Always With You (Completed)

By Mirella_vc

30.6K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-10
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Final
AWY-Extra

AWY-11

682 46 4
By Mirella_vc

"ငါ ကျောင်းဆက်မတက်တော့ဘူး..."

"ဘာဖြစ်လို့လဲ..Bright..."

"ငါ ဒီအပေါ်မှာဘဲ အားစိုက်ချင်တယ်..အခုက တစ်ခုခုဆို ဂိုဏ်းချုပ်က ဖြေရှင်းနေရတာ..ငါ့ စိတ်ထဲ အဆင်မပြေတော့ဘူး..."

ဟုတ်တာပေါ့...Bright Vachirawit ဆိုတာ ဟိုးတုန်းထဲက သူအတော်ဆုံး သူအတက်ဆုံးလို့ ကြွေးကြော်ထားတဲ့သူလေ..အဲ့လိုလူက သူ့ဂိုဏ်းသားတွေ အခက်အခဲဖြစ်နေတာကို ထိုင်ကြည့်နေရတာ ဘယ်လောက် ခက်ခဲလိုက်မလဲ...။

"မင်း မတက်ရင် ငါတို့လည်း မတက်ဘူး..."

"မရဘူး...Foei..."

ဒီစကားကိုက Bright တို့သုံး​ယောက်လုံး အော်ပြောလိုက်တာ။

"မရဘူး..မင်းက ကျောင်းဆက်တက် Foei..ရှေ့နေဖြစ်ချင်တာ မင်းရည်မှန်းချက် မဟုတ်လား..."

"Mike နဲ့ Gun Smile ကရော..."

"ငါတို့ကို လာပူမနေနဲ့ Bright နဲ့ အတူတူဘဲ..."

"မင်းတို့ကလည်း...ငါ့ကို တစ်ယောက်ထဲ ထားခဲ့မှာလား..Gun Smile ကူ​ပြောအုံး..."

"မင်းကလည်း ကျောင်းတက်ချိန်ကလွဲရင် ကျန်တဲ့အချိန် ငါတို့နဲ့ တွေ့ရမှာဘဲကို..."

"အာ..Gun Smile...မရဘူး..."

"ကဲ..Foei ကလေးလို ဂျီမကျနေနဲ့...ငါတို့ဆုံးဖြတ်ပြီးပြီ..."

"Win တို့ကို ပြောပြီးပြီလား..."

"နောက်မှ ပြောလိုက်မယ်..."

Brightတို့က တကယ်ဆုံးဖြတ်ချက် ချပြီးတဲ့ ပုံစံ၊ အိမ်ကို ဘယ်လိုဖြေရှင်းမှန်း မသိသေးပေမယ့် Win တို့ လက်နက် မှောင်ခိုသွင်းဖို့ အဆက်အသွယ်ရှာနေထဲက ကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး Foei ကိုတော့ ကျောင်းဆက်တက်စေသည်။ပြဿနာရှိတာက Mike နဲ့ Gun Smile ကျောင်းထွက်ပြီး အပြင်ထွက်မယ့်ကိစ္စကို Phi Min က လက်ခံမှာ မဟုတ်သလို Top Tap ကလည်း ထိန်းလို့ရမှာမဟုတ်။ဒါပေမယ့် Bright ကိုတော့ ကျောင်းထွက်မယ်လို့ ပြောပြီးနေပြီ ဖြစ်၏။ခိုင်လုံတဲ့ အကြောင်းပြချက်ပေးရင်တော့ လက်ခံလောက်မှာပါ...။

****

"Metawin...ထိုင်စမ်းပါအုံး..."

"ကျွန်တော် မအားဘူး ဒယ်ဒီ..."

"ထိုင်ဆို ထိုင်လိုက်..."

"ကျစ်..."

"မင်း ဘဏ်ကဒ်ထဲက ပိုက်ဆံတွေ ဘာသုံးလိုက်တာလဲ..."

"ကျွန်တော် သုံးစရာရှိလို့ပေါ့ ဒယ်ဒီရာ...ဘာလဲ လိုက်စစ်နေတာလား ကဒ်ကို..."

"မင်းသုံးတာ နည်းနည်းလေး..မဟုတ်ဘူး ဘတ်(၁၀)သန်းတောင်...ပြော..ဘာလုပ်လိုက်တာလဲ..."

"မေးခွန်းတွေ အများကြီး မမေးနဲ့ ဒယ်ဒီရာ..အဲ့ပိုက်ဆံကို 2လအတွင်း ပြန်ဖြည့်ပေးပြီး ကဒ်ပါ ပြန်ပေးမယ်..."

"ဟာ...ဒီကောင်...."

ဒီကောင်လေးဟာ ဘယ်တော့မှ စကားကို မျက်နှာချင်းဆိုင် ပြောလို့ကို မရ။ အခုလည်း လမ်းသရဲလိုလို ဂိုဏ်းစတားလိုလို ကောင်တွေနဲ့ ပေါင်းပြီး ဘာတွေ သုံးဖြုန်းနေပြန်လည်း မသိ။Nani တို့ Dew တို့ပါရှိနေ၍ လွှတ်ထားတာ..တစ်ခါထဲနဲ့ အဲ့လောက်ထိ ဘာတွေ သုံးပစ်လိုက်လည်း မသိ။မေးတော့ ကဒ်ပါ ပြန်ပေးအုံးမယ်တဲ့...Metawin တို့ကတော့...။

"မင်းတို့ သခင်လေးကို စောင့်ကြည့်ထား..သူ့သူငယ်ချင်းတွေကိုပါ သေချာစောင့်ကြည့်..ထူးခြါးတာနဲ့ ပြော..."

"ဟုတ်ကဲ့ ဂိုဏ်းချုပ်..."

"ဒါနဲ့..The Ghost အခြေအနေနဲ့ အပြင်မှာ ဘာထူးနေသေးလဲ..."

"The Ghost က လောလောဆယ် ငြိမ်နေပါတယ်... ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်မယ်လို့ ကြားတယ် ဂိုဏ်းချုပ်...ပြီးတော့ White Dragons ဂိုဏ်းက တဖြေးဖြေးအင်အားကြီးလာတယ်လို့ သိရပါတယ်... အထက်တန်းကျောင်းသားအရွယ်တွေ ဦးဆောင်နေတာလို့ ကြားပါတယ်...အခုထိတော့ ကြီးကြီးမားမား လှုပ်ရှားမှုမျိုးတော့ မရှိသေးပါဘူး..."

"Ok..."

The Ghost က Crown လက်အောက်ကနေ တဖြေးဖြေး ခွာထွက်သွားတာ...ထောက်ပံ့မှုကို မယူတော့ဘဲ တစ်ကိုယ်တည်း ရပ်တည်ချင်တဲ့ ပုံစံမျိုးလုပ်နေတဲ့အချိန်၊ The Ghost ဆို အကုန်လုံး ထိန်းမရ သိမ်းမရဖြစ်နေတဲ့အချိန် The Ghost ဂိုဏ်းချုပ်က ပျောက်နေသလို၊ လူမသိသူမသိ ဆုံးသွားသလို သတင်းများ ထွက်လာပြီး ငြိမ်ကျသွားတာ ဖြစ်၏အဲ့ထဲက Crown ရဲ့ လက်အောက်မှာ လုံးဝ The Ghost မရှိတော့သလို Crown အနေနဲ့လည်း ငွေကြေးအရ ထောက်ပံ့စရာမလိုတော့ဘဲ သီးခြါး ဂိုဏ်းတစ်ခု ဖြစ်လာခဲ့၏။Crown က နဂိုထဲက စီးပွားရေးသပ်သပ်ဘဲ လုပ်တာကြောင့် The Ghost သူ့လက်အောက်မှာ ရှိမရှိ ပူစရာမလို၊ လက်အောက်မှာ ရှိနေတုန်းကတောင် ဘယ်နေ့ တော်လှန်ပြီး အသတ်ခံရမလဲဆိုတာ ပူနေရသေးတာ...။

"ဟင်း...."

အရေးကြီးတာက Crown ရဲ့ ဆက်ခံသူအဖြစ် Win က လုံးဝ လက်မခံသေးတာ..အရင်ကထက် ပို လျှို့ဝှက်ပြီး နေလာတဲ့အပြင်...သူဘာတွေ လုပ်နေလည်းဆိုတာတောင် အဖေဖြစ်တဲ့သူမှာ မသိရ။ပိုဆိုးတာက Crown ဂိုဏ်းချုပ်မှာ သားတစ်ယောက်ရှိတာတောင် မသိကြတော့တဲ့ အဖြစ်။

*****

"ငါပြောတယ်...The Ghost က အပြီးပျောက်သွားတာ မဟုတ်ဘူးလို့...."

"ရှင်က ဘယ်ကကြားလာတာလဲ..."

"ငါ့ဆရာဆီက...ခေါင်းဆောင်ရွေးပွဲတောင် လုပ်မယ်လို့ ကြားတယ်..."

အိမ်ထဲမရောက်ခင် ထူးထူးခြါးခြါးစကားထိုင်ပြောနေတဲ့ အဖေနဲ့ အမေကြောင့် Bright မှာ ငြိမ်ငြိမ်လေး ရပ်ကာ နားထောင်နေမိ၏။The Ghost အကြောင်းပါ ပါလာတာကြောင့် ပိုလည်း စိတ်ဝင်စားသွား၏။

"အဲ့ဒါဆို The Ghost ကလူတစ်ယောက်ယောက်နဲ့ ဆက်သွယ်ပေးပါလား... သူတို့ကို ပေးရအုံးမှာတွေ ရှိတယ်လေ..."

"ငါ့အနေနဲ့ ဆက်သွယ်ရင် အသတ်ခံရမှာပေါ့....သေတွင်းထဲ တန်းပို့နေတာလား..."

"ဟို..ဘယ်လိုလုပ်မလဲ..."

"အဟင်း..မင်းမှာ ဖဲရိုက်ဖော် ဖဲရိုက်ဖက်တွေ ဒီလောက်များနေတာ အကူအညီတောင်းလေ..."

"ရတယ် ကျွန်မဘာသာလုပ်မယ်..."

"မင်းကို ကြိုပြောတယ်နော်...The Ghost နဲ့ ထပ်မပတ်သက်နဲ့...လူဆန်တဲ့ ကောင်တွေ မဟုတ်ဘူး..."

"သိတယ်..."

ဒါပထမဦးဆုံးအကြိမ် အဖေနဲ့ အမေ စကားကောင်းကောင်းပြောပြီး အမေ့ကို စိုးရိမ်ပေးတာ ဖြစ်၏။သူ့ကို ဂရုမစိုက်ပေမယ့် အဖေနဲ့ အမေကိုတော့ ဒီလိုမျိုး ချစ်ချစ်ခင်ခင်လေး ရှိသွားစေချင်တာ..အသက်တွေ ကြီးလာလို့ အတ္တတွေ မာန်မာနတွေ လျော့ကုန်တာဘဲလားလည်း မပြောတတ်။သူဝင်သွားလိုက်ရင် စကားဝိုင်းလေး ပျက်ပြယ်သွားမှာစိုး၍ အပြင်မှာဘဲ စုံရပ်ရင်း စကားဝိုင်းကအသံတွေကို နားစွင့်နေခဲ့လိုက်သည်။သူမတ်တပ်ရပ်ကာ နားထောင်နေတဲ့ပုံကို ဒေါ်ကြီးကလည်း ပန်းပင်တွေရေလောင်းရင်း ပြုံးပြီး ကြည့်လို့...။

*****

"ခွပ်..."

"အ..!!!"

အိမ်ထဲရောက်ရောက်လာချင်း ရုတ်တရက်ကြီး ထိုးလိုက်တာကြောင့် Bright မှာ အလန့်တကြားဖြစ်သွားရ၏။သူပြန်ရောက်လာလို့ ကြည်နူးနေတဲ့စိတ်လေးမှာ ကြက်ပျောက်ငှက်ပျောက်။

"ဘာဖြစ်တာလဲ Win ရဲ့... လက်တွေနာကုန်အုံးမယ်..."

"အဲ့ဒါ ငါ့ကို မတိုင်ပင်လို့..."

"တိုင်ပင်ရအောင် မင်းမှ မရှိတာကွာ..."

"ငါလာတဲ့အထိ စောင့်လေ...."

"ငါ..တောင်းပန်ပါတယ်ကွာ...."

"....."

"နော်...ငါ ပုံပြင်ပိုပြီး ပြောပြမယ်လေကွာ..နော်..."

Win သူ့ကို မတိုင်ပင်ဘဲ ကျောင်းထွက်လိုက်လို့ ဒေါသထွက်ပြီး လက်သီးနဲ့ ထထိုးခြင်း။ကိုယ့်ပါးနာမှာထက် သူ့လက်လေး နာသွားမှာ စိတ်ပူမိတာက အရူးတစ်ယောက်လို။ Win ကိုယ်တိုင် လမ်းကြောင်းတွေ ရှာနေရ၍ မအားလပ်တဲ့ရက်တွေမှာ ဖုန်းလည်းမပြောဖြစ်သလို ညတိုင်း ပုံပြင်ပြောပြတဲ့ အလုပ်လည်း မလုပ်ဖြစ်တာကြောင့် ပုံပြင်ပိုပြီး ပြောပြမယ်လို့ ပြောလိုက်မိတာ...။

"လုပ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ...ငါ မင်းကို ယုံပါတယ်..."

"အင်း....အရာအားလုံးအဆင်ပြေခဲ့ရဲ့လား..."

"အင်း...လက်နက်တွေ ရောက်ရင် ထားမယ့်နေရာရယ်..ဝယ်လက်ရယ် ရှာရမယ်...အရက်ကတော့ လှောင်ထားလို့ ရသေးတယ်..."

"ပိုက်ဆံကရော..."

"အကြွေးဝယ်တာ..."

"ဖြစ်နိုင်တာပြော...Win..မင်း ကဒ်ထဲက သုံးလိုက်တာ မှတ်လား..."

"...."

"Win..ငါလေ...."

Bright က မချင့်မရဲဖြစ်ကာ ပြောတော့ သူ့နှုတ်ခမ်းပေါ်လက်ညှိုးလေးတင်ကာ စကားကို ရပ်စေ၏

"ဆက်မပြောနဲ့...အရာအားလုံးနားလည်တာမို့...ဝယ်လက်ရပြီး လက်နက်တွေ မြန်မြန်ရောင်းရအောင်ဘဲ အာရုံစိုက်ရအောင်...."

"အင်း..."

လမ်းကြောင်းရှာနေတုန်းက အတူတူလိုက်ချင်ပေမယ့် အဲ့အပိုင်းမှာ မကျွမ်းကျင်တာကြောင့် Naniနဲ့ Dew တို့ဘဲ အတူလွှတ်လိုက်ရတာ...ဖြစ်နိုင်ရင် ငြိမ်ငြိမ်လေးဘဲ ထားချင်တာ သူ့ဆန္ဒ။ဒါပေမယ့် Win က နုနုနယ်နယ် မိန်းကလေးလည်း မဟုတ်...သူ့လိုမျိုး လူအများကြီးနဲ့ ယှဥ်ချနိုင်ပြီး အဆင်းရော အချင်းရော ပြည့်စုံတဲ့သူ..ဒါကိုသိသိရက်နဲ့ သူ့မှာ ဘာတွေ လိုက်ပူပန်နေမိမှန်း မသိ။သူများတွေကို စိတ်ပူကာ ဂရုစိုက်လားဆိုပြီး ဆန်းစစ်ဖူးပေမယ့် Win ကိုလောက် အသေးစိတ်လိုက်ပြီး စိတ်မပူသလို လိုက်ပြီးလည်း ဂရုမစိုက်မိ။အိမ်ခြံထဲက ပန်းပင်တွေကြားထဲမှာ ထိုင်ရင်း ပန်းပင်တွေကို ငေးကြည့်နေတဲ့ ကောင်လေးကို သူကလည်း အကြောင်းမဲ့စွာ ငေးကြည့်နေမိ၏။သူနဲ့အတူရှိနေရင် မျက်နှာကို ဖုံးကွယ်မထားတာကြောင့် မျက်နှာဖြူဖြူနုနုလေးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။နေရောင်ကြောင့်လား မသိပေမယ့် ပါးလေးနှစ်ဖက်က နီမြန်းမြန်း။နှာတံလေးက စင်းနေပြီး နှုတ်ခမ်းပါးလေးတွေက ပန်းနုရောင်သန်းနေ၏။သူ့လို ထူထူအိအိနဲ့ နီနေတာမဟုတ်ဘဲ ပန်းနုရောင် နှုတ်ခမ်းလေးတွေနဲ့ ဖြစ်၏။ငေးစိုက်ကြည့်မိတော့ အသက်ရှူရခက်လာသလို ရေတွေဘဲ ငတ်လာသလိုလို...။

"Metawin..."

"ဟင်..."

"မင်းက အန္တရာယ်များတဲ့ ကောင်ဘဲ...."

"အင်းလေ...ငါ့ကိုယ်ငါ သိပါတယ်..."

"သြော် ချီးကျုးလို့တောင်မရဘူး...ငါ့နှယ်..."

သူပြောတဲ့ ခပ်ဟဟရယ်၏။အပြုံးတွေက အစအသက်ဝင်သလို ဒီလိုအပြုံးတွေကလည်း သူ့ဘေးနားရှိတဲ့အချိန်မှ ဖြစ်ပေါ်လာတတ်တာမို့ သူ့ကိုယ်သူလည်း ဂုဏ်ယူမိသေးတာ...။ အန္တရာယ်များတဲ့ကောင်လို့ ပြောလိုက်မိပေမယ့် လူတစ်ယောက် အန္တရာယ်ဖြစ်စေတဲ့အထိ လှတဲ့အလှမျိုးဆိုတာကိုတော့ သူအသိဆုံးဖြစ်၏။သူတို့နှစ်ယောက်ဆက်ဆံရေးကို ဘာဆိုပြီး ခေါင်းစဥ်တပ်ဖို့ မလိုဘူးမှတ်လား...တစ်ယောက်နဲ့ တစ်ယောက် လိုအပ်နေသေးရင်ပေါ့...။

*****

"အိုး...Phi ဘယ်ချိန်ထဲက ရောက်နေတာလဲ..."

"နည်းနည်းကြာနေပြီ...အခုမှ လွှတ်တာလား..."

"ဟုတ်တယ် love သူငယ်ချင်း မွေးနေ့ လုပ်နေလို့..."

"Love..."

"ရှင်..."

"Phi ဒီရက်ပိုင်း Love ဆီ လာနိုင်မှာ မဟုတ်ဘူး...mission အတွက် လေ့ကျင့်ရမှာတွေ ရှိလို့..."

"အင်းပါ...love ကို စိတ်ချနော်..."

ချစ်သူဖြစ်တာ မကြာသေးပေမယ့် ဒီကောင်မလေးကို သိတာ ကြာပြီ ဖြစ်၏။တစ်နှစ်လောက်ဘဲ ငယ်ပေမယ့် ယှဥ်ပြီး Gun Smile က အသက်အများကြီး ကြီးတယ်လို့ ထင်ရ၏။love ကို ညနေတိုင်း မအားရင်တောင် မရောက်ရောက်အောင် လာပြီး ကျူရှင်ကို လာလာကြိုတတ်၏။love က စက်ဘီးလေးဖြင့် လာတာမို့ စက်ဘီးလေး တွန်းကာ ပြန်ပို့ပေးလေ့ရှိ၏။အိမ်နားရောက်ရင် လူရှင်း မရှင်းကြည့်ပြီး နဖူးလေးကို ခပ်ဖွဖွနမ်းကာ နှုတ်ဆက်မြဲ။သူက ဘာလဲ ဘာလုပ်တာလဲဆိုတာတောင် ရေရေရာရာမသိဘဲ သူ့ကို လက်ခံပေးခဲ့ရှာတာ...Gun Smile မြတ်နိုးတန်ဖိုးထားရတဲ့ တစ်ဦးတည်းသော မိန်းကလေး ဖြစ်၏။

****
"လူကြီး..."

"ငါ့ကို လာမခေါ်နဲ့ အသေးလေး...ပြောစကားကို နားမထောင်ဘူး..."

"ဟွန့်..."

"ကောက်ရင် ငါမချော့ဘူးနော် အမှားလုပ်တာလည်း မင်း...ကောက်တာလည်း မင်း လုပ်မလာနဲ့..."

ပြောတော့ အခန်းထောင့်က computer ခုံမှာ ဆောင့်အောင့်ပြီး သွားထိုင်၏။လူက ဖြူဖပ်ဖပ်...ဘယ်နေ့ မူးလဲမလဲ...ဘယ်နေ့ နှလုံးဖောက်ပြီး မေ့လဲမလဲ ကြည့်နေရတဲ့ သူက Mission အတွက် လေ့ကျင့်တာကိုလိုက်မလို့ဆိုပြီး ပူဆာနေတာ...အပြင်လူတွေ ခေါ်လို့မရပေမယ့် Top Tap မို့ ခွင့်ပြုပေးထားတာ...အစည်းအဝေးကို တစ်ခါခေါ်ပေးသွားမိထဲက လူကြီးတို့အဖွဲ့က မိုက်တယ်ဆိုကာ ဘယ်သွားသွား လိုက်ချင်နေတော့တာ...။Mission အတွက် လေ့ကျင့်မယ့်နေရာက Gun Smile ရဲ့ Training လက်အောက်မှာမို့ ခက်ခဲကြမ်းတမ်းတဲ့နေရာ...အမြဲလိုလို ဆူညံသံတွေ ပြည့်နှက်နေတဲ့နေရာကို ဘာလိုက်လုပ်ချင်မှန်းမသိ။

"ကောက်နေပြန်ပြီလား Mike...."

"ကောက်ပါစေ...မဟုတ်တာကို...လာပူဆာနေတာ..."

"ဟင့်...Phi Gun Smile..."

"ဟေ့..ဟေ့...Phi Gun Smile ကို သွားပူဆာမနေနဲ့...Gun Smile ငါမသိဘဲ ခေါ်လာရင် Mission ထဲက ထုတ်ပစ်မှာနော်..."

Mission နဲ့ ချိန်းခြောက်တော့ Gun Smile ကလည်း Top Tap ကို သူမတက်နိုင်ဘူးဆိုကာ ပုခုံးတွန့်ပြ၏။ပထမဦးဆုံး Mission မို့ စိတ်လည်းလှုပ်ရှားနေသလို ပါဝင်ဖို့ ဘယ်လောက်ထိ တက်ကြွနေကြလဲ သူတို့အသိ။ကျောင်းထွက်လိုက်တာကို Phi Min သိသွားလို့ ဆူမယ်ထင်ခဲ့ပေမယ့် ယုံကြည်ရာအောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပေးမယ်တဲ့လေ...။Phi Min က သူတို့အတွက် တကယ့်အစ်ကိုကြီးလိုပါဘဲ....ဒါပေမယ့် သူတို့ဘာတွေလုပ်နေကြလဲဆိုတာကိုတော့ မပြောပြထားဘဲ သူငယ်ချင်းတွေ စီးပွားရေး စုလုပ်မို့ဟုသာ ပြောထားခြင်း ဖြစ်၏။အသေးလေး Top Tap ကတော့ အကုန်သိနေတာ...။

****

"လူစုံရင် အစည်းအဝေးစမယ်..."

"စုံပါပြီ ဒုဂိုဏ်းချုပ်...."

အစည်းအဝေးတွေမှာ ပုံမှန် ရှင်းပြတာ..စီမံခန့်ခွဲတာဘအစီအစဥ်ချတာတွေ အကုန်လုံးက ဒုဂိုဏ်းချုပ်ဖြစ်တဲ့ Brightဘဲ လုပ်လေ့ရှိ၏။Win က သူတို့7ယောက်ဘဲ အစည်းအဝေးလုပ်ရင်သာ ပြောလေ့ရှိတာ...။

"ပထမဦးဆုံး Mission ဖြစ်တာကြောင့် လွှဲချော်လို့ မရပါဘူး...အဖွဲ့ (1)နဲ့ အဖွဲ့ (4)က အစီအစဥ်အတိုင်း ဆက်သွားပါ...2နဲ့ 3က ကျန်ခဲ့တဲ့ပစ္စည်းတွေ စောင့်ကြည့်ဖို့နဲ့ ကူပေးဖို့ အဆင်သင့်ပြင်ထားပါ...ဘာဘဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက်ကူပါ...1 ကလူတွေက ဂိုဏ်းချုပ်ကို ပိုဂရုစိုက်ပါ...ဒါက လမ်းကြောင်းတွေနဲ့ ပစ္စည်းသွားချမယ့်နေရာ..."

Bright က လမ်းကြောင်းမြေပုံကို နံရံမှာ ကပ်ကာ သွားရမယ့်လမ်းတွေ ရှောင်ရမယ့်ဂိတ်တွေအကြောင်း အသေးစိတ် ရှင်းပြ၏။ပထမဦးဆုံး ဝယ်လက်က မြန်မာနိုင်ငံက...အဲ့ဒီဝယ်လက်ကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို ပြန်ရောင်းတာလို့ ပြော၏။ဒါက သူတို့အလုပ်မို့ သိပ်စိတ်မဝင်စား...အဓိက.က မိမိတို့ ဂိုဏ်းက လက်နက်တွေ ရောင်းကုန်ဖို့...။ဝယ်လက်ကိုက ကိုယ်တိုင်ကိုယ်ကျ မတွေ့ရသေးဘဲ ပွဲစားကနေတဆင့် ဆက်သွယ်ထားတာဖြစ်၏။ပွဲစားကတော့ အာမအကြီးကြီးခံထားတာမို့ Win က ယုံကြည်နေလား မပြောတတ်ပေမယ့် Bright စိတ်ထဲ ထင့်နေ၏။ ပစ္စတို တစ်လက် ခါးကြားထိုးပြီး သွားဖို့ အဆင်သင့်ပြင်ထားလိုက်၏။မနက် (2)နာရီလောက် ထွက်မှာမို့ အိပ်လို့တောင် မရတော့ဘဲ နာရီတကြည့်ကြည့် ဖြစ်နေ၏။အိပ်မပျော်တာနဲ့ ကားတွေနားမှာဘဲ ဟိုလျှောက်ဒီလျှောက်လုပ်နေမိတော့ ခြေသံဖွဖွလေးနဲ့ သူ့နားရောက်လာတဲ့ Win...။

"စိတ်လှုပ်ရှားနေတာလား Vachirawit..."

"အင်း နည်းနည်း..."

ညမီးအောင်မှိန်မှိန်အောက်မှာတောင် လှနေတဲ့ Metawin...။

"ကျွတ်စ်...Mask တပ်ထားစမ်းကွာ..."

"ဘာလို့လဲ...."

"တပ်..."

စိတ်မရှည်သလို ကြည့်ပြီးပြောလာတာမို့ လည်ပင်းမှာ ပတ်ထားလေ့ရှိတဲ့ အစကို နှာခေါင်းပေါ်ထိ ဆွဲတင်ကာ အုပ်ထားလိုက်၏....အဲ့တော့မှ ကျေနပ်သလို ကြည့်ရင်း...

"အဲ့လိုမျက်လုံးမျိုးတွေနဲ့ တခြားကောင်တွေ သွားကြည့်မနေနဲ့..."

တကယ်ဘဲ မျက်လုံးထဲက အလင်းတန်းတွေထွက်လာသလိုလို တလက်လက်နဲ့ ကြယ်တွေများ ဖမ်းထည့်ထားလို့တောင် ထင်မိတဲ့အထိ ဖောက်ကာ ကြည့်ချင်မိ၏။

"ဘာဖြစ်ပြန်တုန်း..."

"မအိပ်ဘူးလား...အချိန်တွေ ရှိသေးတာကို...ဧကန္တ မင်းရော စိတ်လှုပ်ရှားနေတာလား..."

"ဘာမှမဖြစ်ဘူး ငါက..."

Metawin တို့ သွေးအေးချက်က ဘေးနား ရန်ဖြစ်နေရင်တောင် ထကြည့်တဲ့အမျိုးမှ မဟုတ်တာ...။ပြောသာပြောနေတာ...စိတ်လှုပ်ရှားနေတယ်ထင်၏ မျက်လုံးလေးတွေက မငြိမ်။ လက်ဖျားလေးကို ဆွဲယူကာ ဖျစ်ညှစ်ရင်း...ပြုံးပြတော့ သူ့မျက်နှာချောချောကို ပြန်ကြည့်လာ၏။

"ရူးနေလို့ ငါ့လက်ကို လာညှစ်နေတာလား..."

ကြည်နူးနေတဲ့ စိတ်တွေ ကြက်ပျောက်ငှက်ပျောက်...ကိုင်ထားမိတဲ့ လက်ကို လွှတ်ချရင်း ထိုင်ငိုချင်စိတ်ပါ ပေါက်သွားတော့၏။

*နောက်တစ်ခုအတွက် ပြင်ဆင်နေပါတယ် OC ကိုလည်း ပြင်ဆင်နေပါတယ် စောင့်ပြီး ဖတ်ပေးကြပါအုံးနော်*

26.3.2022
Mirella

Zawgyi

"ငါ ေက်ာင္းဆက္မတက္ေတာ့ဘူး..."

"ဘာျဖစ္လို႔လဲ..Bright..."

"ငါ ဒီအေပၚမွာဘဲ အားစိုက္ခ်င္တယ္..အခုက တစ္ခုခုဆို ဂိုဏ္းခ်ဳပ္က ေျဖ႐ွင္းေနရတာ..ငါ့ စိတ္ထဲ အဆင္မေျပေတာ့ဘူး..."

ဟုတ္တာေပါ့...Bright Vachirawit ဆိုတာ ဟိုးတုန္းထဲက သူအေတာ္ဆုံး သူအတက္ဆုံးလို႔ ေႂကြးေၾကာ္ထားတဲ့သူေလ..အဲ့လိုလူက သူ႕ဂိုဏ္းသားေတြ အခက္အခဲျဖစ္ေနတာကို ထိုင္ၾကည့္ေနရတာ ဘယ္ေလာက္ ခက္ခဲလိုက္မလဲ...။

"မင္း မတက္ရင္ ငါတို႔လည္း မတက္ဘူး..."

"မရဘူး...Foei..."

ဒီစကားကိုက Bright တို႔သုံး​ေယာက္လုံး ေအာ္ေျပာလိုက္တာ။

"မရဘူး..မင္းက ေက်ာင္းဆက္တက္ Foei..ေ႐ွ႕ေနျဖစ္ခ်င္တာ မင္းရည္မွန္းခ်က္ မဟုတ္လား..."

"Mike နဲ႔ Gun Smile ကေရာ..."

"ငါတို႔ကို လာပူမေနနဲ႔ Bright နဲ႔ အတူတူဘဲ..."

"မင္းတို႔ကလည္း...ငါ့ကို တစ္ေယာက္ထဲ ထားခဲ့မွာလား..Gun Smile ကူ​ေျပာအုံး..."

"မင္းကလည္း ေက်ာင္းတက္ခ်ိန္ကလြဲရင္ က်န္တဲ့အခ်ိန္ ငါတို႔နဲ႔ ေတြ႕ရမွာဘဲကို..."

"အာ..Gun Smile...မရဘူး..."

"ကဲ..Foei ကေလးလို ဂ်ီမက်ေနနဲ႔...ငါတို႔ဆုံးျဖတ္ၿပီးၿပီ..."

"Win တို႔ကို ေျပာၿပီးၿပီလား..."

"ေနာက္မွ ေျပာလိုက္မယ္..."

Brightတို႔က တကယ္ဆုံးျဖတ္ခ်က္ ခ်ၿပီးတဲ့ ပုံစံ၊ အိမ္ကို ဘယ္လိုေျဖ႐ွင္းမွန္း မသိေသးေပမယ့္ Win တို႔ လက္နက္ ေမွာင္ခိုသြင္းဖို႔ အဆက္အသြယ္႐ွာေနထဲက ေက်ာင္းထြက္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ၿပီး Foei ကိုေတာ့ ေက်ာင္းဆက္တက္ေစသည္။ျပႆနာ႐ွိတာက Mike နဲ႔ Gun Smile ေက်ာင္းထြက္ၿပီး အျပင္ထြက္မယ့္ကိစၥကို Phi Min က လက္ခံမွာ မဟုတ္သလို Top Tap ကလည္း ထိန္းလို႔ရမွာမဟုတ္။ဒါေပမယ့္ Bright ကိုေတာ့ ေက်ာင္းထြက္မယ္လို႔ ေျပာၿပီးေနၿပီ ျဖစ္၏။ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ေပးရင္ေတာ့ လက္ခံေလာက္မွာပါ...။

****

"Metawin...ထိုင္စမ္းပါအုံး..."

"ကြၽန္ေတာ္ မအားဘူး ဒယ္ဒီ..."

"ထိုင္ဆို ထိုင္လိုက္..."

"က်စ္..."

"မင္း ဘဏ္ကဒ္ထဲက ပိုက္ဆံေတြ ဘာသုံးလိုက္တာလဲ..."

"ကြၽန္ေတာ္ သုံးစရာ႐ွိလို႔ေပါ့ ဒယ္ဒီရာ...ဘာလဲ လိုက္စစ္ေနတာလား ကဒ္ကို..."

"မင္းသုံးတာ နည္းနည္းေလး..မဟုတ္ဘူး ဘတ္(၁၀)သန္းေတာင္...ေျပာ..ဘာလုပ္လိုက္တာလဲ..."

"ေမးခြန္းေတြ အမ်ားႀကီး မေမးနဲ႔ ဒယ္ဒီရာ..အဲ့ပိုက္ဆံကို 2လအတြင္း ျပန္ျဖည့္ေပးၿပီး ကဒ္ပါ ျပန္ေပးမယ္..."

"ဟာ...ဒီေကာင္...."

ဒီေကာင္ေလးဟာ ဘယ္ေတာ့မွ စကားကို မ်က္ႏွာခ်င္းဆိုင္ ေျပာလို႔ကို မရ။ အခုလည္း လမ္းသရဲလိုလို ဂိုဏ္းစတားလိုလို ေကာင္ေတြနဲ႔ ေပါင္းၿပီး ဘာေတြ သုံးျဖဳန္းေနျပန္လည္း မသိ။Nani တို႔ Dew တို႔ပါ႐ွိေန၍ လႊတ္ထားတာ..တစ္ခါထဲနဲ႔ အဲ့ေလာက္ထိ ဘာေတြ သုံးပစ္လိုက္လည္း မသိ။ေမးေတာ့ ကဒ္ပါ ျပန္ေပးအုံးမယ္တဲ့...Metawin တို႔ကေတာ့...။

"မင္းတို႔ သခင္ေလးကို ေစာင့္ၾကည့္ထား..သူ႕သူငယ္ခ်င္းေတြကိုပါ ေသခ်ာေစာင့္ၾကည့္..ထူးျခါးတာနဲ႔ ေျပာ..."

"ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္..."

"ဒါနဲ႔..The Ghost အေျခအေနနဲ႔ အျပင္မွာ ဘာထူးေနေသးလဲ..."

"The Ghost က ေလာေလာဆယ္ ၿငိမ္ေနပါတယ္... ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲလုပ္မယ္လို႔ ၾကားတယ္ ဂိုဏ္းခ်ဳပ္...ၿပီးေတာ့ White Dragons ဂိုဏ္းက တေျဖးေျဖးအင္အားႀကီးလာတယ္လို႔ သိရပါတယ္... အထက္တန္းေက်ာင္းသားအ႐ြယ္ေတြ ဦးေဆာင္ေနတာလို႔ ၾကားပါတယ္...အခုထိေတာ့ ႀကီးႀကီးမားမား လႈပ္႐ွားမႈမ်ိဳးေတာ့ မ႐ွိေသးပါဘူး..."

"Ok..."

The Ghost က Crown လက္ေအာက္ကေန တေျဖးေျဖး ခြာထြက္သြားတာ...ေထာက္ပံ့မႈကို မယူေတာ့ဘဲ တစ္ကိုယ္တည္း ရပ္တည္ခ်င္တဲ့ ပုံစံမ်ိဳးလုပ္ေနတဲ့အခ်ိန္၊ The Ghost ဆို အကုန္လုံး ထိန္းမရ သိမ္းမရျဖစ္ေနတဲ့အခ်ိန္ The Ghost ဂိုဏ္းခ်ဳပ္က ေပ်ာက္ေနသလို၊ လူမသိသူမသိ ဆုံးသြားသလို သတင္းမ်ား ထြက္လာၿပီး ၿငိမ္က်သြားတာ ျဖစ္၏အဲ့ထဲက Crown ရဲ႕ လက္ေအာက္မွာ လုံးဝ The Ghost မ႐ွိေတာ့သလို Crown အေနနဲ႔လည္း ေငြေၾကးအရ ေထာက္ပံ့စရာမလိုေတာ့ဘဲ သီးျခါး ဂိုဏ္းတစ္ခု ျဖစ္လာခဲ့၏။Crown က နဂိုထဲက စီးပြားေရးသပ္သပ္ဘဲ လုပ္တာေၾကာင့္ The Ghost သူ႕လက္ေအာက္မွာ ႐ွိမ႐ွိ ပူစရာမလို၊ လက္ေအာက္မွာ ႐ွိေနတုန္းကေတာင္ ဘယ္ေန႔ ေတာ္လွန္ၿပီး အသတ္ခံရမလဲဆိုတာ ပူေနရေသးတာ...။

"ဟင္း...."

အေရးႀကီးတာက Crown ရဲ႕ ဆက္ခံသူအျဖစ္ Win က လုံးဝ လက္မခံေသးတာ..အရင္ကထက္ ပို လွ်ိဳ႕ဝွက္ၿပီး ေနလာတဲ့အျပင္...သူဘာေတြ လုပ္ေနလည္းဆိုတာေတာင္ အေဖျဖစ္တဲ့သူမွာ မသိရ။ပိုဆိုးတာက Crown ဂိုဏ္းခ်ဳပ္မွာ သားတစ္ေယာက္႐ွိတာေတာင္ မသိၾကေတာ့တဲ့ အျဖစ္။

*****

"ငါေျပာတယ္...The Ghost က အၿပီးေပ်ာက္သြားတာ မဟုတ္ဘူးလို႔...."

"႐ွင္က ဘယ္ကၾကားလာတာလဲ..."

"ငါ့ဆရာဆီက...ေခါင္းေဆာင္ေ႐ြးပြဲေတာင္ လုပ္မယ္လို႔ ၾကားတယ္..."

အိမ္ထဲမေရာက္ခင္ ထူးထူးျခါးျခါးစကားထိုင္ေျပာေနတဲ့ အေဖနဲ႔ အေမေၾကာင့္ Bright မွာ ၿငိမ္ၿငိမ္ေလး ရပ္ကာ နားေထာင္ေနမိ၏။The Ghost အေၾကာင္းပါ ပါလာတာေၾကာင့္ ပိုလည္း စိတ္ဝင္စားသြား၏။

"အဲ့ဒါဆို The Ghost ကလူတစ္ေယာက္ေယာက္နဲ႔ ဆက္သြယ္ေပးပါလား... သူတို႔ကို ေပးရအုံးမွာေတြ ႐ွိတယ္ေလ..."

"ငါ့အေနနဲ႔ ဆက္သြယ္ရင္ အသတ္ခံရမွာေပါ့....ေသတြင္းထဲ တန္းပို႔ေနတာလား..."

"ဟို..ဘယ္လိုလုပ္မလဲ..."

"အဟင္း..မင္းမွာ ဖဲ႐ိုက္ေဖာ္ ဖဲ႐ိုက္ဖက္ေတြ ဒီေလာက္မ်ားေနတာ အကူအညီေတာင္းေလ..."

"ရတယ္ ကြၽန္မဘာသာလုပ္မယ္..."

"မင္းကို ႀကိဳေျပာတယ္ေနာ္...The Ghost နဲ႔ ထပ္မပတ္သက္နဲ႔...လူဆန္တဲ့ ေကာင္ေတြ မဟုတ္ဘူး..."

"သိတယ္..."

ဒါပထမဦးဆုံးအႀကိမ္ အေဖနဲ႔ အေမ စကားေကာင္းေကာင္းေျပာၿပီး အေမ့ကို စိုးရိမ္ေပးတာ ျဖစ္၏။သူ႕ကို ဂ႐ုမစိုက္ေပမယ့္ အေဖနဲ႔ အေမကိုေတာ့ ဒီလိုမ်ိဳး ခ်စ္ခ်စ္ခင္ခင္ေလး ႐ွိသြားေစခ်င္တာ..အသက္ေတြ ႀကီးလာလို႔ အတၱေတြ မာန္မာနေတြ ေလ်ာ့ကုန္တာဘဲလားလည္း မေျပာတတ္။သူဝင္သြားလိုက္ရင္ စကားဝိုင္းေလး ပ်က္ျပယ္သြားမွာစိုး၍ အျပင္မွာဘဲ စုံရပ္ရင္း စကားဝိုင္းကအသံေတြကို နားစြင့္ေနခဲ့လိုက္သည္။သူမတ္တပ္ရပ္ကာ နားေထာင္ေနတဲ့ပုံကို ေဒၚႀကီးကလည္း ပန္းပင္ေတြေရေလာင္းရင္း ျပဳံးၿပီး ၾကည့္လို႔...။

*****

"ခြပ္..."

"အ..!!!"

အိမ္ထဲေရာက္ေရာက္လာခ်င္း ႐ုတ္တရက္ႀကီး ထိုးလိုက္တာေၾကာင့္ Bright မွာ အလန္႔တၾကားျဖစ္သြားရ၏။သူျပန္ေရာက္လာလို႔ ၾကည္ႏူးေနတဲ့စိတ္ေလးမွာ ၾကက္ေပ်ာက္ငွက္ေပ်ာက္။

"ဘာျဖစ္တာလဲ Win ရဲ႕... လက္ေတြနာကုန္အုံးမယ္..."

"အဲ့ဒါ ငါ့ကို မတိုင္ပင္လို႔..."

"တိုင္ပင္ရေအာင္ မင္းမွ မ႐ွိတာကြာ..."

"ငါလာတဲ့အထိ ေစာင့္ေလ...."

"ငါ..ေတာင္းပန္ပါတယ္ကြာ...."

"....."

"ေနာ္...ငါ ပုံျပင္ပိုၿပီး ေျပာျပမယ္ေလကြာ..ေနာ္..."

Win သူ႕ကို မတိုင္ပင္ဘဲ ေက်ာင္းထြက္လိုက္လို႔ ေဒါသထြက္ၿပီး လက္သီးနဲ႔ ထထိုးျခင္း။ကိုယ့္ပါးနာမွာထက္ သူ႕လက္ေလး နာသြားမွာ စိတ္ပူမိတာက အ႐ူးတစ္ေယာက္လို။ Win ကိုယ္တိုင္ လမ္းေၾကာင္းေတြ ႐ွာေနရ၍ မအားလပ္တဲ့ရက္ေတြမွာ ဖုန္းလည္းမေျပာျဖစ္သလို ညတိုင္း ပုံျပင္ေျပာျပတဲ့ အလုပ္လည္း မလုပ္ျဖစ္တာေၾကာင့္ ပုံျပင္ပိုၿပီး ေျပာျပမယ္လို႔ ေျပာလိုက္မိတာ...။

"လုပ္ၿပီးမွေတာ့ ဘယ္တတ္ႏိုင္မလဲ...ငါ မင္းကို ယုံပါတယ္..."

"အင္း....အရာအားလုံးအဆင္ေျပခဲ့ရဲ႕လား..."

"အင္း...လက္နက္ေတြ ေရာက္ရင္ ထားမယ့္ေနရာရယ္..ဝယ္လက္ရယ္ ႐ွာရမယ္...အရက္ကေတာ့ ေလွာင္ထားလို႔ ရေသးတယ္..."

"ပိုက္ဆံကေရာ..."

"အေႂကြးဝယ္တာ..."

"ျဖစ္ႏိုင္တာေျပာ...Win..မင္း ကဒ္ထဲက သုံးလိုက္တာ မွတ္လား..."

"...."

"Win..ငါေလ...."

Bright က မခ်င့္မရဲျဖစ္ကာ ေျပာေတာ့ သူ႕ႏႈတ္ခမ္းေပၚလက္ညိႇဳးေလးတင္ကာ စကားကို ရပ္ေစ၏

"ဆက္မေျပာနဲ႔...အရာအားလုံးနားလည္တာမို႔...ဝယ္လက္ရၿပီး လက္နက္ေတြ ျမန္ျမန္ေရာင္းရေအာင္ဘဲ အာ႐ုံစိုက္ရေအာင္...."

"အင္း..."

လမ္းေၾကာင္း႐ွာေနတုန္းက အတူတူလိုက္ခ်င္ေပမယ့္ အဲ့အပိုင္းမွာ မကြၽမ္းက်င္တာေၾကာင့္ Naniနဲ႔ Dew တို႔ဘဲ အတူလႊတ္လိုက္ရတာ...ျဖစ္ႏိုင္ရင္ ၿငိမ္ၿငိမ္ေလးဘဲ ထားခ်င္တာ သူ႕ဆႏၵ။ဒါေပမယ့္ Win က ႏုႏုနယ္နယ္ မိန္းကေလးလည္း မဟုတ္...သူ႕လိုမ်ိဳး လူအမ်ားႀကီးနဲ႔ ယွဥ္ခ်ႏိုင္ၿပီး အဆင္းေရာ အခ်င္းေရာ ျပည့္စုံတဲ့သူ..ဒါကိုသိသိရက္နဲ႔ သူ႕မွာ ဘာေတြ လိုက္ပူပန္ေနမိမွန္း မသိ။သူမ်ားေတြကို စိတ္ပူကာ ဂ႐ုစိုက္လားဆိုၿပီး ဆန္းစစ္ဖူးေပမယ့္ Win ကိုေလာက္ အေသးစိတ္လိုက္ၿပီး စိတ္မပူသလို လိုက္ၿပီးလည္း ဂ႐ုမစိုက္မိ။အိမ္ျခံထဲက ပန္းပင္ေတြၾကားထဲမွာ ထိုင္ရင္း ပန္းပင္ေတြကို ေငးၾကည့္ေနတဲ့ ေကာင္ေလးကို သူကလည္း အေၾကာင္းမဲ့စြာ ေငးၾကည့္ေနမိ၏။သူနဲ႔အတူ႐ွိေနရင္ မ်က္ႏွာကို ဖုံးကြယ္မထားတာေၾကာင့္ မ်က္ႏွာျဖဴျဖဴႏုႏုေလးကို ႐ွင္း႐ွင္းလင္းလင္း ျမင္ေနရ၏။ေနေရာင္ေၾကာင့္လား မသိေပမယ့္ ပါးေလးႏွစ္ဖက္က နီျမန္းျမန္း။ႏွာတံေလးက စင္းေနၿပီး ႏႈတ္ခမ္းပါးေလးေတြက ပန္းႏုေရာင္သန္းေန၏။သူ႕လို ထူထူအိအိနဲ႔ နီေနတာမဟုတ္ဘဲ ပန္းႏုေရာင္ ႏႈတ္ခမ္းေလးေတြနဲ႔ ျဖစ္၏။ေငးစိုက္ၾကည့္မိေတာ့ အသက္႐ွဴရခက္လာသလို ေရေတြဘဲ ငတ္လာသလိုလို...။

"Metawin..."

"ဟင္..."

"မင္းက အႏၲရာယ္မ်ားတဲ့ ေကာင္ဘဲ...."

"အင္းေလ...ငါ့ကိုယ္ငါ သိပါတယ္..."

"ေၾသာ္ ခ်ီးက်ဳးလို႔ေတာင္မရဘူး...ငါ့ႏွယ္..."

သူေျပာတဲ့ ခပ္ဟဟရယ္၏။အျပဳံးေတြက အစအသက္ဝင္သလို ဒီလိုအျပဳံးေတြကလည္း သူ႕ေဘးနား႐ွိတဲ့အခ်ိန္မွ ျဖစ္ေပၚလာတတ္တာမို႔ သူ႕ကိုယ္သူလည္း ဂုဏ္ယူမိေသးတာ...။ အႏၲရာယ္မ်ားတဲ့ေကာင္လို႔ ေျပာလိုက္မိေပမယ့္ လူတစ္ေယာက္ အႏၲရာယ္ျဖစ္ေစတဲ့အထိ လွတဲ့အလွမ်ိဳးဆိုတာကိုေတာ့ သူအသိဆုံးျဖစ္၏။သူတို႔ႏွစ္ေယာက္ဆက္ဆံေရးကို ဘာဆိုၿပီး ေခါင္းစဥ္တပ္ဖို႔ မလိုဘူးမွတ္လား...တစ္ေယာက္နဲ႔ တစ္ေယာက္ လိုအပ္ေနေသးရင္ေပါ့...။

*****

"အိုး...Phi ဘယ္ခ်ိန္ထဲက ေရာက္ေနတာလဲ..."

"နည္းနည္းၾကာေနၿပီ...အခုမွ လႊတ္တာလား..."

"ဟုတ္တယ္ love သူငယ္ခ်င္း ေမြးေန႔ လုပ္ေနလို႔..."

"Love..."

"႐ွင္..."

"Phi ဒီရက္ပိုင္း Love ဆီ လာႏိုင္မွာ မဟုတ္ဘူး...mission အတြက္ ေလ့က်င့္ရမွာေတြ ႐ွိလို႔..."

"အင္းပါ...love ကို စိတ္ခ်ေနာ္..."

ခ်စ္သူျဖစ္တာ မၾကာေသးေပမယ့္ ဒီေကာင္မေလးကို သိတာ ၾကာၿပီ ျဖစ္၏။တစ္ႏွစ္ေလာက္ဘဲ ငယ္ေပမယ့္ ယွဥ္ၿပီး Gun Smile က အသက္အမ်ားႀကီး ႀကီးတယ္လို႔ ထင္ရ၏။love ကို ညေနတိုင္း မအားရင္ေတာင္ မေရာက္ေရာက္ေအာင္ လာၿပီး က်ဴ႐ွင္ကို လာလာႀကိဳတတ္၏။love က စက္ဘီးေလးျဖင့္ လာတာမို႔ စက္ဘီးေလး တြန္းကာ ျပန္ပို႔ေပးေလ့႐ွိ၏။အိမ္နားေရာက္ရင္ လူ႐ွင္း မ႐ွင္းၾကည့္ၿပီး နဖူးေလးကို ခပ္ဖြဖြနမ္းကာ ႏႈတ္ဆက္ၿမဲ။သူက ဘာလဲ ဘာလုပ္တာလဲဆိုတာေတာင္ ေရေရရာရာမသိဘဲ သူ႕ကို လက္ခံေပးခဲ့႐ွာတာ...Gun Smile ျမတ္ႏိုးတန္ဖိုးထားရတဲ့ တစ္ဦးတည္းေသာ မိန္းကေလး ျဖစ္၏။

****
"လူႀကီး..."

"ငါ့ကို လာမေခၚနဲ႔ အေသးေလး...ေျပာစကားကို နားမေထာင္ဘူး..."

"ဟြန္႔..."

"ေကာက္ရင္ ငါမေခ်ာ့ဘူးေနာ္ အမွားလုပ္တာလည္း မင္း...ေကာက္တာလည္း မင္း လုပ္မလာနဲ႔..."

ေျပာေတာ့ အခန္းေထာင့္က computer ခုံမွာ ေဆာင့္ေအာင့္ၿပီး သြားထိုင္၏။လူက ျဖဴဖပ္ဖပ္...ဘယ္ေန႔ မူးလဲမလဲ...ဘယ္ေန႔ ႏွလုံးေဖာက္ၿပီး ေမ့လဲမလဲ ၾကည့္ေနရတဲ့ သူက Mission အတြက္ ေလ့က်င့္တာကိုလိုက္မလို႔ဆိုၿပီး ပူဆာေနတာ...အျပင္လူေတြ ေခၚလို႔မရေပမယ့္ Top Tap မို႔ ခြင့္ျပဳေပးထားတာ...အစည္းအေဝးကို တစ္ခါေခၚေပးသြားမိထဲက လူႀကီးတို႔အဖြဲ႕က မိုက္တယ္ဆိုကာ ဘယ္သြားသြား လိုက္ခ်င္ေနေတာ့တာ...။Mission အတြက္ ေလ့က်င့္မယ့္ေနရာက Gun Smile ရဲ႕ Training လက္ေအာက္မွာမို႔ ခက္ခဲၾကမ္းတမ္းတဲ့ေနရာ...အၿမဲလိုလို ဆူညံသံေတြ ျပည့္ႏွက္ေနတဲ့ေနရာကို ဘာလိုက္လုပ္ခ်င္မွန္းမသိ။

"ေကာက္ေနျပန္ၿပီလား Mike...."

"ေကာက္ပါေစ...မဟုတ္တာကို...လာပူဆာေနတာ..."

"ဟင့္...Phi Gun Smile..."

"ေဟ့..ေဟ့...Phi Gun Smile ကို သြားပူဆာမေနနဲ႔...Gun Smile ငါမသိဘဲ ေခၚလာရင္ Mission ထဲက ထုတ္ပစ္မွာေနာ္..."

Mission နဲ႔ ခ်ိန္းေျခာက္ေတာ့ Gun Smile ကလည္း Top Tap ကို သူမတက္ႏိုင္ဘူးဆိုကာ ပုခုံးတြန္႔ျပ၏။ပထမဦးဆုံး Mission မို႔ စိတ္လည္းလႈပ္႐ွားေနသလို ပါဝင္ဖို႔ ဘယ္ေလာက္ထိ တက္ႂကြေနၾကလဲ သူတို႔အသိ။ေက်ာင္းထြက္လိုက္တာကို Phi Min သိသြားလို႔ ဆူမယ္ထင္ခဲ့ေပမယ့္ ယုံၾကည္ရာေအာင္ျမင္ေအာင္ လုပ္ႏိုင္မယ္လို႔ ယုံၾကည္ေပးမယ္တဲ့ေလ...။Phi Min က သူတို႔အတြက္ တကယ့္အစ္ကိုႀကီးလိုပါဘဲ....ဒါေပမယ့္ သူတို႔ဘာေတြလုပ္ေနၾကလဲဆိုတာကိုေတာ့ မေျပာျပထားဘဲ သူငယ္ခ်င္းေတြ စီးပြားေရး စုလုပ္မို႔ဟုသာ ေျပာထားျခင္း ျဖစ္၏။အေသးေလး Top Tap ကေတာ့ အကုန္သိေနတာ...။

****

"လူစုံရင္ အစည္းအေဝးစမယ္..."

"စုံပါၿပီ ဒုဂိုဏ္းခ်ဳပ္...."

အစည္းအေဝးေတြမွာ ပုံမွန္ ႐ွင္းျပတာ..စီမံခန္႔ခြဲတာဘအစီအစဥ္ခ်တာေတြ အကုန္လုံးက ဒုဂိုဏ္းခ်ဳပ္ျဖစ္တဲ့ Brightဘဲ လုပ္ေလ့႐ွိ၏။Win က သူတို႔7ေယာက္ဘဲ အစည္းအေဝးလုပ္ရင္သာ ေျပာေလ့႐ွိတာ...။

"ပထမဦးဆုံး Mission ျဖစ္တာေၾကာင့္ လႊဲေခ်ာ္လို႔ မရပါဘူး...အဖြဲ႕ (1)နဲ႔ အဖြဲ႕ (4)က အစီအစဥ္အတိုင္း ဆက္သြားပါ...2နဲ႔ 3က က်န္ခဲ့တဲ့ပစၥည္းေတြ ေစာင့္ၾကည့္ဖို႔နဲ႔ ကူေပးဖို႔ အဆင္သင့္ျပင္ထားပါ...ဘာဘဲျဖစ္ျဖစ္ တစ္ေယာက္ကို တစ္ေယာက္ကူပါ...1 ကလူေတြက ဂိုဏ္းခ်ဳပ္ကို ပိုဂ႐ုစိုက္ပါ...ဒါက လမ္းေၾကာင္းေတြနဲ႔ ပစၥည္းသြားခ်မယ့္ေနရာ..."

Bright က လမ္းေၾကာင္းေျမပုံကို နံရံမွာ ကပ္ကာ သြားရမယ့္လမ္းေတြ ေ႐ွာင္ရမယ့္ဂိတ္ေတြအေၾကာင္း အေသးစိတ္ ႐ွင္းျပ၏။ပထမဦးဆုံး ဝယ္လက္က ျမန္မာႏိုင္ငံက...အဲ့ဒီဝယ္လက္ကေနတဆင့္ တိုင္းရင္းသားလက္နက္ကိုင္ေတြဆီကို ျပန္ေရာင္းတာလို႔ ေျပာ၏။ဒါက သူတို႔အလုပ္မို႔ သိပ္စိတ္မဝင္စား...အဓိက.က မိမိတို႔ ဂိုဏ္းက လက္နက္ေတြ ေရာင္းကုန္ဖို႔...။ဝယ္လက္ကိုက ကိုယ္တိုင္ကိုယ္က် မေတြ႕ရေသးဘဲ ပြဲစားကေနတဆင့္ ဆက္သြယ္ထားတာျဖစ္၏။ပြဲစားကေတာ့ အာမအႀကီးႀကီးခံထားတာမို႔ Win က ယုံၾကည္ေနလား မေျပာတတ္ေပမယ့္ Bright စိတ္ထဲ ထင့္ေန၏။ ပစၥတို တစ္လက္ ခါးၾကားထိုးၿပီး သြားဖို႔ အဆင္သင့္ျပင္ထားလိုက္၏။မနက္ (2)နာရီေလာက္ ထြက္မွာမို႔ အိပ္လို႔ေတာင္ မရေတာ့ဘဲ နာရီတၾကည့္ၾကည့္ ျဖစ္ေန၏။အိပ္မေပ်ာ္တာနဲ႔ ကားေတြနားမွာဘဲ ဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ေနမိေတာ့ ေျခသံဖြဖြေလးနဲ႔ သူ႕နားေရာက္လာတဲ့ Win...။

"စိတ္လႈပ္႐ွားေနတာလား Vachirawit..."

"အင္း နည္းနည္း..."

ညမီးေအာင္မွိန္မွိန္ေအာက္မွာေတာင္ လွေနတဲ့ Metawin...။

"ကြၽတ္စ္...Mask တပ္ထားစမ္းကြာ..."

"ဘာလို႔လဲ...."

"တပ္..."

စိတ္မ႐ွည္သလို ၾကည့္ၿပီးေျပာလာတာမို႔ လည္ပင္းမွာ ပတ္ထားေလ့႐ွိတဲ့ အစကို ႏွာေခါင္းေပၚထိ ဆြဲတင္ကာ အုပ္ထားလိုက္၏....အဲ့ေတာ့မွ ေက်နပ္သလို ၾကည့္ရင္း...

"အဲ့လိုမ်က္လုံးမ်ိဳးေတြနဲ႔ တျခားေကာင္ေတြ သြားၾကည့္မေနနဲ႔..."

တကယ္ဘဲ မ်က္လုံးထဲက အလင္းတန္းေတြထြက္လာသလိုလို တလက္လက္နဲ႔ ၾကယ္ေတြမ်ား ဖမ္းထည့္ထားလို႔ေတာင္ ထင္မိတဲ့အထိ ေဖာက္ကာ ၾကည့္ခ်င္မိ၏။

"ဘာျဖစ္ျပန္တုန္း..."

"မအိပ္ဘူးလား...အခ်ိန္ေတြ ႐ွိေသးတာကို...ဧကႏၲ မင္းေရာ စိတ္လႈပ္႐ွားေနတာလား..."

"ဘာမွမျဖစ္ဘူး ငါက..."

Metawin တို႔ ေသြးေအးခ်က္က ေဘးနား ရန္ျဖစ္ေနရင္ေတာင္ ထၾကည့္တဲ့အမ်ိဳးမွ မဟုတ္တာ...။ေျပာသာေျပာေနတာ...စိတ္လႈပ္႐ွားေနတယ္ထင္၏ မ်က္လုံးေလးေတြက မၿငိမ္။ လက္ဖ်ားေလးကို ဆြဲယူကာ ဖ်စ္ညႇစ္ရင္း...ျပဳံးျပေတာ့ သူ႕မ်က္ႏွာေခ်ာေခ်ာကို ျပန္ၾကည့္လာ၏။

"႐ူးေနလို႔ ငါ့လက္ကို လာညႇစ္ေနတာလား..."

ၾကည္ႏူးေနတဲ့ စိတ္ေတြ ၾကက္ေပ်ာက္ငွက္ေပ်ာက္...ကိုင္ထားမိတဲ့ လက္ကို လႊတ္ခ်ရင္း ထိုင္ငိုခ်င္စိတ္ပါ ေပါက္သြားေတာ့၏။

*ေနာက္တစ္ခုအတြက္ ျပင္ဆင္ေနပါတယ္ OC ကိုလည္း ျပင္ဆင္ေနပါတယ္ ေစာင့္ၿပီး ဖတ္ေပးၾကပါအုံးေနာ္*

26.3.2022
Mirella

Continue Reading

You'll Also Like

178K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
65K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
54.9K 2.6K 34
ငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေ...