ေမတၱာစံုညီ ခ်စ္ျခင္းေဝသီ /မေတ...

By Khinlay-Nyan

352K 38.4K 4.2K

ကျွန်တော်ကတော့ ဘာကိစ္စပဲဖြစ်ဖြစ် ပီတာထွန်းညွန့်ဆိုတဲ့ ကောင်လေးဘက်ကိုသာ ယိမ်းယိုင်ပါ့မယ် ... More

မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (1)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (2)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (3)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (4)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (5)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode(6)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 7)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (8)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode( 9)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode( 10)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 11)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 12)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (13)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (14)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (15)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (16)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 17)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (18)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (19)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (20)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (21)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (23)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (24)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (25)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (26)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (27)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode(28)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (29)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 30)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (31)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (32)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (33)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (34)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (35)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (36)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (37)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (38)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (39)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (40)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (41)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (42)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (43)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (44)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (45)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (46)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (47)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (48)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (49)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (50)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (51)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (52)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (53)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (54)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (55)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (56)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (57)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (58)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (59)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (60)
မေတ္တာစုံညီ ချစ်ခြင်းဝေသီ Final Episode (61)
မေတ္တာစာလွှာ
My Green Forest
အကြောင်းကြားလွှာ
အကူအညီတောင်းခံလွှာ/အကူအညီေတာင္းခံလႊာ
Extra (1)
Extra (2)

မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (22)

5.1K 665 63
By Khinlay-Nyan

ေမတၱာစုံညီ ခ်စ္ျခင္းေဝသီ Eipsode (22)

ပီတာထြန္းၫႊန့္ သတိဝင္လာသည့္အခ်ိန္တြင္ မ်က္ႏွာတစ္ခုလုံးပူေလာင္လာၿပီး အနီးအနားပတ္ဝန္းက်င္ကို ဝေ့ဝဲပြီးကြည့်လ်ိုက်မိသည် ။ သူတ်ို့နှစ်ယောက်ကို ေသေသခ်ာခ်ာၾကည့္ေနၾကသည့္လူမ်ား ။ ျမတ္ပိုးဝါဆိုသည့္မိန္းကေလး၏မ်က္ႏွာတြင္ သာမန္အံ့ၾသမႈကိုသာ ေတြ႕ရ၏ ။ ကိုယ့္ရည္းစားက အျခားသူကို ဂ႐ုစိုက္လွ်င္ျဖစ္ေပၚလာတတ္ေသာမေက်နပ္ေသာအရိပ္အေယာင္ကို ထိုမိန္းကေလးဆီတြင္ မေတြ႕ရ ။ ေဒၚေ႐ႊအိ၏မ်က္ႏွာကေတာ့ အနည္းငယ္ပ်က္ယြင္းေနသလိုပင္ ။ မ်က္ခုံးတန္းမ်ားသည္ အနည္းငယ္မွ် စုက်ဳံ႕ေန၏ ။

ေ႐ႊရိုးေနာင္ကိုေမာ့ၾကည့္မိေတာ့ စိုးရိမ္တႀကီးျဖစ္ေနသည္ကိုေတြ႕လိုက္ရသည္ ။ ေက်ာေပၚရွိအႏြေးဓာတ္သည္ ယခုထိရွိဆဲျဖစ္သလို ထိုလူဆီမွရရွိတတ္သည့္ ပူရွိန္းရွိန္းအေမႊးနံ႕သည္ သည္ေန႕မွပို၍ေမႊးပ်ံ့ေန၏ ။ ထိုေကာင္ေလး၏ေခါင္းထဲတြင္ မည္သည့္အရာကိုေတြးေနမွန္း ပီတာထြန္းၫႊန့္သိခ်င္မိသည္ ။ ပီတာထြန္းၫႊန့္၏ရင္ထဲတြင္ ခုန္ျမည္ေနေသာ ႏွလုံးသားေလးသည္ အျပင္သို႔ပင္ ေပါက္ထြက္ေတာ့မလို ။ လက္မ်ားသည္လည္း အားအင္မရွိေတာ့သလိုျဖစ္ေနၿပီး တဆတ္ဆတ္တုန္ယင္ေန၏ ။

ေက်ာေပၚရွိလက္ကိုပုတ္ခ်လိဳက္၍ ေဘာင္းဘီအိတ္ထဲမွ ငါးေထာင္တန္ကိုထုတ္ယူၿပီး စားပြဲခုံေပၚတင္လိုက္သည္ ။ မတ္တတ္ထရပ္လိုက္ေသာ္လည္း ေျခေထာက္မ်ားသည္ အနည္းငယ္ေခြယိုင္ခ်င္ေန၏ ။ မနည္းပင္အားတင္း၍ ၿခံထဲမွထြက္လိုက္ရၿပီး ေနာက္ျပန္မၾကည့္မိေစရန္ အံႀကိတ္ထားလိုက္ရသည္ ။

လွည့္မၾကည့္နဲ႕ ။ လွည့္မၾကည့္လိုက္နဲ႕ ။ မင္း လုံးဝက်ို လွည့္မၾကည့္နဲ႕ ။

အာ႐ုံေထြျပားေနသျဖင့္ လမ္းၾကားမွထြက္လာသည့္ ကားကိုပင္မျမင္ ။ ကားဟြန္းသံကိုလည္းမၾကားမိေတာ့ ။ ကားေခါင္းထဲမွ သက္လတ္ပိုင္းအ႐ြယ္လူတစ္ေယာက္၏ ဦးေခါင္းထြက္လာသည္ ။ ထိုသူ၏မ်က္ႏွာသည္ ေတာ္ေတာ္ေလးကိုေဒါသထြက္ေနဟန္ပင္ ။ " ေသခ်င္ရင္လဲတျခားေနရာသြား "ဆ်ိုသည့် ခပ္မာမာအသံကိုပါ ၾကားလိုက္ရသည္ ။ စိတ္မဆိုးမိသလို မည္သည့္စကားကိုမွ မတုံ႕ျပန္မိ ။ ေၾကာင္ေတာင္ေတာင္ႏွင့္သာ ၾကည့္ေနမိသည္ ။ ယခုအခ်ိန္ အျဖစ္ခ်င္ဆုံးဆႏၵမွာ အိမ္ကိုအျမန္ဆုံးျပန္ေရာက္ခ်င္ၿပီး အိပ္ရာထဲတြင္ၿငိမ္ၿငိမ္ေလးေနခ်င္၏ ။

မ်ိဳးဝင္း ေ႐ႊရိုးေနာင္ရပ္ေနသည့္ေနရာကို မ်က္လုံးေဝ့ၾကည့္ရင္း ရယ္ျပရမလို ၊ ၿပဳံးျပရမလိုႏွင့္ အူလည္လည္ျဖစ္ရျပန္သည္ ။ ဟိုေကာင္ကလည္း
မည္သည့္အေၾကာင္းေၾကာင့္ ယခုလိုမျ်ိုး ကဲကဲဆတ္ျဖစ္သြားမွန္း စဥ္းစားမရေတာ့ ။ ေစတနာႏွင့္
ေက်ာဖိေပးသည္ကိုပင္ လက္ကိုပုတ္ခ်သြားေသး၏ ။ ၾကားထဲမွမ်က္ႏွာပူပါသည္ ။ ယခုဟာက ေ႐ႊရိုးေနာင္တစ္ေယာက္တည္းမဟုတ္ဘဲ သူ႕မိသားစုမ်ားပါ ရွိေနသည့္အေျခအေန ။ လုပ္ခ်င္သည္ကိုလုပ္ၿပီး ထြက္သြားသည့္ေကာင္ကို ငယ္ထိပ္ထုပစ္လိုက္ခ်င္သည္ ။

ေတြ႕မယ္ ၊ ေတြ႕မယ္ ။ ညေနက်မွ မင္းနဲ႕ငါ ေတြ႕မယ္ ငရစ္ေကာင္ ။ ဒီဆိုင္မွာလာစားခ်င္ေတာ့လဲ သူပဲ ။
ျပသနာရွာၿပီးထြက္သြားေတာ့လဲ သူပဲ ။ ငရစ္ေကာင္စားသြားတဲ့ မုန့္ဟင္းခါးပန္းကန္ကိုၾကည့္ၿပီး
မ်ိဳးဝင္းေတာင္ တြန့္ခနဲျဖစ္သြားရတယ္ ။ အစပ္မစားနိုင္တဲ့ေကာင္က င႐ုတ္သီးမႈန့္ေတြထည့္ထားတာမ်ား ရဲတြတ္လို႔ပဲ ။ ဒီေကာင္ေတာ့ ဘာေတြအတတ္ဆန္းျပန္ၿပီလဲမသိဘူး ။

မ်ိဳးဝင္း စားပြဲေပၚရွိ ငါးေထာင္တန္ကိုေကာက္ယူ၍ ေ႐ႊရိုးေနာင္၏လက္ထဲထည့္ေပးလိုက္၏ ။ မပီဝိုးတဝါးအၿပဳံးတစ္ခုကို ေ႐ႊရိုးေနာင္၏မ်က္ႏွာတြင္ ေတြ႕လိုက္ရသည္ ။ မ်က္အိမ္စပ္တြင္လည္း အရည္အခ်ိဳ႕ရစ္သိုင္းေန၏ ။ င႐ုတ္သီးစပ္သည္ကတစ္ေယာက္ ၊ မျက်ရည်စအချ်ို့ရှိနေသည်ကတစ်ယောက် ။

ေ႐ႊရိုးေနာင္လက္ထဲရွိငါးေထာင္တန္ကို ပိုက္ဆံပုံးထဲထည့္လိုက္၍ ပိုသည့္ပိုက္ဆံကို မျ်ိုးဝင်းဆီသို့လှမ်းပေးလိုက်သည် ။ ဟင္းရည္အိုးမွအေငြ႕တလူလူထြက္ေနသလို သူ႕ရင္ထဲတြင္လည္း ပူေလာင္လွပါၿပီ ။ ေနာက္နားဆီမွ " ဟင္းရည္ထည့္အုံးေလ "ဆိုသည့္အသံထြက္လာမွ ချိုင့်ထဲကိုဟင်းရည်များဆက်ထည့်ရန်သတ်ိရ၏ ။ လွည့္ၾကည့္လိုက္ေတာ့
သူ႕ကိုစိုက္ၾကည့္ေနသည့္ ျမတ္ပိုးဝါ ။ ဘာမွေတာ့ ထပ္ေျပာမလာေပ ။ ေ႐ႊရိုးေနာင္သည္ ဘယ္ေသာအခါမွ ေသြးပူတတ္သူမဟုတ္ ။ လုပ္သင့္ ၊ မလုပ္သင့္ကိုအၿမဲစဥ္းစားတတ္သူ ။ ယခုေတာ့ ထိုထိန္းခ်ဳပ္နိုင္မႈတို႔သည္ ေလႏွင့္အတူလြင့္ပါသြားသလိုပင္ ။ ထိုေကာင္ေလးႏွင့္ပတ္သက္လာလွ်င္ ျဖစ္သင့္သည္ ၊ မျဖစ္သင့္သည္ကို မစဥ္းစားနိုင္ေတာ့ ။ ျဖစ္ခ်င္သည္ကိုသာ သိေတာ့၏ ။

ျမတ္ပိုးဝါကိုပင္ စကားမ်ားမ်ားမေျပာနိုင္ ။ အလုပ္လုပ္ေနေသာ္လည္း စိတ္ႏွင့္လူ မကပ္သလိုမ်ိဳးျဖစ္ေန၏ ။ သက္ျပင္းခိုးခ်မိသည္ ။ နဂိုအခ်ိန္မ်ားလို စားေနက်ေဖာက္သည္မ်ားကိုပင္ ႏႈတ္ဆက္စကားမ်ားမ်ားမဆိုနိုင္သည့္ အေျခအေနတစ္ခုပင္ ။ ခုံေပၚတြင္ထိုင္ရင္း လက္ကိုျဖန့္ၾကည့္မိ၏ ။ အထိအေတြ႕သည္ယခုထိ ရွိေနသလို ။ ေခ်ာင္းဆိုးသျဖင့္ ေနာက္ေက်ာျပင္သည္လႈပ္ခါေနၿပီး အက်ီတြင္ပင္ေခြၽးစအခ်ိဳ႕ရွိေနသည္ ။ မ်က္လုံးကိုမွိတ္ခ်လိဳက္ၿပီး ဝင္ေလထြက္ေလ မွန္ေစရန္ အာ႐ုံျပဳရ၏ ။

ေဒၚေ႐ႊအိ ေ႐ႊရိုးေနာင္ကို ထပ္ခါတလဲလဲအကဲခတ္ေနမိသည္ ။ ပ်က္ယြင္းေနသည့္မ်က္ႏွာႏွင့္အတူ တိတ္ဆိတ္ၿငိမ္သက္သြားမႈ ။ မိခင္ျဖစ္သည့္အားေလ်ာ္စြာ သားသမီးမ်ား၏မ်က္ႏွာကိုၾကည့္သည္ႏွင့္ အနည္းႏွင့္အမ်ားေတာ့ ခန့္မွန္းနိုင္သည္ ။
သက္ျပင္းေမာႀကီးခ်မိ၏ ။ ထုတ္ေျပာ၍လည္းမျဖစ္ ။ ထို႔အတြက္ေၾကာင့္ မသိဟန္သာေဆာင္မိ၏ ။

အေမထင္သလိုမ်ိဳး မျဖစ္ပါေစနဲ႕ သားႀကီးရယ္ ။

ပီတာထြန္းၫႊန့္ ၿခံထဲေျခခ်လိဳက္သည္ႏွင့္ အပင္မ်ားကိုေရေလာင္းေနသည့္ ဦးထြန္းၫႊန့္ကလွမ္းၾကည့္လာသည္ ။ ဦးထြန္းၫႊန့္မ်က္ႏွာမွာ ပ်က္သြား၏ ။ လက္ထဲရွိေရပိုက္ကို ေခါက္ကိုင္လိုက္ၿပီးေတာ့ ပီတာထြန္းၫႊန့္အနားကို ကပ္သြားလိုက္သည့္ ဦးထြန္းၫႊန့္ ။

" သားေလး ဘာျဖစ္လာတာလဲ ၊ ေနမေကာင္းဘူးလား ၊ မ်က္ႏွာကလဲနီရဲေနတာပဲ "

ေခါင္းကိုသာခါျပမိသည္ ။ " ကြၽန္ေတာ္ေနေကာင္းပါတယ္ "ဆိုသည့်အသံတ်ိုးတိုးကိုပါ ၾကားလိုက္ရ၏ ။ မ်က္ႏွာကိုလက္ႏွစ္ဖက္လုံးႏွင့္ပြတ္လိုက္သည့္အခါ မ်က္ႏွာႏုႏုသည္ ပို၍ပင္ရဲတက္လာသည္ ။ ဦးထြန္းၫႊန့္ကလည္း ပီတာထြန္းၫႊန့္ကိုသာ ေသေသခ်ာခ်ာၾကည့္ေနမိ၏ ။

" ကြၽန္ေတာ္ မေန႕ညက ေသခ်ာမအိပ္လိုက္ရလို႔ျဖစ္လိမ့္မယ္ အေဖ "

" အင္း "

" အဲဒါအခုသြားအိပ္လိုက္ဖို႔ အေဖ "

ဆက္ၿပီးမေမးေအာင္ ႀကိဳပိတ္လိုက္သည့္သေဘာ ။ ဦးထြန္းၫႊန့္ အလိုက္တသိပင္ ေခါင္းညိတ္ျပလိုက္သည္ ။ သို႔ေသာ္ ပီတာထြန္းၫႊန့္၏ေနာက္ေက်ာျပင္ကိုေတာ့ မ်က္စိတစ္ဆုံးလိုက္ၾကည့္မိၿပီး ရင္ထဲတစ္မ်ိဳးတစ္မည္ခံစားလိုက္ရ၏ ။

သားေလး ဘာမ်ားျဖစ္ေနပါလိမ့္ ။

အိမ္ထဲေရာက္သည္ႏွင့္ အခန္းထဲတန္းဝင္ၿပီး အခန္းတံခါးကို ပိတ္လိုက္မိသည္ ။ တစ္ကိုယ္လုံးသည္ ေအးစိမ့္စိမ့္ျဖစ္ေနၿပီး ေန၍မေကာင္းေတာ့ ။
အိပ္ေရးမဝျခင္းေၾကာင့္ ျဖစ္ေပလိမ့္မည္ ။ ေျခရင္းရွိေစာင္ကို ခႏၶာကိုယ္ေပၚသို႔ဆြဲယူၿခဳံၿပီးသည္အထိ ေအးစိမ့္မႈက ေပ်ာက္မသြားေသးေပ ။ ရင္ဘတ္ေပၚသို႔လက္တင္လိုက္သည့္အခါ တဒိတ္ဒိတ္ခုန္ေနသံ ။ ပီတာထြန္းၫႊန့္ သူ႕လက္ဖဝါးေလးကိုပင္ သနားမိ၏ ။ သူ႕ခမ်ာ ႏွလုံးသား၏အဆမတန္ခုန္ေနမႈကို လန့္သြားေပလိမ့္မည္ ။ မ်က္လုံးကိုႀကိဳးစားမွိတ္ၾကည့္ေသာ္လည္း ထူးျခားမလာေခ် ။
မည္ကဲ့သို႔မွအိပ္မရ ။ မ်က္လုံးကိုျပန္ဖြင့္လိုက္ေတာ့ ယခုေလးတင္ျဖစ္သြားသည့္ ပုံရိပ္မ်ားက အစီအစဥ္တက်ပဳံရိပ္ထင္လာသည္ ။

စေတြ႕သည့္အခ်ိန္မွစ၍ ယခုထိျဖစ္ပ်က္သြားမႈမ်ားကိုျပန္စဥ္းစားမိေတာ့ ရင္ထဲလွိုက္ဖိုေမာလာ၏ ။ သူသည္ ဘယ္ေသာအခါမွ ေ႐ႊရိုးေနာင္အေပၚတြင္ ေကာင္းေကာင္းမြန္မြန္ဆက္ဆံခဲ့သည္မဟုတ္ ။ အၿမဲတမ္းလိုလို ရန္စြယ္ေငါေငါႏွင့္သာ ျပဳမႈခဲ့သည္အႀကိမ္အေရအတြက္ကလည္း မနည္းလွ ။

ေဘးနားရွိဖုန္းကိုယူ၍ ဓာတ္ပုံမ်ားကိုဖြင့္ၾကည့္မိသည္ ။ အလႉေန႕ကရိုက္ထားသည့္ပုံမ်ားမွ ခပ္မ်ားမ်ားပင္ ။ တစ္ပုံခ်င္းစီကိုဆြဲၾကည့္ေနရင္း ပုံတစ္ပုံဆီအေရာက္မွာေတာ့ လက္ညွိုးထိပ္ေလးသည္ၿငိမ္သက္သြားၿပီး ထိုဓာတ္ပုံကိုသာ အခ်ိန္ၾကာျမင့္စြာ ၾကည့္ေနမိသည္ ။ ၿပဳံးရယ္ေနသည့္သူ ။ မသိေအာင္ခိုးရိုက္ထားသည့္အတြက္ ေဘးတေစာင္းပုံမ်ားသာမ်ား၏ ။ ရွပ္လက္ကြက္အရွည္ကိုတံေတာင္ဆစ္အထိဆြဲတင္ထားၿပီး ဟင္းရည္အိုးကို အားႀကိဳးမာန္တက္ေမႊေနသူ ။ အပူေငြ႕ဟပ္ေနသျဖင့္ မ်က္ႏွာသည္လည္း အနည္းငယ္နီေနသလို ေခြၽးစအခ်ိဳ႕လည္းရွိေနသည္ ။

ဖုန္းကိုရင္ဘတ္ေပၚတင္ၿပီး မ်က္လုံးအစုံကို မ်က္ႏွာၾကက္ဆီသို႔ ပို႔ထားလိုက္၏ ။ အိပ္ေရးပ်က္သည့္အက်ိဳးဆက္ေၾကာင့္ တျဖည္းျဖည္းမ်က္ခြံမ်ားသည္ ေလးလံလာ၏ ။
အျပည့္အဝအိပ္မေပ်ာ္သြားခင္မွာပင္ ေ႐ႊရိုးေနာင္၏အၿပဳံးမ်က္ႏွာသည္ မ်က္လုံးထဲေပၚလာျပန္သည္ ။

ေက်းဇူးရွင္ေရ ငါ ေအးေအးေဆးေဆးအိပ္ပါရေစဟ ။

တံခါးေခါက္သံသဲ့သဲ့ ။ အိပ္မက္မက္ေနသလို ခံစားေနရသည္ ။ ပိုက်ယ္လာေသာတံခါးေခါက္သံေၾကာင့္ မ်က္လုံးမ်ားပြင့္လာၿပီး ေဘးပတ္ဝန္းက်င္ကိုၾကည့္မိ၏ ။ ေန႕အလင္းေရာင္ရွိေနေသးသည့္အတြက္ သိပ္အၾကာႀကီးေတာ့အိပ္လိုက္ဟန္မတူေပ ။

" ဦးငယ္ေရ...ဦးငယ္ ဘြားဘြားက ထမင္းစားဖို႔ေခၚခိုင္းလိုက္လို႔ ၊ ဦးငယ္အိပ္ေပ်ာ္ေနတာလား ...ဦးငယ္ "

ေခ်ာင္းတစ္ခ်က္ဟန့္ၿပီးမွ စကားျပန္ေျပာနိုင္သည္ ။

" ဦးငယ္ နိုးၿပီ ျဖဴ ၊ အေမ့ကိုလာခဲ့မယ္လို႔ ေျပာလိုက္ေနာ္ "

" ဟုတ္...ဟုတ္ "

ေျခသံဖြဖြသည္ အခန္းေရွ႕မွေပ်ာက္ကြယ္သြား၏ ။ ပီတာထြန္းၫႊန့္ အိပ္ရာေပၚမွ လူးလဲထလိုက္ၿပီး ေရသန့္ဘူးထဲမွေရကို အငမ္းမရေမာ့ေသာက္မိသည္ ။ ေရေသာက္လိုက္မွ အာေျခာက္ေနသည္လည္းသက္သာသြားသလို ေခါင္းထဲလည္း အနည္းငယ္မွ်ၾကည္လင္လာ၏ ။ ဗိုက္ထဲမွျမည္လာေသာ ဂြီခနဲအသံ ။ နံနက္ကတည္းက ဘာမွေရေရရာရာမစားရေသးသည့္အတြက္ အစာအိမ္သည္လည္း သိသာစြာပင္ ဆႏၵျပေခ်ၿပီ ။ မွန္ေရွ႕သြားရပ္လိုက္ၿပီး ကိုယ့္မ်က္ႏွာကိုေသေသခ်ာခ်ာၾကည့္လိုက္မိသည္ ။ အစကလိုသိပ္႐ုပ္မပ်က္ေတာ့ေပ ။ သုံးနာရီခန့္အိပ္လိုက္ရ၍ မ်က္ႏွာသည္ အနည္းငယ္ျပည့္လာ၏ ။

ေတာ္ေသးတာေပါ့ ။ မနက္ကလိုပုံစံဆိုရင္ အေမျမင္ၿပီး စိတ္မေကာင္းျဖစ္ေနမွာ ။

ထမင္းစားပြဲသို႔မသြားေသးဘဲ ရေချ်ိုးခန်းထဲဝင်၍မျက်နှာအရင်သစ်လိုက်ရ၏ ။ လက္တြင္စိုေနသည့္ေရႏွင့္ပင္ ဆံပင္မ်ားကိုသပ္တင္လိုက္ၿပီး
မ်က္ႏွာရွိေရမ်ားကိုလည္း လက္ႏွင့္ပင္သုတ္ခ်လိဳက္သည္ ။

ပီတာထြန္းၫႊန့္ ထမင္းစားပြဲမွာဝင္ထိုင္လိုက္သည္ႏွင့္ ထမင္းထည့္ၿပီးသားပန္းကန္ကိုေရွ႕သို႔ခ်လာေပးသည့္ ေဒၚေအးျမ ။ မ်က္ႏွာကိုလည္း အကဲခတ္ေနေသးသည္ ။ ပီတာထြန္းၫႊန့္ ဟန္လုပ္၍ရယ္ျပလိုက္ရ၏ ။

ဦးထြန္းၫႊန့္လည္း ပီတာထြန္းၫႊန့္ကို မသိမသာအကဲခတ္ေနမိသည္ ။ နံနက္ကလိုေတာ့ မ်က္ႏွာသည္ ႐ုပ္ပ်က္မေနေတာ့ ။ ဦးထြန္းၫႊန့္ ငါးရံ႕ေျခာက္ပန္းကန္ကို ပီတာထြန္းၫႊန့္ေရွ႕သို႔ တြန္းပို႔လိုက္သည္ ။

" သားႀကိဳက္တဲ့ငါးရံ႕ေျခာက္ဖုတ္ ၊ မ်ားမ်ားထည့္စား "

ေခါင္းညိတ္ျပေသာ္လည္း တုံ႕ျပန္စကားေတာ့မလာ ။ ငါးရံ႕ေျခာက္ဖုတ္တစ္ဇြန္းကိုခပ္၍ပန္းကန္ထဲထည့္ၿပီး မ်က္ႏွာမေဖာ္ဘဲစားေနသည့္ ပီတာထြန္းၫႊန့္ေၾကာင့္ ဦးထြန္းၫႊန့္ႏွင့္ေဒၚေအးျမ အခ်င္းခ်င္းၾကည့္လိုက္မိသည္ ။

ထမင္းကိုဘာအရည္မွမပါဘဲ သည္အတိုင္းစားေနလွ်င္ အာေျခာက္မည္ျဖစ္သျဖင့္ ေဒၚေအးျမသည္ ပဲဟင်းချ်ိုပန်းကန်ကိုယူ၍ ဟင္းရည္ငါးဇြန္းခန့္မွ်ခပ္ထည့္ေပးလိုက္ေတာ့ ေမာ့ၾကည့္လာသည့္ မ်က္အိမ္ရွည္ရွည္ ။ ႏႈတ္ခမ္းေလးသည္မဲ့သြားသလိုပင္ ။ ခ်က္ခ်င္းပင္အၾကည့္လႊဲသြားၿပီး ထမင္းကိုဆက္စားေနေလသည္ ။ နဂိုကဆိုလွ်င္ ထမင္းစားသည့္အခါတိုင္း တူမျဖစ္သူ ေအးျဖဴျဖဴႏွင့္ စကားတြတ္ထိုးတတ္သူသည္ ယေန႕တြင္ေတာ့စကားတစ္ခြန္းမဆိုဘဲ ၿငိမ္ခ်က္သားေကာင္းေန၏ ။

ပန္းကန္ေဆးသည့္အခါတြင္လည္း ဦးထြန္းၫႊန့္ႏွင့္ေဒၚေအးျမ၏ပန္းကန္ကိုပါ ယူေဆးေပးသည့္ သားျဖစ္သူကိုၾကည့္၍ သူတို႔ႏွစ္ေယာက္လုံး အေတြးမ်ားရျပန္သည္ ။ သူတို႔၏ တစ္ဦးတည္းေသာသားေလးသည္ တစ္ခုခုေတာ့ျဖစ္ေနေခ်ၿပီ ။
ခက္သည္မွာ ထိုတစ္ခုခုကိုဘာမွန္းမသိျခင္းပင္ ။

ပီတာထြန္းၫႊန့္ သူ႕အခန္းထဲျပန္ဝင္သြားမွ ေအးျဖဴျဖဴကို တိုးတိုးက်ိတ္က်ိတ္ေမးျမန္းရသည္ ။

" ျဖဴ သမီးရဲ႕ဦးငယ္  မေန႕ညေနကဘာျဖစ္လာေသးလဲ "

ေမြးေန႕ျပဳလုပ္သည့္ရက္ကလည္း အေကာင္း ၊ ေနာက္တစ္ရက္လည္းအေကာင္း ၊ ညေနဘက္အထည္သြားေ႐ြးမည္ဆိုၿပီး တူအရီးႏွစ္ေယာက္ထြက္သြားၿပီး ျပန္လာသည့္အခါမွာေတာ့ ပီတာထြန္းၫႊန့္၏မ်က္ႏွာပ်က္ေနသည္ကို ေဒၚေအးျမ သတိထားမိသည္ ။ တရားဝင္သတ္သတ္မွတ္မွတ္
ရည္းစားဆိုၿပီး ယခုထက္တိုင္မရွိေသးေသာ္လည္း
သေဘာက်သည့္မိန္းကေလးေတာ့ ရွိနိုင္သည္ပင္ ။

ေဒၚေအးျမ ကေလးကို ရည္းစားဆိုသည့္ကိစၥမေျပာခ်င္၍ အေပၚယံသာ ေမးလိုက္သည္ ။ သူတို႔ႏွစ္ေယာက္က သူငယ္ခ်င္းလိုေပါင္းၾကသည္ဆိုေတာ့ လူႀကီးမ်ားထက္  ဘာအေၾကာင္းကိုျဖစ္ျဖစ္ အနည္းႏွင့္အမ်ားပိုသိနိုင္၏ ။

ေအးျဖဴျဖဴ မ်က္လုံးေလးေထာင့္ကပ္လိုက္ၿပီး ေခါင္းခါလိုက္သည္ ။

ဘြားဘြားက ဘာကိုေမးတာလဲမသိဘူး ။

" မေန႕ညေနက... ျဖဴ သိသေလာက္ေတာ့ ဘာမွမျဖစ္ပါဘူး ဘြားဘြား "

" ဟုတ္လား ေျမးေလး ၊ နန်းရဲ့အပ်ချုပ်ဆ်ိုင်မှာရော "

ေအးျဖဴျဖဴ၏မ်က္လုံးသည္ အေရာင္လက္လာသည္ ။ ဟုတ္သည္ ။ အန္တီနန္း၏အပ္ခ်ဳပ္ဆိုင္တြင္ ေတြ႕ခဲ့ရသည့္ ခပ္လွလွအစ္မႀကီးကို ဦးငယ္ ၾကည့္မရျဖစ္ေနသည္ဟု ျဖဴ ထင္ျမင္မိ၏ ။ သည္ေလာက္လွသည့္အစ္မႀကီးကို ဦးငယ္ အျမင္မၾကည္ျဖစ္သည့္အတြက္ ျဖဴ အနည္းငယ္ေတာ့ အံ့ၾသမိသလိုပင္ ။ သို႔ေပမဲ့ ထိုအေၾကာင္းကို မေျပာျပခ်င္ပါ ။ ဦးငယ္ကို စိတ္ပုပ္သည္ဟု ထင္ျမင္မည္ကိုစိတ္ပူမိပါသည္ ။ ဘြားဘြားကအေၾကာင္းမဟုတ္ေသာ္လည္း ဘိုးဘိုးကစိတ္ပုပ္လွ်င္မႀကိဳက္ ။ ထို႔အတြက္ေၾကာင့္ ေအးျဖဴျဖဴ ေခါင္းကိုသာခါျပလိုက္မိသည္ ။

" ဘာမွမျဖစ္ပါဘူး ဘြားဘြား "

ဦးထြန္းၫႊန့္ ေဒၚေအးျမကိုဆက္မေမးရန္ မ်က္ရိပ္ျပလိုက္သည္ ။ ေဒၚေအးျမကလည္း ေခါင္းျပန္ညိတ္ျပ၏ ။ ေအးျဖဴျဖဴလည္းဖုန္းလည္းဖြင့္ၿပီး
သူႀကိဳက္သည့္အဆိုေတာ္မ်ား၏ သီခ်င္းမ်ားကိုသာ ဖြင့္ၾကည့္ေနလိုက္သည္ ။

ဦးထြန္းၫႊန့္ ဧည့္ခန္းရွိခုံတြင္ထိုင္ေနရင္း ပိတ္ထားသည့္ ပီတာထြန္းၫႊန့္၏အခန္းကို ၾကည့္လိုက္ၿပီး
သက္ျပင္းခ်လိဳက္သည္ ။ အၿမဲတမ္းတက္ႂကြေနတတ္သည့္ သားျဖစ္သူကို ယခုလိုမ်ိဳး မွိုင္မွိုင္ေတြေတြပုံမ်ိဳးႏွင့္ျမင္ရသည့္အခါ အသားမက်နိဳင္ဘဲ စိတ္ထဲ စနိုးစေနာင့္ျဖစ္ရ၏ ။ ပီတာထြန္းၫႊန့္ထံတြင္ ကိစၥႀကီးႀကီးက်ယ္က်ယ္မျဖစ္ေစရန္လည္း ဦးထြန္းၫႊန့္ ဆုေတာင္းေနမိသည္ ။

ပီတာထြန္းၫႊန့္ အခန္းထဲတြင္ပူေနသျဖင့္ တံခါးေပါက္မ်ားကိုဖြင့္လိုက္သည္ႏွင့္ သီခ်င္းသံကိုပါၾကားလိုက္ရသည္ ။
ျမန္မာသီခ်င္းပင္ ။ ထိုခပ္ေအးေအးျမန္မာသီခ်င္းကို ထီကားဆီမွ ဖြင့္ထားပုံရသည္ ။ လကုန္ရက္နီးလာၿပီဆိုလွ်င္ ထီကားမ်ား ၊ တြန္းလွည္းႏွင့္ေရာင္းသည့္ထီသမားမ်ားကို ရပ္ကြက္ထဲတြင္ အေတြ႕မ်ားသည္ ။ ထိုထီကားသည္ သီခ်င္းတစ္ပုဒ္တည္းကိုသာ အႀကိမ္ႀကိမ္ဖြင့္ေန၏ ။ ခ်ိဳေအးေအးသီခ်င္းသံႏွင့္ သံယာေသာဂီတသံသည္ လိုက္ဖက္စြာႏွင့္ ညင္ညင္သာသာ ပ်ံ့လြင့္ေနသည္ ။
စိတ္ညစ္မႈမ်ားပင္ ခဏမွ်ေပ်ာက္သြားသကဲ့သို႔ ခံစားလိုက္ရၿပီး ျပတင္းေပါက္ေပၚလက္တင္၍ သီခ်င္းသံကို နားစိုက္ေထာင္ေနမိ၏ ။

(ကမၻာေပၚမွာလူတိုင္း စကားေလးႏွစ္ခြန္းကို ေျပာဖူးၾကတယ္ ...ဒါဟာခ်စ္တယ္တဲ့...
ကမၻာေပၚမွာလူတိုင္း မေျပာဖူးတဲ့သူမရွိပါဘူးကြယ္
အဲဒါဟာ ခ်စ္တယ္တဲ့...
အဘိုးကလဲ ...အဘြားကိုခ်စ္တယ္ေျပာမွာပဲ
အေဖကလဲ ...အေမ့ကို ခ်စ္တယ္၊ခ်စ္တယ္နဲ႕
ကိုယ္ကလဲမင္းကို ေျပာပါမယ္... ခ်စ္တယ္
ခ်စ္တယ္ကြယ္ ...ႏွလုံးသားထဲအသည္းထဲနင့္ေအာင္ ခ်စ္ပါတယ္
အရိုးဆုံးနဲ႕ အရွင္းဆုံးေလးမို႔ နားရည္လည္...
အချစ်အဓိပ္ပါယ်လေးတော့ အမ်ိဳးမ်ိဳးဖြင့္ၾကပါလိမ့္မယ္
ကိုယ့္အယူအဆနဲ႕ကိုယ္ ...ခ်စ္တယ္ကြယ္
ႏွလုံးသားထဲအသည္းထဲနင့္ေအာင္ ...ခ်စ္ပါတယ္
အရိုးဆုံးနဲ႕အရွင္းဆုံးေလးမို႔ ေျပာခ်င္တယ္...
ႏွလုံးသားအေရးမို႔ကြယ္ ဦးႏွောက္ေလးနဲ႕မေတြးေတာ့ဘူး ...
ခ်စ္တာပဲ နားရည္လည္...)

အခ်စ္အေၾကာင္းကို ရိုးရွင္းစြာဖြဲ႕ဆိုထားသည့္ သီခ်င္းေလးသည္ တစ္စုံတစ္ေယာက္ကို သတိရသြားေစသည္ ။ ထိုသီခ်င္းထဲကလို သူ ေ႐ႊရိုးေနာင္ကို မခ်စ္ေသးပါ ။ ထိုသည္မွာေသခ်ာပါ၏ ။ သေဘာေတာ့က်သည္ ။
ေ႐ႊရိုးေနာင္ သူ႕ကိုဂ႐ုစိုက္ၿပီး အေလွ်ာ့ေပးသည္ကို
တိတ္တိတ္ေလးေက်နပ္မိသည္ ။ သူမဟုတ္သည့္ အျခားသူက ေ႐ႊရိုးေနာင္ကို ေျခပါလက္ပါလုပ္သည္ကိုလည္း သူမႀကိဳက္ ။

ထိုသေဘာက်သည့္စိတ္မွာ အခ်ိန္ဘယ္ေ႐ြ႕ဘယ္မွ် ၾကာနိုင္လဲဆိုသည္ကိုလည္း သူ ေသခ်ာပိုင္နိုင္စြာ မေျပာနိုင္ေပ ။ သူ႕ဘဝတစ္သက္တာလုံးတြင္ မိန္းကေလးမ်ားကိုသာ သေဘာက်ခဲ့မိသည္ ။ ေ႐ႊရိုးေနာင္ႏွင့္ေတြ႕မွ သူ႕စိတ္မ်ားသည္ ကေျပာင္းကျပန္ျဖစ္သြားရ၏ ။

သီခ်င္းသံေလးသည္ တျဖည္းျဖည္းေဝးသြား၏ ။ ၾကည့္လိုက္မိေတာ့ ထီကားသည္လည္း အိမ္ေရွ႕တြင္မရွိေတာ့ ။

ၾကမ္းျပင္ေပၚထိုင္ခ်ကာ ဆံပင္မ်ားကို တဗ်င္းဗ်င္းျမည္ေအာင္အားရပါးရကုတ္လိုက္မိသည္ ။

စိတ္ရႈပ္လိုက္တာ ။ အခုကိစၥကိုတစ္ေယာက္တည္းေတာ့ မေျဖရွင္းနိုင္ဘူး ။ ေျပးၾကည့္ေတာ့လဲ တိုင္ပင္စရာဆိုလို႔ ဟိုႏွစ္ေကာင္သာ အာ႐ုံထဲေပၚလာတယ္ ။

မ်ိဳးဝင္းႏွင့္ေကာင္းေက်ာ္သည္ ညေနေျခာက္နာရီေက်ာ္မွသာ အိမ္ျပန္ေရာက္ၾကမွာဆိုေတာ့ ထိုင္ေစာင့္ရန္သာရွိေတာ့သည္ ။

ပ်င္းပ်င္းရွိသည္ႏွင့္အခန္းတြင္းရႈပ္ေထြးေနသည္မ်ားကို ရွင္းလိုက္ၿပီး အမွိုက္မ်ားကိုပါ အမွိုက္ပုံးထဲသို႔စုထည့္ထားလိုက္သည္ ။ အခန္းငယ္ေလးသည္
ယခင္ကထက္ပို၍ သန့္ရွင္းသြား၏ ။ ဆိုးေတာ့မဆိုးလွ ။ စိတ္ညစ္သည္ဆိုၿပီးငုတ္တုတ္ထိုင္ေနမည့္အစား ယခုလိုမ်ိဳးလႈပ္လႈပ္ရွားရွားလုပ္လိုက္ေတာ့ ေခြၽးမ်ားထြက္လာၿပီး ေနရသည္မွာလည္း သက္ေသာင့္သက္သာျဖစ္လာ၏ ။

ပီတာထြန္းၫႊန့္ နဖူးရွိေခြၽးမ်ားကိုသုတ္ရင္း ကိုယ့္ကိုယ္ကိုယ္အနံ႕ျပန္ခံၾကည့္မိသည္ ။ ေခြၽးနံ႕မ်ားသည္ လွိုက္တက္လာ၏ ။ မျဖစ္ေတာ့ေပ ။ ေရခ်ိဳးမွကိုအဆင္ေျပေတာ့မည္ ။

အခန္းထဲမွပုဆိုးတစ္ထည္ႏွင့္ တဘက္တစ္ထည္ကို ရင္ခြင္ပိုက္၍ထြက္လာသည့္ ပီတာထြန္းၫႊန့္ ။
ေဒၚေအးျမ၏အၾကည့္သည္ ပီတာထြန္းၫႊန့္ထံ ခ်က္ခ်င္းေရာက္လာသည္ ။

" သားေလး ေရခ်ိဳးဖို႔လား "

" ဟုတ္တယ္ အေမ ၊ မနက္ကလဲေရမခ်ိဳးဘဲ အိပ္ေပ်ာ္သြားတာေလ ၊ အခုေခြၽးနံ႕ေတြနံေနလို႔ ေရခ်ိဳးလိုက္ခ်င္လို႔ "

" အပူရွပ္ေနအုံးမယ္ကြယ္ "

" အပူမရွပ္ပါဘူး မေအးျမေရ ၊ သားေလးက အိမ္ထဲမွာပဲေနတာကို အပူမရွပ္ပါဘူး ၊ သား ေရမခ်ိဳးခင္ ေရတစ္ခြက္ျပည့္ျပည့္ေတာ့ေသာက္လိုက္ေနာ္ "

ဦးထြန္းၫႊန့္ ဝင္ေျပာလိုက္သျဖင့္ ေဒၚေအးျမလည္း ဘာမွဆက္မေျပာေတာ့ ။ " သြားခ်ိဳးေတာ့ "ဆိုၿပီး လွမ္းေျပာေလသည္ ။

ရေချ်ိုးခန်းထဲရောက်သည်နှင့် ပါးစပ္မွအလိုလိုေန၍ သီခ်င္းတစ္ပုဒ္ထြက္လာသည္ ။

အဘိုးကလဲ အဘြားကိုခ်စ္တယ္တဲ့
အေဖကလဲ အေမ့ကိုခ်စ္တယ္ ခ်စ္တယ္တဲ့
ငါကလဲ မင္းကိုသေဘာက်တယ္

အစီအစဥ္မက်ဘဲ ကေပါက္တိကေပါက္ခ်ာဆိုလိုက္မိသည့္ သီခ်င္းသံ ။ ဆိုၿပီးၿပီးခ်င္းခြိခနဲရယ္မိသည္ ။ မွန္ထဲတြင္ေပၚေနသည့္ စပ္ၿဖီးၿဖီး႐ုပ္ ။

ဘုရား ၊ ဘုရား ။ အေျပာင္းအလဲျမန္လိုက္တာ ။ မနက္က ေသမလိုျဖစ္ေနတာ တျခားတစ္ေယာက္လိုပဲ ။ ပီတာထြန္းၫႊန့္ေရ မင္း ဦးႏွောက္တစ္ခုခုမ်ား ျဖစ္ေနလား ။ အခုဝမ္းနည္းလိုက္ ၊ အခုေပ်ာ္လိုက္နဲ႕ ။

မ်က္ႏွာပိုးျပန္သတ္ကာ ေရစည္အေသးထဲမွေရကိုခပ္၍ ခႏၶာကိုယ္ေပၚသို႔ တဝုန္းဝုန္းေလာင္းခ်လိဳက္သည္ ။ ေအးစိမ့္ေသာေရသည္ လန္းဆန္းမႈကိုပါ ယူလာေပး၏ ။

မရည္႐ြယ္ဘဲႏွင့္ အခ်စ္သီခ်င္းတစ္ပုဒ္ကို ခပ္တိုးတိုး သီဆိုမိသည္ ။
မရည္႐ြယ္ဘဲႏွင့္ မင္းကို သတိရသည့္ႏွလုံးသားကိုေတာ့ နည္းနည္းေလးစိတ္ဆိုးမိပါ၏ ။

ညေနေျခာက္နာရီခြဲအခ်ိန္ခန့္

ပီတာထြန္းၫႊန့္ကိုေတြ႕သည္ႏွင့္ အပီအျပင္ႏွိပ္ကြပ္မည္ဟု ႀကံ႐ြယ္ထားသမွ်သည္ " ငါ့ကိုကယ္ၾကပါအုံးကြာ " ဆ်ိုသည့် ငိုမလိုအသံႀကီးေၾကာင့္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ျဖစ္သြားရ၏ ။ မ်ိဳးဝင္း လြယ္ထားသည့္အိတ္ႏွင့္ ကိုင္ထားသည့္ခ်ိဳင့္ကို နီးစပ္ရာတြင္ခ်လိဳက္ၿပီး ၾကမ္းျပင္ေပၚတြင္ ေမ်ာက္အိုႀကီးလိုထိုင္ေနသည့္ ပီတာထြန္းၫႊန့္အနားသို႔ အေျပးအလႊားေလွ်ာက္သြားမိသည္ ။ သင္း႐ုပ္က
ယခုပင္ ေသေတာ့မည့္ပုံစံမ်ိဳးႏွင့္ ။

ေကာင္းေက်ာ္ကေတာ့ စားပြဲခုံေရွ႕တြင္ထားထားသည့္ ခုံ၌ထိုင္လိုက္ၿပီး ၾကမ္းျပင္ေပၚမွႏွစ္ေယာက္ကိုသာ ေအးေအးေဆးေဆးၾကည့္ေနလိုက္သည္ ။ ႏွစ္ေကာင္သားသည္ လိုက္လည္းလိုက္၏ ။ ျဖစ္လိုက္ၿပီဆိုလွ်င္ မ်ိဳးဝင္းကယ္ပါ ၊ ပီတာကယ္ပါႏွင့္ ။ အဆုံးသတ္က်ေတာ့လည္း ဘာမွအေရးႀကီးသည္မဟုတ္ဘဲ ၿပီးသြားသည္ကခပ္မ်ားမ်ား ။

" ဘာျဖစ္တာလဲ ပီတာ ၊ မင္း ဘာျဖစ္လို႔လဲ ၊ ေျပာစမ္းပါကြာ ၊ မင္းၾကည့္ရတာ စိတ္မခ်မ္းသာလြန္းလို႔ "

ဘာစကားမွမေျပာေသးဘဲ တံခါးကိုလွမ္းၾကည့္သည္ ။ ေကာင္းေက်ာ္ အလိုက္တသိပင္ တံခါးခ်က္သြားခ်လိဳက္၏ ။ ထိုအခါ ပီတာထြန္းၫႊန့္ထံမွ
အသံခပ္တိုးတိုးထြက္လာသည္ ။

" ငါ gayေနၿပီ "

" ဘာ "

မ်ိဳးဝင္း၏အသံ ခပ္က်ယ္က်ယ္ထြက္လာသည္ႏွင့္ ပီတာထြန္းၫႊန့္၏လက္သီးခ်က္သည္ မ်ိဳးဝင္း၏ပခုံးေပၚသို႔ တန္းတန္းမတ္မတ္ေရာက္ရွိလာသည္ ။ နာလိုက္သည့္ျဖစ္ျခင္း ။ ရန္ျပန္မရွာနိုင္ ။

" Gayတယ္ဆိုေတာ့ မင္းက ဘယ္သူ႕ကို သေဘာက်သြားလို႔လဲ ၊ ဘယ္လိုျဖစ္တာလဲ ႏြားရာ ၊ မင္း အစက အကိတ္ေလးေတြကိုပဲ သေဘာက်ေနတာေလ ၊ အခုမွ ဘယ္လိုျဖစ္သြားရတာလဲ ၊ မင္း သေဘာက်တဲ့သူက ငါတို႔ရပ္ကြက္ထဲကပဲလား ၊ ငါတို႔သိတဲ့လူလား "

မ်ိဳးဝင္းဆီမွ တရစပ္ထြက္လာသည့္ေမးခြန္းမ်ားေၾကာင့္ ဘယ္လိုေျဖရမွန္းမသိေတာ့ ။ အစက အကုန္လုံးေျပာပစ္လိုက္မည္ဟု အားတင္းထားေသာ္လည္း ယခုလိုမ်ိဳး ေတ့ေတ့ဆိုင္ဆိုင္ေျပာရမည္ဆိုေတာ့ ေ႐ႊရိုးေနာင္ဆိုသည့္အမည္ကို ပါးစပ္မွထြက္မလာေပ ။ မ်ိဳးဝင္းကို မ်က္စိသူငယ္နားသူငယ္ျဖင့္သာ လွမ္းၾကည့္နိုင္သည္ ။

" မင္းသေဘာက်ေနတာ ေ႐ႊရိုးေနာင္မို႔လား "

မ်ိဳးဝင္းႏွင့္ပီတာထြန္းၫႊန့္၏အၾကည့္မ်ားသည္ ေကာင္းေက်ာ္ထံသို႔ ေရာက္ရွိသြားၿပီး အံ့ၾသတႀကီး
ေမာ့ၾကည့္ေနမိသည္ ။ မ်ိဳးဝင္းကေတာ့ လုံးဝမထင္ထားသည့္အမည္ေၾကာင့္ အံ့ၾသသြားျခင္းျဖစ္ၿပီး ပီတာထြန္းၫႊန့္ကေတာ့ ေကာင္းေက်ာ္လို ခပ္ေအးေအးေကာင္က ဘယ္လိုမ်ိဳးမ်ား သူ႕ခံစားခ်က္ကို သိသြားသနည္းဟု အံ့ၾသမိျခင္းပင္ ။

ေကာင္းေက်ာ္၏ မ်က္လုံးေမွးေမွးေလးမ်ားသည္ ယေန႕တြင္ အနည်းငယ်ပြူးနေသလ်ိုပင် ။

မ်ိဳးဝင္း ေကာင္းေက်ာ္ဆီမွအၾကည့္ကို ပီတာထြန္းၫႊန့္ဆီသို႔ ေျပာင္းေ႐ႊ႕လိုက္၏ ။

" ေကာင္းေက်ာ္ေျပာတာဟုတ္လား ...ပီတာ "

ခပ္ေလးေလးညိတ္လာသည့္ေခါင္း ။ ေဘာင္းဘီအနားစကိုလည္း လက္ႏွင့္ဆြဲေနေသး၏ ။ နား႐ြက္ဖ်ားေလးကိုလည္း ကုတ္ေနေသးသည္ ။

" ငါလဲ ဘယ္လိုျဖစ္သြားမွန္းမသိပါဘူးကြာ ၊ ငါ ေ႐ႊရိုးေနာင္ကို သေဘာက်ေနမိမွန္း ကိုယ့္ဘာသာသိကတည္းက ေနရတာ အ႐ူးလိုပဲ ၊ စိတ္လဲညစ္တယ္ "

ပီတာထြန္းၫႊန့္စကားေၾကာင့္ မ်ိဳးဝင္းပါ ေမ်ာက္အိုႀကီးလို မွိုင္က်သြားသည္ ။ ေ႐ႊရိုးေနာင္က လူေခ်ာ ၊ လူေျဖာင့္ဆိုေတာ့ ႀကိဳက္သည့္မိန္းကေလးမ်ားရွိေနနိုင္၏ ။ ထိုသို႔ဆိုလွ်င္ သူတို႔သူငယ္ခ်င္းက အသည္းကြဲဦးမည္ ။

" သေဘာက်ရင္ ဖြင့္ေျပာလိုက္ ပီတာ "

ေကာင္းေက်ာ္၏စကားေၾကာင့္ ပီတာထြန္းၫႊန့္၏မ်က္ဝန္းမ်ားသည္ အေရာင္ေတာက္လာေသာ္လည္း တစ္ခဏအတြင္းပင္ ျပန္ၿပီးအေရာင္မွိန္သြား၏ ။ ေခါင္းကိုလည္း ဘယ္ျပန္ညာျပန္ခါၿပီး စိတ္ပ်က္အားငယ္သံသည္
ပီတာထြန္းၫႊန့္ထံမွ ထြက္ေပၚလာသည္ ။

" မျဖစ္ပါဘူးကြာ ၊ အျငင္းခံလိုက္ရရင္ ငါ အရွက္ကြဲမွာကြ ၊ ေနာက္ၿပီးငါတို႔ႏွစ္ေယာက္က တစ္ရပ္ကြက္တည္းေနတာေလ ၊ မ်က္ႏွာပူစရာႀကီး "

" သူ ျငင္းမျငင္း မင္းကဘယ္လိုလုပ္သိနိုင္မလဲ ၊ ေဟ့ေကာင္ ေ႐ႊရိုးေနာင္ကလူေခ်ာေနာ္ ၊ သေဘာက်တဲ့မိန္းကေလးေတြလဲ အမ်ားႀကီးေနမွာ ၊ အဲဒီေတာ့ေျပာလိုက္တာ မမွားဘူး ၊ ဖြင့္သာေျပာပစ္ကြာ "

မ်ိဳးဝင္းကေတာ့ ေကာင္းေက်ာ္ေျပာလွ်င္လည္းေခါင္းညိတ္လိုက္ ၊ ပီတာထြန္းၫႊန့္ေျပာလွ်င္လည္းေခါင္းညိတ္လိုက္ႏွင့္ ပုတ္သင္ညိုထက္ပင္ အေၾကာင္းဆိုးေနသည္ ။

" ေ႐ႊရိုးေနာင္မွာခ်စ္သူရွိတယ္လို႔ ငါထင္တယ္ ေကာင္းေက်ာ္ "

" မင္း ေတြ႕ဖူးလို႔လား "

" မနက္က ကားနဲ႕မုန့္ဟင္းခါးလာဝယ္တဲ့ေကာင္မေလးေလ ၊ ငါ့စိတ္ထဲမွာ သူ႕ကို ေ႐ႊရိုးေနာင္ရဲ႕ရည္းစားလို႔ပဲထင္တယ္ "

" အဲဒါဆိုရင္ေတာ့ မင္း စိတ္မပူနဲ႕ ၊ အဲဒီေကာင္မေလးနဲ႕ ေ႐ႊရိုးေနာင္က သိပ္ခင္တဲ့သူငယ္ခ်င္းပုံစံေတြပါ ၊ အဲဒါကိုေတာ့ ငါ ေသခ်ာေျပာနိုင္တယ္ "

ဝမ္းခုနစ္ရက္မသြားရသျဖင့္ ရႈံ႕မဲ့ေနသည့္မ်က္ႏွာမ်ိဳးျဖစ္ေနေသာ ပီတာထြန္းၫႊန့္မွာ ေကာင္းေက်ာ္၏စကားေၾကာင့္ ခ်က္ခ်င္းပင္တက္ႂကြလာသည္ ။ 

" အဲဒါဆို ငါ ေျပာလိုက္ရမွာေပါ့ "

" ေအးေပါ့ ၊ မင္း မေျပာလို႔ ငါတို႔သြားေျပာလို႔ရမလား "

" မင်းတ်ို့ပြောစရာလား ၊ ငါ့ဘာသာေျပာမွာေပါ့ကြ "

ခ်က္ခ်င္းပင္ေျပာင္းသြားသည့္အသံ ။ အိေညွာင့္ေညွာင့္အသံမဟုတ္ေတာ့ဘဲ ေကာက္ညွင္းဆန္မနပ္သလိုမ်ိဳး မာဆတ္ဆတ္ႏွင့္ ။

" မင်းတ်ို့ငါ့ကို မ႐ြံဘူးေပါ့ေနာ္ "

မ်ိဳးဝင္း၏လက္သည္ ပီတာထြန္းၫႊန့္၏ေခါင္းေပၚသို႔ ေဒါက္ခနဲေရာက္လာသလို ေကာင္းေက်ာ္၏အိတ္သည္လည္း ပီတာထြန္းၫႊန့္၏ရင္ဘတ္တည့္တည့္ဆီသို႔ ။

" ေသာက္ပိုေတြေျပာေနျပန္ၿပီ ၊ ငါေရာေကာင္းေက်ာ္ေရာ မင္းအေပၚအဲဒီလို သေဘာမထားမွန္းသိလို႔ေျပာျပၿပီးေတာ့ ဒရမ်မာလာချ်ိုးနေတယ် "

ပီတာထြန္းၫႊန့္ ေဘးနားရွိမ်ိဳးဝင္းကိုသိုင္းဖက္လိုက္ၿပီး ေကာင္းေက်ာ္ကိုပါ လက္ယပ္ေခၚလိုက္၏ ။ ေခါင္းတယမ္းယမ္းႏွင့္ သူတို႔ႏွစ္ေယာက္နားကိုေလွ်ာက္လာသည့္ ေကာင္းေက်ာ္၏လက္ကိုပါဆြဲခ်၍ ဆြဲဖက္လိုက္သည္ ။
တဟားဟားရယ္သံသည္ အခန္းငယ္ေလးထဲတြင္
ပ်ံ့ႏွံ႕သြားၿပီး ခ်စ္ျခင္းသံေယာဇဥ္မ်ားကလည္း
ပိုမိုခိုင္ၿမဲလ်က္ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ Eipsode (22)

ပီတာထွန်းညွှန့် သတိဝင်လာသည့်အချိန်တွင် မျက်နှာတစ်ခုလုံးပူလောင်လာပြီး အနီးအနားပတ်ဝန်းကျင်ကို ဝေ့ဝဲပြီးကြည့်လိုက်မိသည် ။ သူတို့နှစ်ယောက်ကိုသေသေချာချာကြည့်နေကြသည့်လူများ ။ မြတ်ပိုးဝါဆိုသည့်မိန်းကလေး၏မျက်နှာတွင် သာမန်အံ့သြမှုကိုသာတွေ့ရ၏ ။ ကိုယ့်ရည်းစားက အခြားသူကိုဂရုစိုက်လျှင်ဖြစ်ပေါ်လာတတ်သော မကျေနပ်သည့်အရိပ်အယောင်ကို ထိုမိန်းကလေးဆီတွင် မတွေ့ရ ။ ဒေါ်ရွှေအိ၏မျက်နှာကတော့ အနည်းငယ်ပျက်ယွင်းနေသလိုပင် ။ မျက်ခုံးတန်းများသည် အနည်းငယ်မျှ စုကျုံ့နေ၏ ။

ရွှေရိုးနောင်ကိုမော့ကြည့်မိတော့ စိုးရိမ်တကြီးဖြစ်နေသည်ကိုတွေ့လိုက်ရသည် ။ ကျောပေါ်ရှိအနွေးဓာတ်သည် ယခုထိရှိဆဲဖြစ်သလို ထိုလူဆီမှရရှိတတ်သည့် ပူရှိန်းရှိန်းအမွှေးနံ့သည် သည်နေ့မှပို၍မွှေးပျံ့နေ၏ ။ ထိုကောင်လေး၏ခေါင်းထဲတွင် မည်သည့်အရာကိုတွေးနေမှန်း ပီတာထွန်းညွှန့်သိချင်မိသည် ။ ပီတာထွန်းညွှန့်၏ရင်ထဲတွင် ခုန်မြည်နေသော နှလုံးသားလေးသည် အပြင်သို့ပင် ပေါက်ထွက်တော့မလို ။ လက်များသည်လည်း အားအင်မရှိတော့သလိုဖြစ်နေပြီး တဆတ်ဆတ်တုန်ယင်နေ၏ ။

ကျောပေါ်ရှိလက်ကိုပုတ်ချလိုက်၍ ဘောင်းဘီအိတ်ထဲမှ ငါးထောင်တန်ကိုထုတ်ယူပြီး စားပွဲခုံပေါ်တင်လိုက်သည် ။ မတ်တတ်ထရပ်လိုက်သော်လည်း ခြေထောက်များသည် အနည်းငယ်ခွေယိုင်ချင်နေ၏ ။ မနည်းပင်အားတင်း၍ ခြံထဲမှထွက်လိုက်ရပြီး နောက်ပြန်မကြည့်မိစေရန် အံကြိတ်ထားလိုက်ရသည် ။

လှည့်မကြည့်နဲ့ ။ လှည့်မကြည့်လိုက်နဲ့ ။ မင်း လုံးဝလှည့်မကြည့်နဲ့ ။

အာရုံထွေပြားနေသဖြင့် လမ်းကြားမှထွက်လာသည့် ကားကိုပင်မမြင် ။ ကားဟွန်းသံကိုလည်းမကြားမိတော့ ။ ကားခေါင်းထဲမှ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ ဦးခေါင်းထွက်လာသည် ။ ထိုသူ၏မျက်နှာသည် တော်တော်လေးကိုဒေါသထွက်နေဟန်ပင် ။ " သေချင်ရင်လဲတခြားနေရာသွား "ဆိုသည့်ခပ်မာမာအသံကိုပါ ကြားလိုက်ရသည် ။ စိတ်မဆိုးမိသလို မည်သည့်စကားကိုမှ မတုံ့ပြန်မိ ။ ကြောင်တောင်တောင်နှင့်သာ ကြည့်နေမိသည် ။ ယခုအချိန် အဖြစ်ချင်ဆုံးဆန္ဒမှာ အိမ်ကိုအမြန်ဆုံးပြန်ရောက်ချင်ပြီး အိပ်ရာထဲတွင်ငြိမ်ငြိမ်လေးနေချင်၏ ။

မျိုးဝင်း ရွှေရိုးနောင်ရပ်နေသည့်နေရာကို မျက်လုံးဝေ့ကြည့်ရင်း ရယ်ပြရမလို ၊ ပြုံးပြရမလိုနှင့် အူလည်လည်ဖြစ်ရပြန်သည် ။ ဟိုကောင်ကလည်း မည်သည့်အကြောင်းကြောင့် ယခုလိုမျိုးကဲကဲဆတ်ဖြစ်သွားမှန်း စဥ်းစားမရတော့ ။ စေတနာနှင့်ကျောဖိပေးသည်ကိုပင် လက်ကိုပုတ်ချသွားသေး၏ ။ ကြားထဲမှမျက်နှာပူပါသည် ။ ယခုဟာက ရွှေရိုးနောင်တစ်ယောက်တည်းမဟုတ်ဘဲ သူ့မိသားစုများပါ ရှိနေသည့်အခြေအနေ ။ လုပ်ချင်သည်ကိုလုပ်ပြီး ထွက်သွားသည့်ကောင်ကို ငယ်ထိပ်ထုပစ်လိုက်ချင်သည် ။

တွေ့မယ် ၊ တွေ့မယ် ။ ညနေကျမှ မင်းနဲ့ငါ တွေ့မယ် ငရစ်ကောင် ။ ဒီဆိုင်မှာလာစားချင်တော့လဲ သူပဲ ။ ပြသနာရှာပြီးထွက်သွားတော့လဲ သူပဲ ။ ငရစ်ကောင်စားသွားတဲ့ မုန့်ဟင်းခါးပန်းကန်ကိုကြည့်ပြီး မျိုးဝင်းတောင် တွန့်ခနဲဖြစ်သွားရတယ် ။ အစပ်မစားနိုင်တဲ့ကောင်က ငရုတ်သီးမှုန့်တွေထည့်ထားတာများ ရဲတွတ်လို့ပဲ ။ ဒီကောင်တော့ ဘာတွေအတတ်ဆန်းပြန်ပြီလဲမသိဘူး ။

မျိုးဝင်း စားပွဲပေါ်ရှိ ငါးထောင်တန်ကိုကောက်ယူ၍ ရွှေရိုးနောင်၏လက်ထဲထည့်ပေးလိုက်၏ ။ မပီဝိုးတဝါးအပြုံးတစ်ခုကို ရွှေရိုးနောင်၏မျက်နှာတွင် တွေ့လိုက်ရသည် ။ မျက်အိမ်စပ်တွင်လည်း အရည်အချို့ရစ်သိုင်းနေ၏ ။ ငရုတ်သီးစပ်သည်ကတစ်ယောက် ၊ မျက်ရည်စများရှိနေသည်ကတစ်ယောက် ။

ရွှေရိုးနောင်လက်ထဲရှိငါးထောင်တန်ကို ပိုက်ဆံပုံးထဲထည့်လိုက်၍ ပိုသည့်ပိုက်ဆံကို မျိုးဝင်းဆီသို့လှမ်းပေးလိုက်သည် ။
ဟင်းရည်အိုးမှအငွေ့တလူလူထွက်နေသလို သူ့ရင်ထဲတွင်လည်း ပူလောင်လှပါပြီ ။ နောက်နားဆီမှ " ဟင်းရည်ထည့်အုံးလေ "ဆိုသည့်အသံထွက်လာမှ ချိုင့်ထဲကိုဟင်းရည်ဆက်ထည့်ရန်သတ်ိရ၏ ။ လှည့်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေသည့် မြတ်ပိုးဝါ ။ ဘာမှတော့ ထပ်ပြောမလာပေ ။ ရွှေရိုးနောင်သည် ဘယ်သောအခါမှ သွေးပူတတ်သူမဟုတ် ။ လုပ်သင့် ၊ မလုပ်သင့်ကိုအမြဲစဥ်းစားတတ်သူ ။ ယခုတော့ ထိုထိန်းချုပ်နိုင်မှုတို့သည် လေနှင့်အတူလွင့်ပါသွားသလိုပင် ။ ထိုကောင်လေးနှင့်ပတ်သက်လာလျှင် ဖြစ်သင့်သည် ၊ မဖြစ်သင့်သည်ကို မစဥ်းစားနိုင်တော့ ။ ဖြစ်ချင်သည်ကိုသာ သိတော့၏ ။

မြတ်ပိုးဝါကိုပင် စကားများများမပြောနိုင် ။ အလုပ်လုပ်နေသော်လည်း စိတ်နှင့်လူ မကပ်သလိုမျိုးဖြစ်နေ၏ ။ သက်ပြင်းခိုးချမိသည် ။ နဂိုအချိန်များလို စားနေကျဖောက်သည်များကိုပင် နှုတ်ဆက်စကားများများမဆိုနိုင်သည့် အခြေအနေတစ်ခုပင် ။ ခုံပေါ်တွင်ထိုင်ရင်း လက်ကိုဖြန့်ကြည့်မိ၏ ။ အထိအတွေ့သည်ယခုထိ ရှိနေသလို ။ ချောင်းဆိုးသဖြင့် နောက်ကျောပြင်သည်လှုပ်ခါနေပြီး အကျီတွင်ပင်ချွေးစအချို့ရှိနေသည် ။ မျက်လုံးကိုမှိတ်ချလိုက်ပြီး ဝင်လေထွက်လေ မှန်စေရန် အာရုံပြုရ၏ ။

ဒေါ်ရွှေအိ ရွှေရိုးနောင်ကို ထပ်ခါတလဲလဲအကဲခတ်နေမိသည် ။ ပျက်ယွင်းနေသည့်မျက်နှာနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သွားမှု ။ မိခင်ဖြစ်သည့်အားလျော်စွာ သားသမီးများ၏မျက်နှာကိုကြည့်သည်နှင့် အနည်းနှင့်အများတော့ ခန့်မှန်းနိုင်သည် ။ သက်ပြင်းမောကြီးချမိ၏ ။ ထုတ်ပြော၍လည်းမဖြစ် ။ ထို့အတွက်ကြောင့် မသိဟန်သာဆောင်မိ၏ ။

အမေထင်သလိုမျိုး မဖြစ်ပါစေနဲ့ သားကြီးရယ် ။

ပီတာထွန်းညွှန့် ခြံထဲခြေချလိုက်သည်နှင့် အပင်များကိုရေလောင်းနေသည့် ဦးထွန်းညွှန့်ကလှမ်းကြည့်လာသည် ။ ဦးထွန်းညွှန့်မျက်နှာမှာ ပျက်သွား၏ ။ လက်ထဲရှိရေပိုက်ကို ခေါက်ကိုင်လိုက်ပြီးတော့ ပီတာထွန်းညွှန့်အနားကို ကပ်သွားလိုက်သည့် ဦးထွန်းညွှန့် ။

" သားလေး ဘာဖြစ်လာတာလဲ ၊ နေမကောင်းဘူးလား ၊ မျက်နှာကလဲနီရဲနေတာပဲ "

ခေါင်းကိုသာခါပြမိသည် ။ " ကျွန်တော်နေကောင်းပါတယ် "ဆိုသည့်အသံတိုးတိုးကိုပါ ကြားလိုက်ရ၏ ။ မျက်နှာကိုလက်နှစ်ဖက်လုံးနှင့်ပွတ်လိုက်သည့်အခါ မျက်နှာနုနုသည် ပို၍ပင်ရဲတက်လာသည် ။ ဦးထွန်းညွှန့်ကလည်း ပီတာထွန်းညွှန့်ကိုသာ သေသေချာချာကြည့်နေမိ၏ ။

" ကျွန်တော် မနေ့ညက သေချာမအိပ်လိုက်ရလို့ဖြစ်လိမ့်မယ် အဖေ "

" အင်း "

" အဲဒါအခုသွားအိပ်လိုက်ဖို့ အဖေ "

ဆက်ပြီးမမေးအောင် ကြိုပိတ်လိုက်သည့်သဘော ။ ဦးထွန်းညွှန့် အလိုက်တသိပင် ခေါင်းညိတ်ပြလိုက်သည် ။ သို့သော် ပီတာထွန်းညွှန့်၏နောက်ကျောပြင်ကိုတော့ မျက်စိတစ်ဆုံးလိုက်ကြည့်မိပြီး ရင်ထဲတစ်မျိုးတစ်မည်ခံစားလိုက်ရ၏ ။

သားလေး ဘာများဖြစ်နေပါလိမ့် ။

အိမ်ထဲရောက်သည်နှင့် အခန်းထဲတန်းဝင်ပြီး အခန်းတံခါးကို ပိတ်လိုက်မိသည် ။ တစ်ကိုယ်လုံးသည် အေးစိမ့်စိမ့်ဖြစ်နေပြီး နေ၍မကောင်းတော့ ။ အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေလိမ့်မည် ။ ခြေရင်းရှိစောင်ကို ခန္ဓာကိုယ်ပေါ်သို့ဆွဲယူခြုံပြီးသည်အထိ အေးစိမ့်မှုက ပျောက်မသွားသေးပေ ။ ရင်ဘတ်ပေါ်သို့လက်တင်လိုက်သည့်အခါ တဒိတ်ဒိတ်ခုန်နေသံ ။ ပီတာထွန်းညွှန့် သူ့လက်ဖဝါးလေးကိုပင် သနားမိ၏ ။ သူ့ခမျာနှလုံးသား၏အဆမတန်ခုန်နေမှုကို လန့်သွားပေလိမ့်မည် ။ မျက်လုံးကိုကြိုးစားမှိတ်ကြည့်သော်လည်း ထူးခြားမလာချေ ။
မည်ကဲ့သို့မှအိပ်မရ ။ မျက်လုံးကိုပြန်ဖွင့်လိုက်တော့ ယခုလေးတင်ဖြစ်သွားသည့် ပုံရိပ်များက အစီအစဥ်တကျပုံရိပ်ထင်လာသည် ။

စတွေ့သည့်အချိန်မှစ၍ ယခုထိဖြစ်ပျက်သွားမှုများကိုပြန်စဥ်းစားမိတော့ ရင်ထဲလှိုက်ဖိုမောလာ၏ ။ သူသည် ဘယ်သောအခါမှ ရွှေရိုးနောင်အပေါ်တွင် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်မဟုတ် ။ အမြဲတမ်းလိုလို ရန်စွယ်ငေါငေါနှင့်သာ ပြုမှုခဲ့သည်အကြိမ်အရေအတွက်ကလည်း မနည်းလှ ။

ဘေးနားရှိဖုန်းကိုယူ၍ ဓာတ်ပုံများကိုဖွင့်ကြည့်မိသည် ။ အလှူနေ့ကရိုက်ထားသည့်ပုံများမှာ ခပ်များများပင် ။ တစ်ပုံချင်းစီကိုဆွဲကြည့်နေရင်း ပုံတစ်ပုံဆီအရောက်မှာတော့ လက်ညှိုးထိပ်လေးသည်ငြိမ်သက်သွားပြီး ထိုဓာတ်ပုံကိုသာ အချိန်ကြာမြင့်စွာ ကြည့်နေမိသည် ။ ပြုံးရယ်နေသည့်သူ ။ မသိအောင်ခိုးရိုက်ထားသည့်အတွက် ဘေးတစောင်းပုံများသာများ၏ ။ ရှပ်လက်ကွက်အရှည်ကိုတံတောင်ဆစ်အထိဆွဲတင်ထားပြီး ဟင်းရည်အိုးကို အားကြိုးမာန်တက်မွှေနေသူ ။ အပူငွေ့ဟပ်နေသဖြင့် မျက်နှာသည်လည်း အနည်းငယ်နီနေသလို ချွေးစအချို့လည်းရှိနေသည် ။

ဖုန်းကိုရင်ဘတ်ပေါ်တင်ပြီး မျက်လုံးအစုံကို မျက်နှာကြက်ဆီသို့ ပို့ထားလိုက်၏ ။ အိပ်ရေးပျက်သည့်အကျိုးဆက်ကြောင့် တဖြည်းဖြည်းမျက်ခွံများသည် လေးလံလာ၏ ။ အပြည့်အဝအိပ်မပျော်သွားခင်မှာပင် ရွှေရိုးနောင်၏အပြုံးမျက်နှာသည် မျက်လုံးထဲပေါ်လာပြန်သည် ။

ကျေးဇူးရှင်ရေ ငါ အေးအေးဆေးဆေးအိပ်ပါရစေဟ ။

တံခါးခေါက်သံသဲ့သဲ့ ။ အိပ်မက်မက်နေသလို ခံစားနေရသည် ။ ပိုကျယ်လာသောတံခါးခေါက်သံကြောင့် မျက်လုံးများပွင့်လာပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်မိ၏ ။ နေ့အလင်းရောင်ရှိနေသေးသည့်အတွက် သိပ်အကြာကြီးတော့အိပ်လိုက်ဟန်မတူပေ ။

" ဦးငယ်ရေ...ဦးငယ် ဘွားဘွားက ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ ၊ ဦးငယ်အိပ်ပျော်နေတာလား ...ဦးငယ် "

ချောင်းတစ်ချက်ဟန့်ပြီးမှ စကားပြန်ပြောနိုင်သည် ။

" ဦးငယ် နိုးပြီ ဖြူ ၊ အမေ့ကိုလာခဲ့မယ်လို့ ပြောလိုက်နော် "

" ဟုတ်...ဟုတ် "

ခြေသံဖွဖွသည် အခန်းရှေ့မှပျောက်ကွယ်သွား၏ ။ ပီတာထွန်းညွှန့် အိပ်ရာပေါ်မှ လူးလဲထလိုက်ပြီး ရေသန့်ဘူးထဲမှရေကို အငမ်းမရမော့သောက်မိသည် ။ ရေသောက်လိုက်မှ အာခြောက်နေသည်လည်းသက်သာသွားသလို ခေါင်းထဲလည်း အနည်းငယ်မျှကြည်လင်လာ၏ ။ ဗိုက်ထဲမှမြည်လာသော ဂွီခနဲအသံ ။ နံနက်ကတည်းက ဘာမှရေရေရာရာမစားရသေးသည့်အတွက် အစာအိမ်သည်လည်း သိသာစွာပင် ဆန္ဒပြချေပြီ ။ မှန်ရှေ့သွားရပ်လိုက်ပြီး ကိုယ့်မျက်နှာကိုသေသေချာချာကြည့်လိုက်မိသည် ။ အစကလိုသိပ်ရုပ်မပျက်တော့ပေ ။ သုံးနာရီခန့်အိပ်လိုက်ရ၍ မျက်နှာသည် အနည်းငယ်ပြည့်လာ၏ ။

တော်သေးတာပေါ့ ။ မနက်ကလိုပုံစံဆိုရင် အမေမြင်ပြီး စိတ်မကောင်းဖြစ်နေမှာ ။

ထမင်းစားပွဲသို့မသွားသေးဘဲ ရေချ်ိုးခန်းထဲဝင်၍ မျက်နှာကိုအရင်သစ်လိုက်ရ၏ ။ လက်တွင်စိုနေသည့်ရေနှင့်ပင် ဆံပင်များကိုသပ်တင်လိုက်ပြီး မျက်နှာရှိရေများကိုလည်း လက်နှင့်ပင်သုတ်ချလိုက်သည် ။

ပီတာထွန်းညွှန့် ထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်နှင့် ထမင်းထည့်ပြီးသားပန်းကန်ကိုရှေ့သို့ချလာပေးသည့် ဒေါ်အေးမြ ။ မျက်နှာကိုလည်း အကဲခတ်နေသေးသည် ။ ပီတာထွန်းညွှန့် ဟန်လုပ်၍ရယ်ပြလိုက်ရ၏ ။

ဦးထွန်းညွှန့်လည်း ပီတာထွန်းညွှန့်ကို မသိမသာအကဲခတ်နေမိသည် ။ နံနက်ကလိုတော့ မျက်နှာသည် ရုပ်ပျက်မနေတော့ ။ ဦးထွန်းညွှန့် ငါးရံ့ခြောက်ပန်းကန်ကို ပီတာထွန်းညွှန့်ရှေ့သို့ တွန်းပို့လိုက်သည် ။

" သားကြိုက်တဲ့ငါးရံ့ခြောက်ဖုတ် ၊ များများထည့်စား "

ခေါင်းညိတ်ပြသော်လည်း တုံ့ပြန်စကားတော့မလာ ။ ငါးရံ့ခြောက်ဖုတ်တစ်ဇွန်းကိုခပ်၍ပန်းကန်ထဲထည့်ပြီး မျက်နှာမဖော်ဘဲစားနေသည့် ပီတာထွန်းညွှန့်ကြောင့် ဦးထွန်းညွှန့်နှင့်ဒေါ်အေးမြ အချင်းချင်းကြည့်လိုက်မိသည် ။

ထမင်းကိုဘာအရည်မှမပါဘဲ သည်အတိုင်းစားနေလျှင် အာခြောက်မည်ဖြစ်သဖြင့် ဒေါ်အေးမြသည် ပဲဟင်းချိုပန်းကန်ကိုယူ၍ ဟင်းရည်ငါးဇွန်းခန့်မျှခပ်ထည့်ပေးလိုက်တော့ မော့ကြည့်လာသည့် မျက်အိမ်ရှည်ရှည် ။ နှုတ်ခမ်းလေးသည်မဲ့သွားသလိုပင် ။ ချက်ချင်းပင်အကြည့်လွှဲသွားပြီး ထမင်းကိုဆက်စားနေလေသည် ။ နဂိုကဆိုလျှင် ထမင်းစားသည့်အခါတိုင်း တူမဖြစ်သူ အေးဖြူဖြူနှင့် စကားတွတ်ထိုးတတ်သူသည် ယနေ့တွင်တော့စကားတစ်ခွန်းမဆိုဘဲ ငြိမ်ချက်သားကောင်းနေ၏ ။

ပန်းကန်ဆေးသည့်အခါတွင်လည်း ဦးထွန်းညွှန့်နှင့်ဒေါ်အေးမြ၏ပန်းကန်ကိုပါ ယူဆေးပေးသည့် သားဖြစ်သူကိုကြည့်၍ သူတို့နှစ်ယောက်လုံး အတွေးများရပြန်သည် ။ သူတို့၏ တစ်ဦးတည်းသောသားလေးသည် တစ်ခုခုတော့ဖြစ်နေချေပြီ ။ ခက်သည်မှာ ထိုတစ်ခုခုကိုဘာမှန်းမသိခြင်းပင် ။

ပီတာထွန်းညွှန့် သူ့အခန်းထဲပြန်ဝင်သွားမှ အေးဖြူဖြူကို တိုးတိုးကျိတ်ကျိတ်မေးမြန်းရသည် ။

" ဖြူ သမီးရဲ့ဦးငယ်  မနေ့ညနေကဘာဖြစ်လာသေးလဲ "

မွေးနေ့ပြုလုပ်သည့်ရက်ကလည်း အကောင်း ၊ နောက်တစ်ရက်လည်းအကောင်း ၊ ညနေဘက်အထည်သွားရွေးမည်ဆိုပြီး တူအရီးနှစ်ယောက်ထွက်သွားပြီး ပြန်လာသည့်အခါမှာတော့ ပီတာထွန်းညွှန့်၏မျက်နှာပျက်နေသည်ကို ဒေါ်အေးမြ သတိထားမိသည် ။ တရားဝင်သတ်သတ်မှတ်မှတ် ရည်းစားဆိုပြီး ယခုထက်တိုင်မရှိသေးသော်လည်း
သဘောကျသည့်မိန်းကလေးတော့ ရှိနိုင်သည်ပင် ။

ဒေါ်အေးမြ ကလေးကို ရည်းစားဆိုသည့်ကိစ္စမပြောချင်၍ အပေါ်ယံသာ မေးလိုက်သည် ။ သူတို့နှစ်ယောက်က သူငယ်ချင်းလိုပေါင်းကြသည်ဆိုတော့ လူကြီးများထက်  ဘာအကြောင်းကိုဖြစ်ဖြစ် အနည်းနှင့်အများပိုသိနိုင်၏ ။

အေးဖြူဖြူ မျက်လုံးလေးထောင့်ကပ်လိုက်ပြီး ခေါင်းခါလိုက်သည် ။

ဘွားဘွားက ဘာကိုမေးတာလဲမသိဘူး ။

" မနေ့ညနေက... ဖြူ သိသလောက်တော့ ဘာမှမဖြစ်ပါဘူး ဘွားဘွား "

" ဟုတ်လား မြေးလေး ၊ နန်းရဲ့အပ်ချုပ်ဆိုင်
မှာရော "

အေးဖြူဖြူ၏မျက်လုံးသည် အရောင်လက်လာသည် ။ ဟုတ်သည် ။ အန်တီနန်း၏အပ်ချုပ်ဆိုင်တွင် တွေ့ခဲ့ရသည့် ခပ်လှလှအစ်မကြီးကို ဦးငယ် ကြည့်မရဖြစ်နေသည်ဟု ဖြူ ထင်မြင်မိ၏ ။ သည်လောက်လှသည့်အစ်မကြီးကို ဦးငယ် အမြင်မကြည်ဖြစ်သည့်အတွက် ဖြူ အနည်းငယ်တော့ အံ့သြမိသလိုပင် ။ သို့ပေမဲ့ ထိုအကြောင်းကို မပြောပြချင်ပါ ။ ဦးငယ်ကို စိတ်ပုပ်သည်ဟု ထင်မြင်မည်ကိုစိတ်ပူမိပါသည် ။ ဘွားဘွားကအကြောင်းမဟုတ်သော်လည်း ဘိုးဘိုးကစိတ်ပုပ်လျှင်မကြိုက် ။ ထို့အတွက်ကြောင့် အေးဖြူဖြူ ခေါင်းကိုသာခါပြလိုက်မိသည် ။

" ဘာမှမဖြစ်ပါဘူး ဘွားဘွား "

ဦးထွန်းညွှန့် ဒေါ်အေးမြကိုဆက်မမေးရန် မျက်ရိပ်ပြလိုက်သည် ။ ဒေါ်အေးမြကလည်း ခေါင်းပြန်ညိတ်ပြ၏ ။ အေးဖြူဖြူလည်းဖုန်းဖွင့်ပြီး သူကြိုက်သည့်အဆိုတော်များ၏ သီချင်းများကိုသာ ဖွင့်ကြည့်နေလိုက်သည် ။

ဦးထွန်းညွှန့် ဧည့်ခန်းရှိခုံတွင်ထိုင်နေရင်း ပိတ်ထားသည့် ပီတာထွန်းညွှန့်၏အခန်းကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည် ။ အမြဲတမ်းတက်ကြွနေတတ်သည့် သားဖြစ်သူကို ယခုလိုမျိုး မှိုင်မှိုင်တွေတွေပုံမျိုးနှင့်မြင်ရသည့်အခါ အသားမကျနိုင်ဘဲ စိတ်ထဲ စနိုးစနောင့်ဖြစ်ရ၏ ။ ပီတာထွန်းညွှန့်ထံတွင် ကိစ္စကြီးကြီးကျယ်ကျယ်မဖြစ်စေရန်လည်း ဦးထွန်းညွှန့် ဆုတောင်းနေမိသည် ။

ပီတာထွန်းညွှန့် အခန်းထဲတွင်ပူနေသဖြင့် တံခါးပေါက်များကိုဖွင့်လိုက်သည်နှင့် သီချင်းသံကိုပါကြားလိုက်ရသည် ။
မြန်မာသီချင်းပင် ။ ထိုခပ်အေးအေးမြန်မာသီချင်းကို ထီကားဆီမှ ဖွင့်ထားပုံရသည် ။ လကုန်ရက်နီးလာပြီဆိုလျှင် ထီကားများ ၊ တွန်းလှည်းနှင့်ရောင်းသည့်ထီသမားများကို ရပ်ကွက်ထဲတွင် အတွေ့များသည် ။ ထိုထီကားသည် သီချင်းတစ်ပုဒ်တည်းကိုသာ အကြိမ်ကြိမ်ဖွင့်နေ၏ ။ ချိုအေးအေးသီချင်းသံနှင့် သံယာသောဂီတသံသည် လိုက်ဖက်စွာနှင့် ညင်ညင်သာသာ ပျံ့လွင့်နေသည် ။
စိတ်ညစ်မှုများပင် ခဏမျှပျောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပြတင်းပေါက်ပေါ်လက်တင်၍ သီချင်းသံကို နားစိုက်ထောင်နေမိ၏ ။

🎵🎶(ကမ္ဘာပေါ်မှာလူတိုင်း စကားလေးနှစ်
ခွန်းကို ပြောဖူးကြတယ် ...ဒါဟာချစ်တယ်တဲ့...

ကမ္ဘာပေါ်မှာလူတိုင်း မပြောဖူးတဲ့သူမရှိပါဘူးကွယ်...

အဲဒါဟာ ချစ်တယ်တဲ့...

အဘိုးကလဲ ...အဘွားကိုချစ်တယ်ပြောမှာပဲ

အဖေကလဲ ...အမေ့ကို ချစ်တယ်၊ချစ်တယ်နဲ့

ကိုယ်ကလဲမင်းကို ပြောပါမယ်... ချစ်တယ်

ချစ်တယ်ကွယ် ...နှလုံးသားထဲအသည်းထဲနင့်အောင် ချစ်ပါတယ်

အရိုးဆုံးနဲ့ အရှင်းဆုံးလေးမို့ နားရည်လည်...

အချစ်အဓိပ္ပါယ်လေးတော့ အမျိုးမျိုးဖွင့်ကြပါလိမ့်မယ်

ကိုယ့်အယူအဆနဲ့ကိုယ် ...ချစ်တယ်ကွယ်

နှလုံးသားထဲအသည်းထဲနင့်အောင် ...ချစ်ပါတယ်

အရိုးဆုံးနဲ့အရှင်းဆုံးလေးမို့ ပြောချင်တယ်...

နှလုံးသားအရေးမို့ကွယ် ဦးနှောက်လေးနဲ့မတွေးတော့ဘူး ...

ချစ်တာပဲ နားရည်လည်...)🎵🎶

အချစ်အကြောင်းကို ရိုးရှင်းစွာဖွဲ့ဆိုထားသည့် သီချင်းလေးသည် တစ်စုံတစ်ယောက်ကို သတိရသွားစေသည် ။ ထိုသီချင်းထဲကလို သူ ရွှေရိုးနောင်ကို မချစ်သေးပါ ။ ထိုသည်မှာသေချာပါ၏ ။ သဘောတော့ကျသည် ။ ရွှေရိုးနောင် သူ့ကိုဂရုစိုက်ပြီး အလျှော့ပေးသည်ကို တိတ်တိတ်လေးကျေနပ်မိသည် ။ သူမဟုတ်သည့် အခြားသူက ရွှေရိုးနောင်ကို ခြေပါလက်ပါလုပ်သည်ကိုလည်း သူမကြိုက် ။

ထိုသဘောကျသည့်စိတ်မှာ အချိန်ဘယ်ရွေ့ဘယ်မျှ ကြာနိုင်လဲဆိုသည်ကိုလည်း သူ သေချာပိုင်နိုင်စွာ မပြောနိုင်ပေ ။ သူ့ဘဝတစ်သက်တာလုံးတွင် မိန်းကလေးများကိုသာ သဘောကျခဲ့မိသည် ။ ရွှေရိုးနောင်နှင့်တွေ့မှ သူ့စိတ်များသည် ကပြောင်းကပြန်ဖြစ်သွားရ၏ ။

သီချင်းသံလေးသည် တဖြည်းဖြည်းဝေးသွား၏ ။ ကြည့်လိုက်မိတော့ ထီကားသည်လည်း အိမ်ရှေ့တွင်မရှိတော့ ။

ကြမ်းပြင်ပေါ်ထိုင်ချကာ ဆံပင်များကို တဗျင်းဗျင်းမြည်အောင်အားရပါးရကုတ်လိုက်မိသည် ။

စိတ်ရှုပ်လိုက်တာ ။ အခုကိစ္စကိုတစ်ယောက်တည်းတော့ မဖြေရှင်းနိုင်ဘူး ။ ပြေးကြည့်တော့လဲ တိုင်ပင်စရာဆိုလို့ ဟိုနှစ်ကောင်သာ အာရုံထဲပေါ်လာတယ် ။

မျိုးဝင်းနှင့်ကောင်းကျော်သည် ညနေခြောက်နာရီကျော်မှသာ အိမ်ပြန်ရောက်ကြမှာဆိုတော့ ထိုင်စောင့်ရန်သာရှိတော့သည် ။

ပျင်းပျင်းရှိသည်နှင့်အခန်းတွင်းရှုပ်ထွေးနေသည်များကို ရှင်းလိုက်ပြီး အမှိုက်များကိုပါ အမှိုက်ပုံးထဲသို့စုထည့်ထားလိုက်သည် ။ အခန်းငယ်လေးသည်
ယခင်ကထက်ပို၍ သန့်ရှင်းသွား၏ ။ ဆိုးတော့မဆိုးလှ ။ စိတ်ညစ်သည်ဆိုပြီးငုတ်တုတ်ထိုင်နေမည့်အစား ယခုလိုမျိုးလှုပ်လှုပ်ရှားရှားလုပ်လိုက်တော့ ချွေးများထွက်လာပြီး နေရသည်မှာလည်း သက်သောင့်သက်သာဖြစ်လာ၏ ။

ပီတာထွန်းညွှန့် နဖူးရှိချွေးများကိုသုတ်ရင်း ကိုယ့်ကိုယ်ကိုယ်အနံ့ပြန်ခံကြည့်မိသည် ။ ချွေးနံ့များသည် လှိုက်တက်လာ၏ ။ မဖြစ်တော့ပေ ။ ရေချိုးမှကိုအဆင်ပြေတော့မည် ။

အခန်းထဲမှပုဆိုးတစ်ထည်နှင့် တဘက်တစ်ထည်ကို ရင်ခွင်ပိုက်၍ထွက်လာသည့် ပီတာထွန်းညွှန့် ။ ဒေါ်အေးမြ၏အကြည့်သည် ပီတာထွန်းညွှန့်ထံ ချက်ချင်းရောက်လာသည် ။

" သားလေး ရေချိုးဖို့လား "

" ဟုတ်တယ် အမေ ၊ မနက်ကလဲရေမချိုးဘဲ အိပ်ပျော်သွားတာလေ ၊ အခုချွေးနံ့တွေနံနေလို့ ရေချိုးလိုက်ချင်လို့ "

" အပူရှပ်နေအုံးမယ်ကွယ် "

" အပူမရှပ်ပါဘူး မအေးမြရေ ၊ သားလေးက အိမ်ထဲမှာပဲနေတာကို အပူမရှပ်ပါဘူး ၊ သား ရေမချိုးခင် ရေတစ်ခွက်ပြည့်ပြည့်တော့သောက်လိုက်နော် "

ဦးထွန်းညွှန့် ဝင်ပြောလိုက်သဖြင့် ဒေါ်အေးမြလည်း ဘာမှဆက်မပြောတော့ ။ " သွားချိုးတော့ "ဆိုပြီး လှမ်းပြောလေသည် ။

ရေချိုးခန်းထဲရောက်သည်နှင့် ပါးစပ်မှအလိုလိုနေ၍ သီချင်းတစ်ပုဒ်ထွက်လာသည် ။

အဘိုးကလဲ🎵 အဘွားကိုချစ်တယ်တဲ့
အဖေကလဲ အမေ့ကိုချစ်တယ် ချစ်တယ်တဲ့
ငါကလဲ မင်းကိုသဘောကျတယ်🎵

အစီအစဥ်မကျဘဲ ကပေါက်တိကပေါက်ချာဆိုလိုက်မိသည့် သီချင်းသံ ။ ဆိုပြီးပြီးချင်းခွိခနဲရယ်မိသည် ။ မှန်ထဲတွင်ပေါ်နေသည့် စပ်ဖြီးဖြီးရုပ် ။

ဘုရား ၊ ဘုရား ။ အပြောင်းအလဲမြန်လိုက်တာ ။ မနက်က သေမလိုဖြစ်နေတာ တခြားတစ်ယောက်လိုပဲ ။ ပီတာထွန်းညွှန့်ရေ မင်း ဦးနှောက်တစ်ခုခုများ ဖြစ်နေလား ။ အခုဝမ်းနည်းလိုက် ၊ အခုပျော်လိုက်နဲ့ ။

မျက်နှာပိုးပြန်သတ်ကာ ရေစည်အသေးထဲမှရေကိုခပ်၍ ခန္ဓာကိုယ်ပေါ်သို့ တဝုန်းဝုန်းလောင်းချလိုက်သည် ။ အေးစိမ့်သောရေသည် လန်းဆန်းမှုကိုပါ ယူလာပေး၏ ။

မရည်ရွယ်ဘဲနှင့် အချစ်သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး သီဆိုမိသည် ။
မရည်ရွယ်ဘဲနှင့် မင်းကို သတိရသည့်နှလုံးသားကိုတော့ နည်းနည်းလေးစိတ်ဆိုးမိပါ၏ ။

ညနေခြောက်နာရီခွဲအချိန်ခန့်

ပီတာထွန်းညွှန့်ကိုတွေ့သည်နှင့် အပီအပြင်နှိပ်ကွပ်မည်ဟု ကြံရွယ်ထားသမျှသည် " ငါ့ကိုကယ်ကြပါအုံးကွာ " ဆိုသည့်​ငိုမလိုအသံကြီးကြောင့် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရ၏ ။ မျိုးဝင်း လွယ်ထားသည့်အိတ်နှင့် ကိုင်ထားသည့်ချိုင့်ကို နီးစပ်ရာတွင်ချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် မျောက်အိုကြီးလိုထိုင်နေသည့် ပီတာထွန်းညွှန့်အနားသို့ အပြေးအလွှားလျှောက်သွားမိသည် ။ သင်းရုပ်က ယခုပင် သေတော့မည့်ပုံစံမျိုးနှင့် ။

ကောင်းကျော်ကတော့ စားပွဲခုံရှေ့တွင်ထားထားသည့် ခုံ၌ထိုင်လိုက်ပြီး ကြမ်းပြင်ပေါ်မှနှစ်ယောက်ကိုသာ အေးအေးဆေးဆေးကြည့်နေလိုက်သည် ။ နှစ်ကောင်သားသည် လိုက်လည်းလိုက်၏ ။ ဖြစ်လိုက်ပြီဆိုလျှင် မျိုးဝင်းကယ်ပါ ၊ ပီတာကယ်ပါနှင့် ။ အဆုံးသတ်ကျတော့လည်း ဘာမှအရေးကြီးသည်မဟုတ်ဘဲ ပြီးသွားသည်ကခပ်များများ ။

" ဘာဖြစ်တာလဲ ပီတာ ၊ မင်း ဘာဖြစ်လို့လဲ ၊ ပြောစမ်းပါကွာ ၊ မင်းကြည့်ရတာ စိတ်မချမ်းသာလွန်းလို့ "

ဘာစကားမှမပြောသေးဘဲ တံခါးကိုလှမ်းကြည့်သည် ။ ကောင်းကျော် အလိုက်တသိပင် တံခါးချက်သွားချလိုက်၏ ။ ထိုအခါ ပီတာထွန်းညွှန့်ထံမှ အသံခပ်တိုးတိုးထွက်လာသည် ။

" ငါ gayနေပြီ "

" ဘာ "

မျိုးဝင်း၏အသံ ခပ်ကျယ်ကျယ်ထွက်လာသည်နှင့် ပီတာထွန်းညွှန့်၏လက်သီးချက်သည် မျိုးဝင်း၏ပခုံးပေါ်သို့ တန်းတန်းမတ်မတ်ရောက်ရှိလာသည် ။ နာလိုက်သည့်ဖြစ်ခြင်း ။ ရန်ပြန်မရှာနိုင် ။

" Gayတယ်ဆိုတော့ မင်းက ဘယ်သူ့ကို သဘောကျသွားလို့လဲ ၊ ဘယ်လိုဖြစ်တာလဲ နွားရာ ၊ မင်း အစက အကိတ်လေးတွေကိုပဲ သဘောကျနေတာလေ ၊ အခုမှ ဘယ်လိုဖြစ်သွားရတာလဲ ၊ မင်း သဘောကျတဲ့သူက ငါတို့ရပ်ကွက်ထဲကပဲလား ၊ ငါတို့သိတဲ့လူလား "

မျိုးဝင်းဆီမှ တရစပ်ထွက်လာသည့်မေးခွန်းများကြောင့် ဘယ်လိုဖြေရမှန်းမသိတော့ ။ အစက အကုန်လုံးပြောပစ်လိုက်မည်ဟု အားတင်းထားသော်လည်း ယခုလိုမျိုး တေ့တေ့ဆိုင်ဆိုင်ပြောရမည်ဆိုတော့ ရွှေရိုးနောင်ဆိုသည့်အမည်ကို ပါးစပ်မှထွက်မလာပေ ။ မျိုးဝင်းကို မျက်စိသူငယ်နားသူငယ်ဖြင့်သာ လှမ်းကြည့်နိုင်သည် ။

" မင်းသဘောကျနေတာ ရွှေရိုးနောင်မို့လား "

မျိုးဝင်းနှင့်ပီတာထွန်းညွှန့်၏အကြည့်များသည် ကောင်းကျော်ထံသို့ ရောက်ရှိသွားပြီး အံ့သြတကြီးမော့ကြည့်နေမိသည် ။ မျိုးဝင်းကတော့ လုံးဝမထင်ထားသည့်အမည်ကြောင့် အံ့သြသွားခြင်းဖြစ်ပြီး ပီတာထွန်းညွှန့်ကတော့ ကောင်းကျော်လို ခပ်အေးအေးကောင်က ဘယ်လိုမျိုးများ သူ့ခံစားချက်ကို သိသွားသနည်းဟု အံ့သြမိခြင်းပင် ။

ကောင်းကျော်၏ မျက်လုံးမှေးမှေးလေးများသည် ယနေ့တွင် အနည်းငယ်ပြူးနေသလိုပင် ။

မျိုးဝင်း ကောင်းကျော်ဆီမှအကြည့်ကို ပီတာထွန်းညွှန့်ဆီသို့ ပြောင်းရွှေ့လိုက်၏ ။

" ကောင်းကျော်ပြောတာဟုတ်လား ...ပီတာ "

ခပ်လေးလေးညိတ်လာသည့်ခေါင်း ။ ဘောင်းဘီအနားစကိုလည်း လက်နှင့်ဆွဲနေသေးပြီး နားရွက်ဖျားလေးကိုလည်း ကုတ်နေသေးသည် ။

" ငါလဲ ဘယ်လိုဖြစ်သွားမှန်းမသိပါဘူးကွာ ၊ ငါ ရွှေရိုးနောင်ကို သဘောကျနေမိမှန်း ကိုယ့်ဘာသာသိကတည်းက နေရတာ အရူးလိုပဲ ၊ စိတ်လဲညစ်တယ် "

ပီတာထွန်းညွှန့်စကားကြောင့် မျိုးဝင်းပါ မျောက်အိုကြီးလို မှိုင်ကျသွားသည် ။ ရွှေရိုးနောင်က လူချော ၊ လူဖြောင့်ဆိုတော့ ကြိုက်သည့်မိန်းကလေးများရှိနေနိုင်၏ ။ ထိုသို့ဆိုလျှင် သူတို့သူငယ်ချင်းက အသည်းကွဲဦးမည် ။

" သဘောကျရင် ဖွင့်ပြောလိုက် ပီတာ "

ကောင်းကျော်၏စကားကြောင့် ပီတာထွန်းညွှန့်၏မျက်ဝန်းများသည် အရောင်တောက်လာသော်လည်း တစ်ခဏအတွင်းပင် ပြန်ပြီးအရောင်မှိန်သွား၏ ။ ခေါင်းကိုလည်း ဘယ်ပြန်ညာပြန်ခါပြီး စိတ်ပျက်အားငယ်သံသည် ပီတာထွန်းညွှန့်ထံမှ ထွက်ပေါ်လာသည် ။

" မဖြစ်ပါဘူးကွာ ၊ အငြင်းခံလိုက်ရရင် ငါ အရှက်ကွဲမှာကွ ၊ နောက်ပြီးငါတို့နှစ်ယောက်က တစ်ရပ်ကွက်တည်းနေတာလေ ၊ မျက်နှာပူစရာကြီး "

" သူ ငြင်းမငြင်း မင်းကဘယ်လိုလုပ်သိနိုင်မလဲ ၊ ဟေ့ကောင် ရွှေရိုးနောင်ကလူချောနော် ၊ သဘောကျတဲ့မိန်းကလေးတွေလဲ အများကြီးနေမှာ ၊ အဲဒီတော့ပြောလိုက်တာ မမှားဘူး ၊ ဖွင့်သာပြောပစ်ကွာ "

မျိုးဝင်းကတော့ ကောင်းကျော်ပြောလျှင်လည်းခေါင်းညိတ်လိုက် ၊ ပီတာထွန်းညွှန့်ပြောလျှင်လည်းခေါင်းညိတ်လိုက်နှင့် ပုတ်သင်ညိုထက်ပင် အကြောင်းဆိုးနေသည် ။

" ရွှေရိုးနောင်မှာချစ်သူရှိတယ်လို့ ငါထင်တယ် ကောင်းကျော် "

" မင်း တွေ့ဖူးလို့လား "

" မနက်က ကားနဲ့မုန့်ဟင်းခါးလာဝယ်တဲ့ကောင်မလေးလေ ၊ ငါ့စိတ်ထဲမှာ သူ့ကို ရွှေရိုးနောင်ရဲ့ရည်းစားလို့ပဲထင်တယ် "

" အဲဒါဆိုရင်တော့ မင်း စိတ်မပူနဲ့ ၊ အဲဒီကောင်မလေးနဲ့ ရွှေရိုးနောင်က သိပ်ခင်တဲ့သူငယ်ချင်းပုံစံတွေပါ ၊ အဲဒါကိုတော့ ငါ သေချာပြောနိုင်တယ် "

ဝမ်းခုနစ်ရက်မသွားရသဖြင့် ရှုံ့မဲ့နေသည့်မျက်နှာမျိုးဖြစ်နေသော ပီတာထွန်းညွှန့်မှာ ကောင်းကျော်၏စကားကြောင့် ချက်ချင်းပင်တက်ကြွလာသည် ။ 

" အဲဒါဆို ငါ ပြောလိုက်ရမှာပေါ့ "

" အေးပေါ့ ၊ မင်း မပြောလို့ ငါတို့သွားပြောလို့ရမလား "

" မင်းတို့ပြောစရာလား ၊ ငါ့ဘာသာပြောမှာပေါ့ကွ "

ချက်ချင်းပင်ပြောင်းသွားသည့်အသံ ။ အိညှောင့်ညှောင့်အသံမဟုတ်တော့ဘဲ ကောက်ညှင်းဆန်မနပ်သလိုမျိုး မာဆတ်ဆတ်နှင့် ။

" မင်းတို့ငါ့ကို မရွံဘူးပေါ့နော် "

မျိုးဝင်း၏လက်သည် ပီတာထွန်းညွှန့်၏ခေါင်းပေါ်သို့ ဒေါက်ခနဲရောက်လာသလို ကောင်းကျော်၏အိတ်သည်လည်း ပီတာထွန်းညွှန့်၏ရင်ဘတ်တည့်တည့်ဆီသို့ ။

" သောက်ပိုတွေပြောနေပြန်ပြီ ၊ ငါရောကောင်းကျော်ရော မင်းအပေါ် အဲဒီလို သဘောမထားမှန်းသိလို့ပြောပြပြီးတော့ ဒရမ်မာလာချိုးနေတယ် "

ပီတာထွန်းညွှန့် ဘေးနားရှိမျိုးဝင်းကိုသိုင်းဖက်လိုက်ပြီး ကောင်းကျော်ကိုပါ လက်ယပ်ခေါ်လိုက်၏ ။ ခေါင်းတယမ်းယမ်းနှင့် သူတို့နှစ်ယောက်နားကိုလျှောက်လာသည့် ကောင်းကျော်၏လက်ကိုပါဆွဲချ၍ ဖက်လိုက်သည့်အခါ တဟားဟားရယ်သံသည် အခန်းငယ်လေးထဲတွင် ပျံ့နှံ့သွားပြီး ချစ်ခြင်းသံယောဇဥ်များကလည်းပိုမိုခိုင်မြဲလျက် ။

14/2/2022
16/2/2022မှာ ပြန်တွေ့ကြမယ်နော်
ခင်လေးဥာဏ်

Continue Reading

You'll Also Like

1M 52.6K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
228K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
217K 21.8K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
239K 8.9K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...