း.. ဟင္း.. ဟုတ္တယ္..ဟုတ္တယ္။ hyung မၿပီးေသးလို႔..ေစာင့္ေနတာ.. ဟင္း.. ဟင္း"
လူႀကီးရွက္ေတာ့ရယ္.. ဆိုသည့္အတိုင္း hyung ကိုသြားေတြၿဖဲကာရယ္ျပၿပီးေရာခ်လိဳက္ရသည္။ထို႔ေနာက္ေပါင္ႏွစ္ေခ်ာင္းလိမ္လွ်က္ႏွင့္ပင္အိမ္သာထဲသို႔သုတ္ေျခတင္ေျပးဝင္ကာ..ေစာေစာစီးစီးထႂကြေသာင္းက်န္းေနတဲ့ဟာကိုလည္းဆုံးမရဦးမည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"႐ုပ္ကေလးကလည္းေခ်ာလိုက္တာ.. ခ်စ္စရာေလး။ ငါျဖင့္ျမင္ျမင္ခ်င္းခ်စ္လိုက္တာ။ ငါ့မွာသမီးရွိရင္ခ်က္ခ်င္းလက္ဆြဲၿပီးသမက္ေတာ္ပစ္တယ္.. တကယ္"
"႐ုပ္ေခ်ာ႐ုံတင္ဘယ္ကမလဲအေျပာအဆိုေလးကလိမၼာယဥ္ေက်းၿပီးစိတ္ထားေလးကလည္းအျပစ္ေျပာစရာမရွိေအာင္ေကာင္းေသးတယ္"
Hotel Nostalgia ရဲ႕သန့္ရွင္းေရးအေဒၚႀကီးမ်ားရဲ႕ပါးစပ္ဖ်ားမွာေတာ့ဝန္ထမ္းသစ္ေလးကင္ေဆာ့ဂ်င္အေၾကာင္းခ်ီးမြမ္းခန္းေတြကေျပာမဆုံးေပါင္၊ ေတာသုံးေတာင္ပင္ျဖစ္လို႔ေနေခ်ၿပီ။ အေဒၚႀကီးမ်ားၿခံရံလွ်က္တစ္ေထာင့္တစ္ညပုံျပင္ထက္ပင္ရွည္လ်ားစြာခ်ီးက်ဴးခံေနရသည့္ကာယကံရွင္ေလးကင္ေဆာ့ဂ်င္ေလးကေတာ့ပန္းသီးေလးတစ္လုံးလိုမ်က္ႏွာတစ္ခုလုံးရဲရဲနီလွ်က္ေခါင္းမေဖာ္နိုင္ျဖစ္ေနရသည္။
"အဲ့ေလာက္လည္းမဟုတ္ပါဘူး။ ခ်စ္တဲ့မ်က္စိနဲ႕ၾကည့္လို႔ျဖစ္မွာပါ"
"အမေလး.. ဘယ္လိုမ်က္စိနဲ႕ၾကည့္ၾကည့္ငါတို႔ေဆာ့ဂ်င္နီေလးအေခ်ာဆုံး"
"ဟုတ္တယ္.. ဟုတ္တယ္"
အင္နဲ႕အားနဲ႕တခဲနက္ဝိုင္းအားေပးၾကတဲ့အန္တီႀကီးမ်ား fan club ရဲ႕ဒဏ္ကိုမခံနိုင္တဲ့အဆုံးမွာေဆာ့ဂ်င္တစ္ေယာက္လုပ္စရာရွိတာကိုျမန္ျမန္လက္စသတ္ၿပီးဓါတ္ေလွကားဆီသို႔ထြက္လာခဲ့လိုက္သည္။
~ဖတ္~
ဓါတ္ေလွကားတံခါးပိတ္ခါနီးမွတံခါးႏွစ္ဖက္ၾကားထဲဝင္လာတဲ့လက္တစ္ဖက္ေၾကာင့္ဓါတ္ေလွကားတံခါးကဝုန္းခနဲျပန္ပြင့္သြားသည္။
"မဂၤလာပါ.. Nostalgia ကႀကိဳဆိုပါတယ္"
ဝတၱရားအရႏႈတ္ဆက္လိုက္ေပမယ့္အခုဓါတ္ေလွကားထဲဝင္လာသူကဧည့္သည္ႏွင့္လည္းမတူဘဲမူမမွန္ဘူးလို႔ေဆာ့ဂ်င္ထင္မိသည္။ ထိုလူကအားကစားဝတ္စုံအစိမ္းေတာက္ေတာက္ဝမ္းဆက္ကိုဝတ္ဆင္ထားၿပီးဆံပင္ကလည္းငွက္သိုက္လိုဖြာလန္က်ဲေန၏။ ႏႈတ္ခမ္းေမႊးေတြက်ိဳးတို႔က်ဲတဲႏွင့္မ်က္မွန္ထူထူႀကီးေအာက္မွမ်က္လုံးေတြကလည္းမတည္ၿငိမ္.. ရက္ေပါင္းမ်ားစြာမအိပ္ရေသးတဲ့လူတစ္ေယာက္လိုမ်က္တြင္းကလည္းေဟာက္ပတ္ႏွင့္..
"ဧည့္သည္.. ဘယ္အထပ္ကိုသြားမွာလဲခင္ဗ်"
"ေခါင္မိုးထပ္"
ထိုလူကသူနဲ႕မ်က္လုံးခ်င္းေတာင္အဆုံမခံဘဲျပန္လွည့္သြားသည္။ ထူးဆန္းလိုက္တာ.. hotel ကိုဒီလိုပုံစံနဲ႕ဘာလာလုပ္တာပါလိမ့္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဒီ hotel မွာ႐ုပ္ရွင္ရိုက္ကြင္းလက္ခံဖို႔အဆိုျပဳတာဘယ္သူလဲ"
အသံမွာေလးနက္တည္ၾကည္သမွ်ကိုယ္ဟန္အမူအရာမွာခန့္ညားေန၏။ မာထန္လြန္းတဲ့အသံေၾကာင့္အခန္းထဲမွဝန္ထမ္းေတြအားလုံးေခါင္းေတာင္မေဖာ္ရဲေအာင္တုန္လႈပ္ေနၾကသည္။
"အႀကံေပးတာကေတာ့ Marketing Manager ဆိုေပမယ့္ boss ခြင့္မျပဳရင္ဘာမွဆက္လုပ္လို႔မရပါဘူး။ အဲ့ဒါေၾကာင့္ဝန္ထမ္းေတြကိုေလွ်ာက္မဲ.."
"ဘာေျပာတယ္!"
"Boss ပဲဆက္ေျပာပါ"
"အတြင္းေရးမႉးမင္ေျပာသလိုပဲ.. အႀကံေပးတာအျပစ္မဟုတ္ေပမယ့္ Park Seo Joon ပါတဲ့႐ုပ္ရွင္ကိုမွေ႐ြးၿပီးလက္ခံတာအျပစ္ျဖစ္သြားၿပီ။ အဲ့ဒီ့႐ုပ္ရွင္ကလက္ခံခိုင္းတာကေရာ.. ဘယ္သူလဲ"
"Boss ပါ"
"ရား!"
"ခုနကတည္းက boss ရဲ႕ဖုန္းကေတာက္ေလွ်ာက္ျမည္ေနတာဆိုေတာ့ဖုန္းအရင္ကိုင္ၿပီးမွဆက္ေျပာပါလား"
အတြင္းေရးမႉးမင္ကသူ႕လက္ထဲသို႔တဂီဂီျမည္ေနသည့္ဖုန္းကိုအတင္းထိုးေပးသည္။ သူကဖုန္း screen မွ caller ID ကိုၾကည့္လိုက္မိေတာ့ခုနကအလိပ္လိုက္ထြက္ေနတဲ့ေဒါသေတြကအစရွာမရေအာင္ရွဲခနဲေပ်ာက္ကြယ္သြားသည္။
"ငါအခုအိပ္မက္မက္ေနတာမဟုတ္ဘူးမွတ္လား။ ဖုန္းကတကယ္ျမည္ေနတာမွတ္လား"
"အိပ္မက္လားတကယ္လားကြဲျပားသြားေအာင္နာရင္းႏွစ္ခ်က္ေလာက္ရိုက္ေပးရမလား"
"ဘာ!"
"ဖုန္းကိုင္လိုက္ေတာ့ေလ.. ေတာ္ၾကာက်သြားဦးမယ္"
"အဟမ္း.. အဟမ္း.. ဟဲလို.. hyung"
"ေဂ်ာင္ကု"
တစ္ဖက္က hyung ရဲ႕အသံကတစ္ခုခုကိုစိုးရိမ္ေနသလိုတိုးတိုးညင္ညင္ေလး..
"Hyung.. အသံကဘာျဖစ္ေနတာလဲ"
"ေခါင္းမိုးထပ္မွာ... ေဟ့လူ.. ေဟ့လူ.. မလုပ္နဲ႕"
Hyung ဆီမွဗလုံးဗေထြးေအာ္သံေတြၾကားၿပီးေနာက္ဖုန္းလိုင္းကပ်က္က်သြားသည္။
"Hyung!!"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰
ဒီရက္ပိုင္း stress ေတြမ်ားေနလို႔စာေရးရတာလည္း mood သိပ္မဝင္ဘူးကြယ္။ နည္းနည္းေတာ့သည္းခံေပးၾကပါ 😔
Assignment ေလးေတြလက္စသတ္ဖို႔နဲ႕စာေမးပြဲေျဖဖို႔လည္းရွိေနေတာ့စာေရးတာကိုတစ္ပတ္ေလာက္ခဏနားမယ္ေနာ္။ေနာက္တစ္ပတ္က်မွျပန္ေတြ႕ၾကမယ္ 😊