Always With You (Completed)

By Mirella_vc

32.3K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-10
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-30
AWY-31
AWY-Final
AWY-Extra

AWY_2

1K 63 4
By Mirella_vc

"ရော့ မင်းမိုးကာ..."

"ငါ ပြန်တောင်းနေလို့လား.."

"Metawin, မင်း ဘာလို့ ငါ့ကို စကားကောင်းကောင်း မပြောရတာလဲ..."

"ပြောချင်စရာကိုး..."

"ကဲပါ...ဟိုနေ့က ကိစ္စအတွက် ငါ ထပ်ပြီး ကျေးဇူးတင်တယ် မင်းတို့ ချသွားတာ မိုက်လိုက်တာ..."

"မိုက်ရမှာပေါ့ Bright ရဲ့ ငါတို့က ငယ်ငယ်လေးထဲက သေချာသင်လာတာ..Win ဆို အတော်ဆုံးဘဲ...Aww ငါက Nani...သူက Dew..."

"အင်း..တွေ့ရတာ ဝမ်းသာပါတယ်..."

"အေး...အဲ့ မိုးကာလည်း ပြန်ယူသွားလိုက်တော့ Win က ပြန်ယူမှာ မဟုတ်ဘူး.."

"ဘာလို့လဲ...ငါ ခဏလေးဘဲ ဝတ်ထားတာ.."

"သူက..သူ စိတ်လိုလက်ရပေးပစ်လိုက်တဲ့ ပစ္စည်းဆို ဘယ်တော့မှ ပြန်မတောင်းဘူး ပြီးတော့ အဲ့လိုပေးတာလည်း ရှားတယ်..."

"ဟိတ်ကောင်တွေ..."

"ဟင်..."

Brightက အမှန်တော့ ဒီကောင်တွေကို သူတို့နဲ့ ပူးပေါင်းဖို့ လာပြောတာ...။သူတို့နဲ့သာ ပေါင်းထားနိုင်ရင် ဒီကျောင်းက ကောင်တွေသာမက ကျောင်းတော်တော်များများက အကောင်တွေကို အေးဆေးထိန်းချုပ်သွားနိုင်မှာ..ဒါပေမယ့် သူတို့ကြည့်ရတာ သူတို့သုံးယောက်ကြားထဲကို ဘယ်သူနဲ့ ထပ်မထည့်လိုဟန်..။

"ငါက မင်းတို့နဲ့ သူငယ်ချင်း ဖြစ်ချင်လို့..."

"သူငယ်ချင်း ဖြစ်ချင်လို့...အဲ့ဒါဆိုရင် မင်းငါ့ကို အရင်ယှဥ်နိုင်အောင် လုပ်...ငါ့ကိုနိုင်ရင် သူငယ်ချင်း ဖြစ်ခွင့်ပေးမယ်.."

"မင်း တကယ်ပြောတာလား Win..."

"Win က စကားနှစ်ခါပြောရတာ မကြိုက်ဘူး Bright.."

"ပြီးရောလေ...ငါမင်းကို ယှဥ်နိုင်အောင် ကြိုးစားမယ်...မင်းကို အနိုင်ယူပြမယ် Metawin..."

ပြောပြီး လှည့်ထွက်သွားတဲ့ Bright ကို Win က မျက်စိ တစ်ဆုံး လိုက်ကြည့်၏။

"Win..မင်းဘာတွေဖြစ်နေတာလဲ..."

"ဘာဖြစ်နေလို့လဲ..."

"ဘာဖြစ်နေလို့လဲ. Nani ရဲ့.."

"ဘာဖြစ်ရမှာလဲ Metawin လို့ခေါ်တာကိုလည်း ဘာမှမပြောတဲ့အပြင် ယှဥ်ဖို့တောင် လုပ်ခိုင်းလိုက်သေးတယ်.."

"သူက ငါတို့နဲ့ ပူးပေါင်းချင်နေတာ...ပြီးတော့ Bright အကြောင်းတော်တော်များများ ငါသိခဲ့တယ်..."

"ဟင်..ဘယ်က.."

"Foei ပြောတာ.....ပြီးတော့ သူ့အဖေက Crown လက်အောက်က..."

"ဟင်..."

"သူမသိဘူး..."

"What the..."

"သူက ဂိုဏ်းထောင်ချင်နေတာ.."

"ငါဟေ..."

"ကဲ Nani ရယ် အေးဆေးနားထောင်စမ်းပါ..."

"ငါ အံ့သြလွန်းလို့ပါ Dew ရယ်..."

"သူက ထူးဆန်းတယ်...ဘယ်အလယ်တန်းကျောင်းသားက ဂိုဏ်းထောင်ဖို့ကို တွေးမှာလဲ...ဒါပေမယ့် သူက ကြိုးစားအားထုတ်နေတယ်...သူ့စိတ်ထဲမှာ ဘာတွေရှိလဲ သိချင်တယ်.."

"မင်း ဘယ်လိုဖြစ်စေချင်လဲ Win.."

"ငါမသိဘူး...သူ့ကိုမြင်ရတာ ငါ့အမေကို ပြန်တွေ့ရသလိုဘဲ..."

"ဘယ်နားမှလည်း မတူပါဘူးကွာ..."
Dew နဲ့ Nani က တိုးတိုးလေး ညည်းတွားလိုက်၏။အရွယ်မလိုက်အောင် ရင့်ကျက်လွန်းနေတဲ့ Win metawin က ဘာတွေလုပ်ချင်နေမှန်း မသိ။

****

"ရှင့်ကို The Ghost က လူတွေ လာရှာနေတယ် ရှင်ဘာတွေလုပ်ထားတာလဲ..."

"ဘာမှမလုပ်ထားဘူး..အဲ့ကောင်တွေနဲ့က ဘာ ပတ်သတ်စရာ ရှိလို့လဲ..."

"မရှိရင် ပြီးတာဘဲ The Ghost ဆို ကျွန်မလည်း ကြောက်တယ်..."

"ငါ အပြင်သွားအုံးမယ်...The Ghost ကလူတွေ ထပ်လာရင် မရှိဘူးလို့သာပြောလိုက်..."

အိမ်ထဲမဝင်ခင် ကြားလိုက်ရတဲ့စကားတွေကြောင့် Bright ခြေစုံရပ်ကာ နားထောင်နေမိသည်။The Ghost က အဖေ့ကို လာရှာတယ်တဲ့...အဲ့ ဂိုဏ်းနဲ့က ဘာပတ်သတ်စရာ ရှိနေလို့လဲ...။The Ghost က ဘယ်လောက် ရက်စက်ယုတ်မာလည်းဆိုတာ ကလေးအစ ခွေးအဆုံး အကုန်သိနေတာ..။

"အဖေ..."

"ဘာလဲ..ငါအပြင်သွားမို့..."

"ကျွန်တော် လက်ဝှေ့ထိုးတာ သင်ချင်လို့..."

"ဘာသင်လုပ်မှာလဲ..ဟမ်..ကလေးက ကလေးလိုနေစမ်း.."

"သား..ကလေးမဟုတ်ဘူး အဖေ..ပြီးတော့ လိုအပ်လို့..."

"ဘာလိုအပ်တာလဲ...ကျောင်းသွားပြီး ရန်ဘဲဖစ်နေတာလား ဒီကောင်....ငါ လုပ်ရင် သေတော့မယ်..."

Bright သူ့အဖေဆိုတဲ့ လူကို ပေတေပြီးဘဲ ရပ်ကြည့်နေမိ၏။ငယ်ငယ်လေးထဲက လိုချင်တာရှိရင် ကိုယ့်ဘာသာဘဲ ဖန်တီးယူခဲ့ရတာ..ဘယ်သူ့ကိုမှလည်း မပူဆာခဲ့..မပူဆာရဲခဲ့တာဆို ပိုမှန်၏။ဆူပူကြိမ်းမောင်းနေတဲ့ အဖေကို တားဆီးမယ့် သူက မရှိသလို သူလည်း ကြားနေကြစကားတွေလိုမျိုးဘဲ သဘောထားကာ ရပ်နေမိ၏။အမေဆိုတဲ့သူကလည်း ဝင်မတား...။လူမှန်းသိတတ်စအရွယ်ထဲက အဖေကလည်း လောင်းကစားဝိုင်းမှာ အချိန်ကုန်တတ်သလို..အမေကလည်း အလှပြင်ကာ ဖဲဝိုင်းတကာ သွားနေတတ်တဲ့သူ ဖြစ်သည်။ပြီးတော့ အဖေနဲ့အမေက အိမ်မကပ်တဲ့အပြင် အိမ်မှာ မျက်နှာချင်းဆိုင်တာနဲ့ ရန်ထဖြစ်နေကြတာ ဖြစ်သည်။Bright က အိမ်ထိန်းအဒေါ်ကြီး လက်ထဲမှာဘဲ ကြီးလာရတာ..။

"သား..Bright ရောက်ရင် ရေချိုးတော့လေ...ဒေါ်ကြီး ထမင်းပြင်ထားလိုက်မယ်..."

"ဟုတ်ကဲ့ ဒေါ်ကြီး..."

ဆူပူကြိမ်းမောင်းနေတဲ့ သူ့အဖေကို စူးစူးဝါးဝါး စိုက်ကြည့်သွားပြီး အိမ်ပေါ်တက်သွားသည်။ရေမိုးချိုးပြီး ပြန်ဆင်းလာတော့ ဒေါ်ကြီးက ထမင်းပွဲ ပြင်နေပြီ ဖြစ်၏။

"အမေရော ဒေါ်ကြီး..."

"အခန်းထဲမှာ ထင်တယ်သား.."

"ဒေါ်ကြီးပါ ဝင်စားလေ...ကျွန်တော် တစ်ယောက်ထဲ မစားချင်လို့..."

"အေးပါ..ဒါနဲ့ သား ဒဏ်ရာတွေ ပျောက်သွားပြီလား..."

"ပျောက်နေပါပြီ..."

"ရော့..ဟင်းတွေနဲ့ စားအုံး...များများစားမှ သန်မာမှာ..."

"ဒေါ်ကြီး..."

"ပြောလေ သား..."

"နေပါစေတော့..ဒေါ်ကြီးဆီမှာ ဘယ်လိုလုပ် အသိရှိမှာလဲ..."

"ဘာအသိလဲ သား..."

"ကျွန်တော့ လက်ဝှေ့ထိုးတာနဲ့ ကိုယ်ခံပညာသင်ချင်တာ...အဖေ့ကိုပြောတော့ ဒေါ်ကြီး ကြားတဲ့အတိုင်းဘဲ...သင်တန်းတက်ရင် ပိုက်ဆံက ကုန်အုံးမယ်..."

"ဒေါ်ကြီး မေးပေးကြည့်မယ်လေ..."

အဲ့လိုပြောတော့ မယုံသလို မျက်ဝန်းတွေနဲ့ လှမ်းကြည့်၏။သူမလည်း ပြုံးပြကာ ခေါင်းဘဲငြိမ့်ပြလိုက်တော့ ထမင်းကို ငုံ့ကာစားတော့သည်။ဒီကလေးက သိပ်သနားစရာ ကောင်းတဲ့ကလေး...ကိုယ့်လက်ပေါ်မှာဘဲ ကြီးလာတဲ့ကလေးမို့ ကိုယ့်သားအရင်းလိုမျိုး ချစ်ရတဲ့ကလေး ဖြစ်သည်။စာတော်ပြီး ဥာဏ်ကောင်းပေမယ့် အမြဲတမ်းလိုလို ရန်ဖြစ်နေတတ်တာ။ငယ်ငယ်ထဲက မိဘတွေကိုလည်း ဘာမှသိပ်မပူဆာ..ဘာဘာညာညာလိုချင်တယ်လို့လည်း တခြားကလေးတွေလို မပူဆာ၊ သူတော်တော်ကြီး လိုချင်တဲ့အရာကျမှ ထုတ်ပြောလေ့ရှိတာ ဖြစ်သည်။

"ဒါနဲ့ သားက ဘာလို့ သင်ချင်ရတာလဲ..."

"ချစ်တဲ့သူတွေကို ကာကွယ်ပေးချင်လို့..."

"အိုး....ကောင်းတဲ့ ရည်ရွယ်ချက်ဘဲ...ဒေါ်ကြီးကို ယုံနော် သား...ဒေါ်ကြီး မေးပေးမယ်..."

"ဟုတ်...ကျေးဇူးပါ ဒေါ်ကြီး..."

Bright အခုချိန်ဖြစ်ချင်တာ တစ်ခုက မြန်မြန်အရွယ်ရောက်ပြီး ဂိုဏ်းတစ်ခု တည်ထောင်ချင်တာ...။သူ့မှာ အာဏာတွေ ရှိချင်တယ်...သူ့စကားကို အမိန့်လိုမျိူး လူတွေနားထောင်တာ လိုချင်တယ်...တကယ့်လက်တွေ့မှာတော့ ကိုယ်နဲ့ ရွယ်တူတွေတောင် လူများလာရင် သူမတိုက်နိုင်သေး။
ဒါကြောင့် တိုက်နည်းခိုက်နည်းနဲ့ ပတ်သက်တာတွေအကုန် သူသိချင်၊ သူတတ်ချင်တာ...။စာကြည့်စားပွဲမှာ ထိုင်ရင်း အတွေးတွေများနေမိတာ သူ့အခန်းထဲက ဖုန်းမြည်လာမှ သတိဝင်လာတော့၏။

"Hello,.."

"Hello Bright ငါ Foei..စာအုပ်လာပေးမလို့..."

"အင်း..လာခဲ့ အိမ်ကဘဲ စောင့်နေမယ်..."

Foeiက ဟိုဘက်ရပ်ကွက်နေမှာတာ။စာကြမ်းပိုးမို့ လိုချင်တဲ့ စာအုပ်တိုင်း သူ့ကိုဘဲ ရှာခိုင်းနေကြ။Bright ကိုယ်တိုင်လည်း စာကြည့်တိုက် သွားရမှာ ပျင်းတာလည်းပါ၏။နဂိုထဲက ဉာဏ်ကောင်းတာကြောင့် ကျောင်းစာက တကူးတကကြီး လုပ်နေစရာမလို..။ Foei ကတော့ အဲ့လို မဟုတ်။ ရှေ့နေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုထဲက စာတွေ ကြိုးစားနေတာ ဖြစ်သည်။ပြီးတော့ သူ့မှာက အမေဘဲ ရှိတာ...သူ့အမေပြောလေ့ရှိတဲ့ စာကြိုးစားမှ ကောင်းကောင်းမွန်မွန်နေနိုင်မှာဆိုတဲ့ ဓာတ်ပြါးဟောင်း ကြီးကို သူငယ်ချင်းတွေရှေ့ အခါအခွင့်သင့်သလို ဖွင့်ဖွင့်ပြတတ်တဲ့အမျိုး ဖြစ်သည်။

"Bright ရေ..Bright..."

အော်သံနဲ့ အတူ အပေါ်ပြေးတက်လာတဲ့ အသံမို့ အခန်းတံခါး ထဖွင့်ပေးလိုက်၏။

"လာ..Foei..."

"ရော့...ဒီမှာ မင်းရှာခိုင်းတဲ့ စာအုပ်..." ပြောရင်း သူ့လက်ထဲက စာအုပ်အထူကြီးကို ကမ်းပေးတော့ လှမ်းယူလိုက်ရင်း..

"ကျေးဇူးပါကွာ..တော်တော်ရှာလိုက်ရလား..."

"မင်းကလည်း...ဘယ်သူမို့လို့လဲ...ဒါနဲ့ မင်းအဖေက.."

"ပြောလို့မရပါဘူးကွာ...စာအုပ်ကိုဘဲ အားကိုးရမှာပေါ့.."

"အင်း..Bright..."

"ပြော..."

"မင်း လုပ်မယ်ဆိုလည်း အောင်မြင်အောင် လုပ်ကွာ..ငါ မင်းကိုယုံတယ်..ပြီးတော့ မင်း နောက်မှာ ငါတို့ သုံးယောက်ရှိတယ်..."

"တကယ် အတည်ကြီးပြောနေတာဘဲ..အေးပါ..ငါ့အကြောင်း မင်း သိပါတယ်..."

"ဒါမှ မဟုတ် Win ရဲ့ အားနည်းချက်ကို ရှာလိုက်ရမလား.."

"ဟအင်း..အဲ့လိုဆို ငါပြိုင်တာ ဘာမှအရာထင်မှာ မဟုတ်ဘူး..."

"အင်း..သူ့က အရှိန်အဝါ တော်တော်ကြီးတယ်နော်..သူ့ ကြည့်ရတာ တစ်ခုခုဘဲ..."

"မင်းလည်း အဲ့လိုတွေးမိတာလား...ငါ တစ်ယောက်ထဲ ထင်နေတာ..."

"ဟုတ်တယ်...သူတို့နဲ့ ပူးပေါင်းခွင့်ရရင် မိုက်မယ်..."

"အဲ့ဒါကြောင့်လည်း ကြိုးစားနေရတာပေါ့..."

"အေး...နောက်ထပ်စာအုပ်တွေ ထပ်ရှာပေးမယ်..မင်း တတ်သွားရင် ငါတို့ကို ပြန်သင်ပေးအုံး..."

"အေးပါ..သွားတော့မှာလား.."

"သွားတော့မှာ...မေမေတစ်ယောက်တည်း...မင်းကို စာအုပ်သွားပို့မယ်ဆိုပြီး ထွက်လာတာ..."

"အေး ငါပြန်လိုက်မပို့တော့ဘူး..စက်ဘီးသေချာနင်းအုံး.."

"အေး..သွားပြီ Bright..."

သူငယ်ချင်းဖြစ်သူ Foei ပြန်သွားမှ အခန်းတံခါးပိတ်ကာ သူယူလာပေးတဲ့ ကိုယ်ခံပညာတွေ စုထားတဲ့ စာအုပ်ကို ဖွင့်ကာ နည်းလမ်းတွေကို အရင်လိုက်လေ့လာမိသည်။တဖြေး ဖြေးချင်း လေ့လာသွားရင် ရတာဘဲ မှတ်လား..။တစ်နေ့နေ့တော့ Metawin ကို အနိုင်ယူပြီး သူ့ကို ပြန်ကာကွယ်ပေးနိုင်တဲ့သူ ဖြစ်လာမှာ..။အနိုင်ရဖို့ထက် Metawin ကို ကာကွယ်ပေးနိုင်ဖို့က ဘာလို့ စိတ်ထဲအရေးကြီးနေမှန်းသိချေ။

*****

"Mike..Mike မြန်မြန်လာ..."

"ဘာတွေ အရေးကြီး ပြန်လဲ Gun ရ..."

"ဒီနေ့ အုပ်ကြီးဆီက ကြားခဲ့တာ လက်ဝှေ့သင်တန်းကျောင်းက ဆရာလာမယ်တဲ့ ငါတို့ကို တစ်ပတ်တစ်ခါ လာသင်ပေးမလို့တဲ့..."

"လက်ဝှေ့သင်တန်းကျောင်းက..."

"ဟုတ်တယ်..လာ...အချိန်မရှိပါဘူးဆို..."

Gun Smile နဲ့ Mike က မိဘမဲ့ဂေဟာ ငယ်ငယ်ထဲက  အတူတူနေလာရတဲ့ သူတွေ။မိဘမဲ့ဂေဟာမှာ နေတဲ့ကလေးတွေက ကျောင်းနေတဲ့အရွယ်ရောက်လာရင် အစိုးရကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်ကြရတာ ဖြစ်သည်။မိဘမဲ့ဂေဟာကမို့ ဘယ်သူမှ အပေါင်းအသင်းမလုပ်တဲ့ သူတို့နှစ်ယောက်ကို Bright က စပြီး အပေါင်းအသင်းခဲ့တာ ဖြစ်သည်။နောက်ပိုင်း Foei နဲ့ပါ ပေါင်းဖြစ်သွားပြီး သူတို့လေးယောက် တပူးပူးတတွဲတွဲ ဖြစ်လာတာ ဖြစ်သည်။Bright ရဲ့ ပေါင်းလို့ ကောင်းတဲ့ အချက်က သူငယ်ချင်းတွေအပေါ်ကို တာဝန်ယူစိတ် တာဝန်ခံစိတ် အပြည့်ရှိတာဖြစ်သည်။ဒါပေမယ့် ဒီကောင်က တလောကလုံးမှာ သူအတော်ဆုံးလို စိတ်ကြီးဝင်နေတတ်တဲ့ ကောင် ဖြစ်သည်။သူတို့လေးယောက်ထဲမှာတော့ အမှန်တကယ်ကို အတော်ဆုံး ဖြစ်သည်။

"ကဲ... ကလေးတို့ကို မိတ်ဆက်ပေးမယ်..ဒါက လက်ဝှေ့ သင်တန်းကျောင်းက ဆရာ Min တဲ့..နှုတ်ဆက်လိုက်ကြအုံး..."

"မဂ်လာပါ..."

"တွေ့ရတာ ဝမ်းသာပါတယ်ကွာ...ဆရာက မင်းတို့နဲ့ တွေ့ချင်နေတာ..အခုမှဘဲ တွေ့ရတော့တယ်..."

"Mike...Mike.."

"ဘာတုန်း..."

"ဆရာနဲ့လိုက်သွားပြီး..သွားလိုက်သင်ရရင် ကောင်းမှာဘဲနော်..."

"အဲ့ဒါက ငါတို့ကို မွေးစားမှ ရမှာလေ...ဖြစ်နိုင်တာကိုပြော..."

"တစ်ပတ်မှ တစ်ရက်ထဲဆို မမိုက်ဘူးကွာ..."

အရှေ့က ဆရာက လက်ဝှေ့ထိုးနည်း အခြေခံတွေကို ရှင်းပြနေသလောက် နှစ်ယောက်သား ကြိတ်ကြိတ်နဲ့ တွတ်ထိုးနေမိသည်။ဟုတ်တာပေါ့...သူတို့ကို မွေးစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလေ...ဒီလောက် ကလေးတွေ အများကြီးထဲမှာ...သူတို့နှစ်ယောက်က အဲ့လောက်ထိ ချစ်စရာကောင်းကြတဲ့ သူတွေလည်း မဟုတ်...။

"ဟင်း..."

"ဒီလောက်နဲ့ဘဲ ကျေနပ်ရမှာပေါ့ Gun ရာ..ငါတို့ ကြိုးကြိုးစားစား သင်ရင် ရပါတယ်..."

Bright ဦးဆောင်မှုနောက်ကို လိုက်ပြီး သူတို့အားလုံးကို Bright ရဲ့ အိမ်မက်ကို ဝိုင်းပြီး အကောင်အထည်ဖော်ပေးချင်ကြတဲ့ သူတွေ။ဘာကြောင့်လဲဆို Bright အနေနဲ့ သူတို့ကို တစ်သက်လုံး ထားမသွားဘူးလို့ ယုံကြည်ထားတာကြောင့်။Bright အောင်မြင်သည်ဖြစ်စေ ကျဆုံးသည်ဖြစ်စေ သူတို့လေးယောက်ဟာ အမြဲတမ်းမခွဲဘဲ အတူတူရှိနေနိုင်မယ်ဆိုတဲ့ အတွေးတစ်ခုနဲ့တင် Bright ရဲ့ ဂိုဏ်းထောင်ချင်တဲ့ အတွေးကို သူတို့ပါ ဝိုင်းဝန်းကြိုးစားနေကြခြင်း ဖြစ်သည်။

*****

"သားရေ...မိုးတွေရွာနေတာ..မေမေဝယ်ပေးထားတဲ့ မိုးကာလေး ဝတ်သွားနော်..."

"ဟုတ်ကဲ့မေမေ..."

"လာပါအုံး...မေမေ နမ်းအုံးမယ်..."

"နမ်း..နမ်း..."

"မေမေ့သားလေးက မွှေးနေတာဘဲ..ညနေ မိုးရွာနေလည်း ဝတ်ခဲ့နော်..."

"သားက အဝါရောင်မကြိုက်တာကို..အဝါရောင်ကြီး..."

"သားကြိုက်တဲ့ အစိမ်းရောင်က မရှိတော့လို့ပါ သားရယ်..."

အဲ့လိုမျိုး မနက်ခင်းကထိ စကားတွေ ပြောနေတဲ့ မေမေက သူ ကျောင်းက ပြန်လာတဲ့ အချိန်မှာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာ လဲကျနေတဲ့ မြင်ကွင်း...ဂိုဏ်းပြဿနာတွေနဲ့ ကင်းကင်းရှင်းရှင်းနေချင်လို့ US က ကျောင်းတက်ရင်း မေမေပါ လာလိုက်နေတာ..ဒီနေရာအထိ ဘယ်သူကများ...။

"အား..မေမေ...မသွားပါနဲ့ သားကို မထားခဲ့ပါနဲ့..."

"ဟင့်..ဟင့်..."

ချွေးစေးတွေထွက်ပြီး အိမ်မက်မက်နေရာက လန့်နိုးလာတဲ့ Win။ကုတင်ဘေးနား ထားထားတဲ့ ရေဘူးကို ဖွင့်ကာ သောက်လိုက်ရင်း အိမ်မက်ကို ပြန်စဥ်းစားနေမိသည်။သူ့မေမေ ဆုံးခဲ့တဲ့နေ့ကအတိုင်းကို ထင်ထင်ရှားရှား ပြန်မက်တာ ဖြစ်သည်။သူ့မေမေ သေဆုံးခဲ့ရတာ The Ghost ကြောင့်ဆိုတာထက် သူ့အဖေမှာ တာဝန်အပြည့်ရှိခဲ့တာ...အဲ့အချိန်တုန်းကသာ The Ghost နဲ့ Crown သာ နားလည်မှု မလွဲခဲ့ရင် The Ghost အပေါ်ကို ဖေဖေ့အာဏာသက်ရောက်ခဲ့ရင် သူ့မေမေ သေခဲ့ရမှာ မဟုတ်။သူက ကျောင်းသွားနေလို့သာ အသက်ဘေးက လွတ်ခဲ့ရတာ..။မေမေ့ကို သတ်ခဲ့သူတွေကိုရော စေခိုင်းခဲ့တဲ့ သူကိုရော ဖေဖေကိုယ်တိုင် ပြန်သတ်ခဲ့တယ်ဆိုပေမယ့် မေမေသေရတာ ဖေဖေ့ကြောင့်လို့ Win က အမြဲတမ်းယူဆထားခဲ့တာ ဖြစ်သည်။အဲ့အချိန်က စပြီး သူ့ကိုယ်သူ သန်မာအောင် ကြိုးစားခဲ့တာ ဖြစ်သည်။

"လွမ်းတယ် မေမေ...မေမေသာရှိရင် သားဒီလိုတွေ လုပ်ဖြစ်ပါ့မလား မပြောတတ်ဘူး..."

အရုပ်လေးပိုက်ကာ အတွေးနယ်ချဲ့မိတော့ မဆီမဆိုင် Bright ဆီ စိတ်ရောက်သွား၏။

"မေမေ သိလား..သူက Bright တဲ့...သား စိတ်ထဲ ဘာလို့ မေမေနဲ့ တူတယ်လို့ ထင်နေတာလည်း မသိဘူး..."

"ပြီးတော့ မေမေ...သား The Ghost တို့ Crown တို့ထက် အင်အားကြီးအောင် လုပ်ပြီး သူတို့ကို အနိုင်ယူပြမယ်...အဲ့လူက သားအဖေ ဖြစ်နေရင်တောင် အလွတ်မပေးဘူး..."

Win က Bright ဆီကနေ ငါက ရန်ဖြစ်တာကို ကြိုက်တယ်လို့ ပြောတဲ့စကားကို ကြားပြီး ဒီဆုံးဖြတ်ချက်ကို ချမိသွားတာ...ပြီးတော့ Foei ဆီကနေ ဂိုဏ်းထောင်ချင်နေတာလို့ ကြားလိုက်ရတော့ ပိုတောင် အံ့သြသွားရ၏။ဒီလိုကျတော့လည်း သူတို့နှစ်ယောက်က တစ်လမ်းထဲ သွားတဲ့ သူတွေ မဟုတ်လား...။

*တဖြည်းဖြည်းချင်းဘဲ သွားကြမယ်နော် အစပိုင်းမှာတော့ အရမ်းပျင်းစရာ ကောင်းနေမယ် ထင်တယ်...စောင့်ဖတ်ပေးကြပါအုံး*

26.2.2022
Mirella

Zawgyi

"ေရာ့ မင္းမိုးကာ..."

"ငါ ျပန္ေတာင္းေနလို႔လား.."

"Metawin, မင္း ဘာလို႔ ငါ့ကို စကားေကာင္းေကာင္း မေျပာရတာလဲ..."

"ေျပာခ်င္စရာကိုး..."

"ကဲပါ...ဟိုေန႔က ကိစၥအတြက္ ငါ ထပ္ၿပီး ေက်းဇူးတင္တယ္ မင္းတို႔ ခ်သြားတာ မိုက္လိုက္တာ..."

"မိုက္ရမွာေပါ့ Bright ရဲ႕ ငါတို႔က ငယ္ငယ္ေလးထဲက ေသခ်ာသင္လာတာ..Win ဆို အေတာ္ဆုံးဘဲ...Aww ငါက Nani...သူက Dew..."

"အင္း..ေတြ႕ရတာ ဝမ္းသာပါတယ္..."

"ေအး...အဲ့ မိုးကာလည္း ျပန္ယူသြားလိုက္ေတာ့ Win က ျပန္ယူမွာ မဟုတ္ဘူး.."

"ဘာလို႔လဲ...ငါ ခဏေလးဘဲ ဝတ္ထားတာ.."

"သူက..သူ စိတ္လိုလက္ရေပးပစ္လိုက္တဲ့ ပစၥည္းဆို ဘယ္ေတာ့မွ ျပန္မေတာင္းဘူး ၿပီးေတာ့ အဲ့လိုေပးတာလည္း ႐ွားတယ္..."

"ဟိတ္ေကာင္ေတြ..."

"ဟင္..."

Brightက အမွန္ေတာ့ ဒီေကာင္ေတြကို သူတို႔နဲ႔ ပူးေပါင္းဖို႔ လာေျပာတာ...။သူတို႔နဲ႔သာ ေပါင္းထားႏိုင္ရင္ ဒီေက်ာင္းက ေကာင္ေတြသာမက ေက်ာင္းေတာ္ေတာ္မ်ားမ်ားက အေကာင္ေတြကို ေအးေဆးထိန္းခ်ဳပ္သြားႏိုင္မွာ..ဒါေပမယ့္ သူတို႔ၾကည့္ရတာ သူတို႔သုံးေယာက္ၾကားထဲကို ဘယ္သူနဲ႔ ထပ္မထည့္လိုဟန္..။

"ငါက မင္းတို႔နဲ႔ သူငယ္ခ်င္း ျဖစ္ခ်င္လို႔..."

"သူငယ္ခ်င္း ျဖစ္ခ်င္လို႔...အဲ့ဒါဆိုရင္ မင္းငါ့ကို အရင္ယွဥ္ႏိုင္ေအာင္ လုပ္...ငါ့ကိုႏိုင္ရင္ သူငယ္ခ်င္း ျဖစ္ခြင့္ေပးမယ္.."

"မင္း တကယ္ေျပာတာလား Win..."

"Win က စကားႏွစ္ခါေျပာရတာ မႀကိဳက္ဘူး Bright.."

"ၿပီးေရာေလ...ငါမင္းကို ယွဥ္ႏိုင္ေအာင္ ႀကိဳးစားမယ္...မင္းကို အႏိုင္ယူျပမယ္ Metawin..."

ေျပာၿပီး လွည့္ထြက္သြားတဲ့ Bright ကို Win က မ်က္စိ တစ္ဆုံး လိုက္ၾကည့္၏။

"Win..မင္းဘာေတြျဖစ္ေနတာလဲ..."

"ဘာျဖစ္ေနလို႔လဲ..."

"ဘာျဖစ္ေနလို႔လဲ. Nani ရဲ႕.."

"ဘာျဖစ္ရမွာလဲ Metawin လို႔ေခၚတာကိုလည္း ဘာမွမေျပာတဲ့အျပင္ ယွဥ္ဖို႔ေတာင္ လုပ္ခိုင္းလိုက္ေသးတယ္.."

"သူက ငါတို႔နဲ႔ ပူးေပါင္းခ်င္ေနတာ...ၿပီးေတာ့ Bright အေၾကာင္းေတာ္ေတာ္မ်ားမ်ား ငါသိခဲ့တယ္..."

"ဟင္..ဘယ္က.."

"Foei ေျပာတာ.....ၿပီးေတာ့ သူ႕အေဖက Crown လက္ေအာက္က..."

"ဟင္..."

"သူမသိဘူး..."

"What the..."

"သူက ဂိုဏ္းေထာင္ခ်င္ေနတာ.."

"ငါေဟ..."

"ကဲ Nani ရယ္ ေအးေဆးနားေထာင္စမ္းပါ..."

"ငါ အံ့ၾသလြန္းလို႔ပါ Dew ရယ္..."

"သူက ထူးဆန္းတယ္...ဘယ္အလယ္တန္းေက်ာင္းသားက ဂိုဏ္းေထာင္ဖို႔ကို ေတြးမွာလဲ...ဒါေပမယ့္ သူက ႀကိဳးစားအားထုတ္ေနတယ္...သူ႕စိတ္ထဲမွာ ဘာေတြ႐ွိလဲ သိခ်င္တယ္.."

"မင္း ဘယ္လိုျဖစ္ေစခ်င္လဲ Win.."

"ငါမသိဘူး...သူ႕ကိုျမင္ရတာ ငါ့အေမကို ျပန္ေတြ႕ရသလိုဘဲ..."

"ဘယ္နားမွလည္း မတူပါဘူးကြာ..."
Dew နဲ႔ Nani က တိုးတိုးေလး ညည္းတြားလိုက္၏။အ႐ြယ္မလိုက္ေအာင္ ရင့္က်က္လြန္းေနတဲ့ Win metawin က ဘာေတြလုပ္ခ်င္ေနမွန္း မသိ။

****

"႐ွင့္ကို The Ghost က လူေတြ လာ႐ွာေနတယ္ ႐ွင္ဘာေတြလုပ္ထားတာလဲ..."

"ဘာမွမလုပ္ထားဘူး..အဲ့ေကာင္ေတြနဲ႔က ဘာ ပတ္သတ္စရာ ႐ွိလို႔လဲ..."

"မ႐ွိရင္ ၿပီးတာဘဲ The Ghost ဆို ကြၽန္မလည္း ေၾကာက္တယ္..."

"ငါ အျပင္သြားအုံးမယ္...The Ghost ကလူေတြ ထပ္လာရင္ မ႐ွိဘူးလို႔သာေျပာလိုက္..."

အိမ္ထဲမဝင္ခင္ ၾကားလိုက္ရတဲ့စကားေတြေၾကာင့္ Bright ေျခစုံရပ္ကာ နားေထာင္ေနမိသည္။The Ghost က အေဖ့ကို လာ႐ွာတယ္တဲ့...အဲ့ ဂိုဏ္းနဲ႔က ဘာပတ္သတ္စရာ ႐ွိေနလို႔လဲ...။The Ghost က ဘယ္ေလာက္ ရက္စက္ယုတ္မာလည္းဆိုတာ ကေလးအစ ေခြးအဆုံး အကုန္သိေနတာ..။

"အေဖ..."

"ဘာလဲ..ငါအျပင္သြားမို႔..."

"ကြၽန္ေတာ္ လက္ေဝွ႔ထိုးတာ သင္ခ်င္လို႔..."

"ဘာသင္လုပ္မွာလဲ..ဟမ္..ကေလးက ကေလးလိုေနစမ္း.."

"သား..ကေလးမဟုတ္ဘူး အေဖ..ၿပီးေတာ့ လိုအပ္လို႔..."

"ဘာလိုအပ္တာလဲ...ေက်ာင္းသြားၿပီး ရန္ဘဲဖစ္ေနတာလား ဒီေကာင္....ငါ လုပ္ရင္ ေသေတာ့မယ္..."

Bright သူ႕အေဖဆိုတဲ့ လူကို ေပေတၿပီးဘဲ ရပ္ၾကည့္ေနမိ၏။ငယ္ငယ္ေလးထဲက လိုခ်င္တာ႐ွိရင္ ကိုယ့္ဘာသာဘဲ ဖန္တီးယူခဲ့ရတာ..ဘယ္သူ႕ကိုမွလည္း မပူဆာခဲ့..မပူဆာရဲခဲ့တာဆို ပိုမွန္၏။ဆူပူႀကိမ္းေမာင္းေနတဲ့ အေဖကို တားဆီးမယ့္ သူက မ႐ွိသလို သူလည္း ၾကားေနၾကစကားေတြလိုမ်ိဳးဘဲ သေဘာထားကာ ရပ္ေနမိ၏။အေမဆိုတဲ့သူကလည္း ဝင္မတား...။လူမွန္းသိတတ္စအ႐ြယ္ထဲက အေဖကလည္း ေလာင္းကစားဝိုင္းမွာ အခ်ိန္ကုန္တတ္သလို..အေမကလည္း အလွျပင္ကာ ဖဲဝိုင္းတကာ သြားေနတတ္တဲ့သူ ျဖစ္သည္။ၿပီးေတာ့ အေဖနဲ႔အေမက အိမ္မကပ္တဲ့အျပင္ အိမ္မွာ မ်က္ႏွာခ်င္းဆိုင္တာနဲ႔ ရန္ထျဖစ္ေနၾကတာ ျဖစ္သည္။Bright က အိမ္ထိန္းအေဒၚႀကီး လက္ထဲမွာဘဲ ႀကီးလာရတာ..။

"သား..Bright ေရာက္ရင္ ေရခ်ိဳးေတာ့ေလ...ေဒၚႀကီး ထမင္းျပင္ထားလိုက္မယ္..."

"ဟုတ္ကဲ့ ေဒၚႀကီး..."

ဆူပူႀကိမ္းေမာင္းေနတဲ့ သူ႕အေဖကို စူးစူးဝါးဝါး စိုက္ၾကည့္သြားၿပီး အိမ္ေပၚတက္သြားသည္။ေရမိုးခ်ိဳးၿပီး ျပန္ဆင္းလာေတာ့ ေဒၚႀကီးက ထမင္းပြဲ ျပင္ေနၿပီ ျဖစ္၏။

"အေမေရာ ေဒၚႀကီး..."

"အခန္းထဲမွာ ထင္တယ္သား.."

"ေဒၚႀကီးပါ ဝင္စားေလ...ကြၽန္ေတာ္ တစ္ေယာက္ထဲ မစားခ်င္လို႔..."

"ေအးပါ..ဒါနဲ႔ သား ဒဏ္ရာေတြ ေပ်ာက္သြားၿပီလား..."

"ေပ်ာက္ေနပါၿပီ..."

"ေရာ့..ဟင္းေတြနဲ႔ စားအုံး...မ်ားမ်ားစားမွ သန္မာမွာ..."

"ေဒၚႀကီး..."

"ေျပာေလ သား..."

"ေနပါေစေတာ့..ေဒၚႀကီးဆီမွာ ဘယ္လိုလုပ္ အသိ႐ွိမွာလဲ..."

"ဘာအသိလဲ သား..."

"ကြၽန္ေတာ့ လက္ေဝွ႔ထိုးတာနဲ႔ ကိုယ္ခံပညာသင္ခ်င္တာ...အေဖ့ကိုေျပာေတာ့ ေဒၚႀကီး ၾကားတဲ့အတိုင္းဘဲ...သင္တန္းတက္ရင္ ပိုက္ဆံက ကုန္အုံးမယ္..."

"ေဒၚႀကီး ေမးေပးၾကည့္မယ္ေလ..."

အဲ့လိုေျပာေတာ့ မယုံသလို မ်က္ဝန္းေတြနဲ႔ လွမ္းၾကည့္၏။သူမလည္း ျပဳံးျပကာ ေခါင္းဘဲၿငိမ့္ျပလိုက္ေတာ့ ထမင္းကို ငုံ႔ကာစားေတာ့သည္။ဒီကေလးက သိပ္သနားစရာ ေကာင္းတဲ့ကေလး...ကိုယ့္လက္ေပၚမွာဘဲ ႀကီးလာတဲ့ကေလးမို႔ ကိုယ့္သားအရင္းလိုမ်ိဳး ခ်စ္ရတဲ့ကေလး ျဖစ္သည္။စာေတာ္ၿပီး ဥာဏ္ေကာင္းေပမယ့္ အၿမဲတမ္းလိုလို ရန္ျဖစ္ေနတတ္တာ။ငယ္ငယ္ထဲက မိဘေတြကိုလည္း ဘာမွသိပ္မပူဆာ..ဘာဘာညာညာလိုခ်င္တယ္လို႔လည္း တျခားကေလးေတြလို မပူဆာ၊ သူေတာ္ေတာ္ႀကီး လိုခ်င္တဲ့အရာက်မွ ထုတ္ေျပာေလ့႐ွိတာ ျဖစ္သည္။

"ဒါနဲ႔ သားက ဘာလို႔ သင္ခ်င္ရတာလဲ..."

"ခ်စ္တဲ့သူေတြကို ကာကြယ္ေပးခ်င္လို႔..."

"အိုး....ေကာင္းတဲ့ ရည္႐ြယ္ခ်က္ဘဲ...ေဒၚႀကီးကို ယုံေနာ္ သား...ေဒၚႀကီး ေမးေပးမယ္..."

"ဟုတ္...ေက်းဇူးပါ ေဒၚႀကီး..."

Bright အခုခ်ိန္ျဖစ္ခ်င္တာ တစ္ခုက ျမန္ျမန္အ႐ြယ္ေရာက္ၿပီး ဂိုဏ္းတစ္ခု တည္ေထာင္ခ်င္တာ...။သူ႕မွာ အာဏာေတြ ႐ွိခ်င္တယ္...သူ႕စကားကို အမိန္႔လိုမ်ိဴး လူေတြနားေထာင္တာ လိုခ်င္တယ္...တကယ့္လက္ေတြ႕မွာေတာ့ ကိုယ္နဲ႔ ႐ြယ္တူေတြေတာင္ လူမ်ားလာရင္ သူမတိုက္ႏိုင္ေသး။
ဒါေၾကာင့္ တိုက္နည္းခိုက္နည္းနဲ႔ ပတ္သက္တာေတြအကုန္ သူသိခ်င္၊ သူတတ္ခ်င္တာ...။စာၾကည့္စားပြဲမွာ ထိုင္ရင္း အေတြးေတြမ်ားေနမိတာ သူ႕အခန္းထဲက ဖုန္းျမည္လာမွ သတိဝင္လာေတာ့၏။

"Hello,.."

"Hello Bright ငါ Foei..စာအုပ္လာေပးမလို႔..."

"အင္း..လာခဲ့ အိမ္ကဘဲ ေစာင့္ေနမယ္..."

Foeiက ဟိုဘက္ရပ္ကြက္ေနမွာတာ။စာၾကမ္းပိုးမို႔ လိုခ်င္တဲ့ စာအုပ္တိုင္း သူ႕ကိုဘဲ ႐ွာခိုင္းေနၾက။Bright ကိုယ္တိုင္လည္း စာၾကည့္တိုက္ သြားရမွာ ပ်င္းတာလည္းပါ၏။နဂိုထဲက ဉာဏ္ေကာင္းတာေၾကာင့္ ေက်ာင္းစာက တကူးတကႀကီး လုပ္ေနစရာမလို..။ Foei ကေတာ့ အဲ့လို မဟုတ္။ ေ႐ွ႕ေနလုပ္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အခုထဲက စာေတြ ႀကိဳးစားေနတာ ျဖစ္သည္။ၿပီးေတာ့ သူ႕မွာက အေမဘဲ ႐ွိတာ...သူ႕အေမေျပာေလ့႐ွိတဲ့ စာႀကိဳးစားမွ ေကာင္းေကာင္းမြန္မြန္ေနႏိုင္မွာဆိုတဲ့ ဓာတ္ျပါးေဟာင္း ႀကီးကို သူငယ္ခ်င္းေတြေ႐ွ႕ အခါအခြင့္သင့္သလို ဖြင့္ဖြင့္ျပတတ္တဲ့အမ်ိဳး ျဖစ္သည္။

"Bright ေရ..Bright..."

ေအာ္သံနဲ႔ အတူ အေပၚေျပးတက္လာတဲ့ အသံမို႔ အခန္းတံခါး ထဖြင့္ေပးလိုက္၏။

"လာ..Foei..."

"ေရာ့...ဒီမွာ မင္း႐ွာခိုင္းတဲ့ စာအုပ္..." ေျပာရင္း သူ႕လက္ထဲက စာအုပ္အထူႀကီးကို ကမ္းေပးေတာ့ လွမ္းယူလိုက္ရင္း..

"ေက်းဇူးပါကြာ..ေတာ္ေတာ္႐ွာလိုက္ရလား..."

"မင္းကလည္း...ဘယ္သူမို႔လို႔လဲ...ဒါနဲ႔ မင္းအေဖက.."

"ေျပာလို႔မရပါဘူးကြာ...စာအုပ္ကိုဘဲ အားကိုးရမွာေပါ့.."

"အင္း..Bright..."

"ေျပာ..."

"မင္း လုပ္မယ္ဆိုလည္း ေအာင္ျမင္ေအာင္ လုပ္ကြာ..ငါ မင္းကိုယုံတယ္..ၿပီးေတာ့ မင္း ေနာက္မွာ ငါတို႔ သုံးေယာက္႐ွိတယ္..."

"တကယ္ အတည္ႀကီးေျပာေနတာဘဲ..ေအးပါ..ငါ့အေၾကာင္း မင္း သိပါတယ္..."

"ဒါမွ မဟုတ္ Win ရဲ႕ အားနည္းခ်က္ကို ႐ွာလိုက္ရမလား.."

"ဟအင္း..အဲ့လိုဆို ငါၿပိဳင္တာ ဘာမွအရာထင္မွာ မဟုတ္ဘူး..."

"အင္း..သူ႕က အ႐ွိန္အဝါ ေတာ္ေတာ္ႀကီးတယ္ေနာ္..သူ႕ ၾကည့္ရတာ တစ္ခုခုဘဲ..."

"မင္းလည္း အဲ့လိုေတြးမိတာလား...ငါ တစ္ေယာက္ထဲ ထင္ေနတာ..."

"ဟုတ္တယ္...သူတို႔နဲ႔ ပူးေပါင္းခြင့္ရရင္ မိုက္မယ္..."

"အဲ့ဒါေၾကာင့္လည္း ႀကိဳးစားေနရတာေပါ့..."

"ေအး...ေနာက္ထပ္စာအုပ္ေတြ ထပ္႐ွာေပးမယ္..မင္း တတ္သြားရင္ ငါတို႔ကို ျပန္သင္ေပးအုံး..."

"ေအးပါ..သြားေတာ့မွာလား.."

"သြားေတာ့မွာ...ေမေမတစ္ေယာက္တည္း...မင္းကို စာအုပ္သြားပို႔မယ္ဆိုၿပီး ထြက္လာတာ..."

"ေအး ငါျပန္လိုက္မပို႔ေတာ့ဘူး..စက္ဘီးေသခ်ာနင္းအုံး.."

"ေအး..သြားၿပီ Bright..."

သူငယ္ခ်င္းျဖစ္သူ Foei ျပန္သြားမွ အခန္းတံခါးပိတ္ကာ သူယူလာေပးတဲ့ ကိုယ္ခံပညာေတြ စုထားတဲ့ စာအုပ္ကို ဖြင့္ကာ နည္းလမ္းေတြကို အရင္လိုက္ေလ့လာမိသည္။တေျဖး ေျဖးခ်င္း ေလ့လာသြားရင္ ရတာဘဲ မွတ္လား..။တစ္ေန႔ေန႔ေတာ့ Metawin ကို အႏိုင္ယူၿပီး သူ႕ကို ျပန္ကာကြယ္ေပးႏိုင္တဲ့သူ ျဖစ္လာမွာ..။အႏိုင္ရဖို႔ထက္ Metawin ကို ကာကြယ္ေပးႏိုင္ဖို႔က ဘာလို႔ စိတ္ထဲအေရးႀကီးေနမွန္းသိေခ်။

*****

"Mike..Mike ျမန္ျမန္လာ..."

"ဘာေတြ အေရးႀကီး ျပန္လဲ Gun ရ..."

"ဒီေန႔ အုပ္ႀကီးဆီက ၾကားခဲ့တာ လက္ေဝွ႔သင္တန္းေက်ာင္းက ဆရာလာမယ္တဲ့ ငါတို႔ကို တစ္ပတ္တစ္ခါ လာသင္ေပးမလို႔တဲ့..."

"လက္ေဝွ႔သင္တန္းေက်ာင္းက..."

"ဟုတ္တယ္..လာ...အခ်ိန္မ႐ွိပါဘူးဆို..."

Gun Smile နဲ႔ Mike က မိဘမဲ့ေဂဟာ ငယ္ငယ္ထဲက  အတူတူေနလာရတဲ့ သူေတြ။မိဘမဲ့ေဂဟာမွာ ေနတဲ့ကေလးေတြက ေက်ာင္းေနတဲ့အ႐ြယ္ေရာက္လာရင္ အစိုးရေက်ာင္းမွာ ေထာက္ပံ့ေၾကးနဲ႔ တက္ၾကရတာ ျဖစ္သည္။မိဘမဲ့ေဂဟာကမို႔ ဘယ္သူမွ အေပါင္းအသင္းမလုပ္တဲ့ သူတို႔ႏွစ္ေယာက္ကို Bright က စၿပီး အေပါင္းအသင္းခဲ့တာ ျဖစ္သည္။ေနာက္ပိုင္း Foei နဲ႔ပါ ေပါင္းျဖစ္သြားၿပီး သူတို႔ေလးေယာက္ တပူးပူးတတြဲတြဲ ျဖစ္လာတာ ျဖစ္သည္။Bright ရဲ႕ ေပါင္းလို႔ ေကာင္းတဲ့ အခ်က္က သူငယ္ခ်င္းေတြအေပၚကို တာဝန္ယူစိတ္ တာဝန္ခံစိတ္ အျပည့္႐ွိတာျဖစ္သည္။ဒါေပမယ့္ ဒီေကာင္က တေလာကလုံးမွာ သူအေတာ္ဆုံးလို စိတ္ႀကီးဝင္ေနတတ္တဲ့ ေကာင္ ျဖစ္သည္။သူတို႔ေလးေယာက္ထဲမွာေတာ့ အမွန္တကယ္ကို အေတာ္ဆုံး ျဖစ္သည္။

"ကဲ... ကေလးတို႔ကို မိတ္ဆက္ေပးမယ္..ဒါက လက္ေဝွ႔ သင္တန္းေက်ာင္းက ဆရာ Min တဲ့..ႏႈတ္ဆက္လိုက္ၾကအုံး..."

"မဂ္လာပါ..."

"ေတြ႕ရတာ ဝမ္းသာပါတယ္ကြာ...ဆရာက မင္းတို႔နဲ႔ ေတြ႕ခ်င္ေနတာ..အခုမွဘဲ ေတြ႕ရေတာ့တယ္..."

"Mike...Mike.."

"ဘာတုန္း..."

"ဆရာနဲ႔လိုက္သြားၿပီး..သြားလိုက္သင္ရရင္ ေကာင္းမွာဘဲေနာ္..."

"အဲ့ဒါက ငါတို႔ကို ေမြးစားမွ ရမွာေလ...ျဖစ္ႏိုင္တာကိုေျပာ..."

"တစ္ပတ္မွ တစ္ရက္ထဲဆို မမိုက္ဘူးကြာ..."

အေ႐ွ႕က ဆရာက လက္ေဝွ႔ထိုးနည္း အေျခခံေတြကို ႐ွင္းျပေနသေလာက္ ႏွစ္ေယာက္သား ႀကိတ္ႀကိတ္နဲ႔ တြတ္ထိုးေနမိသည္။ဟုတ္တာေပါ့...သူတို႔ကို ေမြးစားဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ ကိစၥေလ...ဒီေလာက္ ကေလးေတြ အမ်ားႀကီးထဲမွာ...သူတို႔ႏွစ္ေယာက္က အဲ့ေလာက္ထိ ခ်စ္စရာေကာင္းၾကတဲ့ သူေတြလည္း မဟုတ္...။

"ဟင္း..."

"ဒီေလာက္နဲ႔ဘဲ ေက်နပ္ရမွာေပါ့ Gun ရာ..ငါတို႔ ႀကိဳးႀကိဳးစားစား သင္ရင္ ရပါတယ္..."

Bright ဦးေဆာင္မႈေနာက္ကို လိုက္ၿပီး သူတို႔အားလုံးကို Bright ရဲ႕ အိမ္မက္ကို ဝိုင္းၿပီး အေကာင္အထည္ေဖာ္ေပးခ်င္ၾကတဲ့ သူေတြ။ဘာေၾကာင့္လဲဆို Bright အေနနဲ႔ သူတို႔ကို တစ္သက္လုံး ထားမသြားဘူးလို႔ ယုံၾကည္ထားတာေၾကာင့္။Bright ေအာင္ျမင္သည္ျဖစ္ေစ က်ဆုံးသည္ျဖစ္ေစ သူတို႔ေလးေယာက္ဟာ အၿမဲတမ္းမခြဲဘဲ အတူတူ႐ွိေနႏိုင္မယ္ဆိုတဲ့ အေတြးတစ္ခုနဲ႔တင္ Bright ရဲ႕ ဂိုဏ္းေထာင္ခ်င္တဲ့ အေတြးကို သူတို႔ပါ ဝိုင္းဝန္းႀကိဳးစားေနၾကျခင္း ျဖစ္သည္။

*****

"သားေရ...မိုးေတြ႐ြာေနတာ..ေမေမဝယ္ေပးထားတဲ့ မိုးကာေလး ဝတ္သြားေနာ္..."

"ဟုတ္ကဲ့ေမေမ..."

"လာပါအုံး...ေမေမ နမ္းအုံးမယ္..."

"နမ္း..နမ္း..."

"ေမေမ့သားေလးက ေမႊးေနတာဘဲ..ညေန မိုး႐ြာေနလည္း ဝတ္ခဲ့ေနာ္..."

"သားက အဝါေရာင္မႀကိဳက္တာကို..အဝါေရာင္ႀကီး..."

"သားႀကိဳက္တဲ့ အစိမ္းေရာင္က မ႐ွိေတာ့လို႔ပါ သားရယ္..."

အဲ့လိုမ်ိဳး မနက္ခင္းကထိ စကားေတြ ေျပာေနတဲ့ ေမေမက သူ ေက်ာင္းက ျပန္လာတဲ့ အခ်ိန္မွာ ဓားဒဏ္ရာေတြနဲ႔ ေသြးအိုင္ထဲမွာ လဲက်ေနတဲ့ ျမင္ကြင္း...ဂိုဏ္းျပႆနာေတြနဲ႔ ကင္းကင္း႐ွင္း႐ွင္းေနခ်င္လို႔ US က ေက်ာင္းတက္ရင္း ေမေမပါ လာလိုက္ေနတာ..ဒီေနရာအထိ ဘယ္သူကမ်ား...။

"အား..ေမေမ...မသြားပါနဲ႔ သားကို မထားခဲ့ပါနဲ႔..."

"ဟင့္..ဟင့္..."

ေခြၽးေစးေတြထြက္ၿပီး အိမ္မက္မက္ေနရာက လန္႔ႏိုးလာတဲ့ Win။ကုတင္ေဘးနား ထားထားတဲ့ ေရဘူးကို ဖြင့္ကာ ေသာက္လိုက္ရင္း အိမ္မက္ကို ျပန္စဥ္းစားေနမိသည္။သူ႕ေမေမ ဆုံးခဲ့တဲ့ေန႔ကအတိုင္းကို ထင္ထင္႐ွား႐ွား ျပန္မက္တာ ျဖစ္သည္။သူ႕ေမေမ ေသဆုံးခဲ့ရတာ The Ghost ေၾကာင့္ဆိုတာထက္ သူ႕အေဖမွာ တာဝန္အျပည့္႐ွိခဲ့တာ...အဲ့အခ်ိန္တုန္းကသာ The Ghost နဲ႔ Crown သာ နားလည္မႈ မလြဲခဲ့ရင္ The Ghost အေပၚကို ေဖေဖ့အာဏာသက္ေရာက္ခဲ့ရင္ သူ႕ေမေမ ေသခဲ့ရမွာ မဟုတ္။သူက ေက်ာင္းသြားေနလို႔သာ အသက္ေဘးက လြတ္ခဲ့ရတာ..။ေမေမ့ကို သတ္ခဲ့သူေတြကိုေရာ ေစခိုင္းခဲ့တဲ့ သူကိုေရာ ေဖေဖကိုယ္တိုင္ ျပန္သတ္ခဲ့တယ္ဆိုေပမယ့္ ေမေမေသရတာ ေဖေဖ့ေၾကာင့္လို႔ Win က အၿမဲတမ္းယူဆထားခဲ့တာ ျဖစ္သည္။အဲ့အခ်ိန္က စၿပီး သူ႕ကိုယ္သူ သန္မာေအာင္ ႀကိဳးစားခဲ့တာ ျဖစ္သည္။

"လြမ္းတယ္ ေမေမ...ေမေမသာ႐ွိရင္ သားဒီလိုေတြ လုပ္ျဖစ္ပါ့မလား မေျပာတတ္ဘူး..."

အ႐ုပ္ေလးပိုက္ကာ အေတြးနယ္ခ်ဲ႕မိေတာ့ မဆီမဆိုင္ Bright ဆီ စိတ္ေရာက္သြား၏။

"ေမေမ သိလား..သူက Bright တဲ့...သား စိတ္ထဲ ဘာလို႔ ေမေမနဲ႔ တူတယ္လို႔ ထင္ေနတာလည္း မသိဘူး..."

"ၿပီးေတာ့ ေမေမ...သား The Ghost တို႔ Crown တို႔ထက္ အင္အားႀကီးေအာင္ လုပ္ၿပီး သူတို႔ကို အႏိုင္ယူျပမယ္...အဲ့လူက သားအေဖ ျဖစ္ေနရင္ေတာင္ အလြတ္မေပးဘူး..."

Win က Bright ဆီကေန ငါက ရန္ျဖစ္တာကို ႀကိဳက္တယ္လို႔ ေျပာတဲ့စကားကို ၾကားၿပီး ဒီဆုံးျဖတ္ခ်က္ကို ခ်မိသြားတာ...ၿပီးေတာ့ Foei ဆီကေန ဂိုဏ္းေထာင္ခ်င္ေနတာလို႔ ၾကားလိုက္ရေတာ့ ပိုေတာင္ အံ့ၾသသြားရ၏။ဒီလိုက်ေတာ့လည္း သူတို႔ႏွစ္ေယာက္က တစ္လမ္းထဲ သြားတဲ့ သူေတြ မဟုတ္လား...။

*တျဖည္းျဖည္းခ်င္းဘဲ သြားၾကမယ္ေနာ္ အစပိုင္းမွာေတာ့ အရမ္းပ်င္းစရာ ေကာင္းေနမယ္ ထင္တယ္...ေစာင့္ဖတ္ေပးၾကပါအုံး*

26.2.2022
Mirella

Continue Reading

You'll Also Like

2.1M 88.9K 75
" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန္! ! ငါ မင္းကိုေသေလာက္ေအာင္မုန္းတယ္ " "...
25.8K 3.7K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
721K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
228K 7.4K 59
🥰ချစ်တဲ့လွန်းတဲ့သူရယ်