"ဟင်!!! Phi Gun Smile..."
"ကျူရှင်လွှတ်ပြီလား ကောင်မလေး..."
"အင်း...ဘယ်တွေပျောက်နေတာလဲ..ပိန်သွားသလိုဘဲ..နေမကောင်းဘူးလား...ဖုန်းတွေဆက်တာလည်း မရပါဘူး.."
"ဖြေးဖြေးပြောပါ ကောင်မလေးရဲ့..ကိုယ်ထွက်မပြေးပါဘူး.."
"အဲဲ့ဒါဆိုပြောပြ...လက်က..ဘာဖြစ်တာလဲ..."
"အင်း..ကိုယ်အလုပ်သွားနေတာ...အဲ့က ဒဏ်ရာရလာလို့..."
"တော်တော်များနေလား....ဆေးခန်းမသွားဘူးလား..."
"သွားပြီးပါပြီကောင်မလေးရဲ့...ဘာမှမဖြစ်တော့ဘူးနော်.."
"အင်းပါ..."
Phi Gun Smile က စက်ဘီးလေး တွန်းပြီး အိမ်ပြန်ပို့မြဲ။Love စိတ်ထဲ Phi Foei ကို သွားမေးမယ်လို့ဘဲ တေးထားလိုက်၏။Phi Gun Smile တို့က ကျောင်းထွက်သွားကြပေမယ့် သူတို့သူငယ်ချင်း Phi Foei ဆီသို့ မကြာခဏ လာလေ့ရှိကြသည်။
"ကိုကို..."
"ဟင်..."
"Love ကို ဘယ်ချိန်ထိ ဖုံးကွယ်ထားမှာလဲ.."
"ဟင်..ကိုယ်..."
"Love က ငယ်သေးတယ်ဆိုပြီး ဘာမှမတိုင်ပင်ချင်တာလား.."
"မဟုတ်ဘူး...ကိုယ်..."
"အင်းပါ..ထားလိုက်ပါတော့..ကိုကို ပြောလာတဲ့နေ့ဘဲ love စောင့်မယ်...ဟုတ်ပြီလား..."
"အင်း..ကောင်မလေး..."
ကိုကိုက အဆုံးထိ မပြောချင်တဲ့ ပုံစံမို့ love လည်း အတင်းအကျပ်မမေးတော့။တစ်ခြါးသူတွေက တဆင့် ကြားတာတော့ ကိုကိုတို့က ဂိုဏ်းဖွဲ့ထားတာတဲ့။သူမကို ဘာလို့မပြောခဲ့တာလဲ...ဘာလို့မပြောလဲဆို... စဥ်းစားကြည့်တော့ သူမဘက်ကလည်း မမေးခဲ့ဘူးလေ...ဘာတွေလုပ်နေတာလဲ...ဘာအကြောင်းအရာတွေရှိနေလဲ တစ်ခါမှ မမေး...အကြာကြီးပျောက်သွားလိုက်...ပြန်ပေါ်လာပြီး ပုံမှန်အတိုင်း အကြိုအပို့လုပ်ပေးလိုက်...ဒီအခြေအနေကိုဘဲ ကျေနပ်နေခဲ့တာ...ပြီးတော့ ကိုကိုက လူဆိုးလို့ မခံစားရတာကြောင့်လည်း ပါမည်။
"ကိုကို..."
"အင်း..love..."
"Love အထက်တန်းပြီးရင် ဆရာဝန်လုပ်မှာ သိလား..."
"ကောင်းတာပေါ့..ကြိုးစားရမယ်နော်..."
"ဘာလို့လည်း မမေးတော့ဘူးလား..."
"ဘာလို့လဲ..."
"ကိုကို့ကို ပြုစုမို့လေ...ဒီလိုမျိုး ဒဏ်ရာတွေရလာရင်..."
"ဟုတ်ပါပြီဗျာ...ကျေးဇူးနော်...ကောင်မလေး..." သူပြောတော့ ကောင်မလေးက ရယ်၏။သူ့အတွက်တွေးပေးတာနဲ့တင် ကျေးဇူးတွေ တင်ရ၏။သူ့လို ကောင်ကိုလေ...။
"သွားပြီ...."
အိမ်ရောက်ကာနီးပြီမို့ သူ့လက်ထဲက စက်ဘီးကို ဆွဲယူပြီး ထွက်သွားတဲ့ ကောင်မလေးကို အနမ်းလေးတစ်ပွင့်တောင် မစွန့်ကြဲလိုက်ရ။အင်း...စိတ်ဆိုးနေလို့ ဖြစ်ပါမှာလေ..ကိုယ်က ပစ်ထားတာတွေ များနေတာကိုး...။
"ကိုကို!!!"
လှည့်ထွက်လာပြီးမှ ရုတ်တရက်ခေါ်သံကြောင့် ပြန်ကြည့်လိုက်မိတော့ သူ့ဆီ ပြန်ပြေးလာတဲ့ ကောင်မလေး...။သူ့ရှေ့ရောက်တော့ နဖူးကို လက်ညှိုးထိုးပြပြီး နမ်းပါဆိုတဲ့ သဘော...။သူလည်း ပုခုံးနှစ်ဖက်ကို ဆွဲယူပြီး နဖူးလေးကို ခပ်ကြာကြာလေး နမ်းရှိုက်လိုက်မိ၏။
"ကိုယ်က မေ့သွားပြီ ထင်တာ..."
"ဟွန့်...တော်ပါ...သွားတော့မယ်..အိမ်ကတွေ့သွားရင် မကောင်းဘူး.."
"အင်း..ဂရုစိုက်အုံး.."
ခေါင်းလေးငြိမ့်ပြီး ပြန်ပြေးသွားပြန်၏။အဟင်း....ချစ်စရာ ကောင်းလိုက်တဲ့ သူ့ကောင်မလေး... ။
*****
"လူကြီး...
"လိုက်အုံးမလို့လား...ဒီနေ့ကျောင်းမသွားဘူးလား..."
"ပိတ်တယ်လေဗျာ..."
"လိုက်ချင်ရင် ကိုယ့်ဘာသာ စက်ဘီးနင်းပြီးလိုက်နော်...ငါ မတင်နိုင်ဘူး..."
"အင်းပါဗျာ..."
ကျောင်းပိတ်ရက်ကို အေးအေးဆေးဆေး မနေဘဲ Mike နောက် တကောက်ကောက်လိုက်ချင်နေတဲ့ Top Tap ကိုလည်း မတားနိုင်တော့။ဂေဟာ ခဏသွားပြီး သူပျိုးထားခဲ့တဲ့ ပန်းပင်လေးတွေ အခြေအနေသွားကြည့်ပြီး ဝယ်ထားတဲ့ အသစ်တွေ သွားစိုက်မို့ ဖြစ်၏။ဂိုဏ်းချုပ်က အဖွဲ့ခေါင်းဆောင်တွေကို ဆိုင်ကယ်ဝယ်ပေးမယ်ပြောပေမယ့် ဂိုဏ်းချုပ်အနေနဲ့ စိုက်ရှင်းထားရတာတွေ များနေတာကြောင့် သူတို့လည်း မယူလိုတော့...။Bright ကတော့ နောက် Mission ပြီးရင် အဖွဲ့ခေါင်းဆောင်တွေကို ဝယ်ပေးမယ်တဲ့လေ...။အခုတော့ ဟိုနားဒီနားဆို စက်ဘီးလေးကိုဘဲ အသုံးပြု၍ သွားနေပြီး ဂိုဏ်းအတွက်ဆိုရင်တော့ ဂိုဏ်းက ကားနဲ့သာ သွားဖြစ်နေတာ ဖြစ်၏။
"လူကြီး..."
"ဟင်..."
"Top Tap လေ..ကောင်မလေးတစ်ယောက်ကို သဘောကျလို့..."
"ဘာ...ကျွီ...."
စကားသံအဆုံး စက်ဘီးဘရိတ်ကို ဆောင့်ဆွဲလိုက်မိတော့ စက်ဘီးမှာ ဗရမ်းဗတာတွေ ဖြစ်ကုန်၏။
"ကောင်မလေး တစ်ယောက်ကို လိုက်မလို့..."
"အသေးလေး...မင်း အသက်က ဘယ်လောက်ရှိသေးလို့ ရည်းစားထားချင်နေရတာလဲ..."
ရုတ်တရက်ကြီး အော်လိုက်တာကြောင့် Top Tap ကိုယ်လေး တုန်ယင်သွားပြီး ပြန်ပြောတဲ့ အသံတွေပါ ထစ်ကုန်၏။
"ဟို..လူကြီး...Top Tap..က..."
"သွား...ပြန်...ငါ့နောက်ဆက်မလိုက်လာနဲ့တော့.. "
ဒေါသထွက်သွားတဲ့ လူကြီးကြောင့် Top Tap မှာ လန့်ဖြန့်ပြီး ကျန်ခဲ့ရ၏။ဘာကြောင့်များ ဒေါသထွက်ရသလဲ လူကြီးရယ်...လူကြီးရဲ့ ညီလေးအဖြစ် မြင်နေလို့လား...လူကြီးမျက်လုံးထဲ Top Tap က ကလေးဘဲ ရှိနေသေးလို့လား.. မွေးစားပြီး နောက်ပိုင်း သူ့ကို အလိုလိုက်ပြီး ဂရုစိုက်ပေးလွန်းလို့ သူ့အတွေးတွေ မှောက်မှားခဲ့သလား....။သူ့စိတ်ထဲ ရှုပ်ထွေးနေလို့ လူကြီးအပေါ် စိတ်ယိုင်နေမိလို့ ကိုယ့်ကိုကိုယ် ပြန် ဆန်းစစ်ချင်လို့ ကောင်မလေးတစ်ယောက်ကို လိုက်ကြည့်ချင်တယ်လို့ ပြောလိုက်မိတာ...လူကြီးဆီက ရှေ့ဆက်ဖို့ အကြံဉာဏ်တစ်ခုခု ရမယ်လို့ ထင်ခဲ့တာ...။ဒေါသတွေကို နှလုံးသားနဲ့ လက်ခံတော့ မျက်ဝန်းတွေ ငွေ့ရည်ဖွဲ့၏။ဝေ့တက်လာတဲ့ မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းရင်း အောင့်တက်လာတဲ့ ရင်ဘတ်တွေကို လစ်လျူရှုရင်း အိမ်ကိုပြန်ခဲ့လိုက်တော့သည်။လူကြီး စိတ်ဆိုးနေရင် Top Tap လည်း နေလို့မကောင်းဘူးရယ်...။
"တောက်...ငါကသာ ကလေးလေးဆိုပြီး အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတာကို..ဒင်းက..တောက်..."
ဘာကိုဒေါသထွက်သွားမှန်းမသိဘဲ အော်လိုက်မိတာကြောင့် တုန်ယင်သွားမှန်း သိပေမယ့် အလျော့မပေးချင်တော့..လိုက်လည်း မချော့ချင်တော့..ကိုယ်တောင် ရည်းစားသနာထားဖို့ မတွေးဖူးတာကို သူက...။တွေးရင်း ဒေါသထွက်လာတာမို့ စိတ်တိုတိုနဲ့ ဂေဟါကိုသာ အမြန်ဆုံးရောက်အောင် နင်းလိုက်တော့သည်။
****
"Mission ရှိတယ်..."
သတိပေးချက်နဲ့ အတူ အဖွဲ့ခေါင်းဆောင် အသီးသီးကို လူစုစေ၏။အစည်းအဝေးခန်းထဲ အကုန်ရောက်လာချိန်မှတော့ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်က ကြိုရောက်နေပြီး စားပွဲပေါ်မှာလည်း အရက်မျိုးစုံ၊ ဝိုင်မျိုးစုံ ကို တည်ခင်းထား၏။
"လူစုံပြီလား..."
"စုံပါပြီ ဂိုဏ်းချုပ်..."
"Vachirawit မင်းပြောလိုက်..."
ထူးထူးခြါးခြါး ဂိုဏ်းချုပ်က မျက်နှာကို မဖုံးကွယ်ထားဘဲ ဝိုင်ခွက်ကို ကိုင်ကာ ခြေချိတ်ထိုင်ရင်း ဝိုင်ကို တစိမ့်စိမ့် အရသာခံနေ၏။ဂိုဏ်းဝတ်စုံကိုမှ အပေါ်ကနေ ဂျာကင်အကြီးကြီး ထပ်ဝတ်ထားသေး၏။ဒုဂိုဏ်းချုပ် အဝတ်ကို ယူဝတ်ထားပုံရ၏။
"Mission ဆိုတာထက် လက်တွေ့ကွင်းဆင်းတယ်လို့ ပြောရမလားဘဲ...အရှေ့မှာ ချထားတဲ့ ခွက်တွေကို အရင် မြည်းစမ်းကြည့်ပါအုံး..."
Bright ရဲ့ စကားသံအဆုံး အရှေ့မှာ ချထားတဲ့ ခွက်တွေကို ယူကာ သောက်ကြည့်ကြ၏။
"ဒါနဲ့ ဘာလုပ်ရမှာလည်း ဒုဂိုဏ်းချုပ်..."
"အဖွဲ့ခေါင်းဆောင်တွေနဲ့ ဒုခေါင်းဆောင်တွေကို ဝယ်လက်ရှာဖို့ရယ် ဒီထဲမှာ အဆင်ပြေတဲ့ အရသာ၊ သောက်လို့အဆင်ပြေမယ့် အရသာအတိုင်း ထုတ်ဖို့ အရက်ချက်စက်ရုံထောင်ဖို့ နိုင်ငံခြါးမှာ ပညာသွားသင်ဖို့ လွှတ်မယ်..."
"အရက်ချက်စက်ရုံထောင်ဖို့ဆို ခွင့်ပြုချက်တွေ တသီကြီး လိုက်တောင်းရမှာနော်...Bright..."
"ငါ သိတယ် Foei...အဆင်ပြေအောင် လုပ်ရမှာပေါ့..."
"ဘယ်သူ့ကို လွှတ်မှာလဲ..."
"Mike နဲ့ ဒုခေါင်းဆောင်တွေကို လွှတ်မယ် ကျန်တဲ့ သူတွေက ကိုယ့်ပုံစံနဲ့ ဝယ်လက်ရှာရမယ်..."
"ပညာသင်ကာလကရော..."
"သုံးလဘဲ Mike...အရက်ချက်ပုံချက်နည်းဘဲ သိအောင် လုပ်ခဲ့...ပြီးရင် စမ်းသပ်ပြီး ငါတို့ဆီ အရင်ပို့...စက်ရုံလည်ပတ်ဖို့က ငါတို့တာဝန်ထားလိုက်..."
"Ok..."
"ကျန်တဲ့သူတွေက အရင်က တာဝန် သတ်မှတ်ထားတဲ့အတိုင်းဘဲ..အဖွဲ့3 ကိုတော့ ယာယီတာဝန်ကို ငါ ယူထားပေးမယ်....Win တော်တော့..."
Bright မှာ သူ့ဂိုဏ်းသားတွေကို ပြောရင်း ဝိုင်တွေ စွတ်သောက်နေတဲ့ သူ့ဂိုဏ်းချုပ်လေးကို တားရသေး၏။ဝိုင်အရှိန်ကြောင့် အကာအကွယ်မပါတဲ့ မျက်နှာလေးဟာ ချယ်ရီသီးလို ရဲရဲနီနေပြီ။သူအပြောကို နားမဝင်ဘဲ ထပ်သောက်ဖို့ လုပ်နေတာကြောင့် ပြောလက်စကို ရပ်ကာ ဝိုင်ခွက်ကို ဆွဲယူလိုက်တာတော့ သူ့ကို ရီဝေဝေနဲ့ ပြန်မော့ ကြည့်လာ၏။လှလွန်းလို့ ဖွက်ထားချင်တဲ့ ကောင်ကို သွေးတက်သေအောင် လုပ်နေတာ...။
"သွား အကုန် ပြန်ကြတော့ အစည်းအဝေးနောက်နေ့မှ ဆက်မယ်..."
သူ့စကားသံအဆုံး Nani တို့ကပါ ထထွက်သွားကြရ၏။သူလည်း အမူးသမားလေးဘက် လှည့်ကာ...။
"သိပ်ကြိုက်နေတယ်ပေါ့..ဝိုင်ကို..ဟမ်...."
"ဟိဟိ...အရမ်းသောက်လို့ကောင်းတယ် သောက်ကြည့်.."
မူးနေတဲ့လူက တဟိဟိနဲ့ ရီကာ သူ့ကိုသောက်ကြည့်ဖို့ မဲဆွယ်နေသေးတာ..ဒီဂိုဏ်းချုပ်ကို သောက်ဖို့ ခွင့်မပြုခဲ့သင့်ဘူး...။
"Metawin..."
"ဟင်..."
"ကိုယ့်ကိုရော မှတ်မိရဲ့လား..."
"မှတ်မိ...သိပ်ကို မှတ်မိတာပေါ့..."
"ဘယ်သူလဲ..."
"ဒီကမ္ဘာမှာ ငါ့ကို Metawin လို့ ခေါ်တာ ဒယ်ဒီရယ်...Vachirawit ဆိုတဲ့ ရေခဲတုံးကြီးရယ် နှစ်ယောက်ဘဲ ရှိတယ်...ဟိဟိ..."
ရီဝေဝေနဲ့ လက်နှစ်ချောင်းထောင်ပြနေပုံက အသဲယားစရာ...အရက်တင်သွင်းဖို့ ဝယ်လက်ရှာခိုင်းဖို့ လွှတ်ရင် ဒီဂိုဏ်းချုပ်ကို ဘယ်လိုစိတ်ချရမလဲ...။
"အဲ့ဒါဆို အခုက..."
"ရေခဲတုံးကြီးပေါ့...အဟိဟိ..."
"ဘာလို့ ရေခဲတုံးလို့ ခေါ်တာလဲ..."
"မသိဘူး...ဒီအတိုင်း..."
စကားတွေအများကြီး မပြောတဲ့သူက ဝိုင်အရှိန်နဲ့ သူ့ကို စကားတွေပြောနေပြီး ရက်ရက်ရောရော ရယ်ပါရယ်နေသေးတာ...။
"Win...မူးနေပြီ...လာ...သွားအိပ်ဖို့ လိုက်ပို့ပေးမယ်..."
"သွားဘူး...ချီသွားမှ..."
"ဟောဗျာ...ဂိုဏ်းချုပ်ကြီး...သူများတွေ ရှိနေတာ..မရှက်ဘူးလား...."
"ဟင့်အင်း...မရဘူး..ချီသွား..."
ဝိုင်သောက်ပြီး မူးနေတဲ့ အမူးသမားလေးကတော့ စတင်ရစ်ချေပြီ...။
"ကိုယ် ဘယ်လိုလုပ်နိုင်မှာလဲ...Metawinရဲ့..."
"Win ဒီရက်ပိုင်း ဝိတ်ချထားတယ်...အဲ့ဒါကြောင့် ချီလို့..."
ဘုရားစူးဂိုဏ်းချုပ်ကြီးရယ်ပါ....ဘယ်တုန်းကမှ ဒီလိုပုံစံမျိုး မမြင်ဘူးခဲ့...သူ့ကို Bright Vachirawit မှန်းသိရက်နဲ့ကို ချွဲနေတာကြောင့် စိတ်ထဲ တစ်မျိုးဖြစ်ကာ ရင်တွေခုန်လာရ၏။Win ဆိုပြီး သူ့ကိုယ်သူ ပြောတာဟာ ပထမဦးဆုံးအကြိမ်ဘဲ ဖြစ်မည်ထင်၏။
"ဟင်...အင်း..ဝိတ်ပါချနေတယ်ပေါ့လေ...အဲ့ဒါကြောင့် ပိန်သွားတာ နေမှာ..."
"အွန်း..အွန်း..အာ့ကြောင့် ချီသွားလို့..."
"ပြီးမှ မရှက်ကြေးနော်..."
"ရှက်ဝူး...ရှက်ဝူး..."
Win metawin တို့ကတော့ စိတ်ရှိတိုင်း ဖျစ်ညှစ်ပစ်ရင် အရိုးတခြါး၊ အသားတခြါးတွေ ဖြစ်ကုန်တော့မှာ...။ထိုင်ခုံမှာ ထိုင်နေရင်း နှုတ်ခမ်းစူကာ လက်ဆန့်တန်းရင်း သူ့ကို ချီဖို့ပြောနေတာ...။မူးသွားရင် ဒီလိုဘဲ ချစ်စရာကောင်းသွားတတ်သလား...Mike တို့ Gun Smile တို့ မူးရင်ကျ ဘာလို့ ချစ်စရာမကောင်းဘဲ စိတ်ရှုပ်စရာကောင်းရတာလည်း..Bar တွေ သွားပြီးသောက်လို့ မူးကြရင် မူးတဲ့ကောင်ကို Bar မှာ ထားခဲ့တာ..ဘယ်တော့မှ ကူမတွဲဘူး စိတ်ရှုပ်လို့...ဒါပေမယ့် ဒီဂိုဏ်းချုပ်ပေါက်စကတော့ သူ့မျက်စိထဲ ချစ်စရာ ကောင်းနေတာရယ်...။
"ချစ်စရာလေး..."
"ကဲ..လာ..."
သူပြောပြီး လက်ဆန့်ပေးလိုက်တော့ မတ်တပ်ရပ်ကာ သူ့ရင်ခွင်ထဲ တိုးဝင်လာပြီး ပုခုံးပေါ် မျက်နှာကို မှောက်ထား၏ မျက်နှာချင်းဆိုင် အနေအထားကြီးကြောင့် သတို့သမီးတွေလို ပွေ့ချီလို့လည်း မရ၊ ကျောပိုးသွားလို့လည်း မရ...။
"ဒီလိုမျိုး ချီရမှာလား..."
သူမေးမိတော့ ပုခုံးပေါ်က ခေါင်းလေးက တစ်ချက်လှုပ်သွား၏။
"ကိုယ့်ကို သေချာဖက်ထားနော်...."
Bright လည်း ခါးသေးသေးလေးကနေ ပွေ့ချီယူကာ ခြေထောက်တွေကို သူ့ခါးမှာ တွယ်ချိတ်စေပြီး ခါးကနေတစ်ဖက် တင်ပါးတွေကနေ တစ်ဖက်ဖြင့် ထိန်းကိုင်ကာ အိပ်ခန်းဆီ ခေါ်သွားဖို့ ခြေလှမ်းပြင်လိုက်၏။အမူးသမားလေးက သူ့ပုခုံးပေါ်မှာ အိပ်ပျော်သွားပြီလားတောင် မပြောတတ်။သူလည်း ချီခေါ်လာရင်းမှ စချင်လာတာကြောင့်...
"Win...ကိုယ်ပြောထားတယ်.....မနက်ကျ မရှက်ရဘူးနော်...ဟား...ဟား..."
"အင့်..."
"အင်း..အင်း...အိပ်..အိပ်..."
သူ့အခန်းက အဝေးကြီးမဟုတ်လို့ တော်သေး၏။အမူးသမားလေးက အလိုက်သင့်မဟုတ်တာကြောင့် ချီရတာက ထင်သလောက် မလွယ်။တံခါးကို ခြေထောက်နဲ့ ကန်ဖွင့်ကာ သူ့အိပ်ခန်းထဲ ထည့်ပေးဖို့ ပြင်ရ၏။အိပ်ယာနားရောက်လာပြီ ဖြစ်တာကြောင့် သူ့ခါးကို တွယ်ချိတ်ထားတဲ့ ခြေထောက်တွေကို အောက်ချပေးဖို့ ပြင်တော့ အချမခံဘဲ သူ့ကိုဘဲ တွယ်ဖက်ထား၏။ တကယ်ဘဲ အမူးသမားလေးဟာ ဘာဖြစ်ချင်နေတာလဲ...။
"ကိုယ်အဲ့လောက်ထိ သမာဓိမကောင်းဘူးနော်...Win..."
အမူးသမားလေးက အိပ်မက်ယောင်နေတာလားတောင် မပြောတတ် သူ့ကို တိုးလို့သာ ဖက်လာ၏။သူလည်း အိပ်ယာပေါ် ချလို့မရတာကြောင့်ရော ချီထားရတာ အနည်းငယ် ညောင်းလာတာကြောင့် ပြတင်းပေါက်ဘေးနားက စားပွဲခုံပေါ် အသာလေးတင်ပေးလိုက်တော့လည်း သူ့လည်ပင်းကို ဖက်တွယ်ထားပြီး သူ့ရင်ခွင်ထဲ တိုးဝင်လာပြန်၏။
"အမူးလေး..သတိထားပါအုံး...အိပ်ယာပေါ်မှာ သွားအိပ်မယ်လေ..."
"ဟင့်အင်း..."
"မအိပ်ချင်ဘူးလား...ကိုယ် ပုံပြင်ပြောပြမယ်လေ..."
"ဒီအတိုင်းဘဲပြော..."
"ဟောဗျာ...အရမ်းတွေ ချွဲနေတယ်လို့ မထင်ဘူးလား ဟမ်..."
"မင်း မကြိုက်ဘူးလား..."
"...."
မျက်လုံးတွေ မဖွင့်နိုင်တော့တာကို မအိပ်ဘဲ သူ့ရင်ဘတ်ကို ခေါင်းနဲ့ ကြောင်ပေါက်လေးလို တိုးဝှေ့နေတာ...သွားပြီ...သည်းခံနိုင်စွမ်းက အကုန်ကုန်သွားပြီး....။
"ငါ့ကို နမ်းချင်လာအောင် လုပ်တာ မင်းအပြစ်ဘဲနော် Metawin..."
သူပြောရင်း ပါးနှစ်ဖက်ကနေ မျက်နှာကို ညှပ်ကိုင်ကာ မော့ယူစေပြီး ကြည့်မိတော့ အမူးသမားလေးက မျက်လုံးတွေ မှိတ်ထားပြီး သူထိန်းကိုင်တဲ့အတိုင်း မော့ပါလာ၏။မျက်နှာလှလှရဲရဲလေးကို တစ်ချက်ကြည့်ပြီး မျက်ခွံလေးပေါ်ကို ဖွဖွလေး အနမ်းခြွေမိ၏။အနမ်းခြွေပြီး ပြန်ကြည့်မိတော့ ဘာမှမထူးခြါး...။ထို့နောက် နဖူးလေး...ဆံပင်အစပ်လေးတွေ..နားထင်လေးကနေ ပါးပြင်တစ်လျှောက် ပွတ်ဆွဲပြီး နမ်းမိ၏။မချင့်မရဲ စိတ်တွေနဲ့ နောက်ထပ်ပါးပြင်ကိုပါ အနမ်းတွေ လွန်ကြူးဖို့ တစ်စုံတစ်ခုက တွန်းအားပေးနေသလို...။နောက်ထပ်ပါးပြင်လေးကို နှာခေါင်းတွေ နစ်ဝင်တဲ့အထိ နမ်းရှိုက်ပြီး နှုတ်ခမ်းပေါ် ဖွဖွလေး နမ်းကာ အဆုံးသတ်လိုက်၏။
"ငါ ဘာတွေ လုပ်လိုက်မိတာလဲ...အား...နမ်းလိုက်မိတာ...Bright Vachirawit..မူးနေတဲ့ သူကို အခွင့်ရေး ယူရသလား..."
စိတ်ထဲ ခံစားချက်ပေါင်းစုံ တိုးဝင်လာတာကြောင့် အမူးသမားလေးကို ရင်ခွင်ထဲက ထုတ်ကာ ပွေ့ချီယူပြီး အိပ်ယာပေါ် တင်ပေးလိုက်၏။ဝတ်ထားတဲ့ ဖိနပ်တွေ ခြေအိတ်တွေ ချွတ်ပေးရင်း အခန်းထဲက ပြန်ထွက်ဖို့ လုပ်ရ၏။စိတ်ခံစားချက်တွေက ဘာမှမသေချာသေးသလို...ဘာမှရေရေရာရာလည်း မစဥ်းစားရသေးတဲ့အချိန်မှာ စိတ်လိုလက်ရ နမ်းလိုက်မိတာက သူ့အတွက် အိမ်မက်မက်နေသလို...တစ်ဆက်ထဲ နောက်နောင် Win ကို တစ်ယောက်တည်း အရက်မသောက်ဖို့ သောက်ချင်ရင် သူ့ရှေ့မှာဘဲ သောက်ဖို့ အမိန့်ပေးသင့်ရင် ပေးရမည်ဖြစ်ကြောင်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချလိုက်တော့၏။တစ်ယောက်တည်း ပျာယာခတ်ပြီး ပြန်ထွက်သွားတဲ့ ဒုဂိုဏ်းချုပ်တစ်ယောက်ကတော့ အမူးသမားလေးရဲ့ အပြုံးနုနုလေးတွေကို မတွေ့လိုက်ရဘူးတဲ့ကွယ်....။
*ကိုယ် စိတ်အခြေအနေတွေ မကောင်းဘူးရယ် အဖက်ဖက်ကဘဲ စိတ်ညစ်စရာ သိပ်မရှိပေမယ့် စိတ်ရှုပ်စရာတွေကြီးဘဲ မြင်နေရတယ်..ဖတ်ပြီး အဆင်ပြေမပြေ ပြောသွားအုံးနော် *
31.3.2022
Mirella
Zawgyi
"ဟင္!!! Phi Gun Smile..."
"က်ဴ႐ွင္လႊတ္ၿပီလား ေကာင္မေလး..."
"အင္း...ဘယ္ေတြေပ်ာက္ေနတာလဲ..ပိန္သြားသလိုဘဲ..ေနမေကာင္းဘူးလား...ဖုန္းေတြဆက္တာလည္း မရပါဘူး.."
"ေျဖးေျဖးေျပာပါ ေကာင္မေလးရဲ႕..ကိုယ္ထြက္မေျပးပါဘူး.."
"အဲဲ႕ဒါဆိုေျပာျပ...လက္က..ဘာျဖစ္တာလဲ..."
"အင္း..ကိုယ္အလုပ္သြားေနတာ...အဲ့က ဒဏ္ရာရလာလို႔..."
"ေတာ္ေတာ္မ်ားေနလား....ေဆးခန္းမသြားဘူးလား..."
"သြားၿပီးပါၿပီေကာင္မေလးရဲ႕...ဘာမွမျဖစ္ေတာ့ဘူးေနာ္.."
"အင္းပါ..."
Phi Gun Smile က စက္ဘီးေလး တြန္းၿပီး အိမ္ျပန္ပို႔ၿမဲ။Love စိတ္ထဲ Phi Foei ကို သြားေမးမယ္လို႔ဘဲ ေတးထားလိုက္၏။Phi Gun Smile တို႔က ေက်ာင္းထြက္သြားၾကေပမယ့္ သူတို႔သူငယ္ခ်င္း Phi Foei ဆီသို႔ မၾကာခဏ လာေလ့႐ွိၾကသည္။
"ကိုကို..."
"ဟင္..."
"Love ကို ဘယ္ခ်ိန္ထိ ဖုံးကြယ္ထားမွာလဲ.."
"ဟင္..ကိုယ္..."
"Love က ငယ္ေသးတယ္ဆိုၿပီး ဘာမွမတိုင္ပင္ခ်င္တာလား.."
"မဟုတ္ဘူး...ကိုယ္..."
"အင္းပါ..ထားလိုက္ပါေတာ့..ကိုကို ေျပာလာတဲ့ေန႔ဘဲ love ေစာင့္မယ္...ဟုတ္ၿပီလား..."
"အင္း..ေကာင္မေလး..."
ကိုကိုက အဆုံးထိ မေျပာခ်င္တဲ့ ပုံစံမို႔ love လည္း အတင္းအက်ပ္မေမးေတာ့။တစ္ျခါးသူေတြက တဆင့္ ၾကားတာေတာ့ ကိုကိုတို႔က ဂိုဏ္းဖြဲ႕ထားတာတဲ့။သူမကို ဘာလို႔မေျပာခဲ့တာလဲ...ဘာလို႔မေျပာလဲဆို... စဥ္းစားၾကည့္ေတာ့ သူမဘက္ကလည္း မေမးခဲ့ဘူးေလ...ဘာေတြလုပ္ေနတာလဲ...ဘာအေၾကာင္းအရာေတြ႐ွိေနလဲ တစ္ခါမွ မေမး...အၾကာႀကီးေပ်ာက္သြားလိုက္...ျပန္ေပၚလာၿပီး ပုံမွန္အတိုင္း အႀကိဳအပို႔လုပ္ေပးလိုက္...ဒီအေျခအေနကိုဘဲ ေက်နပ္ေနခဲ့တာ...ၿပီးေတာ့ ကိုကိုက လူဆိုးလို႔ မခံစားရတာေၾကာင့္လည္း ပါမည္။
"ကိုကို..."
"အင္း..love..."
"Love အထက္တန္းၿပီးရင္ ဆရာဝန္လုပ္မွာ သိလား..."
"ေကာင္းတာေပါ့..ႀကိဳးစားရမယ္ေနာ္..."
"ဘာလို႔လည္း မေမးေတာ့ဘူးလား..."
"ဘာလို႔လဲ..."
"ကိုကို႔ကို ျပဳစုမို႔ေလ...ဒီလိုမ်ိဳး ဒဏ္ရာေတြရလာရင္..."
"ဟုတ္ပါၿပီဗ်ာ...ေက်းဇူးေနာ္...ေကာင္မေလး..." သူေျပာေတာ့ ေကာင္မေလးက ရယ္၏။သူ႕အတြက္ေတြးေပးတာနဲ႔တင္ ေက်းဇူးေတြ တင္ရ၏။သူ႕လို ေကာင္ကိုေလ...။
"သြားၿပီ...."
အိမ္ေရာက္ကာနီးၿပီမို႔ သူ႕လက္ထဲက စက္ဘီးကို ဆြဲယူၿပီး ထြက္သြားတဲ့ ေကာင္မေလးကို အနမ္းေလးတစ္ပြင့္ေတာင္ မစြန္႔ႀကဲလိုက္ရ။အင္း...စိတ္ဆိုးေနလို႔ ျဖစ္ပါမွာေလ..ကိုယ္က ပစ္ထားတာေတြ မ်ားေနတာကိုး...။
"ကိုကို!!!"
လွည့္ထြက္လာၿပီးမွ ႐ုတ္တရက္ေခၚသံေၾကာင့္ ျပန္ၾကည့္လိုက္မိေတာ့ သူ႕ဆီ ျပန္ေျပးလာတဲ့ ေကာင္မေလး...။သူ႕ေ႐ွ႕ေရာက္ေတာ့ နဖူးကို လက္ညိႇဳးထိုးျပၿပီး နမ္းပါဆိုတဲ့ သေဘာ...။သူလည္း ပုခုံးႏွစ္ဖက္ကို ဆြဲယူၿပီး နဖူးေလးကို ခပ္ၾကာၾကာေလး နမ္း႐ိႈက္လိုက္မိ၏။
"ကိုယ္က ေမ့သြားၿပီ ထင္တာ..."
"ဟြန္႔...ေတာ္ပါ...သြားေတာ့မယ္..အိမ္ကေတြ႕သြားရင္ မေကာင္းဘူး.."
"အင္း..ဂ႐ုစိုက္အုံး.."
ေခါင္းေလးၿငိမ့္ၿပီး ျပန္ေျပးသြားျပန္၏။အဟင္း....ခ်စ္စရာ ေကာင္းလိုက္တဲ့ သူ႕ေကာင္မေလး... ။
*****
"လူႀကီး...
"လိုက္အုံးမလို႔လား...ဒီေန႔ေက်ာင္းမသြားဘူးလား..."
"ပိတ္တယ္ေလဗ်ာ..."
"လိုက္ခ်င္ရင္ ကိုယ့္ဘာသာ စက္ဘီးနင္းၿပီးလိုက္ေနာ္...ငါ မတင္ႏိုင္ဘူး..."
"အင္းပါဗ်ာ..."
ေက်ာင္းပိတ္ရက္ကို ေအးေအးေဆးေဆး မေနဘဲ Mike ေနာက္ တေကာက္ေကာက္လိုက္ခ်င္ေနတဲ့ Top Tap ကိုလည္း မတားႏိုင္ေတာ့။ေဂဟာ ခဏသြားၿပီး သူပ်ိဳးထားခဲ့တဲ့ ပန္းပင္ေလးေတြ အေျခအေနသြားၾကည့္ၿပီး ဝယ္ထားတဲ့ အသစ္ေတြ သြားစိုက္မို႔ ျဖစ္၏။ဂိုဏ္းခ်ဳပ္က အဖြဲ႕ေခါင္းေဆာင္ေတြကို ဆိုင္ကယ္ဝယ္ေပးမယ္ေျပာေပမယ့္ ဂိုဏ္းခ်ဳပ္အေနနဲ႔ စိုက္႐ွင္းထားရတာေတြ မ်ားေနတာေၾကာင့္ သူတို႔လည္း မယူလိုေတာ့...။Bright ကေတာ့ ေနာက္ Mission ၿပီးရင္ အဖြဲ႕ေခါင္းေဆာင္ေတြကို ဝယ္ေပးမယ္တဲ့ေလ...။အခုေတာ့ ဟိုနားဒီနားဆို စက္ဘီးေလးကိုဘဲ အသုံးျပဳ၍ သြားေနၿပီး ဂိုဏ္းအတြက္ဆိုရင္ေတာ့ ဂိုဏ္းက ကားနဲ႔သာ သြားျဖစ္ေနတာ ျဖစ္၏။
"လူႀကီး..."
"ဟင္..."
"Top Tap ေလ..ေကာင္မေလးတစ္ေယာက္ကို သေဘာက်လို႔..."
"ဘာ...ကြၽီ...."
စကားသံအဆုံး စက္ဘီးဘရိတ္ကို ေဆာင့္ဆြဲလိုက္မိေတာ့ စက္ဘီးမွာ ဗရမ္းဗတာေတြ ျဖစ္ကုန္၏။
"ေကာင္မေလး တစ္ေယာက္ကို လိုက္မလို႔..."
"အေသးေလး...မင္း အသက္က ဘယ္ေလာက္႐ွိေသးလို႔ ရည္းစားထားခ်င္ေနရတာလဲ..."
႐ုတ္တရက္ႀကီး ေအာ္လိုက္တာေၾကာင့္ Top Tap ကိုယ္ေလး တုန္ယင္သြားၿပီး ျပန္ေျပာတဲ့ အသံေတြပါ ထစ္ကုန္၏။
"ဟို..လူႀကီး...Top Tap..က..."
"သြား...ျပန္...ငါ့ေနာက္ဆက္မလိုက္လာနဲ႔ေတာ့.. "
ေဒါသထြက္သြားတဲ့ လူႀကီးေၾကာင့္ Top Tap မွာ လန္႔ျဖန္႔ၿပီး က်န္ခဲ့ရ၏။ဘာေၾကာင့္မ်ား ေဒါသထြက္ရသလဲ လူႀကီးရယ္...လူႀကီးရဲ႕ ညီေလးအျဖစ္ ျမင္ေနလို႔လား...လူႀကီးမ်က္လုံးထဲ Top Tap က ကေလးဘဲ ႐ွိေနေသးလို႔လား.. ေမြးစားၿပီး ေနာက္ပိုင္း သူ႕ကို အလိုလိုက္ၿပီး ဂ႐ုစိုက္ေပးလြန္းလို႔ သူ႕အေတြးေတြ ေမွာက္မွားခဲ့သလား....။သူ႕စိတ္ထဲ ႐ႈပ္ေထြးေနလို႔ လူႀကီးအေပၚ စိတ္ယိုင္ေနမိလို႔ ကိုယ့္ကိုကိုယ္ ျပန္ ဆန္းစစ္ခ်င္လို႔ ေကာင္မေလးတစ္ေယာက္ကို လိုက္ၾကည့္ခ်င္တယ္လို႔ ေျပာလိုက္မိတာ...လူႀကီးဆီက ေ႐ွ႕ဆက္ဖို႔ အၾကံဉာဏ္တစ္ခုခု ရမယ္လို႔ ထင္ခဲ့တာ...။ေဒါသေတြကို ႏွလုံးသားနဲ႔ လက္ခံေတာ့ မ်က္ဝန္းေတြ ေငြ႕ရည္ဖြဲ႕၏။ေဝ့တက္လာတဲ့ မ်က္ရည္ေတြကို ပုတ္ခတ္သိမ္းဆည္းရင္း ေအာင့္တက္လာတဲ့ ရင္ဘတ္ေတြကို လစ္လ်ဴ႐ႈရင္း အိမ္ကိုျပန္ခဲ့လိုက္ေတာ့သည္။လူႀကီး စိတ္ဆိုးေနရင္ Top Tap လည္း ေနလို႔မေကာင္းဘူးရယ္...။
"ေတာက္...ငါကသာ ကေလးေလးဆိုၿပီး အရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္ေနတာကို..ဒင္းက..ေတာက္..."
ဘာကိုေဒါသထြက္သြားမွန္းမသိဘဲ ေအာ္လိုက္မိတာေၾကာင့္ တုန္ယင္သြားမွန္း သိေပမယ့္ အေလ်ာ့မေပးခ်င္ေတာ့..လိုက္လည္း မေခ်ာ့ခ်င္ေတာ့..ကိုယ္ေတာင္ ရည္းစားသနာထားဖို႔ မေတြးဖူးတာကို သူက...။ေတြးရင္း ေဒါသထြက္လာတာမို႔ စိတ္တိုတိုနဲ႔ ေဂဟါကိုသာ အျမန္ဆုံးေရာက္ေအာင္ နင္းလိုက္ေတာ့သည္။
****
"Mission ႐ွိတယ္..."
သတိေပးခ်က္နဲ႔ အတူ အဖြဲ႕ေခါင္းေဆာင္ အသီးသီးကို လူစုေစ၏။အစည္းအေဝးခန္းထဲ အကုန္ေရာက္လာခ်ိန္မွေတာ့ ဂိုဏ္းခ်ဳပ္နဲ႔ ဒုဂိုဏ္းခ်ဳပ္က ႀကိဳေရာက္ေနၿပီး စားပြဲေပၚမွာလည္း အရက္မ်ိဳးစုံ၊ ဝိုင္မ်ိဳးစုံ ကို တည္ခင္းထား၏။
"လူစုံၿပီလား..."
"စုံပါၿပီ ဂိုဏ္းခ်ဳပ္..."
"Vachirawit မင္းေျပာလိုက္..."
ထူးထူးျခါးျခါး ဂိုဏ္းခ်ဳပ္က မ်က္ႏွာကို မဖုံးကြယ္ထားဘဲ ဝိုင္ခြက္ကို ကိုင္ကာ ေျခခ်ိတ္ထိုင္ရင္း ဝိုင္ကို တစိမ့္စိမ့္ အရသာခံေန၏။ဂိုဏ္းဝတ္စုံကိုမွ အေပၚကေန ဂ်ာကင္အႀကီးႀကီး ထပ္ဝတ္ထားေသး၏။ဒုဂိုဏ္းခ်ဳပ္ အဝတ္ကို ယူဝတ္ထားပုံရ၏။
"Mission ဆိုတာထက္ လက္ေတြ႕ကြင္းဆင္းတယ္လို႔ ေျပာရမလားဘဲ...အေ႐ွ႕မွာ ခ်ထားတဲ့ ခြက္ေတြကို အရင္ ျမည္းစမ္းၾကည့္ပါအုံး..."
Bright ရဲ႕ စကားသံအဆုံး အေ႐ွ႕မွာ ခ်ထားတဲ့ ခြက္ေတြကို ယူကာ ေသာက္ၾကည့္ၾက၏။
"ဒါနဲ႔ ဘာလုပ္ရမွာလည္း ဒုဂိုဏ္းခ်ဳပ္..."
"အဖြဲ႕ေခါင္းေဆာင္ေတြနဲ႔ ဒုေခါင္းေဆာင္ေတြကို ဝယ္လက္႐ွာဖို႔ရယ္ ဒီထဲမွာ အဆင္ေျပတဲ့ အရသာ၊ ေသာက္လို႔အဆင္ေျပမယ့္ အရသာအတိုင္း ထုတ္ဖို႔ အရက္ခ်က္စက္႐ုံေထာင္ဖို႔ ႏိုင္ငံျခါးမွာ ပညာသြားသင္ဖို႔ လႊတ္မယ္..."
"အရက္ခ်က္စက္႐ုံေထာင္ဖို႔ဆို ခြင့္ျပဳခ်က္ေတြ တသီႀကီး လိုက္ေတာင္းရမွာေနာ္...Bright..."
"ငါ သိတယ္ Foei...အဆင္ေျပေအာင္ လုပ္ရမွာေပါ့..."
"ဘယ္သူ႕ကို လႊတ္မွာလဲ..."
"Mike နဲ႔ ဒုေခါင္းေဆာင္ေတြကို လႊတ္မယ္ က်န္တဲ့ သူေတြက ကိုယ့္ပုံစံနဲ႔ ဝယ္လက္႐ွာရမယ္..."
"ပညာသင္ကာလကေရာ..."
"သုံးလဘဲ Mike...အရက္ခ်က္ပုံခ်က္နည္းဘဲ သိေအာင္ လုပ္ခဲ့...ၿပီးရင္ စမ္းသပ္ၿပီး ငါတို႔ဆီ အရင္ပို႔...စက္႐ုံလည္ပတ္ဖို႔က ငါတို႔တာဝန္ထားလိုက္..."
"Ok..."
"က်န္တဲ့သူေတြက အရင္က တာဝန္ သတ္မွတ္ထားတဲ့အတိုင္းဘဲ..အဖြဲ႕3 ကိုေတာ့ ယာယီတာဝန္ကို ငါ ယူထားေပးမယ္....Win ေတာ္ေတာ့..."
Bright မွာ သူ႕ဂိုဏ္းသားေတြကို ေျပာရင္း ဝိုင္ေတြ စြတ္ေသာက္ေနတဲ့ သူ႕ဂိုဏ္းခ်ဳပ္ေလးကို တားရေသး၏။ဝိုင္အ႐ွိန္ေၾကာင့္ အကာအကြယ္မပါတဲ့ မ်က္ႏွာေလးဟာ ခ်ယ္ရီသီးလို ရဲရဲနီေနၿပီ။သူအေျပာကို နားမဝင္ဘဲ ထပ္ေသာက္ဖို႔ လုပ္ေနတာေၾကာင့္ ေျပာလက္စကို ရပ္ကာ ဝိုင္ခြက္ကို ဆြဲယူလိုက္တာေတာ့ သူ႕ကို ရီေဝေဝနဲ႔ ျပန္ေမာ့ ၾကည့္လာ၏။လွလြန္းလို႔ ဖြက္ထားခ်င္တဲ့ ေကာင္ကို ေသြးတက္ေသေအာင္ လုပ္ေနတာ...။
"သြား အကုန္ ျပန္ၾကေတာ့ အစည္းအေဝးေနာက္ေန႔မွ ဆက္မယ္..."
သူ႕စကားသံအဆုံး Nani တို႔ကပါ ထထြက္သြားၾကရ၏။သူလည္း အမူးသမားေလးဘက္ လွည့္ကာ...။
"သိပ္ႀကိဳက္ေနတယ္ေပါ့..ဝိုင္ကို..ဟမ္...."
"ဟိဟိ...အရမ္းေသာက္လို႔ေကာင္းတယ္ ေသာက္ၾကည့္.."
မူးေနတဲ့လူက တဟိဟိနဲ႔ ရီကာ သူ႕ကိုေသာက္ၾကည့္ဖို႔ မဲဆြယ္ေနေသးတာ..ဒီဂိုဏ္းခ်ဳပ္ကို ေသာက္ဖို႔ ခြင့္မျပဳခဲ့သင့္ဘူး...။
"Metawin..."
"ဟင္..."
"ကိုယ့္ကိုေရာ မွတ္မိရဲ႕လား..."
"မွတ္မိ...သိပ္ကို မွတ္မိတာေပါ့..."
"ဘယ္သူလဲ..."
"ဒီကမ႓ာမွာ ငါ့ကို Metawin လို႔ ေခၚတာ ဒယ္ဒီရယ္...Vachirawit ဆိုတဲ့ ေရခဲတုံးႀကီးရယ္ ႏွစ္ေယာက္ဘဲ ႐ွိတယ္...ဟိဟိ..."
ရီေဝေဝနဲ႔ လက္ႏွစ္ေခ်ာင္းေထာင္ျပေနပုံက အသဲယားစရာ...အရက္တင္သြင္းဖို႔ ဝယ္လက္႐ွာခိုင္းဖို႔ လႊတ္ရင္ ဒီဂိုဏ္းခ်ဳပ္ကို ဘယ္လိုစိတ္ခ်ရမလဲ...။
"အဲ့ဒါဆို အခုက..."
"ေရခဲတုံးႀကီးေပါ့...အဟိဟိ..."
"ဘာလို႔ ေရခဲတုံးလို႔ ေခၚတာလဲ..."
"မသိဘူး...ဒီအတိုင္း..."
စကားေတြအမ်ားႀကီး မေျပာတဲ့သူက ဝိုင္အ႐ွိန္နဲ႔ သူ႕ကို စကားေတြေျပာေနၿပီး ရက္ရက္ေရာေရာ ရယ္ပါရယ္ေနေသးတာ...။
"Win...မူးေနၿပီ...လာ...သြားအိပ္ဖို႔ လိုက္ပို႔ေပးမယ္..."
"သြားဘူး...ခ်ီသြားမွ..."
"ေဟာဗ်ာ...ဂိုဏ္းခ်ဳပ္ႀကီး...သူမ်ားေတြ ႐ွိေနတာ..မ႐ွက္ဘူးလား...."
"ဟင့္အင္း...မရဘူး..ခ်ီသြား..."
ဝိုင္ေသာက္ၿပီး မူးေနတဲ့ အမူးသမားေလးကေတာ့ စတင္ရစ္ေခ်ၿပီ...။
"ကိုယ္ ဘယ္လိုလုပ္ႏိုင္မွာလဲ...Metawinရဲ႕..."
"Win ဒီရက္ပိုင္း ဝိတ္ခ်ထားတယ္...အဲ့ဒါေၾကာင့္ ခ်ီလို႔..."
ဘုရားစူးဂိုဏ္းခ်ဳပ္ႀကီးရယ္ပါ....ဘယ္တုန္းကမွ ဒီလိုပုံစံမ်ိဳး မျမင္ဘူးခဲ့...သူ႕ကို Bright Vachirawit မွန္းသိရက္နဲ႔ကို ခြၽဲေနတာေၾကာင့္ စိတ္ထဲ တစ္မ်ိဳးျဖစ္ကာ ရင္ေတြခုန္လာရ၏။Win ဆိုၿပီး သူ႕ကိုယ္သူ ေျပာတာဟာ ပထမဦးဆုံးအႀကိမ္ဘဲ ျဖစ္မည္ထင္၏။
"ဟင္...အင္း..ဝိတ္ပါခ်ေနတယ္ေပါ့ေလ...အဲ့ဒါေၾကာင့္ ပိန္သြားတာ ေနမွာ..."
"အြန္း..အြန္း..အာ့ေၾကာင့္ ခ်ီသြားလို႔..."
"ၿပီးမွ မ႐ွက္ေၾကးေနာ္..."
"႐ွက္ဝူး...႐ွက္ဝူး..."
Win metawin တို႔ကေတာ့ စိတ္႐ွိတိုင္း ဖ်စ္ညႇစ္ပစ္ရင္ အ႐ိုးတျခါး၊ အသားတျခါးေတြ ျဖစ္ကုန္ေတာ့မွာ...။ထိုင္ခုံမွာ ထိုင္ေနရင္း ႏႈတ္ခမ္းစူကာ လက္ဆန္႔တန္းရင္း သူ႕ကို ခ်ီဖို႔ေျပာေနတာ...။မူးသြားရင္ ဒီလိုဘဲ ခ်စ္စရာေကာင္းသြားတတ္သလား...Mike တို႔ Gun Smile တို႔ မူးရင္က် ဘာလို႔ ခ်စ္စရာမေကာင္းဘဲ စိတ္႐ႈပ္စရာေကာင္းရတာလည္း..Bar ေတြ သြားၿပီးေသာက္လို႔ မူးၾကရင္ မူးတဲ့ေကာင္ကို Bar မွာ ထားခဲ့တာ..ဘယ္ေတာ့မွ ကူမတြဲဘူး စိတ္႐ႈပ္လို႔...ဒါေပမယ့္ ဒီဂိုဏ္းခ်ဳပ္ေပါက္စကေတာ့ သူ႕မ်က္စိထဲ ခ်စ္စရာ ေကာင္းေနတာရယ္...။
"ခ်စ္စရာေလး..."
"ကဲ..လာ..."
သူေျပာၿပီး လက္ဆန္႔ေပးလိုက္ေတာ့ မတ္တပ္ရပ္ကာ သူ႕ရင္ခြင္ထဲ တိုးဝင္လာၿပီး ပုခုံးေပၚ မ်က္ႏွာကို ေမွာက္ထား၏ မ်က္ႏွာခ်င္းဆိုင္ အေနအထားႀကီးေၾကာင့္ သတို႔သမီးေတြလို ေပြ႕ခ်ီလို႔လည္း မရ၊ ေက်ာပိုးသြားလို႔လည္း မရ...။
"ဒီလိုမ်ိဳး ခ်ီရမွာလား..."
သူေမးမိေတာ့ ပုခုံးေပၚက ေခါင္းေလးက တစ္ခ်က္လႈပ္သြား၏။
"ကိုယ့္ကို ေသခ်ာဖက္ထားေနာ္...."
Bright လည္း ခါးေသးေသးေလးကေန ေပြ႕ခ်ီယူကာ ေျခေထာက္ေတြကို သူ႕ခါးမွာ တြယ္ခ်ိတ္ေစၿပီး ခါးကေနတစ္ဖက္ တင္ပါးေတြကေန တစ္ဖက္ျဖင့္ ထိန္းကိုင္ကာ အိပ္ခန္းဆီ ေခၚသြားဖို႔ ေျခလွမ္းျပင္လိုက္၏။အမူးသမားေလးက သူ႕ပုခုံးေပၚမွာ အိပ္ေပ်ာ္သြားၿပီလားေတာင္ မေျပာတတ္။သူလည္း ခ်ီေခၚလာရင္းမွ စခ်င္လာတာေၾကာင့္...
"Win...ကိုယ္ေျပာထားတယ္.....မနက္က် မ႐ွက္ရဘူးေနာ္...ဟား...ဟား..."
"အင့္..."
"အင္း..အင္း...အိပ္..အိပ္..."
သူ႕အခန္းက အေဝးႀကီးမဟုတ္လို႔ ေတာ္ေသး၏။အမူးသမားေလးက အလိုက္သင့္မဟုတ္တာေၾကာင့္ ခ်ီရတာက ထင္သေလာက္ မလြယ္။တံခါးကို ေျခေထာက္နဲ႔ ကန္ဖြင့္ကာ သူ႕အိပ္ခန္းထဲ ထည့္ေပးဖို႔ ျပင္ရ၏။အိပ္ယာနားေရာက္လာၿပီ ျဖစ္တာေၾကာင့္ သူ႕ခါးကို တြယ္ခ်ိတ္ထားတဲ့ ေျခေထာက္ေတြကို ေအာက္ခ်ေပးဖို႔ ျပင္ေတာ့ အခ်မခံဘဲ သူ႕ကိုဘဲ တြယ္ဖက္ထား၏။ တကယ္ဘဲ အမူးသမားေလးဟာ ဘာျဖစ္ခ်င္ေနတာလဲ...။
"ကိုယ္အဲ့ေလာက္ထိ သမာဓိမေကာင္းဘူးေနာ္...Win..."
အမူးသမားေလးက အိပ္မက္ေယာင္ေနတာလားေတာင္ မေျပာတတ္ သူ႕ကို တိုးလို႔သာ ဖက္လာ၏။သူလည္း အိပ္ယာေပၚ ခ်လို႔မရတာေၾကာင့္ေရာ ခ်ီထားရတာ အနည္းငယ္ ေညာင္းလာတာေၾကာင့္ ျပတင္းေပါက္ေဘးနားက စားပြဲခုံေပၚ အသာေလးတင္ေပးလိုက္ေတာ့လည္း သူ႕လည္ပင္းကို ဖက္တြယ္ထားၿပီး သူ႕ရင္ခြင္ထဲ တိုးဝင္လာျပန္၏။
"အမူးေလး..သတိထားပါအုံး...အိပ္ယာေပၚမွာ သြားအိပ္မယ္ေလ..."
"ဟင့္အင္း..."
"မအိပ္ခ်င္ဘူးလား...ကိုယ္ ပုံျပင္ေျပာျပမယ္ေလ..."
"ဒီအတိုင္းဘဲေျပာ..."
"ေဟာဗ်ာ...အရမ္းေတြ ခြၽဲေနတယ္လို႔ မထင္ဘူးလား ဟမ္..."
"မင္း မႀကိဳက္ဘူးလား..."
"...."
မ်က္လုံးေတြ မဖြင့္ႏိုင္ေတာ့တာကို မအိပ္ဘဲ သူ႕ရင္ဘတ္ကို ေခါင္းနဲ႔ ေၾကာင္ေပါက္ေလးလို တိုးေဝွ႔ေနတာ...သြားၿပီ...သည္းခံႏိုင္စြမ္းက အကုန္ကုန္သြားၿပီး....။
"ငါ့ကို နမ္းခ်င္လာေအာင္ လုပ္တာ မင္းအျပစ္ဘဲေနာ္ Metawin..."
သူေျပာရင္း ပါးႏွစ္ဖက္ကေန မ်က္ႏွာကို ညႇပ္ကိုင္ကာ ေမာ့ယူေစၿပီး ၾကည့္မိေတာ့ အမူးသမားေလးက မ်က္လုံးေတြ မွိတ္ထားၿပီး သူထိန္းကိုင္တဲ့အတိုင္း ေမာ့ပါလာ၏။မ်က္ႏွာလွလွရဲရဲေလးကို တစ္ခ်က္ၾကည့္ၿပီး မ်က္ခြံေလးေပၚကို ဖြဖြေလး အနမ္းေႁခြမိ၏။အနမ္းေႁခြၿပီး ျပန္ၾကည့္မိေတာ့ ဘာမွမထူးျခါး...။ထို႔ေနာက္ နဖူးေလး...ဆံပင္အစပ္ေလးေတြ..နားထင္ေလးကေန ပါးျပင္တစ္ေလွ်ာက္ ပြတ္ဆြဲၿပီး နမ္းမိ၏။မခ်င့္မရဲ စိတ္ေတြနဲ႔ ေနာက္ထပ္ပါးျပင္ကိုပါ အနမ္းေတြ လြန္ၾကဴးဖို႔ တစ္စုံတစ္ခုက တြန္းအားေပးေနသလို...။ေနာက္ထပ္ပါးျပင္ေလးကို ႏွာေခါင္းေတြ နစ္ဝင္တဲ့အထိ နမ္း႐ိႈက္ၿပီး ႏႈတ္ခမ္းေပၚ ဖြဖြေလး နမ္းကာ အဆုံးသတ္လိုက္၏။
"ငါ ဘာေတြ လုပ္လိုက္မိတာလဲ...အား...နမ္းလိုက္မိတာ...Bright Vachirawit..မူးေနတဲ့ သူကို အခြင့္ေရး ယူရသလား..."
စိတ္ထဲ ခံစားခ်က္ေပါင္းစုံ တိုးဝင္လာတာေၾကာင့္ အမူးသမားေလးကို ရင္ခြင္ထဲက ထုတ္ကာ ေပြ႕ခ်ီယူၿပီး အိပ္ယာေပၚ တင္ေပးလိုက္၏။ဝတ္ထားတဲ့ ဖိနပ္ေတြ ေျခအိတ္ေတြ ခြၽတ္ေပးရင္း အခန္းထဲက ျပန္ထြက္ဖို႔ လုပ္ရ၏။စိတ္ခံစားခ်က္ေတြက ဘာမွမေသခ်ာေသးသလို...ဘာမွေရေရရာရာလည္း မစဥ္းစားရေသးတဲ့အခ်ိန္မွာ စိတ္လိုလက္ရ နမ္းလိုက္မိတာက သူ႕အတြက္ အိမ္မက္မက္ေနသလို...တစ္ဆက္ထဲ ေနာက္ေနာင္ Win ကို တစ္ေယာက္တည္း အရက္မေသာက္ဖို႔ ေသာက္ခ်င္ရင္ သူ႕ေ႐ွ႕မွာဘဲ ေသာက္ဖို႔ အမိန္႔ေပးသင့္ရင္ ေပးရမည္ျဖစ္ေၾကာင္း ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ခ်လိုက္ေတာ့၏။တစ္ေယာက္တည္း ပ်ာယာခတ္ၿပီး ျပန္ထြက္သြားတဲ့ ဒုဂိုဏ္းခ်ဳပ္တစ္ေယာက္ကေတာ့ အမူးသမားေလးရဲ႕ အျပဳံးႏုႏုေလးေတြကို မေတြ႕လိုက္ရဘူးတဲ့ကြယ္....။
*ကိုယ္ စိတ္အေျခအေနေတြ မေကာင္းဘူးရယ္ အဖက္ဖက္ကဘဲ စိတ္ညစ္စရာ သိပ္မ႐ွိေပမယ့္ စိတ္႐ႈပ္စရာေတြႀကီးဘဲ ျမင္ေနရတယ္..ဖတ္ၿပီး အဆင္ေျပမေျပ ေျပာသြားအုံးေနာ္ *
31.3.2022
Mirella