~တီ တီ တီ တီ~
ယခုမှအိပ်ပျော်ကာစရှိသေးနားထဲသို့အလုံးအရင်းဖြင့်စူးခနဲဆောင့်ဝင်လာတဲ့နှိုးစက်သံကြောင့်အဆက်မပြတ်မြည်ဟီးနေသောစားပွဲတင်နာရီကိုလက်တစ်ဖက်ဖြင့်လိုက်စမ်း၍နှိုးစက်ကိုပိတ်ပြီးအိပ်ရေးမဝသေးသဖြင့်စပ်ဖျင်းဖျင်းဖြစ်နေသည့်မျက်လုံးတို့ကိုအတင်းဆွဲဖွင့်ကာအပြင်ဘက်သို့ခေါင်းထောင်ကြည့်လိုက်၏။ မိုးလင်းခါစအရုဏ်တက်အချိန်မို့လောကတစ်ခွင်လုံးအမှောင်ထုသာကြီးစိုးနေကာအရှေ့အရပ်တွင်ရောင်နီပျို့ပျို့သာမသဲမကွဲမြင်နေရသည်။
"အင်း..ဟင်း"
တနေ့အိပ်ချိန်သုံး,လေးနာရီသာရှိတာမို့နောက်ကျိကျိဖြစ်နေသည့်ခေါင်းကိုသက်သာစေရန်မျက်လုံးကိုခဏမှိတ်၍တိုးတိုးညည်းမိသည်။ထိုစဥ်သူ့အခန်း၏ဆွဲတံခါးကိုညင်ညင်သာသာဆွဲဖွင့်သံကြားလိုက်ရပြီးသူအိပ်နေသည့်နေရာသို့ခြေသံလုံလုံဖြင့်ချဥ်းကပ်၍အိပ်ရာထက်တွင်အိခနဲထိုင်ချလိုက်သည့်တစ်စုံတစ်ယောက်ကြောင့်မသိမသာပြုံးကာအိပ်ချင်ယောင်ဆောင်နေလိုက်သည်။
"Appa ထတော့လေ"
"Appa.. မထဘူးလား။ ဆာရန်းကိုမတွေ့ချင်ဘူးလား"
"Appa.. မျက်လုံးဖွင့်ပါတော့။ ဆာရန်းက Appa ကိုလွမ်းလို့ Appa မျက်နှာကိုမြင်ချင်လို့အစောကြီးထလာရတာကို..Appa က ဆာရန်းကိုမလွမ်းဘူးလား။ ဆာရန်းရဲ့မျက်နှာကိုမမြင်ချင်ဘူးလား"
အသက်ခြောက်နှစ်သာရှိသေးသည့်ဆာရန်းလေးကအရွယ်နှင့်မလိုက်အောင်စကားတတ်လွန်းရုံသာမကဘဲထိုကဲ့သို့သူ့ရဲ့အသည်းတွေနှလုံးတွေကြွေကျသွားအောင်ချွဲတတ်လွန်းတာကြောင့်ဆက်ပြီးဟန်မဆောင်နိုင်တော့တာနဲ့အားမရှိသည့်အသံဖြစ်အောင်တမင်လုပ်ပြော၍..
"ဆာရန်း.. Appaကအရမ်းအရမ်းပင်ပန်းပြီးအားနည်းနေလို့မျက်လုံးမဖွင့်နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့်ဆာရန်းလေးကAppa အားပြည့်သွားအောင်အားသွင်းပေးလို့မရဘူးလား"
ဆာရန်းကသူ့ရင်ဘတ်ပေါ်တွင်ဖားပျံလေးတစ်ကောင်လိုကပ်၍သူ့ပါးနှစ်ဖက်ကိုလက်သေးသေးလေးများဖြင့်ညှပ်ကိုင်ကာသူ၏မျက်နှာအနှံ့ကိုတရွှတ်ရွှတ်နမ်းလာပါတော့သည်။ ဆာရန်းရဲ့ချစ်စဖွယ်အပြုအမူလေးကြောင့်ကြည်ကြည်နူးနူးပြုံးလိုက်ပြီးဆာရန်းရဲ့ခန္ဓါကိုယ်လေးကိုဖက်လျှက်ထထိုင်လိုက်တော့ဆာရန်းကသူ့ရင်ခွင်ထဲတွင်အရုပ်လေးတစ်ရုပ်လိုငြိမ်သက်စွာပါလာသည်။
"Appaရဲ့မင်းသမီးလေးကAppaကိုတွေ့ချင်လို့အစောကြီးထလာတာလား"
"အင်း"
"Aigoo.. လိမ္မာလိုက်တာ"
"Appa ကနေ့တိုင်းဆာရန်းအိပ်ပျော်ပြီးမှအိမ်ပြန်လာတာကိုး။ ပြီးရင် Appa ကအလုပ်များတော့တနေလုံးလည်းမတွေ့ရဘူးလေ။ ဆာရန်းက Appa ကိုဘယ်လောက်တောင်လွမ်းနေရလဲသိရဲ့လား"
ဝမ်းနည်းသွားတဲ့မျက်နှာလေးနဲ့ပြောလာတဲ့ဆာရန်းရဲ့စကားကြောင့်စိတ်မကောင်းဖြစ်သွားရသည်။ တကယ်တော့ဆာရန်းလေးဟာအမြဲတမ်းကံဆိုးခြင်းတွေနဲ့သာကြုံတွေ့နေရတဲ့သူ့ဘဝမှာပထမဆုံးအနေနဲ့ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကံကောင်းခြင်းလက်ဆောင်လေးမို့ဆာရန်းသာသူ့ဘဝ၊ ဆာရန်းသာသူ့အသက်၊ ဆာရန်းသာသူ့ရဲ့အရာရာဖြစ်သည်။ ဖြစ်နိုင်မယ်ဆိုရင်သူလည်းဆာရန်းဘေးမှာဖခင်မေတ္တာအပြည့်အဝပေးပြီးအမြဲနေချင်တာပေါ့။ ဒါပေမယ့်အစွမ်းကုန်လှုပ်ရှားရုန်းကန်နေရမှအသက်ရှူခွင့်ရမယ့်အခြေအနေဖြစ်နေတော့လည်းအလုပ်မှန်သမျှသိမ်းကျုံးလုပ်၍ခက်ခက်ခဲခဲရှင်သန်နေရုံမှတပါး.. သူ့အတွက်တခြားရွေးချယ်စရာမရှိပါ။
"Appa လည်းဆာရန်းကိုအရမ်းလွမ်းနေတာပါ။ ဒါပေမယ့်.. ဆာရန်းလေးကိုအရုပ်တွေအများကြီးဝယ်ပေးနိုင်အောင်ပြီးတော့.. ဆာရန်းကြိုက်တဲ့ပီဇာတွေခဏခဏဝယ်ကျွေးနိုင်အောင်Appa ကပိုက်ဆံအများကြီးရှာရမယ်လေ"
"ဆာရန်း.. အရုပ်တွေမလိုချင်ပါဘူး။ ပီဇာမစားရလည်းဖြစ်ပါတယ်။ဆာရန်းက Appaနဲ့ပဲအတူတူနေချင်တာ"
"ဒီနေ့တစ်ရက်ပဲ..ဒီနေ့တစ်ရက်တည်းပဲသည်းခံပေးလို့မရဘူးလား။ Appa ကမနက်ဖြန်တနေကုန်ဆာရန်းကိုအချိန်ပေးမယ်လေ.. နော်"
"တကယ်လား"
"တကယ်ပေါ့။ Appa အခုအလုပ်ရပြီ။ လစာကလည်းအများကြီးရမှာဆိုတော့အရင်လိုအလုပ်တွေအများကြီးလုပ်စရာမလိုတော့ဘူး။အဲ့ဒါကြောင့်ဆာရန်းကိုနေ့တိုင်းကျောင်းလိုက်ပို့ပေးလို့လည်းရပြီ။ ညတိုင်းပုံပြင်ဖတ်ပြပြီးချော့သိပ်လို့လည်းရပြီ။ ပြီးတော့.. Appa နားရက်ရတဲ့နေ့တိုင်းဆာရန်းကိုကစားကွင်းလိုက်ပို့ပေးလို့လည်းရပြီ။ ဘယ်လိုလဲ.. ကောင်းတယ်မဟုတ်လား"
"ဝါး.. ပျော်လိုက်တာ။ Appa တကယ်ပြောတာနော်"
"အင်း"
"ဆာရန်းကိုကတိပေး"
ဆာရန်းကလက်သန်းလေးထောင်ပြီးသူ့ရှေ့ကိုထိုးပေးတော့သူကလည်းအလိုက်သင့်လက်သန်းချင်းချိတ်လိုက်ပြီး..
"ကတိ"
"တံဆိပ်တုံးလည်းနှိပ်ရမှာပေါ့"
သူကဆာရန်းစိတ်ကျေနပ်စေရန်လက်သန်းချင်းချိတ်၍ လက်မချင်းပါဖိကပ်ကာကတိပေးလိုက်သည်။
"ကဲ.. အခုတော့ Appa အလုပ်သွားရဦးမှာမို့အိပ်ရာထတော့မယ်။ အဖွားနဲ့လိမ်လိမ်မာမာနေခဲ့နော်။ အဖွားကအသက်ကြီးပြီဆိုတော့.. အဖွားပင်ပန်းအောင်လျှောက်ပြေးမဆော့ရဘူး။ ကျောင်းမှာလည်းသူငယ်ချင်းတွေနဲ့ရန်မဖြစ်ရဘူး။ ထမင်းကိုအချိန်မှန်မှန်စားရမယ်။သွားလည်းအချိန်မှန်တိုက်ရမယ်။ မဟုတ်ရင်သွားတွေပိုးစားပြီးရုပ်ဆိုးမလေးဖြစ်သွားမှာနော်"
"သိပါတယ်။ အမြဲဒီစကားတွေပဲပြောနေလို့အလွတ်ရနေပါပြီ။ Appa ကအရမ်းပွစိပွစိပြောတာပဲ"
"ဘာ..."
သူကစိတ်ဆိုးချင်ယောင်ဆောင်ပြီးဆာရန်းကိုကလိထိုးတော့ဆာရန်းကသူ့ပေါင်ပေါ်မှာထိုင်ရင်းတခစ်ခစ်ရယ်ကာတွန့်လိမ်နေအောင်ရုန်းတော့သည်။ ဒီလိုနဲ့ပဲသူ့ရဲ့မနက်ခင်းလေးကခိုးခိုးခစ်ခစ်ရယ်သံလေးတွေကြောင့်အဓိပ္ပါယ်ရှိပြီးလှပသွားသလိုစိတ်ရောလူပါပင်ပန်းထားသမျှလည်းယူပစ်သလိုပျောက်သွားတော့၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"သိပြီးပြီလား..အသစ်ရောက်တဲ့ GM ကအသက်ငယ်ငယ်လေးတဲ့"
"ဒီဟိုတယ်ပိုင်ရှင်ရဲ့တစ်ဦးတည်းသောသားတဲ့။ အဲ့တော့သိတယ်မှတ်လား.. မိုးကျရွှေကိုယ်ပေါ့ဟယ်"
Lobby ထဲသို့ဖြတ်လျှောက်လာတုန်း reception က ဝန်ထမ်းတစ်ချို့၏တီးတိုးစကားသံများကြောင့်ခြေလှမ်းတွေကိုရပ်လိုက်ပြီးထိုစကားဝိုင်းနားသို့မယောင်မလည်သွားကာစကားသံတို့ကိုနားစွန့်ထောင်လိုက်၏။စပ်စုချင်လို့တော့မဟုတ် Boss ရဲ့အကြောင်းကိုနောက်ကွယ်မှာဘာတွေပြောနေကြလဲဆိုတာကိုထောက်လှမ်းကြည့်ချင်ရုံသက်သက်ဖြစ်သည်။
"အရည်အချင်းရှိ,မရှိတော့မသိဘူး။အလုပ်ကိုတော့တစ်ပတ်လုံးနေမှ ဗုဒ္ဓဟူးနဲ့ကြာသပတေးနှစ်ရက်ပဲလာတာတွေ့တယ်။ ပြီးတော့သူအလုပ်လာရင်လည်းဒီဟိုတယ်တစ်ခုလုံးကဝန်ထမ်းတွေတစ်ယောက်မကျန်အကုန်တန်းစီပြီးထွက်ကြိုရတာနော်။ငွေရော၊ဂုဏ်ရောရှိတော့အပွင့်ကားချင်တဲ့သဘောပေါ့"
ဟုတ်ပါ့..Boss ကလဲအတင်းပြောလည်းပြောချင်စရာ။ အလုပ်ကိုဘယ်တော့မှမှန်မှန်မလာချင်။ ဘယ်လောက်ပဲအခြားသူတွေရဲ့ဝေဖန်သံတွေကိုဂရုမစိုက်ဖူးပဲပြောပြောဂုဏ်သရေရှိအသိုင်းအဝိုင်းကလာတဲ့လူတစ်ယောက်အနေနဲ့အလုပ်ခွင်ထဲမှာအနည်းဆုံးတော့အလုပ်လုပ်ချင်ယောင်ဆောင်ပြသင့်တယ်မဟုတ်ဘူးလား။ အခု boss လုပ်ပုံကိုလည်းကြည့်လေ.. အလုပ်ကိုဘာလို့နေ့တိုင်းမလာတာလဲလို့မေးလိုက်ရင်..
"တနင်္လာနေ့နဲ့သောကြာနေ့ဆိုကားတွေဘယ်လောက်ကြပ်တယ်ထင်လဲ။တွေးကြည့်ရုံနဲ့တင်စိတ်ရှုပ်စရာကြီး.. အလုပ်လာပြီးဘာလုပ်ရမှာလဲ"
"အဲ့ဒါဆို အင်္ဂါနေ့ကျတော့ရော"
"အင်္ဂါနေ့ကတော့... မလာချင်လို့မလာတာ"
လို့ခပ်ပြတ်ပြတ်ဖြေတတ်သည်။ အဲ့တော့လည်း boss အလုပ်မလာတဲ့နေ့တွေဆိုသူတစ်ယောက်တည်းရှိသမျှအလုပ်အကုန်သိမ်းကျုံးလုပ်ပေါ့။
"ဟုတ်ပါ့အေ။ GM ကငယ်ငယ်ချောချောလေးမို့စိတ်ထဲကကျိတ်ပြီးမျှော်လင့်မိပါတယ်။ သူကတော့တစ်ခါမှငါတို့ဘက်ကိုမျက်စိတောင်စွေမကြည့်ဖူးဘူး"
အဲ့ဒါတော့မှန်သည်။ Boss ကသူကလွဲပြီးတခြားဘယ်သူ့ကိုမှအဖက်လုပ်ပြီးစကားမပြောတတ်သလိုအရယ်အပြုံးလည်းနည်းသည်။ Boss ရဲ့နှုတ်ခမ်းကခပ်ပါးပါးဆိုပေမယ့်ပြုံးလိုက်လျှင်ကော့သွားကာကြည့်ကောင်းလှသည်။ ဒါပေမယ့်Boss ကပြုံးရယ်ခဲသည်။သူ့ hyung အကြောင်းပြောနေတဲ့အချိန်မှလွဲ၍တခြားအချိန်တွေဆိုခပ်တည်တည်သာနေတတ်သည်။အဲ့ဒါကြောင့်အပြုံးအရယ်လုံးဝမရှိတဲ့သူတို့ဆရာတပည့်နှစ်ယောက်ကိုတွဲမြင်လိုက်ရင်လူတွေကလန့်,လန့်သွားတာကိုး...
"ဟဲ့.. ဟဲ့.. ပြောရင်းဆိုရင်းအသက်ရှည်ဦးမယ်.. ဟိုမှာ.. ဟိုမှာ"
"ဟမ်! ဒီနေ့ကသောကြာနေ့မဟုတ်ဘူးလား"
"ဘာလုပ်နေကြတာလဲ.. မြန်မြန်ထွက်ကြိုကြလေ.. ဒုက္ခပါပဲ"
စကားဝိုင်းထဲအာရုံရောက်နေတုန်းရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတဲ့ဝန်ထမ်းများကြောင့်အရှေ့အဝင်ပေါက်ကိုအကြည့်ရောက်မိတော့..
"Boss?"
သူလည်းဘာမှစဥ်းစားမနေဘဲ boss အနားသို့အပြေးတစ်ပိုင်းသွားမိသလိုတခြားဝန်ထမ်းများကလည်းပြာပြာသလဲတန်းစီကာအချိန်အခါမဟုတ်ရောက်လာသူကြီးကိုခါးကိုင်း၍ထွက်ကြိုကြရသည်။ Boss ကတော့ထုံးစံအတိုင်းဘေးပတ်ဝန်းကျင်ကိုရှိတယ်လို့တောင်သဘောမထားဘဲခေါင်းမော့ရင်ကော့၍ဓါတ်လှေကားရှိရာသို့တန်းတန်းမတ်မတ်သွားနေသည်။
"ဒါနဲ့ GM ကအိမ်ထောင်ရှိလား။ သူ့လက်မှာလက်စွပ်ဝတ်ထားတာတွေ့လိုက်တယ်။ နင်ရောတွေ့လိုက်လား"
"အေး.. တွေ့လိုက်တယ်။ ဒါပေမယ့်လက်သူကြွယ်တစ်ချောင်းတည်းမှာလက်စွပ်နှစ်ကွင်းတောင်ဝတ်ထားတာဆိုတော့ဒီအတိုင်းအလှဝတ်ထားတာရောမဖြစ်နိုင်ဘူးလား"
"ဟဲ့.. အလှဝတ်ရအောင်အဲ့ဒီ့လက်စွပ်ကအကောင်းစားမှမဟုတ်တာ။ အရောင်တောင်မှိန်နေပြီ။ သူ့လိုလူမျိုးကအရောင်မှိန်နေတဲ့လက်စွပ်ကိုအလှဝတ်ပါ့မလား"
အနောက်ကနေတီးတိုးလိုက်ပါလာတဲ့စကားသံများကိုမင်ယွန်ဂီတစ်ယောက်ကောင်းစွာကြားနေရ၏။ တကယ်လည်းဟုတ်ပါသည်.. Boss ကထိုလက်စွပ်နှစ်ကွင်းကိုမချွတ်တမ်းဝတ်ထားလေ့ရှိကာလက်စွပ်တစ်ကွင်းက boss ရဲ့လက်နဲ့ကွက်တိတော်ပြီးကျန်တစ်ကွင်းကတော့အနည်းငယ်သေးနေလို့ထင်လက်ဆစ်အပေါ်လောက်မှာစွပ်ရုံလေးစွပ်ထားသည်။ထိုလက်စွပ်ကိစ္စနဲ့ပတ်သက်ပြီးသူလည်းအကြောင်းစုံသိချင်စိတ်ဖြစ်မိပေမယ့်boss ကိုတော့တခါမှထုတ်မမေးမိပါ။
"Boss က ဒီကိုဘာလာလုပ်တာလဲ"
"ဘာလာလုပ်ရမှာလဲ.. အလုပ်လုပ်ဖို့လာတာပေါ့"
"Boss တို့ကအချိန်တိကျတယ်နော်.. အလုပ်ကိုလာလိုက်ရင်အလုပ်ဆင်းခါနီး ၁၅မိနစ်ကွက်တိပဲ"
"ကားလမ်းတွေပိတ်နေတယ်လေ.. ကားလမ်းတွေ"
"တခြားဆင်ခြေတစ်ခုခုပြောင်းပေးလို့မရဘူးလား"
"မရှည်နဲ့..လတ်မှတ်ထိုးစရာရှိတာတွေတခါတည်းယူခဲ့။ ဪ.. ပြီးတော့ Penthouse ကိုပြင်ခိုင်းထားတာဘယ်လိုအခြေအနေရှိပြီလဲ"
"ပြီးခါနီးပါပြီ"
တခါတလေကျတော့လည်း Boss ကနားလည်ရခက်လွန်းလှသည်လို့ယွန်ဂီထင်၏။ အခုလည်းဘာစိတ်ကူးပေါက်သည်မပြောတတ်ဒီဟိုတယ်ရဲ့ Penthouse မှာရုတ်တရက်ပြောင်းနေချင်သည်ဟုပြောလာသဖြင့်သူ့မှာအိမ်ပြောင်းဖို့အတွက်ပြင်ဆင်ပေးရပြန်သည်။
"သူကရော.. ဘယ်တော့အလုပ်စဆင်းမှာလဲ"
"တနင်္လာနေ့ပါ"
"အဲ့ဒါဆို.. တနင်္ဂနွေနေ့နောက်ဆုံးထားပြီးပစ္စည်းအပြောင်းအရွှေ့တွေအပြီးလုပ်ထား"
"ဟုတ်ကဲ့"
"ပြီးတော့ဝန်ထမ်းတွေကိုပြောလိုက်.. ခဏနေအစည်းအဝေးစမယ်လို့"
"ဝါး.. သူများတွေအလုပ်ဆင်းခါနီးကိုအစည်းအဝေးတဲ့။ Boss ကတော့လူချစ်လူခင်များဦးမှာသေချာ.."
Boss ကလမ်းလျှောက်နေရင်းရုတ်တရက်ရပ်ပစ်လိုက်တော့သူ့ရဲ့နဖူးက Boss ရဲ့နောက်ကျောနဲ့ဗုတ်ခနဲမိတ်ဆက်သွား၏။
"Boss"
သူကနာသွားတဲ့နဖူးကိုကိုင်၍ Boss ရဲ့မျက်နှာကိုကြည့်လိုက်သည်။ Boss ကဟိုတယ်၏ ballroomရှေ့တွင်ရပ်ကာballroomထဲတွင်ကျင်းပလျှက်ရှိသောမင်္ဂလာဆောင်ကိုဆွေးဆွေးမြေ့မြေ့ရပ်ကြည့်နေ၏။ နှုတ်ခမ်းတွေကလည်းဖျော့တော့တော့ပြုံးနေသည်။ ဝမ်းသာလို့ပြုံးနေတာမျိုးမဟုတ်ဘဲကိုယ့်ကိုယ်ကိုနှစ်သိမ့်သည့်အနေဖြင့်ကြိုးစားပြုံးနေရသည့်နှစ်သိမ့်ပြုံးမျိုးဖြစ်သည်။
"ဂုဏ်တွေပကာသနတွေကဘယ်လောက်များအရေးပါလို့လဲ။ အခုလိုတခမ်းတနားကြီးမင်္ဂလာဆောင်ရတာနဲ့ဘုရားကျောင်းလေးထဲမှာပဲ.. ဘာအဆောင်အယောင်၊ ဘာအပြင်အဆင်၊ ဘာပွဲကြည့်ပရိသတ်မှမပါဘဲနှစ်ယောက်တည်းကျင်းပတဲ့မင်္ဂလာပွဲကဘာများကွာနေလို့လဲ။ ဈေးကြီးတဲ့ tuxedo မဝတ်ဘဲဒီအတိုင်းရှပ်အင်္ကျီအဖြူလေးနဲ့လည်းလှနေတာပဲလေ..အားပေးထောက်ခံမယ့်သူတစ်ယောက်မှမရှိလည်းအတောက်ပဆုံးပြုံးနေနိုင်တာပဲလေ.. မဟုတ်ဘူးလား"
တုန်နေတဲ့ boss ရဲ့အသံမှာလွမ်းဆွတ်တမ်းတမှုတွေပါနေတာကိုယွန်ဂီခံစားနေရသည်။ ပြီးတော့..သူပဲအမြင်မှားတာလားတော့မပြောတတ်.. ထူးဆန်းစွာဖြင့် Boss ရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေပြည့်လျှံလာတာကိုမြင်လိုက်ရ၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဆော့ဂျင်ကမနက်ဖြန်ကစပြီးအလုပ်နားတော့မှာဆို.. ဒီနေ့နောက်ဆုံးဆို.. ဟုတ်လား။ တကယ်ကြီးလား"
Locker room ထဲမှာယူနီဖောင်းလဲဝတ်နေသည့်သူ့ကိုအပြေးလေးလာမေးရှာသည့်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဂျောင်ထယ်ဝမ်ကိုဆော့ဂျင်ကအင်္ကျီကြယ်သီးတပ်ရင်းခေါင်းညိတ်ပြလိုက်သည်။
"ဆော့ဂျင်အလုပ်ထွက်တော့မယ်ဆိုလို့မန်နေဂျာချွဲကအကြီးအကျယ်စိတ်တွေညစ်နေရှာတယ်..သိလား။အေးပေါ့လေ..ဆော့ဂျင်နေရာမှာအစားထိုးလို့ရမယ့်လူမျိုးကိုချက်ချင်းရှာတွေ့ဖို့ခက်မှာပေါ့"
ဆော့ဂျင်လိုရုပ်ရည်ကအပြစ်အနာအဆာရှာမရအောင်ချောမောပြီးသွက်သွက်လက်လက်ဖြင့်အလုပ်ကိုမခိုမကပ်ဘဲကြိုးစားလုပ်တတ်တဲ့လူမျိုးကိုဘယ်အလုပ်ရှင်ကလက်လွတ်ခံပါ့မလဲ။ ဟော့ဒီBarကလည်းဆော့ဂျင်ရောက်လာပြီးနောက်ပိုင်းမှပိုပြီးရောင်းအားတက်လာတာမဟုတ်လား။ ဆော့ဂျင်ကိုတွေ့ချင်ရုံသက်သက်သူတို့ bar ကိုလာပြီးတနေ့တနေ့ငွေကိုသိန်းချီပြီးသုံးနိုင်ဖြုန်းနိုင်တဲ့သူတွေကလည်းဒုနဲ့ဒေးပဲလေ။
"မန်နေဂျာကလစာကိုနှစ်ဆတိုးပေးမယ်လို့တောင်ပြောပြီးအလုပ်မထွက်အောင်လာစည်းရုံးနေသေးတယ်"
"နှစ်ဆတောင်ပေးမယ်.. ဟုတ်လား"
"အင်း.. ဒါပေမယ့်ဒီမှာဆက်လုပ်လို့မဖြစ်ပါဘူး။ မနက်ကဆာရန်းကဘာပြောတယ်ထင်လဲ"
"ဘာပြောလဲ"
"Appa ကအမြဲတမ်းသူအိပ်ပျော်သွားတဲ့အချိန်ကျမှပြန်,ပြန်လာလို့.. Appa မျက်နှာကိုမမြင်ရတာကြာလို့လွမ်းတယ်တဲ့"
"အမလေး.. ကင်ဆာရန်းတို့ကအဲ့အပြောတွေနဲ့ပဲသူ့ Appa ရဲ့အသည်းကိုခြွေခြွေနေတာ"
"ဒါပေမယ့်ဆာရန်းပြောတာလည်းမှန်ပါတယ်လေ.. ဒီအလုပ်ကလစာကောင်းတာမှန်ပေမယ့်အလုပ်ပြီးတဲ့အချိန်ကညဥ့်နက်တော့ရေရှည်အတွက်မကောင်းဘူးပေါ့။ ဆာရန်းကိုလည်းအချိန်ပေးရမယ်လေ။ ပြီးတော့အခု Full time အလုပ်လည်းရပြီဆိုတော့အလုပ်တွေအများကြီးလုပ်ဖို့မလိုတော့ဘူးပေါ့"
အခုလစာများတဲ့အလုပ်လည်းရပြီဆိုတော့မနက်စောစောနွားနို့ပို့တဲ့အလုပ်ကလွဲရင်ကျန်တဲ့အလုပ်တွေကိုနားလိုက်ဖို့ဆော့ဂျင်စဥ်းစားထားသည်။အလုပ်ကရတဲ့လစာကိုအကြွေးဆပ်ဖို့နဲ့ဆာရန်းရဲ့ကျောင်းစရိတ်အတွက်သုံးပြီးနွားနို့ပို့လို့ရတဲ့လစာကိုတော့နေရေးစာရေးအတွက်သုံးမယ်လို့လည်းစီစဥ်ထားသည်။
"ကဲ.. customer တွေကဆော့ဂျင်ကိုမေးနေကြပြီ။အပြောလေးတွေလျှော့ပြီးအလုပ်လုပ်ကြရအောင်"
"အင်း"
တနေကုန်အလုပ်မျိုးစုံလုပ်ထားတာမို့ခြေတွေလက်တွေမသယ်ချင်အောင်ပင်ပန်းနေသော်လည်းဒီနေ့အတွက်နောက်ဆုံးအလုပ်ဖြစ်နေတော့လည်းနွမ်းနယ်နေသည့်ကြားကကြိုးစား၍ပြုံးနေရသည်။ နာရီတကြည့်ကြည့်နဲ့အလုပ်ပြီးမယ့်အချိန်ကိုမျှော်နေလို့လားမသိအချိန်ကုန်တာကလည်းနှေးလွန်းနေသလိုလို.. ဖြစ်နိုင်ရင်တနေရာရာမှာဝင်ခွေပြီးအိပ်ပစ်လိုက်ချင်ပါရဲ့။
"ဆော့ဂျင်.. ပြန်လို့ရပြီ.. ဒီနေ့အတွက်တာဝန်ကျေပါတယ်။ နောက်အလုပ်လိုရင်လည်းအချိန်မရွေးပြန်လာနော်။ဆော့ဂျင်အတွက်ဆိုဒီနေရာကever welcome ပဲ"
"ဟုတ်ကဲ့.. ကျေးဇူးပါ"
မန်နေဂျာပေးသည့်ဒီနေ့အတွက်လုပ်အားခကိုယူကာအဝတ်အစားမြန်မြန်လဲ၍သွက်လက်တဲ့ခြေလှမ်းတွေနဲ့အတူဘတ်စကားမှတ်တိုင်သို့ချီတက်ခဲ့တော့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အမယ်.. ဒီနေ့မှထူးထူးခြားခြားကင်ဆော့ဂျင်တို့ကံကောင်းနေပါလား"
အရင်နေ့တွေကဆိုဘတ်စ်ကားမှတ်တိုင်မှာဘတ်စ်ကားကိုတမျှော်တခေါ်လည်ပင်းရှည်မတတ်စောင့်ရလေ့ရှိပေမယ့်ဒီနေ့မှဆော့ဂျင်လည်းကားမှတ်တိုင်အရောက်ကားကလည်းမှတ်တိုင်ရှေ့အရပ်နဲ့တန်းကြုံတော့ဆော့ဂျင်အပျော်ကြီးပျော်နေတော့သည်။
"အမေ့!"
ကားပေါ်တက်ပြီးထိုင်ခုံအလွတ်ရှိရာသို့သွားနေတုန်းကားကရုတ်တရတ်ဆောင့်ထွက်လိုက်သဖြင့်ဆော့ဂျင်အနောက်ကိုယိုင်ကျသွားပေမယ့်အနောက်ကနေသူ့ပခုံးနှစ်ဖက်ကိုဖမ်းထိန်းပေးလိုက်တဲ့လက်တစ်စုံကြောင့်တစ်စုံတစ်ရာထိခိုက်မှုမဖြစ်လိုက်ပါ။
"ကျေးဇူး"
ဆော့ဂျင်ကအနောက်မှာဘယ်သူရှိနေလဲဆိုတာသေချာလှည့်မကြည့်မိပေမယ့်ကျေးဇူးတင်စကားခပ်တိုးတိုးပြောပြီးထိုင်ခုံအလွတ်ဆီသို့သွား၍ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည်။ ခဏအကြာမှာတော့မျက်လုံးတွေမှေးစင်းလာတော့၏။သူ့ဘေးကထိုင်ခုံမှာတစ်စုံတစ်ယောက်ဝင်ထိုင်လိုက်တာကိုသိလိုက်ပေမယ့်မျက်လုံးတွေကဘယ်လိုမှဖွင့်လို့မရတာနဲ့ကားမှန်ကိုမှီကာအိပ်ပျော်ခြင်းဆီသို့...
"Hyung"
ကားသွားနေတဲ့အရှိန်ကြောင့်ခေါင်းတစ်ခုလုံးဘယ်ညာယိမ်းထိုးနေပေမယ့်တုတ်တုတ်မျှမလှုပ်အောင်အိပ်မောကျနေတဲ့ hyung ကိုကြည့်ပြီးသူရယ်ချင်လာသည်။လမ်းသွားရင်ဘေးဘီဝဲယာကိုမကြည့်ဘဲသွားတတ်တာရော..ဘယ်နေရာမှာပဲဖြစ်ဖြစ်ကောင်းကောင်းအိပ်ပျော်တတ်တာရော.. သူ့ရဲ့hyung ကအခုအချိန်ထိအရင်ကအတိုင်းဘာမှမပြောင်းလဲသေးပါလား..
Hyung ကိုမြတ်မြတ်နိုးနိုးငေးကြည့်နေမိတုန်းကားကရုတ်တရက်ကွေ့လိုက်တာကြောင့်ပြတင်းပေါက်မှန်နဲ့ဆောင့်မိတော့မလိုဖြစ်သွားတဲ့ hyung ရဲ့ခေါင်းလေးကိုဖမ်းထိန်း၍သူ့ပခုံးထက်သို့မှီစေလိုက်သည်။ hyung ဆီကရနေကျရှန်ပူနံ့လေးကိုရှူရှိုက်ရင်း hyung ရဲ့လက်လေးကိုဖွဖွလေးဆုပ်ကိုင်လိုက်သည်။
"စိတ်ချပါ.. နောက်ဆိုဘယ်တော့မှမထားခဲ့တော့ပါဘူး။ အခုလိုလက်ကလေးတစ်ဖက်ဖြစ်ဖြစ်ဆုပ်ကိုင်ပြီးအနားမှာပဲတသက်လုံးနေပေးပါ့မယ်"
ထို့နောက်သူ့လက်မှာမချွတ်တမ်းဝတ်ထားတဲ့လက်စွပ်တစ်ကွင်းကိုချွတ်ကာ hyung ရဲ့လက်သူကြွယ်လေးမှာစွပ်ပေးလိုက်သည်။ ပိုင်ရှင်လက်ထဲပြန်ရောက်သွားလို့လားမသိအရောင်မှေးမှိန်နေတဲ့လက်စွပ်လေးကတဖိန့်ဖိန့်တောက်ကာလှချင်တိုင်းလှနေတော့၏။ သူကလက်စွပ်ဝတ်ထားသည့်လက်ကိုလက်ချောင်းချင်းယှက်ကာဆုပ်ကိုင်ထားရာမှမြှောက်ယူလိုက်ပြီးhyung ရဲ့လက်ခုံလေးကိုနှုတ်ခမ်းဖြင့်ဖိကပ်နမ်းလိုက်သည်။ နှစ်အကြာကြီးဝေးကွာနေခဲ့ပြီးမှပထမဆုံးအကြိမ်hyung နဲ့နီးနီးကပ်ကပ်ပြန်နေခွင့်ရတဲ့အတွက်ရင်ထဲမှာကြည်နူးမှုကြောင့်လှုပ်ခါနေ၏။
~တီ တီ တီ တီ~
Hyung ရဲ့ဖုန်းကမြည်လာတဲ့နှိုးစက်သံကြောင့်သူတွန့်ခနဲလန့်သွားမိ၏။ ကြည့်ရတာတော့အမြဲတမ်းမှတ်တိုင်ကျော်အောင်အိပ်ပျော်သွားတတ်လို့နှိုးစက်ပေးထားပုံရသည်။ သို့ပေမယ့်နှိုးစက်ကသာမရပ်မနားမြည်နေပေမယ့် hyung ကတော့မနိုးသေးပေ။ သူလည်းသူ့ပခုံးမှာခေါင်းမီပြီးအိပ်မောကျနေတဲ့ hyungကိုပခုံးပင့်၍လှုပ်နှိုးလိုက်သည်။ အဲ့တော့မှhyung ဆီကအသံသေးသေးလေးထွက်လာပြီးအိပ်ချင်မူးတူးဖြင့်အပြင်ကဟိုကြည့်ဒီကြည့်လုပ်နေသည်။ hyung သူ့ဘက်ကိုမျက်နှာမလှည့်လာခင်ကမန်းကတန်းထ၍အနောက်ကထိုင်ခုံမှာအပြေးဝင်ထိုင်ရသည်။
"ဦးလေး.. ခဏ..ခဏ.. ဆင်းမယ်"
တဝါးဝါးသမ်းရင်းကားပေါ်ကဆင်းသွားတဲ့ဆော့ဂျင်ကတော့ချစ်ခြင်း၊မြတ်နိုးခြင်းတွေကသူသွားရာနောက်သို့လေပြည်လေညှင်းတို့နှင့်အတူလိုက်ပါနေတယ်ဆိုတဲ့အဖြစ်ကိုသတိထားမိမည်မဟုတ်ပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟင်.. အမေကအခုအချိန်ထိမအိပ်သေးဘူးလား"
"မအိပ်သေးတာမဟုတ်ပါဘူး။ အသက်ကြီးလာတော့လည်းခဏခဏနိုးနေတာပေါ့"
တကယ်တော့အမေကမအိပ်သေးဘဲသူပြန်အလာကိုထိုင်စောင့်နေတယ်ဆိုတာကိုသိပါသည်။ သိပေမယ့်.. အမေစိတ်ချမ်းသာအောင်မသိချင်ယောင်ဆောင်၍ စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဆာရန်းရော.. အိပ်ပြီလား"
"အိပ်ပြီ"
"အမေလည်းပြန်အိပ်တော့လေ..ကျွန်တော်လည်းကိုယ်လက်သန့်စင်ပြီးရင်အိပ်တော့မှာ"
"ထမင်းရောစားပြီးပြီလား"
"ပြီးပြီပေါ့.. ဘယ်အချိန်တောင်ရှိနေပြီလဲ"
အမေအိပ်ခန်းထဲပြန်ဝင်သွားမှသူလည်းရေချိုးခန်းထဲသို့ဝင်၍ကိုယ်လက်သန့်စင်ဖို့ပြင်ရသည်။ ဘေစင်မှရေကိုဖွင့်လိုက်ပြီးမျက်နှာသစ်ဖို့လုပ်နေတုန်းသူ့လက်ကိုအကြည့်ရောက်သွားမိတော့...
"ဟင်! ဒါ.. ဒါက..."
အိပ်မက်များလား.. သူထင်ယောင်ထင်မှားများဖြစ်နေတာများလားဆိုပြီးမျက်လုံးကိုအကြိမ်ကြိမ်ပွတ်၍သူ့လက်ကိုပြန်ကြည့်လိုက်ပေမယ့်လက်စွပ်လေးကတော့သူ့လက်မှာမပျောက်မပျက်ရှိနေဆဲ။ သေချာတယ်.. ဒါသူ့လက်စွပ်။ ဒီလက်စွပ်လေးကိုသူကိုယ်တိုင်မစားရက်မသောက်ရက်မုန့်ဖိုးလေးတွေကိုစုပြီးဝယ်ခဲ့တာပဲ.. မမှတ်မိဘဲနေပါ့မလား။ ဒါပေမယ့်ဒီလက်စွပ်လေးကိုတစ်ချိန်ကသူကိုယ်တိုင်လွှင့်ပစ်ခဲ့တယ်လေ.. အဲ့ဒါဆိုဘာဖြစ်လို့ဒီလက်စွပ်လေးက..
သူ.. အိမ်အပြင်ဘက်သို့အပြေးတစ်ပိုင်းထွက်လာပြီးသူ့အိမ်နားဝန်းကျင်ကိုအရူးတစ်ယောက်လိုလှည့်ပတ်ရှာနေမိသည်။ ဘာကိုတွေ့ချင်မြင်ချင်လို့အသည်းအသန်လိုက်ရှာနေတာလဲလို့မေးရင်သူ့မှာအဖြေမရှိပါ။ သူလက်စွပ်ကိုချွတ်၍လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးလွှင့်ပစ်ဖို့လက်ကိုမြှောက်လိုက်သည်။
ဒီလက်စွပ်ကိုနောက်တစ်ကြိမ်လွှင့်ပစ်ဖို့သူ့မှာအင်အားရှိပါ့မလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
နောက်တစ်ပိုင်းကျရင်တော့ update လေးနည်းနည်းကြာမှာမို့ဒီအပိုင်းကိုရှည်ရှည်လေးရေးပေးထားပါတယ်😊 အဲ့ဒါကြောင့် update ကြာနေရင်လည်းစိတ်ဆိုးရဘူးနော်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
~တီ တီ တီ တီ~
ယခုမွအိပ္ေပ်ာ္ကာစရွိေသးနားထဲသို႔အလုံးအရင္းျဖင့္စူးခနဲေဆာင့္ဝင္လာတဲ့ႏွိုးစက္သံေၾကာင့္အဆက္မျပတ္ျမည္ဟီးေနေသာစားပြဲတင္နာရီကိုလက္တစ္ဖက္ျဖင့္လိုက္စမ္း၍ႏွိုးစက္ကိုပိတ္ၿပီးအိပ္ေရးမဝေသးသျဖင့္စပ္ဖ်င္းဖ်င္းျဖစ္ေနသည့္မ်က္လုံးတို႔ကိုအတင္းဆြဲဖြင့္ကာအျပင္ဘက္သို႔ေခါင္းေထာင္ၾကည့္လိုက္၏။ မိုးလင္းခါစအ႐ုဏ္တက္အခ်ိန္မို႔ေလာကတစ္ခြင္လုံးအေမွာင္ထုသာႀကီးစိုးေနကာအေရွ႕အရပ္တြင္ေရာင္နီပ်ိဳ႕ပ်ိဳ႕သာမသဲမကြဲျမင္ေနရသည္။
"အင္း..ဟင္း"
တေန႕အိပ္ခ်ိန္သုံး,ေလးနာရီသာရွိတာမို႔ေနာက္က်ိက်ိျဖစ္ေနသည့္ေခါင္းကိုသက္သာေစရန္မ်က္လုံးကိုခဏမွိတ္၍တိုးတိုးညည္းမိသည္။ထိုစဥ္သူ႕အခန္း၏ဆြဲတံခါးကိုညင္ညင္သာသာဆြဲဖြင့္သံၾကားလိုက္ရၿပီးသူအိပ္ေနသည့္ေနရာသို႔ေျခသံလုံလုံျဖင့္ခ်ဥ္းကပ္၍အိပ္ရာထက္တြင္အိခနဲထိုင္ခ်လိဳက္သည့္တစ္စုံတစ္ေယာက္ေၾကာင့္မသိမသာၿပဳံးကာအိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။
"Appa ထေတာ့ေလ"
"Appa.. မထဘူးလား။ ဆာရန္းကိုမေတြ႕ခ်င္ဘူးလား"
"Appa.. မ်က္လုံးဖြင့္ပါေတာ့။ ဆာရန္းက Appa ကိုလြမ္းလို႔ Appa မ်က္ႏွာကိုျမင္ခ်င္လို႔အေစာႀကီးထလာရတာကို..Appa က ဆာရန္းကိုမလြမ္းဘူးလား။ ဆာရန္းရဲ႕မ်က္ႏွာကိုမျမင္ခ်င္ဘူးလား"
အသက္ေျခာက္ႏွစ္သာရွိေသးသည့္ဆာရန္းေလးကအ႐ြယ္ႏွင့္မလိုက္ေအာင္စကားတတ္လြန္း႐ုံသာမကဘဲထိုကဲ့သို႔သူ႕ရဲ႕အသည္းေတြႏွလုံးေတြေႂကြက်သြားေအာင္ခြၽဲတတ္လြန္းတာေၾကာင့္ဆက္ၿပီးဟန္မေဆာင္နိုင္ေတာ့တာနဲ႕အားမရွိသည့္အသံျဖစ္ေအာင္တမင္လုပ္ေျပာ၍..
"ဆာရန္း.. Appaကအရမ္းအရမ္းပင္ပန္းၿပီးအားနည္းေနလို႔မ်က္လုံးမဖြင့္နိုင္ဘူးျဖစ္ေနတယ္။ အဲ့ဒါေၾကာင့္ဆာရန္းေလးကAppa အားျပည့္သြားေအာင္အားသြင္းေပးလို႔မရဘူးလား"
ဆာရန္းကသူ႕ရင္ဘတ္ေပၚတြင္ဖားပ်ံေလးတစ္ေကာင္လိုကပ္၍သူ႕ပါးႏွစ္ဖက္ကိုလက္ေသးေသးေလးမ်ားျဖင့္ညွပ္ကိုင္ကာသူ၏မ်က္ႏွာအႏွံ႕ကိုတ႐ႊတ္႐ႊတ္နမ္းလာပါေတာ့သည္။ ဆာရန္းရဲ႕ခ်စ္စဖြယ္အျပဳအမူေလးကြောင့်ကြည်ကြည်နူးနူးပြုံးလိုက်ပြီးဆာရန်းရဲ့ခန္ဓါကိုယ်ေလးကိုဖက္လွ်က္ထထိုင္လိုက္ေတာ့ဆာရန္းကသူ႕ရင္ခြင္ထဲတြင္အ႐ုပ္ေလးတစ္႐ုပ္လိုၿငိမ္သက္စြာပါလာသည္။
"Appaရဲ႕မင္းသမီးေလးကAppaကိုေတြ႕ခ်င္လို႔အေစာႀကီးထလာတာလား"
"အင္း"
"Aigoo.. လိမၼာလိုက္တာ"
"Appa ကေန႕တိုင္းဆာရန္းအိပ္ေပ်ာ္ၿပီးမွအိမ္ျပန္လာတာကိုး။ ၿပီးရင္ Appa ကအလုပ္မ်ားေတာ့တေနလုံးလည္းမေတြ႕ရဘူးေလ။ ဆာရန္းက Appa ကိုဘယ္ေလာက္ေတာင္လြမ္းေနရလဲသိရဲ႕လား"
ဝမ္းနည္းသြားတဲ့မ်က္ႏွာေလးနဲ႕ေျပာလာတဲ့ဆာရန္းရဲ႕စကားေၾကာင့္စိတ္မေကာင္းျဖစ္သြားရသည္။ တကယ္ေတာ့ဆာရန္းေလးဟာအၿမဲတမ္းကံဆိုးျခင္းေတြနဲ႕သာႀကဳံေတြ႕ေနရတဲ့သူ႕ဘဝမွာပထမဆုံးအေနနဲ႕ပိုင္ဆိုင္ခြင့္ရခဲ့တဲ့ကံေကာင္းျခင္းလက္ေဆာင္ေလးမို႔ဆာရန္းသာသူ႕ဘဝ၊ ဆာရန္းသာသူ႕အသက္၊ ဆာရန္းသာသူ႕ရဲ႕အရာရာျဖစ္သည္။ ျဖစ္နိုင္မယ္ဆိုရင္သူလည္းဆာရန္းေဘးမွာဖခင္ေမတၱာအျပည့္အဝေပးၿပီးအၿမဲေနခ်င္တာေပါ့။ ဒါေပမယ့္အစြမ္းကုန္လႈပ္ရွား႐ုန္းကန္ေနရမွအသက္ရႉခြင့္ရမယ့္အေျခအေနျဖစ္ေနေတာ့လည္းအလုပ္မွန္သမွ်သိမ္းက်ဳံးလုပ္၍ခက္ခက္ခဲခဲရွင္သန္ေန႐ုံမွတပါး.. သူ႕အတြက္တျခားေ႐ြးခ်ယ္စရာမရွိပါ။
"Appa လည္းဆာရန္းကိုအရမ္းလြမ္းေနတာပါ။ ဒါေပမယ့္.. ဆာရန္းေလးကိုအ႐ုပ္ေတြအမ်ားႀကီးဝယ္ေပးနိုင္ေအာင္ၿပီးေတာ့.. ဆာရန္းႀကိဳက္တဲ့ပီဇာေတြခဏခဏဝယ္ေကြၽးနိုင္ေအာင္Appa ကပိုက္ဆံအမ်ားႀကီးရွာရမယ္ေလ"
"ဆာရန္း.. အ႐ုပ္ေတြမလိုခ်င္ပါဘူး။ ပီဇာမစားရလည္းျဖစ္ပါတယ္။ဆာရန္းက Appaနဲ႕ပဲအတူတူေနခ်င္တာ"
"ဒီေန႕တစ္ရက္ပဲ..ဒီေန႕တစ္ရက္တည္းပဲသည္းခံေပးလို႔မရဘူးလား။ Appa ကမနက္ျဖန္တေနကုန္ဆာရန္းကိုအခ်ိန္ေပးမယ္ေလ.. ေနာ္"
"တကယ္လား"
"တကယ္ေပါ့။ Appa အခုအလုပ္ရၿပီ။ လစာကလည္းအမ်ားႀကီးရမွာဆိုေတာ့အရင္လိုအလုပ္ေတြအမ်ားႀကီးလုပ္စရာမလိုေတာ့ဘူး။အဲ့ဒါေၾကာင့္ဆာရန္းကိုေန႕တိုင္းေက်ာင္းလိုက္ပို႔ေပးလို႔လည္းရၿပီ။ ညတိုင္းပုံျပင္ဖတ္ျပၿပီးေခ်ာ့သိပ္လို႔လည္းရၿပီ။ ၿပီးေတာ့.. Appa နားရက္ရတဲ့ေန႕တိုင္းဆာရန္းကိုကစားကြင္းလိုက္ပို႔ေပးလို႔လည္းရၿပီ။ ဘယ္လိုလဲ.. ေကာင္းတယ္မဟုတ္လား"
"ဝါး.. ေပ်ာ္လိုက္တာ။ Appa တကယ္ေျပာတာေနာ္"
"အင္း"
"ဆာရန္းကိုကတိေပး"
ဆာရန္းကလက္သန္းေလးေထာင္ၿပီးသူ႕ေရွ႕ကိုထိုးေပးေတာ့သူကလည္းအလိုက္သင့္လက္သန္းခ်င္းခ်ိတ္လိုက္ၿပီး..
"ကတိ"
"တံဆိပ္တုံးလည္းႏွိပ္ရမွာေပါ့"
သူကဆာရန္းစိတ္ေက်နပ္ေစရန္လက္သန္းခ်င္းခ်ိတ္၍ လက္မခ်င္းပါဖိကပ္ကာကတိေပးလိုက္သည္။
"ကဲ.. အခုေတာ့ Appa အလုပ္သြားရဦးမွာမို႔အိပ္ရာထေတာ့မယ္။ အဖြားနဲ႕လိမ္လိမ္မာမာေနခဲ့ေနာ္။ အဖြားကအသက္ႀကီးၿပီဆိုေတာ့.. အဖြားပင္ပန္းေအာင္ေလွ်ာက္ေျပးမေဆာ့ရဘူး။ ေက်ာင္းမွာလည္းသူငယ္ခ်င္းေတြနဲ႕ရန္မျဖစ္ရဘူး။ ထမင္းကိုအခ်ိန္မွန္မွန္စားရမယ္။သြားလည္းအခ်ိန္မွန္တိုက္ရမယ္။ မဟုတ္ရင္သြားေတြပိုးစားၿပီး႐ုပ္ဆိုးမေလးျဖစ္သြားမွာေနာ္"
"သိပါတယ္။ အၿမဲဒီစကားေတြပဲေျပာေနလို႔အလြတ္ရေနပါၿပီ။ Appa ကအရမ္းပြစိပြစိေျပာတာပဲ"
"ဘာ..."
သူကစိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီးဆာရန္းကိုကလိထိုးေတာ့ဆာရန္းကသူ႕ေပါင္ေပၚမွာထိုင္ရင္းတခစ္ခစ္ရယ္ကာတြန့္လိမ္ေနေအာင္႐ုန္းေတာ့သည္။ ဒီလိုနဲ႕ပဲသူ႕ရဲ႕မနက္ခင္းေလးကခိုးခိုးခစ္ခစ္ရယ္သံေလးေတြကြောင့်အဓိပ္ပါယ်ရှိပြီးလှပသွားသလိုစိတ်ေရာလူပါပင္ပန္းထားသမွ်လည္းယူပစ္သလိုေပ်ာက္သြားေတာ့၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"သိၿပီးၿပီလား..အသစ္ေရာက္တဲ့ GM ကအသက္ငယ္ငယ္ေလးတဲ့"
"ဒီဟိုတယ္ပိုင္ရွင္ရဲ႕တစ္ဦးတည္းေသာသားတဲ့။ အဲ့ေတာ့သိတယ္မွတ္လား.. မိုးက်ေ႐ႊကိုယ္ေပါ့ဟယ္"
Lobby ထဲသို႔ျဖတ္ေလွ်ာက္လာတုန္း reception က ဝန္ထမ္းတစ္ခ်ိဳ႕၏တီးတိုးစကားသံမ်ားေၾကာင့္ေျခလွမ္းေတြကိုရပ္လိုက္ၿပီးထိုစကားဝိုင္းနားသို႔မေယာင္မလည္သြားကာစကားသံတို႔ကိုနားစြန့္ေထာင္လိုက္၏။စပ္စုခ်င္လို႔ေတာ့မဟုတ္ Boss ရဲ႕အေၾကာင္းကိုေနာက္ကြယ္မွာဘာေတြေျပာေနၾကလဲဆိုတာကိုေထာက္လွမ္းၾကည့္ခ်င္႐ုံသက္သက္ျဖစ္သည္။
"အရည္အခ်င္းရွိ,မရွိေတာ့မသိဘူး။အလုပ္ကိုေတာ့တစ္ပတ္လုံးေနမွ ဗုဒၶဟူးနဲ႕ၾကာသပေတးႏွစ္ရက္ပဲလာတာေတြ႕တယ္။ ၿပီးေတာ့သူအလုပ္လာရင္လည္းဒီဟိုတယ္တစ္ခုလုံးကဝန္ထမ္းေတြတစ္ေယာက္မက်န္အကုန္တန္းစီၿပီးထြက္ႀကိဳရတာေနာ္။ေငြေရာ၊ဂုဏ္ေရာရွိေတာ့အပြင့္ကားခ်င္တဲ့သေဘာေပါ့"
ဟုတ္ပါ့..Boss ကလဲအတင္းေျပာလည္းေျပာခ်င္စရာ။ အလုပ္ကိုဘယ္ေတာ့မွမွန္မွန္မလာခ်င္။ ဘယ္ေလာက္ပဲအျခားသူေတြရဲ႕ေဝဖန္သံေတြကိုဂ႐ုမစိုက္ဖူးပဲေျပာေျပာဂုဏ္သေရရွိအသိုင္းအဝိုင္းကလာတဲ့လူတစ္ေယာက္အေနနဲ႕အလုပ္ခြင္ထဲမွာအနည္းဆုံးေတာ့အလုပ္လုပ္ခ်င္ေယာင္ေဆာင္ျပသင့္တယ္မဟုတ္ဘူးလား။ အခု boss လုပ္ပုံကိုလည္းၾကည့္ေလ.. အလုပ္ကိုဘာလို႔ေန႕တိုင္းမလာတာလဲလို႔ေမးလိုက္ရင္..
"တနလၤာေန႕နဲ႕ေသာၾကာေန႕ဆိုကားေတြဘယ္ေလာက္ၾကပ္တယ္ထင္လဲ။ေတြးၾကည့္႐ုံနဲ႕တင္စိတ္ရႈပ္စရာႀကီး.. အလုပ္လာၿပီးဘာလုပ္ရမွာလဲ"
"အဲ့ဒါဆို အဂၤါေန႕က်ေတာ့ေရာ"
"အဂၤါေန႕ကေတာ့... မလာခ်င္လို႔မလာတာ"
လို႔ခပ္ျပတ္ျပတ္ေျဖတတ္သည္။ အဲ့ေတာ့လည္း boss အလုပ္မလာတဲ့ေန႕ေတြဆိုသူတစ္ေယာက္တည္းရွိသမွ်အလုပ္အကုန္သိမ္းက်ဳံးလုပ္ေပါ့။
"ဟုတ္ပါ့ေအ။ GM ကငယ္ငယ္ေခ်ာေခ်ာေလးမို႔စိတ္ထဲကက်ိတ္ၿပီးေမွ်ာ္လင့္မိပါတယ္။ သူကေတာ့တစ္ခါမွငါတို႔ဘက္ကိုမ်က္စိေတာင္ေစြမၾကည့္ဖူးဘူး"
အဲ့ဒါေတာ့မွန္သည္။ Boss ကသူကလြဲၿပီးတျခားဘယ္သူ႕ကိုမွအဖက္လုပ္ၿပီးစကားမေျပာတတ္သလိုအရယ္အၿပဳံးလည္းနည္းသည္။ Boss ရဲ႕ႏႈတ္ခမ္းကခပ္ပါးပါးဆိုေပမယ့္ၿပဳံးလိုက္လွ်င္ေကာ့သြားကာၾကည့္ေကာင္းလွသည္။ ဒါေပမယ့္Boss ကၿပဳံးရယ္ခဲသည္။သူ႕ hyung အေၾကာင္းေျပာေနတဲ့အခ်ိန္မွလြဲ၍တျခားအခ်ိန္ေတြဆိုခပ္တည္တည္သာေနတတ္သည္။အဲ့ဒါေၾကာင့္အၿပဳံးအရယ္လုံးဝမရွိတဲ့သူတို႔ဆရာတပည့္ႏွစ္ေယာက္ကိုတြဲျမင္လိုက္ရင္လူေတြကလန့္,လန့္သြားတာကိုး...
"ဟဲ့.. ဟဲ့.. ေျပာရင္းဆိုရင္းအသက္ရွည္ဦးမယ္.. ဟိုမွာ.. ဟိုမွာ"
"ဟမ္! ဒီေန႕ကေသာၾကာေန႕မဟုတ္ဘူးလား"
"ဘာလုပ္ေနၾကတာလဲ.. ျမန္ျမန္ထြက္ႀကိဳၾကေလ.. ဒုကၡပါပဲ"
စကားဝိုင္းထဲအာ႐ုံေရာက္ေနတုန္း႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကတဲ့ဝန္ထမ္းမ်ားေၾကာင့္အေရွ႕အဝင္ေပါက္ကိုအၾကည့္ေရာက္မိေတာ့..
"Boss?"
သူလည္းဘာမွစဥ္းစားမေနဘဲ boss အနားသို႔အေျပးတစ္ပိုင္းသြားမိသလိုတျခားဝန္ထမ္းမ်ားကလည္းျပာျပာသလဲတန္းစီကာအခ်ိန္အခါမဟုတ္ေရာက္လာသူႀကီးကိုခါးကိုင္း၍ထြက္ႀကိဳၾကရသည္။ Boss ကေတာ့ထုံးစံအတိုင္းေဘးပတ္ဝန္းက်င္ကိုရွိတယ္လို႔ေတာင္သေဘာမထားဘဲေခါင္းေမာ့ရင္ေကာ့၍ဓါတ္ေလွကားရွိရာသို႔တန္းတန္းမတ္မတ္သြားေနသည္။
"ဒါနဲ႕ GM ကအိမ္ေထာင္ရွိလား။ သူ႕လက္မွာလက္စြပ္ဝတ္ထားတာေတြ႕လိုက္တယ္။ နင္ေရာေတြ႕လိုက္လား"
"ေအး.. ေတြ႕လိုက္တယ္။ ဒါေပမယ့္လက္သူႂကြယ္တစ္ေခ်ာင္းတည္းမွာလက္စြပ္ႏွစ္ကြင္းေတာင္ဝတ္ထားတာဆိုေတာ့ဒီအတိုင္းအလွဝတ္ထားတာေရာမျဖစ္နိုင္ဘူးလား"
"ဟဲ့.. အလွဝတ္ရေအာင္အဲ့ဒီ့လက္စြပ္ကအေကာင္းစားမွမဟုတ္တာ။ အေရာင္ေတာင္မွိန္ေနၿပီ။ သူ႕လိုလူမ်ိဳးကအေရာင္မွိန္ေနတဲ့လက္စြပ္ကိုအလွဝတ္ပါ့မလား"
အေနာက္ကေနတီးတိုးလိုက္ပါလာတဲ့စကားသံမ်ားကိုမင္ယြန္ဂီတစ္ေယာက္ေကာင္းစြာၾကားေနရ၏။ တကယ္လည္းဟုတ္ပါသည္.. Boss ကထိုလက္စြပ္ႏွစ္ကြင္းကိုမခြၽတ္တမ္းဝတ္ထားေလ့ရွိကာလက္စြပ္တစ္ကြင္းက boss ရဲ႕လက္နဲ႕ကြက္တိေတာ္ၿပီးက်န္တစ္ကြင္းကေတာ့အနည္းငယ္ေသးေနလို႔ထင္လက္ဆစ္အေပၚေလာက္မွာစြပ္႐ုံေလးစြပ္ထားသည္။ထိုလက္စြပ္ကိစၥနဲ႕ပတ္သက္ၿပီးသူလည္းအေၾကာင္းစုံသိခ်င္စိတ္ျဖစ္မိေပမယ့္boss ကိုေတာ့တခါမွထုတ္မေမးမိပါ။
"Boss က ဒီကိုဘာလာလုပ္တာလဲ"
"ဘာလာလုပ္ရမွာလဲ.. အလုပ္လုပ္ဖို႔လာတာေပါ့"
"Boss တို႔ကအခ်ိန္တိက်တယ္ေနာ္.. အလုပ္ကိုလာလိုက္ရင္အလုပ္ဆင္းခါနီး ၁၅မိနစ္ကြက္တိပဲ"
"ကားလမ္းေတြပိတ္ေနတယ္ေလ.. ကားလမ္းေတြ"
"တျခားဆင္ေျခတစ္ခုခုေျပာင္းေပးလို႔မရဘူးလား"
"မရွည္နဲ႕..လတ္မွတ္ထိုးစရာရွိတာေတြတခါတည္းယူခဲ့။ ဪ.. ၿပီးေတာ့ Penthouse ကိုျပင္ခိုင္းထားတာဘယ္လိုအေျခအေနရွိၿပီလဲ"
"ၿပီးခါနီးပါၿပီ"
တခါတေလက်ေတာ့လည္း Boss ကနားလည္ရခက္လြန္းလွသည္လို႔ယြန္ဂီထင္၏။ အခုလည္းဘာစိတ္ကူးေပါက္သည္မေျပာတတ္ဒီဟိုတယ္ရဲ႕ Penthouse မွာ႐ုတ္တရက္ေျပာင္းေနခ်င္သည္ဟုေျပာလာသျဖင့္သူ႕မွာအိမ္ေျပာင္းဖို႔အတြက္ျပင္ဆင္ေပးရျပန္သည္။
"သူကေရာ.. ဘယ္ေတာ့အလုပ္စဆင္းမွာလဲ"
"တနလၤာေန႕ပါ"
"အဲ့ဒါဆို.. တနဂၤႏြေေန႕ေနာက္ဆုံးထားၿပီးပစၥည္းအေျပာင္းအေ႐ႊ႕ေတြအၿပီးလုပ္ထား"
"ဟုတ္ကဲ့"
"ၿပီးေတာ့ဝန္ထမ္းေတြကိုေျပာလိုက္.. ခဏေနအစည္းအေဝးစမယ္လို႔"
"ဝါး.. သူမ်ားေတြအလုပ္ဆင္းခါနီးကိုအစည္းအေဝးတဲ့။ Boss ကေတာ့လူခ်စ္လူခင္မ်ားဦးမွာေသခ်ာ.."
Boss ကလမ္းေလွ်ာက္ေနရင္း႐ုတ္တရက္ရပ္ပစ္လိုက္ေတာ့သူ႕ရဲ႕နဖူးက Boss ရဲ႕ေနာက္ေက်ာနဲ႕ဗုတ္ခနဲမိတ္ဆက္သြား၏။
"Boss"
သူကနာသြားတဲ့နဖူးကိုကိုင္၍ Boss ရဲ႕မ်က္ႏွာကိုၾကည့္လိုက္သည္။ Boss ကဟိုတယ္၏ ballroomေရွ႕တြင္ရပ္ကာballroomထဲတြင္က်င္းပလွ်က္ရွိေသာမဂၤလာေဆာင္ကိုေဆြးေဆြးေျမ့ေျမ့ရပ္ၾကည့္ေန၏။ ႏႈတ္ခမ္းေတြကလည္းေဖ်ာ့ေတာ့ေတာ့ၿပဳံးေနသည္။ ဝမ္းသာလို႔ၿပဳံးေနတာမ်ိဳးမဟုတ္ဘဲကိုယ့္ကိုယ္ကိုႏွစ္သိမ့္သည့္အေနျဖင့္ႀကိဳးစားၿပဳံးေနရသည့္ႏွစ္သိမ့္ၿပဳံးမ်ိဳးျဖစ္သည္။
"ဂုဏ္ေတြပကာသနေတြကဘယ္ေလာက္မ်ားအေရးပါလို႔လဲ။ အခုလိုတခမ္းတနားႀကီးမဂၤလာေဆာင္ရတာနဲ႕ဘုရားေက်ာင္းေလးထဲမွာပဲ.. ဘာအေဆာင္အေယာင္၊ ဘာအျပင္အဆင္၊ ဘာပြဲၾကည့္ပရိသတ္မွမပါဘဲႏွစ္ေယာက္တည္းက်င္းပတဲ့မဂၤလာပြဲကဘာမ်ားကြာေနလို႔လဲ။ ေဈးႀကီးတဲ့ tuxedo မဝတ္ဘဲဒီအတိုင္းရွပ္အကၤ်ီအျဖဴေလးနဲ႕လည္းလွေနတာပဲေလ..အားေပးေထာက္ခံမယ့္သူတစ္ေယာက္မွမရွိလည္းအေတာက္ပဆုံးၿပဳံးေနနိုင္တာပဲေလ.. မဟုတ္ဘူးလား"
တုန္ေနတဲ့ boss ရဲ႕အသံမွာလြမ္းဆြတ္တမ္းတမႈေတြပါေနတာကိုယြန္ဂီခံစားေနရသည္။ ၿပီးေတာ့..သူပဲအျမင္မွားတာလားေတာ့မေျပာတတ္.. ထူးဆန္းစြာျဖင့္ Boss ရဲ႕မ်က္ဝန္းထဲမွာမ်က္ရည္ေတြျပည့္လွ်ံလာတာကိုျမင္လိုက္ရ၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ေဆာ့ဂ်င္ကမနက္ျဖန္ကစၿပီးအလုပ္နားေတာ့မွာဆို.. ဒီေန႕ေနာက္ဆုံးဆို.. ဟုတ္လား။ တကယ္ႀကီးလား"
Locker room ထဲမွာယူနီေဖာင္းလဲဝတ္ေနသည့္သူ႕ကိုအေျပးေလးလာေမးရွာသည့္သူ႕ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေဂ်ာင္ထယ္ဝမ္ကိုေဆာ့ဂ်င္ကအကၤ်ီၾကယ္သီးတပ္ရင္းေခါင္းညိတ္ျပလိုက္သည္။
"ေဆာ့ဂ်င္အလုပ္ထြက္ေတာ့မယ္ဆိုလို႔မန္ေနဂ်ာခြၽဲကအႀကီးအက်ယ္စိတ္ေတြညစ္ေနရွာတယ္..သိလား။ေအးေပါ့ေလ..ေဆာ့ဂ်င္ေနရာမွာအစားထိုးလို႔ရမယ့္လူမ်ိဳးကိုခ်က္ခ်င္းရွာေတြ႕ဖို႔ခက္မွာေပါ့"
ေဆာ့ဂ်င္လို႐ုပ္ရည္ကအျပစ္အနာအဆာရွာမရေအာင္ေခ်ာေမာၿပီးသြက္သြက္လက္လက္ျဖင့္အလုပ္ကိုမခိုမကပ္ဘဲႀကိဳးစားလုပ္တတ္တဲ့လူမ်ိဳးကိုဘယ္အလုပ္ရွင္ကလက္လြတ္ခံပါ့မလဲ။ ေဟာ့ဒီBarကလည္းေဆာ့ဂ်င္ေရာက္လာၿပီးေနာက္ပိုင္းမွပိုၿပီးေရာင္းအားတက္လာတာမဟုတ္လား။ ေဆာ့ဂ်င္ကိုေတြ႕ခ်င္႐ုံသက္သက္သူတို႔ bar ကိုလာၿပီးတေန႕တေန႕ေငြကိုသိန္းခ်ီၿပီးသုံးနိုင္ျဖဳန္းနိုင္တဲ့သူေတြကလည္းဒုနဲ႕ေဒးပဲေလ။
"မန္ေနဂ်ာကလစာကိုႏွစ္ဆတိုးေပးမယ္လို႔ေတာင္ေျပာၿပီးအလုပ္မထြက္ေအာင္လာစည္း႐ုံးေနေသးတယ္"
"ႏွစ္ဆေတာင္ေပးမယ္.. ဟုတ္လား"
"အင္း.. ဒါေပမယ့္ဒီမွာဆက္လုပ္လို႔မျဖစ္ပါဘူး။ မနက္ကဆာရန္းကဘာေျပာတယ္ထင္လဲ"
"ဘာေျပာလဲ"
"Appa ကအၿမဲတမ္းသူအိပ္ေပ်ာ္သြားတဲ့အခ်ိန္က်မွျပန္,ျပန္လာလို႔.. Appa မ်က္ႏွာကိုမျမင္ရတာၾကာလို႔လြမ္းတယ္တဲ့"
"အမေလး.. ကင္ဆာရန္းတို႔ကအဲ့အေျပာေတြနဲ႕ပဲသူ႕ Appa ရဲ႕အသည္းကိုေႁခြေႁခြေနတာ"
"ဒါေပမယ့္ဆာရန္းေျပာတာလည္းမွန္ပါတယ္ေလ.. ဒီအလုပ္ကလစာေကာင္းတာမွန္ေပမယ့္အလုပ္ၿပီးတဲ့အခ်ိန္ကညဥ့္နက္ေတာ့ေရရွည္အတြက္မေကာင္းဘူးေပါ့။ ဆာရန္းကိုလည္းအခ်ိန္ေပးရမယ္ေလ။ ၿပီးေတာ့အခု Full time အလုပ္လည္းရၿပီဆိုေတာ့အလုပ္ေတြအမ်ားႀကီးလုပ္ဖို႔မလိုေတာ့ဘူးေပါ့"
အခုလစာမ်ားတဲ့အလုပ္လည္းရၿပီဆိုေတာ့မနက္ေစာေစာႏြားနို႔ပို႔တဲ့အလုပ္ကလြဲရင္က်န္တဲ့အလုပ္ေတြကိုနားလိုက္ဖို႔ေဆာ့ဂ်င္စဥ္းစားထားသည္။အလုပ္ကရတဲ့လစာကိုအေႂကြးဆပ္ဖို႔နဲ႕ဆာရန္းရဲ႕ေက်ာင္းစရိတ္အတြက္သုံးၿပီးႏြားနို႔ပို႔လို႔ရတဲ့လစာကိုေတာ့ေနေရးစာေရးအတြက္သုံးမယ္လို႔လည္းစီစဥ္ထားသည္။
"ကဲ.. customer ေတြကေဆာ့ဂ်င္ကိုေမးေနၾကၿပီ။အေျပာေလးေတြေလွ်ာ့ၿပီးအလုပ္လုပ္ၾကရေအာင္"
"အင္း"
တေနကုန္အလုပ္မ်ိဳးစုံလုပ္ထားတာမို႔ေျခေတြလက္ေတြမသယ္ခ်င္ေအာင္ပင္ပန္းေနေသာ္လည္းဒီေန႕အတြက္ေနာက္ဆုံးအလုပ္ျဖစ္ေနေတာ့လည္းႏြမ္းနယ္ေနသည့္ၾကားကႀကိဳးစား၍ၿပဳံးေနရသည္။ နာရီတၾကည့္ၾကည့္နဲ႕အလုပ္ၿပီးမယ့္အခ်ိန္ကိုေမွ်ာ္ေနလို႔လားမသိအခ်ိန္ကုန္တာကလည္းႏွေးလြန္းေနသလိုလို.. ျဖစ္နိုင္ရင္တေနရာရာမွာဝင္ေခြၿပီးအိပ္ပစ္လိုက္ခ်င္ပါရဲ႕။
"ေဆာ့ဂ်င္.. ျပန္လို႔ရၿပီ.. ဒီေန႕အတြက္တာဝန္ေက်ပါတယ္။ ေနာက္အလုပ္လိုရင္လည္းအခ်ိန္မေ႐ြးျပန္လာေနာ္။ေဆာ့ဂ်င္အတြက္ဆိုဒီေနရာကever welcome ပဲ"
"ဟုတ္ကဲ့.. ေက်းဇူးပါ"
မန္ေနဂ်ာေပးသည့္ဒီေန႕အတြက္လုပ္အားခကိုယူကာအဝတ္အစားျမန္ျမန္လဲ၍သြက္လက္တဲ့ေျခလွမ္းေတြနဲ႕အတူဘတ္စကားမွတ္တိုင္သို႔ခ်ီတက္ခဲ့ေတာ့သည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အမယ္.. ဒီေန႕မွထူးထူးျခားျခားကင္ေဆာ့ဂ်င္တို႔ကံေကာင္းေနပါလား"
အရင္ေန႕ေတြကဆိုဘတ္စ္ကားမွတ္တိုင္မွာဘတ္စ္ကားကိုတေမွ်ာ္တေခၚလည္ပင္းရွည္မတတ္ေစာင့္ရေလ့ရွိေပမယ့္ဒီေန႕မွေဆာ့ဂ်င္လည္းကားမွတ္တိုင္အေရာက္ကားကလည္းမွတ္တိုင္ေရွ႕အရပ္နဲ႕တန္းႀကဳံေတာ့ေဆာ့ဂ်င္အေပ်ာ္ႀကီးေပ်ာ္ေနေတာ့သည္။
"အေမ့!"
ကားေပၚတက္ၿပီးထိုင္ခုံအလြတ္ရွိရာသို႔သြားေနတုန္းကားက႐ုတ္တရတ္ေဆာင့္ထြက္လိုက္သျဖင့္ေဆာ့ဂ်င္အေနာက္ကိုယိုင္က်သြားေပမယ့္အေနာက္ကေနသူ႕ပခုံးႏွစ္ဖက္ကိုဖမ္းထိန္းေပးလိုက္တဲ့လက္တစ္စုံေၾကာင့္တစ္စုံတစ္ရာထိခိုက္မႈမျဖစ္လိုက္ပါ။
"ေက်းဇူး"
ေဆာ့ဂ်င္ကအေနာက္မွာဘယ္သူရွိေနလဲဆိုတာေသခ်ာလွည့္မၾကည့္မိေပမယ့္ေက်းဇူးတင္စကားခပ္တိုးတိုးေျပာၿပီးထိုင္ခုံအလြတ္ဆီသို႔သြား၍ေျခပစ္လက္ပစ္ထိုင္ခ်ပစ္လိုက္သည္။ ခဏအၾကာမွာေတာ့မ်က္လုံးေတြေမွးစင္းလာေတာ့၏။သူ႕ေဘးကထိုင္ခုံမွာတစ္စုံတစ္ေယာက္ဝင္ထိုင္လိုက္တာကိုသိလိုက္ေပမယ့္မ်က္လုံးေတြကဘယ္လိုမွဖြင့္လို႔မရတာနဲ႕ကားမွန္ကိုမွီကာအိပ္ေပ်ာ္ျခင္းဆီသို႔...
"Hyung"
ကားသြားေနတဲ့အရွိန္ေၾကာင့္ေခါင္းတစ္ခုလုံးဘယ္ညာယိမ္းထိုးေနေပမယ့္တုတ္တုတ္မွ်မလႈပ္ေအာင္အိပ္ေမာက်ေနတဲ့ hyung ကိုၾကည့္ၿပီးသူရယ္ခ်င္လာသည္။လမ္းသြားရင္ေဘးဘီဝဲယာကိုမၾကည့္ဘဲသြားတတ္တာေရာ..ဘယ္ေနရာမွာပဲျဖစ္ျဖစ္ေကာင္းေကာင္းအိပ္ေပ်ာ္တတ္တာေရာ.. သူ႕ရဲ႕hyung ကအခုအခ်ိန္ထိအရင္ကအတိုင္းဘာမွမေျပာင္းလဲေသးပါလား..
Hyung ကိုျမတ္ျမတ္နိုးနိုးေငးၾကည့္ေနမိတုန္းကားက႐ုတ္တရက္ေကြ႕လိုက္တာေၾကာင့္ျပတင္းေပါက္မွန္နဲ႕ေဆာင့္မိေတာ့မလိုျဖစ္သြားတဲ့ hyung ရဲ႕ေခါင္းေလးကိုဖမ္းထိန္း၍သူ႕ပခုံးထက္သို႔မွီေစလိုက္သည္။ hyung ဆီကရေနက်ရွန္ပူနံ႕ေလးကိုရႉရွိုက္ရင္း hyung ရဲ႕လက္ေလးကိုဖြဖြေလးဆုပ္ကိုင္လိုက္သည္။
"စိတ္ခ်ပါ.. ေနာက္ဆိုဘယ္ေတာ့မွမထားခဲ့ေတာ့ပါဘူး။ အခုလိုလက္ကေလးတစ္ဖက္ျဖစ္ျဖစ္ဆုပ္ကိုင္ၿပီးအနားမွာပဲတသက္လုံးေနေပးပါ့မယ္"
ထို႔ေနာက္သူ႕လက္မွာမခြၽတ္တမ္းဝတ္ထားတဲ့လက္စြပ္တစ္ကြင္းကိုခြၽတ္ကာ hyung ရဲ႕လက္သူႂကြယ္ေလးမွာစြပ္ေပးလိုက္သည္။ ပိုင္ရွင္လက္ထဲျပန္ေရာက္သြားလို႔လားမသိအေရာင္ေမွးမွိန္ေနတဲ့လက္စြပ္ေလးကတဖိန့္ဖိန့္ေတာက္ကာလွခ်င္တိုင္းလွေနေတာ့၏။ သူကလက္စြပ္ဝတ္ထားသည့္လက္ကိုလက္ေခ်ာင္းခ်င္းယွက္ကာဆုပ္ကိုင္ထားရာမွျမႇောက္ယူလိုက္ၿပီးhyung ရဲ႕လက္ခုံေလးကိုႏႈတ္ခမ္းျဖင့္ဖိကပ္နမ္းလိုက္သည္။ ႏွစ္အၾကာႀကီးေဝးကြာေနခဲ့ၿပီးမွပထမဆုံးအႀကိမ္hyung နဲ႕နီးနီးကပ္ကပ္ျပန္ေနခြင့္ရတဲ့အတြက္ရင္ထဲမွာၾကည္ႏူးမႈေၾကာင့္လႈပ္ခါေန၏။
~တီ တီ တီ တီ~
Hyung ရဲ႕ဖုန္းကျမည္လာတဲ့ႏွိုးစက္သံေၾကာင့္သူတြန့္ခနဲလန့္သြားမိ၏။ ၾကည့္ရတာေတာ့အၿမဲတမ္းမွတ္တိုင္ေက်ာ္ေအာင္အိပ္ေပ်ာ္သြားတတ္လို႔ႏွိုးစက္ေပးထားပုံရသည္။ သို႔ေပမယ့္ႏွိုးစက္ကသာမရပ္မနားျမည္ေနေပမယ့္ hyung ကေတာ့မနိုးေသးေပ။ သူလည္းသူ႕ပခုံးမွာေခါင္းမီၿပီးအိပ္ေမာက်ေနတဲ့ hyungကိုပခုံးပင့္၍လႈပ္ႏွိုးလိုက္သည္။ အဲ့ေတာ့မွhyung ဆီကအသံေသးေသးေလးထြက္လာၿပီးအိပ္ခ်င္မူးတူးျဖင့္အျပင္ကဟိုၾကည့္ဒီၾကည့္လုပ္ေနသည္။ hyung သူ႕ဘက္ကိုမ်က္ႏွာမလွည့္လာခင္ကမန္းကတန္းထ၍အေနာက္ကထိုင္ခုံမွာအေျပးဝင္ထိုင္ရသည္။
"ဦးေလး.. ခဏ..ခဏ.. ဆင္းမယ္"
တဝါးဝါးသမ္းရင္းကားေပၚကဆင္းသြားတဲ့ေဆာ့ဂ်င္ကေတာ့ခ်စ္ျခင္း၊ျမတ္နိုးျခင္းေတြကသူသြားရာေနာက္သို႔ေလျပည္ေလညွင္းတို႔ႏွင့္အတူလိုက္ပါေနတယ္ဆိုတဲ့အျဖစ္ကိုသတိထားမိမည္မဟုတ္ပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟင္.. အေမကအခုအခ်ိန္ထိမအိပ္ေသးဘူးလား"
"မအိပ္ေသးတာမဟုတ္ပါဘူး။ အသက္ႀကီးလာေတာ့လည္းခဏခဏနိုးေနတာေပါ့"
တကယ္ေတာ့အေမကမအိပ္ေသးဘဲသူျပန္အလာကိုထိုင္ေစာင့္ေနတယ္ဆိုတာကိုသိပါသည္။ သိေပမယ့္.. အေမစိတ္ခ်မ္းသာေအာင္မသိခ်င္ေယာင္ေဆာင္၍ စကားလမ္းေၾကာင္းလႊဲလိုက္သည္။
"ဆာရန္းေရာ.. အိပ္ၿပီလား"
"အိပ္ၿပီ"
"အေမလည္းျပန္အိပ္ေတာ့ေလ..ကြၽန္ေတာ္လည္းကိုယ္လက္သန့္စင္ၿပီးရင္အိပ္ေတာ့မွာ"
"ထမင္းေရာစားၿပီးၿပီလား"
"ၿပီးၿပီေပါ့.. ဘယ္အခ်ိန္ေတာင္ရွိေနၿပီလဲ"
အေမအိပ္ခန္းထဲျပန္ဝင္သြားမွသူလည္းေရခ်ိဳးခန္းထဲသို႔ဝင္၍ကိုယ္လက္သန့္စင္ဖို႔ျပင္ရသည္။ ေဘစင္မွေရကိုဖြင့္လိုက္ၿပီးမ်က္ႏွာသစ္ဖို႔လုပ္ေနတုန္းသူ႕လက္ကိုအၾကည့္ေရာက္သြားမိေတာ့...
"ဟင္! ဒါ.. ဒါက..."
အိပ္မက္မ်ားလား.. သူထင္ေယာင္ထင္မွားမ်ားျဖစ္ေနတာမ်ားလားဆိုၿပီးမ်က္လုံးကိုအႀကိမ္ႀကိမ္ပြတ္၍သူ႕လက္ကိုျပန္ၾကည့္လိုက္ေပမယ့္လက္စြပ္ေလးကေတာ့သူ႕လက္မွာမေပ်ာက္မပ်က္ရွိေနဆဲ။ ေသခ်ာတယ္.. ဒါသူ႕လက္စြပ္။ ဒီလက္စြပ္ေလးကိုသူကိုယ္တိုင္မစားရက္မေသာက္ရက္မုန့္ဖိုးေလးေတြကိုစုၿပီးဝယ္ခဲ့တာပဲ.. မမွတ္မိဘဲေနပါ့မလား။ ဒါေပမယ့္ဒီလက္စြပ္ေလးကိုတစ္ခ်ိန္ကသူကိုယ္တိုင္လႊင့္ပစ္ခဲ့တယ္ေလ.. အဲ့ဒါဆိုဘာျဖစ္လို႔ဒီလက္စြပ္ေလးက..
သူ.. အိမ္အျပင္ဘက္သို႔အေျပးတစ္ပိုင္းထြက္လာၿပီးသူ႕အိမ္နားဝန္းက်င္ကိုအ႐ူးတစ္ေယာက္လိုလွည့္ပတ္ရွာေနမိသည္။ ဘာကိုေတြ႕ခ်င္ျမင္ခ်င္လို႔အသည္းအသန္လိုက္ရွာေနတာလဲလို႔ေမးရင္သူ႕မွာအေျဖမရွိပါ။ သူလက္စြပ္ကိုခြၽတ္၍လက္ထဲမွာက်စ္က်စ္ပါေအာင္ဆုပ္လိုက္ၿပီးလႊင့္ပစ္ဖို႔လက္ကိုျမႇောက္လိုက္သည္။
ဒီလက္စြပ္ကိုေနာက္တစ္ႀကိမ္လႊင့္ပစ္ဖို႔သူ႕မွာအင္အားရွိပါ့မလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰
ေနာက္တစ္ပိုင္းက်ရင္ေတာ့ update ေလးနည္းနည္းၾကာမွာမို႔ဒီအပိုင္းကိုရွည္ရွည္ေလးေရးေပးထားပါတယ္😊 အဲ့ဒါေၾကာင့္ update ၾကာေနရင္လည္းစိတ္ဆိုးရဘူးေနာ္