"အဆင်ပြေရဲ့လား Bright..."
"မင်းတို့ကို မေးရမှာ ငါ ပြန်သင်ပေးတာ အဆင်ပြေရဲ့လားလို့..."
"ပြေပါတယ်..တစ်လဆို တစ်လ ဆိုသလောက် အများကြီး တိုးတက်လာတယ် ပြောရမယ်..."
"အင်း..ငါလည်း စာအုပ်ကနေတဆင့် လေ့လာနေရတာဆိုတော့..."
"ဒါနဲ့ Bright.. မင်း မနေ့က သတင်း ကြားပြီးပြီလား..Crown ရဲ့ ဆက်ခံသူ အကြောင်းလေ..."
"ကြားတယ်...ငါတို့အရွယ်ဘဲတဲ့..ဒါပေမယ့် သူက သူ့အဖေရဲ့ Crown ကို စိတ်မဝင်စားဘူးဆို..."
"ငါ သုံးသပ်ရသလောက်ဆို သူက သူ့အဖေထက် ပိုအင်အားကြီးချင်တာ ဖြစ်မယ်..."
"ဘယ်လို..."
"မင်းတို့ စဥ်းစားကြည့်ကွာ...ငါသာဆိုရင်လည်း ကိုယ့်အရည်အချင်းနဲ့ ကိုယ်ဖြစ်အောင် လုပ်မှာ..Crown ကိုရရင် The Ghost ကိုပါ ထိန်းချုပ်နိုင်မှလေ...အဲ့ဒီတော့ သူ Crown ကို စိတ်မဝင်စားဘူးဆိုတာက တစ်ဖက်လှည့်နဲ့ အင်အားကြီးအောင် လုပ်ချင်တာလည်း ဖြစ်နိုင်တာဘဲ..."
"အင်း မင်းပြောသလိုဖြစ်နိုင်တာဘဲ..ဒါပေမယ့် တကယ်လည်း စိတ်မဝင်စားတာ ဖြစ်နိုင်တာဘဲလေ..."
"ဒါက ငါ့အမြင်သက်သက်ဘဲ Bright...မသေချာဘူး.."
"အင်း...မင်းက တကယ့်အတွေးအခေါ်ပညာရှင်ဘဲ Foei..ငါတို့ ဂိုဏ်းထောင်ပြီးရင် မင်းကို အကြံပေးခန့်မယ်.."
"ဟား..ဟား..မင်းတို့နဲ့ဆိုရင် ဘယ်နေရာကဘဲ ဖြစ်ဖြစ် ဂိုဏ်းသားဆိုလည်း ရတယ်..."
Bright အများကြီး မတွေးထားပေမယ့် သူ ဒီသူငယ်ချင်းတွေနဲ့တော့ အဆုံးတိုင် ရှိသွားချင်၏။
"ဘယ်တော့လောက် ဂိုဏ်းစထောင်မယ်လို့ တွေးထားလဲ Bright..."
"အင်း..ငါ အဲဒါပြောမလို့ Mike...နောက်နှစ် အထက်တန်း အစမှာ ငါတို့ ကျောင်းပေါင်းစုံ အားကစားပွဲရှိတယ်..အဲ့ပွဲမှာ လက်ဝှေ့နဲ့ ပတ်သက်တဲ့ ပွဲတွေရော၊ တိုက်ကွန်ဒို ပွဲတွေရော ပါမှာ အဲ့ဒီပွဲမှန်သမျှကို ငါတို့ နိုင်အောင် လုပ်ရမယ်..နိုင်တာနဲ့ ငါတို့ ဂိုဏ်းထောင်တဲ့ အစီအစဥ်စမယ်..."
"မင်းနဲ့ Win နဲ့ ပြိုင်ဖို့ကရော.."
"အဲ့ဒါက ငါအဆင်သင့်ဖြစ်ပြီဆိုတဲ့နေ့ သူနဲ့ သွားပြိုင်ရုံဘဲ.."
"အခုက အဆင်သင့် မဖြစ်သေးဘူးပေါ့..."
"အင်း...ငါ့ဘဝမှာ ကိုယ့်ကိုကိုယ် သူ့လောက်မတော်ဘူးလို့ တွေးမိတာ ဒါပထမဆုံးဘဲ ပြီးတော့ အဲ့ဒါကိုလည်း ငါလက်ခံထားတယ်..အဲ့ဒါကြောင့်..."
Brightက ဒီလိုပြောတော့ ကျန်တဲ့သုံးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြ၏။သူတို့ရဲ့ တမိုးအောက် Bright vachirawit က ကိုယ့်ကိုကိုယ် နှိမ့်ချနေတာတဲ့လေ...။
"အင်း...ဂိုဏ်း အစီအစဥ် ဆက်ပြော..."
"ဂိုဏ်းစထောင်မယ် အင်အားကြီးအောင် လုပ်မယ် ငါတို့ အဲ့ပွဲတွေမှာသာ နိုင်ရင် လူတွေ တကူးတကစုနေစရာမလိုဘဲ ငါတို့လက်အောက် အလိုလိုရောက်လာလိမ့်မယ်..ပြီးရင် Metawin တို့နဲ့ ပူးပေါင်းပြီး BKK မှာ ငါတို့ကို ယှဥ်နိုင်တဲ့သူ မရှိအောင်ကို လုပ်ချင်တာ..."
"ဟုတ်ပါပြီ...အဲ့ဒါဆို နောက်နှစ်အတွက် အခုထဲက ကြိုတင်လေ့ကျင့်ထားရမယ်...ဒါက ငါတို့အိမ်မက်တွေ အကောင် အထည်ဖော်ဖို့ လမ်းစဘဲ..."
"အမှန်တော့လေ ငါ Crown နဲ့ The Ghost ကို ကြည့်ပြီး အားကျနေတာ..."
"Crown က အားကျနိုင်ကောင်းပေမယ့် The Ghost ကတော့ ဘာမှ အားကျစရာ မရှိဘူး Bright...အလကား ကပ်ပါးကောင်တွေ Crown သာ မရှိရင် သူတို့ ဒီလို ရပ်တည်နိုင်မှာ မဟုတ်ဘူး..."
"တိုးတိုးပြော Foei..."
"အေး..."
"ငါ အားကျတယ်ဆိုတာက အမှတ်တံဆိပ်တွေ အက်ျီတွေ ကြည့်လိုက်တာနဲ့ သူတို့ဂိုဏ်းရမှန်း သိတာကို ပြောတာ..."
"ဒါက မင်း ဂိုဏ်းကျရင် သတ်မှတ်လို့ ရတာဘဲလေကွာ..အခုတော့ အလယ်တန်းနောက်ဆုံးနှစ်ကိုဘဲ အာရုံစိုက်ထားရအောင်ပါ..."
Bright နဲ့ Foei ပြောနေတဲ့ တစ်လျှောက်လုံးကို ငြိမ်ပြီးနားထောင်လေ့ရှိတာက Mike နဲ့ Gun Smile။ Bright ရဲ့ ဦးဆောင်မှုအတိုင်းဘဲ လိုက်လေ့ရှိပြီး ကောင်းတယ်ဆိုးတယ် တစ်ခွန်းမှ ဝင်မပြောဘဲ Brightနဲ့ သဘောထားအတူတူဘဲ ဆိုတာကို ပြလေ့ရှိတဲ့သူတွေ။
****
"Win...ဖေဖေပြောနေတယ်..."
"ပြောလေ..ပြီးရင် သွားမှာ...ပြီးအောင်ပြော..."
"မသွားရဘူး...Win... ဖေဖေ့စကား နားထောင်စမ်း..သားအတွက် ပြောနေတာ..."
"မဟုတ်သေးပါဘူး ဖေဖေ့ ဂိုဏ်းကလူတွေက သားကို မကာကွယ်နိုင်လောက်တဲ့အထိ အရည်အချင်း မရှိကြလို့လား..."
"ဒီရက်ပိုင်းက အလုပ်တွေများနေတာ တစ်နေရာရာမှာ လစ်ဟာသွားမှာ စိုးရတယ်..သွားချင်တယ်ဆို ကျောင်းပိတ်မှ သွား...ဒါ..အမိန့်ဘဲ..."
"သားကို အမိန့်လာမပေးနဲ့ ဖေဖေ သားက Crown ကလူ မဟုတ်ဘူး.."
တဆိတ်ရှိ ဒါအမိန့်ဘဲ ဆိုတဲ့ စကားနဲ့ ကိုင်ပေါက်နေတာ..။မေမေ့ကို အိမ်မက်တွေ မက်နေတာကြောင့် မေမေ့ကို မြှုပ်နှံထားတဲ့ U.S ကို ခဏလောက် ပြန်သွားကြည့်ချင်တာ..။ဒါကို The Ghost နဲ့ အဆင်မပြေဖြစ်နေတာကြောင့် လုပ်ကြံခံရမှာ စိုး၍ မသွားနဲ့အုံးဆိုပြီး တားနေတာ ဖြစ်သည်။တကယ်ဘဲ Crown ကလူတွေက သူ့ကို မကာကွယ်ပေးနိုင်ကြဘူးလား...။
"Crown ကလူမဟုတ်ဘူးလို့ပြောရအောင် မင်းက Crown ကဆက်ခံသူလေ Metawin..."
"ဟုတ်တယ်...Metawin ကဆက်ခံသူ ဒါကဖေဖေ သတ်မှတ်ထားတာလေ..But သား စိတ်မဝင်စားဘူး... စိတ်ဝင်စားခဲ့ရင်တော့ The Ghost ထက် Crown ထက်သာတဲ့ Mafia ဂိုဏ်းထောင်ပစ်မှာ..."
"ဒီကောင်..!!!.."
Win က သူ့ကို Metawin လို့ခေါ်ရင် နည်းနည်းမှ မကြိုက်။ ဘာလို့မကြိုက်လည်းဆိုရင် မကြိုက်ချင်လို့ မကြိုက်တာ..မကြိုက်ပါဘူးဆို အကြောင်းပြချက် ပေးရအုံးမှာလား..ဆိုပြီး ပြန်ပြောနေကြ။အခုလည်း ဖေဖေ့ကို ပြန်ပြောပစ်ခဲ့ပြီး ကျောင်းသွားဖို့ အိမ်ရှေ့ထွက်လာတော့ ဘယ်တုန်းထဲက ရောက်နေမှန်း မသိတဲ့ Dew နဲ့ Nani ။
"အသံပိတ်ပြီး လိုက်လာ ငါဒီနေ့ စိတ်မကြည်ဘူးနော်..."
သူ့အနွံတာ ခံလွန်းတဲ့ နှစ်ကောင်ကိုပါ ပိတ်အော်ရင်း ကားပေါ်တက်သွား၏။Win metawin ဟာ ဘယ်လောက်ဘဲ လူကြီးယောင်ဆောင်ဆောင် စိတ်ဆိုးနေတဲ့ အချိန်ဆို ကလေးလိုမျိုး ဖြစ်သွားတတ်တာ...။ရုပ်တည်ကြီးနဲ့ စကားတွေ ဖိပြောနေပြီးဆိုရင်တော့ ဒါဒေါသထွက်နေတဲ့ အခြေအနေ။ပေါင်းတာ ကြာပြီဖြစ်တဲ့ Dew နဲ့ Nani ကတော့ အခုအခြေအနေက သူ့ဒယ်ဒီကို စိတ်ဆိုးလာမှန်း သိတာကြောင့် သူတို့လည်း ပါးစပ်ပိတ်ကာ လိုက်ရတော့သည်။
****
"ဟိုကောင်လေး..ငါ့ကို အဲ့မုန့်ပေးခဲ့စမ်း..."
"မပေးဘူး...သား..ဗိုက်ဆာလို့ပါဆို..."
"အံမယ်...ပေးစမ်း..ဒီစောက်ကလေး...ကဲဟာ..."
"ဘုတ်...အင့်...."
Mike တစ်ယောက် အတန်းချိန်လစ်လာပြီး လာအနားယူနေကာမှ သစ်ပင်နောက်ကျောက ဆူဆူညံညံအသံတွေကြောင့် ထကြည့်မိလိုက်သည်။အထက်တန်းက ကောင်တွေ ကလေးတစ်ယောက်ကို အနိုင်ဝိုင်းကျင့်နေတာ..။
"ဟေ့ကောင်တွေ...ခင်ဗျားတို့က ကလေးဆီက မုန့်တောင် မချန်ပါလား...တော်တော်ငတ်တဲ့ သူတွေပါလား.."
"မင်းစောက်ကြောင်းလား.."
"ငါ့စောက်ကြောင်းမဟုတ်ပေမယ့် ကလေးကို အနိုင်ကျင့်နေတာတော့ လက်မခံနိုင်ဘူး..."
"လက်မခံနိုင်တော့ ဘာလုပ်ချင်လဲ..."
ပြောရင်း တစ်ဖက်ကကောင်က သူ့ကို ပြေးထိုးတာမို့ ရှောင်တိမ်းရင်း ကလေးကို သူ့အနောက်ကို ဆွဲကာ ပို့ထားလိုက်သည်။
"မင်းတို့ ငါ့ကို ထိအောင် ထိုးနိုင်ရင် ငါဒီအတိုင်းကျော်ပေးသွားလိုက်မယ်..မထိုးနိုင်ရင်တော့ ငါ့ တပည့်လုပ်ရမယ် မှတ်.."
"လေလုံးကြီးမနေနဲ့..."
Bright သင်ပေးထားတာတွေရယ် ဂေဟါမှာ သင်ထားတာတွေရယ်ကြောင့် လက်သီးဆုပ်တတ်ရုံနဲ့ ရန်ဖြစ်တတ်တဲ့ ကောင်တွေရဲ့ လက်သီးချက်တွေကို လှလှပပလေး တိမ်းရှောင်ပြီး သူ့လက်သီးရဲ့ အရသာကို မြည်းစမ်းခိုင်းလိုက်သည်။အလကား လူကောင်ကြီးတိုင်း ကလေးကို အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ကောင်တွေ၊ ကိုယ်တွေ ဂိုဏ်းထောင်ပြီးရင် ဒီလိုကောင်တွေကို အရင်ဆုံး ဆုံးမပစ်မယ်လို့ စိတ်ထဲ တေးထားလိုက်သည်။Mike ရဲ့ ထိုးချက်တွေကြောင့် အထက်တန်းက ကောင်တွေက အတုန်းအရုန်း။
"ဘယ်လိုလဲ တပည့်လေးတွေ...ဒီနေ့က စပြီး ငါ့တပည့်တွေ ဖြစ်သွားပြီနော်...ငါ့နာမည်လည်း မှတ်သွားအုံး Mike တဲ့..."
"Mike kha သွားခွင့်ပြုပါအုံး..."
"လစ်..."
ဟိုကောင်တွေ သူထူကိုယ်ထူဖြင့် ထွက်သွားကြပြီးမှ သစ်ပင်နောက်မှာ မုန့်ထုပ်တွေ ကိုင်ပြီး ရပ်နေတဲ့ ကလေးဆီ သွားရသည်။
"အတန်းချိန်ကြီးကို ဘယ်လိုလုပ်ထွက်လာတာလဲ..."
"အစ်ကိုကရော.."
"ငါ့ကို ပြန်မေးမနေနဲ့...သွား..ပြန် အတန်းကို..."
"Kha...ကျေးဇူးတင်ပါတယ် လူကြီး..."
"မင်းနာမည်က ဘယ်သူလဲ...ဘယ်အတန်းကလဲ..."
"သားက TopTap ပါ...အလယ်တန်း ပထမနှစ်ကပါ..."
"ဟမ်...ငါ့ထက် တစ်နှစ်ဘဲငယ်တာလား..."
"ဟုတ်ပါတယ် Phi Mike Kha..."
"သေးသေးလေးကလေ..."
"TopTap က မသေးပါဘူးနော် လူကြီးက အရပ်ရှည်နေတာ..."
"အေးအေး...သွား...နောက်ခါ အနိုင်ကျင့်တဲ့သူရှိရင် ငါ့နာမည်သာ ပြောလိုက် ကြလား..."
"Kha..."
ကျောပြင်သေးသေးလေးနဲ့ သူ့ရှေ့က ထွက်သွားမှ Mike လည်း သစ်ပင်အောက်မှာ ပြန်လှဲဖို့ လုပ်ရသည်။သူ ပျောက်နေတာ သိရင် ဟိုသုံးကောင်က လိုက်ရှာအုံးမှာ..။သူ့ကို ရှာမတွေ့ခင်တော့ထိတော့ တရေးတမော အိပ်ပါရစေ...။
****
"shitt...ကျောင်းဆင်းချိန်ဆို မိုးက ရွာပြီ..."
Bright စိတ်ပျက်လက်ပျက်နဲ့ ရေရွတ်မိသည်။အိတ်ထဲမှာ ဒီအတိုင်း ထည့်ထားတဲ့ မိုးကာအဝါရောင်လေးတော့ ရှိပါရက်...သူ ထုတ်မသုံးဖြစ်။ သူ့ကိုယ်သူလည်း မိုးကာအဝါလေးရဲ့ ပိုင်ရှင်က သူမဟုတ်ဘူးလို့ တွေးထားမိတာလည်း ပါ၏။ကျောင်းသားတွေ အလျိုလျိုပြန်သွားကြပြီး လူရှင်းတဲ့အထိ သူမတ်တပ်ရပ်ကာ မိုးတိတ်အောင် စောင့်နေမိတော့သည်။ဒီနေ့မှ ဟိုသုံးကောင်ကလည်း နေ့လည်ခင်းထဲက ပြန်သွားကြတာ ဖြစ်သည်။သူတို့လေးယောက်က တစ်ယောက်မဟုတ် တစ်ယောက်ရှိနေမှ ဖြစ်တာကြောင့် သူက တမင်နေခဲ့တာလည်း ပါ၏။ဒီအတောအတွင်း တစ်ကျောင်းထဲ အတူတူတက်နေတဲ့ Win တို့နဲ့တောင် မတွေ့ဖြစ်။တစ်ခါတစ်ရံ Dew နဲ့ Nani ကို မုန့်စျေးတန်းမှာ တွေ့မိပေမယ့် Win ကိုတော့ မတွေ့ရ။ခေါင်းထဲ Win အကြောင်း ရောက်လာတာမို့ သူ့နှုတ်ခမ်းတွေကလည်း သူသတိမထားမိလိုက်ခင်မှာ ပြုံးနေမိ၏။
"ဟင်..."
အဖြူရောင် အရိပ်လေး..ထီးအကြည်ရောင်လေးကို ဆောင်းထားပြီး ကျောင်းအနောက်ဘက်ကို ဦးတည်နေတဲ့ ခြေလှမ်းတွေ။ဘေးဘီကိုလည်း သတိမထားဘဲ သူ့လမ်းကြောင်းကိုဘဲ အာရုံရှိပုံရတဲ့ Win...။
"ဘာသွားလုပ်နေတာလဲ..."
Brightလည်း မိုးရေထဲက ထိုကောင်လေးကို စိတ်ဝင်တစား လိုက်ကြည့်နေမိသည်။ Dew နဲ့ Nani ကိုလည်း မတွေ့ရ။မိုးရွာနေတာကို ဂရုမစိုက်နိုင်အားတော့ဘဲ ထိုအဖြူကောင်လေး သွားရာဘက်ကို လိုက်သွားမိသည်။တဖြေးဖြေးနဲ့ နောက်ကနေ လိုက်လာမိတော့ Win က သူတို့ကျောင်း အနောက်ရှိ ကန်ရေပြင်ကြီးကို မျက်နှာမူကာ မိုးရေထဲ ဒီအတိုင်း ရပ်နေ၏။သူဆောင်းသွားတဲ့ ထီးအကြည်ရောင်လေးက မလှမ်းမကန်းမှာ ပက်လက်လေး လန်နေတာကို တွေ့လိုက်ရ၏။
"ဘာလို့ လိုက်လာတာလဲ Bright.."
"ဟင်...ဟို..."
လှည့်မကြည့်ဘဲနဲ့ ဘယ်လိုသိလဲ မသိချေ။Bright လည်း မိုးရေထဲ မတ်တပ်ရပ်နေတဲ့ Win ရဲ့ အနားကို တိုးကပ်သွားလိုက်၏။
"မင်းမှာ အမေရှိလား Bright..."
"အဟင်း...အင်း...ဆိုပါတော့..."
"ကောင်းလိုက်တာ...ငါ့မှာ အမေမရှိတော့ဘူး..Bright..."
ပြောရင်း သူဘက်လှည့်ကြည့်တာကြောင့် မျက်ဝန်းတွေထဲ စိုက်ကြည့်လိုက်မိတော့ ငိုထားသလိုနဲ့ ဆွေးမြေ့နေတဲ့ မျက်ဝန်းတွေ..ရင်ထဲ ဆစ်ခနဲ ဖြစ်သွားတာနဲ့ အတူ အလိုလို သူနဲ့ မျက်နှာချင်းဆိုင် သွားရပ်မိတဲ့ အထိ။
"လာ...ဒီနားမှာ ထိုင်လိုက်..ပြီးရင် ဘာတွေ ဖြစ်နေတာလဲ ပြောပြ...."
Bright က လက်လေးကနေ ဆွဲယူပြီး သစ်ပင်အောက်နား ဝင်ထိုင်ခိုင်း၏။သစ်ပင်အောက်မှာမို့ မိုးဒဏ် သက်သာတယ်လို့ ပြောလို့ရပေမယ့် မိုးမိထားတဲ့ ဒဏ်ကြောင့် နှစ်ယောက်လုံး ခိုက်ခိုက်တုန်နေပြီ ဖြစ်၏။
"မင်းကို ပြောပြသင့်ရဲ့လား Bright..."
"ငါ အတင်းမတောင်းဆိုဘူး Win ငါ့ကိုပြောပြလိုက်လို့ မင်းခံစားနေရတာတွေ သက်သာမယ်ဆို ငါ နားထောင်ပေးဖို့ အသင့်ဘဲ..."
"ငါ့မေမေကို အိမ်မက်,မက်တယ် Bright..တိတိကျကျပြောရရင် မေမေဆုံးခဲ့တဲ့နေ့ကအကြောင်းအရာတွေကို အတိအကျ ပြန်မက်နေတာ..မေမေ ဟိုဘက်မှာ အဆင်ပြေရဲ့လား မသိဘူး..."
ပြောရင်း အသံလေး တိမ်ဝင်သွားတာကြောင့် Bright မှာ ပျာပျာသလဲနဲ့ လက်လေးတွေကို ဆွဲယူပြီး ဖျစ်ညှစ်မိတဲ့အထိ။
"မင်းမေမေ ဟိုမှာ အဆင်ပြေပြေရှိနေမှာပါ...ငါ့ကို ယုံနော်.."
"...."
"ငါသာ လူကြီးဆိုရင် မင်းကို နှစ်သိမ့်စကားတွေ အများကြီး ပြောနိုင်လောက်ပေမယ့် ငါ့အသက်အရွယ်နဲ့ မင်းကို ပြောပြနိုင်တဲ့ စကားတွေ မရှိဘူး ဖြစ်နေတယ်..."
"ငါ...မေမေ့ကို လွမ်းတယ် Bright..."
"အင်း..မင်း မေမေက ဘယ်လိုမျိုးလည်း မသိပေမယ့် သေချာပေါက် မင်းအပေါ်ကို ကောင်းခဲ့တဲ့ အမျိုးသမီး ဖြစ်မှာပါ...ဒါကြောင့် မင်း စဥ်းစားမယ်ဆိုရင် သူနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တွေကိုဘဲ ပြန်စဥ်းစားပေါ့..."
"မင်း မေမေကရော မင်းကို ညအိပ်ယာဝင် ပုံပြင်တွေ ပြောပြဖူးလား Bright..."
"ငါ့မေမေလား...အင်း...ဆိုပါတော့...ငါ့ ဒေါ်ကြီး ပြောပြတယ်လေ..."
သစ်ပင်အောက်မှာ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း မျက်နှာချင်းဆိုင် စကားတွေ ပြောနေခဲ့ကြတာ..။အလယ်တန်းကျောင်းသားလေး တစ်ယောက်က နောက်ထပ်အလယ်တန်းကျောင်းသားလေးကို နှစ်သိမ့်ရင်းပေါ့..။မချော့တတ်တဲ့ Bright က သူ့ရှေ့က အဖြူကောင်လေး မငိုဖို့အရေး တတ်သလောက် မှတ်သလောက် စကားတွေ ပြောနေရှာ၏။တစ်ခါမှ မပြောဖူးတဲ့ စကားလုံးအရှည်ကြီးတွေနဲ့ပေါ့..။
"မေမေက အိပ်ခါနီးတိုင်း ပုံပြင်တွေ ပြောပြပြီးမှ အိပ်တာ..ငါကလည်း ပုံပြင်နားထောင်ပြီးမှ အိပ်ပျော်တာ.."
"...."
"အခုလိုပုံစံကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော် Bright..."
"မပြောပါဘူး..."
"မေမေနဲ့ တွေ့ချင်တယ်...ငါ..."
"အင်း...အများကြီး မနှစ်သိမ့်တတ်ပေမယ့် ငါ့ကို ယုံနော်...တစ်ကယ်လို့ မင်း အိပ်မပျော်တာတို့ အိမ်မက်က လန့်နိုးတာတို့ဆို ငါ့ဆီကို ဖုန်းဆက်လို့ရတယ်..."
"အင်း..."
Win လည်း သူ့လက်ကိုဆွဲကိုင်ကာ စိုးရိမ်တကြီး ပြောနေတဲ့ Bright ကိုလည်း မတားမိ။ မေမေဆုံးပြီးနောက်ပိုင်း ဒီလိုမျိုး သူ့ကိုနှစ်သိမ့်တာ Bright Vachirawit ပထမဦးဆုံးဘဲ..။Dew တို့ Nani တို့ရှေ့မှာတောင် ပြိုလဲမပြခဲ့တဲ့ Win က Bright ရှေ့မှာတော့ ငိုချမတက်ဖြစ်နေတဲ့ သူ့ကိုယ်သူ ထိန်းသိမ်းနေရသတဲ့။ Bright လည်း မေမေပြောပြတဲ့ အိပ်ယာဝင်ပုံပြင်ဆိုတာ ဘယ်ဆီနေမှန်း မသိ၊ သူ့အတွက် မိဘတွေရဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်မှန်းမသိပေမယ့် ဒီအကြောင်းတွေကို ထွေထူးပြီး ပြောပြမနေတော့။သူ့ကဖြင့် အမေ ရှိပါသေးတယ် ဟုတွေးကာ ဒီအဖြူကောင်လေး စိတ်သက်သာရာ ရဖို့ အရေးဘဲ တွေးနေမိ၏။မိုးရေထဲမှာ တွေ့ခဲ့တဲ့ ကောင်လေးကို မိုးတွေရွာနေတဲ့ သစ်ပင်အရိပ်အောက်မှာဘဲ နှစ်သိမ့်နေတဲ့ အဖြစ်။မသိမသာလား သိသိသာသာလား သူတို့ကိုယ်တိုင်တောင် မသေချာဘဲ ဆုပ်ကိုင်ထားမိတဲ့ လက်ကလေးတွေက တဆင့် နှလုံးသားထဲထိ နွေးထွေးနေမှာတော့ အသေအချာ ပါဘဲ...။
*ကိုယ့် ကလေးပိစိတွေကလည်း update မတောင်း ကိုယ်ကလည်း အပျင်းကြီးနေတာနဲ့ ဟုတ်နေတာဘဲ..ဒါနဲ့လေ Yours ပြီးသွားတဲ့ အမှတ်တရအနေနဲ့ ကိုယ် စီစဥ်ထားတာလေးတစ်ခုရှိတယ် ပါဝင်ပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်*
2.3.2022
Mirella
Zawgyi
"အဆင္ေျပရဲ႕လား Bright..."
"မင္းတို႔ကို ေမးရမွာ ငါ ျပန္သင္ေပးတာ အဆင္ေျပရဲ႕လားလို႔..."
"ေျပပါတယ္..တစ္လဆို တစ္လ ဆိုသေလာက္ အမ်ားႀကီး တိုးတက္လာတယ္ ေျပာရမယ္..."
"အင္း..ငါလည္း စာအုပ္ကေနတဆင့္ ေလ့လာေနရတာဆိုေတာ့..."
"ဒါနဲ႔ Bright.. မင္း မေန႔က သတင္း ၾကားၿပီးၿပီလား..Crown ရဲ႕ ဆက္ခံသူ အေၾကာင္းေလ..."
"ၾကားတယ္...ငါတို႔အ႐ြယ္ဘဲတဲ့..ဒါေပမယ့္ သူက သူ႕အေဖရဲ႕ Crown ကို စိတ္မဝင္စားဘူးဆို..."
"ငါ သုံးသပ္ရသေလာက္ဆို သူက သူ႕အေဖထက္ ပိုအင္အားႀကီးခ်င္တာ ျဖစ္မယ္..."
"ဘယ္လို..."
"မင္းတို႔ စဥ္းစားၾကည့္ကြာ...ငါသာဆိုရင္လည္း ကိုယ့္အရည္အခ်င္းနဲ႔ ကိုယ္ျဖစ္ေအာင္ လုပ္မွာ..Crown ကိုရရင္ The Ghost ကိုပါ ထိန္းခ်ဳပ္ႏိုင္မွေလ...အဲ့ဒီေတာ့ သူ Crown ကို စိတ္မဝင္စားဘူးဆိုတာက တစ္ဖက္လွည့္နဲ႔ အင္အားႀကီးေအာင္ လုပ္ခ်င္တာလည္း ျဖစ္ႏိုင္တာဘဲ..."
"အင္း မင္းေျပာသလိုျဖစ္ႏိုင္တာဘဲ..ဒါေပမယ့္ တကယ္လည္း စိတ္မဝင္စားတာ ျဖစ္ႏိုင္တာဘဲေလ..."
"ဒါက ငါ့အျမင္သက္သက္ဘဲ Bright...မေသခ်ာဘူး.."
"အင္း...မင္းက တကယ့္အေတြးအေခၚပညာ႐ွင္ဘဲ Foei..ငါတို႔ ဂိုဏ္းေထာင္ၿပီးရင္ မင္းကို အၾကံေပးခန္႔မယ္.."
"ဟား..ဟား..မင္းတို႔နဲ႔ဆိုရင္ ဘယ္ေနရာကဘဲ ျဖစ္ျဖစ္ ဂိုဏ္းသားဆိုလည္း ရတယ္..."
Bright အမ်ားႀကီး မေတြးထားေပမယ့္ သူ ဒီသူငယ္ခ်င္းေတြနဲ႔ေတာ့ အဆုံးတိုင္ ႐ွိသြားခ်င္၏။
"ဘယ္ေတာ့ေလာက္ ဂိုဏ္းစေထာင္မယ္လို႔ ေတြးထားလဲ Bright..."
"အင္း..ငါ အဲဒါေျပာမလို႔ Mike...ေနာက္ႏွစ္ အထက္တန္း အစမွာ ငါတို႔ ေက်ာင္းေပါင္းစုံ အားကစားပြဲ႐ွိတယ္..အဲ့ပြဲမွာ လက္ေဝွ႔နဲ႔ ပတ္သက္တဲ့ ပြဲေတြေရာ၊ တိုက္ကြန္ဒို ပြဲေတြေရာ ပါမွာ အဲ့ဒီပြဲမွန္သမွ်ကို ငါတို႔ ႏိုင္ေအာင္ လုပ္ရမယ္..ႏိုင္တာနဲ႔ ငါတို႔ ဂိုဏ္းေထာင္တဲ့ အစီအစဥ္စမယ္..."
"မင္းနဲ႔ Win နဲ႔ ၿပိဳင္ဖို႔ကေရာ.."
"အဲ့ဒါက ငါအဆင္သင့္ျဖစ္ၿပီဆိုတဲ့ေန႔ သူနဲ႔ သြားၿပိဳင္႐ုံဘဲ.."
"အခုက အဆင္သင့္ မျဖစ္ေသးဘူးေပါ့..."
"အင္း...ငါ့ဘဝမွာ ကိုယ့္ကိုကိုယ္ သူ႕ေလာက္မေတာ္ဘူးလို႔ ေတြးမိတာ ဒါပထမဆုံးဘဲ ၿပီးေတာ့ အဲ့ဒါကိုလည္း ငါလက္ခံထားတယ္..အဲ့ဒါေၾကာင့္..."
Brightက ဒီလိုေျပာေတာ့ က်န္တဲ့သုံးေယာက္က တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၾက၏။သူတို႔ရဲ႕ တမိုးေအာက္ Bright vachirawit က ကိုယ့္ကိုကိုယ္ ႏွိမ့္ခ်ေနတာတဲ့ေလ...။
"အင္း...ဂိုဏ္း အစီအစဥ္ ဆက္ေျပာ..."
"ဂိုဏ္းစေထာင္မယ္ အင္အားႀကီးေအာင္ လုပ္မယ္ ငါတို႔ အဲ့ပြဲေတြမွာသာ ႏိုင္ရင္ လူေတြ တကူးတကစုေနစရာမလိုဘဲ ငါတို႔လက္ေအာက္ အလိုလိုေရာက္လာလိမ့္မယ္..ၿပီးရင္ Metawin တို႔နဲ႔ ပူးေပါင္းၿပီး BKK မွာ ငါတို႔ကို ယွဥ္ႏိုင္တဲ့သူ မ႐ွိေအာင္ကို လုပ္ခ်င္တာ..."
"ဟုတ္ပါၿပီ...အဲ့ဒါဆို ေနာက္ႏွစ္အတြက္ အခုထဲက ႀကိဳတင္ေလ့က်င့္ထားရမယ္...ဒါက ငါတို႔အိမ္မက္ေတြ အေကာင္ အထည္ေဖာ္ဖို႔ လမ္းစဘဲ..."
"အမွန္ေတာ့ေလ ငါ Crown နဲ႔ The Ghost ကို ၾကည့္ၿပီး အားက်ေနတာ..."
"Crown က အားက်ႏိုင္ေကာင္းေပမယ့္ The Ghost ကေတာ့ ဘာမွ အားက်စရာ မ႐ွိဘူး Bright...အလကား ကပ္ပါးေကာင္ေတြ Crown သာ မ႐ွိရင္ သူတို႔ ဒီလို ရပ္တည္ႏိုင္မွာ မဟုတ္ဘူး..."
"တိုးတိုးေျပာ Foei..."
"ေအး..."
"ငါ အားက်တယ္ဆိုတာက အမွတ္တံဆိပ္ေတြ အက်္ီေတြ ၾကည့္လိုက္တာနဲ႔ သူတို႔ဂိုဏ္းရမွန္း သိတာကို ေျပာတာ..."
"ဒါက မင္း ဂိုဏ္းက်ရင္ သတ္မွတ္လို႔ ရတာဘဲေလကြာ..အခုေတာ့ အလယ္တန္းေနာက္ဆုံးႏွစ္ကိုဘဲ အာ႐ုံစိုက္ထားရေအာင္ပါ..."
Bright နဲ႔ Foei ေျပာေနတဲ့ တစ္ေလွ်ာက္လုံးကို ၿငိမ္ၿပီးနားေထာင္ေလ့႐ွိတာက Mike နဲ႔ Gun Smile။ Bright ရဲ႕ ဦးေဆာင္မႈအတိုင္းဘဲ လိုက္ေလ့႐ွိၿပီး ေကာင္းတယ္ဆိုးတယ္ တစ္ခြန္းမွ ဝင္မေျပာဘဲ Brightနဲ႔ သေဘာထားအတူတူဘဲ ဆိုတာကို ျပေလ့႐ွိတဲ့သူေတြ။
****
"Win...ေဖေဖေျပာေနတယ္..."
"ေျပာေလ..ၿပီးရင္ သြားမွာ...ၿပီးေအာင္ေျပာ..."
"မသြားရဘူး...Win... ေဖေဖ့စကား နားေထာင္စမ္း..သားအတြက္ ေျပာေနတာ..."
"မဟုတ္ေသးပါဘူး ေဖေဖ့ ဂိုဏ္းကလူေတြက သားကို မကာကြယ္ႏိုင္ေလာက္တဲ့အထိ အရည္အခ်င္း မ႐ွိၾကလို႔လား..."
"ဒီရက္ပိုင္းက အလုပ္ေတြမ်ားေနတာ တစ္ေနရာရာမွာ လစ္ဟာသြားမွာ စိုးရတယ္..သြားခ်င္တယ္ဆို ေက်ာင္းပိတ္မွ သြား...ဒါ..အမိန္႔ဘဲ..."
"သားကို အမိန္႔လာမေပးနဲ႔ ေဖေဖ သားက Crown ကလူ မဟုတ္ဘူး.."
တဆိတ္႐ွိ ဒါအမိန္႔ဘဲ ဆိုတဲ့ စကားနဲ႔ ကိုင္ေပါက္ေနတာ..။ေမေမ့ကို အိမ္မက္ေတြ မက္ေနတာေၾကာင့္ ေမေမ့ကို ျမႇဳပ္ႏွံထားတဲ့ U.S ကို ခဏေလာက္ ျပန္သြားၾကည့္ခ်င္တာ..။ဒါကို The Ghost နဲ႔ အဆင္မေျပျဖစ္ေနတာေၾကာင့္ လုပ္ၾကံခံရမွာ စိုး၍ မသြားနဲ႔အုံးဆိုၿပီး တားေနတာ ျဖစ္သည္။တကယ္ဘဲ Crown ကလူေတြက သူ႕ကို မကာကြယ္ေပးႏိုင္ၾကဘူးလား...။
"Crown ကလူမဟုတ္ဘူးလို႔ေျပာရေအာင္ မင္းက Crown ကဆက္ခံသူေလ Metawin..."
"ဟုတ္တယ္...Metawin ကဆက္ခံသူ ဒါကေဖေဖ သတ္မွတ္ထားတာေလ..But သား စိတ္မဝင္စားဘူး... စိတ္ဝင္စားခဲ့ရင္ေတာ့ The Ghost ထက္ Crown ထက္သာတဲ့ Mafia ဂိုဏ္းေထာင္ပစ္မွာ..."
"ဒီေကာင္..!!!.."
Win က သူ႕ကို Metawin လို႔ေခၚရင္ နည္းနည္းမွ မႀကိဳက္။ ဘာလို႔မႀကိဳက္လည္းဆိုရင္ မႀကိဳက္ခ်င္လို႔ မႀကိဳက္တာ..မႀကိဳက္ပါဘူးဆို အေၾကာင္းျပခ်က္ ေပးရအုံးမွာလား..ဆိုၿပီး ျပန္ေျပာေနၾက။အခုလည္း ေဖေဖ့ကို ျပန္ေျပာပစ္ခဲ့ၿပီး ေက်ာင္းသြားဖို႔ အိမ္ေ႐ွ႕ထြက္လာေတာ့ ဘယ္တုန္းထဲက ေရာက္ေနမွန္း မသိတဲ့ Dew နဲ႔ Nani ။
"အသံပိတ္ၿပီး လိုက္လာ ငါဒီေန႔ စိတ္မၾကည္ဘူးေနာ္..."
သူ႕အႏြံတာ ခံလြန္းတဲ့ ႏွစ္ေကာင္ကိုပါ ပိတ္ေအာ္ရင္း ကားေပၚတက္သြား၏။Win metawin ဟာ ဘယ္ေလာက္ဘဲ လူႀကီးေယာင္ေဆာင္ေဆာင္ စိတ္ဆိုးေနတဲ့ အခ်ိန္ဆို ကေလးလိုမ်ိဳး ျဖစ္သြားတတ္တာ...။႐ုပ္တည္ႀကီးနဲ႔ စကားေတြ ဖိေျပာေနၿပီးဆိုရင္ေတာ့ ဒါေဒါသထြက္ေနတဲ့ အေျခအေန။ေပါင္းတာ ၾကာၿပီျဖစ္တဲ့ Dew နဲ႔ Nani ကေတာ့ အခုအေျခအေနက သူ႕ဒယ္ဒီကို စိတ္ဆိုးလာမွန္း သိတာေၾကာင့္ သူတို႔လည္း ပါးစပ္ပိတ္ကာ လိုက္ရေတာ့သည္။
****
"ဟိုေကာင္ေလး..ငါ့ကို အဲ့မုန္႔ေပးခဲ့စမ္း..."
"မေပးဘူး...သား..ဗိုက္ဆာလို႔ပါဆို..."
"အံမယ္...ေပးစမ္း..ဒီေစာက္ကေလး...ကဲဟာ..."
"ဘုတ္...အင့္...."
Mike တစ္ေယာက္ အတန္းခ်ိန္လစ္လာၿပီး လာအနားယူေနကာမွ သစ္ပင္ေနာက္ေက်ာက ဆူဆူညံညံအသံေတြေၾကာင့္ ထၾကည့္မိလိုက္သည္။အထက္တန္းက ေကာင္ေတြ ကေလးတစ္ေယာက္ကို အႏိုင္ဝိုင္းက်င့္ေနတာ..။
"ေဟ့ေကာင္ေတြ...ခင္ဗ်ားတို႔က ကေလးဆီက မုန္႔ေတာင္ မခ်န္ပါလား...ေတာ္ေတာ္ငတ္တဲ့ သူေတြပါလား.."
"မင္းေစာက္ေၾကာင္းလား.."
"ငါ့ေစာက္ေၾကာင္းမဟုတ္ေပမယ့္ ကေလးကို အႏိုင္က်င့္ေနတာေတာ့ လက္မခံႏိုင္ဘူး..."
"လက္မခံႏိုင္ေတာ့ ဘာလုပ္ခ်င္လဲ..."
ေျပာရင္း တစ္ဖက္ကေကာင္က သူ႕ကို ေျပးထိုးတာမို႔ ေ႐ွာင္တိမ္းရင္း ကေလးကို သူ႕အေနာက္ကို ဆြဲကာ ပို႔ထားလိုက္သည္။
"မင္းတို႔ ငါ့ကို ထိေအာင္ ထိုးႏိုင္ရင္ ငါဒီအတိုင္းေက်ာ္ေပးသြားလိုက္မယ္..မထိုးႏိုင္ရင္ေတာ့ ငါ့ တပည့္လုပ္ရမယ္ မွတ္.."
"ေလလုံးႀကီးမေနနဲ႔..."
Bright သင္ေပးထားတာေတြရယ္ ေဂဟါမွာ သင္ထားတာေတြရယ္ေၾကာင့္ လက္သီးဆုပ္တတ္႐ုံနဲ႔ ရန္ျဖစ္တတ္တဲ့ ေကာင္ေတြရဲ႕ လက္သီးခ်က္ေတြကို လွလွပပေလး တိမ္းေ႐ွာင္ၿပီး သူ႕လက္သီးရဲ႕ အရသာကို ျမည္းစမ္းခိုင္းလိုက္သည္။အလကား လူေကာင္ႀကီးတိုင္း ကေလးကို အုပ္စုဖြဲ႕ အႏိုင္က်င့္တဲ့ ေကာင္ေတြ၊ ကိုယ္ေတြ ဂိုဏ္းေထာင္ၿပီးရင္ ဒီလိုေကာင္ေတြကို အရင္ဆုံး ဆုံးမပစ္မယ္လို႔ စိတ္ထဲ ေတးထားလိုက္သည္။Mike ရဲ႕ ထိုးခ်က္ေတြေၾကာင့္ အထက္တန္းက ေကာင္ေတြက အတုန္းအ႐ုန္း။
"ဘယ္လိုလဲ တပည့္ေလးေတြ...ဒီေန႔က စၿပီး ငါ့တပည့္ေတြ ျဖစ္သြားၿပီေနာ္...ငါ့နာမည္လည္း မွတ္သြားအုံး Mike တဲ့..."
"Mike kha သြားခြင့္ျပဳပါအုံး..."
"လစ္..."
ဟိုေကာင္ေတြ သူထူကိုယ္ထူျဖင့္ ထြက္သြားၾကၿပီးမွ သစ္ပင္ေနာက္မွာ မုန္႔ထုပ္ေတြ ကိုင္ၿပီး ရပ္ေနတဲ့ ကေလးဆီ သြားရသည္။
"အတန္းခ်ိန္ႀကီးကို ဘယ္လိုလုပ္ထြက္လာတာလဲ..."
"အစ္ကိုကေရာ.."
"ငါ့ကို ျပန္ေမးမေနနဲ႔...သြား..ျပန္ အတန္းကို..."
"Kha...ေက်းဇူးတင္ပါတယ္ လူႀကီး..."
"မင္းနာမည္က ဘယ္သူလဲ...ဘယ္အတန္းကလဲ..."
"သားက TopTap ပါ...အလယ္တန္း ပထမႏွစ္ကပါ..."
"ဟမ္...ငါ့ထက္ တစ္ႏွစ္ဘဲငယ္တာလား..."
"ဟုတ္ပါတယ္ Phi Mike Kha..."
"ေသးေသးေလးကေလ..."
"TopTap က မေသးပါဘူးေနာ္ လူႀကီးက အရပ္႐ွည္ေနတာ..."
"ေအးေအး...သြား...ေနာက္ခါ အႏိုင္က်င့္တဲ့သူ႐ွိရင္ ငါ့နာမည္သာ ေျပာလိုက္ ၾကလား..."
"Kha..."
ေက်ာျပင္ေသးေသးေလးနဲ႔ သူ႕ေ႐ွ႕က ထြက္သြားမွ Mike လည္း သစ္ပင္ေအာက္မွာ ျပန္လွဲဖို႔ လုပ္ရသည္။သူ ေပ်ာက္ေနတာ သိရင္ ဟိုသုံးေကာင္က လိုက္႐ွာအုံးမွာ..။သူ႕ကို ႐ွာမေတြ႕ခင္ေတာ့ထိေတာ့ တေရးတေမာ အိပ္ပါရေစ...။
****
"shitt...ေက်ာင္းဆင္းခ်ိန္ဆို မိုးက ႐ြာၿပီ..."
Bright စိတ္ပ်က္လက္ပ်က္နဲ႔ ေရ႐ြတ္မိသည္။အိတ္ထဲမွာ ဒီအတိုင္း ထည့္ထားတဲ့ မိုးကာအဝါေရာင္ေလးေတာ့ ႐ွိပါရက္...သူ ထုတ္မသုံးျဖစ္။ သူ႕ကိုယ္သူလည္း မိုးကာအဝါေလးရဲ႕ ပိုင္႐ွင္က သူမဟုတ္ဘူးလို႔ ေတြးထားမိတာလည္း ပါ၏။ေက်ာင္းသားေတြ အလ်ိဳလ်ိဳျပန္သြားၾကၿပီး လူ႐ွင္းတဲ့အထိ သူမတ္တပ္ရပ္ကာ မိုးတိတ္ေအာင္ ေစာင့္ေနမိေတာ့သည္။ဒီေန႔မွ ဟိုသုံးေကာင္ကလည္း ေန႔လည္ခင္းထဲက ျပန္သြားၾကတာ ျဖစ္သည္။သူတို႔ေလးေယာက္က တစ္ေယာက္မဟုတ္ တစ္ေယာက္႐ွိေနမွ ျဖစ္တာေၾကာင့္ သူက တမင္ေနခဲ့တာလည္း ပါ၏။ဒီအေတာအတြင္း တစ္ေက်ာင္းထဲ အတူတူတက္ေနတဲ့ Win တို႔နဲ႔ေတာင္ မေတြ႕ျဖစ္။တစ္ခါတစ္ရံ Dew နဲ႔ Nani ကို မုန္႔ေစ်းတန္းမွာ ေတြ႕မိေပမယ့္ Win ကိုေတာ့ မေတြ႕ရ။ေခါင္းထဲ Win အေၾကာင္း ေရာက္လာတာမို႔ သူ႕ႏႈတ္ခမ္းေတြကလည္း သူသတိမထားမိလိုက္ခင္မွာ ျပဳံးေနမိ၏။
"ဟင္..."
အျဖဴေရာင္ အရိပ္ေလး..ထီးအၾကည္ေရာင္ေလးကို ေဆာင္းထားၿပီး ေက်ာင္းအေနာက္ဘက္ကို ဦးတည္ေနတဲ့ ေျခလွမ္းေတြ။ေဘးဘီကိုလည္း သတိမထားဘဲ သူ႕လမ္းေၾကာင္းကိုဘဲ အာ႐ုံ႐ွိပုံရတဲ့ Win...။
"ဘာသြားလုပ္ေနတာလဲ..."
Brightလည္း မိုးေရထဲက ထိုေကာင္ေလးကို စိတ္ဝင္တစား လိုက္ၾကည့္ေနမိသည္။ Dew နဲ႔ Nani ကိုလည္း မေတြ႕ရ။မိုး႐ြာေနတာကို ဂ႐ုမစိုက္ႏိုင္အားေတာ့ဘဲ ထိုအျဖဴေကာင္ေလး သြားရာဘက္ကို လိုက္သြားမိသည္။တေျဖးေျဖးနဲ႔ ေနာက္ကေန လိုက္လာမိေတာ့ Win က သူတို႔ေက်ာင္း အေနာက္႐ွိ ကန္ေရျပင္ႀကီးကို မ်က္ႏွာမူကာ မိုးေရထဲ ဒီအတိုင္း ရပ္ေန၏။သူေဆာင္းသြားတဲ့ ထီးအၾကည္ေရာင္ေလးက မလွမ္းမကန္းမွာ ပက္လက္ေလး လန္ေနတာကို ေတြ႕လိုက္ရ၏။
"ဘာလို႔ လိုက္လာတာလဲ Bright.."
"ဟင္...ဟို..."
လွည့္မၾကည့္ဘဲနဲ႔ ဘယ္လိုသိလဲ မသိေခ်။Bright လည္း မိုးေရထဲ မတ္တပ္ရပ္ေနတဲ့ Win ရဲ႕ အနားကို တိုးကပ္သြားလိုက္၏။
"မင္းမွာ အေမ႐ွိလား Bright..."
"အဟင္း...အင္း...ဆိုပါေတာ့..."
"ေကာင္းလိုက္တာ...ငါ့မွာ အေမမ႐ွိေတာ့ဘူး..Bright..."
ေျပာရင္း သူဘက္လွည့္ၾကည့္တာေၾကာင့္ မ်က္ဝန္းေတြထဲ စိုက္ၾကည့္လိုက္မိေတာ့ ငိုထားသလိုနဲ႔ ေဆြးေျမ့ေနတဲ့ မ်က္ဝန္းေတြ..ရင္ထဲ ဆစ္ခနဲ ျဖစ္သြားတာနဲ႔ အတူ အလိုလို သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ သြားရပ္မိတဲ့ အထိ။
"လာ...ဒီနားမွာ ထိုင္လိုက္..ၿပီးရင္ ဘာေတြ ျဖစ္ေနတာလဲ ေျပာျပ...."
Bright က လက္ေလးကေန ဆြဲယူၿပီး သစ္ပင္ေအာက္နား ဝင္ထိုင္ခိုင္း၏။သစ္ပင္ေအာက္မွာမို႔ မိုးဒဏ္ သက္သာတယ္လို႔ ေျပာလို႔ရေပမယ့္ မိုးမိထားတဲ့ ဒဏ္ေၾကာင့္ ႏွစ္ေယာက္လုံး ခိုက္ခိုက္တုန္ေနၿပီ ျဖစ္၏။
"မင္းကို ေျပာျပသင့္ရဲ႕လား Bright..."
"ငါ အတင္းမေတာင္းဆိုဘူး Win ငါ့ကိုေျပာျပလိုက္လို႔ မင္းခံစားေနရတာေတြ သက္သာမယ္ဆို ငါ နားေထာင္ေပးဖို႔ အသင့္ဘဲ..."
"ငါ့ေမေမကို အိမ္မက္,မက္တယ္ Bright..တိတိက်က်ေျပာရရင္ ေမေမဆုံးခဲ့တဲ့ေန႔ကအေၾကာင္းအရာေတြကို အတိအက် ျပန္မက္ေနတာ..ေမေမ ဟိုဘက္မွာ အဆင္ေျပရဲ႕လား မသိဘူး..."
ေျပာရင္း အသံေလး တိမ္ဝင္သြားတာေၾကာင့္ Bright မွာ ပ်ာပ်ာသလဲနဲ႔ လက္ေလးေတြကို ဆြဲယူၿပီး ဖ်စ္ညႇစ္မိတဲ့အထိ။
"မင္းေမေမ ဟိုမွာ အဆင္ေျပေျပ႐ွိေနမွာပါ...ငါ့ကို ယုံေနာ္.."
"...."
"ငါသာ လူႀကီးဆိုရင္ မင္းကို ႏွစ္သိမ့္စကားေတြ အမ်ားႀကီး ေျပာႏိုင္ေလာက္ေပမယ့္ ငါ့အသက္အ႐ြယ္နဲ႔ မင္းကို ေျပာျပႏိုင္တဲ့ စကားေတြ မ႐ွိဘူး ျဖစ္ေနတယ္..."
"ငါ...ေမေမ့ကို လြမ္းတယ္ Bright..."
"အင္း..မင္း ေမေမက ဘယ္လိုမ်ိဳးလည္း မသိေပမယ့္ ေသခ်ာေပါက္ မင္းအေပၚကို ေကာင္းခဲ့တဲ့ အမ်ိဳးသမီး ျဖစ္မွာပါ...ဒါေၾကာင့္ မင္း စဥ္းစားမယ္ဆိုရင္ သူနဲ႔ ေပ်ာ္႐ႊင္ခဲ့ရတဲ့ ေန႔ရက္ေတြကိုဘဲ ျပန္စဥ္းစားေပါ့..."
"မင္း ေမေမကေရာ မင္းကို ညအိပ္ယာဝင္ ပုံျပင္ေတြ ေျပာျပဖူးလား Bright..."
"ငါ့ေမေမလား...အင္း...ဆိုပါေတာ့...ငါ့ ေဒၚႀကီး ေျပာျပတယ္ေလ..."
သစ္ပင္ေအာက္မွာ တစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္ရင္း မ်က္ႏွာခ်င္းဆိုင္ စကားေတြ ေျပာေနခဲ့ၾကတာ..။အလယ္တန္းေက်ာင္းသားေလး တစ္ေယာက္က ေနာက္ထပ္အလယ္တန္းေက်ာင္းသားေလးကို ႏွစ္သိမ့္ရင္းေပါ့..။မေခ်ာ့တတ္တဲ့ Bright က သူ႕ေ႐ွ႕က အျဖဴေကာင္ေလး မငိုဖို႔အေရး တတ္သေလာက္ မွတ္သေလာက္ စကားေတြ ေျပာေန႐ွာ၏။တစ္ခါမွ မေျပာဖူးတဲ့ စကားလုံးအ႐ွည္ႀကီးေတြနဲ႔ေပါ့..။
"ေမေမက အိပ္ခါနီးတိုင္း ပုံျပင္ေတြ ေျပာျပၿပီးမွ အိပ္တာ..ငါကလည္း ပုံျပင္နားေထာင္ၿပီးမွ အိပ္ေပ်ာ္တာ.."
"...."
"အခုလိုပုံစံကို ဘယ္သူ႕ကိုမွ ျပန္မေျပာနဲ႔ေနာ္ Bright..."
"မေျပာပါဘူး..."
"ေမေမနဲ႔ ေတြ႕ခ်င္တယ္...ငါ..."
"အင္း...အမ်ားႀကီး မႏွစ္သိမ့္တတ္ေပမယ့္ ငါ့ကို ယုံေနာ္...တစ္ကယ္လို႔ မင္း အိပ္မေပ်ာ္တာတို႔ အိမ္မက္က လန္႔ႏိုးတာတို႔ဆို ငါ့ဆီကို ဖုန္းဆက္လို႔ရတယ္..."
"အင္း..."
Win လည္း သူ႕လက္ကိုဆြဲကိုင္ကာ စိုးရိမ္တႀကီး ေျပာေနတဲ့ Bright ကိုလည္း မတားမိ။ ေမေမဆုံးၿပီးေနာက္ပိုင္း ဒီလိုမ်ိဳး သူ႕ကိုႏွစ္သိမ့္တာ Bright Vachirawit ပထမဦးဆုံးဘဲ..။Dew တို႔ Nani တို႔ေ႐ွ႕မွာေတာင္ ၿပိဳလဲမျပခဲ့တဲ့ Win က Bright ေ႐ွ႕မွာေတာ့ ငိုခ်မတက္ျဖစ္ေနတဲ့ သူ႕ကိုယ္သူ ထိန္းသိမ္းေနရသတဲ့။ Bright လည္း ေမေမေျပာျပတဲ့ အိပ္ယာဝင္ပုံျပင္ဆိုတာ ဘယ္ဆီေနမွန္း မသိ၊ သူ႕အတြက္ မိဘေတြရဲ႕ ခ်စ္ျခင္းေမတၱာဆိုတာ ဘယ္မွန္းမသိေပမယ့္ ဒီအေၾကာင္းေတြကို ေထြထူးၿပီး ေျပာျပမေနေတာ့။သူ႕ကျဖင့္ အေမ ႐ွိပါေသးတယ္ ဟုေတြးကာ ဒီအျဖဴေကာင္ေလး စိတ္သက္သာရာ ရဖို႔ အေရးဘဲ ေတြးေနမိ၏။မိုးေရထဲမွာ ေတြ႕ခဲ့တဲ့ ေကာင္ေလးကို မိုးေတြ႐ြာေနတဲ့ သစ္ပင္အရိပ္ေအာက္မွာဘဲ ႏွစ္သိမ့္ေနတဲ့ အျဖစ္။မသိမသာလား သိသိသာသာလား သူတို႔ကိုယ္တိုင္ေတာင္ မေသခ်ာဘဲ ဆုပ္ကိုင္ထားမိတဲ့ လက္ကေလးေတြက တဆင့္ ႏွလုံးသားထဲထိ ေႏြးေထြးေနမွာေတာ့ အေသအခ်ာ ပါဘဲ...။
*ကိုယ့္ ကေလးပိစိေတြကလည္း update မေတာင္း ကိုယ္ကလည္း အပ်င္းႀကီးေနတာနဲ႔ ဟုတ္ေနတာဘဲ..ဒါနဲ႔ေလ Yours ၿပီးသြားတဲ့ အမွတ္တရအေနနဲ႔ ကိုယ္ စီစဥ္ထားတာေလးတစ္ခု႐ွိတယ္ ပါဝင္ေပးၾကပါအုံးလို႔ ေမတၱာရပ္ခံခ်င္ပါတယ္႐ွင္*
2.3.2022
Mirella