Always With You (Completed)

By Mirella_vc

30.6K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-10
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Final
AWY-Extra

AWY-17

767 46 7
By Mirella_vc

ငယ့်ကို စခန်းက အိပ်ခန်းမှာဘဲ နေရာချပေးပြီး အိပ်ရတာ သက်တောင့်သက်သာ ဖြစ်အောင် ပြုပြင်ပေးလိုက်၏။ဘယ်လောက်တောင် ပင်ပန်းသွားလို့ အဲ့လောက်တောင် အိပ်နေရသလဲ မပြောတတ်တော့။နဖူးလေးကို ငြင်ငြင်သာသာလေး တစ်ချက် ဖိကပ်နမ်းပြီး အပြစ်ပေးဖို့ ရှိနေတဲ့ ကောင်တွေဆီ ထွက်လာခဲ့လိုက်၏

"Gun Smile, ဂိုဏ်းချုပ်နဲ့ လိုက်သွားတဲ့ သူတွေရော..."

"အကုန်အပြစ်ပေးအခန်းထဲမှာပါ...."

"ဟိုကောင်တွေကရော သိုလှောင်ခန်းမှာလား..."

"ဟုတ်တယ်...ဒါနဲ့ Nani ကို စောင့်အုံးမလား..."

"ဘာလို့..."

"သူ့အဖွဲ့ထဲက လူတွေဆိုတော့..."

"မစောင့်ဘူး Gun Smile, ဘယ်အဖွဲ့က လူဘဲ ဖြစ်ဖြစ် ဂိုဏ်းချုပ်ကိုတောင် မကာကွယ်နိုင်ရင် အပြစ်ပေးခံရမှာဘဲ...."

"အင်း....Nani က Dew နဲ့ အပြင်ပြန်လိုက်သွားတယ်...Top Tap ကတော့ အချက်အလက်တွေနဲ့ လမ်းကြောင်းတွေ ဆွဲပေးနေတယ်..."

"အဲ့ကလေးကို နားခိုင်းလိုက်တော့..ပြီးတော့ ဆေးရှာပြီး သိုလှောင်ကန်ဘက် လိုက်ခဲ့လိုက်..ငါ အဖွဲ့ 1နဲ့ သွားတွေ့လိုက်အုံးမယ်..."

"Ok..."

Gun Smile ကို မှာစရာရှိတာ မှာပြီး အပြစ်ပေးခန်းဘက် ထွက်လာခဲ့လိုက်သည်။အေးစက်မာကြောနေသော မျက်နာနှင့် တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေက ဘယ်လောက်ဒေါသထွက်နေလည်း ဆိုတာကို ညွှန်ပြနေသယောင်...။ဂိုဏ်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြုပြင်ရင်း တံခါးဖွင့်ကာ ဝင်လာတော့ အကုန်လုံး ငြိမ်ငြိမ်လေးတွေ ထိုင်နေကြ၏။

"ထ..တန်းစီ..."

"ပြော...မင်းတို့မှာ အပြစ်ရှိလား မရှိဘူးလား..."

"ရှိပါတယ် ဒုဂိုဏ်းချုပ်...ကြိုက်တဲ့အပြစ်ပေးပါ..."

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှည်ရှည်ဝေးဝေးတွေ မပြောချင်တော့ဘူး...ငါ့ ဘက်က လိုအပ်ချက်တွေလည်းပါတယ်... မင်းတို့သိလား...ဒီတစ်ခေါက် မင်းတို့ဂိုဏ်းချုပ် ကံကောင်းသွားတာ...ဟိုက ချက်ချင်းမသတ်လို့..ဒါပေမယ့်...တောက်..."

ပြောရင်း ဒေါသထွက်လာပြန်တော့ တစ်ယောက်မှ တုပ်တုပ်မလှုပ်ရဲဘဲ ခေါင်းငုံကာ ရပ်နေကြ၏။

"ဒုခေါင်းဆောင်တွေ ရှေ့ထွက်လာ..."

"ဟုတ်ကဲ့...ဒုဂိုဏ်းချုပ်..."

"မင်းတို့အဖွဲ့ 1ရဲ့ အဓိကတာဝန်က ဘာလဲ..."

"ဂိုဏ်းချုပ်ကို အဓိကထား စောင့်ရှောက်ဖို့ပါ..."

"တာဝန်ကျေခဲ့လား..."

"မကျေခဲ့ဘူး ဒုဂိုဏ်းချုပ်..."

"ကောင်းပြီ...လေ့ကျင့်ရေးကို အခုချိန်ကစပြီး ပုံမှန်ထက် 3ဆလုပ်ရမယ် ဒုခေါင်းဆောင်တွေက 5ဆ...မင်းတို့ကို များများမလေ့ကျင့်ပေးနိုင်လို့ ဒီလို ဖြစ်ရတာ...ရေကူးတာကအစ ​သေနတ်ပစ်တာအဆုံး Gun Smile နဲ့ Nani ကြပ်မတ်ပေးလိမ့်မယ်...ဒါ ငါအပြစ်ပေးတာဘဲ..."

လေ့ကျင့်ရေးဆင်းရတာ ဘယ်လောက်ပင်ပန်းလည်း ဒီကောင်တွေ အသိ။Gun Smile နဲ့ Nani သေချာ Train ပေးလိမ့်မယ်..ဒါမှ နောက် mission တွေ သေချာအာရုံစိုက်ကြမှာ...။

"ဒု...ဒုဂိုဏ်းချုပ်..."

"ပြော..."

"ဂိုဏ်းချုပ်ကိုပြောပေးပါ..ကျွန်တော်တို့ တောင်းပန်ပါတယ်လို့..."

"Ok..."

ပြောပြီး သိုလှောင်ကန်ဘက် ထွက်လာခဲ့လိုက်၏။တစ်ခြါးသူတွေကို အပြစ်မပေးခိုင်းဘဲ ဒီကောင်တွေကို သူကိုယ်တိုင် အပြစ်ပေးချင်တာ...နောက်ခါ White Dragon ဂိုဏ်းချုပ်ကို လာထိရင် ဘယ်လိုခံရမလဲဆိုတာ သေချာသိအောင်။
လှောင်ကန်ဆိုတဲ့နေရာက ဒီအတိုင်းနေရင်းတောင် အသက်ရူမဝဖြစ်ပြီး သေချင်စိတ်ပေါက်တဲ့ နေရာမျိုး။သူအပါအဝင် ဂိုဏ်းသားတွေအကုန်လုံး ဒီနေရာမှာ 15min ထက် ပိုမနေကြ။သိုလှောင်ကန်က အရင်က လက်နက် ဒါမှမဟုတ် အရက်ကဖြစ်ဖြစ် သိုလှောင်လို့ရအောင် တူးထားတဲ့ ကန်လိုသဘောမျိုးဖြစ်၏။ပတ်ဝန်းကျင်အခြေအနေကလည်း ကြည့်လိုက်တာနဲ့ စိတ်မနှစ်မျို့စရာ နေရာမျိုးဖြစ်တာကြောင့် ဂိုဏ်းချုပ်က ဒီနေရာကို ဒီအတိုင်းထားခိုင်းလိုက်တာဘဲ ဖြစ်၏။သူ...သိုလှောင်ကန်ထဲ ရောက်သွားတော့ ဟိုကောင်တွေကို ကြိုးနဲ့ ပူးပြီး ချည်ထားကြ၏။ရိုက်နှက်ထားသဖြင့် သတိလစ်နေကြပြီ ဖြစ်၏။ဒီကောင်တွေ မြင်ရရုံနဲ့ ငယ်ရဲ့ အဖြစ်အပျက်တွေကို ပြန်မြင်လာတာကြောင့် ဒေါသက ထွက်လာပြန်၏။ဘေးနားမှာ တွေ့တဲ့ ဓာတ်ဆီပုံးကို ဖွင့်ပြီး မျက်နှာတွေ တည့်တည့်ကာ ပက်ပစ်တော့ လူးလွန့်လာကြပြီး သတိရလာ၏။

"ဘာ..ဘာတွေလဲ...ဓာတ်ဆီတွေ..."

"အဟွန်း...ဒါပေါ့...မင်းတို့ကို နှိုးဖို့ ရေအလွယ်အကူမတွေ့တာနဲ့ တွေ့တာနဲ့ နှိုးလိုက်တာ..."

"မင်း...ဘာလုပ်မလို့..."

"ရှူး..စောက်ရမ်းနားညီးတယ်...ဖြေးဖြေးအေးအေးလေးဘဲ သွားကြတာပေါ့..."

"တောင်းပန်ပါတယ်...ကျွန်တော့တို့ကို ခွင့်လွှတ်ပေးပါ...ခေါင်းဆောင်မှာဘဲ တာဝန်ရှိတာပါ....."

ခေါင်းဆောင်ဆိုတာက Win ကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့ သူကို ပြောဟန်တူ၏။

"အဟက်...မင်း တပည့်တွေက တော်တော်အကောင်းစားတွေဘဲ..."

"မင်းဘာလုပ်ချင်တာလဲ သတ်မယ်ဆိုလည်း သတ်ပစ်လိုက်..."

"မင်းတို့ကို လွယ်လွယ်နဲ့ သေခိုင်းလို့ ရမလားကွ...မသေခင်လေး..သေချာခံစားသွားလိုက်..."

Brightက ပြောရင်းနဲ့မှ သူယူလာတဲ့ ဓားပါးလေးနှစ်ချောင်းကို ဟိုခြစ်ဒီခြစ်ဖြင့် ဆော့ကစားနေ၏။Winက သူ ဒဏ်ရာရရင် ဒဏ်ရာရတဲ့ကောင်ကို တစ်ပုံစံထဲဖြစ်အောင် ပြန်လုပ်လေ့ရှိတာ...သူကတော့ အဲ့ထက်ဆိုးရင် ဆိုးလိမ့်မည်။

"အဟက်...ဂိုဏ်းချုပ်ကြီးရဲ့ အသားလေးက တော်တော်နူးညံ့တာ သိလား..ပြီးတော့....ဖြူဖွေးနေတာဘဲ...ငါတောင်နှာခေါင်းသွေးလျှံတော့မလို့..."

မကြောက်မရွံ ပြောလာတဲ့စကားကြောင့် Bright မျက်လုံးထဲ မီးဝင်းဝင်းတောက်သွားပြီး ထိုသူရဲ့ အနားကို အရှိန်နဲ့ ရောက်သွားကာ လည်ပင်းကို အားကုန်ညှစ်ပစ်လိုက်၏။

"အာ့...အာ..."

"Bright..Bright...ဒီမှာဆေး..."

Gun Smile အပါအဝင် Dew၊ Nani၊ Top Tapနဲ့ Foei ပါ ရောက်ရှိလာ၏။အဲ့တော့မှ Bright လည်း လည်ပင်းညှစ်ထားရမှ လွတ်ပေးကာ ထရပ်လိုက်၏။

"ဒီကောင်တွေက ဂိုဏ်းသားတွေတော့ မဟုတ်ဘူး ဒုဂိုဏ်းချုပ်..ဒါပေမယ့် The Ghost နဲ့တော့ ပတ်သက်မှုရှိတယ် ထင်တယ်...မကြာသေးခင်ကမှ The Ghost ဂိုဏ်းချုပ်နဲ့ တွေ့ထားတဲ့ မှတ်တမ်းရှိတယ်..."

"The Ghost..."

"ဟုတ်ပါတယ်..."

"မင်း ဘာလုပ်ချင်လဲ Bright..."

"စောင့်ကြည့်လိုက်လေ..Nani..."

ဒီကောင်တွေနဲ့ ပတ်သက်ပြီး Bright အချိန်အများကြီး မယူလိုတော့...။

"မင်းတို့သိလား...ဒီကောင်တွေက ငါတန်ဖိုးထားရတဲ့သူကို စော်ကားဖျက်ဆီးဖို့အထိ လုပ်ခဲ့တာ...ဆေးတွေကို အဆမတန်ဘဲ..တောက်..."

"ဒီကောင်တွေ..."

Brightရဲ့ စကားအဆုံး အကုန်လုံး ထိုကောင်တွေကို ထုရိုက်ကန်ကျောက်တော့၏။သူကတော့ Win ကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့ ကောင်ရဲ့ လက်ကို ဆွဲယူပြီးသူဓားဖြင့် ထိုးစိုက်ချလိုက်၏။

"အား...."

"ဒီလက်တွေနဲ့ ပွတ်သပ်ခဲ့တာပေါ့...ဟက်လား..ဟမ်..အရမ်းမှ နူးညံ့ရဲ့လား..."

ဓားဦးဖြင့် ထိုးစိုက်လိုက် ပြန်နှုတ်လိုက် စကားပြောလိုက်နဲ့ လက်နှစ်ဖက်လုံး သွေးချင်းချင်းနီနေပြီဖြစ်၏။

"တစ်ယောက်မှ အရှင်မထားဘူး..."

အသိပေးလိုက်ပြီးတာနဲ့ Gun Smile ယူလာတဲ့ ဆေးထုပ်တွေ ယူရင်း သူတို့ကိုပါ လှမ်းပစ်ပေးလိုက်ပြီး မေးဆတ်ပြလိုက်၏။ဓားနဲ့ထိုးစိုက်လိုက် ပြန်နှုတ်လိုက်..ဖြတ်ကန်လိုက်နဲ့  လုပ်​နေတာတောင် မျက်တောင်လေး တစ်ချက်ခတ်မသွား...။Bright Vachirawit က သူ့ဂိုဏ်းချုပ်နဲ့ ပတ်သက်ရင် သိပ်ရက်စက်တယ်ဆိုတဲ့စကားကို သက်သေပြနေတဲ့ အလားပင်...။ထိုသူတွေရဲ့ ပါးစပ်ထဲကို ဆေးတွေ လောင်းထည့်တော့ ဝူးဝူးဝါးဝါးနဲ့ ရုန်းကန်​နေတော့ ရုန်းလို့မရအောင်ဟုဆိုကာ ခြေလက်တွေကို ချိုးပစ်လိုက်ကြ၏။Top Tap ကတော့ ခပ်လှမ်းလှမ်းကနေ မတ်တပ်ရပ်ကြည့်နေ၏။

"ဟိုကောင်လေး...မကြည့်ရဲရင် ရပ်ကြည့်မနေနဲ့ ပြန်..."

"ရတယ်...ဒုဂိုဏ်းချုပ်..."

Bright မှာ ထိုသို့လုပ်တာတောင် အားမရနိုင်သေးဘဲ ထိုသူတွေရဲ့ ခြေလက်တွေကို ဓားဖြင့်မွှန်းနေသေး၏။

"မျက်နှာတွေ သွားမလုပ်နဲ့ ဒီကောင်တွေ မမှတ်မိတော့မှာ စိုးလို့..."

Foei အပါအဝင် သူတို့အကုန်လုံး သွေးဆူနေကြတာ...ဂိုဏ်းချုပ်ဆိုတာ သူတို့ တန်ဖိုးထားရတဲ့သူ... ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းပြီး စော်ကားချင်လို့ ရမလား..ဆေးအရှိန်နဲ့ လူးလွန့်လာတဲ့ သူတို့ရဲ့ ခန္ဓာကိုယ် တွေ။ခြေလက်တွေ ချိုးထားတာကြောင့် ခန္ဓာကိုယ်ကြီးဘဲ လှုပ်လေ ပိုနာလေ..ဆေးအရှိန်နဲ့မို့ ခံစားရတွေခက်နေကြ၏

"ဘယ်လိုလဲ...ဟမ်..."

"အား...သတ်လိုက်ပါတော့.."

"ကျွန်တော်တို့ကို သတ်လိုက်ပါတော့..."

"အား..တောင်းပန်ပါတယ်...တောင်းပန်ပါတယ်..."

"အခုမှ တောင်းပန်လို့ နောက်ကျသွားပြီ..သေရမှာ စိတ်ချ..."

နှိပ်စက်ထားတာကြောင့် သေလုမျောပါး ဖြစ်နေတာတောင် အသိစိတ်တော့ မလွတ်သေးကြ။ဆေးအရှိန်တက်နေတဲ့ ထိုသူတွေရဲ့ ငယ်ပါတွေကိုပါ မီးနဲ့ ရှို့ပစ်၏။

"Gun Smile ဒုဂိုဏ်းချုပ်ကို ထိန်းတော့..."

"Bright လာ..ဂိုဏ်းချုပ် နိုးနေလောက်ပြီ Foei တို့ ဆက်ရှင်းလိမ့်မယ် မလုပ်နဲ့တော့..."

"ဒီကောင်တွေ သေသင့်တာ..."

"သေမှာ..အခုမသေလည်း တစ်ဖြေးဖြေးသေသွားလိမ့်မယ်.."

Bright ကို Gun Smile က ဆွဲချုပ်ရင်း ဖြောင်းဖျ၏။သူ့ဓားနှစ်ချောင်းနဲ့ ထိုးစိုက်နေတာများ အသိစိတ်လွတ်နေသလို။ဟိုကောင်တွေက အော်တဲ့ အသံတောင် မထွက်တော့။Nani တို့ကို မျက်စပစ်ပြပြီး Bright ကို သိုလှောင်ကန်ထဲက ဆွဲထုတ်လာခဲ့၏။

"စိတ်လျော့တော့ Bright..."

"အင်း...ငါဘာမှမဖြစ်ဘူး..တစ်ခုတော့ ထပ်လုပ်ပေး Gun Smile...The Ghost အပါအဝင် သူတို့နဲ့ ပတ်သက်ဖူးတဲ့ ဂိုဏ်းအသီးသီးကို သူတို့ရဲ့ Dead body တွေ ပို့လိုက်..."

"အင်း..."

"မထိသင့်တဲ့သူကို ထိလို့ အပြစ်ပေးတာလို့ပါ ထည့်ပြောလိုက်..."

"Ok.."

White Dragons တွေဟာ ရက်စက်ရင်လည်း တစ်ညီတစ်ညွတ်ထဲ ရက်စက်တတ်ကြ၏။နောက်ဆုံး ထိုသူတွေကို Nani ကဘဲ သေနတ်နဲ့ ပစ်သတ်ကာ ရှင်းလိုက်ရ၏။လောကမှာ မရှိသင့်တဲ့ ကောင်တွေ။အရင်က Bright က အမြဲတမ်း ဂိုဏ်းချုပ်ရဲ့ မျက်နှာဖုံးခိုင်းထားတာကြောင့် သူတို့က တစ်မျိုးမြင်ခဲ့ကြသေးတာ...ပိုကိုပိုလွန်းတယ် ဆိုပြီး..အခုတော့ Bright မလွန်..မျက်နှာမြင်တာနဲ့ ပစ်မှားချင်နေတဲ့ ကောင်တွေ။

****
Bright မနက်စောစော Mike ဆီ လှမ်းဆက်ရင်း Win ဆီဖုန်းဆက်ပြီး စကားပြောပေးဖို့...အာရုံလွဲပေးဖို့ အကြောင်း လှမ်းပြောရင်း ဒီကအကြောင်းတွေကို အကျဥ်းချုပ်ရှင်းပြထားလိုက်၏။အပြင်မှာ သူတို့ရဲ့ White Dragon Gang အကြောင်းက ဟိုးလေးတကြော်ကြော်။ဒုဂိုဏ်းချုပ်နဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ ရက်စက်မှုကို ဂိုဏ်းအသေးတွေ တုန်လှုပ်ကုန်၏။တစ်ချို့ကလည်း ပူးပေါင်းချင်လို့...တစ်ချို့ကလည်း လက်အောက်ကို ခိုဝင်ချင်လို့ဆိုကာ ဆက်သွယ်လာကြ၏။ငယ့်အနားမှာ နေချင်ပေမယ့် သူ့ကိုမြင်ရင် တစ်မျိုးတစ်မည်ဖြစ်မှာ စိုးတာကြောင့် ခဏရှောင်နေလိုက်ဖို့ ဆုံးဖြတ်ရင်း သေနတ်အရောင်းအဝယ်ကိစ္စတွေနောက် လိုက်ဖို့ ပြင်လိုက်၏။Top Tap က ကျောင်းတစ်ဖက်နဲ့ ပိတ်ရက်တွေသာ ဂိုဏ်းကို လာလေ့ရှိပြီး အရေးကြီးကိစ္စရှိရင် အိမ်ကဖြစ်ဖြစ် ကျောင်းမှာ ဖြစ်ဖြစ် သူလုပ်ပေးလေ့ရှိ၏။အသက်ငယ်ပေမယ့် အရမ်းအရည်အချင်းရှိတဲ့ ကလေးဖြစ်သည်။Mike ကိုတော့ ဒီအကြောင်းတွေ မပြောပြရသေး...ငယ်ကတော့ နားချပေးမယ်လို့ ပြောထား၏။

"လာဦး..ဂိုဏ်းချုပ်နိုးလာရင် ဒါလေးပေးပေး..ငါ့ကိုမေးရင် လက်နက်ကိစ္စနဲ့ အပြင်ထွက်သွားတယ်လို့ ပြောလိုက်..."

Bright အပြင်ထွက်သွားပြီး ခဏကြတော့ သူ့ရဲ့ ဂိုဏ်းချုပ်လေးက နိုးလာ၏။နိုးလာလာချင်း ခံစားရတာက Vachirawit ရဲ့ အငွေ့အသက်တွေ...။သူ့ဆီက ရနေကျ ကိုယ်သင်းရနံ့နဲ့ နွေးထွေးနေတဲ့ သူရဲ့ ခန္ဓာကိုယ်။မနေ့ညက ဘာတွေဖြစ်ခဲ့သလဲ...။

"အ့..."

အားယူကာထတော့ တစ်ကိုယ်လုံးက ကိုင်ရိုက်ထားသလို..အင်အားတွေ ကုန်ခမ်းနေ၏။အာခေါင်တွေ ခြောက်ကပ်နေတာကြောင့် အိပ်ယာဘေးထားထားတဲ့ ရေကရားထဲက ရေကို ထည့်သောက်ရန် ပြင်၏။

"အဟမ်း..အခုမှဘဲ..အဆင်ပြေတော့တယ်..မနေ့ညက ဘယ်လိုဖြစ်သွားတာလဲ..."

ရေခွက်လေးကိုင်ရင်း သူငြိမ်ငြိမ်လေး စဥ်းစားနေမိ၏။သူ့ကို ဖမ်းခေါ်သွားတာတွေ...ချုပ်ပြီး ဆေးတိုက်တာတွေ.. Vachirawit သူ့ကို လာကယ်တာ...ဆိုင်ကယ်နဲ့ တင်ခေါ်လာတာ...သူစိတ်တွေ လွတ်ပြီး နမ်းခဲ့သေးတာ... နောက်ပိုင်း ဘာဆက်ဖြစ်လဲ သူမသိတော့...။ဘာမှတော့ ကြီးကြီးမားမား မဖြစ်လောက်ဘူးလို့ ထင်တာဘဲ...။

"တစ်ယောက်ယောက်ရှိလား..."

"ရှိပါတယ် ဂိုဏ်းချုပ်..."

"ဒုဂိုဏ်းချုပ် ဘယ်သွားလဲ...."

"လက်နက်ကိစ္စနဲ့ အပြင်သွားပါတယ် ဂိုဏ်းချုပ်..နိုးလာရင် ဒါလေးပေးပေးဖို့ ပြောသွားပါတယ်..."

သူယူကြည့်လိုက်တော့...နို့ဗူးမှာ sticker note လေးကပ်ထားတာ....။

"နိုးလာရင် သောက်လိုက်အုံး..အပြင်ခဏသွားမလို့..." ဆိုတဲ့ စာလေး...ဖတ်ရင်း ပြုံးကာ နို့ဗူးကို ပိုက်ထားလိုက်၏။ပြီးမှ...

"ကျန်တဲ့သူတွေကရော..."

"အိမ်ပြန်သွားကြပါတယ်..ဂိုဏ်းချုပ်..."

"Ok..."

သူ့အိမ်ခန်းရှေ့မှာ ကင်းစောင့်ပေးတဲ့ ဂိုဏ်းသားကိုဘဲ မနေ့ညက ဖြစ်ကြောင်းကုန်စင်ကို တင်ပြခိုင်းလိုက်တော့ သူ၏ Vachirawit ရဲ့  ရက်စက်မှုတွေကို ကြားလိုက်ရ၏။ဒါတော့မလွန်...သူသာဆိုရင်လည်း အဲ့နေရာမှာတင် အသေထိုးသတ်မိမှာ...။

"ညက ငါ ဘယ်လိုပြန်ရောက်လာတာလဲ သိလား..."

"ဒုဂိုဏ်းချုပ် ဆိုင်ကယ်နဲ့ ခေါ်လာတာပါ..."

"ရပြီ သွားတော့..."

ဒါဆိုရင်တော့ ဘာမှမဖြစ်ခဲ့လောက်ဘူး..သူ့ကို တိုက်ခဲ့တာက စိတ်ကြွဆေးတွေမို့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတာ..အင်အားတွေ ကုန်ခမ်းသလို ဖြစ်နေတာက သူပင်ပန်းသွားလို့ ဖြစ်မယ်...အိပ်ယာပေါ် ပြန်တက်လဲနေရင်းမှ စာဝင်လာတာကြည့်လိုက်တော့ Gp chat ထဲ ပန်းပုံတွေ ပို့လာတဲ့ Mike၊ အားနေရင် ပန်းတွေကိုဘဲ သုတေသနလုပ်နေသလားတောင် မပြောတတ်..ပန်းပုံက ပထမတစ်ပုံက အဖြူရောင်ဖြစ်ပြီး နောက်တစ်ပုံက ရေစိုထားသလို ​အကြည်ရောင်လေး ဖြစ်နေ၏။သူကြည့်နေရင်းက Mike ဆီက ဖုန်းဝင်လာ၏။

"​ပြော..."

"ဟဲ..ဟဲ...ပန်းအကြောင်းလေး ပြောပြချင်လို့ Gp ထဲမှာလည်း မင်းဘဲ ရှိတာနဲ့..."

ပုံမှန်အချိန်တွေဆို လွတ်လွတ်လပ်လပ် ပြောနေကြမို့ ကိစ္စတော့မရှိ...။

"ပြောပါအုံး..."

"စိတ်ကြည်နေတယ်ပေါ့..."

"အင်း..."

" အဲ့ပန်းတွေက SkeletalFlowers အရိုးစုပန်းလေးတွေလို့ခေါ်တာ...ငါတို့နိုင်ငံမှာ မရှိဘူး....သူ့ရဲ့ ပွင့်ချပ်လေးတွေက အဖြူရောင်​လေး.. ထူးဆန်းတာက ရေနဲ့ထိတွေ့မိရင် အထူးသဖြင့် မိုးရေနဲ့ ထိတွေ့မိရင် အလင်းပေါက်နိုင်တဲ့ ဖန်ခွက်တခွက်လို ကြည်ကြည်လင်လင် မြင်နိုင်တဲ့ ပွင့်ချပ်လေး​အဖြစ် အလိုလို ပြောင်းသွားနိုင်တာ.. အဲဒီအချိန်မှာ တွေ့ရရင် ဘယ်သူမှ ပန်းအစစ်လို့ မထင်ကြဘူး.. ဒီအချက်ကြောင့် skeletal flowers လို့ အမည်ပေးထားတာ...

"ဘာလို့ပြောင်းသွားတာလဲ..."

"ဘာလို့ ပြောင်းလဲသွားတာဆိုတော့... သူမှာ ရောင်ခြယ်ဆဲလ် ပစ္စည်း pigments တွေပါပေမယ့် ဒီဆဲလ်တွေကြောင့်ပြောင်းလဲသွားတာမဟုတ်ဖူး... ပွင့်ချပ်မှာရှိတဲ့ ဆဲလ်တွေက ရေနဲ့ထိမိရင် ကျုံ့သွားတယ်..အဲဒီအခါ နေရာအလွတ်တွေဖြစ်လာပြီး အဲဒီ နေရာထဲကို ရေတွေက စိမ့်ဝင်လာပြီး ရေရဲ့အရောင်  ဖန်ခွက်တခွက်လို  ထွင်းဖောက်နိုင်တဲ့ transparent petals ပွင့်ချပ်လေးတွေဖြစ်လာတာ... ရေတွေ  ခမ်းခြောက်သွားရင်တော့ နဂို မူရင်းအဖြူရောင်ပွင့်ချပ်လေးတွေ ပြန်ဖြစ်သွားတယ်..."

"တခြားနာမည်ရော.."

"အင်း...ဒီအပင်လေးရဲ့ ရုက္ခအမည်က Diphylleia grayi ဖြစ်ပြီး မျိုးရင်းက Berbridaceae တဲ့.. ဒီအပင်လေးက အရမ်းရှားပါးလွန်းပြီး ကမ္ဘာ့ပေါ်မှာ နေရာသုံးနေရာမှာသာ တွေ့နိုင်တယ်..ဂျပန်၊ တရုတ်နှင့် appalachian တောင်တန်းတွေမှာဘဲ တွေ့ရတယ်...."

"သြော်...တော်တော်လေ့လာထားတာဘဲ..."

"ဒါပေါ့..စိတ်ဝင်စားတာကို..."

"အင်း...ပြန်လာရတော့မှာနော်...Mike..."

"အင်း...ငါ ပန်းပင်တွေ သယ်လာမယ်..."

"အဖွဲ့ 3ခေါင်းဆောင်ကို ပန်းပင်တွေဘဲ ကုန်ကူးခိုင်းတော့မယ်...."

"ဟား..ဟား..."

Mikeက Win နဲ့ စကားတော်တော်ကြာ ပြောပေးခဲ့တယ်.. Top Tap ကို မေးပေမယ့် လောလောဆယ် ပြောပြချင်စိတ် မရှိသေးတာမို့ သူလည်း နှုတ်ဆိတ်နေလိုက်၏။ပြန်လာရင်တော့ သူကိုယ်တိုင် ပြောမှာပါ...ထိုနေ့က Mike ရဲ့ ပန်းအကြောင်းတွေကို မညီးမညူနားထောင်ပေးခဲ့သလို Mike ကလည်း ထူးထူးဆန်းဆန်း စကားတွေ အများကြီး ပြောနေခဲ့၏။ဘာဘဲဖြစ်ဖြစ် ဂိုဏ်းချုပ်တွေ အဖွဲ့ခေါင်းဆောင်တွေ ဆိုတာထက် ပိုပြီးရင်းနှီးခဲ့တဲ့ နေ့တွေပေါ့...။

*ပန်းအကြောင်းကို သက်ဆိုင်ရာကို credit ပေးပါတယ်...စိတ်ဝင်စရာကောင်းတဲ့ ပန်းလေးတွေမို့ ထည့်ရေးထားတာပါ..Mike ကလည်း ပန်းအကြောင်း စိတ်ဝင်စားတဲ့ သူလေ...*

14.4.2022
Mirella

ဒီပန်းလေး

Zawgyi

ငယ့္ကို စခန္းက အိပ္ခန္းမွာဘဲ ေနရာခ်ေပးၿပီး အိပ္ရတာ သက္ေတာင့္သက္သာ ျဖစ္ေအာင္ ျပဳျပင္ေပးလိုက္၏။ဘယ္ေလာက္ေတာင္ ပင္ပန္းသြားလို႔ အဲ့ေလာက္ေတာင္ အိပ္ေနရသလဲ မေျပာတတ္ေတာ့။နဖူးေလးကို ျငင္ျငင္သာသာေလး တစ္ခ်က္ ဖိကပ္နမ္းၿပီး အျပစ္ေပးဖို႔ ႐ွိေနတဲ့ ေကာင္ေတြဆီ ထြက္လာခဲ့လိုက္၏

"Gun Smile, ဂိုဏ္းခ်ဳပ္နဲ႔ လိုက္သြားတဲ့ သူေတြေရာ..."

"အကုန္အျပစ္ေပးအခန္းထဲမွာပါ...."

"ဟိုေကာင္ေတြကေရာ သိုေလွာင္ခန္းမွာလား..."

"ဟုတ္တယ္...ဒါနဲ႔ Nani ကို ေစာင့္အုံးမလား..."

"ဘာလို႔..."

"သူ႕အဖြဲ႕ထဲက လူေတြဆိုေတာ့..."

"မေစာင့္ဘူး Gun Smile, ဘယ္အဖြဲ႕က လူဘဲ ျဖစ္ျဖစ္ ဂိုဏ္းခ်ဳပ္ကိုေတာင္ မကာကြယ္ႏိုင္ရင္ အျပစ္ေပးခံရမွာဘဲ...."

"အင္း....Nani က Dew နဲ႔ အျပင္ျပန္လိုက္သြားတယ္...Top Tap ကေတာ့ အခ်က္အလက္ေတြနဲ႔ လမ္းေၾကာင္းေတြ ဆြဲေပးေနတယ္..."

"အဲ့ကေလးကို နားခိုင္းလိုက္ေတာ့..ၿပီးေတာ့ ေဆး႐ွာၿပီး သိုေလွာင္ကန္ဘက္ လိုက္ခဲ့လိုက္..ငါ အဖြဲ႕ 1နဲ႔ သြားေတြ႕လိုက္အုံးမယ္..."

"Ok..."

Gun Smile ကို မွာစရာ႐ွိတာ မွာၿပီး အျပစ္ေပးခန္းဘက္ ထြက္လာခဲ့လိုက္သည္။ေအးစက္မာေၾကာေနေသာ မ်က္နာႏွင့္ တင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္းေတြက ဘယ္ေလာက္ေဒါသထြက္ေနလည္း ဆိုတာကို ၫႊန္ျပေနသေယာင္...။ဂိုဏ္းဝတ္စုံကို သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ ျပန္ျပဳျပင္ရင္း တံခါးဖြင့္ကာ ဝင္လာေတာ့ အကုန္လုံး ၿငိမ္ၿငိမ္ေလးေတြ ထိုင္ေနၾက၏။

"ထ..တန္းစီ..."

"ေျပာ...မင္းတို႔မွာ အျပစ္႐ွိလား မ႐ွိဘူးလား..."

"႐ွိပါတယ္ ဒုဂိုဏ္းခ်ဳပ္...ႀကိဳက္တဲ့အျပစ္ေပးပါ..."

"ဒီကိစၥနဲ႔ ပတ္သက္ၿပီး ႐ွည္႐ွည္ေဝးေဝးေတြ မေျပာခ်င္ေတာ့ဘူး...ငါ့ ဘက္က လိုအပ္ခ်က္ေတြလည္းပါတယ္... မင္းတို႔သိလား...ဒီတစ္ေခါက္ မင္းတို႔ဂိုဏ္းခ်ဳပ္ ကံေကာင္းသြားတာ...ဟိုက ခ်က္ခ်င္းမသတ္လို႔..ဒါေပမယ့္...ေတာက္..."

ေျပာရင္း ေဒါသထြက္လာျပန္ေတာ့ တစ္ေယာက္မွ တုပ္တုပ္မလႈပ္ရဲဘဲ ေခါင္းငုံကာ ရပ္ေနၾက၏။

"ဒုေခါင္းေဆာင္ေတြ ေ႐ွ႕ထြက္လာ..."

"ဟုတ္ကဲ့...ဒုဂိုဏ္းခ်ဳပ္..."

"မင္းတို႔အဖြဲ႕ 1ရဲ႕ အဓိကတာဝန္က ဘာလဲ..."

"ဂိုဏ္းခ်ဳပ္ကို အဓိကထား ေစာင့္ေ႐ွာက္ဖို႔ပါ..."

"တာဝန္ေက်ခဲ့လား..."

"မေက်ခဲ့ဘူး ဒုဂိုဏ္းခ်ဳပ္..."

"ေကာင္းၿပီ...ေလ့က်င့္ေရးကို အခုခ်ိန္ကစၿပီး ပုံမွန္ထက္ 3ဆလုပ္ရမယ္ ဒုေခါင္းေဆာင္ေတြက 5ဆ...မင္းတို႔ကို မ်ားမ်ားမေလ့က်င့္ေပးႏိုင္လို႔ ဒီလို ျဖစ္ရတာ...ေရကူးတာကအစ ​ေသနတ္ပစ္တာအဆုံး Gun Smile နဲ႔ Nani ၾကပ္မတ္ေပးလိမ့္မယ္...ဒါ ငါအျပစ္ေပးတာဘဲ..."

ေလ့က်င့္ေရးဆင္းရတာ ဘယ္ေလာက္ပင္ပန္းလည္း ဒီေကာင္ေတြ အသိ။Gun Smile နဲ႔ Nani ေသခ်ာ Train ေပးလိမ့္မယ္..ဒါမွ ေနာက္ mission ေတြ ေသခ်ာအာ႐ုံစိုက္ၾကမွာ...။

"ဒု...ဒုဂိုဏ္းခ်ဳပ္..."

"ေျပာ..."

"ဂိုဏ္းခ်ဳပ္ကိုေျပာေပးပါ..ကြၽန္ေတာ္တို႔ ေတာင္းပန္ပါတယ္လို႔..."

"Ok..."

ေျပာၿပီး သိုေလွာင္ကန္ဘက္ ထြက္လာခဲ့လိုက္၏။တစ္ျခါးသူေတြကို အျပစ္မေပးခိုင္းဘဲ ဒီေကာင္ေတြကို သူကိုယ္တိုင္ အျပစ္ေပးခ်င္တာ...ေနာက္ခါ White Dragon ဂိုဏ္းခ်ဳပ္ကို လာထိရင္ ဘယ္လိုခံရမလဲဆိုတာ ေသခ်ာသိေအာင္။
ေလွာင္ကန္ဆိုတဲ့ေနရာက ဒီအတိုင္းေနရင္းေတာင္ အသက္႐ူမဝျဖစ္ၿပီး ေသခ်င္စိတ္ေပါက္တဲ့ ေနရာမ်ိဳး။သူအပါအဝင္ ဂိုဏ္းသားေတြအကုန္လုံး ဒီေနရာမွာ 15min ထက္ ပိုမေနၾက။သိုေလွာင္ကန္က အရင္က လက္နက္ ဒါမွမဟုတ္ အရက္ကျဖစ္ျဖစ္ သိုေလွာင္လို႔ရေအာင္ တူးထားတဲ့ ကန္လိုသေဘာမ်ိဳးျဖစ္၏။ပတ္ဝန္းက်င္အေျခအေနကလည္း ၾကည့္လိုက္တာနဲ႔ စိတ္မႏွစ္မ်ိဳ႕စရာ ေနရာမ်ိဳးျဖစ္တာေၾကာင့္ ဂိုဏ္းခ်ဳပ္က ဒီေနရာကို ဒီအတိုင္းထားခိုင္းလိုက္တာဘဲ ျဖစ္၏။သူ...သိုေလွာင္ကန္ထဲ ေရာက္သြားေတာ့ ဟိုေကာင္ေတြကို ႀကိဳးနဲ႔ ပူးၿပီး ခ်ည္ထားၾက၏။႐ိုက္ႏွက္ထားသျဖင့္ သတိလစ္ေနၾကၿပီ ျဖစ္၏။ဒီေကာင္ေတြ ျမင္ရ႐ုံနဲ႔ ငယ္ရဲ႕ အျဖစ္အပ်က္ေတြကို ျပန္ျမင္လာတာေၾကာင့္ ေဒါသက ထြက္လာျပန္၏။ေဘးနားမွာ ေတြ႕တဲ့ ဓာတ္ဆီပုံးကို ဖြင့္ၿပီး မ်က္ႏွာေတြ တည့္တည့္ကာ ပက္ပစ္ေတာ့ လူးလြန္႔လာၾကၿပီး သတိရလာ၏။

"ဘာ..ဘာေတြလဲ...ဓာတ္ဆီေတြ..."

"အဟြန္း...ဒါေပါ့...မင္းတို႔ကို ႏိႈးဖို႔ ေရအလြယ္အကူမေတြ႕တာနဲ႔ ေတြ႕တာနဲ႔ ႏိႈးလိုက္တာ..."

"မင္း...ဘာလုပ္မလို႔..."

"႐ွဴး..ေစာက္ရမ္းနားညီးတယ္...ေျဖးေျဖးေအးေအးေလးဘဲ သြားၾကတာေပါ့..."

"ေတာင္းပန္ပါတယ္...ကြၽန္ေတာ့တို႔ကို ခြင့္လႊတ္ေပးပါ...ေခါင္းေဆာင္မွာဘဲ တာဝန္႐ွိတာပါ....."

ေခါင္းေဆာင္ဆိုတာက Win ကို ကိုယ္ထိလက္ေရာက္ေစာ္ကားခဲ့တဲ့ သူကို ေျပာဟန္တူ၏။

"အဟက္...မင္း တပည့္ေတြက ေတာ္ေတာ္အေကာင္းစားေတြဘဲ..."

"မင္းဘာလုပ္ခ်င္တာလဲ သတ္မယ္ဆိုလည္း သတ္ပစ္လိုက္..."

"မင္းတို႔ကို လြယ္လြယ္နဲ႔ ေသခိုင္းလို႔ ရမလားကြ...မေသခင္ေလး..ေသခ်ာခံစားသြားလိုက္..."

Brightက ေျပာရင္းနဲ႔မွ သူယူလာတဲ့ ဓားပါးေလးႏွစ္ေခ်ာင္းကို ဟိုျခစ္ဒီျခစ္ျဖင့္ ေဆာ့ကစားေန၏။Winက သူ ဒဏ္ရာရရင္ ဒဏ္ရာရတဲ့ေကာင္ကို တစ္ပုံစံထဲျဖစ္ေအာင္ ျပန္လုပ္ေလ့႐ွိတာ...သူကေတာ့ အဲ့ထက္ဆိုးရင္ ဆိုးလိမ့္မည္။

"အဟက္...ဂိုဏ္းခ်ဳပ္ႀကီးရဲ႕ အသားေလးက ေတာ္ေတာ္ႏူးညံ့တာ သိလား..ၿပီးေတာ့....ျဖဴေဖြးေနတာဘဲ...ငါေတာင္ႏွာေခါင္းေသြးလွ်ံေတာ့မလို႔..."

မေၾကာက္မ႐ြံ ေျပာလာတဲ့စကားေၾကာင့္ Bright မ်က္လုံးထဲ မီးဝင္းဝင္းေတာက္သြားၿပီး ထိုသူရဲ႕ အနားကို အ႐ွိန္နဲ႔ ေရာက္သြားကာ လည္ပင္းကို အားကုန္ညႇစ္ပစ္လိုက္၏။

"အာ့...အာ..."

"Bright..Bright...ဒီမွာေဆး..."

Gun Smile အပါအဝင္ Dew၊ Nani၊ Top Tapနဲ႔ Foei ပါ ေရာက္႐ွိလာ၏။အဲ့ေတာ့မွ Bright လည္း လည္ပင္းညႇစ္ထားရမွ လြတ္ေပးကာ ထရပ္လိုက္၏။

"ဒီေကာင္ေတြက ဂိုဏ္းသားေတြေတာ့ မဟုတ္ဘူး ဒုဂိုဏ္းခ်ဳပ္..ဒါေပမယ့္ The Ghost နဲ႔ေတာ့ ပတ္သက္မႈ႐ွိတယ္ ထင္တယ္...မၾကာေသးခင္ကမွ The Ghost ဂိုဏ္းခ်ဳပ္နဲ႔ ေတြ႕ထားတဲ့ မွတ္တမ္း႐ွိတယ္..."

"The Ghost..."

"ဟုတ္ပါတယ္..."

"မင္း ဘာလုပ္ခ်င္လဲ Bright..."

"ေစာင့္ၾကည့္လိုက္ေလ..Nani..."

ဒီေကာင္ေတြနဲ႔ ပတ္သက္ၿပီး Bright အခ်ိန္အမ်ားႀကီး မယူလိုေတာ့...။

"မင္းတို႔သိလား...ဒီေကာင္ေတြက ငါတန္ဖိုးထားရတဲ့သူကို ေစာ္ကားဖ်က္ဆီးဖို႔အထိ လုပ္ခဲ့တာ...ေဆးေတြကို အဆမတန္ဘဲ..ေတာက္..."

"ဒီေကာင္ေတြ..."

Brightရဲ႕ စကားအဆုံး အကုန္လုံး ထိုေကာင္ေတြကို ထု႐ိုက္ကန္ေက်ာက္ေတာ့၏။သူကေတာ့ Win ကို ကိုယ္ထိလက္ေရာက္ေစာ္ကားခဲ့တဲ့ ေကာင္ရဲ႕ လက္ကို ဆြဲယူၿပီးသူဓားျဖင့္ ထိုးစိုက္ခ်လိုက္၏။

"အား...."

"ဒီလက္ေတြနဲ႔ ပြတ္သပ္ခဲ့တာေပါ့...ဟက္လား..ဟမ္..အရမ္းမွ ႏူးညံ့ရဲ႕လား..."

ဓားဦးျဖင့္ ထိုးစိုက္လိုက္ ျပန္ႏႈတ္လိုက္ စကားေျပာလိုက္နဲ႔ လက္ႏွစ္ဖက္လုံး ေသြးခ်င္းခ်င္းနီေနၿပီျဖစ္၏။

"တစ္ေယာက္မွ အ႐ွင္မထားဘူး..."

အသိေပးလိုက္ၿပီးတာနဲ႔ Gun Smile ယူလာတဲ့ ေဆးထုပ္ေတြ ယူရင္း သူတို႔ကိုပါ လွမ္းပစ္ေပးလိုက္ၿပီး ေမးဆတ္ျပလိုက္၏။ဓားနဲ႔ထိုးစိုက္လိုက္ ျပန္ႏႈတ္လိုက္..ျဖတ္ကန္လိုက္နဲ႔  လုပ္​ေနတာေတာင္ မ်က္ေတာင္ေလး တစ္ခ်က္ခတ္မသြား...။Bright Vachirawit က သူ႕ဂိုဏ္းခ်ဳပ္နဲ႔ ပတ္သက္ရင္ သိပ္ရက္စက္တယ္ဆိုတဲ့စကားကို သက္ေသျပေနတဲ့ အလားပင္...။ထိုသူေတြရဲ႕ ပါးစပ္ထဲကို ေဆးေတြ ေလာင္းထည့္ေတာ့ ဝူးဝူးဝါးဝါးနဲ႔ ႐ုန္းကန္​ေနေတာ့ ႐ုန္းလို႔မရေအာင္ဟုဆိုကာ ေျခလက္ေတြကို ခ်ိဳးပစ္လိုက္ၾက၏။Top Tap ကေတာ့ ခပ္လွမ္းလွမ္းကေန မတ္တပ္ရပ္ၾကည့္ေန၏။

"ဟိုေကာင္ေလး...မၾကည့္ရဲရင္ ရပ္ၾကည့္မေနနဲ႔ ျပန္..."

"ရတယ္...ဒုဂိုဏ္းခ်ဳပ္..."

Bright မွာ ထိုသို႔လုပ္တာေတာင္ အားမရႏိုင္ေသးဘဲ ထိုသူေတြရဲ႕ ေျခလက္ေတြကို ဓားျဖင့္မႊန္းေနေသး၏။

"မ်က္ႏွာေတြ သြားမလုပ္နဲ႔ ဒီေကာင္ေတြ မမွတ္မိေတာ့မွာ စိုးလို႔..."

Foei အပါအဝင္ သူတို႔အကုန္လုံး ေသြးဆူေနၾကတာ...ဂိုဏ္းခ်ဳပ္ဆိုတာ သူတို႔ တန္ဖိုးထားရတဲ့သူ... ၾကက္ကေလး ငွက္ကေလး ဖမ္းသလို ဖမ္းၿပီး ေစာ္ကားခ်င္လို႔ ရမလား..ေဆးအ႐ွိန္နဲ႔ လူးလြန္႔လာတဲ့ သူတို႔ရဲ႕ ခႏၶာကိုယ္ ေတြ။ေျခလက္ေတြ ခ်ိဳးထားတာေၾကာင့္ ခႏၶာကိုယ္ႀကီးဘဲ လႈပ္ေလ ပိုနာေလ..ေဆးအ႐ွိန္နဲ႔မို႔ ခံစားရေတြခက္ေနၾက၏

"ဘယ္လိုလဲ...ဟမ္..."

"အား...သတ္လိုက္ပါေတာ့.."

"ကြၽန္ေတာ္တို႔ကို သတ္လိုက္ပါေတာ့..."

"အား..ေတာင္းပန္ပါတယ္...ေတာင္းပန္ပါတယ္..."

"အခုမွ ေတာင္းပန္လို႔ ေနာက္က်သြားၿပီ..ေသရမွာ စိတ္ခ်..."

ႏွိပ္စက္ထားတာေၾကာင့္ ေသလုေမ်ာပါး ျဖစ္ေနတာေတာင္ အသိစိတ္ေတာ့ မလြတ္ေသးၾက။ေဆးအ႐ွိန္တက္ေနတဲ့ ထိုသူေတြရဲ႕ ငယ္ပါေတြကိုပါ မီးနဲ႔ ႐ိႈ႕ပစ္၏။

"Gun Smile ဒုဂိုဏ္းခ်ဳပ္ကို ထိန္းေတာ့..."

"Bright လာ..ဂိုဏ္းခ်ဳပ္ ႏိုးေနေလာက္ၿပီ Foei တို႔ ဆက္႐ွင္းလိမ့္မယ္ မလုပ္နဲ႔ေတာ့..."

"ဒီေကာင္ေတြ ေသသင့္တာ..."

"ေသမွာ..အခုမေသလည္း တစ္ေျဖးေျဖးေသသြားလိမ့္မယ္.."

Bright ကို Gun Smile က ဆြဲခ်ဳပ္ရင္း ေျဖာင္းဖ်၏။သူ႕ဓားႏွစ္ေခ်ာင္းနဲ႔ ထိုးစိုက္ေနတာမ်ား အသိစိတ္လြတ္ေနသလို။ဟိုေကာင္ေတြက ေအာ္တဲ့ အသံေတာင္ မထြက္ေတာ့။Nani တို႔ကို မ်က္စပစ္ျပၿပီး Bright ကို သိုေလွာင္ကန္ထဲက ဆြဲထုတ္လာခဲ့၏။

"စိတ္ေလ်ာ့ေတာ့ Bright..."

"အင္း...ငါဘာမွမျဖစ္ဘူး..တစ္ခုေတာ့ ထပ္လုပ္ေပး Gun Smile...The Ghost အပါအဝင္ သူတို႔နဲ႔ ပတ္သက္ဖူးတဲ့ ဂိုဏ္းအသီးသီးကို သူတို႔ရဲ႕ Dead body ေတြ ပို႔လိုက္..."

"အင္း..."

"မထိသင့္တဲ့သူကို ထိလို႔ အျပစ္ေပးတာလို႔ပါ ထည့္ေျပာလိုက္..."

"Ok.."

White Dragons ေတြဟာ ရက္စက္ရင္လည္း တစ္ညီတစ္ၫြတ္ထဲ ရက္စက္တတ္ၾက၏။ေနာက္ဆုံး ထိုသူေတြကို Nani ကဘဲ ေသနတ္နဲ႔ ပစ္သတ္ကာ ႐ွင္းလိုက္ရ၏။ေလာကမွာ မ႐ွိသင့္တဲ့ ေကာင္ေတြ။အရင္က Bright က အၿမဲတမ္း ဂိုဏ္းခ်ဳပ္ရဲ႕ မ်က္ႏွာဖုံးခိုင္းထားတာေၾကာင့္ သူတို႔က တစ္မ်ိဳးျမင္ခဲ့ၾကေသးတာ...ပိုကိုပိုလြန္းတယ္ ဆိုၿပီး..အခုေတာ့ Bright မလြန္..မ်က္ႏွာျမင္တာနဲ႔ ပစ္မွားခ်င္ေနတဲ့ ေကာင္ေတြ။

****
Bright မနက္ေစာေစာ Mike ဆီ လွမ္းဆက္ရင္း Win ဆီဖုန္းဆက္ၿပီး စကားေျပာေပးဖို႔...အာ႐ုံလြဲေပးဖို႔ အေၾကာင္း လွမ္းေျပာရင္း ဒီကအေၾကာင္းေတြကို အက်ဥ္းခ်ဳပ္႐ွင္းျပထားလိုက္၏။အျပင္မွာ သူတို႔ရဲ႕ White Dragon Gang အေၾကာင္းက ဟိုးေလးတေၾကာ္ေၾကာ္။ဒုဂိုဏ္းခ်ဳပ္နဲ႔ အဖြဲ႕ေခါင္းေဆာင္ေတြရဲ႕ ရက္စက္မႈကို ဂိုဏ္းအေသးေတြ တုန္လႈပ္ကုန္၏။တစ္ခ်ိဳ႕ကလည္း ပူးေပါင္းခ်င္လို႔...တစ္ခ်ိဳ႕ကလည္း လက္ေအာက္ကို ခိုဝင္ခ်င္လို႔ဆိုကာ ဆက္သြယ္လာၾက၏။ငယ့္အနားမွာ ေနခ်င္ေပမယ့္ သူ႕ကိုျမင္ရင္ တစ္မ်ိဳးတစ္မည္ျဖစ္မွာ စိုးတာေၾကာင့္ ခဏေ႐ွာင္ေနလိုက္ဖို႔ ဆုံးျဖတ္ရင္း ေသနတ္အေရာင္းအဝယ္ကိစၥေတြေနာက္ လိုက္ဖို႔ ျပင္လိုက္၏။Top Tap က ေက်ာင္းတစ္ဖက္နဲ႔ ပိတ္ရက္ေတြသာ ဂိုဏ္းကို လာေလ့႐ွိၿပီး အေရးႀကီးကိစၥ႐ွိရင္ အိမ္ကျဖစ္ျဖစ္ ေက်ာင္းမွာ ျဖစ္ျဖစ္ သူလုပ္ေပးေလ့႐ွိ၏။အသက္ငယ္ေပမယ့္ အရမ္းအရည္အခ်င္း႐ွိတဲ့ ကေလးျဖစ္သည္။Mike ကိုေတာ့ ဒီအေၾကာင္းေတြ မေျပာျပရေသး...ငယ္ကေတာ့ နားခ်ေပးမယ္လို႔ ေျပာထား၏။

"လာဦး..ဂိုဏ္းခ်ဳပ္ႏိုးလာရင္ ဒါေလးေပးေပး..ငါ့ကိုေမးရင္ လက္နက္ကိစၥနဲ႔ အျပင္ထြက္သြားတယ္လို႔ ေျပာလိုက္..."

Bright အျပင္ထြက္သြားၿပီး ခဏၾကေတာ့ သူ႕ရဲ႕ ဂိုဏ္းခ်ဳပ္ေလးက ႏိုးလာ၏။ႏိုးလာလာခ်င္း ခံစားရတာက Vachirawit ရဲ႕ အေငြ႕အသက္ေတြ...။သူ႕ဆီက ရေနက် ကိုယ္သင္းရနံ႔နဲ႔ ေႏြးေထြးေနတဲ့ သူရဲ႕ ခႏၶာကိုယ္။မေန႔ညက ဘာေတြျဖစ္ခဲ့သလဲ...။

"အ့..."

အားယူကာထေတာ့ တစ္ကိုယ္လုံးက ကိုင္႐ိုက္ထားသလို..အင္အားေတြ ကုန္ခမ္းေန၏။အာေခါင္ေတြ ေျခာက္ကပ္ေနတာေၾကာင့္ အိပ္ယာေဘးထားထားတဲ့ ေရကရားထဲက ေရကို ထည့္ေသာက္ရန္ ျပင္၏။

"အဟမ္း..အခုမွဘဲ..အဆင္ေျပေတာ့တယ္..မေန႔ညက ဘယ္လိုျဖစ္သြားတာလဲ..."

ေရခြက္ေလးကိုင္ရင္း သူၿငိမ္ၿငိမ္ေလး စဥ္းစားေနမိ၏။သူ႕ကို ဖမ္းေခၚသြားတာေတြ...ခ်ဳပ္ၿပီး ေဆးတိုက္တာေတြ.. Vachirawit သူ႕ကို လာကယ္တာ...ဆိုင္ကယ္နဲ႔ တင္ေခၚလာတာ...သူစိတ္ေတြ လြတ္ၿပီး နမ္းခဲ့ေသးတာ... ေနာက္ပိုင္း ဘာဆက္ျဖစ္လဲ သူမသိေတာ့...။ဘာမွေတာ့ ႀကီးႀကီးမားမား မျဖစ္ေလာက္ဘူးလို႔ ထင္တာဘဲ...။

"တစ္ေယာက္ေယာက္႐ွိလား..."

"႐ွိပါတယ္ ဂိုဏ္းခ်ဳပ္..."

"ဒုဂိုဏ္းခ်ဳပ္ ဘယ္သြားလဲ...."

"လက္နက္ကိစၥနဲ႔ အျပင္သြားပါတယ္ ဂိုဏ္းခ်ဳပ္..ႏိုးလာရင္ ဒါေလးေပးေပးဖို႔ ေျပာသြားပါတယ္..."

သူယူၾကည့္လိုက္ေတာ့...ႏို႔ဗူးမွာ sticker note ေလးကပ္ထားတာ....။

"ႏိုးလာရင္ ေသာက္လိုက္အုံး..အျပင္ခဏသြားမလို႔..." ဆိုတဲ့ စာေလး...ဖတ္ရင္း ျပဳံးကာ ႏို႔ဗူးကို ပိုက္ထားလိုက္၏။ၿပီးမွ...

"က်န္တဲ့သူေတြကေရာ..."

"အိမ္ျပန္သြားၾကပါတယ္..ဂိုဏ္းခ်ဳပ္..."

"Ok..."

သူ႕အိမ္ခန္းေ႐ွ႕မွာ ကင္းေစာင့္ေပးတဲ့ ဂိုဏ္းသားကိုဘဲ မေန႔ညက ျဖစ္ေၾကာင္းကုန္စင္ကို တင္ျပခိုင္းလိုက္ေတာ့ သူ၏ Vachirawit ရဲ႕  ရက္စက္မႈေတြကို ၾကားလိုက္ရ၏။ဒါေတာ့မလြန္...သူသာဆိုရင္လည္း အဲ့ေနရာမွာတင္ အေသထိုးသတ္မိမွာ...။

"ညက ငါ ဘယ္လိုျပန္ေရာက္လာတာလဲ သိလား..."

"ဒုဂိုဏ္းခ်ဳပ္ ဆိုင္ကယ္နဲ႔ ေခၚလာတာပါ..."

"ရၿပီ သြားေတာ့..."

ဒါဆိုရင္ေတာ့ ဘာမွမျဖစ္ခဲ့ေလာက္ဘူး..သူ႕ကို တိုက္ခဲ့တာက စိတ္ႂကြေဆးေတြမို႔ တစ္ခုခုျဖစ္မွာ စိုးရိမ္ေနတာ..အင္အားေတြ ကုန္ခမ္းသလို ျဖစ္ေနတာက သူပင္ပန္းသြားလို႔ ျဖစ္မယ္...အိပ္ယာေပၚ ျပန္တက္လဲေနရင္းမွ စာဝင္လာတာၾကည့္လိုက္ေတာ့ Gp chat ထဲ ပန္းပုံေတြ ပို႔လာတဲ့ Mike၊ အားေနရင္ ပန္းေတြကိုဘဲ သုေတသနလုပ္ေနသလားေတာင္ မေျပာတတ္..ပန္းပုံက ပထမတစ္ပုံက အျဖဴေရာင္ျဖစ္ၿပီး ေနာက္တစ္ပုံက ေရစိုထားသလို ​အၾကည္ေရာင္ေလး ျဖစ္ေန၏။သူၾကည့္ေနရင္းက Mike ဆီက ဖုန္းဝင္လာ၏။

"​ေျပာ..."

"ဟဲ..ဟဲ...ပန္းအေၾကာင္းေလး ေျပာျပခ်င္လို႔ Gp ထဲမွာလည္း မင္းဘဲ ႐ွိတာနဲ႔..."

ပုံမွန္အခ်ိန္ေတြဆို လြတ္လြတ္လပ္လပ္ ေျပာေနၾကမို႔ ကိစၥေတာ့မ႐ွိ...။

"ေျပာပါအုံး..."

"စိတ္ၾကည္ေနတယ္ေပါ့..."

"အင္း..."

" အဲ့ပန္းေတြက SkeletalFlowers အ႐ိုးစုပန္းေလးေတြလို႔ေခၚတာ...ငါတို႔ႏိုင္ငံမွာ မ႐ွိဘူး....သူ႕ရဲ႕ ပြင့္ခ်ပ္ေလးေတြက အျဖဴေရာင္​ေလး.. ထူးဆန္းတာက ေရနဲ႔ထိေတြ႕မိရင္ အထူးသျဖင့္ မိုးေရနဲ႔ ထိေတြ႕မိရင္ အလင္းေပါက္ႏိုင္တဲ့ ဖန္ခြက္တခြက္လို ၾကည္ၾကည္လင္လင္ ျမင္ႏိုင္တဲ့ ပြင့္ခ်ပ္ေလး​အျဖစ္ အလိုလို ေျပာင္းသြားႏိုင္တာ.. အဲဒီအခ်ိန္မွာ ေတြ႕ရရင္ ဘယ္သူမွ ပန္းအစစ္လို႔ မထင္ၾကဘူး.. ဒီအခ်က္ေၾကာင့္ skeletal flowers လို႔ အမည္ေပးထားတာ...

"ဘာလို႔ေျပာင္းသြားတာလဲ..."

"ဘာလို႔ ေျပာင္းလဲသြားတာဆိုေတာ့... သူမွာ ေရာင္ျခယ္ဆဲလ္ ပစၥည္း pigments ေတြပါေပမယ့္ ဒီဆဲလ္ေတြေၾကာင့္ေျပာင္းလဲသြားတာမဟုတ္ဖူး... ပြင့္ခ်ပ္မွာ႐ွိတဲ့ ဆဲလ္ေတြက ေရနဲ႔ထိမိရင္ က်ံဳ႕သြားတယ္..အဲဒီအခါ ေနရာအလြတ္ေတြျဖစ္လာၿပီး အဲဒီ ေနရာထဲကို ေရေတြက စိမ့္ဝင္လာၿပီး ေရရဲ႕အေရာင္  ဖန္ခြက္တခြက္လို  ထြင္းေဖာက္ႏိုင္တဲ့ transparent petals ပြင့္ခ်ပ္ေလးေတြျဖစ္လာတာ... ေရေတြ  ခမ္းေျခာက္သြားရင္ေတာ့ နဂို မူရင္းအျဖဴေရာင္ပြင့္ခ်ပ္ေလးေတြ ျပန္ျဖစ္သြားတယ္..."

"တျခားနာမည္ေရာ.."

"အင္း...ဒီအပင္ေလးရဲ႕ ႐ုကၡအမည္က Diphylleia grayi ျဖစ္ၿပီး မ်ိဳးရင္းက Berbridaceae တဲ့.. ဒီအပင္ေလးက အရမ္း႐ွားပါးလြန္းၿပီး ကမ႓ာ့ေပၚမွာ ေနရာသုံးေနရာမွာသာ ေတြ႕ႏိုင္တယ္..ဂ်ပန္၊ တ႐ုတ္ႏွင့္ appalachian ေတာင္တန္းေတြမွာဘဲ ေတြ႕ရတယ္...."

"ေၾသာ္...ေတာ္ေတာ္ေလ့လာထားတာဘဲ..."

"ဒါေပါ့..စိတ္ဝင္စားတာကို..."

"အင္း...ျပန္လာရေတာ့မွာေနာ္...Mike..."

"အင္း...ငါ ပန္းပင္ေတြ သယ္လာမယ္..."

"အဖြဲ႕ 3ေခါင္းေဆာင္ကို ပန္းပင္ေတြဘဲ ကုန္ကူးခိုင္းေတာ့မယ္...."

"ဟား..ဟား..."

Mikeက Win နဲ႔ စကားေတာ္ေတာ္ၾကာ ေျပာေပးခဲ့တယ္.. Top Tap ကို ေမးေပမယ့္ ေလာေလာဆယ္ ေျပာျပခ်င္စိတ္ မ႐ွိေသးတာမို႔ သူလည္း ႏႈတ္ဆိတ္ေနလိုက္၏။ျပန္လာရင္ေတာ့ သူကိုယ္တိုင္ ေျပာမွာပါ...ထိုေန႔က Mike ရဲ႕ ပန္းအေၾကာင္းေတြကို မညီးမညဴနားေထာင္ေပးခဲ့သလို Mike ကလည္း ထူးထူးဆန္းဆန္း စကားေတြ အမ်ားႀကီး ေျပာေနခဲ့၏။ဘာဘဲျဖစ္ျဖစ္ ဂိုဏ္းခ်ဳပ္ေတြ အဖြဲ႕ေခါင္းေဆာင္ေတြ ဆိုတာထက္ ပိုၿပီးရင္းႏွီးခဲ့တဲ့ ေန႔ေတြေပါ့...။

*ပန္းအေၾကာင္းကို သက္ဆိုင္ရာကို credit ေပးပါတယ္...စိတ္ဝင္စရာေကာင္းတဲ့ ပန္းေလးေတြမို႔ ထည့္ေရးထားတာပါ..Mike ကလည္း ပန္းအေၾကာင္း စိတ္ဝင္စားတဲ့ သူေလ...*

14.4.2022
Mirella

Continue Reading

You'll Also Like

39.2K 5.8K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
188K 10.1K 34
(Zawgyi) Company ပိုင္႐ွင္ CEO Mewsuppasit ရဲ႕ ေရခဲတံုးလို အသည္းကို အရည္ေဖ်ာ္ပစ္ခဲ့ႏိုင္တဲ့ CEO ရဲ႕အသည္းေလး Gulfkanawut နဲ႔ ႐ွတတ ဝိုင္လးလို ခ်ိဳျမျမအ...
64.2K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...