နာရီကိုကြည့်တော့ မနက်သုံးနာရီ ရှိနေပြီ။
လူအိပ်ချိန်ရောက်လို့ပင်ကျော်နေပြီ။
သို့သော်လည်း သူ့အိမ်က လူတစ်ကောင်ကတော့ ခုထိမအိပ်သေးသည့် အပြင်
ဒေါသက ငယ်ထိပ်ရောက်လာကာ အခန်းတံခါးအား ဝုန်းခနဲဆွဲဖွင့်လိုက်မိသည်။
ဧည့်ခန်းထဲရှိ ပုဂ္ဂိုလ်ကတော့ သူ့အားကျောခိုင်းကာ အဖက်မလုပ်သည့် အပြင်တဟားဟားနှင့်ရယ်နေသေး။
သရဲကား ကြည့်ပြီး ရယ်သည့်သူ ဒီကမ္ဘာတွင်ရှိမည်မထင်။
ဒါ သူ့အားတမင်သက်သက်လုပ်နေခြင်းပင်။
သရဲကားကို တစ်အိမ်လုံးကြားရအောင်သံကုန် ဖွင့်ထားသည့်အတွက် အိပ်မရသည့် အထဲ အမြင်ကပ်စရာကောင်းသည့်ရယ်သံ တဟားဟားက အဆစ်ပါသေး။
TVအား အမှတ်တမဲ့ကြည့်လိုက်မိသော သူ့မှာထအော်မိမတတ်။
စောက်ကျိုးနဲ ကို သွေးသံတရဲရဲနဲ့ ခေါင်းပြတ်ကြီး
လူလူချင်းဆို ဘလောက်လာလာ ယှဥ်ချရဲပေမယ့် သရဲကတော့ မရပါ။
ဒါကြောင့်ပဲ ထိုပုဂ္ဂိုလ်က သူ့အားနည်းချက်ကို အခွင့်ကောင်းယူယူနေတာလေ။
တွေ့ကြသေးတာပေါ့
"Kim Sunoo"
အမယ် မကြားချင်ယောင်ဆောင်နေသည်ပဲ
သူရီမုတ်ကို ဆွဲယူလိုက်တော့ မကျေနပ်သလိုကြည့်လာကာ
"ဘာလုပ်တာလဲ ငါကြည့်နေတာမမြင်ဘူးလား အိပ်စရာမရှိပဲဘာလုပ်တာလဲ"
" ဒီအသံတွေနဲ့ ငါကဘလိုအိပ်ရမှာလဲ
နာရီကိုကြည့်အုံး ဘယ်နှနာရီရှိပြီလဲ
ဒီအချိန်မှာ ဘယ်သူက တအိမ်လုံးကြားရတဲ့အထိ သရဲကားကိုကြည့်နေလို့လဲ ဟမ်
ပြီးတော့ ဘယ်သူကများ သရဲကားကြည့်ပြီးရယ်တတ်လဲ "
"ဘယ်သူမှ မလုပ်ဖူးလေ
ငါပဲလုပ်တာ
ငါလုပ်ချင်လို့ ငါလုပ်တာ
ဘာလဲ မကျေနပ်ဘူးလား
မကျေနပ်ရင် အပြင်မှာသွားအိပ်"
သူကလည်း မှားသေး တခွန်းမှမခံပဲ ကတ်ကတ်လန်ပြန်ရန်တွေ့သေးသည်။
ဒီကောင်
________
ကင်ဆောနူး တစ်ယောက် သူ့ဘေးက လူအား ဥပက္ခာ ပြုကာ ခပ်တည်တည်ပင် ကြည့်လက်စ သရဲကားအား ဆက်ကြည့်နေလိုက်သည်။ စိတ်ထဲတွင်တော့ ဝမ်းသာပီတိ ဂွမ်းဆီထိချက်။ ဒီကောင် ကို ကလဲ့စားချေရတာ တော်တော်ပျော်စရာကောင်းတာပဲ။
ကိုယ့်အတွေးနဲ့ ကိုယ်ပျော်နေမိတဲ့သူ မတွေးမိလိုက်တာကတော့
"ဆောနူးလေး ဒီလောက်အသံတွေဆူညံနေတာ ငါတို့လည်းတခုခုဆူညံတာလေးလုပ်ကြမလား"
စောက်ကျိုးနဲ ကြက်သီးထစရာကောင်းလိုက်တာ
ထိုလူက သူ့ခါးသွယ်သွယ်လေးကို သန်မာလှတဲ့ လက်တစုံနဲ့ လာရောက်ပွေ့ဖက်လိုက်လေသည်။
ထို့ပြင်
" ငါတို့ဆောနူးလေးက မအိပ်ချင်သေးဘူးဆိုတော့လည်း ငါက ဒီအတိုင်းပဲ အိပ်လိုက်တာပေါ့ သိတဲ့အတိုင်းငါကသရဲကြောက်တတ်တာဆိုတော့ လေ "ဟုဆိုကာ သူပုခုံးပေါ် သို့ ခေါင်းကိုလာမှီထားလေသောကြောင့် ထိုလူရဲ့ ဝင်သက်ထွက်သက်လေဟာ သူနားရွက်ဖျားကို လာရောက်ကျီစယ်နေလေသည်။
သူ့ခန္ဓာကိုယ်သေးသေးလေးဟာ ထိုလူ၏ ရင်ခွင်ထဲ နှစ်မြုပ်မတတ်
"ရူးနေတာလား ဖယ်.... ဖယ်စမ်း..
ငါအခုပဲ အိပ်တော့မှာ "
__________
သူ့လက်တွေကိုအတင်း ဆွဲဖယ် ကာ အခန်းထဲ ဝင်ပြေးသွားသော အနှီလူသားအား ကြည့်ရင်း Park Sunghoonတစ်ယောက် TVရှိ သရဲကား၏ အသံထက်ပင် ကျယ်နိုင်လောက်သည်အထိ အားရပါးရရယ်ချလိုက်လေသည်။
Park Sunghoonတဲ့ မပိုင်ရင် Kim Sunooလို မျောက်အကောင်တရာလောက်ထက်ပင် ထိန်းရခက်တဲ့ သူ နဲ့ ငါးနှစ်ကျော် ကြာတဲ့အထိ အတူမနေ။
ဘယ်သူက ထင်မှာလဲ စတွေ့တုန်းက ရှက်ကိုးရယ်ရှက်ကန်းပုံစံလေးနဲ့ "Sunghoon hyung"ဆိုပြီး မရဲတရဲလေးခေါ်နေခဲ့တဲ့ တစ်ယောက်က အခုလိုအကြီးကို အကြီးမှန်းမသိ တခွန်းမခံ ကတ်ကတ်လန်ပြန်ရန်တွေ့တဲ့ သူဖြစ်လာမယ်လို့
_________________
ကင်ဆောနူး တစ်ယောက် တံခါးကို သေသေချာချာ lockချပြီးမှ အိပ်ရာထဲဝင်လိုက်သည်။
ဟိုနှာဘူးကောင်က ယုံရတာမဟုတ်
ဘယ်သူကထင်မှာလဲ စတွေ့သည့်အချိန်တုန်းက မိဘတွေ့ရှေ့မှာ တည်ငြိမ်ရင့်ကျက်တဲ့ပုံစံမျိုးလုပ်နေခဲ့တဲ့သူက
ခုတော့ အငယ်ကိုဦးစားပေးရမှန်းမသိ ဗိုလ်ကျချင်တဲ့သူ ဖြစ်လာမယ်လို့
ဟွန့် ဒီလိုမှန်းသိ စတွေ့တုန်းက သူ့ဘက်ကစပြီး အောက်ကျနှောက်ကျခံ မမိတ်ဆက်ခဲ့ပါဘူး
ခုတော့ သူ့မှာ အဲ့ဒါနဲ့ပဲ အဖဲ့ခံနေရပြီ
သူတို့နှစ်ဦး၏ ရင်းနှီးမှုက ၈နှစ်ကျော်ကြာပြီဖြစ်သလို အတူနေလာခဲ့သည်မှာလည်း ၅နှစ်ကျော်ကြာလာပြီ ဖြစ်သည်။
ကင်ဆောနူး အလယ်တန်းစတက်သည့် နှစ်တွင် ပတ်ဆောင်ဟွန်းမိသားစုက အိမ်ပြောင်းလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိသားစုနှစ်ခုသည် ရင်းနှီးသည့် အိမ်နီးနားချင်းဖြစ်လာခဲ့လေသည်။
သို့သော်လည်း အထက်တန်းတက်သည့်နှစ်တွင်မူ ပတ်ဆောင်ဟွန်းမိဘများက ထပ်မံ၍ အိမ်ပြောင်းရန်ဖြစ်လာလေသည်။
ကျောင်းနှင့်ဝေးသည့်နေရာဖြစ်သည့်အတွက်
ပတ်ဆောင်ဟွန်းကတော့ မလိုက်ပါသွားပဲ
ကျန်ခဲ့လေသည်။
ထိုနှစ်တွင်ပင် ကင်ဆောနူး၏ မိဘနှစ်ပါးစလုံးသည်လည်း
U.S သို့ထွက်သွားရန် ဖြစ်လာလေရာ တစ်ဦးတည်းသော သားလေးကင်ဆောနူးအား ပတ်ဆောင်ဟွန်းထံတွင် စိတ်ချလက်ချပင် ထားခဲ့လေသည်။
နှစ်ဖက်မိဘနှစ်ပါးလုံးမသိသည်ကတော့
ကျန်ခဲ့သူနှစ်ဦးမှာ တရက်လျှင် တကြိမ်မျှ ရန်မဖြစ်ရလျှင် မနေတတ်သည် ကိုပင်ဖြစ်သည်။