"သားတို့ Mike နဲ့ Gun Smile ဂေဟာမှူး ရုံးခန်း ခဏလာပါအုံး..."
"ဟုတ်ကဲ့..."
ကျောင်းသွားဖို့ ပြင်ပြီးတဲ့အချိန် လာခေါ်တာမို့ အသေးလေးကိုပါ ရုံးခန်းထဲကို ခေါ်သွားလိုက်သည်။ရုံးခန်းထဲမှာ ရောက်တော့ Phi Min ကိုပါ တွေ့လိုက်ရသည်။
"ကဲ သားတို့ ထိုင်ကြ..."
"ကျောင်းသွားဖို့တောင် ပြင်ပြီးကြပြီ သုံးယောက်လုံး..."
"ဟုတ်ကဲ့ Phi..."
"ကျောင်းချိန်နီးပြီဆိုတော့ မြန်မြန်ဘဲ ပြောလိုက်တော့မယ်...ဆရာက သားတို့နှစ်ယောက်ကို မွေးစားဖို့ ခွင့်တောင်းတယ်...Top Tap လေးကလည်း သားတို့နဲ့ အတူတူနေချင်တယ်ဆိုပြီး ဂျီကျနေတယ်တဲ့ အဲ့ဒါ သားတို့ ဘယ်လိုသဘောရလဲ..."
"ဟို...သားတို့နှစ်ယောက်လုံးလား..."
"ဟုတ်တယ်သား..နှစ်ယောက်လုံးက လက်ဝှေ့သင်တာကို စိတ်ပြင်းပြနေတယ်လို့ ကြားထားတယ်..ပြီးတော့ မင်းတို့နှစ်ယောက် ခွဲပြီးနေချင်ကြမယ် မထင်လို့..."
"သားတို့သွားရင် ဂေဟါက ညီလေးတွေ ညီမလေးတွေ... "
"သူတို့အတွက် မပူပါနဲ့...ကျောင်းပိတ်ရက်ကျ လာပြန်လည်ပေါ့...နှစ်ယောက်လုံး..."
"ဟုတ်ကဲ့..."
Mike နဲ့ Gun Smile တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိ၏။ ပိုကောင်းတဲ့ နေရာကို သွားရမှာ သိပေမယ့် ငယ်ငယ်လေးထဲကနေလာတဲ့ ကိုယ့်အိမ်လို ဖြစ်နေတာကြောင့် ခွဲပြီး မသွားချင်။
"သားတို့စိတ်ကို ဆရာ နားလည်တယ်..သေချာစဥ်းစားကြအုံးပေါ့..ဆရာကလည်း Top Tap လေး စိတ်မကောင်း ဖြစ်မှာစိုးလို့...ပြီးတော့ သားတို့ကလည်း ကလေးရဲ့ အသက်သခင် ကျေးဇူးရှင်တွေမှတ်လား..."
"အဲ့လိုကြီးတော့ မတွေးပါနဲ့..ဆရာ..ကူညီသင့်လို့ ကူညီခဲ့တာပါ...ဒီနေ့တော့ စဥ်းစားခွင့်ပြုပါအုံး..."
"အင်း...သားတို့ သေချာစဥ်းစားပါ..မေမေကြီးကတော့ သွားစေချင်တယ်ကွယ်...ဒီမှာထက် ဆရာဆီမှာဆို သားတို့ ပိုပြီး တိုးတက်မှာ..."
"ဟုတ်ကဲ့ မေမေကြီး..."
ဂေဟါမှူးကို အကုန်လုံးက မေမေကြီးလို့ ခေါ်ကြတာဖြစ်ပြီး သူတို့ ချစ်ကြောက်ရိုသေရတဲ့ သူလည်း ဖြစ်၏။ ခဏတာဘဲ ဖြစ်ဖြစ် တစ်ဘဝစာဘဲ ဖြစ်ဖြစ် လာရောက်ခိုနားတဲ့ သူတွေကို သူ့မေတ္တာတွေနဲ့ နွေးထွေးစေ သူလည်း ဖြစ်၏။မိဘမဲ့နေတဲ့ ကလေးတွေမို့ ဂေါဟာမှူးကိုဘဲ အမေလိုတစ်မျိုး အဖေလိုတစ်မျိုး ရိုသေကြတာဖြစ်၏။အခုလည်း သားနှစ်ယောက်ကို ထည့်သာထည့်ပေးလိုက်ချင်တာ စိတ်ထဲမကောင်း။ ကိုယ့်သားသမီးလိုဘဲမို့ ရင်ခွင်ထဲက ဆွဲထုတ်သွားသလို ခံစားရပေမယ့် သူတို့ဘဝလေးတွေ ကောင်းစားသွားမယ့်အရေးမို့ ဝမ်းနည်းပေမယ့် ပီတိဖြစ်ရ၏။ ထွက်သွားပြီးမှ ဂေဟါကို ပြန်ထောက်ပံ့တဲ့ သူတွေလည်း ရှိသလို၊ စာမလာ သတင်းမကြားရတဲ့ သူတွေလည်း ရှိပေမယ့် သူတို့လေးတွေ ကောင်းစားနေတာ မြင်ရင် အမေအရင်းမဟုတ်တဲ့ သူ့မှာ ဝမ်းသာရတဲ့ အဖြစ်။အခုလည်း ဒီကလေးနှစ်ယောက်က ငယ်စဥ်ထဲက နေလာတဲ့ သူတွေမို့ ထွက်သွားဖို့ ချီတုန်ချတုန်ဖြစ်နေမှန်း သိ၏။ သွားလိုက်ပါ ကလေးတို့ရေ... တောင်ပံတွေဖြန့်ပြီး အမြင့်ဆုံးကို ပျံသန်းကြည့်လိုက်...မင်းတို့နဲ့ ထိုက်တန်တဲ့ နေရာတစ်ခုတော့ ရလာမှာပါ...။
****
"အပြင်ကို တကြည့်ကြည့်နဲ့ ဘာဖြစ်နေတာလဲ Bright.. "
"ဟင်..ဘာ..မှမဖြစ်ပါဘူး..."
"ပြောစမ်း ဘယ်သူ့ကို စောင့်နေတာလဲ..."
"ဟမ်း..Win ကို..."
"Win ကို ...ဘာလုပ်မို့လဲ..."
"နေ့လည်ကျ ငါတို့ဆီ လာမယ်ပြောထားလို့..."
"ကျောင်းမှ မလွှတ်သေးတာကို..မင်းကလည်း..."
"Foei နဲ့ Bright မသင်ချင်ရင် ထွက်သွားလို့ ရတယ်နော်..."
ဆရာမ လှမ်းအော်တော့မှ နှစ်ယောက်သား ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ပြောနေရာက ရပ်တော့သည်၏။ Mike တို့နှစ်ယောက်ကလည်း မနက်ထဲက စကားကောင်းကောင်း မပြောဘာမှလည်း မေးလို့လည်းမရ၊ Bright ကို ကြည့်တော့လည်း အခန်းဝကို ကြည့်ကာ တစ်မျှော်မျှော်လုပ်နေတာကြောင့် Foei မှာ သူ့သူငယ်ချင်းတွေကို ကြည့်ကာ စိတ်ညစ်နေတော့သည်။ကျောင်းလွှတ်တာနဲ့ စာအုပ်ကို လွတ်အိတ်ထဲ အတင်းထိုးထည့်ပြီး ကမူးရှူးထိုး ထသွားတော့ Foei သုံးယောက်လည်း Bright နောက် အသည်းအသန် ပြေးလိုက်ရပြန်၏။အခန်းဝ ရောက်တော့ Win တို့ သုံးယောက်က မတ်တပ်ရပ်ကာ စောင့်နေပြီး Win က မပြုံးစဖူးပြုံးကာ Bright ကို ကြည့်နေ၏။
"What the...လောကကြီး ဘာဖြစ်သွားတုန်းဟ..."
"ဘာလို့လဲ Foei ရ...."
"ဟိုမှာ Win ကိုကြည့် Bright ကို ပြုံးပြီး စကားပြောနေတာ..."
"အေးဟ..သူ့ကို မပြုံးတတ်ဘူးလို့တောင် ထင်တာ..."
Gun Smile နဲ့ Foei က အပြန်အလှန်ပြောနေပေမယ့် Foei က တိတ်တိတ်ဆိတ်ဆိတ်။
"ဟိုကောင်တွေ..မုန့်စျေးတန်း သွားမယ်..."
"ဘယ်တုန်းကမှ မသွားတဲ့ ကောင်က အထူးအဆန်းတွေ လုပ်ပြီ..."
ပြောသာပြောရတယ်..Bright ခေါ်တော့လည်း လိုက်ရတာပါဘဲ..။ရှေ့ဆုံးက Bright နဲ့ Win နဲ့က လျှောက်သွားပြီး သူတိူ့နောက်မှာ Dew နဲ့ Nani နောက်ဆုံးမှာတော့ သူတို့သုံးယောက်ပေါ့။တစ်ကျောင်းလုံးရဲ့ အာရုံကလည်း သူတို့ဆီဘဲ ရောက်နေကြ၏။Bright လည်း သူနဲ့ ဘေးချင်းကပ် လျှောက်လာနေတဲ့ Win ကို မသိမသာလေး ငဲ့စောင်းကြည့်နေမိ၏။
"Metawin..."
"အင်း..."
"မင်းဘာလို့ အပေါ်ထပ်အက်ျီ ထပ်ဝတ်တာလဲ အမြဲတမ်း.."
"ဘာလို့လို့ ထင်လဲ..."
"အင်း...မင်း အသားအရမ်းဖြူတာ လူသိမှာ စိုးလို့လား.."
သူပြောတော့ မျက်နှာဖြူဖြူနုနုလေးက ချက်ချင်းနီရဲတက်သွား၏။ရှက်သွားတာလား...သူထင်တာ တကယ် အမှန်ကြီးဘဲကို..။သူတောင် မိုးရေထဲမှာ ကံကောင်းလို့ တွေ့ခဲ့ရတာ..။သူငယ်ချင်းတွေ ဖြစ်သွားပြီးတဲ့ အချိန် ထပ်သိလာရတာက Win ရဲ့ မျက်မှန်က ပါဝါသိပ်မပါဘဲ တမင်တပ်ထားတယ်ဆိုတာ...။မျက်မှန်အောက်က ကြယ်တွေလို လင်းလက်နေတဲ့ မျက်ဝန်းလေးတွေကိုတော့ သူ တကယ်နှမျောလှ၏။တွေးရင်း Metawin ကို ငေးရင်းနဲ့ဘဲ တစ်ဖွဲ့လုံး မုန့်စျေးတန်းကို ရောက်ရှိလာ၏။ ကျောင်းက နာမည်ကြီးလိုလို ဖိုက်တာအဖွဲ့လိုလို ဖြစ်နေတာကြောင့် သူတို့လာတာတွေ့တာနဲ့ အလျှိုအလျှို လမ်းဖယ်ပေးကြ၏။သူတို့လည်း ခုံတန်းရှည်လို နေရာမျိုးမှာ အဖွဲ့လိုက် ထိုင်လိုက်ကြရင်း...စားစရာတွေ မှာကြတော့၏။
"ဒီမှာ ဘာတွေရတာလဲ..."
"အသုပ်တို့ ခေါက်ဆွဲကြော်တို့ဘဲ ရပါတော့တယ် ပြီးတော့ အအေးလည်း ရပါတယ်..."
"ဘာစားကြမှာလဲ..."
"အအေးဘဲ..."
"Gun Smile..အအေးဘဲ သေချာလို့လား..."
"အသုပ်တစ်ပွဲရော..."
အကုန်လုံးက အအေးဘဲလို့ ပြောနေပေမယ့် Gun Smile အကြောင်း သိတာမို့ Bright က မေးလိုက်ခြင်း ဖြစ်၏။
ခုံတန်းရှည်က နှစ်ခြမ်းမို့ Bright Win Dew Nani ရယ်က တစ်ခြမ်းမှာထိုင်ပြီး Foei Mike Gun Smile က မျက်နှာချင်းဆိုင်မှာ ထိုင်ကြတာဖြစ်၏။ အအေးမှာပြီး သောက်နေသည့်တိုင်အောင် Mike က စကားတစ်ခွန်းမထွက်လာသေး။
"Mike..."
"ဟင်!!...အင်း.."
"မင်း ဘယ်ချိန်ထိ ငါတို့ကို မပြောဘဲ နေမှာလဲ..."
"ဘာ..ဘာကိုလဲ..."
"တစ်ချို့ ကိစ္စတွေက တစ်ယောက်ထဲ ဖြေရှင်းလို့ မပြီးဘူးနော်...ဘာတွေဖြစ်နေတာလဲ ပြော.."
Mike က သက်ပြင်းချရင်း Gun Smile ဘက် လှည့်ကြည့်မိ၏။ချစ်လှစွာသော သူငယ်ချင်းလေးက အစားမပျက်။ တစ်ခါတစ်လေ Gun Smile ကို ကြည့်ပြီး အားကျ၏ ပျော်ပျော်နေတတ်ပြီး သူ့စိတ်သူပျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိနေလို့လည်း ဖြစ်၏ငယ်စဥ်ကတည်းက စိတ်ညစ်လိုက်တာ ဆိုတာကို တစ်ခါမှ မကြားရ။အမြဲတမ်း ပျော်ရွှင်နေတာမျိုးဘဲ တွေ့နေရ၏။Mike ကဘဲ အရာရာကို လိုက်ခံစားနေလို့လား မပြောတတ်။Bright အမေးကို ကျန်တဲ့ သူတွေကလည်း စိတ်ဝင်တစား နားထောင်နေကြ၏။
"ဒီလို...ဟိုနေ့က အသေးလေးကို သိတယ်မှတ်လား..#@%!&$!$^!%!$%!%%!^%!%*!^$!"
အဲ့ကနေ အစချီကာဒီနေ့မနက် ဂေဟာမှူးနဲ့ တွေ့ပြီး စကားပြောတဲ့ အထိ ပြောပြလိုက်တော့သည်။
"မင်းက ဘယ်လို စဥ်းစားထားလဲ Mike..."
"ပြောရရင် သွားလည်း သွားနေချင်တယ်...သွားလည်း မသွားချင်ဘူး..."
"Gun Smile ကရော..."
"Mike အတိုင်းဘဲ..."
"ဟင်း..မင်းတို့အနေနဲ့ ဂေဟာကို မခွဲနိုင်ဖြစ်နေကြမှန်း သိပါတယ်..ဒါပေမယ့်ကွာ ငါကတော့ လက်ခံလိုက်စေချင်တယ်..ဘာလို့ဆို မင်းတို့ဘဝ ဒီထက်မက တိုးတက်မှာ...ပြီးတော့ ငါတို့အိမ်မက်တွေကို အကောင်အထည်ဖော်လို့လည်း လွယ်ကူသွားမယ်..Mike ငါတို့က Dragons အဖွဲ့သားတွေ ဖြစ်နေပြီလေကွာ..မင်းတို့ဖြစ်စေချင်တာကို လိုက်လုပ်ပေးဖို့ ငါတို့မှာလည်း တာဝန်ရှိတယ်..."
"ငါက ညီလေးတွေ ညီမလေးတွေကို စိတ်မချတာ..."
Bright; "ဟုတ်ပြီ မင်းပြောတော့ ငါတို့ဂိုဏ်းကို ပိုအင်အားကြီးအောင် လုပ်မယ် ပြီးရင် ဂေဟာကို ထောက်ပံ့မယ်ဆို... အဲ့လိုလုပ်ဖို့ဆိုရင် လောကရဲ့အကြောင်းကို ငါတို့ပိုသိဖို့လိုတယ် လူတွေရဲ့ အကြောင်းကို ပိုသိဖို့လိုတယ် မင်းတို့ ဒီလိုဘဲ အချိန်ကုန်သွားမလား...ပိုပြီး တိုးတက်အောင် ကြိုးစားမလား..ဒါဘဲ စဥ်းစားဖို့လိုတာ..."
Foei; "ဟုတ်တယ် Mike Bright ပြောတာ မှန်တယ် ပြီးတော့ နှစ်ယောက်လုံးအတွက်ဆိုတာ မလွယ်တဲ့ ကိစ္စနော် အနည်းဆုံးတော့ သူငယ်ချင်းတွေ တကွဲတပြါး မဖြစ်တော့ဘူးပေါ့..."
Win; "ဂေဟာ အတွက် လိုတာရှိရင် ပြောပါ ငါတို့ တတ်နိုင်သလောက် ကူညီပါ့မယ် ငွေအားဘဲ ဖြစ်ဖြစ် လူအားဘဲ ဖြစ်ဖြစ်..."
Dew & Nani; "ဟုတ်တယ် ဘာမှ အားမနာနဲ့..."
Nani; "ငါတို့ ကူညီနိုင်တာရှိရင်ပြော Mike သူငယ်ချင်းတွေဘဲကို..."
"မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ..ငါတို့အခု ဘာလုပ်ရမလဲဆိုတာ သိသွားပါပြီ..."
Gun Smile က စားနေရာမှ ခေါင်းငြိမ့်ပြ၏။မသိတဲ့သူဆိုရင် Gun Smile ကို အလေးအနက်မထားတတ်တဲ့သူလို့ ထင်ကောင်းထင်နိုင်၏။ဘာအကြံမှ ဝင်မပေး၊ သူငယ်ချင်းတွေ ဦးဆောင်တဲ့အတိုင်းဘဲ လိုက်လေ့ရှိတာမို့ Mike က တစ်ခါတစ်လေ စိတ်ပျက်စွာ အော်ပေမယ့် Gun Smile က သူ့သူငယ်ချင်းတွေကို အစွမ်းကုန်ယုံကြည်ပေးထားတဲ့ သူမို့ သူ့အကြံဆိုတာ ထပ်မလိုကြောင်း၊ မင်းတို့ကို ယုံကြည်ထားတာမို့ ကျရှုံးလည်း အတူတူ၊ အောင်မြင်လည်း အတူတူ ခံစားမှာ ဖြစ်ကြောင်း ရှင်းပြတော့မှ Gun Smile အပေါ် အမြင်ကြည်လင်သွားတာ ဖြစ်၏။ အဲ့နောက်ပိုင်း Gun Smile ကို လွှတ်ထားပေးလိုက်ကြတော့တာ ဖြစ်၏။အအေးသောက်ပြီး အတန်းထဲ ပြန်ဝင်ဖို့ လုပ်ကြတော့ Bright က Win ကို မသွားနဲ့အုံးဟု တား၏။ Win လည်း Dew နဲ့ Nani ကို အရင်ပြန်လွှတ်တော့ ထိုနှစ်ကောင်က မပြန်။ နောက်ဆုံး Bright က Win ကို သူပြန်ပို့ပေးပါ့မယ်လို့ ပြောကာမှ ပြန်သွားကြတာ ဖြစ်၏။
Bright နဲ့ Win လည်း ကျောင်းအနောက်ဘက်သို့ လျှောက်လာကြရင်း...
"ဘာလို့လည်း Bright..."
"ရော့.."
ထိုးပေးလာတဲ့ နွားနို့ဗူးကို နားမလည်သလို ကြည့်မိတော့
"မင်း ခုနက အအေးသိပ်မသောက်လို့...မကြိုက်ဘူး ထင်လို့ နွားနို့ဗူးဝယ်လာတာ...ရော့..."
"အင်း..."
Win ခေါင်းငြိမ့်ပြရင်း လှမ်းယူလိုက်၏။နို့ဗူးကို ကြည့်လိုက် လူကို ကြည့်လိုက် လုပ်နေတာကြောင့် ပိုက်ဖြင့်ဖောက်ကာ စိတ်ကျေနပ်အောင် သောက်ပြတော့မှ သူ့ကို ပြုံးပြလာတော့၏
"မင်းက ငါ့ကို ကလေးလို လာဆက်ဆံနေတယ်..."
"ငါ့မျက်စိထဲမှာတော့ မင်းက ကလေးလေးဘဲ..Metawin ပိစိလေး..ဟား..ဟား..."
"Bright မင်းနော်..."
"ဟား..ဟား..ကြည့်...ကြည့်..ပြုံးချင်နေပြီ..."
"ဟား...ဒီကောင်..."
"ပြုံးပါ Winရဲ့ မင်းအပြုံးတွေက ဘယ်လောက်တောင် ကြည်စင်လည်း သိလား...အမြဲတမ်း မျက်နှာကြီးတည်ပြီး မှုန်ကုပ်ထားဖို့ မလိုပါဘူး..."
"ငါ့ကို ပြုံးအောင်လုပ်ပေးနိုင်တဲ့သူရှိရင်တော့ ပြုံးမှာပေါ့..."
"မင်းကို ပြုံးအောင် လုပ်ဖို့ ငါ့တာဝန်ထား..."
"ကိုယ့်ကိုကိုယ် ကာကွယ်တတ်အောင် သင်အုံး..စာမေးပွဲပြီးရင် ဟိုလူတွေချရမှာနော်...မပေါ့နဲ့..."
"ငါသိပါတယ် Metawin ရဲ့..."
"ငါ့ကို Metawin လို့ ဘာလို့ခေါ်တာလဲ..."
"မသိဘူး..ခေါ်လို့ကောင်းလို့..."
"အေးပါကွာ..."
Win လည်း ထပ်မမေးဖြစ်တော့..ရှေ့က ရေပြင်ကျယ်ကြီးကိုဘဲ ကြည့်နေလိုက်၏။Bright ကျေးဇူးနဲ့ သူ့အပြုံးတွေ အသက်ဝင်လာခဲ့တာလေ။ဒီလိုနဲ့ ကျောင်းတက်ခါနီး 5min လောက်အလိုမှ နှစ်ယောက်သား ပြန်လာခဲ့လိုက်ကြတော့ သည်။
****
"ခွမ်း..."
"မင်းကို အဲ့ကောင်တွေနဲ့ မပတ်သက်နဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား..."
အိမ်ရှေ့တံခါးဝရောက်ရောက်ချင်း ကျကွဲသံနဲ့ အတူ အဖေ့အော်သံက စူးစူးဝါးဝါးထွက်လာ၏။Bright လည်း အိမ်ထဲ မဝင်သေးဘဲ ငြိမ်ပြီး နားထောင်နေမိ၏။
"The Ghost အကြောင်း ဘယ်လောက်သိလို့လဲ..အဲ့ကောင်တွေ ဘယ်လောက်ယုတ်မာလဲ မင်းသိလား..."
"..."
"ပြောလေ ဘာလို့ ဘာမှ မပြောတာလဲ လင်ငယ်တွေ တစ်ရုံးရုံး လုပ်နေပြီးတော့ အခုကျ အသံမထွက်တော့ဘူးလား.."
"ကျွန်မကို အဲ့လိုလာမပြောနဲ့နော်...ဘာ လင်ငယ်တွေလဲ..."
"ဟာ..ဒီမိန်းမ..တောက်..."
Bright အိမ်ထဲဝင်ရမလား..အပြင်ပြန်ထွက်ရမလား မသိတော့တာကြောင့် ပန်းပင်တွေ စိုက်ထားတဲ့ ဥယျာဥ်ထဲ သွားထိုင်နေလိုက်၏။ဒေါ်ကြီးတို့ကိုလည်း မတွေ့ရ။အဖေနဲ့ အမေ ရန်ဖြစ်ရင် ဒေါ်ကြီးတို့လည်း ကြောက်ရတာကြောင့် မီးဖိုခန်းထဲမှာဘဲ ငြိမ်ကုပ်နေကြတာ ဖြစ်မည်။
"ဟင်း!! "
တစ်ခါတစ်လေ သူ့ကို ဘယ်နားက ကောက်လာတာလည်းလို့တောင် စဥ်းစားမိတဲ့အထိ။The Ghost အကြောင်းပါ ပါလာတာမို့ အမေ ဖဲဝိုင်းသွားရင်း The Ghost က လူတွေနဲ့ တွေ့လာပုံရ၏။Bright အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်ကာ ပန်းပင်လေးတွေကို အာရုံစိုက်ပြီး ကြည့်မိ၏။နှင်းဆီအဖြူ အပွင့်အကြီးကြီးတွေဆီအရောက်မှာတော့ သူမျက်လုံးထဲ တစ်စုံတစ်ယောက်ကို ပြေးမြင်လာ၏။ ထိုသူက Metawin...တကယ်ကို နှင်းဆီပွင့်အဖြူကြီးတွေလိုမျိုး Winရဲ့ ပုံစံက ရှင်းသန့်ပြီး ကြီးကျယ်ခန်းနားတယ်လို့ ခံစားမိတာကြောင့် ဖြစ်၏။
"Whattt...အခု ငါ Metawin ကို ပန်းပွင့်နဲ့ နှိုင်းနေမိတာလား...အား...."
"Bright Vachirawit ရေ မင်း ရူးသွားတာလားဟ..."
တစ်ယောက်ထဲ စကားတွေပြောရင်း လက်ထဲက နှင်းဆီဖြူကို အလန့်တကြား လွှတ်ချမိ၏။သူ့အဖြစ်သူ စဥ်းစားရင်း ခေါင်းကို ရမ်းမိတော့သည်။ခဏကြာတော့ အဖေက ကားကိုအကြမ်းပတမ်းမောင်း ထွက်သွားပြီမို့ သူလည်း အိမ်ထဲ ဝင်လာလိုက်တော့သည်။ အိမ်ထဲရောက်တော့ အမေက ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်နေတုန်း။ကြမ်းပြင်ပေါ်မှာလည်း ကျကွဲထားတဲ့ ပန်းအိုးစတွေက ပြန့်ကျဲလို့။ တစ်ဆိတ်လောက် အမေတွေက ကိုယ့်သားသမီး နာကျင်ရင်တော့ လစ်လျူမရှုဘူး မှတ်လား...။အမေက သူ့မျက်နှာကို တစ်ချက်ကြည့်ကာ ဟိုဘက်ပြန်လှည့်သွားပြီမို့ သူလုပ်မယ့် လုပ်ရပ်ကို ဆုံးဖြတ်ချက် ချလိုက်၏။တမင်သက်သက် အကွဲစတွေကို ခြေထောက်နဲ့ တက်နင်းတာ..။
"အ..."
"ဟယ် သားရယ် ခြေထောက်ကို စူးကုန်ပြီ..ဟေ့လာကြအုံး..ဒါတွေ လာရှင်းအောင်..သား..လာ..ဒီမှာထိုင်လိုက်..."
စိုးရိမ်တကြီး ပြေးလွှားကာ ရောက်လာသူက ထင်ထားသလို အမေတော့ မဟုတ်ခဲ့ပါ။သူ့ရဲ့ အိမ်ထိန်းဒေါ်ကြီး...။
"ရတယ်..ဒေါ်ကြီး..ဘာမှမဖြစ်ဘူး..."
"သွေးတွေး ထွက်နေပြီလေ သားရယ်...နေအုံး ဆရာဝန်ခေါ်မှပါ.."
Bright လည်း နာကျင်တဲ့ ဒဏ်ကို ကြိတ်မှိတ်ခံပြီး သူ့အမေကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။သူ့အမေက တစ်ချက်သာ လှည့်ကြည့်ပြီး ဘာမှလည်း ဝင်မပြော..လာလည်း မကြည့်။
"တောက်..!!!.."
"တော်တော်နာနေလားသားရယ်..ဒေါ်ကြီးလိုသွားတာ သိမ်းလိုက်ရမှာကို..."
"ဒေါ်ကြီးလိုတာ မဟုတ်ဘူး..အဓိက,က အဖေနဲ့ အမေ... အဖေနဲ့ အမေ နေ့တိုင်း ရန်ဖြစ်မယ်ဆို ဘာလို့ ယူထားကြသေးလဲ...ဘာလို့ သားကို မွေးခဲ့သေးလဲ...တာဝန်မယူနိုင်ရင် တစ်ခါတည်း သတ်ပစ်လိုက်ပါလား..."
"သား..အဲ့လိုမပြောရဘူးလေ..."
"Bright ငါသာ တာဝန်မယူဘဲ မင်းကို မမွေးခဲ့ရင် မင်းအခုလိုတောင် ငါ့ကို ပြန်အော်နေနိုင်မှာ မဟုတ်ဘူး..အခုက ဘာလဲ ခြေထောက်စူးသွားလို့ စိတ်ဆိုးတာလား..."
"...."
"နောက် ကြီးလာရင် ဒီထက်ဆိုးတာတွေတောင် ကြုံလာနိုင်တယ်...ဒီလောက်လေးကို ဘာဖြစ်နေတာလဲ..."
"အမေ..."
"ဒေါ်ကြီး ဆရာဝန်ခေါ်ပြီး ဆေးထည့်ပေးလိုက်... သောင်းကျန်းနေရင် အခန်းတံခါးပိတ်ပြီး ထားလိုက်..."
အမေက ပြောပြီး ထထွက်သွား၏။ သူအော်မိတာ မှားလား မှန်လား မဆုံးဖြတ်နိုင်တော့။စူးသွားတဲ့ နေရာက ပိုနာကျင်လာသလိုလို။ဒီလိုမျိုး ခံစားချက်ကြီးကိုတော့ Bright တစ်ကယ်ဘဲ မုန်း၏။
*စာလုံးပေါင်း မစစ်ထားဘူး...ဖတ်ရတာ အဆင်ပြေပါရဲ့လား ပြောသွားကြပါအုံး...*
15.3.2022
Mirella
Zawgyi
"ဟုတ်ကဲ့..."
"ကဲ သားတို့ ထိုင်ကြ..."
"ဟုတ်ကဲ့ Phi..."
"ဟုတ်ကဲ့..."
"ဟုတ်ကဲ့ မေမေကြီး..."
****
"ဟင်..ဘာ..မှမဖြစ်ပါဘူး..."
"ဟမ်း..Win ကို..."
"Win ကို ...ဘာလုပ်မို့လဲ..."
"ဘာလို့လဲ Foei ရ...."
"ဟိုကောင်တွေ..မုန့်ဈေးတန်း သွားမယ်..."
"Metawin..."
"အင်း..."
"ဘာလို့လို့ ထင်လဲ..."
"ဒီမှာ ဘာတွေရတာလဲ..."
"ဘာစားကြမှာလဲ..."
"အအေးဘဲ..."
"အသုပ်တစ်ပွဲရော..."
"Mike..."
"ဟင်!!...အင်း.."
"ဘာ..ဘာကိုလဲ..."
"Gun Smile ကရော..."
"Mike အတိုင်းဘဲ..."
"ဘာလို့လည်း Bright..."
"ရော့.."
"အင်း..."
"Bright မင်းနော်..."
"ဟား...ဒီကောင်..."
"ငါသိပါတယ် Metawin ရဲ့..."
"အေးပါကွာ..."
****
"ခွမ်း..."
"..."
"ဟာ..ဒီမိန်းမ..တောက်..."
"ဟင်း!! "
"အ..."
"တောက်..!!!.."
"...."
"အမေ..."
15.3.2022
Mirella