Always With You (Completed)

By Mirella_vc

30.6K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Final
AWY-Extra

AWY-10

717 49 7
By Mirella_vc

ဂိုဏ်းစဖွဲ့တဲ့နေ့

ဂိုဏ်းစဖွဲ့တဲ့နေ့မှာ Bright က အကုန်လုံးကို ဘောလုံးကွင်းထဲမှာဘဲ လူစုစေလိုက်၏။ဆေးရုံမှာ သုံးရက်လောက် တက်လိုက်ရပေမယ့် Win ကရောက်မလာတဲ့အပြင် Brightရဲ့ မိဘတွေလည်း မရောက်လာ။ Foei တို့နဲ့ ဒေါ်ကြီးကသာ တစ်လှည့်စီ လာစောင့်ပေးကြ၏။ဒေါ်ကြီးကိုတော့ လူမှားပြီး အရိုက်ခံရတာလို့ လိမ်ထားရ၏။

"လူစုံပြီဆို စလိုက်ရအောင်...အခုပြောမယ့် စကားတွေကို သေချာနားထောင်ပါ...မကျေနပ်တာ ရှိရင် ချက်ချင်းပြောပါ..."

"ပထမဦးဆုံး ဂိုဏ်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါမယ်...အပွင့်လင်းဆုံးပြောရရင် အာဏာရှိချင်လို့.. ချမ်းသာချင်တယ်.. နောက်ဆက်တွဲအနေနဲ့ အင်အားကြီးပြီး ဂိုဏ်းလောကထဲမှာ အာဏာရချင်တယ်...ဒါကြောင့် စည်းစည်း လုံးလုံးနဲ့ သစ္စာရှိကြပါ..ဂိုဏ်းသားအချင်းချင်း ဖေးမပါ ကူညီပါ..မကျေနပ်တာ ရှိရင် အဖွဲ့ခေါင်းဆောင်တွေကို ချက်ချင်းပြောပါ...ကိုယ်ကျွမ်းကျင်ရာအပိုင်းဖြစ်မယ့် အဖွဲ့ထဲကို ဝင်ပါ..အရေးကြီးဆုံးအချက်က အပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင် ဂရုစိုက်ပါ...ကိုယ်လုပ်ရမယ့်တာဝန်ကို ပြီးဆုံးအောင် လုပ်ပါ...အဖွဲ့ခေါင်းဆောင်တွေရဲ့ စကားကို နားထောင်ပါ...ဂိုဏ်းနာမည်ကို အလွဲသုံးစားလုပ်တာတွေ..ဂိုဏ်းသားအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်တာတွေဆိုရင် ဂိုဏ်းကနေ ထုတ်ပယ်ပါမယ်...ဂိုဏ်းချုပ်ရဲ့အကြောင်းကို မလိုအပ်ဘဲ မမေးပါနဲ့...ဂိုဏ်းထဲရောက်လာတာနဲ့ တတ်သင့်တတ်ထိုက်တာ အားလုံးကို သင်ပေးမယ်..."

"ဂိုဏ်းချုပ်က ဘယ်သူလဲ..."

"ဂိုဏ်းချုပ်က Win Metawin...ဒုဂိုဏ်းချုပ်က Bright .."

"ဟုတ်ကဲ့..ဒုဂိုဏ်းချုပ်.."

အဖွဲ့ (1) ခေါင်းဆောင်က Nani သူက ဂိုဏ်းချုပ်ရဲ့ လုံခြုံရေးကို အဓိက တာဝန်ယူပေးရမယ့် အဖွဲ့ ဒါကြောင့် ဂိုဏ်းချုပ်ကို ဘာအကြောင်းကြောင့်နဲ့မှ မထိခိုက်အောင် စောင့်ရှောက်ပါ...။

"ဟုတ်ကဲ့ ဒုဂိုဏ်းချုပ်..."

အဖွဲ့(2) ခေါင်းဆောင်က Dew သူက ဂိုဏ်းသားတွေရဲ့ လုံခြုံရေးနဲ့ ပြဿာနာတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ့် တာဝန်၊ ပြီးတော့ ပြဿာနာပေါ် မူတည်ပြီး အဖွဲ့ခေါင်းဆောင်တွေ အားလုံးတိုင်ပင်ပြီး ဆုံးဖြတ်ပေးမယ်...။

"ဟုတ်ကဲ့ ဒုဂိုဏ်းချုပ်..."

"အဖွဲ့(3) ခေါင်းဆောင် Mike သူက ဂိုဏ်းရဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှုကို အဓိက တာဝန်ယူရမယ် လိုအပ်တာတွေကို ခေါင်းဆောင်တွေ အချင်းချင်း ဆွေးနွေးတိုင်ပင်ပါ..."

"အဖွဲ့(4) ခေါင်းဆောင် Gun Smile သူက ဂိုဏ်းသားတွေကို လေ့ကျင့်ပေးရမယ့် တာဝန် ဂိုဏ်းသားတွေ တော်ခြင်း ညံ့ခြင်း အမိန့်နာခံတတ်ခြင်းတွေဟာ သူ့ပေါ်မှာ တာဝန်ရှိတယ်..."

"နောက်ဆုံးက Foei သူက အကြံပေး၊ သူရဲ့စကားကို ဂိုဏ်းသားတွေ အားလုံးနားထောင်ရမယ် အထက်ခေါင်းဆောင်တွေကို လေးစားသလိုမျိုး သူ့ကိုလေးစားပါ.."

"ဟုတ်ကဲ့...ဒုဂိုဏ်းချုပ်..."

"မရှင်းတာရှိလား...မကျေနပ်တာ ရှိလား..."

"မရှိပါဘူး..."

"ဒါဆိုရင်...ဒီနေ့ကစပြီး White Dragons Gang စတင် တည်ထောင်လိုက်ပါပြီ..."

"White Dragons Gang အဓွန့်ရှည်ပါစေ..."
"White Dragons Gang အဓွန့်ရှည်ပါစေ..."

"White Dragons Gang အဓွန့်ရှည်ပါစေ..."
"White Dragons Gang အဓွန့်ရှည်ပါစေ..."

"နောက်လ ဒီလိုအချိန် ဒီနေရာမှာဘဲ အစည်းအဝေးလုပ်ပါမယ်..ပျက်ကွက်ရင် ဂိုဏ်းထဲက ထုတ်ပါမယ်...တာဝန်တွေ ခွဲပေးပြီးပြီဖြစ်တာကြောင့် လေ့ကျင့်ရေးတွေလည်း နေ့တိုင်းရှိပါမယ်...ကိုယ့်ခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိအောင် ဆက်သွယ်ထားပါ အဖွဲ့ခေါင်းဆောင်တွေက တစ်နေ့တစ်ခါ တင်ပြပေးပါ..."

"ဟုတ်ကဲ့..ဒုဂိုဏ်းချုပ်..ဒါနဲ့လေ White Dragons ဆိုတာ ဘာအဓိပ္ပါယ်လဲ မသိဘူး..."

"White Dragons ဆိုတာ နဂါးဖြူဂိုဏ်း မဟုတ်ဘူး... White ဆိုတာတဲ့ အဖြူရောင်ဟာ ဖြူစင်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိပ္ပါယ် အပြင် ဂိုဏ်းချုပ်ကို ကိုယ်စားပြုတယ်..Dragons ဆိုတာက ငါအပါအဝင် မင်းတို့အားလုံးကို ကိုယ်စားပြုတယ်...ရပြီလား... "

"ရပါပြီ...ဒုဂိုဏ်းချုပ်..."

ဂိုဏ်းထဲမှာ အဲ့လိုမျိုး လျှာရှည်တဲ့ မိချောင်းသားသမီးတွေကလည်း ပါသေးတာ....Bright အနေနဲ့ မာဖီးယားဂိုဏ်းအသွင်နဲ့ ရှေ့ဆက်မှာမို့ ကမ္ဘာကြီးကို ကယ်တင်မယ်တွေ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်တွေ ငြိမ်းချမ်းအောင် လုပ်မယ်တွေ မပြောလို..ပြောရအောင်လည်း အမတ်လောင်း ရွေးနေတာမဟုတ်တာကြောင့်၊ပြီးတော့ သူ တည်ထောင်တဲ့ ဂိုဏ်း ရေရှည်တည်တံ့ဖို့အတွက် သူဘာတွေ လုပ်ရမလည်းတောင် မခက်မှန်းတတ်ဘူးလေ..။

ပြောစရာ ကုန်ပြီမို့ အဖွဲ့သားတွေလည်း လူစုခွဲကာ ပြန်သွားကြတော့ ခေါင်းဆောင်ပိုင်းတွေဘဲ ကျန်နေခဲ့၏။

"ဟူး..မလွယ်လိုက်တာကွာ..."

"အေးကွာ...ရှေ့လျှောက်က ခက်ခဲလာအုံးမှာ.."

"ဟူး...ဒါနဲ့ Bright....Winက ဘာတဲ့လဲ..."

"အင်း...သူမလာချင်လို့တဲ့ ပြီးတော့ သူဂိုဏ်းချုပ်ဆိုပြီးလည်း ပေါ်ပေါ်ထင်ထင် မနေချင်ဘူးတဲ့..ပြီးတော့ ဂိုဏ်းချုပ်နေရာ လိုချင်တဲ့ သူရှိရင် ပေးလိုက်တဲ့..."

"မနေ့က ပြောတာလား.."

"အင်း..ညက ဖုန်းဆက်တာ..ဒါနဲ့..Nani...ကျေးဇူးပါကွာ..."

"ဘာကိုလဲ Bright...မလိုပါဘူးကွာ...ဂိုဏ်းအဖွဲ့တောင် ဖြစ်နေပြီကို..."

"အေးပါ..Dew ရော သဘောကျရဲ့လား..."

"အဆင်ပြေပါတယ်...ငါတို့ ဒီအထိရောက်လာပြီဘဲကွာ.."

Win က Crown ဂိုဏ်းချုပ်ရဲ့ သားဆိုတာကို Dew နဲ့ Nani ဘဲ သိပြီး Bright ကို ပြောပြထားပုံမရ။ Win ကမပြောထားဘူးဆိုရင် သူတို့လည်း ပြောပြစရာ မလိုဘူးလို့ဘဲ တွေးလိုက်၏။Dew နဲ့ Nani က အရင်ကတော့ စိတ်ထဲမပါပေမယ့် သူတို့သူငယ်ချင်း စိတ်အားထက်သန်နေတာကြောင့် ဝင်လိုက်တာ ဖြစ်သည်။Bright ဆေးရုံတက်ရတဲ့အချိန် Win ကလည်း အိမ်မှာ အားဆေးသွင်းနေရတာ ဖြစ်၏။Bright သတိရပြီလို့ ဆရာဝန်ပြောလာပြီး နောက်ပိုင်း အခန်းရှေ့မှာတင် ငုတ်တုတ်လေးထိုင်ရင်း တဖြေးဖြေးနဲ့ လဲကျလာလို့ နှစ်ယောက်သား အပြေးအလွှားသွားကြည့်မိတော့ သတိလစ်သွားတာ ဖြစ်၏။Bright ကိုတော့ အကျိုးအ​ကြောင်း ပြောပြထားပြီး ဖြစ်၏။

****

တဖြေးဖြေးဖြင့် ရက်လတွေ ကုန်လွန်လာခဲ့ပြီး Bright တို့လည်း အထက်တန်း နောက်ဆုံးနှစ်ကို ရောက်လာကြပြီ ဖြစ်၏။သူတို့ဂိုဏ်းအနေနဲ့လည်း တဖြေးဖြေးအင်အားကြီးလာပြီး လူလည်း တဖြေးဖြေးသိလာကြပြီ ဖြစ်၏။ဒါပေမယ့် ဂိုဏ်းချုပ်ကိုတော့ အရင်လူဟောင်းတွေဘဲ သိပြီး အသစ်ဝင်လာတဲ့ သူတွေနဲ့ အပြင်လူတွေကတော့ White Dragons ရဲ့ ဂိုဏ်းချုပ်ကို ဘယ်သူမှ မသိချေ။တဖြေးဖြေး အင်အားကြီးလာတာနဲ့ အမျှ လက်အောက်ကို ခိုဝင်ချင်တဲ့ သူတွေများလာသလို ပြိုင်ဘက်လို ပစ်မှတ်ထားတဲ့ သူတွေကလည်း များလာ၏။ပြီးတော့ ဂိုဏ်းရဲ့ စီးပွားရေး..အခုချိန်ထိ ရေရေရာရာ လုပ်ကိုင်ခြင်းမျိုး မရှိသေးဘဲ အင်အားစုဆောင်းနေပြီး ကြာလာတော့ ငွေကြေးလိုအပ်မှုက ပြဿနာ တစ်ရပ် ဖြစ်လာ၏။ ဂိုဏ်းဝတ်စုံချုပ်ခက စ၍ ဂိုဏ်းသားတစ်ယောက်ရဲ့ စားဝတ်နေရေးအထိ။ကျောင်းတစ်ဖက်နဲ့ Bright တို့ကလည်း ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းပေးရမလည်း မသိ။အရင်လူနည်းတုန်းကတော့ အစည်းအဝေးလုပ်တဲ့အချိန်သာ လူစု၊ လေ့ကျင့်ရေးဆင်းချိန်သာ လူစုပေမယ့် ရေရှည်နေထိုင်ဖို့အတွက် အဆောက်အဦးလိုလာ၏။ဒီပြဿနာတွေအားလုံးကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ခေါင်းဆောင်ပိုင်းတွေ အကုန်လုံး Bright အိမ်မှာ စုရောက်နေကြ၏။ပုံမှန်ဆိုလည်း လူစုနေကြမို့ Bright မိဘတွေလည်း ထူးပြီး မပြောတော့။

"ဂိုဏ်းချုပ် ရောက်ပြီလား..."

"မရောက်သေးပါဘူး ဒု ဂိုဏ်းချုပ်..."

"Gun Smile ရော..."

"အဖွဲ့ 4ခေါင်းဆောင်က သူ့ကောင်မလေးကို သွားပြန်ပို့နေပါတယ်... "

အကုန်လုံးက ပုံမှန်လေ့ကျင့်ရေးတွေကြောင့် အရပ်တွေရှည်လာကြပြီး ပိုတောင် ကြည့်ကောင်းလာကြ၏။Bright Vachirawit ဆိုတဲ့ ဒုဂိုဏ်းချုပ်ကလည်း တော်တော်ကြည့်ကောင်းလာတာမို့ မိန်းကလေးတွေ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သူတစ်ယောက်ဖြစ်လာ၏။Winကလည်း အသားဖြူပြီး အရပ်ရှည်လာတဲ့အပြင် မျက်နှာကို စေ့စေ့ကြည့်မိရင် မိန်းကလေးရော ယောက်ျားလေးရော ကြိုက်ကြလွန်းလို့ Bright မှာ ဖွက်ထားရမလိုနဲ့ သွေးတက်နေရ၏။Bright နဲ့ Win နဲ့ ဆက်ဆံရေးဟာလည်း တစ်ယောက်ကို တစ်ယောက် မတွေ့ရမနေနိုင်တဲ့ အခြေအနေတွေဖြစ်လာပြီး အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ ခေါင်းစဥ်အောက်မှာ။Mike ကလည်း သူ့ရဲ့ အသေးလေးကို နောက်ကတကောက်ကောက်လိုက်ကာ ထိန်းကြောင်းနေရ၏။ဒါတောင်  အသေးလေးက ဂိုဏ်းထဲဝင်ချင်လို့ဟုဆိုကာ hacking နည်းပညာတွေ ကြိတ်သင်နေ၏။Mike သိသွားလို့ ဆူမိပေမယ့် တားမရတော့..စိတ်တိုတိုနဲ့ အမေရိကန်သမ္မတ ဘဏ်acc ကို hack နိုင်တဲ့နေ့ ဂိုဏ်းထဲပေးဝင်လို့ပြောလိုက်မိတာကြောင့် အသည်းအသန် ကြိုးစားနေတော့၏။လူချောတွေကြီး စုထားတဲ့အဖွဲ့မို့ သူတို့အဖွဲ့သာ စုမိရင် ပွဲတစ်ခုလုပ်သလိုမျိုး စည်ကားသွားတတ်သေး၏။ဂိုဏ်း ပြဿနာ အနည်းအကျဥ်းက လွဲလို့ ဒီနေ့အချိန်ထိ အရာအားလုံး ပုံမှန် လည်ပတ်နေသေး၏။The Ghost ကလည်း Crown ဘယ်လိုကိုင်တွယ်လိုက်လည်းတော့ မသိ ငြိမ်သွား၏။အကြံပေးအရာရှိကြီး Foei ကတော့ The Ghost ထက်ဆိုးတဲ့ ဂိုဏ်းပေါ်လာပြီး သူတို့နဲ့ ပြိုင်ဘက်ဖြစ်လာမယ်လို့ ခန့်မှန်းနေ၏။The Ghost က BKK ကို မာဖီးယားဂိုဏ်းလောကကို လက်ဝယ်ကြီးအုပ်ဖို့ အရှိန်ယူနေတာတယ်တဲ့လေ။

"ခေါင်းဆောင် ရောက်လာပါပြီ..."

ဂိုဏ်းသားတစ်ယောက် သတင်းပို့လာတာကြောင့် သူတို့အားလုံး စကားတွေပြောနေရာက ကိုယ်ရှိန်သတ်ကာ နှုတ်ဆက်ဖို့ ပြင်လိုက်ရ၏။ဘယ်လိုမျိုး သူငယ်ချင်းဖြစ်နေပါစေ ဂိုဏ်းစည်းကမ်းက စည်းကမ်းဘဲလေ...။

"ကြိုဆိုပါတယ် ခေါင်းဆောင်..."

"Ok..."

Win က တစ်ချက်ဝေ့ကြည့်ပြီး ခေါင်းဆောင် ထိုင်တဲ့နေရာမှာ ထိုင်၏။

"Gun Smile လိုနေသေးတာလား..."

"ဟုတ်တယ်..."

"အင်း...ဘာအကြောင်းအရာတွေ ပြောစရာရှိလဲ..."

သူ စကားစတော့ လိုအပ်တဲ့အပိုင်းအခြါးကို အဖွဲ့ခေါင်းဆောင်တွေက တစ်ခုချင်းစီ တင်ပြ၏။ သူတို့အဖွဲ့က အပြင်မှာ ဘယ်လောက်ဘဲ ပုခုံးဖက်ပေါင်းပေါင်းဘဂိုဏ်းအကြောင်းနဲ့ ပတ်သတ်တာကို အစည်းအဝေးမှသာ ပြောလေ့ရှိ၏။ခဏနေတော့ Gun Smile ပါ ရောက်လာ၏။

"စီးပွားရေးအနေနဲ့ ဘာလုပ်ချင်လဲ..."

"မူးယစ်တော့ မလုပ်ချင်ဘူး..ပိုက်ဆံလည်း မရှိဘူး..."

"ဂိုဏ်းရပ်တည်ဖို့တော့ စီးပွားရေးတစ်ခု လိုတယ်..."

"ဟုတ်ပြီ...ဘာလုပ်ချင်လည်း စဥ်းစားထားကြပါ..နောက်နှစ်ရက် အတွင်းကို အကြောင်းပြန်ပေး..."
ဂိုဏ်းချုပ်နဲ့ အဖွဲ့ခေါင်းဆောင်တွေ အကြိတ်အနယ်ဆွေးနွေးနေသလောက် ဒုဂိုဏ်းချုပ်ဖြစ်တဲ့ Bright က လက်ပိုက်ကာ ဂိုဏ်းချုပ်ကိုဘဲ ငေးကြည့်နေ၏။

"အဟမ်း..မင်းရော ဘယ်လို သဘောရလဲ Bright..."

"အဟင်း..ဟင်း..အဟမ်းးဟမ်း..."

လက်ပိုက်ကာ ကြည့်ရင်း ငုတ်တုပ်မေ့နေတဲ့ Brightကို အဖွဲ့ခေါင်းဆောင်တွေ ချောင်းသံတွေ ထပေးတော့၏။ အဲ့တော့မှ အသိဝင်လာသလို...

"အဟင်း...ငါလား...လက်နက်မှောင်ခိုကူးမယ်...ပြီးတော့ အရက် သွင်းမယ်...အဲ့နှစ်မျိုး..."

"မဆိုးဘူးနော်..."

"ဒါပေမယ့် အဆက်အသွယ်တွေ လိုတယ်လေ..."

"အဆက်အသွယ်အတွက်က မပူနဲ့...ဂိုဏ်းချုပ်တစ်ယောက်လုံး ရှိတယ်..."

ဒီစကားကို Dew က ဝင်ပြောတာ..သူတို့သုံးယောက်လုံးက LA မှာ ကျောင်းတက်လာတဲ့ သူတွေလေ...။အဆက်အသွယ်က ကောင်းကောင်းရှိတာပေါ့..Bright ပြောမှ ထိုလုပ်ငန်းကို သတိရသွား၏။မာဖီးယားဆိုမှတော့ ဘယ်ဂိုဏ်းက ဥပဒေနဲ့ လွတ်ကင်းတာ ရှိလို့လဲ...နည်းနည်းဆိုးတာနဲ့ များများဆိုးတာဘဲ ကွာတာ...။

"နေရာ အတွက်ကရော...ဘယ်လိုလုပ်ကြမလဲ..."

"နေရာက ငါ အမွေရထားတဲ့ နေရာ ရှိတယ် ရှင်းလင်းပြီး နေရုံဘဲ..."

"Win မင်း ဒယ်ဒီ..."

"ဒယ်ဒီ မသိဘူး Nani..."

Nani က သတိပေးသလို လှမ်းပြောတော့ Bright က လှည့်ကြည့်၏။ဂိုဏ်းရဲ့ လိုအပ်ချက် ငွေကြေး စတာတွေကို ဂိုဏ်းချုပ်ဖြစ်တဲ့ Win ကဘဲ အများအဆုံး အကုန်အကျခံခဲ့ရတာ...အခု သူ့အမေ ပေးထားခဲ့တဲ့ အမွေတောင် ပါလာပြီ...Brightက သူ့ကိုယ်သူ စိတ်ပျက်သလို သက်ပျင်းချတော့ Win က စိုက်ကြည့်လာ၏။ မျက်ခုံးတစ်ဖက် ပြန်ပင့်ပြလိုက်တော့ အကြည့်လွှဲသွား၏။စကားအနည်းအကျဥ်းပြောပြီး အကုန်လုံးကို ပြန်ခိုင်းလိုက်တော့ အခန်းထဲမှာ Bright နဲ့ Winဘဲ ကျန်နေခဲ့၏။

"မင်းကိုမင်း..စိတ်ပျက်နေတာလား.Bright..."

"နည်းနည်းပါ...မင်းဘဲ တာဝန်ယူဖြေရှင်းနေရသလိုဘဲ..."

"အဲ့လိုမျိုးပုံစံတွေ..အဲ့လိုမျိုးတွေ ငါမုန်းတယ်နော်...ဘာအကြောင်းနဲ့မှ ကိုယ့်ကိုကိုယ် စိတ်ပျက်တယ်လို့ မတွေးနဲ့..."

"အဟင်း...မင်း..မှတ်မိလား..."

Bright က ပြောရင်း ဆုံလည်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ Win ကို သူ့ဘက်လှည့်လိုက်ပြီး Win ထိုင်နေတဲ့ ခုံပေါ်ကို မတ်တပ်ရပ် အနေထားနဲ့ ဒူးတစ်ဖက်ထောက်ကာ တင်လိုက်ပြီး မျက်နှာကိုလည်း Winမျက်နှာနားထိ ငုံ့ချလိုက်၏။

"မင်း...ဘာ...ဘာလုပ်တာလဲ..."

Bright က သူ့အမေးကို ဂရုမစိုက်စွာ အဲ့အနေအထားနဲ့တင် မျက်နှာကို စိုက်ကြည့်ရင်း မေးဆတ်ပြကာ မှတ်မိလားဆိုသည့် သဘောဖြင့် ထပ်မေး၏။

"ဘာ..ဘာကိုလဲ..."

"မင်း...ငါ့ကို ပြောခဲ့ဖူးတယ်လေ...ရန်ဖြစ်တဲ့ သူတွေကို မုန်းတယ်ဆိုပြီးတော့..."

"အဲ့တော့ ဖယ်..."

"ဘယ်သူမှ မရှိပါဘူး ဂိုဏ်းချုပ်ကြီးရဲ့..."

"Bright Vachirawit...."

"ok..ok..စတာ..စတာ..."

အဲ့တော့မှာ သူ့အပေါ် ငုံ့မိုးနေရာက ဖယ်ပေးပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ သူ့ကို စိုက်ကြည့်ပြန်၏။

"Win..မင်း အရမ်းလှလာတယ်..."

"ငါ..ယောက်ျားလေးနော်..." အဲ့စကားက သူပြောတိုင်း ပြန်ပြောနေကြ စကား..။

"သိတယ်....တစ်ခြါးကောင်တွေရှေ့မှာ မျက်နှာမပြနဲ့.."

"ငါ ဂိုဏ်းချုပ်နော်...Bright..." (အခုကရော ပြနေရတာ ကျလို့)

"မင်းသိလား...မင်းသာ တစ်ခြါးတစ်ယောက်ကို ချနိုင်တဲ့ အစွမ်းမရှိရင် မင်းကို အသေရရ အရှင်ရရ လိုချင်တဲ့ ကောင်တွေ ကြီးဘဲ..."

"မင်းရှိနေတာဘဲ...မင်း ကာကွယ်ပေါ့..."

"အခုလည်း ကာကွယ်နေရတာဘဲ..ဒါတောင် မင်း မျက်နှာကို သေချာ မမြင်ဖူးကြလို့..ငါ့လိုသာ သေချာမြင်ရရင် ရူးသွားကြမလား မသိဘူး..."

"အပိုစကားတွေ...အဲ့လိုသာဆို မိန်းကလေးတွေ ထိုင်ငိုနေတော့မှာ..."

ဒီဂိုဏ်းချုပ်ပေါက်စနဲ့က ပြောပြတော့လည်း လက်မခံ။ သူ့ကို လှတယ်ပြောလို့ စပြောတုန်းက အထိုးခံခဲ့ရသေးတာ.. နောက်ပိုင်း မပြောနိုင်တော့လို့သာ လွှတ်ထားပုံရ၏။တကယ်လည်း တော်တော်လှလာတာ ဖြစ်၏။ပါးလေးနှစ်ဖက်က ပန်းနုရောင်သန်းနေတဲ့ အပြင် ယုန်သွားလေးတွေနဲ့ ပြုံးလိုက်တိုင်း ချစ်စရာ ကောင်းလွန်းတဲ့ သူ။အပြုံးတွေက ချစ်စရာ ကောင်းတယ်ဆိုတာ သိပြီးနောက်ပိုင်း အဖွဲ့ခေါင်းဆောင်တွေ ရှေ့တောင် မပြုံးခိုင်းတော့။ဂိုဏ်းဝတ်စုံနဲ့ အလိုက်ဖက်ဆုံးကို ပြပါဆိုရင် Win metawin ကို ပထမရွေးရမှာ..။သူတောင် မရူးရုံတမယ်ဘဲလေ...ချစ်စရာကောင်းလွန်းတဲ့ ကောင်ကို သူငယ်ချင်းတော်ထားရတော့လည်း သဝန်တိုရတာပေါ့...Win မှာ အမြဲတမ်းလိုလို Mask မပါရင်တောင် မျက်နှာကို လက်ကိုင်ပုလိုမျိုး အဝတ်နဲ့ တဝက်လောက် ဖုံးထားရတာကြောင့် ဂိုဏ်းချုပ်က ဘယ်သူမှန်းမသိကြတာ။
Win လည်း Bright ရဲ့ ပိုင်စိုးပိုင်နင်း သဝန်တိုမှုတွေကို နေသားကျအောင် ကြိုးစားရင်းနဲ့ဘဲ...။

*plot တွေရပြီး ထပ်ရေးချင်တဲ့ ပုံစံတွေ ရှိတယ် ကိုယ် ရှယ်ပျင်းနေတာ ကဲကဲသဲသဲတွေ စပါတော့မယ် *

24.3.2022
Mirella

Zawgyi

ဂိုဏ်းစဖွဲ့တဲ့နေ့




"ဂိုဏ်းချုပ်က ဘယ်သူလဲ..."












"မရှိပါဘူး..."







"ရပါပြီ...ဒုဂိုဏ်းချုပ်..."



"ဟူး..မလွယ်လိုက်တာကွာ..."




"မနေ့က ပြောတာလား.."






****




"Gun Smile ရော..."






"Ok..."



"ဟုတ်တယ်..."








"အဟင်း..ဟင်း..အဟမ်းးဟမ်း..."



"မဆိုးဘူးနော်..."






"Win မင်း ဒယ်ဒီ..."

"ဒယ်ဒီ မသိဘူး Nani..."





"အဟင်း...မင်း..မှတ်မိလား..."


"မင်း...ဘာ...ဘာလုပ်တာလဲ..."


"ဘာ..ဘာကိုလဲ..."


"အဲ့တော့ ဖယ်..."


"Bright Vachirawit...."

"ok..ok..စတာ..စတာ..."


"Win..မင်း အရမ်းလှလာတယ်..."










24.3.2022
Mirella

Continue Reading

You'll Also Like

66.1K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
299K 51.1K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
237K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
155K 9.7K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။