Always With You (Completed)

By Mirella_vc

30.6K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-7
AWY-8
AWY-9
AWY-10
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Final
AWY-Extra

AWY-6

630 42 4
By Mirella_vc

Bright က ကျောင်းအနောက်ဘက်မှာ ပြိုင်ကြဖို့ ချိန်းတော့ Win အနည်းငယ် အံသြသွားပေမယ့် မြန်မြန်ဆန်ဆန်ဘဲ  လက်ခံလိုက်၏။သူတို့အဖွဲ့က လွဲပြီး ကျောင်းအနောက်ဘက်ကို ဘယ်သူ့မှ ရောက်မလာဖို့လည်း အထူးဂရုစိုက်ရသေး၏။Foei က ကြားထဲက စဥ်းစားနေမိ၏။သူတို့တကယ်ဘဲ Win ရဲ့ အင်အားကို လိုအပ်တာလား..Bright ကရော ဘာလို့ Win နဲ့ ပူးပေါင်းဖို့ တက်ကြွနေရတာလဲ..Win နဲ့ မပူးပေါင်းရင်ရော သူတို့ ဘာဖြစ်သွားမလဲ...သူတို့ချည်းဘဲရော ဟိုလူတွေကို မနိုင်နိုင်ဘူးလား စသဖြင့် စဥ်းစားရင်း သက်ပျင်းတွေချမိတော့ Bright က ရိပ်မိသည် ထင်၏။

"Foei မင်း ဘာတွေ စဥ်းစားနေလဲ ဆိုတာ ငါသိတယ်...ဒီတစ်ခါတော့ အများကြီး မတွေးဘဲ ငါ့ကို ယုံပေး..."

"မဟုတ်ဘူး Bright...တကယ်လို့ Win က ငါတို့နဲ့ ပူးပေါင်းတယ် ထားအုံး...အဲ့ပွဲကို သူက လိုက်ပါ့မလား..ငါတို့ကို ကူချပေးပါ့မလား..."

"ဟုတ်ပြီ.....ငါ့ကို ယုံ ဟုတ်ပြီလား...Bright Vachirawit က အမြဲတမ်း အဆင်ပြေအောင်ဘဲ လုပ်တယ်ဆိုတာ သိတယ်မှတ်လား..."

"အင်း.. သိတယ်...ကြိုးစားနော် Bright..."

"Ok..."

သူတို့ ကျောင်းအနောက်ဘက်မှာ စောင့်နေပြီး ခဏအကြာမှာ Win တို့အဖွဲ့ ရောက်ရှိလာ၏။ ကျန်တဲ့နှစ်ယောက်ကတော့ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားပြီး Win ကတော့ ထုံးစံအတိုင်း အပေါ်ထပ် အသားရောင်လေးကို ထပ်ဝတ်ထား၏။

"ကဲ နေရာယူ..မြန်မြန် ပွဲပြီးအောင် လုပ်ကြရအောင်..."

"မင်း သေချာပြီလား Bright..."

"အင်း..."

Win က မျက်မှန်ချွတ်ရင်း Bright ရဲ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း မေးလာတော့ "အင်း" တစ်လုံးဘဲ ပြန်ဖြေ၏။Win အနေနဲ့ ဒီကိစ္စက အဓိပ္ပါယ် မရှိဘူးလို့ တွေးနေပေမယ့် သူ ပြောပြီးသား အရာမို့ လက်ခံလိုက်၏။နှစ်ယောက်သား မျက်နှာချင်းဆိုင် နေရာယူလိုက်ကြပြီး Foei ကတော့ ကြီးကြပ်သူအဖြစ် ဦးဆောင်ကာ ပွဲကို စ၏။ကျန်တဲ့ သူတွေကတော့ မလှမ်းမကန်းကဘဲ ရပ်ကြည့်နေကြ၏။

"ကဲ...စ..."

အစထဲက Win က မညှာဘဲ စတင်တိုက်ခိုက်၏။ တရက်ဆက် ကျလာတဲ့ Win ရဲ့ ထိုးချက်တွေကို Bright ရအောင် ရှောင်၏။Win က ငယ်ငယ်လေးနဲ့ အကုန်တတ်ကျွမ်းနေပြီး Brightက စာအုပ်ထဲက လေ့လာထားတာရယ် သင်တန်းကလည်း (3)ရက်ဘဲ တက်ရသေး၏။

"ပြန်ထိုးလေ Bright...ဘာလို့ ရှောင်ဘဲ ရှောင်နေတာလဲ..."

"Win ရေ ကြိုးစားထား..ချ...ချ..."

နောက်က အားပေးသံတွေက ဆူညံလာ၏။Bright က ပြန်မထိုးဘဲ ရှောင်တိမ်းနေဆဲ...။Win က အရင်တုန်းကတော့ အလျော့ပေးဖို့ တွေးထားပေမယ့် Bright ရဲ့ လက်ရည်ကိုလည်း သိချင်သေးတာကြောင့် တမင် ဖိထိုးနေတာ ဖြစ်၏။ Win ရဲ့ ထိုးချက်တွေ စိပ်လာတဲ့ အချိန်မှာတော့ Bright မကာနိုင်တော့...Win ရဲ့ လက်သီးတစ်ချက်က မေးဖျားကို လာထိမိပြီး နောက်ကိုပါ ခြေနှစ်လှမ်းလောက် ယိုင်သွား၏။ ဒီအဖြူကောင်သေးသေးလေးက ဘာလို့အဲ့လောက်တောင် အားပြင်းရတာလဲ...။

"ချစမ်းပါ Bright မင်းအစွမ်းကို ပြလိုက်စမ်းပါ..." သူငယ်ချင်းတွေရဲ့ အားပေးသံ။

"ဘယ်လိုလဲ Bright Vachirawit မင်းအစွမ်း ဒါအကုန်ဘဲလား..."

Metawin ရဲ့ နှုတ်ခမ်းတွန့်ရုံပြုံးပြီး လှောင်မေးလာတဲ့အချိန်...။Bright အားအင်တွေ စုပြီး Win ကို ဆွဲချုပ်ပစ်လိုက်တဲ့အခါမှာတော့ Win က သူ့လက်ထဲက ရုန်းထွက်တဲ့အချိန် နှစ်ယောက်သား မြေပြင်ပေါ်သို့ လုံးထွေးကာ ကျ၏။

"အာ့..."

လဲပြိုသံနဲ့အတူ Win ရဲ့ ညည်းသံသဲ့သဲ့။Win က Bright ရဲ့ ကိုယ်လုံးအောက် ရောက်နေပြီး တက်ဖိထားသလိုမျိုး ဖြစ်နေ၏။

"ချ...ချ..ထိုး..ထိုး..."

သူငယ်ချင်းတွေရဲ့ အားပေးသံအဆုံးမှာ အယောင်ယောင်အမှားမှားဖြင့် Win ကို ဖိထားရင်း မျက်နှာရှေ့မှာ လက်သီး ရွယ်ထားလိုက်မိ၏။သူလက်သီးနဲ့ တစ်လက်မလောက်ဘဲ ကွာတော့တဲ့ အကွာအဝေးတစ်ခု Win က မျက်နှာလေးမဲ့က မျက်လုံးလေးတွေ အတင်းမှိတ်သွား၏။ရုတ်တရက်ကြီး ပါးပြင်ဖြူဖြူနုနုလေးကို ဒဏ်ရာရသွားမှာ စိုးရိမ်သလို မထိုးရက်သလို ခံစားချက်တွေ ဝင်လာ၏။ လက်သီးရွယ်ထားရင်း Win မျက်နှာကိုဘဲ စိုက်ကြည့်နေမိ၏

"Hey...Bright..."

"ဟာ....Win..." သူငယ်ချင်းတွေကတော့ Win အထိုးခံရပြီ ဆိုပြီး တအံ့တသြအသံတွေ ထွက်လာ၏။

"ဟာကွာ...ထ..."

Bright မချင့်မရဲ အော်ရင်း Win ကို ဆွဲထူလိုက်မိ၏။နှစ်ယောက်လုံး ပြိုင်တူရပ်မိချိန်မှာတော့ Bright ရဲ့ မျက်နှာပေါ်ကို လက်သီးတစ်ချက် ကျရောက်လာ၏။

"မင်း..."

"ထိုးဖို့ အခွင့်အရေးရရဲ့သားနဲ့ မထိုးတဲ့ မင်းကို အပြစ်ပေးတာ..."

"...."

"အခွင့်အရေးဆိုတာ နှစ်ခါမရဘူး Bright အထူးသဖြင့် ငါ့ဆီက ပြီးတော့ ငါ့မို့လို့ဆိုပြီး ညှာစရာမလိုဘူး..."

Bright နာနေတဲ့ ပါးကို ဖိကာ Win ကို တစ်ခွန်းထဲ ပြန်ပြောလိုက်၏။

"မင်းမို့လို့ တဲ့...."

Win က ခေါင်းတစ်ချက်ခါရင်း Bright ရဲ့ ပုခုံးကို ပုတ်ကာ နှုတ်ဆက်ရင်း ထွက်ခွာသွား၏။ သူကတော့ ငူငူကြီး ရပ်မိနေတုန်း...။

"ပွဲက ဘာဖြစ်သွားတာလဲ..."

"ပြီးပြီလေ...Bright နိုင်တယ်လို့ဘဲ သဘောထားရမှာပေါ့..."

"နေစမ်းပါအုံး..မင်းက ဘာလို့ မထိုးတာလဲ..Bright..."

"ငါ...ငါ..."

တစ်ယောက်တစ်ပေါက် မေးသံတွေကြား သူဘာပြန်ဖြေရမလဲ တကယ်မသိ။ပါးပြင်ဖြူဖြူဖွေးဖွေးလေး ဒဏ်ရာရသွားမှာ စိုးလို့လို့ ဖြေလိုက်ရင် သူတို့ ဘာပြန်ပြောနိုင်လဲ စဥ်းစားနေမိ၏။ ထိုအခါ Foei က သူ့ ပုခုံးကို လာဖက်ရင်း

"ကဲ..မေးမနေနဲ့တော့...ပြန်ကြရအောင် တစ်ယောက် ယောက် ရောက်လာရင် မကောင်းဘူး..."

"အာ့ဆိုလည်း သွားကြမယ်..."

"Bright ပြန်မယ်..." စိတ်နဲ့ ကိုယ်နဲ့ မကပ်တဲ့ သူငယ်ချင်းဖြစ်သူ Bright ကို Foei ကိုယ်တိုင်ဘဲ ဆွဲခေါ်လာရတော့၏ နောက် ဒီလိုမဖြစ်အောင် ပြောထားအုံးမှပါ..Bright ဘာလို့ အဲ့လောက်ထိ အာရုံမစိုက်နိုင် ဖြစ်သွားရတာလဲ...။

*****

"မင်း ငါ့ကို ဘာလို့ မထိုးတာလဲ Bright..."

"မသိဘူး..."

"မင်းစိတ်ထဲ ရှိတဲ့အတိုင်း ဖြေ..."

"ဟို မင်းအသားက နုနုလေးလေ ဒဏ်ရာ ရသွားမှာစိုးလို့..ပြီးတော့ ငါ့ကြောင့်ဆိုတာကြီး မဖြစ်ချင်ဘူး..."

"မင်းကတော့..."

ည အိပ်ကာနီးတိုင်း ဖုန်းပြောလေ့ရှိတာကြောင့် ဖုန်းပြောရင်း မေးနေခြင်း ဖြစ်၏။ကိုယ်ပိုင်လက်ကိုင်ဖုန်းမဟုတ်တော့ အိမ်ဖုန်းကို အိပ်ယာဘေးချကာ ပြောနေကြခြင်း။

"ဟုတ်ပြီ...မင်း ဘယ်လိုဖြစ်စေချင်လဲ ပွင့်ပွင့်လင်းလင်း ပြော..ဒီနေ့ပွဲကို မင်းနိုင်တယ်ဘဲ သဘောထား..."

"အင်း..."

Win ကမေးလာတာကြောင့် Bright က အ​ကြောင်းအရင်း အပြည့်အစုံကို ပြောပြမိ၏။ Win က ငြိမ်ငြိမ်သက်သက် နားထောင်နေ၏

"အဲ့တော့ အယောက် (၂၀) ပြည့်ပြီလား..."

"အင်း ပြည့်လောက်မှာပါ..."

"ချိန်းပွဲနေ့ကို ငါ့ကို ကြိုပြောလေ...ပြင်စရာရှိတာ ပြင်ထားရအောင်လို့...."

"အင်း...ဒါနဲ့ Win...ငါတို့အဖွဲ့ကို နာမည်ဘယ်လိုပေးချင်လဲ..."

"ဟင်..အဲ့ဒါက ဂိုဏ်းထောင်တော့မှ ပေးမှာ မဟုတ်ဘူးလား..."

"လောလောဆယ် အဖွဲ့နာမည် ရှိသင့်တယ်လေကွာ..."

"အင်း..Dragons ဆိုရင်ရော ငါ Dragon တွေကို ကြိုက်တယ်..."

"အင်း..မိုက်သားဘဲ...အဲ့ဒါဆို ငါတို့အားလုံးက Dragons အဖွဲ့သားတွေပေါ့...."

"အင်း..."

"Yes, မနက်ကျရင် ဟိုကောင်တွေကို ပြောပြလိုက်မယ်..."

"အင်း.."

Win က ခဏကြာတော့ နှုတ်ဆက်ကာ ဖုန်းချသွား၏။ဒီချိန်းပွဲမှာ နိုင်ရင် မင်း ဆီက တောင်းဆိုစရာ ရှိတယ်တဲ့လေ..။ ဘာတွေ တောင်းဆိုမှာလဲ ဆိုတာ အခုထဲက သိချင်နေမိ၏။ချိန်းပွဲက နောက်လ ပထမအပတ်ထဲမှာမို့ သူတို့ စာမေးပွဲ ဖြေပြီးတာနဲ့ ဟိုကောင်တွေနဲ့ သွားချရမှာ ဖြစ်၏။

*****

"လူကြီး..."

"ဟင်...ဟိုအသေးလေး ဘယ်လိုရောက်လာတာလဲ..."

Mike တစ်ယောက် ဂေဟာမှာ ကျောင်းပိတ်ရက်မို့ အဝတ်တွေ လျှော်နေတုန်း လူကြီး ဆိုတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ ဟိုအသေးလေး..။သူ့ကို လူကြီး လို့ခေါ်တာလည်း ထိုအသေးလေး တစ်ယောက်ဘဲ ရှိ၏။

"ဦးငယ်နဲ့ လိုက်လာတာ...ဦးငယ်က ဒီမှာ လက်ဝှေ့ လာသင်ပေးနေတာလေ..."

"ဟာ..ဆရာMin က အသေးလေးရဲ့ ဦးငယ်လား..."

"Kha..."

"သွား သွားနားလေ...ဒီနေ့ ငါတို့ အတန်းချိန် မပါဘူး.."

"Top Tap ကူပေးရအုံးမလား..."

"သွားပါ အသေးလေးရယ်...ငါ့ဘာသာ လုပ်ပါ့မယ်..."

ရေစိုကုန်မှာစိုး၍ အတင်းသွားခိုင်းနေတာကို ပေကပ်ကပ်နဲ့ သူ့ကို လှည့်ကြည့် လှည့်ကြည့် လုပ်နေသေး၏။Mike လည်း လက်ဖြင့် ဝေ့ယမ်းကာ မြန်မြန်သွားဆိုတဲ့ ပုံစံလုပ်ပြတော့ ခေါင်းလေးငြိမ့်ပြီး ထွက်သွား၏။အဝတ်လျှော်ရတဲ့ နေရာက ဂေဟာနဲ့ သိပ်မဝေးပေမယ့် Mike တို့လို့ အရွယ်တွေဘဲ လာလို့ အဆင်ပြေတဲ့ နေရာမျိုး ဖြစ်၏ကလေးငယ်တွေကို လာခွင့်မပေးထား။မြွေ၊ ကင်း အန္တရာယ် ကြောက်ရလို့ ဖြစ်၏။ ရေချိုးဖို့ကိုတော့ ဂေဟာထဲမှာဘဲ စီစဥ်ထားတာမို့ ပူစရာတော့ မလို။ဒီနေ့မှ Gun Smile က ဆပ်ပြါမှုန့်သွားဝယ်ခိုင်းတာ ပြန်မလာတော့။မဟုတ်ရင် ဘယ်လိုရောက်လာမှန်း မသိတဲ့ ဟိုကလေးကို သွားပြန်ပို့ခိုင်းလို့ ရတာကို...။

"အား...လူကြီး..."

"ဟင်..." အဝတ်ညှစ်ကာ တွေးနေတုန်း အော်သံကြားလိုက်တာမို့ ပစ်ချခဲ့ရင်း အသေးလေးဆီ ပြေးရ၏။သူရောက်သွားတော့ မြေကြီးထဲမှာ ငုတ်တုတ်ထိုင်ရင်း အော်ငိုနေတော့၏။

"ဘာဖြစ်တာလဲ...အသေးလေး..."

"လူကြီး....မြွေ...မြွေ...."

"ဘယ်မှာလဲ...ဘယ်ကို ကိုက်သွားတာလဲ...ပြစမ်း..."

"ဒီမှာ..ဟင့်..အီးဟီး..."

ကြည့်လိုက်မိတော့ ခြေသလုံးမှာ ကိုက်ရာ နှစ်ခု။အသေးလေးက ကြောက်လန့်ပြီး အော်ငိုတော့၏။

"မငိုနဲ့..မငိုနဲ့...ဘာမှ မဖြစ်ဘူး..."

"Mike ဘာဖြစ်တာလဲ..."

"Gun Smile ရေ မြန်မြန်လာပါဟ ဒီကလေးကို မြွေကိုက်သွားလို့..."

"ဟင်..ဘာမြွေလဲ တွေ့လိုက်လား..."

"သိဘူး...Top Tap ကြောက်တယ်....လူကြီး ကယ်ပါအုံး..."

"အင်း...မကြောက်နဲ့ Gun Smile စည်းဖို့ တစ်ခုခုရှာပေး..."

"အေး..."

Gun Smile လည်း ဆပ်ပြါမှုန့်ထုတ်တွေ ဘယ်နားထားခဲ့မိမှန်း မသိတော့...။အနီးနား ပတ်ဝန်းကျင်ကို ကြည့်မိတော့ အဝတ်လှန်းဖို့ လုပ်ထားတဲ့ ပလတ်စတစ် ကြိုးတန်း။ခပ်မြနိမြန် ဖြုတ်ချပစ်လိုက်တော့ Mike လျှော်ပြီး လှန်းထားသမျှက မြေကြီးထဲ အကုန်ရောက်ကုန်၏။ ပြန်သိမ်းမနေအားဘဲ Mike ဆီ ကြိုးကို လှမ်းပစ်ပေးလိုက်၏။Mike က ထိုကလေးရဲ့ မြွေကိုက်ရာရှိတဲ့ ခြေထောက်ကို ကိုက်ရာ အပေါ်နားကနေ ကြိုးဖြင့် စည်းလိုက်ပြီး အပေါက်ရာကနေ အဆိပ်တွေကို ပြန်ညှစ်ထုတ်နေ၏။

"အသေးလေး...သတိထားနော်...ဘာမှမဖြစ်ဘူး..ကြားလား...."

"အဟင့်..Top Tap သေရတော့မှာလား..."

"ဘာမှမဖြစ်ဘူး...Gun Smile သွား...လူကြီးတွေကို သွားပြော ဆရာဝန် အဆင်သင့်လုပ်ထားလို့ ဒီကလေး ငါခေါ်လာခဲ့မယ်..."

"အေး...သားကြီး..."

Gun Smile ပြေးထွက်သွားပြီးတဲ့နောက် အသေးလေးရဲ့ ကိုက်ရာကို ကြည့်မိတော့ အဆိပ်သိပ်မပြင်းပေမယ့် အဆိပ်တက်လာတဲ့ ပုံပေါ်တာကြောင့် ကြိုးကို ထပ်တင်းလိုက်ရင်း အသေးလေးရဲ့ ခြေထောက်က ကိုက်ရာကို သူ့ပါးစပ်ဖြင့် အဆိပ်တွေကို စုပ်ထုတ်ပေးလိုက်မိ၏

"အဟင့် လူကြီး..."

"ပြွတ်စ်...ထွီ...."

စုပ်လိုက် ထွေးထုတ်လိုက် လုပ်လိုက်တော့ မျက်နှာလေး သွေးရောင်ပြန်လွှမ်းလာသလို...။

"လူကြိး မလုပ်နဲ့တော့..."

"သွားမယ်..."

ပြောရင်း အသေးလေးကို ပွေ့ချီကာ ပြေးရပြန်၏။လမ်းတဝက်အရောက်မှာ စိုးရိမ်တကြီး ပြေးလာတဲ့ လူကြီးတွေနဲ့ သူတို့ရဲ့ လက်ဝှေ့ဆရာ Phi Min ကို တွေ့လိုက်ချိန်မှာတော့ သူစိတ်ချသွားသလို အသေးလေးကို လူကြီးတွေ လက်ထဲ လွှဲပေးပြီးတဲ့ နောက်မှာတော့ သူ့ခေါင်းတွေ ချာလည်ပတ်ရမ်းပြီး လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားရတော့၏။

*******

"မသေကောင်း မပျောက်ကောင်း Mike ရယ်...."

"မသေလို့ ပြန်ရှင်လာတာပေါ့...ငါက အဲ့လောက်နဲ့ မသေဘူး..."

"အေး ပြန်ရှင်လာတော့ ပြောအားရှိတာပေါ့...ပြန်ရှင်လာအုံးမှ မဟုတ်ရင် အသေးလေးက နေ့တိုင်းလာငိုနေတာ နားတွေ ညီးလှပြီ..."

"အေးပါကွာ...ငါသတိမေ့တာ...ဘယ်လောက်ရှိသွားပြီလဲ..."

"ဒီနေ့နဲ့ဆို သုံးရက်...ဟိုအသေးလေးက တော်သွားသေးတယ်..သူ့ဆီမှာ အဆိပ်တွေကုန်သွားလို့..မင်းက ရူးနေတာလား ဟ...ပါးစပ်နဲ့ စုပ်ထုတ်ရအောင်..."

"ငါမလုပ်လိုက်ရင် အဲ့ကလေး သေနေလောက်ပြီ သိရဲ့လား... "

"ဟုတ်တယ် သား Gun Smile...Mike လုပ်လိုက်တာ မှန်သွားလို့ မဟုတ်ရင် ဆရာ့တူလေးကို ဆုံးရှုံးရတော့မှာ..."

"ဆာဝါဒီခပ်...Phi Min..."

"ဆာဝါဒီခပ်...ဘယ်လိုနေသေးလဲ Mike..."

"သက်သာပါတယ် Phi Min ဒါနဲ့ အသေးလေးရော..."

"Top Tap ကို နောက်နေ့မှ ခေါ်လာခဲ့တော့မယ် အခုတောင် လူကြီးဆီသွားမယ်...လူကြီးနဲ့ဘဲ နေမယ် လုပ်နေတာ..."

"ကျောင်းဖွင့်တယ် မဟုတ်ဘူးလား...ဒီနေ့က..."

"အင်း..မတက်ခိုင်းသေးတာ Mike ရေ လန့်တဲ့အရှိန် မပြေသေးလို့..."

"ဟုတ်ကဲ့ဗျ...."

လက်ဝှေ့ဆရာ Phi Min ကတော့ သူတို့နှစ်ယောက်ကို ကျေးဇူးအထပ်ထပ်တင်ရင်း ဂေဟာက လူကြီးတွေနဲ့ တိုင်ပင်ထားတဲ့ ကိစ္စရှိကြောင်း၊ မကြာခင် ပြောပြလိမ့်ဟု ပြောကာ ပြန်သွား၏။Mike တို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကျန်နေခဲ့၏။ ညနေဘက်ကျတော့ Bright တို့ ရောက်ချလာပြီး Win တို့ သုံးယောက်ပါ ပါလာ၏။Win ပါ ရောက်လာ၍ သူတို့မှာ အထူးအဆန်း ဖြစ်ရသေး၏။သူ့အခြေအနေကို မေးပြီး Foei က စာတွေ ကူးထားပေးကြောင်း စာအုပ်တွေ ပေးထားခဲ့၏။Mike အတွက် ဝယ်လာတဲ့ မုန့်တွေကို စကားပြောရင်း သူတို့ဘာသာ ဖောက်စားကာ ပြန်သွားကြတော့၏။ Mike မှာလည်း သူ့ရဲ့ Dragon အဖွဲ့သားတွေကို ကြည့်ရင်း အံ့သြနေမိတော့၏။

****

"ဒီမှာ လူကြီးအတွက်..."

အသေးလေးက အစောကြီးရောက်လာပြီး သူ့လက်ထဲကို နှင်းဆီအဖြူရောင်တွေ ပွင့်နေတဲ့ ပန်းအိုးသေးသေးလေးကို သူ့လက်ထဲ လာထည့်၏။

"အင်း...ကျေးဇူးဘဲနော်...ဒီနေ့ကျောင်းသွားမှာလား..."

Mike က ပြောရင်း နှင်းဆီဖြူအိုးကို ယူကာ သူ့ခေါင်းရင်းနား ထားလိုက်၏။နှုတ်ခမ်းတွေကလည်း ပြုံးလို့နေ၏။

"Kha...လူကြီးတို့နဲ့ အတူတူသွားမို့ လာစောင့်တာ..."

"ဟုတ်လား..အသေးလေးက ဘယ်သူနဲ့ လာတာလဲ..."

"ဦးငယ်နဲ့လေ...အပြင်မှာ စကားပြောနေတယ်..."

"ဟုတ်ပြီ ဒီမှာ ခဏထိုင်နေအုံး..အဝတ်အစားလဲအုံးမယ်..Gun Smile ရေ ပြီးပြီလား.."

"အေး...ပြီးတော့မယ်..." အိမ်သာတက်နေတဲ့ သူငယ်ချင်း ဖြစ်သူကိုလည်း လှမ်းအော်ရသေး၏။ အားနည်းနေသေးပေမယ့် စာမေးပွဲရှိသေးတာကြောင့် ကျောင်းသွားရအုံးမည်။မသွားလို့ကလည်း မရ။လာထိုင်စောင့်တဲ့သူက ရောက်နေပြီ ဖြစ်၏

"လူကြီး..."

"ပြော..."

"Top Tap တို့နဲ့ အတူလိုက်နေမှာလား.ဟင်..."

"ဘာလို့လဲ..."

"ဦးငယ်က ပြောတယ်...လူကြီးတို့နှစ်ယောက်လုံး Top Tap နဲ့ အတူနေရတော့မှာ..."

"ဟုတ်လား..." ဆရာက ကလေး စိတ်ချမ်းသာအောင် လှည့်ပတ်ပြောထားပုံရ၏။ သူတို့နှစ်ယောက်လုံး အတူလိုက်နေဖို့က ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်။ Gun Smile ကလည်း ကြားသည်ထင်၏ သူ့ကို လှည့်ကြည့်လာတော့ ပုခုံးဘဲ တွန့်ပြလိုက်မိ၏။

"Phi တို့ လာနေရင် Top Tap က ပျော်မှာလား..."

"ပျော်မှာပေါ့..."

အသေးလေးက တစ်နှစ်ဘဲ ငယ်ပေမယ့် တကယ့်ကလေးလို။Gun Smile ရဲ့ အမေးကို အပြုံးတွေ တောက်တောက်ပပနဲ့ ပြန်ဖြေ၏။ သူ့ဦးငယ်ကလည်း ကလေးလိုထားပြီး တော်တော်အလိုလိုက်ထားပုံရတော့ ကလေးလိုမျိုး ဖြစ်နေ၏။ ထိုကလေးကို ကြည့်ရင်း Mike တို့နှစ်ယောက်လည်း မရည်ရွယ်ဘဲ သက်ပြင်းတွေ ချမိတော့၏။

*စောင့်နေတဲ့သူတွေကို အားနာလိုက်တာ ဒါနဲ့ Yours Extra ထပ်ရေးရမလားဟင်!! စာလုံးပေါင်းတွေလည်း မစစ်ထားဘူးနော် 😁 *

12.3.2022
Mirella

Zawgyi

Bright က ေက်ာင္းအေနာက္ဘက္မွာ ၿပိဳင္ၾကဖို႔ ခ်ိန္းေတာ့ Win အနည္းငယ္ အံၾသသြားေပမယ့္ ျမန္ျမန္ဆန္ဆန္ဘဲ  လက္ခံလိုက္၏။သူတို႔အဖြဲ႕က လြဲၿပီး ေက်ာင္းအေနာက္ဘက္ကို ဘယ္သူ႕မွ ေရာက္မလာဖို႔လည္း အထူးဂ႐ုစိုက္ရေသး၏။Foei က ၾကားထဲက စဥ္းစားေနမိ၏။သူတို႔တကယ္ဘဲ Win ရဲ႕ အင္အားကို လိုအပ္တာလား..Bright ကေရာ ဘာလို႔ Win နဲ႔ ပူးေပါင္းဖို႔ တက္ႂကြေနရတာလဲ..Win နဲ႔ မပူးေပါင္းရင္ေရာ သူတို႔ ဘာျဖစ္သြားမလဲ...သူတို႔ခ်ည္းဘဲေရာ ဟိုလူေတြကို မႏိုင္ႏိုင္ဘူးလား စသျဖင့္ စဥ္းစားရင္း သက္ပ်င္းေတြခ်မိေတာ့ Bright က ရိပ္မိသည္ ထင္၏။

"Foei မင္း ဘာေတြ စဥ္းစားေနလဲ ဆိုတာ ငါသိတယ္...ဒီတစ္ခါေတာ့ အမ်ားႀကီး မေတြးဘဲ ငါ့ကို ယုံေပး..."

"မဟုတ္ဘူး Bright...တကယ္လို႔ Win က ငါတို႔နဲ႔ ပူးေပါင္းတယ္ ထားအုံး...အဲ့ပြဲကို သူက လိုက္ပါ့မလား..ငါတို႔ကို ကူခ်ေပးပါ့မလား..."

"ဟုတ္ၿပီ.....ငါ့ကို ယုံ ဟုတ္ၿပီလား...Bright Vachirawit က အၿမဲတမ္း အဆင္ေျပေအာင္ဘဲ လုပ္တယ္ဆိုတာ သိတယ္မွတ္လား..."

"အင္း.. သိတယ္...ႀကိဳးစားေနာ္ Bright..."

"Ok..."

သူတို႔ ေက်ာင္းအေနာက္ဘက္မွာ ေစာင့္ေနၿပီး ခဏအၾကာမွာ Win တို႔အဖြဲ႕ ေရာက္႐ွိလာ၏။ က်န္တဲ့ႏွစ္ေယာက္ကေတာ့ ေက်ာင္းဝတ္စုံကို သပ္သပ္ရပ္ရပ္ ဝတ္ထားၿပီး Win ကေတာ့ ထုံးစံအတိုင္း အေပၚထပ္ အသားေရာင္ေလးကို ထပ္ဝတ္ထား၏။

"ကဲ ေနရာယူ..ျမန္ျမန္ ပြဲၿပီးေအာင္ လုပ္ၾကရေအာင္..."

"မင္း ေသခ်ာၿပီလား Bright..."

"အင္း..."

Win က မ်က္မွန္ခြၽတ္ရင္း Bright ရဲ႕ မ်က္လုံးေတြကို တည့္တည့္စိုက္ၾကည့္ရင္း ေမးလာေတာ့ "အင္း" တစ္လုံးဘဲ ျပန္ေျဖ၏။Win အေနနဲ႔ ဒီကိစၥက အဓိပၸါယ္ မ႐ွိဘူးလို႔ ေတြးေနေပမယ့္ သူ ေျပာၿပီးသား အရာမို႔ လက္ခံလိုက္၏။ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ ေနရာယူလိုက္ၾကၿပီး Foei ကေတာ့ ႀကီးၾကပ္သူအျဖစ္ ဦးေဆာင္ကာ ပြဲကို စ၏။က်န္တဲ့ သူေတြကေတာ့ မလွမ္းမကန္းကဘဲ ရပ္ၾကည့္ေနၾက၏။

"ကဲ...စ..."

အစထဲက Win က မညႇာဘဲ စတင္တိုက္ခိုက္၏။ တရက္ဆက္ က်လာတဲ့ Win ရဲ႕ ထိုးခ်က္ေတြကို Bright ရေအာင္ ေ႐ွာင္၏။Win က ငယ္ငယ္ေလးနဲ႔ အကုန္တတ္ကြၽမ္းေနၿပီး Brightက စာအုပ္ထဲက ေလ့လာထားတာရယ္ သင္တန္းကလည္း (3)ရက္ဘဲ တက္ရေသး၏။

"ျပန္ထိုးေလ Bright...ဘာလို႔ ေ႐ွာင္ဘဲ ေ႐ွာင္ေနတာလဲ..."

"Win ေရ ႀကိဳးစားထား..ခ်...ခ်..."

ေနာက္က အားေပးသံေတြက ဆူညံလာ၏။Bright က ျပန္မထိုးဘဲ ေ႐ွာင္တိမ္းေနဆဲ...။Win က အရင္တုန္းကေတာ့ အေလ်ာ့ေပးဖို႔ ေတြးထားေပမယ့္ Bright ရဲ႕ လက္ရည္ကိုလည္း သိခ်င္ေသးတာေၾကာင့္ တမင္ ဖိထိုးေနတာ ျဖစ္၏။ Win ရဲ႕ ထိုးခ်က္ေတြ စိပ္လာတဲ့ အခ်ိန္မွာေတာ့ Bright မကာႏိုင္ေတာ့...Win ရဲ႕ လက္သီးတစ္ခ်က္က ေမးဖ်ားကို လာထိမိၿပီး ေနာက္ကိုပါ ေျခႏွစ္လွမ္းေလာက္ ယိုင္သြား၏။ ဒီအျဖဴေကာင္ေသးေသးေလးက ဘာလို႔အဲ့ေလာက္ေတာင္ အားျပင္းရတာလဲ...။

"ခ်စမ္းပါ Bright မင္းအစြမ္းကို ျပလိုက္စမ္းပါ..." သူငယ္ခ်င္းေတြရဲ႕ အားေပးသံ။

"ဘယ္လိုလဲ Bright Vachirawit မင္းအစြမ္း ဒါအကုန္ဘဲလား..."

Metawin ရဲ႕ ႏႈတ္ခမ္းတြန္႔႐ုံျပဳံးၿပီး ေလွာင္ေမးလာတဲ့အခ်ိန္...။Bright အားအင္ေတြ စုၿပီး Win ကို ဆြဲခ်ဳပ္ပစ္လိုက္တဲ့အခါမွာေတာ့ Win က သူ႕လက္ထဲက ႐ုန္းထြက္တဲ့အခ်ိန္ ႏွစ္ေယာက္သား ေျမျပင္ေပၚသို႔ လုံးေထြးကာ က်၏။

"အာ့..."

လဲၿပိဳသံနဲ႔အတူ Win ရဲ႕ ညည္းသံသဲ့သဲ့။Win က Bright ရဲ႕ ကိုယ္လုံးေအာက္ ေရာက္ေနၿပီး တက္ဖိထားသလိုမ်ိဳး ျဖစ္ေန၏။

"ခ်...ခ်..ထိုး..ထိုး..."

သူငယ္ခ်င္းေတြရဲ႕ အားေပးသံအဆုံးမွာ အေယာင္ေယာင္အမွားမွားျဖင့္ Win ကို ဖိထားရင္း မ်က္ႏွာေ႐ွ႕မွာ လက္သီး ႐ြယ္ထားလိုက္မိ၏။သူလက္သီးနဲ႔ တစ္လက္မေလာက္ဘဲ ကြာေတာ့တဲ့ အကြာအေဝးတစ္ခု Win က မ်က္ႏွာေလးမဲ့က မ်က္လုံးေလးေတြ အတင္းမွိတ္သြား၏။႐ုတ္တရက္ႀကီး ပါးျပင္ျဖဴျဖဴႏုႏုေလးကို ဒဏ္ရာရသြားမွာ စိုးရိမ္သလို မထိုးရက္သလို ခံစားခ်က္ေတြ ဝင္လာ၏။ လက္သီး႐ြယ္ထားရင္း Win မ်က္ႏွာကိုဘဲ စိုက္ၾကည့္ေနမိ၏

"Hey...Bright..."

"ဟာ....Win..." သူငယ္ခ်င္းေတြကေတာ့ Win အထိုးခံရၿပီ ဆိုၿပီး တအံ့တၾသအသံေတြ ထြက္လာ၏။

"ဟာကြာ...ထ..."

Bright မခ်င့္မရဲ ေအာ္ရင္း Win ကို ဆြဲထူလိုက္မိ၏။ႏွစ္ေယာက္လုံး ၿပိဳင္တူရပ္မိခ်ိန္မွာေတာ့ Bright ရဲ႕ မ်က္ႏွာေပၚကို လက္သီးတစ္ခ်က္ က်ေရာက္လာ၏။

"မင္း..."

"ထိုးဖို႔ အခြင့္အေရးရရဲ႕သားနဲ႔ မထိုးတဲ့ မင္းကို အျပစ္ေပးတာ..."

"...."

"အခြင့္အေရးဆိုတာ ႏွစ္ခါမရဘူး Bright အထူးသျဖင့္ ငါ့ဆီက ၿပီးေတာ့ ငါ့မို႔လို႔ဆိုၿပီး ညႇာစရာမလိုဘူး..."

Bright နာေနတဲ့ ပါးကို ဖိကာ Win ကို တစ္ခြန္းထဲ ျပန္ေျပာလိုက္၏။

"မင္းမို႔လို႔ တဲ့...."

Win က ေခါင္းတစ္ခ်က္ခါရင္း Bright ရဲ႕ ပုခုံးကို ပုတ္ကာ ႏႈတ္ဆက္ရင္း ထြက္ခြာသြား၏။ သူကေတာ့ ငူငူႀကီး ရပ္မိေနတုန္း...။

"ပြဲက ဘာျဖစ္သြားတာလဲ..."

"ၿပီးၿပီေလ...Bright ႏိုင္တယ္လို႔ဘဲ သေဘာထားရမွာေပါ့..."

"ေနစမ္းပါအုံး..မင္းက ဘာလို႔ မထိုးတာလဲ..Bright..."

"ငါ...ငါ..."

တစ္ေယာက္တစ္ေပါက္ ေမးသံေတြၾကား သူဘာျပန္ေျဖရမလဲ တကယ္မသိ။ပါးျပင္ျဖဴျဖဴေဖြးေဖြးေလး ဒဏ္ရာရသြားမွာ စိုးလို႔လို႔ ေျဖလိုက္ရင္ သူတို႔ ဘာျပန္ေျပာႏိုင္လဲ စဥ္းစားေနမိ၏။ ထိုအခါ Foei က သူ႕ ပုခုံးကို လာဖက္ရင္း

"ကဲ..ေမးမေနနဲ႔ေတာ့...ျပန္ၾကရေအာင္ တစ္ေယာက္ ေယာက္ ေရာက္လာရင္ မေကာင္းဘူး..."

"အာ့ဆိုလည္း သြားၾကမယ္..."

"Bright ျပန္မယ္..." စိတ္နဲ႔ ကိုယ္နဲ႔ မကပ္တဲ့ သူငယ္ခ်င္းျဖစ္သူ Bright ကို Foei ကိုယ္တိုင္ဘဲ ဆြဲေခၚလာရေတာ့၏ ေနာက္ ဒီလိုမျဖစ္ေအာင္ ေျပာထားအုံးမွပါ..Bright ဘာလို႔ အဲ့ေလာက္ထိ အာ႐ုံမစိုက္ႏိုင္ ျဖစ္သြားရတာလဲ...။

*****

"မင္း ငါ့ကို ဘာလို႔ မထိုးတာလဲ Bright..."

"မသိဘူး..."

"မင္းစိတ္ထဲ ႐ွိတဲ့အတိုင္း ေျဖ..."

"ဟို မင္းအသားက ႏုႏုေလးေလ ဒဏ္ရာ ရသြားမွာစိုးလို႔..ၿပီးေတာ့ ငါ့ေၾကာင့္ဆိုတာႀကီး မျဖစ္ခ်င္ဘူး..."

"မင္းကေတာ့..."

ည အိပ္ကာနီးတိုင္း ဖုန္းေျပာေလ့႐ွိတာေၾကာင့္ ဖုန္းေျပာရင္း ေမးေနျခင္း ျဖစ္၏။ကိုယ္ပိုင္လက္ကိုင္ဖုန္းမဟုတ္ေတာ့ အိမ္ဖုန္းကို အိပ္ယာေဘးခ်ကာ ေျပာေနၾကျခင္း။

"ဟုတ္ၿပီ...မင္း ဘယ္လိုျဖစ္ေစခ်င္လဲ ပြင့္ပြင့္လင္းလင္း ေျပာ..ဒီေန႔ပြဲကို မင္းႏိုင္တယ္ဘဲ သေဘာထား..."

"အင္း..."

Win ကေမးလာတာေၾကာင့္ Bright က အ​ေၾကာင္းအရင္း အျပည့္အစုံကို ေျပာျပမိ၏။ Win က ၿငိမ္ၿငိမ္သက္သက္ နားေထာင္ေန၏

"အဲ့ေတာ့ အေယာက္ (၂၀) ျပည့္ၿပီလား..."

"အင္း ျပည့္ေလာက္မွာပါ..."

"ခ်ိန္းပြဲေန႔ကို ငါ့ကို ႀကိဳေျပာေလ...ျပင္စရာ႐ွိတာ ျပင္ထားရေအာင္လို႔...."

"အင္း...ဒါနဲ႔ Win...ငါတို႔အဖြဲ႕ကို နာမည္ဘယ္လိုေပးခ်င္လဲ..."

"ဟင္..အဲ့ဒါက ဂိုဏ္းေထာင္ေတာ့မွ ေပးမွာ မဟုတ္ဘူးလား..."

"ေလာေလာဆယ္ အဖြဲ႕နာမည္ ႐ွိသင့္တယ္ေလကြာ..."

"အင္း..Dragons ဆိုရင္ေရာ ငါ Dragon ေတြကို ႀကိဳက္တယ္..."

"အင္း..မိုက္သားဘဲ...အဲ့ဒါဆို ငါတို႔အားလုံးက Dragons အဖြဲ႕သားေတြေပါ့...."

"အင္း..."

"Yes, မနက္က်ရင္ ဟိုေကာင္ေတြကို ေျပာျပလိုက္မယ္..."

"အင္း.."

Win က ခဏၾကာေတာ့ ႏႈတ္ဆက္ကာ ဖုန္းခ်သြား၏။ဒီခ်ိန္းပြဲမွာ ႏိုင္ရင္ မင္း ဆီက ေတာင္းဆိုစရာ ႐ွိတယ္တဲ့ေလ..။ ဘာေတြ ေတာင္းဆိုမွာလဲ ဆိုတာ အခုထဲက သိခ်င္ေနမိ၏။ခ်ိန္းပြဲက ေနာက္လ ပထမအပတ္ထဲမွာမို႔ သူတို႔ စာေမးပြဲ ေျဖၿပီးတာနဲ႔ ဟိုေကာင္ေတြနဲ႔ သြားခ်ရမွာ ျဖစ္၏။

*****

"လူႀကီး..."

"ဟင္...ဟိုအေသးေလး ဘယ္လိုေရာက္လာတာလဲ..."

Mike တစ္ေယာက္ ေဂဟာမွာ ေက်ာင္းပိတ္ရက္မို႔ အဝတ္ေတြ ေလွ်ာ္ေနတုန္း လူႀကီး ဆိုတဲ့ အသံေၾကာင့္ လွည့္ၾကည့္မိေတာ့ ဟိုအေသးေလး..။သူ႕ကို လူႀကီး လို႔ေခၚတာလည္း ထိုအေသးေလး တစ္ေယာက္ဘဲ ႐ွိ၏။

"ဦးငယ္နဲ႔ လိုက္လာတာ...ဦးငယ္က ဒီမွာ လက္ေဝွ႔ လာသင္ေပးေနတာေလ..."

"ဟာ..ဆရာMin က အေသးေလးရဲ႕ ဦးငယ္လား..."

"Kha..."

"သြား သြားနားေလ...ဒီေန႔ ငါတို႔ အတန္းခ်ိန္ မပါဘူး.."

"Top Tap ကူေပးရအုံးမလား..."

"သြားပါ အေသးေလးရယ္...ငါ့ဘာသာ လုပ္ပါ့မယ္..."

ေရစိုကုန္မွာစိုး၍ အတင္းသြားခိုင္းေနတာကို ေပကပ္ကပ္နဲ႔ သူ႕ကို လွည့္ၾကည့္ လွည့္ၾကည့္ လုပ္ေနေသး၏။Mike လည္း လက္ျဖင့္ ေဝ့ယမ္းကာ ျမန္ျမန္သြားဆိုတဲ့ ပုံစံလုပ္ျပေတာ့ ေခါင္းေလးၿငိမ့္ၿပီး ထြက္သြား၏။အဝတ္ေလွ်ာ္ရတဲ့ ေနရာက ေဂဟာနဲ႔ သိပ္မေဝးေပမယ့္ Mike တို႔လို႔ အ႐ြယ္ေတြဘဲ လာလို႔ အဆင္ေျပတဲ့ ေနရာမ်ိဳး ျဖစ္၏ကေလးငယ္ေတြကို လာခြင့္မေပးထား။ေႁမြ၊ ကင္း အႏၲရာယ္ ေၾကာက္ရလို႔ ျဖစ္၏။ ေရခ်ိဳးဖို႔ကိုေတာ့ ေဂဟာထဲမွာဘဲ စီစဥ္ထားတာမို႔ ပူစရာေတာ့ မလို။ဒီေန႔မွ Gun Smile က ဆပ္ျပါမႈန္႔သြားဝယ္ခိုင္းတာ ျပန္မလာေတာ့။မဟုတ္ရင္ ဘယ္လိုေရာက္လာမွန္း မသိတဲ့ ဟိုကေလးကို သြားျပန္ပို႔ခိုင္းလို႔ ရတာကို...။

"အား...လူႀကီး..."

"ဟင္..." အဝတ္ညႇစ္ကာ ေတြးေနတုန္း ေအာ္သံၾကားလိုက္တာမို႔ ပစ္ခ်ခဲ့ရင္း အေသးေလးဆီ ေျပးရ၏။သူေရာက္သြားေတာ့ ေျမႀကီးထဲမွာ ငုတ္တုတ္ထိုင္ရင္း ေအာ္ငိုေနေတာ့၏။

"ဘာျဖစ္တာလဲ...အေသးေလး..."

"လူႀကီး....ေႁမြ...ေႁမြ...."

"ဘယ္မွာလဲ...ဘယ္ကို ကိုက္သြားတာလဲ...ျပစမ္း..."

"ဒီမွာ..ဟင့္..အီးဟီး..."

ၾကည့္လိုက္မိေတာ့ ေျခသလုံးမွာ ကိုက္ရာ ႏွစ္ခု။အေသးေလးက ေၾကာက္လန္႔ၿပီး ေအာ္ငိုေတာ့၏။

"မငိုနဲ႔..မငိုနဲ႔...ဘာမွ မျဖစ္ဘူး..."

"Mike ဘာျဖစ္တာလဲ..."

"Gun Smile ေရ ျမန္ျမန္လာပါဟ ဒီကေလးကို ေႁမြကိုက္သြားလို႔..."

"ဟင္..ဘာေႁမြလဲ ေတြ႕လိုက္လား..."

"သိဘူး...Top Tap ေၾကာက္တယ္....လူႀကီး ကယ္ပါအုံး..."

"အင္း...မေၾကာက္နဲ႔ Gun Smile စည္းဖို႔ တစ္ခုခု႐ွာေပး..."

"ေအး..."

Gun Smile လည္း ဆပ္ျပါမႈန္႔ထုတ္ေတြ ဘယ္နားထားခဲ့မိမွန္း မသိေတာ့...။အနီးနား ပတ္ဝန္းက်င္ကို ၾကည့္မိေတာ့ အဝတ္လွန္းဖို႔ လုပ္ထားတဲ့ ပလတ္စတစ္ ႀကိဳးတန္း။ခပ္ျမနိျမန္ ျဖဳတ္ခ်ပစ္လိုက္ေတာ့ Mike ေလွ်ာ္ၿပီး လွန္းထားသမွ်က ေျမႀကီးထဲ အကုန္ေရာက္ကုန္၏။ ျပန္သိမ္းမေနအားဘဲ Mike ဆီ ႀကိဳးကို လွမ္းပစ္ေပးလိုက္၏။Mike က ထိုကေလးရဲ႕ ေႁမြကိုက္ရာ႐ွိတဲ့ ေျခေထာက္ကို ကိုက္ရာ အေပၚနားကေန ႀကိဳးျဖင့္ စည္းလိုက္ၿပီး အေပါက္ရာကေန အဆိပ္ေတြကို ျပန္ညႇစ္ထုတ္ေန၏။

"အေသးေလး...သတိထားေနာ္...ဘာမွမျဖစ္ဘူး..ၾကားလား...."

"အဟင့္..Top Tap ေသရေတာ့မွာလား..."

"ဘာမွမျဖစ္ဘူး...Gun Smile သြား...လူႀကီးေတြကို သြားေျပာ ဆရာဝန္ အဆင္သင့္လုပ္ထားလို႔ ဒီကေလး ငါေခၚလာခဲ့မယ္..."

"ေအး...သားႀကီး..."

Gun Smile ေျပးထြက္သြားၿပီးတဲ့ေနာက္ အေသးေလးရဲ႕ ကိုက္ရာကို ၾကည့္မိေတာ့ အဆိပ္သိပ္မျပင္းေပမယ့္ အဆိပ္တက္လာတဲ့ ပုံေပၚတာေၾကာင့္ ႀကိဳးကို ထပ္တင္းလိုက္ရင္း အေသးေလးရဲ႕ ေျခေထာက္က ကိုက္ရာကို သူ႕ပါးစပ္ျဖင့္ အဆိပ္ေတြကို စုပ္ထုတ္ေပးလိုက္မိ၏

"အဟင့္ လူႀကီး..."

"ႁပြတ္စ္...ထြီ...."

စုပ္လိုက္ ေထြးထုတ္လိုက္ လုပ္လိုက္ေတာ့ မ်က္ႏွာေလး ေသြးေရာင္ျပန္လႊမ္းလာသလို...။

"လူႀကိး မလုပ္နဲ႔ေတာ့..."

"သြားမယ္..."

ေျပာရင္း အေသးေလးကို ေပြ႕ခ်ီကာ ေျပးရျပန္၏။လမ္းတဝက္အေရာက္မွာ စိုးရိမ္တႀကီး ေျပးလာတဲ့ လူႀကီးေတြနဲ႔ သူတို႔ရဲ႕ လက္ေဝွ႔ဆရာ Phi Min ကို ေတြ႕လိုက္ခ်ိန္မွာေတာ့ သူစိတ္ခ်သြားသလို အေသးေလးကို လူႀကီးေတြ လက္ထဲ လႊဲေပးၿပီးတဲ့ ေနာက္မွာေတာ့ သူ႕ေခါင္းေတြ ခ်ာလည္ပတ္ရမ္းၿပီး ေလာကႀကီးနဲ႔ အဆက္အသြယ္ျပတ္သြားရေတာ့၏။

*******

"မေသေကာင္း မေပ်ာက္ေကာင္း Mike ရယ္...."

"မေသလို႔ ျပန္႐ွင္လာတာေပါ့...ငါက အဲ့ေလာက္နဲ႔ မေသဘူး..."

"ေအး ျပန္႐ွင္လာေတာ့ ေျပာအား႐ွိတာေပါ့...ျပန္႐ွင္လာအုံးမွ မဟုတ္ရင္ အေသးေလးက ေန႔တိုင္းလာငိုေနတာ နားေတြ ညီးလွၿပီ..."

"ေအးပါကြာ...ငါသတိေမ့တာ...ဘယ္ေလာက္႐ွိသြားၿပီလဲ..."

"ဒီေန႔နဲ႔ဆို သုံးရက္...ဟိုအေသးေလးက ေတာ္သြားေသးတယ္..သူ႕ဆီမွာ အဆိပ္ေတြကုန္သြားလို႔..မင္းက ႐ူးေနတာလား ဟ...ပါးစပ္နဲ႔ စုပ္ထုတ္ရေအာင္..."

"ငါမလုပ္လိုက္ရင္ အဲ့ကေလး ေသေနေလာက္ၿပီ သိရဲ႕လား... "

"ဟုတ္တယ္ သား Gun Smile...Mike လုပ္လိုက္တာ မွန္သြားလို႔ မဟုတ္ရင္ ဆရာ့တူေလးကို ဆုံး႐ႈံးရေတာ့မွာ..."

"ဆာဝါဒီခပ္...Phi Min..."

"ဆာဝါဒီခပ္...ဘယ္လိုေနေသးလဲ Mike..."

"သက္သာပါတယ္ Phi Min ဒါနဲ႔ အေသးေလးေရာ..."

"Top Tap ကို ေနာက္ေန႔မွ ေခၚလာခဲ့ေတာ့မယ္ အခုေတာင္ လူႀကီးဆီသြားမယ္...လူႀကီးနဲ႔ဘဲ ေနမယ္ လုပ္ေနတာ..."

"ေက်ာင္းဖြင့္တယ္ မဟုတ္ဘူးလား...ဒီေန႔က..."

"အင္း..မတက္ခိုင္းေသးတာ Mike ေရ လန္႔တဲ့အ႐ွိန္ မေျပေသးလို႔..."

"ဟုတ္ကဲ့ဗ်...."

လက္ေဝွ႔ဆရာ Phi Min ကေတာ့ သူတို႔ႏွစ္ေယာက္ကို ေက်းဇူးအထပ္ထပ္တင္ရင္း ေဂဟာက လူႀကီးေတြနဲ႔ တိုင္ပင္ထားတဲ့ ကိစၥ႐ွိေၾကာင္း၊ မၾကာခင္ ေျပာျပလိမ့္ဟု ေျပာကာ ျပန္သြား၏။Mike တို႔ႏွစ္ေယာက္လည္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း က်န္ေနခဲ့၏။ ညေနဘက္က်ေတာ့ Bright တို႔ ေရာက္ခ်လာၿပီး Win တို႔ သုံးေယာက္ပါ ပါလာ၏။Win ပါ ေရာက္လာ၍ သူတို႔မွာ အထူးအဆန္း ျဖစ္ရေသး၏။သူ႕အေျခအေနကို ေမးၿပီး Foei က စာေတြ ကူးထားေပးေၾကာင္း စာအုပ္ေတြ ေပးထားခဲ့၏။Mike အတြက္ ဝယ္လာတဲ့ မုန္႔ေတြကို စကားေျပာရင္း သူတို႔ဘာသာ ေဖာက္စားကာ ျပန္သြားၾကေတာ့၏။ Mike မွာလည္း သူ႕ရဲ႕ Dragon အဖြဲ႕သားေတြကို ၾကည့္ရင္း အံ့ၾသေနမိေတာ့၏။

****

"ဒီမွာ လူႀကီးအတြက္..."

အေသးေလးက အေစာႀကီးေရာက္လာၿပီး သူ႕လက္ထဲကို ႏွင္းဆီအျဖဴေရာင္ေတြ ပြင့္ေနတဲ့ ပန္းအိုးေသးေသးေလးကို သူ႕လက္ထဲ လာထည့္၏။

"အင္း...ေက်းဇူးဘဲေနာ္...ဒီေန႔ေက်ာင္းသြားမွာလား..."

Mike က ေျပာရင္း ႏွင္းဆီျဖဴအိုးကို ယူကာ သူ႕ေခါင္းရင္းနား ထားလိုက္၏။ႏႈတ္ခမ္းေတြကလည္း ျပဳံးလို႔ေန၏။

"Kha...လူႀကီးတို႔နဲ႔ အတူတူသြားမို႔ လာေစာင့္တာ..."

"ဟုတ္လား..အေသးေလးက ဘယ္သူနဲ႔ လာတာလဲ..."

"ဦးငယ္နဲ႔ေလ...အျပင္မွာ စကားေျပာေနတယ္..."

"ဟုတ္ၿပီ ဒီမွာ ခဏထိုင္ေနအုံး..အဝတ္အစားလဲအုံးမယ္..Gun Smile ေရ ၿပီးၿပီလား.."

"ေအး...ၿပီးေတာ့မယ္..." အိမ္သာတက္ေနတဲ့ သူငယ္ခ်င္း ျဖစ္သူကိုလည္း လွမ္းေအာ္ရေသး၏။ အားနည္းေနေသးေပမယ့္ စာေမးပြဲ႐ွိေသးတာေၾကာင့္ ေက်ာင္းသြားရအုံးမည္။မသြားလို႔ကလည္း မရ။လာထိုင္ေစာင့္တဲ့သူက ေရာက္ေနၿပီ ျဖစ္၏

"လူႀကီး..."

"ေျပာ..."

"Top Tap တို႔နဲ႔ အတူလိုက္ေနမွာလား.ဟင္..."

"ဘာလို႔လဲ..."

"ဦးငယ္က ေျပာတယ္...လူႀကီးတို႔ႏွစ္ေယာက္လုံး Top Tap နဲ႔ အတူေနရေတာ့မွာ..."

"ဟုတ္လား..." ဆရာက ကေလး စိတ္ခ်မ္းသာေအာင္ လွည့္ပတ္ေျပာထားပုံရ၏။ သူတို႔ႏွစ္ေယာက္လုံး အတူလိုက္ေနဖို႔က ျဖစ္ႏိုင္တဲ့ ကိစၥမဟုတ္။ Gun Smile ကလည္း ၾကားသည္ထင္၏ သူ႕ကို လွည့္ၾကည့္လာေတာ့ ပုခုံးဘဲ တြန္႔ျပလိုက္မိ၏။

"Phi တို႔ လာေနရင္ Top Tap က ေပ်ာ္မွာလား..."

"ေပ်ာ္မွာေပါ့..."

အေသးေလးက တစ္ႏွစ္ဘဲ ငယ္ေပမယ့္ တကယ့္ကေလးလို။Gun Smile ရဲ႕ အေမးကို အျပဳံးေတြ ေတာက္ေတာက္ပပနဲ႔ ျပန္ေျဖ၏။ သူ႕ဦးငယ္ကလည္း ကေလးလိုထားၿပီး ေတာ္ေတာ္အလိုလိုက္ထားပုံရေတာ့ ကေလးလိုမ်ိဳး ျဖစ္ေန၏။ ထိုကေလးကို ၾကည့္ရင္း Mike တို႔ႏွစ္ေယာက္လည္း မရည္႐ြယ္ဘဲ သက္ျပင္းေတြ ခ်မိေတာ့၏။

*ေစာင့္ေနတဲ့သူေတြကို အားနာလိုက္တာ ဒါနဲ႔ Yours Extra ထပ္ေရးရမလားဟင္!! စာလုံးေပါင္းေတြလည္း မစစ္ထားဘူးေနာ္ 😁 *

12.3.2022
Mirella

Continue Reading

You'll Also Like

4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
84.8K 20.5K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
91.9K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
50.8K 4K 36
ချစ်တယ်ဆိုတာ သူဖြစ်နေလို့ကို ချစ်နေမိတာပဲ။ကိုယ်မကြိုက်တဲ့ အပြုအမူမျိုးတွေ အမူအကျင့်မျိုးတွေ ဘယ်လောက်ပဲရှိပါစေဦး။ချစ်တဲ့မျက်စိနဲ့ကြည့်မိတဲ့ကိုယ့်အဖို...