မိုးတွေသည်းထန်စွာ ရွာနေတဲ့ လမ်းမတစ်လျှောက်...မိုးရေတွေကြား အသက်လုကာ ပြေးလွှားနေတဲ့ ကောင်လေး.. မျက်နှာမှာလည်း ဖူးယောင်ပေါက်ပြဲနေတဲ့ ဒဏ်ရာတစ်ချို့လည်း ရှိနေပြီး တစ်ချို့နေရာတွေက သွေးတောင် ထွက်နေ၏ အနောက်ကို လှည့်ကြည့်လှည့်ကြည့်ပြီး ပြေးနေရာက ချော်လဲကျသွားတာတောင် ဒဏ်ရာတွေကို ဂရုမစိုက်နိုင်အား လွတ်ဖို့ဘဲ အရေးကြီးတာကြောင့် ကုန်းရုန်းထကာ ပြေးပြန်၏။ပြေးနေရင်းက အရှေ့ကို ကြည့်လိုက်မိတော့ Bus ကားမှတ်တိုင်....။
"ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ..."
အဝါရောင် မိုးကာဝတ်ထားကာ မတ်တပ်ရပ်နေတဲ့ ကောင်လေးကို သူ အပြေးအလွှား အကူအညီတောင်းမိ၏။ သူနဲ့ ရွယ်တူလောက် ရှိမယ်လို့ ထင်ရပြိး ထိုကောင်လေးက မျက်မှန်အဝိုင်းလေး တပ်ထား၏။
"ဖယ်...လွှတ်စမ်း..."
"ငါ့ကို သူတို့သတ်လိမ့်မယ်..ငါ့ကို ကယ်ပါ..."
"မင်းကို လွှတ်လို့ ပြောနေတယ်နော်..."
ဒဏ်ရာတွေနဲ့ ကောင်လေးက မိုးကာအဝါလေးနဲ့ ကောင်လေးရဲ့ လက်ကို အတင်းဆွဲထားတာကြောင့် အတင်းရုန်းကန်ရင်း ရွံရှာသလို သူ့လက်တွေကို ပုတ်ထုတ်နေ၏။
"Please...."
ထိုကောင်လေးက သူ့မျက်ဝန်းတွေထဲထိ စိုက်ကြည့်ပြီး တောင်းပန်တိုးလျှိုးသလို အကြည့်တွေနဲ့ ကြည့်ပြီး သူပြေးလာရာ လမ်းဘက်ကို ရတက်မအေးသလို လှည့်ကြည့်နေပြန်၏။ထိုအခါမှ မိုးကာ အဝါလေးနဲ့ ကောင်လေးက သူဝတ်ထားတဲ့ မိုးကာကို ချွတ်ပေးလိုက်ပြီး ဝတ်စေ၏။ပြီးနောက် သူလွယ်ထားတဲ့ ကျောပိုးအိတ်ကိုပါ ချွတ်ပေးရင်း....
"ရော့.....ငါကလေ သူများကို ကူညီရတာကို သိပ်မုန်းတာ..ငါလည်း အကူအညီမတောင်းဘူး..ငါ့ကိုလည်း လာမရှုပ်နဲ့ဘဲ..."
မိုးတွေသည်းထန်နေပေမယ့် သူပြောတဲ့စကားတွေကို ကောင်းစွာ ကြားရတဲ့ အနေအထား..။
"...."
ထိုကောင်လေးက မျက်မှန်လေး တစ်ချက်ပင့်တင်ပြီး ထပ်ပြောပြန်၏။
"နောက်ခါ ငါနဲ့မတွေ့စေနဲ့...မင်းလိုကောင်ကို ခဏလေးနဲ့ ဒီမြေပေါ်မှာ မရှိတော့အောင် လုပ်နိုင်တယ်ဆိုတာ သိထား.."
ပြောပြီး Bus ကားမှတ်တိုင်က ခုံမှာ သွားထိုင်နေ၏။မိုးကာ ချွတ်လိုက်တော့ ဖြူဝင်းနေတဲ့ အသားအရေက မီးရောင်မှိန်မှိန်အောက်မှာ ပေါ်ထွက်လာ၏..တော်တော်ကြီးကို ဖြူတာဖြစ်ပြီး ညအမှောင်ထဲသွားရင်တောင် လင်းနေမယ့် အသား အရေမျိုးနဲ့ ဖြစ်သည်။သူ့ကို ဘာလို့ ချိန်းခြောက်သွားလဲ နားမလည်ပေမယ့် ထိုအဖြူကောင်လေးကို ဒဏ်ရာတွေနဲ့ ကောင်လေးက တအံ့တသြ လိုက်ငေးကြည့်နေ၏
"ဟိုကောင်လေး ဝေးဝေးမရောက်လောက်သေးဘူး...သူဘယ်လောက်ပြေးနိုင်မှာလဲ..."
အနောက်က ထွက်လာတဲ့အသံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ မိုးကာခေါင်းစွပ်ကို ခေါင်းကို ကမန်းကတမ်းစွပ်လိုက်ရင်း အဖြူကောင်လေး အနားကို အပြေးအလွှား သွားရပ်နေလိုက်၏။ထိုအဖြူကောင်လေးကတော့ သူလုပ်သမျှကို မျက်မှောင်ကုတ်ပြီး ကြည့်လို့...။
"ဟေ့ကောင်လေးတွေ...ဒီနားမှာ ဒဏ်ရာတွေနဲ့ ကောင်လေးတွေ့မိကြလား..."
"...."
"ဟမ်..ငါမေးနေတယ်လေ.. နားမပါကြဘူးလား....ဟိုမိုးကာနဲ့ကောင်လေး မင်းမိုးကာ ချွတ်စမ်း..."
အမိန့်ပေးသလို ပြောလာတဲ့သူတွေက သူတို့ထက် အရပ်မြင့်ပြီး အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားများ ဖြစ်ဟန်တူသည်။
"သွားချွတ်ကြည့်စမ်း....ဟိတ်ကောင်တွေ..."
"ရပ်လိုက် !!!..." အဖြူကောင်လေးဆီက အသံထွက်လာတော့ မိုးကာနဲ့ကောင်လေးမှာ အားတက်သွားရ၏။လွယ်ထားတဲ့ ကျောပိုးအိတ်ရဲ့ ကြိုးစနှစ်ဖက်ကို ကျစ်နေအောင် ကိုင်ထားပြီး ခေါင်းကို ငုံ့ထားမိသည်။
"အကောင်သေးသေးလေးက စွာလှချည်လား..."
"သူ့ကို ထိရဲထိကြည့်လေ...မင်းတို့ဆွေစဥ်မျိုးဆက် တစ်ယောက်မှ အသက်မရှင်စေရဘူး..."
"အောင်မာ...မင်းက ဘာမို့လို့ ငါတို့ကို လာခြိမ်းခြောက်နေတာလဲ...မလောက်လေးမလောက်စားက..."
ထိုသို့ပြောတော့ အဖြူကောင်လေးက ထိုင်ရာမှထကာ ထိုသူရဲ့ ရှေ့တည့်တည့်လျှောက်သွားပြီး အိပ်ကပ်ထဲမှာထည့်ထားတဲ့ တစ်စုံတစ်ခုကို ပြလိုက်တဲ့အချိန်မှာတော့ ထိုသူတွေရဲ့ မျက်နှာတွေက သွေးမရှိတော့သလို ဖြူရော်သွားပြီး ချက်ချင်းဆိုသလို နောက်ဆုတ်သွားကြ၏။
"ဟင်...."
ထိုသူတွေက နောက်ကို ပြန်မလှည့်ကြည့်စတမ်း မိုးရေထဲ ပြန်ထွက်သွားကြ၏ မိုးကတော့ သည်းကြီးမည်းကြီး ရွာနေဆဲ...။
"ဟို...."
"ပေး လွယ်အိတ်...နောက်ခါ ဘာဘဲရင်ဆိုင်ရ ရင်ဆိုင်ရ ပျာယာခတ်မနေနဲ့..."
"ကျေးဇူးတင်ပါတယ်.."
"မလိုဘူး..."
"မင်း...ဘယ်ကို ပြန်မှာလဲ...ငါ..ငါ..လိုက်ပို့ပေးမယ်လေ..."
"မင်းက...အဟက်!!!!"
သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ကာပြောရင်း ထိုအဖြူကောင်လေးက လက်ဖျောက်တစ်ချက်တီးဟန်ပြုတော့ ကားတစ်စီးချက်ချင်းထိုးရပ်လာပြီး black suit နဲ့ လူများက ထီးကိုယ်စီနဲ့ တန်းစီကာ ရပ်နေကြ၏။ လျှပ်တပြက်အတွင်း ဖြစ်သွားတဲ့ အရာတွေကြောင့် ထိုကောင်လေးမှာ တအံ့တသြ။
"ဟို...အခုမလိုဘူးဆိုရင်တောင်...နောက်ဆို လိုချင်လိုမှာပေါ့....ပြီးတော့ ငါ့နာမည်က Bright တဲ့...မင်းနာမည်ကရော..."
"အေး...အခုမင်းကြောင့်နဲ့ ငါမလုပ်ချင်ဆုံး အလုပ်တွေကို လုပ်ခဲ့ရပြီ...ဒီထက်ဆိုးတာ ရှိတော့မှာ မဟုတ်ဘူး.တွေ့စရာ အကြောင်းအရင်းလည်း မရှိဘူး....ငါ့နာမည်က သေချာမှတ်သွား...Win...!!! metawin..."
ပြောပြီးတာနဲ့ မိုးရေတွေထဲ ထွက်သွား၏။အသက်ငယ်ငယ်လေး ရှိသေးတာကို ဘာလို့ အဲ့လောက်ထိ တည်တည်ငြိမ်ငြိမ် ရှိရတာလည်း...သူက ဘယ်ကလဲ...ငါ့လိုဘဲ ကျောင်း သားဘဲလား...အရမ်းချမ်းသာမယ့်ပုံဘဲ...စသည်ဖြင့် Bright စိတ်ထဲ အတွေးပွားနေမိတော့သည်။Win ဆိုတဲ့ အဖြူကောင်လေး ထွက်သွားတာနဲ့ Bright လည်း သူ့အိမ်ကို အမြန်ပြန်ရောက်အောင် ပြန်ရတော့၏။
*****
"မနေ့က မင်းမျှားခေါ်သွားလို့ တော်သေးတယ် Bright..မဟုတ်ရင် ငါတို့သေမှာ..."
"ငါလည်း သေတော့မို့ Mike...Win ဆိုတဲ့ တစ်ယောက်ကယ်လို့..."
"မင်းပြောပုံအရဆို သူက ကြောက်စရာ ကောင်းမယ့်ပုံဘဲ..."
"ဟုတ်တယ် Gun Smile..ငါတို့လောက်ဘဲ အလယ်တန်းလောက်ဘဲ ထင်တယ်..."
သူတို့အုပ်စုက လေးယောက်၊ ထစ်ခနဲရှိ ရန်ပွဲဆို Bright တို့ အဖွဲ့ ထိပ်ဆုံးက ပါ၏။အလယ်တန်း ကျောင်းသားအရွယ်ဘဲ ရှိသေးပေမယ့် အတန်းကြီးတွေ အထက်တန်းနောက်ဆုံးနှစ်က သူတွေနဲ့ဘဲ ချိန်းပွဲတွေ လုပ်၏။ကိုယ့်ကျောင်းတင် အားမရဘဲ တစ်ခြါးကျောင်းက သူတွေနဲ့ပါ ချိန်းထိုးကြ၏။ သူတို့လေးယောက်ထဲမှာမှ Foei က စာကြမ်းပိုးဖြစ်ပြီး ရန်ဖြစ်ရင်းနဲ့တောင် စာကျက်ချင်တဲ့ ကောင်မျိုး ဖြစ်သည်။ Mike နဲ့ Gun Smile က မိဘမဲ့ကျောင်းက ဖြစ်ပြီး Bright က တော့ အားနေရန်ဖြစ်နေတဲ့ မိဘတွေဆီက ဆင်းသက်လာတာ ဖြစ်သည်။မနေ့ညကလည်း ချိန်းပွဲသွားကြရာက မထင်မှတ်ဘဲ ဟိုဘက်က အယောက်(10)ကျော်တဲ့ အပြင် သူတို့ဘက်က Foei ကလည်း သူ့အမေက စောစောပြန်လာဖို့ မှာထားလို့ဟု ပြောကာ ပြန်သွားတာကြောင့် သူတို့ခံလိုက်ရတာ...။
"အဲ့ဒါကြောင့် ငါဒီထက် အင်အားကြီးချင်တာ..ငါတို့က အလယ်တန်းဘဲ ရှိသေးတော့ ဘယ်သူမှ မလေးစားကြဘူး.."
"မဆိုင်ဘူး Mike...ငါတို့မှာ သူတို့ကို ယှဥ်နိုင်တဲ့ အရည်အချင်းရှိရင် သူ့အလိုလို လေးစားလာလိမ့်မယ်..."
"Bright ပြောတာ မှန်တယ်...ငါတို့ ဒီထက်သန်မာအောင် လုပ်ရမယ်..."
ရန်တစ်ပွဲဖြစ်ပြီးတိုင်း အင်အားကြီးအောင် လုပ်ဖို့က သူတို့မျက်နှာမှာ စိတ်အားထက်သန်မှု အပြည့်။Brightက ရည်ရွယ်ချက်က အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်နိုင်ဖို့။ယခု BKK မှာ အင်အားကြီးမားနေတဲ့ ဂိုဏ်းကြီးနှစ်ဂိုဏ်းရှိနေ၏ လူသတ်တာ ရက်စက်ပြီး မကောင်းတာ မှန်သမျှ အကုန်လုပ်တယ်လို့ နာမည်ကြီးတဲ့ The Ghost ဂိုဏ်း၊ ထို The Ghost ဂိုဏ်းကို ငွေကြေးထောက်ပံ့ပေးနေတဲ့ Crown ဆိုတဲ့ ဂိုဏ်း၊ Crown က လူအင်အား နည်းပေမယ့် ငွေကြေးချမ်းသာတာကြောင့် The Ghost ဂိုဏ်းနဲ့ ပူးပေါင်းထားပြီး အာဏာအရှိဆုံးဖြစ်နေ၏။ ထို့ကြောင့် လူအင်အားများပြီး အာဏာသိပ်မရတဲ့ The Ghost ဟာ Crown နောက်ကွယ်မှာ မကောင်းတာမှန်သမျှ လုပ်ရင်း တဖြေးဖြေးနဲ့ လူသတ်တဲ့နေရာမှာ နာမည်ကြီးလာ၏။ရန်ငြိုးရှိလည်း သတ် မရှိလည်း သတ်...ဒါကို Crown က သိသွားသည့်တိုင် အနည်းငယ် ငြိမ်သွားတာကလွဲရင် လုပ်မြဲလုပ်ဆဲ။The Ghost ဆိုတဲ့ ဂိုဏ်းအမှတ်တံဆိပ်နဲ့ သရဲ မျက်နှာဖုံးပါတဲ့လူတွေကို သေအောင် ကြောက်ရမြဲ။ဒါတွေကို သိနေတဲ့ Brightက အင်အားကြီးအောင် လုပ်မယ်ဆိုကာ သူငယ်ချင်းတွေနဲ့ အားလပ်ချိန်တိုင်း တိုင်ပင်နေကြမြဲ ဖြစ်၏။
*****
"အဲ့တော့ အဲ့မိုးကာက မင်း အကြိုက်ဆုံးဟာဆို Winရဲ့..."
"ငါတို့နဲ့ပေါင်းလာတာ မွေးကထဲက အဲ့မိုးကာကို ထိခွင့်ရခဲ့လို့လား..."
"တော်ကြပါတော့ Dew နဲ့ Nani ရယ်..ငါပြောပြီးပြီရော..ဘာလို့ ကူညီမိမှန်း မသိပါဘူးဆို..."
"အဲ့ဒါပြောတာလေ...မင်း ပုံစံမှ မဟုတ်တာ..."
"ထားလိုက်တော့...ဒီနေ့ကျောင်းအသစ်တက်ရမှာ စောစောသွားရမယ်..."
"ဘာနဲ့သွားမှာလဲ...ငါတို့နဲ့ လိုက်မှာလား..."
"မင်းတို့ ငါ့အိမ်က ကားနဲ့ လိုက်ခဲ့..သူများကား ဘယ်တုန်းက စီးလို့လဲ..."
Win metawin ဆိုတာ အဲ့လိုလူမျိုး...။ လမ်းလျှောက်ရင် လျှောက်ရပါစေ...သူများကားနဲ့ဆို ဘယ်တော့မှ မလိုက်.. ငယ်ပေါင်းတွေ ဖြစ်တဲ့ Dew တို့ Nani တို့နဲ့ တောင်မရ။အရင်နှစ်တွေကအထိ သုံးယောက်လုံး နိုင်ငံခြါးမှာ ကျောင်းသွားတက်နေရာက Win ဒယ်ဒီရဲ့ ဂိုဏ်းပြဿနာတွေကြောင့် ပြန်လာခဲ့ရတာ..Win metawin သွားလေရာ အရပ်ကို တစ်ကောက်ကောက် လိုက်တတ်တဲ့ Dew ရော Nani ကပါ ပြန်လိုက်လာတာ ဖြစ်သည်။ Win တို့ သုံးယောက်က အိမ်နီးချင်းတွေ ဖြစ်ပြီး အကုန်လုံး တစ်ဦးတည်းသော သားတွေ ဖြစ်သည်။ဒါပေမယ့် Dew တို့မိဘတွေက သာမာန် စီးပွားရေးလုပ်ငန်း ပိုင်ရှင်တွေ ဖြစ်ပေမယ့် Win ကတော့ Crown ဂိုဏ်းချုပ်ရဲ့ သား ဖြစ်နေ၏။ ဂိုဏ်းချုပ်သားပီပီ မျက်နှာက အမြဲတမ်းတည်နေလေ့ရှိပြီး ပါဝါသိပ်မများတဲ့ မျက်မှန်ကို အမြဲတမ်း တပ်ထားလေ့ရှိ၏။ စကားတွေအများကြီး ပြောရတာ မကြိုက်သလို လိုတရနေတဲ့ သူက သူ့ကို အကူအညီတောင်းတာကိုလည်း မကြိုက်။အမြဲတမ်းလိုလို သူတစ်ယောက်ထဲ နေတတ်ပြီး Dewတို့လာမှ စကားများများ ပြောတတ်တဲ့ အမျိုးဖြစ်သည်။ ပိုဆိုးသွားတာက The Ghost ကြောင့် သူ့အမေ ဆုံးသွားပြီးထဲက..သူ့အဖေကို စကားလည်း မပြောတော့တဲ့အပြင် သူ့အဖေနဲ့ ပတ်သက်မှု ဂိုဏ်းနဲ့ ပတ်သက်မှုတွေကို ဘယ်သူ့ကိုမှ မပြောတော့..ဟိုနေ့က Bright ဆိုတဲ့တစ်ယောက်ကို ကယ်ရမှာမို့ မတတ်သာလို့ Crown က လူဖြစ်ကြောင်း ထုတ်ပြောလိုက်ရတာ...။ပြီးတော့ ချွတ်ပေးလိုက်တဲ့ မိုးကာက သူ့အမေရဲ့ နောက်ဆုံး လက်ဆောင်....။
"ဟင်း....."
"မနေ့က မင်း အဖေ ဆူသေးလို့လား..."
"မသိဘူး..."
"ဟမ်..."
"ငါ ထမင်းစားနေတုန်းကတော့ အရှေ့မှာ ထိုင်ပြီး ပြောနေတာဘဲ..ဘာတွေပြောလဲတော့ ငါမသိဘူး..."
"အေးပါကွာ..မှားပါတယ်..."
Nani နဲ့ Dew လည်း သံပြိုင်ပြောရင်း လက်လျော့လိုက်ရ၏။win metawin ဆိုတာ သူမသိချင်ရင် ဘာမှမသိတော့တဲ့ အမျိုး။ကျောင်းသွားတဲ့ လမ်းတစ်လျှောက် သုံးယောက် လုံး ငြိမ်ကုပ်ကာ ပါလာ၏။သီးသန့်ကျောင်းတွေမှာ တက်လို့ရပါလျက်နဲ့ ဆိုးပါတယ်လို့ နာမည်ကြီးတဲ့ကျောင်းကို တမင်ရွေးချယ်ခဲ့တာ...ဘာလို့လည်းဆိုရင် အကြောင်းပြချက် ပြစရာမရှိ။ဒီအတိုင်းကို တမင်ရွေးချယ်တာလို့ ပြောမိတော့ ဒယ်ဒီနဲ့ စကားများရသေး၏။
"တွေးလိုက်တာ Win ရာ..."
"အေး..ကြည့်အုံး..ကျောင်းရောက်နေပြီ..ဆင်း.."
"ကျွန်တော် လွတ်လွတ်လပ်လပ်ဘဲ တက်ချင်တယ် မလိုအပ်တာတွေ အကုန် ပြန်ရှင်းသွားလိုက်ပါ..."
"ဟုတ်ကဲ့ သူဌေးလေး..."
Bodyguard တွေ စောင့်ကြည့်မယ့်သူတွေကို အကုန်ပြန်ခေါ်သွားခိုင်းတာ...လွတ်လွတ်လပ်လပ်နဲ့ ကျောင်းသားဘဝကို ပြန်ခံစားကြည့်ချင်တာ...နေ့စဥ်ပုံစံခွက်ထဲမှာ ရုန်းကန်ရတာ တော်တော်မောပန်းလာတာကြောင့်....။
****
"ဟင်...Win..."
"ဘယ်မှာလဲ.... ဘယ်မှာလဲ..."
Brightက တလောကလုံးမှာ သူအတော်ဆုံးလို့ သတ်မှတ်ထားပြီး တော်ရုံလူကို ချီးကျူးတာ မတွေ့ဖူးတာကြောင့် Win အကြောင်း ပြောပြလိုက်ပြီးထဲက ကျန်တဲ့ သုံးယောက်က တွေ့ချင်နေတာ ဖြစ်သည်။အခုလည်း Win ဆိုရော အသည်းအသန်..လိုက်ကြည့်ကြတော့သည်။
"ဟာ..အဲ့ဒါကျောင်းသားသစ်တွေ..."
အဖွဲ့ထဲမှာ သတင်းထူးမှန်သမျှ သိသူက Foei၊ အခုလည်း ဘယ်လိုသိလည်း မသိချေ။ Win က ထုံးစံအတိုင်း မျက်မှန်နဲ့ ဖြစ်ပြီး ကျောင်းဝတ်စုံအပေါ်ကမှ လက်ရှည်မိုးပြါရောင်လေးကို ထပ်ဝတ်ထား၏။ကျန်တဲ့နှစ်ယောက်ကလည်း ချမ်းသာတဲ့ အသိုင်းအဝိုင်းကမှန်း သိသာလှ၏။
"သူတို့သုံးယောက်က ငယ်ပေါင်းတွေတဲ့ သူဌေးသားတွေလို့ကြားတယ် Win ကတော့ အကောင်ကြီးကြီးထဲကဘဲ ဘယ်သူ့သားသမီးလည်းတော့ မသိဘူး..မနှစ်ကထိ US မှာ တက်ခဲ့တာတဲ့.. ဒီနှစ်လည်လောက်မှ Thai ကို ပြန်လာကြတာ.."
"အကုန်သိတယ်နော် Foei..."
"ဘယ်သူမို့လို့လဲ...ဗဟုသုတပညာရှင်လေ..."
"အေးပါ...ဟိုငတုံးနှစ်ကောင်...ချိန်းထားတဲ့ဆီ လစ်မယ်..."
"Foei မင်းကနေခဲ့...စာကူးထားပေး..သုံးယောက်လုံးကို..."
"ဟေ့ရောင်တွေ..ငါပါလိုက်မယ်...မကူးပေးဘူး...ရား..."
"တာ့တာ..သားကြီး စာကြမ်းပိုးရေ...."
Foei ကိုထားခဲ့ပြီး ချိန်းထားတဲ့ ဘက်ကို သုံးယောက်သား ထွက်လာခဲ့လိုက်သည်။တမင်းစားဆင်းချိန်မို့ ရန်စရှိထားတဲ့ ကျောင်းက ကောင်တွေက စိန်ခေါ်တာကြောင့် လက်ခံလိုက်ခြင်း ဖြစ်သည်။သူတို့ဘက်က သုံးယောက်ဘဲ ပါမှာမို့လို့ ပြောထားပေမယ့် ချိန်းထားတဲ့ဆီ ရောက်တဲ့အခါမှာတော့
"Fuck...son of bitch တွေ..အမြဲတမ်း ဒီစောက်ကျင့်ဘဲ..."
"ဟေ့..Bright vachirawit..မင်းအရိုးတွေကို ဒီနေ့ချိုးပစ်မယ်ကွ..ဟား..ဟား..."
"ကြာတယ် သုံးယောက်လုံးကို ချိုးပစ်ကွာ..."
12ယောက်လောက် ရှိတဲ့အပြင် တုတ်တွေပါပါလာတာကြောင့် အကောင်းဆုံး ခုခံနေတဲ့ကြားက Bright တို့ သုံးယောက် ခံရတော့သည်။
"သွားပြီ...အင်အားနည်းရင် အဲ့လိုဘဲ..."
"ငါတို့တော့ သေပြီထင်တယ်..."
"ဟား..ဟား...တုတ်ပေးစမ်း..Bright ခေါင်းကို ရိုက်ခွဲပြီး ထွက်လာတဲ့ သွေး ဘာရောင်လည်း ကြည့်အုံးမှာ ဟား..ဟား..."
"အဟမ်း...လူအများကြီးနဲ့ သုံးယောက်...ပြီးတော့ တုတ်တွေနဲ့...."
"မရှက်ဘူးလား မသိဘူး Dew ရာ..."
"အေးလေ...ကြည့်ပါအုံး...."
Bright တို့လည်း ဆံပင်တွေ အဆွဲခံရတဲ့ကြားထဲက အားယူကြည့်မိတော့ ကောင်လေး သုံးယောက်၊ သေချာအာရုံစိုက်ကာ ကြည့်မိတော့ Win ဆိုတဲ့ အဖြူကောင်လေးတို့ အုပ်စု။
"မင်းတို့ ဘယ်ကကောင်တွေလည်း မဆိုင်ရင် သွားကြစမ်း..." Brightတို့ကို ဝိုင်းထိုးနေတဲ့အဖွဲ့ထဲက ကောင်က Win ရှေ့သွားပြီး ပုခုံးကို တွန်းကာ ပြောလိုက်တဲ့အချိန်မှာတော့....။
"ဝုန်း...အ..."
"Ohh my God !!!"
"Wtf...တစ်ချက်ထဲ..."
Bright အာမေဋိတ်သံတွေ ထွက်ရသည်အထိ...Win ထိုးလိုက်လို့ လဲကျသွားတဲ့ ကောင်ကို ကြည့်လိုက်တော့ နှာခေါင်းရိုးကျိုးသွားသည်ထင်၏ ပြန်ကိုထမလာတော့...။
"ဟေ့ကောင်တွေ အဲ့သုံးယောက်ကိုပါ လုပ်ပစ်...."
ချက်ချင်း Win တို့နားရောက်လာပြီး လာဝိုင်းကာ ထိုးကြိတ်ကြတော့သည်။အဲ့အချိန်မှာ သိလိုက်ရတာက Winတို့က စနစ်တကျ သင်ထားတဲ့ သူတွေ ဖြစ်ပြီး Bright တို့ကျ လက်သီးဆုတ်တတ်ရုံနဲ့ ရန်ဖြစ်နေတဲ့ကောင်တွေ...တစ်ခဏ လေးအတွင်းကို Win ရဲ့ထိုးချက်တွေ ကြားမှာ အတုံးအရုန်း...။Dewနဲ့ Nani ကလည်း ကူပေးတာကြောင့် ဟိုအုပ်စုမှာ အထိနာကာ ထကို မထလာတော့...။
"ဘာကြည့်နေတာလဲ...ထကြလေ...အဲ့မှာဘဲ နေတော့မလို့လား..."
Win က အဲ့လိုပြောမှ အကြောင်သားနဲ့ ကြည့်နေတဲ့ Bright တို့ လူးလဲကာ ထလာကြ၏။
"ထပ်..ထပ်ပြီး..ကျေးဇူးတင်ပါတယ်...Win...သူတို့က မထင်မှတ်ဘဲ လူများသွား..."
"ငါကလေ...ရန်ဖြစ်တဲ့ကောင်တွေကို မုန်းတယ်သိလား..မင်းနဲ့တွေ့မှ ငါလည်း မျိုးစုံလိုက်လုပ်နေရတယ် Bright Vachirawit..."
ကျေးဇူးတင်စကားတောင် ဆုံးအောင် မပြောလိုက်ရဘဲ Win ဖြတ်ပြောတဲ့စကားကြောင့် Bright မျက်လုံးတွေ လက်ခနဲ ဖြစ်သွားပြီး...
"အဟက်...ငါက ရန်ဖြစ်ရတာ ကြိုက်တယ်..ရှုံးသည်ဖြစ်စေ..နိုင်သည်ဖြစ်စေ..ရန်ဖြစ်ရတာ ငါ့ဝါသနာဘဲ...ပြီးတော့ ငါ့ဘဝတစ်လျှောက်လုံး ရန်ဘဲ ဖြစ်သွားမှာ..."
"...."
"ငါက ကျေးဇူးဆပ်မလို့ဘဲ...ဒါပေမယ့် ဘယ်လိုလုပ်မလဲ..မင်းက ရန်ဖြစ်တဲ့ ကောင်တွေကို မုန်းတယ်ဆိုတော့..."
ပြောပြီး Win မျက်နှာကို စူးစူးစိုက်စိုက် ကြည့်ကာ ထွက်သွားတော့၏။သူထွက်သွားတော့မှ Win လည်း တင်းထားတဲ့စိတ်ကို လျော့ချလိုက်တော့ ယိုင်ခနဲဖြစ်သွားပြီး ပြိုကျလာတာကြောင့် Naniနဲ့ Dew က လှမ်းထိန်းပေးထားရင်း...
"ရူးနေလို့ အားကုန်သုံးတာလား..ခွေးကောင်ရဲ့..."
"ကိုယ့်အကြောင်းလည်း ကိုယ်မသိတာမဟုတ်ဘူး...ဒီကောင်...."
သူငယ်ချင်းတွေရဲ့ ဝေဖန်အပြစ်တင်သံကိုလည်း သူမကြားနိုင်တော့...။ တစ်စုံတစ်ယောက်ပြောသွားတဲ့ ငါက ရန်ဖြစ်တာကိုဘဲ ကြိုက်တာ..ဆိုတဲ့စကားက နားထဲမှာ ပဲ့တင်သံကို အထပ်ထပ်ကြားနေရတော့၏။
*ဒီFic ထဲမှာတော့ အသက်အရွယ်ကွာခြါးမှုရှိပေမယ့် ရွယ်တူတွေလိုဘဲ ပြောဆိုထားပါတယ်...ဘယ်သူ့ ဘယ်သူ့ကိုမှလည်း ထိခိုက်လိုစိတ် မရှိပါဘူး...ဝေဖန်အကြံပြုပေးဖို့ တောင်းဆိုပါရစေ 💓🙆 *
20.2.2022
Mirella
Zawgyi
"ဖယ်...လွှတ်စမ်း..."
"Please...."
"...."
"...."
"ဟင်...."
"ဟို...."
"ကျေးဇူးတင်ပါတယ်.."
"မလိုဘူး..."
"မင်းက...အဟက်!!!!"
*****
*****
"ဟင်း....."
"မသိဘူး..."
"ဟမ်..."
"အေးပါကွာ..မှားပါတယ်..."
"တွေးလိုက်တာ Win ရာ..."
"ဟုတ်ကဲ့ သူဌေးလေး..."
****
"ဟင်...Win..."
"ဘယ်မှာလဲ.... ဘယ်မှာလဲ..."
"အကုန်သိတယ်နော် Foei..."
"အေးလေ...ကြည့်ပါအုံး...."
"ဝုန်း...အ..."
"Ohh my God !!!"
"Wtf...တစ်ချက်ထဲ..."
"...."
20.2.2022
Mirella