ချိန်းပွဲမစခင်နေ့
Bright က အကုန်လုံးကို မှာချင်တဲ့စကားရှိတာကြောင့် Win တို့သုံးယောက်ရယ်၊ Mike တို့သုံးယောက်ရယ်ကို သူ့အိမ်ကိုဘဲ လှမ်းခေါ်လိုက်၏။ပထမက အဖေနဲ့ အမေရှိနေသေးပေမယ့် သူငယ်ချင်းတွေ ရောက်လာတော့ အပြင်ထွက်သွား၏ ဒီရက်ပိုင်းတော့ The Ghost အကြောင်း ပြောသံမကြားရ။အဖေနဲ့ အမေနှစ်ယောက်လုံးက The Ghost နဲ့ တစ်နည်းနည်း ပတ်သက်နေမှန်း Bright ရိပ်မိပေမယ့် လူကြီးတွေ ကိစ္စမို့ သူလည်း ဝင်မပြောချင်။သူ ဝင်ပြောလည်း လက်ခံမယ့် မိဘတွေ မဟုတ်တာကြောင့် ဘာမှမပြောဘဲ နေလိုက်တော့တာ ဖြစ်သည်။
"ဟင်း!!! "
"ဘာဖြစ်လို့လဲ Bright ဘာလို့သက်ပြင်းတွေ ချနေတာလဲ.."
"ဘာမှမဖြစ်ဘူး Foei..."
"မင်းစိတ်ပူနေမယ်ဆိုတာ သိတယ်...ငါတို့အတွက်မပူပါနဲ့..."
"အေးကွာ..ဒီနေ့က အကုန်လုံးကို ဂရုစိုက်ဖို့ မှာချင်လို့... ပြီးတော့ ငါ့စကားကို နားထောင်ပေး...မနိုင်နိုင်ရင် ဗျူဟာပြောင်းရအောင်လို့..."
Win တို့ သုံးယောက်လုံး ရောက်နေပေမယ့် ဘာမှဝင်မပြောဘဲ Bright ပြောတဲ့စကားကိုသာ နားထောင်နေကြ၏။Bright က ဂရုစိုက်ဖို့ အထပ်ထပ်မှာရင်း ပြန်လေ့ကျင့်ထားဖို့
ပြောရင်း ပြန်ခိုင်းလိုက်တော့၏။Dew နဲ့ Nani လည်း ပြန်နှင့်ပြီး Win တစ်ယောက်သာ ကျန်နေခဲ့၏။
"Bright..."
"ဟင်..."
"ဒီပွဲမှာ နိုင်ရင် ဘာလုပ်မှာလဲ..."
"ဂိုဏ်းစဖွဲ့မယ်လေ...ပြီးတော့ မင်းက ဂိုဏ်းချုပ်လုပ်...ငါက ဒုဂိုဏ်းချုပ်လည်း ရတယ်..ဟိုကောင်တွေကိုက အဖွဲ့ခွဲပေးမယ်..."
"အင်း...မနက်ဖြန် ဘာဘဲဖြစ်ဖြစ် ဂရုစိုက်ပြီး ငါ့ဆီ အရောက်ပြန်လာမယ်လို့ ကတိပေး..."
"ဟင်..မင်းက ငါ့ကို စိတ်ပူနေလား..."
"လုပ် ကတိပေး...."
"အင်း..မင်းနဲ့အတူ အမြင့်ဆုံးကို လျှောက်လှမ်းဖို့အတွက် သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်တောင် အရောက်ပြန်လာခဲ့မှာ..."
သူ ကတိပေးစကားပြောတော့ Win က ပြုံးရုံလေး ပြုံးတယ်..သူ...နဖူးပေါ်ကျနေတဲ့ ဆံပင်စလေးကို ဖယ်ပေးချင်တာ တအားဘဲ..လုပ်ပေးဖို့ လက်ရွယ်လိုက်ပြီးမှ မိနိးကလေးကို ဂရုစိုက်ပေးသလို ဖြစ်နေတာကြောင့် သူ့လက်ကို ပြန်ရုတ်လိုက်ရင်း ကိုယ်ရှိန်သတ်လိုက်ရတယ်...သူ့စိတ်ထဲ Win ကို မိန်းကလေးလို...ကလေးလို ဂရုစိုက်ပေးချင်နေတာသာ သိရင် ထသတ်ခံရမှာ...။
"Vachirawit..."
"ဟင်..."
"အဲ့လိုခေါ်လို့ရလား..."
"မင်းသဘောလေ..."
"Ok..မနက်ဖြန် အနိုင်တိုက်မယ်...Vachirawit.. ငါ့ကို ကတိပေးထားတာ မမေ့နဲ့...မေ့သွားရင် မင်းကို ငါကိုယ်တိုင်ရှာပြီး သတ်ပစ်မှာ..."
"အင်းပါ..."
"ပြန်ပြီ..."
"ညကျ ဖုန်းဆက်..." ဘာမှ ပြန်မပြောသွားပေမယ့် ဖုန်းဆက်မယ်ဆိုတာ သိပြီးသားဖြစ်၏။ညတိုင်းလိုလို ဖုန်းဆက်နေကြမို့ တစ်ယောက်အသံတစ်ယောက် မကြားရရင် Bright ကလည်း အိပ်မပျော်သလို Win ကလည်း အိမ်မက်ဆိုးတွေ မက်တဲ့အထိ။
ချိန်းပွဲနေ့....
ပြောရရင် ဟိုဘက်က ချိန်းတဲ့ကောင်တွေက လူလတ်ပိုင်းတွေပါပြီး ဆိုးမိုက်နေတဲ့ လူတွေလည်းပါ၏။အဖွဲ့အစည်း တစ်ခုမဟုတ်ရင်တောင် အဖွဲ့လိုက် ရန်ဖြစ်ကြတတ်တဲ့သူတွေ ဖြစ်သည်။Bright တို့အဖွဲ့ကို အလယ်တန်းကျောင်းသား ငချွတ်လေးတွေ မှတ်ကာ အပျင်းပြေတယ်ဆိုတဲ့ သဘောနဲ့ လုပ်ကြတာဖြစ်သည်။မြို့နယ်ဘောလုံးကွင်းမှာ ညဘက်ချိန်းထိုးကြတာမို့ တစ်ဆင့်စကားတဆင့်နားနဲ့ လာကြည့်တဲ့အဖွဲ့တွေလည်း ရှိ၏။ ညဘက်ကြီး ဖြစ်တာကြောင့် ဘောလုံးကွင်းထဲမှာက မီးက လင်းတစ်ချက် မလင်းတစ်ချက်ဖြစ်နေ၏။ပွဲကို လာကြည့်တဲ့ သူတွေက ဆိုင်ကယ်မီးတွေ ပတ်ပတ်လည် ထွန်းလိုက်တော့မှ လင်းလင်းရှင်းရှင်း ဖြစ်သွားတော့၏။
"အိုးဟိုး..ကလေးတွေဘဲ သိက္ခာကျလိုက်တာကွာ.."
"အယောက် (20)လို့ပြောတာတောင် များသွားပြီး ..ဟား..ဟား..ဟိုကောင်လေးတွေ...(10)ယောက်နဲ့ဘဲ ချပေးမယ်..မင်းတို့ကို..ဟား..ဟား..."
"မလိုဘူး ဘဲကြီး...ရှုံးရင်တော့ ကျွန်ခံကြေးဘဲနော်..."
"ဘာလဲ...မင်းက Bright ဆိုတာလား...အပြောမကြီးနဲ့နော်..ကောင်လေး..."
"အပြောကြီးတာတော့ မဟုတ်ဘူး...သေချာစုံစမ်းရင်တော့ Bright Vachirawit က တစ်လောကလုံးမှာ အတော်ဆုံးလို့ သူ့ကိုယ်သူ သတ်မှတ်ထားတယ်ဆိုတာ သိလိမ့်မယ်..."
"အေး..အတော်ဆုံးလို့ သတ်မှတ်ထားတဲ့ကောင်ရဲ့ ခေါင်းကို ရိုက်ခွဲအုံးမှာ...ဒါဘဲလား မင်းတို့လူ..."
Bright သူ့လူတွေကို မသိမသာ အကဲခတ်လိုက်တော့ ကြောက်နေတဲ့ ပုံတော့ မတွေ့ရ။ဒါပေမယ့် အခုချိန်ထိ Win တို့ သုံးယောက်က ရောက်မလာသေး။အခြေအနေကို ရိပ်မိတဲ့ Foei က စကားနဲ့ အချိန်ဆွဲထားဖို့ ပြင်၏။
"တစ်ခုတော့ ရှိတယ်နော်..လက်နဲ့ဘဲ ချရမှာ...ဘာလက်နက်မှ မသုံးရဘူး...သုံးပြီး ညစ်တယ်ဆိုရင်တော့ ခင်ဗျားတို့ အလိုလိုနေရင်း ကျုပ်တို့ ကျွန်ဖြစ်မှာ..."
"ဂရုစိုက်ရမှာလား..."
"ဒါကတော့ ကိုယ့်လူတို့ သဘောဘဲလေ...ကျုပ်တို့နောက်မှာ ဘယ်သူရှိလဲ ဆိုတာ ကိုယ့်လူတွေမှ မသိကြဘဲ..သတိပေးတယ်နော်...နောင်တမရရင်တော့ လုပ်..."
Foei က တမင်ဖြဲခြောက်လိုက်တာ..သူတို့နောက်မှာ သူတို့ဘဲ ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင်ဘဲ သိ၏။လူရွယ်ချင်း မမျှတဲ့ အခြေအနေဖြစ်နေတာကြောင့် သူတို့က မကြောက်ပေမယ့် တစ်ခြါးသူတွေ စိတ်ဓာတ်ကျမှာစိုး၍ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ သဘောနဲ့ ပြောနေတာ ဖြစ်၏။ Gun Smile နဲ့ Mike က ဘာမှ ဝင်မပြောဘဲ တဖက်က လူတွေရဲ့ အခြေအနေကိုသာ အကဲခတ်နေကြ၏။
"ဝူး..ဝေါ....ဝေါ..ကျွီ...."
ဆိုင်ကယ်နှစ်စီး အကြမ်းပတမ်းမောင်းဝင်လာပြီး ဘရိတ်ဆွဲတဲ့အသံ...လမ်းနဲ့ ပွတ်ဆွဲတဲ့ အသံတွေ ပေါ်ထွက်လာလို့ ကြည့်လိုက်တော့ Win တို့သုံးယောက်။Dew နဲ့ Nani က ဆိုင်ကယ် တစ်စီး၊ Win က ဆိုင်ကယ် တစ်စီးနဲ့ ဖြစ်၏။Win က မျက်နှာကို မျက်လုံးတွေဘဲ ပေါ်ထားပြီး နှာခေါင်းနဲ့ ပါးစပ်တွေကို လက်ကိုင်ပုဝါနဲ့ ဖုံးအုပ်ချည်နှောင်ထား၏။Dew နဲ့ Nani ကတော့ ပုံမှန်အတိုင်းဘဲ ဖြစ်၏။
"ကဲ..လူစုံရင် စလိုက်ရအောင်..."
"အရမ်းကြာနေပြီနော်..."
"ဟေ့ကောင်တွေ ကလေးတွေကိုတော့ မရှုံးစေနဲ့နော်..."
ပွဲလာကြည့်တဲ့ သူတွေက တစ်ယောက်တစ်ပေါက်နဲ့ လှမ်းအော်ကြ၏။ Bright တို့အဖွဲ့လည်း ညာသံပေးကာ ချဖို့ ပြင်ကြ၏။
"ချကွာ...အမုန့်ကြိတ်ပစ်..."
"ချ...အဲ့ကောင်တွေကို လုပ်ပစ်..."
ရန်ဖြစ်တာကို ပွဲလိုကြည့်နေကြ၍ ထူးဆန်းရင် ထူးဆန်းနေလိမ့်မည်။ဒါပေမယ့် ဒီအထာတွေက ရိုးနေပြီ ဖြစ်၏။ဒီလို ပုံစံအတိုင်း လက်ဆင့်ကမ်းလာတာမို့ ချိန်းပွဲရှိတိုင်း ဘောလုံးကွင်းမှာ လူစုံနေကြဖြစ်၏။ပတ်ဝန်းကျင်က အမြင်မတော်၍ ရဲတိုင်မှသာ ထွက်ပြေးရင် ထွက်ပြေးရတာ... ဒီလိုအဖြစ်အပျက်တွေကတော့ ပျောက်ကွယ်သွားတယ်ဆိုတာ မရှိပေ။Brightတို့ဘက်က အင်အားမမျှပေမယ့် အသတ်အပုတ် ကျွမ်းကျင်တဲ့ သူတို့ 7ယောက်ပါတာကြောင့် ဟိုဘက်လူတွေအဖို့ ထင်သလောက် မလွယ်...။Nani က Win ကို အင်အားအလွန်အကျွံမသုံးဖို့ သတိပေးရင်း Win ကို ဖိပြီး မဲမှာစိုးတာကြောင့် Nani နဲ့ Dew က Win အနားကနေမခွာ..။Bright မှာကလည်း သုံးယောက်တစ်ယောက်တွေ ရင်ဆိုင်နေရ၏။
"ပွဲက ကြည့်ကောင်းပြီဟေး...ကောင်လေးတွေက မခေပါလားဟေ့..."
လူအုပ်ကြီးက အော်လေ ဟိုဘက်က ကောင်တွေက ပိုဒေါသထွက်လေ Bright တို့ကို ပိုဖိလေ...။
"သတိထား Bright..." Mike က အော်ရင်း Bright ကို ကူပေးလာ၏။ Gun Smile ကလည်း နှစ်ယောက်တစ်ယောက် ရင်ဆိုင်နေရသလို Foei ကလည်း ဟိုဘက်ကလူရဲ့အပေါ်ကနေ ခွထိုးနေ၏။Win တို့ ကြည့်လိုက်တော့လည်း သူတို့ပတ်ချာလည်က လူတွေကို အာရုံစိုက်ကာ ချနေ၏။Bright တို့ဘက်က လက်ရည်သာပေမယ့် အင်အားက မမျှတာမို့ ထင်သလောက်တော်မလွယ်...။
"ရား....ခွပ်..."
"WTF...တစ်ချက်ထဲနဲ့..."
Win ရဲ့ လက်သီးစာ မိသွားတဲ့ သူမှာ သူ့မေးစေ့ကို လက်ဖြင့်အုပ်ကိုင်ရင်း သတိလစ်သွားလား မပြောတတ်။Win က သူ့နားကပ်တဲ့ သူမှန်သမျှကို သူ့ရဲ့ ပင်တိုင်လက်သီးစာ ကျွေးနေ၏
"Win ရေ သတိထားစမ်း..." Nani သတိပေးနေတာ အကြောင်းရှိလို့။ Win က အဲ့လိုမျိုး အင်အား အလွန်အကျွံသုံးပြီးသွားရင် ဘာမှမလုပ်နိုင်တော့သလို ပျော့ခွေသွားတတ်တာ..သူ့လက်သီးကလည်း ပြင်းသလို...အဲ့ကနေလာတဲ့ တန်ပြန်ဆိုးကျိုးကိုလည်း ကောင်းကောင်းခံစားရ၏။
"ငါ့ကို ပူမနေစမ်းနဲ့ Nani... မြန်မြန် အဆုံးသတ်ချင်ပြီ..."
"Dew သတိထား..."
Nani ကလည်း Dew ကို နောက်ကျောကနေ အလစ်တိုက်ဖို့ ပြင်နေတာကို ရိပ်ခနဲ တွေ့လိုက်တာကြောင့် Dew ဆီပြေးသွားရင်း သွားကူရ၏။Foei ကလည်း ချနေရင်းနဲ့ အခြေအနေကို သုံးသပ်နေရ၏။ ဒီလောက်ဆို သူတို့နိုင်ဖို့ ရာခိုင်နှုန်းများ၏။
"Dragon တွေရေ အဆုံးသတ်လိုက်ကြစို့..."
"Ok..."
ပွဲက အကြိတ်အနယ် ဖြစ်လာ၏။ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးနေတာ မဟုတ်တဲ့ အတွက်ကြောင့် အစစအရာရာ သတိထားနေရ၏။ Bright ရဲ့ လက်တွေလည်း စုတ်ပြတ်နေပြီ ဖြစ်၏။ပင့်လက်သီးတွေ ခြေကန်ချက်တွေနဲ့ Dragon လို အင်အားမျိုး စုစည်းပြီး ပွဲကို မြန်မြန် အဆုံးသတ်ဖို့ လုပ်၏။သူ့လူတွေကိုလည်း ကာကွယ်ရသေး၏။ Win ကိုလှမ်းကြည့်မိတော့ မျက်နှာလေး တစ်ဝက်ဘဲ ဖော်ထားပေမယ့် ပင်ပန်းနေတဲ့ပုံ ပေါ်နေ၏။ လက်နှစ်ဖက်လုံးလည်း သွေးတွေ နီရဲနေ၏။ရန်သူတွေဘက်ကလည်း သိသိသာသာ အင်အားကျလာပြီး Brightတို့ နိုင်တော့မယ့်အချိန် အကုန်လုံးထဲမှာ Win က အတော်ဆုံးလို ဖြစ်နေတဲ့အတွက်ကြောင့် တစ်ဖက်ကကောင်က Win ရဲ့ နောက်ကျောကနေ ချောင်းရိုက်ဖို့ ပြေးလာ၏။တွေ့လိုက်တဲ့ Bright က Win ဆီ ပြေးသွားပြီး သူ့ဘက်ကို ဆွဲယူကာ လှည့်လိုက်တာမို့ ရိုက်ချက်က သူ့ခေါင်းပေါ်ကို ကျလာ၏။
"ဒုတ်...အာ့..."
"ဟင်..Vachirawit...."
"ဟိုကောင်တွေ ဘာလုပ်တာလဲ..."
Win က Bright ကို ပြေးထူးမယ့်အချိန်မှာ Brightရဲ့ ခေါင်းကို နောက်တစ်ချက် ထပ်ရိုက်၏။
"တောက်...သွားသေလိုက်တော့...ခွေးသူတောင်းစား..."
Win ဆဲဆိုရင်း ရိုက်တဲ့ကောင်ကို အက်ျီကနေ ဆွဲမှကာ လက်သီးဖြင့် ဆင့်ထိုး၏။
"သေစမ်း...သေစမ်း..Vachirawit တစ်ခုခုဖြစ်လို့ကတော့ မင်းတို့တစ်မျိုးလုံး မြေလှန်သတ်ပစ်မှာ...."
"Win..Win..အောက်က တကယ်သေတော့မယ်..လွှတ်လိုက်တော့..."
Dew နဲ့ Nani က Win ကို လာပြေးဆွဲသလို Mike တို့ Foei တို့ကလည်း သွေးတွေနဲ့ လဲကျနေတဲ့ Bright ကို ပြေးထူ၏
"Bright.. သတိထားအုံး...Bright... "
"Bright..."
"ဆေးရုံကားခေါ်.... ဆေးရုံကား..."
သဘောတူညီချက်နဲ့ လုပ်တာကို စည်းဖောက်ပြီး တုတ်နဲ့ရိုက်တဲ့ သူတွေကို ပွဲလာကြည့်တဲ့အထဲက စီနီယာ လူမိုက်တွေကလည်း ကြိမ်းမောင်းသွားသလို ကလေးတွေရဲ့ ကျွန် ဖြစ်ပြီဆိုပြီး ပြောသွားကြ၏။
"Bright သတိထားပါအုံး..ငါတို့နိုင်ရင် ဂိုဏ်းဖွဲ့မယ်ဆို...အခု ငါတို့နိုင်ပြီလေ..."
"ဟိုလူတွေ နောက်နေ့မှ ခင်ဗျားတို့နဲ့ တွေ့မယ် တစ်ခုခု လုပ်ဖို့ ကြံတာနဲ့ Mike ဆိုတာ ဘယ်လိုကောင်လဲဆိုတာ သိသွားစေရမယ်..." Mike က လှည့်ကာ ကြိမ်းတော့ ဟိုဘက်က သူတွေကလည်း လဲကျနေတဲ့ သူတို့လူတွေကို ဆွဲထူပြီး ပြေးဖို့ ကြံ၏။
"ဆေးရုံကားက ကြာအုံးမှာ... လုပ် ဆိုင်ကယ်ပေါ်တင်..."
Win က စိတ်တင်းထားရင်း သူ့ဆိုင်ကယ်ကို အပြေးသွားယူ၏
"Mike ငါ့ပေါ်ကို Bright ကို မှီပေးလိုက်..မင်းက နောက်က ထိန်းထားပေး..."
"Ok...ကူမကြအုံး..."
"Nani နဲ့ Dew လည်း လိုက်လာခဲ့ ကျန်တဲ့သူတွေက အဆင်ပြေသလို လာခဲ့ကြတော့ သွားနှင့်ပြီ..."
Win ဆိုင်ကယ်ကို ခပ်မြန်မြန်မောင်းနှင်ရင်း ဆေးရုံတစ်ခုစီ ဦးတည်လိုက်၏။Mike ကတော့ နောက်ကနေ Bright ကို ထိန်းထားရင် တစ်ဖွဖွနဲ့ ခေါ်နေ၏။တွေ့တဲ့ဆေးရုံကို မောင်းဝင်ကာ ချက်ချင်း ကုပေးဖို့ ပြောရ၏။ဆေးရုံရောက်တော့ ကလေး သာသာအရွယ်တွေမို့ ချက်ချင်း လက်မခံဘဲ အင်တင်တင် လုပ်နေ၏။Bright ကိုကြည့်တော့ သတိမေ့နေပြီ...Win က စိတ်တိုတိုနဲ့ ကဒ်တစ်ကတ် ထောင်ပြလိုက်မှ ချက်ချင်း operation လုပ်ဖို့ ပြင်ကြတော့သည်။Bright ကို operation room ထဲ ရောက်ပြီးတော့မှ သူတို့လည်း အသက်ဝဝရှုနိုင်တော့သည်။Win က ဘယ်ပျောက်သွားလဲ မသိ။
"Nani, Win ရော..."
"ငါ သတိမထားမိလိုက်ဘူး..."
"Bright ဘာမှ မဖြစ်ဘူး မှတ်လား...ဟမ် Mike..."
"Foei, စိတ်အေးအေးထား..ဘာမှ မဖြစ်ဘူး..."
"ဆရာဝန် ဘာပြောလဲ... "
"ဘာမှမပြောဘူး..."
"အား...Bright ဘာမှမဖြစ်ပါစေနဲ့..."
"သေ...သေသွားရင် ဘယ်လိုလုပ်မလဲ..."
"အီးဟီး...Bright က ငါတို့ကို အများကြီး ကယ်ထားတာ..."
လူအုပ်လိုက်ကြီး operation room ရှေ့ ရောက်လာတာမို့ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံသွားတော့၏။
"တိတ်စမ်း...ဒါဆေးရုံ.... ဆူမနေကြနဲ့..."
"ဟင်...Win..."
Win ပုံစံက ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ အေးဆေးဖြစ်နေတဲ့ ပုံစံ။ မျက်နှာကိုတော့ ဖုံးထားတုန်းဖြစ်၏။
"ဒီလောက်နဲ့ Bright က သေစရာလား...ငါ့ကို ကတိပေးထားတယ် ငါနဲ့အတူတူ အမြင့်ဆုံးကို ရောက်အောင် သွားမယ်လို့... ဘာမှ စိတ်မပူနေကြနဲ့..."
စကားတစ်လုံးချင်းစီကို သွေးအေးအေးနဲ့ ပြောရင်း room နံရံမှီကာ ခေါင်းငုံပြီးရပ်နေ၏။ Mike က တစ်ချက် လှမ်းကြည့်ရင်း လူစုခွဲစေကာ ဒဏ်ရာရတဲ့သူတွေကို ဆေးသွားထည့်ခိုင်းလိုက်၏။Dew က Nani ကို လှမ်းကြည့်ပြီး Win ထံ မေးဆတ်ပြကာ သွားကြည့်လိုက်အုံး ဆိုတဲ့သဘောနဲ့ လုပ်ပြ၏။Nani က လွှတ်ထားလိုက်ဟု ခပ်တိုးတိုး ပြန်ပြော၏။
သူတို့ အကုန်လုံးက အိမ်က ခိုးထွက်လာရတဲ့ သူတွေ။Win က Nani တို့အိမ်မှာ သွားအိပ်မယ်ဟုပြောကာ အထိန်းတော်ကြီးနဲ့ သူ့ BodyGuard တွေကို လှည့်လာရတာ ဖြစ်သည်။ Win က Crown ဂိုဏ်းချုပ်ရဲ့ သားမှန်း အပြင်လူတွေ မသိကြပေမယ့် ဂိုဏ်းသားတွေက သိတာကြောင့် ပေါ်ပေါ်ထင်ထင်နေလို့မရ။ဒါကြောင့် မျက်နှာ တစ်ဝက်ကို ပုဝါဖြင့် အုပ်လာခဲ့တာ ဖြစ်သည်။Mike ကတော့ ငိုမလို ရယ်မလိုဖြစ်နေတဲ့ Foei နဲ့ Gun Smile ကို ထိုင်နှစ်သိမ့်နေရ၏။ရန်ပွဲတွေ များခဲ့ပေမယ့် Bright သေရေးရှင်ရေးနဲ့ ကြုံရတာ ပထမဦးဆုံး အကြိမ်မဟုတ်လား...။ Win ကတော့ နံရံကိုမှီကာ မျက်စိတွေမှိတ်ထားပြီး ရပ်နေဆဲ။
"ကဲ...အသက်အန္တရာယ်ကတော့ လွတ်ပြီ...မေ့ဆေးအရှိန်ကြောင့်နဲ့ မနက်လောက်မှ ဖြစ်ဖြစ် နိုးလိမ့်မယ်..ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး..."
"ဘယ်နှစ်ချက် ချုပ်လိုက်ရလဲ..."
လှမ်းမေးသူက Win..ကျန်တဲ့သူတွေက Brightက အဆင်ပြေသွားပြီမို့ ဝမ်းသာသွားပေမယ့် Win က အေးတိအေးစက်နဲ့ မေးနေတုန်း..။
"ခြောက်ချက်...."
"တောက်...."
"Win..."
"ကျေးဇူးပါ Doctor..." Doctor က ခေါင်းငြိမ့်ကာ ထွက်သွားတော့ Gun Smile က ဆေးထည့်နေတဲ့ သူတွေဆီ ပြေးသွားပြီ Bright အဆင်ပြေသွားပြီ ဖြစ်ကြောင်း သွားပြေးပြော၏။ဆေးရုံတစ်ခုလုံး ဝမ်းသာလို့ ထအော်တဲ့ အသံတွေက ကွဲထွက်မတတ်။ အဲ့တော့မှ Mike တို့လည်း Dew တို့ကို ထားခဲ့ကာ Gun Smile တို့ရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်၏။Win လည်း မတ်တပ်ရပ်နေရာမှ တဖြေးဖြေးထိုင်ချရင်း...
"တော်သေးတာပေါ့..ငါ့ကို စိတ်ပူအောင် လုပ်တယ် Vachirawit တို့...မင်း..ပြန်သတိမရလာရင် ငါလာလိုက်ခေါ်တော့မှာ..."
"တော်သေးတာပေါ့...တော်သေးတာပေါ့..."
ဒူးခေါင်းနှစ်ဖက်ပေါ် ခေါင်းမှောက်ထားရင်း ထိုစကားကို တတွတ်တွတ်ရေရွတ်နေမိတော့၏။ပေးထားတဲ့ ကတိတည်လို့ မင်း သတိရလာတဲ့ အချိန်ကျမှ ဆုချမယ် ငါ့ကောင်...။
*နောက်တစ်ပိုင်းဆို ဂိုဏ်းချုပ်ပေါက်စလေးတွေ ဖြစ်ပြီ..ပြီးတော့ character အသစ်တွေ ထပ်ပါအုံးမှာ *
21.3.2022
Mirella
Zawgyi
ခ်ိန္းပြဲမစခင္ေန႔
Bright က အကုန္လုံးကို မွာခ်င္တဲ့စကား႐ွိတာေၾကာင့္ Win တို႔သုံးေယာက္ရယ္၊ Mike တို႔သုံးေယာက္ရယ္ကို သူ႕အိမ္ကိုဘဲ လွမ္းေခၚလိုက္၏။ပထမက အေဖနဲ႔ အေမ႐ွိေနေသးေပမယ့္ သူငယ္ခ်င္းေတြ ေရာက္လာေတာ့ အျပင္ထြက္သြား၏ ဒီရက္ပိုင္းေတာ့ The Ghost အေၾကာင္း ေျပာသံမၾကားရ။အေဖနဲ႔ အေမႏွစ္ေယာက္လုံးက The Ghost နဲ႔ တစ္နည္းနည္း ပတ္သက္ေနမွန္း Bright ရိပ္မိေပမယ့္ လူႀကီးေတြ ကိစၥမို႔ သူလည္း ဝင္မေျပာခ်င္။သူ ဝင္ေျပာလည္း လက္ခံမယ့္ မိဘေတြ မဟုတ္တာေၾကာင့္ ဘာမွမေျပာဘဲ ေနလိုက္ေတာ့တာ ျဖစ္သည္။
"ဟင္း!!! "
"ဘာျဖစ္လို႔လဲ Bright ဘာလို႔သက္ျပင္းေတြ ခ်ေနတာလဲ.."
"ဘာမွမျဖစ္ဘူး Foei..."
"မင္းစိတ္ပူေနမယ္ဆိုတာ သိတယ္...ငါတို႔အတြက္မပူပါနဲ႔..."
"ေအးကြာ..ဒီေန႔က အကုန္လုံးကို ဂ႐ုစိုက္ဖို႔ မွာခ်င္လို႔... ၿပီးေတာ့ ငါ့စကားကို နားေထာင္ေပး...မႏိုင္ႏိုင္ရင္ ဗ်ဴဟာေျပာင္းရေအာင္လို႔..."
Win တို႔ သုံးေယာက္လုံး ေရာက္ေနေပမယ့္ ဘာမွဝင္မေျပာဘဲ Bright ေျပာတဲ့စကားကိုသာ နားေထာင္ေနၾက၏။Bright က ဂ႐ုစိုက္ဖို႔ အထပ္ထပ္မွာရင္း ျပန္ေလ့က်င့္ထားဖို႔
ေျပာရင္း ျပန္ခိုင္းလိုက္ေတာ့၏။Dew နဲ႔ Nani လည္း ျပန္ႏွင့္ၿပီး Win တစ္ေယာက္သာ က်န္ေနခဲ့၏။
"Bright..."
"ဟင္..."
"ဒီပြဲမွာ ႏိုင္ရင္ ဘာလုပ္မွာလဲ..."
"ဂိုဏ္းစဖြဲ႕မယ္ေလ...ၿပီးေတာ့ မင္းက ဂိုဏ္းခ်ဳပ္လုပ္...ငါက ဒုဂိုဏ္းခ်ဳပ္လည္း ရတယ္..ဟိုေကာင္ေတြကိုက အဖြဲ႕ခြဲေပးမယ္..."
"အင္း...မနက္ျဖန္ ဘာဘဲျဖစ္ျဖစ္ ဂ႐ုစိုက္ၿပီး ငါ့ဆီ အေရာက္ျပန္လာမယ္လို႔ ကတိေပး..."
"ဟင္..မင္းက ငါ့ကို စိတ္ပူေနလား..."
"လုပ္ ကတိေပး...."
"အင္း..မင္းနဲ႔အတူ အျမင့္ဆုံးကို ေလွ်ာက္လွမ္းဖို႔အတြက္ ေသျခင္းတရားနဲ႔ ရင္ဆိုင္ရရင္ေတာင္ အေရာက္ျပန္လာခဲ့မွာ..."
သူ ကတိေပးစကားေျပာေတာ့ Win က ျပဳံး႐ုံေလး ျပဳံးတယ္..သူ...နဖူးေပၚက်ေနတဲ့ ဆံပင္စေလးကို ဖယ္ေပးခ်င္တာ တအားဘဲ..လုပ္ေပးဖို႔ လက္႐ြယ္လိုက္ၿပီးမွ မိနိးကေလးကို ဂ႐ုစိုက္ေပးသလို ျဖစ္ေနတာေၾကာင့္ သူ႕လက္ကို ျပန္႐ုတ္လိုက္ရင္း ကိုယ္႐ွိန္သတ္လိုက္ရတယ္...သူ႕စိတ္ထဲ Win ကို မိန္းကေလးလို...ကေလးလို ဂ႐ုစိုက္ေပးခ်င္ေနတာသာ သိရင္ ထသတ္ခံရမွာ...။
"Vachirawit..."
"ဟင္..."
"အဲ့လိုေခၚလို႔ရလား..."
"မင္းသေဘာေလ..."
"Ok..မနက္ျဖန္ အႏိုင္တိုက္မယ္...Vachirawit.. ငါ့ကို ကတိေပးထားတာ မေမ့နဲ႔...ေမ့သြားရင္ မင္းကို ငါကိုယ္တိုင္႐ွာၿပီး သတ္ပစ္မွာ..."
"အင္းပါ..."
"ျပန္ၿပီ..."
"ညက် ဖုန္းဆက္..." ဘာမွ ျပန္မေျပာသြားေပမယ့္ ဖုန္းဆက္မယ္ဆိုတာ သိၿပီးသားျဖစ္၏။ညတိုင္းလိုလို ဖုန္းဆက္ေနၾကမို႔ တစ္ေယာက္အသံတစ္ေယာက္ မၾကားရရင္ Bright ကလည္း အိပ္မေပ်ာ္သလို Win ကလည္း အိမ္မက္ဆိုးေတြ မက္တဲ့အထိ။
ခ်ိန္းပြဲေန႔....
ေျပာရရင္ ဟိုဘက္က ခ်ိန္းတဲ့ေကာင္ေတြက လူလတ္ပိုင္းေတြပါၿပီး ဆိုးမိုက္ေနတဲ့ လူေတြလည္းပါ၏။အဖြဲ႕အစည္း တစ္ခုမဟုတ္ရင္ေတာင္ အဖြဲ႕လိုက္ ရန္ျဖစ္ၾကတတ္တဲ့သူေတြ ျဖစ္သည္။Bright တို႔အဖြဲ႕ကို အလယ္တန္းေက်ာင္းသား ငခြၽတ္ေလးေတြ မွတ္ကာ အပ်င္းေျပတယ္ဆိုတဲ့ သေဘာနဲ႔ လုပ္ၾကတာျဖစ္သည္။ၿမိဳ႕နယ္ေဘာလုံးကြင္းမွာ ညဘက္ခ်ိန္းထိုးၾကတာမို႔ တစ္ဆင့္စကားတဆင့္နားနဲ႔ လာၾကည့္တဲ့အဖြဲ႕ေတြလည္း ႐ွိ၏။ ညဘက္ႀကီး ျဖစ္တာေၾကာင့္ ေဘာလုံးကြင္းထဲမွာက မီးက လင္းတစ္ခ်က္ မလင္းတစ္ခ်က္ျဖစ္ေန၏။ပြဲကို လာၾကည့္တဲ့ သူေတြက ဆိုင္ကယ္မီးေတြ ပတ္ပတ္လည္ ထြန္းလိုက္ေတာ့မွ လင္းလင္း႐ွင္း႐ွင္း ျဖစ္သြားေတာ့၏။
"အိုးဟိုး..ကေလးေတြဘဲ သိကၡာက်လိုက္တာကြာ.."
"အေယာက္ (20)လို႔ေျပာတာေတာင္ မ်ားသြားၿပီး ..ဟား..ဟား..ဟိုေကာင္ေလးေတြ...(10)ေယာက္နဲ႔ဘဲ ခ်ေပးမယ္..မင္းတို႔ကို..ဟား..ဟား..."
"မလိုဘူး ဘဲႀကီး...႐ႈံးရင္ေတာ့ ကြၽန္ခံေၾကးဘဲေနာ္..."
"ဘာလဲ...မင္းက Bright ဆိုတာလား...အေျပာမႀကီးနဲ႔ေနာ္..ေကာင္ေလး..."
"အေျပာႀကီးတာေတာ့ မဟုတ္ဘူး...ေသခ်ာစုံစမ္းရင္ေတာ့ Bright Vachirawit က တစ္ေလာကလုံးမွာ အေတာ္ဆုံးလို႔ သူ႕ကိုယ္သူ သတ္မွတ္ထားတယ္ဆိုတာ သိလိမ့္မယ္..."
"ေအး..အေတာ္ဆုံးလို႔ သတ္မွတ္ထားတဲ့ေကာင္ရဲ႕ ေခါင္းကို ႐ိုက္ခြဲအုံးမွာ...ဒါဘဲလား မင္းတို႔လူ..."
Bright သူ႕လူေတြကို မသိမသာ အကဲခတ္လိုက္ေတာ့ ေၾကာက္ေနတဲ့ ပုံေတာ့ မေတြ႕ရ။ဒါေပမယ့္ အခုခ်ိန္ထိ Win တို႔ သုံးေယာက္က ေရာက္မလာေသး။အေျခအေနကို ရိပ္မိတဲ့ Foei က စကားနဲ႔ အခ်ိန္ဆြဲထားဖို႔ ျပင္၏။
"တစ္ခုေတာ့ ႐ွိတယ္ေနာ္..လက္နဲ႔ဘဲ ခ်ရမွာ...ဘာလက္နက္မွ မသုံးရဘူး...သုံးၿပီး ညစ္တယ္ဆိုရင္ေတာ့ ခင္ဗ်ားတို႔ အလိုလိုေနရင္း က်ဳပ္တို႔ ကြၽန္ျဖစ္မွာ..."
"ဂ႐ုစိုက္ရမွာလား..."
"ဒါကေတာ့ ကိုယ့္လူတို႔ သေဘာဘဲေလ...က်ဳပ္တို႔ေနာက္မွာ ဘယ္သူ႐ွိလဲ ဆိုတာ ကိုယ့္လူေတြမွ မသိၾကဘဲ..သတိေပးတယ္ေနာ္...ေနာင္တမရရင္ေတာ့ လုပ္..."
Foei က တမင္ၿဖဲေျခာက္လိုက္တာ..သူတို႔ေနာက္မွာ သူတို႔ဘဲ ႐ွိတယ္ဆိုတာ သူတို႔ကိုယ္တိုင္ဘဲ သိ၏။လူ႐ြယ္ခ်င္း မမွ်တဲ့ အေျခအေနျဖစ္ေနတာေၾကာင့္ သူတို႔က မေၾကာက္ေပမယ့္ တစ္ျခါးသူေတြ စိတ္ဓာတ္က်မွာစိုး၍ စိတ္ဓာတ္ျမႇင့္တင္ေပးတဲ့ သေဘာနဲ႔ ေျပာေနတာ ျဖစ္၏။ Gun Smile နဲ႔ Mike က ဘာမွ ဝင္မေျပာဘဲ တဖက္က လူေတြရဲ႕ အေျခအေနကိုသာ အကဲခတ္ေနၾက၏။
"ဝူး..ေဝါ....ေဝါ..ကြၽီ...."
ဆိုင္ကယ္ႏွစ္စီး အၾကမ္းပတမ္းေမာင္းဝင္လာၿပီး ဘရိတ္ဆြဲတဲ့အသံ...လမ္းနဲ႔ ပြတ္ဆြဲတဲ့ အသံေတြ ေပၚထြက္လာလို႔ ၾကည့္လိုက္ေတာ့ Win တို႔သုံးေယာက္။Dew နဲ႔ Nani က ဆိုင္ကယ္ တစ္စီး၊ Win က ဆိုင္ကယ္ တစ္စီးနဲ႔ ျဖစ္၏။Win က မ်က္ႏွာကို မ်က္လုံးေတြဘဲ ေပၚထားၿပီး ႏွာေခါင္းနဲ႔ ပါးစပ္ေတြကို လက္ကိုင္ပုဝါနဲ႔ ဖုံးအုပ္ခ်ည္ေႏွာင္ထား၏။Dew နဲ႔ Nani ကေတာ့ ပုံမွန္အတိုင္းဘဲ ျဖစ္၏။
"ကဲ..လူစုံရင္ စလိုက္ရေအာင္..."
"အရမ္းၾကာေနၿပီေနာ္..."
"ေဟ့ေကာင္ေတြ ကေလးေတြကိုေတာ့ မ႐ႈံးေစနဲ႔ေနာ္..."
ပြဲလာၾကည့္တဲ့ သူေတြက တစ္ေယာက္တစ္ေပါက္နဲ႔ လွမ္းေအာ္ၾက၏။ Bright တို႔အဖြဲ႕လည္း ညာသံေပးကာ ခ်ဖို႔ ျပင္ၾက၏။
"ခ်ကြာ...အမုန္႔ႀကိတ္ပစ္..."
"ခ်...အဲ့ေကာင္ေတြကို လုပ္ပစ္..."
ရန္ျဖစ္တာကို ပြဲလိုၾကည့္ေနၾက၍ ထူးဆန္းရင္ ထူးဆန္းေနလိမ့္မည္။ဒါေပမယ့္ ဒီအထာေတြက ႐ိုးေနၿပီ ျဖစ္၏။ဒီလို ပုံစံအတိုင္း လက္ဆင့္ကမ္းလာတာမို႔ ခ်ိန္းပြဲ႐ွိတိုင္း ေဘာလုံးကြင္းမွာ လူစုံေနၾကျဖစ္၏။ပတ္ဝန္းက်င္က အျမင္မေတာ္၍ ရဲတိုင္မွသာ ထြက္ေျပးရင္ ထြက္ေျပးရတာ... ဒီလိုအျဖစ္အပ်က္ေတြကေတာ့ ေပ်ာက္ကြယ္သြားတယ္ဆိုတာ မ႐ွိေပ။Brightတို႔ဘက္က အင္အားမမွ်ေပမယ့္ အသတ္အပုတ္ ကြၽမ္းက်င္တဲ့ သူတို႔ 7ေယာက္ပါတာေၾကာင့္ ဟိုဘက္လူေတြအဖို႔ ထင္သေလာက္ မလြယ္...။Nani က Win ကို အင္အားအလြန္အကြၽံမသုံးဖို႔ သတိေပးရင္း Win ကို ဖိၿပီး မဲမွာစိုးတာေၾကာင့္ Nani နဲ႔ Dew က Win အနားကေနမခြာ..။Bright မွာကလည္း သုံးေယာက္တစ္ေယာက္ေတြ ရင္ဆိုင္ေနရ၏။
"ပြဲက ၾကည့္ေကာင္းၿပီေဟး...ေကာင္ေလးေတြက မေခပါလားေဟ့..."
လူအုပ္ႀကီးက ေအာ္ေလ ဟိုဘက္က ေကာင္ေတြက ပိုေဒါသထြက္ေလ Bright တို႔ကို ပိုဖိေလ...။
"သတိထား Bright..." Mike က ေအာ္ရင္း Bright ကို ကူေပးလာ၏။ Gun Smile ကလည္း ႏွစ္ေယာက္တစ္ေယာက္ ရင္ဆိုင္ေနရသလို Foei ကလည္း ဟိုဘက္ကလူရဲ႕အေပၚကေန ခြထိုးေန၏။Win တို႔ ၾကည့္လိုက္ေတာ့လည္း သူတို႔ပတ္ခ်ာလည္က လူေတြကို အာ႐ုံစိုက္ကာ ခ်ေန၏။Bright တို႔ဘက္က လက္ရည္သာေပမယ့္ အင္အားက မမွ်တာမို႔ ထင္သေလာက္ေတာ္မလြယ္...။
"ရား....ခြပ္..."
"WTF...တစ္ခ်က္ထဲနဲ႔..."
Win ရဲ႕ လက္သီးစာ မိသြားတဲ့ သူမွာ သူ႕ေမးေစ့ကို လက္ျဖင့္အုပ္ကိုင္ရင္း သတိလစ္သြားလား မေျပာတတ္။Win က သူ႕နားကပ္တဲ့ သူမွန္သမွ်ကို သူ႕ရဲ႕ ပင္တိုင္လက္သီးစာ ေကြၽးေန၏
"Win ေရ သတိထားစမ္း..." Nani သတိေပးေနတာ အေၾကာင္း႐ွိလို႔။ Win က အဲ့လိုမ်ိဳး အင္အား အလြန္အကြၽံသုံးၿပီးသြားရင္ ဘာမွမလုပ္ႏိုင္ေတာ့သလို ေပ်ာ့ေခြသြားတတ္တာ..သူ႕လက္သီးကလည္း ျပင္းသလို...အဲ့ကေနလာတဲ့ တန္ျပန္ဆိုးက်ိဳးကိုလည္း ေကာင္းေကာင္းခံစားရ၏။
"ငါ့ကို ပူမေနစမ္းနဲ႔ Nani... ျမန္ျမန္ အဆုံးသတ္ခ်င္ၿပီ..."
"Dew သတိထား..."
Nani ကလည္း Dew ကို ေနာက္ေက်ာကေန အလစ္တိုက္ဖို႔ ျပင္ေနတာကို ရိပ္ခနဲ ေတြ႕လိုက္တာေၾကာင့္ Dew ဆီေျပးသြားရင္း သြားကူရ၏။Foei ကလည္း ခ်ေနရင္းနဲ႔ အေျခအေနကို သုံးသပ္ေနရ၏။ ဒီေလာက္ဆို သူတို႔ႏိုင္ဖို႔ ရာခိုင္ႏႈန္းမ်ား၏။
"Dragon ေတြေရ အဆုံးသတ္လိုက္ၾကစို႔..."
"Ok..."
ပြဲက အႀကိတ္အနယ္ ျဖစ္လာ၏။ လက္ေဝွ႔ႀကိဳးဝိုင္းထဲမွာ ထိုးေနတာ မဟုတ္တဲ့ အတြက္ေၾကာင့္ အစစအရာရာ သတိထားေနရ၏။ Bright ရဲ႕ လက္ေတြလည္း စုတ္ျပတ္ေနၿပီ ျဖစ္၏။ပင့္လက္သီးေတြ ေျခကန္ခ်က္ေတြနဲ႔ Dragon လို အင္အားမ်ိဳး စုစည္းၿပီး ပြဲကို ျမန္ျမန္ အဆုံးသတ္ဖို႔ လုပ္၏။သူ႕လူေတြကိုလည္း ကာကြယ္ရေသး၏။ Win ကိုလွမ္းၾကည့္မိေတာ့ မ်က္ႏွာေလး တစ္ဝက္ဘဲ ေဖာ္ထားေပမယ့္ ပင္ပန္းေနတဲ့ပုံ ေပၚေန၏။ လက္ႏွစ္ဖက္လုံးလည္း ေသြးေတြ နီရဲေန၏။ရန္သူေတြဘက္ကလည္း သိသိသာသာ အင္အားက်လာၿပီး Brightတို႔ ႏိုင္ေတာ့မယ့္အခ်ိန္ အကုန္လုံးထဲမွာ Win က အေတာ္ဆုံးလို ျဖစ္ေနတဲ့အတြက္ေၾကာင့္ တစ္ဖက္ကေကာင္က Win ရဲ႕ ေနာက္ေက်ာကေန ေခ်ာင္း႐ိုက္ဖို႔ ေျပးလာ၏။ေတြ႕လိုက္တဲ့ Bright က Win ဆီ ေျပးသြားၿပီး သူ႕ဘက္ကို ဆြဲယူကာ လွည့္လိုက္တာမို႔ ႐ိုက္ခ်က္က သူ႕ေခါင္းေပၚကို က်လာ၏။
"ဒုတ္...အာ့..."
"ဟင္..Vachirawit...."
"ဟိုေကာင္ေတြ ဘာလုပ္တာလဲ..."
Win က Bright ကို ေျပးထူးမယ့္အခ်ိန္မွာ Brightရဲ႕ ေခါင္းကို ေနာက္တစ္ခ်က္ ထပ္႐ိုက္၏။
"ေတာက္...သြားေသလိုက္ေတာ့...ေခြးသူေတာင္းစား..."
Win ဆဲဆိုရင္း ႐ိုက္တဲ့ေကာင္ကို အက်္ီကေန ဆြဲမွကာ လက္သီးျဖင့္ ဆင့္ထိုး၏။
"ေသစမ္း...ေသစမ္း..Vachirawit တစ္ခုခုျဖစ္လို႔ကေတာ့ မင္းတို႔တစ္မ်ိဳးလုံး ေျမလွန္သတ္ပစ္မွာ...."
"Win..Win..ေအာက္က တကယ္ေသေတာ့မယ္..လႊတ္လိုက္ေတာ့..."
Dew နဲ႔ Nani က Win ကို လာေျပးဆြဲသလို Mike တို႔ Foei တို႔ကလည္း ေသြးေတြနဲ႔ လဲက်ေနတဲ့ Bright ကို ေျပးထူ၏
"Bright.. သတိထားအုံး...Bright... "
"Bright..."
"ေဆး႐ုံကားေခၚ.... ေဆး႐ုံကား..."
သေဘာတူညီခ်က္နဲ႔ လုပ္တာကို စည္းေဖာက္ၿပီး တုတ္နဲ႔႐ိုက္တဲ့ သူေတြကို ပြဲလာၾကည့္တဲ့အထဲက စီနီယာ လူမိုက္ေတြကလည္း ႀကိမ္းေမာင္းသြားသလို ကေလးေတြရဲ႕ ကြၽန္ ျဖစ္ၿပီဆိုၿပီး ေျပာသြားၾက၏။
"Bright သတိထားပါအုံး..ငါတို႔ႏိုင္ရင္ ဂိုဏ္းဖြဲ႕မယ္ဆို...အခု ငါတို႔ႏိုင္ၿပီေလ..."
"ဟိုလူေတြ ေနာက္ေန႔မွ ခင္ဗ်ားတို႔နဲ႔ ေတြ႕မယ္ တစ္ခုခု လုပ္ဖို႔ ၾကံတာနဲ႔ Mike ဆိုတာ ဘယ္လိုေကာင္လဲဆိုတာ သိသြားေစရမယ္..." Mike က လွည့္ကာ ႀကိမ္းေတာ့ ဟိုဘက္က သူေတြကလည္း လဲက်ေနတဲ့ သူတို႔လူေတြကို ဆြဲထူၿပီး ေျပးဖို႔ ၾကံ၏။
"ေဆး႐ုံကားက ၾကာအုံးမွာ... လုပ္ ဆိုင္ကယ္ေပၚတင္..."
Win က စိတ္တင္းထားရင္း သူ႕ဆိုင္ကယ္ကို အေျပးသြားယူ၏
"Mike ငါ့ေပၚကို Bright ကို မွီေပးလိုက္..မင္းက ေနာက္က ထိန္းထားေပး..."
"Ok...ကူမၾကအုံး..."
"Nani နဲ႔ Dew လည္း လိုက္လာခဲ့ က်န္တဲ့သူေတြက အဆင္ေျပသလို လာခဲ့ၾကေတာ့ သြားႏွင့္ၿပီ..."
Win ဆိုင္ကယ္ကို ခပ္ျမန္ျမန္ေမာင္းႏွင္ရင္း ေဆး႐ုံတစ္ခုစီ ဦးတည္လိုက္၏။Mike ကေတာ့ ေနာက္ကေန Bright ကို ထိန္းထားရင္ တစ္ဖြဖြနဲ႔ ေခၚေန၏။ေတြ႕တဲ့ေဆး႐ုံကို ေမာင္းဝင္ကာ ခ်က္ခ်င္း ကုေပးဖို႔ ေျပာရ၏။ေဆး႐ုံေရာက္ေတာ့ ကေလး သာသာအ႐ြယ္ေတြမို႔ ခ်က္ခ်င္း လက္မခံဘဲ အင္တင္တင္ လုပ္ေန၏။Bright ကိုၾကည့္ေတာ့ သတိေမ့ေနၿပီ...Win က စိတ္တိုတိုနဲ႔ ကဒ္တစ္ကတ္ ေထာင္ျပလိုက္မွ ခ်က္ခ်င္း operation လုပ္ဖို႔ ျပင္ၾကေတာ့သည္။Bright ကို operation room ထဲ ေရာက္ၿပီးေတာ့မွ သူတို႔လည္း အသက္ဝဝ႐ႈႏိုင္ေတာ့သည္။Win က ဘယ္ေပ်ာက္သြားလဲ မသိ။
"Nani, Win ေရာ..."
"ငါ သတိမထားမိလိုက္ဘူး..."
"Bright ဘာမွ မျဖစ္ဘူး မွတ္လား...ဟမ္ Mike..."
"Foei, စိတ္ေအးေအးထား..ဘာမွ မျဖစ္ဘူး..."
"ဆရာဝန္ ဘာေျပာလဲ... "
"ဘာမွမေျပာဘူး..."
"အား...Bright ဘာမွမျဖစ္ပါေစနဲ႔..."
"ေသ...ေသသြားရင္ ဘယ္လိုလုပ္မလဲ..."
"အီးဟီး...Bright က ငါတို႔ကို အမ်ားႀကီး ကယ္ထားတာ..."
လူအုပ္လိုက္ႀကီး operation room ေ႐ွ႕ ေရာက္လာတာမို႔ တစ္ေယာက္တစ္ေပါက္နဲ႔ ဆူညံသြားေတာ့၏။
"တိတ္စမ္း...ဒါေဆး႐ုံ.... ဆူမေနၾကနဲ႔..."
"ဟင္...Win..."
Win ပုံစံက ေဘာင္းဘီအိတ္ထဲ လက္ထည့္ကာ ေအးေဆးျဖစ္ေနတဲ့ ပုံစံ။ မ်က္ႏွာကိုေတာ့ ဖုံးထားတုန္းျဖစ္၏။
"ဒီေလာက္နဲ႔ Bright က ေသစရာလား...ငါ့ကို ကတိေပးထားတယ္ ငါနဲ႔အတူတူ အျမင့္ဆုံးကို ေရာက္ေအာင္ သြားမယ္လို႔... ဘာမွ စိတ္မပူေနၾကနဲ႔..."
စကားတစ္လုံးခ်င္းစီကို ေသြးေအးေအးနဲ႔ ေျပာရင္း room နံရံမွီကာ ေခါင္းငုံၿပီးရပ္ေန၏။ Mike က တစ္ခ်က္ လွမ္းၾကည့္ရင္း လူစုခြဲေစကာ ဒဏ္ရာရတဲ့သူေတြကို ေဆးသြားထည့္ခိုင္းလိုက္၏။Dew က Nani ကို လွမ္းၾကည့္ၿပီး Win ထံ ေမးဆတ္ျပကာ သြားၾကည့္လိုက္အုံး ဆိုတဲ့သေဘာနဲ႔ လုပ္ျပ၏။Nani က လႊတ္ထားလိုက္ဟု ခပ္တိုးတိုး ျပန္ေျပာ၏။
သူတို႔ အကုန္လုံးက အိမ္က ခိုးထြက္လာရတဲ့ သူေတြ။Win က Nani တို႔အိမ္မွာ သြားအိပ္မယ္ဟုေျပာကာ အထိန္းေတာ္ႀကီးနဲ႔ သူ႕ BodyGuard ေတြကို လွည့္လာရတာ ျဖစ္သည္။ Win က Crown ဂိုဏ္းခ်ဳပ္ရဲ႕ သားမွန္း အျပင္လူေတြ မသိၾကေပမယ့္ ဂိုဏ္းသားေတြက သိတာေၾကာင့္ ေပၚေပၚထင္ထင္ေနလို႔မရ။ဒါေၾကာင့္ မ်က္ႏွာ တစ္ဝက္ကို ပုဝါျဖင့္ အုပ္လာခဲ့တာ ျဖစ္သည္။Mike ကေတာ့ ငိုမလို ရယ္မလိုျဖစ္ေနတဲ့ Foei နဲ႔ Gun Smile ကို ထိုင္ႏွစ္သိမ့္ေနရ၏။ရန္ပြဲေတြ မ်ားခဲ့ေပမယ့္ Bright ေသေရး႐ွင္ေရးနဲ႔ ၾကဳံရတာ ပထမဦးဆုံး အႀကိမ္မဟုတ္လား...။ Win ကေတာ့ နံရံကိုမွီကာ မ်က္စိေတြမွိတ္ထားၿပီး ရပ္ေနဆဲ။
"ကဲ...အသက္အႏၲရာယ္ကေတာ့ လြတ္ၿပီ...ေမ့ေဆးအ႐ွိန္ေၾကာင့္နဲ႔ မနက္ေလာက္မွ ျဖစ္ျဖစ္ ႏိုးလိမ့္မယ္..ဘာမွ စိုးရိမ္စရာ မ႐ွိေတာ့ဘူး..."
"ဘယ္ႏွစ္ခ်က္ ခ်ဳပ္လိုက္ရလဲ..."
လွမ္းေမးသူက Win..က်န္တဲ့သူေတြက Brightက အဆင္ေျပသြားၿပီမို႔ ဝမ္းသာသြားေပမယ့္ Win က ေအးတိေအးစက္နဲ႔ ေမးေနတုန္း..။
"ေျခာက္ခ်က္...."
"ေတာက္...."
"Win..."
"ေက်းဇူးပါ Doctor..." Doctor က ေခါင္းၿငိမ့္ကာ ထြက္သြားေတာ့ Gun Smile က ေဆးထည့္ေနတဲ့ သူေတြဆီ ေျပးသြားၿပီ Bright အဆင္ေျပသြားၿပီ ျဖစ္ေၾကာင္း သြားေျပးေျပာ၏။ေဆး႐ုံတစ္ခုလုံး ဝမ္းသာလို႔ ထေအာ္တဲ့ အသံေတြက ကြဲထြက္မတတ္။ အဲ့ေတာ့မွ Mike တို႔လည္း Dew တို႔ကို ထားခဲ့ကာ Gun Smile တို႔႐ွိတဲ့ဘက္ကို ထြက္လာခဲ့လိုက္၏။Win လည္း မတ္တပ္ရပ္ေနရာမွ တေျဖးေျဖးထိုင္ခ်ရင္း...
"ေတာ္ေသးတာေပါ့..ငါ့ကို စိတ္ပူေအာင္ လုပ္တယ္ Vachirawit တို႔...မင္း..ျပန္သတိမရလာရင္ ငါလာလိုက္ေခၚေတာ့မွာ..."
"ေတာ္ေသးတာေပါ့...ေတာ္ေသးတာေပါ့..."
ဒူးေခါင္းႏွစ္ဖက္ေပၚ ေခါင္းေမွာက္ထားရင္း ထိုစကားကို တတြတ္တြတ္ေရ႐ြတ္ေနမိေတာ့၏။ေပးထားတဲ့ ကတိတည္လို႔ မင္း သတိရလာတဲ့ အခ်ိန္က်မွ ဆုခ်မယ္ ငါ့ေကာင္...။
*ေနာက္တစ္ပိုင္းဆို ဂိုဏ္းခ်ဳပ္ေပါက္စေလးေတြ ျဖစ္ၿပီ..ၿပီးေတာ့ character အသစ္ေတြ ထပ္ပါအုံးမွာ *
21.3.2022
Mirella