𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛...
By Hanna-Leo
58.8K 1.5K 3
Title : Eternal Love In Mafia Main Role : နေအလင်္ကာ ၊ ပတ္တမြားရတနာ Ma and Maung Fiction ... Main Role : ေနအလ... More
Ep 1 Uni/Zawgyi
Ep 2 Uni/Zawgyi
Ep 3 Uni/Zawgyi
Ep 5 Uni/Zawgyi
Ep 6 Uni/Zawgyi
Ep 7 Uni/Zawgyi
Ep 8 Uni/Zawgyi
Ep 9 Uni/Zawgyi
Ep 10 Uni/Zawgyi
Ep 11 Uni/Zawgyi
Ep 12 Uni/Zawgyi
Ep 13 Uni/Zawgyi
Ep 14 Uni/Zawgyi
Ep 15 Uni/Zawgyi
Ep 16 Uni/Zawgyi
Ep 17 Uni/Zawgyi
Ep 18 Uni/Zawgyi
Ep 19 Uni/Zawgyi
Ep 20 End Uni/Zawgyi
Extra 1 Uni/Zawgyi
Extra 2 Uni/Zawgyi
My Fiction
Ep 4 Uni/Zawgyi
2.2K 67 0
By Hanna-Leo
Unicode
အခန်း {4}
*ဗုဒ္ဓဟူးနေ့*
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့သွား၍ ကိုကြီးနဲ့ကိုလေးအား ကြိုရန်‌ကျောင်းဆင်းကတည်းက စောင့်နေလိုက်သည်။
လေယာဉ်ပျံကြီး ဆင်းလာလေပြီ။
"ဟာ...ညီလေး အစ်ကိုတို့ကို လာကြိုတာလား .. အိမ်ကတပည့်တွေ လွှတ်လိုက်လည်းရတာကို.. ကျောင်းတက်ရတာနဲ့ ပင်ပန်းနေတာကိုကွာ .."
"မပင်ပန်းပါဘူး .. ညီလေးက ကိုကြီးနဲ့ကိုလေးကို လွမ်းလှပြီဗျ .."
"ဟုတ်ပြီကွာ လာအိမ်ရောက်မှ စကားဆက်ပြောကြတာပေါ့ .."
"ဟယ်ဖေကြီးရေ သားတို့ပြန်ရောက်လာပြီ .."
"ဟုတ်ပြီမေကြီးရေ ထမင်းပွဲပြင်ထားလိုက်တော့ .."
"ကယ်သားတို့ ရေချိုးလိုက်ကြအုန်း .. မာမီထမင်းပွဲ ပြင်ထားမယ် .. ပြီးရင်ထမင်းစားခန်းထဲ လာခဲ့ကြနော် .."
"ဟုတ်ကဲ့ မာမီ .." ဟူ၍ပြောပြီး သုံးယောက်လုံး အခန်းကိုယ်စီသို့ ဝင်သွား၍ ရေချိုးနေကြသည်။
*ထမင်းစားချိန်*
"သားကြီးနဲ့သားလတ်ထည့်စား သားတို့ကြိုက်တာ မာမီချက်ထားတယ် .."
"ဟုတ်ကဲ့ မာမီ သားတို့လည်း မာမီ့လက်ရာကို လွမ်းနေကြတာ .."
"ဟုတ်ပါပြီတော် ထည့်စားကြ .."
"သားငယ်ရော .. ဖေကြီးရော ထည့်စားကြနော် .. ပြီးရင် ရေခဲသေတ္တာထဲမှာ ဖရဲသီးဖျော်ရည်လုပ်ထားတယ် .. ထမင်းစားပြီးရင် သောက်သွားကြအုန်း .."
"ဟုတ်ပါပြီ မေကြီးရယ် .. ဟုတ်ကဲ့ မာမီ .."
"‌မာမီ ဖရဲသီးဖျော်ရည်က ‌သောက်လို့ကောင်းတယ် .. နောက်လည်း ဖျော်တိုက်အုန်း .."
"အေးပါ သားငယ်ရယ် .."
"သားကြီးနဲ့သားလတ် ပစ္စည်းတွေက ဘယ်လိုလဲ လဲလှယ်ရတာ အဆင်ပြေခဲ့လား .."
"ပြေတယ်ဒယ်ဒီ ဘာproblemမှ မရှိပါဘူး .. ဒယ်ဒီသားတွေပဲလေ ယုံကြည်လိုက်စမ်းပါဗျာ .."
"ဟားဟားဟား...ဟုတ်ပါပြီကွာ .. ဒယ်ဒီက ဒယ်ဒီသားသုံးယောက်လုံးကို အပြည့်အဝယုံကြည်ထားပြီးသားပါ .."
"ဦးမိုးစက်ရတနာအတွက်တော့ စိတ်မကောင်းဘူးဒယ်ဒီ .. သူကလည်းမြစ်ကြီးနားက မရတော့ တမူးနယ်စပ်ကို သွားမယ်လို့ သတင်းရထား
တယ် .."
"ဒီတစ်ခေါက် တမူးနယ်စပ်ကဟာကိုတော့ ဒယ်ဒီတို့လက်လွှတ်လိုက်ပါကွာ .. ခုမြစ်ကြီးနားက ပစ္စည်းတွေနဲ့တင် ဒယ်ဒီတို့ကလုံလောက်သေးတယ်ကွ .."
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"သားDiamondရေ ဒယ်ဒီတမူးကို သွားစရာရှိသေးတယ် .. အိန္ဒိယနဲ့တမူးနယ်စပ်ကနေ ပစ္စည်းသွားလဲရမယ် .. အဲ့ဒါဒယ်ဒီ မရှိတုန်း မင်းမာမီနဲ့မင်းမမကို စောင့်‌ရှောက်ထားလိုက်ပါ .."
"ဟုတ်ဒယ်ဒီ သွားပါ .. အမှန်ဆိုဒီခရီးက သားသွားရမယ့်ခရီးပါ .. ခုသားကကျောင်းတက်နေတော့ ဒယ်ဒီပဲ သွားနေရတာ .. စိတ်ချပါ မာမီနဲ့မမကို သားသေချာစောင့်ရှောက်ထားမှာပါ .. "
"စိတ်မပူပါနဲ့‌ဒယ်ဒီ .. သမီးတို့ဆီကို ပုလဲတို့မိသားစုလည်း လာနေတာပဲ ..  ပြီးတော့သမီးတို့ မောင်နှမသုံးယောက်လုံးရဲ့ တိုက်ရည်ခိုက်ရည်ကို ‌ဒယ်ဒီကိုယ်တိုင်သင်ပေးထားတာပဲ .. ကိုယ်ရံတော်တွေလည်းရှိတယ် မပူပါနဲ့ဒယ်ဒီ .."
"ဟုတ်တယ်ဒယ်ဒီ လိုအပ်ရင် သေနတ်ရော အစစ်ပါအုန်းမှာပါ .."
"ဒယ်ဒီသားနဲ့သမီးရဲ့ စွမ်းရည်ကို ဒယ်ဒီကယုံကြည်ပြီးသားပါကွယ် .."
"ကယ်ဖေကြီးတို့ စကားကောင်းမနေနဲ့ ..  သမီးကြီးလည်း ကုမ္ပဏီသွားရမှာ သားလည်းကျောင်းသွားရအုန်းမှာ .. "
"ဟုတ်ကဲ့ပါ မာမီ .."
"သားကတော့အကုန်ပြင်ဆင်ပြီးပြီ .. မမရော ဘာတွေယူအုန်းမှာလဲ သွားတော့မလား .."
"အင်း မမလည်းသွားတော့မှာ မောင်လေး .. ညနေကျမှကျောင်းဆင်းမှဝင်ကြိုနော် .. မနက်ဖြန်မမကျောင်းကိုလိုက်ခဲ့မယ်လို့ ဝါဝါဟန်ကို ပြောထားလိုက်အုန်းနော် .."
"ဟုတ်ပြီ ကျွန်တော်ပြောထားလိုက်မယ် .."
"အင်း သွားကြမယ် .. ‌ဒယ်ဒီနဲ့မာမီရေ သမီးတို့သွားပြီနော် .."
"အေးအေး သားကားကိုဂရုစိုက်မောင်းနော် .."
"ဟုတ်ကဲ့မာမီ သားသွားပြီ .."
*******
"မေရီရေလာခဲ့အုန်း တို့ပြောစရာရှိတယ်..."
"ဟုတ်ကဲ့ CEO .."
"မေရီမနက်ဖြန် သောကြာနေ့ရုံးပိတ်မယ်လို့ ကုမ္ပဏီက ဝန်ထမ်းတွေကို ပြောလိုက်အုန်း .. အလုပ်ကိစ္စ‌တွေလည်း အရမ်းမများ‌သေးဘူးဆိုတော့ တို့လည်းသွားစရာရှိလို့ .."
"ဟုတ်ကဲ့ CEO မေရီသေချာပြောလိုက်ပါ့မယ်ရှင့် .."
*ကုမ္ပဏီထမင်းစားချိန်*
"မမေရီလာလေ ညီမတို့ဝိုင်းကို ဒီမှာနေရာချန်ထားတယ် .."
"Omm အေးသူဇာ ကျေးဇူးပါ‌နော် .."
"ရပါတယ် မမေရီရဲ့ .."
"အော်ဒါနဲ့ အာလုံးပဲ မမလေးက မနက်ဖြန်ရုံးပိတ်တယ်တဲ့ ပြောခိုင်းလိုက်ပါတယ်နော် .. မနက်ဖြန်ရုံးကို လာစရာမလိုပါဘူး .. "
"ဟုတ်လား ဒါဆိုညီမတို့လည်းspaသွားရအောင် ..  မမလိုလေးလှအောင် အသားအရေသေချာပြင်ဆင်ရအောင် .. ဘယ်လိုလဲသွားကြမလား ငါတို့သူငယ်ချင်း‌တွေ .."
"အေးသွားကြတာပေါ့ .. မမေရီလည်း လိုက်မှာလား .."
"မသိသေးဘူး အစ်မက .."
"ဟာ...လိုက်ခဲ့ပါ မမေရီရဲ့ .."
"ဟုတ်ပြီ အခုတော့ထမင်းဆက်စားကြ ပြီးရင်အလုပ်ပြန်လုပ်ကြရမယ် .."
"ဟုတ် .."
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
ကျောင်းထဲသို့ ပရာဒိုအနက်ရောင်နောက်ဆုံးပေါ် မော်ဒယ်မြင့် ကားကြီနှင့် မာစီးဒီးကားကြီးက ညှင်သာစွာ ဝင်လာခဲ့လေသည်။ ကျောင်းသူ/ကျောင်းသားတိုင်းလိုလို ထိုကားကြီးများဆီသို့ စူးစမ်းနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ပါ‌မောက္ခချုပ်ကြီးနဲ့ ဆရာ/‌ဆရာမများကိုယ်တိုင် လာရောက်ကြိုဆိုနေခြင်း‌ကြောင့်ဖြစ်သည်။ ပါပါမောက္ခချုပ်ကြီးကိုယ်တိုင်လာကြိုရခြင်းမှာလည်း ကျောင်းရန်ပုံငွေ အလျှူရှင်များထဲတွင် ထိပ်ဆုံးနေရာတွင်ရပ်တည်လျက်ရှိသော နှစ်ဦးတွင် တစ်ဦးအနက် ဦးမိုးစက်ရတနာ၏ သမီးဖြစ်ပြီး Only Oneရဲ့CEO ပတ္တမြားရတနာဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သူမသည်ဖြူဖွေးနူးညံ့သော အသားအရေပေါ်တွင် အနီရောင်ဇာဝမ်းဆက်လက်တိုကလေးကို မြန်မာဆန်ဆန်ဝတ်ဆင်ထားပြီး ကျော့ရှင်းသောလည်တိုင်လေးနှင့်နားနှစ်ဖက်စီမှာ စိန်များစွာနှင့်
ဒေါက်ဖိနပ်အနီရောင်လေးစီးလျှက် ဆံပင်လေးကိုပုံမှန်အတိုင်း ဖားလျားချထားလေသည်။လက်ထဲတွင်လည်း CHANELတံဆိပ် ပိုက်ဆံအိတ်အနက်ရောင်လေးကို ကိုင်တွယ်ထားသည်။
"လာလေမမ ကျောင်းအုပ်ကြီးနဲ့ဆရာ...ဆရာမတွေကို နှုတ်ဆက်လိုက်ပါအုန်း .."
"မင်္ဂလာပါ...ကျွန်မကဦးမိုးစက်ရတနာရဲ့သမီး Only Oneရဲ့CEO ပတ္တမြားရတနာဖြစ်ပါတယ် .."
"ဟုတ်ကဲ့ပါ မပတ္တမြားရတနာလာမယ်ဆိုလို့ ကျွန်တော်တို့ စောင့်နေတာပါဗျာ .. ခုလိုကျောင်းကိုလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ .."
"ဟုတ်ကဲ့ ကျွန်မလည်းသူငယ်ချင်းတွေကိုလည်းတွေ့ရင်း .. ကျောင်းမှာဘာတွေ လိုအပ်သလဲဆိုတာ ကြည့်ဖို့ရောက်လာတာပါ .."
"ဟုတ်ကဲ့လာပါ ရုံးခန်းထဲသွားပြီး စကားပြောကြရအောင်ဗျာ .. ဆရာ...ဆရာမတွေလည်း လိုက်ခဲ့ကြလေ .."
Zawgyi Version
အခန်း {4}
*ဗုဒ္ဓဟူးနေ့*
*ထမင်းစားချိန်*
"အေးပါ သားငယ်ရယ် .."
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"ဟုတ်ဒယ်ဒီ သွားပါ .. အမှန်ဆိုဒီခရီးက သားသွားရမည့်ခရီးပါ .. ခုသားကကျောင်းတက်နေတော့ ဒယ်ဒီပဲ သွားနေရတာ .. စိတ်ချပါ မာမီနဲ့မမကို သားသေချာစောင့်ရှောက်ထားမှာပါ .. "
"ဟုတ်ကဲ့ပါ မာမီ .."
*******
"ဟုတ်ကဲ့ CEO .."
"ရပါတယ် မမေရီရဲ့ .."
"မသိသေးဘူး အစ်မက .."
"ဟုတ် .."
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
Continue Reading
You'll Also Like
303K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
17.4K 440 8
မောင်ကိုယ်တိုင် လုပ်ကျွေးခွင့် မရတော့တဲ့ ဖက်ထုပ်ကို အညို လုပ်ကျွေးပါ့မယ် ။ သမီးကလေးသိပ်ကြိုက်တဲ့ ဖက်ထုပ်ရဲ့အစာ ကြက်သွန်မြိတ် မြေဩဇာသာ ဖြစ်ပါတော့ ။...
387K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.6M 199K 160