"Hyung.."
တိတ်ဆိတ်မှောင်မဲနေသည့်တိုက်ခန်းရဲ့အလည်တွင်တိုးတိတ်ညင်သာသည့်သူ၏ခေါ်သံသည်နားစည်အတွင်းပိုင်းအထိတိုးတိုက်ကာမြည်ဟီးတုန်ခါ၏။ သူ.. ဘယ်အချိန်ပြန်လာ,ပြန်လာအမြဲရင်ဖွင့်ကြိုတတ်သည့်သူ့ရဲ့ Hyungက.. အခုတော့သူ့အနားကနေအပြီးတိုင်ထွက်သွားခဲ့ပြီ။ ရင်နာသည့်ခံစားချက်ဟာဒီလိုပဲလားဟုတွေးမိတော့မျက်ရည်တွေရပ်တန့်သွားအောင်ကြေကွဲစို့နင့်ကာအသက်ရှူနေရတာတောင်အဓိပ္ပါယ်မရှိတော့သလို..
သူ့ခန္ဓါကိုယ်သည်အဝတ်စတစ်စပစ်ချသလိုပုံခနဲပြိုကျသွား၏။ ပုထုစဥ်လူသားပေမို့အတ္တကြီးစွာကိုယ့်အပြစ်ကိုယ်မမြင်ဘဲ'ဘာလို့များမစောင့်ခဲ့တာလဲ'ဆိုပြီးအပြစ်ဖို့ကာစိတ်နာချင်သည်။ သူကဖြင့်.. ဆက်ဆက်ပြန်လာခဲ့မယ်ဆိုတဲ့ကတိလည်းမပေးခဲ့ဘဲနဲ့...
ကြမ်းပြင်ပေါ်တွင်ပစ်စလတ်ခတ်လှဲချပစ်လိုက်ပြီးသူကပက်လက်အနေအထားဖြင့်အချိန်ကြာညောင်းစွာမလှုပ်မယှက်နေ,နေရင်းကြေကွဲဝမ်းနည်းခြင်းမှငိုက်မျဥ်းထိုင်းမှိုင်းခြင်းသို့ရောက်ရှိသွားတော့၏။ ထို့နောက်သူကိုယ်တိုင်သတိမထားမိလိုက်ဘဲအိပ်ပျော်သွားလေတော့သည်။ သို့ရာတွင်ညဥ့်လယ်ယံမှာပင်ပြန်၍နိုးလာပြီးအထီးကျန်ဘဝကိုပထမဆုံးခံစားသိရှိလိုက်ရသည်။ ရှေ့ဆက်ပြီးအခုလိုပဲအထီးကျန်ညတွေကိုကျော်ဖြတ်ရတော့မှာလားလို့တွေးမိတော့ပက်လက်အိပ်နေလျက်မှ မျက်ဝန်းထောင့်စွန်းနှစ်ဖက်ကနေမျက်ရည်နှစ်ကြောင်းစီးဆင်းကျသွား၏။ သူ့ဘဝထဲမှာအလင်းရောင်ဆိုတာပျောက်ဆုံးသွားခဲ့ပြီပဲ..
"ဟင်"
အခန်းထောင့်တစ်နေရာမှလက်ခနဲအရာတစ်ခုကိုမြင်လိုက်ရ၍ထိုနေရာသို့အဆောတလျင်ပြေးကြည့်မိတော့တွေ့လိုက်ရတာက hyung ရဲ့လက်စွပ်လေး.. အမှောင်ထဲမှာထင်ရှားနေသည့်လက်စွပ်လေးနှင့်အပြိုင်သူ့ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးကလည်းတဖန်ပြန်ပြီးသက်ဝင်လှုပ်ရှားလာသည်။ hyung နဲ့သူနဲ့ကြားမှာဖူးစာအမျှင်တန်းလေးကရှိနေတုန်းပါလားဆိုတဲ့မျှော်လင့်ချက်ဖြင့်ထိုလက်စွပ်လေးကိုလက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ဒီလက်စွပ်လေးသူ့လက်ထဲမမျှော်လင့်ဘဲရောက်လာသလို hyung လည်းတနေ့သူ့ဆီကိုပြန်ရောက်လာမှာပါ။ ဒါပေမယ့်...
"ဘာ! လက်ထပ်ပြီးသွားပြီ.. ဟုတ်လား"
"ဟုတ်ပါတယ်။ကင်ဆော့ဂျင်နဲ့ဘန်ယူဂျောင်းကမင်္ဂလာပွဲမကျင်းပခဲ့ဘူးဆိုပေမယ့်တရားရုံးမှာနှစ်ဦးသဘောတူတရားဝင်လက်ထပ်မှတ်ပုံတင်ပြီးပါပြီ"
ကြားလိုက်ရတဲ့စကားတို့ကနွေခေါင်ခေါင်မှာပြင်းထန်သောလျှပ်စစ်မိုးကြိုးပစ်ချခြင်းထက်အဆပေါင်းရာထောင်မကပြင်းထန်ဆိုးရွားသည်။ နောက်ဆုံးတော့.. လက်ကျန်မျှော်လင့်ချက်လေးကလည်းလေထဲမှာအစတောင်ရှာမရအောင်ပျောက်ဆုံးသွားခဲ့ပြီ။
"ဒါ.. ဒါ.. အမှန်တွေမဟုတ်ဘူး"
အဓိပ္ပါယ်မရှိစွာခေါင်းခါရင်းမငိုစဖူးမျက်ရည်တွေကျလာတာချောင်းရေလျှံသလိုတသဲ့သဲ့နှင့်ဖြစ်သည်။ ချစ်ခြင်းကိုမှတောင့်တတတ်လာပြီဖြစ်တဲ့နှလုံးသားတစ်ခုလုံးဆွဲနှုတ်အယူခံလိုက်ရသည်ထက်အခံရဆိုးသည့်ဝေဒနာကသူ့အသက်ခန္ဓါနှင့်စိတ်ဝိဉာဥ်တစ်ခုလုံးကိုဝါးမျိုသွား၏။ ဒါတွေဟာ.. ဖြူစင်တဲ့ hyung ရဲ့မေတ္တာကိုပြက်ရယ်ပြုခဲ့မိလို့ရလိုက်ရတဲ့ပြစ်ဒဏ်ဆိုရင်..ဒီဝေဒနာတွေကသူနဲ့ထိုက်တန်ပါတယ်လေ..
"တစ်သက်လုံးနောင်တတွေနဲ့နေကြည့်ပေါ့.."
ရိုဘင်ပြောခဲ့ဖူးတဲ့စကားတွေကနားထဲမှာကျယ်လောင်လိုက်၊ တိုးသွားလိုက်.. ဟုတ်ပါတယ်။ သူဟာ..နောင်တတွေနဲ့ပဲထိုက်တန်ပါတယ်။ အဲ့ဒါကြောင့်နောင်တတရားတွေကိုရင်မှာပိုက်ရင်း.. ဒီနိုင်ငံကနေအပြီးထွက်သွားဖို့ဆုံးဖြတ်ချက်ချလိုက်သည်။ ဒါပေမယ့် ထွက်မသွားခင် hyungရဲ့မျက်နှာလေးကိုနောက်ဆုံးအနေနဲ့သွားကြည့်ခဲ့သေးသည်။ အရင်ကပိုင်ဆိုင်ဖူးခဲ့တဲ့အသိနဲ့အခုအဝေးကနေခိုးကြည့်ပြီး hyung ပျော်နေမယ်ဆိုရင်သူလည်းမျက်ရည်တွေကြားထဲကပြုံးပေးရမှာပေါ့..
"Hyung ရယ်"
သူ့နှုတ်ဖျားမှတိုးဖွဖွအသံထွက်သွားသည်။သူ့မျက်စိရှေ့မှာမြင်နေရတာက hyung ရယ်.. ပြီးတော့ hyung ဘေးနား၌ပခုံးထိရှည်သောဆံပင်အဖြောင့်နှင့်မိန်းကလေးတစ်ယောက်။ hyung ကထိုမိန်းကလေးကိုထွေးပွေ့လိုသောကရုဏာတရားများနှင့်ကြည့်နေပြီးနှုတ်ခမ်းတွေကအပူပင်ကင်းစွာပြုံးနေသည်။ နောက်ဆုံးတော့.. hyung အမြဲတမ်းတောင့်တခဲ့ရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ခွင့်ရပြီပေါ့နော်..
ထိုမြင်ကွင်းကိုမျက်ဝါးထင်ထင်မြင်လိုက်ရတော့လည်းသူ့မှာသဘောထားမကြီးနိုင်။ခေါင်းငိုက်စိုက်ချကာအရှုံးသမားလိုလေးဖင့်စွာကျောခိုင်းလှည့်ထွက်ခဲ့သည်။ ပူနွေးစွာလိမ့်ဆင်းလာသည့်မျက်ရည်တို့ကခေါင်းအငုံ့မှာပါးပြင်ပေါ်အတားအဆီးမဲ့ဝေါခနဲပြိုဆင်းသည်။
Hyung ရဲ့နှလုံးသားမှာသူတကယ်မရှိတော့တာလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဪ... သမီးကဆာရန်းကိုး"
ဆားရန်းရဲ့အရပ်နှင့်တစ်တန်းတည်းဖြစ်စေရန်ဆာရန်း အရှေ့တွင်မုဆိုးဒူးထောက်ထိုင်ကာဆာရန်းရဲ့မျက်နှာကိုသေချာစွာစိုက်ကြည့်လိုက်သည်။ ဆာရန်းကတော့မျက်တောင်လေးပုတ်ခတ်,ပုတ်ခတ်ဖြင့်သူ့ကိုအကဲခတ်သလိုငေးကြည့်နေ၏။ အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင်.. သူ့ဘက်က hyung နဲ့ပတ်သက်ရင်ဘယ်လိုအခြေအနေမျိုးကိုမဆိုလက်ခံနိုင်လိမ့်မည်လို့ခံယူထားသော်လည်း တကယ်တမ်းဆာရန်းကိုတွေ့လိုက်ရတော့ hyung ရဲ့သမီးလေးပါလားဆိုတဲ့အတွေးနဲ့တင်ရင်ဘတ်ထဲတွင်အောင့်သက်သက်ဖြစ်လာသည်။ အချိန်တော့နည်းနည်းယူရမယ်ဆိုပေမယ့် hyung ချစ်တဲ့အရာမှန်သမျှကိုသူကလည်းလိုက်ချစ်ပေးနိုင်ပါသည်။
"ဦးလေးကဘယ်သူလဲ။ ဆာရန်းကိုသိလို့လား"
သူကဆာရန်း၏ခေါင်းလေးကိုညင်သာစွာပုတ်လိုက်ပြီးခေါင်းကိုယမ်းကာ...
"ဆာရန်းကိုတော့မသိပါဘူး။ ဒါပေမယ့်...ဦးက ကလေးမလေးရဲ့Appa ရဲ့.. သူငယ်ချင်းပါ"
"အဲ့ဒါလိမ်တာ.. ဆာရန်းရဲ့ Appa မှာသူငယ်ချင်းမရှိဘူး"
"ရား.. Appa မှာဘာလို့သူငယ်ချင်းမရှိရမှာလဲ။ ရှိတာပေါ့.. အများကြီးရှိတယ်"
"ဟုတ်လည်းမဟုတ်ဘဲနဲ့"
"ဟုတ်ပါတယ်ဆို.. Appa မှာသူငယ်ချင်းရှိတယ်"
ဆာရန်းရဲ့စကားကြောင့်ငေးကြောင်နေတဲ့ hyung ကအခုမှသတိဝင်လာပုံရပြီးဆာရန်းကိုနှုတ်ခမ်းလေးတထော်ထော်နှင့်ဝင်ငြင်းတော့သည်။ အိမ်နေရင်းမို့တီရှပ်ခပ်ပွပွနှင့်ဘောင်းဘီတိုလေးကိုသာပေါ့ပါးစွာဝတ်ဆင်ထားတော့ဖြောင့်စင်းနေသောနို့နှစ်ရောင် ခြေတံသွယ်သွယ်လေးမှာဒူးခေါင်းလေးတွေကအစပန်းနုရောင်လေးသမ်းနေတာကအသည်းယားဖွယ်..
ပြီးတော့ဆာရန်းနဲ့ဆော့နေရင်းကမန်းကတန်းထထွက်လာရလို့ထင်..ဆံပင်ကိုကြက်တောင်စီးနှစ်ဖက်ခွဲစီးထားပြီးနဂိုပန်းရောင်သမ်းနေသောပါးပြင်လေးကပါးနီအရောင်ကြောင့်ပိုမိုဝင်းနစ်ကာစိုလက်နေသည့်နှင်းဆီဖူးနှုတ်ခမ်းလေးကလည်းငုံထွေးချင်စရာ.. ပြာလဲ့နေသောမီးရောင်အောက်တွင်လှချင်တိုင်းလှနေသည့်hyung ရဲ့မျက်နှာလေးကိုတမ်းတစွာငေးရင်း..သမီရှိတဲ့အဖေတိုင်းကသမီးအလိုကျဒီလိုပဲလိုက်ဆော့ပေးရတာပါလားလို့တွေးမိတော့.. မရင့်ကျက်ဘူးလို့ပဲပြောပြော..ကလေးဆန်တယ်လို့ပဲဝေဖန်,ဝေဖန်.. သူကတော့ hyung ရဲ့အချစ်တွေအားလုံးကိုအပြည့်အဝပိုင်ဆိုင်ထားတဲ့ဆာရန်းကိုမနာလိုစိတ်ဝင်မိသည်။
"အဲ့ဒါဆို.. ဒီ.. ဦးလေးက Appa ရဲ့သူငယ်ချင်းဆိုတာသေချာလား"
လက်ကိုပိုက်၍မေးဆတ်ပြပြီးမေးပုံကမသိရင်သူ့ကိုတရားခံစစ်,စစ်နေသည့်အတိုင်းပင်။ ဒီကလေးမလေးကတော့လွယ်လွယ်ကူကူနဲ့စည်းရုံးလို့ရလိမ့်မည်မထင်။
"မဟုတ်.."
Hyung စကားမဆုံးခင်သူကကြားထဲမှဝင်၍..
"ဒါပေါ့.. ဦးနဲ့ကလေးမလေးရဲ့ Appa နဲ့ကအလုပ်တစ်ခုတည်းမှာအတူတူလုပ်ကြတာ"
"ဟွန်း.. အဲ့ဒါဆိုသူငယ်ချင်းဘယ်ဟုတ်ပါ့မလဲ။ လုပ်ဖော်ကိုင်ဖက်ပေါ့။ ဝေါဟာရဆိုတာမှန်မှန်ကန်ကန်သုံးရတယ်ဦးလေးရဲ့"
ကောင်းရော.. ဂျောင်ကုတစ်ယောက်ကိုယ့်နဖူးကိုယ်တောင်ပြန်ရိုက်ချင်စိတ်ဖြစ်မိသည်။ ကလေးဆိုပြီးအချဥ်သွားဖမ်းလို့မရအောင်ကို လည်လိုက်တာမှမွှတ်နေရော.. ကြည့်ရတာတော့.. အမေတူသမီးဖြစ်နိုင်သည်။
"ဟဲ့.. ဟိုသားအဖ.. တော်ရုံပဲစပ်စုကြလေ။ ညစာမစားကြတော့ဘူးလား"
ထိုစဥ်.. အသက်ခြောက်ဆယ်အရွယ်အမျိုးသမီးကြီးတစ်ဦးကယောက်မကြီးကိုင်ကာသူတို့နားကိုရောက်လာပြီးသူ့ကိုလည်းမြင်တော့ချိုသာစွာပြုံးပြသည်။ သူကရိုသေစွာခါးကိုင်း၍ဦးညွတ်နှုတ်ဆက်လိုက်ပြီး..
"မင်္ဂလာပါ။ ကျွန်တော်ကအန်တီတို့ရဲ့အပေါ်ထပ်ကိုအခုမှပြောင်းလာတဲ့အိမ်ငှား ဂျွန်ဂျောင်ကုပါ"
"အေးကွယ်။ မောင်ရင်ကတစ်ယောက်တည်းပဲလား... မိသားစုရော မပါဘူးလား"
"မပါဘူးခင်ဗျ။ ကျွန်တော်တစ်ယောက်တည်း"
"တစ်ယောက်တည်းဆိုတော့.. နောက်လည်းတို့အိမ်ကိုမကြာမကြာဝင်လို့၊ထွက်လို့ရတယ်နော်"
"ဟုတ်ကဲ့"
သူကရွှင်မြူးစွာ hyung ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့မကျေမချမ်းမျက်လုံးများဖြင့်သူ့ကိုမျက်စောင်းတရွယ်ရွယ်လုပ်နေသည့်စူပုပ်ပုပ်မျက်နှာလေးနှင့်တန်းခနဲဆုံသည်။
"ဒါနဲ့.. မောင်ရင့်ရဲ့အလုပ်အကိုင်က.."
"ဒီက.. hyung နဲ့ အလုပ်တစ်ခုတည်းမှာအတူတူလုပ်တာပါခင်ဗျ"
"ဟုတ်လား.. ဒါဆို ငါတို့ဆော့ဂျင်နဲ့ရင်းနှီးပြီးသားပေါ့"
"ဟုတ်ကဲ့။ ဒါပေမယ့်.. အခုမှရင်းနှီးတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက.. သိကျွမ်းခဲ့ကြတာ"
"ဪ.. မိတ်ဟောင်းဆွေဟောင်းတွေပေါ့။ တွေ့ရတာဝမ်းသာပါတယ်ကွယ်။ အန်တီကဆော့ဂျင်ရဲ့..."
"ယောက္ခမ.. ယောက္ခမဆိုပေမယ့်အမေအရင်းလိုပဲ"
ဆော့ဂျင်ကထိုစကားကိုတမင်သက်သက်ခပ်ကျယ်ကျယ်ပြောလိုက်သည်။ ဂျောင်ကုရဲ့မျက်နှာကွက်ခနဲတစ်ချက်ပျက်သွားတာမြင်လိုက်ပေမယ့်နှုတ်ခမ်းတွေကပြုံးထားဆဲ.. ပြီးတော့.. အံ့ဩဟန်လည်းမပြ။ ဆာရန်းကိုတွေ့ကတည်းကဂျောင်ကုရဲ့အမူအရာကအထူးတည်ငြိမ်နေတာကိုဆော့ဂျင်သတိထားမိ၏။ ဘာဖြစ်လို့ပါလိမ့်.. သူနဲ့ယူဂျောင်းရဲ့အကြောင်းကိုဂျောင်ကုသိနေခဲ့တာများလား..
"အန်တီတို့က ညစာစားကြမလို့။ မောင်ရင်မစားရသေးဘူးဆိုရင်.."
"ဟုတ်။ ကျွန်တော်လည်း..."
"အဖွားကလဲ.. ဦးလေးကဘယ်လိုလုပ်စားနိုင်ဦးမှာလဲ။ သူ့မှာပစ္စည်းတွေနေရာချဖို့စီစဥ်ရဦးမယ်လေ"
Aish!ဒီပေါက်စလေးကတော့.. hyung နဲ့ထမင်းလက်စုံစားခွင့်ရမယ့်အခွင့်အရေးမို့သူအားရဝမ်းသာစွာပြန်ဖြေဖို့ပြင်နေတုန်း.. ကြားကနေဝဖြတ်ပြောလိုက်တဲ့ပေါက်စလေးကိုဘုကြည့်ကြည့်ပစ်ချင်ပေမယ့်အားလုံးရဲ့ရှေ့မှာမို့ဟန်ဆောင်ပြုံးနေရတာသိပ်တော့မလွယ်ကူ။
"ဘယ်လောက်ပဲအလုပ်များပါစေ.. ထမင်းစားဖို့အချိန်ပေးနိုင်.."
"အခုမှရောက်ခါစကိုသူစိမ်းအိမ်မှာဘယ်စားချင်ပါ့မလဲ။ အတင်းမခေါ်ပါနဲ့။ ပြီးတော့သူကသူများနဲ့ထမင်းအတူမစားတတ်ဘူး"
ဂျောင်ကုရဲ့စကားကိုအဆုံးမခံဘဲ.. ဆော့ဂျင်ကဝင်ဖြတ်ပြောတော့ အင်တင်တင်ဖြစ်သွားတဲ့ဂျောင်ကုရဲ့မျက်နှာကိုကြည့်ပြီးရယ်ချင်စိတ်ကိုမျိုသိပ်ထားရသည်။
"အဲ့လိုမဟုတ်.."
"Appa.. ဆာရန်းဗိုက်ဆာပြီ။ သွားစားကြမယ်။ အဖွားလည်းလာ"
"အင်း.. သွားကြမယ်"
ဆာရန်းရဲ့လက်ကိုဆွဲပြီးထိုနေရာမှလှည့်ထွက်ခဲ့သည်။ အမေကတော့ဂျောင်ကုကိုနှုတ်ဆက်စကားပြောပြီးမှအနောက်ကနေလိုက်လာသည်။ အိမ်ထဲရောက်တော့ဆာရန်းက..
"အဲ့ဒီ့ဦးလေး.. Appa ကိုကြည့်တဲ့အကြည့်တွေကိုဆာရန်းသဘောမကျဘူး"
"ဟင်"
"မသိရင်.. Appa ကသူ့ရဲ့ကမ္ဘာကြီးကျနေတာပဲ"
"ဘယ်လို"
"ဆာရန်းရဲ့ Appa ကိုဆာရန်းဆီကလုယူမယ့်လူမို့ပိုသဘောမကျဘူး"
ဆာရန်းရဲ့စကားတွေကသူ့အာရုံတွေကိုမှုန်ဝါးစေတယ်ဆိုတာကိုဝန်ခံပါသည်။ ညစာစားပြီးလို့အခန်းထဲရောက်သည့်တိုင်ထိုစကားတို့ကိုသာနားထဲတွင်ပြန်ကြားယောင်နေမိသည်။ 'Appa ကသူ့ရဲ့ကမ္ဘာကြီးကျနေတာပဲ' တဲ့..
ပြီးတော့ ဂျောင်ကုကိုယ်တိုင်ကလည်းပြောခဲ့ဖူးသည်.. 'ကျွန်တော့်ရင်ထဲမှာဘာတွေရှိနေလဲဆိုတာဘာလို့မြင်အောင်မကြည့်နိုင်တာလဲ' တဲ့။ တကယ်.. သူပဲမမြင်နိုင်ခဲ့တာလား..
"နေပါဦး.. ငါကအခု ခြောက်နှစ်သမီးပြောတဲ့စကားကိုယုံပြီးအတွေးလွန်နေတာလား"
"ဝါး.. ကင်ဆော့ဂျင်.. မင်းတော်တော်ရူးတာပဲ"
ကိုယ့်ကိုယ်ကိုအပြစ်တင်စကားဆိုရင်းမှန်ထဲမှာမြင်နေရတဲ့ကိုယ့်ရုပ်သွင်ကိုယ်ပြန်ကြည့်မိတော့..
"ဘာလဲ.. ငါကဒီပုံနဲ့အပြင်ထွက်သွားမိတာလား။ အား.. ရှက်စရာကောင်းလိုက်တာ"
ခေါင်းကကြက်တောင်စီးလေးကိုအလျင်အမြန်ဖြုတ်၍ ပါးနီနဲ့နှုတ်ခမ်းနီတွေကို wet tissue နဲ့ပွတ်နေစဥ်..
~ဒုန်း~
"အမေ့! ဘာလဲဟ"
~ဒုန်း~
အပေါ်ထပ်မှလာသည့်အသံတဒုန်းဒုန်းကြောင့်လန့်သွားသည်။
"ဟိုကောင်.. ဘာတွေများလုပ်နေတာတုန်း။ လူအိပ်ချိန်တောင်ရောက်နေပြီဟာကို"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
~ဒုန်း.. ခလွမ်း~
လက်ထဲမှဒယ်ပြားကိုကြမ်းပေါ်သို့လွှတ်ချကာအပြင်ဘက်သို့နားစွန့်ကြည့်ပေမယ့်ဘာအသံမှမကြားရ..တံခါးဝတွင်ခေါင်းပြူကာချောင်းကြည့်တော့လည်းဘာအရိပ်အယောင်မျှမတွေ့။အဲ့တော့လည်းလူတစ်ကိုယ်လုံးထွက်ပြီးအပေါ်ကနေအောက်ထပ်ကိုပြုတ်ကျလုမတတ်ငုံ့ကြည့်ရသည်။ ဒါပေမယ့်အောက်ထပ်မှာဘာလှုပ်ရှားမှုမျှမတွေ့ရ။
"မကြားလို့များလား။ ဒီ့ထက်လေးတဲ့ပစ္စည်းတွေပစ်ချလိုက်ရမလား"
"မသင့်တော်ပါဘူးလေ.. လူကြီးလည်းရှိတော့အားနာစရာကောင်းပါတယ်"
အကြံအစည်တွေကအထမမြောက်တော့သက်ပြင်းကိုသာအကျယ်ကြီးချ၍မြင်နေရသည့်ညရှုခင်းကိုသာငေးကြည့်နေလိုက်သည်။ သူ့အခန်းကခေါင်မိုးထပ်တွင်ရှိတာကြောင့်အိမ်ရှေ့တွင်ကွတ်ပျစ်တစ်လုံးရှိပြီးထိုကွတ်ပျစ်တွင်ထိုင်ရုံနှင့်မီးရောင်တွေတလက်လက်နှင့်ရှုမငြီးအောင်လှသည့်ဆိုးလ်မြို့၏ညရှုခင်းကိုအပေါ်စီးမှစီးမိုးမြင်နိုင်သည်။ အရပ်မျက်နှာဘက်ပေါင်းစုံမှသုန့်မြူးလာသည့်လေပြေအေးတို့ကလည်းစိတ်နှလုံးကိုလန်းဆန်းစေပါသည်။
"မဆိုးပါဘူး။ ဒီလိုကျတော့လည်းငါ့ Penthouse နဲ့သိပ်မကွာဘူး"
ထိုစဥ်.. အောက်ထပ်မှတံခါးဖွင့်သံသဲ့သဲ့ကြားလိုက်ရသည်။ သူငုံ့ကြည့်လိုက်တော့တိမ်တိုက်လေးလိုအရိပ်ငယ်လေးကလှေကားရှိရာသို့တရွေ့ရွေ့ချဥ်းကပ်လာတာကိုမြင်လိုက်ရ၍ထခုန်မိမတတ်ဝမ်းသာသွားသည်။ သို့ပေမယ့်အကြာကြီးပျော်ချိန်မရဘဲhyungမရောက်လာခင်အိမ်ထဲသို့ကမန်းကတန်းအပြေးဝင်ရသည်။
"အား! သေပါပြီ"
အိမ်ထဲစီးဖိနပ်ကိုသာစီးထားမိတော့တံခါးရှေ့တွင်ခြေချော်ကာဗိုင်းခနဲပစ်လဲ၏။ တင်ပါးတစ်ခုလုံးအောင့်ခနဲနာသွားပေမယ့်ဂရုမထားနိုင်ဘဲအလျင်အမြန်ထကာတံခါးကိုဖွင့်တော့တံခါးကလော့ကျနေသည်။
"Sh.. passcode ကဘာပါလိမ့်"
လူကလျှပ်ပြာ,လျှပ်ပြာဖြစ်နေတော့ passcode ကလည်းတော်တော်နဲ့မမှန်.. သုံး,လေးခါလောက်နှိပ်ပြီးမှ hyung ရောက်မလာခင်လက်မတင်လေးအလိုမှာပဲအောင်မြင်စွာနဲ့အိမ်ထဲဝင်နိုင်ခဲ့သည်။
"ဟူး.. တော်သေးလို့"
သူကတော့တစ်ယောက်တည်းဖြစ်ပျက်နေရတာ.. တံခါးအောက်မှမြင်နေရသည့်အရိပ်ငယ်လေးကတော့အိမ်ရှေ့မှာအတန်ကြာအောင်ရပ်ပြီးတံခါးလည်းမခေါက်.. ကြည့်ရတာတွေဝေနေပုံရသည်။ မဖြစ်ချေဘူး.. တော်ကြာဒီအတိုင်းလှည့်ပြန်သွားရင်ဘယ်လိုလုပ်မလဲ။ အဲ့တော့သူကပဲအရင်ဦးအောင်တံခါးဖွင့်ပြီး..
"ဪ.. hyung"
"အမလေး!"
တံခါးရှေ့မှာလက်သည်းကိုက်ပြီးရပ်နေတဲ့hyung ကဖျတ်ခနဲတံခါးပွင့်လာသည့်သူ့ကိုလည်းမြင်တော့ကိုယ်လုံးလေးတွန့်ခနဲဖြစ်အောင်လန့်သွားပြီးရင်ဘတ်ပေါ်တွင်လက်ကလေးကိုဖိထားသည်။
"ရား.. ဒီအချိန်ကြီးဆူညံ,ဆူညံလုပ်လို့မရ.."
"Hyung ရောက်လာတာနဲ့အတော်ပဲ.. ကျွန်တော့်ကိုနည်းနည်းလောက်ကူညီပေးစမ်းပါ"
"အမ်"
ရန်တွေ့ဖို့မောင်းတင်ထားတဲ့လက်ညှိုးကောက်ကောက်ကလေးက လေထဲမှာတန်းလန်းလေးဖြစ်သွားရှာသည်။ ပြီးတော့ညိုလဲ့လဲ့မျက်ဝန်းအိမ်လေးကအတန်ငယ်ပြူးကျယ်သွားပြီးနှုတ်ခမ်းဖူးဖူးလေးကလည်း'အို'ပုံသဏ္ဍာန်ခပ်ဟဟဖြစ်သွား၏။သူက hyung ကြောင်အမ်းအမ်းဖြစ်နေတာကိုအခွင့်ကောင်းယူ၍လေထဲတွင်တန်းလန်းဖြစ်နေသောလက်ညှိုးလေးကိုဆွဲကာအိမ်ထဲသို့ဆွဲသွင်းလိုက်သည်။ hyung ကလည်းထိုမျက်နှာလေးနှင့်ပင်.. သူဆွဲခေါ်ရာနောက်သို့အလိုက်သင့်လေးပါလာသည်။
"Hyung ကမီးဖိုချောင်ဘက်ကိုနည်းနည်းနေရာချပေး။ ကျွန်တော်ကအိပ်ရာပြင်လိုက်ဦးမယ်။ မဟုတ်ရင်ဒီညအိပ်စရာနေရာတောင်ရှိမှာမဟုတ်ဘူး"
"ဒီကိုလာတာ.. ဒါတွေလုပ်ဖို့မဟုတ်.. ရား.. ပစ္စည်းတွေကလည်းရှုပ်ပွနေတာပဲ။ ခြေချစရာနေရာတောင်မရှိဘူး"
ခြေချစရာဘယ်ရှိပါ့မလဲ.. သူကိုယ်တိုင်ကြမ်းပေါ်တစ်ခုပြီးတစ်ခုပစ်ချထားတာကိုး။
"ခုနကလူတွေအများကြီးတွေ့လိုက်ပါတယ်။ သူတို့ကဘာမှမကူညီသွားဘူးလား"
"သူတို့ကတော့ပစ္စည်းရွှေ့ပြောင်းရေးအေဂျင်စီကဆိုတော့ပစ္စည်းအသယ်အချလောက်ပဲလုပ်ပေးမှာပေါ့"
"တစ်ယောက်တည်းမနိုင်ရင်လည်းသူငယ်ချင်းတွေဘာတွေခေါ်ပြီးအကူအညီတောင်းပေါ့။ ကြည့်ပါဦး.. လုပ်ထားတာလည်းရှုပ်ပွနေတာပဲ"
နှုတ်ခမ်းနီနီဖူးဖူးလေးကတလှုပ်လှုပ်ဖြင့်တတွတ်တွတ်ပြောနေသော်လည်းလက်ကတော့အခန်းထဲမှာအမြင်မတော်သောအစီအစဥ်မကျရှုပ်ပွခြင်းတွေကိုမြန်မြန်ဆန်ဆန်ထားသိုသိမ်းဆည်းနေသည်။ ဂျောင်ကုကထိုကဲ့သို့လှုပ်ရှားမှုမှန်သမျှကိုမျက်တောင်ဖျားတွေစင်းကြည့်ရင်းရင်ထဲမှာကြည်နူးမှုကအတိုင်းအဆမဲ့။ hyung ကိုနှစ်တွေအကြာကြီးတမ်းတခဲ့ရသမျှ.. ဒီညလိုထိုပုံရိပ်လေးတွေကိုပြန်လည်ပိုင်ဆိုင်ခွင့်ရမယ့်အခွင့်အရေးမျိုးကိုအိပ်မက်တောင်မက်ခွင့်မရှိတော့ဘူးလို့ထင်ထားခဲ့တာ..
"ဆူညံနေလို့သူ့ကိုပြောရမလားမှတ်တယ်.. ဒီကပြန်ပြီးအစအဆုံးလုပ်ကိုင်ပေးနေရတယ်။ အမြဲ.. သူအသာချည်းပဲ..."
ငြူငြူစူစူပြောဆိုနေတဲ့စကားသံလေးတွေတိတ်ဆိတ်သွားအောင် hyung ရဲ့ကိုယ်လေးကိုရင်ခွင်ထဲမှာဆွဲကပ်၍ခါးကနေသိုင်းဖက်လိုက်သည်။ hyung ရဲ့ပခုံးတစ်ဖက်မှာမေးတင်၍လည်တိုင်တွင်မျက်နှာအပ်ကာရင်ထဲမှာကြည်နူးချမ်းမြေ့ခြင်းများနှင့်မျက်တောင်တွေကိုစင်းချမှေးမှိတ်ထားမိရင်းထိုတဒင်္ဂအတွက်ဘာကိုမှသတိမရတော့။ ရင်နာစရာတွေရှေ့မှာဘယ်လောက်ပဲကြုံပါစေ.. သူကတော့ထိုတဒင်္ဂကိုသာမက်ပါသည်။
"ရား.."
"အရမ်းလွမ်းနေခဲ့တာ"
ဖက်ထားတဲ့သူကပဲသန်မာလွန်းတာလား.. ရုန်းတဲ့သူကပဲပျော့ညံ့လွန်းတာလားမပြောတတ်.. စက္ကန့်တွေသာတရှပ်ရှပ်ပြေးလွှားသွားသည်..သူကတော့နွေးဖျဖျအထိအတွေ့လေးကိုမလွန်ဆန်နိုင်သလိုတင်းကြပ်သောပွေ့ဖက်မှုမှလည်းမရုန်းထွက်နိုင်ပါ။
"ကျွန်တော်မူးနေတာမဟုတ်ဘူးနော်.. ဘယ်တော့မှလည်းမူးအောင်မသောက်ခဲ့ဖူးဘူး။hyung ကိုပွေ့ဖက်ထားတဲ့အချိန်တိုင်းကကျွန်တော့်ရဲ့စိတ်ရင်းအမှန်ပါ"
သူ့လည်တိုင်ကိုနှာခေါင်းဖြင့်ပွတ်တိုက်နမ်းကာပြောလာသည့်စကားတွေမှာမှင်တက်သွားမိပြန်သည်။ ဒါပေမယ့်ဖြုတ်ခနဲကြွေသွားသည့်မာနကိုပြန်ဆွဲတင်၍ခါးပေါ်က လက်တို့ကိုဖယ်ချကြည့်သော်လည်းမလွတ်မြောက်နိုင်တော့..
"အား!"
ဂျောင်ကု၏ခြေဖမိုးကိုဖနောင့်ဖြင့်အားကုန်သုံး၍ပေါက်ချပစ်လိုက်သည်။ ဂျောင်ကုကခြေထောက်တစ်ဖက်ကိုကိုင်ကာခြေတစ်ပေါင်ကျိုးဖြင့်ခုန်ဆွခုန်ဆွလုပ်ရင်းရှုံ့မဲ့ကာသူ့ကိုမျက်လုံးလေးပြူးဝိုင်းပြီးလှမ်းကြည့်သည်။
"နောက်တစ်ခါ.. တမင်သက်သက်ပဲဖြစ်ဖြစ်.. မတော်တဆပဲဖြစ်ဖြစ်လာထိရဲထိကြည့်.. နုတ်နုတ်စင်းပြီးခွေးစာကျွေးပစ်မယ်။ ဘာမှတ်နေလဲ"
ပါးစပ်ကတော့ကျိန်းလိုက်တာပဲ.. သို့ပေမယ့်ကပြောင်းကပြန်ဖြစ်သွားသည့်ရင်ခုန်သံကြောင့်အသံတို့ကတုန်ရီနေသည်။ သူ..ဂျောင်ကုဘာဖြစ်ကျန်ခဲ့လဲဆိုတာတောင်လှည့်ကြည့်မနေတော့ပဲအပြေးထွက်ခဲ့သည်။ အခန်းထဲရောက်တော့.. ခွင်ကျမတတ်တုန်နေသည့်ဒူးတို့ကပြိုလဲကျသွားသည်။ ရင်ထဲမှာတလှပ်လှပ်, ကတုန်ကယင်ဖြစ်နေတာတွေပြေပျောက်စေရန်ခေါင်းအုံးကိုရင်ဝယ်ပိုက် ၍နီရဲနေပြီဖြစ်သည့်ပါးပြင်နှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ထားမိသည်။ မျက်နှာကလည်းဘာကြောင့်ရယ်မသိ.. ပြုံးချင်နေသည်။
"ဘယ်တော့မှမူးအောင်မသောက်ခဲ့ပါဘူးတဲ့"
အဲ့ဒါဆိုအတူနေခဲ့စဥ်က.. မူးရူးပြီးအိမ်ပြန်လာတိုင်းသူ့ကို အတင်းဖက်၊ အတင်းနမ်း.. လုပ်ခဲ့တာတွေက..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
~ဒုန်း.. ဒုန်း.. ဒုန်း~
"ကင်ဆော့ဂျင်.. ကင်ဆော့ဂျင်"
"ဟင်!"
ထူးလိုက်တာမျိုးမဟုတ်ဘဲမယုံနိုင်သလို ဟင်ခနဲ ဖြစ်သွား၏။ ကြားလိုက်တာဂျောင်ကုရဲ့အသံမှန်းသိသည်။ ဒါပေမယ့်အသံကလေးဖင့်ကာအာလေးလျှာလေးဖြစ်နေတော့ထူးဆန်းနေသည်။ ပြီးတော့ဂျောင်ကုကသူ့ကိုတခါမှနာမည်မခေါ်ဖူး.. hyungလို့သာခေါ်တတ်သည်။
"ကင်ဆော့ဂျင်!"
~ဂျိမ်း.. ဂျောင်း~
"တောက်"
တောက်ခေါက်သံနှင့်အတူတံခါးကိုဆွဲခါပစ်လိုက်သံပါထပ်တူကြားလိုက်ရတော့တံခါးကိုကမန်းကတန်းအပြေးသွားဖွင့်ရသည်။ တွေ့ပါပြီ.. ကိုယ်တော်ချောက.. ဖိနပ်ချွတ်ကမီးရောင်အောက်တွင်တံခါးဘောင်မှာပခုံးတစ်ဖက်ဖြင့်မှီလျှက်မျက်လုံးတွေကိုမှေးစင်းထားသည်။ လွန်ခဲ့တဲ့နှစ်ရက်က.. တစ်ယောက်တည်းစိတ်တွေဆိုး.. တစ်ဖက်သက်ရန်ဖြစ်ပြီးအိမ်ပေါ်ကာဆင်းသွားပြီးမှမူးပြဲပြီးပြန်ရောက်လာသည်။ တတ်လည်းတတ်နိုင်ပါပေ့.. ဂျွန်ဂျောင်ကု။
"ဘာလို့အော်ဟစ်နေတာလဲ။ ကိုယ့်ဘာသာကိုယ်တံခါးဖွင့်ပြီးဝင်လာလို့ရနေတာပဲ။ ဒီမှာအိပ်တော့မလို့ဟာကို"
"ဘာပြောတယ်! အိပ်တော့မလို့.. ဟုတ်လား။ ကိုယ့်ယောက်ျားကိုယ်.. ပြန်မလာမချင်းမအိပ်ဘဲစောင့်နေရမှာပေါ့"
"ဘယ်အချိန်ပြန်လာမယ်မှန်းမှမသိတာ.. ဘာလို့စောင့်ရမှာလဲ"
"မသိရင်ဖုန်းဆက်ပေါ့"
"မင်းပဲ.. ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲဆိုပြီးဖုန်းဆက်မေးတာမကြိုက်ဘူးဆို"
"ဟမ်! အေးလေ.. မကြိုက်ဘူးလေ။ ဒါပေမယ့်.. ဒါပေမယ့်.. ငါဘာပြောမလို့ပါလိမ့်။ တစ်ခွန်းမကျန်ပြန်,ပြန်ပြောနေတော့အရက်မူးနေတဲ့လူတောင်မျက်စိလည်သွားပြီ။ ဘာပြောရမှန်းမသိတော့ဘူး"
"မသိရင်လည်း.. ထ။ ဘေးအိမ်တွေအားနာစရာကောင်းနေပြီ"
"ဟာ..တာဝန်မဲ့လှချည်လား။ယောက်ျားတစ်ယောက်လုံးမူးပြီးပြန်လာတာတောင်လာတွဲဖော်မရဘူး"
အမူးသမားနဲ့ပြိုင်ပြီးရန်မဖြစ်ချင်တာနဲ့သူ့စိတ်ကိုလျှော့ကာဂျောင်ကုကိုတွဲထူလိုက်သည်။
"ဟဲ့.. ဟဲ့.. ဪ.. နှစ်ယောက်လုံးလဲကုန်တော့မှာပဲ"
တစ်ကိုယ်လုံးမှီချလိုက်မည်မထင်တော့အိမ်ထဲရောက်တာနဲ့အမှတ်တမဲ့လှည့်ထွက်လိုက်မိ၏။ ဟိုအမူးသမားနောက်ကနေသိမ်းကျုံးဖက်ပြီးမှီပစ်လိုက်သဖြင့်ကံကောင်းလို့နှစ်ယောက်စလုံးမလဲခြင်းဖြစ်သည်။
"အမြဲအဲ့လိုပဲ.. ကျွန်တော့်ကိုဆိုဘယ်တော့မှစိတ်မရှည်ဘူး။ ထမင်းစားဆိုလည်းမစောင့်ဘူး။ အိမ်မပြန်လာရင်လည်းစာလေးတစ်စောင်တောင်ပို့ဖော်မရဘူး"
စကားတွေတိုးလျစွာဆိုရင်းဂျောင်ကုကသူ့ပခုံးလေးကိုဖက်လည်းဖက်ထားသည်။ မှီလည်းမှီကာအိပ်ခန်းဆီသို့လျှောက်လာတော့ဂျောင်ကုရဲ့ခန္ဓါကိုယ်အလေးချိန်ကိုမထိန်းနိုင်သဖြင့်သူယိုင်သွားတိုင်းမူးနေတဲ့လူကပဲသူ့ပခုံးကိုပြန်ဆွဲပြီးထိန်းပေးနေရ၏။
"ဘယ်သွားမလို့လဲ"
ဂျောင်ကုကိုမွေ့ရာပေါ်တွင်ချသိပ်ပြီးလှည့်ထွက်ဖို့အလုပ် လက်ဖဝါးလေးကိုဆုပ်ဆွဲရာကနေတစ်ကိုယ်လုံးပြိုကျသွားအောင်ဖွဲဆွဲပစ်လိုက်တော့သူကဂျောင်ကုရဲ့ကုန်းကုန်းကွကွလေးကျသွားသည်။ ပြန်ရုန်းချိန်မရလိုက်ဘဲခါးကိုပါသိမ်းဖက်ခြင်းခံလိုက်ရကာ..
"ကျွန်တော့်ကိုမလွမ်းဘူးလား"
မျက်လုံးချင်းဆုံသွားတော့ဂျောင်ကုရဲ့မျက်ဝန်းတွေမှာမရှိခဲ့ဖူးသည့်ကြည်စင်သောနူးညံ့မှုများဖြစ်နေလျှက်..
"အင်း"
သူကခေါင်းကိုညင်သာစွာညိတ်၍ဖြေလိုက်တော့ဂျောင်ကုကပြုံးကာပန်းရင့်ရောင်သမ်းသွားသည့်မျက်နှာလေးကိုစူးစိုက်ကြည့်ရင်းပါးပြင်မို့မို့လေးကိုထိကိုင်လိုက်၊ ဆွဲညှစ်လိုက်နှင့်..
"ကျွန်တော်လည်းအရမ်းလွမ်းနေတာ"
"ဟွန့်.. အမူးပြေသွားရင်တစ်မျိုးပြောင်းပြောဦးမှာ"
ဂျောင်ကုကသူ့နှာခေါင်းလေးကိုဖွဖွဆွဲလိမ်၍တစ်ဖက်ကိုလှိမ့်လိုက်တော့သူကရင်ခွင်အောက်မှာပဲအိခနဲပစ်ကျသွားသည်။ ပြီးတော့သူ့မျက်နှာလေးကိုစီးမိုးကြည့်၍ မျက်နှာလေးအနှံ့မေ့မေ့မူးမူးနမ်းသည်။ အနမ်းတွေကနှုတ်ခမ်းလေးတွေဆီဦးတည်လာတော့သူကဂျောင်ကုရဲ့မျက်နှာကိုလက်ဖဝါးနှင့်ကာထားပြီးရှောင်သည်။
"ဒီမှာ.. သေချာလည်းကြည့်ဦး။ ခင်ဗျားရဲ့ယောက်ျားနော်"
"ဒါ.. ဒါပေမယ့်.. မရဘူး။ မနမ်းနဲ့"
"ဘာဖြစ်လို့လဲ"
"ခဏခဏနမ်းနေရင်.. ရိုးသွားမှာပေါ့"
"Hyung.. ကိုယ့်ကိုယ်ကိုအရသာခံဖူးလား။ ဘယ်လိုအရသာရှိလဲသိလား"
"ဟင့်အင်း"
"မသိရင်မပြောနဲ့"
စကားပြောဖို့မော့လိုက်ပေမယ့်ဘာမှမပြောဖြစ်တော့ဘဲနှုတ်ခမ်းသားတစ်ခုလုံးဆွဲငုံခံလိုက်ရပြီးဆိုဂျူနံ့သင်းနေသည့်အနမ်းကြမ်းကြမ်းများအောက်မှာအသက်ရှူမှားရပြန်သည်။
"ပူလိုက်တာ.. ဘာလို့ဒီလောက်ပူနေပါလိမ့်"
အတိတ်တို့ကိုခြေရာပြန်ကောက်၍တစ်ယောက်တည်းအတွေးလွန်မိပြီးမှမလုံမလဲဖြင့်ပူထူလာသည့်မျက်နှာလေးကိုလက်ဖဝါးဖြင့်ယပ်တောင်ခတ်သလိုတဖျတ်ဖျတ်ခတ်နေရင်း.. စားပွဲပေါ်မှယူဂျောင်းရဲ့ဓါတ်ပုံဆီသို့အကြည့်ရောက်သွားသည်။
"စိတ်ပျက်သွားလား"
ဓါတ်ပုံကိုတယုတယကိုင်ယူလိုက်ပြီးမှန်ဘောင်ပေါ်မှဖုန်တစ်ချို့ကိုအင်္ကျီစဖြင့်သုတ်ပေးရင်း...
"တောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူး"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
Update မှန်အောင်ကြိုးစားပါ့မယ်လို့ကတိပေးထားပြီးကတိမတည်နိုင်တဲ့တို့ကိုမုန်းလိုက်ပါ။
အဲ့ဒါမှတစ်ခါတည်းအေးရော.. စာလည်းဆက်ရေးစရာမလိုတော့ဘူး 😅
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
"Hyung.."
တိတ္ဆိတ္ေမွာင္မဲေနသည့္တိုက္ခန္းရဲ႕အလည္တြင္တိုးတိတ္ညင္သာသည့္သူ၏ေခၚသံသည္နားစည္အတြင္းပိုင္းအထိတိုးတိုက္ကာျမည္ဟီးတုန္ခါ၏။ သူ.. ဘယ္အခ်ိန္ျပန္လာ,ျပန္လာအၿမဲရင္ဖြင့္ႀကိဳတတ္သည့္သူ႕ရဲ႕ Hyungက.. အခုေတာ့သူ႕အနားကေနအၿပီးတိုင္ထြက္သြားခဲ့ၿပီ။ ရင္နာသည့္ခံစားခ်က္ဟာဒီလိုပဲလားဟုေတြးမိေတာ့မ်က္ရည္ေတြရပ္တန့္သြားေအာင္ေၾကကြဲစို႔နင့္ကာအသက္ရႉနေရတာတောင်အဓိပ္ပါယ်မရှိေတာ့သလို..
သူ့ခႏၶာကိုယ္သည္အဝတ္စတစ္စပစ္ခ်သလိုပံုခနဲျပိဳက်သြား၏။ ပုထုစဥ္လူသားေပမို႔အတၱႀကီးစြာကိုယ့္အျပစ္ကိုယ္မျမင္ဘဲ'ဘာလို႔မ်ားမေစာင့္ခဲ့တာလဲ'ဆိုၿပီးအျပစ္ဖို႔ကာစိတ္နာခ်င္သည္။ သူကျဖင့္.. ဆက္ဆက္ျပန္လာခဲ့မယ္ဆိုတဲ့ကတိလည္းမေပးခဲ့ဘဲနဲ႕...
ၾကမ္းျပင္ေပၚတြင္ပစ္စလတ္ခတ္လွဲခ်ပစ္လိုက္ၿပီးသူကပက္လက္အေနအထားျဖင့္အခ်ိန္ၾကာေညာင္းစြာမလႈပ္မယွက္ေန,ေနရင္းေၾကကြဲဝမ္းနည္းျခင္းမွငိုက္မ်ဥ္းထိုင္းမွိုင္းျခင္းသို႔ေရာက္ရွိသြားေတာ့၏။ ထို႔ေနာက္သူကိုယ္တိုင္သတိမထားမိလိုက္ဘဲအိပ္ေပ်ာ္သြားေလေတာ့သည္။ သို႔ရာတြင္ညဥ့္လယ္ယံမွာပင္ျပန္၍နိုးလာၿပီးအထီးက်န္ဘဝကိုပထမဆုံးခံစားသိရွိလိုက္ရသည္။ ေရွ႕ဆက္ၿပီးအခုလိုပဲအထီးက်န္ညေတြကိုေက်ာ္ျဖတ္ရေတာ့မွာလားလို႔ေတြးမိေတာ့ပက္လက္အိပ္ေနလ်က္မွ မ်က္ဝန္းေထာင့္စြန္းႏွစ္ဖက္ကေနမ်က္ရည္ႏွစ္ေၾကာင္းစီးဆင္းက်သြား၏။ သူ႕ဘဝထဲမွာအလင္းေရာင္ဆိုတာေပ်ာက္ဆုံးသြားခဲ့ၿပီပဲ..
"ဟင္"
အခန္းေထာင့္တစ္ေနရာမွလက္ခနဲအရာတစ္ခုကိုျမင္လိုက္ရ၍ထိုေနရာသို႔အေဆာတလ်င္ေျပးၾကည့္မိေတာ့ေတြ႕လိုက္ရတာက hyung ရဲ႕လက္စြပ္ေလး.. အေမွာင္ထဲမွာထင္ရွားေနသည့္လက္စြပ္ေလးႏွင့္အၿပိဳင္သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးကလည္းတဖန္ျပန္ၿပီးသက္ဝင္လႈပ္ရွားလာသည္။ hyung နဲ႕သူနဲ႕ၾကားမွာဖူးစာအမွ်င္တန္းေလးကရွိေနတုန္းပါလားဆိုတဲ့ေမွ်ာ္လင့္ခ်က္ျဖင့္ထိုလက္စြပ္ေလးကိုလက္ထဲတြင္က်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္။ ဒီလက္စြပ္ေလးသူ႕လက္ထဲမေမွ်ာ္လင့္ဘဲေရာက္လာသလို hyung လည္းတေန႕သူ႕ဆီကိုျပန္ေရာက္လာမွာပါ။ ဒါေပမယ့္...
"ဘာ! လက္ထပ္ၿပီးသြားၿပီ.. ဟုတ္လား"
"ဟုတ္ပါတယ္။ကင္ေဆာ့ဂ်င္နဲ႕ဘန္ယူေဂ်ာင္းကမဂၤလာပြဲမက်င္းပခဲ့ဘူးဆိုေပမယ့္တရား႐ုံးမွာႏွစ္ဦးသေဘာတူတရားဝင္လက္ထပ္မွတ္ပုံတင္ၿပီးပါၿပီ"
ၾကားလိုက္ရတဲ့စကားတို႔ကႏြေေခါင္ေခါင္မွာျပင္းထန္ေသာလွ်ပ္စစ္မိုးႀကိဳးပစ္ခ်ျခင္းထက္အဆေပါင္းရာေထာင္မကျပင္းထန္ဆိုး႐ြားသည္။ ေနာက္ဆုံးေတာ့.. လက္က်န္ေမွ်ာ္လင့္ခ်က္ေလးကလည္းေလထဲမွာအစေတာင္ရွာမရေအာင္ေပ်ာက္ဆုံးသြားခဲ့ၿပီ။
"ဒါ.. ဒါ.. အမွန္ေတြမဟုတ္ဘူး"
အဓိပ္ပါယ်မရှိစွာေခါင္းခါရင္းမငိုစဖူးမ်က္ရည္ေတြက်လာတာေခ်ာင္းေရလွ်ံသလိုတသဲ့သဲ့ႏွင့္ျဖစ္သည္။ ခ်စ္ျခင္းကိုမွေတာင့္တတတ္လာၿပီျဖစ္တဲ့ႏွလုံးသားတစ္ခုလုံးဆြဲႏႈတ္အယူခံလိုက္ရသည္ထက္အခံရဆိုးသည့္ဝေဒနာကသူ့အသက်ခန္ဓါနှင့်စိတ်ဝိဉာဥ်တစ်ခုလုံးကိုဝါးမျိုသွား၏။ ဒါေတြဟာ.. ျဖဴစင္တဲ့ hyung ရဲ႕ေမတၱာကိုျပက္ရယ္ျပဳခဲ့မိလို႔ရလိုက္ရတဲ့ျပစ္ဒဏ္ဆိုရင္..ဒီေဝဒနာေတြကသူနဲ႕ထိုက္တန္ပါတယ္ေလ..
"တစ္သက္လုံးေနာင္တေတြနဲ႕ေနၾကည့္ေပါ့.."
ရိုဘင္ေျပာခဲ့ဖူးတဲ့စကားေတြကနားထဲမွာက်ယ္ေလာင္လိုက္၊ တိုးသြားလိုက္.. ဟုတ္ပါတယ္။ သူဟာ..ေနာင္တေတြနဲ႕ပဲထိုက္တန္ပါတယ္။ အဲ့ဒါေၾကာင့္ေနာင္တတရားေတြကိုရင္မွာပိုက္ရင္း.. ဒီနိုင္ငံကေနအၿပီးထြက္သြားဖို႔ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ ဒါေပမယ့္ ထြက္မသြားခင္ hyungရဲ႕မ်က္ႏွာေလးကိုေနာက္ဆုံးအေနနဲ႕သြားၾကည့္ခဲ့ေသးသည္။ အရင္ကပိုင္ဆိုင္ဖူးခဲ့တဲ့အသိနဲ႕အခုအေဝးကေနခိုးၾကည့္ၿပီး hyung ေပ်ာ္ေနမယ္ဆိုရင္သူလည္းမ်က္ရည္ေတြၾကားထဲကၿပဳံးေပးရမွာေပါ့..
"Hyung ရယ္"
သူ႕ႏႈတ္ဖ်ားမွတိုးဖြဖြအသံထြက္သြားသည္။သူ႕မ်က္စိေရွ႕မွာျမင္ေနရတာက hyung ရယ္.. ၿပီးေတာ့ hyung ေဘးနား၌ပခုံးထိရွည္ေသာဆံပင္အေျဖာင့္ႏွင့္မိန္းကေလးတစ္ေယာက္။ hyung ကထိုမိန္းကေလးကိုေထြးေပြ႕လိုေသာက႐ုဏာတရားမ်ားႏွင့္ၾကည့္ေနၿပီးႏႈတ္ခမ္းေတြကအပူပင္ကင္းစြာၿပဳံးေနသည္။ ေနာက္ဆုံးေတာ့.. hyung အၿမဲတမ္းေတာင့္တခဲ့ရတဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ခြင့္ရၿပီေပါ့ေနာ္..
ထိုျမင္ကြင္းကိုမ်က္ဝါးထင္ထင္ျမင္လိုက္ရေတာ့လည္းသူ႕မွာသေဘာထားမႀကီးနိုင္။ေခါင္းငိုက္စိုက္ခ်ကာအရႈံးသမားလိုေလးဖင့္စြာေက်ာခိုင္းလွည့္ထြက္ခဲ့သည္။ ပူႏြေးစြာလိမ့္ဆင္းလာသည့္မ်က္ရည္တို႔ကေခါင္းအငုံ႕မွာပါးျပင္ေပၚအတားအဆီးမဲ့ေဝါခနဲၿပိဳဆင္းသည္။
Hyung ရဲ႕ႏွလုံးသားမွာသူတကယ္မရွိေတာ့တာလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဪ... သမီးကဆာရန္းကိုး"
ဆားရန္းရဲ႕အရပ္ႏွင့္တစ္တန္းတည္းျဖစ္ေစရန္ဆာရန္း အေရွ႕တြင္မုဆိုးဒူးေထာက္ထိုင္ကာဆာရန္းရဲ႕မ်က္ႏွာကိုေသခ်ာစြာစိုက္ၾကည့္လိုက္သည္။ ဆာရန္းကေတာ့မ်က္ေတာင္ေလးပုတ္ခတ္,ပုတ္ခတ္ျဖင့္သူ႕ကိုအကဲခတ္သလိုေငးၾကည့္ေန၏။ အမွန္အတိုင္းဝန္ခံရမည္ဆိုလွ်င္.. သူ႕ဘက္က hyung နဲ႕ပတ္သက္ရင္ဘယ္လိုအေျခအေနမ်ိဳးကိုမဆိုလက္ခံနိုင္လိမ့္မည္လို႔ခံယူထားေသာ္လည္း တကယ္တမ္းဆာရန္းကိုေတြ႕လိုက္ရေတာ့ hyung ရဲ႕သမီးေလးပါလားဆိုတဲ့အေတြးနဲ႕တင္ရင္ဘတ္ထဲတြင္ေအာင့္သက္သက္ျဖစ္လာသည္။ အခ်ိန္ေတာ့နည္းနည္းယူရမယ္ဆိုေပမယ့္ hyung ခ်စ္တဲ့အရာမွန္သမွ်ကိုသူကလည္းလိုက္ခ်စ္ေပးနိုင္ပါသည္။
"ဦးေလးကဘယ္သူလဲ။ ဆာရန္းကိုသိလို႔လား"
သူကဆာရန္း၏ေခါင္းေလးကိုညင္သာစြာပုတ္လိုက္ၿပီးေခါင္းကိုယမ္းကာ...
"ဆာရန္းကိုေတာ့မသိပါဘူး။ ဒါေပမယ့္...ဦးက ကေလးမေလးရဲ႕Appa ရဲ႕.. သူငယ္ခ်င္းပါ"
"အဲ့ဒါလိမ္တာ.. ဆာရန္းရဲ႕ Appa မွာသူငယ္ခ်င္းမရွိဘူး"
"ရား.. Appa မွာဘာလို႔သူငယ္ခ်င္းမရွိရမွာလဲ။ ရွိတာေပါ့.. အမ်ားႀကီးရွိတယ္"
"ဟုတ္လည္းမဟုတ္ဘဲနဲ႕"
"ဟုတ္ပါတယ္ဆို.. Appa မွာသူငယ္ခ်င္းရွိတယ္"
ဆာရန္းရဲ႕စကားေၾကာင့္ေငးေၾကာင္ေနတဲ့ hyung ကအခုမွသတိဝင္လာပုံရၿပီးဆာရန္းကိုႏႈတ္ခမ္းေလးတေထာ္ေထာ္ႏွင့္ဝင္ျငင္းေတာ့သည္။ အိမ္ေနရင္းမို႔တီရွပ္ခပ္ပြပြႏွင့္ေဘာင္းဘီတိုေလးကိုသာေပါ့ပါးစြာဝတ္ဆင္ထားေတာ့ေျဖာင့္စင္းေနေသာနို႔ႏွစ္ေရာင္ ေျခတံသြယ္သြယ္ေလးမွာဒူးေခါင္းေလးေတြကအစပန္းႏုေရာင္ေလးသမ္းေနတာကအသည္းယားဖြယ္..
ၿပီးေတာ့ဆာရန္းနဲ႕ေဆာ့ေနရင္းကမန္းကတန္းထထြက္လာရလို႔ထင္..ဆံပင္ကိုၾကက္ေတာင္စီးႏွစ္ဖက္ခြဲစီးထားၿပီးနဂိုပန္းေရာင္သမ္းေနေသာပါးျပင္ေလးကပါးနီအေရာင္ေၾကာင့္ပိုမိုဝင္းနစ္ကာစိုလက္ေနသည့္ႏွင္းဆီဖူးႏႈတ္ခမ္းေလးကလည္းငုံေထြးခ်င္စရာ.. ျပာလဲ့ေနေသာမီးေရာင္ေအာက္တြင္လွခ်င္တိုင္းလွေနသည့္hyung ရဲ႕မ်က္ႏွာေလးကိုတမ္းတစြာေငးရင္း..သမီရွိတဲ့အေဖတိုင္းကသမီးအလိုက်ဒီလိုပဲလိုက္ေဆာ့ေပးရတာပါလားလို႔ေတြးမိေတာ့.. မရင့္က်က္ဘူးလို႔ပဲေျပာေျပာ..ကေလးဆန္တယ္လို႔ပဲေဝဖန္,ေဝဖန္.. သူကေတာ့ hyung ရဲ႕အခ်စ္ေတြအားလုံးကိုအျပည့္အဝပိုင္ဆိုင္ထားတဲ့ဆာရန္းကိုမနာလိုစိတ္ဝင္မိသည္။
"အဲ့ဒါဆို.. ဒီ.. ဦးေလးက Appa ရဲ႕သူငယ္ခ်င္းဆိုတာေသခ်ာလား"
လက္ကိုပိုက္၍ေမးဆတ္ျပၿပီးေမးပုံကမသိရင္သူ႕ကိုတရားခံစစ္,စစ္ေနသည့္အတိုင္းပင္။ ဒီကေလးမေလးကေတာ့လြယ္လြယ္ကူကူနဲ႕စည္း႐ုံးလို႔ရလိမ့္မည္မထင္။
"မဟုတ္.."
Hyung စကားမဆုံးခင္သူကၾကားထဲမွဝင္၍..
"ဒါေပါ့.. ဦးနဲ႕ကေလးမေလးရဲ႕ Appa နဲ႕ကအလုပ္တစ္ခုတည္းမွာအတူတူလုပ္ၾကတာ"
"ဟြန္း.. အဲ့ဒါဆိုသူငယ္ခ်င္းဘယ္ဟုတ္ပါ့မလဲ။ လုပ္ေဖာ္ကိုင္ဖက္ေပါ့။ ေဝါဟာရဆိုတာမွန္မွန္ကန္ကန္သုံးရတယ္ဦးေလးရဲ႕"
ေကာင္းေရာ.. ေဂ်ာင္ကုတစ္ေယာက္ကိုယ့္နဖူးကိုယ္ေတာင္ျပန္ရိုက္ခ်င္စိတ္ျဖစ္မိသည္။ ကေလးဆိုၿပီးအခ်ဥ္သြားဖမ္းလို႔မရေအာင္ကို လည္လိုက္တာမွမႊတ္ေနေရာ.. ၾကည့္ရတာေတာ့.. အေမတူသမီးျဖစ္နိုင္သည္။
"ဟဲ့.. ဟိုသားအဖ.. ေတာ္႐ုံပဲစပ္စုၾကေလ။ ညစာမစားၾကေတာ့ဘူးလား"
ထိုစဥ္.. အသက္ေျခာက္ဆယ္အ႐ြယ္အမ်ိဳးသမီးႀကီးတစ္ဦးကေယာက္မႀကီးကိုင္ကာသူတို႔နားကိုေရာက္လာၿပီးသူ႕ကိုလည္းျမင္ေတာ့ခ်ိဳသာစြာၿပဳံးျပသည္။ သူကရိုေသစြာခါးကိုင္း၍ဦးၫြတ္ႏႈတ္ဆက္လိုက္ၿပီး..
"မဂၤလာပါ။ ကြၽန္ေတာ္ကအန္တီတို႔ရဲ႕အေပၚထပ္ကိုအခုမွေျပာင္းလာတဲ့အိမ္ငွား ဂြၽန္ေဂ်ာင္ကုပါ"
"ေအးကြယ္။ ေမာင္ရင္ကတစ္ေယာက္တည္းပဲလား... မိသားစုေရာ မပါဘူးလား"
"မပါဘူးခင္ဗ်။ ကြၽန္ေတာ္တစ္ေယာက္တည္း"
"တစ္ေယာက္တည္းဆိုေတာ့.. ေနာက္လည္းတို႔အိမ္ကိုမၾကာမၾကာဝင္လို႔၊ထြက္လို႔ရတယ္ေနာ္"
"ဟုတ္ကဲ့"
သူက႐ႊင္ျမဴးစြာ hyung ရဲ႕မ်က္ႏွာကိုလွမ္းၾကည့္လိုက္ေတာ့မေက်မခ်မ္းမ်က္လုံးမ်ားျဖင့္သူ႕ကိုမ်က္ေစာင္းတ႐ြယ္႐ြယ္လုပ္ေနသည့္စူပုပ္ပုပ္မ်က္ႏွာေလးႏွင့္တန္းခနဲဆုံသည္။
"ဒါနဲ႕.. ေမာင္ရင့္ရဲ႕အလုပ္အကိုင္က.."
"ဒီက.. hyung နဲ႕ အလုပ္တစ္ခုတည္းမွာအတူတူလုပ္တာပါခင္ဗ်"
"ဟုတ္လား.. ဒါဆို ငါတို႔ေဆာ့ဂ်င္နဲ႕ရင္းႏွီးၿပီးသားေပါ့"
"ဟုတ္ကဲ့။ ဒါေပမယ့္.. အခုမွရင္းႏွီးတာမဟုတ္ပါဘူး။ ဟိုးအရင္ကတည္းက.. သိကြၽမ္းခဲ့ၾကတာ"
"ဪ.. မိတ္ေဟာင္းေဆြေဟာင္းေတြေပါ့။ ေတြ႕ရတာဝမ္းသာပါတယ္ကြယ္။ အန္တီကေဆာ့ဂ်င္ရဲ႕..."
"ေယာကၡမ.. ေယာကၡမဆိုေပမယ့္အေမအရင္းလိုပဲ"
ေဆာ့ဂ်င္ကထိုစကားကိုတမင္သက္သက္ခပ္က်ယ္က်ယ္ေျပာလိုက္သည္။ ေဂ်ာင္ကုရဲ႕မ်က္ႏွာကြက္ခနဲတစ္ခ်က္ပ်က္သြားတာျမင္လိုက္ေပမယ့္ႏႈတ္ခမ္းေတြကၿပဳံးထားဆဲ.. ၿပီးေတာ့.. အံ့ဩဟန္လည္းမျပ။ ဆာရန္းကိုေတြ႕ကတည္းကေဂ်ာင္ကုရဲ႕အမူအရာကအထူးတည္ၿငိမ္ေနတာကိုေဆာ့ဂ်င္သတိထားမိ၏။ ဘာျဖစ္လို႔ပါလိမ့္.. သူနဲ႕ယူေဂ်ာင္းရဲ႕အေၾကာင္းကိုေဂ်ာင္ကုသိေနခဲ့တာမ်ားလား..
"အန္တီတို႔က ညစာစားၾကမလို႔။ ေမာင္ရင္မစားရေသးဘူးဆိုရင္.."
"ဟုတ္။ ကြၽန္ေတာ္လည္း..."
"အဖြားကလဲ.. ဦးေလးကဘယ္လိုလုပ္စားနိုင္ဦးမွာလဲ။ သူ႕မွာပစၥည္းေတြေနရာခ်ဖိဳ႕စီစဥ္ရဦးမယ္ေလ"
Aish!ဒီေပါက္စေလးကေတာ့.. hyung နဲ႕ထမင္းလက္စုံစားခြင့္ရမယ့္အခြင့္အေရးမို႔သူအားရဝမ္းသာစြာျပန္ေျဖဖို႔ျပင္ေနတုန္း.. ၾကားကေနဝျဖတ္ေျပာလိုက္တဲ့ေပါက္စေလးကိုဘုၾကည့္ၾကည့္ပစ္ခ်င္ေပမယ့္အားလုံးရဲ႕ေရွ႕မွာမို႔ဟန္ေဆာင္ၿပဳံးေနရတာသိပ္ေတာ့မလြယ္ကူ။
"ဘယ္ေလာက္ပဲအလုပ္မ်ားပါေစ.. ထမင္းစားဖို႔အခ်ိန္ေပးနိုင္.."
"အခုမွေရာက္ခါစကိုသူစိမ္းအိမ္မွာဘယ္စားခ်င္ပါ့မလဲ။ အတင္းမေခၚပါနဲ႕။ ၿပီးေတာ့သူကသူမ်ားနဲ႕ထမင္းအတူမစားတတ္ဘူး"
ေဂ်ာင္ကုရဲ႕စကားကိုအဆုံးမခံဘဲ.. ေဆာ့ဂ်င္ကဝင္ျဖတ္ေျပာေတာ့ အင္တင္တင္ျဖစ္သြားတဲ့ေဂ်ာင္ကုရဲ႕မ်က္ႏွာကိုၾကည့္ၿပီးရယ္ခ်င္စိတ္ကိုမ်ိဳသိပ္ထားရသည္။
"အဲ့လိုမဟုတ္.."
"Appa.. ဆာရန္းဗိုက္ဆာၿပီ။ သြားစားၾကမယ္။ အဖြားလည္းလာ"
"အင္း.. သြားၾကမယ္"
ဆာရန္းရဲ႕လက္ကိုဆြဲၿပီးထိုေနရာမွလွည့္ထြက္ခဲ့သည္။ အေမကေတာ့ေဂ်ာင္ကုကိုႏႈတ္ဆက္စကားေျပာၿပီးမွအေနာက္ကေနလိုက္လာသည္။ အိမ္ထဲေရာက္ေတာ့ဆာရန္းက..
"အဲ့ဒီ့ဦးေလး.. Appa ကိုၾကည့္တဲ့အၾကည့္ေတြကိုဆာရန္းသေဘာမက်ဘဴး"
"ဟင္"
"မသိရင္.. Appa ကသူ႕ရဲ႕ကမၻာႀကီးက်ေနတာပဲ"
"ဘယ္လို"
"ဆာရန္းရဲ႕ Appa ကိုဆာရန္းဆီကလုယူမယ့္လူမို႔ပိုသေဘာမက်ဘဴး"
ဆာရန္းရဲ႕စကားေတြကသူ႕အာ႐ုံေတြကိုမႈန္ဝါးေစတယ္ဆိုတာကိုဝန္ခံပါသည္။ ညစာစားၿပီးလို႔အခန္းထဲေရာက္သည့္တိုင္ထိုစကားတို႔ကိုသာနားထဲတြင္ျပန္ၾကားေယာင္ေနမိသည္။ 'Appa ကသူ႕ရဲ႕ကမၻာႀကီးက်ေနတာပဲ' တဲ့..
ၿပီးေတာ့ ေဂ်ာင္ကုကိုယ္တိုင္ကလည္းေျပာခဲ့ဖူးသည္.. 'ကြၽန္ေတာ့္ရင္ထဲမွာဘာေတြရွိေနလဲဆိုတာဘာလို႔ျမင္ေအာင္မၾကည့္နိုင္တာလဲ' တဲ့။ တကယ္.. သူပဲမျမင္နိုင္ခဲ့တာလား..
"ေနပါဦး.. ငါကအခု ေျခာက္ႏွစ္သမီးေျပာတဲ့စကားကိုယုံၿပီးအေတြးလြန္ေနတာလား"
"ဝါး.. ကင္ေဆာ့ဂ်င္.. မင္းေတာ္ေတာ္႐ူးတာပဲ"
ကိုယ့္ကိုယ္ကိုအျပစ္တင္စကားဆိုရင္းမွန္ထဲမွာျမင္ေနရတဲ့ကိုယ့္႐ုပ္သြင္ကိုယ္ျပန္ၾကည့္မိေတာ့..
"ဘာလဲ.. ငါကဒီပုံနဲ႕အျပင္ထြက္သြားမိတာလား။ အား.. ရွက္စရာေကာင္းလိုက္တာ"
ေခါင္းကၾကက္ေတာင္စီးေလးကိုအလ်င္အျမန္ျဖဳတ္၍ ပါးနီနဲ႕ႏႈတ္ခမ္းနီေတြကို wet tissue နဲ႕ပြတ္ေနစဥ္..
~ဒုန္း~
"အေမ့! ဘာလဲဟ"
~ဒုန္း~
အေပၚထပ္မွလာသည့္အသံတဒုန္းဒုန္းေၾကာင့္လန့္သြားသည္။
"ဟိုေကာင္.. ဘာေတြမ်ားလုပ္ေနတာတုန္း။ လူအိပ္ခ်ိန္ေတာင္ေရာက္ေနၿပီဟာကို"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
~ဒုန္း.. ခလြမ္း~
လက္ထဲမွဒယ္ျပားကိုၾကမ္းေပၚသို႔လႊတ္ခ်ကာအျပင္ဘက္သို႔နားစြန့္ၾကည့္ေပမယ့္ဘာအသံမွမၾကားရ..တံခါးဝတြင္ေခါင္းျပဴကာေခ်ာင္းၾကည့္ေတာ့လည္းဘာအရိပ္အေယာင္မွ်မေတြ႕။အဲ့ေတာ့လည္းလူတစ္ကိုယ္လုံးထြက္ၿပီးအေပၚကေနေအာက္ထပ္ကိုျပဳတ္က်လဳမတတ္ငုံ႕ၾကည့္ရသည္။ ဒါေပမယ့္ေအာက္ထပ္မွာဘာလႈပ္ရွားမႈမွ်မေတြ႕ရ။
"မၾကားလို႔မ်ားလား။ ဒီ့ထက္ေလးတဲ့ပစၥည္းေတြပစ္ခ်လိဳက္ရမလား"
"မသင့္ေတာ္ပါဘူးေလ.. လူႀကီးလည္းရွိေတာ့အားနာစရာေကာင္းပါတယ္"
အႀကံအစည္ေတြကအထမေျမာက္ေတာ့သက္ျပင္းကိုသာအက်ယ္ႀကီးခ်၍ျမင္ေနရသည့္ညရႈခင္းကိုသာေငးၾကည့္ေနလိုက္သည္။ သူ႕အခန္းကေခါင္မိုးထပ္တြင္ရွိတာေၾကာင့္အိမ္ေရွ႕တြင္ကြတ္ပ်စ္တစ္လုံးရွိၿပီးထိုကြတ္ပ်စ္တြင္ထိုင္႐ုံႏွင့္မီးေရာင္ေတြတလက္လက္ႏွင့္ရႈမၿငီးေအာင္လွသည့္ဆိုးလ္ၿမိဳ႕၏ညရႈခင္းကိုအေပၚစီးမွစီးမိုးျမင္နိုင္သည္။ အရပ္မ်က္ႏွာဘက္ေပါင္းစုံမွသုန့္ျမဴးလာသည့္ေလေျပေအးတို႔ကလည္းစိတ္ႏွလုံးကိုလန္းဆန္းေစပါသည္။
"မဆိုးပါဘူး။ ဒီလိုက်ေတာ့လည္းငါ့ Penthouse နဲ႕သိပ္မကြာဘူး"
ထိုစဥ္.. ေအာက္ထပ္မွတံခါးဖြင့္သံသဲ့သဲ့ၾကားလိုက္ရသည္။ သူငုံ႕ၾကည့္လိုက္ေတာ့တိမ္တိုက္ေလးလိုအရိပ္ငယ္ေလးကေလွကားရွိရာသို႔တေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္လာတာကိုျမင္လိုက္ရ၍ထခုန္မိမတတ္ဝမ္းသာသြားသည္။ သို႔ေပမယ့္အၾကာႀကီးေပ်ာ္ခ်ိန္မရဘဲhyungမေရာက္လာခင္အိမ္ထဲသို႔ကမန္းကတန္းအေျပးဝင္ရသည္။
"အား! ေသပါၿပီ"
အိမ္ထဲစီးဖိနပ္ကိုသာစီးထားမိေတာ့တံခါးေရွ႕တြင္ေျခေခ်ာ္ကာဗိုင္းခနဲပစ္လဲ၏။ တင္ပါးတစ္ခုလုံးေအာင့္ခနဲနာသြားေပမယ့္ဂ႐ုမထားနိုင္ဘဲအလ်င္အျမန္ထကာတံခါးကိုဖြင့္ေတာ့တံခါးကေလာ့က်ေနသည္။
"Sh.. passcode ကဘာပါလိမ့္"
လူကလွ်ပ္ျပာ,လွ်ပ္ျပာျဖစ္ေနေတာ့ passcode ကလည္းေတာ္ေတာ္နဲ႕မမွန္.. သုံး,ေလးခါေလာက္ႏွိပ္ၿပီးမွ hyung ေရာက္မလာခင္လက္မတင္ေလးအလိုမွာပဲေအာင္ျမင္စြာနဲ႕အိမ္ထဲဝင္နိုင္ခဲ့သည္။
"ဟူး.. ေတာ္ေသးလို႔"
သူကေတာ့တစ္ေယာက္တည္းျဖစ္ပ်က္ေနရတာ.. တံခါးေအာက္မွျမင္ေနရသည့္အရိပ္ငယ္ေလးကေတာ့အိမ္ေရွ႕မွာအတန္ၾကာေအာင္ရပ္ၿပီးတံခါးလည္းမေခါက္.. ၾကည့္ရတာေတြေဝေနပုံရသည္။ မျဖစ္ေခ်ဘဴး.. ေတာ္ၾကာဒီအတိုင္းလွည့္ျပန္သြားရင္ဘယ္လိုလုပ္မလဲ။ အဲ့ေတာ့သူကပဲအရင္ဦးေအာင္တံခါးဖြင့္ၿပီး..
"ဪ.. hyung"
"အမေလး!"
တံခါးေရွ႕မွာလက္သည္းကိုက္ၿပီးရပ္ေနတဲ့hyung ကဖ်တ္ခနဲတံခါးပြင့္လာသည့္သူ႕ကိုလည္းျမင္ေတာ့ကိုယ္လုံးေလးတြန့္ခနဲျဖစ္ေအာင္လန့္သြားၿပီးရင္ဘတ္ေပၚတြင္လက္ကေလးကိုဖိထားသည္။
"ရား.. ဒီအခ်ိန္ႀကီးဆူညံ,ဆူညံလုပ္လို႔မရ.."
"Hyung ေရာက္လာတာနဲ႕အေတာ္ပဲ.. ကြၽန္ေတာ့္ကိုနည္းနည္းေလာက္ကူညီေပးစမ္းပါ"
"အမ္"
ရန္ေတြ႕ဖို႔ေမာင္းတင္ထားတဲ့လက္ညွိုးေကာက္ေကာက္ကေလးက ေလထဲမွာတန္းလန္းေလးျဖစ္သြားရွာသည္။ ၿပီးေတာ့ညိုလဲ့လဲ့မ်က္ဝန္းအိမ္ေလးကအတန္ငယ္ျပဴးက်ယ္သြားၿပီးႏႈတ္ခမ္းဖူးဖူးေလးကလည္း'အို'ပုံသ႑ာန္ခပ္ဟဟျဖစ္သြား၏။သူက hyung ေၾကာင္အမ္းအမ္းျဖစ္ေနတာကိုအခြင့္ေကာင္းယူ၍ေလထဲတြင္တန္းလန္းျဖစ္ေနေသာလက္ညွိုးေလးကိုဆြဲကာအိမ္ထဲသို႔ဆြဲသြင္းလိုက္သည္။ hyung ကလည္းထိုမ်က္ႏွာေလးႏွင့္ပင္.. သူဆြဲေခၚရာေနာက္သို႔အလိုက္သင့္ေလးပါလာသည္။
"Hyung ကမီးဖိုေခ်ာင္ဘက္ကိုနည္းနည္းေနရာခ်ေပး။ ကြၽန္ေတာ္ကအိပ္ရာျပင္လိုက္ဦးမယ္။ မဟုတ္ရင္ဒီညအိပ္စရာေနရာေတာင္ရွိမွာမဟုတ္ဘူး"
"ဒီကိုလာတာ.. ဒါေတြလုပ္ဖို႔မဟုတ္.. ရား.. ပစၥည္းေတြကလည္းရႈပ္ပြေနတာပဲ။ ေျခခ်စရာေနရာေတာင္မရွိဘူး"
ေျခခ်စရာဘယ္ရွိပါ့မလဲ.. သူကိုယ္တိုင္ၾကမ္းေပၚတစ္ခုၿပီးတစ္ခုပစ္ခ်ထားတာကိုး။
"ခုနကလူေတြအမ်ားႀကီးေတြ႕လိုက္ပါတယ္။ သူတို႔ကဘာမွမကူညီသြားဘူးလား"
"သူတို႔ကေတာ့ပစၥည္းေ႐ႊ႕ေျပာင္းေရးေအဂ်င္စီကဆိုေတာ့ပစၥည္းအသယ္အခ်ေလာက္ပဲလုပ္ေပးမွာေပါ့"
"တစ္ေယာက္တည္းမနိုင္ရင္လည္းသူငယ္ခ်င္းေတြဘာေတြေခၚၿပီးအကူအညီေတာင္းေပါ့။ ၾကည့္ပါဦး.. လုပ္ထားတာလည္းရႈပ္ပြေနတာပဲ"
ႏႈတ္ခမ္းနီနီဖူးဖူးေလးကတလႈပ္လႈပ္ျဖင့္တတြတ္တြတ္ေျပာေနေသာ္လည္းလက္ကေတာ့အခန္းထဲမွာအျမင္မေတာ္ေသာအစီအစဥ္မက်ရႈပ္ပြျခင္းေတြကိုျမန္ျမန္ဆန္ဆန္ထားသိုသိမ္းဆည္းေနသည္။ ေဂ်ာင္ကုကထိုကဲ့သို႔လႈပ္ရွားမႈမွန္သမွ်ကိုမ်က္ေတာင္ဖ်ားေတြစင္းၾကည့္ရင္းရင္ထဲမွာၾကည္ႏူးမႈကအတိုင္းအဆမဲ့။ hyung ကိုႏွစ္ေတြအၾကာႀကီးတမ္းတခဲ့ရသမွ်.. ဒီညလိုထိုပုံရိပ္ေလးေတြကိုျပန္လည္ပိုင္ဆိုင္ခြင့္ရမယ့္အခြင့္အေရးမ်ိဳးကိုအိပ္မက္ေတာင္မက္ခြင့္မရွိေတာ့ဘူးလို႔ထင္ထားခဲ့တာ..
"ဆူညံေနလို႔သူ႕ကိုေျပာရမလားမွတ္တယ္.. ဒီကျပန္ၿပီးအစအဆုံးလုပ္ကိုင္ေပးေနရတယ္။ အၿမဲ.. သူအသာခ်ည္းပဲ..."
ျငဴျငဴစူစူေျပာဆိုေနတဲ့စကားသံေလးေတြတိတ္ဆိတ္သြားေအာင္ hyung ရဲ႕ကိုယ္ေလးကိုရင္ခြင္ထဲမွာဆြဲကပ္၍ခါးကေနသိုင္းဖက္လိုက္သည္။ hyung ရဲ႕ပခုံးတစ္ဖက္မွာေမးတင္၍လည္တိုင္တြင္မ်က္ႏွာအပ္ကာရင္ထဲမွာၾကည္ႏူးခ်မ္းေျမ့ျခင္းမ်ားႏွင့္မ်က္ေတာင္ေတြကိုစင္းခ်ေမွးမွိတ္ထားမိရင္းထိုတဒဂၤအတြက္ဘာကိုမွသတိမရေတာ့။ ရင္နာစရာေတြေရွ႕မွာဘယ္ေလာက္ပဲႀကဳံပါေစ.. သူကေတာ့ထိုတဒဂၤကိုသာမက္ပါသည္။
"ရား.."
"အရမ္းလြမ္းေနခဲ့တာ"
ဖက္ထားတဲ့သူကပဲသန္မာလြန္းတာလား.. ႐ုန္းတဲ့သူကပဲေပ်ာ့ညံ့လြန္းတာလားမေျပာတတ္.. စကၠန့္ေတြသာတရွပ္ရွပ္ေျပးလႊားသြားသည္..သူကေတာ့ႏြေးဖ်ဖ်အထိအေတြ႕ေလးကိုမလြန္ဆန္နိုင္သလိုတင္းၾကပ္ေသာေပြ႕ဖက္မႈမွလည္းမ႐ုန္းထြက္နိုင္ပါ။
"ကြၽန္ေတာ္မူးေနတာမဟုတ္ဘူးေနာ္.. ဘယ္ေတာ့မွလည္းမူးေအာင္မေသာက္ခဲ့ဖူးဘူး။hyung ကိုေပြ႕ဖက္ထားတဲ့အခ်ိန္တိုင္းကကြၽန္ေတာ့္ရဲ႕စိတ္ရင္းအမွန္ပါ"
သူ႕လည္တိုင္ကိုႏွာေခါင္းျဖင့္ပြတ္တိုက္နမ္းကာေျပာလာသည့္စကားေတြမွာမွင္တက္သြားမိျပန္သည္။ ဒါေပမယ့္ျဖဳတ္ခနဲေႂကြသြားသည့္မာနကိုျပန္ဆြဲတင္၍ခါးေပၚက လက္တို႔ကိုဖယ္ခ်ၾကည့္ေသာ္လည္းမလြတ္ေျမာက္နိုင္ေတာ့..
"အား!"
ေဂ်ာင္ကု၏ေျခဖမိုးကိုဖေနာင့္ျဖင့္အားကုန္သုံး၍ေပါက္ခ်ပစ္လိုက္သည္။ ေဂ်ာင္ကုကေျခေထာက္တစ္ဖက္ကိုကိုင္ကာေျခတစ္ေပါင္က်ိဳးျဖင့္ခုန္ဆြခုန္ဆြလုပ္ရင္းရႈံ႕မဲ့ကာသူ႕ကိုမ်က္လုံးေလးျပဴးဝိုင္းၿပီးလွမ္းၾကည့္သည္။
"ေနာက္တစ္ခါ.. တမင္သက္သက္ပဲျဖစ္ျဖစ္.. မေတာ္တဆပဲျဖစ္ျဖစ္လာထိရဲထိၾကည့္.. ႏုတ္ႏုတ္စင္းၿပီးေခြးစာေကြၽးပစ္မယ္။ ဘာမွတ္ေနလဲ"
ပါးစပ္ကေတာ့က်ိန္းလိုက္တာပဲ.. သို႔ေပမယ့္ကေျပာင္းကျပန္ျဖစ္သြားသည့္ရင္ခုန္သံေၾကာင့္အသံတို႔ကတုန္ရီေနသည္။ သူ..ေဂ်ာင္ကုဘာျဖစ္က်န္ခဲ့လဲဆိုတာေတာင္လွည့္ၾကည့္မေနေတာ့ပဲအေျပးထြက္ခဲ့သည္။ အခန္းထဲေရာက္ေတာ့.. ခြင္က်မတတ္တုန္ေနသည့္ဒူးတို႔ကၿပိဳလဲက်သြားသည္။ ရင္ထဲမွာတလွပ္လွပ္, ကတုန္ကယင္ျဖစ္ေနတာေတြေျပေပ်ာက္ေစရန္ေခါင္းအုံးကိုရင္ဝယ္ပိုက္ ၍နီရဲေနၿပီျဖစ္သည့္ပါးျပင္ႏွစ္ဖက္ကိုလက္ႏွစ္ဖက္ျဖင့္အုပ္ကိုင္ထားမိသည္။ မ်က္ႏွာကလည္းဘာေၾကာင့္ရယ္မသိ.. ၿပဳံးခ်င္ေနသည္။
"ဘယ္ေတာ့မွမူးေအာင္မေသာက္ခဲ့ပါဘူးတဲ့"
အဲ့ဒါဆိုအတူေနခဲ့စဥ္က.. မူး႐ူးၿပီးအိမ္ျပန္လာတိုင္းသူ႕ကို အတင္းဖက္၊ အတင္းနမ္း.. လုပ္ခဲ့တာေတြက..
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
~ဒုန္း.. ဒုန္း.. ဒုန္း~
"ကင္ေဆာ့ဂ်င္.. ကင္ေဆာ့ဂ်င္"
"ဟင္!"
ထူးလိုက္တာမ်ိဳးမဟုတ္ဘဲမယုံနိုင္သလို ဟင္ခနဲ ျဖစ္သြား၏။ ၾကားလိုက္တာေဂ်ာင္ကုရဲ႕အသံမွန္းသိသည္။ ဒါေပမယ့္အသံကေလးဖင့္ကာအာေလးလွ်ာေလးျဖစ္ေနေတာ့ထူးဆန္းေနသည္။ ၿပီးေတာ့ေဂ်ာင္ကုကသူ႕ကိုတခါမွနာမည္မေခၚဖူး.. hyungလို႔သာေခၚတတ္သည္။
"ကင္ေဆာ့ဂ်င္!"
~ဂ်ိမ္း.. ေဂ်ာင္း~
"ေတာက္"
ေတာက္ေခါက္သံႏွင့္အတူတံခါးကိုဆြဲခါပစ္လိုက္သံပါထပ္တူၾကားလိုက္ရေတာ့တံခါးကိုကမန္းကတန္းအေျပးသြားဖြင့္ရသည္။ ေတြ႕ပါၿပီ.. ကိုယ္ေတာ္ေခ်ာက.. ဖိနပ္ခြၽတ္ကမီးေရာင္ေအာက္တြင္တံခါးေဘာင္မွာပခုံးတစ္ဖက္ျဖင့္မွီလွ်က္မ်က္လုံးေတြကိုေမွးစင္းထားသည္။ လြန္ခဲ့တဲ့ႏွစ္ရက္က.. တစ္ေယာက္တည္းစိတ္ေတြဆိုး.. တစ္ဖက္သက္ရန္ျဖစ္ၿပီးအိမ္ေပၚကာဆင္းသြားၿပီးမွမူးၿပဲၿပီးျပန္ေရာက္လာသည္။ တတ္လည္းတတ္နိုင္ပါေပ့.. ဂြၽန္ေဂ်ာင္ကု။
"ဘာလို႔ေအာ္ဟစ္ေနတာလဲ။ ကိုယ့္ဘာသာကိုယ္တံခါးဖြင့္ၿပီးဝင္လာလို႔ရေနတာပဲ။ ဒီမွာအိပ္ေတာ့မလို႔ဟာကို"
"ဘာေျပာတယ္! အိပ္ေတာ့မလို႔.. ဟုတ္လား။ ကိုယ့္ေယာက္်ားကိုယ္.. ျပန္မလာမခ်င္းမအိပ္ဘဲေစာင့္ေနရမွာေပါ့"
"ဘယ္အခ်ိန္ျပန္လာမယ္မွန္းမွမသိတာ.. ဘာလို႔ေစာင့္ရမွာလဲ"
"မသိရင္ဖုန္းဆက္ေပါ့"
"မင္းပဲ.. ဘယ္ေရာက္ေနလဲ၊ ဘာလုပ္ေနလဲဆိုၿပီးဖုန္းဆက္ေမးတာမႀကိဳက္ဘူးဆို"
"ဟမ္! ေအးေလ.. မႀကိဳက္ဘူးေလ။ ဒါေပမယ့္.. ဒါေပမယ့္.. ငါဘာေျပာမလို႔ပါလိမ့္။ တစ္ခြန္းမက်န္ျပန္,ျပန္ေျပာေနေတာ့အရက္မူးေနတဲ့လူေတာင္မ်က္စိလည္သြားၿပီ။ ဘာေျပာရမွန္းမသိေတာ့ဘူး"
"မသိရင္လည္း.. ထ။ ေဘးအိမ္ေတြအားနာစရာေကာင္းေနၿပီ"
"ဟာ..တာဝန္မဲ့လွခ်ည္လား။ေယာက္်ားတစ္ေယာက္လုံးမူးၿပီးျပန္လာတာေတာင္လာတြဲေဖာ္မရဘူး"
အမူးသမားနဲ႕ၿပိဳင္ၿပီးရန္မျဖစ္ခ်င္တာနဲ႕သူ႕စိတ္ကိုေလွ်ာ့ကာေဂ်ာင္ကုကိုတြဲထူလိုက္သည္။
"ဟဲ့.. ဟဲ့.. ဪ.. ႏွစ္ေယာက္လုံးလဲကုန္ေတာ့မွာပဲ"
တစ္ကိုယ္လုံးမွီခ်လိဳက္မည္မထင္ေတာ့အိမ္ထဲေရာက္တာနဲ႕အမွတ္တမဲ့လွည့္ထြက္လိုက္မိ၏။ ဟိုအမူးသမားေနာက္ကေနသိမ္းက်ဳံးဖက္ၿပီးမွီပစ္လိုက္သျဖင့္ကံေကာင္းလို႔ႏွစ္ေယာက္စလုံးမလဲျခင္းျဖစ္သည္။
"အၿမဲအဲ့လိုပဲ.. ကြၽန္ေတာ့္ကိုဆိုဘယ္ေတာ့မွစိတ္မရွည္ဘူး။ ထမင္းစားဆိုလည္းမေစာင့္ဘူး။ အိမ္မျပန္လာရင္လည္းစာေလးတစ္ေစာင္ေတာင္ပို႔ေဖာ္မရဘူး"
စကားေတြတိုးလ်စြာဆိုရင္းေဂ်ာင္ကုကသူ႕ပခုံးေလးကိုဖက္လည္းဖက္ထားသည္။ မွီလည္းမွီကာအိပ္ခန္းဆီသို႔ေလွ်ာက္လာေတာ့ဂျောင်ကုရဲ့ခန္ဓါကိုယ်အေလးခ်ိန္ကိုမထိန္းနိုင္သျဖင့္သူယိုင္သြားတိုင္းမူးေနတဲ့လူကပဲသူ႕ပခုံးကိုျပန္ဆြဲၿပီးထိန္းေပးေနရ၏။
"ဘယ္သြားမလို႔လဲ"
ေဂ်ာင္ကုကိုေမြ႕ရာေပၚတြင္ခ်သိပ္ၿပီးလွည့္ထြက္ဖို႔အလုပ္ လက္ဖဝါးေလးကိုဆုပ္ဆြဲရာကေနတစ္ကိုယ္လုံးၿပိဳက်သြားေအာင္ဖြဲဆြဲပစ္လိုက္ေတာ့သူကေဂ်ာင္ကုရဲ႕ကုန္းကုန္းကြကြေလးက်သြားသည္။ ျပန္႐ုန္းခ်ိန္မရလိုက္ဘဲခါးကိုပါသိမ္းဖက္ျခင္းခံလိုက္ရကာ..
"ကြၽန္ေတာ့္ကိုမလြမ္းဘူးလား"
မ်က္လုံးခ်င္းဆုံသြားေတာ့ေဂ်ာင္ကုရဲ႕မ်က္ဝန္းေတြမွာမရွိခဲ့ဖူးသည့္ၾကည္စင္ေသာႏူးညံ့မႈမ်ားျဖစ္ေနလွ်က္..
"အင္း"
သူကေခါင္းကိုညင္သာစြာညိတ္၍ေျဖလိုက္ေတာ့ေဂ်ာင္ကုကၿပဳံးကာပန္းရင့္ေရာင္သမ္းသြားသည့္မ်က္ႏွာေလးကိုစူးစိုက္ၾကည့္ရင္းပါးျပင္မို႔မို႔ေလးကိုထိကိုင္လိုက္၊ ဆြဲညွစ္လိုက္ႏွင့္..
"ကြၽန္ေတာ္လည္းအရမ္းလြမ္းေနတာ"
"ဟြန့္.. အမူးေျပသြားရင္တစ္မ်ိဳးေျပာင္းေျပာဦးမွာ"
ေဂ်ာင္ကုကသူ႕ႏွာေခါင္းေလးကိုဖြဖြဆြဲလိမ္၍တစ္ဖက္ကိုလွိမ့္လိုက္ေတာ့သူကရင္ခြင္ေအာက္မွာပဲအိခနဲပစ္က်သြားသည္။ ၿပီးေတာ့သူ႕မ်က္ႏွာေလးကိုစီးမိုးၾကည့္၍ မ်က္ႏွာေလးအႏွံ႕ေမ့ေမ့မူးမူးနမ္းသည္။ အနမ္းေတြကႏႈတ္ခမ္းေလးေတြဆီဦးတည္လာေတာ့သူကေဂ်ာင္ကုရဲ႕မ်က္ႏွာကိုလက္ဖဝါးႏွင့္ကာထားၿပီးေရွာင္သည္။
"ဒီမွာ.. ေသခ်ာလည္းၾကည့္ဦး။ ခင္ဗ်ားရဲ႕ေယာက္်ားေနာ္"
"ဒါ.. ဒါေပမယ့္.. မရဘူး။ မနမ္းနဲ႕"
"ဘာျဖစ္လို႔လဲ"
"ခဏခဏနမ္းေနရင္.. ရိုးသြားမွာေပါ့"
"Hyung.. ကိုယ့္ကိုယ္ကိုအရသာခံဖူးလား။ ဘယ္လိုအရသာရွိလဲသိလား"
"ဟင့္အင္း"
"မသိရင္မေျပာနဲ႕"
စကားေျပာဖို႔ေမာ့လိုက္ေပမယ့္ဘာမွမေျပာျဖစ္ေတာ့ဘဲႏႈတ္ခမ္းသားတစ္ခုလုံးဆြဲငုံခံလိုက္ရၿပီးဆိုဂ်ဴနံ႕သင္းေနသည့္အနမ္းၾကမ္းၾကမ္းမ်ားေအာက္မွာအသက္ရႉမွားရျပန္သည္။
"ပူလိုက္တာ.. ဘာလို႔ဒီေလာက္ပူေနပါလိမ့္"
အတိတ္တို႔ကိုေျခရာျပန္ေကာက္၍တစ္ေယာက္တည္းအေတြးလြန္မိၿပီးမွမလုံမလဲျဖင့္ပူထူလာသည့္မ်က္ႏွာေလးကိုလက္ဖဝါးျဖင့္ယပ္ေတာင္ခတ္သလိုတဖ်တ္ဖ်တ္ခတ္ေနရင္း.. စားပြဲေပၚမွယူေဂ်ာင္းရဲ႕ဓါတ္ပုံဆီသို႔အၾကည့္ေရာက္သြားသည္။
"စိတ္ပ်က္သြားလား"
ဓါတ္ပုံကိုတယုတယကိုင္ယူလိုက္ၿပီးမွန္ေဘာင္ေပၚမွဖုန္တစ္ခ်ိဳ႕ကိုအကၤ်ီစျဖင့္သုတ္ေပးရင္း...
"ေတာင္းပန္ပါတယ္။ ေနာက္မျဖစ္ေစရပါဘူး"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰
Update မွန္ေအာင္ႀကိဳးစားပါ့မယ္လို႔ကတိေပးထားၿပီးကတိမတည္နိုင္တဲ့တို႔ကိုမုန္းလိုက္ပါ။
အဲ့ဒါမွတစ္ခါတည္းေအးေရာ.. စာလည္းဆက္ေရးစရာမလိုေတာ့ဘူး 😅