system 091

De TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... Mais

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(4.13)

5.8K 716 29
De TeeKo0

Unicode

ထိုနေ့ကအဖြစ်အပျက်အပြီးမှာအတော်လေးရှုပ်ရှပ်ခတ်သွားသည်။ချင်းထန်၏မိဘနှစ်ပါးနှင့်ဆရာမလီကသူတို့အုပ်စုပြောသမျှကိုသိပ်မယုံကြည်ချေ။

အဲ့ဒီအတွက်ရှောင်ကျန့်ကအခန်းအတွင်းရှိCCTVကိုစစ်ဆေးကြည့်ရန်အကြံဥာဏ်ပေးလိုက်သည်။CCTVကိုစစ်ဆေးကြည့်လိုက်ရာတွင်ရှောင်ကျန့်တို့အုပ်စုလိမ်နေခြင်းမဟုတ်ကြောင်းကိုသိရှိသွားကြ၏။

ချင်းထန်၏မိဘတွေဟာသူတို့သားလေးရဲ့လုံခြုံရေးအတွက်လွန်စွာစိုးရိမ်ပူပန်ခဲ့ကြသည်။CCTV၏ရလဒ်မှာအတုအယောင်မဟုတ်ပေ။

၎င်းကသဘာဝလွန်ဖြစ်ရပ်ဆိုသည်မှာသိသာလွန်း၏။ပိုင်မင်၊ချင်ဖေးဖေး၊ဝေထန်စီ၊ဝေဝေနှင့်အက်ဒမ်တို့ကသူတို့မိသားစုတွေကိုထိုကိစ္စနဲ့ပတ်သပ်၍အသိမပေးချင်ပေ။ဒါကအန္တရာယ်များလွန်းသလိုတစ်ဖက်မိသားစုကိုအပူတွေလက်ဆင့်ကမ်းပေးသည်နှင့်သာတူသည်။

သိသွားလျှင်တောင်ကူညီနိုင်ပါ့မလားဆိုတာမသေချာဘူးမဟုတ်ပါလား။

ရှောင်ကျန့်ရဲ့သာမန်မဟုတ်သည့်သန်မာမှုကလည်းလူတိုင်းကိုမျက်လုံးပြူးသွားစေနိုင်သည်။ဒီ့အတွက်ဖြေရှင်းချက်ထုတ်ပေးရာတွင်သူ့ရဲ့မကောင်းဆိုးဝါးနှင်သည့်အလုပ်အကိုင်မှာဘူးပေါ်သလိုပေါ်လာသည်။

ရှောင်ကျန့်ရဲ့သန်မာတဲ့တိုက်ခိုက်နိုင်စွမ်းကြောင့်သူ့ကိုဘယ်သူမှသံသယမဝင်ပေ။ဤအတွက်ကြောင့်ရှောင်ကျန့်မှာဘုမသိဘမသိဖြင့်ဇာတ်လိုက်တို့သူငယ်ချင်းအဖွဲ့၏အားကိုးရာထောက်တိုင်ကြီးဖြစ်လာလေတော့သည်။

ဇာတ်လိုက်မယင်းမီကတော့ရှောင်ကျန့်ကိုအနည်းငယ်လန့်ဖြန့်သွားပေမယ့်မူလကတည်းကမုန်းတီးနေသည့်စိတ်အခံကြောင့်တောင်းတောင်းပန်ပန်ဖြင့်အကူအညီတောင်းရန်ပြင်းပြင်းထန်ထန်ကိုငြင်းဆန်သည်။ရှောင်ကျန့်ကလည်းသူ့ကိုကြည့်မရတဲ့သူအားကူညီဖို့ရန်စိတ်အားထက်သန်သည်အထိကိုယ်ကျင့်တရားဖြူစင်လွန်းနေသူလည်းမဟုတ်ပေ။

အရင်ဦးစွာဖြင့်ရှောင်ကျန့်ကကံကောင်းစေသည့်အဆောင်စာရွက်တွေအားရေးဆွဲကာတစ်ယောက်ကိုတစ်ရွက်ပေးသည်။ဇာတ်လိုက်ကသတိလစ်နေခြင်းကြောင့်ဇာတ်လိုက်ရဲ့မိဘတွေကသူတို့သားလေးအစားကံကောင်းစေသည့်အဆောင်စာရွက်ကိုလက်ခံပေးသည်။

လူတစ်ယောက်ကကံနိမ့်သည့်အခါတွင်ပိုမိုအန္တရာယ်ရှိနိုင်သည်။ကံကောင်းစေသည့်အဆောင်စာရွက်ကတစ်ဖက်လူရဲ့ကံကိုအနည်းနဲ့အများတော့မြှင့်တင်ပေးနိုင်၏။

ဒါကလည်းလက်ခံသည့်လူနှင့်ဆိုင်သည်။မကောင်းသည့်လူတစ်ယောက်သာစာရွက်ကိုလက်ခံခဲ့ရင်အဆောင်စာရွက်၏အာနိသင်ကပြောင်းပြန်၊ဆန့်ကျင်ဘက်ဖြစ်သွားစေနိုင်သည်။

ဇာတ်လိုက်တို့သူငယ်ချင်းအဖွဲ့ကကျောင်းသားအရွယ်လေးတွေသာဖြစ်တာကြောင့်လူ့လောကရဲ့ကြမ်းတမ်းမှုတွေကိုကိုယ်တွေ့ရင်ဆိုင်ကြုံတွေ့ဖူးခြင်းမရှိပေ။ဒီ့အတွက်သူ့တို့ရဲ့လက်နဲ့အတွင်းစိတ်ကအရမ်းကြီးမဟုတ်ရင်တောင်သန့်ရှင်းနေသေးသည်။

ချင်းထန်ဟာသတိရလာသည်နှင့်အတော်လေးအူကြောင်ကြောင်ဖြစ်သွားသည်။သူ့ရဲ့လက်တွေဆိုတုန်ရီနေသည်မှာသာမန်ပစ္စည်းလေးတစ်ခုတောင်မြဲမြံအောင်မကိုင်နိုင်တော့သည်အထိပင်ဖြစ်သည်။

ထိုအဖြစ်အပျက်ကြောင့်ရှောင်ကျန့်စိတ်ထဲထူးဆန်းသွားသလိုတောင်ခံစားလိုက်ရသေးသည်။

ဒီလောက်ထိကြောက်စရာလိုလို့လား.....သူဆိုရင်ချွန်ထက်တဲ့ပစ္စည်းတွေအများကြီးရဲ့တိုက်ခိုက်တာခံရပေမယ့်အေးဆေးပဲလေ....

ကံဆိုးစွာဖြင့်ထိုအဖြစ်အပျက်တွေကြောင့်ချင်းထန်၏ဆေးရုံတွင်နေရမည့်နေရက်တွေမှာပိုမိုများပြားလာသည်။သူ့ရဲ့မိဘတွေကစိတ်မချတာကြောင့်လည်းပါသည်။

ကျောင်းသားတွေအတွက်ကျောင်းပိတ်ရက်ဟာလည်းကုန်ဆုံးသွားပြီဖြစ်တာကြောင့်ပိုင်မင်တို့အဖွဲ့အနေနဲ့ချင်းထန်ကိုဆေးရုံ၌တစ်ချိန်လုံးမစောင့်ပေးနိုင်တော့ပေ။

ရှောင်ကျန့်ကသူ့ရဲ့တိုက်ခန်းသေးသေးလေးဆီပြန်ရောက်သည်နှင့်အိပ်ယာပေါ်ပစ်လှဲရင်းပင်ပန်းစွာမျက်လုံးမှိတ်ချလိုက်သည်။

ရုတ်ချည်းပင်သူ့ကိုယ်သူတစ်ယောက်တည်းနေရသည်မှာအထီးကျန်စရာကောင်းသည်ဟုခံစားလိုက်ရသည်။

အနည်းဆုံးတော့သူ့အရင်ကမ္ဘာတွေ၌သူဘာလုပ်လုပ်ထောက်ခံပေးသည့်သူ၊သူပင်ပန်းရင်နှစ်သိမ့်ပြီးပွေ့ဖက်ပေးမည့်သူ၊ညဘက်သူအိမ်မပျော်ရင်သူ့နဖူးလေးကိုဖွဖွနမ်းရင်းဆံပင်လေးကိုခပ်ဖွဖွပွတ်သပ်ပေးကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန်ကြိုးစားပေးသည့်သူရှိနေသေး၏။

ဒီကမ္ဘာ၌သူ့ကိုအမှန်တကယ်ခင်မင်ပေးသည့်လူတွေရှိပေမယ့်တကယ့်တကယ်တွင်သူ့အနားမှာတစ်ချိန်လုံးရှိနေပေးသည့်သူကအူကြောင်ကြောင်,အကြောင်းပြချက်ဖြင့်သူ့အနားတစ်ချိန်လုံးကပ်နေသည့်သေမင်းလေးဇိုင်းသာရှိသည်။

သူ့အနေနဲ့ဇိုင်းအပေါ်တွင်တစ်ခြားသူတွေကဲ့သို့ကန့်သတ်ချက်မထားပဲနေထိုင်ခွင့်ပေးခဲ့ခြင်းမှာလည်းသူ့မသိစိတ်ထဲကဆန္ဒအရသာဖြစ်သည်။

ဇိုင်းမရှိတော့သူ့ဘဝကြီးမှာခြောက်ကပ်ကပ်ဖြစ်သွားသလိုသာခံစားနေရသည်။

ပျင်းလိုက်တာ.......

**********

"သား.....ပြန်ရောက်ပြီလား...."

"ဟုတ်...အမေ...."

ဝေထန်စီကမီးဖိုချောင်ထဲကနေလှမ်းမေးသည့်သူ့အမေအားပြန်ဖြေရင်းဧည့်ခန်းထဲကဆိုဖာပေါ်တွင်သူ့ကိုယ်သူကျောမှီကာထိုင်ချလိုက်သည်။

ယခုတလောအတွင်းဖြစ်ပျက်စမျှအရာတွေအားလုံးမှာလွန်စွာအိပ်မက်ဆန်ပြီးခြောက်ခြားစရာကောင်းလွန်းတာကြောင့်သူကိုယ်တိုင်ပင်မယုံကြည်နိုင်သလိုခံစားနေရသည်။

သူ့အကင်္ျီအိတ်ထဲထည့်ထားသည့်ကံကောင်းစေသည့်အဆောင်စာရွက်ကိုတစ်ချက်လောက်ထုတ်ကြည့်လိုက်ရင်းအသေအချာလေးပြန်ခေါက်ထည့်လိုက်သည်။

"ချင်းထန်လေးဆေးရုံတတ်ရလို့ဆို.....သူအဆင်ပြေရဲ့လား"

ဝေထန်စီရဲ့အမေဟာမီးဖိုချောင်ထဲကနေအအေးတစ်ခွက်သယ်လာရင်းဝေထန်စီအရှေ့ချပေးကာမေးသည်။အဖေဖြစ်သူကတော့ယခုအချိန်ဆိုCompany၌သာရှိနေဦးမည်မှာသေချာသည်။

ဝေထန်စီအမေ၏ကအဖြစ်အပျက်တွေကိုအနည်းအကျဥ်းတော့သိထားသည်။ချင်းထန်ဆီ၌ဆေးရုံစောင့်ပေးဖို့ရန်အိမ်ကိုအကြောင်းကြားထားတာကြောင့်ဖြစ်သည်။

"သူအခုအဆင်ပြေနေပါပြီ....အားသိပ်မရှိလို့ဆေးရုံမှာရက်အတော်ကြာနေရဦးမယ်လို့တော့ပြောတယ်...."

ဝေထန်စီကသူ့ရဲ့အနီရောင်ဆံပင်တွေကိုသပ်တင်လိုက်ရင်းသူ့အမေဖျော်ပေးထားသည့်အအေးခွက်ကိုယူကာမော့သောက်ရင်းပြန်ဖြေသည်။

"ဘာမှမဖြစ်ရင်ပဲတော်ပါပြီကွယ်"

ချင်းထန်နှင့်ဝေထန်စီမှာငယ်သူငယ်ချင်းတွေဖြစ်သည့်အလျောက်ယေဘုယျအားဖြင့်မိဘချင်းလည်းအတော်ရင်းနှီးကြသည်။ဒီတော့ဝေထန်စီ၏အမေအနေနဲ့ချင်းထန်ကိုစိတ်ပူသည်ကသဘာဝကျ၏။

"နားပြီးရင်ရေချိုးလိုက်ဦးနော်....တစ်ကိုယ်လုံးလည်းချွေးတွေကြီးပဲ"

"ဟုတ်..."

ေဝထန်စီ၏အမေကသူမရဲ့သားလေးကိုချစ်မြတ်နိုးစွာခေါင်းတစ်ချက်ဖွလိုက်ရင်းခပ်ပြုံးပြုံးလေးဖြင့်သာထွက်ခွာသွားသည်။

"ဟူး...."

ဝေထန်စီဟာသက်ပြင်းအသာချလိုက်ရင်းအပေါ်ထပ်ရှိသူ့အခန်းဆီသို့တတ်သွား၏။

ညအချိန်.....
ခုနှစ်နာရီလောက်တွင်ဝေထန်စီဟာရေချိုးခန်းထဲ၌ရေချိုးလျက်ရှိနေသည်။

အိပ်ခန်းရှိအကင်္ျီချိတ်သည့်တိုင်ပေါ်၌ဝေထန်စီမူလကဝတ်ဆင်ထားသည့်အကင်္ျီမှာချိတ်ဆွဲခြင်းခံထားရသည်။အကင်္ျီအိတ်ကပ်အတွင်း၌ရှောင်ကျန့်ပေးထားသည့်ကံကောင်းခြင်းအဆောင်စာရွက်လေးမှာတစ်ပိုင်းတစ်စထွက်ပေါ်နေ၏။

၎င်းမှာစက္ကူဖြစ်နေတာကြောင့်ဝေထန်စီအနေနဲ့ရေချိုးရာတွင်ယူသွား၍မရပေ။မဟုတ်လျှင်စက္ကူကဆုတ်ပြဲသွားနိုင်ပြီးသုံးစားရတော့မည်မဟုတ်ချေ။

အိပ်ခန်းအတွင်းရှိမူလကပိတ်ထားသည့်ပြတင်းပေါက်ဟာထူးဆန်းစွာတိုက်ခတ်လာသည့်လေကြောင့်ကြမ်းကြမ်းတမ်းတမ်းပွင့်ဟသွားသည်။

လေစိမ်းတွေဝင်ရောက်လာမှုနဲ့အတူအခန်းတွင်းရှိမီးဟာလည်းမှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။လေအဟုန်ဖြင့်အကင်္ျီအိတ်ကပ်အတွင်းရှိကံကောင်းစေသည့်အဆောင်စာရွက်လေးမှာကြမ်းပြင်ပေါ်သို့ကျဆင်းသွားသည်။

ဂလောက်.....

ရေချိုးခန်းတံခါးမှာပွင့်လာပြီးနောက်တွင်ဝေထန်စီကအောက်ပိုင်း၌အဝတ်တစ်ခုပတ်ရင်းထွက်လာသည်။ဧည့်ခန်းအတွင်းရှိမူလကမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောမီးမှာပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။

ဝေထန်စီ၏အပေါ်ပိုင်းခန္ဓာကိုယ်တွင်သရေကျစရာကြွက်သားရေးရေးနှင့်ရေစက်တွေမှာတွဲလွဲခိုနေသည်။

အနီရောင်ဆံသားတွေမှာရေစိုနေလျက်ပင်ဗီရိုအတွင်းရှိညအိပ်ဝတ်စုံအားယူ၍အေးဆေးစွာဝတ်ဆင်လိုက်သည်။

ထို့နောက်ဝေထန်စီသည်အခန်းပြတင်းပေါက်မှာပွင့်နေကြောင်းသတိထားမိသွား၏။

ပြတင်းပေါက်နားသွားရင်းတံခါးကိုဆွဲပိတ်ရန်ပြင်သည်။ရုတ်တရတ်အရိုးခြောက်လက်တစ်ဖက်မှာဝေထန်စီ၏လက်ကောက်ဝတ်ကိုပြတင်းပေါက်အပြင်ဘက်ကနေတစ်ဆင့်လာရောက်ဆုပ်ကိုင်သည်။

ဝေထန်စီ၏မျက်လုံးမှာထိတ်လန့်စွာပြူးကျယ်သွားရင်းတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံထားရသည့်သူ့လက်ကိုအတင်းအကြပ်ဆုပ်ကိုင်ခြင်းခံထားရသည့်သူ့လက်ကိုဆောင့်ဆွဲယူသည်။

အရိုးခြောက်လက်ကြီးမှလွတ်သည်နှင့်ဝေထန်စီဟာအလန့်တကြားနောက်သို့ဆုတ်လိုက်မိသည်။

ပြတင်းပေါက်အပြင်ဘက်မှအရိုးခြောက်လက်ကြီးဟာအခန်းနံရံထက်သို့စတင်တွယ်တတ်လာသည်။

၎င်းမှာအရိုးခြောက်ခန္ဓာကိုယ်တစ်ခုဟုပြော၍မရပေ။၎င်း၏မျက်နှာတစ်ဝက်လောက်မှာအသားစတွေတွဲလောင်းကျနေပြီးကျန်တစ်ဝက်တွင်အရိုးမျက်နှာကြီးဟာအသားစအနည်းငယ်ကပ်နေ၏။သူ့ရဲ့လက်နဲ့ခြောထောက်လေးဖက်လုံးတွင်လည်းတွဲလောင်းကျနေသည့်ပုတ်ဟောင်သောအသားစတွေကိုကွက်တိကွက်ကြားမြင်တွေ့နေရသည်။

ပုတ်ပွနေသည့်အသားစ,ကပ်သောနှုတ်ခမ်းတစ်နေရာတွင်အဝါရောင်သားရည်တွေစီးကျနေသည်မှာရွံရှာဖွယ်ကောင်းလွန်းလှသည်။

ထိုအရာကြီးမှာဇာတ်ကြီးနောက်ပြန်လိမ်နေလျက်ပင်တောက်တဲ့တစ်ကောင်ကဲ့သို့နံရံထက်သို့တွယ်တတ်လာသည်။

ဝေထန်၏၏မျက်နှာမှာကြောက်လန့်မှုကြောင့်သွေးဆုတ်ဖြူလျော်နေပြီးသေးပဲပေါက်ချင်လာသလို၊ဟိုဟာဖြစ်ချင်နေသလို၊ဒီဟာပဲဖြစ်တော့မလိုဖြင့်တစ်ကိုယ်လုံးတုန်ရီနေမိသည်။

ထိုအရာကြီးကိုကြည့်နေရုံဖြင့်ပင်တဖြည်းဖြည်းဖြင့်ကြောက်စိတ်ထက်၊ရွံရှာစိတ်ကပိုမိုများပြားလာသည်။

၎င်းတောက်တဲ့လိုလိုအရာကြီးမှာကပ်တွက်နေသည့်နံရံထက်ကနေဝေထန်စီအားခုန်အုပ်လာ၏။

ဝေထန်စီဟာသူ့ရဲ့တုန်ရီနေသည့်ခြေထောက်တွေကိုကြိုးစား၍ထိန်းချုပ်လိုက်ပြီးလျှင်မြန်စွာရှောင်တိမ်းလိုက်သည်။

သူ့စိတ်ထဲ၌ရှောင်ကျန့်ပေးထားသည့်ကံကောင်းခြင်းအဆောင်စာရွက်လေးကိုချက်ချင်းသတိရသွားသည်။အသက်ကယ်ကောက်ရိုးမျှင်လေးတစ်ခုလိုသူ့အကင်္ျီချိတ်ထားရာတိုင်ဆီသို့အပြေးသွားလိုက်သည်။

အကင်္ျီအိပ်ကပ်အတွင်းသို့အသည်းအသန်ရှာဖွေကြည့်သည်။သို့ပေမယ့်မကြာခင်ကတည်းကရှိနေသည့်အဆောင်စာရွက်လေးမှာဘယ်ဆီဘယ်ဝယ်ရောက်လို့ရောက်မှန်းမသိအောင်ကိုအစမရှိအဆုံးမရှိပျောက်ဆုံးနေ၏။

မေမေရေ......

သားရဲ့ကံကအရမ်းတွေချစ်ဖို့ကောင်းနေပါလားလို့.....

ကြမ်းပြင်ထက်ကတောက်တဲ့မသိ၊သရဲမသိအရာကြီးမှာဖြူဖျော့နေသည့်ဝေထန်စီအားဇာတ်ကြီးစောင်းလျက်သားပင်မော့ကြည့်လာ၏။

ထို့နောက်သူ့ရဲ့အသားပုတ်၊ဟိုတစ်စဒီတစ်စဖြင့်ခန္ဓာကိုယ်ကြီးမှာအနက်ရောင်အခိုးအငွေ့အဖြစ်သို့ပြောင်းလဲသွားပြီးဝေထန်စီဆီသို့ပြေးဝင်လာသည်။

တစ်ကိုယ်လုံးအနက်ရောင်အခိုးအငွေ့တွေဖြင့်ဖုံးလွှမ်းထားသည့်သတ္တဝါကြီးသည်ဖြတ်လတ်စွာဖြင့်သားရိုင်းကောင်ကြီးကဲ့သို့ဆုတ်ဖြဲမည့်ဟန်ရှိနေသည်။

ဝေထန်စီဟာကြမ်းပြင်ထက်သို့လှိမ့်ကာရှောင်လိုက်ပြန်သည်။သူ့တစ်ကိုယ်လုံးမှာမကြာခင်လေးတင်မှရေချိုးထားသော်လည်းချွေးတွေရွှဲနစ်နေသည်။ကြမ်းပြင်ထက်၌ပိုးလိုးပက်လက်ဖြင့်ဝေထန်စီသည်ကြောက်မက်ဖွယ်ရာထိုအရာကြီးအားသတိနှင့်စိုက်ကြည့်နေစဥ်မှာပင်သူ့ရဲ့လက်ဖျားဖြင့်တစ်စုံတစ်ခုအားထိတွေ့မိလိုက်သည်အားခံစားလိုက်ရသည်။

အသေအချာကြည့်လိုက်တော့သူ့ရဲ့ပျောက်သွားတဲ့စာရွက်လေး။

မေမေရေ.....

မေမေ့သားရဲ့ကံ,ကရုတ်တရတ်ကြီးဘုရားပွင့်လာသလိုပါပဲလား.....

ဝေထန်စီ၏တုံ့ဆိုင်းသွားမှုကိုအခွင့်ကောင်းယူကာ၎င်းအနက်ရောင်အခိုးအငွေ့အတွင်း၌ပုတ်ပွနေသည့်အသားစ၊ကွက်တိကွက်ကြားဖြင့်အရိုးခြောက်ပမာလက်နှစ်ဖက်ဟာထွက်ပေါ်လာသည်။

၎င်းလက်ကြီးနှစ်ဖက်မှာဝေထန်စီ၏ရင်ဘက်ထဲသို့ဖောက်ထွက်သွားတော့မည့်အချိန်၌သူ့လက်ထဲရှိအဆောင်စာရွက်လေးဟာကံကောင်းစေသည့်ရွှေရောင်အလင်းတန်းတွေဖြာထွက်လာလျက်ထိုအရာကြီးအားပြင်းထန်စွာလွင့်ထွက်သွားစေသည်။

ထိုစာရွက်လေးဆီ၌ကံကောင်းစေသည့်ရွှေရောင်အလင်းတန်းလေးတစ်ဖြစ်လဲ၊သန့်စင်သည့်ယန်စွမ်းအင်ဟာဝေထန်စီ၏ခန္ဓာကိုယ်အားရစ်ပတ်လာပြီးတောက်ပစွာကာကွယ်လာ၏။

ဝေထန်စီ၏မျက်နှာမှာဖြစ်လာသမျှအဖြစ်အပျက်တွေကိုအတော်လေးကြောင်အနေပြီးနောက်တွင်ကြမ်းပြင်ထက်တွင်အားနည်းသွားသည့်ဟန်ဖြင့်အနက်ရောင်အခိုးအငွေ့တွေရစ်ပတ်နေသောထိုအရာကိုသာစိုက်ကြည့်နေမိသည်။

စာရွက်လေးဆီကကံကောင်းစေသောအလင်းတန်းလေးမှာပျောက်ကွယ်သွားပြီဖြစ်ပေမယ့်ဝေထန်စီအနေနဲ့ညအမှောင်ရံတွင်နေဆယ်စင်းရှင်းရှင်းလင်းလင်းထွက်ပေါ်လာသလိုခံစားနေရသေးသည်။

သူ့ရဲ့မျက်လုံးတွေမှာသူမတူအောင်တောက်ပလာရင်းသူ့လက်ထဲကစာရွက်လေးကိုသာတင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားမိသည်။

အနက်ရောင်အခိုးအငွေ့သဏ္ဍာန်အရာကြီးမှာတစ်ချက်မျှခေါင်းထောင်လာပြီးနောက်တွင်အားနည်းသွားသည့်ဟန်ဖြင့်ပွင့်ဟနေသည့်ပြတင်းပေါက်ကနေတစ်ဆင့်အပြင်သို့ပြေးထွက်ပျောက်ကွယ်သွားသည်။၎င်းအားကြည့်ရသည်မှာအဆောင်စာရွက်လေးအားအတော်လေးကြောက်လန့်သွားဟန်ရသည်။

ဝေထန်စီဟာတုန်တုန်ရီရီဖြင့်အားတင်းကာမတ်တပ်ထရပ်လိုက်ပြီးပြတင်းပေါက်ဆီသွား၌တင်းတင်းကြပ်ကြပ်ဖြင့်လျှင်မြန်စွာပိတ်လိုက်သည်။

ထို့နောက်ကြမ်းပြင်ထက်ရှိအမွှေးပွကော်ဇောထက်သို့ပစ်လှဲချမိလိုက်ပြီးတစ်ကိုယ်လုံးချွေးစေးတွေဖြင့်မောပန်းစွာအသက်လုရှုနေရသည်။သူမကြာသေးခင်ကမှအသက်အန္တရာယ်ကနေကပ်သီးလေးလွတ်မြောက်လာတာဖြစ်သည်။

ဤသည်မှာအတော်လေးထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။အခန်းထဲမနေရဲတော့သည်အထိကြောက်လန့်နေမိပေမယ့်မိဘတွေဆီလည်းသွားဖို့ရန်မဝံ့ပေ။

သူ့အသက်တောင်မသေချာဖြစ်နေချိန်မှာမိဘနှစ်ပါးကိုပါအန္တရာယ်တောထဲဆွဲခေါ်ရသည်အထိသူတုံးအ,မနေချေ။

ကောင်းလိုက်တာ.....

သူအသက်ရှင်နေသေးတယ်....

ဝေထန်စီဟာသူ့လက်ထဲကစာရွက်လေးကိုတင်းတင်းကြပ်ကြပ်ဖြင့်မလွှတ်တမ်းဆုတ်ကိုင်ထားမိသည်။သူ့လက်တွေပျော့ခွေချင်နေပေမယ့်လွှတ်မချရဲပေ။

၎င်းကအရမ်းကြောက်စရာကောင်းလွန်းသည်။

_________________________________________________________________

Zawgyi

ထိုေန႕ကအျဖစ္အပ်က္အၿပီးမွာအေတာ္ေလးရႈပ္ရွပ္ခတ္သြားသည္။ခ်င္းထန္၏မိဘႏွစ္ပါးႏွင့္ဆရာမလီကသူတို႔အုပ္စုေျပာသမွ်ကိုသိပ္မယုံၾကည္ေခ်။

အဲ့ဒီအတြက္ေရွာင္က်န့္ကအခန္းအတြင္းရွိCCTVကိုစစ္ေဆးၾကည့္ရန္အႀကံဥာဏ္ေပးလိုက္သည္။CCTVကိုစစ္ေဆးၾကည့္လိုက္ရာတြင္ေရွာင္က်န့္တို႔အုပ္စုလိမ္ေနျခင္းမဟုတ္ေၾကာင္းကိုသိရွိသြားၾက၏။

ခ်င္းထန္၏မိဘေတြဟာသူတို႔သားေလးရဲ႕လုံၿခဳံေရးအတြက္လြန္စြာစိုးရိမ္ပူပန္ခဲ့ၾကသည္။CCTV၏ရလဒ္မွာအတုအေယာင္မဟုတ္ေပ။

၎ကသဘာဝလြန္ျဖစ္ရပ္ဆိုသည္မွာသိသာလြန္း၏။ပိုင္မင္၊ခ်င္ေဖးေဖး၊ေဝထန္စီ၊ေဝေဝႏွင့္အက္ဒမ္တို႔ကသူတို႔မိသားစုေတြကိုထိုကိစၥနဲ႕ပတ္သပ္၍အသိမေပးခ်င္ေပ။ဒါကအႏၱရာယ္မ်ားလြန္းသလိုတစ္ဖက္မိသားစုကိုအပူေတြလက္ဆင့္ကမ္းေပးသည္ႏွင့္သာတူသည္။

သိသြားလွ်င္ေတာင္ကူညီနိုင္ပါ့မလားဆိုတာမေသခ်ာဘူးမဟုတ္ပါလား။

ေရွာင္က်န့္ရဲ႕သာမန္မဟုတ္သည့္သန္မာမႈကလည္းလူတိုင္းကိုမ်က္လုံးျပဴးသြားေစနိုင္သည္။ဒီ့အတြက္ေျဖရွင္းခ်က္ထုတ္ေပးရာတြင္သူ႕ရဲ႕မေကာင္းဆိုးဝါးႏွင္သည့္အလုပ္အကိုင္မွာဘူးေပၚသလိုေပၚလာသည္။

ေရွာင္က်န့္ရဲ႕သန္မာတဲ့တိုက္ခိုက္နိုင္စြမ္းေၾကာင့္သူ႕ကိုဘယ္သူမွသံသယမဝင္ေပ။ဤအတြက္ေၾကာင့္ေရွာင္က်န့္မွာဘုမသိဘမသိျဖင့္ဇာတ္လိုက္တို႔သူငယ္ခ်င္းအဖြဲ႕၏အားကိုးရာေထာက္တိုင္ႀကီးျဖစ္လာေလေတာ့သည္။

ဇာတ္လိုက္မယင္းမီကေတာ့ေရွာင္က်န့္ကိုအနည္းငယ္လန့္ျဖန့္သြားေပမယ့္မူလကတည္းကမုန္းတီးေနသည့္စိတ္အခံေၾကာင့္ေတာင္းေတာင္းပန္ပန္ျဖင့္အကူအညီေတာင္းရန္ျပင္းျပင္းထန္ထန္ကိုျငင္းဆန္သည္။ေရွာင္က်န့္ကလည္းသူ႕ကိုၾကည့္မရတဲ့သူအားကူညီဖို႔ရန္စိတ္အားထက္သန္သည္အထိကိုယ္က်င့္တရားျဖဴစင္လြန္းေနသူလည္းမဟုတ္ေပ။

အရင္ဦးစြာျဖင့္ေရွာင္က်န့္ကကံေကာင္းေစသည့္အေဆာင္စာ႐ြက္ေတြအားေရးဆြဲကာတစ္ေယာက္ကိုတစ္႐ြက္ေပးသည္။ဇာတ္လိုက္ကသတိလစ္ေနျခင္းေၾကာင့္ဇာတ္လိုက္ရဲ႕မိဘေတြကသူတို႔သားေလးအစားကံေကာင္းေစသည့္အေဆာင္စာ႐ြက္ကိုလက္ခံေပးသည္။

လူတစ္ေယာက္ကကံနိမ့္သည့္အခါတြင္ပိုမိုအႏၱရာယ္ရွိနိုင္သည္။ကံေကာင္းေစသည့္အေဆာင္စာ႐ြက္ကတစ္ဖက္လူရဲ႕ကံကိုအနည္းနဲ႕အမ်ားေတာ့ျမႇင့္တင္ေပးနိုင္၏။

ဒါကလည္းလက္ခံသည့္လူႏွင့္ဆိုင္သည္။မေကာင္းသည့္လူတစ္ေယာက္သာစာ႐ြက္ကိုလက္ခံခဲ့ရင္အေဆာင္စာ႐ြက္၏အာနိသင္ကေျပာင္းျပန္၊ဆန့္က်င္ဘက္ျဖစ္သြားေစနိုင္သည္။

ဇာတ္လိုက္တို႔သူငယ္ခ်င္းအဖြဲ႕ကေက်ာင္းသားအ႐ြယ္ေလးေတြသာျဖစ္တာေၾကာင့္လူ႕ေလာကရဲ႕ၾကမ္းတမ္းမႈေတြကိုကိုယ္ေတြ႕ရင္ဆိုင္ႀကဳံေတြ႕ဖူးျခင္းမရွိေပ။ဒီ့အတြက္သူ႕တို႔ရဲ႕လက္နဲ႕အတြင္းစိတ္ကအရမ္းႀကီးမဟုတ္ရင္ေတာင္သန့္ရွင္းေနေသးသည္။

ခ်င္းထန္ဟာသတိရလာသည္ႏွင့္အေတာ္ေလးအူေၾကာင္ေၾကာင္ျဖစ္သြားသည္။သူ႕ရဲ႕လက္ေတြဆိုတုန္ရီေနသည္မွာသာမန္ပစၥည္းေလးတစ္ခုေတာင္ၿမဲၿမံေအာင္မကိုင္နိုင္ေတာ့သည္အထိပင္ျဖစ္သည္။

ထိုအျဖစ္အပ်က္ေၾကာင့္ေရွာင္က်န့္စိတ္ထဲထူးဆန္းသြားသလိုေတာင္ခံစားလိုက္ရေသးသည္။

ဒီေလာက္ထိေၾကာက္စရာလိုလို႔လား.....သူဆိုရင္ခြၽန္ထက္တဲ့ပစၥည္းေတြအမ်ားႀကီးရဲ႕တိုက္ခိုက္တာခံရေပမယ့္ေအးေဆးပဲေလ....

ကံဆိုးစြာျဖင့္ထိုအျဖစ္အပ်က္ေတြေၾကာင့္ခ်င္းထန္၏ေဆး႐ုံတြင္ေနရမည့္ေနရက္ေတြမွာပိုမိုမ်ားျပားလာသည္။သူ႕ရဲ႕မိဘေတြကစိတ္မခ်တာေၾကာင့္လည္းပါသည္။

ေက်ာင္းသားေတြအတြက္ေက်ာင္းပိတ္ရက္ဟာလည္းကုန္ဆုံးသြားၿပီျဖစ္တာေၾကာင့္ပိုင္မင္တို႔အဖြဲ႕အေနနဲ႕ခ်င္းထန္ကိုေဆး႐ုံ၌တစ္ခ်ိန္လုံးမေစာင့္ေပးနိုင္ေတာ့ေပ။

ေရွာင္က်န့္ကသူ႕ရဲ႕တိုက္ခန္းေသးေသးေလးဆီျပန္ေရာက္သည္ႏွင့္အိပ္ယာေပၚပစ္လွဲရင္းပင္ပန္းစြာမ်က္လုံးမွိတ္ခ်လိဳက္သည္။

႐ုတ္ခ်ည္းပင္သူ႕ကိုယ္သူတစ္ေယာက္တည္းေနရသည္မွာအထီးက်န္စရာေကာင္းသည္ဟုခံစားလိုက္ရသည္။

အနည္းဆုံးေတာ့သူ႕အရင္ကမၻာေတြ၌သူဘာလုပ္လုပ္ေထာက္ခံေပးသည့္သူ၊သူပင္ပန္းရင္ႏွစ္သိမ့္ၿပီးေပြ႕ဖက္ေပးမည့္သူ၊ညဘက္သူအိမ္မေပ်ာ္ရင္သူ႕နဖူးေလးကိုဖြဖြနမ္းရင္းဆံပင္ေလးကိုခပ္ဖြဖြပြတ္သပ္ေပးကာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစရန္ႀကိဳးစားေပးသည့္သူရွိေနေသး၏။

ဒီကမၻာ၌သူ႕ကိုအမွန္တကယ္ခင္မင္ေပးသည့္လူေတြရွိေပမယ့္တကယ့္တကယ္တြင္သူ႕အနားမွာတစ္ခ်ိန္လုံးရွိေနေပးသည့္သူကအူေၾကာင္ေၾကာင္,အေၾကာင္းျပခ်က္ျဖင့္သူ႕အနားတစ္ခ်ိန္လုံးကပ္ေနသည့္ေသမင္းေလးဇိုင္းသာရွိသည္။

သူ႕အေနနဲ႕ဇိုင္းအေပၚတြင္တစ္ျခားသူေတြကဲ့သို႔ကန့္သတ္ခ်က္မထားပဲေနထိုင္ခြင့္ေပးခဲ့ျခင္းမွာလည္းသူ႕မသိစိတ္ထဲကဆႏၵအရသာျဖစ္သည္။

ဇိုင္းမရွိေတာ့သူ႕ဘဝႀကီးမွာေျခာက္ကပ္ကပ္ျဖစ္သြားသလိုသာခံစားေနရသည္။

ပ်င္းလိုက္တာ.......

**********

"သား.....ျပန္ေရာက္ၿပီလား...."

"ဟုတ္...အေမ...."

ေဝထန္စီကမီးဖိုေခ်ာင္ထဲကေနလွမ္းေမးသည့္သူ႕အေမအားျပန္ေျဖရင္းဧည့္ခန္းထဲကဆိုဖာေပၚတြင္သူ႕ကိုယ္သူေက်ာမွီကာထိုင္ခ်လိဳက္သည္။

ယခုတေလာအတြင္းျဖစ္ပ်က္စမွ်အရာေတြအားလုံးမွာလြန္စြာအိပ္မက္ဆန္ၿပီးေျခာက္ျခားစရာေကာင္းလြန္းတာေၾကာင့္သူကိုယ္တိုင္ပင္မယုံၾကည္နိုင္သလိုခံစားေနရသည္။

သူ့အကင်္ျီအိတ်ထဲထည့်ထားသည့်ကံကောင်းစေသည့်အဆောင်စာရွက်ကိုတစ်ချက်လောက်ထုတ်ကြည့်လိုက်ရင်းအသေအချာလေးပြန်ခေါက်ထည့်လိုက်သည်။

"ခ်င္းထန္ေလးေဆး႐ုံတတ္ရလို႔ဆို.....သူအဆင္ေျပရဲ႕လား"

ေဝထန္စီရဲ႕အေမဟာမီးဖိုေခ်ာင္ထဲကေနအေအးတစ္ခြက္သယ္လာရင္းေဝထန္စီအေရွ႕ခ်ေပးကာေမးသည္။အေဖျဖစ္သူကေတာ့ယခုအခ်ိန္ဆိုCompany၌သာရွိေနဦးမည္မွာေသခ်ာသည္။

ေဝထန္စီအေမ၏ကအျဖစ္အပ်က္ေတြကိုအနည္းအက်ဥ္းေတာ့သိထားသည္။ခ်င္းထန္ဆီ၌ေဆး႐ုံေစာင့္ေပးဖို႔ရန္အိမ္ကိုအေၾကာင္းၾကားထားတာေၾကာင့္ျဖစ္သည္။

"သူအခုအဆင္ေျပေနပါၿပီ....အားသိပ္မရွိလို႔ေဆး႐ုံမွာရက္အေတာ္ၾကာေနရဦးမယ္လို႔ေတာ့ေျပာတယ္...."

ေဝထန္စီကသူ႕ရဲ႕အနီေရာင္ဆံပင္ေတြကိုသပ္တင္လိုက္ရင္းသူ႕အေမေဖ်ာ္ေပးထားသည့္အေအးခြက္ကိုယူကာေမာ့ေသာက္ရင္းျပန္ေျဖသည္။

"ဘာမွမျဖစ္ရင္ပဲေတာ္ပါၿပီကြယ္"

ခ်င္းထန္ႏွင့္ေဝထန္စီမွာငယ္သူငယ္ခ်င္းေတြျဖစ္သည့္အေလ်ာက္ေယဘုယ်အားျဖင့္မိဘခ်င္းလည္းအေတာ္ရင္းႏွီးၾကသည္။ဒီေတာ့ေဝထန္စီ၏အေမအေနနဲ႕ခ်င္းထန္ကိုစိတ္ပူသည္ကသဘာဝက်၏။

"နားၿပီးရင္ေရခ်ိဳးလိုက္ဦးေနာ္....တစ္ကိုယ္လုံးလည္းေခြၽးေတြႀကီးပဲ"

"ဟုတ္..."

ေဝထန်စီ၏အမေကသူမရဲ့သားလေးကိုချစ်မြတ်နိုးစွာခေါင်းတစ်ချက်ဖွလိုက်ရင်းခပ်ပြုံးပြုံးလေးဖြင့်သာထွက်ခွာသွားသည်။

"ဟူး...."

ေဝထန္စီဟာသက္ျပင္းအသာခ်လိဳက္ရင္းအေပၚထပ္ရွိသူ႕အခန္းဆီသို႔တတ္သြား၏။

ညအခ်ိန္.....
ခုႏွစ္နာရီေလာက္တြင္ေဝထန္စီဟာေရခ်ိဳးခန္းထဲ၌ေရခ်ိဳးလ်က္ရွိေနသည္။

အိပ်ခန်းရှိအကင်္ျီချိတ်သည့်တိုင်ပေါ်၌ဝေထန်စီမူလကဝတ်ဆင်ထားသည့်အကင်္ျီမှာချိတ်ဆွဲခြင်းခံထားရသည်။အကင်္ျီအိတ်ကပ်အတွင်း၌ရှောင်ကျန့်ပေးထားသည့်ကံကောင်းခြင်းအဆောင်စာရွက်လေးမှာတစ်ပိုင်းတစ်စထွက်ပေါ်နေ၏။

၎မွာစကၠဴျဖစ္ေနတာေၾကာင့္ေဝထန္စီအေနနဲ႕ေရခ်ိဳးရာတြင္ယူသြား၍မရေပ။မဟုတ္လွ်င္စကၠဴကဆုတ္ၿပဲသြားနိုင္ၿပီးသုံးစားရေတာ့မည္မဟုတ္ေခ်။

အိပ္ခန္းအတြင္းရွိမူလကပိတ္ထားသည့္ျပတင္းေပါက္ဟာထူးဆန္းစြာတိုက္ခတ္လာသည့္ေလေၾကာင့္ၾကမ္းၾကမ္းတမ္းတမ္းပြင့္ဟသြားသည္။

လေစိမ်းတွေဝင်ရောက်လာမှုနဲ့အတူအခန်းတွင်းရှိမီးဟာလည်းမှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။လေအဟုန်ဖြင့်အကင်္ျီအိတ်ကပ်အတွင်းရှိကံကောင်းစေသည့်အဆောင်စာရွက်လေးမှာကြမ်းပြင်ပေါ်သို့ကျဆင်းသွားသည်။

ဂေလာက္.....

ေရခ်ိဳးခန္းတံခါးမွာပြင့္လာၿပီးေနာက္တြင္ေဝထန္စီကေအာက္ပိုင္း၌အဝတ္တစ္ခုပတ္ရင္းထြက္လာသည္။ဧည့္ခန္းအတြင္းရွိမူလကမွိတ္တုတ္မွိတ္တုတ္ျဖစ္ေနေသာမီးမွာျပန္လည္တည္ၿငိမ္သြားၿပီျဖစ္သည္။

ေဝထန္စီ၏အေပၚပိုင္းခႏၶာကိုယ္တြင္သေရက်စရာႂကြက္သားေရးေရးႏွင့္ေရစက္ေတြမွာတြဲလြဲခိုေနသည္။

အနီေရာင္ဆံသားေတြမွာေရစိုေနလ်က္ပင္ဗီရိုအတြင္းရွိညအိပ္ဝတ္စုံအားယူ၍ေအးေဆးစြာဝတ္ဆင္လိုက္သည္။

ထို႔ေနာက္ေဝထန္စီသည္အခန္းျပတင္းေပါက္မွာပြင့္ေနေၾကာင္းသတိထားမိသြား၏။

ျပတင္းေပါက္နားသြားရင္းတံခါးကိုဆြဲပိတ္ရန္ျပင္သည္။႐ုတ္တရတ္အရိုးေျခာက္လက္တစ္ဖက္မွာေဝထန္စီ၏လက္ေကာက္ဝတ္ကိုျပတင္းေပါက္အျပင္ဘက္ကေနတစ္ဆင့္လာေရာက္ဆုပ္ကိုင္သည္။

ေဝထန္စီ၏မ်က္လုံးမွာထိတ္လန့္စြာျပဴးက်ယ္သြားရင္းတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ခံထားရသည့္သူ႕လက္ကိုအတင္းအၾကပ္ဆုပ္ကိုင္ျခင္းခံထားရသည့္သူ႕လက္ကိုေဆာင့္ဆြဲယူသည္။

အရိုးေျခာက္လက္ႀကီးမွလြတ္သည္ႏွင့္ေဝထန္စီဟာအလန့္တၾကားေနာက္သို႔ဆုတ္လိုက္မိသည္။

ျပတင္းေပါက္အျပင္ဘက္မွအရိုးေျခာက္လက္ႀကီးဟာအခန္းနံရံထက္သို႔စတင္တြယ္တတ္လာသည္။

၎မွာအရိုးေျခာက္ခႏၶာကိုယ္တစ္ခုဟုေျပာ၍မရေပ။၎၏မ်က္ႏွာတစ္ဝက္ေလာက္မွာအသားစေတြတြဲေလာင္းက်ေနၿပီးက်န္တစ္ဝက္တြင္အရိုးမ်က္ႏွာႀကီးဟာအသားစအနည္းငယ္ကပ္ေန၏။သူ႕ရဲ႕လက္နဲ႕ေျခာေထာက္ေလးဖက္လုံးတြင္လည္းတြဲေလာင္းက်ေနသည့္ပုတ္ေဟာင္ေသာအသားစေတြကိုကြက္တိကြက္ၾကားျမင္ေတြ႕ေနရသည္။

ပုတ္ပြေနသည့္အသားစ,ကပ္ေသာႏႈတ္ခမ္းတစ္ေနရာတြင္အဝါေရာင္သားရည္ေတြစီးက်ေနသည္မွာ႐ြံရွာဖြယ္ေကာင္းလြန္းလွသည္။

ထိုအရာႀကီးမွာဇာတ္ႀကီးေနာက္ျပန္လိမ္ေနလ်က္ပင္ေတာက္တဲ့တစ္ေကာင္ကဲ့သို႔နံရံထက္သို႔တြယ္တတ္လာသည္။

ေဝထန္၏၏မ်က္ႏွာမွာေၾကာက္လန့္မႈေၾကာင့္ေသြးဆုတ္ျဖဴေလ်ာ္ေနၿပီးေသးပဲေပါက္ခ်င္လာသလို၊ဟိုဟာျဖစ္ခ်င္ေနသလို၊ဒီဟာပဲျဖစ္ေတာ့မလိုျဖင့္တစ္ကိုယ္လုံးတုန္ရီေနမိသည္။

ထိုအရာႀကီးကိုၾကည့္ေန႐ုံျဖင့္ပင္တျဖည္းျဖည္းျဖင့္ေၾကာက္စိတ္ထက္၊႐ြံရွာစိတ္ကပိုမိုမ်ားျပားလာသည္။

၎ေတာက္တဲ့လိုလိုအရာႀကီးမွာကပ္တြက္ေနသည့္နံရံထက္ကေနေဝထန္စီအားခုန္အုပ္လာ၏။

ေဝထန္စီဟာသူ႕ရဲ႕တုန္ရီေနသည့္ေျခေထာက္ေတြကိုႀကိဳးစား၍ထိန္းခ်ဳပ္လိုက္ၿပီးလွ်င္ျမန္စြာေရွာင္တိမ္းလိုက္သည္။

သူ့စိတ်ထဲ၌ရှောင်ကျန့်ပေးထားသည့်ကံကောင်းခြင်းအဆောင်စာရွက်လေးကိုချက်ချင်းသတိရသွားသည်။အသက်ကယ်ကောက်ရိုးမျှင်လေးတစ်ခုလိုသူ့အကင်္ျီချိတ်ထားရာတိုင်ဆီသို့အပြေးသွားလိုက်သည်။

အကင်္ျီအိပ်ကပ်အတွင်းသို့အသည်းအသန်ရှာဖွေကြည့်သည်။သို့ပေမယ့်မကြာခင်ကတည်းကရှိနေသည့်အဆောင်စာရွက်လေးမှာဘယ်ဆီဘယ်ဝယ်ရောက်လို့ရောက်မှန်းမသိအောင်ကိုအစမရှိအဆုံးမရှိပျောက်ဆုံးနေ၏။

ေမေမေရ......

သားရဲ႕ကံကအရမ္းေတြခ်စ္ဖို႔ေကာင္းေနပါလားလို႔.....

ၾကမ္းျပင္ထက္ကေတာက္တဲ့မသိ၊သရဲမသိအရာႀကီးမွာျဖဴေဖ်ာ့ေနသည့္ေဝထန္စီအားဇာတ္ႀကီးေစာင္းလ်က္သားပင္ေမာ့ၾကည့္လာ၏။

ထို႔ေနာက္သူ႕ရဲ႕အသားပုတ္၊ဟိုတစ္စဒီတစ္စျဖင့္ခႏၶာကိုယ္ႀကီးမွာအနက္ေရာင္အခိုးအေငြ႕အျဖစ္သို႔ေျပာင္းလဲသြားၿပီးေဝထန္စီဆီသို႔ေျပးဝင္လာသည္။

တစ္ကိုယ္လုံးအနက္ေရာင္အခိုးအေငြ႕ေတြျဖင့္ဖုံးလႊမ္းထားသည့္သတၱဝါႀကီးသည္ျဖတ္လတ္စြာျဖင့္သားရိုင္းေကာင္ႀကီးကဲ့သို႔ဆုတ္ၿဖဲမည့္ဟန္ရွိေနသည္။

ေဝထန္စီဟာၾကမ္းျပင္ထက္သို႔လွိမ့္ကာေရွာင္လိုက္ျပန္သည္။သူ႕တစ္ကိုယ္လုံးမွာမၾကာခင္ေလးတင္မွေရခ်ိဳးထားေသာ္လည္းေခြၽးေတြ႐ႊဲနစ္ေနသည္။ၾကမ္းျပင္ထက္၌ပိုးလိုးပက္လက္ျဖင့္ေဝထန္စီသည္ေၾကာက္မက္ဖြယ္ရာထိုအရာႀကီးအားသတိႏွင့္စိုက္ၾကည့္ေနစဥ္မွာပင္သူ႕ရဲ႕လက္ဖ်ားျဖင့္တစ္စုံတစ္ခုအားထိေတြ႕မိလိုက္သည္အားခံစားလိုက္ရသည္။

အေသအခ်ာၾကည့္လိုက္ေတာ့သူ႕ရဲ႕ေပ်ာက္သြားတဲ့စာ႐ြက္ေလး။

ေမေမေရ.....

ေမေမ့သားရဲ႕ကံ,က႐ုတ္တရတ္ႀကီးဘုရားပြင့္လာသလိုပါပဲလား.....

ေဝထန္စီ၏တုံ႕ဆိုင္းသြားမႈကိုအခြင့္ေကာင္းယူကာ၎အနက္ေရာင္အခိုးအေငြ႕အတြင္း၌ပုတ္ပြေနသည့္အသားစ၊ကြက္တိကြက္ၾကားျဖင့္အရိုးေျခာက္ပမာလက္ႏွစ္ဖက္ဟာထြက္ေပၚလာသည္။

၎လက္ႀကီးႏွစ္ဖက္မွာေဝထန္စီ၏ရင္ဘက္ထဲသို႔ေဖာက္ထြက္သြားေတာ့မည့္အခ်ိန္၌သူ႕လက္ထဲရွိအေဆာင္စာ႐ြက္ေလးဟာကံေကာင္းေစသည့္ေ႐ႊေရာင္အလင္းတန္းေတြျဖာထြက္လာလ်က္ထိုအရာႀကီးအားျပင္းထန္စြာလြင့္ထြက္သြားေစသည္။

ထိုစာ႐ြက္ေလးဆီ၌ကံေကာင္းေစသည့္ေ႐ႊေရာင္အလင္းတန္းေလးတစ္ျဖစ္လဲ၊သန့္စင္သည့္ယန္စြမ္းအင္ဟာေဝထန္စီ၏ခႏၶာကိုယ္အားရစ္ပတ္လာၿပီးေတာက္ပစြာကာကြယ္လာ၏။

ေဝထန္စီ၏မ်က္ႏွာမွာျဖစ္လာသမွ်အျဖစ္အပ်က္ေတြကိုအေတာ္ေလးေၾကာင္အေနၿပီးေနာက္တြင္ၾကမ္းျပင္ထက္တြင္အားနည္းသြားသည့္ဟန္ျဖင့္အနက္ေရာင္အခိုးအေငြ႕ေတြရစ္ပတ္ေနေသာထိုအရာကိုသာစိုက္ၾကည့္ေနမိသည္။

စာ႐ြက္ေလးဆီကကံေကာင္းေစေသာအလင္းတန္းေလးမွာေပ်ာက္ကြယ္သြားၿပီျဖစ္ေပမယ့္ေဝထန္စီအေနနဲ႕ညအေမွာင္ရံတြင္ေနဆယ္စင္းရွင္းရွင္းလင္းလင္းထြက္ေပၚလာသလိုခံစားေနရေသးသည္။

သူ႕ရဲ႕မ်က္လုံးေတြမွာသူမတူေအာင္ေတာက္ပလာရင္းသူ႕လက္ထဲကစာ႐ြက္ေလးကိုသာတင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ထားမိသည္။

အနက္ေရာင္အခိုးအေငြ႕သ႑ာန္အရာႀကီးမွာတစ္ခ်က္မွ်ေခါင္းေထာင္လာၿပီးေနာက္တြင္အားနည္းသြားသည့္ဟန္ျဖင့္ပြင့္ဟေနသည့္ျပတင္းေပါက္ကေနတစ္ဆင့္အျပင္သို႔ေျပးထြက္ေပ်ာက္ကြယ္သြားသည္။၎အားၾကည့္ရသည္မွာအေဆာင္စာ႐ြက္ေလးအားအေတာ္ေလးေၾကာက္လန့္သြားဟန္ရသည္။

ေဝထန္စီဟာတုန္တုန္ရီရီျဖင့္အားတင္းကာမတ္တပ္ထရပ္လိုက္ၿပီးျပတင္းေပါက္ဆီသြား၌တင္းတင္းၾကပ္ၾကပ္ျဖင့္လွ်င္ျမန္စြာပိတ္လိုက္သည္။

ထို႔ေနာက္ၾကမ္းျပင္ထက္ရွိအေမႊးပြေကာ္ေဇာထက္သို႔ပစ္လွဲခ်မိလိုက္ၿပီးတစ္ကိုယ္လုံးေခြၽးေစးေတြျဖင့္ေမာပန္းစြာအသက္လုရႈေနရသည္။သူမၾကာေသးခင္ကမွအသက္အႏၱရာယ္ကေနကပ္သီးေလးလြတ္ေျမာက္လာတာျဖစ္သည္။

ဤသည္မွာအေတာ္ေလးထိတ္လန့္ဖြယ္ေကာင္းလြန္းလွသည္။အခန္းထဲမေနရဲေတာ့သည္အထိေၾကာက္လန့္ေနမိေပမယ့္မိဘေတြဆီလည္းသြားဖို႔ရန္မဝံ့ေပ။

သူ႕အသက္ေတာင္မေသခ်ာျဖစ္ေနခ်ိန္မွာမိဘႏွစ္ပါးကိုပါအႏၱရာယ္ေတာထဲဆြဲေခၚရသည္အထိသူတုံးအ,မေနေခ်။

ေကာင္းလိုက္တာ.....

သူအသက္ရွင္ေနေသးတယ္....

ေဝထန္စီဟာသူ႕လက္ထဲကစာ႐ြက္ေလးကိုတင္းတင္းၾကပ္ၾကပ္ျဖင့္မလႊတ္တမ္းဆုတ္ကိုင္ထားမိသည္။သူ႕လက္ေတြေပ်ာ့ေခြခ်င္ေနေပမယ့္လႊတ္မခ်ရဲေပ။

၎ကအရမ္းေၾကာက္စရာေကာင္းလြန္းသည္။

_________________________________________________________________

Continue lendo

Você também vai gostar

12.5K 754 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...
364K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
634K 84.6K 143
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
15.1K 1.2K 20
CFY×LYX= Love Starting date- 9.6.2020 Finish date- 3.8.2020