Clickဖို့ မမေ့ကြပါနဲ့နော် ဖုန်းဘေလ်ခြွေတာနေတယ်ဆိုရင်တောင် ငါးခု ခြောက်ခု ခုနစ်ခု ရှစ်ခုလောက်တော့ သွားclickလိုက်နော် အများကြီးမကုန်ပါဘူး❤️
Title - နောက်ဆုံးတော့ဗိုက်ပြည့်သွားပြီ
သူသည် သူ၏အမျိုးသမီးလေးအား သူ၏အမြီးမှာ နူးညံ့ ၊ အမွေးပွ ၊ နွေးထွေးသည်ကို ဘယ်သောအခါမျှသိခွင့်ပေးလိမ့်မည်မဟုတ်ဟု အချို့ဝံပုလွေများက ထင်ကြမည်ဖြစ်သော်ငြား သူ၏ခန္ဓာကိုယ်ကမူ အမြဲလိုပင် ရိုးသားနေပါ၏။
ဝံပုလွေသည် သူ၏အမြီးအား အရမ်းကြီးပြင်းပြင်းထန်ထန် မရွေ့လျားရဲလေဘဲ ညင်သာသိမ်မွေ့စွာသာ အသက်ကိုလည်း ရှူသွင်းနေလေ၏။ နောက်ပိုင်း၌ နာကျင်မှုနှင့် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်တို့၏ နှစ်ဆဖိနှိပ်လာမှုကြောင့် အနည်းငယ် ကသိကအောက်ပုံစံဖြင့်ပင် ထိန်းသိမ်းထားရပါ၏။ "ဥတစ်ဥအားဝပ်"နေစဉ်တွင် သူသည် နာကျင်မှုကိုတောင့်ခံရန်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးအူတိုင်ကို ပြုပြင်ရန် ကြိုးစားလေ၏။
ရွမ်းကျောင်သည် ခါတိုင်းကဲ့သို့ပင် လေထုထဲရှိ စွမ်းအားကိုယူရန် ကြိုးစားလိုက်၏။ သို့ပါသော်လည်း စွမ်းအားအနည်းငယ်ကို အောင်မြင်စွာစုပ်ယူပြီးသည့် အချိန်တိုင်းမှာပင် ထိုစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲရှိ ပို၍ရုန်းကန်ထိုးထွက်လာသော နတ်ဆိုးစွမ်းအင်များထံမှ ချက်ချင်းပင်ဝန်းရံခံလိုက်ရပြီး အရူးအမူး ဝါးမြိုခြင်းကို ခံလိုက်ရ၏။
ရွမ်းကျောင် နှစ်ကြိမ်ကြိုးစားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိစွမ်းအင်မှာ တိုးမလာရုံသာမက မှော်စွမ်းအင်(နတ်ဆိုးစွမ်းအင်)ကမူ အများအပြားပင် တိုးပွားလာလေ၏။
သူ ထပ်၍ မကြိုးစားရဲတော့ပေ။ သူ၏သွေးထဲမှ အဆက်မပြတ်စီးဆင်းနေသည့် နတ်ဆိုးစွမ်းအင်အားဖိနှိပ်ရန် နတ်ဆိုးအသိစိတ်ကိုသာ ပြင်းပြင်းထန်ထန် ထိန်းချုပ်နေရ၏။ ထို့ပြင် သူ၏လည်ချောင်းထဲတွင် ချိုမြမြရနံ့တစ်ခုလည်း ရှိနေလေ၏။
နတ်ဆိုးအူတိုင်သည် အရင်အကြိမ်ကထက်ပို၍ အက်ကွဲလာပုံပင်။ ရွမ်းကျောင်သည် ရက်စက်လှသည့်အရာတစ်ခုကို ဝိုးတိုးဝါးတား သဘောပေါက်သွားတော့၏--
သူ ပြန်ကောင်းမလာနိုင်တော့လောက်ပေ။
ဖြစ်နိုင်သည်မှာ သူသည် သွေးသန့်ဝံပုလွေတစ်ကောင် မဟုတ်လောက်။ သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်ဆိုသည်မှာလည်း သူ၏သွေးမှ အရင်းခံလာခြင်းပင် ဖြစ်ပေလိမ့်မည်။
ဤဖြစ်နိုင်ခြေအား တစ်ကြိမ်သာ စဉ်းစားမိလိုက်ရုံဖြင့် ရွမ်းကျောင်သည် နတ်ဆိုးပိုင်ဆိုင်သည့် သွေးတစ်စိတ်တစ်ပိုင်းမှာ သက်ဝင်လှုပ်ရှားနေသောကြောင့် အနီးအနားရှိသတ္တဝါများ၏အသက်ကို သူ,သတိမထားမိလိုက်ခင်မှာပင် ဝါးမြိုသွားသည်ကို ခန့်မှန်းလိုက်နိုင်၏။
ဤဖြစ်နိုင်ခြေအား တွေးမိသွားသောအခါ ရွမ်းကျောင်သည် သတိမထားမိစွာပင် မသက်မသာဖြစ်လာတော့၏။
သူ ပြင်းပြင်းထန်ထန်အံကြိတ်လိုက်ပြီး အလွန်အမင်း ကသိကအောက်ဖြစ်သွားရ၏။
သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာသော ဒေါသနှင့်အကြမ်းဖက်လိုစိတ်တို့ကို မထိန်းချုပ်နိုင်ဖြစ်လျက် သူ၏အမြီးဖြင့် ကျောက်ကုတင်ကိုပင် အပိုင်းပိုင်းဖျက်ဆီးပစ်ချင်လာ၏။
သို့သော် သူအနည်းငယ်မျှ ရွေ့လိုက်ရုံဖြင့် အစောကလောက် မအေးတော့သည့် လုံးလုံးဝန်းဝန်းဥကို ထိမိသွား၏။
ယွမ်ချိုးချိုးက ထိုဟာကို သူ့အမြီးပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။
ခါးသက်လှသည့် စိတ်ဓာတ်ကျခြင်းကို မြိုချလျက် အသိစိတ်ပျောက်လုနီးပါးဖြစ်နေသော ရွမ်းကျောင်၏မျက်လုံးနီများမှာ တဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်သွားကြ၏။
သူမလှုပ်ရဲပေ သို့သော် ငြိမ်ငြိမ်လေး စောင့်နေရှာ၏။
တစ်စက္ကန့်
နှစ်စက္ကန့်...
...
တစ်မိနစ်
နှစ်မိနစ်...
...
ငါးမိနစ်..
...
ဆယ်မိနစ်.....
အိပ်ခန်းအပြင်ဘက်တွင် ခပ်ဖွဖွခြေသံ ထွက်ပေါ်လာလေပြီ။
ယွမ်ချိုးချိုးသည် သိုလှောင်ခန်းထဲသို့ ရေပြေးချိုးပြီးနောက် သူမတွင် နောက်ဆုံးကျန်ရှိသည့် သန့်ရှင်းနေသော တိရစ္ဆာန်အရေခွံကုတ်ကိုဝတ်ဆင်ပြီး ပြန်လာချိန်တွင် မစ္စတာဝံပုလွေသည် ဥကို အနွေးဓာတ်ဖြင့် လွှမ်းခြုံစေပြီးဖြစ်၏။
အဘယ်ပြင်းထန်သော ရုန်းကန်ရမှုမျိုးနှင့် သူယခုလေးတင် ကြုံတွေ့လိုက်ရသည်ကို ယွမ်ချိုးချိုး မသိလိုက်ပါပေ။ သို့သော်ငြား သူမ၏နှုတ်ခမ်းများမှာ ကွေးညွတ်သွားပြီး သူမ မစ္စတာဝံပုလွေဆိုးကြီးကို ခေါ်လိုက်၏ "ယောက်ျား ယောက်ျား? ရှင်နိုးနေပြီလား?"
သူမ သူမ၏ဆံပင်များကိုသုတ်လိုက်ရင်း အကြည့်တစ်ချက်ဖြင့် ဝံပုလွေ၏နားရွက်များ အပြင်းအထန်လှုပ်နေသည်ကို သူမ,မြင်လိုက်ရလေ၏။
သရုပ်ဆောင်မကောင်းတဲ့ မစ္စတာဝံပုလွေဆိုးကြီးတော့ နိုးနေပြီ။
ယွမ်ချိုးချိုး ပျော်ရွှင်စွာပင် လျှောက်သွားလိုက်သည်။ အရင်ကကဲ့သို့ပင် သူသည် "သတိမေ့"နေဦးမည်ဟု တွေးမိသောကြောင့် သူ၏သရုပ်ဆောင်မှုနောက်ကို သူမ,လိုက်ပါပေးလိုက်ပါ၏။ သို့ပါသော်လည်း သူမ သားရေခန်းဆီးအား မ,တင်လိုက်ပြီး စည်ပိုင်းဖြင့် အထဲသို့ဝင်လာသည့်အချိန်တွင် အရင်ကလောက်မချောမောရှာတော့သည့် ကျောက်ကုတင်ပေါ်က ဝံပုလွေနတ်ဆိုးသည် သူမအား တုံ့ပြန်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပါချေ။
"နိုးပြီ"
အမျိုးသမီးတစ်ဦး၏အသံနှင့် အလုံးစုံခြားနားလှသည့် ခပ်တိုးတိုး ခပ်အက်အက် အသံတစ်ခုသည် ထွက်ပေါ်လာလျက် သူမအား အနည်းငယ်အံ့ဩသွားစေရင်း သူမ၏နားထဲသို့ စီးဝင်လာ၏။
သူမ၏မျက်လုံးများမှာ အနည်းငယ်ပြူးကျယ်သွားလေပြီး သားရေခန်းဆီးအား မ,တင်နေသည့် သူမ၏လှုပ်ရှားမှုများမှာ ရပ်တန့်သွားရ၏။ သူမ သူမ၏ဆံပင်များမှာ မခြောက်သေးဘဲ လူတစ်ကိုယ်လုံးမှာလည်း ဖိုသီဖက်သီဖြစ်နေသည်ကို သတိရသွားသောအခါတွင်မူ အနည်းငယ် ရှက်သွားလေတော့၏။
"ရှင် ရှင် နိုးနေပြီပဲ...." ယွမ်ချိုးချိုး သူမ၏ပါးပြင်အား ကုတ်လိုက်ပြီး သတိပြန်ဝင်သွားပြီးနောက် သားရေခန်းဆီးအား အလျင်အမြန်ချလိုက်လေ၏ "ကျွန်မ ကျွန်မ ဆေးကြောနေတာ"
ယွမ်ချိုးချိုး မျက်တောင်ရှည်များနှင့် နားရွက်လေးများ တုန်ရီနေကြသည့် ကုတင်ပေါ်က ဝံပုလွေကို ကြည့်လိုက်၏။ သူ ထိုင်ချင်နေပုံပေါ်ရသော်ငြား လှုပ်မလာပါပေ။
သူနာကျင်နေသည်ဟု ယွမ်ချိုးချိုး တွေးလိုက်မိပြီး ရှက်မနေတော့။ သူမ အထဲသို့ လျှောက်လာပြီး စည်ပိုင်းကို ကျောက်စားပွဲပေါ် တင်လိုက်သည်။ သူမ ညင်သာစွာ ဆိုလိုက်၏ "မသက်မသာဖြစ်နေလို့လားဟင်?"
ရွမ်းကျောင် နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီး သူ၏နားရွက်များမှာ ကွေးညွတ်ကျသွားကြပါ၏။ သူ၏အာရုံစူးစိုက်မှုမရှိသော မျက်လုံးများသည်လည်း ပွင့်လာလေပြီး သူ၏မျက်ခုံးများကမူ တွန့်ချိုးနေပါ၏။ စကားပြောရန်အတွက် အားအင်အများကြီးအား စိုက်ထုတ်ထားရသည့်ပုံပါပင်။
"ဥ"
ယွမ်ချိုးချိုး : ".........?"
နှစ်စက္ကန့်။
ရေသွားမချိုးခင်က သူမ ဝံပုလွေ၏အမြီးအား မည်ကဲ့သို့ လုပ်ထားခဲ့သည်ကို ချက်ချင်းသတိရသွားတော့၏။ သူမ ရုတ်ချည်းနီရဲသွားပြီး အလွန်ကို ရှက်သွားလေတော့၏။
ရွမ်းကျောင်မှာမူ ထိုစကားအား နှစ်ကြိမ်ပြောရန် အသိအသာကြီးပင် ရှက်နေပါသော်ငြား သူ သူ၏နှုတ်ခမ်းများအား စေ့ထားကာ မလှုပ်ရဲရှာပေ။ အလွန်တောင့်တင်းနေသည်ပုံစံကြီးဖြင့်သာ လဲလျောင်းနေလေ၏။
သူမ၏နှလုံးသားထဲတွင် အနည်းငယ် ရယ်စရာကောင်းသလို အနည်းငယ်လည်း ခါးသက်နေ၏။
——သူမသည် ဥကို သူ၏အမြီးပေါ်တွင် တင်ထားခဲ့သောကြောင့် ဝံပုလွေသည် အလွန်တုံးအလှစွာဖြင့် လဲလျောင်းနေခဲ့ခြင်းလား?
ယွမ်ချိုးချိုး အလျင်အမြန် မျက်တောင်ခတ်လိုက်ပြီး မစ္စတာဝံပုလွေဆိုးကြီး၏ မသိမသာပန်းရောင်သမ်းနေသော နားရွက်လေးများကို ချောင်းကြည့်လိုက်သည်။ သူမ ချောင်းဆိုးလိုက်ပြီး ကျောက်ကုတင်ဆီသို့ လျှောက်သွားကာ တိုးတိုးဆိုပါ၏ "....ကျွန်မ မရည်ရွယ်ဘဲနဲ့ ဥကိုတင်မိသွားတာ ၊ အခု.... ချလိုက်မယ်နော်"
ယွမ်ချိုးချိုး မရည်ရွယ်ပါဘူးဟုပြောသော်ငြား အမှန်မှာ ရည်ရွယ်ခဲ့သည်ပင်။
သူမ အလွန်ဆိုးပါသည်။
အဘယ်ကြောင့်များ သူမ သိပ်ဉာဏ်ကောင်းနေရသည်ကို သူမလည်း မသိပါဘူး။
မီးခိုးဖျော့ရောင်ဝံပုလွေကြီး Slowpokeကြောင့် သူမ ဥကို ကောက်ယူလိုက်သည့်အချိန်တွင် တမင်သက်သက် သူ၏အမြီးကို ပွတ်တိုက်ပစ်လိုက်၏။
သူမ၏ အနည်းငယ်ပူနေသော လက်ချောင်းထိပ်များက သူ၏အမြီးအား ထိသွားပြီးနောက် အလွန်အကျွံများသောလျှပ်စစ်ဓာတ်အားကဲ့သို့ ခံစားချက်သည် ရုတ်တရတ် စီးမြောလာ၏။
ရွမ်းကျောင်၏မျက်လုံးများမှာ အနီရောင်အထိအတွေ့တစ်ခု ဝင်ရောက်စီးမြောလာလျက် သူ၏နားရွက်များကမူ ပို၍နီရဲလာလေ၏။ ဝံပုလွေ၏တစ်ကိုယ်လုံးသည် အပြင်းအထန် တုန်ရီသွားရှာတော့၏။
ယွမ်ချိုးချိုး သူ့အား ကြည့်လိုက်ပြီး သူ၏အမြီးသည် ယခင်ကကဲ့သို့ပင် နာကျင်နေသည်ဟု ထင်သွားတော့ကာ လန့်သွားမိ၏။ သူမသည် သူမကိုယ်သူမသာ ချက်ချင်းအပြစ်တင်မိတော့၏။
လုံးဝကို မနာကျင်ပါသော်ငြား သူ၏အမြီးအကြီးကြီး စမ်းသပ်မှုကို အောင်မြင်သွားသလားဆိုသည်ကို အလွန်စိုးရိမ်နေရပါသော ဝံပုလွေ : "................."
ယွမ်ချိုးချိုးသည် မစ္စတာဝံပုလွေဆိုးကြီး ကွေးထားသည့် နူးညံ့ကာကြီးမားသည့်အမြီးအား အလွန်ညင်သာစွာ ထိလိုက်ပါ၏။
ဤအချ်ိန်တွင် ဝံပုလွေပို၍တုန်ရီလာသည်ကို သူမ,ခံစားမိ၏။
ယွမ်ချိုးချိုး သူ၏အမြီးအား ထပ်၍မထိရဲတော့ဘဲ ဝံပုလွေနတ်ဆိုး၏ နဖူးပေါ်တွင် ထွက်စပြုနေသော ချွေးအလွှာပါးလေးအား လှမ်းကြည့်လိုက်၏။ နာကျင်မှုကြောင့်ဖြစ်မည်- သူ၏မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် ကျုံ့နေပြီး နှုတ်ခမ်းပါးများကမူ ဖြူဖျော့နေ၏။ ယွမ်ချိုးချိုး ချက်ချင်းပင် ပို၍ ပို၍ အပြစ်ရှိစိတ်ဖြစ်လာ၏ "တောင်းပန်ပါတယ်........"
ဖြစ်စဉ်တစ်ခုလုံးသည် သူ့အား အနည်းငယ်ပူလောင်စေခဲ့၏ "..........."
(ဒီစာကြောင်းကြီးကို အိုင်တကယ့်ကိုနားမလည်တာ ဘယ်ကဘယ်လိုဟာကို ပြောချင်မှန်းကို မသိဘူး (>▂<) )
သို့သော်ငြား သူသည် "ဘယ်သူ့အမြီးက ပိုနွေးထွေးပြီး ပိုနူးညံ့လဲ ၊ ကိုယ့်ဟာလား မစ္စတာSlowpokeဟာလား?"ဟူ၍ ယွမ်ချိုးချိုးအား တိုက်ရိုက်ကြီး မေးရန်အတွက်တော့ သတ္တိမရှိလှပါပေ။ သူ သူ၏ချဉ်စူးကာ ပြင်းထန်နေသည့် နှလုံးခုန်သံများကို ငြိမ်သက်စေထားရပြီး သူ၏လက်မောင်းများကို ဖြည်းဖြည်းချင်းအားပြုရင်း ထထိုင်ရန် ကြိုးစားလိုက်၏။
မစ္စတာဝံပုလွေဆိုးကြီးသည် နာကျင်မှုကို ကျော်လွှားရန်နှင့် ထိုင်နိုင်ရန် အပြင်းအထန်ကြိုးစားနေ၏။ သို့သော် ယွမ်ချိုးချိုးသည် အဝတ်မပါသည့် ကျောပြင်တစ်လျှောက် ဝဲကျနေသည့် ပျော့ပြောင်းကာ နက်မှောင်နေသော သူ၏ဆံပင်အရှည်ကြီး ၊ လှပသည့် လိပ်ပြာရိုးသွင်နှင့် ကြီးမားကျယ်ပြန့်သောနောက်ကျောပေါ်ရှိ အမာရွတ်အားကြည့်ရင်း သူမ၏ပါးပြင်များမှာ အနည်းငယ်နီရဲလာလေ၏။
သူမ ဥကို ကျောက်စားပွဲပေါ်သို့ တင်လိုက်ပြီး သူမ အရင်က သူ့အတွက်ချုပ်ထားသည့် အတော်လေးခြောက်နေပြီဖြစ်သော တိရစ္ဆာန်အရေခွံကုတ်ကိုယူလိုက်၏။ သူမ၏အသံမှာ အနည်းငယ် သဘာဝမကျဖြစ်နေရှာ၏ "ယောက်ျား ယောက်ျား ၊ ကျေးဇူးပြုပြီး ကုတ်ကို ဝတ်လိုက်ပါဦး"
ရွမ်းကျောင် : "..."
သူမေ့သွားတာ ၊ သူက ကိုယ်တုံးလုံးဝံပုလွေတစ်ကောင် ဖြစ်နေတုန်းလေ။
ရွမ်းကျောင်၏ ပန်းရောင်သမ်းနေသည့် နားရွက်ထိပ်လေးများမှာ ပို၍ပန်းရောင်သမ်းလာတော့ကာ မသိမသာပင် နီရဲချင်လာလေ၏။
သားရဲအထီးအများစုမှာ ကြမ်းတမ်းကြ၏။ ဆန့်ကျင်ဖက်အနေဖြင့် သူကမူ အမြဲတမ်းပင် ကောင်းကောင်းမွန်မွန် ဝတ်စားတတ်၏။ သူ၏ကိုယ်တစ်ပိုင်းတုံးလုံးပုံစံကို ဘယ်သားရဲ ဘယ်လူသားကမျှ မမြင်ဖူးပါပေ။
သို့သော်လည်း ယွမ်ချိုးချိုး၏ရှေ့တွင်မူ သူသည် အဝတ်ဝတ်ရန် အမြဲတမ်းမေ့နေပြီး လူရမ်းကားလုပ်တမ်းသာ အမြဲလို ကစားချင်နေ၏။
ရွမ်းကျောင် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး (ပြတ်သွားရာမှ)ကျန်ရှိသေးသောခြေထောက်လေး သားရေနှင့်ပွတ်တိုက်သွားရာမှ ပြင်းထန်လှသော နာကျင်မှုကိုသည်းခံကာ ဖြည်းဖြည်းချင်း ထိုင်လိုက်၏။
သူသည် နာကျင်မှုကြောင့်ဖြစ်ပေါ်လာသည့် အသံတစ်သံကိုပင် မထွက်စေရဘဲ နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် ဖိကပ်ထားသော်ငြား သူ၏ခေါင်းကိုမူ ယွမ်ချိုးချိုး၏အသံလာရာဆီ ဖြည်းဖြည်းချင်း လှည့်လိုက်ပါ၏။ ထို့နောက် သူ၏လက်မောင်းကို ဖြည်းဖြည်းချင်းဆန့်ထုတ်ကာ သူမကမ်းပေးထားသော သားရေအဝတ်ကို ကိုယ်တိုင်ယူရန် ကြိုးစားနေ၏။
မစ္စတာဝံပုလွေ၏ သိသာထင်ရှားသော တည်နေရာမမှန်ကန်ကာ အာရုံစူးစိုက်မှုမရှိပါသည့်အကြည့်နှင့် မဝံ့မရဲဆန့်တန်းထားသော ရှည်လျားသည့် လက်မောင်းများကိုကြည့်ရင်း ယွမ်ချိုးချိုး သူမ၏နှလုံးသားထဲတွင် နာကျင်မှုကို ခံစားရ၏။
သို့သော် သူမ နေရာမှာ ဒီအတိုင်း ရပ်နေရုံသာရပ်မနေနိုင်ပေ။ သူ၏လက်ဖဝါးအကြီးကြီး၏ လားရာနောက်သို့သာလိုက်ရင်း တိရစ္ဆာန်အရေခွံကုတ်ကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်ပါ၏။
လက်ဖဝါးအကြီးကြီးသည် နူးညံ့လှသည့် တိရစ္ဆာန်အရေခွံကုတ်ကို ထိမိသွားပြီးနောက် မစ္စတာဝံပုလွေ၏မျက်ခုံးများ အလွန်တင်းမထားတော့သည်ကို ယွမ်ချိုးချိုး ထင်ထင်ရှားရှား တွေ့လိုက်ရ၏။
ရွမ်းကျောင်သည် နာကျင်မှုကြောင့် တုန်ရီနေသောငြား သူ၏အမျိုးသမီးလေးရှေ့တွင်မူ အလွန်နာကျင်ကာတုန်ခါနေသော အသံကိုထိန်းထားရင်း သူ၏ကျောကိုမတ်နေစေရန် ကြိုးစားနေဆဲပါပင်။ မှားယွင်းသည့်ဘက်သို့ မျက်နှာမူလျက် သူ ယွမ်ချိုးချိုးအား ပြောပါ၏ "ကျေးဇူးတင်ပါတယ်"
သူ၏အနည်းငယ် ဖွင့်ထားသော မျက်လုံးများ ၊ တင်းတင်းကြပ်ကြပ်ဖိထားပါသော နှုတ်ခမ်းများနှင့် သူ၏လက်ဖဝါးအကြီးကြီးဖြင့် သားမွေးကုတ်အား စမ်းတဝါးဝါးလုပ်နေသည်ကို သူမ,စောင့်ကြည့်နေခဲ့ပါသည်။ သူ လက်လျှိုရန် နည်းလမ်းရှာနေပုံပါပင်။ သူမ ရှေ့သို့တိုးကာ သူ့အား အဝတ်ကူဝတ်ပေးလိုက်ချင်သည်။
သို့သော်ငြား သူသွေးအန်သည့်အချိန်က မေ့မြောဟန်ဆောင်ရန်သာ (သူ့ကိုယ်သူ)အတင်းအကြပ်တွန်းအားပေးနေခဲ့သည့်နေနှင့် ယခုလေးတင်ပြောလိုက်သော "ကျေးဇူးတင်ပါတယ်"ဆိုသည်တို့ကို သူမ,တွေးမိသွား၏။ ထို့ကြောင့် သူမ အသက်ပြင်းပြင်းတစ်ချက်သာ ရှိုက်လိုက်လျက် ပြန်ဆုတ်လိုက်တော့၏။
"ကျေးဇူးတင်ဖို့မလိုပါဘူး ၊ ကျွန်မ..... ကျွန်မ နှင်းယူပြီး ပြင်ဆင်ဖို့ အပြင်ထွက်လိုက်ဦးမယ်" ယွမ်ချိုးချိုး လှည့်လိုက်ပြီး စည်ပိုင်းကိုယူ၍ အပြင်ထွက်သွားတော့၏။
ခြေသံများအားနားထောင်ရင်း ရွမ်းကျောင်မှာ မသိမသာ ယိုင်ကျသွား၏။
ပူနွေးနေသောအရည်များ ကျောရိုးနှင့် သူ၏ခြေတို(ပြတ်)လေးအထိ စီးဆင်းသွားကြသည်ကို မခံစားမိခင်အထိ သူ ငြိမ်သက်စွာဖြင့် နှစ်ကြိမ်မျှ ပင့်သက်ရှိုက်လိုက်မိ၏။
သွေးတွေ။
ပြည်နဲ့ရောနေတဲ့ သွေးပျစ်တွေ။
၎င်းမှာ သူ၏အခြေအနေမည်မျှဆိုးရွားလှသည်ကို သတိပေးနေသလိုပါပင်။
သူ တစ်ခုတည်းသော ကိုယ်ပိုင်ခွန်အားဖြင့် ထိုင်ရုံသာထိုင်နိုင်နေပြီး အဝတ်များကို ဝတ်နေခြင်းဖြစ်ပါ၏။ ယင်းတို့မှာ သူ၏အသိစိတ်ဆုံးရှုံးလုမတတ် သိပ်ကိုနာကျင်လှကာ ဘာဆိုဘာမျှလုပ်နိုင်စွမ်းမရှိ ဖြစ်စေ၏။
၎င်းမှာ သားရေထည်ကိုပင် စွန်းထင်သွားစေတော့သည်။
သူမမှာ အလွန်ကိုအလုပ်ကြိုးစားနေရပြီး သူကမူ ဘာဆိုဘာမျှ မကူညီနိုင်ပါပေ။
ရွမ်းကျောင်၏မျက်လုံးများမှာ အချိန်တစ်ခုလောက် ထိုင်းမှိုင်းသွားလျက် သူ၏မျက်လုံများနီရဲလာကာ အံကိုကြိတ်ထားမိတော့၏။
——ယွမ်ချိုးချိုး ပြန်လာသည့်အချိန်တွင် မစ္စတာဝံပုလွေဆိုးကြီးသည် အဝတ်ဝတ်ထားပြီးဖြစ်ကာ ကျောက်နံရံကို မှီထား၏။
သူသည် လှုပ်ရှားမှုများကို ကြားလိုက်ရသောအခါ သူ၏ခေါင်းအား လှည့်လိုက်ပြီး မသိမသာမှေးကျဉ်းလျက် ရှည်လျားသောမျက်ဝန်းများမှာ ရှုပ်ထွေးမှုကြားစုန်ဆန်ကာ နှုတ်ခမ်းများကမူ ပိုမိုဖျော့တော့နေ၏။
ဤအကြိမ်သည် ယွမ်ချိုးချိုး သတိရနေသော မစ္စတာဝံပုလွေကြီးနှင့် မျက်နှာချင်းဆိုင်ရသော ပထမဆုံးအကြိမ်ဖြစ်လေ၏။ သူမ သူ၏ပြာညို့ညို့မျက်ဝန်းများနှင့် ဆုံတွေ့သည့်အခိုက် သူမ ပထမဆုံးအကြိမ်အဖြစ် ရှင်းရှင်းလင်းလင်းကြီးကို သဘောပေါက်သွားရ၏။
သူမ၏ မီးခိုးဖျော့ရောင်ဝံပုလွေSlowpokeမှာ အမှန်တကယ်ကို မမြင်နိုင်သည်ပါပင်။
သူ၏အမူအယာမှာ တည်ငြိမ်နေပါလျက် သေးငယ်လှသည့် ထူးမခြားနားမှုတစ်ခုလေးပင်မရှိ ၊ ပန်းရောင်ဖျော့ဖျော့ နားရွက်လေးများသည်ပင် ပန်းရောင်ထပ်သမ်းမနေတော့ပါပေ။
သို့သော် သူအဝေးကြီးကို ကြည်နေလေသည်ကို ယွမ်ချိုးချိုး ခံစားမိပါ၏။ သိပ်ကိုဝမ်းနည်းစရာကောင်း၏။
ယွမ်ချိုးချိုး၏မျက်လုံးများမှာ ချဉ်စူးစူးဖြစ်လာပြီး သူမကိုယ်သူမ ပျော်ရွှင်စွာ စကားပြောစေရန် ကြိုးစားလိုက်၏ "ဒီနေ့လေ ကျွန်မ နှင်းထဲမှာ ထောင်ချောက်တူးထားခဲ့တာ ၊ သားကောင်တော့မရပေမယ့် ကံကောင်းချင်တော့ အဲ့ထဲကနေ ဥတစ်လုံးရခဲ့ပါလေရော..."
အိပ်ခန်းထဲရှိလေထုသည် အပြင်ကထက် အနည်းငယ်ပိုနွေးပါ၏။ ယွမ်ချိုးချိုး လုပ်စရာရှိသည်များကိုလုပ်ရင်း စကားဆက်ပြောနေခဲ့သည်။
မီးလျှံဝံပုလွေမျိုးနွယ်စုရှိ ဝံပုလွေသားရဲအရူးများထံမှ အနိုင်ကျင့်ခံခဲ့ရသည့် အပိုင်းများကို ထိမ်ချန်လျက် သူမ စကားအများကြီး ပြောခဲ့၏။ ဖြစ်နိုင်သမျှပျော်ရွှင်စေမည့် စကားများကိုသာ ရွေးချယ်ပြောနေခဲ့၏။
"ဒီနေ့ဂူကိုလာတဲ့ကောင်လေး ရှောင်ယွီကပြောပြတယ် တောထဲမှာ ဂျင်စင်းရိုင်းတွေ ရှိသတဲ့....."
ဘိုးဘိုးမို၏မိသားစုအကြောင်း ပြောနေသည့်အချိန်တွင် သူမ ဟာသပြောလိုက်၏ "ကျွန်မအထင် မိုမောင်က ငါးနဲ့ catnipကို ကြိုက်ပုံပဲ....."
သူမအများကြီး ပြောနေခဲ့ပါသော်ငြား ဝံပုလွေသည် သူမအား မတုံ့ပြန်ပါပေ။
ယွမ်ချိုးချိုး တဖြည်းဖြည်း ဝမ်းနည်းလာတော့၏။ သူမ ခွဲထားသောဥကို ကျောက်အိုးထဲသို့ထည့်လိုက်ပြီး ဝံပုလွေ သေများသွားပြီလားကြည့်ရန် လှည့်လိုက်သည်။
သူသည် မျက်လုံးများအား တင်းတင်းကြပ်ကြပ်ပိတ်ထားပါပြီး တစ်စုံတစ်ခုပြောချင်သကဲ့သို့ နှုတ်ခမ်းများမှာ တဖျပ်ဖျပ်လှုပ်နေလေ၏။ ထို့ပြင် ရွမ်းကျောင်၏မျက်နှာပေါ်ရှိ အနက်ရောင်အဖုလုံးများမှာလည်း စတင်ပျံ့နှံ့လာနေ၏။
ယွမ်ချိုးချိုး၏ နှလုံးသားမှာ နစ်မြုပ်သွားလေပြီး သူ့အား စွမ်းအင်တစ်ချို့ပို့ပေးရန် ရည်ရွယ်လျက် ကျောက်ကုတင်ဆီသို့ လျှောက်သွားလိုက်၏။
သူ၏ တိုးတိုးလျလျအသံအား သူမ,ကြားလိုက်ရသည့်အချိန်တွင် သူမသည် သူနှင့်အနီးကို ရောက်နေခဲ့ပြီဖြစ်၏။
သူ ဆိုလာပါ၏ "အေးနေခဲ့သလား ဒါမှမဟုတ် မအေးဘူးလား?"
မင်း အေးနေသလား?
အေးနေရှာမှာပေါ့။
ဝံပုလွေဘာပြောနေသည်ကို သူမ,သဘောမပေါက်ခင်အထိ ယွမ်ချိုးချိုး စက္ကန့်အနည်းငယ်လောက် အေးခဲနေခဲ့၏။
သူမ၏မျက်လုံးများမှာ ပူနွေးလာပါ၏——
ဝံပုလွေငတုံးလေး၏မှတ်ဉာဏ်မှာ သိပ်သည်းများပြားလှသည့်နှင်းများထဲ သူမ အချိန်အကြာကြီးလျှောက်ခဲ့ရကာ လေမှာပြင်းထန်လျက် သူမနှင်းအများကြီးတောင်စားခဲ့ရသည်ဟူသော သူမ၏အပြောတွင် နေရစ်ခဲ့ဟန်တူ၏။
သူမ နှင်းများအကြောင်းအား အလျင်စလိုသာ ပြောခဲ့ခြင်းပါပေ။
သူ,မမြင်နိုင်သည်ကို ယွမ်ချိုးချိုးသိပါသော်ငြား ခေါင်းခါယမ်းပါလိုက်ပါ၏ "ကျွန်မ မအေးပါဘူး"
"မစ္စတာအရန်အစားအစာ ၊ ကျွန်မ မအေးပါဘူး"
သူမ ထိုစကားကို အကြိမ်ပေါင်းမြောက်များစွာ ပြောနေခဲ့သည်။ ထို့နောက် ဝံပုလွေသည် စိတ်သက်သာရာရကာ လွှတ်ချသွားနိုင်သသို့ပင် မေ့မြောသွားခဲ့တော့၏။
ယွမ်ချိုးချိုး မတတ်နိုင်စွာ ငိုမိကာ ရယ်မိပါ၏။ သူမ မှော်အူတိုင်အား လက်ထဲတွင် ဆုပ်ကိုင်ထားလျက် ယခင်ကကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအားပို့လွှတ်ရန် စီစဉ်လိုက်၏။
လက်တွေ့တွင်မူ သူမ အနည်းငယ်ထူးဆန်းသလို ခံစားရပါ၏----
သူမ၏စွမ်းရည်များမှာ တိုးတက်လာပြီးဖြစ်ကာ နေ့တိုင်းနေ့တိုင်း သူမ,စုစည်းနိုင်သည့် ကုသနိုင်စွမ်းရေစက်များမှာလည်း ပိုများလာလေပြီ။
သူမ မစ္စတာဝံပုလွေဆိုးကြီးနှင့် တွေ့ဆုံခဲ့သည့် ပထမဆုံးအချိန်မှစ သူ့အပေါ်တွင်အသုံးပြုခဲ့သော ရေစက်များ၏ ကုသနိုင်စွမ်းအကျိုးဆက်အရဆိုလျှင် ရက်ပေါင်းများစွာကြာခဲ့ပြီးနောက် ဝံပုလွေသည် ပြန်ကောင်းလာနေသင့်ပါပြီ။
သူ၏ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်မှာ လျော့ကျမသွားရုံသာမက ပို၍ပို၍ပင် တိုးများလာသေး၏။
ထိုအတွေးပေါ်ထွက်သည့်အချိန်တွင် သူမ မဖိနှိပ်နိုင်အောင်ပင် ဖြစ်သွားရသည်။
——ဤနတ်ဆိုးစွမ်းအင်မှာ ပြင်ပမကောင်းဆိုးဝါးများ၏ တိုက်ခိုက်မှုကြောင့်မဟုတ် မစ္စတာဝံပုလွေနတ်ဆိုး၏ကိုယ်ကိုယ်တိုင်၌ တည်ရှိနေခြင်းဖြစ်နိုင်သည်။
——ထိုသို့သာဆိုပါလျှင် ပြန်ကောင်းလာရန် နည်းလမ်း မရှိတော့။
ဤအကြံဉာဏ် သူမဆီသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ယွမ်ချိုးချိုး အလျင်အမြန်ပင် ငြင်းပယ်လိုက်ပါသည်။
ဟင့်အင်း။ ယခုအချိန်တွင် သူမစွမ်းအား မလုံလောက်သေးသောကြောင့်သာ ဖြစ်မည်။ ဝိညာဉ်ကျောက်တုံးသာရှိလျှင် သူပိုကောင်းလာလိမ့်မည်။
ယွမ်ချိုးချိုး သူမ၏နှုတ်ခမ်းအား ကိုက်လိုက်ပြီး ခါတိုင်းလိုပင် သူ့ထံသို့ စွမ်းအားပို့ပေးလိုက်၏။
သို့သော် ဤတစ်ကြိမ်တွင်မူ အရင်နှင့်မတူဘဲ လွန်စွာခြားနားနေခဲ့လေ၏။
ထိုမှော်စွမ်းအင်များသည် သူမ၏စွမ်းအင်အား ယခင်ကကဲ့သို့ မရှောင်ဖယ်တော့သော်လည်း တောက်လျှောက်လိုက်ပါလာလျက် သူမ၏စွမ်းအားဖြင့် ရစ်ပတ်ဖွဲ့နှောင်သွားကြ၏။
နတ်ဆိုးစွမ်းအင်နှင့် သူမ၏စွမ်းအင်တို့ အချင်းချင်းထိမိသွားကြသည့်အခိုက်အတန့်တွင် သူမ၏ရှေ့က မြင်ကွင်းမှာ ရုတ်ချည်းမှောင်ကျသွားလျက် သူမ၏ဘယ်ခြေထောက်၏ ဒူးအောက်ဘက်တွင် ပြင်းပြင်းထန်ထန် (လွှဖြင့်)တိုက်ဖြတ်ခံနေရသလို ပြင်းထန်ဆိုးဝါးလှသည့်နာကျင်မှုကြီး ဝင်ရောက်လာသည်ကို ယွမ်ချိုးချိုး ခံစားလိုက်ရ၏။
ထို့အပြင် သူမ၏နောက်ကျော ၊ ခါး ၊ ဝမ်းဗိုက်နှင့် အစာအိမ်အထိပါ နာကျင်မှုများ ဖြစ်ပေါ်လာ၏။ အရင်ကထက်ပို၍ပင် ဆာလောင်လာခဲ့လေ၏။
ယွမ်ချိုးချိုး မေ့လဲကျသွားတော့မလိုပါပင်။
သူမ သူမ၏ဘက်ညီမှုကို ချက်ချင်းဆုံးရှုံးသွားလေပြီး ကျောက်ကုတင်အစွန်းသို့ ပြုတ်ကျသွားတော့၏။
သူမ အသက်ရှူကြပ်သလို ခံစားရစေသည့် နောက်ကျောပေါ်က ရုတ်တရတ်နာကျင်မှုနှင့် သူမ၏ဘယ်ခြေထောက်မှ ဖြည်းဖြည်းချင်းစီးဆင်းနေသည့် နွေးနေသောသွေးများကို ခံစားလိုက်ရ၏။
သူမ၏စွမ်းအင်နှင့် ရစ်ပတ်နေသော နတ်ဆိုးစွမ်းအင်များ ရှင်းလင်းသွားကြသည့်အချိန်တွင် ယွမ်ချိုးချိုး သူမ၏အမြင်အာရုံ ပြန်လည်ကောင်းမွန်သွားပြီး သူမ၏အစာအိမ်မှာ ဆာလောင်လာ၏။ သူမ၏အောင့်နေခဲ့သော အစာအိမ်သည် ပို၍ကောင်းမွန်လာပြီး သူမ၏ဘယ်ခြေထောက်တွင်လည်း ခံစားသိရှ်ိမှုကို ပြန်လည်ရရှိလာ၏။ သူမ၏နောက်ကျောတွင်စီးဆင်းနေသည့်သွေးလည်း မရှိတော့ပုံပါပင်။
ယွမ်ချိုးချိုး သူမ၏နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေ၏။ သူမ မတ်တတ်ရပ်ကာ မျက်လုံးများစေ့ပိတ်ထားပါသော မစ္စတာဝံပုလွေအား ကြည့်လိုက်ပြီး သားရေထည်ကို ဖြည်းဖြည်းချင်း ဖွင့်မ,လိုက်ပါ၏။
သူ၏ခြေတိုလေးမှာ နည်းနည်းချင်းသွေးများထွက်နေလျက် ကျုံ့ထားသည်ကို ယွမ်ချိုးချိုး မြင်ရ၏။
တစ်စုံတစ်ခုအား အတည်ပြုလိုသောကြောင့် သူမ သူ၏ပုခုံးအား ဂရုတစိုက် ထောက်ကူလျက် သူ၏နောက်ကျောအား အတည်ပြုရန် လက်ဖြင့်စမ်းလိုက်၏။
စိုစွတ်နေသော အကွက်တစ်ခုရှိနေခဲ့ပါ၏။
ဤအချိန်တွင် သူမသည် တုံးအလှသည်ပင် ဖြစ်ပါစေဦး မစ္စတာဝံပုလွေဆိုးကြီး၏ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်နှင့်ထိမိသွားသည့်အခိုက်အတန့်တွင် သူယခုခံစားနေရသည့်အရာကို သူမခံစားလိုက်ရခြင်းဖြစ်ကြောင်းကိုတော့ နားလည်လိုက်လေ၏။
သူမတွေးထားခဲ့သည်ထက် ပို၍ပင် ဆိုးဝါးလွန်း၏။
သူမ မမျှော်လင့်ထားခဲ့ဆုံးအရာသည်ကား သူ၏အစာအိမ်ထဲက ဆာလောင်မှုကိုပါပင်။
သူမ သူ့အား အသားနေ့တိုင်းကျွေးသောကြောင့် သူအရမ်းကြီးတော့ မဆာလောင်လောက်ဟု သူမ,ထင်ခဲ့သည်။
သို့သော် သူမ,မေ့သွားခဲ့သည်မှာကား သူသည် ဝံပုလွေသားရဲတစ်ကောင်ဖြစ်သည်ကိုပါပင်။
ပေါင်ဝက်မှ တစ်ပေါင်အထိရှိသောအသားအား နေ့တိုင်းကျွေးရုံဖြင့် သူ၏ဆာလောင်မှုကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပါပေ။
သို့သော် သူသည် ထိုအကြောင်းကို ဘယ်တုန်းကမျှ ထုတ်မပြောခဲ့ပါပေ။
သူ တိတ်တိတ်ကလေး ခိုးမစားခဲ့သလို သူမကိုလည်း တိတ်တိတ်ကလေး မစားခဲ့ပါပေ။
နောက်ဆုံးတွင်မူ မစ္စတာဝံပုလွေဆိုးကြီးသည် အရန်အစားအစာတစ်ခုဖြစ်သည်ဟု သူမ,စနောက်ခဲ့ပါသော်လည်း သူမကိုယ်တိုင်မှာ ကြောက်စရာကောင်းလှသည့်နတ်ဆိုးတချို့အတွက် တကယ့်အစားအစာကောင်းတစ်ခု ဖြစ်နေခဲ့ပါ၏။
သူ သိပ်ကိုဆာလောင်နေရသည်ကို သူမ,မသိခဲ့ပါချေ။
ယွမ်ချိုးချိုး ကျောက်အိုးထဲရှိ ငှက်ဥပေါင်းကိုကြည့်လိုက်ပြီး သူမယနေ့ရလာခဲ့သည့်ယုန်ကို ကြည့်လိုက်သည်။ တွန့်ဆုတ်မှုမရှိစွာပင် သူမ ဝံပုလွေအား ယနေ့နည်းနည်းပိုကျွေးရန် ဆုံးဖြတ်လိုက်၏။
တောအနီးအနားကမြစ်ငယ်လေးထဲတွင် ငါးများရှိသည်ဟု မိုမင်ယနေ့ပြောပြသည်ကို သူမ,ကြားလိုက်သည်။ အရင်တုန်းက မိုမောင်သည် သူမ(မိုမင်)တို့၏အစားအစာ များများစားစားရှိရန်အတွက် မကြာခဏငါးဖမ်းတတ်သည်။
အစားအစာအတွက် မနက်ဖြန်တွင် သူမ နည်းနည်းပိုများများ အမဲလိုက်မည်။
ယွမ်ချိုးချိုးသည် ထပ်မံတွန့်ဆုတ်မနေတော့ဘဲ မှော်အူတိုင်ထဲရှိ နောက်ဆုံးစွမ်းအားကို စုပ်ယူကာ မစ္စတာဝံပုလွေဆိုးကြီး သွေးတိတ်သွားစေရန်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်ရန် ထိုစွမ်းအင်များကို အသုံးပြုလိုက်တော့၏။
ဤတစ်ကြိမ်တွင် သူမ စွမ်းအင်အများကြီးကို ပို့လိုက်ခြင်းကြောင့် ထိုမှော်စွမ်းအင်(နတ်ဆိုးစွမ်းအင်)များသည် သူမနှင့်လာရောက် ရစ်ပတ်ခြင်းမရှ်ိတော့။ ယွမ်ချိုးချိုးမှာ ယခုလက်ရှိ မစ္စတာဝံပုလွေဆိုးကြီး၏အခြေအနေမျိုးနှင့် အတွေ့အကြုံမရှိဖူးခဲ့ပါချေ။
ငှက်ဥပေါင်း၏အနံ့သည် တဖြည်းဖြည်းနွေးထွေးလာသည့်ဂူထဲတွင် တဖြည်းဖြည်းပျံ့နှံ့နေလျက် မစ္စတာအရန်အစားအစာ၏ဒဏ်ရာမှာလည်း တည်ငြိမ်သွားသည့်ပုံပင်။
ဘေးဒုက္ခကြီးအား ကျော်လွှားပြီးနောက် ယွမ်ချိုးချိုးသည် ဆယ်ရက်အတွင်း သူမတို့စားခဲ့ဖူးသည့် အကောင်းဆုံးဆိုသောဟင်းလျာကို ပြင်ဆင်ပါတော့၏။
ငှက်ဥပေါင်းမှာ အလွန်ပူနွေးနေကာ ယုန်သားသည်လည်း အရသာရှိလှလေသည်။ ပထမဆုံးအကြိမ်အဖြစ် ယွမ်ချိုးချိုး သူမကိုယ်သူမ ဗိုက်ပြည့်အောင် စားစေလိုက်၏။
သူမ ဝံပုလွေအား ကျွေးပြီးသွားသောအခါ ကျောက်ကုတင်ပေါ်တွင်လှဲလျက် ထိုအကြောင်းအားတွေးကာ မစ္စတာဝံပုလွေဆိုးကြီး၏လက်အား ဖြည်းညင်းစွာ ဆွဲယူလိုက်ပါတော့သည်။
စွမ်းအင်စီးကြောင်းလေးကို ထုတ်လွှတ်ကာ မှော်စွမ်းအင်(နတ်ဆိုးစွမ်းအင်)ဖြင့် တက်ကြွစွာရစ်ပတ်လျက် သူ၏ခန္ဓာကိုယ်ထံ ပို့ပေးနေခဲ့၏။
မစ္စတာဝံပုလွေဆိုးကြီး၏နာကျင်မှုကို သူမ,ခံစားနိုင်ပါလျှင် သူမ၏နွေးထွေးကာ ကျန်းမာသည့်ခန္ဓာကိုယ်နှင့် ပြည့်အင့်နေပါသောအစာအိမ်ကို သူလည်းခံစားနိုင်လောက်မည်ဟု သူမ,တွေးမိခဲ့၏။
-----
နှင်းသည် ကျနေဆဲဖြစ်သော်လည်း ယခင်ကလောက် မများတော့ပေ။
လေခြသေ့်မျိုးနွယ်စုတွင်.....
လုစစ်ရန်သည် ကင်ထားသော အရသာရှိလှသည့် တောဝက်ရိုင်း၏ခြေထောက်ကို ကိုင်ထားလျက် ယိုရွဲ့လော်၏ သစ်သားပန်းကန်လုံးထဲသို့ အရိုးဓားတစ်ချောင်းဖြင့် အပိုင်းလေးများ လှီးထည့်ပေးနေ၏။
ယိုရွဲ့လော်မှာမူ သူ၏လက်မောင်းအား ဆုပ်ကိုင်ထား၏ "တကယ်မစားနိုင်တော့ဘူး"
လုစစ်ရန် အပြင်မှပြန်လာသည့် နောက်ဆုံးအကြိမ်ကတည်းက သူသည် သူမအပေါ် ပိုကောင်းလာပြီး လူသားတစ်ဦးနှင့် သားရဲတစ်ကောင်၏ခံစားချက်များမှာ ပိုမိုကောင်းမွန်လာပြီဟု သူမ,ခံစားရသည်။ သူမတို့သည် တရားဝင်အတူတကွမဖြစ်ကြသေးသော်ငြား နှင်းများကျနေခဲ့သည့် ဤရက်ပိုင်းတွင် သူမတို့အတူနေခဲ့ကြပြီးဖြစ်၏။
အနာဂတ်အကြောင်းအရာအများကြီးနှင့်ပတ်သက်၍ လုစစ်ရန် အိပ်မက်မက်ခဲ့သည်ကို သူမ,မသိသလို သူသည် သူမအား လိုလိုမယ်မယ် အလွန်ကောင်းပြနေခြင်းဖြစ်ကာ ယွမ်ချိုးချိုး၏ထွက်ခွာခြင်းအပေါ်သို့သာ သူ၏မြင်မက်ခဲ့သည့်အရာအားလုံးဖြင့် တစ်ဖက်သတ်မှတ်ယူထားခြင်းကိုလည်း မသိပါပေ။
"ဒါက တကယ့်ကို ကောင်းကောင်းကင်ထားတာမို့ ပိုစားလိုက်ဦးနော်" လုစစ်ရန်၏ သိမ်မွေ့သောမျက်နှာထက်တွင် အပြုံးတစ်ခုရှိနေ၏။
"ထပ်စားနေရင် ဝလာတော့မှာလို့!" ယိုရွဲ့လော်မှာ ဖောင်းကားနေပြီဖြစ်၏ "ဒီတောဝက်ရိုင်းရဲ့ခြေထောက်က အရမ်းအဆီများတာပဲ ၊ လွှင့်ပစ်လိုက်တော့"
လုစစ်ရန် သူမအား သဘောကျသည်ဆိုလျှင်တောင် သူမ၏ အရေးမစိုက်သည့် အသံကိုကြားသောအခါ သူ၏အသံမှာ သိပ်မကောင်းတော့ပေ "ဆောင်းအစားအစာဆိုတာ အရမ်းအဖိုးတန်တာ ၊ မင်းမစားဘူးဆိုရင် ငါတခြားသူတွေကို ပေးလိုက်မယ်"
"အင်းပါ ၊ အင်းပါ ၊ နည်းနည်းထပ်စားမယ်လေနော်"
သူတကယ်ပင်စိတ်တိုသွားသည်ကို ယိုရွဲ့လော်မြင်သောအခါ နူးညံ့စွာ ပြောလေ၏ "ခွံကျွေးစေချင်တယ်ရော"
လုစစ်ရန် သက်ပြင်းချလိုက်သော်ငြား သူမ၏ဆန္ဒအတိုင်း လုပ်ပေးဆဲပါပင်။ သူမအား ခွံကျွေးပေးပြီးနောက် သူတွန့်ဆုတ်စွာ ပြောလိုက်၏ "မနက်ဖြန်ကျရင် ကိုယ်မီးလျှံဝံပုလွေမျိုးနွယ်စုကို သွားမလို့လေ"
ဤရက်ပိုင်းအတွင်း သူ သားရဲဒီရေအကြောင်းကို စဉ်းစားနေခဲ့သည်။
သူသည် အန္တရာယ်ကို ကြိုတင်၍သိထားသည် ဖြစ်သော်ငြား အိပ်မက်အပေါ်တွင် အလွန်အမင်းမှီခိုလွန်းလှသည့် လုစစ်ရန်သည် ထိုအရာအား မရှောင်ရှားချင်ပေ။
("ထိုအရာ"ဆိုတာက ဖြစ်လာမယ့်အန္တရာယ်ကိုပြောတာ ၊ အိပ်မက်ကြောင့်မို့လို့ သူက ဖြစ်လာမယ့်အန္တရာယ်ကို သိတယ် ဒါပေမယ့် ရှောင်ချင်တဲ့စိတ် ၊ ကိုယ့်ဟာကိုယ်အားကိုးလိုတဲ့စိတ်မရှိဘူး ၊ ယွမ်ချိုးချိုးကို သွားရှာပြီး သူ့အတွက်သေခိုင်းချင်နေတုန်း)
"အိပ်မက်"နှင့် အလွန်ခြားနားသည့်တစ်စုံတစ်ခုကို သူလုပ်လိုက်လျှင် နတ်ဆိုးဘုရင်အဖြစ် သူ၏အနာဂတ်လမ်းကြောင်း ပြောင်းလဲသွားမည်ကို သူ,စိုးရိမ်နေမိ၏။
ယိုရွဲ့လော်၏ခံစားချက်များကို နှစ်သိမ့်ပေးနေရန်မလို ၊ သူမသည် အစကတည်းက သူ၏နတ်ဆိုးဘုရင်မ အလောင်းအလျာပင်ဖြစ်သည်လေ။
သို့သော်ငြား ယွမ်ချိုးချိုး အသက်ရှင်နေသေးသလားဆိုသည်ကိုတော့ သူအတည်ပြုချင်၏။
#This is not my own story
မစ္စတာဝုဖ်ရဲ့ မျက်လုံးအရောင်ပါ
---------
Clickဖို႔ မေမ့ၾကပါနဲ႔ေနာ္ ဖုန္းေဘလ္ေႁခြတာေနတယ္ဆိုရင္ေတာင္ ငါးခု ေျခာက္ခု ခုနစ္ခု ရွစ္ခုေလာက္ေတာ့ သြားclickလိုက္ေနာ္ အမ်ားႀကီးမကုန္ပါဘူး❤️
Title - ေနာက္ဆုံးေတာ့ဗိုက္ျပည့္သြားၿပီ
သူသည္ သူ၏အမ်ိဳးသမီးေလးအား သူ၏အၿမီးမွာ ႏူးညံ့ ၊ အေမြးပြ ၊ ေႏြးေထြးသည္ကို ဘယ္ေသာအခါမွ်သိခြင့္ေပးလိမ့္မည္မဟုတ္ဟု အခ်ိဳ႕ဝံပုေလြမ်ားက ထင္ၾကမည္ျဖစ္ေသာ္ျငား သူ၏ခႏၶာကိုယ္ကမူ အၿမဲလိုပင္ ႐ိုးသားေနပါ၏။
ဝံပုေလြသည္ သူ၏အၿမီးအား အရမ္းႀကီးျပင္းျပင္းထန္ထန္ မေ႐ြ႕လ်ားရဲေလဘဲ ညင္သာသိမ္ေမြ႕စြာသာ အသက္ကိုလည္း ရႉသြင္းေနေလ၏။ ေနာက္ပိုင္း၌ နာက်င္မႈႏွင့္ သူ၏ခႏၶာကိုယ္ထဲရွိ နတ္ဆိုးစြမ္းအင္တို႔၏ ႏွစ္ဆဖိႏွိပ္လာမႈေၾကာင့္ အနည္းငယ္ ကသိကေအာက္ပုံစံျဖင့္ပင္ ထိန္းသိမ္းထားရပါ၏။ "ဥတစ္ဥအားဝပ္"ေနစဥ္တြင္ သူသည္ နာက်င္မႈကိုေတာင့္ခံရန္ႏွင့္ သူ၏ခႏၶာကိုယ္ထဲရွိ နတ္ဆိုးအူတိုင္ကို ျပဳျပင္ရန္ ႀကိဳးစားေလ၏။
႐ြမ္းေက်ာင္သည္ ခါတိုင္းကဲ့သို႔ပင္ ေလထုထဲရွိ စြမ္းအားကိုယူရန္ ႀကိဳးစားလိုက္၏။ သို႔ပါေသာ္လည္း စြမ္းအားအနည္းငယ္ကို ေအာင္ျမင္စြာစုပ္ယူၿပီးသည့္ အခ်ိန္တိုင္းမွာပင္ ထိုစြမ္းအားမ်ားသည္ သူ၏ခႏၶာကိုယ္ထဲရွိ ပို၍႐ုန္းကန္ထိုးထြက္လာေသာ နတ္ဆိုးစြမ္းအင္မ်ားထံမွ ခ်က္ခ်င္းပင္ဝန္းရံခံလိုက္ရၿပီး အ႐ူးအမူး ဝါးၿမိဳျခင္းကို ခံလိုက္ရ၏။
႐ြမ္းေက်ာင္ ႏွစ္ႀကိမ္ႀကိဳးစားခဲ့သည္။ သူ၏ခႏၶာကိုယ္ထဲရွိစြမ္းအင္မွာ တိုးမလာ႐ုံသာမက ေမွာ္စြမ္းအင္(နတ္ဆိုးစြမ္းအင္)ကမူ အမ်ားအျပားပင္ တိုးပြားလာေလ၏။
သူ ထပ္၍ မႀကိဳးစားရဲေတာ့ေပ။ သူ၏ေသြးထဲမွ အဆက္မျပတ္စီးဆင္းေနသည့္ နတ္ဆိုးစြမ္းအင္အားဖိႏွိပ္ရန္ နတ္ဆိုးအသိစိတ္ကိုသာ ျပင္းျပင္းထန္ထန္ ထိန္းခ်ဳပ္ေနရ၏။ ထို႔ျပင္ သူ၏လည္ေခ်ာင္းထဲတြင္ ခ်ိဳျမျမရနံ႔တစ္ခုလည္း ရွိေနေလ၏။
နတ္ဆိုးအူတိုင္သည္ အရင္အႀကိမ္ကထက္ပို၍ အက္ကြဲလာပုံပင္။ ႐ြမ္းေက်ာင္သည္ ရက္စက္လွသည့္အရာတစ္ခုကို ဝိုးတိုးဝါးတား သေဘာေပါက္သြားေတာ့၏--
သူ ျပန္ေကာင္းမလာႏိုင္ေတာ့ေလာက္ေပ။
ျဖစ္ႏိုင္သည္မွာ သူသည္ ေသြးသန႔္ဝံပုေလြတစ္ေကာင္ မဟုတ္ေလာက္။ သူ၏ခႏၶာကိုယ္ထဲရွိ နတ္ဆိုးစြမ္းအင္ဆိုသည္မွာလည္း သူ၏ေသြးမွ အရင္းခံလာျခင္းပင္ ျဖစ္ေပလိမ့္မည္။
ဤျဖစ္ႏိုင္ေျခအား တစ္ႀကိမ္သာ စဥ္းစားမိလိုက္႐ုံျဖင့္ ႐ြမ္းေက်ာင္သည္ နတ္ဆိုးပိုင္ဆိုင္သည့္ ေသြးတစ္စိတ္တစ္ပိုင္းမွာ သက္ဝင္လႈပ္ရွားေနေသာေၾကာင့္ အနီးအနားရွိသတၱဝါမ်ား၏အသက္ကို သူ,သတိမထားမိလိုက္ခင္မွာပင္ ဝါးၿမိဳသြားသည္ကို ခန႔္မွန္းလိုက္ႏိုင္၏။
ဤျဖစ္ႏိုင္ေျခအား ေတြးမိသြားေသာအခါ ႐ြမ္းေက်ာင္သည္ သတိမထားမိစြာပင္ မသက္မသာျဖစ္လာေတာ့၏။
သူ ျပင္းျပင္းထန္ထန္အံႀကိတ္လိုက္ၿပီး အလြန္အမင္း ကသိကေအာက္ျဖစ္သြားရ၏။
သူ၏ႏွလုံးသားထဲမွ ထြက္ေပၚလာေသာ ေဒါသႏွင့္အၾကမ္းဖက္လိုစိတ္တို႔ကို မထိန္းခ်ဳပ္ႏိုင္ျဖစ္လ်က္ သူ၏အၿမီးျဖင့္ ေက်ာက္ကုတင္ကိုပင္ အပိုင္းပိုင္းဖ်က္ဆီးပစ္ခ်င္လာ၏။
သို႔ေသာ္ သူအနည္းငယ္မွ် ေ႐ြ႕လိုက္႐ုံျဖင့္ အေစာကေလာက္ မေအးေတာ့သည့္ လုံးလုံးဝန္းဝန္းဥကို ထိမိသြား၏။
ယြမ္ခ်ိဳးခ်ိဳးက ထိုဟာကို သူ႔အၿမီးေပၚတြင္ တင္ခဲ့ျခင္းျဖစ္သည္။
ခါးသက္လွသည့္ စိတ္ဓာတ္က်ျခင္းကို ၿမိဳခ်လ်က္ အသိစိတ္ေပ်ာက္လုနီးပါးျဖစ္ေနေသာ ႐ြမ္းေက်ာင္၏မ်က္လုံးနီမ်ားမွာ တျဖည္းျဖည္းခ်င္း ပုံမွန္ျပန္ျဖစ္သြားၾက၏။
သူမလႈပ္ရဲေပ သို႔ေသာ္ ၿငိမ္ၿငိမ္ေလး ေစာင့္ေနရွာ၏။
တစ္စကၠန႔္
ႏွစ္စကၠန႔္...
...
တစ္မိနစ္
ႏွစ္မိနစ္...
...
ငါးမိနစ္..
...
ဆယ္မိနစ္.....
အိပ္ခန္းအျပင္ဘက္တြင္ ခပ္ဖြဖြေျခသံ ထြက္ေပၚလာေလၿပီ။
ယြမ္ခ်ိဳးခ်ိဳးသည္ သိုေလွာင္ခန္းထဲသို႔ ေရေျပးခ်ိဳးၿပီးေနာက္ သူမတြင္ ေနာက္ဆုံးက်န္ရွိသည့္ သန႔္ရွင္းေနေသာ တိရစာၦန္အေရခြံကုတ္ကိုဝတ္ဆင္ၿပီး ျပန္လာခ်ိန္တြင္ မစၥတာဝံပုေလြသည္ ဥကို အေႏြးဓာတ္ျဖင့္ လႊမ္းၿခဳံေစၿပီးျဖစ္၏။
အဘယ္ျပင္းထန္ေသာ ႐ုန္းကန္ရမႈမ်ိဳးႏွင့္ သူယခုေလးတင္ ႀကဳံေတြ႕လိုက္ရသည္ကို ယြမ္ခ်ိဳးခ်ိဳး မသိလိုက္ပါေပ။ သို႔ေသာ္ျငား သူမ၏ႏႈတ္ခမ္းမ်ားမွာ ေကြးၫြတ္သြားၿပီး သူမ မစၥတာဝံပုေလြဆိုးႀကီးကို ေခၚလိုက္၏ "ေယာက္်ား ေယာက္်ား? ရွင္ႏိုးေနၿပီလား?"
သူမ သူမ၏ဆံပင္မ်ားကိုသုတ္လိုက္ရင္း အၾကည့္တစ္ခ်က္ျဖင့္ ဝံပုေလြ၏နား႐ြက္မ်ား အျပင္းအထန္လႈပ္ေနသည္ကို သူမ,ျမင္လိုက္ရေလ၏။
သ႐ုပ္ေဆာင္မေကာင္းတဲ့ မစၥတာဝံပုေလြဆိုးႀကီးေတာ့ ႏိုးေနၿပီ။
ယြမ္ခ်ိဳးခ်ိဳး ေပ်ာ္႐ႊင္စြာပင္ ေလွ်ာက္သြားလိုက္သည္။ အရင္ကကဲ့သို႔ပင္ သူသည္ "သတိေမ့"ေနဦးမည္ဟု ေတြးမိေသာေၾကာင့္ သူ၏သ႐ုပ္ေဆာင္မႈေနာက္ကို သူမ,လိုက္ပါေပးလိုက္ပါ၏။ သို႔ပါေသာ္လည္း သူမ သားေရခန္းဆီးအား မ,တင္လိုက္ၿပီး စည္ပိုင္းျဖင့္ အထဲသို႔ဝင္လာသည့္အခ်ိန္တြင္ အရင္ကေလာက္မေခ်ာေမာရွာေတာ့သည့္ ေက်ာက္ကုတင္ေပၚက ဝံပုေလြနတ္ဆိုးသည္ သူမအား တုံ႔ျပန္လာလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့မိပါေခ်။
"ႏိုးၿပီ"
အမ်ိဳးသမီးတစ္ဦး၏အသံႏွင့္ အလုံးစုံျခားနားလွသည့္ ခပ္တိုးတိုး ခပ္အက္အက္ အသံတစ္ခုသည္ ထြက္ေပၚလာလ်က္ သူမအား အနည္းငယ္အံ့ဩသြားေစရင္း သူမ၏နားထဲသို႔ စီးဝင္လာ၏။
သူမ၏မ်က္လုံးမ်ားမွာ အနည္းငယ္ျပဴးက်ယ္သြားေလၿပီး သားေရခန္းဆီးအား မ,တင္ေနသည့္ သူမ၏လႈပ္ရွားမႈမ်ားမွာ ရပ္တန႔္သြားရ၏။ သူမ သူမ၏ဆံပင္မ်ားမွာ မေျခာက္ေသးဘဲ လူတစ္ကိုယ္လုံးမွာလည္း ဖိုသီဖက္သီျဖစ္ေနသည္ကို သတိရသြားေသာအခါတြင္မူ အနည္းငယ္ ရွက္သြားေလေတာ့၏။
"ရွင္ ရွင္ ႏိုးေနၿပီပဲ...." ယြမ္ခ်ိဳးခ်ိဳး သူမ၏ပါးျပင္အား ကုတ္လိုက္ၿပီး သတိျပန္ဝင္သြားၿပီးေနာက္ သားေရခန္းဆီးအား အလ်င္အျမန္ခ်လိုက္ေလ၏ "ကြၽန္မ ကြၽန္မ ေဆးေၾကာေနတာ"
ယြမ္ခ်ိဳးခ်ိဳး မ်က္ေတာင္ရွည္မ်ားႏွင့္ နား႐ြက္ေလးမ်ား တုန္ရီေနၾကသည့္ ကုတင္ေပၚက ဝံပုေလြကို ၾကည့္လိုက္၏။ သူ ထိုင္ခ်င္ေနပုံေပၚရေသာ္ျငား လႈပ္မလာပါေပ။
သူနာက်င္ေနသည္ဟု ယြမ္ခ်ိဳးခ်ိဳး ေတြးလိုက္မိၿပီး ရွက္မေနေတာ့။ သူမ အထဲသို႔ ေလွ်ာက္လာၿပီး စည္ပိုင္းကို ေက်ာက္စားပြဲေပၚ တင္လိုက္သည္။ သူမ ညင္သာစြာ ဆိုလိုက္၏ "မသက္မသာျဖစ္ေနလို႔လားဟင္?"
႐ြမ္းေက်ာင္ ႏွစ္စကၠန႔္ေလာက္ တိတ္ဆိတ္သြားၿပီး သူ၏နား႐ြက္မ်ားမွာ ေကြးၫြတ္က်သြားၾကပါ၏။ သူ၏အာ႐ုံစူးစိုက္မႈမရွိေသာ မ်က္လုံးမ်ားသည္လည္း ပြင့္လာေလၿပီး သူ၏မ်က္ခုံးမ်ားကမူ တြန႔္ခ်ိဳးေနပါ၏။ စကားေျပာရန္အတြက္ အားအင္အမ်ားႀကီးအား စိုက္ထုတ္ထားရသည့္ပုံပါပင္။
"ဥ"
ယြမ္ခ်ိဳးခ်ိဳး : ".........?"
ႏွစ္စကၠန႔္။
ေရသြားမခ်ိဳးခင္က သူမ ဝံပုေလြ၏အၿမီးအား မည္ကဲ့သို႔ လုပ္ထားခဲ့သည္ကို ခ်က္ခ်င္းသတိရသြားေတာ့၏။ သူမ ႐ုတ္ခ်ည္းနီရဲသြားၿပီး အလြန္ကို ရွက္သြားေလေတာ့၏။
႐ြမ္းေက်ာင္မွာမူ ထိုစကားအား ႏွစ္ႀကိမ္ေျပာရန္ အသိအသာႀကီးပင္ ရွက္ေနပါေသာ္ျငား သူ သူ၏ႏႈတ္ခမ္းမ်ားအား ေစ့ထားကာ မလႈပ္ရဲရွာေပ။ အလြန္ေတာင့္တင္းေနသည္ပုံစံႀကီးျဖင့္သာ လဲေလ်ာင္းေနေလ၏။
သူမ၏ႏွလုံးသားထဲတြင္ အနည္းငယ္ ရယ္စရာေကာင္းသလို အနည္းငယ္လည္း ခါးသက္ေန၏။
——သူမသည္ ဥကို သူ၏အၿမီးေပၚတြင္ တင္ထားခဲ့ေသာေၾကာင့္ ဝံပုေလြသည္ အလြန္တုံးအလွစြာျဖင့္ လဲေလ်ာင္းေနခဲ့ျခင္းလား?
ယြမ္ခ်ိဳးခ်ိဳး အလ်င္အျမန္ မ်က္ေတာင္ခတ္လိုက္ၿပီး မစၥတာဝံပုေလြဆိုးႀကီး၏ မသိမသာပန္းေရာင္သမ္းေနေသာ နား႐ြက္ေလးမ်ားကို ေခ်ာင္းၾကည့္လိုက္သည္။ သူမ ေခ်ာင္းဆိုးလိုက္ၿပီး ေက်ာက္ကုတင္ဆီသို႔ ေလွ်ာက္သြားကာ တိုးတိုးဆိုပါ၏ "....ကြၽန္မ မရည္႐ြယ္ဘဲနဲ႔ ဥကိုတင္မိသြားတာ ၊ အခု.... ခ်လိုက္မယ္ေနာ္"
ယြမ္ခ်ိဳးခ်ိဳး မရည္႐ြယ္ပါဘူးဟုေျပာေသာ္ျငား အမွန္မွာ ရည္႐ြယ္ခဲ့သည္ပင္။
သူမ အလြန္ဆိုးပါသည္။
အဘယ္ေၾကာင့္မ်ား သူမ သိပ္ဉာဏ္ေကာင္းေနရသည္ကို သူမလည္း မသိပါဘူး။
မီးခိုးေဖ်ာ့ေရာင္ဝံပုေလြႀကီး Slowpokeေၾကာင့္ သူမ ဥကို ေကာက္ယူလိုက္သည့္အခ်ိန္တြင္ တမင္သက္သက္ သူ၏အၿမီးကို ပြတ္တိုက္ပစ္လိုက္၏။
သူမ၏ အနည္းငယ္ပူေနေသာ လက္ေခ်ာင္းထိပ္မ်ားက သူ၏အၿမီးအား ထိသြားၿပီးေနာက္ အလြန္အကြၽံမ်ားေသာလွ်ပ္စစ္ဓာတ္အားကဲ့သို႔ ခံစားခ်က္သည္ ႐ုတ္တရတ္ စီးေျမာလာ၏။
႐ြမ္းေက်ာင္၏မ်က္လုံးမ်ားမွာ အနီေရာင္အထိအေတြ႕တစ္ခု ဝင္ေရာက္စီးေျမာလာလ်က္ သူ၏နား႐ြက္မ်ားကမူ ပို၍နီရဲလာေလ၏။ ဝံပုေလြ၏တစ္ကိုယ္လုံးသည္ အျပင္းအထန္ တုန္ရီသြားရွာေတာ့၏။
ယြမ္ခ်ိဳးခ်ိဳး သူ႔အား ၾကည့္လိုက္ၿပီး သူ၏အၿမီးသည္ ယခင္ကကဲ့သို႔ပင္ နာက်င္ေနသည္ဟု ထင္သြားေတာ့ကာ လန႔္သြားမိ၏။ သူမသည္ သူမကိုယ္သူမသာ ခ်က္ခ်င္းအျပစ္တင္မိေတာ့၏။
လုံးဝကို မနာက်င္ပါေသာ္ျငား သူ၏အၿမီးအႀကီးႀကီး စမ္းသပ္မႈကို ေအာင္ျမင္သြားသလားဆိုသည္ကို အလြန္စိုးရိမ္ေနရပါေသာ ဝံပုေလြ : "................."
ယြမ္ခ်ိဳးခ်ိဳးသည္ မစၥတာဝံပုေလြဆိုးႀကီး ေကြးထားသည့္ ႏူးညံ့ကာႀကီးမားသည့္အၿမီးအား အလြန္ညင္သာစြာ ထိလိုက္ပါ၏။
ဤအခ်္ိန္တြင္ ဝံပုေလြပို၍တုန္ရီလာသည္ကို သူမ,ခံစားမိ၏။
ယြမ္ခ်ိဳးခ်ိဳး သူ၏အၿမီးအား ထပ္၍မထိရဲေတာ့ဘဲ ဝံပုေလြနတ္ဆိုး၏ နဖူးေပၚတြင္ ထြက္စျပဳေနေသာ ေခြၽးအလႊာပါးေလးအား လွမ္းၾကည့္လိုက္၏။ နာက်င္မႈေၾကာင့္ျဖစ္မည္- သူ၏မ်က္ခုံးမ်ားသည္ တင္းတင္းက်ပ္က်ပ္ က်ဳံ႕ေနၿပီး ႏႈတ္ခမ္းပါးမ်ားကမူ ျဖဴေဖ်ာ့ေန၏။ ယြမ္ခ်ိဳးခ်ိဳး ခ်က္ခ်င္းပင္ ပို၍ ပို၍ အျပစ္ရွိစိတ္ျဖစ္လာ၏ "ေတာင္းပန္ပါတယ္........"
ျဖစ္စဥ္တစ္ခုလုံးသည္ သူ႔အား အနည္းငယ္ပူေလာင္ေစခဲ့၏ "..........."
(ဒီစာေၾကာင္းႀကီးကို အိုင္တကယ့္ကိုနားမလည္တာ ဘယ္ကဘယ္လိုဟာကို ေျပာခ်င္မွန္းကို မသိဘူး (>▂<) )
သို႔ေသာ္ျငား သူသည္ "ဘယ္သူ႔အၿမီးက ပိုေႏြးေထြးၿပီး ပိုႏူးညံ့လဲ ၊ ကိုယ့္ဟာလား မစၥတာSlowpokeဟာလား?"ဟူ၍ ယြမ္ခ်ိဳးခ်ိဳးအား တိုက္႐ိုက္ႀကီး ေမးရန္အတြက္ေတာ့ သတၱိမရွိလွပါေပ။ သူ သူ၏ခ်ဥ္စူးကာ ျပင္းထန္ေနသည့္ ႏွလုံးခုန္သံမ်ားကို ၿငိမ္သက္ေစထားရၿပီး သူ၏လက္ေမာင္းမ်ားကို ျဖည္းျဖည္းခ်င္းအားျပဳရင္း ထထိုင္ရန္ ႀကိဳးစားလိုက္၏။
မစၥတာဝံပုေလြဆိုးႀကီးသည္ နာက်င္မႈကို ေက်ာ္လႊားရန္ႏွင့္ ထိုင္ႏိုင္ရန္ အျပင္းအထန္ႀကိဳးစားေန၏။ သို႔ေသာ္ ယြမ္ခ်ိဳးခ်ိဳးသည္ အဝတ္မပါသည့္ ေက်ာျပင္တစ္ေလွ်ာက္ ဝဲက်ေနသည့္ ေပ်ာ့ေျပာင္းကာ နက္ေမွာင္ေနေသာ သူ၏ဆံပင္အရွည္ႀကီး ၊ လွပသည့္ လိပ္ျပာ႐ိုးသြင္ႏွင့္ ႀကီးမားက်ယ္ျပန႔္ေသာေနာက္ေက်ာေပၚရွိ အမာ႐ြတ္အားၾကည့္ရင္း သူမ၏ပါးျပင္မ်ားမွာ အနည္းငယ္နီရဲလာေလ၏။
သူမ ဥကို ေက်ာက္စားပြဲေပၚသို႔ တင္လိုက္ၿပီး သူမ အရင္က သူ႔အတြက္ခ်ဳပ္ထားသည့္ အေတာ္ေလးေျခာက္ေနၿပီျဖစ္ေသာ တိရစာၦန္အေရခြံကုတ္ကိုယူလိုက္၏။ သူမ၏အသံမွာ အနည္းငယ္ သဘာဝမက်ျဖစ္ေနရွာ၏ "ေယာက္်ား ေယာက္်ား ၊ ေက်းဇူးျပဳၿပီး ကုတ္ကို ဝတ္လိုက္ပါဦး"
႐ြမ္းေက်ာင္ : "..."
သူေမ့သြားတာ ၊ သူက ကိုယ္တုံးလုံးဝံပုေလြတစ္ေကာင္ ျဖစ္ေနတုန္းေလ။
႐ြမ္းေက်ာင္၏ ပန္းေရာင္သမ္းေနသည့္ နား႐ြက္ထိပ္ေလးမ်ားမွာ ပို၍ပန္းေရာင္သမ္းလာေတာ့ကာ မသိမသာပင္ နီရဲခ်င္လာေလ၏။
သားရဲအထီးအမ်ားစုမွာ ၾကမ္းတမ္းၾက၏။ ဆန႔္က်င္ဖက္အေနျဖင့္ သူကမူ အၿမဲတမ္းပင္ ေကာင္းေကာင္းမြန္မြန္ ဝတ္စားတတ္၏။ သူ၏ကိုယ္တစ္ပိုင္းတုံးလုံးပုံစံကို ဘယ္သားရဲ ဘယ္လူသားကမွ် မျမင္ဖူးပါေပ။
သို႔ေသာ္လည္း ယြမ္ခ်ိဳးခ်ိဳး၏ေရွ႕တြင္မူ သူသည္ အဝတ္ဝတ္ရန္ အၿမဲတမ္းေမ့ေနၿပီး လူရမ္းကားလုပ္တမ္းသာ အၿမဲလို ကစားခ်င္ေန၏။
႐ြမ္းေက်ာင္ သူ၏မ်က္လုံးမ်ားကို ဖြင့္လိုက္ၿပီး (ျပတ္သြားရာမွ)က်န္ရွိေသးေသာေျခေထာက္ေလး သားေရႏွင့္ပြတ္တိုက္သြားရာမွ ျပင္းထန္လွေသာ နာက်င္မႈကိုသည္းခံကာ ျဖည္းျဖည္းခ်င္း ထိုင္လိုက္၏။
သူသည္ နာက်င္မႈေၾကာင့္ျဖစ္ေပၚလာသည့္ အသံတစ္သံကိုပင္ မထြက္ေစရဘဲ ႏႈတ္ခမ္းမ်ားကို တင္းတင္းၾကပ္ၾကပ္ ဖိကပ္ထားေသာ္ျငား သူ၏ေခါင္းကိုမူ ယြမ္ခ်ိဳးခ်ိဳး၏အသံလာရာဆီ ျဖည္းျဖည္းခ်င္း လွည့္လိုက္ပါ၏။ ထို႔ေနာက္ သူ၏လက္ေမာင္းကို ျဖည္းျဖည္းခ်င္းဆန႔္ထုတ္ကာ သူမကမ္းေပးထားေသာ သားေရအဝတ္ကို ကိုယ္တိုင္ယူရန္ ႀကိဳးစားေန၏။
မစၥတာဝံပုေလြ၏ သိသာထင္ရွားေသာ တည္ေနရာမမွန္ကန္ကာ အာ႐ုံစူးစိုက္မႈမရွိပါသည့္အၾကည့္ႏွင့္ မဝံ့မရဲဆန႔္တန္းထားေသာ ရွည္လ်ားသည့္ လက္ေမာင္းမ်ားကိုၾကည့္ရင္း ယြမ္ခ်ိဳးခ်ိဳး သူမ၏ႏွလုံးသားထဲတြင္ နာက်င္မႈကို ခံစားရ၏။
သို႔ေသာ္ သူမ ေနရာမွာ ဒီအတိုင္း ရပ္ေန႐ုံသာရပ္မေနႏိုင္ေပ။ သူ၏လက္ဖဝါးအႀကီးႀကီး၏ လားရာေနာက္သို႔သာလိုက္ရင္း တိရစာၦန္အေရခြံကုတ္ကို သူ၏လက္ထဲသို႔ ထည့္ေပးလိုက္ပါ၏။
လက္ဖဝါးအႀကီးႀကီးသည္ ႏူးညံ့လွသည့္ တိရစာၦန္အေရခြံကုတ္ကို ထိမိသြားၿပီးေနာက္ မစၥတာဝံပုေလြ၏မ်က္ခုံးမ်ား အလြန္တင္းမထားေတာ့သည္ကို ယြမ္ခ်ိဳးခ်ိဳး ထင္ထင္ရွားရွား ေတြ႕လိုက္ရ၏။
႐ြမ္းေက်ာင္သည္ နာက်င္မႈေၾကာင့္ တုန္ရီေနေသာျငား သူ၏အမ်ိဳးသမီးေလးေရွ႕တြင္မူ အလြန္နာက်င္ကာတုန္ခါေနေသာ အသံကိုထိန္းထားရင္း သူ၏ေက်ာကိုမတ္ေနေစရန္ ႀကိဳးစားေနဆဲပါပင္။ မွားယြင္းသည့္ဘက္သို႔ မ်က္ႏွာမူလ်က္ သူ ယြမ္ခ်ိဳးခ်ိဳးအား ေျပာပါ၏ "ေက်းဇူးတင္ပါတယ္"
သူ၏အနည္းငယ္ ဖြင့္ထားေသာ မ်က္လုံးမ်ား ၊ တင္းတင္းၾကပ္ၾကပ္ဖိထားပါေသာ ႏႈတ္ခမ္းမ်ားႏွင့္ သူ၏လက္ဖဝါးအႀကီးႀကီးျဖင့္ သားေမြးကုတ္အား စမ္းတဝါးဝါးလုပ္ေနသည္ကို သူမ,ေစာင့္ၾကည့္ေနခဲ့ပါသည္။ သူ လက္လွ်ိဳရန္ နည္းလမ္းရွာေနပုံပါပင္။ သူမ ေရွ႕သို႔တိုးကာ သူ႔အား အဝတ္ကူဝတ္ေပးလိုက္ခ်င္သည္။
သို႔ေသာ္ျငား သူေသြးအန္သည့္အခ်ိန္က ေမ့ေျမာဟန္ေဆာင္ရန္သာ (သူ႔ကိုယ္သူ)အတင္းအၾကပ္တြန္းအားေပးေနခဲ့သည့္ေနႏွင့္ ယခုေလးတင္ေျပာလိုက္ေသာ "ေက်းဇူးတင္ပါတယ္"ဆိုသည္တို႔ကို သူမ,ေတြးမိသြား၏။ ထို႔ေၾကာင့္ သူမ အသက္ျပင္းျပင္းတစ္ခ်က္သာ ရႈိက္လိုက္လ်က္ ျပန္ဆုတ္လိုက္ေတာ့၏။
"ေက်းဇူးတင္ဖို႔မလိုပါဘူး ၊ ကြၽန္မ..... ကြၽန္မ ႏွင္းယူၿပီး ျပင္ဆင္ဖို႔ အျပင္ထြက္လိုက္ဦးမယ္" ယြမ္ခ်ိဳးခ်ိဳး လွည့္လိုက္ၿပီး စည္ပိုင္းကိုယူ၍ အျပင္ထြက္သြားေတာ့၏။
ေျခသံမ်ားအားနားေထာင္ရင္း ႐ြမ္းေက်ာင္မွာ မသိမသာ ယိုင္က်သြား၏။
ပူေႏြးေနေသာအရည္မ်ား ေက်ာ႐ိုးႏွင့္ သူ၏ေျခတို(ျပတ္)ေလးအထိ စီးဆင္းသြားၾကသည္ကို မခံစားမိခင္အထိ သူ ၿငိမ္သက္စြာျဖင့္ ႏွစ္ႀကိမ္မွ် ပင့္သက္ရႈိက္လိုက္မိ၏။
ေသြးေတြ။
ျပည္နဲ႔ေရာေနတဲ့ ေသြးပ်စ္ေတြ။
၎မွာ သူ၏အေျခအေနမည္မွ်ဆိုး႐ြားလွသည္ကို သတိေပးေနသလိုပါပင္။
သူ တစ္ခုတည္းေသာ ကိုယ္ပိုင္ခြန္အားျဖင့္ ထိုင္႐ုံသာထိုင္ႏိုင္ေနၿပီး အဝတ္မ်ားကို ဝတ္ေနျခင္းျဖစ္ပါ၏။ ယင္းတို႔မွာ သူ၏အသိစိတ္ဆုံးရႈံးလုမတတ္ သိပ္ကိုနာက်င္လွကာ ဘာဆိုဘာမွ်လုပ္ႏိုင္စြမ္းမရွိ ျဖစ္ေစ၏။
၎မွာ သားေရထည္ကိုပင္ စြန္းထင္သြားေစေတာ့သည္။
သူမမွာ အလြန္ကိုအလုပ္ႀကိဳးစားေနရၿပီး သူကမူ ဘာဆိုဘာမွ် မကူညီႏိုင္ပါေပ။
႐ြမ္းေက်ာင္၏မ်က္လုံးမ်ားမွာ အခ်ိန္တစ္ခုေလာက္ ထိုင္းမႈိင္းသြားလ်က္ သူ၏မ်က္လုံမ်ားနီရဲလာကာ အံကိုႀကိတ္ထားမိေတာ့၏။
——ယြမ္ခ်ိဳးခ်ိဳး ျပန္လာသည့္အခ်ိန္တြင္ မစၥတာဝံပုေလြဆိုးႀကီးသည္ အဝတ္ဝတ္ထားၿပီးျဖစ္ကာ ေက်ာက္နံရံကို မွီထား၏။
သူသည္ လႈပ္ရွားမႈမ်ားကို ၾကားလိုက္ရေသာအခါ သူ၏ေခါင္းအား လွည့္လိုက္ၿပီး မသိမသာေမွးက်ဥ္းလ်က္ ရွည္လ်ားေသာမ်က္ဝန္းမ်ားမွာ ရႈပ္ေထြးမႈၾကားစုန္ဆန္ကာ ႏႈတ္ခမ္းမ်ားကမူ ပိုမိုေဖ်ာ့ေတာ့ေန၏။
ဤအႀကိမ္သည္ ယြမ္ခ်ိဳးခ်ိဳး သတိရေနေသာ မစၥတာဝံပုေလြႀကီးႏွင့္ မ်က္ႏွာခ်င္းဆိုင္ရေသာ ပထမဆုံးအႀကိမ္ျဖစ္ေလ၏။ သူမ သူ၏ျပာညိဳ႕ညိဳ႕မ်က္ဝန္းမ်ားႏွင့္ ဆုံေတြ႕သည့္အခိုက္ သူမ ပထမဆုံးအႀကိမ္အျဖစ္ ရွင္းရွင္းလင္းလင္းႀကီးကို သေဘာေပါက္သြားရ၏။
သူမ၏ မီးခိုးေဖ်ာ့ေရာင္ဝံပုေလြSlowpokeမွာ အမွန္တကယ္ကို မျမင္ႏိုင္သည္ပါပင္။
သူ၏အမူအယာမွာ တည္ၿငိမ္ေနပါလ်က္ ေသးငယ္လွသည့္ ထူးမျခားနားမႈတစ္ခုေလးပင္မရွိ ၊ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ နား႐ြက္ေလးမ်ားသည္ပင္ ပန္းေရာင္ထပ္သမ္းမေနေတာ့ပါေပ။
သို႔ေသာ္ သူအေဝးႀကီးကို ၾကည္ေနေလသည္ကို ယြမ္ခ်ိဳးခ်ိဳး ခံစားမိပါ၏။ သိပ္ကိုဝမ္းနည္းစရာေကာင္း၏။
ယြမ္ခ်ိဳးခ်ိဳး၏မ်က္လုံးမ်ားမွာ ခ်ဥ္စူးစူးျဖစ္လာၿပီး သူမကိုယ္သူမ ေပ်ာ္႐ႊင္စြာ စကားေျပာေစရန္ ႀကိဳးစားလိုက္၏ "ဒီေန႔ေလ ကြၽန္မ ႏွင္းထဲမွာ ေထာင္ေခ်ာက္တူးထားခဲ့တာ ၊ သားေကာင္ေတာ့မရေပမယ့္ ကံေကာင္းခ်င္ေတာ့ အဲ့ထဲကေန ဥတစ္လုံးရခဲ့ပါေလေရာ..."
အိပ္ခန္းထဲရွိေလထုသည္ အျပင္ကထက္ အနည္းငယ္ပိုေႏြးပါ၏။ ယြမ္ခ်ိဳးခ်ိဳး လုပ္စရာရွိသည္မ်ားကိုလုပ္ရင္း စကားဆက္ေျပာေနခဲ့သည္။
မီးလွ်ံဝံပုေလြမ်ိဳးႏြယ္စုရွိ ဝံပုေလြသားရဲအ႐ူးမ်ားထံမွ အႏိုင္က်င့္ခံခဲ့ရသည့္ အပိုင္းမ်ားကို ထိမ္ခ်န္လ်က္ သူမ စကားအမ်ားႀကီး ေျပာခဲ့၏။ ျဖစ္ႏိုင္သမွ်ေပ်ာ္႐ႊင္ေစမည့္ စကားမ်ားကိုသာ ေ႐ြးခ်ယ္ေျပာေနခဲ့၏။
"ဒီေန႔ဂူကိုလာတဲ့ေကာင္ေလး ေရွာင္ယြီကေျပာျပတယ္ ေတာထဲမွာ ဂ်င္စင္း႐ိုင္းေတြ ရွိသတဲ့....."
ဘိုးဘိုးမို၏မိသားစုအေၾကာင္း ေျပာေနသည့္အခ်ိန္တြင္ သူမ ဟာသေျပာလိုက္၏ "ကြၽန္မအထင္ မိုေမာင္က ငါးနဲ႔ catnipကို ႀကိဳက္ပုံပဲ....."
သူမအမ်ားႀကီး ေျပာေနခဲ့ပါေသာ္ျငား ဝံပုေလြသည္ သူမအား မတုံ႔ျပန္ပါေပ။
ယြမ္ခ်ိဳးခ်ိဳး တျဖည္းျဖည္း ဝမ္းနည္းလာေတာ့၏။ သူမ ခြဲထားေသာဥကို ေက်ာက္အိုးထဲသို႔ထည့္လိုက္ၿပီး ဝံပုေလြ ေသမ်ားသြားၿပီလားၾကည့္ရန္ လွည့္လိုက္သည္။
သူသည္ မ်က္လုံးမ်ားအား တင္းတင္းၾကပ္ၾကပ္ပိတ္ထားပါၿပီး တစ္စုံတစ္ခုေျပာခ်င္သကဲ့သို႔ ႏႈတ္ခမ္းမ်ားမွာ တဖ်ပ္ဖ်ပ္လႈပ္ေနေလ၏။ ထို႔ျပင္ ႐ြမ္းေက်ာင္၏မ်က္ႏွာေပၚရွိ အနက္ေရာင္အဖုလုံးမ်ားမွာလည္း စတင္ပ်ံ႕ႏွံ႔လာေန၏။
ယြမ္ခ်ိဳးခ်ိဳး၏ ႏွလုံးသားမွာ နစ္ျမဳပ္သြားေလၿပီး သူ႔အား စြမ္းအင္တစ္ခ်ိဳ႕ပို႔ေပးရန္ ရည္႐ြယ္လ်က္ ေက်ာက္ကုတင္ဆီသို႔ ေလွ်ာက္သြားလိုက္၏။
သူ၏ တိုးတိုးလ်လ်အသံအား သူမ,ၾကားလိုက္ရသည့္အခ်ိန္တြင္ သူမသည္ သူႏွင့္အနီးကို ေရာက္ေနခဲ့ၿပီျဖစ္၏။
သူ ဆိုလာပါ၏ "ေအးေနခဲ့သလား ဒါမွမဟုတ္ မေအးဘူးလား?"
မင္း ေအးေနသလား?
ေအးေနရွာမွာေပါ့။
ဝံပုေလြဘာေျပာေနသည္ကို သူမ,သေဘာမေပါက္ခင္အထိ ယြမ္ခ်ိဳးခ်ိဳး စကၠန႔္အနည္းငယ္ေလာက္ ေအးခဲေနခဲ့၏။
သူမ၏မ်က္လုံးမ်ားမွာ ပူေႏြးလာပါ၏——
ဝံပုေလြငတုံးေလး၏မွတ္ဉာဏ္မွာ သိပ္သည္းမ်ားျပားလွသည့္ႏွင္းမ်ားထဲ သူမ အခ်ိန္အၾကာႀကီးေလွ်ာက္ခဲ့ရကာ ေလမွာျပင္းထန္လ်က္ သူမႏွင္းအမ်ားႀကီးေတာင္စားခဲ့ရသည္ဟူေသာ သူမ၏အေျပာတြင္ ေနရစ္ခဲ့ဟန္တူ၏။
သူမ ႏွင္းမ်ားအေၾကာင္းအား အလ်င္စလိုသာ ေျပာခဲ့ျခင္းပါေပ။
သူ,မျမင္ႏိုင္သည္ကို ယြမ္ခ်ိဳးခ်ိဳးသိပါေသာ္ျငား ေခါင္းခါယမ္းပါလိုက္ပါ၏ "ကြၽန္မ မေအးပါဘူး"
"မစၥတာအရန္အစားအစာ ၊ ကြၽန္မ မေအးပါဘူး"
သူမ ထိုစကားကို အႀကိမ္ေပါင္းေျမာက္မ်ားစြာ ေျပာေနခဲ့သည္။ ထို႔ေနာက္ ဝံပုေလြသည္ စိတ္သက္သာရာရကာ လႊတ္ခ်သြားႏိုင္သသို႔ပင္ ေမ့ေျမာသြားခဲ့ေတာ့၏။
ယြမ္ခ်ိဳးခ်ိဳး မတတ္ႏိုင္စြာ ငိုမိကာ ရယ္မိပါ၏။ သူမ ေမွာ္အူတိုင္အား လက္ထဲတြင္ ဆုပ္ကိုင္ထားလ်က္ ယခင္ကကဲ့သို႔ပင္ သူ၏ခႏၶာကိုယ္ထဲသို႔ စြမ္းအားပို႔လႊတ္ရန္ စီစဥ္လိုက္၏။
လက္ေတြ႕တြင္မူ သူမ အနည္းငယ္ထူးဆန္းသလို ခံစားရပါ၏----
သူမ၏စြမ္းရည္မ်ားမွာ တိုးတက္လာၿပီးျဖစ္ကာ ေန႔တိုင္းေန႔တိုင္း သူမ,စုစည္းႏိုင္သည့္ ကုသႏိုင္စြမ္းေရစက္မ်ားမွာလည္း ပိုမ်ားလာေလၿပီ။
သူမ မစၥတာဝံပုေလြဆိုးႀကီးႏွင့္ ေတြ႕ဆုံခဲ့သည့္ ပထမဆုံးအခ်ိန္မွစ သူ႔အေပၚတြင္အသုံးျပဳခဲ့ေသာ ေရစက္မ်ား၏ ကုသႏိုင္စြမ္းအက်ိဳးဆက္အရဆိုလွ်င္ ရက္ေပါင္းမ်ားစြာၾကာခဲ့ၿပီးေနာက္ ဝံပုေလြသည္ ျပန္ေကာင္းလာေနသင့္ပါၿပီ။
သူ၏ခႏၶာကိုယ္တြင္းရွိ ေမွာ္စြမ္းအင္မွာ ေလ်ာ့က်မသြား႐ုံသာမက ပို၍ပို၍ပင္ တိုးမ်ားလာေသး၏။
ထိုအေတြးေပၚထြက္သည့္အခ်ိန္တြင္ သူမ မဖိႏွိပ္ႏိုင္ေအာင္ပင္ ျဖစ္သြားရသည္။
——ဤနတ္ဆိုးစြမ္းအင္မွာ ျပင္ပမေကာင္းဆိုးဝါးမ်ား၏ တိုက္ခိုက္မႈေၾကာင့္မဟုတ္ မစၥတာဝံပုေလြနတ္ဆိုး၏ကိုယ္ကိုယ္တိုင္၌ တည္ရွိေနျခင္းျဖစ္ႏိုင္သည္။
——ထိုသို႔သာဆိုပါလွ်င္ ျပန္ေကာင္းလာရန္ နည္းလမ္း မရွိေတာ့။
ဤအႀကံဉာဏ္ သူမဆီသို႔ ဝင္ေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ယြမ္ခ်ိဳးခ်ိဳး အလ်င္အျမန္ပင္ ျငင္းပယ္လိုက္ပါသည္။
ဟင့္အင္း။ ယခုအခ်ိန္တြင္ သူမစြမ္းအား မလုံေလာက္ေသးေသာေၾကာင့္သာ ျဖစ္မည္။ ဝိညာဥ္ေက်ာက္တုံးသာရွိလွ်င္ သူပိုေကာင္းလာလိမ့္မည္။
ယြမ္ခ်ိဳးခ်ိဳး သူမ၏ႏႈတ္ခမ္းအား ကိုက္လိုက္ၿပီး ခါတိုင္းလိုပင္ သူ႔ထံသို႔ စြမ္းအားပို႔ေပးလိုက္၏။
သို႔ေသာ္ ဤတစ္ႀကိမ္တြင္မူ အရင္ႏွင့္မတူဘဲ လြန္စြာျခားနားေနခဲ့ေလ၏။
ထိုေမွာ္စြမ္းအင္မ်ားသည္ သူမ၏စြမ္းအင္အား ယခင္ကကဲ့သို႔ မေရွာင္ဖယ္ေတာ့ေသာ္လည္း ေတာက္ေလွ်ာက္လိုက္ပါလာလ်က္ သူမ၏စြမ္းအားျဖင့္ ရစ္ပတ္ဖြဲ႕ေႏွာင္သြားၾက၏။
နတ္ဆိုးစြမ္းအင္ႏွင့္ သူမ၏စြမ္းအင္တို႔ အခ်င္းခ်င္းထိမိသြားၾကသည့္အခိုက္အတန႔္တြင္ သူမ၏ေရွ႕က ျမင္ကြင္းမွာ ႐ုတ္ခ်ည္းေမွာင္က်သြားလ်က္ သူမ၏ဘယ္ေျခေထာက္၏ ဒူးေအာက္ဘက္တြင္ ျပင္းျပင္းထန္ထန္ (လႊျဖင့္)တိုက္ျဖတ္ခံေနရသလို ျပင္းထန္ဆိုးဝါးလွသည့္နာက်င္မႈႀကီး ဝင္ေရာက္လာသည္ကို ယြမ္ခ်ိဳးခ်ိဳး ခံစားလိုက္ရ၏။
ထို႔အျပင္ သူမ၏ေနာက္ေက်ာ ၊ ခါး ၊ ဝမ္းဗိုက္ႏွင့္ အစာအိမ္အထိပါ နာက်င္မႈမ်ား ျဖစ္ေပၚလာ၏။ အရင္ကထက္ပို၍ပင္ ဆာေလာင္လာခဲ့ေလ၏။
ယြမ္ခ်ိဳးခ်ိဳး ေမ့လဲက်သြားေတာ့မလိုပါပင္။
သူမ သူမ၏ဘက္ညီမႈကို ခ်က္ခ်င္းဆုံးရႈံးသြားေလၿပီး ေက်ာက္ကုတင္အစြန္းသို႔ ျပဳတ္က်သြားေတာ့၏။
သူမ အသက္ရႉၾကပ္သလို ခံစားရေစသည့္ ေနာက္ေက်ာေပၚက ႐ုတ္တရတ္နာက်င္မႈႏွင့္ သူမ၏ဘယ္ေျခေထာက္မွ ျဖည္းျဖည္းခ်င္းစီးဆင္းေနသည့္ ေႏြးေနေသာေသြးမ်ားကို ခံစားလိုက္ရ၏။
သူမ၏စြမ္းအင္ႏွင့္ ရစ္ပတ္ေနေသာ နတ္ဆိုးစြမ္းအင္မ်ား ရွင္းလင္းသြားၾကသည့္အခ်ိန္တြင္ ယြမ္ခ်ိဳးခ်ိဳး သူမ၏အျမင္အာ႐ုံ ျပန္လည္ေကာင္းမြန္သြားၿပီး သူမ၏အစာအိမ္မွာ ဆာေလာင္လာ၏။ သူမ၏ေအာင့္ေနခဲ့ေသာ အစာအိမ္သည္ ပို၍ေကာင္းမြန္လာၿပီး သူမ၏ဘယ္ေျခေထာက္တြင္လည္း ခံစားသိရွ္ိမႈကို ျပန္လည္ရရွိလာ၏။ သူမ၏ေနာက္ေက်ာတြင္စီးဆင္းေနသည့္ေသြးလည္း မရွိေတာ့ပုံပါပင္။
ယြမ္ခ်ိဳးခ်ိဳး သူမ၏ႏွလုံးသားထဲတြင္ ခန႔္မွန္းခ်က္တစ္ခု ရွိေန၏။ သူမ မတ္တတ္ရပ္ကာ မ်က္လုံးမ်ားေစ့ပိတ္ထားပါေသာ မစၥတာဝံပုေလြအား ၾကည့္လိုက္ၿပီး သားေရထည္ကို ျဖည္းျဖည္းခ်င္း ဖြင့္မ,လိုက္ပါ၏။
သူ၏ေျခတိုေလးမွာ နည္းနည္းခ်င္းေသြးမ်ားထြက္ေနလ်က္ က်ဳံ႕ထားသည္ကို ယြမ္ခ်ိဳးခ်ိဳး ျမင္ရ၏။
တစ္စုံတစ္ခုအား အတည္ျပဳလိုေသာေၾကာင့္ သူမ သူ၏ပုခုံးအား ဂ႐ုတစိုက္ ေထာက္ကူလ်က္ သူ၏ေနာက္ေက်ာအား အတည္ျပဳရန္ လက္ျဖင့္စမ္းလိုက္၏။
စိုစြတ္ေနေသာ အကြက္တစ္ခုရွိေနခဲ့ပါ၏။
ဤအခ်ိန္တြင္ သူမသည္ တုံးအလွသည္ပင္ ျဖစ္ပါေစဦး မစၥတာဝံပုေလြဆိုးႀကီး၏ကိုယ္တြင္းရွိ နတ္ဆိုးစြမ္းအင္ႏွင့္ထိမိသြားသည့္အခိုက္အတန႔္တြင္ သူယခုခံစားေနရသည့္အရာကို သူမခံစားလိုက္ရျခင္းျဖစ္ေၾကာင္းကိုေတာ့ နားလည္လိုက္ေလ၏။
သူမေတြးထားခဲ့သည္ထက္ ပို၍ပင္ ဆိုးဝါးလြန္း၏။
သူမ မေမွ်ာ္လင့္ထားခဲ့ဆုံးအရာသည္ကား သူ၏အစာအိမ္ထဲက ဆာေလာင္မႈကိုပါပင္။
သူမ သူ႔အား အသားေန႔တိုင္းေကြၽးေသာေၾကာင့္ သူအရမ္းႀကီးေတာ့ မဆာေလာင္ေလာက္ဟု သူမ,ထင္ခဲ့သည္။
သို႔ေသာ္ သူမ,ေမ့သြားခဲ့သည္မွာကား သူသည္ ဝံပုေလြသားရဲတစ္ေကာင္ျဖစ္သည္ကိုပါပင္။
ေပါင္ဝက္မွ တစ္ေပါင္အထိရွိေသာအသားအား ေန႔တိုင္းေကြၽး႐ုံျဖင့္ သူ၏ဆာေလာင္မႈကို ထိန္းခ်ဳပ္ရန္မွာ မျဖစ္ႏိုင္ပါေပ။
သို႔ေသာ္ သူသည္ ထိုအေၾကာင္းကို ဘယ္တုန္းကမွ် ထုတ္မေျပာခဲ့ပါေပ။
သူ တိတ္တိတ္ကေလး ခိုးမစားခဲ့သလို သူမကိုလည္း တိတ္တိတ္ကေလး မစားခဲ့ပါေပ။
ေနာက္ဆုံးတြင္မူ မစၥတာဝံပုေလြဆိုးႀကီးသည္ အရန္အစားအစာတစ္ခုျဖစ္သည္ဟု သူမ,စေနာက္ခဲ့ပါေသာ္လည္း သူမကိုယ္တိုင္မွာ ေၾကာက္စရာေကာင္းလွသည့္နတ္ဆိုးတခ်ိဳ႕အတြက္ တကယ့္အစားအစာေကာင္းတစ္ခု ျဖစ္ေနခဲ့ပါ၏။
သူ သိပ္ကိုဆာေလာင္ေနရသည္ကို သူမ,မသိခဲ့ပါေခ်။
ယြမ္ခ်ိဳးခ်ိဳး ေက်ာက္အိုးထဲရွိ ငွက္ဥေပါင္းကိုၾကည့္လိုက္ၿပီး သူမယေန႔ရလာခဲ့သည့္ယုန္ကို ၾကည့္လိုက္သည္။ တြန႔္ဆုတ္မႈမရွိစြာပင္ သူမ ဝံပုေလြအား ယေန႔နည္းနည္းပိုေကြၽးရန္ ဆုံးျဖတ္လိုက္၏။
ေတာအနီးအနားကျမစ္ငယ္ေလးထဲတြင္ ငါးမ်ားရွိသည္ဟု မိုမင္ယေန႔ေျပာျပသည္ကို သူမ,ၾကားလိုက္သည္။ အရင္တုန္းက မိုေမာင္သည္ သူမ(မိုမင္)တို႔၏အစားအစာ မ်ားမ်ားစားစားရွိရန္အတြက္ မၾကာခဏငါးဖမ္းတတ္သည္။
အစားအစာအတြက္ မနက္ျဖန္တြင္ သူမ နည္းနည္းပိုမ်ားမ်ား အမဲလိုက္မည္။
ယြမ္ခ်ိဳးခ်ိဳးသည္ ထပ္မံတြန႔္ဆုတ္မေနေတာ့ဘဲ ေမွာ္အူတိုင္ထဲရွိ ေနာက္ဆုံးစြမ္းအားကို စုပ္ယူကာ မစၥတာဝံပုေလြဆိုးႀကီး ေသြးတိတ္သြားေစရန္ႏွင့္ သူ၏ခႏၶာကိုယ္ထဲရွိ နတ္ဆိုးစြမ္းအင္ကို ဖိႏွိပ္ရန္ ထိုစြမ္းအင္မ်ားကို အသုံးျပဳလိုက္ေတာ့၏။
ဤတစ္ႀကိမ္တြင္ သူမ စြမ္းအင္အမ်ားႀကီးကို ပို႔လိုက္ျခင္းေၾကာင့္ ထိုေမွာ္စြမ္းအင္(နတ္ဆိုးစြမ္းအင္)မ်ားသည္ သူမႏွင့္လာေရာက္ ရစ္ပတ္ျခင္းမရွ္ိေတာ့။ ယြမ္ခ်ိဳးခ်ိဳးမွာ ယခုလက္ရွိ မစၥတာဝံပုေလြဆိုးႀကီး၏အေျခအေနမ်ိဳးႏွင့္ အေတြ႕အႀကဳံမရွိဖူးခဲ့ပါေခ်။
ငွက္ဥေပါင္း၏အနံ႔သည္ တျဖည္းျဖည္းေႏြးေထြးလာသည့္ဂူထဲတြင္ တျဖည္းျဖည္းပ်ံ႕ႏွံ႔ေနလ်က္ မစၥတာအရန္အစားအစာ၏ဒဏ္ရာမွာလည္း တည္ၿငိမ္သြားသည့္ပုံပင္။
ေဘးဒုကၡႀကီးအား ေက်ာ္လႊားၿပီးေနာက္ ယြမ္ခ်ိဳးခ်ိဳးသည္ ဆယ္ရက္အတြင္း သူမတို႔စားခဲ့ဖူးသည့္ အေကာင္းဆုံးဆိုေသာဟင္းလ်ာကို ျပင္ဆင္ပါေတာ့၏။
ငွက္ဥေပါင္းမွာ အလြန္ပူေႏြးေနကာ ယုန္သားသည္လည္း အရသာရွိလွေလသည္။ ပထမဆုံးအႀကိမ္အျဖစ္ ယြမ္ခ်ိဳးခ်ိဳး သူမကိုယ္သူမ ဗိုက္ျပည့္ေအာင္ စားေစလိုက္၏။
သူမ ဝံပုေလြအား ေကြၽးၿပီးသြားေသာအခါ ေက်ာက္ကုတင္ေပၚတြင္လွဲလ်က္ ထိုအေၾကာင္းအားေတြးကာ မစၥတာဝံပုေလြဆိုးႀကီး၏လက္အား ျဖည္းညင္းစြာ ဆြဲယူလိုက္ပါေတာ့သည္။
စြမ္းအင္စီးေၾကာင္းေလးကို ထုတ္လႊတ္ကာ ေမွာ္စြမ္းအင္(နတ္ဆိုးစြမ္းအင္)ျဖင့္ တက္ႂကြစြာရစ္ပတ္လ်က္ သူ၏ခႏၶာကိုယ္ထံ ပို႔ေပးေနခဲ့၏။
မစၥတာဝံပုေလြဆိုးႀကီး၏နာက်င္မႈကို သူမ,ခံစားႏိုင္ပါလွ်င္ သူမ၏ေႏြးေထြးကာ က်န္းမာသည့္ခႏၶာကိုယ္ႏွင့္ ျပည့္အင့္ေနပါေသာအစာအိမ္ကို သူလည္းခံစားႏိုင္ေလာက္မည္ဟု သူမ,ေတြးမိခဲ့၏။
-----
ႏွင္းသည္ က်ေနဆဲျဖစ္ေသာ္လည္း ယခင္ကေလာက္ မမ်ားေတာ့ေပ။
ေလျခေသ့္မ်ိဳးႏြယ္စုတြင္.....
လုစစ္ရန္သည္ ကင္ထားေသာ အရသာရွိလွသည့္ ေတာဝက္႐ိုင္း၏ေျခေထာက္ကို ကိုင္ထားလ်က္ ယို႐ြဲ႕ေလာ္၏ သစ္သားပန္းကန္လုံးထဲသို႔ အ႐ိုးဓားတစ္ေခ်ာင္းျဖင့္ အပိုင္းေလးမ်ား လွီးထည့္ေပးေန၏။
ယို႐ြဲ႕ေလာ္မွာမူ သူ၏လက္ေမာင္းအား ဆုပ္ကိုင္ထား၏ "တကယ္မစားႏိုင္ေတာ့ဘူး"
လုစစ္ရန္ အျပင္မွျပန္လာသည့္ ေနာက္ဆုံးအႀကိမ္ကတည္းက သူသည္ သူမအေပၚ ပိုေကာင္းလာၿပီး လူသားတစ္ဦးႏွင့္ သားရဲတစ္ေကာင္၏ခံစားခ်က္မ်ားမွာ ပိုမိုေကာင္းမြန္လာၿပီဟု သူမ,ခံစားရသည္။ သူမတို႔သည္ တရားဝင္အတူတကြမျဖစ္ၾကေသးေသာ္ျငား ႏွင္းမ်ားက်ေနခဲ့သည့္ ဤရက္ပိုင္းတြင္ သူမတို႔အတူေနခဲ့ၾကၿပီးျဖစ္၏။
အနာဂတ္အေၾကာင္းအရာအမ်ားႀကီးႏွင့္ပတ္သက္၍ လုစစ္ရန္ အိပ္မက္မက္ခဲ့သည္ကို သူမ,မသိသလို သူသည္ သူမအား လိုလိုမယ္မယ္ အလြန္ေကာင္းျပေနျခင္းျဖစ္ကာ ယြမ္ခ်ိဳးခ်ိဳး၏ထြက္ခြာျခင္းအေပၚသို႔သာ သူ၏ျမင္မက္ခဲ့သည့္အရာအားလုံးျဖင့္ တစ္ဖက္သတ္မွတ္ယူထားျခင္းကိုလည္း မသိပါေပ။
"ဒါက တကယ့္ကို ေကာင္းေကာင္းကင္ထားတာမို႔ ပိုစားလိုက္ဦးေနာ္" လုစစ္ရန္၏ သိမ္ေမြ႕ေသာမ်က္ႏွာထက္တြင္ အၿပဳံးတစ္ခုရွိေန၏။
"ထပ္စားေနရင္ ဝလာေတာ့မွာလို႔!" ယို႐ြဲ႕ေလာ္မွာ ေဖာင္းကားေနၿပီျဖစ္၏ "ဒီေတာဝက္႐ိုင္းရဲ႕ေျခေထာက္က အရမ္းအဆီမ်ားတာပဲ ၊ လႊင့္ပစ္လိုက္ေတာ့"
လုစစ္ရန္ သူမအား သေဘာက်သည္ဆိုလွ်င္ေတာင္ သူမ၏ အေရးမစိုက္သည့္ အသံကိုၾကားေသာအခါ သူ၏အသံမွာ သိပ္မေကာင္းေတာ့ေပ "ေဆာင္းအစားအစာဆိုတာ အရမ္းအဖိုးတန္တာ ၊ မင္းမစားဘူးဆိုရင္ ငါတျခားသူေတြကို ေပးလိုက္မယ္"
"အင္းပါ ၊ အင္းပါ ၊ နည္းနည္းထပ္စားမယ္ေလေနာ္"
သူတကယ္ပင္စိတ္တိုသြားသည္ကို ယို႐ြဲ႕ေလာ္ျမင္ေသာအခါ ႏူးညံ့စြာ ေျပာေလ၏ "ခြံေကြၽးေစခ်င္တယ္ေရာ"
လုစစ္ရန္ သက္ျပင္းခ်လိုက္ေသာ္ျငား သူမ၏ဆႏၵအတိုင္း လုပ္ေပးဆဲပါပင္။ သူမအား ခြံေကြၽးေပးၿပီးေနာက္ သူတြန႔္ဆုတ္စြာ ေျပာလိုက္၏ "မနက္ျဖန္က်ရင္ ကိုယ္မီးလွ်ံဝံပုေလြမ်ိဳးႏြယ္စုကို သြားမလို႔ေလ"
ဤရက္ပိုင္းအတြင္း သူ သားရဲဒီေရအေၾကာင္းကို စဥ္းစားေနခဲ့သည္။
သူသည္ အႏၲရာယ္ကို ႀကိဳတင္၍သိထားသည္ ျဖစ္ေသာ္ျငား အိပ္မက္အေပၚတြင္ အလြန္အမင္းမွီခိုလြန္းလွသည့္ လုစစ္ရန္သည္ ထိုအရာအား မေရွာင္ရွားခ်င္ေပ။
("ထိုအရာ"ဆိုတာက ျဖစ္လာမယ့္အႏၲရာယ္ကိုေျပာတာ ၊ အိပ္မက္ေၾကာင့္မို႔လို႔ သူက ျဖစ္လာမယ့္အႏၲရာယ္ကို သိတယ္ ဒါေပမယ့္ ေရွာင္ခ်င္တဲ့စိတ္ ၊ ကိုယ့္ဟာကိုယ္အားကိုးလိုတဲ့စိတ္မရွိဘူး ၊ ယြမ္ခ်ိဳးခ်ိဳးကို သြားရွာၿပီး သူ႔အတြက္ေသခိုင္းခ်င္ေနတုန္း)
"အိပ္မက္"ႏွင့္ အလြန္ျခားနားသည့္တစ္စုံတစ္ခုကို သူလုပ္လိုက္လွ်င္ နတ္ဆိုးဘုရင္အျဖစ္ သူ၏အနာဂတ္လမ္းေၾကာင္း ေျပာင္းလဲသြားမည္ကို သူ,စိုးရိမ္ေနမိ၏။
ယို႐ြဲ႕ေလာ္၏ခံစားခ်က္မ်ားကို ႏွစ္သိမ့္ေပးေနရန္မလို ၊ သူမသည္ အစကတည္းက သူ၏နတ္ဆိုးဘုရင္မ အေလာင္းအလ်ာပင္ျဖစ္သည္ေလ။
သို႔ေသာ္ျငား ယြမ္ခ်ိဳးခ်ိဳး အသက္ရွင္ေနေသးသလားဆိုသည္ကိုေတာ့ သူအတည္ျပဳခ်င္၏။
#This is not my own story
မစၥတာဝုဖ္ရဲ႕မ်က္လုံးအေရာင္ပါ