True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....
တကယ် တိုက်နိုင်တဲ့သူတွေဟာ ကိုယ်ခံပညာနည်းပြဆရာတွေနဲ့ မတူဘူး။
ထို့ကြောင့် Tang Feng သည် Lu Tian chen က သူ့ရှေ့တွင်ရပ်နေသည်ကိုမြင်သောအခါ သူ အနည်းငယ်စိုးရိမ်သွား သော်လည်း Lu Tian chen သည် ခေါက်ယယ်တောင်ကို သုံးပြီး တိုက်ခိုက်နည်းလမ်းအစုံကို ပြသလိုက်သောအခါ သူ ထင်တာ မှားမှန်းသိလိုက်သည် ။ Lu Tian chen သည် သူထင်သည်ထက် စွယ်စုံရသူဖြစ်သည်။
"ဝိုး၊ ကျွန်တော်က ယပ်တောင်ဆိုတာ မိန်းကလေးတွေ အလှဆင်ရုံပဲ သုံးတယ် ထင်ထားတာ။ ယပ်တောင်ကို သုံးပြီး တိုက်တဲ့ ခင်ဗျားရဲ့ တိုက်ခိုက်နည်းတွေက ဒီလောက် ဒီလောက်စမတ်ကျပြီး ကြည့်ကောင်းမယ်လို့ မထင်ခဲ့ဘူး။"
" Tang Feng ရဲ့ တွေးခေါ်ပုံက တခါတလေ အနောက်တိုင်းသားတချို့နဲ့ ဆင်တူတယ်"
Lu Tian chenက ယယ်တောင်နှင့် တိုက်ခိုက်နည်းကို သရုပ်ပြပြီးနောက် အနားကို ရောက်ရှိလာပြီး ခေါက်ယပ်တောင်ကို Tang Feng အား ပေးအပ်လိုက်သည်။ သူက ပြုံးပြီးပြောတယ်။
"မင်းမမျှော်လင့်ထားတဲ့အရာတွေ အများကြီးရှိတယ်။ ငါမင်းကို ဖြည်းဖြည်းချင်း သင်ပေးနိုင်တယ်။ ရုပ်ရှင်ထဲမှာ တကယ့်ရန်ပွဲဆိုတာ မရှိဘူး။ မင်းရဲ့လုပ်ရပ်က လူတွေကို ထိတ်လန့်စေလောက်အောင် ချောမောပြီး လန်းနေသရွေ့တော့ အားလုံးအဆင်ပြေတယ်"
"Heavenly Son" ဇာတ်ကား၏ ဇာတ်ညွှန်း ကို Tang Feng ကြည့်ပြီးပြီဖြစ်သည်။ ထို ဇာတ်ညွှန်းကို နောက်ပိုင်းတွင် ထပ်မံမွမ်းမံရန် လိုအပ်သော်လည်း၊ ဇာတ်ကွက်တစ်ခုလုံးသည် များစွာမပြောင်းလဲသင့်ပေ။
Tang Feng ပါဝင် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို ထျန်းကျစ် ဟုခေါ်သည်။ ဒီဇာတ်ကားထဲမှာ တရုတ်ရိုးရာ လက်နက်မျိုးစုံကို အသုံးပြုထားပါတယ်။ အခြေခံအကျဆုံးသော လက်နက်ကိရိယာမှာ လေးများနှင့်မြှားများအပြင် ဓားရှည်တစ်လက်ဖြစ်ပြီး မျက်စိပသာဒအဖြစ်ဆုံးက ခေါက်ယပ်တောင်ဖြစ်သည်။
ယပ်တောင်သည် ခပ်လိုက်ရင် လေသိပ်မရပေမယ့် ယပ်တောင်ထဲမှာ ဝှက်ထားသော အဆိပ်ပြင်းသော လျှို့ဝှက်လက်နက်ပုံး အဆိပ်အပ်တွေ ပါရှိသည်။
နောက်ဇာတ်ကားက ရတော့ Tang Feng အရမ်းပျော်တယ်။ သူသည် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားတာ လုံးဝမရှိပေ။ တကယ်တော့၊ သူ့ရဲ့အဓိက စီးပွားရေးလုပ်ငန်းက ရုပ်ရှင်ရိုက်ခြင်းသာ ဖြစ်သည်။ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်နေပါက၊ သူ့ဈေးနှုန်းက လျင်မြန်စွာ တက်လာနိုင်ပြီး၊ ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။
မင်း ငွေများများဝင်ချင်တယ်ဆိုရင် လူကြိုက်များပြီး ပေါက်လောက်တဲ့ ဇာတ်ကားထဲ ဝင်ရောက်ရင်းနှီး မြှုပ်နှံနိုင်တယ်။ ဒါပေမယ့် တကယ့် အနှစ်သာရကို ရိုက်ပြတဲ့ လေးနက်တဲ့ ဇာတ်ကားမျိုးနဲ့ ပေါ်ပင် လူကြိုက်များတဲ့ ဇာတ်ကားမျိုးမှာ ဘယ်ဟာကိုရွေးရမလဲဆိုတာ ဒွိဟဖြစ်စရာပါပဲ။
လူနှစ်ဦးသည် ကိုယ်ခံပညာကို လေ့ကျင့်နေကြသောကြောင့် တစ်ခါတစ်ရံတွင် ရင်းနှီးသော ထိတွေ့မှုတွေကြုံရမည်မှာ မလွဲမသွေပင်။
"ယပ်တောင်ကို ဒီနည်းနဲ့ ကိုင်ချင်တယ်ဆိုရင်တော့ တည်ငြိမ်စွာ ကိုင်ထားနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ယပ်တောင်ကို ဖွင့်ရတာ ပိုလွယ်ကူပြီး ပိုကောင်းတယ်။"
Lu Tian chen သည် Tang Feng ၏လက်ကို ကိုင်ထားပြီး ယပ်တောင် ကိုင်နည်း၊ ယပ်တောင်ဖွင့်နည်း နှင့် ယပ်တောင်ကို လှလှပပဖွင့်နည်းတို့ကို သင်ပေးနေသည်။
Tang Feng က Lu Tian chen ပြောတဲ့အတိုင်း တစ်ကြိမ်လောက် စမ်းကြည့်ပေမယ့် ကံမကောင်းစွာပဲ အသံထွက်နေပေမယ့် ယပ်တောင်က တစ်ဝက်တစ်ပျက် ပွင့်နေတာကြောင့် ပြုံးပြီး ပြောလိုက်သည်။
"ကျွန်တော် အကြိမ်အနည်းငယ် လေ့ကျင့်ရဦးမယ်။"
Lu Tian chen သည် Tang Feng ၏နောက်တွင်ရပ်နေပြီး မကြာမီမှာပင် Tang Feng သည် အနည်းငယ်မှားယွင်း နေတာကို ခံစားလိုက်ရသည်။ ဥပမာအားဖြင့်၊ Lu Tian chen သည် တည်ငြိမ်သောလေသံဖြင့် ပြောသောအခါတွင် တစ်စုံတစ်ခုက သူ့အနောက်ဘက် တင်ပါးနေရာကို လာထောက်နေသည်ကို သိလိုက်ရသည်။
Tang Feng သတိပြုမိပြီး သိပ်မကြာခင်မှာပဲ Lu Tian chen ကိုယ်တိုင်လည်း သူတို့ "ချစ်သူဟောင်း" နှစ်ယောက် ခုလို ပူးကပ်နေမိတဲ့အတွက် သူ့ အောက်ပိုင်းက ညီလေးက ထကြွလာတာကို ရှက်စရာကောင်းဖွယ်တွေ့လိုက်ရသည်။
"ဒီနေ့ ဒီလောက်နဲ့ တော်ကြတာပေါ့..."
Lu Tian chen သည် Tang Feng ကို ပြန်သားစွာပြောကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ တကယ်တော့ သူ့ဘောင်းဘီက ချောင်ကျနေပြီး အောက်ပိုင်းက ထောင်မတ်နေတာကို အခြားသူတွေ မမြင်နိုင်ခဲ့ပါဘူး။
Tang Feng က Lu Tian chen ကို ဒီလိုလုပ်ခွင့်ပေးဖို့ အစီအစဉ်မရှိပါဘူး။ သူက အလုပ်က ပထမ ဦးစားပေး ဆိုတဲ့ ပုံစံနဲ့ ပြောလိုက်သည်။
"မစ္စတာလု....ခင်ဗျား ကျွန်တာ့်ကို လူကိုယ်တိုင် သင်ပေးစရာ မလိုဘူး။ ဒါက ကျွန်တော်တို့အတွက် နည်းနည်းရှက်စရာကောင်းပုံပေါက်နေလို့ နောက်ပိုင်း အတူ ဆက်ပြီး လေ့ကျင့်မှုကို လုပ်လို့ မဖြစ်နိုင်တော့ဘူး"
Tang Feng က ပြောလိုက်ပြီး Lu Tian Chen ရဲ့ အရှေ့အလယ်ပိုင်းက မတ်နေတဲ့ နေရာကို တချက် ကြည့်လိုက်သည်။
"အခုစားဖို့အချိန်ရောက်ပြီမို့ ရပ်လိုက်တော့နော်"
Lu Tian chen က Tang Feng ရဲ့လက်ကို ကိုင်ပြီး သူ့ရဲ့ မာနေတဲ့ နေရာကို အသာယာ ဖိလိုက်ပြီး အသံတိုးတိုးနှင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ငါ့ကို အခုယုံနိုင်လား? ငါ့ထက် ကိုယ်ခံပညာ နည်းပြအလုပ်အတွက် ဘယ်သူကမှ ပိုသင့်တော်မှာမဟုတ်ဘူးလို့ ပြောနိုင်တယ်။"
"အိုး... ကျွန်တော် ယုံပါတယ်။ "
Tang Feng က ပြောလိုက်ပြီး သူ့လက်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်တယ်။
"မနက်ဖြန် မနက် ရှစ်နာရီအချိန်မှာ ဒီကိုလာခဲ့မယ်။"
"ကောင်းတယ်။"
Tang Feng က ကန့်ကွက်ခြင်းမရှိပါ။
မထွက်ခွာမီတွင်၊ Tang Feng သည် Lu Tian chen က သူ့ ထကြွနေမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို တွေးနေမိသေးသည်။
Lu Tian chen က လေ့ကျင့်ချိန်တိုင်း အလိုလို တုံ့ပြန်မှု ရှိခဲ့ရင် Lu Tian chen အတွက် အရမ်းခက်ခဲမှာ မဟုတ်ဘူးလား။ မေ့လိုက်ပါတော့.... အဲဒီလူရဲ့ လမ်းညွှန်မှုကို လိုက်နာရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် ခုလို အဖြစ်ကို တစ်ယောက်နဲ့တစ်ယောက် မပြောနိုင်ဘူး။
ညစာအတွက် Tang Feng သည် အရသာရှိသော အစားအစာများကို အိမ်သို့ ဝယ်ကာ ပြန်လာဖို့ ပြင်ဆင်နေသည်။ သူက နတ်ဆိုးလေးနှင့် အတူ နေနေဆဲဖြစ်သည်။ နတ်ဆိုးလေး ဘယ်အချိန်ထိ သူနဲ့ အတူနေနေမယ်ဆိုတာ သူလည်း တကယ်မသိပါဘူး။ Lu Tian chen သည် နတ်ဆိုးလေး သူနှင့်အတူ ရှိနေကြောင်း သိမနေနိုင်ဘူးလား....
စူပါမားကတ်ထဲတွင် Tang Feng ဟာ နေကာမျက်မှန်ကြီးတစ်ရံကို ဝတ်ထားပြီး အိတ်ကြီးတစ်လုံးနဲ့ သူ့ဘာသာသူ လမ်းလျှောက်လာခဲ့တယ်။ ကုမ္ပဏီက သူ့ကို ကားတစ်စီးနဲ့ ပေးထားပေမယ့် သူနေထိုင်တဲ့ နေရာက ကုမ္ပဏီနဲ့ မဝေးတာကြောင့် လမ်းလျှောက်ပြီး ရောက်အောင် သွားနိုင်ခဲ့ပါတယ်။ သူက ခရီးနီးနီးလေးကို ကားမစီးချင်ဘူး . လမ်းလျှောက်တာက လေ့ကျင့်ခန်းလုပ်ရာလည်းကျတယ် မဟုတ်လား။
နားကြပ်တပ်ထားရင်း သီချင်းကို နားထောင်ရင်း Tang Feng သည် ရံဖန်ရံခါ စာသား အနည်းငယ် ကို လိုက်ညည်းလိုက်သည် ။ သူသည် အရိပ်ထဲတွင် အေးအေးလူလူ လမ်းလျှောက်သွားကာ ကင်မရာကို တမူထူးခြားစွာ အာရုံခံနိုင်စွမ်းရှိသော သရုပ်ဆောင်တစ်ယောက်လား မသိတော့ပေ။ Tang Feng က သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေသလို ခံစားရဖို့ အချိန်သိပ်မကြာလိုက်ဘူး။
အစတုန်းကတော့ paparazzi လို့ထင်ခဲ့ပေမဲ့ ရှည်လျားပြီး အရွယ်အစားကြီးမားတဲ့ ဆီဒင်ကားတစ်စီး သူ့နောက်ကို လိုက်လာနေတာကို တဖြည်းဖြည်း သိလိုက်ရပါတယ်။ ဒီလောက် ပေါ်တင်လိုက်နေတာကို မတွေ့စရာ အကြောင်းလည်း မရှိပေ။
ဤအနက်ရောင်ဇိမ်ခံကားသည် Tang Feng ၏နောက်သို့ ဆယ်မိနစ်ကျော်ကြာအောင် လိုက်ပါလာခဲ့သော်လည်း မည်သည့်ကုမ္ပဏီမှ ပါပါရာဇီများက သူ့နောက်ကို ဇိမ်ခံကားတစ်စီးဖြင့် မလိုက်ဖူးပေ။ ဒီကားက သူ့နောက်ကို လိုက်နေတာကြောင့် လမ်းသွားလမ်းလာ တော်တော်များများက သူ့ကို လှည့်ကြည့်ကြတယ်။
Tang Feng သည် နားကြပ်ကို ချွတ်လိုက်ပြီး လမ်းဘေးသို့ လျှောက်သွားသည်။ သူရပ်လိုက်သည်နှင့် ကားလည်း ရပ်သွားသည်။
အိုကေ၊ မင်းရှေ့မလာရင် ငါ လာမယ်။ Tang Feng သည် ဇိမ်ခံကားဆီသို့ လျှောက်သွားသည်။ ကားက စထွက်ချင်ပုံပေါ်ပေမယ့် Tang Feng က အမြန်ဆုံးအရှိန်နဲ့ ပြေးပြီး ပြတင်းပေါက်ကို ခေါက်လိုက်တယ်။
"ကျေးဇူးပြုပြီး တံခါးဖွင့်ပါ။"
ကားထဲမှာ ဘယ်သူမှ ပြန်မဖြေဘဲ ပြတင်းပေါက်ကို မချပေးပဲ နေနေသည်။
Tang Feng သည် ကားရှေ့မှ ယာဉ်မောင်းကိုကြည့်လိုက်တော့ ယာဉ်မောင်းက ပခုံးတွန့်ကာ ပြုံးပြသည်။
"ခွင့်လွှတ်ပါ။ မင်းက ဘာလို့ငါ့နောက်လိုက်နေတာလဲ"
Tang Feng က ကားပြတင်းပေါက်ကို တစ်ချက်ခေါက်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ကျွန်တော် ရဲကိုခေါ်လိုက်ရမလား"
ဒီအချိန်မှာ၊ ပြတင်းပေါက်က ဖြည်းညှင်းစွာ လှိမ့်ဆင်းလာပြီး အမျိုးသမီးတစ်ယောက်ဆီက နူးညံ့တဲ့ ခံစားချက်ဖြင့် ပြောလိုက်သည့် အသံတစ်ခု ထွက်လာတယ်
-" မင်း Tang Feng လား။ "
အခု သူဘာလို့ ကားထဲမှာ ထိုင်နေတာလဲ....
လင်ဒါအမည်ရှိ ဆံပင်ရွှေရောင်နှင့် နွေးထွေးသော အသွင်အပြင်ရှိသော အသက်သုံးဆယ်ကျော်အရွယ် လင်ဒါ ဆိုသည့် အမျိုးသမီးသည် အဘယ်ကြောင့် သူ့အား ချွေးမကို အကဲခတ်နေသည့် ယောက္ခမ တစ်ယောက်လို ကြည့်နေတာလဲ....
Tang Feng က ဒီအမျိုးသမီးက တွေ့တော့ ပြောလိုက်သည်။
"ဟား....ဟား၊ မင်းက ငါ့ကိုကြည့်နေတဲ့ပုံက ငါက ကလေး တစ်ယောက်ရှိတဲ့ သူ ကျနေတာပဲ... "
လင်ဒါသည် ပါးစပ်ကို အုပ်ကာ ရယ်သည်။ အမျိုးသမီးတစ်ဦးကို ရယ်မောစေရန်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းသော်လည်း Tang Feng က ကမ္ဘာကြီးသည် ငလျင်လှုပ်သည်ဟု ခံစားရသည်။
"ချားလ်စ်လို ယောက်ျားလေးမှာပဲ မင်းလို ချောမောလှပတဲ့ ငယ်ရွယ်တဲ့ မိခင်တစ်ယောက် ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး။"
Tang Feng က အခုချိန်ထိ သူ့ကို လက်မခံနိုင်တဲ့အချက်လို့ ပြောနေတုန်းပါပဲ။
ဤအမျိုးသမီးသည် Charles နှင့် ဆက်ဆံရေးရှိကြောင်း သူ သိသောအခါတွင် သူမသည် Charles ၏အဖော်များထဲမှ တစ်ဦးဖြစ်သည်ဟု သူ ထင်ခဲ့သော်လည်း တဖက်လူက Charles ၏မိခင်ဖြစ်သည်ဟု ဆိုခဲ့သည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းလှနေပြီးတော့ သူမက အရမ်းကို ဆက်ဆီကျပြီး ဟော့တဲ့ အမေ တစ်ယောက်ပဲ မဟုတ်လား။
"ငါ့သား ငတုံးလေး ချားလ်စ်က ငါ့ရှေ့မှာ မင်းအကြောင်းကို အမြဲတမ်းပြောပြောနေတာ။ ဘုရားရေ..မင်းက သူပြောတာထက် ပိုကြည့်ကောင်းတယ်။ မင်းရဲ့ အနက်ရောင်ဆံပင်နဲ့ ကြည်လင်တဲ့ မျက်လုံးတွေကို သဘောကျတယ်။"
Linda သည် အလွန်စိတ်အားထက်သန်ပြီး ကျက်သရေရှိသော အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အမြဲတမ်း ချိုမြိန်သော ကိုယ်ဟန်အနေအထားဖြင့် ရင်ဘတ်ပေါ် လက်တင်ကာ ပြောခဲ့သည်။
"ချစ်စရာ အရှေ့တိုင်းအရုပ်လေးတစ်ရုပ်ကို ငါက အမြဲလိုချင်ခဲ့တယ်၊ ဒါကြောင့် Charles ကို မွေးတဲ့အချိန် ငါ့ အသက်ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် ချားလ်ရဲ့ အဖေက မကျေမနပ်ဖြစ်နေခဲ့တယ်လေ"
"ဆယ့်ခြောက်နှစ်သားမှာ ..."
Tang Feng က ထူးခြားတဲ့ တစ်ခုခုကို ကြားလိုက်ရသလို ခံစားရတယ်။
"ငါ မင်းကို Linda လို့ခေါ်လို့ရမလား" အထူးသဖြင့် လှပပြီး ဆွဲဆောင်မှုရှိတဲ့ Linda လိုမျိုး အမျိုးသမီးတွေကို "အဒေါ်" လို့ခေါ်တာကို ယေဘုယျအားဖြင့် အမျိုးသမီးတွေက မကြိုက်ကြပါဘူး။
သို့သော် လင်ဒါသည် ခြွင်းချက်ဖြစ်နေပုံရပြီး သူမ ပါးစပ်ဟပြီး ခေါင်းခါကာ "အိုး၊ မဟုတ်ဘူး၊ မင်း ငါ့ကို အမေလို့ ခေါ်မယ်လို့ မျှော်လင့်တယ်။"
"ဘာကြောင့်လဲ?"
"မြင်မြင်ချင်း မင်းကို ငါ သဘောကျတယ်။ မိန်းမတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံက မင်းက ငါ့ကလေးလို့ ပြောနေတယ်၊ မင်းနဲ့ ချားလ်စ်ဟာ ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခုပဲ။ ငါ့ တစ်သက်တာမှာ မင်းတို့နှစ်ယောက် အတူရှိနေတာကို မြင်နိုင်ရင် ငါ့ဘဝရဲ့ ပျော်ရွှင်မှုတစ်ခုပဲ၊"
အပြာရောင်မျက်လုံးများ ကြည်လင်ပြတ်သားစွာ တဖျတ်ဖျတ်ခတ်ကာ ပြောနေသည့် Linda သည် Tang Feng ကို မျှော်တလင့်လင့်ဖြင့် ကြည့်နေသည် ။
"Tang Feng၊ ငါ့သားကို လက်ထပ်ပါ။"
"လင်ဒါ၊ ငါ မင်းကို ကတိမပေးနိုင်လို့ တောင်းပန်ပါတယ်။ Charles နဲ့ ငါ လမ်းခွဲလိုက်ပြီ။"
Tang Feng ၏ တည်ငြိမ်သော တုံ့ပြန်မှုသည် ဆန့်ကျင်ဘက် အမျိုးသမီးအား ချက်ချင်း နာကြည်းစေခဲ့သည်။ ဘယ်အချိန်မဆို ငိုမဲ့မဲ့ အကြည့်တွေက တကယ်ကို သနားစရာ။
ဒါပေမယ့် Tang Feng က ဒီပရိယာယ်ထဲကို မကျသွားဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အသက်နဲ့ Linda နဲ့ သိပ်မကွာပါဘူး။
"အိုး မင်း ငါ့နှလုံးသားကို ဒီလို နာကျင်စေခဲ့တာလား။"
Linda သည် Tang Feng ၏လက်ကို ဆုပ်ကိုင်ထားသည်။
"တကယ်ပဲ မင်းကို ပထမဆုံးတွေ့ဖူးတာ မင်းက ငါ့ချွေးမမှန်း ငါသိတယ်။
"ချွေးမ?"
"Charles နဲ့နေနိုင်သရွေ့ Charles ကို မင်းရဲ့မယားဖြစ်ခွင့်ပေးပြီး မင်းကို လက်ထပ်ခွင့်ပြုဖို့ ငါ စိတ်ကူးထားတယ်။ ဒါပေမယ့်...ဘုရားရေ...မင်္ဂလာဝတ်စုံဝတ်ထားတဲ့ Charles ကို ငါ စိတ်ကူးတောင်မယဉ်နိုင်တော့ဘူး။ အဲ့ဒါက ကမ္ဘာပျက်တာထက် ပိုကြောက်စရာကောင်းလိမ့်မယ်"
"လင်ဒါ မင်းနဲ့တွေ့ရတာဝမ်းသာပါတယ် ။ ဒါပေမယ့် မင်းနဲ့ ငါက အခုမှသိတာ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး..."
Tang Feng က စကားမဆုံးခင် တစ်ဖက်လူက စကားဖြတ်ပြောခဲ့သည်။
"ကျွန်မရဲ့ ပင်ကိုယ်အသိစိတ်ကို ယုံကြည်တယ်။"
ထိုမိန်းမရဲ့ မျက်လုံးတွေက တောက်ပနေတယ်။
မဝေးသောနေရာတွင် ရပ်ထားသော ကားတစ်စီးတွင် Charles သည် သူ၏လက်သီးကို တိတ်တဆိတ်ဆုပ်လိုက်သည်-
အမေ၊ အမေ့ သားလေးရဲ့ပျော်ရွှင်မှုက အမေ့ အပေါ်မှာ မူတည်တယ်....ဖိုက်တင်း....
=================
True Star_ Volume_ 4
Chapter (2): - ငါ့ေခြၽးမျဖစ္ပါေစ။
တကယ္ တိုက္ႏိုင္တဲ့သူေတြဟာ ကိုယ္ခံပညာနည္းျပဆရာေတြနဲ႔ မတူဘူး။
ထို႔ေၾကာင့္ Tang Feng သည္ Lu Tian chen က သူ႔ေရွ႕တြင္ရပ္ေနသည္ကိုျမင္ေသာအခါ သူ အနည္းငယ္စိုးရိမ္သြား ေသာ္လည္း Lu Tian chen သည္ ေခါက္ယယ္ေတာင္ကို သံုးျပီး တိုက္ခိုက္နည္းလမ္းအစုံကို ျပသလိုက္ေသာအခါ သူ ထင္တာ မွားမွန္းသိလိုက္သည္ ။ Lu Tian chen သည္ သူထင္သည္ထက္ စြယ္စုံရသူျဖစ္သည္။
"ဝိုး၊ ကြ်န္ေတာ္က ယပ္ေတာင္ဆိုတာ မိန္းကေလးေတြ အလွဆင္ရံုပဲ သံုးတယ္ ထင္ထားတာ။ ယပ္ေတာင္ကို သံုးျပီး တိုက္တဲ့ ခင္ဗ်ားရဲ႕ တုိက္ခိုက္နည္းေတြက ဒီေလာက္ ဒီေလာက္စမတ္က်ၿပီး ႀကည့္ေကာင္းမယ္လို႕ မထင္ခဲ့ဘူး။"
" Tang Feng ရဲ႕ ေတြးေခၚပုံက တခါတေလ အေနာက္တိုင္းသားတခ်ိဳ႕နဲ႔ ဆင္တူတယ္"
Lu Tian chenက ယယ္ေတာင္နွင့္ တိုက္ခိုက္နည္းကို သရုပ္ျပျပီးေနာက္ အနားကို ေရာက္ရွိလာၿပီး ေခါက္ယပ္ေတာင္ကို Tang Feng အား ေပးအပ္လိုက္သည္။ သူက ၿပဳံးၿပီးေျပာတယ္။
"မင္းမေမွ်ာ္လင့္ထားတဲ့အရာေတြ အမ်ားႀကီးရွိတယ္။ ငါမင္းကို ျဖည္းျဖည္းခ်င္း သင္ေပးႏိုင္တယ္။ ႐ုပ္ရွင္ထဲမွာ တကယ့္ရန္ပြဲဆိုတာ မရွိဘူး။ မင္းရဲ႕လုပ္ရပ္က လူေတြကို ထိတ္လန႔္ေစေလာက္ေအာင္ ေခ်ာေမာၿပီး လန္းေနသေ႐ြ႕ေတာ့ အားလံုးအဆင္ေျပတယ္"
"Heavenly Son" ဇာတ္ကား၏ ဇာတ္ၫႊန္း ကို Tang Feng ႀကည့္ျပီးျပီျဖစ္သည္။ ထို ဇာတ္ၫႊန္းကို ေနာက္ပိုင္းတြင္ ထပ္မံမြမ္းမံရန္ လိုအပ္ေသာ္လည္း၊ ဇာတ္ကြက္တစ္ခုလုံးသည္ မ်ားစြာမေျပာင္းလဲသင့္ေပ။
Tang Feng ပါဝင္ သရုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္ကို ထ်န္းက်စ္ ဟုေခၚသည္။ ဒီဇာတ္ကားထဲမွာ တ႐ုတ္ရိုးရာ လက္နက္မ်ိဳးစုံကို အသုံးျပဳထားပါတယ္။ အေျခခံအက်ဆုံးေသာ လက္နက္ကိရိယာမွာ ေလးမ်ားႏွင့္ျမႇားမ်ားအျပင္ ဓားရွည္တစ္လက္ျဖစ္ၿပီး မ်က္စိပသာဒအျဖစ္ဆံုးက ေခါက္ယပ္ေတာင္ျဖစ္သည္။
ယပ္ေတာင္သည္ ခပ္လိုက္ရင္ ေလသိပ္မရေပမယ့္ ယပ္ေတာင္ထဲမွာ ဝွက္ထားေသာ အဆိပ္ျပင္းေသာ လွ်ိဳ႕ဝွက္လက္နက္ပံုး အဆိပ္အပ္ေတြ ပါရွိသည္။
ေနာက္ဇာတ္ကားက ရေတာ့ Tang Feng အရမ္းေပ်ာ္တယ္။ သူသည္ စီးပြားေရးလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမွဳပ္နွံထားတာ လံုးဝမရွိေပ။ တကယ္ေတာ့၊ သူ႕ရဲ႕အဓိက စီးပြားေရးလုပ္ငန္းက ရုပ္ရွင္ရိုက္ျခင္းသာ ျဖစ္သည္။ ႐ုပ္ရွင္ေတြ ဆက္တိုက္႐ိုက္ေနပါက၊ သူ႔ေစ်းႏႈန္းက လ်င္ျမန္စြာ တက္လာႏိုင္ၿပီး၊ ေပ်ာ္႐ႊင္မႈကို ယူေဆာင္လာေပးနိုင္မယ္ဆိုရင္ အေကာင္းဆံုးေပါ့။
မင္း ေငြမ်ားမ်ားဝင္ခ်င္တယ္ဆိုရင္ လူႀကိဳက္မ်ားျပီး ေပါက္ေလာက္တဲ့ ဇာတ္ကားထဲ ဝင္ေရာက္ရင္းနွီး ျမွဳပ္နွံနိုင္တယ္။ ဒါေပမယ့္ တကယ့္ အနွစ္သာရကို ရိုက္ျပတဲ့ ေလးနက္တဲ့ ဇာတ္ကားမ်ိဳးနဲ႕ ေပၚပင္ လူႀကိဳက္မ်ားတဲ့ ဇာတ္ကားမ်ိဳးမွာ ဘယ္ဟာကိုေရြးရမလဲဆိုတာ ဒြိဟျဖစ္စရာပါပဲ။
လူႏွစ္ဦးသည္ ကိုယ္ခံပညာကို ေလ့က်င့္ေနၾကေသာေၾကာင့္ တစ္ခါတစ္ရံတြင္ ရင္းႏွီးေသာ ထိေတြ႕မႈေတြႀကံဳရမည္မွာ မလြဲမေသြပင္။
"ယပ္ေတာင္ကို ဒီနည္းနဲ႔ ကိုင္ခ်င္တယ္ဆိုရင္ေတာ့ တည္ၿငိမ္စြာ ကိုင္ထားႏိုင္တယ္။ တစ္ခ်ိန္တည္းမွာပဲ ယပ္ေတာင္ကို ဖြင့္ရတာ ပိုလြယ္ကူၿပီး ပိုေကာင္းတယ္။"
Lu Tian chen သည္ Tang Feng ၏လက္ကို ကိုင္ထားၿပီး ယပ္ေတာင္ ကိုင္နည္း၊ ယပ္ေတာင္ဖြင့္နည္း ႏွင့္ ယပ္ေတာင္ကို လွလွပပဖြင့္နည္းတို႔ကို သင္ေပးေနသည္။
Tang Feng က Lu Tian chen ေျပာတဲ့အတိုင္း တစ္ႀကိမ္ေလာက္ စမ္းၾကည့္ေပမယ့္ ကံမေကာင္းစြာပဲ အသံထြက္ေနေပမယ့္ ယပ္ေတာင္က တစ္ဝက္တစ္ပ်က္ ပြင့္ေနတာေၾကာင့္ ၿပဳံးၿပီး ေျပာလိုက္သည္။
"ကြ်န္ေတာ္ အႀကိမ္အနည္းငယ္ ေလ့က်င့္ရဦးမယ္။"
Lu Tian chen သည္ Tang Feng ၏ေနာက္တြင္ရပ္ေနၿပီး မၾကာမီမွာပင္ Tang Feng သည္ အနည္းငယ္မွားယြင္း ေနတာကို ခံစားလိုက္ရသည္။ ဥပမာအားျဖင့္၊ Lu Tian chen သည္ တည္ၿငိမ္ေသာေလသံျဖင့္ ေျပာေသာအခါတြင္ တစ္စုံတစ္ခုက သူ႔အေနာက္ဘက္ တင္ပါးေနရာကို လာေထာက္ေနသည္ကို သိလိုက္ရသည္။
Tang Feng သတိျပဳမိၿပီး သိပ္မၾကာခင္မွာပဲ Lu Tian chen ကိုယ္တိုင္လည္း သူတို႔ "ခ်စ္သူေဟာင္း" နွစ္ေယာက္ ခုလို ပူးကပ္ေနမိတဲ့အတြက္ သူ႕ ေအာက္ပိုင္းက ညီေလးက ထႀကြလာတာကို ရွက္စရာေကာင္းဖြယ္ေတြ႕လိုက္ရသည္။
"ဒီေန႔ ဒီေလာက္နဲ႕ ေတာ္ႀကတာေပါ့..."
Lu Tian chen သည္ Tang Feng ကို ျပန္သားစြာေျပာကာ ေနာက္သို႔ ေျခႏွစ္လွမ္းဆုတ္လိုက္သည္။ တကယ္ေတာ့ သူ႔ေဘာင္းဘီက ေခ်ာင္က်ေနၿပီး ေအာက္ပိုင္းက ေထာင္မတ္ေနတာကို အျခားသူေတြ မျမင္ႏိုင္ခဲ့ပါဘူး။
Tang Feng က Lu Tian chen ကို ဒီလိုလုပ္ခြင့္ေပးဖို႔ အစီအစဥ္မရွိပါဘူး။ သူက အလုပ္က ပထမ ဦးစားေပး ဆိုတဲ့ ပုံစံနဲ႔ ေျပာလိုက္သည္။
"မစၥတာလု....ခင္ဗ်ား ကြ်န္တာ့္ကို လူကိုယ္တိုင္ သင္ေပးစရာ မလိုဘူး။ ဒါက ကြ်န္ေတာ္တို႔အတြက္ နည္းနည္းရွက္စရာေကာင္းပုံေပါက္ေနလို႕ ေနာက္ပိုင္း အတူ ဆက္ျပီး ေလ့က်င့္မႈကို လုပ္လို႕ မျဖစ္နို္င္ေတာ့ဘူး"
Tang Feng က ေျပာလိုက္ျပီး Lu Tian Chen ရဲ႕ အေရွ႕အလယ္ပိုင္းက မတ္ေနတဲ့ ေနရာကို တခ်က္ ႀကည့္လိုက္သည္။
"အခုစားဖို႔အခ်ိန္ေရာက္ၿပီမို႔ ရပ္လိုက္ေတာ့ေနာ္"
Lu Tian chen က Tang Feng ရဲ႕လက္ကို ကိုင္ၿပီး သူ႕ရဲ႕ မာေနတဲ့ ေနရာကို အသာယာ ဖိလိုက္ျပီး အသံတိုးတိုးနွင့္ စိုက္ႀကည့္ကာ ေျပာလိုက္သည္။
"မင္း ငါ့ကို အခုယုံႏိုင္လား? ငါ့ထက္ ကိုယ္ခံပညာ နည္းျပအလုပ္အတြက္ ဘယ္သူကမွ ပိုသင့္ေတာ္မွာမဟုတ္ဘူးလို႔ ေျပာႏိုင္တယ္။"
"အိုး... ကြ်န္ေတာ္ ယုံပါတယ္။ "
Tang Feng က ေျပာလိုက္ျပီး သူ႔လက္ကို တိတ္တဆိတ္ ျပန္႐ုတ္လိုက္တယ္။
"မနက္ျဖန္ မနက္ ရွစ္နာရီအခ်ိန္မွာ ဒီကိုလာခဲ့မယ္။"
"ေကာင္းတယ္။"
Tang Feng က ကန႔္ကြက္ျခင္းမရွိပါ။
မထြက္ခြာမီတြင္၊ Tang Feng သည္ Lu Tian chen က သူ႕ ထႀကြေနမႈကို ဘယ္လိုေျဖရွင္းမလဲဆုိတာကို ေတြးေနမိေသးသည္။
Lu Tian chen က ေလ့က်င့္ခ်ိန္တိုင္း အလိုလို တုံ႔ျပန္မႈ ရွိခဲ့ရင္ Lu Tian chen အတြက္ အရမ္းခက္ခဲမွာ မဟုတ္ဘူးလား။ ေမ့လိုက္ပါေတာ့.... အဲဒီလူရဲ႕ လမ္းညႊန္မႈကို လိုက္နာရမွာပဲေလ။ ဘာပဲျဖစ္ျဖစ္ ခုလို အျဖစ္ကို တစ္ေယာက္နဲ႔တစ္ေယာက္ မေျပာႏိုင္ဘူး။
ညစာအတြက္ Tang Feng သည္ အရသာရွိေသာ အစားအစာမ်ားကို အိမ္သို႔ ဝယ္ကာ ျပန္လာဖို႕ ျပင္ဆင္ေနသည္။ သူက နတ္ဆိုးေလးနွင့္ အတူ ေနေနဆဲျဖစ္သည္။ နတ္ဆိုးေလး ဘယ္အခ်ိန္ထိ သူနဲ႕ အတူေနေနမယ္ဆိုတာ သူလည္း တကယ္မသိပါဘူး။ Lu Tian chen သည္ နတ္ဆိုးေလး သူႏွင့္အတူ ရွိေနေၾကာင္း သိမေနနုိင္ဘူးလား....
စူပါမားကတ္ထဲတြင္ Tang Feng ဟာ ေနကာမ်က္မွန္ႀကီးတစ္ရံကို ၀တ္ထားၿပီး အိတ္ႀကီးတစ္လုံးနဲ႔ သူ႔ဘာသာသူ လမ္းေလွ်ာက္လာခဲ့တယ္။ ကုမၸဏီက သူ႔ကို ကားတစ္စီးနဲ႔ ေပးထားေပမယ့္ သူေနထိုင္တဲ့ ေနရာက ကုမၸဏီနဲ႔ မေဝးတာေၾကာင့္ လမ္းေလွ်ာက္ၿပီး ေရာက္ေအာင္ သြားႏိုင္ခဲ့ပါတယ္။ သူက ခရီးနီးနီးေလးကို ကားမစီးခ်င္ဘူး . လမ္းေလွ်ာက္တာက ေလ့က်င့္ခန္းလုပ္ရာလည္းက်တယ္ မဟုတ္လား။
နားၾကပ္တပ္ထားရင္း သီခ်င္းကို နားေထာင္ရင္း Tang Feng သည္ ရံဖန္ရံခါ စာသား အနည္းငယ္ ကို လိုက္ညည္းလိုက္သည္ ။ သူသည္ အရိပ္ထဲတြင္ ေအးေအးလူလူ လမ္းေလွ်ာက္သြားကာ ကင္မရာကို တမူထူးျခားစြာ အာ႐ုံခံႏိုင္စြမ္းရွိေသာ သ႐ုပ္ေဆာင္တစ္ေယာက္လား မသိေတာ့ေပ။ Tang Feng က သူ႔ေနာက္ကို တစ္ေယာက္ေယာက္ လိုက္ေနသလို ခံစားရဖို႔ အခ်ိန္သိပ္မၾကာလိုက္ဘူး။
အစတုန္းကေတာ့ paparazzi လို႔ထင္ခဲ့ေပမဲ့ ရွည္လ်ားၿပီး အ႐ြယ္အစားႀကီးမားတဲ့ ဆီဒင္ကားတစ္စီး သူ႔ေနာက္ကို လိုက္လာေနတာကို တျဖည္းျဖည္း သိလိုက္ရပါတယ္။ ဒီေလာက္ ေပၚတင္လိုက္ေနတာကို မေတြ႕စရာ အေႀကာင္းလည္း မရွိေပ။
ဤအနက္ေရာင္ဇိမ္ခံကားသည္ Tang Feng ၏ေနာက္သို႔ ဆယ္မိနစ္ေက်ာ္ၾကာေအာင္ လိုက္ပါလာခဲ့ေသာ္လည္း မည္သည့္ကုမၸဏီမွ ပါပါရာဇီမ်ားက သူ႕ေနာက္ကို ဇိမ္ခံကားတစ္စီးျဖင့္ မလိုက္ဖူးေပ။ ဒီကားက သူ႔ေနာက္ကို လိုက္ေနတာေၾကာင့္ လမ္းသြားလမ္းလာ ေတာ္ေတာ္မ်ားမ်ားက သူ႔ကို လွည့္ၾကည့္ၾကတယ္။
Tang Feng သည္ နားၾကပ္ကို ခြၽတ္လိုက္ၿပီး လမ္းေဘးသို႔ ေလွ်ာက္သြားသည္။ သူရပ္လိုက္သည္ႏွင့္ ကားလည္း ရပ္သြားသည္။
အိုေက၊ မင္းေရွ႕မလာရင္ ငါ လာမယ္။ Tang Feng သည္ ဇိမ္ခံကားဆီသို႔ ေလွ်ာက္သြားသည္။ ကားက စထြက္ခ်င္ပုံေပၚေပမယ့္ Tang Feng က အျမန္ဆုံးအရွိန္နဲ႔ ေျပးၿပီး ျပတင္းေပါက္ကို ေခါက္လိုက္တယ္။
"ေက်းဇူးျပဳၿပီး တံခါးဖြင့္ပါ။"
ကားထဲမွာ ဘယ္သူမွ ျပန္မေျဖဘဲ ျပတင္းေပါက္ကို မခ်ေပးပဲ ေနေနသည္။
Tang Feng သည္ ကားေရွ႕မွ ယာဥ္ေမာင္းကိုႀကည့္လိုက္ေတာ့ ယာဥ္ေမာင္းက ပခုံးတြန႔္ကာ ၿပဳံးျပသည္။
"ခြင့္လႊတ္ပါ။ မင္းက ဘာလို ႔ငါ့ေနာက္လိုက္ေနတာလဲ"
Tang Feng က ကားျပတင္းေပါက္ကို တစ္ခ်က္ေခါက္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။
"ကြၽန္ေတာ္ ရဲကိုေခၚလိုက္ရမလား"
ဒီအခ်ိန္မွာ၊ ျပတင္းေပါက္က ျဖည္းညႇင္းစြာ လွိမ့္ဆင္းလာၿပီး အမ်ိဳးသမီးတစ္ေယာက္ဆီက ႏူးညံ့တဲ့ ခံစားခ်က္ျဖင့္ ေျပာလိုက္သည့္ အသံတစ္ခု ထြက္လာတယ္
-" မင္း Tang Feng လား။ "
အခု သူဘာလို႔ ကားထဲမွာ ထိုင္ေနတာလဲ....
လင္ဒါအမည္ရွိ ဆံပင္ေ႐ႊေရာင္ႏွင့္ ေႏြးေထြးေသာ အသြင္အျပင္ရွိေသာ အသက္သုံးဆယ္ေက်ာ္အ႐ြယ္ လင္ဒါ ဆိုသည့္ အမ်ိဳးသမီးသည္ အဘယ္ေၾကာင့္ သူ႔အား ေခြ်းမကို အကဲခတ္ေနသည့္ ေယာကၡမ တစ္ေယာက္လို ႀကည့္ေနတာလဲ....
Tang Feng က ဒီအမ်ိဳးသမီးက ေတြ႕ေတာ့ ေျပာလိုက္သည္။
"ဟား....ဟား၊ မင္းက ငါ့ကိုၾကည့္ေနတဲ့ပံုက ငါက ကေလး တစ္ေယာက္ရွိတဲ့ သူ က်ေနတာပဲ... "
လင္ဒါသည္ ပါးစပ္ကို အုပ္ကာ ရယ္သည္။ အမ်ိဳးသမီးတစ္ဦးကို ရယ္ေမာေစရန္မွာ အလြန္စိတ္ဝင္စားစရာ ေကာင္းေသာ္လည္း Tang Feng က ကမာၻႀကီးသည္ ငလ်င္လႈပ္သည္ဟု ခံစားရသည္။
"ခ်ားလ္စ္လို ေယာက္်ားေလးမွာပဲ မင္းလို ေခ်ာေမာလွပတဲ့ ငယ္႐ြယ္တဲ့ မိခင္တစ္ေယာက္ ရွိလိမ့္မယ္လို႔ ငါ မထင္ထားဘူး။"
Tang Feng က အခုခ်ိန္ထိ သူ႔ကို လက္မခံႏိုင္တဲ့အခ်က္လို႔ ေျပာေနတုန္းပါပဲ။
ဤအမ်ိဳးသမီးသည္ Charles ႏွင့္ ဆက္ဆံေရးရွိေၾကာင္း သူ သိေသာအခါတြင္ သူမသည္ Charles ၏အေဖာ္မ်ားထဲမွ တစ္ဦးျဖစ္သည္ဟု သူ ထင္ခဲ့ေသာ္လည္း တဖက္လူက Charles ၏မိခင္ျဖစ္သည္ဟု ဆိုခဲ့သည္။
ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အရမ္းလွေနျပီးေတာ့ သူမက အရမး္ကို ဆက္ဆီက်ျပီး ေဟာ့တဲ့ အေမ တစ္ေယာက္ပဲ မဟုတ္လား။
"ငါ့သား ငတံုးေလး ခ်ားလ္စ္က ငါ့ေရွ႕မွာ မင္းအေႀကာင္းကို အျမဲတမ္းေျပာေျပာေနတာ။ ဘုရားေရ..မင္းက သူေျပာတာထက္ ပိုၾကည့္ေကာင္းတယ္။ မင္းရဲ႕ အနက္ေရာင္ဆံပင္နဲ႔ ၾကည္လင္တဲ့ မ်က္လုံးေတြကို သေဘာက်တယ္။"
Linda သည္ အလြန္စိတ္အားထက္သန္ၿပီး က်က္သေရရွိေသာ အမ်ိဳးသမီးငယ္တစ္ဦးျဖစ္ၿပီး အၿမဲတမ္း ခ်ိဳၿမိန္ေသာ ကိုယ္ဟန္အေနအထားျဖင့္ ရင္ဘတ္ေပၚ လက္တင္ကာ ေျပာခဲ့သည္။
"ခ်စ္စရာ အေရွ႕တိုင္းအ႐ုပ္ေလးတစ္႐ုပ္ကို ငါက အၿမဲလိုခ်င္ခဲ့တယ္၊ ဒါေၾကာင့္ Charles ကို ေမြးတဲ့အခ်ိန္ ငါ့ အသက္ဆယ့္ေျခာက္ႏွစ္ပဲရွိေသးတယ္။ ဒါေပမယ့္ ခ်ားလ္ရဲ႕ အေဖက မေက်မနပ္ျဖစ္ေနခဲ့တယ္ေလ"
"ဆယ့္ေျခာက္ႏွစ္သားမွာ ..."
Tang Feng က ထူးျခားတဲ့ တစ္ခုခုကို ၾကားလိုက္ရသလို ခံစားရတယ္။
"ငါ မင္းကို Linda လို႔ေခၚလို႔ရမလား" အထူးသျဖင့္ လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ Linda လိုမ်ိဳး အမ်ိဳးသမီးေတြကို "အေဒၚ" လို႔ေခၚတာကို ေယဘုယ်အားျဖင့္ အမ်ိဳးသမီးေတြက မႀကိဳက္ၾကပါဘူး။
သို႔ေသာ္ လင္ဒါသည္ ႁခြင္းခ်က္ျဖစ္ေနပုံရၿပီး သူမ ပါးစပ္ဟၿပီး ေခါင္းခါကာ "အိုး၊ မဟုတ္ဘူး၊ မင္း ငါ့ကို အေမလို႔ ေခၚမယ္လို႔ ေမွ်ာ္လင့္တယ္။"
"ဘာေၾကာင့္လဲ?"
"ျမင္ျမင္ခ်င္း မင္းကို ငါ သေဘာက်တယ္။ မိန္းမတစ္ေယာက္ရဲ႕ ဆ႒မအာ႐ုံက မင္းက ငါ့ကေလးလို႔ ေျပာေနတယ္၊ မင္းနဲ႕ ခ်ားလ္စ္ဟာ ၿပီးျပည့္စုံတဲ့ လိုက္ဖက္မႈတစ္ခုပဲ။ ငါ့ တစ္သက္တာမွာ မင္းတို႔႕ႏွစ္ေယာက္ အတူရွိေနတာကို ျမင္ႏိုင္ရင္ ငါ့ဘဝရဲ႕ ေပ်ာ္႐ႊင္မႈတစ္ခုပဲ၊"
အျပာေရာင္မ်က္လုံးမ်ား ၾကည္လင္ျပတ္သားစြာ တဖ်တ္ဖ်တ္ခတ္ကာ ေျပာေနသည့္ Linda သည္ Tang Feng ကို ေမွ်ာ္တလင့္လင့္ျဖင့္ ၾကည့္ေနသည္ ။
"Tang Feng၊ ငါ့သားကို လက္ထပ္ပါ။"
"လင္ဒါ၊ ငါ မင္းကို ကတိမေပးႏိုင္လို႔ ေတာင္းပန္ပါတယ္။ Charles နဲ႔ ငါ လမ္းခြဲလိုက္ၿပီ။"
Tang Feng ၏ တည္ၿငိမ္ေသာ တုံ႔ျပန္မႈသည္ ဆန႔္က်င္ဘက္ အမ်ိဳးသမီးအား ခ်က္ခ်င္း နာၾကည္းေစခဲ့သည္။ ဘယ္အခ်ိန္မဆို ငိုမဲ့မဲ့ အၾကည့္ေတြက တကယ္ကို သနားစရာ။
ဒါေပမယ့္ Tang Feng က ဒီပရိယာယ္ထဲကို မက်သြားဘူး။ ဘာေႀကာင့္လဲဆုိေတာ့ သူ႕အသက္နဲ႕ Linda နဲ႔ သိပ္မကြာပါဘူး။
"အိုး မင္း ငါ့ႏွလုံးသားကို ဒီလို နာက်င္ေစခဲ့တာလား။"
Linda သည္ Tang Feng ၏လက္ကို ဆုပ္ကိုင္ထားသည္။
"တကယ္ပဲ မင္းကို ပထမဆုံးေတြ႕ဖူးတာ မင္းက ငါ့ေခြၽးမမွန္း ငါသိတယ္။
"ေခြၽးမ?"
"Charles နဲ႔ေနႏိုင္သေ႐ြ႕ Charles ကို မင္းရဲ႕မယားျဖစ္ခြင့္ေပးၿပီး မင္းကို လက္ထပ္ခြင့္ျပဳဖို႔ ငါ စိတ္ကူးထားတယ္။ ဒါေပမယ့္...ဘုရားေရ...မဂၤလာဝတ္စုံဝတ္ထားတဲ့ Charles ကို ငါ စိတ္ကူးေတာင္မယဥ္နိုင္ေတာ့ဘူး။ အဲ့ဒါက ကမာၻပ်က္တာထက္ ပိုေၾကာက္စရာေကာင္းလိမ့္မယ္"
"လင္ဒါ မင္းနဲ႔ေတြ႕ရတာဝမ္းသာပါတယ္ ။ ဒါေပမယ့္ မင္းနဲ႕ ငါက အခုမွသိတာ။ ငါတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ မသိၾကဘူး..."
Tang Feng က စကားမဆုံးခင္ တစ္ဖက္လူက စကားျဖတ္ေျပာခဲ့သည္။
"ကြၽန္မရဲ႕ ပင္ကိုယ္အသိစိတ္ကို ယုံၾကည္တယ္။"
ထိုမိန္းမရဲ႕ မ်က္လုံးေတြက ေတာက္ပေနတယ္။
မေဝးေသာေနရာတြင္ ရပ္ထားေသာ ကားတစ္စီးတြင္ Charles သည္ သူ၏လက္သီးကို တိတ္တဆိတ္ဆုပ္လိုက္သည္-
အေမ၊ အေမ့ သားေလးရဲ႕ေပ်ာ္႐ႊင္မႈက အေမ့ အေပၚမွာ မူတည္တယ္....ဖိုက္တင္း....
=================