"ကဲဆိုစမ်းပါဦး မသက်ဝေ"
"မေးမလို့ကိုနှစ်ပတ်လောက်အောင်းထားရတာ ကိုယ်သိချင်နေပြီပြောပြတော့"
"ပြောပါ့မယ်ကွာ ကိုယ့်မှာလည်းပြောစရာဆိုလို့မင်းပဲရှိတာ"
မိုးရွာနေသည့်ညကြီးမိုးချုပ် တံစက်မြိတ်တွင်မလှုပ်မယှက်ထိုင်နေသောကောင်မလေးတစ်ယောက်အကြောင်း နာကျည်းကြေကွဲနေသောမျက်လုံးများနှင့်အတူမိုးရေထဲ၌ပြေးဆော့နေသောကောင်မလေးကိုမြင်ရသည့်အခါ သူမရင်ထဲ၌ နာကျင်နေရကြောင်း ထိုကလေး၏စိတ်ကစားမှုအပေါ်မိမိအဟုတ်ထင်မိပါကခက်ကုန်တော့မည်ဖြစ်ကြောင်း သူငယ်ချင်းအားရှင်းပြလေသည်။သူငယ်ချင်းဖြစ်သူကလည်း သေချာနားထောင်ပေး၍ -
"မင်းတို့အဖြစ်ကလည်းတယ်ခက်တာပဲ"
"နှင်းကကလေးဆိုပေမယ့် မင်းအပေါ်စိတ်ကစားတာမဟုတ်တာတော့ကိုယ်အသေအချာပြောရဲတယ်သက်ဝေ"
"ညိုမီနဲ့စကားပြောတိုင်း ညိုမီကနှင်းအကြောင်းညှပ်ပြောလေ့ရှိတယ်"
"နှင်းကမင်းအပေါ်မှာ ဆရာမလိုချစ်တာထက်ပိုနေတာကိုမင်းသိတယ်မလားသက်ဝေ"
"ကိုယ်သိပါတယ်ဖူးငုံ"
"ကိုယ်ကိုယ်တိုင်လည်းအဲ့ဒီအဖြစ်ကိုလက်ခံဖို့ခဲယဉ်းနေတယ်ကွယ်"
"ကလေးကို ရက်ရက်စက်စက်လည်းမပြောချင်ဘူး အကြံဉာဏ်လေးဘာလေးပေးပါဉီးကွာ ကိုယ်မစဉ်းစားတတ်တော့လို့"
"ကိုယ်ပြောချင်တာတစ်ခုပဲသက်ဝေ မင်းကိုယ့်ကိုအကြံဉာဏ်မတောင်းနဲ့ မင်းနှလုံးသားကိုပြန်အကြံဉာဏ်တောင်း"
"မင်းဘာလုပ်သင့်သလဲ မင်းနှလုံးသားကရော ဘာပြောလဲမင်းနားထောင်ကြည့်ပါ"
"ကိုယ်မြင်ရသလောက်မင်းရော နှင်းပါဆက်သွယ်မှုတစ်ခုတော့ရှိနေပြီ"
"အဲ့တာကအချစ်ဖြစ်မလားဆိုတာ မင်းပြန်စဉ်းစားကြည့်ပါ ခေါင်းအေးအေးထားပြီး"
"မင်းရောညိုမီလေးကို ချစ်နေပြီလား"
"မညာတမ်းပြောရရင် ကိုယ်၀န်ခံပါတယ်သက်ဝေ"
"သို့ပေသော်ငြားလည်း ကိုယ်မပြောချင်ဘူး"
"ဘာလို့လဲဖူးငုံရယ် မင်းကကိုယ့်ကိုကျအကြံဉာဏ်ပေးနေပြီး"
"ကိုယ်သတ္တိမရှိဘူး သက်ဝေ"
"ဖူးငုံရယ် မင်းဘေးမှာကိုယ်တစ်ယောက်လုံးရှိပါတယ်ကွာ မင်းရင်ထဲမှာပထမဆုံးပွင့်လာတဲ့အချစ်ပန်းလေးကို ဘယ်အကြောင်းနဲ့မှ အညှိုးမခံပါနဲ့ကွာ"
"ကိုယ်တွေးရင်းရင်လေးတယ်"
"အဆင်ပြေသွားမှာပါဖူးငုံရာ အရှည်ကိုသိပ်မတွေးပါနဲ့ ညိုမီလေးကိုကိုယ်လည်းသဘောကျတယ်မင်းနဲ့လိုက်ဖက်ညီတယ်"
"သူကမင်းငယ်ငယ်တုန်းကအတိုင်းပဲ သွက်သွက်လက်လက်လေး"
"ဒါနဲ့ပဲကိုယ်ကကြိုက်ရတော့မတဲ့လား"
"မဆွတ်ခင်ညွတ်ချင်နေတဲ့အပျိုကြီးကများကွာ မူယာမာယာတွေလုပ်မနေပါနဲ့"
"ကိုယ်တို့နှစ်ယောက်က အတူတူပါပဲသက်ဝေ ကလေးတွေလက်ခုပ်ထဲကရေတွေပါကွာ"
(ရယ်လျက်)
ဒေါ်ဖူးငုံအခန်းထဲတွင်နှစ်ယောက်သားတိုင်ပင်ဆွေးနွေးနေကြခြင်းဖြစ်သည်။ငယ်သူငယ်ချင်းလည်းဖြစ် တိုင်ပင်ဖော်တိုင်ပင်ဖက်လည်းဖြစ်နေသော ဒေါ်ဖူးငုံနှင့်ဒေါ်သက်ဝေမှာ အချစ်ရေးကိစ္စပါမကျန်တိုင်ပင်တတ်ကြသည်။အချစ်ရေး၌လည်း တူညီလှသောချစ်ခြင်းပုံစံများဖြင့်ချစ်မိနေပြန်သည်။အသက်အရွယ်အရနှစ်ယောက်သားမပွင့်လင်းရဲသည်ကလည်းတူလှသည်။ဒီသူငယ်ချင်းနှစ်ယောက်၏ အချစ်ကြမ္မာမှာအဘယ်သို့ဆက်သွားမည်နည်း.........
ညဘက်အတန်းပြီး၍ ကိုယ့်အဆောင်ကိုယ်ပြန်ကြရာ အခန်းထဲသို့ရောက်လျှင်ဖုန်းကိုဖွင့်ကာ နှင်းသူမ Facebook accountကို addလိုက်ပြီး အခန်းထဲကိုခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဂနာမငြိမ်ခဲ့။ညိုမီကလည်းတီချယ်ငုံနှင့် Messengerတွင်စကားပြောနေရင်း နှင်းကိုအာရုံနောက်လာ၍ -
"နှင်း မျက်စိကိုနောက်နေတာပဲ"
"ထိုင်စမ်းပါ မူးလိုက်တာနင့်ကြည့်ရတာ"
"ငါ ငါ ငါ သူ့ကိုaddလိုက်ပြီ"
"ဆရာမ accountလား"
"လက်ခံပါ့မလား"
"Profileမှာနင့်မျက်နှာကြီးပြူးနေအောင်တင်ထားတာနင်မှန်းသိတယ်"
"လက်ခံမှာပါ အသာအငြိမ်နေစမ်းအငုံလေးနဲ့chatနေရတာ နင်လုပ်တာနဲ့feelငုပ်တယ်"
"အေးပါ Chat Chat"
ကုတင်ပေါ်လှဲအိပ်ရင်း ရင်ဘတ်ပေါ်ဖုန်းတင်လိုက် ကောက်ယူကြည့်လိုက်လုပ်နေရင်း -
"ငါကွ"
(ညသံဖြစ်၍ ကျယ်လောင်နေရာ)
"ဟဲ့ ဟာ တိုးတိုး "
"Sorryငါပျော်လို့ပါဟာ"
"သူလက်ခံတယ်ဟ"
"အခုပဲ Thet Wai acceptedတဲ့"
"ကျေနပ်သွားပြီမလား အဲ့တာဆိုလည်းလုပ်ငန်းစတော့"
"ဘယ်လိုစရမှာလဲ လုပ်ပါဟညိုမီရ"
"နင်ရည်းစားရဖို့ကိစ္စကအစငါလိုက်ကူညီနေရတာဟုတ်တော့မဟုတ်သေးဘူးနော် နှင်း"
"နင်ပြောလေ နင့်ရင်ထဲကပြောချင်တာ"
"Activeဖြစ်နေတုန်းပြောလေ တော်ကြာ offlineဖြစ်မှ ပြောမရပဲဖြစ်မယ်"
"ပြောပြီဟာ အဲ့တာဆိုလည်း"
ခြေဖျားလက်ဖျားများအေးစက်နေပြီး Keyboardပေါ်ကလက်ချောင်းများကတုန်ယင်နေကာ စာတစ်ကြောင်းရေးဖို့အရေးအားယူနေရလေသည်။ပြောရမည့်စကားကိုချိန်ဆနေရသည်ကလည်း စဉ်းစားလေကြပ်လေဖြစ်လာရာ ကြံရာမရသည့်အဆုံး စပြောလိုက်က -
"တီချယ် "
"သမီး နှင်း ပြော"
"ဟယ် တီချယ်သမီးမှန်းသိတယ်လား"
"သိတာပေါ့ profileကမျက်နှာလေးကိုကြည့်လိုက်တော့နှင်းမှန်းသိလို့လက်ခံခဲ့တာ"
"ပျော်လိုက်တာ ဟီး ဟီး"
"တီချယ်ဒါနဲ့လေ tripသွားရင်လိုက်မှာလား"
"ဖူးငုံကတော့လိုက်ခဲ့လို့ခေါ်နေတာပဲသမီးရယ် တီချယ်ကလူများရင်မနေတတ်တော့ မလိုက်တော့ဖူးလားလို့"
"ဟာ အဲ့လိုတော့မလုပ်ပါနဲ့ တီချယ်မပါရင်နှင်းမလိုက်ချင်ဘူး"
"လိုက်ပေါ့သမီးရဲ့ငယ်တုန်းသွားရတာ သူငယ်ချင်းတွေနဲ့သွားရတာအမှတ်တရပေါ့ တီချယ်ကလူတောသိပ်မတိုးလို့မလိုက်တာ"
"တီချယ်ရယ် လိုက်ခဲ့ပါလား နော် နော် နော်"
"ဪ.....ဒီကလေးနဲ့ဘယ်လိုဖြစ်နေတာလဲ"
"နှင်းကိုသနားရင်လိုက်ခဲ့ပါ နှင်းတစ်ယောက်တည်းမသွားချင်ဘူး"
"ဇွတ်ဒရွတ်တွေကွယ်"
"နှင်းကတီချယ့်ကို ..."
"အင်း ဘာဖြစ်လဲ"
"ခင်လို့ပါ"
"ဪ"
"အဲ့တာဆိုလိုက်မယ်မလားဟင်တီချယ်"
"အေးကွယ်စဉ်းစားတာပေါ့ အတည်ကြီးတော့မပြောနိုင်သေးဘူး အိမ်မှာလည်းအမေကတစ်ယောက်တည်း"
"ဟုတ်ကဲ့ပါ နှင်းဇွတ်အတင်းမတိုက်တွန်းပါဘူး"
"တီချယ်အိပ်တော့မယ်သမီး"
"Goodnight တီချယ်"
"Sweet dream snow"
စိမ်းနေသောမီးကလေးကဖတ်ကနဲပိတ်သွားပြီး နှင်းစာရိုက်နေရင်းနောက်ဆုံးပြန်စာလေးကိုဖတ်မိပြီးနောက်နှလုံးခုန်သံများရပ်တန့်သွားသလိုခံစားလိုက်ရသည်။Snowဆိုတဲ့နာမည်လေးဟာ ရင်ထဲအသည်းထဲထိဆိမ့်နေအောင်အေးသွားသည့်ခံစားချက်ပင်ဖြစ်သည်။ဒီညအတွက်အိပ်မက်တွေလှနေတော့မှာပါပဲ.......
ညနေပိုင်းအင်္ဂလိပ်အချိန်ဖြစ်၍ ညိုမီနှင့်နှင်းမှာ စာအုပ်ကိုယ်စီနှင့်စကားတပြောပြောဖြင့် အဆောင်မှထွက်လာခဲ့ကြသည်။တီချယ်ငုံတို့တိုက်ရှေ့ကဖြတ်အလျှောက် ဆရာဦးမျိုးနောင်က တီချယ်ငုံလက်ကိုကိုင်ထားပြီး -
"ငုံရယ် ကိုတောင်းပန်ပါတယ်"
"ငုံကိုလေ ကျောင်းတုန်းကကိုယ်သစ္စာမဲ့ခဲ့တဲ့အတွက်ခုထိယူကြုံးမရဖြစ်တုန်းပဲကွာ"
"ငုံသာလက်ခံမယ်ဆို ကိုယ့်အကျင့်တွေအကုန်ပြင်ပြီး ငုံတစ်ယောက်တည်းကိုပဲချစ်မယ်လို့ကတိပေးပါတယ်ကွာ"
"ကိုယ်တို့အရင်လိုပြန်မဖြစ်နိုင်ဘူးလား"
"လွှတ်ပါ မဖြစ်နိုင်ဘူး"
(ဆရာဦးမျိုးနောက်လက်ကိုဖယ်လိုက်ပြီး)
"ပြီးတာတွေကပြီးခဲ့ပါပြီ"
"ကျွန်မရှင့်ကိုအခုအချိန်မှာလုပ်ဖော်ကိုင်ဖက်လိုပဲသဘောထားတာ စည်းကျော်မလာပါနဲ့"
"ကိုယ်ချစ်လို့ပါ ငုံရဲ့အစ်ကိုလို့ခေါ်သံလေးကိုတောင်းတနေတုန်းပဲ"
(ဒေါ်ဖူးငုံပွင့်လက်ကိုနောက်တစ်ကြိမ်ပြန်ဆွဲယူလျက်)
"ကိုယ်နောင်တတွေလည်းအများကြီးရခဲ့ပါပြီ"
"ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ ငုံရယ်အစ်ကိုတောင်းပန်ပါတယ်"
"ရှင်နဲ့ကျွန်မမဆိုင်တော့ပါဘူးဆို လွှတ်စမ်းပါလက်ကို"
(ဆရာဦးမျိုးနောင်လက်ကိုဒုတိယအကြိမ်ဖယ်ချလိုက်သောဒေါ်ဖူးငုံပွင့်)
"မလွှတ်ဖူး ကိုယ့်ကိုခွင့်လွှတ်တယ်ပြောမှလွှတ်မယ်"
(ဖယ်ချသော်လည်း အတင်းပြန်ဆွဲလိုက်သောဦးမျိုးနောင်)
"ဖယ်လို့ကျွန်မပြောနေတယ်"
တီချယ်ငုံအသံမှာကျယ်သထက်ကျယ်လာပြီး မျက်လုံးများနီရဲလာလေသည်။ခပ်လှမ်းလှမ်းမှကြည့်နေသော ညိုမီက လှစ်ကနဲပြေးသွားကာ ဆရာဦးမျိုးနောင်လက်ကိုဖြုတ်ချရင်း -
"ဆရာဘယ်လိုဖြစ်နေတာလဲ တီချယ်ငုံသဘောမတူတာကို ဇွတ်အတင်းမလုပ်ပါနဲ့"
"မင်းနဲ့မဆိုင်ဘူးညိုမီလှိုင် ကိုယ့်နေရာကိုယ်နေ"
(စားတော့ဝါးတော့မတတ်ကြိမ်းဝါးနေသောဆရာဦးမျိုးနောင်)
"မနေပါဘူး တီချယ်ငုံကညိုမီဆရာမ"
"တီချယ်ငုံမကြိုက်ရင် ဆရာလက်ဖျားနဲ့တို့ရဲတို့ကြည့်"
"မင်းကဘာလုပ်ချင်တာလဲ ငါ့ကိုပြော"
"ကိုမျိုးနောင်ရှင်တော်တော့ ကလေးကိုဘာမှဆွဲထည့်စရာမလိုဘူး"
"မင်းပြောနေတဲ့ကလေးက ကလေးလိုမှမနေပဲကွ"
"ပြောစမ်းပါ ညိုမီလှိုင်မင်းဘာဖြစ်ချင်လဲ"
"နောက်ဆိုတီချယ်ငုံကိုဒီလိုမလုပ်ပါနဲ့ဆရာ"
"ညိုမီဆရာမကိုဒီလိုလုပ်တာညိုမီမကြိုက်ဖူး"
"ဪ.....ဒီလိုလား"
ဆရာဦးမျိုးနောင်ညိုမီလှိုင်ပခုံးကိုညစ်လိုက်ပြီး နောက်ကိုဆောင့်တွန်းလိုက်လေရာ ညိုမီနောက်ကိုဖင်ထိုင်လျက်လဲကျသွားလေသည်။ညိုမီလဲကျသွားသောအခါခပ်လှမ်းလှမ်းတွင်ကျန်ရစ်ခဲ့သောနှင်းကပြေးလာကာ ညိုမီကိုဆွဲထူလိုက်လေသည်။
"ညိုမီရရဲ့လား"
"ရတယ်နှင်း ငါဘာမှမဖြစ်ဖူး"
ထိုအချိန်တွင်တီချယ်ငုံကဒေါသမီးတောက်နေသောမျက်လုံးများဖြင့် ဆရာဦးမျိုးနောင်ကိုစေ့စေ့ကြည့်ကာ ပါးကိုအားနှင့်ရိုက်ချလိုက်သည်။ပါးချလိုက်သည့်အသံကဖြောင်းကနဲထွက်သွားပြီး -
"ရှင်နဲ့တန်တာဒါပဲ"
"သွားတော့ ကျွန်မရှေ့ကထွက်သွား"
တီချယ်ငုံကနှင်ထုတ်လိုက်သောအခါ ဆရာဦးမျိုးနောင်က ရှုးရှုးရှဲရှဲနှင့်ဒေါသထွက်ကာထွက်သွားတော့သည်။ထို့နောက်တီချယ်ငုံက လဲကျနေသောညိုမီနားသွား၍ -
"ညိုမီလေး ဘယ်နားနာသွားသေးလဲ"
"ညိုမီဘာမှမဖြစ်ပါဘူး တီချယ်ငုံ"
"ဘာ ဘာမှမဖြစ်ပါဘူးလဲ နင့်တံတောင်ဆစ်ကသမံတလင်းနဲ့ပွတ်မိပြီး ပွန်းသွားတာမြင်လား ဒီမှာ"
"ဟုတ်ပါရဲ့ကွယ် သွေးလေးတွေစို့လို့ပါလား"
(ညိုမီတံတောင်ဆစ်ကိုကြည့်ရင်း)
"နှင်း သမီးသူငယ်ချင်းကိုခဏထိုင်ခုံပေါ်ထိုင်ခိုင်းထား တီချယ်ဆေးအိတ်သွားယူဦးမယ်"
"ဟုတ်ကဲ့ပါတီချယ်ငုံ"
တီချယ်ငုံကဆေးအိတ်ယူလာပြီး နှင်းလက်မှပွန်းပဲ့နေသည့်နေရာကို အရက်ပြန်နှင့်ဂွမ်းသုံး၍တို့လိုက်ရာ -
"အား.....စပ်လိုက်တာ"
"ခဏပါပဲညိုမီလေး ပြီးပြီနော်"
ပွန်းပဲ့နေသည့်နေရာကိုဆေးလိမ်းပေးပြီးနောက် ညိုမီ၏ပွန်းပဲ့နေသည့်နေရာကိုလေလေးနှင့်မှုတ်ပေးလျက် -
"ပျောက်သွားမှာပါညိုမီလေး"
"ဟုတ်ကဲ့ပါတီချယ်"
"အညိုအမဲတော့မစွဲလောက်ပါဘူးနော် တီချယ့်ကိစ္စထဲ၀င်ပါရင်းဖြစ်တာ စိတ်မကောင်းဘူးကွယ်"
"အဲ့လိုလည်းသဘောမထားပါနဲ့ ညိုမီစိတ်ထဲကမကြိုက်လို့၀င်ပါမိတာပါ"
"တီချယ့်ကိုအဲ့ဒီလူကြီး ရမ်းကားနေတာကိုညိုမီလက်ပိုက်ကြည့်မနေနိုင်ဘူး"
"ခုတော့အနာရပြီမလား ၀င်ပါလို့"
(တီချယ်ငုံက ငိုမဲ့မဲ့လေးနှင့်)
"တီချယ့်အတွက်ဒီလောက်ကဘာမှမဖြစ်ပါဘူး"
"ညိုမီလေးရယ်"
(သနားကရုဏာသက်နေသောမျက်လုံးအစုံဖြင့်ညိုမီကိုစိုက်ကြည့်နေသောဒေါ်ဖူးငုံ)
"အဟမ်း"
"နှင်း သွားတော့မယ်တီချယ်"
"Chemistryချိန်ကနောက်ချိန်မလား သမီး"
"ဟုတ်တီချယ်ငုံ"
"တီချယ်ငုံနဲ့ညိုမီ နောက်ကလိုက်လာခဲ့နော် နှင်းသွားနှင့်ပြီ"
ပြုံးစိစိနှင့်အလိုက်သိစွာရှောင်ပေးလာသောနှင်းက လမ်းတစ်လျှောက်လုံးမျက်နှာပိုးမသေ။မြေကြီးကိုကြည့်ရင်းစိတ်ကူးအဌားယဉ်နေသောနှင်းမှာဘေးပတ်၀န်းကျင်ကိုသတိမထားမိပဲလျှောက်နေရာ ရှေ့ကလူကိုမမြင်ပဲတိုက်မိတော့သည်။
"အမယ်လေး"
"ဟဲ့ နှင်း နင်ငါတစ်ယောက်လုံးကိုမမြင်ဖူးလား"
"Sorry ရန်နိုင် အတွေးများသွားလို့"
"နင်ငါ့ဆီကိုလျှောက်လာကတည်းကကြည့်နေတာ နင်တအားပြုံးဖြီးနေတာ"
"တစ်ခုခုပဲနင်ရည်းစားရသွားပြီလား"
"ဟာနင်ကလည်း ပေါက်ကရပြောနေ ဘယ်ရည်းစားမှမရဘူး"
"ဟူး.......တော်ပါသေးရဲ့"
"ငါကျန်ရစ်ဖြစ်တော့မှာစိုးသွားတာ"
"သွားစမ်းပါ နင့်ကိုငါစိတ်မ၀င်စားပါဘူး"
"နောက်ချိန် Chemistryချိန်နင်ဘာလာလုပ်တာလဲဒီဘက်"
"နင်တို့တွေမလာနိုင်တာနဲ့ထွက်စောင့်နေတာ"
"နင်ကအပေါက်စောင့်လား ငါနဲ့ညိုမီကိုစောင့်ရအောင်"
"အဲ့လိုလည်းမဟုတ်ပါဘူးဟာ ငါကနင်တို့နေများမကောင်းလို့လားဘာလားအဲ့လိုပေါ့ဟာ"
"ထားပါတော့ ထားပါတော့"
"အတန်းထဲသွားမယ်နှင်း"
"နင်မခေါ်လည်းသွားမှာပါ"
နှင်းနှင့်ရန်နိုင်၀င်သွားပြီးမကြာခင် ညိုမီကတီချယ်ငုံနှင့်အတူ၀င်လာပြီး နှင်းဘေးမှာထိုင်လျက်စာသင်နေလေသည်။နှင်းကစာသင်နေစဉ် ညိုမီနားကပ်၍ လေတိုးသံဖြင့်မေးရာ -
"ဆရာမကြီး အခြေအနေ"
"Good Good"
"Oh my god!"
"Bravo"
"ပြီးမှဆက်ပြောပြတော့မယ် စာကြည့်အရူးမ"
"အေးပါဟ"
စာသင်ချိန်ပြီး၍ Guideချိန်တွင် physicsတွက်စာများတွက်နေရင်း ညိုမီကဖောက်သည်ချတော့သည်။သူနှင့်တီချယ်ငုံနှင်းထွက်သွားပြီးနောက်ပြောပြသည့်စကားများကို အမူအရာနှင့်တကွပြောပြလေသည်။
"ဟာ......ဇာတ်ရှိန်တက်နေတာပေါ့နင်ပြောသလိုဆို"
"အမြင့်ဆုံးပဲသူငယ်ချင်း"
"ငါပြန်တော့နင့်ကိုတီချယ်ကသူ့ရင်ခွင်ကြီးထဲဆွဲသွင်းလိုက်တယ်ပေါ့"
"အား........ချိုမြိန်လိုက်လေခြင်း သကာရည်တောင်နင့်ဇာတ်လမ်းလောက်ချိုမယ်မထင်ဘူးညိုမီ"
"နင်များကံဇာတာစန်းလဂ်တက်နေတာနော်"
"တီချယ်ငုံရင်ခွင်ထဲရောက်ဖို့ ဘာစီးသွားလိုက်တာလဲ"
"ငါ့ကိုပြောစမ်းပါ ငါလည်းငါ့တီချယ်ရင်ခွင်ထဲသွားချင်လို့"
"ဒါကလွယ်လွယ်လေးပါ မေတ္တာရချင်ရင်မေတ္တာအရင်ပေးရတာပေါ့ give and take"
"No pain No gain"
"အနာခံမှ အသာစံ"
"တီချယ့်ရင်ခွင်ထဲရောက်အောင် နင့်လိုပွဲကြမ်းရမယ့် Villainဦးမျိုးနောင်လည်းမရှိဘူးညိုမီရ"
"ငါပြောတာအဲ့လိုမဟုတ်ပါဘူးနှင်းရယ်"
"နင့်တီချယ်အတွက်အရင်ပေးဆပ်တဲ့အချစ်နဲ့ချစ်ကြည့် တစ်နေ့သူ့ရင်ခွင်ထဲရောက်မယ် ဒါကိုပြောချင်တာငါက"
"နင်ပြောတာလည်းမဆိုးပါဘူး"
"ပေးဆပ်တဲ့အချစ်က ရယူခြင်းနဲ့တည်ဆောက်တဲ့အချစ်ထက်ပိုအေးချမ်းတာတော့အမှန်ပဲ"
"မှန်တာပေါ့ဟ ငါကတီချယ်ငုံကိုချစ်တယ် ချစ်လို့ကာကွယ်ပေးချင်တယ်"
"ဒါပေမယ့်ငါက တီချယ့်ကိုငါကလွဲရင်ဘယ်သူ့မှမချစ်စေချင်ဘူး ငါ့အတ္တပဲပြောရမလား"
"အဲ့တာအတ္တမှမဟုတ်တာညိုမီရာ အချစ်ဆိုတာရယူလိုစိတ်ကနည်းနည်းလေးတော့ပါတတ်ပါတယ် ချစ်မှတော့လူတိုင်းပိုင်ဆိုင်ချင်ကြတာပဲ"
"အေးနော်"
"ဘာမှမစဉ်းစားနဲ့ နင်နဲ့တီချယ်ငုံပေါင်းကိုပေါင်းရမယ် ငါတစ်ယောက်လုံးရှိတယ်"
"လာရှုပ်လို့ကတော့ ဦးမျိုးနောင်မကလို့သူ့အဖိုးလာရှုပ်ပါစေ တောက်ချပစ်လိုက်မယ်"
"နင်ငါ့ကိုယုံတယ်မလား"
"နင့်မှမယုံ ငါကဘယ်သူ့ယုံရမလဲ"
.......... Episode - 16ဆက်ရန်.........
May Tharaphu ✍️✍️