မှော် (ေမွာ္)

By suekhatpann

90.4K 4.8K 175

🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended... More

Ep (1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep(8)
Ep(9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Season-2 Ep(2)
Season-2 Ep(3)
Season-2 Ep(4)
Season-2 Ep(5)
Season-2 Ep(6)
Season -2 Ep(7)
Season-2 Ep(8)
Season-2 Ep(9)
Season-2 Ep(10)
Season-2 Ep(11)
Season-2 Ep(12)
Season-2 Ep(13)
Season -3 Ep(1)
Season-3 Ep(2)
Season-3 Ep(3)
Season-3 Ep (4)
Season-3 Ep(5)
Season-3 Ep(6)
Season-3 Ep(7)
Season-3 Ep(8)
Season-3 Ep(9)
Season-3 Ep(10)
Season-3 Ep(11)
Season-3 Ep(12)
Season-3 Ep(13)
Season-4 Ep(1)
Season-4 Ep(2)
Season-4 Ep(3)
Season-4 Ep(4)
Season-4 Ep(5)
Season- Ep(6)
Season-4 Ep(7)
Season-4 Ep(8)
Season-4 Ep(9)
Season-4 Ep(10)
Season-4 Ep(11)
Season-4 Ep(12)
Season-4 Ep(13)
Season-5 Ep(1)
Season (5) Ep(2)
Season (5) Ep(3)
Season-5 Ep (4)
Season-5 Ep(5)
Season -5 Ep(6)
Season-5 Ep(7)
Season-5 Ep(8)
Season-5 Ep(9)
Season-5 Ep(10)
Season-5 Ep(11)
Season-5 Ep (12)
Season-5 Ep(13)
Season-6 Ep (1)
Season 6 Ep (2)
Season-6 Ep (3)
Season-6 Ep(4)
Season-6 Ep(5)
Season-6 Ep(6)
Season-6 Ep(7)
Season -6 Ep(8)
Season-6 Ep(9)
Season-6 Ep(10)
Season-6 Ep(11)
Season-6 Ep(12)
Season-6 Ep(13)
Season-7 Ep(1)
Season-7 Ep(2)
Season-7 Ep(3)
Season-7 Ep(4)
Season-7 Ep(5)
Season-7 Ep(6)
Season-7 Ep(7)
Season-7 Ep(8)
Season-7 Ep(9)
Season-7 Ep(10)
Season-7 Ep(11)
Season-7 Ep(12)
Season-7 Ep(13)
Season -8 Ep(1)
Season-8 Ep(2)
Season-8 Ep(3)
Season-8 Ep(4)
Season-8 Ep(5)
Season-8 Ep(6)
Season(8) Ep-7
Season-8 Ep(8)
Season-8 Ep(9)
Season-8 Ep(10)
Season-8 Ep(11)
Season-8 Ep(12)
Season-8 Ep(13)
Season-8 Ep(14)
Season-8 Ep (15)
Season- 8 Ep(16)
Season-8 Ep(17)
Season-8 Ep(18)
Season-8 Ep(19)
Season-9 Ep(1)
Season-8 Ep(2)

Season-2 Ep(1)

1K 60 0
By suekhatpann

Unicode

~~မှော်~~
(Season -2 )
အပိုင်း(၁)

"ဟင့်...ဟင့်"

"ဟီး....ဟီး"

ငိုကြွေးသံလား... ညည်းညူသံလား

နက်ရိူင်းသောအမှောင်ထုကြီးတွင် ဘာဆိုဘာမှ မသဲကွဲ..။ ချောက်ချားဖွယ်ကောင်းသော ထိုအသံတို့က ဘယ်ကလာနေမှန်းလည်း မမှန်းဆနိုင်ပြန်။

ဦးတည်ရာမဲ့လျှောက်သွားနေရင်း သူမစိတ်အစဉ်သည်လည်း လွင့်မျောချင်တိုင်း မျောလို့နေခဲ့သည်။ ဘာကိုမှရေရောရာ မဖမ်းဆုပ်နိုင်သေးစဉ်မှာပင်

"ဟင့်.... ဟင့်"

ဟော... ထပ်ကြားရပြန်ပြီ။ ဒီတစ်ခါတွင်တော့ တစ်စုံတစ်ယောက် ငိုကြွေးနေသည်မှာ သေချာပါသည်။ ပို၍သေချာသည်က မိန်းကလေးတစ်ယောက်၏နာနာကျင်ကျင်ငိုကြွေးသံ။

သူမငိုသံကြားရာဆီသို့ ခန့်မှန်းပြီးလျှောက်လာလိုက်ရာ တစ်နေရာအရောက်တွင်တော့...

"ဟင်.... "

ဟုတ်ပါသည်..။ အလင်းရောင်ခပ်ဖျော့ဖျော့လေးသာရှိသည့်ခပ်လှမ်းလှမ်းတွင် ထိုင်ငိုနေသော မိန်းကလေးတစ်ယောက်။ မျက်နှာကို လက်နှင့်အုပ်ရင်း နင့်နင့်သည်းသည်း ငိုကြွေးနေသည်မှာ တကယ့်ကိုဝမ်းနည်းပက်လက်။

သူမလည်း ထိုမိန်းကလေးအနားတွင် ဒူးထောက်ထိုင်လိုက်ရင်း

"အစ်မ ဘာဖြစ်လို့ငိုနေသလဲဟင်"

သူမအသံကြောင့် ထိုမိန်းကလေးထံမှ ငိုသံတိတ်သွား၏။ ထို့နောက် ဖျပ်ခနဲ့မော့ကြည့်လာတော့

"ဟင်..."

အမှောင်ကျနေသည့်တိုင် ထိုမိန်းကလေး၏မျက်နှာကို ကောင်းစွာမြင်ရပါသည်။ သူမနှင့်လွန်စွာရင်းနှီးခဲ့သော မျက်နှာလေး။

သူမအံ့ဩတုန်လှုပ်စွာပင်

"မမ..... "

"မြူ.... "

မမကိုယ်တိုင်ကလည်းသူမကိုမြင်တော့ အတော်လေး အံ့ဩတုန်လှုပ်သွားပုံရ၏။ မယုံကြည်နိုင်ဟန်နှင့်

"မြူ... ညီမလေး ဒီကိုဘယ်လိုရောက်နေသလဲ"

"ဟို... "

"ဒီနေရာက နင်ရှိနေရမဲ့နေရာမဟုတ်ဘူး မြူ နင်ဒီမှာ မရှိသင့်ဘူး သူနင့်ကိုခေါ်လာသလား အို ဘာပဲဖြစ်ဖြစ် ဒီနေရာက ညီမလေးနဲ့မသက်ဆိုင်ဘူး "

သွေးပျက်ချောက်ချားစွာဆိုနေသော မမစကားတို့ကို မြူဘယ်လိုမှနားမလည်နိုင်သဖြင့်

"မမဘာတွေပြောနေမှန်း မြူနားမလည်ဘူး ဒီကိုဘယ်လိုရောက်နေမှန်းကို မြူမသိဘူးမမ မြူသတိရလာတော့ ဒီနေရာကိုရောက်နေတာပဲ ပြီးတော့ မမကိုတွေ့တယ်.."

"ဒီမှာ ညီမလေးရှိမနေသင့်ဘူး မြူလေး"

"ဒီနေရာကဘာနေရာမို့လဲဟင် မမကရော ဘာလို့ဒီမှာရှိနေသလဲ.."

"ငါကအစကတည်းက ဒီမှာနေတာပါ"

"ဟင်... "

နားလည်ရခက်လွန်းသော မမစကားကြောင့် မြူအံ့သြကာရူပ်ထွေးနေစဉ်မှာပင်

"သူ....သူခေါ်နေပြီ ငါသွားရတော့မယ်"

ရုတ်တရက်အလန့်တကြားထရပ်လိုက်သော မမပုံစံကြောင့် မြူပင်လန့်ဖျပ်သွားရင်း..

"ဘယ်သူလာသလဲ... ဘယ်သွားရမလဲဟင်"

"...."

မမ မဖြေပါ။ သူမကိုရှိသည်ဟုပင် ခံစားမိပုံမရ။ မြင်ဟန်လည်းမရှိတော့သလိုမျက်ဝန်းတို့က ဖြူဆုတ်သွားရင်း တစ်နေရာသို့ ချာခနဲ့ ပြေးထွက်သွားသည်။ မြူမှင်သက်နေရာမှ အသိဝင်လာပြီး..

"မမ..ဘယ်သွားနေသလဲ မြူ့ကိုစောင့်ပါဦး"

မြူနောက်ကနေ အပြေးလေးလိုက်လာသည့်တိုင် မမကလှည့်ပင်မကြည့်ပါ။ အသိစိတ်ကင်းမဲ့နေသကဲ့သို့ ရှေ့ကိုသာ လျှောက်သွားနေသည်။

"မမ...မမပန်းသု"

သူမအသံကိုမမ မကြားချင်ဟန်ဆောင်သလား တကယ်ပဲ မကြားသလား။ မြူဝေခွဲရခက်စွာတွေးနေမိစဉ် အမှောင်ကွင်းပြင်ကြီးအလွန်တွင် ဘွားခနဲ့တွေ့လိုက်ရသည်က..

" အို..... "

ဖြာထွက်နေသောလရောင်အောက်တွင် မြင်တွေ့ရသည်က မြူနှင်းတွေတဖွဲဖွဲကျနေသော လှပလွန်းသည့်နှင်းတောင်တန်းတွေ...။

ပြီးတော့..စိမ်းစိုနေသည့်တောအုပ်တစ်ခုနှင့် ဒီကနေလှမ်းကြည့်ရင်ပင် လှမ်းမြင်ရသည်ထိ မြင့်မားထည်ဝါလွန်းသော ရဲတိုက်ကြီးတစ်ခု။

မြူ တဒင်္ဂမှင်သက်သွားကာ တမေ့တမောကြည့်နေမိစဉ်မှာပင်...

တောအုပ်ထဲမှာကြောက်စရာကောင်းလွန်းသည့် အမျိုးအမည်မသိမည်းမည်းအရာများ ထွက်လာပြီးနောက်..

မမကိုကြမ်းတမ်းစွာဆွဲခေါ်သွားတော့ရာ

"အား.... "

ကြောက်ရွံ့ထိတ်လန့်စွာအော်ဟစ်ရုန်းကန်ရင်း မမသည်တောအုပ်တွင်း တိုးဝှေ့ပျောက်ကွယ်သွား၏။ ထို့နောက်တွင်တော့ ခပ်သဲ့သဲ့ကြားလိုက်ရသည်က သွေးပျက်ချောက်ချားဖွယ် ညည်းညူသံနှင့်အတူ နာနာကျင်ကျင်ငိုကြွေးသံများ။

"မမ... "

မြူသည် ကြောက်စရာကောင်းလွန်းသော ဖြစ်ရပ်ကြောင့် မှင်သက်နေရာမှအသိဝင်လာပြီးနောက် မမအတွက်စိုးရိမ်ပူပင်သွားမိကာ တောအုပ်ထဲလိုက်ဝင်သွားရန်ပြင်လိုက်စဉ်..

"ဟင်..."

ကြီးမားသောအမှောင်ထုကြီးတစ်ခုကြီးကလေပွေတစ်ခုနှယ် သူမကိုသိုင်းဖက်လာခဲ့ရာ

"အား.... "

အမှောင်ထုထဲတွင် စုန်းစုန်းမြှပ်သွားတော့ သွေးပျက်ချောက်ချားစွာ ကြောက်လန့်တကြား အော်ဟစ်ရုန်းကန်လိုက်ပြီးနောက်တွင်တော့...

"နိုးလာပြီလား... "

အလန့်တကြားအော်ပြီး ငေါက်ခနဲ့ထထိုင်လာသည့် သူမကိုကြည့်ပြီး အခန်းတောင့်တွင်ထိုင်နေသည့် အမျိုးသမီးတစ်ယောက်က ခပ်အေးအေးပင် မေးလိုက်သည်။

ထိုအခါမှ သူမအိပ်မက်မက်နေသည်ကို မြူသတိထားမိလိုက်၏။ တကယ်ပဲ သူမအိပ်မက်ဆိုးတစ်ခုမက်နေခဲ့သည်လား။

ရင်သည်အကြောက်တရားများဖြင့် မောပန်းနေဆဲမို့ မြူမွန်းကျပ်စွာ သက်ပြင်းချလိုက်မိ၏။ ထို့နောက် သူမရောက်နေသည့်နေရာကို သတိထားကြည့်မိတော့ အံသြသင့်သွားရပြန်သည်။

ရှေးဆန်လွန်းသော အပြင်အဆင်နှင့်အခန်းငယ်တစ်ခု။ ပြီးနောက် ထူထပ်သောပိုးသားမွေ့ယာတစ်ခုပေါ်တွင် သူမရောက်နေခဲ့ပါလား။

"ဒီနေရာက ဘယ်နေရာလဲဟင်"

မြူ့အမေးကို အခန်းတောင့်တွင် ခပ်ငိုက်ငိုက် ထိုင်နေသည့် အမျိုးသမီးက ဘာမှမဖြေ။ မြူစိတ်ရူပ်ထွေးစွာပင် ထပ်မေးမိ၏။

"မြူဘယ်ရောက်နေသလဲ ရှင်ကရော ဘယ်သူလဲ..."

ထိုအမျိုးသမီးကထိုင်ရာမှထရပ်လိုက်ပြီး..

"ငါ့နောက်လိုက်ခဲ့ပါ.... "

"ရှင်..."

"အပြင်မှာအေးတယ် အနွေးထည်ထပ်ခဲ့ပါ"

အိပ်ရာဘေးခုံပေါ်တွင် ခေါက်တင်ထားသည့် ထူထပ်သောအနွေးထည်အရှည်ကြီးကို မြူနားမလည်စွာယူလိုက်မိသည်။

ရန်ကုန်မြို့ကြီးက ဘယ်တုန်းကများ ဒီလောက်အေးခဲ့ဖူးလို့လဲ။

သို့သော် ခုနအမျိုးသမီးကအခန်းထဲက ထွက်သွားနေပြီမို့ မြူစဉ်းစားမနေတော့ဘဲ အနွေးထည်ကိုင်ထားရင်းနှင့် အပြင်သို့ပြေးထွက်လာလိုက်ရာ..

"အို... အမေ့.."

စိမ့်ခနဲ့အေးစက်သွားမှုကြောင့် လန့်သွားရင်းမှ မြင်ရသည့်မြင်ကွင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိတော့သည်။

မိုးကျသကဲ့သို့ တဖွဲဖွဲကျနေသည့်နှင်းတွေ။ မြေပြင်အနှံတို့သည်လည်း နှင်းခဲများဖြင့် ဖွေးဖွေးလှုပ်နေလို့။ ဟိုး...ခပ်လှမ်းလှမ်းတွင်တော့ စီတန်းနေသည့် အဖြူရောင်နှင်းတောင်တန်းတွေ။

ဘုရားရေ... သူမဘယ်ရောက်နေပါလိမ့်။

မြူကြာကြာအံ့သြမနေနိုင်ခဲ့ပါ။ အေးလွန်းသဖြင့် အနွေးထည်ကိုကမန်းကတမ်းကောက်စွပ်လိုက်၏။ ထို့နောက်ရှေ့ကသွားနေသည့် အမျိုးသမီးနောက် အမီလိုက်ရင်း

"ဒီမှာ ကျွန်မမေးတာရှင်မဖြေရသေးဘူး ဒီနေရာဘယ်နေရာလဲဟင် ကျွန်မဘယ်လိုလုပ်ဒီကိုရောက်နေသလဲ ရှင်ကရောဘယ်သူလဲ ကျွန်မကိုဘယ်ခေါ်သွားမလို့လဲ ကျွန်မရှင့်ကိုမသိဘူး "

"ဒီနေရာမှာမေးခွန်းတွေ အများကြီးမေးလို့မရဘူးမိန်းကလေး.."

"ဟင်..."

"မင်းမေးသမျှလည်း ငါဖြေပိုင်ခွင့်မရှိဘူး"

မရယ်မပြုံးနှင့်အေးစက်စက်ဆိုလိုက်သော အမျိုးသမီးကြောင့် မြူစိတ်ပျက်လက်ပျက်နှင့်ပင်

"ကျွန်မတကယ်ရူးချင်လာပြီ ဒါဆိုရင် အခုကျွန်မတို့ ဘယ်သွားနေသလဲဆိုတာကိုတော့ ရှင်ပြောပြလို့ရမယ်ထင်တယ်"

"ဇီဝင်္ဃာဆီ..."

"ဇီဝင်္ဃာ... "

မြူအံ့ဩစွာရေရွတ်လိုက်သည်။ ထို့နောက် ဘာမှဆက်မမေးခင်မှာပင် သူမကမြူ့ကိုအခန်းကျယ်တစ်ခုထဲ ခေါ်ဆောင်လာခဲ့သည်။

ကျယ်ဝန်းသောအခန်းကြီးတွင် အနက်ရောင်ဝတ်ရုံခြုံထားသည့် လူတစ်ယောက်က ကျောပေးထိုင်နေသည်။ ထိုအမျိုးသမီးက ထိုလူကို ကျိုးနွံစွာပင် ဦးညွှတ်အရိုအသေပေးလိုက်ပြီး

"မိန်းကလေး နိုးလာပါပြီ ဇီဝင်္ဃာ"

"ကောင်းပြီ သူ့ကိုထားခဲ့ပါ လိုအပ်ရင်ငါခေါ်လိုက်မယ် ဗဒ္ဒရီ..."

နာမည်တွေကလည်း... ထူးဆန်းလိုက်တာ။

မြူတအံ့တသြတွေးလိုက်မိသည်။ ဗဒ္ဒရီဆိုသော အမျိုးသမီးထွက်သွားတော့ ဇီဝင်္ဃာဆိုသောလူက သူမဘက်လှည့်လာလိုက်၏။

"အမလေး.."

မြူလန့်မအော်မိအောင်ကို အတင်းထိန်းချုပ်ထားရသည်။ ကြမ်းတမ်းခက်ထန်သောမျက်နှာနှင့် ကြောက်စရာကောင်းလွန်းသော လူ။

အသက်အားဖြင့်ခန့်မှန်း၍ခက်သလို မျက်နှာကလည်းကြောက်စရာကောင်းအောင် ရုပ်ဆိုးအကျဉ်းတန်လွန်းလှသည်။ ထွားကြိုင်းသော ခန္ဓာကိုယ်နှင့် ဝတ်ရုံအနက်ကို ခြုံထားသည်မှာ မြင်ရုံနှင့်ကျောချမ်းစရာကောင်းနေတော့သည်။ ချောက်ချားစရာကောင်းလှသောပုံစံက ရုတ်တရက်ကြည့်လျှင် သရဲတဘက်အလား။

မြူလန့်ဖျပ်သွားသည်မှာ အလွန်တော့မဟုတ်ပေ။ ခဏလေးမော့ကြည့်တာပင် ကြက်သီးတွေထကာ လန့်ဖျပ်သွားရသဖြင့် မြူကြာကြာပင် မကြည့်ရဲဘဲ ခေါင်းငုံထားမိသည်။

"မင်း...ကောင်းကောင်းသတိရလာပြီလား မိန်းကလေး"

သြရှလွန်းသည့်အသံကအစ သွေးပျက်ဖို့ကောင်းလွန်းလှသောဤလူက လူသားတစ်ယောက်မှ ဟုတ်ပါလေစ။

"မှော်ရဲတိုက်ကနေ ကြိုဆိုပါတယ်မိန်းကလေး"

"ဟင်..."

မျှော်လင့်မထားသည့်စကားကြောင့် မြူသူ့ကို မဝံ့မရဲမော့ကြည့်မိရင်း ..

"မှော်ရဲတိုက်..."

"ဟုတ်တယ်..မင်းဘယ်ရောက်နေလဲဆိုတာ သိချင်နေတယ်မဟုတ်လား မင်းရောက်နေတာ မှော်တိုင်းပြည်ပဲ မှော်တိုင်းပြည်ရဲ့ ရဲတိုက်ကြီးမှာ မင်းရှိနေတာပါ မိန်းကလေး.."

"မှော်တိုင်းပြည်.. "

မြူစိတ်ရူပ်ထွေးစွာရေရွတ်လိုက်မိပြီး

"ကျွန်မဘယ်လိုမှနားမလည်နိုင်တော့ဘူး ကျွန်မအိမ်မှာရှိနေခဲ့တာပါ ဒီမတိုင်ခင်အိပ်မက်ဆိုးတစ်ခုမက်ခဲ့တယ် နိုးလာတော့ ဒီနေရာကိုရောက်နေပြန်တယ်..ပြီးတော့ရှင်ကဒါကို မှော်တိုင်းပြည်တဲ့ ကျွန်မကမှော်ရဲတိုက်တစ်ခုထဲမှာတဲ့ အို.. ကျွန်မရူးတော့မှာပဲ ကျွန်မကိုဘယ်သူကများဒီနေရာ ခေါ်ခဲ့သလဲ.."

"မင်းကိုယ်တိုင် ဒီနေရာကိုလာခဲ့တာပါမိန်းကလေး လွန်ခဲ့တဲ့တစ်ပတ်ကတည်းက မင်းဒီကိုရောက်နေခဲ့ပြီးသားပါ ညှို့ငင်ထားတဲ့ မင်းခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေပြီမို့ ခဏအနားယူစေခဲ့တယ် မင်းတစ်ပတ်တိတိအိပ်ပျော်သွားခဲ့တယ် ဒီမနက်မှာပြန်နိုးလာတယ်.."

"မဖြစ်နိုင်တာ...."

လက်သင့်မခံနိုင်ဟန်ဖြင့် သူမခေါင်းတသွင်သွင် ခါရမ်းလိုက်ပြီး ..

"ကျွန်မကဒီကိုဘာကိစ္စလာရမလဲ ဒီနေရာက ဘာမှန်းတောင် ကျွန်မခုထိမသိသေးဘူး ရှင်ပြောတာတွေ တစ်ခုမှကျွန်မနားမလည်ဘူး"

သူက အဓိပ္ပါယ်အချို့စွန်းထင်နေသောအပြုံးတို့ဖြင့် အေးစက်စက်ပြုံးလိုက်၏။ ထို့နောက် သူမကိုစူးစူးရဲရဲ စိုက်ကြည့်နေသည်မှာ ကျောရိုးတစ်ခုလုံး စိမ့်ဝင်သွားသည်လား ထင်ရသည်။

"မင်းအများကြီးသိစရာမလိုဘူး မင်းသိထားရမှာပါ မင်းဒီမှာနေရမယ် မြူနှင်းသိင်္ဃာ"

"ဟင်... ရှင်..ရှင် ကျွန်မနာမည်ကိုသိနေတယ်"

"မင်းနာမည်တင်မကဘူး မင်းဘဝ မင်းမိသားစု မိတ်ဆွေသူငယ်ချင်းအားလုံးကိုပါ ငါတို့သိတယ် "

သူ့စကားကြောင့် မြူအံ့ဩသွားရင်းမှ ဖေဖေမေမေတို့ကို သတိရသွားမိသည်။ ဟုတ်သားပဲ... သူမမှာဖေဖေမေမေအပြင် သူငယ်ချင်းတွေရှိနေသေးသည်။

သူမဒီကိုရောက်နေမှန်းသိကြမည်မထင်ပါ။ သူမကိုယ်တိုင်တောင် မသိနိုင်သေးတာကို။ သို့သော် သူမပျောက်နေသည့်အဖြစ်ကိုတော့ စိတ်ပူနေကြသည်မှာ သေချာသည်။

"ကျွန်မ မိဘတွေ သူတို့ရောဟင်..."

"မင်းမိဘတွေက သူတို့ဆပ်ရမဲ့ဝဋ်ကြွေးအတိုင်း သူတို့ဘဝမှာကျိန်စာသင့်နေမှာပါ မင်းကသူတို့နဲ့လုံးဝမသက်ဆိုင်တော့ဘူး မြူနှင်းသိင်္ဃာ "

"ဟင်.."

"ဖြတ်သန်းခဲ့တဲ့မင်းရဲ့အတိတ်ဘဝ မိဘဆွေမျိုး သူငယ်ချင်းတွေအားလုံးကို မင်းမေ့ပစ်လိုက်တာ အကောင်ဆုံးပဲ မင်းမမေ့နိုင်ရင် အင်း တစ်ချိန်ကျရင်တော့ အလိုလိုမေ့သွားမှာပါ မင်းကိုသူတို့မပိုင်တော့ဘူး မင်းဟာသူတို့နဲ့မသက်ဆိုင်တော့ဘူး.."

"ဟင့်အင်း... ရှင်ဘာတွေပြောနေသလဲ ကျွန်မက ဖေဖေမေမေတို့ရဲ့သမီးပါ ဘာကိစ္စမသက်ဆိုင်ရမှာလဲ ဘာလို့မေ့ပစ်ရမှာလဲ"

မြူအလိုမကျစွာအော်လိုက်တော့ သူ့မျက်နှာတင်းမာသွားပြီး

"ငါပြောနေတယ် သူတို့နဲ့ မင်းဘာမှမသက်ဆိုင်တော့ဘူး မင်းကိုငါတို့ပိုင်တယ် မင်းကမှော်ရဲတိုက်ရဲ့ ကျေးကျွန်တစ်ယောက်ပဲ မြူနှင်းသိင်္ဃာ"

"ဟင်..."

"မင်းဒီမှာတစ်သက်လုံးနေပြီး ကျွန်ခံရမယ်"

"အို..."

ဒေါသတကြီးဆိုလိုက်သည့်စကားက သွေးပျက်တုန်လှုပ်ဖွယ်အတိ။ ကြောက်စရာကောင်းအောင် တင်းမာနေသောလေသံနှင့်မျက်နှာကြောင့် မြူယောင်ယမ်းပြီး နောက်ဆုတ်မိသည်အထိ ကြောက်ရွံ့သွားရ၏။

ကြမ်းတမ်းခက်ထန်လွန်းသောအပြုအမူတို့ကြောင့် လန့်ဖျပ်သွားသည်မှာလည်း ခြေလက်တွေပင် တုန်ရင်အေးစက်လာတော့သည်။

"ဒီနေ့ကစေပြီး မှော်ရဲတိုက်မှာမင်းအလုပ်လုပ်ရမယ် ငါတို့ခိုင်းသမျှ မင်းလုပ်ပေးရမယ် မင်းငြင်းဆန်သမျှ မင်းပဲထိခိုက်နာကျင်ရလိမ့်မယ် ဒီနေရာမှာ သနားကြင်နာတာဘာမှမရှိဘူး ငါတို့အမိန့်ကို မလိုက်နာရင် မင်းသေချင်မိတဲ့အထိ နာကျင်စေရမယ် မိန်းကလေး ငါကတိပေးတယ်"

"ကျွန်မ..."

မီးဝင်းဝင်းတောက်နေသော သူ့မျက်လုံးရဲရဲတွေကိုကြည့်ပြီးကြောက်လွန်းသဖြင့် သူမအသံပင်မထွက်နိုင်တော့ပါ။ ထိုလူကြီးက သူမကို တင်းမာစွာစူးစိုက်ကြည့်နေရင်းနှင့်

"ဒီနေ့အတွက် ဒီလောက်ပြောတာလုံလောက်ပြီ ငါတို့ခွင့်မပြုတဲ့ဘယ်အရာမှ မင်းသိခွင့်မရှိတဲ့အတွက် ဘာမေးခွန်းမှထပ်မမေးနဲ့ သိဖို့လည်း မကြိုးစားမိစေနဲ့ မှော်ရဲတိုက်မှာချမှတ်ထားတဲ့ စည်းကမ်းမှန်သမျှ မင်းလိုက်နာဖို့ ငါသတိပေးလိုက်မယ်"

"ဟုတ်...ဟုတ်ကဲ့ပါ.."

"ဗဒ္ဒရီမင်းကိုလာခေါ်လိမ့်မယ် သူ့နောက်လိုက်သွားပါ လိုအပ်တာမှန်သမျှ သူပြောလိမ့်မယ်သူပြောသမျှမှတ်သားထားပါ "

ထို့နောက် ဇီဝင်္ဃာဆိုသည့်ကြောက်စရာလူကြီးက ခလုတ်တစ်ခုကိုနှိပ်လိုက်၏။ သိပ်မကြာလိုက်ပါ.. ခုနကအမျိုးသမီးပြန်ရောက်လာပြီး ခေါင်းငုံ့အရိုအသေပေးကာ

"အမိန့်ရှိပါ ဇီဝင်္ဃာ.."

"သူ့ကိုခေါ်သွားလို့ပြီ..."

ဗဒ္ဒရီနှင့်အတူ အပြင်ထွက်လာသည်အထိ မြူရင်တုန်နေမိဆဲ။

"ကြောက်ဖို့ကောင်းလိုက်တာ လူမှဟုတ်ရဲ့လား"

မြူ့စကားကြောင့် ဗဒ္ဒရီကမရယ်မပြုံးနှင့်ပင်

"ဒါပုံမှန်တောင်မဟုတ်ဘူးမိန်းကလေး ဒီနေ့ ဇီဝင်္ဃာအတော်သဘောကောင်းတယ် ပြောရမယ်"

"ဟင်..ဒါကိုသဘောကောင်းတယ်.."

မြူ့မျက်နှာလှလှလေးရူံ့မဲ့ကျသွားရင်း

"ဒီလောက်တောင် လန့်လို့သေတော့မယ် စိတ်များဆိုးတဲ့ချိန်ဆို ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်မလဲ လက်ညှိုးငေါက်ငေါက်ထိုးပြီး အမိန့်ပေးနေတာများ ဟွန့် မုန်းစရာကြီး ဒါနဲ့ သူကဒီရဲတိုက်ပိုင်ရှင်လား "

"မဟုတ်ဘူး ရဲတိုက်ကိုထိန်းသိမ်းစောင့်ရှောက်သူ"

"ဒါဆိုရဲတိုက်ပိုင်ရှင်က ဘယ်သူလဲ"

ဗဒ္ဒရီ...မဖြေ။ သူမကိုခန်းမဆောင်တစ်ခုသို့ ခေါ်သွားပြန်သည်။ ထမင်းစားဆောင်ဖြစ်ပုံရသည်။ သူမကိုထမင်းကျွေးသည်။ စားဖူးနေကျပုံစံမဟုတ်သည့်တိုင် ဝမ်းကဟာနေ၍လားမသိ အတော်စားကောင်းပါသည်။

စားပြီးတော့ ဗဒ္ဒရီနှင့်ပင်ပြန်ထွက်လာရ၏။ ဤအဆောက်အဦးသည် အတော်ကြီးမားမည့်ပုံပင်။ သူမမမှတ်မိနိုင်သည်အထိ တစ်ခန်းဝင် တစ်ခန်းထွက်နေရသည်။ အခန်းတိုင်းကလည်း ရှေးကျသောအပြင်အဆင်နှင့် ခမ်းနားထည်ဝါနေတော့၏။

ထို့နောက် ဗဒ္ဒရီနှင့်အတူအပြင်ပြန်ထွက်လာမှ မြူမယုံကြည်နိုင်အောင် အံ့သြတုန်လှုပ်သွားခဲ့ရသည်။ အပြင်ရောက်လာသည့်အခါမှ နောက်ကိုလှည့်ကြည့်မိတော့ မြင်လိုက်ရသည့်မြင်ကွင်းကာ..

အနီရောင်သန်းနေသည့် ခမ်းနားထည်ဝါလွန်းသော ရဲတိုက်ကြီး။

အို.... လှပခမ်းနားလိုက်တာ။

မြင့်မာသောတောင်ထိပ်တွင်တည်ထားသဖြင့် တမေ့တမောငေးကြည့်ရသည်အထိ ခမ်းနားလိုက်လေခြင်း။

အဝါဖျော့ဖျော့နေရောင်နှင့်အတူ တဖွဲဖွဲကျနေသည့်နှင်းမှုန်တွေကြား အရောင်တလက်လက်နှင့်ရဲတိုက်ကြီးကာ ဒဏ္ဍာရီထဲက နန်းတော်အလား ကြီးကျယ်ခမ်းနားလှပါဘိ.။

စိမ်းစိုစိုသစ်ပင်တောအုပ်တွေပါ ဝန်းရံခြံထားသည့် ဤခမ်းနားလွန်းသည့် ရဲတိုက်ကြီးသည် စိတ်ကူးယာဉ်ပုံပြင်ထဲက နတ်ဘုရားတွေနေသည့်နေရာများလား။

လှပခမ်းနားလွန်းသောရဲတိုက်ကြီးကို မှင်သက်စွာ ငေးမောကြည့်ရင်း မြူအံ့သြတုန်လှုပ်စွာ တွေးနေမိတော့၏။ 

ဒီရဲတိုက်ကနေ...သူမထွက်လာခဲ့သည်တဲ့။
ဒါ.... "မှော်ရဲတိုက်"တဲ့လား။ 

ဘုရားရေ..သူမအိပ်မက်မက်နေခဲ့သည်လား ။ ဒီလိုနေရာမျိုး အပြင်လောကတွင် တစ်ကယ်ရှိသည်တဲ့လား။

အချိန်တွေကစဉ့်ကလျားဖြစ်ပြီး သူမကိုယ်တိုင်ပဲ ဒဏ္ဍာရီတစ်ခုထဲရောက်နေသည်လား။ တစ်ယောက်တည်း မယုံကြည်နိုင်စွာ ကယောင်ချောက်ချားတွေးနေမိခိုက်..

"ဒါနှင်းဥယျာဉ်ပဲ မိန်းကလေး"

ဗဒ္ဒရီအသံကြားမှ သူမသတိဝင်လာတော့၏။ ဘာအမျိုးအမည်မှန်းမသိသည့်သော်လည်း ပန်းမျိုးစုံစိုက်ပျိုးထားသော ဥယျာဉ်လေးသည် ပါးစပ်အဟောင်းသားဖြစ်ကာ မှင်သက်ရသည်ထိ လှပဆန်းကြယ်လွန်းနေသည်။

ထို့ပြင် မြူနှင်းတွေဖွေးဖွေးခါနေသည်မှာ တစ်မျိုးကဗျာဆန်ကာ ဆွတ်ပျံ့ကြည်နူးဖွယ်ရာအတိ။

"နှင်းဥယျာဉ်ကိုကျော်ပြီး မင်းဘယ်ကိုမှ သွားခွင့်မရှိဘူး မသွားတာမင်းအတွက် ပိုကောင်းလိမ့်မယ် ဒီနှင်းဥယျာဉ်အလွန်မှာ တောအုပ်ရှိတယ် တောအုပ်ထဲကမကောင်းဆိုးဝါးတွေဟာ မင်းကိုအပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် သတ်စားလိမ့်မယ်"

"ဟင်..."

"ဒီဥယျာဉ်ရဲ့ပန်းတွေအပေါ်နဲ့ လမ်းမတွေအပေါ်နှင်းတွေအမြဲဖုံးလွှမ်းနေတတ်တယ် ဒီလိုရာသီချိန်ဆို ဥယျာဉ်လမ်းတွေတောင်ရှာမတွေ့ဘူး နောက်ရက်ကစပြီး ဒါတွေကိုမင်းရှင်းလင်းရလိမ့်မယ်"

"ကျွန်မက..."

မြူမယုံကြည်နိုင်စွာမော့ကြည့်မိတော့ ဗဒ္ဒရီကအေးစက်ပြတ်သားစွာပင်..

"ဟုတ်တယ်... ဒါမင်းတာဝန်ပဲ"

"မဖြစ်နိုင်တာ ဒီလောက်ဥယျာဉ်အကျယ်ကြီးကို ကျွန်မမလုပ်နိုင်ဘူး"

"ဒီမှာမိန်းကလေး ဒီနေရာမှာမလုပ်နိုင်ဘူးဆိုတဲ့ စကားမပြောမိစေနဲ့ သူတို့မင်းကို ပိုခက်ခဲပင်ပန်းတဲ့အရာလုပ်ခိုင်းလိမ့်မယ် ဘာကိစ္စပဲဖြစ်နေပါစေ မင်းမလုပ်နိုင်လို့မရဘူး ရအောင်ကိုလုပ်ရမယ် မင်းငြင်းဆန်ခွင့်မရှိဘူး မင်းငြင်းလိုက်တာနဲ့ နောက်တစ်ခါမငြင်းရဲအောင် မင်းကိုနှိပ်စက်လိမ့်မယ်"

"ရှင်..."

"အနှိပ်စက်မခံရအောင်နေပါ မိန်းကလေး"

အေးစိမ့်နေသည့်ဗဒ္ဒရီစကားတို့သည် ခြိမ်းခြောက်ရုံသပ်သပ်မဟုတ်မှန်း မြူခံစားလိုက်ရသည်။

"အော်.. တစ်ခုတော့သတိပေးခဲ့ပါရစေ ထွက်ပြေးဖို့တော့မစဉ်းစားနဲ့နော် ဒီနှင်းခွေးတွေက မင်းကိုအမဲလိုက်ပြီး တစ်စစီဖြစ်အောင် ကိုက်သတ်လိမ့်မယ် "

ဗဒ္ဒရီညွှန်ပြရာဆီသို့ကြည့်လိုက်ရာ  အဆောက်အအုံတစ်ခုထဲတွင် သံကြိုးများဖြင့်ချည်နှောင်ထားသော ကြီးမားထွားကြိုင်းလွန်းသည့် ခွေးကြီးသုံးကောင်းကိုမြင်တော့ သူမကြက်သီးများပင် ဖြန်းခနဲ့ထသွားရ၏။

"ဂီး.... ဂဲ"

သားရည်တမြှားမြှားနှင့် နှင်းခွေးသုံးကောင်၏မာန်ဖီသံတို့ကာကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် မြူ ကပျာကယာပင်မျက်နှာလွဲလိုက်မိသည်။ ဗဒ္ဒရီကာသူမကိုဥယျာဉ်အနှံ့လိုက်ပြပြီး၍ အမိန့်များစွာချမှတ်ပြီးချိန်တွင် ညနေပင်အတော်စောင်းနေပြီဖြစ်၏။

"ဒီနေ့ကတော့ ဒီလောက်ပါပဲ"

ဗဒ္ဒရီစကားကြောင့် သူမကြိတ်၍ဝမ်းသာသွားမိသည်။ ထိုအခိုက် ရာသီဥတုကာ ရုတ်တရက်ပိုအေးစိမ့်လာလေရာ

"အေးလိုက်တာ .. "

ရုတ်ချည်းလို အေးစိမ့်လာသောရာသီဥတုကြောင့် မြူခပ်တိုးတိုးညည်းညူလိုက်စဉ် ဗဒ္ဒရီက  ပို၍သိပ်သည်းစွာကျလာသော နှင်းမှုန်တို့ကိုကြည့်ရင်း အထိတ်တလန့်ဟန်ဖြင့်

"သူရောက်လာပြီ... ဒီနေ့စောလိုက်တာ"

"သူဟုတ်လား... သူကဘယ်သူလဲ "

ဗဒ္ဒရီမဖြေပါ။ စိုးရွံကြောက်ရွံ့ဟန်နှင့် ချက်ချင်းကိုဦးညွှတ်ထားလျက် အရိုအသေပြုနေသော ဗဒ္ဒရီအမူအရာကြောင့် မြူအံ့သြသင့်နေမိစဉ် တဖွဲဖွဲကျနေသည့်နှင်းမှုတွေကြားမှ ထိုးထွက်လာသည်ကတော့..

အင်မတန်လှပသောမြင်းဖြူကြီး။ ထိုမြင်းပေါ်တွင်တော့ အဖြူရောင်ဝတ်လွှာနှင့် အင်မတန်ခမ်းနားထည်ဝါသော လူသားတစ်ဦး။

နှင်းမှုန်တို့ကြောင့်မျက်နှာကိုမမြင်ရသည့်တိုင် မြင့်မားလှသောအရပ်အမောင်းနှင့် လှပလွန်းသောမြင်းဖြူကိုစီးနှင်းလာသည်မှာ ပနံ့သင့်လွန်းလှသည်။ အိစက်ညက်ညောနေသော အဖြူရောင်ဝတ်လွှာများခမ်းနားစွာခြုံရုံထားသည့် ထိုလူသားမှာကြည့်ကောင်းလွန်းလှသဖြင့် မြူဆွံ့အနေလျက် မှင်သက်စွာငေးမောကြည့်နေမိ၏။ မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ သူမမှာအသက်ရှူရမှာပင်မေ့လျော့စွာနှင့်။

အတန်ကြာမှရင်လှိုက်ဖိုမောစွာဖြင့်...

"သူက ဘယ်သူလဲဟင် "

ဗဒ္ဒရီကာဦးညွှတ်ထားနေရာမှ ခေါင်းမော့ပြီး အေးစက်စွာဖြေလိုက်သည်က

"မှော်မင်းသား..... "

ဆက်ရန်
ဆူးခတ်ပန်း

Zawgyi

~~ေမွာ္~~
(Season -2 )
အပိုင္း(၁)

"ဟင့္...ဟင့္"

"ဟီး....ဟီး"

ငိုေႂကြးသံလား... ညည္းညဴသံလား

နက္႐ိူင္းေသာအေမွာင္ထုႀကီးတြင္ ဘာဆိုဘာမွ မသဲကြဲ..။ ေခ်ာက္ခ်ားဖြယ္ေကာင္းေသာ ထိုအသံတို႔က ဘယ္ကလာေနမွန္းလည္း မမွန္းဆႏိုင္ျပန္။

ဦးတည္ရာမဲ့ေလွ်ာက္သြားေနရင္း သူမစိတ္အစဥ္သည္လည္း လြင့္ေမ်ာခ်င္တိုင္း ေမ်ာလို႔ေနခဲ့သည္။ ဘာကိုမွေရေရာရာ မဖမ္းဆုပ္ႏိုင္ေသးစဥ္မွာပင္

"ဟင့္.... ဟင့္"

ေဟာ... ထပ္ၾကားရျပန္ၿပီ။ ဒီတစ္ခါတြင္ေတာ့ တစ္စုံတစ္ေယာက္ ငိုေႂကြးေနသည္မွာ ေသခ်ာပါသည္။ ပို၍ေသခ်ာသည္က မိန္းကေလးတစ္ေယာက္၏နာနာက်င္က်င္ငိုေႂကြးသံ။

သူမငိုသံၾကားရာဆီသို႔ ခန္႔မွန္းၿပီးေလွ်ာက္လာလိုက္ရာ တစ္ေနရာအေရာက္တြင္ေတာ့...

"ဟင္.... "

ဟုတ္ပါသည္..။ အလင္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေလးသာရွိသည့္ခပ္လွမ္းလွမ္းတြင္ ထိုင္ငိုေနေသာ မိန္းကေလးတစ္ေယာက္။ မ်က္ႏွာကို လက္ႏွင့္အုပ္ရင္း နင့္နင့္သည္းသည္း ငိုေႂကြးေနသည္မွာ တကယ့္ကိုဝမ္းနည္းပက္လက္။

သူမလည္း ထိုမိန္းကေလးအနားတြင္ ဒူးေထာက္ထိုင္လိုက္ရင္း

"အစ္မ ဘာျဖစ္လို႔ငိုေနသလဲဟင္"

သူမအသံေၾကာင့္ ထိုမိန္းကေလးထံမွ ငိုသံတိတ္သြား၏။ ထို႔ေနာက္ ဖ်ပ္ခနဲ႔ေမာ့ၾကည့္လာေတာ့

"ဟင္..."

အေမွာင္က်ေနသည့္တိုင္ ထိုမိန္းကေလး၏မ်က္ႏွာကို ေကာင္းစြာျမင္ရပါသည္။ သူမႏွင့္လြန္စြာရင္းႏွီးခဲ့ေသာ မ်က္ႏွာေလး။

သူမအံ့ဩတုန္လႈပ္စြာပင္

"မမ..... "

"ျမဴ.... "

မမကိုယ္တိုင္ကလည္းသူမကိုျမင္ေတာ့ အေတာ္ေလး အံ့ဩတုန္လႈပ္သြားပုံရ၏။ မယုံၾကည္ႏိုင္ဟန္ႏွင့္

"ျမဴ... ညီမေလး ဒီကိုဘယ္လိုေရာက္ေနသလဲ"

"ဟို... "

"ဒီေနရာက နင္ရွိေနရမဲ့ေနရာမဟုတ္ဘူး ျမဴ နင္ဒီမွာ မရွိသင့္ဘူး သူနင့္ကိုေခၚလာသလား အို ဘာပဲျဖစ္ျဖစ္ ဒီေနရာက ညီမေလးနဲ႔မသက္ဆိုင္ဘူး "

ေသြးပ်က္ေခ်ာက္ခ်ားစြာဆိုေနေသာ မမစကားတို႔ကို ျမဴဘယ္လိုမွနားမလည္ႏိုင္သျဖင့္

"မမဘာေတြေျပာေနမွန္း ျမဴနားမလည္ဘူး ဒီကိုဘယ္လိုေရာက္ေနမွန္းကို ျမဴမသိဘူးမမ ျမဴသတိရလာေတာ့ ဒီေနရာကိုေရာက္ေနတာပဲ ၿပီးေတာ့ မမကိုေတြ႕တယ္.."

"ဒီမွာ ညီမေလးရွိမေနသင့္ဘူး ျမဴေလး"

"ဒီေနရာကဘာေနရာမို႔လဲဟင္ မမကေရာ ဘာလို႔ဒီမွာရွိေနသလဲ.."

"ငါကအစကတည္းက ဒီမွာေနတာပါ"

"ဟင္... "

နားလည္ရခက္လြန္းေသာ မမစကားေၾကာင့္ ျမဴအံ့ၾသကာ႐ူပ္ေထြးေနစဥ္မွာပင္

"သူ....သူေခၚေနၿပီ ငါသြားရေတာ့မယ္"

႐ုတ္တရက္အလန္႔တၾကားထရပ္လိုက္ေသာ မမပုံစံေၾကာင့္ ျမဴပင္လန္႔ဖ်ပ္သြားရင္း..

"ဘယ္သူလာသလဲ... ဘယ္သြားရမလဲဟင္"

"...."

မမ မေျဖပါ။ သူမကိုရွိသည္ဟုပင္ ခံစားမိပုံမရ။ ျမင္ဟန္လည္းမရွိေတာ့သလိုမ်က္ဝန္းတို႔က ျဖဴဆုတ္သြားရင္း တစ္ေနရာသို႔ ခ်ာခနဲ႔ ေျပးထြက္သြားသည္။ ျမဴမွင္သက္ေနရာမွ အသိဝင္လာၿပီး..

"မမ..ဘယ္သြားေနသလဲ ျမဴ႕ကိုေစာင့္ပါဦး"

ျမဴေနာက္ကေန အေျပးေလးလိုက္လာသည့္တိုင္ မမကလွည့္ပင္မၾကည့္ပါ။ အသိစိတ္ကင္းမဲ့ေနသကဲ့သို႔ ေရွ႕ကိုသာ ေလွ်ာက္သြားေနသည္။

"မမ...မမပန္းသု"

သူမအသံကိုမမ မၾကားခ်င္ဟန္ေဆာင္သလား တကယ္ပဲ မၾကားသလား။ ျမဴေဝခြဲရခက္စြာေတြးေနမိစဥ္ အေမွာင္ကြင္းျပင္ႀကီးအလြန္တြင္ ဘြားခနဲ႔ေတြ႕လိုက္ရသည္က..

" အို..... "

ျဖာထြက္ေနေသာလေရာင္ေအာက္တြင္ ျမင္ေတြ႕ရသည္က ျမဴႏွင္းေတြတဖြဲဖြဲက်ေနေသာ လွပလြန္းသည့္ႏွင္းေတာင္တန္းေတြ...။

ၿပီးေတာ့..စိမ္းစိုေနသည့္ေတာအုပ္တစ္ခုႏွင့္ ဒီကေနလွမ္းၾကည့္ရင္ပင္ လွမ္းျမင္ရသည္ထိ ျမင့္မားထည္ဝါလြန္းေသာ ရဲတိုက္ႀကီးတစ္ခု။

ျမဴ တဒဂၤမွင္သက္သြားကာ တေမ့တေမာၾကည့္ေနမိစဥ္မွာပင္...

ေတာအုပ္ထဲမွာေၾကာက္စရာေကာင္းလြန္းသည့္ အမ်ိဳးအမည္မသိမည္းမည္းအရာမ်ား ထြက္လာၿပီးေနာက္..

မမကိုၾကမ္းတမ္းစြာဆြဲေခၚသြားေတာ့ရာ

"အား.... "

ေၾကာက္႐ြံ႕ထိတ္လန္႔စြာေအာ္ဟစ္႐ုန္းကန္ရင္း မမသည္ေတာအုပ္တြင္း တိုးေဝွ႔ေပ်ာက္ကြယ္သြား၏။ ထို႔ေနာက္တြင္ေတာ့ ခပ္သဲ့သဲ့ၾကားလိုက္ရသည္က ေသြးပ်က္ေခ်ာက္ခ်ားဖြယ္ ညည္းညဴသံႏွင့္အတူ နာနာက်င္က်င္ငိုေႂကြးသံမ်ား။

"မမ... "

ျမဴသည္ ေၾကာက္စရာေကာင္းလြန္းေသာ ျဖစ္ရပ္ေၾကာင့္ မွင္သက္ေနရာမွအသိဝင္လာၿပီးေနာက္ မမအတြက္စိုးရိမ္ပူပင္သြားမိကာ ေတာအုပ္ထဲလိုက္ဝင္သြားရန္ျပင္လိုက္စဥ္..

"ဟင္..."

ႀကီးမားေသာအေမွာင္ထုႀကီးတစ္ခုႀကီးကေလေပြတစ္ခုႏွယ္ သူမကိုသိုင္းဖက္လာခဲ့ရာ

"အား.... "

အေမွာင္ထုထဲတြင္ စုန္းစုန္းျမႇပ္သြားေတာ့ ေသြးပ်က္ေခ်ာက္ခ်ားစြာ ေၾကာက္လန္႔တၾကား ေအာ္ဟစ္႐ုန္းကန္လိုက္ၿပီးေနာက္တြင္ေတာ့...

"ႏိုးလာၿပီလား... "

အလန္႔တၾကားေအာ္ၿပီး ေငါက္ခနဲ႔ထထိုင္လာသည့္ သူမကိုၾကည့္ၿပီး အခန္းေတာင့္တြင္ထိုင္ေနသည့္ အမ်ိဳးသမီးတစ္ေယာက္က ခပ္ေအးေအးပင္ ေမးလိုက္သည္။

ထိုအခါမွ သူမအိပ္မက္မက္ေနသည္ကို ျမဴသတိထားမိလိုက္၏။ တကယ္ပဲ သူမအိပ္မက္ဆိုးတစ္ခုမက္ေနခဲ့သည္လား။

ရင္သည္အေၾကာက္တရားမ်ားျဖင့္ ေမာပန္းေနဆဲမို႔ ျမဴမြန္းက်ပ္စြာ သက္ျပင္းခ်လိုက္မိ၏။ ထို႔ေနာက္ သူမေရာက္ေနသည့္ေနရာကို သတိထားၾကည့္မိေတာ့ အံၾသသင့္သြားရျပန္သည္။

ေရွးဆန္လြန္းေသာ အျပင္အဆင္ႏွင့္အခန္းငယ္တစ္ခု။ ၿပီးေနာက္ ထူထပ္ေသာပိုးသားေမြ႕ယာတစ္ခုေပၚတြင္ သူမေရာက္ေနခဲ့ပါလား။

"ဒီေနရာက ဘယ္ေနရာလဲဟင္"

ျမဴ႕အေမးကို အခန္းေတာင့္တြင္ ခပ္ငိုက္ငိုက္ ထိုင္ေနသည့္ အမ်ိဳးသမီးက ဘာမွမေျဖ။ ျမဴစိတ္႐ူပ္ေထြးစြာပင္ ထပ္ေမးမိ၏။

"ျမဴဘယ္ေရာက္ေနသလဲ ရွင္ကေရာ ဘယ္သူလဲ..."

ထိုအမ်ိဳးသမီးကထိုင္ရာမွထရပ္လိုက္ၿပီး..

"ငါ့ေနာက္လိုက္ခဲ့ပါ.... "

"ရွင္..."

"အျပင္မွာေအးတယ္ အေႏြးထည္ထပ္ခဲ့ပါ"

အိပ္ရာေဘးခုံေပၚတြင္ ေခါက္တင္ထားသည့္ ထူထပ္ေသာအေႏြးထည္အရွည္ႀကီးကို ျမဴနားမလည္စြာယူလိုက္မိသည္။

ရန္ကုန္ၿမိဳ႕ႀကီးက ဘယ္တုန္းကမ်ား ဒီေလာက္ေအးခဲ့ဖူးလို႔လဲ။

သို႔ေသာ္ ခုနအမ်ိဳးသမီးကအခန္းထဲက ထြက္သြားေနၿပီမို႔ ျမဴစဥ္းစားမေနေတာ့ဘဲ အေႏြးထည္ကိုင္ထားရင္းႏွင့္ အျပင္သို႔ေျပးထြက္လာလိုက္ရာ..

"အို... အေမ့.."

စိမ့္ခနဲ႔ေအးစက္သြားမႈေၾကာင့္ လန္႔သြားရင္းမွ ျမင္ရသည့္ျမင္ကြင္းကို မယုံၾကည္ႏိုင္စြာ ေငးၾကည့္ေနမိေတာ့သည္။

မိုးက်သကဲ့သို႔ တဖြဲဖြဲက်ေနသည့္ႏွင္းေတြ။ ေျမျပင္အႏွံတို႔သည္လည္း ႏွင္းခဲမ်ားျဖင့္ ေဖြးေဖြးလႈပ္ေနလို႔။ ဟိုး...ခပ္လွမ္းလွမ္းတြင္ေတာ့ စီတန္းေနသည့္ အျဖဴေရာင္ႏွင္းေတာင္တန္းေတြ။

ဘုရားေရ... သူမဘယ္ေရာက္ေနပါလိမ့္။

ျမဴၾကာၾကာအံ့ၾသမေနႏိုင္ခဲ့ပါ။ ေအးလြန္းသျဖင့္ အေႏြးထည္ကိုကမန္းကတမ္းေကာက္စြပ္လိုက္၏။ ထို႔ေနာက္ေရွ႕ကသြားေနသည့္ အမ်ိဳးသမီးေနာက္ အမီလိုက္ရင္း

"ဒီမွာ ကြၽန္မေမးတာရွင္မေျဖရေသးဘူး ဒီေနရာဘယ္ေနရာလဲဟင္ ကြၽန္မဘယ္လိုလုပ္ဒီကိုေရာက္ေနသလဲ ရွင္ကေရာဘယ္သူလဲ ကြၽန္မကိုဘယ္ေခၚသြားမလို႔လဲ ကြၽန္မရွင့္ကိုမသိဘူး "

"ဒီေနရာမွာေမးခြန္းေတြ အမ်ားႀကီးေမးလို႔မရဘူးမိန္းကေလး.."

"ဟင္..."

"မင္းေမးသမွ်လည္း ငါေျဖပိုင္ခြင့္မရွိဘူး"

မရယ္မၿပဳံးႏွင့္ေအးစက္စက္ဆိုလိုက္ေသာ အမ်ိဳးသမီးေၾကာင့္ ျမဴစိတ္ပ်က္လက္ပ်က္ႏွင့္ပင္

"ကြၽန္မတကယ္႐ူးခ်င္လာၿပီ ဒါဆိုရင္ အခုကြၽန္မတို႔ ဘယ္သြားေနသလဲဆိုတာကိုေတာ့ ရွင္ေျပာျပလို႔ရမယ္ထင္တယ္"

"ဇီဝဃၤာဆီ..."

"ဇီဝဃၤာ... "

ျမဴအံ့ဩစြာေရ႐ြတ္လိုက္သည္။ ထို႔ေနာက္ ဘာမွဆက္မေမးခင္မွာပင္ သူမကျမဴ႕ကိုအခန္းက်ယ္တစ္ခုထဲ ေခၚေဆာင္လာခဲ့သည္။

က်ယ္ဝန္းေသာအခန္းႀကီးတြင္ အနက္ေရာင္ဝတ္႐ုံၿခဳံထားသည့္ လူတစ္ေယာက္က ေက်ာေပးထိုင္ေနသည္။ ထိုအမ်ိဳးသမီးက ထိုလူကို က်ိဳးႏြံစြာပင္ ဦးၫႊတ္အ႐ိုအေသေပးလိုက္ၿပီး

"မိန္းကေလး ႏိုးလာပါၿပီ ဇီဝဃၤာ"

"ေကာင္းၿပီ သူ႔ကိုထားခဲ့ပါ လိုအပ္ရင္ငါေခၚလိုက္မယ္ ဗဒၵရီ..."

နာမည္ေတြကလည္း... ထူးဆန္းလိုက္တာ။

ျမဴတအံ့တၾသေတြးလိုက္မိသည္။ ဗဒၵရီဆိုေသာ အမ်ိဳးသမီးထြက္သြားေတာ့ ဇီဝဃၤာဆိုေသာလူက သူမဘက္လွည့္လာလိုက္၏။

"အမေလး.."

ျမဴလန္႔မေအာ္မိေအာင္ကို အတင္းထိန္းခ်ဳပ္ထားရသည္။ ၾကမ္းတမ္းခက္ထန္ေသာမ်က္ႏွာႏွင့္ ေၾကာက္စရာေကာင္းလြန္းေသာ လူ။

အသက္အားျဖင့္ခန္႔မွန္း၍ခက္သလို မ်က္ႏွာကလည္းေၾကာက္စရာေကာင္းေအာင္ ႐ုပ္ဆိုးအက်ဥ္းတန္လြန္းလွသည္။ ထြားႀကိဳင္းေသာ ခႏၶာကိုယ္ႏွင့္ ဝတ္႐ုံအနက္ကို ၿခဳံထားသည္မွာ ျမင္႐ုံႏွင့္ေက်ာခ်မ္းစရာေကာင္းေနေတာ့သည္။ ေခ်ာက္ခ်ားစရာေကာင္းလွေသာပုံစံက ႐ုတ္တရက္ၾကည့္လွ်င္ သရဲတဘက္အလား။

ျမဴလန္႔ဖ်ပ္သြားသည္မွာ အလြန္ေတာ့မဟုတ္ေပ။ ခဏေလးေမာ့ၾကည့္တာပင္ ၾကက္သီးေတြထကာ လန္႔ဖ်ပ္သြားရသျဖင့္ ျမဴၾကာၾကာပင္ မၾကည့္ရဲဘဲ ေခါင္းငုံထားမိသည္။

"မင္း...ေကာင္းေကာင္းသတိရလာၿပီလား မိန္းကေလး"

ၾသရွလြန္းသည့္အသံကအစ ေသြးပ်က္ဖို႔ေကာင္းလြန္းလွေသာဤလူက လူသားတစ္ေယာက္မွ ဟုတ္ပါေလစ။

"ေမွာ္ရဲတိုက္ကေန ႀကိဳဆိုပါတယ္မိန္းကေလး"

"ဟင္..."

ေမွ်ာ္လင့္မထားသည့္စကားေၾကာင့္ ျမဴသူ႔ကို မဝံ့မရဲေမာ့ၾကည့္မိရင္း ..

"ေမွာ္ရဲတိုက္..."

"ဟုတ္တယ္..မင္းဘယ္ေရာက္ေနလဲဆိုတာ သိခ်င္ေနတယ္မဟုတ္လား မင္းေရာက္ေနတာ ေမွာ္တိုင္းျပည္ပဲ ေမွာ္တိုင္းျပည္ရဲ႕ ရဲတိုက္ႀကီးမွာ မင္းရွိေနတာပါ မိန္းကေလး.."

"ေမွာ္တိုင္းျပည္.. "

ျမဴစိတ္႐ူပ္ေထြးစြာေရ႐ြတ္လိုက္မိၿပီး

"ကြၽန္မဘယ္လိုမွနားမလည္ႏိုင္ေတာ့ဘူး ကြၽန္မအိမ္မွာရွိေနခဲ့တာပါ ဒီမတိုင္ခင္အိပ္မက္ဆိုးတစ္ခုမက္ခဲ့တယ္ ႏိုးလာေတာ့ ဒီေနရာကိုေရာက္ေနျပန္တယ္..ၿပီးေတာ့ရွင္ကဒါကို ေမွာ္တိုင္းျပည္တဲ့ ကြၽန္မကေမွာ္ရဲတိုက္တစ္ခုထဲမွာတဲ့ အို.. ကြၽန္မ႐ူးေတာ့မွာပဲ ကြၽန္မကိုဘယ္သူကမ်ားဒီေနရာ ေခၚခဲ့သလဲ.."

"မင္းကိုယ္တိုင္ ဒီေနရာကိုလာခဲ့တာပါမိန္းကေလး လြန္ခဲ့တဲ့တစ္ပတ္ကတည္းက မင္းဒီကိုေရာက္ေနခဲ့ၿပီးသားပါ ညႇိဳ႕ငင္ထားတဲ့ မင္းခႏၶာကိုယ္က ပင္ပန္းႏြမ္းနယ္ေနၿပီမို႔ ခဏအနားယူေစခဲ့တယ္ မင္းတစ္ပတ္တိတိအိပ္ေပ်ာ္သြားခဲ့တယ္ ဒီမနက္မွာျပန္ႏိုးလာတယ္.."

"မျဖစ္ႏိုင္တာ...."

လက္သင့္မခံႏိုင္ဟန္ျဖင့္ သူမေခါင္းတသြင္သြင္ ခါရမ္းလိုက္ၿပီး ..

"ကြၽန္မကဒီကိုဘာကိစၥလာရမလဲ ဒီေနရာက ဘာမွန္းေတာင္ ကြၽန္မခုထိမသိေသးဘူး ရွင္ေျပာတာေတြ တစ္ခုမွကြၽန္မနားမလည္ဘူး"

သူက အဓိပၸါယ္အခ်ိဳ႕စြန္းထင္ေနေသာအၿပဳံးတို႔ျဖင့္ ေအးစက္စက္ၿပဳံးလိုက္၏။ ထို႔ေနာက္ သူမကိုစူးစူးရဲရဲ စိုက္ၾကည့္ေနသည္မွာ ေက်ာ႐ိုးတစ္ခုလုံး စိမ့္ဝင္သြားသည္လား ထင္ရသည္။

"မင္းအမ်ားႀကီးသိစရာမလိုဘူး မင္းသိထားရမွာပါ မင္းဒီမွာေနရမယ္ ျမဴႏွင္းသိဃၤာ"

"ဟင္... ရွင္..ရွင္ ကြၽန္မနာမည္ကိုသိေနတယ္"

"မင္းနာမည္တင္မကဘူး မင္းဘဝ မင္းမိသားစု မိတ္ေဆြသူငယ္ခ်င္းအားလုံးကိုပါ ငါတို႔သိတယ္ "

သူ႔စကားေၾကာင့္ ျမဴအံ့ဩသြားရင္းမွ ေဖေဖေမေမတို႔ကို သတိရသြားမိသည္။ ဟုတ္သားပဲ... သူမမွာေဖေဖေမေမအျပင္ သူငယ္ခ်င္းေတြရွိေနေသးသည္။

သူမဒီကိုေရာက္ေနမွန္းသိၾကမည္မထင္ပါ။ သူမကိုယ္တိုင္ေတာင္ မသိႏိုင္ေသးတာကို။ သို႔ေသာ္ သူမေပ်ာက္ေနသည့္အျဖစ္ကိုေတာ့ စိတ္ပူေနၾကသည္မွာ ေသခ်ာသည္။

"ကြၽန္မ မိဘေတြ သူတို႔ေရာဟင္..."

"မင္းမိဘေတြက သူတို႔ဆပ္ရမဲ့ဝဋ္ေႂကြးအတိုင္း သူတို႔ဘဝမွာက်ိန္စာသင့္ေနမွာပါ မင္းကသူတို႔နဲ႔လုံးဝမသက္ဆိုင္ေတာ့ဘူး ျမဴႏွင္းသိဃၤာ "

"ဟင္.."

"ျဖတ္သန္းခဲ့တဲ့မင္းရဲ႕အတိတ္ဘဝ မိဘေဆြမ်ိဳး သူငယ္ခ်င္းေတြအားလုံးကို မင္းေမ့ပစ္လိုက္တာ အေကာင္ဆုံးပဲ မင္းမေမ့ႏိုင္ရင္ အင္း တစ္ခ်ိန္က်ရင္ေတာ့ အလိုလိုေမ့သြားမွာပါ မင္းကိုသူတို႔မပိုင္ေတာ့ဘူး မင္းဟာသူတို႔နဲ႔မသက္ဆိုင္ေတာ့ဘူး.."

"ဟင့္အင္း... ရွင္ဘာေတြေျပာေနသလဲ ကြၽန္မက ေဖေဖေမေမတို႔ရဲ႕သမီးပါ ဘာကိစၥမသက္ဆိုင္ရမွာလဲ ဘာလို႔ေမ့ပစ္ရမွာလဲ"

ျမဴအလိုမက်စြာေအာ္လိုက္ေတာ့ သူ႔မ်က္ႏွာတင္းမာသြားၿပီး

"ငါေျပာေနတယ္ သူတို႔နဲ႔ မင္းဘာမွမသက္ဆိုင္ေတာ့ဘူး မင္းကိုငါတို႔ပိုင္တယ္ မင္းကေမွာ္ရဲတိုက္ရဲ႕ ေက်းကြၽန္တစ္ေယာက္ပဲ ျမဴႏွင္းသိဃၤာ"

"ဟင္..."

"မင္းဒီမွာတစ္သက္လုံးေနၿပီး ကြၽန္ခံရမယ္"

"အို..."

ေဒါသတႀကီးဆိုလိုက္သည့္စကားက ေသြးပ်က္တုန္လႈပ္ဖြယ္အတိ။ ေၾကာက္စရာေကာင္းေအာင္ တင္းမာေနေသာေလသံႏွင့္မ်က္ႏွာေၾကာင့္ ျမဴေယာင္ယမ္းၿပီး ေနာက္ဆုတ္မိသည္အထိ ေၾကာက္႐ြံ႕သြားရ၏။

ၾကမ္းတမ္းခက္ထန္လြန္းေသာအျပဳအမူတို႔ေၾကာင့္ လန္႔ဖ်ပ္သြားသည္မွာလည္း ေျခလက္ေတြပင္ တုန္ရင္ေအးစက္လာေတာ့သည္။

"ဒီေန႔ကေစၿပီး ေမွာ္ရဲတိုက္မွာမင္းအလုပ္လုပ္ရမယ္ ငါတို႔ခိုင္းသမွ် မင္းလုပ္ေပးရမယ္ မင္းျငင္းဆန္သမွ် မင္းပဲထိခိုက္နာက်င္ရလိမ့္မယ္ ဒီေနရာမွာ သနားၾကင္နာတာဘာမွမရွိဘူး ငါတို႔အမိန္႔ကို မလိုက္နာရင္ မင္းေသခ်င္မိတဲ့အထိ နာက်င္ေစရမယ္ မိန္းကေလး ငါကတိေပးတယ္"

"ကြၽန္မ..."

မီးဝင္းဝင္းေတာက္ေနေသာ သူ႔မ်က္လုံးရဲရဲေတြကိုၾကည့္ၿပီးေၾကာက္လြန္းသျဖင့္ သူမအသံပင္မထြက္ႏိုင္ေတာ့ပါ။ ထိုလူႀကီးက သူမကို တင္းမာစြာစူးစိုက္ၾကည့္ေနရင္းႏွင့္

"ဒီေန႔အတြက္ ဒီေလာက္ေျပာတာလုံေလာက္ၿပီ ငါတို႔ခြင့္မျပဳတဲ့ဘယ္အရာမွ မင္းသိခြင့္မရွိတဲ့အတြက္ ဘာေမးခြန္းမွထပ္မေမးနဲ႔ သိဖို႔လည္း မႀကိဳးစားမိေစနဲ႔ ေမွာ္ရဲတိုက္မွာခ်မွတ္ထားတဲ့ စည္းကမ္းမွန္သမွ် မင္းလိုက္နာဖို႔ ငါသတိေပးလိုက္မယ္"

"ဟုတ္...ဟုတ္ကဲ့ပါ.."

"ဗဒၵရီမင္းကိုလာေခၚလိမ့္မယ္ သူ႔ေနာက္လိုက္သြားပါ လိုအပ္တာမွန္သမွ် သူေျပာလိမ့္မယ္သူေျပာသမွ်မွတ္သားထားပါ "

ထို႔ေနာက္ ဇီဝဃၤာဆိုသည့္ေၾကာက္စရာလူႀကီးက ခလုတ္တစ္ခုကိုႏွိပ္လိုက္၏။ သိပ္မၾကာလိုက္ပါ.. ခုနကအမ်ိဳးသမီးျပန္ေရာက္လာၿပီး ေခါင္းငုံ႔အ႐ိုအေသေပးကာ

"အမိန္႔ရွိပါ ဇီဝဃၤာ.."

"သူ႔ကိုေခၚသြားလို႔ၿပီ..."

ဗဒၵရီႏွင့္အတူ အျပင္ထြက္လာသည္အထိ ျမဴရင္တုန္ေနမိဆဲ။

"ေၾကာက္ဖို႔ေကာင္းလိုက္တာ လူမွဟုတ္ရဲ႕လား"

ျမဴ႕စကားေၾကာင့္ ဗဒၵရီကမရယ္မၿပဳံးႏွင့္ပင္

"ဒါပုံမွန္ေတာင္မဟုတ္ဘူးမိန္းကေလး ဒီေန႔ ဇီဝဃၤာအေတာ္သေဘာေကာင္းတယ္ ေျပာရမယ္"

"ဟင္..ဒါကိုသေဘာေကာင္းတယ္.."

ျမဴ႕မ်က္ႏွာလွလွေလး႐ူံ႕မဲ့က်သြားရင္း

"ဒီေလာက္ေတာင္ လန္႔လို႔ေသေတာ့မယ္ စိတ္မ်ားဆိုးတဲ့ခ်ိန္ဆို ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလိုက္မလဲ လက္ညႇိဳးေငါက္ေငါက္ထိုးၿပီး အမိန္႔ေပးေနတာမ်ား ဟြန္႔ မုန္းစရာႀကီး ဒါနဲ႔ သူကဒီရဲတိုက္ပိုင္ရွင္လား "

"မဟုတ္ဘူး ရဲတိုက္ကိုထိန္းသိမ္းေစာင့္ေရွာက္သူ"

"ဒါဆိုရဲတိုက္ပိုင္ရွင္က ဘယ္သူလဲ"

ဗဒၵရီ...မေျဖ။ သူမကိုခန္းမေဆာင္တစ္ခုသို႔ ေခၚသြားျပန္သည္။ ထမင္းစားေဆာင္ျဖစ္ပုံရသည္။ သူမကိုထမင္းေကြၽးသည္။ စားဖူးေနက်ပုံစံမဟုတ္သည့္တိုင္ ဝမ္းကဟာေန၍လားမသိ အေတာ္စားေကာင္းပါသည္။

စားၿပီးေတာ့ ဗဒၵရီႏွင့္ပင္ျပန္ထြက္လာရ၏။ ဤအေဆာက္အဦးသည္ အေတာ္ႀကီးမားမည့္ပုံပင္။ သူမမမွတ္မိႏိုင္သည္အထိ တစ္ခန္းဝင္ တစ္ခန္းထြက္ေနရသည္။ အခန္းတိုင္းကလည္း ေရွးက်ေသာအျပင္အဆင္ႏွင့္ ခမ္းနားထည္ဝါေနေတာ့၏။

ထို႔ေနာက္ ဗဒၵရီႏွင့္အတူအျပင္ျပန္ထြက္လာမွ ျမဴမယုံၾကည္ႏိုင္ေအာင္ အံ့ၾသတုန္လႈပ္သြားခဲ့ရသည္။ အျပင္ေရာက္လာသည့္အခါမွ ေနာက္ကိုလွည့္ၾကည့္မိေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းကာ..

အနီေရာင္သန္းေနသည့္ ခမ္းနားထည္ဝါလြန္းေသာ ရဲတိုက္ႀကီး။

အို.... လွပခမ္းနားလိုက္တာ။

ျမင့္မာေသာေတာင္ထိပ္တြင္တည္ထားသျဖင့္ တေမ့တေမာေငးၾကည့္ရသည္အထိ ခမ္းနားလိုက္ေလျခင္း။

အဝါေဖ်ာ့ေဖ်ာ့ေနေရာင္ႏွင့္အတူ တဖြဲဖြဲက်ေနသည့္ႏွင္းမႈန္ေတြၾကား အေရာင္တလက္လက္ႏွင့္ရဲတိုက္ႀကီးကာ ဒ႑ာရီထဲက နန္းေတာ္အလား ႀကီးက်ယ္ခမ္းနားလွပါဘိ.။

စိမ္းစိုစိုသစ္ပင္ေတာအုပ္ေတြပါ ဝန္းရံၿခံထားသည့္ ဤခမ္းနားလြန္းသည့္ ရဲတိုက္ႀကီးသည္ စိတ္ကူးယာဥ္ပုံျပင္ထဲက နတ္ဘုရားေတြေနသည့္ေနရာမ်ားလား။

လွပခမ္းနားလြန္းေသာရဲတိုက္ႀကီးကို မွင္သက္စြာ ေငးေမာၾကည့္ရင္း ျမဴအံ့ၾသတုန္လႈပ္စြာ ေတြးေနမိေတာ့၏။ 

ဒီရဲတိုက္ကေန...သူမထြက္လာခဲ့သည္တဲ့။
ဒါ.... "ေမွာ္ရဲတိုက္"တဲ့လား။ 

ဘုရားေရ..သူမအိပ္မက္မက္ေနခဲ့သည္လား ။ ဒီလိုေနရာမ်ိဳး အျပင္ေလာကတြင္ တစ္ကယ္ရွိသည္တဲ့လား။

အခ်ိန္ေတြကစဥ့္ကလ်ားျဖစ္ၿပီး သူမကိုယ္တိုင္ပဲ ဒ႑ာရီတစ္ခုထဲေရာက္ေနသည္လား။ တစ္ေယာက္တည္း မယုံၾကည္ႏိုင္စြာ ကေယာင္ေခ်ာက္ခ်ားေတြးေနမိခိုက္..

"ဒါႏွင္းဥယ်ာဥ္ပဲ မိန္းကေလး"

ဗဒၵရီအသံၾကားမွ သူမသတိဝင္လာေတာ့၏။ ဘာအမ်ိဳးအမည္မွန္းမသိသည့္ေသာ္လည္း ပန္းမ်ိဳးစုံစိုက္ပ်ိဳးထားေသာ ဥယ်ာဥ္ေလးသည္ ပါးစပ္အေဟာင္းသားျဖစ္ကာ မွင္သက္ရသည္ထိ လွပဆန္းၾကယ္လြန္းေနသည္။

ထို႔ျပင္ ျမဴႏွင္းေတြေဖြးေဖြးခါေနသည္မွာ တစ္မ်ိဳးကဗ်ာဆန္ကာ ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ရာအတိ။

"ႏွင္းဥယ်ာဥ္ကိုေက်ာ္ၿပီး မင္းဘယ္ကိုမွ သြားခြင့္မရွိဘူး မသြားတာမင္းအတြက္ ပိုေကာင္းလိမ့္မယ္ ဒီႏွင္းဥယ်ာဥ္အလြန္မွာ ေတာအုပ္ရွိတယ္ ေတာအုပ္ထဲကမေကာင္းဆိုးဝါးေတြဟာ မင္းကိုအပိုင္းပိုင္းအျပတ္ျပတ္ျဖစ္ေအာင္ သတ္စားလိမ့္မယ္"

"ဟင္..."

"ဒီဥယ်ာဥ္ရဲ႕ပန္းေတြအေပၚနဲ႔ လမ္းမေတြအေပၚႏွင္းေတြအၿမဲဖုံးလႊမ္းေနတတ္တယ္ ဒီလိုရာသီခ်ိန္ဆို ဥယ်ာဥ္လမ္းေတြေတာင္ရွာမေတြ႕ဘူး ေနာက္ရက္ကစၿပီး ဒါေတြကိုမင္းရွင္းလင္းရလိမ့္မယ္"

"ကြၽန္မက..."

ျမဴမယုံၾကည္ႏိုင္စြာေမာ့ၾကည့္မိေတာ့ ဗဒၵရီကေအးစက္ျပတ္သားစြာပင္..

"ဟုတ္တယ္... ဒါမင္းတာဝန္ပဲ"

"မျဖစ္ႏိုင္တာ ဒီေလာက္ဥယ်ာဥ္အက်ယ္ႀကီးကို ကြၽန္မမလုပ္ႏိုင္ဘူး"

"ဒီမွာမိန္းကေလး ဒီေနရာမွာမလုပ္ႏိုင္ဘူးဆိုတဲ့ စကားမေျပာမိေစနဲ႔ သူတို႔မင္းကို ပိုခက္ခဲပင္ပန္းတဲ့အရာလုပ္ခိုင္းလိမ့္မယ္ ဘာကိစၥပဲျဖစ္ေနပါေစ မင္းမလုပ္ႏိုင္လို႔မရဘူး ရေအာင္ကိုလုပ္ရမယ္ မင္းျငင္းဆန္ခြင့္မရွိဘူး မင္းျငင္းလိုက္တာနဲ႔ ေနာက္တစ္ခါမျငင္းရဲေအာင္ မင္းကိုႏွိပ္စက္လိမ့္မယ္"

"ရွင္..."

"အႏွိပ္စက္မခံရေအာင္ေနပါ မိန္းကေလး"

ေအးစိမ့္ေနသည့္ဗဒၵရီစကားတို႔သည္ ၿခိမ္းေျခာက္႐ုံသပ္သပ္မဟုတ္မွန္း ျမဴခံစားလိုက္ရသည္။

"ေအာ္.. တစ္ခုေတာ့သတိေပးခဲ့ပါရေစ ထြက္ေျပးဖို႔ေတာ့မစဥ္းစားနဲ႔ေနာ္ ဒီႏွင္းေခြးေတြက မင္းကိုအမဲလိုက္ၿပီး တစ္စစီျဖစ္ေအာင္ ကိုက္သတ္လိမ့္မယ္ "

ဗဒၵရီၫႊန္ျပရာဆီသို႔ၾကည့္လိုက္ရာ  အေဆာက္အအုံတစ္ခုထဲတြင္ သံႀကိဳးမ်ားျဖင့္ခ်ည္ေႏွာင္ထားေသာ ႀကီးမားထြားႀကိဳင္းလြန္းသည့္ ေခြးႀကီးသုံးေကာင္းကိုျမင္ေတာ့ သူမၾကက္သီးမ်ားပင္ ျဖန္းခနဲ႔ထသြားရ၏။

"ဂီး.... ဂဲ"

သားရည္တျမႇားျမႇားႏွင့္ ႏွင္းေခြးသုံးေကာင္၏မာန္ဖီသံတို႔ကာေၾကာက္မက္ဖြယ္ေကာင္းလြန္းလွသျဖင့္ ျမဴ ကပ်ာကယာပင္မ်က္ႏွာလြဲလိုက္မိသည္။ ဗဒၵရီကာသူမကိုဥယ်ာဥ္အႏွံ႔လိုက္ျပၿပီး၍ အမိန္႔မ်ားစြာခ်မွတ္ၿပီးခ်ိန္တြင္ ညေနပင္အေတာ္ေစာင္းေနၿပီျဖစ္၏။

"ဒီေန႔ကေတာ့ ဒီေလာက္ပါပဲ"

ဗဒၵရီစကားေၾကာင့္ သူမႀကိတ္၍ဝမ္းသာသြားမိသည္။ ထိုအခိုက္ ရာသီဥတုကာ ႐ုတ္တရက္ပိုေအးစိမ့္လာေလရာ

"ေအးလိုက္တာ .. "

႐ုတ္ခ်ည္းလို ေအးစိမ့္လာေသာရာသီဥတုေၾကာင့္ ျမဴခပ္တိုးတိုးညည္းညဴလိုက္စဥ္ ဗဒၵရီက  ပို၍သိပ္သည္းစြာက်လာေသာ ႏွင္းမႈန္တို႔ကိုၾကည့္ရင္း အထိတ္တလန္႔ဟန္ျဖင့္

"သူေရာက္လာၿပီ... ဒီေန႔ေစာလိုက္တာ"

"သူဟုတ္လား... သူကဘယ္သူလဲ "

ဗဒၵရီမေျဖပါ။ စိုး႐ြံေၾကာက္႐ြံ႕ဟန္ႏွင့္ ခ်က္ခ်င္းကိုဦးၫႊတ္ထားလ်က္ အ႐ိုအေသျပဳေနေသာ ဗဒၵရီအမူအရာေၾကာင့္ ျမဴအံ့ၾသသင့္ေနမိစဥ္ တဖြဲဖြဲက်ေနသည့္ႏွင္းမႈေတြၾကားမွ ထိုးထြက္လာသည္ကေတာ့..

အင္မတန္လွပေသာျမင္းျဖဴႀကီး။ ထိုျမင္းေပၚတြင္ေတာ့ အျဖဴေရာင္ဝတ္လႊာႏွင့္ အင္မတန္ခမ္းနားထည္ဝါေသာ လူသားတစ္ဦး။

ႏွင္းမႈန္တို႔ေၾကာင့္မ်က္ႏွာကိုမျမင္ရသည့္တိုင္ ျမင့္မားလွေသာအရပ္အေမာင္းႏွင့္ လွပလြန္းေသာျမင္းျဖဴကိုစီးႏွင္းလာသည္မွာ ပနံ႔သင့္လြန္းလွသည္။ အိစက္ညက္ေညာေနေသာ အျဖဴေရာင္ဝတ္လႊာမ်ားခမ္းနားစြာၿခဳံ႐ုံထားသည့္ ထိုလူသားမွာၾကည့္ေကာင္းလြန္းလွသျဖင့္ ျမဴဆြံ႕အေနလ်က္ မွင္သက္စြာေငးေမာၾကည့္ေနမိ၏။ ျမင္ကြင္းမွေပ်ာက္ကြယ္သြားသည္အထိ သူမမွာအသက္ရႉရမွာပင္ေမ့ေလ်ာ့စြာႏွင့္။

အတန္ၾကာမွရင္လႈိက္ဖိုေမာစြာျဖင့္...

"သူက ဘယ္သူလဲဟင္ "

ဗဒၵရီကာဦးၫႊတ္ထားေနရာမွ ေခါင္းေမာ့ၿပီး ေအးစက္စြာေျဖလိုက္သည္က

"ေမွာ္မင္းသား..... "

ဆက္ရန္
ဆူးခတ္ပန္း

Continue Reading

You'll Also Like

477K 16.2K 74
Chanbaek. Normal ?Warning? 18+
326K 14.9K 58
တွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင...
38.6K 1.4K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
58.9K 1.1K 18
"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"