Unicode
အိုး....ကျင့်ကြံသူတွေလည်းဘအတင်းတုတ်တတ်တာပဲလား။ အနည်းဆုံးတော့သူတို့ရှေ့မှာရှိနေတဲ့လူကိုသတိထားအုံးလေ။
ရှောင်ကျန့်သည် သူ့ရင်ထဲရှိကျင့်ကြံသူတွေရဲ့ကြီးမြတ်ခန့်ညားတဲ့ပုံရိပ်မှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသလိုခံစားလိုက်ရသည်။နောက်ဆုံးမှာတော့ ကျင့်ကြံသူတွေဆိုတာလည်း လူသားတွေမဟုတ်ပါလား။ သူတို့လည်းအတင်းတုပ်ချင်စိတ်ရှိကြသည်။
ဇာတ်လိုက်လီဟူရီသည် ချောင်းအနည်းငယ်ဟမ့်လိုက်ရင်း ဆူညံ့နေသောလူအုပ်ကြီးကို သူ့ဆီအာရုံစိုက်စေလိုက်သည်။
"ကျွန်တော်အရင်ဆုံး ကျင့်ကြံသူရောင်းရင်းတို့ ကြားထားတဲ့သတင်းက အမှန်ဆိုတာကို လာအတည်ပြုပေးတာပါ....ကြားခဲ့ကြတဲ့အတိုင်းပါပဲ.....တကယ်လို့နတ်သားရဲဥကို ပေးအပ်နိုင်ခဲ့ရင် ဆရာသခင်ရဲ့တပည့်ဖြစ်နိုင်မယ့်အပြင် နောက်ထပ် ကိုယ်ရင်းနှီးတဲ့လူနှစ်ယောက်ကိုပါအတွင်းစည်းတပည့်အဖြစ်တိုက်ရိုက်ထည့်သွင်းပေးပါ့မယ်"
လီဟူရီရဲ့စကားကြောင့် ဘေးပတ်ပတ်လည်ရှိကျင့်ကြံသူတွေဆီမှ အံ့အားသင့်တကြီးအသံတွေထွက်ပေါ်လာသည်။ အတော်များများက ဝမ်းသာသွားကြ၏။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသည့်လူအများစုဟာ နတ်သားရဲဥကိုရတဲ့သူက သူတို့ကိုယ်တိုင်မဟုတ်ရင် သူတို့နဲ့ရင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေတစ်ယောက်ဖြစ်ပါစေလို့ ကြိတ်ဆုတောင်းနေကြသည်။
"ဟုတ်ပြီ.....ကျင့်ကြံသူရောင်းရင်းတို့အနေနဲ့ တောထဲဝင်တဲ့အခါ သတိကြီးကြီးထားဖို့ ကျုပ်သတိပေးလိုက်ပါရစေ"
ဇာတ်လိုက်လီဟူရီ၏ ဖော်ရွေသည့်စကားအဆုံး၌ကျင့်ကြံသူအုပ်စုလိုက်ကြီး တောအုပ်ထဲသို့တစ်ဟုန်ထိုးပြေးဝင်သွားကြသည်။ ရှောင်ကျန့် အနည်းငယ်မှင်သက်နေ၏။ အနောက်ဘက်လှည့်ကြည့်ရင်း ဝမ်ရိပေါ်ကိုလှည့်မေးလိုက်မိသည်။
"သူပြောတာ တကယ်ကြီးဒီလောက်ပဲလား"
"ဟမ်"
"ဒီစကားလေးပြောတာကိုကြားရဖို့အတွက်နဲ့ အကုန်လုံးက ဒီမှာအချိန်ကုန်ခံပြီး မတ်တပ်ရပ်စောင့်နေကြတာပေါ့လေ"
ဝမ်ရိပေါ် သဘောပေါက်သွားသည်။
"အကုန်လုံးတော့မဟုတ်ဘူး....တစ်ချို့အင်အားကြီးတဲ့ကျင့်ကြံသူတွေက တောအုပ်ထဲရောက်နေတာကြာပြီ....."
"....."
ဒါဆိုသူက အလေလိုက်တဲ့အုပ်စုနဲ့အတူ အလကားမတ်တပ်ရပ်နေမိတာပေါ့။
"သွားမယ်"
ရှောင်ကျန့်က အနည်းငယ်ဆူပုပ်ပုပ်မျက်နှာဖြင့်ဝမ်ရိပေါ်ကို ဆွဲခေါ်ရင်းတောထဲဝင်သွားခဲ့၏။ သူတို့နှစ်ယောက်က ပုံမှန်အတိုင်းသာ သွားလာနေပြီး လူအချို့နဲ့လမ်းမှာတွေ့ပေမယ့်တစ်ဖက်နဲ့တစ်ဖက်ဂရုမစိုက်ကြပေ။ အနည်းငယ်သောလူတွေက သူတို့နှစ်ယောက်ဆီမှလုယက်ဖို့ကြိုးစားခဲ့ကြပေမယ့် ဝမ်ရိပေါ်လက်ဝှေ့ယမ်းလိုက်တာနဲ့တင် လှုပ်မရဖြစ်သွားတတ်ကြသည်။ အဲ့ဒီအခါကျရင် ရှောင်ကျန့်ကအားနာနာဖြင့် ထိုလူတွေ၏သိုလှောင်လက်စွပ်တွေကိုချွတ်ယူပြစ်တတ်သည်။
သနားစရာလုယက်သူတွေမှာ ကိုယ်လုံးတီးဖြင့် သစ်ပင်ပေါ်တွဲလောင်းချိတ်ခံထားရပြီး ပါသမျှပါဓားမြတိုက်ခံလိုက်ရသည်။
ဝမ်ရိပေါ်က ရှောင်ကျန့်ဘာလုပ်လုပ်အမြဲတမ်းပြုံးနေသည်မှာ နားရွက်ပေါ်ပါးစပ်တတ်ချိတ်တော့မတတ်ပင်။ တခါတစ်လေရှောင်ကျန့်တောင် ဝမ်ရိပေါ်မှာလူမှဟုတ်ရဲ့လားလို့ သံသယဝင်လာသည်။
ဘယ်လိုလူကများ တစ်ချိန်လုံးနားရွက်ချိတ်မတတ်ပြုံးနေနိုင်မှာတုန်း။
တောအုပ်အတွင်းက မှော်သားရဲများစွာဟာ ရှောင်ကျန့်ခန္ဓာကိုယ်က မသိမသာထွက်ပေါ်နေသည့် နတ်ဘုရားသားရဲအရှိန်အဝါကြောင့် အနားကပ်ပြီးမနှောင့်ယှက်ဝံ့ကြချေ။ ထို့ကြောင့်ဤခရီးစဥ်မှာ တစ်ခြားသူတွေလိုနှောင့်နှေးမှုတစ်စုံတရာမရှိပဲ သူတို့အတွက်အပန်းဖြေနေသလိုကို လွယ်ကူလွန်းလှသည်။
တစ်နေရာအရောက်တွင် သူ့တို့အရှေ့၌တိုက်ခိုက်သံအချို့ကြားလိုက်ရ၏။ ရှောင်ကျန့်ဟာ စပ်စုချင်စိတ်ဖြင့် ဝမ်ရိပေါ်ကိုဆွဲခေါ်သွားရင်း သစ်ပင်ပေါ်သို့ခုန်တတ်လိုက်သည်။ သူကြည့်လိုက်တော့ယောက်ျား လေးယောက်နှင့် မိန်းမနှစ်ယောက်ဟာကြီးမားသည့် မြေခွေးတစ်ကောင်ဖြင့်တိုက်ခိုက်နေကြခြင်းဖြစ်သည်။
အဲ...ယောက်ျားသုံးယောက်နဲ့ မိန်းမနှစ်ယောက်လို့ပြောရင်ပိုမှန်ပေလိမ့်မည်။ ကျန်တစ်ယောက်က နည်းနည်းလောက်ထိလိုက်မိတာနဲ့ ပျော့ခွေသွားတော့မလို အော်ငိုနေတာသည်မှာနားကန်းလောက်သည်။ ပျော့ဖက်နေတာ မိန်းကလေးတွေထက်တောင်မှဆိုးသေး၏။ သူများတွေကိုမကူညီတဲ့အပြင်လိုက်နှောင့်ယှက်သလိုပဲ။
"ရှောင်ယောင်!!....နင်တိတ်တိတ်လေးနေပေးလို့ မရဘူးလား!"
နောက်ဆုံးမနေနိုင်တော့တဲ့ အမျိုးသမီးတစ်ဦးက အော်ငိုနေတဲ့ရှောင်ယောင်ဆိုသူလူငယ်ကို အော်ငေါက်လိုက်သည်။ ဒါပေမယ့်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် သတိတစ်ချက်လွတ်သွား
သည့်နှင့် မှော်သားရဲမြေခွေးရဲ့လက်သည်းဖြင့် တိုက်ခိုက်ခံလိုက်ရတာကြောင့် သွေးတစ်ပွက်အန်သွားသည်။
"ရှီးရှီး!!"
နောက်ထပ်အမျိုးသမီးတစ်ဦးက တိုက်ခိုက်ခံလိုက်ရသည့်ရှီးရှီးဆိုသူအမျိုးသမီးဆီ ထိတ်လန့်တုန်လှုပ်စွာ ပြေးသွားပြီး ပွေ့ချီလိုက်သည်။ ကြည့်ရသည်မှာ အမျိုးသမီးနှစ်ဦးက လက်တွဲဖော်တွေဖြစ်ပုံရသည်။
ရှောင်ကျန့်အနည်းငယ်သနားသွားတာကြောင့် သူ့ရဲ့နတ်ဘုရားသားရဲအရှိန်အဝါအနည်းငယ်ကိုထုတ်လွှတ်လိုက်သည်။ မိန်းကလေးနှစ်ဦးကို တိုက်ခိုက်လာသည့်မြေခွေးက ရှောင်ကျန့်ရဲ့အရှိန်အဝါကြောင့်ရပ်တန့်သွားသည်။
မြေခွေးကြီးက ရှောင်ကျန့်ရှိရာဘက်သို့ မျက်နှာမူ၍ စိတ်ပျက်အားငယ်စွာအသံပေးလိုက်သည်။ ရှောင်ကျန့်ရဲ့ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။
ကြီးမားသောမြေခွေးမိစ္ဆာ၏ပြောင်းလဲမှုက ထိုကျင့်ကြံသူတွေကိုသတိထားမိသွားစေသည်။ ရှောင်ကျန့်လည်း ဖုံးကွယ်ဖို့ရန်စိတ်ကူးမရှိသည့်အတွက် သစ်ပင်ပေါ်မှခုန်ဆင်း၍ မြေခွေးမိစ္ဆာရှေ့တည့်တည့်လျှောက်လာသည်။ ဝမ်ရိပေါ်က ထုံးစံအတိုင်း ရှောင်ကျန့်အနောက်၌မတ်တပ်ရပ်နေ၏။
လူလတ်ပိုင်းအရွယ်ခေါင်းဆောင်ဖြစ်ဟန်ပေါ်သည့် ကျင့်ကြံသူက ရုတ်တရက်ထွက်ပေါ်လာသူနှစ်ဦးကြောင့် ထိတ်လန့်သွားပေမယ့် ရှောင်ကျန့်၏လုပ်ရပ်ကိုတွေ့သည့်အခါတွင် အလန့်တကြားအော်ပြောသည်။
"အဲ့နားမသွားနဲ့!!....အန္တရာယ်များတယ်!!!"
ဒါပေမယ့် အတော်ကြာသည်အထိ လုံးဝငြိမ်သက်နေသည့်မြေခွေးမိစ္ဆာကြောင့် တစ်ဖွဲ့လုံးပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ပို၍ထူးဆန်းသည်မှာ မြေခွေးမိစ္ဆာက ရှောင်ကျန့်ကို အသနားခံသည့်အမူအယာဖြင့် အကြီးအကဲတစ်ဦးနှင့်တွေ့ရသည့်လက်အောက်ငယ်သားတစ်ယောက်ကဲ့သို့ ပြုမူနေပုံကြောင့်ဖြစ်သည်။
ရှောင်ကျန့်သည် မြေခွေးမိစ္ဆာ၏ခေါင်းကို ဖွဖွလေးလှမ်းကိုင်သည်။ မြေခွေးမိစ္ဆာက ငြင်းဆန်ချင်ဟန်မရပဲ သူ့ခေါင်းကိုနှိမ့်ချပေး၍ငြိမ်နေသည်မှာ သခင်နှင့်တွေ့သည့်ခွေးလေးတစ်ကောင်အလားပင်။ မသိရင် မတိုင်ခင်ကဒေါကြီးမောကြီးတိုက်ခိုက်ခဲ့သည့် နတ်ဆိုးကဲ့သို့သားရဲမှာ ထင်ယောင်ထင်မှားဖြစ်နေသည်နှင့်တူ၏။
ဝမ်ရိပေါ်က ဆင်တစ်ကောင်လုံးဝင်ဆန့်လောက်သည်အထိ ဟနေသောလူတစ်အုပ်၏ ပါးစပ်ပေါက်တွေကိုလျစ်လျူရှူ့၍ ရှောင်ကျန့်ကိုနူးညံ့စွာမေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ"
"သူမက ပြောတယ်"
"အင်း"
ရှောင်ကျန့်၏ စကားကိုဝမ်ရိပေါ်ကအလေးအနက်နားထောင်သည်။ သူမ ဆိုတာက မြေခွေးမိစ္ဆာကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သူသိသည်။
"သူတို့က သူမရဲ့ကလေးကို ယူထားကြတာတဲ့"
ရှောင်ကျန့်၏မျက်နှာက လုံးဝတည်ငြိမ်နေသည်။ ဝမ်ရိပေါ်တစ်ယောက်သာ ရှောင်ကျန့်မျက်လုံးအတွင်းမှ ရှုပ်ထွေးမှုတွေကို မြင်တွေ့နေရသည်။
ရှောင်ကျန့် စကားကိုကြားသွားတဲ့ သက်လတ်ပိုင်းလူကြီး၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ သူက ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် တစ်ခုခုဖြစ်ရင်
"မိတ်ဆွေပြောတာအမှန်ပဲလား!"
လူလတ်ပိုင်းကြီး၏မျက်နှာမှာ တင်းမာသွားသည်။ သူ့ကြည့်ရသည်မှာ ဒီကိစ္စကိုဘာဆိုဘာမှသိထားပုံမရပေ။ လူလတ်ပိုင်းကြီးဟာ ရှောင်ကျန့်တို့နှစ်ယောက်ကိုအခုမှတွေ့ဖူးတာဖြစ်ပေမယ့် သူတို့နှစ်ယောက်၏စကားကိုအကြွင်းမဲ့ယုံကြည်သည်။ ထိုသူ(ရှောင်ကျန့်) ဘာနည်းလမ်းသုံးပြီး မြေခွေးမိစ္ဆာကိုနာခံလာအောင် ပြုလုပ်လိုက်မှန်းမသိပေမယ့် တစ်ဖက်လူနှစ်ယောက်က သူတို့အဖွဲ့ကိုလိမ်ညာနေသည့်ဟန်မပေါ်ပေ။ ပိုပြီးသေချာသွားစေသည်က မြေခွေးမိစ္ဆာ၏နာခံမှုကြောင့်ဖြစ်သည်။ တစ်ခြားအမျိုးမျိုးသော သံသယဝင်စရာတွေရှိနေသော်လည်း သူတို့ဆီမှာ တန်ဖိုးကြီးကြီးမားမားမရှိသည့်မည်သည့်အရာမှမပါတာကြောင့် တစ်ဖက်လူကလှည့်စားတယ်ဆိုရင်တောင် မည်သည့်အကျိုးအမြတ်မှရမည်မဟုတ်ပေ။
ပြီးတော့ ထိုသူ(ရှောင်ကျန့်)က မြေခွေးမိစ္ဆာနှင့်ဆက်သွယ်ရန် နည်းလမ်းတစ်ချို့ရှိပုံပေါ်သော်လည်း သူသိပ်ပြီးစိတ်မဝင်စားပေ။ လောကမှာ ထူးဆန်းသည့်အရာမျိုးစုံရှိတာကြောင့် ထိုသူ(ရှောင်ကျန့်)မြေခွေးမိစ္ဆာနှင့် ဆက်သွယ်နိုင်သည်ကိုမြင်လိုက်ရသောအခါ အံ့ဩသွားပေမယ့် သိပ်အထူးအဆန်းကြီးတွေးတောမနေခဲ့ပေ။ လူတိုင်းတွင်လျှို့ဝှက်ချက်ကိုယ်စီရှိကြကြသည်။ အမှန်တိုင်းပြောရရင် ကိုယ့်အမြင်ကိုယ်ယုံတာလို့ဆိုနိုင်သည်။
"မင်းတို့တွေထဲမှာ ဘယ်သူကမြေခွေးမိစ္ဆာရဲ့ ကလေးကိုယူထားတာလဲ!"
သက်လတ်ပိုင်းလူကြီးဟာတင်းမာစွာမေးမြန်းလိုက်သည်။
အံ့ဩစရာမရှိတော့ပေ။ ထို့ကြောင့်လည်း မြေခွေးမိစ္ဆာက အသည်းအသန်ဒေါသတကြီးတိုက်ခိုက်နေခြင်းဖြစ်သည်။ မည်သူကများ ကိုယ်ကလေးကိုလုယူထားသူအပေါ် ဒေါသမထွက်ပဲ နေနိုင်မည်နည်း။ မိခင်မေတ္တာဆိုသည်မှာ မိစ္ဆာသားရဲဆိုရင်တောင်ချွင်းချက်မရှိပေ။
ကျန်သူများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခေါင်းခါပြသည်။ သူတို့တစ်ယောက်မှမသိကြပေ။
သို့ပေမယ့်ဒဏ်ရာရနေသည့် ရှီးရှီးကို ပွေ့ဖက်ထားသောအမျိုးသမီးသည် ရှောင်ယောင်ဆိုသည့်လူငယ်မှာ အနည်းငယ်မျက်စိမျက်နှာပျက်နေကြောင်းသတိထားမိသွားသည်။ သူမ ချစ်သူရှီးရှီးမှာထိုသူကြောင့် သတိလွတ်ပြီးဒဏ်ရာရသွားခြင်းဖြစ်သည်။ ထို့ကြောင့်သူမ မကျေနပ်ပေ။ ယခုအခါရှောင်ယောင်မျက်နှာပျက်နေသည်ကိုမြင်သည့်အခါတွင် သူမစိတ်ထဲ၌မသင်္ကာဖြစ်လာသည်။
"ရှောင်ယောင်....နင်တစ်ခုခုဖွက်ထားတာလား"
သူမ အသံကမတိုးပေ။ ထို့ကြောင့်လူတိုင်း၏အကြည့်က ရှောင်ယောင်ဆိရှောင်ယောင်ဆိုတဲ့တစ်ယောက်ဆီကျရောက်လာသည်။ အစတည်းက ဘာဆိုဘာမှအသုံးမကျပဲ တစ်ခုခုဆိုအော်ဟစ်ငိုယိုတာသာပြုလုပ်တတ်ပြီး အမြဲတမ်းလိုလို နှောင်ယှက်တတ်တာကြောင့် မည်သူကမှသူ့ကိုသိပ်မကြည်ကြပေ။
ရှောင်ယောင်စိတ်ထဲကနေ တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည်။
"ဘာ....ဘာတွေပြောနေတာလဲ....ငါ့မှာဘာ သားရဲမှမရှိဘူး"
ရှောင်ယောင်ဟာ သူ့ရဲ့အပြစ်ကင်းစင်ပြီး ကြီးမားဝိုင်းစက်သည့်မျက်တောင်တစ်စုံကိုခပ်၍ ကြောက်လန့်တကြားပြန်ဖြေသည်။ သူ့ကိုကြည့်ရသည်မှာ ကြောက်လန့်နေသည့်သားရဲသေးသေးလေးနှင့်တူနေသည်။ မြင်သူတကာကို ကာကွယ်ပေးချင်သည့်နူးညံ့သည့်အပိုင်းအား နှိုးစွပေးနေသည့်အတိုင်းပင်။
ထိုအပြုအမူလေးကြောင့် သူ့ဘေးရှိယောက်ျားနှစ်ယောက်၏ အမူအရာမှာနူးညံ့သွားသည်။
မိန်းကလေးနှစ်ယောက်က လက်တွဲဖော်
တွေဖြစ်တာကြောင့် ရှောင်ယောင်၏အပြုအမူမှာသူတို့ကိုလှုပ်ခပ်နိုင်စွမ်းမရှိပေ။ လူလတ်ပိုင်းကြီးဟာလည်း လောကဓံအတွေ့အကြုံတော်တော်များများကို ကြုံတွေ့လာခဲ့ပြီးဖြစ်တာကြောင့် ရှောင်ယောင်၏အပြုအမူက သူ့ကိုစိတ်မပြေစေပေမယ့် သူ့အမူအယာမှာအနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
ရှောင်ကျန့်က သူ့အရှေ့ကရှိုးပွဲကို သက်တောင့်သက်သာဖြင့်ကြည့်နေစဥ် ဝမ်ရိပေါ်ကတော့ထုံးစံအတိုင်း ရှောင်ကျန့်မျက်နှာ စကြာစဠာလုပ်နေသည်။
အဲ့ဒီလူက ဘာတွေများကြည့်ကောင်းနေလို့လဲ။ သူရဲ့ရှောင်ကျန့်နဲ့ယှဥ်ရင် နှိုင်းယှဥ်ဖို့တောင် အဆင့်မရှိတာသိသာနေတာပဲကို။
သူ့အတွက်တော့ ရှောင်ကျန့် ဘယ်လိုမျက်နှာမျိုးပဲဖြစ်နေနေကိစ္စမရှိပါချေ။ သူကိုယ်တိုင်ကိုက ရှောင်ကျန့်ကိုမြင်မြင်ချင်းမှာပင် သူစောင့်ဆိုင်းနေတဲ့ အရေးကြီးဆုံးသောအရာကိုတွေ့ပြီဖြစ်ကြောင်းသိလိုက်ရသည်။ အဖြူရောင်အရိပ်လေးတစ်ခု သူ့လက်ကိုလာရောက်ဆုပ်ကိုင်လိုက်ကတည်းက သူ့နှလုံးသားက ပြင်းပြင်းထန်ထန်စတင်ခုန်လှုပ်လာခဲ့တာဖြစ်သည်။ ထိုအချိန်က စပြီး သူ့ရဲ့ရင်ဘတ်ထဲတွင် လူမှန်နေရာမှန်တွေ့လိုက်ရသည့်ခံစားချက်မျိုးဖြင့် ပြည့်သိပ်သွားသလိုခံစားမိခဲ့၏။
ပြီးတော့ ထိုအဖြူရောင်ပုံရိပ်လေးက မြေခွေးလေးတစ်ကောင်ဖြစ်မှန်း သူမြင်ကတည်းကပင် သိလိုက်သည်။ ဒါပေမယ့်ဘယ်သူကဂရုစိုက်မှာလဲ။
သူသာ တကယ်လိုချင်ရင်ဘယ်သူမှ သူ့ကိုတားလို့မရဘူး။
ဝမ်ရိပေါ်က ရှောင်ကျန့်ကိုကြည့်နေရင်း အဓိပ်ပါယျပါပါပွုံးလိုကျသညျ။ သူခံစားမိသည်။ သူအမြဲတမ်းစောင့်ဆိုင်းနေသည့်အရာက သူ့အရှေ့ကမြေခွေးလေးကိုယ်တိုင်ဖြစ်ကြောင်း သူသေချာပေါက်ခံစားမိသည်။
ဝမ်ရိပေါ်၏ မျက်လုံးတွေမှာ မည်သူမှဖောက်မမြင်နိုင်သည့်တွင်းနက်ကြီးကဲ့သို့ နက်မှောင်လာခဲ့သည်။အရာအားလုံးကို အမှောင်ထုထဲပိတ်လှောင်ထားနိုင်သလိုမျိုး။
သေချာပေါက်ကိုရှောင်ကျန့်ကသူ့အပိုင်ပဲ။ သူ့တစ်ယောက်တည်းအပိုင်။
ဝမ်ရိပေါ်၏ မျက်လုံးထဲတွင် ရူးသွပ်သည့်ပိုင်ဆိုင်လိုမှု အတ္တနှင့်ချစ်ခြင်းတရားတွေ မထိန်းချုပ်နိုင်အောင်ပြည့်လျှံနေခဲ့သည်။
______________________________________________________________
Zawgyi
အိုး....က်င့္ႀကံသူေတြလည္းဘအတင္းတုတ္တတ္တာပဲလား။ အနည္းဆုံးေတာ့သူတို႔ေရွ႕မွာရွိေနတဲ့လူကိုသတိထားအုံးေလ။
ေရွာင္က်န့္သည္ သူ႕ရင္ထဲရွိက်င့္ႀကံသူေတြရဲ႕ႀကီးျမတ္ခန့္ညားတဲ့ပုံရိပ္မွာ အစိတ္စိတ္အမႊာမႊာကြဲေၾကသြားသလိုခံစားလိုက္ရသည္။ေနာက္ဆုံးမွာေတာ့ က်င့္ႀကံသူေတြဆိုတာလည္း လူသားေတြမဟုတ္ပါလား။ သူတို႔လည္းအတင္းတုပ္ခ်င္စိတ္ရွိၾကသည္။
ဇာတ္လိုက္လီဟူရီသည္ ေခ်ာင္းအနည္းငယ္ဟမ့္လိုက္ရင္း ဆူညံ့ေနေသာလူအုပ္ႀကီးကို သူ႕ဆီအာ႐ုံစိုက္ေစလိုက္သည္။
"ကြၽန္ေတာ္အရင္ဆုံး က်င့္ႀကံသူေရာင္းရင္းတို႔ ၾကားထားတဲ့သတင္းက အမွန္ဆိုတာကို လာအတည္ျပဳေပးတာပါ....ၾကားခဲ့ၾကတဲ့အတိုင္းပါပဲ.....တကယ္လို႔နတ္သားရဲဥကို ေပးအပ္နိုင္ခဲ့ရင္ ဆရာသခင္ရဲ႕တပည့္ျဖစ္နိုင္မယ့္အျပင္ ေနာက္ထပ္ ကိုယ္ရင္းႏွီးတဲ့လူႏွစ္ေယာက္ကိုပါအတြင္းစည္းတပည့္အျဖစ္တိုက္ရိုက္ထည့္သြင္းေပးပါ့မယ္"
လီဟူရီရဲ႕စကားေၾကာင့္ ေဘးပတ္ပတ္လည္ရွိက်င့္ႀကံသူေတြဆီမွ အံ့အားသင့္တႀကီးအသံေတြထြက္ေပၚလာသည္။ အေတာ္မ်ားမ်ားက ဝမ္းသာသြားၾက၏။ ကိုယ့္ကိုယ္ကိုယုံၾကည္မႈမရွိသည့္လူအမ်ားစုဟာ နတ္သားရဲဥကိုရတဲ့သူက သူတို႔ကိုယ္တိုင္မဟုတ္ရင္ သူတို႔နဲ႕ရင္းႏွီးကြၽမ္းဝင္တဲ့မိတ္ေဆြတစ္ေယာက္ျဖစ္ပါေစလို႔ ႀကိတ္ဆုေတာင္းေနၾကသည္။
"ဟုတ္ၿပီ.....က်င့္ႀကံသူေရာင္းရင္းတို႔အေနနဲ႕ ေတာထဲဝင္တဲ့အခါ သတိႀကီးႀကီးထားဖို႔ က်ဳပ္သတိေပးလိုက္ပါရေစ"
ဇာတ္လိုက္လီဟူရီ၏ ေဖာ္ေ႐ြသည့္စကားအဆုံး၌က်င့္ႀကံသူအုပ္စုလိုက္ႀကီး ေတာအုပ္ထဲသို႔တစ္ဟုန္ထိုးေျပးဝင္သြားၾကသည္။ ေရွာင္က်န့္ အနည္းငယ္မွင္သက္ေန၏။ အေနာက္ဘက္လွည့္ၾကည့္ရင္း ဝမ္ရိေပၚကိုလွည့္ေမးလိုက္မိသည္။
"သူေျပာတာ တကယ္ႀကီးဒီေလာက္ပဲလား"
"ဟမ္"
"ဒီစကားေလးေျပာတာကိုၾကားရဖို႔အတြက္နဲ႕ အကုန္လုံးက ဒီမွာအခ်ိန္ကုန္ခံၿပီး မတ္တပ္ရပ္ေစာင့္ေနၾကတာေပါ့ေလ"
ဝမ္ရိေပၚ သေဘာေပါက္သြားသည္။
"အကုန္လုံးေတာ့မဟုတ္ဘူး....တစ္ခ်ိဳ႕အင္အားႀကီးတဲ့က်င့္ႀကံသူေတြက ေတာအုပ္ထဲေရာက္ေနတာၾကာၿပီ....."
"....."
ဒါဆိုသူက အေလလိုက္တဲ့အုပ္စုနဲ႕အတူ အလကားမတ္တပ္ရပ္ေနမိတာေပါ့။
"သြားမယ္"
ေရွာင္က်န့္က အနည္းငယ္ဆူပုပ္ပုပ္မ်က္ႏွာျဖင့္ဝမ္ရိေပၚကို ဆြဲေခၚရင္းေတာထဲဝင္သြားခဲ့၏။ သူတို႔ႏွစ္ေယာက္က ပုံမွန္အတိုင္းသာ သြားလာေနၿပီး လူအခ်ိဳ႕နဲ႕လမ္းမွာေတြ႕ေပမယ့္တစ္ဖက္နဲ႕တစ္ဖက္ဂ႐ုမစိုက္ၾကေပ။ အနည္းငယ္ေသာလူေတြက သူတို႔ႏွစ္ေယာက္ဆီမွလုယက္ဖို႔ႀကိဳးစားခဲ့ၾကေပမယ့္ ဝမ္ရိေပၚလက္ေဝွ႕ယမ္းလိုက္တာနဲ႕တင္ လႈပ္မရျဖစ္သြားတတ္ၾကသည္။ အဲ့ဒီအခါက်ရင္ ေရွာင္က်န့္ကအားနာနာျဖင့္ ထိုလူေတြ၏သိုေလွာင္လက္စြပ္ေတြကိုခြၽတ္ယူျပစ္တတ္သည္။
သနားစရာလုယက္သူေတြမွာ ကိုယ္လုံးတီးျဖင့္ သစ္ပင္ေပၚတြဲေလာင္းခ်ိတ္ခံထားရၿပီး ပါသမွ်ပါဓားျမတိုက္ခံလိုက္ရသည္။
ဝမ္ရိေပၚက ေရွာင္က်န့္ဘာလုပ္လုပ္အၿမဲတမ္းၿပဳံးေနသည္မွာ နား႐ြက္ေပၚပါးစပ္တတ္ခ်ိတ္ေတာ့မတတ္ပင္။ တခါတစ္ေလေရွာင္က်န့္ေတာင္ ဝမ္ရိေပၚမွာလူမွဟုတ္ရဲ႕လားလို႔ သံသယဝင္လာသည္။
ဘယ္လိုလူကမ်ား တစ္ခ်ိန္လုံးနား႐ြက္ခ်ိတ္မတတ္ၿပဳံးေနနိုင္မွာတုန္း။
ေတာအုပ္အတြင္းက ေမွာ္သားရဲမ်ားစြာဟာ ေရွာင္က်န့္ခႏၶာကိုယ္က မသိမသာထြက္ေပၚေနသည့္ နတ္ဘုရားသားရဲအရွိန္အဝါေၾကာင့္ အနားကပ္ၿပီးမႏွောင့္ယွက္ဝံ့ၾကေခ်။ ထို႔ေၾကာင့္ဤခရီးစဥ္မွာ တစ္ျခားသူေတြလိုႏွောင့္ႏွေးမႈတစ္စုံတရာမရွိပဲ သူတို႔အတြက္အပန္းေျဖေနသလိုကို လြယ္ကူလြန္းလွသည္။
တစ္ေနရာအေရာက္တြင္ သူ႕တို႔အေရွ႕၌တိုက္ခိုက္သံအခ်ိဳ႕ၾကားလိုက္ရ၏။ ေရွာင္က်န့္ဟာ စပ္စုခ်င္စိတ္ျဖင့္ ဝမ္ရိေပၚကိုဆြဲေခၚသြားရင္း သစ္ပင္ေပၚသို႔ခုန္တတ္လိုက္သည္။ သူၾကည့္လိုက္ေတာ့ေယာက္်ား ေလးေယာက္ႏွင့္ မိန္းမႏွစ္ေယာက္ဟာႀကီးမားသည့္ ေျမေခြးတစ္ေကာင္ျဖင့္တိုက္ခိုက္ေနၾကျခင္းျဖစ္သည္။
အဲ...ေယာက္်ားသုံးေယာက္နဲ႕ မိန္းမႏွစ္ေယာက္လို႔ေျပာရင္ပိုမွန္ေပလိမ့္မည္။ က်န္တစ္ေယာက္က နည္းနည္းေလာက္ထိလိုက္မိတာနဲ႕ ေပ်ာ့ေခြသြားေတာ့မလို ေအာ္ငိုေနတာသည္မွာနားကန္းေလာက္သည္။ ေပ်ာ့ဖက္ေနတာ မိန္းကေလးေတြထက္ေတာင္မွဆိုးေသး၏။ သူမ်ားေတြကိုမကူညီတဲ့အျပင္လိုက္ႏွောင့္ယွက္သလိုပဲ။
"ေရွာင္ေယာင္!!....နင္တိတ္တိတ္ေလးေနေပးလို႔ မရဘူးလား!"
ေနာက္ဆုံးမေနနိုင္ေတာ့တဲ့ အမ်ိဳးသမီးတစ္ဦးက ေအာ္ငိုေနတဲ့ေရွာင္ေယာင္ဆိုသူလူငယ္ကို ေအာ္ေငါက္လိုက္သည္။ ဒါေပမယ့္တိုက္ခိုက္ေနဆဲျဖစ္တဲ့အတြက္ သတိတစ္ခ်က္လြတ္သြား
သည့္ႏွင့္ ေမွာ္သားရဲေျမေခြးရဲ႕လက္သည္းျဖင့္ တိုက္ခိုက္ခံလိုက္ရတာေၾကာင့္ ေသြးတစ္ပြက္အန္သြားသည္။
"ရွီးရွီး!!"
ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးက တိုက္ခိုက္ခံလိုက္ရသည့္ရွီးရွီးဆိုသူအမ်ိဳးသမီးဆီ ထိတ္လန့္တုန္လႈပ္စြာ ေျပးသြားၿပီး ေပြ႕ခ်ီလိုက္သည္။ ၾကည့္ရသည္မွာ အမ်ိဳးသမီးႏွစ္ဦးက လက္တြဲေဖာ္ေတြျဖစ္ပုံရသည္။
ေရွာင္က်န့္အနည္းငယ္သနားသြားတာေၾကာင့္ သူ႕ရဲ႕နတ္ဘုရားသားရဲအရွိန္အဝါအနည္းငယ္ကိုထုတ္လႊတ္လိုက္သည္။ မိန္းကေလးႏွစ္ဦးကို တိုက္ခိုက္လာသည့္ေျမေခြးက ေရွာင္က်န့္ရဲ႕အရွိန္အဝါေၾကာင့္ရပ္တန့္သြားသည္။
ေျမေခြးႀကီးက ေရွာင္က်န့္ရွိရာဘက္သို႔ မ်က္ႏွာမူ၍ စိတ္ပ်က္အားငယ္စြာအသံေပးလိုက္သည္။ ေရွာင္က်န့္ရဲ႕ မ်က္ႏွာအမူအရာမွာ အနည္းငယ္ေျပာင္းလဲသြား၏။
ႀကီးမားေသာေျမေခြးမိစ္ဆာ၏ေျပာင္းလဲမႈက ထိုက်င့္ႀကံသူေတြကိုသတိထားမိသြားေစသည္။ ေရွာင္က်န့္လည္း ဖုံးကြယ္ဖို႔ရန္စိတ္ကူးမရွိသည့္အတြက္ သစ္ပင္ေပၚမွခုန္ဆင္း၍ ေျမေခြးမိစ္ဆာေရွ႕တည့္တည့္ေလွ်ာက္လာသည္။ ဝမ္ရိေပၚက ထုံးစံအတိုင္း ေရွာင္က်န့္အေနာက္၌မတ္တပ္ရပ္ေန၏။
လူလတ္ပိုင္းအ႐ြယ္ေခါင္းေဆာင္ျဖစ္ဟန္ေပၚသည့္ က်င့္ႀကံသူက ႐ုတ္တရက္ထြက္ေပၚလာသူႏွစ္ဦးေၾကာင့္ ထိတ္လန့္သြားေပမယ့္ ေရွာင္က်န့္၏လုပ္ရပ္ကိုေတြ႕သည့္အခါတြင္ အလန့္တၾကားေအာ္ေျပာသည္။
"အဲ့နားမသြားနဲ႕!!....အႏၱရာယ္မ်ားတယ္!!!"
ဒါေပမယ့္ အေတာ္ၾကာသည္အထိ လုံးဝၿငိမ္သက္ေနသည့္ေျမေခြးမိစ္ဆာေၾကာင့္ တစ္ဖြဲ႕လုံးပါးစပ္အေဟာင္းသားျဖစ္သြားၾကသည္။ ပို၍ထူးဆန္းသည္မွာ ေျမေခြးမိစ္ဆာက ေရွာင္က်န့္ကို အသနားခံသည့္အမူအယာျဖင့္ အႀကီးအကဲတစ္ဦးႏွင့္ေတြ႕ရသည့္လက္ေအာက္ငယ္သားတစ္ေယာက္ကဲ့သို႔ ျပဳမူေနပုံေၾကာင့္ျဖစ္သည္။
ေရွာင္က်န့္သည္ ေျမေခြးမိစ္ဆာ၏ေခါင္းကို ဖြဖြေလးလွမ္းကိုင္သည္။ ေျမေခြးမိစ္ဆာက ျငင္းဆန္ခ်င္ဟန္မရပဲ သူ႕ေခါင္းကိုႏွိမ့္ခ်ေပး၍ၿငိမ္ေနသည္မွာ သခင္ႏွင့္ေတြ႕သည့္ေခြးေလးတစ္ေကာင္အလားပင္။ မသိရင္ မတိုင္ခင္ကေဒါႀကီးေမာႀကီးတိုက္ခိုက္ခဲ့သည့္ နတ္ဆိုးကဲ့သို႔သားရဲမွာ ထင္ေယာင္ထင္မွားျဖစ္ေနသည္ႏွင့္တူ၏။
ဝမ္ရိေပၚက ဆင္တစ္ေကာင္လုံးဝင္ဆန့္ေလာက္သည္အထိ ဟေနေသာလူတစ္အုပ္၏ ပါးစပ္ေပါက္ေတြကိုလ်စ္လ်ဴရႉ႕၍ ေရွာင္က်န့္ကိုႏူးညံ့စြာေမးျမန္းလိုက္သည္။
"ဘာျဖစ္လို႔လဲ"
"သူမက ေျပာတယ္"
"အင္း"
ေရွာင္က်န့္၏ စကားကိုဝမ္ရိေပၚကအေလးအနက္နားေထာင္သည္။ သူမ ဆိုတာက ေျမေခြးမိစ္ဆာကို ရည္ၫႊန္းျခင္းျဖစ္ေၾကာင္း သူသိသည္။
"သူတို႔က သူမရဲ႕ကေလးကို ယူထားၾကတာတဲ့"
ေရွာင္က်န့္၏မ်က္ႏွာက လုံးဝတည္ၿငိမ္ေနသည္။ ဝမ္ရိေပၚတစ္ေယာက္သာ ေရွာင္က်န့္မ်က္လုံးအတြင္းမွ ရႈပ္ေထြးမႈေတြကို ျမင္ေတြ႕ေနရသည္။
ေရွာင္က်န့္ စကားကိုၾကားသြားတဲ့ သက္လတ္ပိုင္းလူႀကီး၏မ်က္ႏွာအမူအရာမွာ ခ်က္ခ်င္းေျပာင္းလဲသြားသည္။ သူက ဒီအဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္တာေၾကာင့္ တစ္ခုခုျဖစ္ရင္
"မိတ္ေဆြေျပာတာအမွန္ပဲလား!"
လူလတ္ပိုင္းႀကီး၏မ်က္ႏွာမွာ တင္းမာသြားသည္။ သူ႕ၾကည့္ရသည္မွာ ဒီကိစၥကိုဘာဆိုဘာမွသိထားပုံမရေပ။ လူလတ္ပိုင္းႀကီးဟာ ေရွာင္က်န့္တို႔ႏွစ္ေယာက္ကိုအခုမွေတြ႕ဖူးတာျဖစ္ေပမယ့္ သူတို႔ႏွစ္ေယာက္၏စကားကိုအႂကြင္းမဲ့ယုံၾကည္သည္။ ထိုသူ(ေရွာင္က်န့္) ဘာနည္းလမ္းသုံးၿပီး ေျမေခြးမိစ္ဆာကိုနာခံလာေအာင္ ျပဳလုပ္လိုက္မွန္းမသိေပမယ့္ တစ္ဖက္လူႏွစ္ေယာက္က သူတို႔အဖြဲ႕ကိုလိမ္ညာေနသည့္ဟန္မေပၚေပ။ ပိုၿပီးေသခ်ာသြားေစသည္က ေျမေခြးမိစ္ဆာ၏နာခံမႈေၾကာင့္ျဖစ္သည္။ တစ္ျခားအမ်ိဳးမ်ိဳးေသာ သံသယဝင္စရာေတြရွိေနေသာ္လည္း သူတို႔ဆီမွာ တန္ဖိုးႀကီးႀကီးမားမားမရွိသည့္မည္သည့္အရာမွမပါတာေၾကာင့္ တစ္ဖက္လူကလွည့္စားတယ္ဆိုရင္ေတာင္ မည္သည့္အက်ိဳးအျမတ္မွရမည္မဟုတ္ေပ။
ၿပီးေတာ့ ထိုသူ(ေရွာင္က်န့္)က ေျမေခြးမိစ္ဆာႏွင့္ဆက္သြယ္ရန္ နည္းလမ္းတစ္ခ်ိဳ႕ရွိပုံေပၚေသာ္လည္း သူသိပ္ၿပီးစိတ္မဝင္စားေပ။ ေလာကမွာ ထူးဆန္းသည့္အရာမ်ိဳးစုံရွိတာေၾကာင့္ ထိုသူ(ေရွာင္က်န့္)ေျမေခြးမိစ္ဆာႏွင့္ ဆက္သြယ္နိုင္သည္ကိုျမင္လိုက္ရေသာအခါ အံ့ဩသြားေပမယ့္ သိပ္အထူးအဆန္းႀကီးေတြးေတာမေနခဲ့ေပ။ လူတိုင္းတြင္လွ်ို႔ဝွက္ခ်က္ကိုယ္စီရွိၾကၾကသည္။ အမွန္တိုင္းေျပာရရင္ ကိုယ့္အျမင္ကိုယ္ယုံတာလို႔ဆိုနိုင္သည္။
"မင္းတို႔ေတြထဲမွာ ဘယ္သူကေျမေခြးမိစ္ဆာရဲ႕ ကေလးကိုယူထားတာလဲ!"
သက္လတ္ပိုင္းလူႀကီးဟာတင္းမာစြာေမးျမန္းလိုက္သည္။
အံ့ဩစရာမရွိေတာ့ေပ။ ထို႔ေၾကာင့္လည္း ေျမေခြးမိစ္ဆာက အသည္းအသန္ေဒါသတႀကီးတိုက္ခိုက္ေနျခင္းျဖစ္သည္။ မည္သူကမ်ား ကိုယ္ကေလးကိုလုယူထားသူအေပၚ ေဒါသမထြက္ပဲ ေနနိုင္မည္နည္း။ မိခင္ေမတၱာဆိုသည္မွာ မိစ္ဆာသားရဲဆိုရင္ေတာင္ခြၽင္းခ်က္မရွိေပ။
က်န္သူမ်ားမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ေခါင္းခါျပသည္။ သူတို႔တစ္ေယာက္မွမသိၾကေပ။
သို႔ေပမယ့္ဒဏ္ရာရေနသည့္ ရွီးရွီးကို ေပြ႕ဖက္ထားေသာအမ်ိဳးသမီးသည္ ေရွာင္ေယာင္ဆိုသည့္လူငယ္မွာ အနည္းငယ္မ်က္စိမ်က္ႏွာပ်က္ေနေၾကာင္းသတိထားမိသြားသည္။ သူမ ခ်စ္သူရွီးရွီးမွာထိုသူေၾကာင့္ သတိလြတ္ၿပီးဒဏ္ရာရသြားျခင္းျဖစ္သည္။ ထို႔ေၾကာင့္သူမ မေက်နပ္ေပ။ ယခုအခါေရွာင္ေယာင္မ်က္ႏွာပ်က္ေနသည္ကိုျမင္သည့္အခါတြင္ သူမစိတ္ထဲ၌မသကၤာျဖစ္လာသည္။
"ေရွာင္ေယာင္....နင္တစ္ခုခုဖြက္ထားတာလား"
သူမ အသံကမတိုးေပ။ ထို႔ေၾကာင့္လူတိုင္း၏အၾကည့္က ေရွာင္ေယာင္ဆိေရွာင္ေယာင္ဆိုတဲ့တစ္ေယာက္ဆီက်ေရာက္လာသည္။ အစတည္းက ဘာဆိုဘာမွအသုံးမက်ပဲ တစ္ခုခုဆိုေအာ္ဟစ္ငိုယိုတာသာျပဳလုပ္တတ္ၿပီး အၿမဲတမ္းလိုလို ႏွောင္ယွက္တတ္တာေၾကာင့္ မည္သူကမွသူ႕ကိုသိပ္မၾကည္ၾကေပ။
ေရွာင္ေယာင္စိတ္ထဲကေန တိတ္တဆိတ္က်ိန္ဆဲလိုက္မိသည္။
"ဘာ....ဘာေတြေျပာေနတာလဲ....ငါ့မွာဘာ သားရဲမွမရွိဘူး"
ေရွာင္ေယာင္ဟာ သူ႕ရဲ႕အျပစ္ကင္းစင္ၿပီး ႀကီးမားဝိုင္းစက္သည့္မ်က္ေတာင္တစ္စုံကိုခပ္၍ ေၾကာက္လန့္တၾကားျပန္ေျဖသည္။ သူ႕ကိုၾကည့္ရသည္မွာ ေၾကာက္လန့္ေနသည့္သားရဲေသးေသးေလးႏွင့္တူေနသည္။ ျမင္သူတကာကို ကာကြယ္ေပးခ်င္သည့္ႏူးညံ့သည့္အပိုင္းအား ႏွိုးစြေပးေနသည့္အတိုင္းပင္။
ထိုအျပဳအမူေလးေၾကာင့္ သူ႕ေဘးရွိေယာက္်ားႏွစ္ေယာက္၏ အမူအရာမွာႏူးညံ့သြားသည္။
မိန္းကေလးႏွစ္ေယာက္က လက္တြဲေဖာ္
ေတြျဖစ္တာေၾကာင့္ ေရွာင္ေယာင္၏အျပဳအမူမွာသူတို႔ကိုလႈပ္ခပ္နိုင္စြမ္းမရွိေပ။ လူလတ္ပိုင္းႀကီးဟာလည္း ေလာကဓံအေတြ႕အႀကဳံေတာ္ေတာ္မ်ားမ်ားကို ႀကဳံေတြ႕လာခဲ့ၿပီးျဖစ္တာေၾကာင့္ ေရွာင္ေယာင္၏အျပဳအမူက သူ႕ကိုစိတ္မေျပေစေပမယ့္ သူ႕အမူအယာမွာအနည္းငယ္ ေပ်ာ့ေျပာင္းသြားခဲ့သည္။
ေရွာင္က်န့္က သူ႕အေရွ႕ကရွိုးပြဲကို သက္ေတာင့္သက္သာျဖင့္ၾကည့္ေနစဥ္ ဝမ္ရိေပၚကေတာ့ထုံးစံအတိုင္း ေရွာင္က်န့္မ်က္ႏွာ စၾကာစဠာလုပ္ေနသည္။
အဲ့ဒီလူက ဘာေတြမ်ားၾကည့္ေကာင္းေနလို႔လဲ။ သူရဲ႕ေရွာင္က်န့္နဲ႕ယွဥ္ရင္ ႏွိုင္းယွဥ္ဖို႔ေတာင္ အဆင့္မရွိတာသိသာေနတာပဲကို။
သူ႕အတြက္ေတာ့ ေရွာင္က်န့္ ဘယ္လိုမ်က္ႏွာမ်ိဳးပဲျဖစ္ေနေနကိစၥမရွိပါေခ်။ သူကိုယ္တိုင္ကိုက ေရွာင္က်န့္ကိုျမင္ျမင္ခ်င္းမွာပင္ သူေစာင့္ဆိုင္းေနတဲ့ အေရးႀကီးဆုံးေသာအရာကိုေတြ႕ၿပီျဖစ္ေၾကာင္းသိလိုက္ရသည္။ အျဖဴေရာင္အရိပ္ေလးတစ္ခု သူ႕လက္ကိုလာေရာက္ဆုပ္ကိုင္လိုက္ကတည္းက သူ႕ႏွလုံးသားက ျပင္းျပင္းထန္ထန္စတင္ခုန္လႈပ္လာခဲ့တာျဖစ္သည္။ ထိုအခ်ိန္က စၿပီး သူ႕ရဲ႕ရင္ဘတ္ထဲတြင္ လူမွန္ေနရာမွန္ေတြ႕လိုက္ရသည့္ခံစားခ်က္မ်ိဳးျဖင့္ ျပည့္သိပ္သြားသလိုခံစားမိခဲ့၏။
ၿပီးေတာ့ ထိုအျဖဴေရာင္ပုံရိပ္ေလးက ေျမေခြးေလးတစ္ေကာင္ျဖစ္မွန္း သူျမင္ကတည္းကပင္ သိလိုက္သည္။ ဒါေပမယ့္ဘယ္သူကဂ႐ုစိုက္မွာလဲ။
သူသာ တကယ္လိုခ်င္ရင္ဘယ္သူမွ သူ႕ကိုတားလို႔မရဘူး။
ဝမ္ရိေပၚက ေရွာင္က်န့္ကိုၾကည့္ေနရင္း အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။ သူခံစားမိသည္။ သူအၿမဲတမ္းေစာင့္ဆိုင္းေနသည့္အရာက သူ႕အေရွ႕ကေျမေခြးေလးကိုယ္တိုင္ျဖစ္ေၾကာင္း သူေသခ်ာေပါက္ခံစားမိသည္။
ဝမ္ရိေပၚ၏ မ်က္လုံးေတြမွာ မည္သူမွေဖာက္မျမင္နိုင္သည့္တြင္းနက္ႀကီးကဲ့သို႔ နက္ေမွာင္လာခဲ့သည္။အရာအားလုံးကို အေမွာင္ထုထဲပိတ္ေလွာင္ထားနိုင္သလိုမ်ိဳး။
ေသခ်ာေပါက္ကိုေရွာင္က်န့္ကသူ႕အပိုင္ပဲ။ သူ႕တစ္ေယာက္တည္းအပိုင္။
ဝမ္ရိေပၚ၏ မ်က္လုံးထဲတြင္ ႐ူးသြပ္သည့္ပိုင္ဆိုင္လိုမႈ အတၱႏွင့္ခ်စ္ျခင္းတရားေတြ မထိန္းခ်ဳပ္နိုင္ေအာင္ျပည့္လွ်ံေနခဲ့သည္။
______________________________________________________________